၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဘောင်အတွင်းမှ တပ်မတော်၏ ဖက်ဒရယ်အမြင်

You might also like

Download as pdf or txt
Download as pdf or txt
You are on page 1of 10

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဘောင်အတွင်းမှ တပ်မတော်၏ ဖက်ဒရယ်အမြင်

မြန်မာ့နိုင်ငံရေး အသိပညာနယ်ပယ်အတွင်းမှ ဖက်ဒရယ်ဝေါဟာရ


၁၉၄၉ ခုနှစ် ဇွန်လတွင် ကျင်းပခဲ့တဲ့တိုင်းပြုပြည်ပြုလွှတ်တော်မှာ ဖာပွန်မဲဆန္ဒနယ်အမတ် စောဝီရီကျော်က ဗမာ
ပြည်ထောင်စု နိုင်ငံတော်ကို အင်္ဂလိပ်ဘာသာနဲ့ Union of Burma လို့ ဆိုရာမှာ ဇဝေဇ၀ါဖြစ်စေတဲ့အတွက်
ပြည်ထောင်စုဆိုတာကို Federal Union of Burma လို့ခေါ်ရင် အဓိပ္ပာယ် ပိုရှင်းမယ်ဆိုတဲ့အကြောင်း ဆွေးနွေး တင်ပြ
ခဲသ
့ ည်။ [တိုင်းပြုပြည်ပြုလွှတ်တော် စာတွဲ-၁၊ အစည်းအဝေးအမှတ် ၅၊ ၁၉၄၇၊ စာ-၁၂၆]။ အဲဒီဆွေးနွေးချက်နဲ့ပတ်
သက်ပြီး ဦးအောင်ဆန်းက “အခြေခံဥပဒေကို ပြဌာန်းရာမှာ ဗမာစာမူကိုပဲ အရင်းခံထားမှာ ဖြစ်တဲ့အတွက် ဗမာစကား
လုံးဖြစ်တဲ့ “ပြည်ထောင်စုနိုင်ငံတော်” ဆိုတာက အတည်ဖြစ်သည်။ အင်္ဂလိပ်စကားလုံး နာမည်ခေါ်လို့ ကောင်းအောင်
နာမည်ရွေးထားတာဖြစ်တဲ့အတွက် “ပြည်ထောင်စုနိုင်ငံတော်” ဆိုတဲစ
့ ကားလုံးက ပြည့်စုံတဲ့အဓိပ္ပာယ်ဆောင်ကြောင်း
ဆိုပြီး ပြန်လည်ဖြေရှင်းခဲ့သည်။ [တိုင်းပြုပြည်ပြုလွှတ်တော် စာတွ-ဲ ၁၊ အစည်းအဝေးအမှတ် ၅”၊ ၁၉၄၇၊ စာ-၁၄၂]။
၁၉၄၇ အခြေခံဥပဒေမှာ ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ အင်္ဂလိပ်ဘာသာနဲ့ဆိုရင် Union of Burma ဆိုတာ အတည်
ဖြစ်သွားခဲ့ပါသည်။ ဒါပေမဲ့ ဦးအောင်ဆန်းရဲ့ဖြေရှင်းချက်ကို ပြန်ပြီး စဉ်းစားကြည့်ရင် “ပြည်ထောင်စု” ဆိုတဲ့ ဗမာစကား
လုံး သုံးရာမှာ “ဖက်ဒရယ်” ဆိုတဲ့သဘော ပါဝင်ပြီးသားဆိုတဲ့အဓိပ္ပာယ်မျိုး ကောက်နိုင်ပါသည်။ အဲဒီလိုပဲ ဖက်ဒရယ်
ဆိုတာကို မြန်မာဘာသာပြန်ရာမှာ “ပဒေသရာဇ်” ဆိုပြီး ဝေါဟာရ ဖလှယ်ခဲတ
့ာ ရှိသည်။ ဒါကတော့ အဓိပ္ပာယ် ပိုရှုပ်
ထွေးပြီး နားလည်မှုလွဲမှားတာတွေ ဖြစ်စေပါသည်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဦးအုန်းဖေက သူ့ရဲ့ပင်လုံစစ်တမ်းစာအုပ်မှာ
“အင်္ဂလိပ်လို Federated Malay States ကို “မလေးပြည်ထောင်စု” ဟု ပြန်ဆိုခဲ့သော်လည်း Federated Shan
States ကိုမူ “ပဒေသရာဇ်ရှမ်းပြည်” လို့ မြန်မာလို ပြန်ဆိုခဲပ
့ါ လုံးဝလွမ
ှဲားခဲသ
့ ည်။ ယင်းအမှားကို အစဉ်အဆက် သုံးခဲ့
ကြသည်။ တဆက်တည်း Federal Council of Shan Chiefs ကိုလည်း “ရှမ်းပြည် ပဒေသရာဇ်ကောင်စီ” ဟု အလွယ်
တကူ ဘာသာပြန်လိုက်တဲအ
့ ခါ အဓိပ္ပာယ်တွေ ရှုပ်ထွေးမှု ဖြစ်ကုန်သည်” ဟု ရေးသားခဲ့ပါသည်။ [ဦးအုန်းဖေ၊ ၁၉၈၄၊
စာ – ၁၆၉]။ ဒါကြောင့်လည်း ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်း ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ဗိုလ်မှူးချုပ် အောင်ကြီးက
စစ်အာဏာသိမ်းရတဲ့အကြောင်းကို ရှင်းလင်းပြောကြားရာမှာ “ဖက်ဒရယ်” ဆိုတာကို “ပဒေသရာဇ်တွေနဲ့တွဆ
ဲ က်ပြီး
ဖက်ဒရယ်ဆိုတာ အမျိုးသားရေးဝါဒ၊ ပြည်နယ်စိတ်ဝါဒကို အရေခြုံထားခဲ့ကြောင်း၊ အတွင်းသဘောက ပဒေသရာဇ်ရဲ့
နောက်ဆုံး ဖောက်ပြန်မှုလို့ ယူဆခဲ့ကြောင်း၊ စော်ဘွားတွေက ပြည်မကနေ ခွထ
ွဲက်ပြီး သူတို့နယ်မှာ ပဒေသရာဇ်
လွှမ်းမိုးဖို့ လုပ်နေတာဖြစ်ကြောင်း” ဟု ဝေဖန်ခဲ့ပါသည်။ [ဟံသာဝတီသတင်းစာ၊ ၁၀ မတ်၊ ၁၉၆၂]။ ၁၉၆၂ ခုနှစ်၊
ဖေဖော်ဝါရီလ နှင့် မတ်လတွေမှာ ရန်ကုန်မြို့၊ ပြည်လမ်းမှာ ရှိတဲအ
့ သံလွှင့်ရုံသစ်ကြီးမှာ “ဖက်ဒရယ်ဆွေးနွေးပွဲ” ကို
ကျင်းပခဲ့ပါသည်။ [၁၉၅၈-၁၉၆၂ မြန်မာ့နိုင်ငံရေး (စတုတ္ထတ)ွဲ ၊ ၁၉၉၁၊ စာ – ၁၃၄]။ အဲ့ဒီဆွေးနွေးပွမ
ှဲာ ပြည်နယ်များ
ညီညွတ်ရေးအဖွဲ့ဥက္ကဋ္ဌ စ၀်ခွန်ချိုက “ပြည်ထောင်စုစစ်စစ်မူ (ဖက်ဒရယ်မူ)” ကို တင်သွင်းခဲ့ပြီး ပြည်ထောင်စုကြီးကို
ဖက်ဒရယ်မူအတိုင်း ပြန်လည်ပြင်ဆင်ဖွဲ့စည်းဖို့ အဆိုပြုခဲ့ပါသည်။ အဲဒီအဆိုကို တိုင်းရင်းသားခေါင်းဆောင်တွေကလဲ
ထောက်ခံဆွေးနွေးခဲ့သည်။ ဒါပေမဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ တင်သွင်းခဲ့တဲ့ ဖက်ဒရယ်မူဟာ ပြည်ထောင်စုကြီး
ကို အစိတ်စိတ်အမြွှာမြွှာ ဖြိုခွလ
ဲိုက်နိုင်တဲ့အ္တရာယ်ရှိနေကြောင်းဆိုတဲအ
့ ကြောင်းပြချက်နဲ့ ၁၉၆၂ ခုနှစ် မတ် ၂ ရက်မှာ
တပ်မတော်က နိုင်ငံတော်အာဏာကို သိမ်းယူခဲ့သည်။ အဲဒီအချိန်ကစလို့ တပ်မတော်ရဲ့အမြင်မှာ “ဖက်ဒရယ်” ဆိုတာ
“ပြည်ထောင်စုကြီးကို အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် ကြံစည်မှု” ဆိုတဲ့အဓိပ္ပာယ်မျိုး ဖြစ်သွားခဲ့ပါသည်။ ဒီအမြင်ဟာ
အချိန်ကြာလာတာနဲ့အမျှ တပ်မတော်ထဲမှာ ခိုင်ခိုင်မာမာကို အမြစ်တွယ်လာခဲ့ပါသည်။ “ဖက်ဒရယ်” လို့ဆိုလိုက်တာနဲ့
“ခွထ
ွဲက်ရေး” ကို ပြောဆိုတဲအ
့ ဆင့်အထိကို ကျဉ်းမြောင်းစွာ ဖွင့်ဆိုလာခြဲ့ ကသည်။ ဖက်ဒရယ်နဲ့ပတ်သက်ပြီး ၁၉၆၂
အာဏာသိမ်း တပ်မတော်အစိုးရရဲ့သဘောထားပုံ အဖြစ်အပျက်တစ်ခုကို ဥပမာအနေနဲ့ ရေးပြချင်ပါတယ်။ အရင်က
တောင်ကြီးမြို့ရဲ့ အထင်ကရ လမ်းမတော် လူစည်ကားလှတဲ့ ရပ်ကွက်မှာ စတိုးဆိုင်ကြီး တစ်ဆိုင် ရှိပါတယ်။ စတိုးဆိုင်
ရဲ့နာမည်ကတော့ “ဖက်ဒရယ်စတိုး” ပါ။ ၁၉၆၂ တပ်မတော်က အာဏာသိမ်းပြီးတော့ အဲဒီစတိုးဆိုင်ပိုင်ရှင်ကို ဖက်
ဒရယ်ဆိုတဲ့အမည်ကြောင့် ရဲဌာနမှာ စစ်ဆေးမေးမြန်းခဲ့ေ ကြာင်း [ဦးအုန်းဖေ၊ ၁၉၈၄၊ စာ-၁၆၉]။ နောက်ပိုင်း
“ဖက်ဒရယ်” ဆိုတဲ့အမည်ဟာ အဲဒီစတိုးဆိုင်ရဲ့ဆိုင်းဘုတ်ပေါ်က ပျောက်ကွယ်သွားခဲ့သလို မြန်မာ့နိုင်ငံရေး လောက
ထဲကလည်း ဆိတ်သုဉ်းပျောက်ကွယ်သွားခဲ့ရပါသည်။ တိုင်းရင်းသား ခေါင်းဆောင်တွေဘက်ကတော့ အတူထူထောင်
ခဲ့ကြတဲ့ ပြည်ထောင်စုရဲ့သဘောသဘာဝမှာ ဦးအောင်ဆန်း မိန့်ကြားခဲ့သလို “ဖက်ဒရယ်သဘော မပါဝင်တာ” ကို
သိလာတဲ့အတွက် “ဖက်ဒရယ်အနှစ်သာရ” နဲ့ပြည့်ဝတဲ့ပြည်ထောင်စုစစ်စစ် ဖော်ဆောင်ဖို့ ရည်မှန်းပြီး “ဖက်ဒရယ်မူ”
ကို “ပြည်ထောင်စုစစ်စစ်မူ” လို့ ၀ိသေသပြုပြီး တင်သွင်းခဲ့တာဖြစ်သည်။ [ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ဖွဲ့စည်း
အုပ်ချုပ်ပုံအခြေခံဥပဒေကို ပြည်ထောင်စုစစ်စစ် (Federal)မူအရဖြင့် ပြင်ဆင်ဆေ
ွဲ ရးအတွက် ရေးဆွတ
ဲ င်ပြခဲ့သော
ပြည်နယ်များ ညီညွတ်ရေးအဖွဲ့ချုပ်မှ စာတမ်း]။ “ဖက်ဒရယ်” ဆိုတာက သူတို့အတွက်ကျတော့ ပြည်ထောင်စုစစ်စစ်
ဆိုတဲ့အဓိပ္ပာယ် ဆောင်သည်ဟု မြင်နေသော်လည်း အဲဒီ “ပြည်ထောင်စုစစ်စစ်” ဆိုတာကို ဆွေးနွေးနေကြတုန်းမှာပဲ
