Download as pdf or txt
Download as pdf or txt
You are on page 1of 12

Anattalakkhana-sutta (Pali+ Burmese+ Eng)

အနတ္တလက္ခဏသုတ်

ဗြဟ္မာ နတ် လူ သုံးဘုံသူတို့၏ ပူဇော်အထူးကို ခံတော်မူထိုက်ကြောင်းဖြစ်သော သီလ ဂုဏ်၊ သမာဓိဂုဏ်၊


ပညာဂုဏ်၊ ၀ိမုတ္တိဂုဏ်၊ ၀ိမုတ္တိညဏ ဒဿနဂုဏ်တို့နှင့် ပြည့်စုံတော် မူထပေသော သစ္စာ ဥေယျ ဓမ္မအပုံ
အလုံးစုံကို အကုန်မကျန် မြတ်ရွှေညဏ်ဖြင့် အမှန် ထိုးထွင်း အလင်းထင်ပေါ် သိမြင်တော်မူထပေသော
ဣဿရိယဓမ္မယသသီရိကာမပယတ္တတည်းဟူသောဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူပေထသော
မြတ်စွာဘုရားအား ဘုရားတပည့်တော်တို့၏ ရှိခိုး ခြင်းသည် ဖြစ်ပါစေသတည်းဘုရား။

အနတ္တလက္ခဏသုတ် အမွှန်း
(က) ဓမ္မစက္ကံ ပဝတ္တေတွာ၊ အာသဠိယံ ဟိ ပုဏ္ဏမေ။ နဂရေ ဗာရဏသိယံ၊ ဣသိပတနဝှယေ ဝနေ။
(ခ) ပါပေတွာဒိ ဖလံ နေသံ၊ အနက္ကမေန ဒေသယိ။ ယံ တံ ပက္ခဿ ပဉ္စမျံ ဝိမုတ္တတ္ထံ ဘဏာမဟေ။

(က) မြတ်စွာဘုရားသည် ဝါဆိုလပြည့်နေ့တွင် ဗာရဏသိပြည်၏ အနီး ဣသိပတနခေါ် မိဂဒါဝုန်တော၌


ပဉ္စဝဂ္ဂီအမည်ရှိကုန်သော ကောဏ္ဍဍည၊ ဝပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ်၊ အဿဇိ ရဟန်းငါးဦးတို့အား
ဓမ္မစကြာဒေသနာတော်ကို ဟောတော်မူ၍။

1
(ခ) နေ့ရက်အစီအစဉ် ထေရ်စဉ်ဝါအလိုက်သော တာပတ္တိဖိုလ်သို့ ဆိုက်ရောက်စေတော် မူပြီး၍
ဝါဆိုလပြည့်ကျော် (၅) ရက်မြောက်သောနေ့၌ ထိုပဉ္စဝဂ္ဂီငါးဦးတို့၏ အရဟတ္တဖိုလ်အကျိုးငှာ
အနတ္တလက္ခဏသုတ်ကို ဆက်၍ ဟောတော်မူပြီ။ ထိုအနတ္တလက္ခဏသုတ်ကို အို − သူတော်ကောင်းတို့
အကျွန်ုပ်တို့သည် ရွတ်ဆိုပွားများ ကြပါကုန်စို့။

အနတ္တလက္ခဏသုတ် နိဒါန်း

Anattalakkhana-sutta
Homage to the exalted,
the worthy, the fully
enlightened, the Buddha supreme.

1 (၁)
ဧကံ သမယံ ဘဂ၀ါ ဗာရာဏသိယံ ၀ိဟရတိ ဣသိပတနေ မိဂဒါယေ
တတြခေါ ဘဂ၀ါ ပဉ္စ၀ဂ္ဂိယေ ဘိက္ခူ အာမန္တေသိ "ဘိက္ခဝေါ"တိ
"ဘဒ္ဒန္တေ" တိ တေ ဘိက္ခူ ဘဂ၀တော ပစ္စေဿာသုံ
ဘဂ၀ါ ဧတ ဒဝေါစ

တစ်ပါးသောအခါ၌ မြတ်စွာဘုရားသည် ဗာရာဏသီနေပြည်တော်ကြီး၏ အနီး(၌) ရှေးခါခေတ်ဟောင်း


ရသေ့သူမြတ်အပေါင်းတို့၏သက်ဆင်းရာဖြစ်သော၊သားသမင်အပေါင်းတို့ကို ဘေးမဲ့ပေး၍ မွေးရာဖြစ်သော
မိဂဒါဝုန်တောကြီး၌ သီတင်းသုံးနေတော်မူ၏။
ထိုသို့ သီတင်းသုံးနေတော်မူသောအခါ၌ မြတ်စွာဘုရားသည် ကောဏ္ဍညအမှူး ငါးဦး အစုအဝေးရှိကုန်သော
ရဟန်း တို့ကို "အို ရဟန်းတို့"ဟူ၍ ခေါ်တော်မူ၏။
ထိုပဉ္စ၀ဂ္ဂီရဟန်းတို့သည် "အရှင်မြတ်ဘုရား" ဟူ၍ မြတ်စွာဘုရားအား လျှောက်ထားကြကုန်၏။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဤအနတ္တလက္ခဏသုတ်စကားကို မိန့်မြွက်
ဟောကြားတော်မူလေသတည်း။

was dwelling in Benares, at the deer park, Isipatana.


