Download as pdf or txt
Download as pdf or txt
You are on page 1of 29

အမှာ

၁၉၈၈ နှစ် ဦးမှာ ကျို တိုတက္ကသိုလ်မှာ ခြောက်လတာ စာသင်ကြားဖို့


ဂျပန်ကိုအသွား ကြုံ နေတုန်း ဆုံနေတုန်းလေး ကျွန်တော် မြန်မာနိုင်ငံကို ၀င်လည်ဖို့
ဆုံးဖြတ်ခဲ့တယ်။ ကစ်ပလင် ရဲ့ မန္တလေးကြောင့် ရော၊ ဗိုလ်ချု ပ်ကြီးဦးနေ၀င်း လက်ချက်နဲ့
၁၉၆၂ ကတည်းက ပြင်ပကမ္ဘာနဲ့ အဆက်ဖြတ်ထားခဲ့တာကြောင့် ရော ဒီတိုင်းပြည်ကို
ကြည့်ချင်နေခဲ့တာ ကြာလှပြီ။ တိုးရစ်တွေ အ ပေါ် မူလီကျပ်ထားတာတွေ နည်းနည်း လေး
ဖြေလျှော့ချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင်ပေါ့လေ။

ကိန်းဘရစ်ခ်ျ၊ ကိုင်းရပ်စ်ကောလိပ်က ကျွန်တော့် မိတ်ဆွေကြီးဟာ


မြန်မာကျောင်းသား တစ်ယောက် ကို စာသင်ပေးခဲ့ဖူးတယ်။ ခု နေ၀င်း
အစိုးရလက်အောက်မှာ အဲဒီ ကျောင်းသားဟာ ၀န်ကြီးတစ်ပါးအ ဖြစ် တန်ခိုးထွားနေသတဲ့။
ဒါနဲ့ မိတ်ဆွေကြီးက ကျွန်တော့် အတွက် တကူးတက သံကြိုး ရိုက်ပြီး
မိတ်ဆက်ပေးရှာတယ်။ အကျိုး ဆက် ကတော့ အစိုးရ အရာရှိမင်းတစ်ဒါဇင်ကျော် ခြံရံပြီး
မန္တလေးကို ဗဟိုပြု ထားတဲ့ အထက်မြန်မာပြည်တစ်ခွင် ပြဲပြဲစင်အောင် သိုက်သိုက်မြို က် မြို
က်ကြီး ခရီးသွားခွင့်ရတယ်။ ကျက်သရေရှိလှတဲ့ တနင်္ဂနွေ တစ်မနက်မတော့ မေမြို့  ကို ကြွချီ
ရတယ်။ လန်ရိုဗာတွေ တစ်သင်းနဲ့ ပျော်ပွဲဆင်ရချည့် အောက်မေ့တာ နောက်ပိုင်းကျမှ
သိရတာ က စစ်ထောက်လှမ်းရေး က တပ်ထောင်တာဗိုလ်ထုနဲ့ ကျွန်တော့် ကို လိုက်ပို့ဆိုပဲ။
မေမြို့  ဘဏ်ဝန် ထမ်းတွေ ဟာ အင်္ကျီသစ်တွေ ၊ ပုဆိုးသစ်တွေ ၀တ်ပြီး ကျွန်တော့် ကို
ဆင်းကြို ကြ (အမှန်က ဘဏ် က ပိတ်ထားတာ)၊ နေ့လည်စားကျွေးကြ၊ တစ်မြို့  လုံး
လှည့်ပတ်ပြကြနဲ့ ရန်ကုန်က သူတို့သခင် ကြီးများ ရဲ့ ဆန္ဒကို အစွမ်းကုန်
ဖြည့်ဆည်းပေးနေကြရှာတာမြင်ရတော့ ရှက်မိတယ်။ ဘဏ်ဝန်ထမ်းတွေ ခမျာ သူတို့ကို
အတင်းအကျပ် နိုင့်ထက်စီးနင်း ခိုင်းလေခြင်းရယ်လို့ နည်းနည်း လေးမှတောင် တွေ
းမိပုံမပေါ်ပေမဲ့ ဘုမသိ ဘမသိနဲ့ ဘွားခနဲပေါ်လာတဲ့ ဧည့်သည်ကြီးကို အစွမ်း ကုန်
ဧည့်ခံကြရှာတယ်။ ကျွန်တော့် မှာ တော့ ငိုရမလို ရယ်ရမလို အီလည်လည်ကြီး။ ပြန်ခါနီး
တော့ အိမ်ရှင်တွေ က ညစာစီမံမယ် လုပ်ကြသေးတယ်။ ကံကောင်းထောက်မစွာ နဲ့ ပဲ
ဒီအချိန်ဆို သူတို့ အိမ်ပြန်သင့်ပြီဆိုတာကို ကျွန်တော် သတိထားမိသွားတယ်။ လုပ်စရာ
တစ်ခုကလည်း ရှိနေသေး တာကိုး။ ရန်ကုန်မလာခင် ညက ဘန်ကောက်မှာ
မြန်မာနိုင်ငံကနေပြန်လာတဲ့ ဗြိတိသျှသံရုံးက စုံ တွဲတစ်တွဲ နဲ့ တွေ့ ခဲ့တယ်။ သူတို့က
ရန်ကုန်ကိုများ ရောက်ခဲ့လို့ရှိရင် မဒမ်သိန်းရဲ့ ရှေးဟောင်း ပစ္စည်းအရောင်းဆိုင်ကို ၀င်
ဖြစ်အောင် ၀င်စမ်းပါလေလို့ အကြံပေးလို့ ကျွန်တော် လည်း ရောက် ဖြစ်ခဲ့တယ်။
မန္တလေးရောက်ခဲ့ရင်လည်း အင်မတန် အရသာကောင်းလှတဲ့ တရုတ်စားသောက်ဆိုင် နှစ်
ဆိုင်မှာ စား ဖြစ်အောင် စားခဲ့လေတဲ့။ အဲဒီ ထဲက တစ်ဆိုင်မှာ ဂျိမ်းဂျွို က်စ်ကို ကြို က်တဲ့
စားပွဲထိုး တစ်ယောက် ရှိတယ်။ မေး ဖြစ်အောင် မေးပါလေဆိုပဲ။ ဂျိမ်းဂျွို က်စ် ပရိသတ်ဆိုပဲ။
တွေ့ သင့်တာ ပေါ့။ ရှာသင့်တာပေါ့။ ဒီအကြံကြောင့် အိမ်ရှင်တွေ နဲ့ လမ်းခွဲပြီး မေမြို့ 
ကဆင်းခဲ့တယ်။

ဂျိမ်းဂျွို က်စ်ကို နှစ်သက် တဲ့ အသက်ကြီးကြီး တရုတ် အဘိုးအိုကြီး(ကျွန်တော်


ထင်တာ) ကို မတွေ့ ခဲ့ရပါဘူး။ ဒီစာအုပ်ရေး တဲ့ ပါစကယ်ခူးသွယ်ကိုပဲ ကျွန်တော် တွေ
့ခဲ့ရတယ်။ မန္တလေးတက္က သိုလ်က အင်္ဂလိပ် အနုစာပေကျောင်းသား
ဗိုလ်နေ၀င်းစနက်ကြောင့် ပိုက်ဆံတွေ တရားမ၀င် ကြေညာခံရပြီးတဲ့နောက် စားဝတ်နေရေး
အတွက် ဒီစားသောက်ဆိုင်မှာ သူ ၀င်လုပ်နေရတယ်။ သူ က တောင်ပေါ်သား၊ ပဒေါင်ဆိုတဲ့
လူမျိုး စုထဲက တစ်ယောက် ။ မိန်းမတွေ လည်ပင်းမှာ ကွင်းတွေ အများ ကြီးစွပ်ထားတတ်တဲ့
(သစ်ကုလားအုတ် လေဒီတွေ )။ မြန်မာနိုင်ငံရဲ့ လူမျိုး စုတစ်စုပေါ့။ ရိုးရာကိုးကွယ်မှု တွေ
ထုံလွှမ်းနေတဲ့ ကက်သလစ် ခရစ်ယာန် တစ်ယောက် ပေါ့။ အရင်က မကြားဖူး ပေမယ့်
ကံအကြောင်းတိုက်ဆိုင်ချိန်မှာ ဂျွို က်စ်ရဲ့ စာအုပ်နှစ် အုပ်လောက် သူဖတ်ဖူးတယ်။
ကျောင်းသင်ရိုးထက် ပိုပြီးလေ့လာချင်တဲ့ ရှားရှားပါးပါး မြန်မာကျောင်းသား အနည်းစုထဲက
တစ် ယောက် ပေါ့။ ဂျိမ်းအော်စတင်၊ ဂျော့အီလီယော့ထ်၊ တီအက်စ်အီလီယော့ထ်တို့ကို သူ
မကြားဖူး ဘူး။ ဒါပေမယ့် ပါးလလ်ဂရေ့ဗ်ရဲ့ “ဂိုးဒန်းထရက်ရှာရီ” ကိုတော့ သူ
အလွတ်နီးပါးရတယ်။ ဂျွို က်စ် ရဲ့ “အနုပညာရှင် တစ်ယောက် ၏ လူငယ်ဘ၀ ပုံရိပ်လွှာ”
စာအုပ်ထဲက ဟာသတွေ ၊ အရွှန်းဖောက် ချက်တွေ နဲ့ အထေ့တွေ ကို သူ
တကယ်သဘောပေါက် ခံစားနိုင်ပုံပါပဲ။

ပါစကယ်က ကျွန်တော့် ကို တက္ကသိုလ်ထဲခေါ်သွားခဲ့တယ်။


အင်္ဂလိပ်အနုစာပေကျောင်း သားတွေ နဲ့ ပေးတွေ့ တယ်။ ပဒေါင်တွေ ၊ ရှမ်းတွေ ၊
တရုတ်စပ်တွေ ၊ ဗမာတွေ လူမျိုး စုံပါပဲ။ ၀တ္ထု တွေ ကို အဓိကထား လေ့လာရသတဲ့။
စာအုပ်စာတမ်း မလုံလောက်ဘူးတဲ့။ လူတစ်ရာလောက်က စာအုပ်တစ်အုပ်ကို
မျှကြည့်ရသတဲ့။ ဟဲမင်းဝေးရဲ့ “ပင်လယ်ပြာနဲ့ တံငါအို ” စာအုပ်မိတ္တူ ကို ပိုးပ၀ါ လေးနဲ့
တရိုတသေ ထုပ်သိမ်းထားပြီး ကျွန်တော့် ကို ဖြေပြတာ မြင်ရတော့ မျက်ရည်တောင် လည်
မိတယ်။ ကျွန်တော် သူတို့အတွက် စာအုပ်တွေ ပို့ပေးခဲ့သေးတယ်။ စာလည်း ရေး ခဲ့တယ်။
ဒါပေ မယ့် အဲဒီ အချိန်မှာ ၁၉၈၈ အရေး တော် ပုံကြီးက စနေပြီမို့ သူတို့ဘက်က
ပြန်စာမရခဲ့တော့ဘူး။

ခု ဒီထူးခြားလှတဲ့ စာအုပ်လေးထဲမှာ ပါစကယ်ဟာ အဲဒီ အကြောင်းကို


ထည့်ရေး ထားခဲ့ တယ်။ အဲဒီ အချိန်ကနေစပြီး ဖြစ်သွား၊ ပျက်သွားလိုက်တဲ့ အ ဖြစ်အပျက်တွေ
ဟာလည်း သူ့ဘ၀ အတွက် ထူးထွေတည့် အံရာသော်ဝ်တွေ ပါပဲ။ ဌာနေလူမျိုး စုအတွင်း
နာနာဘာဝနဲ့ အိပ်မက်ယဉ် ကျေးမှု နဲ့ အတူမွေးဖွား၊ ရှေးဟောင်းမျိုး နွယ်စု ကိုးကွယ်မှု ၊
ဗုဒ္ဓယဉ်ကျေးမှု နဲ့ အီတလီ သာသနပြု အဖွဲ့ ဆောင်ကြဉ်းလာခဲ့တဲ့ ကက်သလစ်
ဘာသာတရားတွေ နဲ့ ထုံလွှမ်း၊ မန္တလေးကနေ့ရက် တွေ ၊ မမေ့နိုင်တဲ့ အရေး တော် ပုံရက်များ
၊ တောတွင်းက ချောက်ချောက်ချားချား ဘ၀အချိန်ပိုင်းများ နဲ့ နောက်ဆုံး ကိန်းဘရစ်ခ်ျသို့
သွားရာလမ်းအထိ သူ ဖွဲ့နွဲ့ပြောပြခဲ့တယ်။

ဒီစာအုပ်ဟာ အံ့အားသင့်စရာ စိတ်လှုပ်ရှားစရာ ဖြစ်ရပ်မှန်


ဇာတ်လမ်းတစ်ပုဒ်ပါ။ ကံဇာတ် ဆရာရဲ့ ကြိုး ဆွဲစီမံမှု တွေ ကိုလည်း
အကြောင်းညီညွတ်တိုင်း တွေ့ ကြရမှာ ဖြစ်တယ်။ ခေတ်သစ် မြန်မာနိုင်ငံရဲ့ ကြောက်စရာ
အမှော င်ခြမ်းတွေ ၊ ရှေးဟောင်းလူမျိုး စုတွေ ရဲ့ ဓလေ့ထုံးစံတွေ ၊ ယုံ ကြည်မှု တွေ ၊
မထော်မနမ်း ဟာသမြောက်ကွက်တွေ ၊ တောတွင်းတိုက်ပွဲတွေ ကို တွေ့ ရလိမ့်မယ်။
ဒါပေမယ့် ဒီစာအုပ်ဟာ မြန်မာ့နိုင်ငံရေး သင်ပုန်းကြီးလည်းမဟုတ်၊
မြန်မာ့ရာဇ၀င်ကျမ်းလည်းမ ဟုတ်ဘဲ ကြေးခေတ်လူမျိုး တစ်ခုက ကောင်ကလေး
တစ်ယောက် ကမ္ဘာ့ထိပ်တန်းဆိုတဲ့ အနောက် တိုင်းတက္ကသိုလ်ကြီးတစ်ခုထိ
အောင်အောင်မြင်မြင် ပညာသင်ရောက်ခဲ့ရတဲ့ ကိုယ်တိုင်ရေး ပုံတူပါ ပဲ။

ပါစကယ်ဟာ ဘာစာရွက်စာတမ်းမှမပါဘဲ ဗလာသက်သက် မြန်မာနိုင်ငံက


ထွက်ခဲ့တယ်။ တောတွင်းကနေ အလဲလဲအကွဲကွဲ ရှုံးနိမ့်ပြီး ထွက်ခဲ့ရတာ မျိုး ပါ။
သူ့အင်္ဂလိပ်စာဟာ ပိုပိုပြီး တိုး တတ်လာတယ်။ သူ့ အတိတ် ဖြစ်ရပ်တွေ ဟာ မှတ်ဉာဏ်အ
ဖြစ် သူ့ဆီ ပြန်ရောက်လာခဲ့တယ်။ ဒီ လိုနဲ့ သူဟာ ဒီစာမူကြီးကို ပြု စုခဲ့တယ်။ ဖွဲ့ခဲ့တယ်၊
နွဲ့ခဲ့တယ်။ လိုအပ်ရင် ကဗျာပါဆန်ခဲ့တယ်။

