Download as pdf or txt
Download as pdf or txt
You are on page 1of 2

တရုတ် ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရို အပြောင်းအလဲ

ပြီးခဲ့သော ရက်သတ္တပတ်အတွင်း ပြုလုပ်ခဲ့သည့် ၁၉ ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ ညီလာခံ အပြီးတွင် ပါတီ


ဗဟိုကော်မတီဝင် ၂၀၀ကျော်၊ ပေါ်လစ်ဗျူရို အဖွဲ့ဝင် ၂၅ ဦး နှင့် ပေါ်လစ်ဗျူရို အမြဲတမ်းအဖွဲ့ ၀င်များ အပြောင်းအလဲ
စာရင်းကို ထုတ်ပြန် ကြေငြာခဲ့သည်။

ထိုအပြောင်းအလဲများအနက် ပေါ်လစ်ဗျူရို အမြဲတမ်းအဖွဲ့ဝင် အပြောင်းအလဲက စိတ်ဝင်စားစရာ ဖြစ်သည်။ ပေါ်လစ်


ဗျူရို အမြဲတမ်းအဖွဲ့သည် တရုတ်ကွန်မြူနစ်ပါတီ၏ အမြင့်ဆုံးအာဏာပိုင်အဖွဲ့ ဖြစ်သည်။ ထိုအဖွဲ့သည် နောက် ၅ နှစ်
တာကာလအတွင်း တရုတ်နိုင်ငံ၏ ပဲကိုင်ရှင်များအဖြစ် အရေးပါသော ဆုံးဖြတ်ချက် ချမှတ်ကြမည် ဖြစ်သည်။

ပြောင်းလဲလိုက်သည့် ပေါ်လစ်ဗျူရို အမြဲတန်းအဖွဲ့ဝင် ၇ ဦးတွင် လက်ရှိသမ္မတ ရှီကျင့်ဖိန် နှင့် ၀န်ကြီးချုပ် လီခဲ့ချန်တို့


မှအပ ကျန်ငါးဦးမှာ လူသစ်များဖြစ်ကြသည်။ လူဟောင်းများဖြစ်သော လက်ရှိ လွှတ်တော်ဥက္ကဋ္ဌ ကျန်းတဲ့ကျန်း၊ အမျိုး
သားအဆင့် ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံ ကော်မတီ ဥက္ကဋ္ဌ ယွိကျိန်းစိန်း၊ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အတွင်းရေး
မှူးတစ်ဦးဖြစ်သော လျူယွင်၊ ရှီ၏ လက်ရုံးတစ်ဦး ဖြစ်သော ပါတီ စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲ ၀မ်ချီရှမ်းတို့
အနားယူသွားခဲ့သည်။ ဒုတိယ၀န်ကြီးချုပ်နှင့် နိုင်ငံတော်ကောင်စီ၏ ပါတီဒုတိယ အတွင်းရေးမှူးတစ်ဦးဖြစ်သော ကျန်း
ကောင်လီလည်း အနားယူသွားသည်။ အဆိုပါ အနားယူသွားခဲ့သူများ နေရာတွင် လီကျန်းဆူး ၊ ၀မ်းရန်၊ ၀မ်ဟုနင်း၊
ကျိုလဲ့ကျိ နှင့် ဟန်ကျိန်းတို့ဝင်ရောက်လာခဲ့ပြီး လက်ရှိ ပေါ်လစ် ဗျူရို အမြဲတမ်းအဖွဲ့ဝင်များဖြစ်သည့် ရှီကျင့်ဖျင်၊
လီခဲ့ချန်တို့ကို အားဖြည့်မည် ဖြစ်သည်။ ထိုပုဂ္ဂိုလ်များသည် ပါတီရေးရာ ကော်မတီ၊ ဥပဒေပြုရေး ကော်မတီ၊ အသင်း
အဖွဲ့ များဆိုင်ရာ ကော်မတီ၊ စီးပွားရေးနှင့် အုပ်ချုပ်ရေး ကော်မတီ၊ မူ ၀ါဒရေးရာ အကြံပေးကော်မတီ၊ နိုင်ငံခြားရေး
မူဝါဒ ကော်မတီ၊ စစ်ရေးဆိုင်ရာ ကော်မတီ စသည်တို့ကို ဦးဆောင်သွားကြမည် ဖြစ်သည်။

လက်ရှိတွင် နိုင်ငံခြားရေး ကော်မတီနှင့် စစ်ရေးဆိုင်ရာ ကော်မတီတို့ ကို ရှီကျင့်ဖိန်က ဦးဆောင်လျက်ရှိပြီး၊ စီးပွားရေး


နှင့် အုပ်ချုပ်ရေးကော်မတီကို လီခဲ့ချိန်က ဦးဆောင်နေသည်။ အမြဲတမ်း ကော်မတီအတွင်း အဆင့် ၃ နှင့်အဆင့် ၄ နေ
ရာတွင် ရှိသော လီကျန်းဆူးနှင့် ၀မ်ရန် တို့သည် လွှတ်တော် ဥက္ကဋ္ဌ နေရာနှင့် အမျိုးသား အဆင့် ပြည်သူ့ နိုင်ငံရေးရာ
အတိုင်ပင်ခံ ကော်မတီ ဥက္ကဋ္ဌ ရာထူးထို့ကို လာမည့် ဆက်ခံမည်ဟု ယူဆရသည်။ ရှီကျင့်ဖျင် လက်ထက် အရေးပါ
သောနေရာတခုဖြစ်သည့် အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး အကြီးအကဲ အဖြစ် ကျိုလဲ့ကျိက တာဝန် ယူလိမ့်မည်ဟု
ခန့်မှန်းထားကြသည်။ အခြား ရာထူး အပြောင်းအလဲများ ရှိခဲ့သော်လည်း တရုတ်၏ နိုင်ငံခြားဆက်ဆံရေးအပါအ၀င်
လက်ရှိ မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကို အဓိက မောင်းနှင်နေသူမှာ ရှီသာဖြစ်သောကြောင့် တရုတ် ကွန်မြူနစ်ပါတီ၏
၁၉ ကြိမ်မြောက် ပါတီညီလာခံအလွန်တွင် တရုတ် မြန်မာမူဝါဒ ကြီးကြီးမားမား အပြောင်းအလဲဖြစ်ရန် အလားအလာ
နည်းသည်ဟု အကြမ်းဖျင်း ခန့်မှန်းနိုင်သည်။

You might also like