တပ်မတော်က နိုင်ငံတော်အာဏာကို သိမ်းယူပြီး မြန်မာ့နိုင်ငံရေးကို အုပ် ချုပ်စိုးမိုးလိုက်ချိန်မှာတော့ မြန်မာ့နိုင်ငံရေး
လောကမှာ “ဖက်ဒရယ်” ဆိုတဲ့အသံဟာ ဆိတ်သုဉ်းခဲ့ရသည်။ သို့သော် နယ်စပ်ဒေသ အတိုက်အခံနိုင်ငံရေး လှုပ်ရှား
မှုတွေမှာတော့ “ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ရည်ရွယ်ချက်” ကို ဆက်လက်ကိုင်စြွဲ ပီး တိုက်ပွဲဝင်နေခဲ့ကြ
ပါသည်။ ပြည်တွင်းနိုင်ငံရေးလောကမှာလည်း ဖက်ဒရယ်အသံတွေ ဆိတ်သုဉ်းခဲ့ဆိုသော်လည်း ၁၉၈၈ အရေးတော်ပုံ
ကြီးနောက်ပိုင်းမှာတော့ စစ်အစိုးရကို အံတုတဲ့အနေနဲ့ ဖက်ဒရယ်သဘောတရားကို ထုတ်ပြတာမျိုးတွေတော့ တွေ့ရ
ကြောင်း အထူးသဖြင့် ၁၉၉၄ ခုနှစ်၊ မတ်လတွင် အမျိုးသားညီလာခံမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်
ဦးခင်မောင် (ပင်လုံ)က အဖွဲ့ချုပ်ရဲ့အကြံပြုချက်စာတမ်းကို ဖတ်ကြားရာမှာ “ကျွန်တော်တို့ နိုင်ငံကို ပြည်ထောင်စုစနစ်
(Federal System) ဖြင့် ဖွဲ့စည်းပြီး အာဏာသုံးရပ်ကို အဆင့်ဆင့်သောအာဏာပိုင်အဖွဲ့များကို ခွေ
ဲ ၀ခြွဲ ခား
အပ်နှင်းရေးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သဘောထား ဖြစ်သည်” ဟု ထည့်သွင်းပြောကြားခဲ့တာကို မှတ်
မှတ်ထင်ထင် တွေ့ခဲ့ရကြောင်း [နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွေ
ဲ ရးအတွက် နိုင်ငံတော်၊ နိုင်ငံတော်ဖွဲ့စည်း
တည်ဆောက်ပုံ နှင့် နိုင်ငံတော်သမ္မတ အခန်းများနှင့်စပ်လျဉ်း၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အကြံပြုချက်များ၊
၁၉၉၅၊ စာ-၅၁၈]။ စစ်အစိုးရဘက်က “ဖက်ဒရယ်” နဲ့ပတ်သက်လို့ အတော်လေးကို နားခါးနေချိန်မှာ အတိုက်အခံ
ပါတီကြီးတစ်ရပ်အနေနဲ့ ဖက်ဒရယ်စနစ်နဲ့အနာဂတ်ပြည်ထောင်စု တည်ဆောက်ရေးသဘောထားကို အတိအလင်း
ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။ စစ်အစိုးရကို နိုင်ငံရေးအရ အံတုရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဖက်ဒရယ်
စနစ်ဆိုတာကို သုံးခဲ့သော်လည်း “ဖက်ဒရယ်” လို့ ဆိုရာတွင် တိုင်းရင်းသားနိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ဖက်ဒရယ်
သဘောထား နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့သဘောထားက ထပ်တူညီတယ်လို့ ပြောဖို့တော့ ခက်ပါသည်။
၁၉၉၅ ခုနှစ်၊ ဇူလိုင်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စု
တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ် (UNLD) ခေါင်းဆောင်များနဲ့ တွေ့ဆုံပမ
ွှဲာ ဖက်ဒရယ်ကိစ္စနဲ့ပတ်သက်ပြီး
ဆွေးနွေးခဲ့တာ တွေ့ရပါသည်။ UNLD ခေါင်းဆောင် နိုင်ငွေသိမ်းက “ဖက်ဒရယ်ဆိုတာနဲ့ပတ်သက်ပြီး ဘယ်လိုကြောင့်
လဲ မသိဘူး။ Federal ဆိုတာ ခွထ
ွဲက်ရေးလို့ စစ်တပ်က အော်ခဲ့တာ ကျွန်တော်က ပြောပါတယ်။ Federal ဆိုတာ
ပေါင်းစပ်ရေးဘဲ ခေါ်ပါတယ်။ တိုင်းရင်းသားလူမျိုးများက Federal ကို တောင်းတာ ခွထ
ွဲက်ဖို့ တောင်းတယ်။ ဗမာတွေ
ကို ဆန့်ကျင်ဖို့ လုပ်တယ်ဆိုတဲ့အဓိပ္ပာယ် ပေါက်ပါတယ်။ ခုလို ကြွေးကြော်တဲ့အတွက် အင်မတန် ၀မ်းနည်းဖွယ်
ကောင်းတဲအ
့ ဖြစ်အပျက် ပေါ်လာတယ် ” ဆိုပြီး ပြောခဲ့ပါသည်။ [အောင်စောဦး၊ ၁၉၉၈၊ စာ-၄၈၄]။ အဲဒီမှာ
ဒေါ်အောင်ဆန်းစုကြည်က “Federal ဆိုတဲ့ကိစ္စ Federal ဆိုတာက အင်္ဂလိပ်စကားလုံးတစ်ခုပဲ ဖြစ်ပါတယ်။ Federal
ဆိုတာ ခြေ
ဲ ရး မဟုတ္ပါဘူး။ ကျွန်မတို့အားလုံး သိပြီးသားပါ။ ခြေ
ဲ ရးမဟုတ်ဘူးဆိုတာ ကျွန်မတို့ လက်ခံပါတယ်” လို့
ဆိုခဲ့ပါသည်။။ ဒါပေမဲ့ UNLD ဘက်က “ဖက်ဒရယ်နဲ့ပတ်သက်လို့ ရှစ်ပြည်နယ်မူ၊ တိုင်းရင်းသားတန်းတူရေးတွေ” ကို
ဆွေးနွေးခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ကတော့ “Federal ဆိုတာ ပုံစံအမျိုးမျိုး ရှိပါတယ်။ ဆိုတော့ Central
Government နဲ့ Local Government တို့ကြားထဲမှာ ဘယ်လို အာဏာခွရ
ဲ မယ်။ ဒါဟာ Federal ရဲ့ အဓိက
ပြဿနာပဲ။ ဒါကို ဆုံးဖြတ်ရမယ်။ နောက်ပြီး ပြည်ထောင်စုအစိုးရက ဘယ်လောက် အာဏာယူထားမလဲ။ ပြည်နယ်
အစိုးရက ဘယ်လောက် အာဏာယူပြီး ဘယ်လို အာဏာတွေကို အသုံးပြုမလဲ။ ဒီဟာကို ခွရ
ဲ မယ်။ နောက်ဆုံး
Federal ပြဿနာဟာ ဒါပဲ။ ဖက်ဒရယ်လို့ပဲ ခေါ်ခေါ်၊ ပြည်ထောင်စုလို့ပဲ ခေါ်ခေါ် ဘာမှ မခေါ်ချင်လည်း ရတယ်။
ကျွန်မတို့ဟာ ဘယ်လိုပဲခေါ်ခေါ် အရေးကြီးတာက ကျွန်မတို့ကြားမှာ အားလုံးသဘောတူညီတဲ့ပုံစံရှိတဲ့နိုင်ငံတစ်ခုကို
ဖော်ထုတ်ဖို့ပဲ” လို့ အစချီပြီး အဲဒီလိုနိုင်ငံသစ်တစ်ခုကို ဖော်ထုတ်ရာမှာ မဟာလူမျိုးကြီးဝါဒနဲ့ကျဉ်းမြောင်းတဲ့အမျိုး
သားရေးဝါဒတွေကို ဆန့်ကျင်ပြီး တိုင်းရင်းသားလူမျိုးအားလုံး သွေးစည်းညီညွတ်ရေးကို အစွမ်းကုန် ပူးပေါင်းဆောင်
ရွက်ကြရမယ်” ဆိုတဲ့သဘောထားကို ပြောကြားခဲ့ပါသည်။ [အောင်စောဦး၊ ၁၉၉၈၊ စာ-၄၈၆]။ အခြေခံအားဖြင့်တော့
ဖက်ဒရယ်ဆိုတာ ခွထ
ွဲက်ရေးမဟုတ်ဘူးဆိုတာကို သဘောတူကြပေမယ့် ဖက်ဒရယ်နဲ့ပတ်သက်လို့ အဓိကတိုင်းရင်း
သားနိုင်ငံရေးအင်အားစုတွေ နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြားမှာ သဘောထားချင်း တထပ်တည်းကျတယ်လို့
တော့ ပြောဖို့ ခက်နေကြောင်း ဒါကို ကြည့်ခြင်းအားဖြင့် မြန်မာ့နိုင်ငံရေးအသိပညာနယ်ပယ်မှာ ဖက်ဒရယ်နဲ့ ပတ်သက်
လို့ ကြွဲ ပားခြားနားမှု၊ ထွေပြားမှုတွေကို တွေ့မြင်နိုင်ပါလိမ့်မည်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ “ဖက်ဒရယ်ဘဲ ခေါ်
ခေါ်၊ ပြည်ထောင်စုပဲ ခေါ်ခေါ်၊ ဘာမှ မခေါ်ချင်လည်း ရတယ်” ဆိုပြီး ဒီပြဿနာကို ကျော်လွှားဖို့ ကြိုးစားတယ်လို့
မြင်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဒီစကားဟာ ၁၉၄၇ ခုနှစ်က တိုင်းပြုပြည်ပြုလွှတ်တော်မှာ စောဝီရီကျော်ရဲ့
အဆိုပြုချက်ကို သူမ၏ ဖခင် ဦးအောင်ဆန်း ပြန်ဖြေခဲ့တဲ့ Union/Federal Union အခေါ်အဝေါ်ကိစ္စကို ပြန်လည်ဖော်
ပြဖို့ လိုပါကြောင်း။ “ဖက်ဒရယ်” ဆိုတာ သာမန်နိုင်ငံရေးဝေါဟာရတစ်ခု ဆိုသော်လည်း မြန်မာ့နိုင်ငံရေး အသိပညာ
နယ်ပယ်မှာတော့ သာမန်ဝေါဟာရစကားလုံးတစ်လုံး ဆိုတာထက် အရေးကြီးပါသည်။ ဒီစကားလုံးကို ကျော်လွှား
လိုက်ပြီး မြန်မာ့နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းလို့ ဖြစ်နိုင်ပါ့မလားဆိုတာ အတော်လေး စဉ်းစားရမည့် ကိစ္စတစ်ခု
ပါသည်။ ဒီစကားလုံးဟာ စစ်အစိုးရတွေ လက်အောက်မှာ နိုင်ငံရေး အာပတ်သင့်တဲ့စကားလုံးတစ်လုံးအဖြစ် ခဏတာ
ဆိတ်ငြိမ်သွားခဲ့သော်လည်း ၂၀၁၀ ခုနှစ်မှ စတင်ပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေး နှင့် ရှေးအလားအလာ နိုင်ငံရေး
ကူးပြောင်းမှုမှာတော့ ဒီ “ဖက်ဒရယ်” ဆိုတဲ့ဝေါဟာရဟာ ပြန်လည် ခေတ်စားလာပြန်ပါသည်။

