Download as pdf or txt
Download as pdf or txt
You are on page 1of 12

SELinux By Yin Thu (xero cool)

https://www.facebook.com/linuxninja45

SELinux By Yin Thu (xero cool)


https://www.facebook.com/linuxninja45
+++ [ Introduction to SELinux ] +++

ခုကနေ စလို့ SELinux အကြောင်းကို ကျနော်တို့ လေ့လာကြရအောင်။ ဒီလို လေ့လာဖို့ အတွက် Linux
ကို Foundation Level လောက် Knowledge ရှိထားဖို့တော့၊ လိုအပ်ပါတယ်နော်။ ကဲ ! စကြရအောင်။
ဦးဆုံး အသိပေးချင်တာက၊
SELinux သည် Antivirus မဟုတ်ပါဘူး။ Password, Firewall နဲ့ တခြား Security System တွေကို
အစားထိုးဖို့ မဟုတ်ပါဘူး။ ပြီးတော့ all-in-one security solution တစ်ခု မဟုတ်ပါဘူး။
SELinux (Security-Enhanced Linux) ဆိုတာ Security အတွက် ထပ်မံ အထူးပြုထားတဲ့ အလွှာ ၁ ခုလို့
ပြောပါရစေ။ security ကျိုးပေါက်သွားလျှင်သော်မှ impact ဖြစ်မယ့် scope ကို လျှော့ချပေးတယ်ပေါ့နော်။
SELinux သည် Red Hat, Centos, Fedora linux တွေမှာ default အနေနဲ့ ပါရှိပြီး၊ Ubuntu, Kali စသော
distro တွေမှာလည်း သွင်းယူ အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် ကျနော်တို့ နေ့စဉ် အသုံးပြုနေတဲ့ Android
Phone တွေမှာ Android Version 4.3 ကနေ စပြီး SELinux ကို ထည့်သွင်းထားပါတယ်။
SELinux စတင်ခဲ့တဲ့ နေရာကတော့၊ အမေရိကန်နိုင်ငံရဲ့ NSA : National Security Agency ကပါ။ အဲ့ေ
နာက်ပိုင်း NSA ဟာ LSM : Linux Security Modules ဆိုတဲ့ frame work ကို အသုံးပြု ပြီး SELinux ကို
Linux Kernel ဆီ ပေါင်းစပ်ခဲ့ပါတယ်။ Linus Torvalds ရဲ့ အကြံဥာဏ်တွေလည်း ပါတာပေါ့လေ။
နောက်ပိုင်းမှာ NSA နဲ့ Red Hat တို့ ပူးပေါင်းပြီး SELinux ကို ပြည့်စုံသည်ထက်ပြည့်စုံအောင် ကြိုးပမ်းခြဲ့
ကတယ်ပေါ့နော်။ ဒါ့ကြောင့် SELinux ရဲ့ Author က NSA ဖြစ်ပြီး Developer က Red Hat လို့ ဆိုရမှာပါ။
Initial release ကို 2000 ခုနှစ် December လ 22 ရက်နေ့မှာ စတင်ခဲ့ပြီး၊ stable release ကိုတော့ 2018 ခုနှ
စ် May လ 24 ရက်နေ့မှာ စတင်ခဲ့ပါတယ်။ အဲ့ဒီအကြောင်းတွေကို အသေးစိတ် သိလိုရင်
https://en.wikipedia.org/wiki/Security-Enhanced_Linux မှာ ဝင်လေ့လာနိုင်ပါတယ်။
[ #DAC and #MAC ]
SELinux အကြောင်း ဆက်မပြောခင် DAC နဲ့ MAC အကြောင်း အရင် ပြောရအောင်။ ဒါမှ အဆင်ပြေမ
ယ်လေ။
#DAC
DAC : Discrertionary Access Control ဆိုတာ user အနေနဲ့ မိမိဖာသာ သတ်မှတ်တဲ့ security access
control ကို ပြောတာပါ။ chmod command ကို အသုံးပြု ပြီး၊ file, folder တွေကို ပိုင်တဲ့ user, group နဲ့
other user စတာတွေ အလိုက် read write execute သို့မဟုတ် read only စသည်ဖြင့် သတ်မှတ်တာတွေ၊
Special Permission သတ်မှတ်တာတွေ၊ username နဲ့ password ပေါ် မူတည်တဲ့ လုပ်ပိုင်ခွင့်တွေကို DAC
လို့ ခေါ်ပါတယ်။ setfacl, getfacl စသည်ဖြင့် ACL နဲ့ Permission တွေ ထပ်မံ ကန့်သတ်တာတွေသည်
လည်း DAC ပါပဲ။
DAC မှာ owner ဖြစ်တဲ့ user သည် အချက်အလက် (Objects) တွေအပေါ် access control ကို သူ့စိတ်ကြို
က် ဖန်တီးတာ၊ အခြား user တွေဆီ လွှဲပြောင်းပေးတာ၊ စတာတွေကို လုပ်ဆောင်နိုင်ပါတယ်။ အတို ပြော
ရရင်တော့၊ DAC ဆိုတာ file, folder တွေရဲ့ Owner ဖြစ်သူ user ဆုံးဖြတ်ချက်နဲ့ သတ်မှတ်တဲ့ Object
Access Privileges တွေပါပဲ။
#MAC
MAC : Mandatory Access Control စည်းမျဉ်းစည်းကမ်း တရပ်နဲ့ ထိန်းချုပ်တယ် ဆိုတာကတော့၊
Security Strategy လုံခြုံရေး မဟာဗျူ ဟာ တရပ်ပါ။ Lower Level Access Control ဖြစ်တဲ့ DAC အပေါ်
ကို MAC ထပ်မံ အထူးပြုထားတယ်ပေါ့။ DAC နဲ့ အရင် စစ်ဆေးပြီး MAC နဲ့ ထပ်မံ စစ်ဆေးတဲ့ သဘော
ပါ။
MAC အတွက် criteria တွေကို ဘယ်သူက သတ်မှတ်သလဲဆိုတော့၊ System Administrator ကနေ
သတ်မှတ်ပြီး၊ Operating System နဲ့ Security Kernel တွေက လိုက်နာ ဆောင်ရွက် ပေးပါတယ်။ ဒါကို တျ
ခား user တွေ အနေနဲ့ ပြောင်းလဲလို့ မရပါဘူး။
MAC ဟာ user, file, folder, service တွေ အပေါ် label တွေ role တွေနဲ့ စီမံ ခန့်ခွဲပါတယ်။
ဥပမာ ပေးရရင် -->
၁။ Airline (Subject/Service) တစ်ခုဆီကနေ၊ လေယာဉ်လက်မှတ် ထိုင်ခုံနေရာ (object) ၁ ခုကို လူတစ်
ဦး (user) က လက်မှတ် (label) ဝယ်ယူပြီးသွားတယ်။
၂။ Airline (subject/service) အနေနဲ့ အဲ့နေရာ (object) ကို တခြားသူ ၁ ဦးက ပိုက်ဆံ ဘယ်လောက်ပေးေ
ပး ရောင်းခွင့် မရှိတော့ဘူး။ အဲ့ဒီ လက်မှတ် (label) ကိုင်ထားသူကိုပဲ အဲ့မှာ နေရာချလို့ရမယ်။
၃။ လက်မှတ် (label) ကိုင်ထားသူ (user) သည်လည်း တခြား Airline (Subject/service) က ခုံနေရာ
(object) ကို သွားထိုင်လို့ မရဘူး။
user, subject နဲ့ object ကြားမှာ label လေး ၁ ခုကို အခြေပြု ပြီး အပြန်အလှန် ထိန်းချုပ်သွားတယ်။ ဒီသေ
ဘာပါ။
ခုလောက်ဆိ၊ု DAC နဲ့ MAC ကို ခွဲခြား သိမြင်မယ်လို့ ယူဆပါတယ်။ DAC ဆိုရင် user based MAC ဆိုရ
င် policy based အဲ့သလို မှတ်ယူနိုင်ပါတယ်။ ဆက်ရရင် SELinux သည် MAC အနေနဲ့ Linux Kernelေ
ပ်ါမှာ အလုပ်လုပ်တယ်ပေါ့နော်။
ဒါ့ကြောင်၊့ SELinux ကို Security အထူး တင်းကြပ်တဲ့၊ Government နဲ့ Military တို့လို Organizationေ
တွမှာ အသုံးပြုပါတယ်။ SELinux သည် Military Grade ပါ။ SELinux ကို disabled ပေးထားမယ့်အစား
သူ့ရဲ့ အသီးအပွင့်တွေကို ခံစားပါလို့ အဆိုပြုပါရစေ။
ကဲ ! SELinux အကြောင်း မိတ်ဆက် Introduction ကို ဒီမျှနဲ့ အဆုံးသတ်ပါရစေနာ်။
PS --> [ Post ကို နှစ်သက်ရင် Like, Comment, Share လုပ်နိုင်ပါတယ်။ Page က တင်သမျှကို မြင်ရဖို့
Page ကို Like အပြင် see first လုပ်ထားပေးဖို့ လိုအပ်ပါတယ် ]
အားလုံး အဆင်ပြေပါစေ။
Yin Thu

+++ [ What is SELinux and how does it work? ] +++


SELinux ရဲ့ အလုပ်လုပ်ပုံကို မပြောခင် စမ်းသပ်ဖို့အတွက် Apache web server ကို အောက်ပါ command
နဲ့ သွင်းယူရအောင်။
yum -y install httpd
သွင်းပြီးတဲ့အခါ -->
systemctl start httpd
systemctl enable httpd
ပြီးရင် vi /etc/selinux/config ကို ဝင်ပြီး SELINUX=disabled နေရာမှာ disabled ကို ဖျက် permissive လို့
ရေးပြီး Esc :wq နဲ့ ထွက်၊ စက်ကို reboot လုပ်ပေးပါ။
ကဲ ! အသင့်ဖြစ်ရင် ဆက်ရအောင်။
SELinux ကို အသုံးပြုမယ်ဆိုရင် Processes တွေ File တွေ Folder/Directory တွေ၊ Process တွေဟာ သူ
တို့ဆီမှာ တပ်ဆင်ပေးထားတဲ့ label တွေပေါ် မူတည်ပြီး၊ အလုပ်လုပ်ပါတယ်။ အဲ့လို Process, File,
Directory တွေမှာ Label လိုက်တပ်တာကို context လို့ ခေါ်ပါတယ်။
ပြောရရင်၊ SELinux မှာ အဲ့ဒီ label တွေဟာ အရေးကြီးပါတယ်။
ဒါတွေကို ဘယ်သူက သတ်မှတ်သလဲဆိုတော့ system administrator က သတ်မှတ်တာပါ။ အခြား user
တွေ အနေနဲ့ ပြင်ဆင်ပြောင်းလဲလို့ မရပါဘူး။ ဆက်ရရင် -->
၁။ User အတွက် Label တွေကို မြင်ချင်ရင် -->
id -Z
၂။ Prcess အတွက် Label(domain) ကို မြင်ချင်ရင် -->
ps -eZ | grep processname
၃။ File အတွက် Lable တွေကို မြင်ချင်ရင် -->
ls -lZ filename
၎။ Directory အတွက် Label တွေကို မြင်ချင်ရင် -->
ls -ldZ directoryname
ဒီလို ကြည့်နိုင်ပါတယ်။
Lable တစ်ခုမှာ user:role:type:level ဆိုပြီး ၄ ပိုင်း ပါရှိပါတယ်။
SELinux သည် Label တွေနဲ့ အလုပ်လုပ်တာမို့၊ Label တွေရဲ့ သဘောသဘာဝကို နားလည် ထားဖို့ လိုပါ
တယ်။ အဲ့တော့ လေ့လာကြည့်ရအာင်။
၁။ User >> user အမျိုးအစား နေရာမှာ confine နဲ့ unconfined ဆိုပြီး ၂ မျိုး ကွဲပါတယ်။ ကန့်သတ်ခံ
confine user နဲ့ ကန့်သတ်မထားတဲ့ unconfined user ပေါ့။
confined user ဆိုရင် သူ့အတွက် သတ်မှတ်ထားတဲ့ နယ်ပယ်ထဲမှာသာ လုပ်ပိုင်ခွင့် ရှိတယ်ပေါ့နော်။
လက်ရှိ user သည် ဘယ်အမျိုးအစားလဲ သိချင်ရင် id -Z လို့ ရိုက် Enter ခေါက်ပြီး ကြည့်နိုင်ပါတယ်။
၂။ Role >> SELinux မှာ Process ကို Subject လို့ ခေါ်ပြီး သူတို့ access လုပ်မယ့် File/Directory တွေကို
Object လို့ ခေါ်ပါတယ်။ ဒါ့ကြောင့် File/Directory တွေရဲ့ role နေရာမှာ အများအားဖြင့်၊ object_r ဆိုပြီး
ပါလေ့ရှိပါတယ်။
RBAC : Role-Based Access Control လို့ ခေါ်ပြီး role ဟာ user နဲ့ process ရဲ့ type/domain တို့ အကြား
မှာ ကြားခံ ဆောင်ရွက်ပေးပါတယ်။ user အနေနဲ့ ဘယ် role မှာပါရင် ဘယ် domain နဲ့ သက်ဆိုင်ပြီး၊
ဘာတွေ လုပ်ခွင့်ရမယ်ဆိုတာကို ဆုံးဖြတ်ပေးပါတယ်။
အဲ့လို ကန့်သတ်ထားတာကြောင့်၊ Privilege Escalation Attack နဲ့ စပ်လျဉ်းတဲ့ impact ကို လျော့နဲစေပါတ
ယ်။
၃။ Type >> type အကြောင်း ပြောရရင်တော့ File/Directory အတွက် type နဲ့ Process အတွက်
type/domain ဆိုပြီး ၂ ပိုင်း ရှိပါတယ်။
File/Directory တစ်ခုဟာ သူ့အတွက် သတ်မှတ်ပေးထားတဲ့ type ပေါ် မူတည်ပြီး၊ သက်ဆိုင်ရာ Process
ရဲ့ access လုပ်ခြင်းကိုသာ ခံရပါတယ်။
ls -ldZ /var/www လို့ ကြည့်ရင် သူ့ရဲ့ type နေရာမှာ httpd_sys_contet_t လို့ မြင်ရပါမယ်။ ဒါက ဘာကို
ဆိုလိုသလဲ ဆိုတော့ အဲ့ဒီ Directory သည် Apache Web Server ရဲ့ httpd အမည်ရ process ရဲ့ access လု
ပ်ခြင်းကိုပဲ ခွင့်ပြု ရမယ်လို့ အဓိပ္ပာယ် ရပါတယ်။
အခြားတဖက်မှာတော့၊ Process အတွက် တပ်ဆင်ပေးထားတဲ့ type ကို domain လို့လည်း ခေါ်ပါတယ်။
Process တစ်ခုဟာ သူ့အတွက် သတ်မှတ်ပေးထားတဲ့ type/domain နယ်ပယ်ထဲမှာပဲ run ခွင့် ရှိပါတယ်။
ps -eZ | grep httpd လို့ ခေါ်ကြည့်မယ်ဆိုရင် httpd အမည်ရ process အတွက် သတ်မှတ်ထားတဲ့
type/domain ကို မြင်ရပါမယ်။ သဘောက httpd မည်ရ process သည် သူ့အတွက် ခွင့်ပြုပေးထားတဲ့ File/
Directory တွေ Port တွေ Protocol တွေကိုသာ access လုပ်ခွင့် ရှိမယ်။ အဲ့ဒီ domain နယ်ပယ်ကို ကျော်ြ
ပီး လုပ်လို့ မရဘူးလို့ အဓိပ္ပာယ်ရပါတယ်။
အတိုချုပ်ရရင် SELinux က တပ်ဆင်ပေးထားတဲ့ Label အရ -->
httpd process သည် /var/www/ ဆိုတဲ့ directory ကိုပဲ access လုပ်ခွင့်ရမယ်။
/var/www သည်လည်း httpd process ရဲ့ access လုပ်ခြင်းကိုသာ လက်ခံရမယ်။ တခြား process တွေကို
လက်မခံရဘူး။
ဒါ့ကြောင့် Hacker တစ်ဦးဦးက Apache web server ကို hack နိုင်ခဲ့ရင်တောင် /var/www ကိုပဲ သူရမှာပါ။
တခြား File/Directory တွေကို သူ ဆက်ဖောက်လို့ မရတော့ပါဘူး။
Hacker အနေနဲ့၊ backdoor ထည့်ရအောင်ကလည်း SELinux က port တွေ protocol တွေကို သက်ဆိုင်
ရာ process အလိုက် (ဘယ် port ကတော့ ဘယ် process အတွက် စသည်ဖြင့်) Label ကြိုတင် ရေးထိုး
ထားတာမို့ backdoor ဟာ အလုပ်မလုပ်တော့ဘူးလေ။
အဲ့ဒါကြောင့် အကယ်၍ Hack ခံရရင်တောင်မှ SELinux ကို အသုံးပြုထားတာမို့ impact ဖြစ်မယ့် scope ကို
လျှော့ချပေးတယ်ပေါ့နော်။ ဒီသဘောပါ။
၎။ Level and Category >> Level ဆိုတာကတော့ MLS : Multi Level Security နဲ့ MCS : Multi
Category Security တို့ရဲ့ အစိတ်အပိုင်း ၁ ခုပါ။ sensitivity level လို့ ခေါ်ပြီး s နဲ့ ကိုယ်စားပြုပါတယ်။ data
တွေကို public, internal, confidential, regulatory, စသည်ဖြင့် level တွေ သတ်မှတ်ပေးပါတယ်။
Level နဲ့အတူ တွဲသုံးလေ့ရှိတာက Category ပါ။ c နဲ့ ကိုယ်စားပြုပါတယ်။ 0 ကနေ 1023 အထိ categories
ပေါင်း 1024 ခု ရှိပါတယ်။ အများအားဖြင့် categories တွေဟာ Department Name ဌာန အမည်တွေ ဖြစ်
လေ့ ရှိပါတယ်။ hr, admin, it, sales စသည်ဖြင့်ပေါ့။
ဘယ် Category ရဲ့ data ကတော့ ဘယ် Level မှာ ရှိတယ်ပေါ့။ data နှစ်ခု သည် Category ချင်း တူရင်ေ
တာင် လုံခြုံရေးအဆင့် Level ချင်း တူချင်မှ တူမယ်ပေါ့။ ဒီသဘောပါ။
ကဲ ! ခုလောက်ဆို SELinux ရဲ့ အလုပ်လုပ်ပုံ သဘောတရား concept ကို သိကြမယ်လို့ ထင်ပါတယ်နော်။
အားလုံး အဆင်ပြေပါစေ။
PS --> [ Post ကို နှစ်သက်ရင် Like, Comment, Share လုပ်နိုင်ပါတယ်။ Page က တင်သမျှကို မြင်ရဖို့
Page ကို Like အပြင် see first လုပ်ထားပေးရန် လိုအပ်ပါတယ် ]
Yin Thu

+++ [ SELinux Basic Management ] +++


SELinux အကြောင်း Introduction နဲ့ သူ့ရဲ့ အလုပ်လုပ်ပုံ concept တွေကို ယခင် post တွေမှာ ရှင်းလင်ြး
ပီးပြီမို့ ခုတခါ Basic Management ဆီ ဆက်သွားရအောင်။
SELinux ကို အသုံးပြုဖို့ default အနေနဲ့ ပါရှိတဲ့ package တွေအပြင်၊ သက်ဆိုင်ရာ အခြား package တွေ
ကို သွင်းယူဖို့ လိုအပ်ပါတယ်။ အဲဒီ package တွေကတော့ -->
၁။ selinux
၂။ policycoreutils (utilities for managing SELinux)
၃။ policycoreutils-python (utilities for managing SELinux)
၎။ selinux-policy (SELinux reference policy)
၅။ selinux-policy-targeted (SELinux targeted policy)
၆။ selinux-policy-mls (multi level security)
၇။ libselinux-utils (tools for managing SELinux)
၈။ setroubleshoot-server (tools for deciphering audit log messages)
၉။ setools-console (tools for audit log monitoring, quering policy, file context management)
၁၀။ mcstrans (tools to translate different level tos to easy-to-understand format)
အဲ့ဒီ package တွေ အကုန်လုံးကို အောက်ပါ command နဲ့ တပြိုင်တည်း သွင်းယူနိုင်ပါတယ်။
yum install selinux policycoreutils policycoreutils-python selinux-policy selinux-policy-targeted
selinux-policy-mls libselinux-utils setroubleshoot-server setools setools-console mctrans
package တွေ မစုံပဲ SELinux ကို run ရင် boot မတက်တာမျိုး ဖြစ်တတ်ပါတယ်နော်။ ဒါ့ကြောင့် package
တွေ စုံအောင် သွင်းပါ။
ဒီ package တွေကို သွင်းယူပြီးသွားရင်တော့၊ SELinux ကို အသုံးပြုဖို့ အသင့်ဖြစ်နေပါပြီ။ ကဲ ! ဆက္ရေ
အာင်။
### SELinux Modes ###
SELinux မှာ mode သုံးခု ရှိပြီး အဲ့ဒါတွေတော့၊
၁။ enforcing ၂။ permissive ၃။ disabled တို့ပဲ ဖြစ်ပါတယ်။
၁။ enforcing mode မှာ SELinux သည် သူ့ရဲ့ policy အတိုင်း တိတိကျကျ ဆောင်ရွက်ပါတယ်။ user နဲ့
process တွေရဲ့ unauthorized access တွေကို deny လုပ်ပါတယ်။
သူ deny လုပ်ထားတဲ့ မှတ်တမ်းတွေကို /var/log/audit/audit.log နဲ့ /var/log/messages ဆိုတဲ့ နေရာ ၂ ခု
မှာ သွားကြည့်နိုင်ပါတယ်။
less /var/log/audit/audit.log
less /var/log/messages
၂။ permissive mode ကို semi-enabled state လို့လည်းခေါ်ပါတယ်။ သူက unauthorized access တွေကို
မပိတ်ပင်ပါဘူး။ ဒါပေမယ့် အဲ့ဒါတွေကို /var/log/audit/audit.log နဲ့ /var/log/messages ဆိုတဲ့ နေရာ ၂ ခု
မှာ မှတ်တမ်း တင်ပေးထားပါတယ်။ ဒါ့ကြောင့် enforcing mode နဲ့ မသုံးခင် permissive mode နဲ့ အရင်
စမ်းသပ်ကြည့်သင့်ပါတယ်။
၃။ disabled mode ဆိုတာကတော့ ရှင်းပါတယ်။ SELinux ကို အသုံးမပြုပဲ ပိတ်ထားတာပါ။
### Checking Modes and Status ###
၁။ getenforce ။ ။ SELinux ဟာ ဘယ် mode မှာ ရှိနေသလဲ သိဖို့ သုံးတဲ့ command ပါ။
၂။ sestatus ။ ။ SELinux ရဲ့ status ကို ကြည့်ဖို့ သုံးတဲ့ command ပါ။
### Changing Modes ###
၁။ setenforce ။ ။ SELinux ရဲ့ mode ကို temporary ပြောင်းတဲ့ command ပါ။
၂။ setenforce 1 လို့ ရိုက် enter ခေါက်ရင် enforcing mode ဖြစ်ပြီး setenforce 0 လို့ ရိုက် enter ခေါက်ရင်
permissive mode ပါ။
permanent ပြောင်းချင်ရင်တော့၊ vi /etc/selinux/config ထဲကို ဝင်၊ SELINUX=enforcing သို့မဟုတ်
SELINUX=permissive လို့ ရေးသွင်းပြီး၊ Esc :wq နဲ့ ထွက်ပါ။
enforcing ကနေ permissive သို့မဟုတ် permissive ကနေ enforcing ပြောင်တဲ့အခါ စက်ကို reboot ချဖို့
မလိုအပ်ပါဘူး။
၃။ disabled ။ ။SELinux ကို disabled ပေး ပိတ်ထားချင်ရင်တော့ command နဲ့ ပိတ်ဖို့ အဆင်မပြေပါဘူး။
vi /etc/selinux/config ကို ဝင်ပါ။ SELINUX=disabled လို့ ရေးသွင်းပြီး Esc :wq နဲ့ ထွက်ပါ။ ဒါဆို
SELinux သည် ပိတ်သွားပါပြီ။ အလုပ်မလုပ်တော့ဘူးပေါ့။
enforcing ကနေ disabled သို့မဟုတ် disabled ကနေ enforcing ပြောင်းတဲ့အခါ စက်ကို reboot လုပ်ဖို့ လို
ပါတယ်။
Note --> [ SELinux ကို enforcing နဲ့ အရင် မသုံးပဲ permissive mode နဲ့ အရင် သုံးကြည့်သင့်ပါတယ်။
vi /etc/selinux/config ထဲ ဝင်၊ SELINUX=permissive လို့ ရေးသွင်း၊ Esc :wq နဲ့ ထွက်၊ စက်ကို reboot
ချပြီး permissive mode နဲ့ သုံးကြည့်ပါ။ ပြီးရင် cat /var/log/messages | grep -i "selinux is preventing"
လို့ ရှာကြည့်ပြီး enforcing mode ပြောင်းသုံးဖို့ အတွက် လိုအပ်တာတွေကို ပြု ပြင်ပါ။ enforcing mode ကို
တန်းပြီး သုံးလိုက်ရင် file တွေမှာ label မှားတာတွေ ရှိတတ်လို့ စက် boot မတက်တာတွေ ဖြစ်တတ်လို့ ခု
လို အဆိုပြုရတာပါ။ ]
### SELINUXTYPE ###
SELinux မှာ type သုံးခု ရှိပါတယ်။ အဲ့ဒါတွေကတော့၊ ၁။ targeted ၂။ minimum ၃။ mls တို့ပါပဲ။
default ကတော့ targeted ပါ။ SELinux ရဲ့ type ကို ပြောင်းလဲချင်ရင် vi /etc/selinux/config ထဲ ဝင်၊
SELINUXTYPE= နေရာမှာ မိမိ သုံးလိုတဲ့ type ကို ဖြည့်ပြီး Esc :wq နဲ့ ထွက်၊ စက်ကို reboot ချပေးရပါမ
ယ်။
SELinux ကို သုံးတဲ့အခါ၊ configure လုပ်တဲ့အခါ ဒီ type သုံးခုထဲက ၁ ခုခုကို အခြေပြု ပြီး လုပ်ရမှာပါ။
type အလိုက် SELinux ရဲ့ အလုပ်လုပ်ပုံ configuration ချပုံတွေကို next chapter မှာ ရှင်းလင်းပေးသွားပါ့
မယ်။
လောလောဆယ်၊ SELinux အတွက် Basic Management ကို ဒီနေရာမှာ ရပ်ပါမယ်။
အားလုံး အဆင်ပြေပါစေ။
PS --> [ Post ကို နှစ်သက်ရင် Like, Comment, Share လုပ်နိုင်ပါတယ်။ Page က တင်သမျှကို မြင်ရဖို့
Page ကို Like အပြင် see first လုပ်ထားပေးဖို့ လိုအပ်ပါတယ် ]
Yin Thu

+++ [ SELinux - targeted policy ] +++


targeted policy ဆိုတာက SELinux ရဲ့ default policy ပါ။ သူက ဘာကို target လုပ်တာလဲဆိုတော့
process တွေကို target လုပ်တာပါ။
targeted လုပ်ခံရတဲ့ process တွေဟာ ကန့်သတ်ထားတဲ့ နယ်ပယ် confined domain ထဲမှာ run ရပါတယ်
။ targeted အလုပ် မခံရတဲ့ process တွေကတော့ ကန့်သတ်မဲ့ နယ်ပယ် unconfined domain ထဲမှာ run
တယ်ပေါ့။
SELinux မှာ process တွေကို subject လို့ ခေါ်ပါတယ်။ ပြုလုပ်သူတွေပေါ့။ file/folder တွေကိုတော့
object လို့ ခေါ်ပါတယ်။ ပြုလုပ်ခံတွေပေါ့။
ဒီနေရာမှာ Apache web server ရဲ့ httpd အမည်ရ process နဲ့ ဥပမာပေးသွားပါရစေ။
Apache web server အတွက် configuration လုပ်ပုံလုပ်နည်းတွေတော့ ဒီနေရာမှာ ထည့်မပြောတော့ဘူး။
SELinux ကို လေ့လာနေသူ ၁ ဦး အနေနဲ့ ဒါတွေကို သိပြီး ဖြစ်ဖို့ မျှော်လင့်ပါတယ်။
Apache web server ရဲ့ web page တွေ ထားသိုရာ၊ document root ဖြစ်တဲ့၊ /var/www/html ဆီ သွားပါ။
vi index.html လို့ file ဖွင်၊့ i ကိုနှိပ် insert mode နဲ့ ဝင်၊ <center> Hello world </center> လို့ ရေးပြီး
Esc :wq နဲ့ သိမ်းလိုက်ပါ။
ဒါဆို စမ်းသပ်ဖို့ အတွက် အသင့်ဖြစ်ပါပြီ။
ဦးစွာ targeted policy ကို permissive mode နဲ့ run ပါမယ်။ vi /etc/selinux/config ဆီ ဝင်ပါ။
SELINUX=permissive လို့ ရေးသွင်းပြီး exit လုပ်ပါ။ ပြီးရင် စက်ကို reboot ချပါ။
စက်ပြန်တက်လာတဲ့အခါ grep "SELinux is preventing" /var/log/messages လို့ ခေါ်ကြည့်ပါ။ ဘာမှ မရှိ
ဘူးဆိုရင် vi /etc/selinux/config ထဲ ဝင်ပြီး SELinux=enforcing လို့ ပြောင်းပါ။ ဒါဆို ရှေ့ဆက်လို့ ရပါပြီ။
### Process (Subject) ###
SELinux မှာ Process တွေကို Subject (ပြုလုပ်သူ) လို့ ခေါ်ပါတယ်။ confined နဲ့ unconfied ဆိုပြီး
Process ၂ မျိုး ထပ်ကွဲပါတယ်။
### confined and unconfined process ###
Process တစ်ခုဟာ confined ဖြစ်နေတယ် ဆိုရင် သူသည် သူ့အတွက် သတ်မှတ်ထားတဲ့ type/domain ထဲ
မှာပဲ run ရပါတယ်။
Process တစ်ခုဟာ confined လား unconfined လား ဘယ်လို သိနိုင်မလဲ?
ps -eZ | grep httpd လို့ ရိုက်ခေါ်လိုက်တဲ့အခါ
system_u:system_r:httpd_t ဆိုတဲ့ သူ့ရဲ့ label ကို မြင်ရပါမယ်။ အဓိပ္ပာယ်ဖွင့်ရရင်၊ system_u သည်
သူ့ကို run နေတဲ့ user အမျိုးအစား၊ system_r သည် သူ့ရဲ့ role၊ httpd_t သည် သူ့ရဲ့ type/domain ပါ။
ဒါ့ကြောင့် httpd ဆိုတဲ့ process သည် confined process ဖြစ်ပြီး httpd_t ဆိုတဲ့ domain ထဲမှာ run နေတယ်
လို့ မှတ်ယူရပါမယ်။
ps -eZ | grep bash လို့ ရိုက်ခေါ်လိုက်တဲ့အခါ
unconfined_u:unconfined_r:unconfined_t ဆိုတဲ့ သူ့ရဲ့ label ကို မြင်ရပါမယ်။ ဒါ့ကြောင့် bash ဆိုတဲ့
process သည် unconfined process လို့ မှတ်ယူရပါမယ်။
### confined process အလုပ်လုပ်ပုံ ###
httpd သည် confined process တစ်ခု။ သူက ဘယ်လို အလုပ်လုပ်လဲဆိုတော့ သူ့ရဲ့ type/domain ဖြစ်တဲ့
http_t ထဲမှာ အလုပ်လုပ်တယ်။
အဲ့တော့ httpd_t ဆိုတဲ့ domain ထဲမှာ ဘာတွေပါသလဲ ဘာတွေ ကန့်သတ်ထားသလဲ?
#getsebool
getsebool -a | grep httpd လို့ ရိုက်ခေါ်လိုက်ရင် အဲ့ဒီ domain ရဲ့ ကန့်သတ်ချက်တွေကို မြင်ရပါမယ်။ သူ
တို့ကို boolean တွေလို့ ခေါ်ပါတယ်။
အဲ့ဒီ boolean ကန့်သတ်ချက်တွေကို လိုအပ်သလို on | off လုပ်နိုင်ပါတယ်။ ဥပမာ၊ ကျလာတဲ့ list ထဲက
httpd_anon_write ကို on မယ်ဆိုရင် -->
setsebool -P httpd_anon_write on
သို့မဟုတ်
setsebool -P httpd_anon_write 1
လို့ ရိုက် enter ခေါက်ပေါ့။ 1 ဆိုရင် on ၊ 0 ဆိုရင် off ။ permanent ပြောင်းချင်တာဆို -P ထည့်ရိုက်။ ခေတ္တ
ခဏပဲဆို -P မထည့်ပဲရိုက်။
#semanage
တဖန် semanage port -l | grep http လို့ ရိုက်ခေါ်လိုက်တဲ့အခါ Apache web server ရဲ့ httpd process အ
တွက် သတ်မှတ်ပေးထားတဲ့ port တွေကို မြင်ရပါမယ်။ အဲ့ဒီ port တွေ အတိုင်းသာ အလုပ်လုပ်ရမယ်ဆို
တဲ့သဘောပါ။
အစက ပြန်ကောက်ရရင် Apache web server ရဲ့ httpd process သည် httpd_t ဆိုတဲ့ type/domain ထဲမှာ
run ဖို့ ကန့်သတ်ခြင်း ခံရတယ်ပေါ့။
ဒါက Process သို့မဟုတ် Subject ရဲ့ ဘက်က ကန့်သတ်ခံထားရတဲ့ အပိုင်းပါ။
### File/Directory (Object) ###
တဖန် Apache web server ရဲ့ httpd process ရဲ့ access လုပ်ခံရမယ့် File/directory သို့မဟုတ် Object ကို
ကြည့်ရအောင်။
ls -ldZ /var/www/html လို့ ရိုက်ခေါ်လိုက်ရင်၊
system_u:object_r:httpd_sys_content_t:so
လို့ မြင်ရပါမယ်။
httpd_sys_content_t ဆိုတဲ့ type ကို ကြည့်ခြင်းဖြင့် အဲ့ဒီ directory သည် httpd process အတွက်သာ သီး
သန့် သတ်မှတ်ထားတဲ့ Object (ပြုလုပ်ခံ) လို့ အဓိပ္ပာယ်ရပါတယ်။
httpd process ဘက်က ကြည့်ရင်လည်း သူ့အနေနဲ့ httpd_sys_content_t လို့ label ထိုးထားတဲ့ directory
(Object) က လွဲပြီး တခြား directory ကို သွား access လုပ်ခွင့် မရှိပါဘူး။
ခုလောက်ဆို ပြုလုပ်သူ Process နဲ့ အပြုခံ File/Directory ကြားက အပြန်အလှန် ဆက်သွယ်ချက်ရယ်၊
SELinux က ဘယ်လို ထိန်းချုပ်ထားတယ်ဆိုတာရယ်ကို၊ နားလည်ဖို့ မျှော်လင့်ပါတယ်။
ဒီတော့ စမ်းကြည့်ဖို့ internet browser ကို ဖွင့်ပြီး address bar မှာ localhost လို့ ရိုက် enter ခေါက်လိုက်ပါ။
ဒါဆို Hello world လို့ မြင်ရပါလိမ့်မယ်။ ဒါဆို အရာရာ အဆင်ပြေနေတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။
#change_apache_document_root
အဲ့လို အဆင်ပြေနေတာကို ခဏ ရပ်ပြီး Apache web server ရဲ့ config file ထဲကို ဝင်ပြီး document root
ကို တခြားတနေရာဆီ ပြောင်းကြည့်ရအောင်။ ဥပမာ၊ /custom/www/html လို့ ပြောင်းလိုက်ပါ။
ပြီးရင် / အောက်မှာ mkdir -p /custom/www/html လို့ ဆောက်ပါ။
vi /custom/www/html/index.html ဆိုပြီး file အသစ်ဖွင့်ပါ။ <center> i am second document root
</center> လို့ ရေးသိမ်းပြီး Esc :wq နဲ့ ထွက်ပါ။
ပြီးရင် Apache web server ကို restart လုပ်ပါ။
systemctl restart httpd
internet browser ကို ဖွင့် localhost လို့ ရိုက် enter ခေါက်ကြည့်ပါ။ Error message ကိုပဲ မြင်ရပါမယ်။
ဒါဟာ ဘာကြောင့်လဲ၊
ls -ldZ /custom/www/html လို့ ခေါ်ပြီး ကြည့်ပါ။
type နေရာမှာ default_t လို့ မြင်ရပါမယ်။ ဒါဟာ httpd process အတွက် access လုပ်ရမယ့် type မဟုတ်ပါ
ဘူး။ ဒါ့ကြောင့် web page ကို ဖွင့်မရပဲ Error ပြတာပါ။
အဲ့တော့ ဘာလုပ်မလဲ?
#change_object_type
အဲ့ဒီ directory ရဲ့ type ကို ပြောင်းပေးရမှာပေါ့။
chcon -R -t httpd_sys_content_t /custom/www/html လို့ ရိုက် enter ခေါက်ပါ။
ပြီးရင် ls -ldZ /custom/www/html လို့ ခေါ်ပြီး ပြန်ကြည့်ပါ။ httpd process နဲ့ ဆိုင်တဲ့ type အဖြစ် ပြော
င်းနေတာ တွေ့ရပါမယ်။ ဒါပေမယ့် ဒါဟာ ယာယီပါ။ စက်ကို reboot ချလိုက်ရင် ပြန်ပျောက်သွားမှာပါ။
permanent ပြောင်းထားလိုရင် အောက်ပါ command ကို သုံးပါ။
semanage fcontext -a -t httpd_sys_content_t "/custom(/.*)"
ပြီးရင် browser ကနေ localhost လို့ ရိုက်ခေါ်ကြည့်ပါ။ i am second document root လို့ မြင်ရရင် အဆင်ြေ
ပပါပြီ။
ဒါက documenr root ဖြစ်တဲ့ Directory ရဲ့ type ကို httpd အတွက် ပြောင်းပေးလိုက်လို့ အဆင်ပြေသွား
တာပါ။
နောက်တနည်း ရှိပါသေးတယ်။
#change_to_unconfined_process
အဲဒါက Directory ရဲ့ type ကို မပြောင်းပဲ httpd process ကို အကန့်အသတ်မထားတဲ့ unconfied process
အဖြစ် ပြောင်းလိုက်ဖို့ပါပဲ။
chcon -t unconfied_exec_t /usr/sbin/httpd
ပြီးရင် systemctl restart httpd
ps -eZ | grep httpd နဲ့ ခေါ်ကြည့်ပါ။ unconfied_t ဆိုတဲ့ domain ထဲမှာ run နေတာကို တွေ့ရပါမယ်။
ဒါက အပြုလုပ်ခံ Directory ရဲ့ type ကို ပြောင်းမယ့်အစား ပြုလုပ်သူ process ရဲ့ domain ကို ပြောင်းပေး
လိုက်တဲ့သဘောပါ။ security တော့ အားနည်းသွားတာပေါ့နော်။
#changing_port
တလက်စတည်း နောက်ထပ် Example တစ်ခု ပေးပါရစေ။ အဲ့ဒါကတော့ http ရဲ့ port ကို change တာပါ။
သမားရိုးကျ ဆိုရင် apache web server ရဲ့ config file (/etc/httpd/conf/httpd.conf) ထဲ ဝင်ပြင်ရုံနဲ့ အဆင်
ပြေပါတယ်။ ဒါပေမယ့် SELinux ကို on ထားတဲ့အခါ အဲ့လောက်နဲ့ မရပါဘူး။ SELinux ရဲ့ http နဲ့ သက်
ဆိုင်တဲ့ port list မှာ သွားပြီး မင်းရဲ့ port no. အသစ်ကို assign ချပေးရပါတယ်။
http သည် လက်ရှိ ဘယ် port တွေကို သုံးနေသလဲ အောက်ပါ command တွေနဲ့ စစ်နိုင်ပါတယ်။
semanage port -l | grep -w http_port_t
သို့မဟုတ်
sepoilcy network -t http_port_t
ဒါ့အပြင်၊ ကိုယ်သုံးချင်တဲ့ port no. အသစ်သည် အခြား service တွေ အတွက် လျာထားတဲ့ port no. မဖြစ်
ဖို့၊ လွတ်နေဖို့ လိုပါတယ်။ အဲ့တော့ ဘယ်လို စစ်မလဲ? ဥပမာ၊ 8001 ကို သုံးချင်တယ် ဆိုပါစို့။
sepolicy network -p 8001
8001: tcp unreserved_port_t လို့ပဲ မြင်ရရင် အသုံးပြုနိုင်ပါတယ်။
ဒီတော့ port no. အသစ်ကို SELinux မှာ အောက်ပါ command နဲ့ asdign ချနိုင်ပါပြီ။
semanage port -a -t http_port_t -p tcp 8001
ပြီးရင် အောက်ပါ command နဲ့ ပြန်စစ်ကြည့်ပါ။
semanage port -l | grep -w http_port_t
ရလာတဲ့ result မှာ 8001 ဆိုတာလေး တိုးလာတာ မြင်ရရင် အဆင်ပြေပါပြီ။
port no. 8001 ကို ပြန်ဖြုတ်လိုရင်တော့ အောက်ပါ command ကို သုံးပါ။
semanage -d -t http_port_t -p tcp 8001
နိဂုံးချုပ်ရရင် targeted policy မှာ Subject နဲ့ Object ကြား အပြန်အလှန် ထိန်းညှိမှုတွေ၊ Process ဘက်မှာ
လည်း သတ်မှတ်ပေးထားတဲ့ domain ထက် ကျော်လုပ်ခွင့် မရှိတာတွေကို တွေ့ရမှာပါ။ ဒါ့ကြောင့် hacker
၁ ယောက်က web ကို hack နိုင်ရင်တောင် အလုံးစုံ ထိန်းချုပ်နိုင်မှာ မဟုတ်ပါဘူး။ Port တွေကလည်း
သက်ဆိုင်ရာ Process အလိုက် ကန့်သတ်ပြီးသားမို့ backdoor ထည့်လည်း အလုပ်လုပ်မှာ မဟုတ်ပါဘူး။
ဆိုရရင် SELinux သည် all-in-one security solution မဟုတ်ပါဘူး။ no system is safe ပါ။ ဒါပေမယ့်
SELinux သည် ကြိုတင် ကာကွယ်ပေးတယ်၊ ကျိုးပေါက်သွားရင်လည်း ဖြစ်လာမယ့် impact ကိုေ
လျှာ့ချပေးတယ်ပေါ့နော်။
ကဲ ! ခုလောက်ဆို SELinux Targeted Policy ရဲ့ အလုပ်လုပ်ပုံ concept ကို နားလည်မယ်လို့ ယူဆပါတယ်
။ တကြိမ်တည်း နားလည်ရခက်နေရင် ၃ ကြိမ်လောက် ဖတ်ရင်း စမ်းကြည့်မယ်ဆို အဆင်ပြေမှာပါနော်။
အားလုံး အဆင်ပြေပါစေ။
PS --> [ Post ကို နှစ်သက်ရင် Like, Comment, Share လုပ်နိုင်ပါတယ်။ Page က တင်သမျှကို မြင်ရဖို့
Page ကို Like အပြင် see first လုပ်ထားပေးဖို့ လိုအပ်ပါတယ် ]
Yin Thu
SELinux By Yin Thu (xero cool)
https://www.facebook.com/linuxninja45

SELinux By Yin Thu (xero cool)


https://www.facebook.com/linuxninja45

You might also like