သူ့စာမူကို ပြင်ဆင်တည်းဖြတ်ပေးဖို့ ထုတ်ဝေသူတွေ က ကျွန်တော့် ကို


တာဝန်ပေးလာ တော့ အစပိုင်းမှာ ချီတုံချတုံ ဖြစ်နေခဲ့သေးတယ်။ ဒီလိုစာမူမျိုး ကျွန်တော်
တစ်ခါမှမတွေ့ ဖူးဘူး။ ဒီ စာမူကို ရေး ရိုးရေး စဉ်ပုံစံမျိုး ပြင်ဆင်ဖို့ဆိုတာ
သိပ်တာဝန်ကြီးသလို အန္တရာယ်လည်းကြီးတယ်။ အကြိမ်ကြိမ် ဆွေးနွေးပြင်ဆင်ပြီး
နောက်ဆုံးမူကြမ်း ကတော့ အလုပ် ဖြစ်လာတယ်။ ဥပမာအားဖြင့် ပါစကယ်ခူးသွယ်ဟာ
ငယ်ဘ၀ ဖယ်ခုံမှာ နေစဉ်က သူ့မိသားစုအိမ်မှာ စိန့်ဂျိုး ဇက်နဲ့ ယေရှုကလေး ငယ်ပုံတော် ကို
ကျွဲချို အစုံမှာ ချိတ်ဆွဲပူဇော်တယ်ဆိုပြီး ရေး ထားတယ်။ ဘာ ဖြစ်လို့ ကျွဲချို မှာ ချိတ်ရသတုံး။
ဘာကြောင့် လဲဆိုတော့ ကျွဲဟာ အမာစား၊ အကြမ်းစား သတ္တ၀ါတဲ့။ ကျွန် တော် တို့ လူမျိုး
စုရဲ့ ရန်သူတော် ဗမာဘုရင်ကို ကျွဲခတ်သတ်တာတဲ့။ ဗုဒ္ဓဘုရားရှင်ဟာလည်း မိစ္ဆာ ရန်စွယ်ကို
နှိမ်နင်းအောင်မြင်တဲ့ အထိမ်းအမှတ်အ ဖြစ် အန္တရာယ်ရှိတဲ့သတ္တ၀ါ (နဂါးကိုပြောချင်တာ)
ပေါ်မှာ စံပယ်လေ့ရှိသတဲ့။ ရွာပေါ်ကျလာတဲ့ ထင်မိယောင်မှား ဥက္ကာခဲတွေ ကို ငယ်ဘ၀က
သူ ထိုင်ကြည့်လေ့ရှိတယ်လို့ ရေး ပြန်တယ်။ ဘာ ဖြစ်လို့ ထင်မိယောင်မှားရပြန်
သတုံးဆိုတော့ ဥက္ကာခဲဆိုတာ ၀ိညာဉ်လောကကို ကိုယ်စားပြု တဲ့အရာ မဟုတ်လားတဲ့။
ဒါတွေ ဟာ သူ့လူမျိုး တွေ နဲ့ ထပ်တူထပ်မျှ ပါစကယ့်စိတ်ဝိညာဉ်မှာ ထင်ဟပ်နေတဲ့
နိမိတ်ပုံဆောင် လောကပဲ မဟုတ်လား။

စိတ်ကူးပုံဖော် ဖြန့်ကြက်အတွေးတွေ နဲ့ အချက်အလက်တွေ


ရောမွှေပေါင်းစပ်ထားတဲ့ ပင်ကိုရေး လက်ရာတစ်ခုတော့ ထွက်ပေါ်လာခဲ့ပြီ။ ကျွန်တော်
့ရောင်းရင်းကြီး ကောလင်းဘာရိုးက တော့ ပါစကယ်ရဲ့ ကိန်းဘရစ်ခ်ျနေ့ရက်တွေ
ကုန်ဆုံးခါနီး မှာ ဒီလို မှတ်ချက်ပြု ခဲ့ဖူးတယ်။

“ကျွန်တော် ထင်တယ်လေ၊ မြန်မာဆိုတဲ့ တိုင်းပြည်ထဲက


ဂျင်ကလယ်တောင်ပေါ်က လူမျိုး စုလေးတစ်စုကနေ တောကြီးမျက်မည်းထဲရောက်၊
မျှော်လင့်စရာ တစ်စုံတစ်ရာမရှိရာက အဆင့်အတန်းမီ အင်္ဂလိပ်စာရေး ဆရာ တစ်ယောက်
ဖြစ်ဖို့ဆိုတာ သြချရလောက်တဲ့ ခရီးကြမ်း ကြီးတစ်ခုပဲဗျ။ ဒါပေမယ့် သူ
လုပ်နိုင်လောက်တယ်” တဲ့လေ။

တကယ်ပဲ သူ လုပ်ပြလိုက်ပါပြီ။

ဂျွန်ကေစီ
ကိန်းဘရစ်ခ်ျ
ဇူလိုင်၊ ၂၀၀၁။

******
စိတ်ကူးခရီးစဉ်များ
လူမမယ် ကလေးငယ်ဘ၀တုန်းက နေထွက်လာတိုင်း
ပါးစပ်လေးအဟောင်းသားနဲ့ ကျွန် တော် ငေးနေတတ်ခဲ့တယ်။ ဇာတိမြို့  ရဲ့ အရှေ့ဘက်မှာ
အရှေ့တောင် မိုးကုပ်စက်ဝိုင်းထိ ရှုမဆုံး အောင် သွယ်တန်းနေတဲ့ တောင်တန်းပြာတွေ
ပတ်လည်ဝိုင်းထားတဲ့ ဧရာမ ရေကန်ရှည်မျောမျော ကြီးတစ်ခုရှိတယ်။ မြူ တွေ ဆိုင်းတဲ့
တောင်တန်းပြာပြာပေါ်က နေလုံးကြီးထွက်လာတိုင်း ကောင်က လေး တစ်ယောက်
အိပ်ရာထလာတာကို ဆီးကြို နှုတ်ဆက်သလို ကျွန်တော် အမြဲငေးကြည့်နေခဲ့မိ တာပေါ့။
နေမင်းကို အားရအောင် ငေးပြီးရင်တော့ နံနက်ခင်းအလင်းရောင် ကြောင့် ရွှေရောင်
တောက်နေတဲ့ ရေပြင်မှာ တံငါလှေတွေ ပျားပန်းခတ်နေတတ်တဲ့ ရေကန်ထဲကို
အကြည့်ရောက် သွားပြန်ရော။ တောင်ကမူထိပ်မှာ တည်ထားတဲ့ စေတီက
ခေါင်းလောင်းသံတွေ နဲ့ ဘုန်းတော် ကြီး တွေ ရဲ့ သုတ္တန်ရွတ်ဖတ် သရဇ္ဈာယ်နေသံတွေ ၊
ခရစ်ယာန်ဘုရားကျောင်း ခေါင်းလောင်းစင်ထက် က ၀တ်ပြု ခေါင်းလောင်းသံတွေ အကြား
အလပ်မရှိ ဆင့်ကဲထွက်ပေါ်။

စိတ်အစဉ် ကတော့ တောင်တန်းပြာတွေ ရဲ့ ဟိုမှာ ဘက် အနောက်တောင်ဘက်


ရေကန် အဆုံးသတ်နေရာထိ အဇ္ဈတ္တခရီးရှည်ကို ချီတတ်နေမိတယ်။ “ဒီအပြောကျယ်လှတဲ့
ရေကန်ကြီးရဲ့ တစ်ဖက်မှာ ဘာရှိသလဲခင်ဗျာ” လို့ ကျောင်းက ဆရာကို မေးမိတယ်။ ဆရာက
မြေပုံပေါ်က တစ်နေရာကို လက်ညှိုး ထိုးပြတယ်။ အဲဒီ နေရာမှာ မြန်မာနိုင်ငံ
တစ်ဝက်လောက်ကို လျှပ်စစ်မီးပေး နေတဲ့ လောပိတ ရေတံခွန်နဲ့
ရေအားလျှပ်စစ်စက်ရုံဆိုတာရှိသတဲ့။ ရေတံခွန်အောက်မှာ တော့ တရုပ်ပြည်မှာ မြစ်ဖျားခံ၊
ရှမ်း၊ ကယား၊ ကရင်ပြည်နယ်တွေ ကို ဖြတ်သန်းပြီး မော်လမြို င်မှာ ပင်လယ်ထဲ ၀င်သွားတဲ့
မြစ်မင်းသံလွင် စီးဆင်းနေသတဲ့။

ဆရာက ဆက်ပြောတယ်။ သံလွင်ဆီရှေးရှုတဲ့ တောနက်ထဲမတော့


အဖျက်အမှော င့်သ မား သော င်းကျန်းသူ တောပုန်းဓားပြပေါင်းစုံ
ကွန်းခိုမှီတင်းနေထိုင်နေတယ်တဲ့။ သူတို့ရဲ့ ရည်ရွယ် ချက် ကတော့ မြန်မာပြည်ကြီးကို
ချောက်ထဲကျအောင်လုပ်ပြီး အစိုးရကို ဒုက္ခပေးဖို့ပါတဲ့။ သူတို့ ကျွမ်းကျင်တာ ကတော့
မိန်းကလေးငယ်ငယ်တွေ ကို ပြန်ပေးဆွဲ၊ တောထဲက ဂူထဲပိတ်ထည့်တဲ့ ပညာတဲ့။
အဲသလိုကြားရတော့ ကြောက်ကြောက်နဲ့ ပဲ စိတ်ကူးယဉ်မိပြန်ရော။ တကယ်တော့
ဆရာပြောတဲ့ သော င်းကျန်းသူ၊ တောပုန်း၊ ဓားပြ၊ တိုင်းပြည်၊ အစိုးရဆိုတာတွေ ဟာ
သက်ရှိလား၊ သက်မဲ့လားတောင် ကျွန်တော် မသိပါဘူး။ ဘာပဲ ဖြစ် ဖြစ် ဆိုးတယ်ဆိုမှတော့
ဘယ်ကောင်းလိမ့် မတုံး။ ဒီတော့ ကျွန်တော့် ကျောင်းက အတန်းထဲက
ကျောင်းနေဖက်သူငယ်ချင်းတွေ ကို သူတို့ ဖမ်း ဖို့ကြိုး စားတာကို ကျွန်တော် က
သူရဲကောင်းလုပ်ပြီး ကာကွယ်တယ်၊ ကယ်ဆယ်တယ်လို့ စိတ်ကူးယဉ်တမ်း
ကစားနေမိတယ်။ တောကြီးမျက်မည်း ထူထူထဲကို ထိုးဖောက်၊မြစ်မင်းသံလွင် တစ်လျှောက်
စုန်ဆန်ရင်း စိတ်ကူးရဲ့ တစ်ဖက်ကမ်းမှာ ရှိနေတဲ့ နေရာတွေ ကို မျှော်တော် ဇောနဲ့ မောရတာ
လည်း အမြဲလိုလို။

မနက်ခင်းတိုင်းကို ဂျင်ရိဗ်၊ ပေါလ်အန်ကာ၊ အဲလ်ဗစ်ပရက်စလေ၊ ဘီတဲလ်တို့ရဲ့


တေးသံ သာတွေ နဲ့ နိုးထနေကျ။ အစိုးရ အသံလွှင့်ဌာနက လွှင့်တဲ့ ဒီသီချင်းတွေ အဖေ့
ရေဒီယိုလေးထဲက ထွက်နေတုန်း ကတော့ ကျွန်တော် သူတို့နာမည် တွေ ကို မသိသေးပါဘူး။
အဲဒီ တုန်းက အင်္ဂလိပ်ပိုင်း အစီအစဉ်ကို မနက် ရှစ်နာရီခွဲက ကိုးနာရီထိရယ်၊ နေ့လယ်
တစ်နာရီခွဲက နှစ် နာရီထိရယ်၊ ည ကိုးနာရီက ဆယ်နာရီထိရယ် တစ်ရက်
သုံးကြိမ်အသံလွှင့်တယ်။ မြန်မာဂီတသံရှေ့ကခံတဲ့ မြန်မာပိုင်းအစီအစဉ် အပြီးမှာ ပေါ့။ အဲဒီ
အစီအစဉ်လာရင် နားထောင်နေ တဲ့ လူကြီးတွေ အားလုံး သက်ပြင်းကြီးသက်မကြီးတွေ
တဟင်းဟင်းချလို့။ ဘာ ဖြစ်လို့တုံးဆိုတော့ ဘယ်သိပါ့မလဲ။ အဲဒါကြီးပြီးရင်တော့
အင်္ဂလိပ်ပိုင်းအစီအစဉ်လာပြီ။ “မြန်မာအသံမှ ဆက်လက်အသံလွှင့်နေပါတယ်ရှင်၊
ခုဆက်လက်ပြီး သတင်းများ ကို မေရီကွန်းဝေးက ကြေညာပါ တော့မယ်” ဆိုတဲ့
အင်္ဂလိပ်လိုပြောသံလေး ထွက်လာပြီ။ အဲဒီ စာကြောင်းနှစ် ကြောင်းရဲ့ အဓိပ္ပာယ် ကို
ကျွန်တော် ဆယ်နှစ် သားလောက်ထိ ဘာပြောနေမှန်း မသိခဲ့ရိုးလည်း အမှန်ပါခင်ဗျာ။

ကျွန်တော် တို့ မိသားစုဘ၀နဲ့ ရေဒီယိုဆိုတာ နှစ် လွှာပေါင်းမှ တစ်ရွက်ဆိုသလို


ခွဲခြားလို့ တောင်မရပါဘူး။ အဘွား ကတော့ မနက်စောစောထပြီး ဘုရားကျောင်းဝတ်ပြု ပွဲကို
အမြဲသွားတတ် တယ်။ လွန်ခဲ့တဲ့ အနှစ် သုံးဆယ်လောက်ကတည်းက အဘွားဟာ
ဗုဒ္ဓဘာသာဝင်ကနေ ကက်သလစ် ဘာသာဝင်အ ဖြစ် ပြောင်းလဲခဲ့တယ်။ ဒါပေမယ့်
အသက်ကြီးလာမှသာ ဘာသာရေး လိုက်စားသလို ဖြစ်လာတာပါ။
မနက်ခြောက်နာရီလောက်ဆို မနက်စာချက်ဖို့ ပြင်ဆင်ပေးပြီးတာ နဲ့ ဘုရားကျောင်းသွားပြီ။
ဘုရားကျောင်းနဲ့ အိမ်က ကိုက်တစ်ရာလောက်ပဲ ဝေးသကိုး။ မနက်စာ၊ နေ့လယ်စာ ချက်တဲ့ပြု
တ်တဲ့ အလုပ် ကတော့ အမေနဲ့ ကျွန်တော် ဒိုင်ခံလုပ်ပေါ့။ ဆန်ဖြူ ဖြူ တစ်ခွက်ရဖို့အရေး
ခါးကျိုး မတတ် သစ်သားမောင်းဆုံကြီးထဲ ထည့်ဖွတ်ရတာ လည်း မှတ်မိပါသေး တယ်။
ပုံမှန်မနက်စာ ကတော့ ဆန်ပြု တ်ရယ်၊ အသားရယ်၊ ငါးရယ်၊ အရွက်တစ်မျိုး မျိုး ရယ် ရာသီ
ပေါ်သစ်သီးတွေ ရယ်၊ မပါမ ဖြစ် ခေါင်ရည်ရယ်ပေါ့။ စားဦးစားဖျားကို ဘုရာသခင်နဲ့ မိသားစု
ဘိုး ဘေးတွေ အတွက် ၀တ်ပြု စင်ပေါ် ဆွမ်းတောင်တင်ဖို့လည်း မမေ့ကြပါဘူး။