မြန်မာ့ ဒီမိုကရေစီ နှင့် ရှေးအလားအလာ နိုင်ငံရေး အသွင်ကူးပြောင်းမှု နှင့် ပြန်လည် ခေါင်းထောင်လာသော


ဖက်ဒရယ် ဝေါဟာရ
မြန်မာ့နိုင်ငံရေးပြဿနာရဲ့အဓိကအကျဆုံး အသွင်အပြင်တစ်ရပ်ဟာ “ပြည်တွင်းစစ်နဲ့တိုင်းရင်းသားပဋိပက္ခပြဿနာ”
ဆိုတာ မြန်မာ့နိုင်ငံရေးကို လေ့လာသုံးသပ်သူတွေအားလုံး သဘောတူ လက်ခံကြပါသည်။ လက်ရှိ ဒီမိုကရေစီ နှင့်
ရှေးဆက် နိုင်ငံရေးအသွင်ကူးပြောင်းမှုကို ဖော်ဆောင်နေချိန်မှာ အဓိကပြဿနာကို မဖြစ်မနေ ဖြေရှင်းရလိမ့်မည်။
အဲဒီလို ဖြေရှင်းတဲ့အခါမှာ ပြဿနာရဲ့ဆုံချက်ဖြစ်တဲ့ဖက်ဒရယ်ဆိုတဲ့ကိစ္စကလဲ ပြန်လည်ခေါင်းထောင်ထလာသည်။
၂၀၁၁ ခုနှစ် သြဂုတ်လတွင် နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်အစိုးရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း
များကို ငြိမ်းချမ်းရေး ဖိတ်ခေါ်ခဲ့ရာကနေ အစပြုပြီး ဒီမိုကရေစီ နှင့် ရှေးဆက် နိုင်ငံရေးအသွင်ကူးပြောင်းမှုဖြစ်စဉ်ထဲမှာ
အစိုးရသစ်ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဖော်ဆောင်လာခဲ့ခြင်း အဲဒီလို ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စတာနဲ့အတူ တိုင်း
ရင်းသားလက်နက်ကိုင်အဖွဲ့များ၊ တိုင်းရင်းသားအဖွဲ့အစည်းများကလည်း ဖက်ဒရယ်ကိစ္စကို ပြန်လည်ရှေ့တန်းတင်
လာကြသည်။ ဒီအရွေ့မှာ အရင်က “ဖက်ဒရယ်” ဆိုတဲအ
့ သံကိုတောင် မကြားချင်ဘူးလို့ဆိုကြတဲ့ အရပ်သားအသွင်
ပြောင်းတပ်မတော်ခေါင်းဆောင်တွေဟာ ဖက်ဒရယ်ဆိုတဲ့အသုံးအနှုန်းကို ပြန်လည်လက်ခံသုံးစွဲလာကြတာကို တွေ့ ရ
ပါသည်။ စစ်အစိုးရလက်ထက်မှာ နံပါတ်သုံး ခေါင်းဆောင်လို့ ဆိုကြတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး
ဟောင်း သူရဦးရွှေမန်းက “အသွင်ကူးပြောင်းမှု အစောပိုင်းကာလမှာလည်း မြန်မာနိုင်ငံဟာ ဖက်ဒရယ် ပြည်ထောင်စု
စနစ်ကို ဖော်ဆောင်ဖို့” လိုသည်ဟု ထုတ်ပြောဆိုလာခဲ့ကြောင်း [Min Zin, 13 September, 2013 ]။ နောက်ထပ်
စစ်ခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်တဲ့ သမ္မတဟောင်း ဦးသိန်းစိန်ကိုယ်တိုင်ကလည်း “မြန်မာနိုင်ငံအနေနဲ့ဖက်ဒရယ်
အယူအဆကို လက်ခံမယ်” လို့ ပြောလာခဲ့သလို ဦးသိန်းစိန်အစိုးရအဖွဲ့မှာ ငြိမ်းချမ်းရေးလုပ်ငန်းတွေကို အဓိက
တာဝန်ယူဆောင်ရွက်နေတဲ့ ဗိုလ်ချုပ်ဟောင်း ဦးအောင်မင်းကလည်း “တပ်မတော်အနေနဲ့ ဖက်ဒရယ်သဘောတရား
ဟာ စိုးရိမ်ပူပန်စရာ မဟုတ်တော့ဘူး” လို့ ထုတ်ဖော်ပြောကြားလာခဲ့ကြောင်း [Steinberg, 26 February, 2015]။
ဦးအောင်မင်းပြောခဲ့တ့စ
ဲ ကားဟာ အတော်လေးစိတ် ၀င်စားဖို့ ကောင်းပါကြောင်း “ဖက်ဒရယ်ကြောင့် တိုင်းပြည်ပြိုကွဲ
မယ့် အန္တရာယ်ရှိလို့ အာဏာသိမ်းပြီး ကယ်တင်ခဲ့ရတာပါလို့ တလျှောက်လုံးပြောပြီး သူ့ရဲ့ နိုင်ငံရေးအာဏာမဏ္ဍိုင်ကို
ခိုင်မာအောင် တည်ဆောက်ခဲ့တဲ့တပ်မတော်အနေနဲ့ အခု လက်ရှိဒီမိုကရေစီ နှင့် ရှေးဆက် နိုင်ငံရေး အသွင်ကူးပြောင်း
မှုမှာတော့ ဖက်ဒရယ်ကို မစိုးရိမ်တော့ဘူး၊ လက်ခံလာနိုင်ခြေရှိတယ်” ဆိုတာဟာ တကယ့်ကို စိတ်ဝင်စားစရာကောင်း
တဲ့အရွေ့တစ်ခု ဖြစ်ပါသည်။။ ဖက်ဒရယ်ကို မစိုးရိမ်တော့တဲ့တပ်မတော်ဟာ ဖက်ဒရယ်၏ သဘောတရားတွေကိုပါ
အကျအန လေ့လာလာတာကို သုံးသပ်ရပါသည်။ [Aung Naing Oo, 21 August, 2014]။

လက်ရှိ သွားနေဆဲ ဒီမိုကရေစီ နှင့် ရှေးဆက် နိုင်ငံရေး အသွင်ကူးပြောင်းမှုမှာ တပ်မတော်အနေနဲ့ ဖက်ဒရယ်ကို


လက်ခံလာဆိုသော်လည်း ချက်ချင်းကြီး လက်ခံလာတာမျိုး မဟုတ်သေးကြောင်း ယူဆပါသည်။။ အင်စတီကျူးရှင်း
တစ်ခုအနေနဲ့ ဖက်ဒရယ်ဆိုတဲ့သဘောတရားကို ဘယ်လိုမျိုး လက်ခံလာလဲဆိုတဲ့ ဖြစ်ပေါ်တိုးတက်မှုကို လေ့လာ
စောင့်ကြည့်သင့်ပါသည်။ အစောပိုင်းက ဖက်ဒရယ်ဆိုတာကို ခွထ
ွဲက်ရေးနဲ့ ညီမျှခြင်းချထားတဲ့ တပ်မတော်ဟာ
တဖြည်းဖြည်းနဲ့ ဖက်ဒရယ်ဆိုတဲ့စကားလုံးကို စပြီး သုံးစွလ
ဲာခဲ့ပါသည်။။ ဒါပေမဲ့ ဖက်ဒရယ်ကို အပြည့်အ၀ လက်ခံတာ
မျိုး မဟုတ်သေးပါ။ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလတွင် ဗွီအိုအေသတင်းဌာနက ကိုသန်းလွင်ထွန်းနဲ့ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံ
မေးမြန်းခန်းမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “အင်း ….. ပြဿနာကတော့
ဖက်ဒရယ်ရဲ့ Definition ပေါ့။ အဲဒီတော့ အရင် ကျွန်တော်တို့ရဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း
ပြောသွားတာ ရှိတယ်။ ယူနီယံတို့၊ ဖက်ဒရယ်တို့ ပြောတာ စကားရှုပ်ပါတယ်ကွာတဲ့။ Wording ကတော့ ကျွန်တော်
အတိအကျ မဟုတ်ဘူးပေါ့နော်။ အဲဒီသဘောပေါ့။ ရှုပ်တယ်။ တို့ မြန်မာလိုပဲ ပြည်ထောင်စုပဲ ခေါ်တာကောင်းတယ်
ဆိုပြီးတော့ ပြည်ထောင်စုဆိုတဲ့အသုံးအနှုန်းကလေး သူ စခဲ့တာပါ။ ဒီစကားလုံးကလေး ကျွန်တော်တို့  မှတ်သားမိဖူးပါ
တယ်။ အရေးကြီးတာက ဖက်ဒရယ်တို့၊ ပြည်ထောင်စုတို့ အဓိပ္ပာယ်လိုချင်တာ လျှောက်ဆွဲထုတ်မယ့်အစား တကယ်
တော့ ကျွန်တော်တို့ တိုင်းရင်းသားအားလုံး စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ နေဖို့အတွက်ပေါ့လေ” လို့ ပြောကြားခဲ့ပါ
သည်။ [သန်းလွင်ထွန်း၊ ၂၀၁၄၊ စာ – ၄၈-၄၉။] ဖက်ဒရယ်ရဲ့ဖွင့်ဆိုချက်ကို ပြောကြားရာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်
လှိုင်အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ကိုးကားပြီး အခေါ်အဝေါ်ထက် “တိုင်းရင်းသားအားလုံး စုစုစည်းစည်း ညီညီညွတ်
ညွတ်နေဖို့ အရေးကြီးတယ်ဆိုတဲ့သဘောမျိုး” ကို ပြောခဲ့သည်။ ဒီနေရာမှာ ၁၉၉၅ ခုနှစ်က UNLD ခေါင်းဆောင်များနဲ့
တွေ့တော့ ဒေါ်အောင်ဆန်းစုကြည်က “ဖက်ဒရယ်ပဲ ခေါ်ခေါ်၊ ဘာဘဲ ခေါ်ခေါ် တိုင်းရင်းသားလူမျိုး သွေးစည်းညီညွတ်
ရေးကို အစွမ်းကုန် ပူးပေါင်းဆောင်ရွက်သွားကြဖို့” ဆိုပြီး ပြောခဲ့တာကို ပြန်အမှတ်ရမိစေပါသည်။ ထပ်ပြီး စဉ်းစားစရာ
ကောင်းတာ တစ်ချက်က တိုင်းရင်းသားခေါင်းဆောင်တွေက ဖက်ဒရယ်ဆိုတာနဲ့ တိုင်းရင်းသားတန်းတူရေးကို အလေး
ပေး ပြောလေ့ရှိကြပြီး၊ မြန်မာ့ခေါင်းဆောင်တွေက နာမည်အခေါ်အဝေါ်ကို အလေးမထားဖို့၊ တိုင်းရင်းသားစည်းလုံး
ညီညွတ်ရေးသဘောတို့ကို ပိုပြီး အလေးပေး ပြောတတ်ကြတာကို သတိပြုမိပါသည်။ တကယ်တော့ “တိုင်းရင်းသား
စည်းလုံးညီညွတ်ရေး” ဆိုတာကလည်း စစ်အစိုးရခေတ်တစ်လျှောက်လုံးမှာ အဓိကကျတဲ့ နိုင်ငံရေး ရည်မှန်းချက်
တစ်ရပ်အဖြစ် ချမှတ်ခဲ့သည်။ ယင်းတို့အား … “ပြည်ထောင်စု ပြိုကွမ
ဲ ယ့်အန္တရာယ်ကနေ ကယ်တင်လိုက်တဲ့ ကယ်တင်
ရှင်အဖြစ် မိမိကိုယ်ကို နိုင်ငံရေး ဈာန်းတင်ထားတဲ့စစ်အစိုးရအနေနဲ့ ပြည်ထောင်စု မပြိုကွဖ
ဲို့အတွက် တိုင်းရင်းသားတွေ
စည်းလုံးညီညွတ်ရမယ်ဆိုတဲ့အချက်ကို နိုင်ငံရေး ရည်မှန်းချက်အနေနဲ့ ချမှတ်ပြီး ကျယ်ကျယ်ပြန့်ပြန့်နဲ့ လူ့အဖွဲ့
အစည်းထဲမှာ အတွေးအခေါ်သွတ်သွင်းခဲ့ခြင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဟာ စစ်အစိုးရခေတ်ရဲ့ ပင်မဆောင်
ပုဒ်တစ်ခုဖြစ်ခဲ့ပြီး၊ ၂၀၀၈ အခြေခံဥပဒေရဲ့ နိုင်ငံရေးအခြေခံမူတွေထဲမှာကို ထည့်သွင်းပြဌာန်းခဲ့ခြင်း၊ ဒါပေမဲ့ တိုင်းရင်း
သားတွေဘက်ကတော့ “တိုင်းရင်းသားတန်းတူညီမျှမှု မရှိဘဲ တိုင်းရင်းသားတွေ စည်းလုံးညီညွတ်ဖို့ မလွယ်ဘူး” ဆိုတဲ့
အတွေးအခေါ်ဘက်ကနေ ရပ်ခံပြီး ပြောဆိုကြတာကို တွေ့ရပါသည်။ [ဆလိုင်းလျန်မှုန်းဆာခေါင်း၊ ၂၀၁၅၊ စာ – ၁၃၄]
ဒါကလည်း ဖက်ဒရယ်နဲ့အတူ ဖြစ်ပေါ်နေတဲ့ကွလ
ွဲခ
ျဲက် ဖြစ်ပါကြောင်း ဒီလို ကွလ
ွဲချက်တွေ ရှိနေသော်လည်း လက်ရှိ
လုပ်ဆောင်နေဆဲ ဒီမိုကရေစီ နှင့် ရှေးဆက် နိုင်ငံရေးအသွင်ကူးပြောင်းမှုအရွေ့မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အရှိန်မြင့်
တာနဲ့အမျှ တပ်မတော်အနေနဲ့ ဖက်ဒရယ်ဆိုတာကို ပုံသဏ္ဍန်အားဖြင့်၊ စကားလုံးအားဖြင့် တရွေ့ရွေ့ လက်ခံလာတာ
ကို လေ့လာသုံးသပ်မိပါသည်။ ၂၀၁၄ ခုနှစ် အင်တာဗျူးမှာ “ဖက်ဒရယ် ဆိုတဲအ
့ သုံးအနှုန်းထက် ပြည်ထောင်စု ဆိုတဲ့
အသုံးအနှုန်းက ပိုကောင်းတယ်” လို့ ဆိုခဲ့တဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၁၅
ခုနှစ် ဖေဖော်ဝါရီလအတွင်း Eleven မီဒီယာနဲ့ ပြုလုပ်ခဲ့တ့အ
ဲ င်တာဗျူးမှာတော့ “ဖက်ဒရယ်နဲ့ပတ်သက်ရင်တော့ အခု
သွားနေတဲလ
့ မ်းကြောင်းကလည်း ဖက်ဒရယ်ကို အခြေခံထားတဲ့၊ ဒီမိုကရေစီအဆင့် ကျင့်သုံးတဲ့ပြည်ထောင်စုနိုင်ငံတခု
ဖြစ်ပါတယ်” ဆိုပြီး ပြောကြားခဲ့ပါကြောင်း [Eleven Media, 2 July, 2015]။ အဲဒီလိုပဲ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်း
သားခေါင်းဆောင်များ အကြေအလည်ဆွေးနွေးရေးဆွဲခဲ့ကြတဲ့ “တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ
စာချုပ် (NCA)” ရဲ့အခြေခံမူမှာလည်း “ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေး
ဆွေးနွေးပွရ
ဲ လဒ်များနှင့်အညီ တည်ဆောက်သွားရန် ” ဆိုတဲမ
ူ့ကို သဘောတူ ထည့်သွင်းခဲ့ခြင်း [အခြေခံမူများ၊ ၁(က)၊
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်များအကြား ချုပ်ဆိုသော
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်၊ ၂၀၁၅]။ အဲဒီ သဘောတူစာချုပ်ကို ၂၀၁၅ ခုနှစ်
အောက်တိုဘာလတွင် လက်မှတ်ရေးထိုးခဲ့ရာမှာ တပ်မတော်ကလည်း သဘောတူ လက်မှတ်ရေးထိုးခဲ့ခြင်း၊ အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ် အာဏာလွှဲပြောင်းယူအပြီး ၂၀၁၆ ခုနှစ် မတ်လအတွင်း ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်း
လင်းပွမ
ှဲာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ပြည်ထောင်စု တည်ဆောက်ရေးနဲ့ပတ်
သက်ပြီး ကျွန်တော်တို့ ပြောခဲ့ပြီးပါပြီ။ အရေးကြီးတာကတော့ တိုင်းရင်းသားအားလုံး တန်းတူညီမျှမှုကို အာမခံချက်
ပေးနိုင်ဖို့ပါပဲ။ ဒါကလည်း အခြေခံဥပဒေထဲမှာ ထည့်သွင်း ပြဌာန်းထားပြီးသားပါ” လို့ ထုတ်ဖော် ပြောကြားခဲ့ပါသည်။
[Senior General Min Aung Hlaing Facebook, 6 May, 2016]။ ဒီမိုကရေစီအသွင်ကူးပြောင်းမှုကာလရဲ့အစောပိုင်း
ကာလတွေမှာ တပ်မတော်အနေနဲ့ ဖက်ဒရယ်ဆိုတာကို စကားလုံးအနေနဲ့ကို လက်ခံဖို့ ခက်ခဲခဲ့ပေမယ့် နောက်ပိုင်းမှာ
တော့ တဖြည်းဖြည်း လက်ခံလာခဲ့ခြင်း၊ ဒီလို လက်ခံရာမှာလည်း အစောပိုင်းက ဖက်ဒရယ်ဆိုတာထက် ပြည်ထောင်စု
ဆိုတဲ့ဝေါဟာရကို ပိုအသားပေးခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဖက်ဒရယ်ဆိုတဲ့ဝေါဟာရကို လက်ခံလာတဲ့ သဘော
ထားမျိုး ပြသခဲ့သော်လည်း “လက်ခံတယ်” ဆိုရာတွင် “တိုင်းရင်းသားတွေ ပြောနေကြတဲ့ဖက်ဒရယ်ပုံစံမျိုးကို လက်ခံ
တာ မဟုတ်ဘဲ၊ လက်ရှိသွားနေတဲ့လမ်းကြောင်းဟာ ဖက်ဒရယ်လမ်းကြောင်းပဲ။ လက်ရှိ အခြေခံဥပဒေထဲမှာလည်း
ဖက်ဒရယ်အသွင်လက္ခဏာတွေ ပါဝင်နေတယ်” ဆိုပြီး ဖက်ဒရယ်ကို လုံးဝငြင်းတာမျိုး မလုပ်တော့ဘဲ ပါးနပ်စွာနဲ့
ဖက်ဒရယ်ကို သူ့ရဲ့ အခြေခံဥပဒေအထိုင်ထဲမှာ အထိုင်ချလာတာကို လေ့လာသုံးသပ်မိပါသည်။ ဒီအထိုင်ချမှုဟာ ပြီးခဲ့
တဲ့ ၂၁ ရာစု ပင်လုံညီလာခံတွေမှာတော့ အတော်လေးကို ထင်ထင်ရှားရှား ပေါ်ထွက်လာခဲ့သည်။။ အထူးသဖြင့်
တပ်မတော်သားကိုယ်စားလှယ်တွေက စာတမ်းတွေ ဖတ်ကြားတင်သွင်းရာ “၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေမှာ ပါရှိတဲ့
ဝိသေသလက္ခဏာရပ်များ” ဆိုတဲ့စာတမ်းကို အပိုင်း ၃ ပိုင်းခြွဲ ပီး၊ အလေးအနက်ထား တင်ပြလာခဲတ
့ာကို တွေ့ရှိရပေ
သည်။

၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ ဘောင်အတွင်းမှ တပ်မတော်၏ ဖက်ဒရယ်အမြင်


မြန်မာ့ လက်ရှိဒီမိုကရေစီ နှင့် ရှေးဆက် နိုင်ငံရေးအသွင်ကူးပြောင်းရေး ဖြစ်စဉ်မှာ တပ်မတော်ဟာ “အခြေခံဥပဒေခံ
ကတုတ် (Constitutional Bunker))” ထဲမှာ အခိုင်အမာ နေရာယူထားပြီး၊ ၂၀၀၈ အခြေခံဥပဒေဟာ “တပ်ရဲ့နိုင်ငံရေး
အိုင်ဒီယော်လော်ဂျီ ကြေညာစာတမ်း (Political Ideology Manifesto)” သဘောမျိုး ဖြစ်နေတာကို လေ့လာတွေ့ရှိရ
သည်။ ၂၀၀၈ အခြေခံဥပဒေရဲ့ နိုင်ငံတော်အခြေခံမူတွေထဲမှာ “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်း
ကဏ္ဍတွင် တပ်မတော်က ပါဝင် ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်” လို့ အတိအလင်း ရေးသား
ပြဌာန်းထားခဲ့ခြင်း [အခန်း(၁)၊ အပိုဒ် (၆၊ စ) နိုင်ငံတော်အခြေခံမူများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ
အခြေခံဥပဒေ ၂၀၀၈ ခုနှစ်]။ တပ်မတော်ရဲ့နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍကို အာမခံချက်ပေးထားပြီး တပ်မတော်
ရဲ့ နိုင်ငံရေးပါဝင်မှုကိုပါ အသေးစိတ် ပြဌာန်းပေးထားတဲ့ ဒီအခြေခံဥပဒေဟာ တပ်မတော်အတွက်တော့ နိုင်ငံရေး
အိုင်ဒီယော်လော်ဂျီတွေကို ဖွင့်ဆိုပြထားတဲ့ကြေညာစာတမ်းလို့ ပြောရင် မမှားပါဘူး။ တကယ်တော့ “နိုင်ငံရေး အိုင်ဒီ
ယော်လော်ဂျီ” ဆိုတာ နေ့ချင်းညချင်း ပေါ်ထွန်းလာတာမျိုး မဟုတ်ပါဘူး။ သမိုင်းကြောင်း ချီပြီး ဖြစ်ထွန်းလာတာမျိုးပါ။
စစ်တပ်တွေရဲ့ နိုင်ငံရေးအိုင်ဒီယော်လော်ဂျီတွေကို လေ့လာတဲ့ ဗွန်ဒွန်းဆိုတဲ့ ပညာရှင်က စစ်တပ်တစ်ခုရဲ့  နိုင်ငံရေး
အိုင်ဒီယော်လော်ဂျီဆိုတာ “စစ်တပ်ထဲက ပေါ်ထွက်လာတာမျိုး မဟုတ်ဘဲ နိုင်ငံရေး လှုပ်ရှားမှုတွေနဲ့ ခေါင်းဆောင်တွေ
ဆီကနေ ပေါက်ဖွားလာတာမျိုး ဖြစ်တယ်” လို့ ဆိုခဲ့ကြောင်း [Doorn, 1971, p. XVIII)]။ လွတ်လပ်ရေး လှုပ်ရှားမှုနဲ့
အတူ မွေးဖွားလာတဲ့ မြန်မာ့တပ်မတော်ရဲ့ နိုင်ငံရေး အိုင်ဒီယော်လော်ဂျီဟာ ဒီနိုင်ငံရေးလှုပ်ရှားမှုကြီးကနေ စတင်ပြီး
တဖြည်းဖြည်း ဖြစ်ပေါ်တိုးတက်လာခဲ့သည်ဟု သုံးသပ်ရင် မမှားပါ။ ဗိုလ်ချုပ်ကြီးနေ၀င်းပြောခဲ့သလို “တပ်မတော်ဟာ
အမာခံ နိုင်ငံရေးသမားတွေနဲ့ ဖွဲ့ စည်းထားခဲ့တာဖြစ်ပြီး စတင် မွေးဖွားလာချိန်ကတည်းက နိုင်ငံရေးအခန်းကဏ္ဍက
ကပ်ပါလာခဲ့သည်” [Hnin Yi, 2014, p. 2014]။ ဒီနိုင်ငံရေးအခန်းကဏ္ဍဟာ ပြည်တွင်းစစ်၊ ကူမင်တန် ကျူးကျော်စစ်
တုိက္ပြေ
ဲ တွ တိုက်ခဲ့ရတာတွေ၊ နိုင်ငံတော်တည်ဆောက်ရေး (State Building) လုပ်ငန်းစဉ်တွေမှာ ပါဝင် ဆောင်ရွက်
ခဲရ
့ တာတွေ၊ နိုင်ငံရေးအာဏာသိမ်းယူမှုတွေကြောင့် တဖြည်းဖြည်းနဲ့ နိုင်ငံရေးအိုင်ဒီယော်လော်ဂျီအဖြစ် ဖွံ့ထွားလာခဲ့
ခြင်း၊ စစ်တပ်တစ်ခုရဲ့ နိုင်ငံရေးအိုင်ဒီယော်လော်ဂျီမှာ “နိုင်ငံရေးသဘောတရား (Political Doctrine) နဲ့ နိုင်ငံရေး
အကျိုးစီးပွား (Political Interest)” ဆိုတဲ့ မျက်နှာစာနှစ်ဖက်ရှိတာကို လေ့လာသုံးသပ်ရပါသည်။ မိမိသာ နိုင်ငံကို
ကယ်တင်သူ၊ မိမိသာနိုင်ငံကို ပဲ့ကိုင်ပေးနိုင်သူ Guardianship ဆိုတဲအ
့ ယူအဆဟာ တပ်ရဲ့နိုင်ငံရေးသဘောတရားပဲ
ဖြစ်ပါသည်။ လွတ်လပ်ရေးနဲ့အတူ စတင်ခဲ့တဲ့ ပြည်တွင်းစစ်ကို ကာလကြာရှည် တိုက်ခဲ့ရသလို ကူမင်တန် ပြည်ပ
ကျူးကျော်စစ်ကို တိုက်ခိုက်အောင်မြင်ခဲ့တဲ့တပ်မတော်ဟာ မိမိသာ မကယ်တင်ရင် တိုင်းပြည်ဟာ အစိတ်စိတ် အမြွှာ
မြွှာ ပြိုကြွဲ ပီး အချုပ်အခြာအာဏာလည်း ဆုံးရှုံးရမယ်ဆိုတဲ့ကယ်တင်ရှင်အမြင် ၀င်လာတာ ဆန်းတော့ မဆန်းပါဘူး
မြင်မိကြောင်း၊ အဲဒီလိုပဲ နိုင်ငံရေးရဲ့ အားနည်းလှတဲ့အခြေအနေအရပ်ရပ်ကြောင့် နိုင်ငံတော်ကို စတင်ထူထောင်
ကတည်းက နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းစဉ်မှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်ခဲ့ရသလို ၁၉၅၈ မှာဆိုရင် နိုင်ငံ
တော်ရဲ့အခြေအနေကြောင့် အရပ်သားအစိုးရအနေနဲ့ တပ်ကို အာဏာအပ်နှင်းခဲ့ရခြင်း၊ ဒီဖြစ်စဉ်တွေဟာ တပ်မတော်
