လက်တင်မင်္ဂလာ

You might also like

Download as pdf or txt
Download as pdf or txt
You are on page 1of 5

Ordination (လက်တင်မင်္ဂလာဝတ်)

ယနေ့ ခောတ် ordination ကို ခရစ်ယာန် ဘုန်းတော် ကြီးများအား ရာထူး အာဏာ အပ်နှင်း ခြင်း
(The investiture of clergy)| သင်း အုပ် နှင့် ဆိုင်သော တာဝန်၊ ရာထူး၊ လုပ်ပိုင်ခွင့် အာဏာ အပ်နှင်း
ခြင်း ၊ ယဇ် ပုရော ဟိတ်နှင့် ဆိုင်သော စီရင် ပိုင်ခွင့် အပ်နှင်း ခြင်း (The act of granting pastoral
authority or sacerdotal power)| အစ ရှိသည့် အဓိပ္ပါယ် ဖြင့် ခံယလ
ူ ပ
ု ဆောင် နေကြ ကြောင်း တွေ့ရ
သကဲ့သု့၊ိ နှစ်ခြင်း နှစ်ခြင်း အသင်းတော် များတွင်လည်း ordination ကို၊ အသင်းတော် အစီအစဉ်ဖြင့်
ဓမ္မ အမှုတော် ဆောင်များ အား လုပ်ငန်း တာဝန် (သို့) ရာထူး အပ်နှင်း သည့် အခန်း အနား တစ်ခု ကဲ့သို့
လုပ်ဆောင် နေကြ ကြောင်း တွေ့ ရှိရ ပါသည်။ Ordination သည် နှစ်ခြင်း ခရစ်ယာန် များ၏
မင်္ဂလာဝတ်များ ထဲတွင် မင်္ဂလာဝတ် တစ်ခု အဖြစ် ပါဝင် ဖြစ်ပြီး၊ ကနဦး ခရစ်ယာန် များလက် ထက်
ကတည်းက ပြုလုပ် ခဲ့ကြ ပါသည်။ ကာလ ပြောင်းလဲ လာသည် နှင့်အမျှ အခေါ် အဝေါ် အသုံး အနှုန်း
များလည်း ပြောင်းလဲ လာသည့် အတွက် ၊ ယခုအခါ အချို့သော အသင်း တော်များက Ordination ကို
“သိက္ခာတင် မင်္ဂလာ” ဟူ၍လည်း ခေါ်ဆို ကြကြောင်း ကြားရ ပါသည်။ ဝေါဟာရ အသုံးအနှုန်း၊
အခေါ်အဝေါ် များအပေါ် ၊ အဆင့် အတန်းနှင့် အနှိမ့် အမြင့် ကွာဟမှုများ ရှိသကဲ့သို့၊ ယင်းအပေါ်
အခြေပြုကာ နားလည်မှု၊ ခံယူယြုံ ကည်မှု များနှင့် ရပ်တည် ချက်များလည်း ဆက်စပ် နေသည့် အတွက်၊
အနှစ် သာရနှင့် အဓိပ္ပါယ် များပါ ပြောင်းလဲ သွားတတ် ပါသည်။ ထို့မျှမက ခရစ်ယာန် တို့၏ အဓိက
မဏ္ဏိုင်မှာ “ယုံကြည်ခြင်း” ဖြစ်ပြီး၊ ယင်းယုံကြည်ခြင်း လွဲသွားပါက မိမိ၏ သဘောထားနှင့် ခံယူချက် များပါ၊
ပြောင်းလဲ သွားပြီး၊ နှုတက
် ပတ် တော်နှင့ပ
် င် သွေဖီသွား နိုင်ပါသည်။ မျက်မှောက် ခေတ် အသင်းတော်
အချို့၌ ကျင်းပ ပြုလုပ်နေသော Ordination သည် သမ္မာကျမ်းစာ မှဖေါ်ပြသော အဓိပ္ပါယ်၊ အနှစ်သာရ
တို့နှင့် ကိုက်ညီမှု ရှိမရှိ ချိန်ထိုး နိုင်ရန်နှင့် မူလ ကနဦး ခရစ်ယာန် အသင်းတော် တိ့၏
ု ရည်ရွယ် ချက်အား
သိရှိနိုင်ရန် ရည်ရွယ် ဖော်ပြခြင်း ဖြစ်ပါသည်။