ရေဒီယိုသံကြားပြီဆိုတော့ အဖေအိပ်ရာကနိုးပြီဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ ဒါဟာ


အဖေ့မနက်စာ အတွက် လက်ဖက်ရည်သောက်ဖို့ ရေနွေးကျို တော့၊ ခေါင်ရည်ကို
ပြင်ဆင်တော့လို့ အချက်ပြသံ လည်း ဟုတ်တယ်။ အဖေက မနက်စာကို ဘာမှ
ဟုတ်တိပတ်တိ စားလေ့မရှိဘူး။ လက်ဖက်ရည် ကြမ်းကျကျနဲ့ ခေါင်ရည်ပြင်းပြင်းဟာ
သူ့ပုံမှန်မနက်စာပေါ့။ ရေဒီယိုသံ အတိုးအကျယ်ပေါ် မူတည်ပြီး သူ့စိတ်အခြေအနေကို
အမေက ခန့်မှန်းလေ့ရှိတယ်။ ကျွန်တော့် ညီလေး၊ ညီမလေး တွေ ကတော့ နို့ဆာလို့ တဗြဲဗြဲ
ပလုံစီအောင် ငိုနေကြတယ်။ နောက်ပိုင်းကျတော့ ခေါင်ရည်ဆာ လို့ တဗြဲဗြဲ ငိုကြပြန်ရော။
အိုးလုရင်းနဲ့ နွှဲလိုက်ရတဲ့ရန်ပွဲဆိုတာလည်း မရေမတွက်နိုင်။ ခေါင်ရည် အိုးတွေ အများ
ကြီးခင်းထားလိုက်မှ အဆင်ပြေသွားတော့တယ်။

အဖေ့ဘ၀မှာ ရေဒီယိုဟာ ဘယ်လောက်အရေး ပါတယ်ဆိုတာကို နားလည်ဖို့


အတော် အ ချိန်ယူခဲ့ရတယ်။ အဖေက ဗိုလ်ချု ပ်ကြီးဦးနေ၀င်းရဲ့ မြန်မာ့ဆိုရှယ်လစ်
လမ်းစဉ်ပါတီကို အသည်း အသန် ယုံကြည်တဲ့သူပေါ့။ ရေဒီယိုဟာ သူ့အတွက်
ပါတီလမ်းညွှန်ချက်ပဲ။ မျက်စိကိုဖွင့်၊ နားကို စွင့်ရင်း အလူးအလဲ အပြူး အပြဲကို
နားထောင်တာ။ နောက်ဆုံး ဒီယုံကြည်ချက် ရေစုန်မျောသွား ချိန်မှာ တော့ အဖေဟာ
ဘီဘီစီဘက် ဦးလှည့်သွားခဲ့တယ်။

ညားခါစမှာ ဂေဘားကရင်မ အမေဟာ အဖေ့ဘာသာစကား ဖြစ်တဲ့ ပဒေါင်


စကားကို မပြောတတ်ဘူး။ ကျွန်တော် ကတော့ နောက်ဆုံးမှာ အဖေ့စကားလည်း မဟုတ်၊
အမေ့စကားလည်း မဟုတ်တဲ့ ဗမာစကားပြောသူ ဖြစ်လာခဲ့တယ်။ အမေနဲ့ ကျွန်တော်
တစ်ချိန်တည်းနီးပါး ပဒေါင်စ ကားကို ပြောတတ်ခဲ့ကြတယ်။ ဘာသာစကားတစ်မျိုး ထက်မက
ပြောတတ်တဲ့ ကျွန်တော် ဟာ ၀မ်း ကွဲမောင်နှမတွေ ကြားမှာ ဆရာကြီးပေါ့။ လူတွေ ကို
ဘယ်ဘာသာစကားနဲ့ ပြောဆိုဆက်ဆံသလဲ ဆိုတာပေါ် မူတည်ပြီး သူတို့ အပေါ်မြင်တဲ့
ကျွန်တော့် အမြင်တွေ ဟာလည်း မတူကွဲပြားတာပေါ့။

နေလုံးကြီးမြင့်တတ်လာတာနဲ့ အမျှ မိသားစုတစ်ခုလုံး


ဘာဏုရာဇာဒေါင်းဖန်ဝါရဲ့ အနွေး ဓာတ်နဲ့ စွမ်းအင်တွေ ကို စုပ်ယူအားဖြည့်ရင်း တစ်နေ့တာ
လုပ်ငန်းစဖို့ နှီးနှောတိုင်ပင် ပြင်ဆင် ကြရပါတော့တယ်။

******
အခန်း (၁)
ဖန်ဆင်းရှင် အရှင်မ

အလှသခင် ဖန်ဆင်းရှင် အရှင်မ

ပြစ်မျိုး မှဲ့မထင် ကြည်လင်အေးမြ

စမ်းရေချိုး အစကို ကျွန်တော် မျိုး မ

ရှာတွေ့ ပါရစေ၊ မှိုင်းမကူညီတော် မူပါ့ သခင်

ဒဏ္ဍာရီပုံပြင်မပြောခင် ဘွားအေကြီး အမြဲရွတ်တဲ့ဂါထာ

ဘွားအေကြီး အလိုကျ ကမ္ဘာဦးကျမ်း

“လောကဓာတ် မူလအစ ဖြစ်တည်ပြီးပြီးချင်း ဒီကိစ္စဟာ ဖြစ်ခဲ့တာလို့


ရှေးဘိုးဘေးတွေ က ဆိုခဲ့ကြသကွဲ့”

ခေါင်းအုံးအ ဖြစ်သုံးတဲ့ သစ်ချောတုံးလေးပေါ် ခေါင်းကို နေသားတကျထားရင်


အဘွား မူသာက ပြောလိုက်တယ်။ သူ့လည်ပင်းက ကြေးနီကွင်းတွေ ဟာ
ဖယောင်းတိုင်မီးအလင်းရောင် အောက်မှာ တဖျတ်ဖျတ် လက်နေတယ်။ ကြေးနီကွင်းတွေ ဟာ
အားလုံးပေါင်းရင် ဆယ့်လေးလက် မလောက် မြင့်တယ်။ သူ့ခေါင်းကို လည်ပင်းက
ကြေးကွင်းတွေ ပံ့ပိုးထားပုံက ထီးတော် ကို ပံ့ပိုးထားတဲ့ စေတီငှက်ပျောဖူးလိုပဲ။ နားရွက်တွေ
မှာ ရော လည်ပင်းမှာ ပါ ငွေဆွဲကြိုး တွေ ၊ ဆွဲပြား တွေ ၊ လက်ဖွဲ့တွေ ၊ အဆောင်တွေ
ပွစာကြဲအောင် ဆွဲထားသေးတယ်။ နားပေါက်ကလည်း ကျယ် လိုက်သမှ
ပုလင်းဆို့တဲ့ဘူးဆို့တောင် ထည့်လို့ရလောက်တယ်။ ပုံပြင်လေး နားထောင်ရဖို့အ ရေး
ကျွန်တော် တို့ကလေးတစ်သိုက် ဘွားအေကြီးကို အီတွန့်ပွမ်လောက်အောင် နှိပ်ပေးနယ်ပေး
ရတာ ပေါ့ခင်ဗျ။
“အဲ .. .. အဲ . .. အားလုံးရဲ့ အစမှာ တော့ အာကာသခရီးစဉ်ကို လေနတ်သားနဲ့
လေနတ် သမီးတို့ဟာ ရွှေလက်တွဲ လို့ ပျော်ပွဲဆင်ရင်း ခရီးနှင်ခဲ့ကြတာပေါ့ ကလေးတို့ရယ်၊
ဒါပေမယ့် လေနတ်သမီးလေးခမျာ ကိုယ်လေးလက်ဝန် ရှိလာချိန်မတော့ မောင်တော်
လေနတ်သားနောက် ကို မီအောင် ဘယ်လိုက်နိုင်ရှာတော့မလဲ၊ ခရီးတစ်ထောင်နားရင်း
မောင်တော် လေနတ်သားက ကြင်ရာတော် မီးဖွားချိန်ထိ အဆက်မပြတ် ရစ်ပတ်သိုင်းခြုံ ရင်း
စောင့်ရှောက်ခဲ့တယ်”

“အချိန်တန်တော့ လေနတ်သမီးလေးဟာ ရွှေရောင် ဥကလေးတစ်လုံးကို


မွေးဖွားခဲ့သတဲ့၊ အဲဒီ ဥခွံကိုခွဲပြီး ဖန်ဆင်းရှင် အရှင်မဟာ ကလေးတွေ အများ ကြီးနဲ့ အတူ
ထွက်ပေါ်တော် မူလာခဲ့ တယ်၊ ဥခွံပေါ်ထိုင်ရင်း အရှင်မဟာ လောကအ၀န်းကို ကြည့်တော်
မူတယ်၊ ကောင်းကင်ယံ ဟိုးအ ဝေးက ကြယ်ကလေးတွေ ကို သူငေးနေတယ်၊ နက်ပြာရောင်
ကတ္တီပါကောင်းကင် နောက်ခံကား ချပ်မှာ ကြယ်တွေ ဟာ သေးလွန်းလှပေမယ့် ဖြူ ၀ါနီ
ပန်းရောင် စုံလေးတွေ လိုပါပဲ”

“ဖန်ဆင်းရှင် အရှင်မက တိမ်တွေ ကို တခြားကမ္ဘာတစ်ခု


ဖန်တီးခိုင်းလောက်တယ်၊ တိမ် တွေ ဖန်တီးတဲ့အရာကပဲ ဘွားတို့နေရာ မြေကမ္ဘာ
ဖြစ်လာခဲ့တာပေါ့ကွယ်၊ ဖြစ်တည်စမြေကမ္ဘာ ဟာ နေလို့ရ၊ မရ မသေချာသေးတဲ့အတွက်
ဖန်ဆင်းရှင် အရှင်မဟာ မျောက်တစ်ကောင်ကို ဖန် ဆင်း၊ ကမ္ဘာဆီခြေမြန်တော် လွှတ်ရင်း
အခြေအနေကို စနည်းနာခိုင်းခဲ့တယ်၊ မျောက်သတ္တ၀ါဟာ ကမ္ဘာမြေပေါ်
ဆင်းသက်လာခဲ့ပေမယ့် မြေကြီးပေါ် မဆင်းရဲဘူးတဲ့၊ ဒါနဲ့ အရှင်မဆီပြန်ရောက် တော့ သူက
ကမ္ဘာမြေကြီးဟာ အရှင်မရဲ့ ကလေးတွေ နေထိုင်ဖို့ အဆင်သင့်ပဲလို့ ခပ်တည် တည်နဲ့
ညာဖြီးတာပေါ့၊ အရှင်မဟာ သူညာနေတာကို ချက်ချင်း သိတယ်၊ မျောက်ကို ကျိန်ဆဲပြီး
မျောက်သတ္တ၀ါတွေ ဟာ မြေကြီးပေါ်မှာ ဘယ်သော အခါမှ အိပ်ခွင့်မကြုံ ရစေဖို့
အမိန့်ထုတ်ပြန် လိုက်တယ်၊ ဒီအမိန့်က ခုချိန်ထိ သက်ဝင်နေဆဲပဲ မြေးတို့ရဲ့ ၊
ဒီအမိန့်ကြောင့် မျောက်တွေ ဟာ သစ်ပင်ပေါ်မှာ ပဲ အိပ်ရရှာတာပေါ့”

“အရှင်မက စာဝါငှက်ကလေးတစ်ကောင်ကို ထပ်ဖန်ဆင်းတော် မူတယ်၊


မျောက်ကိုခိုင်းသ လို ထပ်ခိုင်းတယ်။ ငှက်ကလေး ကတော့ မြေကမ္ဘာတစ်ခွင် တစ်လက်မ
မကျန် ပိုက်စိပ်တိုက်စစ် ဆေးပြီးမှ အရှင်မဆီကိုပြန်ပြီး စိတ်ချရတဲ့အကြောင်းကို သံတော်
ဦးတင်ခဲ့တယ်။ အရှင်မက ချီး မြှော က်တဲ့အနေနဲ့ စာဝါငှက်ငယ်ကို နှစ် စဉ်နှစ် စဉ်
ခြောက်လတိတိ ကောင်းကင်ဘုံမှာ နေခွင့်ပြု ခဲ့တယ်။ ဒါကြောင့် လည်း ဘွားတို့စာဝါတွေ ကို
ခြောက်လပဲ မြင်ခွင့်ရတာ ပေါ့”

“မြေကမ္ဘာအောက်အဆင့်မှာ နေရတာ ကြာလာတော့ သူသားတွေ ဟာ မပျော်ြ


ကတော့ဘူး တဲ့၊ အလယ်ကမ္ဘာမှ အခြေချနေချင်စိတ်တွေ တဖွားဖွားပေါ်လာကြသတဲ့ကွယ်၊
ဒါပေမယ့်လည်း အလယ်ကမ္ဘာနဲ့ အောက်ကမ္ဘာကြားမှာ ဧရာမ ကျောက်လွှာကြီးနဲ့
ခြားထားတာကိုး။ သူ့ကလေး တွေ ရဲ့ ဆန္ဒကို ဖြည့်ဆည်းချင်တဲ့ ဖန်ဆင်းရှင် အရှင်မဟာ
ကျောက်လွှာကြီး ကွဲကြေသွားအောင် မီးပြင်းတိုက်ပေးတယ်၊ ကွဲကြေကျလာတဲ့
ကျောက်လွှာအစအနတွေ ကို ဖယ်ရှားရှင်းလင်းဖို့ မြင်း တွေ နဲ့ ဆင်တွေ က လူသားတွေ ကို
ကူညီကြတယ်။ မနိုင်ဝန်ထမ်းရတဲ့အတွက် သူတို့ခမျာ ချို တွေ ကျိုး ကုန်ကြသတဲ့။ ဆင်တွေ
ကတော့ ကျိုး သွားတဲ့ ချို တွေ ကို ပါးစပ်မှာ ပြောင်းတပ်ရင်း အစွယ် တွေ အ ဖြစ်
အသွင်ပြောင်းလိုက်နိုင်တယ်၊ မြင်းတွေ ကတော့ သူတို့ချို ကျိုး တွေ ကို သစ်ပင်မှာ သွား
ချိတ်ထားမိတော့ ချို တွေ က သရက်သီးတွေ ဘ၀ ပြောင်းသွား ပြီး မြင်းတွေ ခမျာ ချို ကို ထာဝရ
ဆုံး ရှုံးလိုက်ရသတဲ့”

“အဲသလိုနဲ့ လူသားနဲ့ တိရစ္ဆာန်တွေ ဟာ အလယ်ကမ္ဘာကို


တူပျော်ပျော်ချီတက်ရင်း ငြိမ်း ချမ်းစွာ အတူယှဉ်တွဲ နေခဲ့ကြသတဲ့၊ ဒါပေမယ့် ကြာလာတော့
လူတွေ ဟာ ငါနဲ့ ငါသာ နှိုင်းစရာဆိုပြီး မာန်တက်လာကြတယ် မြေးတို့ရဲ့ ၊ ဒီလိုနဲ့
တိရစ္ဆာန်ဘာသာစကားတွေ ကို မေ့ကုန်ပြီး တိရစ္ဆာန်ဆို တာ ခိုင်းဖို့၊ စေဖို့၊ စားဖို့လို့
ယူဆလာကြတယ်။ နောက်တော့ သူသားအစ ကမ္ဘာဦးဘာသာစ ကားကိုပါ မေ့ကုန်ကြပြီး
အုပ်စုကလေးတွေ့ ဖွဲ့လို့ ကမ္ဘာအနှံ့ပြန့်ကြဲသွားခဲ့တယ်”

“ဒီလိုနဲ့ ပဲ လူသားဟာ ကောင်းကင်ဘုံပျောက်ဆုံးရင်း


မြေကမ္ဘာအ၀ှမ်းလှည့်လည်သွားရာ ရေကြည်ရာ မြက်နုရာ ရှာစားရတဲ့အဆင့်ထိ
ကျဆင်းသွားခဲ့တော့တာပေါ့ ငါ့မြေးတို့ရဲ့ ”

ပုံပြောနေတဲ့တစ်လျှောက်လုံး အဘွားဟာ ကွမ်းယာမပြတ်တမ်းဝါးနေခဲ့တယ်။


ခဏနား တိုင်း ပါးစပ်ထဲက ကွမ်းဖက်တွေ ထွေးပြီး အသစ်ထပ်ဝါးတာပဲ။ လူမျိုး စု
ထုံးတမ်းစဉ်လာအရ မိရိုး ဖလာပညာတွေ ကို လက်ဆင့်ကမ်းပေးခဲ့ကြတာ အဘွားတွေ
ဖြစ်တဲ့ မူဝယ်၊ မူကြာ၊ မူသာနဲ့ မူရှန့် တို့ပါ။ ကျွန်တော် တို့ထုံးစံအရ သူတို့အကုန်လုံးဟာ
ကျွန်တော့် အဘွားတွေ ချည်းပဲ။ အဘွား မူဝယ်က အဖေဘက်က အဘိုး၊ ပဒေါင်တွေ ထဲမှာ
အင်အားအကြီးဆုံး ဖြစ်တဲ့ ကျွန်တော် တို့မျိုး နွယ် စုရဲ့ ခေါင်းဆောင်ကြီး လာပန်းရဲ့ ဇနီး။
မူကြာက အဘိုး လာပန်းရဲ့ ညီ အဘိုးနောက်ရဲ့ ဇနီး။ မူသာ က မူဝယ်ရဲ့ ညီမ။ မူရှန့်ကလည်း
မူဝယ်ရဲ့ ၀မ်းကွဲညီမ၊ အကုန်လုံးဟာ ဘွားအေကြီး အဆင့်အတန်းကို အလိုအလျောက်
ရကြတယ်။ မျိုး နွယ်စုရဲ့ ဖန်ဆင်းရင် အရှင်မကြီးတွေ ပေါ့။ အိမ် တွင်းရေး ရာကိစ္စတွေ
အားလုံး သူတို့ကို ခင်ပွန်းသည်တွေ က အာဏာကုန်အပ်ထားကြတယ်။ မူကြာနဲ့ မူသာဟာ
တစ်သက်လုံး လည်ပင်းကွင်းတွေ စွပ်ထားခဲ့ကြပြီး အသက်ကြီးမှ ကွင်းတွေ ဖြု
တ်လိုက်ကြတယ်။ လည်ပင်းရှည်ကြီးတွေ နဲ့ သူတို့ကို ကြည့်ရတာ လူတစ်ပိုင်း ငှက်တစ်ပိုင်း
လိုမျိုး ပဲ။ ပဒေါင်တွေ ဟာ အခြားလူမျိုး တွေ နဲ့ မတူဘူးတဲ့။ ဇော်ဂျီနဲ့ နဂါးမက
ဆင်းသက်လာတယ် ဆိုပဲ။ ကျွန်တော် တို့ရာဇ၀င်ဟာ ဖားစည်နဲ့ အတော်
ကြီးဆက်စပ်နေခဲ့တယ်။ ဖားစည်ဆိုတာ ကျွန် တော် တို့ထုံးစံအရ အခါကြီးရက်ကြီးမှ တီးရတဲ့
တူရိယာပေါ့။ ဒဏ္ဍာရီအရ ဘောကြီးလို့ခေါ်တဲ့ သတ္တ၀ါကြီး တစ်ကောင်ဟာ
ပဒေါင်ပိုင်နက်ထဲမှာ ထင်သလိုသော င်းကျန်းပြီး ဖျက်လိုဖျက်ဆီး လုပ်နေတဲ့အတွက်
ပဒေါင်လယ်သမား တစ်ယောက် ဟာ ၀ါးညှပ်ထောက်ချောက်လုပ်ပြီး ဖမ်းလိုက် တာ
ထောင်ချောက်ထဲမှာ သူ့ဘောကြီးညပ်ပြီး မရှူ နိုင် မကယ်နိုင် ကားယားကြီးမိနေတော့သတဲ့။
ဒီလိုနဲ့ ဘောကြီးဟာ သူလွတ်မြောက်ဖို့အရေး အပေးအယူလုပ်ရတာ ပေါ့။
ပဒေါင်ပိုင်နက်က လယ်ယာမြေ သစ်ပင်တွေ ကို မဖျက်ဆီးတော့ဘူး။ ပြီးတော့ ပဒေါင်လူမျိုး စု
လိုရာဆန္ဒတွေ ပြည့်စေ ဖို့ အစွမ်းထက်တူရိယာ ဖြစ်တဲ့ ဖားစည်ကို ပေးခဲ့တယ်။ ဒါကြောင့်
လည်း ဖားစည်ဟာ ကျွန်တော် တို့ရဲ့ တန်ဖိုးအကြီးဆုံး ပိုင်ဆိုမှု ဖြစ်လာခဲ့တယ်။
ဘွားအေကြီးရဲ့ ဒဏ္ဍာရီဟာ ကျွန်တော် တို့ဘ၀တွေ ကို
ပဲပြင်ထိန်းကျောင်းရာဌာန နောက် တစ်ခု ဖြစ်တဲ့ ကက်သလစ်ကျောင်းတော် ရဲ့ သွန်သင်မှု
တွေ နဲ့ တစ်သဘောတည်း မကျနိုင်တာဟာ လည်း တကယ်တော့ အံ့သြစရာမရှိလှပါဘူး။
ဟုတ်တယ်။ ကျွန်တော် တို့ဟာ ကက်သလစ်တွေ ။ နှစ် ဆယ်ရာစုထဲရောက်မှ ကျွန်တော်
တို့အတွက် စာထက်အက္ခရာတင်ဖို့ ဘာသာစကားကို အီတ လီသာသနာပြုအဖွ့က
ဘုန်းတော် ကြီးတွေ တီထွင်ပေးခဲ့တာ။ ဒါကြောင့် လည်း ကျွန်တော် တို့ရဲ့ ဘာသာရေး နဲ့
ပညာရေး အခြေအနေတွေ ဟာ သူတို့လက်ထဲမှာ လို့ ပြောလို့ရတယ်။ ဘွားအေ ကြီး
မူသာရဲ့ ပုံပြင်ဟာ ကမ္ဘာဦးကျမ်းနဲ့ နေဧကနေ ဆင့်ပွားယူထားတာလည်း ဖြစ်ချင် ဖြစ်မယ်။
ဒါပေမယ့် ကျွန်တော် တို့အဖို့ ကတော့ နားထောင်ကောင်းဖို့သာ အရေး ကြီးတာ
မဟုတ်လား။ တူတူ၊ မတူတူ အရေး မစိုက်ပေါင်ဗျာ။

ကျွန်တော် တို့ရဲ့ ညီအစ်ကိုတော် မျိုး နွယ်စုတွေ ကတော့ ပအို့ဝ်တွေ ၊


ကယားတွေ ၊ ဂေဘား တွေ ၊ ကရင်တွေ နဲ့ ပဒေါင်ခေါင်းတိုလို့ခေါ်တဲ့ လထာတွေ ပါပဲ။
သူတို့ကြားမှာ နေထိုင်ကြီးပြင်းလာ ရတာ ဟာ အရောင် အသွေးစုံလှတဲ့ ပန်းဥယျဉ်ထဲမှာ
နေရသလိုပါပဲ။ အဲဒီ လူမျိုး စုအားလုံးဟာ ရှေးအတီတေတုန်းက တစ်အူတုံ့ဆင်းတွေ ပဲလား။
ဒါမှမဟုတ်ရင် သူတို့ ဘယ်က လာကြသလဲ။ အဲဒီ မေးခွန်းတွေ ထဲက တချို့  တစ်ဝက်ကိုတော့
ညစာစားပြီးတိုင်း ဆယ်နှစ် ကျော်လောက် နာကြား ခဲ့ရတဲ့ ဘွားအေကြီးတို့ရဲ့
ဒဏ္ဍာရီကမ္ဘာထဲက အ ဖြစ်အပျက်တွေ က အဖြေပေးခဲ့ပါတယ်။

ဒါဆိုလည်း အဲဒီ ကမ္ဘာထဲကို ကျွန်တော် တို့ ခြေစုံပစ် ၀င်သွားသင့်တာပေါ့။ အဲဒီ


ကမ္ဘာထဲမှာ ဆိုရင် ပဒေါင်သည်သာ အဓိက၊ ကျန်တာတွေ က သာမည။ ကျွန်တော် တို့သာ
အရေး ပါပြီး ကိုယ့် ဘ၀ ကိုယ့်ကမ္ဘာဟာ ကျေနပ်စရာအတိ မဟုတ်လား။ တခြား တခြားသော
ရာဇ၀င်တွေ မှာ တော့ ကျွန်တော် တို့ဟာ ဘာမှအရေး မပါတဲ့ အပယ်ခံ၊ အမေ့ခံ
လက်တစ်ဆုပ်စာ လူမျိုး စုလေး ဖြစ်နေတာကိုးခင်ဗျာ

******
မြန်မာ့သမိုင်း အကျဉ်းချု ပ်

ကျွန်တော့် မွေးရပ်မြေ ကတော့ ဖယ်ခုံပါတဲ့။ ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ


မြန်မာနိုင်ငံ တော် လို့ အဲဒီ တုန်းကခေါ်ခဲ့တဲ့ မြန်မာနိုင်ငံ အရှေ့တောင်ဘက် ရှမ်းနဲ့
ကရင်နီ(ကယား) ပြည်နယ် ကြားမှာ တည်ရှိတဲ့ မြို့  ကလေးပေါ့။ လွို င်ကော်နဲ့ ၂၅မိုင်ဝေးပြီး
ရှမ်းပြည်နယ်မြို့  တော် တောင်ကြီးနဲ့ ဆို မိုင် ၁၅၀လောက် ဝေးတယ်။ တကယ်တော့
ဖယ်ခုံဟာ မြို့  လည်း မမည် ၊ ရွာလည်း မကျတဲ့ ခွကျကျအရပ်ပါ။ လူဦးရေကလည်း
သုံးထောင်လောက်ပဲ ရှိတယ်။ ကျွန်တော့်  ကို နှစ် ခြင်းခံပေးတဲ့ အီတာလျံဘုန်းတော် ကြီး
လီစီယိုနီကပဲ အီစတာပွဲတော် ရက်နားမွေးခဲ့တဲ့ ကျွန် တော့် ကို ပါစကွားလယ်လို့ အမည် နာမ
ပေးခဲ့တယ်။ ကျွန်တော့် မိဘတွေ ကလည်း အီစတာပွဲတော် ရက်မှာ မွေးလို့ ရှိသမျှ
အခက်အခဲတွေ ရန်စွယ်တွေ အားလုံးကို နှိမ်နင်းကျော်လွှားနိုင်တဲ့ အောင် ဓာတ်ရပြီဆိုပြီး
ကျေနပ်နေကြလေရဲ့ ။ လီစီယိုနီဟာ သူ နှစ် ခြင်းခံပေးသမျှ ကလေးတွေ ကို အီတာ လျှံအမည်
တွေ မဆိုင်းမတွ ဖောဖောသီသီ ပေးတတ်တယ်။ ဒါနဲ့ ပဲ ကျွန်တော့် ညီမတွေ ဟာ ပီယာ၊
ပီယာရီနာ၊ ဆိုဖီယာ၊ ပက်ထရစ်ရှာ၊ ရီမွန်ဒါနဲ့ ပေါ်လာဆိုတဲ့ နာမည် တွေ ရကရော။

မိသားစုထဲမှာ ကျွန်တော် က သားကြီး သြရသ။ ကျွန်တော် မွေးနှစ် ၁၉၆၇ ဟာ


ကံကောင်း ခြင်းတွေ ဆောင်ယူလာတဲ့နှစ် မို့ ကျွန်တော် လည်း ကံကောင်းမတဲ့။
အဘွားပြောစကားအရ သီးနှံ တွေ သိပ် ဖြစ်ထွန်းတဲ့နှစ် ၊ တိရစ္ဆာန်တွေ ၀ဖီးနေတဲ့နှစ် ဆိုပဲ။
နားလည်နိုင်တဲ့အရွယ် ရောက်တာနဲ့ ကျွန်တော် ဟာ ကက်သလစ် တစ်ယောက်
ဖြစ်တဲ့အကြောင်း၊ ကယန်း(ပဒေါင်)လူမျိုး ဖြစ်တဲ့အ ကြောင်း၊ လည်ပင်းမှာ ကွင်းတွေ
စွပ်ထားပြီး လည်ပင်းရှည်ကြီးတွေ နဲ့ မို့ သစ်ကုလားအုတ်လေဒီ တွေ လို့ အပြင်လောကက
လူတွေ က ကျွန်တော် တို့လူမျိုး စုထဲက အမျိုး သမီးတွေ ကို အမည် နာ မပေးကြကြောင်း၊
ကျွန်တော် တို့ဟာ ကရင်နီမျိုး စုကြီးထဲက မျိုး နွယ်စုတစ်ခု ဖြစ်ကြောင်း၊ ကျွန်တော် တို့ရဲ့
စိတ်ဝိညာဉ်ဆိုင်ရာ ခေါင်းဆောင်ကြီးက ဟိုးအဝေးကြီးက ရောမဆိုတဲ့နေရာမှာ စံပယ်တော်
မူတဲ့ ပုပ်ရဟန်းမင်းကြီးဆိုသူ ဖြစ်ကြောင်း၊ ကျွန်တော် တို့တိုင်းပြည်ဟာ မြန်မာနိုင်ငံ
ဖြစ်ကြောင်း၊ ကျွန်တော် တို့ဟာ ရှမ်းပြည်နယ်မှာ နေကြောင်း၊ မြန်မာနိုင်ငံမှာ နေတဲ့
မြန်မာနိုင်ငံ သားပေမယ့် ဗမာလူမျိုး မဟုတ်ကြောင်း၊ ဗမာဆိုသဟာ အုပ်ချု ပ်သူလူတန်းစား
လူများ စု ဖြစ်ကြောင်း၊ ကျွန်တော် တို့က လူနည်းစု ဖြစ်ကြောင်း ၀ိုင်းသင်ကြပါတော့တယ်။
၁၉၆၀ ကျော် ကာလာတွေ မှာ မြန်မာဟာ စစ်အခြေပြု ဆိုရှယ်လစ်ခေတ် ကာလရှည်ကြီးလဲ
မ၀င်ရသေးတဲ့ အချိန်ပေါ့။

မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှရဲ့ အင်ဒိုချို င်းနားကျွန်းဆွယ်အစွန်က


နိုင်ငံပါ။ အိန္ဒိယ၊ ဘင်္ဂလာအေးရှ်၊ တရုတ်၊ လာအို၊ ထိုင်းနဲ့ အိန္ဒိယ သမုဒ္ဒရာတွေ နဲ့
ပတ်လည်ဝိုင်းထားတယ်။ အင်္ဂ လန်နဲ့ ပြင်သစ်နှစ် နိုင်ငံပေါင်းစာ ဒါမှမဟုတ် တက်ဆက်စ်
တစ်ပြည်နယ်စာလောက်ကျယ်တယ်။ ပြည်နယ်ခုနှစ် ခုနဲ့ တိုင်းခုနှစ် ခု ခွဲထားတယ်။ ရှမ်း၊
ကရင်၊ ကယား စတဲ့ ပြည်နည်တွေ မှာ တော့ ဗမာအပြင် တိုင်းရင်းသားလူမျိုး စုတွေ
အဓိကနေကြတယ်။ ဗမာတွေ အနေများ တဲ့ဒေသတွေ က တော့ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊
မန္တလေးတိုင်း စသဖြင့် တိုင်းတွေ အ ဖြစ် ပိုင်းခြားထားတယ်။ အာရှကုန်းမြေမြင့်ကနေ
မြစ်ဝကျွန်းပေါ်ထိ မြန်မာနိုင်ငံကို ဖြတ်စီးနေတဲ့အဓိက မြစ်ကြီးလေးသွယ် ရှိတယ်၊ ဧရာဝတီ၊
ချင်းတွင်း၊ သံလွင်နဲ့ စစ်တောင်းလို့ လူသိများ ကြတယ်။ ရေအရင်းအမြစ်အတွက်ရော
ရေလမ်းခရီးအတွက်ပါ ဒီမြစ်ကြီးတွေ က အသုံးဝင်တာပေါ့။ မြန်မာပြည် မြောက်ဖျား ကတော့
ထာဝရ ဆောင်းရာသီပါပဲ။ သို့သော် မြေပြန့်လွင်ပြင်တွေ လည်း ရှိပါရဲ့ ။
တောင်ထူထပ်လွန်းတဲ့ နယ်နိမိတ်တွေ ကြောင့် ပြင်ပရန်သူတွေ ကျူး ကျော်မလာအောင် သ
ဘာဝအရံအတားတွေ ဖန်ဆင်းပေးထားသလိုပါပဲ။ ဒါကြောင့် လည်း ရာစုနှစ် များ စွာ အတွင်
းမှာ မှ ယူ နန်ကျူး ကျော်စစ် လေးကြိမ်လောက်ပဲ ရင်ဆိုင်ခဲ့ရတယ်။ မြန်မာနိုင်ငံမှာ
အဓိကရာသီဥတု သုံးမျိုး ပဲ ရှိတယ်။ ဖေဖော်ဝါရီကနေ မေလ အထိကို နွေ၊ ဇွန်ကနေ
စက်တင်ဘာအထိကို မိုး၊ အောက်တို ဘာလနေ ဇန်န၀ါရီအထိကို ဆောင်းတဲ့။ တနှစ် မှာ
ခြောက်လစီ ကုန်းမြေကနေ ပင်လယ်၊ ပင်လယ်ကနေ ကုန်းမြေ ပြောင်းလဲနေတဲ့ မုတ်သုံဟာ
မြန်မာ့ရာသီဥတုရဲ့ အဓိကပဲ့ကိုင်ရှင်ပေါ့။

တောင်တန်းနဲ့ ပင်လယ်တွေ ပတ်လည်ဝိုင်းထားပြီး မြစ်ကြောင်းတွေ


စီးဆင်းနေတဲ့ ချို င့်ဝှမ်းဒေသ ဖြစ်တဲ့ မြန်မာဟာ တစ်သွေးတည်း တစ်သားတည်း၊ လူမျိုး တစ်မျို
း တည်း နေထိုင်တဲ့ အရပ်လို့ ထင်စရာပဲပေါ့။ မဟုတ်ဘူးဗျ။ မြန်မာဆိုတဲ့ နိုင်ငံမှာ အဓိကလူမျို
း စုကြီး ဆယ်ခုလောက် နဲ့ မျိုး နွယ်စုပေါင်း တစ်ရာကျော် နေထိုင်ကြတယ်။ သုံးပုံနှစ်
ပုံလောက် ကတော့ ဗမာဆိုတဲ့ လူမျိုး ပေါ့။ ဗမာပြီး အင်အားအကြီးဆုံးက ရှမ်းတွေ ၊ ပြီးမှ
ကရင်၊ ကရင်နီ၊ မွန်၊ ရခိုင်၊ ကချင်၊ ချင်းဆိုတဲ့ တိုင်းရင်းသားလူမျိုး စုတွေ ။ အဲဒီ တိုင်းရင်းသား
အများ စုက မြန်မာနိုင်ငံအလယ်ပိုင်းကို ပတ်လည် ၀ိုင်းထားတဲ့ တောင်တန်းတွေ ပေါ်က
တောင်ပေါ်သားတွေ ပါ။ တရုတ်နဲ့ ကုလားဦးရေလည်း မနည်းဘူး။ သူတို့ ကတော့ များ
သော အားဖြင့် မြို့  ကြီးတွေ မှာ ပဲ နေကြတယ်။ တရားဝင် ရုံးသုံး ဘာသာစာနဲ့ စကား
ကတော့ မြန်မာစာ၊ မြန်မာစကားပါပဲ။ ဗမာမဟုတ်တဲ့ အခြားတိုင်းရင်းသား တွေ ကတော့
သက်ဆိုင်ရာ တိုင်းရင်းဘာသာကိုပဲ ပြောကြတယ်။ အင်္ဂလိပ်စကား ကတော့ ပညာ တတ်တွေ
ပဲ ပြောလေ့ရှိတယ်။ ဘာသာတရားအနေနဲ့ ဆိုရင်တော့ ဗမာ၊ မွန်နဲ့ ရှမ်း အနည်းဆုံး ၉၀
ရာခိုင်နှုန်းလောက်က ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တွေ ။ ချင်း၊ ကချင်၊ ကရင်၊ ကရင်နီနဲ့
တခြားလူမျိုး စုလေးတွေ ကတော့ ခရစ်ယာန်ဘာသာဝင်တွေ များ တယ်။
ဘယ်ဘာသာတရားကို ဘယ်လိုကိုး ကွယ်သည် ဖြစ်စေ ရိုးရာကိုးကွယ်မှု ကတော့ ဘယ်လူမျိုး
မှ မပျောက်ဘူး။ ဗုဒ္ဓဘာသာရောက်မလာ ခင်ကတည်းက ရှိခဲ့တဲ့ နတ်ကိုးကွယ်မှု ဟာ
ဗုဒ္ဓဘာသာ အစားထိုးဝင်ရောက်လာပေမဲ့ ရှိနေဆဲပဲ။ ၃၇ မင်းနတ်ဆိုရင် တရားဝင်တောင်
ဖြစ်နေသေးတယ်။ ဟိန္ဒူ နဲ့ အစ္စလမ်ဘာသာဝင်တွေ လည်း ရှိပါတယ်။

မြန်မာနိုင်ငံဟာ သယံဇာတ ပေါကြွယ်ဝတယ်ဆိုပြီး နာမည် ကြီးတယ်။ တွင်


းထွက်ကျောက် မျက်တွေ ဖြစ်တဲ့ ပတ္တမြားတို့၊ ကျောက်စိမ်းတို့ လှိုင်လှိုင်ထွက်တယ်။
သြဇာဓာတ်ကြွယ်ဝလှတဲ့ ထွန်ယက်စိုက်ပျိုး မြေတွေ ရှိတယ်။ မထိမတို့ရသေးတဲ့
သစ်တောကြီးတွေ က အဖိုးတန်လှတဲ့ ကျွန်း ပင်တွေ ရှိတယ်။ သဘာဝ သားရဲတိရစ္ဆာန်တွေ
ပျော်မြူး ရာ အရိုင်းကမ္ဘာရှိတယ်။ မြန်မာ့လူဦးရေ က ၄၈ သန်းတဲ့။

သမိုင်းအဆက်ဆက် ညီနောင်တစ်စု တည်ထောင်ပြု တဲ့ ပြည်ထောင်စုဆိုတဲ့


ရည်မှန်းချက် ကြီးက မြန်မာနိုင်ငံမှာ မယိုင်မလဲပဲ ရှိနေခဲ့တယ်။ ခရစ်နှစ် ၁၃၀၀
လောက်ကစပြီး နှစ် ၂၀၀ လောက် ဒီတိုင်းပြည်ကို ရှမ်းတွေ ကြီးစိုးခဲ့တယ်။ ၁၆ ရာစု
အလယ်လောက်ကစပြီး ဗမာတွေ အင် အားကောင်းလာတယ်။ အနော်ရထာ၊ ဘုရင့်နောင်၊
အလောင်းဘုရား စသဖြင့် ဗမာမင်းဆက် မပြတ်စတမ်း ၁၈ ရာစု အလယ်လောက်ထိ
တန်ခိုးထွားခဲ့ကြတယ်။ အ၀၊ အမရပူရ၊ မန္တလေး၊ ရန် ကုန် စသဖြင့် နေပြည်တော် တွေ
တစ်ခုပြီးတစ်ခုပြောင်းရင်း နိုင်ငံတော် တွေ တည်ဆောက်ခဲ့ကြ တယ်။ အထင်ရှားဆုံး
မင်းနေပြည်တော် ကြီး ကတော့ ပုဂံပေါ့။ ဒါပေမယ့် အဲဒီ နိုင်ငံတော် တွေ ဟာ တစ်ခုမှ
မတည်မြဲခဲ့ဘူး။ သူပုန်သူကန် ရန်စွယ်တွေ ရယ်၊ အထွေထွေကျပ်တည်းမှု တွေ ရယ်၊ စီမံ
ခန့်ခွဲမှု ဖွတ်ကျားကျမှု တွေ ရယ်ကြောင့် တစ်ခုပြီးတစ်ခု ပြို လဲတာပါပဲ။ တရုတ်က ကျူး
ကျော်တာကို လည်း ခံရတာ ပဲ။ အထူးသဖြင့် ကူဗလိုင်ခန်လက်ထက် ခရစ်နှစ် ၁၂၇၀
လောက်မှာ အကြီးအကျယ် အကျူး ကျော်ခံခဲ့ရတယ်။ နို့ပေသိ ၁၉ ရာစုကုန်ခါနီး ထိ
မြန်မာဟာ ကိုယ့်ထီးကိုယ့် နန်း သီးခြား လွတ်လပ်တဲ့ တိုင်းပြည်ဘ၀ကို မရရအောင်
ကျားကုတ်ကျားခဲ ထိန်းသိမ်းထား နိုင်ခဲ့ တယ်။

၁၆ ရာစုလောက်ကတည်းက ပေါ်တူဂီတွေ ဟာ မြန်မာနိုင်ငံမှာ


ကုန်သွယ်ဆိပ်ကမ်းတွေ ဖွင့် နိုင်ခဲ့တယ်။ ၁၇ ရာစု အစောပိုင်းလောက်မှာ ဒတ်ခ်ျနဲ့
အရှေ့အိန္ဒိယ အင်္ဂလိပ်ကုမ္ပဏီတွေ မြန်မာ နိုင်ငံကို ကိုယ်စားလှယ် စလွှတ်တယ်။ ၁၈ ရာစု
နှောင်းပိုင်းနဲ့ ၁၉ ရာစုမှာ တော့ အနောက်ရဲ့ လွှမ်းမိုးမှု က ပြင်းထန်လာခဲ့ပြီး
ဗြိတိသျှအင်ပါယာရဲ့ တဖြည်းဖြည်း မျို ခြင်းကို ခံခဲ့ရတယ်။ ၁၈ ရာစု ကုန်ချိန်မှာ စစ်ပြို င်
ဖြစ်ရာက တစောင်းစေးနဲ့ မျက်ချေး ဖြစ်လာတဲ့ အင်္ဂလိပ်နဲ့ ပြင်သစ်ရဲ့ ကမ္ဘာသိ
ပဋိပက္ခကနေတစ်ဆင့် ဗြိတိသျှဟာ မြန်မာကို စပြီးစိတ်ဝင်စားလာတယ်။ အင်ဒိုချို င်းနားက
တစ်ဆင့် အထက်မြန်မာပြည်နဲ့ တဖြည်းဖြည်း ပလဲနံပသင့်လာတဲ့ ပြင်သစ်ကို ကြည့်ရင်း
အိန္ဒိယ မှာ အထူးသဖြင့် အာသံနဲ့ အရှေ့ဘန်ဂေါမှာ သူ့သြဇာကျဆင်းမှာ ကို ဗြိတိသျှက
စိတ်ပူလာတယ်။ ၁၇၈၂ ကနေ ၁၈၉၁ ထိ ထီးနန်းစိုးစံသွားတဲ့ ဘိုးတော် ဘုရားဟာ
ဗြိတိသျှပါဝါကို အားစမ်းခဲ့တယ်။ ၁၈၁၈ မှာ ဘိုးတော် ရဲ့ ဟံသာဝတီဘုရင်ခံက
အိန္ဒိယဘုရင်ခံချု ပ်ဆီ ရာဇသံပို့ခဲ့တယ်။ ရာမူး၊ စစ် တကောင်း၊ မိုရှေဒါဘတ်နဲ့ ဒါကာဟာ
ရှေးအတီတေကတည်းက ရခိုင်ပိုင်နက် ဖြစ်တော် မူထသော ကြောင့် ဤဒေသတို့ကား
နေထွက်ဘုရင် ငါအရှင်ပိုင်နက် ဖြစ်တော့် သကိုးဆိုပဲ။ ဘိုးတော် လွန်ပြီး နောက်ဘုရင်
(ဘကြီးတော် ဘုရား) လက်ထက်ကျတော့ မြန်မာတပ်တွေ ဟာ နယ်စပ်ကိုကျော်ပြီး
ဗြိတိသျှပိုင် အိန္ဒိယနယ်ထဲ ရောက်လာကြတယ်။ အဲသလိုရောက်လာတာဟာ
ဗြိတိသျှအင်ပါယာ အတွက် ဘာဥပဒါမှ မပေးနိုင်ပေမယ့် အခွင့်ကောင်းကို
ကျားချောင်းချောင်းနေတဲ့ ဗြိတိသျှအကြို က် ဖြစ်သွားခဲ့တယ်။ ဒီလိုနဲ့ ၁၈၂၄ မှာ စစ် ဖြစ်ပြီး
ရန်ကုန်နဲ့ တကွ အောက်မြန်မာ နိုင်ငံတစ်ခုလုံး အင်္ဂလိပ်လက် ပါသွားခဲ့တယ်။ ၁၈၅၂ မှာ
နောက်တစ်ကြိမ် စစ်ထပ် ဖြစ်။ ဟံသာဝ တီခေါ် ပဲခူးနယ် ထပ်ပါသွားခဲ့ပြန်တယ်။

ဗြိတိသျှအင်ပါယာကို အန်တုဖက်ပြို င်ဖို့ အလောင်းဘုရားရဲ့


ကုန်းဘောင်မင်းဆက် မင်းတုန်းဟာ မန္တလေးမှာ မင်းနေပြည်တော် အသစ်တည်ခဲ့တယ်။
ပြင်သစ်က စစ်တပ်အင်အား အကူအညီပေးမယ်ပြောတာကို လက်မခံ ပယ်ချလိုက်ပြီး
မင်းတုန်းဟာ အချိန်တန်ရင် အောက်မြန် မာနိုင်ငံ သူ့လက်ထဲ ပြန်ရောက်လာမယ်လို့
ထင်နေခဲ့တယ်။ အဲသလိုထင်နေတုန်း ၁၈၇၈ မှာ ဗြု န်းခနဲသေတော့ ထီးညွန့်နန်းလျာက
မရွေးရသေးဘူး။ မင်းတုန်းရဲ့ မိဘုရားကြီး အစီအမံနဲ့ တစ် ချိန်လုံး ဘုန်းကြီးဝတ်နေရတဲ့
မထင်မရှားသားတော် သီပေါ လက်ထဲကို ရာဇပလ္လင်ရောက်လာခဲ့ တယ်။ သီပေါကို ကြိုး
ဆွဲပြီး အာဏာခြေကုတ်ယူဖို့ မိဖုရားနဲ့ အပေါင်းအပါတွေ အကြံကြီးကြံခဲ့ပေ မယ့်
ဓားထက်လှတဲ့ သီပေါရဲ့ မိဘုရား စုဖုရားလတ်ကသာ လွှမ်းမိုးသွားခဲ့တယ်။ ဘုရင်ရော
မိဘုရားပါ ဗြိတိသျှမုန်းတီးရေး သမားတွေ မို့ မင်းတုန်းရဲ့ မြွေမသေ တုတ်မကျိုး ပေါ်လစီကို
ဆက် လက် မကျင့်သုံြး ကတော့ဘူး။

ရာဇပလ္လင်ပေါ်တတ်တတ်ချင်း သီပေါဟာ ကျူ ပင်ခုတ် ကျူ ငုတ်မကျန် လမ်းစဉ်ကို


လိုက်ခဲ့ ရတယ်။ ထီးနန်းနဲ့ သူနဲ့ က အလှမ်းဝေးလွန်းတာမို့ ကြားကခံနေတဲ့ မင်းညီမင်းသား
မင်းသမီး တွေ အပါအ၀င် ၈၃ ယောက် ကို စီရင်ခဲ့ရတယ်။ ဘုရင့်ကိုယ်ရံတော် တပ်က
တာဝန်ယူခဲ့တဲ့ ဒီသတ် ပွဲကြီးဟာ နှစ် ရက်တိတိ ကြာခဲ့တယ်။ တော် ၀င်သွေး
မြေမကျစကောင်းလို့ ဆိုရိုးရှိတာကြောင့် မင်းသမီးတွေ ကို ကြိုး ပေး၊ မင်းသားတွေ ကို
ကတ္တီပါအိတ်နီထဲထည့် ရိုက်သတ်ခဲ့တယ်။ အဲဒီ အ ဖြစ် ကြောင့် သီပေါဟာ နိုင်ငံတကာ
မျက်နှာစာမှာ အာရုံစိုက်ခံလာခဲ့ရတယ်။ အလောင်းတွေ ကို မြု ပ်ခဲ့ တဲ့ မြေကြီးဟာ ဂက်စ်တွေ
ထွက်ပြီး ပုပ်ပွလာတာကြောင့် ဆင်တွေ နဲ့ နင်းပစ်ရတယ်ဆိုတဲ့ သတင်း တွေ
အင်္ဂလန်ထိရောက်လာတယ်။ “ခွင့်သာခိုက်မှ မလိုက်ချင်လျှင် အမိုက်နင့်ပြင် ရှိသေးလေ
လိမ့်လား” ပေါ့လေ။ သီပေါနဲ့ ပြင်သစ်တွေ လျှို့  ၀ှက်ဆွေးနွေးနေပြီဆိုတဲ့
သတင်းစကားအကြားမှာ တော့ အင်္ဂလိပ်ဟာ ဘယ်လိုမှ မနေနိုင်တော့ဘဲ
အထက်မြန်မာနိုင်ငံကို ၁၈၈၅ မှာ ကျူး ကျော်သိမ်း ပိုက်လိုက်ပြီး ဘုရင်နဲ့ မိဖုရားကို
နယ်နှင်ဒဏ်ပေးပြီး မြန်မာမင်းဆက်ကို နိဂုံးကမ္မတ် အဆုံးသတ် ပေးလိုက် တယ်။ အဲဒီ
အချိန်ကစလို့ လွတ်လပ်ရေး မရခင်အထိ မြန်မာဆိုတဲ့နိုင်ငံ ပျောက်သွားပြီး
အိန္ဒိယအင်ပါယာရဲ့ ပြည်နယ်တစ်ခု စာရင်းဝင်သွားခဲ့တော့တယ်။

ဗြိတိသျှတွေ ဟာ အစပိုင်းမှာ ပြင်းထန်လှတဲ့ တော် လှန်ရေး တွေ နဲ့ နဖူးတွေ့ 


ဒူးတွေ့  ကြုံ ခဲ့ ရတယ်။ အိန္ဒိယတိုက်ငယ်တစ်ခုလုံးကို ထိန်းချု ပ်တုန်းကတောင် မသုံးခဲ့ရဖူးတဲ့
တပ်နဲ့ ရဲအင်အား အလုံးအရင်းသုံး နှိမ်နင်းရတယ်။ အိန္ဒိယမှာ အမျိုး သားရေး ၀ါဒီဆိုတာ
ဗြိသိသျှအုပ်ချု ပ်ရေး သက် တမ်းအတော် ကြာလာမှ ပေါ်လာတာ။ မြန်မာပြည်မှာ တော့ အမျိုး
သားရေး စိတ်ဓာတ်ဆိုတာ ဗြိတိသျှကိုလိုနီဘ၀ တစ်လျှောက်လုံး ဘယ်တုန်းကမှ မချု
ပ်ငြိမ်းခဲ့ဖူးဘူး။ အဲ . .. . ခြွင်းချက်တော့ ရှိလေရဲ့ ။ မြန်မာနိုင်ငံမှာ ဗြိတိသျှကို လိုလားသူများ
ကတော့ လူနည်းစု ဖြစ်တဲ့ တိုင်းရင်းသားမျိုး နွယ် စုတွေ ပဲ။ သူတို့က ဗြိတိသျှကို
ရှေးအစဉ်အဆက် ရန်သူတော် တွေ ဖြစ်တဲ့ ဗမာဘုရင်တွေ လက်ထဲ က ကယ်တင်ခဲ့တဲ့
ကယ်တင်ရှင်တွေ လို့ သဘောထားကြတယ်။

၁၉ ရာစု ကုန်ခါနီး ကာလတွေ နဲ့ ၂၀ ရာစုအစပိုင်း ဆယ်စုနှစ် တွေ ဟာ


မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းပျော်ရွှင်ပြီး ပေါကြွယ်တဲ့ခုနှစ် တွေ ဆိုတာကိုတော့ ဘယ်လိုမှ
ငြင်းချက်မထုတ်နိုင်ပါဘူး။ ဗြိ တိသျှဟာ မြန်မာ့လိုအပ်ချက် ဖြစ်တဲ့
အခြေခံအဆောက်အအုံတွေ ကို ခိုင်ခံအောင် တည်ပေးခဲ့တယ်။ ရထားလမ်းတွေ ၊
ကျောင်းတွေ ၊ စိုက်ပျိုး ရေး စနစ်တွေ ၊ ဒီလိုနဲ့ မြန်မာဟာ ကမ္ဘာ့ ဆန်အိုးကြီး ဖြစ်လာခဲ့တယ်။
ဒါပေမယ့် လယ်သမားတွေ ကတော့ ချစ်တီးခေါင်းပုံဖြတ်တာ ခံရပြီး ဆင်းရဲတွင်
းနက်ခဲ့ကြတယ်။ ရန်ကုန်ဆိုတာ ကမ္ဘာသိ ဆိပ်ကမ်းမြို့  တော် ဖြစ်လာခဲ့တယ်။ အင်္ဂလိပ်
ဥပဒေကို အခိုင်အမာကျင့်သုံးနိုင်လာပြီး ဥပဒေနဲ့ ဆေးပညာဟာ လူကြို က်များ တဲ့
ပညာရပ်တွေ ဖြစ်လာတော့တယ်။

ပညာတတ် ရှေ့နေတွေ နဲ့ ကျောင်းသားတွေ ဦးဆောင်ပြီး ၁၉၂၀ လောက်မှာ


အမျိုး သား ရေး ၀ါဒီဟာ တစ်ဖန်ပြန်လည် ခေါင်းထောင်လာခဲ့တယ်။
ရန်ကုန်တက္ကသိုလ်ဖွင့်ပြီး မကြာခင်မှာ ပဲ ဆန္ဒပြမှု ဖြစ်ပွားခဲ့တယ်။ အဲဒီ အချိန်ကစလို့
မြန်မာ့လွတ်လပ်ရေး အတွက် ကျောင်းသားတွေ ဟာ ရှေ့ဆုံးကနေ တစိုက်မတ်မတ် ကြိုး
ပမ်းခဲ့ကြတယ်။ ဗြိတိသျှဟာ အင်စတီကျူး ရှင်းတွေ ခိုင်မာအောင်တည်တယ်။
စာနယ်ဇင်းလွတ်လပ်ခွင့် အပြည့်အ၀ပေးတယ်။ ၁၉၄၂ ဂျပန်နဲ့ စစ်မ ဖြစ် ခင်အထိ
အဲသလိုအခြေအနေရှိခဲ့တယ်။ စစ်မ ဖြစ်ခင်မှာ သခင်လှုပ်ရှားမှု ပေါ်လာတယ်။ ခု မြန်မာ့
လွတ်လပ်ရေး ဖခင်ကြီးလို့ တစ်ကမ္ဘာလုံးသိကြတဲ့ ကိုအောင်ဆန်း အမှူး ပြု သော
ရဲဘော်သုံးကျိပ် ပေါ်လာတယ်။ အဲဒီ ရဲဘော်သုံးကျိတ်ထဲပါလာတဲ့ မထင်မရှား သခင်ကလေး
တစ်ယောက် ကတော့ ရန်ကုန်တက္ကသိုလ်က ဘွဲ့မရခဲ့တဲ့ စာတိုက်စာရေး လေး
ဗိုလ်နေ၀င်း(သခင်ရှုမောင်) ပါတဲ့။ သခင် တွေ နဲ့ လက်တွဲ လာတာ ကတော့ ထင်ရှားတဲ့
ကျောင်းသားလှုပ်ရှားမှု ခေါင်းဆောင် မောင်နု(ဦးနု) ပါ။ အဲဒီ ဦးနုဟာ
လွတ်လပ်တဲ့မြန်မာနိုင်ငံရဲ့ ပထမဆုံးနဲ့ နောက်ဆုံး ရွေးကောက်တင်မြှော က်ခံ ၀န်ကြီးချု ပ်
ဖြစ်လာခဲ့တယ်။

၁၉၄၂ ခုနှစ် ဂျပန်ဝင်တဲ့အခါမတော့ တစ်ကမ္ဘာလုံးကို မနိုင်ရင်ကာ


စစ်အင်အားဖြန့်ကြက် ထားရတဲ့ ဗြိတိသျှတွေ ဟာ မြန်မာနိုင်ငံကနေ အိန္ဒိယကို
ဆုတ်ခွာခဲ့ရတယ်။ ဗမာ့လွတ်လပ်ရေး တပ် မတော် ကို ဖွဲ့စည်းပြီး ဂျပန်နဲ့ အတူ ပြည်တော်
ဝင်လာတဲ့ ရဲဘော်သုံးကျိပ်ရဲ့ စစ်တပ်ဟာ ဗမာ့ကာ ကွယ်ရေး တပ်မတော် အမည် ပြောင်း
ဝိတ်လျှော့ခံရတယ်။ ဒါပေမယ့် အောင်ဆန်းရဲ့ ဦးဆောင်မှု အောက်မှာ တော့ ရှိနေဆဲပဲ။
မကြာပါဘူး။ ဂျပန်ပေးတဲ့ လွတ်လပ်ရေး ဟာ ရွှေရည်စိမ် အတုအယောင်ဆိုတာ
သိလာခဲ့ကြတယ်။ ဂျပန်ဟာ ဗမာကိုရော၊ အင်္ဂလိပ်ဘက်က ၀င်တိုက်ပေးခဲ့ တဲ့ ဗမာမဟုတ်တဲ့
တိုင်းရင်းသားတွေ ကိုပါ ဆော်တဲ့အခါကျတော့ ဗိုလ်ချု ပ်အောင်ဆန်းကိုယ်တိုင် ဂျပန်ကို
ဆော်ဖို့ စိတ်ပိုင်းဖြတ်လိုက်တယ်။ ၁၉၄၇ မှာ သူ ၀န်ကြီးချု ပ် ဖြစ်လာခဲ့တယ်။ နောက် တစ်နှစ်
မှာ မြန်မာ့လွတ်လပ်ရေး အတွက် အားလုံး သဘောတူထားပြီးပြီ။ ဒါပေမယ့် ၁၉၄၇ ဇူလိုက်
(၁၉ ရက်နေ့) မှာ ဦးအောင်ဆန်းနဲ့ သူ့ဝန်ကြီးတွေ ကက်ဘိနက်ထိုင်နေတုန်း
လုပ်ကြံခံခဲ့ရတယ်။ သူ့နေရာကို ဦးနုက ဆက်ခံပြီး ၁၉၆၂ ထိ ရွေးကောက်ပွဲတိုင်းနိုင်ပြီး
ဝန်ကြီးချု ပ်လုပ်သွားခဲ့တယ်။

၁၉၄၇ အခြေခံဥပဒေမှာ လွတ်လပ်ရေး ရပြီး ၁၀ နှစ် နောက်ပိုင်း ရှမ်းနဲ့


ကရင်နီပြည်နယ် တွေ ဟာ ခွဲထွက်ချင် ခွဲထွက်ခွင့်ရှိတယ်လို့ ဖော်ပြထားခဲ့တယ်။
လွတ်လပ်ရေး ရပြီးမှ ထူထောင်ပေး ခဲ့တဲ့ ကချင်၊ ကရင်၊ မွန်၊ ချင်းနဲ့ ရခိုင်ပြည်နယ်တွေ
ကတော့ ဒီအခွင့်အရေး မရခဲ့ဘူး။ ဒါပေမယ့် ဗြိ တိသျှ အုပ်စိုးစဉ်ကာလအတွင်း ရန်ကုန်ကနေ
တိုက်ရိုက်အုပ်ချု ပ်တာကို မခံခဲ့ရတဲ့ အဲဒီ ပြည်နယ် အများ စုဟာ ကိုယ်ပိုင်အုပ်ချု ပ်ခွင့်ကို
လိုလားခဲ့ကြတယ်။ ဒီလိုနဲ့ ပဲ လွတ်လပ်ရေး ရဲ့ ဖွားဖက်တော် လို့ ရယ်သွမ်းသွေးခံခဲ့ရတဲ့
ပြည်တွင်းစစ်မီး ဟုန်းခနဲ တောက်လာတယ်။ တရုတ်က ကျောထောက် နောက်ခံပေးထားတဲ့
ကွန်မြူ နစ်တွေ အပြင် သူပုန်ပေါင်းစုံ ထလာတယ်။ အစိုးရအာဏာဟာ ရန်ကုန်ပတ်လည်မှာ
ပဲ ရှိခဲ့တယ်။ နိုင်ငံရေး နဲ့ တိုင်းရင်းသားအရေး ဖိအားပေါင်းစုံကြောင့် ၁၉၅၈ မှာ ဦးနုဟာ
တပ်ကို အာဏာအပ်ပြီး အိမ်စောင့်အစိုးရဆိုတာ ပေါ်လာတယ်။ ၁၉၆၀ မှာ ဦးနုပဲ မဲ အများ
စုနိုင်တဲ့ ရွေးကောက်ပွဲအပြီး အရပ်ဘက်ကို အာဏာပြန်အပ်တယ်။

ဦးနုဟာ သူကိုယ်တိုင် တိုင်းရင်းသားခေါင်းဆောင်တွေ နဲ့ စေ့စပ်ဆွေးနွေးပွဲတွေ


လုပ်တယ်။ အခြေခံဥပဒေထဲက ရပိုင်ခွင့်ကို သုံးပြီး ခွဲထွက်သွားမှာ ကို စိုးရိမ်တဲ့အတွက်
ကိုယ်ပိုင်အုပ်ချု ပ်ခွင့် အာဏာကို အတော် များများ ပေးခဲ့တယ်။ ဒါပေမယ့်လည်း ၁၉၆၂
ဖေဖော်ဝါရီမှာ ပြည်ထောင်စု ပြို ကွဲမယ့်အန္တရာယ်ရှိနေပြီ ဆိုပြီး ဗိုလ်ချု ပ်ကြီးနေ၀င်းရဲ့
တပ်က အာဏာကောက်သိမ်းလိုက်တယ်။ သွေးထွက်သံယိုမရှိ အာဏာသိမ်းပွဲ အောင်မြင်စွာ
ပြီးသွားခဲ့တယ်။ အဲဒီ နှစ် ဇူလိုင်လမှာ ပဲ အာဏာ သိမ်းတာကို အာခံဆန္ဒပြတဲ့
ကျောင်းသားတွေ ကို ရန်ကုန်တက္ကသိုလ် ပရိဝှဏ်အတွင်းမှာ တပ်က ပိုးစိုးပက်စက် ဖြို
ခွဲလိုက်ပြီး ကျောင်းသားသမဂ္ဂ အဆောက်အအုံကိုပါ ဒိုင်းနမိုက်နဲ့ ခွဲပစ်ခဲ့တယ်။ အဲဒီ တပ်တွေ
ကို ဦးဆောင်ခဲ့တာက စိန်လွင်ပါ။ ဆက်တိုက်ဆိုသလိုပဲ နေ၀င်းဟာ ပါလီမန်ကို ဖျက် သိမ်းပြီး
အိမ်စောင့်အစိုးရကို ပြန်တည်တယ်။ တကယ်တော့ တပ်ကိုအခြေတည်ပြီး အာဏာအား လုံး
သူ့လက်ထဲ စုထားတာပါပဲ။

ဦးနုက အမျိုး သားရေး ဆိုရှယ်လစ်ဝါဒီဆိုတဲ့စကားကို တွင် တွင် ပြောခဲ့တယ်။


နေ၀င်းက နိုင်ငံရေး ပါတီအားလုံးကို ပယ်ဖျက်ပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဆိုတဲ့
တစ်ခုတည်းသော ဦး ဆောင်ပါတီကို တည်ထောင်တယ်။ ပုဂ္ဂလိက သတင်းစာတိုက်တွေ
အကုန်ပိတ်။ သမဂ္ဂတွေ အကုန် ဖျက်သိမ်းခဲ့တယ်။ ဗဟိုဦးစီးစနစ်ကို စပြီး အသက်သွင်းတယ်။
အစိုးရထိန်းချု ပ်ထားတဲ့ ဈေးနှုန်းနဲ့ လယ်သမားတွေ ဆီက စပါးကို မရောင်းမနေရ
အတင်းအဓမ္မ ၀ယ်ယူတယ်။ ပုဂ္ဂလိက စက်ရုံ၊ အလုပ်ရုံတွေ အားလုံးကို
ပြည်သူပိုင်သိမ်းတယ်။ ဒါနဲ့ အားမရတော့ ဟိုတယ်တွေ ၊ ရုပ်ရှင်ရုံ တွေ ၊ ကုန်စုံဆိုင်တွေ
စားသောက်ဆိုင်တွေ ထိ ဗြန်ဗြန်းကွဲအောင် သိမ်းတယ်။ အဲသလိုနည်းနဲ့ နေ၀င်းဟာ
မြန်မာကို ပြင်ပကမ္ဘာနဲ့ အဆက်ဖြတ်ပစ်ပြီး တံခါးတွေ လုံခြုံ အောင်ပိတ်ပစ်ခဲ့တယ်။
နိုင်ငံခြားသား မ၀င်ရအောင် တိုးရစ်ဗီဇာတွေ ကို အစွမ်းကုန် တင်းကျပ်ထားခဲ့တယ်။
ပြည်သူပိုင် သိမ်းလိုက်တဲ့ လုပ်ငန်းတွေ ကို စစ်တပ်က အငြိမ်းစားအရာရှိကြီးတွေ ကို
တာဝန်ပေးကြီးကြပ်စေခဲ့ တယ်။ အဲသလို ထင်ရာစိုင်းလိုက်တာ စီးပွားရေး ဟာ
အဖတ်ဆည်မရအောင် သွပ်ချာပါဒလိုက်သွား ပြီး ၁၉၈၈ မှာ ကမ္ဘာ့အဆင်းရဲဆုံး ၁၀
နိုင်ငံစာရင်းပေါက်သွားခဲ့တယ်။

ဗိုလ်နေ၀င်းရဲ့ ပေါ်လစီက ဆိုရှယ်လစ်ဝါဒ၊ အမျိုး သားရေး ၀ါဒနဲ့ ဗုဒ္ဓ၀ါဒကို


အချိုး ကျပေါင်း စပ်ထားတာလို့ ဆိုတယ်။ အန္တိမရည်မှန်းချက်က လူအချင်းချင်းခေါင်းပုံဖြတ်မှု
ကင်းဝေးရေး တဲ့။“ ဥုံ ဖွ ဆိုရှယ်လစ်စနစ်” ပေါ့။ ဆောင်ပုဒ်အခြေပြု ဆိုရှယ်လစ်စနစ်ပါပဲ။
ဒီအချိန်မှာ မြန်မာ့တပ်မ တော် က အဆင့်မြင့်တပ်မှူး ကြီးများ ကတော့ နိုင်ငံဘဏ္ဍာ တို့ဥစ္စာ
ဇာတ်လမ်းကို စတင်ကပြနေခဲ့ ပြီ။ ကျောက်စိမ်းတို့၊ ဘိန်းတို့က ငွေရတယ်လွယ်သကိုး။
နိုင်ငံခြား ဖြစ် ၀ီစကီတွေ စီးကရက်တွေ ကို လူရယ်စရာကောင်းလောက်အောင်
အိမ်သာတစ်ခါတက် ဈေးလောက်နဲ့ ၀ယ်ခွင့်တွေ ရ၊ ကား တွေ ဟောတစ်စီး ဟောတစ်စီး၊
တိုက်တွေ ဟောတစ်လုံးဟောတစ်လုံးနဲ့ မြန်မာပြည်သူ လူထုကြီး
အိပ်မက်ထဲတောင်ထည့်မမက်နိုင်တဲ့ အခြေအနေ အဆင့်အတန်းတွေ ကို အရှင်မွေးတော့
နေ့ချင်း ကြီးပြီး ဒုတ်ဒုတ်ထိ အရောက်လှမ်းနေခဲ့ကြတယ်။ နိုင်ငံတော် ဘတ်ဂျက်
တစ်ဝက်နီးပါးဟာ တပ်မ တော် အသုံးစရိတ် ဖြစ်လာခဲ့တယ်။

တိုင်းပြည်ခေါင်းဆောင်ကြီး၊ ပြည့်ဖခင်ကြီးလို့ ကိုယ့်ကိုယ်ကိုယ်


စွဲမှတ်ယုံကြည်ထားတဲ့ အတွက် နေ၀င်းဟာ နယ်စည်းမခြားတော့ဘူး။ တိုင်းပြည်ပိုက်ဆံ
ငါ့ပိုက်ဆံ၊ တိုင်းပြည်ဘဏ္ဍာ ငါ့ ဘဏ္ဍာ ဖြစ်လာခဲ့တယ်။ နိုင်ငံခြားက သူ့ဘဏ်စာရင်းတွေ
ထဲမှာ ဘာဘာညာညာဆိုတဲ့ ဇာတ်လမ်း တွေ ဟာ ပြောမဆုံးပေါင် တောသုံးတောင်
ဖြစ်လာခဲ့တယ်။ သူ့ကိုယ်သူ ရေမြေ့သနင်း ပြည့်ရှင်မင်း လို့ အထင်ရောက်လာတယ်။
မဟာဆီ မဟာသွေး မင်းမျိုး မင်းနွယ် မင်းသမီးတစ်ပါးကို တော် ကောက်ရင်း ဘ၀ရှင်
မင်းတြားကြီးဂိုက် ဖမ်းလာခဲ့တယ်။ နိစ္စဓူဝ နေ့စဉ်ဘ၀ထဲက အသေးစိတ် အချက်ကလေးတွေ
ကို သူမြင်တယ်။ မြန်မာ့ရိုးရာယဉ်ကျေးမှု ကို ထိန်းသိမ်းစိမ့်သော ငှာ ရိုးရာဝတ် စုံကိုသာ
ဆင်မြန်းရမည် ဆိုတာမျိုး ။ သတင်းစာမှ စာလုံးပေါင်းမှားရင် အယ်ဒီတာကို ခေါ်ကြိမ်၊
အလုပ်ဖြု တ်ပစ်တာမျိုး ။ ပညာတတ်လူတန်းစားအပေါ်ထားတဲ့ သူ့သဘောထား ကတော့
မှတ်သား လောက်တယ်။ အောင်ဆန်းပြီးရင် လူသိအများ ဆုံး ဖြစ်တဲ့ ကုလသမဂ္ဂ
အထွေထွေအတွင်းရေး မှူး ချု ပ် ဦးသန့်ကို သူ မနာလိုတိုရှည် ဖြစ်ပုံက သိသာလွန်းတယ်။
၁၉၇၄ မှာ ဦးသန့် သေတော့ နေ၀င်းက ဘာအခမ်းအနားမှ ကျင်းပခွင့်မပေးဘဲ ဒီအတိုင်း
မထင်မရှား သင်္ဂြို လ်ခိုင်းတယ်။ ဒီမှာ ပဲ ရန်ကုန်တက္ကသိုလ် ကျောင်းသားများ နဲ့ ပဋိပက္ခ
ဖြစ်ပြီး ဦးသန့်အရေး တော် ပုံ ပေါ်လာတယ်။ ကျောင်းသားတွေ က ဦးသန့်အလောင်းကို
မရှိတော့တဲ့ ကျောင်းသားသမဂ္ဂ မြေနေရာမှာ ဂူသွင်း တယ်။ တပ်နဲ့ လုံထိန်းတွေ
တပ်ထောင်တာ ဗိုလ်ထုချီပြီး တက္ကသိုလ်ပရိဝုဏ်ကို ၀ိုင်းတယ်။ ကျောင်းသားအများ အပြား
အသတ်ခံခဲ့ရတယ်။ ကျောင်းတွေ ရက်ရှည်ပိတ်။ တစ်နိုင်ငံလုံး အရေး ပေါ်အခြေအနေ
ထုတ်ပြန်ဆိုတဲ့ဘ၀ ရောက်ခဲ့တယ်။

သို့သော် အစိုးရအာဏာဟာ လျှို့  ၀ှက်အဖွဲ့တွေ ဖြစ်တဲ့ လုံထိန်း၊


တပ်ထောက်လှမ်းရေး စ တာတွေ ကို ခြေကုပ်ယူပြီး အခြေခိုင်လာခဲ့တယ်။ ဗဟိုအာဏာ
ခိုင်မြဲလာတော့ တိုင်းရင်းသား လက်နက်ကိုင်တွေ ဘက် မြားဦးလှည့်လာခဲ့တယ်။ ၁၉၈၀
တစ်ဝိုက်မှာ နိုင်ငံခြားသားတွေ ရက်တို လည်ပတ်ခွင့် ရလာခဲ့တယ်။ ဒါပေမယ့် ကျွန်တော်
့ဇာတိမြို့  အပါအ၀င် မငြိမ်းချမ်းသေးတဲ့ နယ်မြေ ဆိုသဟာတွေ ကိုတော့ သွားခွင့်မပြု
ဘူးပေါ့။ အဲဒီ အချိန်ကာလတွေ မှာ မြန်မာနိုင်ငံဟာ ငြိမ်သက်တိတ်ဆိတ်နေခဲ့တယ်။

******

တကယ်တော့လည်း မြန်မာပြည်ကြီးရဲ့ ရာဇ၀င်နဲ့ နိုင်ငံရေး သမိုင်းကြောင်းတွေ


ဟာ ကျွန် တော့် မျိုး နွယ်စုကမ္ဘာထဲကို ထွင်းဖောက်ဝင်ရောက်ခြင်းငှာ မစွမ်းသာခဲ့ပါဘူး။
ကျွန်တော် တို့ဟာ ကိုယ့်သမိုင်း၊ ကိုယ့်ဒဏ္ဍာရီနဲက နပန်းလုံးကောင်းတုန်းလေ။
ဘွားအေကြီးတွေ ရဲ့ ပုံပြင်တွေ နာကြားရတိုင်း ကျွန်တော် ဟာ ရှေးဘိုးဘေးတွေ ရဲ့
အသံတွေ ကို ကြားယောင်၊ သူတို့ ဖြစ်တည်မှု ကို မြင်ယောင်နေခဲ့တယ်။ ပဒေါင်
တစ်ယောက် အဖို့ အမှန်တရားနဲ့ ဒဏ္ဍာရီမတူ ဘူးဆိုတာသိပေမယ့် ဒဏ္ဍာရီတိုင်းဟာ
ပုံပြင်လို့ မမှတ်အပ်ဘူးဆိုတာလည်း သိနေခဲ့တယ်။ ဒါဟာ ကျွန်တော် တို့ရဲ့ နိစ္စဓူဝ
ဘ၀ထဲက အစိတ်အပိုင်းတစ်ခုပဲ။ ဒဏ္ဍာရီတွေ က ကျွန်တော် တို့ဘိုးဘွားတွေ
ဘယ်လိုရှင်သန် လှုပ်ရှားနေထိုင်ခဲ့လဲဆိုတာကို ပြောပြတယ်။ အဲဒီ ဘိုး ဘွားတွေ ကပဲ
ကျွန်တော် တို့ ဖြစ်တည်အောင် ဆောင်ရွက်ပေးခဲ့ကြတာမို့ ဒဏ္ဍာရီဆိုတာ ပဒေါင် ဘ၀ရဲ့
တစ်စိတ်တစ်ပိုင်းပဲ။ တကယ့်တကယ်တော့ ကျွန်တော် ဟာ နှစ် လောကကြား ရောက်နေခဲ့
သလိုပါပဲ။ အနောက်တိုင်း ခရစ်ယာန်စံနှုန်းနဲ့ သာသနာပြု ကျောင်း ပညာရေး ကို
စတင်နေချိန်မှာ ပဲ ပဒေါင်ဒဏ္ဍာရီထဲမှာ ပျော်ဝင်နေခဲ့ပြန်တယ်။ ပြည်နှင်ဒဏ်ခံရတဲ့
အပြစ်သားလိုလို၊ တစ်ခါမှ မရောက်ဖူးတဲ့ ဆိပ်ကမ်းနှစ် ခုမှာ တစ်လှည့်စီ လမ်းပျောက်နေတဲ့
ငမိုက်သား ခရီးသည်လိုလိုလည်း ခံစားခဲ့ရပါတယ်။ ဒဏ္ဍာရီတွေ စပြောပြီဆိုတာနဲ့
အဘွားတွေ ဟာ ပုံစံလုံးဝ ပြောင်းသွား တယ်။ အိမ် ရှင်မကြီးတွေ ၊ ပုံပြောသူတွေ
ဆိုတဲ့အသိပျောက်သွားပြီး သူတို့ကိုယ်တိုင်ပင် ဒဏ္ဍာရီလာပုဂ္ဂို လ်တွေ လို့ ကျွန်တော်
သူတို့ကို မြင်ယောင်လာခဲ့တယ်။ သူတို့ရဲ့ စကားလုံးတွေ ၊ ခဏနားပြီး ကွမ်းတံ တွေး
ထွေးလိုက်ပုံတွေ ၊ ဟန်ပန်အမူအရာတွေ အားလုံးဟာ ကျွန်တော့် ကို ကြောက်ရွံ့ရိုသေစိတ်
ဝင်စေခဲ့တယ်။ တကယ်တော့ ဘွားအေကြီးတွေ ဟာ ပဒေါင်ယာဉ်ကျေးမှု စီးဆင်းရာ
လိုဏ်ခေါင်း ကြီးတွေ ပါပဲ။ ဒီလိုနည်းနဲ့ ပဲ ကျွန်တော် တို့ရဲ့ မျိုး နွယ်စုကဗျာကို
လက်ဆင့်ကမ်းခဲ့ကြတာ။

ကျွန်တော့် ကို အံ့အားသင့်စေတဲ့ နောက်ထပ်ကမ္ဘာတစ်ခု ကတော့


စာအုပ်ကမ္ဘာပါပဲ။ စာမဖတ်တတ်ခင်ကတည်းက အဲဒီ လောက်ကို စိတ်ဝင်စားခဲ့တာ။
အထူးသဖြင့် အဖုံးမှာ “ဆယ့်ခြောက်နှစ် အောက် မဖတ်ရ” လို့ စာတန်းကမ္ပည်းထိုးထားတဲ့
စာအုပ်မျိုး ကို လွှတ်စိတ်ဝင် စားတာ။ အဲသလို စာတန်းထိုးခံထားရတဲ့ စာတစ်အုပ်အမည် က
“ဒီမိုကရေစီ” တဲ့။ “ဟယ် . .ဒီမိုကရေစီဆိုတာ ၁၆ နှစ် မပြည့်မချင်း မဖတ်ရ ဆိုပုံထောက်တော့
တယ်ကြောက်စရာကောင်းတဲ့ အကောင် နေမှာ ပဲ၊ ဘာလဲတော့ မသိဘူး” စသဖြင့် အတွေ
းတွေ နဲ့ ချာချာလည်နေခဲ့တယ်။

ရှေးဘိုးဘွားတွေ တင် မကပါဘူး။ နာနာဘာဝတွေ ၊ သရဲတွေ ၊ နတ်သမီးတွေ


ကြား ကြီးပြင်းခဲ့ရတယ်ဆိုလည်း မမှားဘူး။ တကယ်တော့ ပဒေါင်ဆိုတာ နာနာဘာဝနဲ့
ဝိညာဉ်တွေ ကို အခြေတည်ထားတဲ့ ယဉ်ကျေးမှု ပဲလေ။ သရဲဆိုတာ ဗုဒ္ဓဘာသာမှာ
လူဝင်စားဆိုသလိုမျိုး ပဲ ကျွန်တော် တို့အတွက် ဘာမှ မထူးဆန်းဘူး။ အဘွားတွေ ပြောတဲ့
ဒဏ္ဍာရီစကားလုံးတွေ ကို စာအုပ် တွေ ထဲမှာ ရှာရင်း ကမ္ဘာနှစ် ခု ထွေးရောယှက်တင်
ဖြစ်ရပြန်တယ်။ အတိတ်ရဲ့ နာနာဘာဝနဲ့ ၀ိညာဉ်တွေ ဟာ နေ့စဉ်ဘ၀ရဲ့
ဆုတောင်းမန္တန်တွေ ဖြစ်လာခဲ့တယ်။ တကယ်တော့လည်း ရှေးဘိုး ဘေးဝိညာဉ်တွေ ဟာ
ကျွန်တော် တို့ မိသားစုဝင်တွေ ပါပဲ။ စားအတူ၊ သွားအတူ၊ မခွဲမခွာနေကြတဲ့ မိသားစုဝင်တွေ
ပါ။ သူတို့တည်ရှိနေတာကို ကျွန်တော် တို့ သိခဲ့တယ်။ သူတို့အသံတွေ ကို ကျွန်တော် တို့
ကြားခဲ့တယ်။ သူတို့ရဲ့ တည်ရှိမှု ကို ကျွန်တော် တို့ဟာ ချဲ့ကားခြင်းလည်းမရှိ၊ လျစ် လျူ
ရှုခြင်းလည်း မပြု ဘဲ အရှိကို အရှိအတိုင်း လက်ခံခဲ့ကြတယ်။ နာနာဘာဝကို၊ သရဲကို၊ ၀ိညာဉ်
ကို မြင်ခဲ့ရတယ်ဆိုတာ ပုံမှန်ပဲ။ ဘာမှ မထူးဆန်းဘူး။ သူတို့ဟာ ကျွန်တော် တို့ ဖြစ်သလို
ကျွန် တော် တို့ဟာလည်း သူတို့ပဲလေ။

လည်ပင်းမှာ ဘာ ဖြစ်လို့ ကွင်းတွေ စွပ်ရတာ လဲဆိုတဲ့ ကျွန်တော့် မေးခွန်းကို


ဒဏ္ဍာရီးနဲ့ သမိုင်း ဖြစ်ရပ်ကို ရောထွေးရင်း ဘွားအေတွေ က အမျိုး မျိုး ဖြေကြတယ်။
ကျွန်တော် တို့မျိုး နွယ်စုနဲ့ မူလမိခင် နဂါးမယ်ကြီးကို အောက်မေ့ သတိရစိမ့်သော ငှာ
ကွင်းစွပ်တာလို့လည်း ဖြေကြတယ်။ နောက်အဖြေတစ်မျိုး ကတော့ ဗြိတိသျှမ၀င်ခင်
တစ်တိုင်းပြည်လုံး မင်းမဲ့စရိုက်စိုးမိုးနေတုန်း ဗမာ တွေ ဟာ ပဒေါင်အမျိုး သမီးတွေ ကို
လာလာဖမ်းတတ်သတဲ့။ ဆိုတော့ ပြန်တွေ့ ရင် လွယ်လင့် တကူမှတ်မိစေဖို့ လည်ပင်းမှာ
ကွင်းတွေ စွပ်တာလို့ ဖြေပြန်တယ်။ အဖြေနောက်တစ်မျိုး ကတော့ လက်တွေ့ ကျတယ်။
တောထဲသွားလို့ ကျားလို လည်ချောင်းသွေး ဖောက်သောက်တတ်တဲ့ တော ကောင်တွေ
အန္တရာယ်ရန်စွယ်က ကာကွယ်ဖို့ဆိုပဲ။

ကျွန်တော့် အမြင် ကတော့ ဒီလည်ပင်းကွင်းစွပ်တဲ့ ကိစ္စဟာ နှစ် ရာပေါင်းများ


စွာ ကြာခဲ့ပြီ။ ငွေ၊ ကြေးနဲ့ ရွှေ သတ္တု စပ်ကွင်းမျိုး ကို ၀တ်လေ့ရှိကြတယ်။
ရက်ကောင်းရက်မြတ်မှာ မွေးတဲ့ မိန်း ကလေးတွေ လမင်းထိန်ထိန်သာတဲ့ ညတွေ မှာ
ဖွားမြင်တဲ့ မိန်းကလေးတွေ သာ ၀တ်ဆင်ခွင့်ရှိ တယ်လို့လည်း ဆိုတယ်။ အသက်ငါးနှစ်
လောက်ကစပြီး ကွင်းတွေ ကို စ၀တ်ရတယ်။ အသက်ကြီး လာလေလေ ကွင်းအရေအတွက်
များ လာလေလေပေါ့။ မူလကွင်းရဲ့ အထက်တစ်ကွင်း၊ အောက် တစ်ကွင်း
ဆင့်ကဲဝတ်သွားရတယ်။ ပြင်ပ ပညာရှင်လေ့လာသူတွေ ကတော့ ကွင်းတွေ စွပ်လိုက်လို့
လည်ပင်းဟာ ရှည်သွားတာမဟုတ်ဘူးတဲ့။ ကွင်းတွေ က ပခုံကြွက်သားတွေ ကို
ဖိချလိုက်တော့ လည်ပင်းက ရှည်သလို ဖြစ်သွားတာတဲ့။ ဘာပဲပြောပြော ကျွန်တော် တို့ အမျိုး
သမီးတွေ ကတော့ လည်ပင်းရှည်တာကို ဂုဏ်ယူသလေ။ လည်ပင်းတင်မက လက်မှာ ရော
ခြေထောက်မှာ ပါ ရသမျှ ကွင်းအကုန်စွပ်ကြတာပဲ။
ကျွန်တော် တို့ကလေးတွေ ဖျားရင်နာရင် ဘွားအေတွေ က သူတို့ရဲ့
ရတနာကွင်းတော် ကြီး တွေ ကို တို့ခွင့်ထိခွင့် ပေးသနားကြသဗျ။ အဲသလို ထိလိုက်ရင်
ကျိန်စာတွေ ပြယ်တယ်၊ ကံကောင်း တယ်ဆိုပဲ။ မိသားစု ကိုးကွယ်ရာ ရတနာပစ္စည်းလိုပါပဲ။
ဒီဓလေ့ဟာ ဗုဒ္ဓဘာသာ ၀င်မလာခင်က တည်းက ရှိခဲ့တဲ့ ရိုးရာဓလေ့ဟောင်းပါပဲ။ ကွင်းတွေ
ကြားမှာ ပိုက်ဆံတွေ ညုပ်ပြီး သိမ်းထားတတ်ကြ တယ်။ ကလေးတွေ အဖို့တော့ သူတို့ဟာ
ရတနာပစ္စည်းတွေ နဲ့ ညွှတ်နေတဲ့ သက်ရှိ ခရစ္စမတ် သစ်ပင်ကြီးတွေ လိုပဲ။ အင်္ကျီဖြူ ၊
အနီစင်းတွေ ပါတဲ့ အနက်ရောင် စကတ်နဲက ပန်းရောင် ပုဝါကို အများ ဆုံး
သူတို့ဝတ်ဆင်တတ်ကြတယ်။ အ၀တ်အစားအားလုံးကို လက်နဲ့ ချု ပ်လုပ်တတ်ကြ တယ်။
အမေ ကတော့ ခေတ်မီတဲ့အတွက် ကျွန်တော် တို့အ၀တ်တွေ ကို ဆင်းဂါးအပ်ချု ပ်စက်နဲ့ ချု
ပ်တယ်။ အခမ်းအနားတွေ မှာ အဘွားတွေ ပေးတဲ့ အ၀တ်အစားသစ်တွေ ရတိုင်း ကျွန်တော်
အရမ်းကြည်နူးခဲ့တယ်။ နောက်ပိုင်း အရွယ်ရောက်လာတော့ လုံချည်ဝတ်ရပေမယ့်
ရိုးရာဝတ်စုံ လောက် ခံတွင်းမတွေ့ တာတော့ အမှန်ပဲလေ။

အဘွားမူကြာရဲ့ လည်ပင်းဟာ ၁၄ လက်မတိတိ ရှည်တယ်။ သူ့လည်ပင်းက


ကွင်းတွေ အားလုံး ချွတ်ပစ်လိုက်တော့ လည်ပင်းခိုင်အောင်လို့ သုံးလေးရက်လောက်
လုပ်ယူရ တယ်။ ကော်လာအမာကြီးတွေ နဲ့ အင်္ကျီတွေ သူ့အတွက် ချု ပ်ပေးခဲ့ရတယ်။
အဲလ်ဗစ်ပရက်စလေ က အဘွားမူကြာရဲ့ စတိုင်လ်ကို အတုခိုးထားတာလို့ ကျွန်တော် တို့
သူ့ကို စလေ့ရှိတယ်။ အဘွား အိမ်လာလည်ရင် ငှက်ကုလားအုတ်ကြီး လမ်းလျှောက်လာသလို
လှုပ်တုတ်လှုပ်တုပ် ခေါင်းကြီးနဲ့ လည်ပင်းရှည်ကြီး အရင်ဆုံးမြင်ရတာ ကို ခုထိ အာရုံထဲမှာ
မှတ်မိနေသေးတော့တယ်။

******

You might also like