ထဲမှာ သူတို့ဟာ နိုင်ငံတော်ရဲ့ ပဲ့ကိုင်သူတွေဖြစ်တယ်ဆိုတဲ့အယူအဆ ထွန်းကားအောင် တွန်းပို့ပေးခဲ့ခြင်း၊ ဒါတွေနဲ့
အတူ ၁၉၆၂ ခုနှစ်မှာ စစ်အာဏာသိမ်းပြီး ကာလရှည်ကြာ အုပ်စိုးခဲ့ပြီးတဲ့နောက်မှာ အကျိုးစီး ပွားတွေပါ ယှဉ်တြွဲ ဖစ်
ထွန်းလာခဲ့ကြသည်။ ဒီလိုသဘောတရားနဲ့အကျိုးစီးပွားတို့ ဆုံစည်းမိတဲ့အခါမှာတော့ တပ်မတော်ရဲ့ နိုင်ငံရေး အိုင်ဒီ
ယော်လော်ဂျီဟာ ဖွံ့ဖွံ့ထွားထွား ပေါ်ထွက်လာပေသည်။ ခေတ်အဆက်ဆက် တပ်မတော် ခေါင်းဆောင်တွေဟာ
တပ်မတော်ရဲ့ နိုင်ငံရေးအခန်းကဏ္ဍနဲ့ နိုင်ငံရေးအိုင်ဒီယော်လော်ဂျီကို တပ်မတော်အတွင်းမှာ စိမ့်ဝင်ပျံ့နှံ့စေဖို့အတွက်
အစဉ်တစိုက် သဘောတရား သွတ်သွင်းခဲ့သလို တပ်မတော်ရဲ့ပညာရပ်အဆောက်အအုံတွေ၊ တပ်မတော်အတွင်းက
လူမှုဆက်ဆံရေးဖြစ်စဉ်တွေကလည်း ယင်းသွတ်သွင်းမှုဖြစ်စဉ်ကို ပိုမိုခိုင်မာ အားကောင်းစေခဲ့ပါသည်။ သိပ်မကြာ
သေးခင်ကပဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “မြန်မာ့တပ်မတော်ဟာ ခိုင်မာအား
ကောင်းတဲအ
့ မျိုးသားနိုင်ငံရေးအင်အားစုဖြစ်ပြီး ခေတ်အဆက်ဆက် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးလမ်းကြောင်းမှာ နက်
နက်ရှိုင်းရှိုင်းကို ပါဝင်ဆောင်ရွက်ခဲ့ပါတယ်” လို့ မှတ်ချက်ပြုပြောကြားခဲ့ပါသည် [Myawaddy, 9 November, 2016]။
နောက်ဆုံးမှာတော့ ဒီနိုင်ငံရေးအိုင်ဒီယော်လော်ဂျီကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ တရားဝင်ကို
ထည့်သွင်းပြဌာန်းလိုက်ခဲ့ကြောင်း၊ တပ်မတော်အနေနဲ့ မရေရာ မသေချာမှုများ ကြီးစိုးနေတဲ့အသွင်ကူပြောင်းမှု ကာလ
မှာ ကိစ္စရပ်တိုင်းကို သူ့ရဲ့နိုင်ငံရေးအိုင်ဒီယော်လော်ဂျီဖြစ်တဲ့ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ အထိုင်ကနေ ချဉ်းကပ်
ဆောင်ရွက်တာကို အထင်အရှား တွေ့ရပါသည်။ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုတွေအားလုံးကို ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံ
ဥပဒေမူဘောင်ထဲကို သွတ်သွင်းဖို့လည်း ဖိအားပေးတဲ့နည်းနဲ့ရော၊ ဆွေ
ဲ ဆာင်စည်းရုံးတဲန
့ ည်းနဲ့ပါ အစဉ်မပြတ် ကြိုးစား
နေတာကို တွေ့ရှိရသည်။ ဒီအခင်းအကျင်းမှာ ခေတ်သစ် မြန်မာ့နိုင်ငံရေးသမိုင်းတစ်လျှောက်လုံး အငြင်းပွားစရာ ဖြစ်
ခဲ့ရတဲ့ ဖက်ဒရယ်သဘောတရားကို ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ မူဘောင်ထဲကို သွတ်သွင်းဖို့ ကြိုးစားတာကလည်း
သိပ်အံ့သြစရာ မကောင်းလှပါဘူး။ ဒီလို သွတ်သွင်းရာမှာလည်း ပထမပိုင်းမှာ တပ်မတော်ကာကွ ယ်ရေးဦးစီးချုပ်က
အခုသွားနေတဲ့လမ်းကြောင်းဟာ ဖက်ဒရယ်လမ်းကြောင်းဖြစ်ပြီး ဖက် ဒရယ်ကို အခြေခံတဲ့ပြည်ထောင်စုစနစ်ကို
အခြေခံဥပဒေထဲမှာ ပြဌာန်းထားတယ်ဆိုတဲ့သဘောတရားကို တွေ့ဆုံမေးမြန်းခန်းတွေမှာ စတင်ပြောဆိုခဲ့တာ အစော
ပိုင်းမှာ တင်ပြခဲ့ပါသည်။ ဒီကတစ်ဆင့် ပြီးခဲ့တဲ့ ၂၁ ရာစု ပင်လုံညီလာခံတွေမှာ တပ်မတော်သား ကိုယ်စားလှယ်တွေက
၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေထဲက ဖက်ဒရယ်အသွင်လက္ခဏာတွေအကြောင်းကို တခမ်းတနား ဖွင့်ဆိုပြခဲ့ကြောင်း၊
၂၁ရာ စုပင်လုံညီလာခံ မကျင်းပမီ သြဂုတ်လတွင် တပ်မတော်ပိုင် မြ၀တီသတင်းစာမှာ လေ့လာသူတစ်ဦး ဆိုတဲ့
အမည်နဲ့ “ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)တွင် ပါရှိသည့် ဖက်ဒရယ်
စနစ်၏ ၀ိသေသလက္ခဏာများ” ဆိုတဲ့ဆောင်းပါးရှည်ကြီးတစ်ပုဒ် ထည့်သွင်းဖော်ပြခဲ့တာ လေ့လာတွေ့ရှိရသည်။
[လေ့လာသူတစ်ဦး၊ ၁၀ သြဂုတ်၊၂၀၁၆ မှ ၁၄ သြဂုတ်၊ ၂၀၁၆]။ သြဂုတ် ၃၁ ရက်နေ့မှာ စတင်ကျင်းပတဲ့ ၂၁ ရာစု
ပင်လုံညီလာခံမှာ အဲဒီဆောင်းပါးကို စာအုပ်အဖြစ် ပုံနှိပ်ပြီး တပ်မတော်က ဝေငှခဲ့ခြင်း၊ တပ်မတော်သားတွေ တင်သွင်း
ခဲတ
ဲ့ဖက်ဒရယ်စာတမ်းဟာလည်း အဲဒီဆောင်းပါးကို အခြေခံထားတာ ဖြစ်ပါဖြစ်ကြောင်း သုံးသပ်မိပါသည်။ ဒါကို
ကြည့်ခြင်းအားဖြင့် အကျအနပြင်ဆင်ထားပြီး သူတို့ရဲ့ သဘောတရားရေးရာခင်းကျင်းပြခဲ့တာကို အထင်အရှား ဖြစ်ပါ
သည်။ တပ်မတော် တင်သွင်းခဲ့တ့စ
ဲာတမ်းတွေကို ယျေဘုယျအားဖြင့် လေ့လာကြည့်မယ်ဆိုရင် ………

(က) ဖက်ဒရယ်ပညာရှင်တစ်ဦးဖြစ်တဲ့ရော်နယ်ဝတ်စ် (Ronald Watts)ရဲ့ ဖက်ဒရယ် ၀ိသေသလက္ခဏာတွေကို


အခြေခံထားပြီး ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေဟာ ဖက်ဒရယ် ၀ိသေသလက္ခဏာတွေ ပါဝင်နေကြောင်းဆို
တာကို သက်သေပြဖို့ ကြိုးစားတာဖြစ်သည်။

“ရော်နယ်ဝတ်စ်က သူ့ရဲ့ “Comparing Federal System” ဆိုတဲ့ စာအုပ်မှာ ဖက်ဒရယ်ရဲ့အဓိက၀ိသေသလက္ခဏာ


ရပ် (၆) ချက်ကို အောက်ပါအတိုင်း ထုတ်နုတ်ပြခဲ့ပါတယ်။
 အနည်းဆုံး အစိုးရအဆင့်နှစ်ဆင့် ရှိရမှာဖြစ်ပြီး တစ်ဆင့်က ဖက်ဒရေးရှင်းကြီး တစ်ခုလုံးအတွက် ဆောင်ရွက်
နေတဲ့ဗဟိုအစိုးရဖြစ်ပြီး အခြားတစ်ဆင့်ကတော့ ဒေသဆိုင်ရာယူနစ်တွေအတွက် ဆောင်ရွက်နေတဲ့ ဒေသ
ဆိုင်ရာအစိုးရ ဖြစ်ပါသည်။ အစိုးရနှစ်ရပ်စလုံးဟာ နိုင်ငံသားတွေအတွက် စီမံဆောင်ရွက်ပေးကြသည်။
 ဥပဒေပြုရေး နှင့် အုပ်ချုပ်ရေးအာဏာနှစ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေက တရားဝင် သီးခြားသတ်မှတ် ပိုင်း
ခြားပေးထားသလို အစိုးရအဆင့်နှစ်ဆင့်ကြားမှာ ဘဏ္ဍာရေးအရင်းအမြစ် စီမံခန့်ခမ
ွှဲုကိုလည်း ဖွဲ့စည်းပုံ
အခြေခံဥပဒေအရ ပိုင်းခြားသတ်မှတ်ပေးထားသည်။ အဲဒီလို ပိုင်းခြား သတ်မှတ်ရာတွင်လည်း အစိုးရအဆင့်
တစ်ဆင့်စီရဲ့စစ်မှန်တဲ့လွတ်လပ်စွာ စီမံခန့်ခေ
ွဲ ဆာင်ရွက်ပိုင်ခွင့်ကို အာမခံချက် ပေးထားပါသည်။
 ဖက်ဒရယ်အစိုးရရဲ့မူဝါဒချမှတ်တဲ့အင်စတီကျူးရှင်းတွေထဲမှာ ဒေသဆိုင်ရာအမြင်တွေကို ကိုယ်စားပြုခွင့် ရဖို့
အတွက် သတ်မှတ်ပြဌာန်းပေးထားသည်။ ပုံမှန်အားဖြင့်ကတော့ တစ်နိုင်ငံလုံးနဲ့သက်ဆိုင်တဲ့ ဖက်ဒရယ်
ဒုတိယလွှတ်တော် (ဒေသတွေကို ကိုယ်စားပြုပေးနိုင်တဲ့လွှတ်တော်တစ်ရပ်)ထားရှိလေ့ရှိသည်။
 စာဖြင့် ရေးသားပြဌာန်းထားတဲ့နိုင်ငံရဲ့အမြင့်ဆုံးအခြေခံဥပဒေရှိပြီး အဲဒီအခြေခံဥပဒေကို ဖက်ဒရယ်အဆင့်
တစ်ဆင့်ထဲက တစ်ဖက်သတ် ပြင်ဆင်လို့ မရနိုင်ဘဲ ပါဝင်ဖွဲ့ စည်းထားတဲ့ ဒေသဆိုင်ရာယူနစ်တွေရဲ့သတ်
မှတ်ထားတဲအ
့ ချိုးအစားက သဘောတူညီမှသာ ပြင်ဆင်နိုင်ပါသည်။
 (အစိုးရအဆင့်နှစ်ဆင့်ကြား အငြင်းပွားမှုကို) အပြီးသတ်အတည်ပြု ဆုံးဖြတ်ပေးနိုင်တဲ့ (ခုံရုံး၊ သို့မဟုတ်
ဒီလိုကိစ္စမျိုး ဖြေရှင်းဖို့အတွက် အထူးအခွင့်အာဏာအပ်နှင်းထားတဲ့အထက်လွှတ်တော်၊ သို့မဟုတ် ဆန္ဒခံယူ
ပွဲ လုပ်ပြီး ဖြေရှင်းဖို့ သတ်မှတ်ပြဌာန်းချက် စတဲ့)အာဏာပိုင် လုပ်ထုံးလုပ်နည်း၊ အဖွဲ့အစည်းတစ်ရပ် ရှိပါ
သည်။
 အစိုးရရဲ့တာဝန်တွေကို အစိုးရအဆင့်နှစ်ဆင့်အကြား မျှဝေဆောင်ရွက်ရာမှာပဲဖြစ်ဖြစ် ဒါမှမဟုတ် မလွှဲ
မရှောင်သာလို့ ထပ်နေတဲ့တာဝန်တွေကို အစိုးရအဆင့်နှစ်ဆင့်အကြား ပူးပေါင်းဆောင်ရွက်ရာမှာပဲဖြစ်ဖြစ်
ကူညီပံ့ပိုးပေးနိုင်တဲ့လုပ်ငန်းစဉ်နဲ့ အင်စတီကျူးရှင်းတွေ ရှိကြပါသည် [Watts, 2008]။

ဒီအချက် (၆)ချက်ကို မူတည်ပြီး ပြည်ထောင်စု (ဖက်ဒရယ်) စစ်/မစစ်ဆိုတာကို ဆန်းစစ်ဖို့ အခြေခံ (၅)ချက်ကို ထပ်မံ
ထုတ်ပြထားပါသည်။ အဲဒီ အခြေခံ (၅) ချက်ကတော့ ………
(က) ပြည်ထောင်စုနှင့် ပြည်နယ်များအကြား အာဏာခွေ
ဲ ၀ပုံ
(ခ) ရေးဆွဲ ပြဌာန်းထားသော အခြေခံဥပဒေ written constitution ရှိ၊ မရှိ
(ဂ) အုပ်ချုပ်ရေးအစိုးရနှစ်မျိုး ရှိ၊ မရှိ
(ဃ) တရားရုံးချုပ်စနစ်နှစ်မျိုး (ပြည်ထောင်စုတရားရုံးချုပ်။ ပြည်နယ်တရားရုံးချုပ်) ရှိ/မရှိ
(င) ပြည်ထောင်စုအခြေခံဥပဒေ နှင့် ပြည်နယ်အခြေခံဥပဒေ၊ သို့မဟုတ် ပြည်ထောင်စု အခြေခံဥပဒေ
တွင် ပြည်နယ်များအတွက် ပြဌာန်းချက်များ အကျုံးဝင်သည့်အခြေခံဥပဒေမျိုး ရှိ/မရှိ
[တပ်မတော်ကိုယ်စားလှယ်၊ အဖွဲ့ (၁)၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံ၊
စက်တင်ဘာ၊ ၂၀၁၆၊ စာ ၂]။

(ခ) တပ်မတော်ရဲ့ စာတမ်းမှာ အထက်ဖော်ပြပါ အချက်တွေကို အခြေခံပြီး ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေမှာ


ပြဌာန်းထားတဲ့ (၁) နိုင်ငံတော်ရဲ့ဖွဲ့ စည်းတည်ဆောက်ပုံ၊ (၂) တိုင်းရင်းသားများရဲ့တန်းတူအခွင့်အရေး၊ (၃)
ဥပဒေပြုရေး၊ (၄) အုပ်ချုပ်ရေး၊ (၅) တရားစီရင်ရေး (၆) နိုင်ငံသားရဲ့အခွင့်အရေး၊ (၇) အာဏာခွေ
ဲ ၀ကျင့်သုံး
ပုံ စတဲ့ကဏ္ဍ ခုနစ်ရပ်ကို ချိန်ထိုး လေ့လာကြည့်ပါသည် [တပ်မတော်ကိုယ်စားလှယ် ဖတ်ကြားသော စာတမ်း၊
အဖွဲ့ (၁)၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ၊ စက်တင်ဘာ၊ ၂၀၁၆၊ စာ ၂-၃]။

အဲဒီလို လေ့လာကြည့်ပြီးတော့ “၂၀၀၈ အခြေခံဥပဒေဟာ ဖက်ဒရယ်ဝိသေသလက္ခဏာတွေ ပါဝင်နေတယ်” ဆိုတာ


ကို သက်သေပြထားပါသည်။ အဓိကအချက်တွေအနေနဲ့ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေမှာ အောက်ဖော်ပြပါ အချက်
တွေရှိတဲ့အတွက် ဖက်ဒရယ်ဝိသေသတွေ ရှိတယ်လို့ သုံးသပ်ထားတာ တွေ့ရပါတယ်။
(၁) ရေးသားထားတဲ့ဖွဲ့စည်းပုံတစ်ရပ် ရှိသည်။
(၂) နိုင်ငံတော် နယ်နမိတ်၊ တိုင်းဒေသကြီး နဲ့ ပြည်နယ်တို့ရဲ့ အမည်၊ နယ်နမိတ်ကို ပြည်ထောင်စု
အစိုးရရဲ့သဘောဆန္ဒသက်သက်နဲ့ပြောင်းလဲလို့ မရဘူး။ တိုင်းဒေသကြီး၊ ပြည်နယ်နဲ့ ကိုယ်ပိုင်အုပ်
ချုပ်ခွင့်ရ စီရင်စုတွေရဲ့ နယ်နိမိတ်တည်တံ့ခိုင်မြဲမှုကို အာမခံချက် ပေးထားသည်။
(၃) တိုင်းရင်းသား လူမျိုးများရဲ့ အခွင့်အရေးကို အာမခံချက် ပေးထားတယ်။
(၄) ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်တို့ ဖွဲ့ စည်းထားပြီး
ဖွဲ့ စည်းပုံပြဌာန်းချက်နဲ့ အဲဒီ လွှတ်တော်အဆင့်ဆင့်ကို ဥပဒေပြုရေးအာဏာ ခွေ
ဲ ၀အပ်နှင်းထား
သည်။ ပြည်ထောင်စုလွှတ်တော်မှာလည်း လူမျိုးစုလွှတ်တော်လို့ ခေါ်ဆိုနိုင်တဲ့ အမျိုးသားလွှတ်
တော်ကို ပြည်သူ့လွှတ်တော်နဲ့တန်းတူအခွင့်အရေး ပေးထားသည်။
(၅) ပြည်ထောင်စုလွှတ်တော် ဥပဒေပြုနိုင်ခွင့် အာဏာကို ဇယား(၁)၊ တိုင်းဒေသကြီး ပြည်နယ်ဥပဒေပြု
နိုင်ခွင့်အာဏာကို ဇယား(၂)၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ ဦးစီးအဖွဲ့၏ ဥပဒေပြုခွင့် အာဏာ
ကို ဇယား (၃)နဲ့ သတ်မှတ်ပေးထားသည်။
(၆) ဇယား (၁)၊ (၂)၊ (၃) မှာ ဖော်ပြမထားတဲ့ အခြားကိစ္စရပ်တွေအတွက် ကြွင်းကျန်တဲ့ ဥပဒေပြုခွင့်အာ
ဏာကို ဖွဲ့ စည်းပုံအခြေခံဥပဒေပြဌာန်းချက်နဲ့ အပ်နှင်းထားပါသည်။
(၇) ဗဟိုအစိုးရနဲ့ တိုင်းဒေသကြီး/ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
ဆိုတဲ့အစိုးရနှစ်ရပ် ရှိတယ်။ အဲဒီ အစိုးရနှစ်ရပ်ကိုလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပိုင်းခြားသတ်
မှတ် ပေးထားသည်။
(၈) ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးများအကြား ဘဏ္ဍာရေးနဲ့ သဘာဝသယံဇာ
တမ်ား ခြေ
ဲ ၀သံုးစြမ
ှဲုကို ပိုင်းခြား သတ်မှတ်ပေးထားပါသည်။
(၉) သက်ဆိုင်ရာ တိုင်းဒေသကြီး နဲ့ ပြည်နယ်များမှာ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြဌာန်းထားတဲ့ လူဦး
ရေအချိုးအစား ကိုက်ညီရင် ရွေးကောက်ခံပြီး တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ခန့်အပ်ခွင့် ပေး
ထားပါသည်။
(၁၀) တရားစီရင်ရေး အာဏာကို ပြည်ထောင်စုရဲ့ အစိတ်အပိုင်း အသီးသီးကို ခွေ
ဲ ၀အပ်နှင်းထားပြီး တိုင်း
ဒေသကြီးနဲ့ ပြည်နယ် တရားလွှတ်တော်တွေဟာ တရားစီရင်ရေးအဆင့်ဆင့်မှာရှိတဲ့ တရားရုံးတွေ
ကို ကြီးကြပ်ပိုင်ခွင့် ရှိသည်။ ဥပဒေမူဘောင်အနေနဲ့ ပြည်နယ်တိုင်းဒေသကြီး အားလုံးက ပြည်
ထောင်စုရဲ့တစ်ခုတည်းသော တရားစီရင်ရေးစနစ်အတိုင်းပဲ ဆောင်ရွက်ရပါသည်။
(၁၁) ပြည်ထောင်စုနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်များအကြား၏ အငြင်းပွားမှုကို ဖြေရှင်းပေဖို့ အတွက် နိုင်ငံ
တော် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး ထားရှိပေးထားပါသည်။

(ဂ) ဒီအချက်တွေအပြင် တပ်မတော်ရဲ့စာတမ်းတွေမှာ သူတို့ရဲ့ ရပ်တည်ချက်တွေကိုလည်း ဆွေးနွေးထားတာ


တွေ့ရခြင်း၊ တပ်မတော်အနေနဲ့ တိုင်းရင်းသားလူမျိုးစုများအကြား တန်းတူညီမျှရှိတဲ့ပြည်ထောင်စု တစ်ခုဖြစ်
ရေး “မူ” ကို ကန့်ကွက်စရာ မရှိလို့ ဆိုပါသည် [တပ်မတော်ကိုယ်စားလှယ်၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာ
ခံ- ၂၁ ရာစုပင်လုံ၊ “တပ်မတော်မှ တင်ပြချက်များအား အကျဉ်းချုံး တင်ပြခြင်း”၊ စက်တင်ဘာ ၂၀၁၆၊ စာ-၄]။

ပြောရမယ်ဆိုရင် အရင်က “တိုင်းရင်းသားစည်းလုံးညီညွတ်ရေး” ကိုပဲ အဓိကပြောခဲ့ပေမယ့် အခုတော့ “တိုင်းရင်းသား


လူမျိုးစုများအကြား တန်းတူညီမျှမှု” ဆိုတာကို ပြောလာပါတယ်။ ဒါပေမဲ့ အဲဒီလို “တန်းတူညီမျှမှုရှိတဲ့ပြည်ထောင်စုကို
တည်ထောင်မယ်ဆိုရင် ၂၀၀၈ ခုနှစ် အခြေခံဥပဒေ မူဘောင်တွေထဲကနေပဲ ထူထောင်ရမယ် ” ဆိုတာကို ပြောခဲ့ခြင်း၊
လက်ရှိ အခြေခံဥပဒေမှာလည်း ဖက်ဒရယ်ဝိသေသလက္ခဏာတွေ ပါဝင်ပြီးသား ဖြစ်တဲ့အတွက် ဖက်ဒရယ် မဆန်ဘူး
လို့ ပြောနေမယ့်အစား ဘယ်အချက်တွေဟာ ဖက်ဒရယ်ဆန်ပြီး ဘယ်အချက်တွေက ဖက်ဒရယ်စနစ်နဲ့ မကိုက်ညီဘူး
ဆိုတာကို အသေးစိတ် အတိအကျထောက်ပြပြီး ပြင်ဆင်သွားဖို့ လိုတယ်လို့ ဆိုပါသည် [တပ်မတော်ကိုယ်စားလှယ်၊
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ၊ “တပ်မတော်မှ တင်ပြချက်များအား အကျဉ်းချုံးတင်ပြခြင်း”၊ စက်
တင်ဘာ ