Download as pdf or txt
Download as pdf or txt
You are on page 1of 3

ရှေ့ဆက်ပြီးသင်ခန်းစာတွေမသင်ခင်မှာ ကြိုပြီးမှာထားစရာတွေရှိပါတယ် ..

ပညာရပ်တစ်ခုကိုသင်ယူတဲ့အချိန်မှာ order
(အစီအစဉ်) က ဒုတိယအသက်လို့ပြောလို့ရပါတယ် ကျွန်တော်တို့တွေ တက္ကသိုလ်တွေရောက်ကြတဲ့အထိ order နဲ့
စနစ်တကျသင်ခဲ့ရတာပါ .. လောဘကြီးပြီးတော့ တစ်တန်းကလေးကိုနှစ်တန်း
သုံးတန်းစာတွေတစ်ခါတည်းသင်ခိုင်းလို့မရပါဘူး .. အခုလည်းအဲဒီလိုသဘောထားကြပါ .. သင်ခန်းစာတွေ
လေ့ကျင့်ခန်းတွေကို အကြောင်းအမျိုးမျိုးကြောင့်နောက်ကျသွားတယ်ဆိုရင် တွေ့ရာမြင်ရာကိုဖတ်နေလို့မရပါဘူး ..
အဲလိုဖြစ်မှာစိုးလို့ post တွေမှာ နံပါတ်တွေတပ်ပေးထားတာပါ .. ဘယ်လောက်ပဲနောက်ကျနောက်ကျ ရှင်းလင်းချက်တွေ
သင်ခန်းစာတွေကို ကိုယ်နောက်ဆုံးမီလိုက်တဲ့နေရာကနေ အစဉ်လိုက်လေ့လာဖို့အင်မတန်အရေးကြီးပါတယ် ..

နောက်တစ်ချက်က ဘာကိုမှကြိုမတွေးပါနဲ့ ကြိုမလေ့လာပါနဲ့.. ကျွန်တော်မပြောသေးရင် မလိုအပ်သေးလို့ပါ ..


တစ်ဆင့်ချင်းစီကိုသာ 100% သိအောင်လုပ်ပါ ..

4 skills တွေချိတ်ဆက်ပုံကိုလေ့လာကြည့်ရအောင် ..
1. reading
2. writing
3. listening
4. speaking

ဒီထမ
ှဲာ grammar မပါပါဘူး .. ဒါပေမယ့် ဒီနိုင်ငံမှာတော့ grammar ကိုထည့်သင်မှရမှာပါ ..
grammar သိမှ ဖတ်တတ်မယ် .. ဖတ်တာများမှ တုပပြီးရေးတတ်မယ် .. ရေးတယ်ဆိုတာ စကားတွေကို
အသံတိတ်ပြောနေတာဖြစ်လို့ အသံအဖြစ်ပြောင်းလိုက်ရင် စကားဖြစ်သွားပါတယ် .. listening ကတော့
ပါရမီလေးလိုတယ်လို့ယူဆပါတယ် ..

အဲဒီတော့ ပထမဆုံး skill ဖြစ်တဲ့ reading ကို နှစ်ပိုင်းပိုင်းပြီးလေ့လာပါမယ် ..

1. တည်ဆောက်ပြီးသားဝါကျတွေကို tense ခွမ


ဲ ယ်
2. tense ခွန
ဲိုင်ပြီဆိုရင် ဘာသာပြန်မယ်

တည်ဆောက်ပြီးသားဝါကျတွေကို tense ခွဲကြည့်တဲ့အချိန်မှာ မသင်ရသေးတဲ့အပိုင်းဖြစ်တဲ့ ဘာသာပြန်တာတို့ ..


ဘာအဓိပ္ပာယ်လဲတို့ ဆိုတာတွေလုံးဝမတွေးပါနဲ့.. တစ်ဆင့်ခြင်းကိုသာ ယုံယုံကြည်ကြည်နဲ့လိုက်လုပ်ပေးပါ..

အင်္ဂလိပ်ဘာသာစကားက Tenses 12 ခုနဲ့တည်ဆောက်ထားတယ်ဆိုတာပြောပြီးပါပြီ.. ပထမဆုံး


ကိုယ်ကိုယ်တိုင်အသုံးမချနိုင်သေးခင် သူတို့ ရေးထားပြီးသားစာတွေကို ဘယ်စာကြောင်းက ဘယ် Tense
လဲအရင်ခတ
ွဲ တ်ဖို့လိုပါတယ်.. အဲလိုခတ
ွဲ တ်ပြီဆိုတော့မှ နောက်တစ်ဆင့်တက်ရပါမယ်..
ဒီဘာသာစကားက tense 12 မျိုးနဲ့ပဲတည်ဆောက်ထားတဲ့အတွက် သူတို့ပြောတဲ့ ရေးတဲ့ဝါကျတွေအကုန်လုံးက ဒီ 12
မျိုးထဲမှာပဲရှိရမယ်ဆိုတဲ့အတွေးနဲ့လိုက်ကြည့်မှာပါ.. အဲဒါကိုကျွမ်းကျွမ်းကျင်ကျင်သိပြီဆိုရင် ပထမဆုံးခြေလှမ်းကို
အောင်အောင်မြင်မြင်လှမ်းလိုက်နိုင်ပြီလို့သတ်မှတ်လို့ရပါပြီ..
အဲဒါမစခင်မှာ ဒါလေးအရင်မှတ်ပါ

Sentence = Time + Situation


ဝါကျတစ်ခုဖြစ်ပေါ်လာဖို့ဆိုရင် ရည်ရွယ်တ့က
ဲာလ (Time) နဲ့ ပြောလိုတအ
ဲ့ ကြောင်းအရာ (Situation)
နှစ်မျိုးပေါင်းစပ်မှရတာပါ..
Tense ခွဲဖ့အ
ို တွက်က Verb ဆိုတဲ့နေရာကိုကြည့်ပြီးခွရ
ဲ မှာပါ..

The engine / is making / too much noise. ဆိုတဲ့စာကြောင်းကို နမူနာအနေနဲ့ခြွဲ ကည့်ပါမယ်..


ဒီစာကြောင်းမှာ verb က /..../ ကြားထဲကစကားလုံးပါ..အဲဒါကိုကြည့်ပြီးခွဲရပါမယ်..
အဲဒီ /..../ ကြားမှာရှိတ့စ
ဲ ကားလုံးတွေမှန်သမျှက situation 4 မျိုးထဲက တစ်မျိုး ကျိန်းသေဖြစ်ရပါမယ်

အခုတွေ့တာက ‘is making’


is ဆိုတာက (be) ကနေလာတာဖြစ်လို့ သူ့ကို (be) လိ့သ
ု တ်မှတ်ပါ.. သူ့ရဲ့နောက်က -ing ဆိုတော့
အခုပုံစံက (be) + ing
(be) + ing ဆိုတာက Situation 4 ခုထက
ဲ နံပါတ် 2 အခြေအနေကိုပြောတာပါ.. Progressive ပါ..
Sentence ဖြစ်ဖို့အတွက် Situation တော့ရပါပြီ Time အတွကရ
ှ်ာရပါအုံးမယ်..
Helping verb ပါတဲ့ situation မှန်သမျှ helping verb ကိုကြည့်ပြီး ကာလ ခွဲရပါတယ် အခု helping verb က 'is'
ဆိုတော့ present ပါ..
ဒါကြောင့် ဒီဝါကျကိုနာမည်ပေးရင် Present (time) Progressive (situation)
Present Progressive လိ့န
ုာမည်ပေးရပါမယ်..

လေ့ကျင့်ခန်းနည်းနည်းလုပ်ကြည့်ပါမယ်.. ပြီးတော့မှ တစ်ကယ်ဖြေရမယ်ဟာကိုပေးပါမယ်..

1. She /was thinking/ hard.


2. They /have taken / away.
3. She / has been living / alone for ages.
4. I /took/ her car.
5. We /will come/ back.

(Keys)
1. past progressive
2. present perfect
3. present perfect progressive
4. past simple
5. future simple

You might also like