There the Bhagavā addressed the group of five Bhikkhus,
“ O! Bhikkhus! ”
And the Bhikkhus answered, “Bhaddante”.1
Then the Bhagava spoke thus:-
1. Bhaddante =ဘဒ္ဒန္တေ အရှင်မြတ်ဘုရား

“Sir”, “Reverened Sir”, “Venerable Sir”, A contracted form of Bhaddante is Bhante.

2
2 (၂)
ရူပံ ၁ ဘိက္ခဝေ အနတ္တာ
ရူပဉ္စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘ၀ိဿ နယိဒံ ရူပံ အာဗာဓာယ သံဝတ္တေယျ
လဗ္ဘေထ စ ရူပေ "ဧ၀ံ မေ ရူပံ ဟောတု ဧ၀ံ မေ ရူပံ မာ အဟောသီ" တိ
ယသ္မာ စ ခေါ ဘိက္ခဝေ ရူပံ အနတ္တာ တသ္မာ ရူပံ အာဗာဓာယ သံဝတ္တတိ
န စ လဗ္ဘတိ ရူပေ "ဧ၀ံ မေ ရူပံ ဟောတု ဧ၀ံ မေ ရူပံ မာ အဟောသီ" တိ

ချစ်သားရဟန်းတို့ ရုပ်တရားအပေါင်းသည် အစိုးမရ အလိုသို့မလိုက်သော အနတ္တ အမှန်ပင်တည်း။


ချစ်သားရဟန်းတို့ ရုပ်တရားအပေါင်းသည် ဧကန်စင်စစ်အလိုသို့ လိုက်သော အတ္တ သဘောရှိသည်
ဖြစ်ပါမူကား ဤရုပ်တရားသည် အလိုသို့ လိုက်ပါ၍ ကျင်နာခံခက် နှောင့်ယှက်ဘောက်ပြန်ခြင်းငှာ မဖြစ်လေရာ။
"ငါ၏ရုပ်သည် ဤသို့ဖြစ်ပလေစေ၊ ငါ၏ရုပ်သည် ဤသို့မဖြစ်စေလင့်"
ဤသို့ မိမိတို့ အလိုဆန္ဒအတိုင်း ရုပ်တရား၌ အခွင့်ရနိုင်လေရာ၏။
ချစ်သားရဟန်းတို့ စင်စစ် အကြင်သို့သော အကြောင်းကြောင့်လျှင် ရုပ်တရားသည် အလိုသို့မလိုက်သော
အနတ္တ သဘောရှိချေ၏။ ထို့ကြောင့် ရုပ်တရားသည် အလိုသို့ မလိုက်ပါဘဲ ကျင်နာခံခက်
နှောင့်ယှက်ဖောက်ပြန်ခြင်းငှာ ဖြစ်၏။
"ငါ၏ရုပ်သည် ဤသို့ဖြစ်ပလေစေ၊ ငါ၏ရုပ်သည် ဤသို့မဖြစ်စေလင့်"
ဤသို့ မိမိတို့အလိုဆန္ဒအတိုင်း ရုပ်တရား၌ အခွင့်မရနိုင်။

“Matter, Bhikkhus, is not the self ”.


If matter, Bhikkhus, were the self, then matter would not tend to sickness.
And one could say of matter, “Thus let matter be thus for me, let matter not be thus for me.”
“But, Bhikkhus, in as much as matter is not the self, that is why matter tends to sickness.
And one cannot say of matter, “Thus let matter be thus for me, let matter not be thus for me.”

၁။ ရူပ = ရုပ်၊ သရုပ်သဘော၊ အဆင်း၊ သဏ္ဌာန


Rǔpa - Matter, principle of form, figure, shape, image, object of the eye, appearance.

3 (၃)
ဝေဒနာ ၁ အနတ္တာ
ေ၀ဒနာစ ဟိဒံ ဘိကၡေ၀ အတၱာ အဘ၀ိႆ နယိဒံ ေ၀ဒနာ အာဗာဓာယ သံ၀ေတၱယ်
လဗ္ဘေထ စ ဝေဒနာယ "ဧ၀ံ မေ ဝေဒနာ ဟောတု ဧ၀ံ မေ ဝေဒနာ မာ အဟောသီ"တိ
ယသ္မာ စ ခေါ ဘိက္ခဝေ ဝေဒနာ အနတ္တာ တသ္မာ ဝေဒနာ အာဗာဓာယ သံဝတ္တတိ
န စ လဗ္ဘတိ ဝေဒနာယ "ဧ၀ံ မေ ဝေဒနာ ဟောတု ဧ၀ံ မေ ဝေဒနာ မာ အဟောသီ "တိ

ချစ်သားရဟန်းတို့ ခံစားမှုဝေဒနာအပေါင်းသည် အစိုးမရ အလိုသို့ မလိုက်သော အနတ္တ အမှန်ပင်တည်း။


ချစ်သားရဟန်းတို့ ခံစားမှုဝေဒနာအပေါင်းသည် ဧကန်စင်စစ် အလိုသို့လိုက်သော အတ္တသဘောရှိသည်

3
ဖြစ်ပါမူကား ဤဝေဒနာသည်အလိုသို့လိုက်ပါ၍ကျင်နာခံခက် နှောင့်ယှက်ဘောက်ပြန်ခြင်းငှာမဖြစ်လေရာ။
"ငါ၏ဝေဒနာသည် ဤသို့ဖြစ်ပလေစေ၊ ငါ၏ဝေဒနာသည် ဤသို့မဖြစ်စေလင့်"
ဤသို့ မိမိတို့ အလိုဆန္ဒအတိုင်း ဝေဒနာတရား၌ အခွင့်ရနိုင်လေရာ၏။
ချစ်သားရဟန်းတို့ စင်စစ် အကြင်သို့သော အကြောင်းကြောင့်လျှင် ဝေဒနာတရားသည် အလိုသို့မလိုက်သော
အနတ္တ သဘောရှိချေ၏။ ထို့ကြောင့် ဝေဒနာတရားသည် အလိုသို့ မလိုက်ပါဘဲ ကျင်နာခံခက်
နှောင့်ယှက်ဘောက်ပြန်ခြင်းငှာ ဖြစ်၏။
"ငါ၏ဝေဒနာသည် ဤသို့ဖြစ်ပလေစေ၊ ငါ၏ဝေဒနာသည် ဤသို့ မဖြစ်စေလင့်"
ဤသို့ မိမိတို့ဆန္ဒအတိုင်း ဝေဒနာတရား၌ အခွင့်မရနိုင်။

Feeling, Bhikkhus, is not the self.


If feeling, Bhikkhus, were the self, then feeling would not tend to sickness.
And one could say of feeling, “Thus let feeling be thus for me.”
“But, Bhikkhus, in as much as feeling is not the self, that is why feeling tends to sickness.”
And one cannot say of feeling, “Thus let feeling be thus for me, let feeling not be thus for me.”

၁။ ဝေဒနာ = ခံစားခြင်း ( Vedanā - Feeling, sensation, pain, suffering )

4 (၄)
သညာ ၁ အနတ္တာ
သညာ စ ဟိဒံ ဘိကၡေ၀ အတၱာ အဘ၀ိႆ နယိဒံ သညာ အာဗာဓာယ သံ၀ေတၱယ်
လဗ္ဘေထ စ သညာယ"ဧ၀ံ မေ သညာ ဟောတု ဧ၀ံ မေ သညာမာအဟောသီ"တိ

ချစ်သားရဟန်းတို့ မှတ်သားမှု သညာအပေါင်းသည် အစိုးမရ အလိုသို့မလိုက်သော အနတ္တအမှန်ပင်တည်း။


ချစ်သားရဟန်းတို့မှတ်သားမှုသညာအပေါင်းသည်ဧကန်စင်စစ်အလိုသို့လိုက်သောအတ္တသဘောရှိသည် ဖြစ်ပါ
မူကား ဤသညာသည် အလိုသို့လိုက်ပါ၍ ကျင်နာခံခက် နှောင့်ယှက်ဖောက်ပြန်ခြင်းငှာ မဖြစ်လေရာ။
"ငါ၏သညာသည် ဤသို့ ဖြစ်ပလေစေ၊ ငါ၏သညာသည် ဤသို့ မဖြစ်စေလင့်"
ဤသို့ မိမိတို့ အလိုဆန္ဒအတိုင်း သညာတရား၌ အခွင့်ရနိုင်လေရာ၏။

Perception, Bhikkhus, is not the self.


If perception, Bhikkhus, were the self, then perception would not tend to sickness.
And one could say of perception, “Thus let perception be thus for me, let perception not be
thus for me.”

၁။ သညာ = မှတ်ခြင်း၊ အာရုံ၏သဘောကို မှတ်ခြင်း


Saňňā - Perception, mark, recognition
ယသ္မာ စ ခေါ ဘိက္ခဝေ သညာ အနတ္တာ တသ္မာ သညာ အာဗာဓာယ သံဝတ္တတိ

4
န စ လဗ္ဘတိ သညာယ " ဧ၀ံ မေ သညာ ဟောတု ဧ၀ံ မေ သညာ မာ အဟောသိ "တိ
ချစ်သားရဟန်းတို့ စင်စစ် အကြင်သို့သော အကြောင်းကြောင့်သာလျှင် သညာတရားသည်
အလိုသို့မလိုက်သော အနတ္တ သဘောရှိချေ၏။ ထို့ကြောင့် သညာတရားသည် အလိုသို့မလိုက်ပါဘဲ
ကျင်နာခံခက် နှောင့်ယှက်ဘောက်ပြန်ခြင်းငှာ ဖြစ်၏။
"ငါ၏သညာသည် ဤသို့ ဖြစ်ပလေစေ၊ ငါ၏သညာသည် ဤသို့ မဖြစ်စေလင့်" ဤသို့ မိမိတို့ အလိုဆန္ဒအတိုင်း
သညာတရား၌ အခွင့်မရနိုင်။

“But, Bhikkhus, in as much as perception is not the self, that is why perception tends to
sickness.”
And one cannot say of perception, “Thus let perception be thus for me, let perception not be
thus for me.”

5 (၅)
သင်္ခါရာ ၁ အနတ္တာ
သင်္ခါရာ စ ဟိဒံဘိက္ခဝေ အတ္တာအဘ၀ိဿံသု နယိဒံ သင်္ခါရာ အာဗာဓာယ သံဝတ္တေယျုံ
လဗ္ဘေထ စ သင်္ခါရေသု "ဧ၀ံ မေ သင်္ခါရာ ဟောန္တု ဧ၀ံ မေ သင်္ခါရာ မာ အဟေသု" န္တိ
ယသ္မာ စ ခေါ ဘိက္ခဝေ သင်္ခါရာ အနတ္တာ တသ္မာ သင်္ခါရာ အာဗာဓာယ သံဝတ္တန္တိ န စ လဗ္ဘတိ သင်္ခါရေသု "ဧ၀ံ
မေ သင်္ခါရာ ဟောန္တု ဧ၀ံ မေ သင်္ခါရာ မာ အဟေသု" န္တိ

ချစ်သားရဟန်းတို့ ပြုပြင်စီရင်မှု သင်္ခါရတရား အပေါင်းတို့သည် အစိုးမရ၊ အလိုသို့ မလိုက်သော


အနတ္တအမှန်တို့ ပင်တည်း။
ချစ်သားရဟန်းတို့ ပြုပြင်စီရင်မှု သင်္ခါရ အပေါင်းတို့သည် ဧကန်စင်စစ် အလိုသို့လိုက်သော
အတ္တသဘောရှိကုန်သည် ဖြစ်ပါကုန်မူကား ဤသင်္ခါရတို့သည် အလိုသို့ လိုက်ပါ၍ ကျင်နာခံခက်
နှောင့်ယှက်ဘောက်ပြန်ခြင်းငှာ မဖြစ်နင
ို က
် န
ု ရ
်ာ။
"ငါ၏ သင်္ခါရတို့သည် ဤသို့ဖြစ်ပလေစေကုန်၊ ငါ၏သင်္ခါရတို့သည် ဤသို့ မဖြစ်စေကုန်လင့်" ဤသို့ မိမိတို့
အလို ဆန္ဒအတိုင်း သင်္ခါရတရားတို့၌ အခွင့်ရနိုင်လေရာ၏။
ချစ်သားရဟန်းတို့ စင်စစ် အကြင်သို့သော အကြောင်းကြောင့်လျှင် သင်္ခါရတရားတို့သည် အလိုသို့မလိုက်သော
အနတ္တ သဘောရှိချေကုန်၏။ ထို့ကြောင့် သင်္ခါရတရားတို့သည် အလိုသို့မလိုက်ပါဘဲလျက် ကျင်နာခံခက်
နှောင့်ယှက် ဘောက်ပြန်ခြင်းငှာ ဖြစ်ကုန်၏။
"ငါ၏ သင်္ခါရတို့သည် ဤသို့ ဖြစ်ပလေစေကုန်၊ ငါ၏ သင်္ခါရတို့သည် ဤသို့ မဖြစ်စေကုန်လင့်" ဤသို့ မိမိတို့
အလို ဆန္ဒအတိုင်း သင်္ခါရ တရားတို့၌ အခွင့်မရနိုင်။

Mental formation, Bhikkhus, is not the self.


If mental formation, Bhikkhus, were the self, then mental formation would not tend to sickness.
And one could say of mental formation, “Thus let mental formation be thus for me, let mental
formation not be thus for me.”

5
But, Bhikkhus, in as much as mental formation is not the self, that is why mental formation
tends to sickness.
And one cannot say of mental formation, “Thus let mental formation be thus for me, let mental
formation not be thus for me.”

၁။ သင်္ခါရ = ပြုပြင်စီရင်တတ်သော အကြောင်းတရား


Sahkhāra - Mental formation, essential condition, mental coefficients.

6 (၆)
ဝိညာဏံ ၁ အနတ္တာ
၀ိညာဏဥၥ ဟိဒံ ဘိကၡေ၀ အတၱာ အဘိ၀ိႆ နယိဒံ ၀ိညာဏံ အာဗာဓာယ သံ၀ေတၱယ်
လဗ္ဘေထ စ ၀ိညာဏေ "ဧ၀ံ မေ ၀ိညာဏံ ဟောတု ဧ၀ံ မေ ၀ိညာဏံ မာ အဟောသီ" တိ
ယသ္မာ စ ခေါ ဘိက္ခဝေ ၀ိညာဏံ အနတ္တာ တသ္မာ ၀ိညာဏံ အာဗာဓာယ သံဝတ္တတိ
န စ လဗ္ဘတိ ၀ိညာဏေ "ဧ၀ံ မေ ၀ိညာဏံ ဟောတု ဧ၀ံ မေ ၀ိညာဏံ မာ အဟောသီ" တိ

ချစ်သားရဟန်းတို့ သိမှုဝိညာဉ်သည် အစိုးမရ အလိုသို့မလိုက်သော အနတ္တ အမှန်ပင် တည်း။


ချစ်သားရဟန်းတို့ သိမှုဝိညာဉ်အပေါင်းသည် ဧကန်စင်စစ် အလိုသို့လိုက်သော အတ္တ သဘောရှိသည်
ဖြစ်ပါမူကား ဤ၀ိညာဉ်သည် အလိုသို့လိုက်ပါ၍ ကျင်နာခံခက် နှောင့်ယှက်ဘောက်ပြန်ခြင်းငှာ မဖြစ်လေရာ။
"ငါ၏၀ိညာဉ်သည် ဤသို့ဖြစ်ပလေစေ၊ ငါ၏၀ိညာဉ်သည် ဤသို့ မဖြစ်စေလင့်" ဤသို့ မိမိတို့ အလိုဆန္ဒအတိုင်း
ဝိညာဉ်တရားအပေါင်း၌ အခွင့်ရနိုင်လေရာ၏။
ချစ်သားရဟန်းတို့ စင်စစ် အကြင်သို့သော အကြောင်းကြောင့်သာလျှင် ၀ိညာဉ်တရားသည်
အလိုသို့မလိုက်သော အနတ္တ သဘောရှိချေ၏။ ထို့ကြောင့် ၀ိညာဉ်တရားသည် အလိုသို့မလိုက်ပါဘဲ
ကျင်နာခံခက် နှောင့်ယှက်ဘောက်ပြန်ခြင်းငှာ ဖြစ်၏။
"ငါ၏ ၀ိညာဉ်သည် ဤသို့ဖြစ်ပလေစေ၊ ငါ၏၀ိညာဉ်သည် ဤသို့မဖြစ်စေလင့်" ဤသို့ မိမိတို့ အလိုဆန္ဒအတိုင်း
ဝိညာဉ်၌ အခွင့်မရနိုင်။

Consciousness, Bhikkhus, is not the self.


If consciousness, Bhikkhus, were the self, then consciousness would not tend to sickness.
And one could say of consciousness, “Thus, let consciousness be thus for me, let consciousness
not be thus for me.
“But, Bhikkhus, in as much as consciousness is not the self, that is why consciousness tends to
sickness.”
And one cannot say of consciousnesss, “Thus let consciousness be thus for me, let
consciousness not be thus for me.”

6
၁။ ၀ိညာဏ = အထူးသဖြင့်သိခြင်း၊ အာရုံကိုသိခြင်း၊ ၀ိညာဏ် Viññăha Consciousness

- ရူပက္ခန္ဓာ၌ လက္ခဏာရေးသုံးပါး -
တံ ကိံ မညထ ဘိက္ခဝေ၊ ရူပံ နိစ္စံ ဝါ အနိစ္စံ ဝါတိ။ အနိစ္စံ ဘန္တေ။ ယံ ပနာနိစ္စံ၊ ဒုက္ခံ ဝါ တံ သုခံ ဝါတိ။
ဒုက္ခံ ဘန္တေ။ ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ၊ ကလ္လံ နု တံ သမနုပဿိတုံ ဧတံ မမ၊ ဧသောဟမသ္မိ၊
ဧသော မေ အတ္တာ တိ။ နော ဟေတံ ဘန္တေ။

ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ရုပ်သည် မြဲသလော မမြဲသလော။ မမြဲပါ


အသျှင်ဘုရား။ မမြဲသောရုပ်သည် ဆင်းရဲလော ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော
ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ရုပ်ကို ဤရုပ်သည် ငါ့ဥစ္စာဖြစ်၏၊ ဤရုပ်သည် ငါဖြစ်၏၊
ဤရုပ်သည် ငါ၏ကိုယ် အတ္တတည်းဟု ရှုခြင်းငှာ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ
အသျှင်ဘုရား။

What do you think of this, Bhikkhus? Is matter permanent or impermanent?


Impermanent, Bhante. And Bhikkhus, what is impermanent, is that suffering or
happiness? Suffering, Bhante. Then, Bhikkhus what is impermanent, suffering, and
subject to change, is it fitting to regard it thus, "This is mine, this is I, this is the self for
me?" Not fitting, Bhante.

- နာမက္ခန္ဓာလေးပါး၌ လက္ခဏာရေးသုံးပါး -
ဝေဒနာ နိစ္စာ ဝါ အနိစ္စာ ဝါတိ။ အနိစ္စာ ဘန္တေ။ ယံ ပနာနိစ္စံ၊ ဒုက္ခံ ဝါ တံ သုခံ ဝါတိ။ ဒုက္ခံ ဘန္တေ။ ယံ
ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ၊ ကလ္လံ နု တံ သမနုပဿိတုံ ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာ
တိ။ နော ဟေတံ ဘန္တေ။

ဝေဒနာသည် မြဲသလော မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသောဝေဒနာသည် ဆင်းရဲလော


ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်း သဘောရှိသော
ဝေဒနာကို ဤဝေဒနာသည် ငါ့ဥစ္စာဖြစ်၏၊ ဤဝေဒနာသည် ငါဖြစ်၏၊ ဤဝေဒနာသည်
ငါ၏ကိုယ်အတ္တတည်းဟု ရှုခြင်းငှာ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။

Is feeling permanent or impermanent? Impermanent, Bhante. And Bhikkhus, what is


impermanent, is that suffering or happiness? Suffering, Bhante. Then, Bhikkhus what is
impermanent, suffering, and subject to change, is it fitting to regard it thus, "This is
mine, this is I, this is the self for me?" Not fitting, Bhante.

7
သညာ နိစ္စာ ဝါ အနိစ္စာ ဝါတိ။ အနိစ္စာ ဘန္တေ။ ယံ ပနာနိစ္စံ၊ ဒုက္ခံ ဝါ တံ သုခံ ဝါတိ။ ဒုက္ခံ ဘန္တေ။ ယံ
ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ၊ ကလ္လံ နု တံ သမနုပဿိတုံ ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာ
တိ။ နော ဟေတံ ဘန္တေ။

သညာသည် မြဲသလော မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသောသညာသည် ဆင်းရဲလော


ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန် ခြင်းသဘောရှိသော
သညာကို ဤသညာသည် ငါ့ဥစ္စာဖြစ်၏၊ ဤသညာသည် ငါဖြစ်၏၊ ဤသညာသည်
ငါ၏ကိုယ်အတ္တတည်းဟု ရှုခြင်းငှာ သင့်လျော်ပါမည် လော။ မသင့်လျော်ပါ အသျှင်ဘုရား။

Is perception permanent or impermanent? Impermanent, Bhante. And Bhikkhus, what


is impermanent, is that suffering or happiness? Suffering, Bhante. Then, Bhikkhus what
is impermanent, suffering, and subject to change, is it fitting to regard it thus, "This is
mine, this is I, this is the self for me?" Not fitting, Bhante.

သင်္ခါရာ နိစ္စာ ဝါ အနိစ္စာ ဝါတိ။ အနိစ္စာ ဘန္တေ။ ယံ ပနာနိစ္စံ၊ ဒုက္ခံ ဝါ တံ သုခံ ဝါတိ။ ဒုက္ခံ ဘန္တေ။ ယံ
ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ၊ ကလ္လံ နု တံ သမနုပဿိတုံ ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာ
တိ။ နော ဟေတံ ဘန္တေ။

သင်္ခါရတို့သည် မြဲသလော မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသောသင်္ခါရတို့သည် ဆင်းရဲလော


ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော
သင်္ခါရတို့ကို ဤသင်္ခါရတို့သည် ငါ့ဥစ္စာဖြစ်၏၊ ဤသင်္ခါရ တို့သည် ငါဖြစ်၏၊ ဤသင်္ခါရတို့သည်
ငါ၏ကိုယ် အတ္တတည်းဟု ရှုခြင်းငှာ သင့်လျော်ပါ မည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။

Is mental formation permanent or impermanent? Impermanent, Bhante. And Bhikkhus,


what is impermanent, is that suffering or happiness? Suffering, Bhante. Then, Bhikkhus
what is impermanent, suffering, and subject to change, is it fitting to regard it thus,
"This is mine, this is I, this is the self for me?" Not fitting, Bhante.

ဝိညာဏံ နိစ္စံ ဝါ အနိစ္စံ ဝါတိ။ အနိစ္စံ ဘန္တေ။ ယံ ပနာနိစ္စံ၊ ဒုက္ခံ ဝါ တံ သုခံ ဝါတိ။ ဒုက္ခံ ဘန္တေ။ ယံ
ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ၊ ကလ္လံ နု တံ သမနုပဿိတုံ ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာ
တိ။ နော ဟေတံ ဘန္တေ။

8
ဝိညာဏ်သည် မြဲသလော မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသောဝိညာဏ်သည် ဆင်းရဲလော
ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော
ဝိညာဏ်ကို ဤဝိညာဏ်သည် ငါ့ဥစ္စာဖြစ်၏၊ ဤဝိညာဏ်သည် ငါဖြစ်၏၊ ဤဝိညာဏ်သည်
ငါ၏ကိုယ်အတ္တတည်းဟု ရှုခြင်းငှာ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။

Is consciousness permanent or impermanent? Impermanent, Bhante. And Bhikkhus,


what is impermanent, is that suffering or happiness? Suffering, Bhante. Then, Bhikkhus
what is impermanent, suffering, and subject to change, is it fitting to regard it thus,
"This is mine, this is I, this is the self for me?" Not fitting, Bhante.

- ရုပ်တရားကို တဏှာ မာန ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ -


တသ္မာ တိဟ ဘိက္ခဝေ ယံကိဉ္စိ ရူပံ အတီတာ နာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ သြဠာရိကံ ဝါ
သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗံ ရူပံ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော
အတ္တာ တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။

ရဟန်းတို့ ထိုသို့ဖြစ်ခြင်းကြောင့် အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော၊ အတွင်း


အပြင်လည်းဖြစ်သော၊ အကြမ်း အနုလည်းဖြစ်သော၊ အယုတ် အမြတ်လည်း ဖြစ်သော၊ အဝေး
အနီးလည်းဖြစ်သော အလုံးစုံသော ရုပ်ကို ဤရုပ်သည် ငါ့ဥစ္စာမဟုတ်၊ ဤရုပ်သည် ငါမဟုတ်၊
ဤရုပ်သည် ငါ၏ကိုယ်အတ္တမဟုတ်ဟု ဤသို့ ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။

Therefore, Bhikkhus, being impermanent, suffering and subject to change, whatever


matter there is, be it past, future or present, inward or outward, gross or subtle, low or
lofty, far or near, matter of all kinds should be regarded by right wisdom, " This is not
mine, this I am not, this is not the self for me."

- ဝေဒနာတရားကို တဏှာ မာန ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ -


ယာကာစိ ဝေဒနာ အတီတာနာဂတပစ္စုပ္ပန္နာ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ သြဠာရိကာ ဝါ သုခုမာ ဝါ ဟီနာ ဝါ
ပဏီတာ ဝါ ယာ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗာ ဝေဒနာ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ တိ
ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။

အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော၊ အတွင်း အပြင်လည်းဖြစ်သော၊ အကြမ်း


အနုလည်းဖြစ်သော၊ အယုတ်အမြတ်လည်း ဖြစ်သော၊ အဝေးအနီးလည်း ဖြစ်သော အလုံးစုံသော

9
ဝေဒနာကို ဤ ဝေဒနာသည် ငါ့ဥစ္စာမဟုတ်၊ ဤဝေဒနာသည် ငါမဟုတ်၊ ဤ ဝေဒနာသည် ငါ၏
ကိုယ်အတ္တမဟုတ်ဟု ဤသို့ ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။

Therefore, Bhikkhus, being impermanent, suffering and subject to change, whatever


feeling there is, be it past, future or present, inward or outward, gross or subtle, low or
lofty, far or near, feeling of all kinds should be regarded by right wisdom, " This is not
mine, this I am not, this is not the self for me."

- သညာတရားကို တဏှာ မာန ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ -


ယာကာစိ သညာ အတီတာနာဂတပစ္စုပ္ပန္နာ အဇ္ဈတ္တံ ၀ါ ဗဟိဒ္ဓါ ဝါ သြဠာရိကာ ဝါ သုခုမာ ဝါ ဟီနာ ဝါ
ပဏီတာ ဝါ ယာ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗာ သညာ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ တိ
ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။

အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော၊ အတွင်းအပြင်လည်း ဖြစ်သော၊ အကြမ်း


အနုလည်းဖြစ်သော၊ အယုတ်အမြတ်လည်း ဖြစ်သော၊ အဝေးအနီးလည်း ဖြစ်သော
အလုံးစုံသောသညာကို ဤသညာသည် ငါ့ ဥစ္စာမဟုတ်၊ ဤသညာသည် ငါမဟုတ်၊ ဤသညာသည်
ငါ၏ကိုယ်အတ္တမဟုတ်ဟု ဤသို့ ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။

Therefore, Bhikkhus, being impermanent, suffering and subject to change, whatever


perception there is, be it past, future or present, inward or outward, gross or subtle,
low or lofty, far or near, perception of all kinds should be regarded by right wisdom, "
This is not mine, this I am not, this is not the self for me."

- သင်္ခါရတရားကို တဏှာ မာန ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ -


ယေကေစိ သင်္ခါရာ အတီတာနာဂတပစ္စုပ္ပန္နာ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ၀ါ သြဠာရိကာ ဝါ သုခုမာ ဝါ ဟီနာ ဝါ
ပဏီတာ ဝါ ယေ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗေ သင်္ခါရာ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ
တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။

အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော၊ အတွင်းအပြင်လည်း ဖြစ်သော၊ အကြမ်း


အနုလည်းဖြစ်သော၊ အယုတ် အမြတ်လည်းဖြစ်သော၊ အဝေး အနီးလည်း ဖြစ်သော အလုံးစုံသော
သင်္ခါရတို့ကို ဤသင်္ခါရတို့သည် ငါ့ဥစ္စာမဟုတ်ကုန်၊ ဤသင်္ခါရတို့သည် ငါမဟုတ်ကုန်၊
ဤသင်္ခါရတို့သည် ငါ၏ကိုယ်အတ္တမဟုတ်ကုန်ဟု ဤသို့ ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့်
ရှုရမည်။

10
Therefore, Bhikkhus, being impermanent, suffering and subject to change, whatever
mental formation there is, be it past, future or present, inward or outward, gross or
subtle, low or lofty, far or near, mental formation of all kinds should be regarded by
right wisdom, " This is not mine, this I am not, this is not the self for me."

- ဝိညာဏ်တရားကို တဏှာ မာန ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ -


ယံကိဉ္စိ ဝိညာဏံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ သြဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ
ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗံ ဝိညာဏံ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ တိ
ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။

အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော၊ အတွင်းအပြင်လည်း ဖြစ်သော၊ အကြမ်း


အနုလည်းဖြစ်သော၊ အယုတ်အမြတ်လည်း ဖြစ်သော၊ အဝေးအနီးလည်း ဖြစ်သော အလုံးစုံသော
ဝိညာဏ်ကို ဤဝိညာဏ်သည် ငါ့ဥစ္စာမဟုတ်၊ ဤဝိညာဏ်သည် ငါမဟုတ်၊ ဤဝိညာဏ်သည်
ငါ၏ကိုယ်အတ္တမဟုတ်ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။

Therefore, Bhikkhus, being impermanent, suffering and subject to change, whatever


consciousness there is, be it past, future or present, inward or outward, gross or subtle,
low or lofty, far or near, consciousness of all kinds should be regarded by right wisdom,
" This is not mine, this I am not, this is not the self for me."

- နိဗ္ဗိန္ဒဉာဏ်မှစ၍ မဂ်ကိစ္စတစ်ဆယ့်ခြောက်ချက်ဖြစ်ပုံ -
ဧဝံ ပဿံ ဘိက္ခဝေ သုတဝါ အရိယသာဝကော ရူပသ္မိမ္ပိ နိဗ္ဗိန္ဒတိ၊ ဝေဒနာယပိ နိဗ္ဗိန္ဒတိ၊ သညာယပိ
နိဗ္ဗိန္ဒတိ၊ သင်္ခါရေသုပိ နိဗ္ဗိန္ဒတိ၊ ဝိညာဏသ္မိမ္ပိ နိဗ္ဗိန္ဒတိ။ နိဗ္ဗိန္ဒံ ဝိရဇ္ဇတိ။ ဝိရာဂါ ဝိမုစ္စတိ။ ဝိမုတ္တသ္မိံ
ဝိမုတ္တမီတိ ဉာဏံ ဟောတိ။ ခီဏာ ဇာတိ။ ၀ုသိတံ ဗြဟ္မစရိယံ။ ကတံ ကရဏီယံ။ နာပရံ
ဣတ္ထတ္တာယာတိ ပဇာနာတိ။

ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် ရုပ်၌လည်း ငြီးငွေ့၏၊


ဝေဒနာ၌လည်း ငြီးငွေ့၏၊ သညာ၌လည်း ငြီးငွေ့၏၊ သင်္ခါရတို့၌လည်း ငြီးငွေ့၏၊ ဝိညာဏ်၌လည်း
ငြီးငွေ့၏၊ ငြီးငွေ့သော် စွဲမက်မှုကင်း၏၊ စွဲမက်မှုကင်းခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊
(ကိလေသာမှ) လွတ်မြောက်သော် (ကိလေသာမှ) လွတ်မြောက်ပြီဟု အသိဉာဏ်ဖြစ်ပေါ်၏၊
ပဋိသန္ဓေ နေမှုကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်(မဂ်)ကိစ္စကို ပြုပြီးပြီ၊ ဤမဂ်ကိစ္စအလို့ငှာ
တစ်ပါးသောပြုဖွယ် မရှိတော့ပြီဟု ဟောတော်မူ၏။

11
So seen, Bhikkhus, the well taught noble disciple is disgusted with matter, disgusted
with feeling, disgusted with perception, disgusted with mental formation, disgusted with
consciousness. So being disgusted, he is dispassionate. Through dispassion, he is free
from craving. When he is freed, he knows that it is freedom. Further he knows that
birth is ended. The Holy life has been lived. What was to be done has been done.
Nothing further has to be done for this noble path.

- ပဉ္စဝဂ္ဂီရဟန်းများ ရဟန္တာဖြစ်ပုံ -
ဣဒမဝေါစ ဘဂဝါ၊ အတ္တမနာ ပဉ္စဝဂ္ဂိယာ ဘိက္ခူ ဘဂဝတော ဘာသိတံ အဘိနန္ဒုန္တိ။ ဣမသ္မိံ စ ပန
ဝေယျာကရဏသ္မိံ ဘညမာနေ ပဉ္စဝဂ္ဂိယာနံ ဘိက္ခူနံ အနုပါဒါယ အာသဝေဟိ စိတ္တာနိ ဝိမုစ္စိံသူတိ။

မြတ်စွာ ဘုရားသည် ဤစကားကို မိန့်တော်မူ၏၊ ပဉ္စဝဂ္ဂီရဟန်းတို့သည် မြတ်စွာဘုရား မိန့်တော်မူသော


စကားကို နှစ်လိုသည်ဖြစ်၍ ဝမ်းမြောက်စွာ ခံယူကုန်ပြီ။

ဤဂါထာမဖက် သက်သက်သော ဒေသနာကို ဟောတော်မူအပ်သည်ရှိသော် ပဉ္စဝဂ္ဂီ ရဟန်းတို့၏


စိတ်တို့သည် မစွလ
ဲ မ်းမူ၍ အာသဝေါတို့မှ လွတ်မြောက်ကုန်၏။

This is what the Buddha had said and the group of five Bhikkhus was delighted and
rejoiced at what the Buddha had explained. After this explanation was done, the minds
of five Bhikkhus were freed from Asava; ( four Asava: desire, craving, wrong belief,
ignorance).

အနတ္တလက္ခဏသုတ္တံ နိဋ္ဌိတံ။
အနတ္တလက္ခဏသုတ် မြန်မာပြန် ပြီးပါပြီ။
Here ends the Anattalakhana sutta.

12

You might also like