သမ္မာ ကျမ်း စာထဲမှ “ordain” ဆိုသည့် ဝေါဟာ ရသည် Setting in place “နေရာ ချထား ခြင်း”
(သို့) “ပုံစံ ချခြင်း” ဟု ဆိုလို ပါသည်။ ဥပမာ| (တမန် ၇း ၁၀) တွင် ထိုမင်း ကြီးသည် အဲဂုတ္တု နိုင်ငံ အုပ်အ
ရာ၊ နန်းတော် အုပ် အရာ၌ ယောသပ် ကို ခန့်ထား လေ၏။ ဟူ၍၄င်း၊ (မသဲ ၂၄း ၄၅) “အရှင် သည် မိမိ
အိမ်သူ အိမ်သား အပေါင်း တို့အား အချိန် တန်လျှင် အစား အသောက် တို့ကို ဝေဖန် စေခြင်း ငှါ အအုပ်
အချုပ် ခန့်ထား ၍” ဟူ၍၄င်း၊ ခရစ် တော် ၏ ပုံဆောင် စကားတွင် ၊ အိမ် မှုကိစ္စ တစ်ခု လုံးအား ကြီးကြပ်
တာဝန် ယူရန် အစေခံ ခန့်ထား ခြင်း၊ ဟူ၍ ၄င်း၊ (တမန် ၆း ၁-၆) တွင်၊ သင်း ထောက် များအား
ယေရုရှလင် အသင်း တော်၌ အလုပ် အကြွေး ပြုရန် ခန့်ထားခြင်း၊ (တိတု ၁း၅) တွင်၊ ကရေတေ ကျွန်းပေါ်
ရှိ၊ မြို့ အသီး သီး၌ သင်းအုပ် များအား ခန့်ခြင်း” ဟူ၍ ဖေါ် ပြထား ပါသည်။ သမ္မာကျမ်း စာတွင်
Ordination နှင့်ပတ် သက်၍ အသေးစိတ် လုပ်ပုံ လုပ်နည်း ၊ ကျင်းပ ပုံကျင်း ပနည်းများကို မည်သည့်
နေရာ၌မျှ တိတိ ကျကျ ဖေါ်ပြထား ကြောင်း မတွေ့ ရပါ။ သမ္မာကျမ်း စာ၌ Ordination သည် ရိုးရိုးစင်းစင်း
ပုံစံဖြင့် တာဝန် အပ်နှင်းခြင်း ၊ ခန့်အပ်ခြင်း သာ ဖြစ်ကြောင်း တွေ့နိုင် ပါသည်။ (လုကာ ၁၂း ၄၆) တွင်မူ ၊
“ထို ကျွန်ကို ပြင်းစွား ဆုံးမ ကွပမ
်ျက်၍ သစ္စာမရှိ သော သူတို့နှင့် တကွ နေရာချ လတံ့။” ဟူ၍ အနှုတ်
လက္ခဏာ ဆောင်သော ဝေါဟာ ရအား ဖြင့်လည်း အသုံ ပြုထား သည်ျကိုလည်း တွေ့ရ ပါသည်။

တမန် တော် ၀တ္ထု အခန်းကြီး (၃)သည် အမှုတော် လုပ်ငန်း နှင့် ဆိုင်၍ တာဝန် အပ်နှင်း သော
ဥပမာ ကောင်းတခု ဖြစ်သည်။ အခန်းငယ် (၂-၄)တွင် ၊ ထိုသူ တို့သည် သခင် ဘုရား ၀တ်ကို ပြု၍ အစာကို
ရှောင်ကြစဉ်၊ သန့်ရှင်း သော ၀ိညာဉ်တော်က၊ ငါခန့် ထားသော အမှု ကို ဆောင် ရွက်စေ ခြင်းငှါ ဗနဗနှင့်
ရှောလု တို့ကို ရွေးချယ် ခွဲထား ကြလော့ ဟု မိန့်တော် မူသည် အတိုင်း၊ အစာ ရှောင်၍၊ ပဌနာ ပြုလျက်၊
ထိုသူတို့ခေါင်း ပေါ်မှ လက် ကို တင်၍ လွှတ်လိုက် ကြ၏။ ထိုသို့ သန့်ရှင်း သော ၀ိညာဉ် တော် စေ
လွှတ်တော မူသော အားဖြင့်၊ ထိုသူ တို့သည် သေလုကိ မြို့သို့ သွား၍ ထိုမြို့မှ သဘော်နှင့် လွှင့်သဖြင် ၊
ကုပရု ကွန်း သို့ရောက် ကြ၏။

ဤ ကျမ်းချက်၌ ကျွန်ုပ်တို့ သတိပြုရန် အချက် (၄)ချက်ရှိပါသည်|-

(၁) ဘုရားသခင် ကိုယ်တော်တိုင် မိမိ၏ အမှုတော် မြတ်အတွက် လူများ ကိုခေါ် ယူတော် မူခြင်း၊
ထိုသူတို့ အား သန့်ရှင်း သော ၀ိညာဉ် တော်နှင့် ပြည့်ဝ စေကာ အရည် အသွေး ပြည့်စုံ
စေကြောင်း။

(တမန် ၂၀း၂၈)| ထို့ကြောင့် သင်တို့ သည် ကိုယ်ကို သတိ နှင့် ကြည့်ရှု ကြလော့။ ဘုရား သခင်
သည် မိမိ အ သွေး နှင့် ၀ယ် တော် မူသော အသင်း တော်ကို လုပ်ကျွေး စေခြင်းငှါ၊ သန့်ရှင်း
သောဝိညာဉ် တော်သည် သင်တို့ ကို အအုပ် အချုပ် ခန့်ထား တော် မူသော သိုးစု တစု လုံးကို
လည်း သတိနှင့် ကြည့် ရှုကြလော့။ (ဧဖက် ၄း၁၁)|ခရစ် တော် ၏ ကိုယ်တော် ကို တည်ဆောက်
၍ ၊ ဓမ္မ ဆရာ၏ အမှုကို ပြုတတ် မည်အ ကြောင်း။

(၂) အသင်း တော်အား ဘုရား သခင်မှ ဦးဆောင် နေကြောင်း၊ ထွေးပွေ့ ထားကြောင်း အသင်းသူ
အသင်း သားများ မှ ၀န်ခံခြင်း။

(၃) ဆုတောင်း အစာရှောင်လျှက်၊ အသင်းတော်၊ တမန်တော် ရှင်ပေါလုနှင့် ဗာနဗတို့မှ ခေါင်းပေါ်သို့


လက်တင်ကာ၊ ၄င်းတို့ (၇)ဦး၏ ဆက်ကပ် ၀န်ခမ
ှုံအား ဖေါ်ပြနေခြင်း။
(သတေဖန်၊ ဖိလိပ္ပု၊ ပြောခေါ်၊နိကနော်၊ တိမုန်၊ ပါမေန၊ နိကောလ) (တမန် ၆း၆)| “တမန် တော်တို့
ရှေ့၌ ထားကြ၏။ တမန် တော်တို့ သည်လည်း ဆုတောင်း ပြီးလျှင် ထိုသူ တို့၏ ခေါင်းပေါ် ၌
လက်ကို တင်ကြ၏။” (၁တိ ၅း၂၂)| “အဘယ် သူ၏ အပေါ်၌ လက်ကို အလျင် တဆော မတင်နှင့်။
သူတပါး အပြစ်၌ မဆက် ဆံနှင့်။ ကိုယ်ကို ကိုယ် စင်ကြယ် စေလော့။”

(၄) ဘုရား သခင်သည် အသင်းတော် အားဖြင့် မိမိအလုပ်အား လုပ်ဆောင် နေကြောင်း။

ထို့ ကြောင့် ဘုရား သခင် သည် အသင်း တော်နှင့် အသင်း သူ အသင်း သား အားလုံး ကို၊ သာ သ
နာပြု များ စေလွှတ် ရန်နှင့် သွား ရောက်သာ သနာ ပြုကြ ရန် မိန့် တော် မူ နေ ခြင်း ဖြစ်ပါသည်။ တမန်
တော် ရှင် ပေါလု သည် မိမိ တည် ထောင် ခဲ့သော အသင်း တော်များအ တွက်၊ ဆရာ များအား ပုံမှန်
Ordain (လက်တင် ဆုတောင်း စေလွှတ်ခြင်း) ပြုလုပ် သည့်အပြင်၊ ဂါလိလဲ တွင်ရှိ သော အသင်းတော်
များ၏ အသင်းတော် လူကြီး များကို လည်း တိုက်ရိုက် တာဝန်ပေး ခန့်အပ် ခြင်း၊ Ordination (လက်တင်
ဆုတောင်း ခြင်း) ပြုလုပ် ပေးကြောင်း ဖေါ်ပြ ထားပါ သည်။

(တမန် ၁၄း၂၃)| အသင်း တော် များတို့၌၊ သင်းအုပ် တို့ကို ခန့်ထား၍၊ အစာ ရှောင်လျှ က် ဆုတောင်း ပဌနာ
ပြုပြီးလျှင်၊ သင်းဝင် သူတို့ ယုံကြည် သော သခင် ဘုရား၏ လက်တော် သို့ ထိုအသင်း တော်တု့က
ို အပ်နှံ
ကြ၏။

ကရေတေ ကျွန်းရှိ မြို့တိုင်း တွင် သင်းအုပ် များခန့် ထားရန် တမန် တော်ရှင် ပေါလုမှ တိတု အား လမ်းညွှန်
ထား ကြောင်းလည် တွေ့ ရပါသည်။(တိတု ၁း၅)| ငါသည် သင့်ကို မှာထား ခဲ့နှင့် သည်အတိုင်း၊ ကရေ
တေကျွန်း ၌ မစုံလင် သမျှ တို့ကို ပြင်ဆင်၍၊ မြို့ရွာ များ၌ သင်းအုပ် တို့ကို ခန့်ထား စေခြင်းငှါ၊ ထိုကျွန်း၌
သင့်ကို ငါထား ခဲ့သ တည်း။

တိတု ကိုယ်တိုင် ရှေ့မဆွ မီက ပင် အသင်း တော်များ မှ သူ့အား ရွေးချယ် ကြသော အခါ (လက်တင်
ဆုတောင်းခြင်း) Ordain အား ခံယူ ခဲ့ပြီး ကြောင်း ၊ (၂ကော ၈း၁၉)| ထိုညီ မူကား၊ သခင် ဘုရား၏ ဂုဏ်အ
သရေ တော်ကို ၄င်း၊ ကိုယ်စေ တနာ စိတ်ကို ၄င်း၊ ငါတို့ သည် ထင်ရှား စေ၍၊ အသင်း တော်များ၏ အလှူ
ကျေးဇူးကို ပြုစုသည် အမှုမှာ ငါတို့နှင့် အတူ သွားစေ ခြင်းငှါ၊ အသင်း တော် တို့သည် ရွေးကောက် ၍
ခန့်ထား သော သူဖြစ် သတည်း။
အထက်ပါ အကြောင်း အရာများတွင် ပါရှိသော၊ သင်းအုပ် ၊ အသင်း တော် လူကြီး များသည် တမန်
တော် အ၀င် မဟုတ် သော်လည်း ယုံကြည်သူ လူအစုအဝေး တွင်ပါဝင် သူများ ဖြစ်ကြပါသည်။ (၂ကော
၈း၁၉)ရှိ၊ တိတု အား တာဝန် အပ်နှင်း ခြင်းနှင့်၊ (တမန် ၁၄း၂၃)တွင်၊ ဂလာတိ မှ အသင်း တော် လူကြီးများ
၊ သင်းအုပ် ခန့်ထား ခြင်းခံ ရသူ များအား အသုံး ပြုထား သည့် Greek (ဂရိ) ဝေါဟာရ ၏ဆို လိုရင်းမှာ၊
“to stretch forth the hands” လက်များ အား ရှေ့တိုး ၍ ဆန့်ခြင်း ဆိုသည့် အဓိပ္ပါယ် ရှိပါသည်။ ဤ
ဝေါဟာရ အား သာမန် အားဖြင့် Athenian တို့၏ ဥပဒေ ပြု အာဏာ ရှိလူစု အတွင်း မဲပေးခြင်းနှင့်
ဆိုင်သော ဥပဒေ တွင် သုံးနှုန်း သော ဝေါဟာရ ဖြစ်သော ကြောင့်၊ ကနဦး အသင်းတော် များတွင် Ordain
တာဝန် အပ်နှင်း ရာတွင်၊ အများ၏ ဆန္ဒဖြင့် ရွေးချယ် ကြသည် ဟုလည်း နားလည် နိုင်ပါ သည်။ တမန်
တော်များ အနေဖြင့် သင့်တော် သော သူကို သိထားနှင့် ပြီးဖြစ် သော်လည်း အများ ဆန္ဒဖြင့် သာ ၊
ခေါင်းဆောင် များကို ရွေးခြယ် ခဲ့ကြ ခြင်းဖြစ် သည်။

ဘုရား သခင် သည် အမှု တော်မြတ် အတွက် လူတစ်ဦး အား ရွေးကောက် ရာတွင်၊ ထိုသူနှင့်
အသင်းတော် ရှေ့မှောက် ထင်သာမြင်သာ ရှိရှိ လုပ်ဆောင် ပါလိမ့် မည်။ အမှု တော်ဆောင် သည် (၁တိ ၃း
၁-၁၆။ တိတု ၁း ၅-၉)ရှိ တစ်နေ့ ထက် တစ်နေ့ အရည် အချင်း ပြည့်ဝ လာသူ၊ (၁ကော ၉း ၁၆)ရှိ တစ်နေ့
ထက် တစ်နေ့ နှုတ်က ပတ်တော် အား လိုက်လျှောက် ခြင်း၊ ဟောပြော ခြင်း တို့၌ စိတအ
်ား ကြီးသူ ဖြစ်လာ
ပါလိမ့် မည်။

Ordination သည် အသင်းတော် ခေါင်းဆောင်များ၊ သင်းအုပ် ဆရာများ၏ လက်ခံ တာဝန်ယူ


ဆက်ကပ် ရမည့် အရာ ဖြစ်ရုံ သာမက အသင်းတော် ရှိ ယုံကြည် သူအား လုံးအတူ တကွ လက်တွဲ
လုပ်ဆောင် ရမည့် အရာ လည်း ဖြစ်ပါ သည်။ ထိုမျှမက Ordination အပေါ် အသင်း တော် တစ်ရပ်လုံး
ဘုရား သခင်၏ ခေါ်ယူခြင်း ဖြစ်ကြောင်း၊ တစ်ယောက် မကျန် နားလည် သဘော ပေါက်ရန် ၊ ၀န်ခံ
လုပ်ဆောင် ရန်လည်း လိုပါသည်။

ယင်း သို့ ဆောင် ရွက်ရာတွင် အသင်း တော်များ၊ ယုံကြည် သူများ အားလုံး ပါဝင် လျှက် ၊ ထင်သာ
မြင်သာ ပွင့်ပွင့် လင်းလင်း အားလုံး သဘောတူ လုပ်ဆောင် ရမည် ဖြစ်ပြီး၊ အသင်း တော်၌ စည်းမျဉ်း
ဥပဒေ တစ်ရပ် ကဲ့သို့ မပြု လုပ်မိရန် လည်း အရေး ကြီးပါသည်။ Ordination ဆို သည်မှာ၊- အထူးအာဏာ၊
တန်ခိုး၊ ရာထူးနှင့် လုပ်ပိုင်ခွင့်များ အပ်နှင်းသော အခန်းအနား မဟုတ်ပါ။ ။ ဘုရား သခင်မှ မိမိ၏အမှု
တော်မြတ် သာ၍ ကျယ်ပြန့် စေရန် အတွက် ရွေးကောက် ခေါ်ယူပြီး သာသနာ့ လုပ်ငန်းကို ကိုယ်ကျိုးစွန့်၊
အနစ်နာခံ ကာ၊ ဘ၀ တစ်သက် တာ၊ တစိုက် မတ်မတ် သစ္စာရှိရှိ ဆက်ကပ် အစေခံရန် ရွေးကောက်
တာဝန် အပ်နှင်းသော၊ ယုံကြည်သူ လူစုလေ
ူ ၀း တစ်ရပ်လုးံ (အသင်းတော်)၊ တညီတညွှတ် တည်း
လက်ခံလျှက်၊ ၀မ်းမြောက် စွာဖြင့် ဘုရား သခင့် ရှေ့တော်၌ ကျင်းပပြုလုပ် ရသည့် မင်္ဂလာဝတ်
ဖြစ်ပါသည်။

(ယုံကြည်သူ တိုင်းသည်၊ ဘုရား သခင်ရှေ့တွင် အတူတူ ပင်ဖြစ်သည်၊ အင်္ဂါချင်း လည်းဖြစ်သည်၊ မည်သူမျှ


သာ၍ မြတ်ခြင်း မရှိပါ၊ အချင်းချင်း ဆက်စပ် နေသည်ကို သတိပြုပါ၊ ခံယူ ယုံကြည်ချက် လွဲမှား နေသူများ
ရှိပါက နားလည်ရန် ရှင်းပြပေးပါ)

ဝိညာဉ်မီးအိမ(် ခရစ်ယာန်စာပေစုစည်းမှု)…

You might also like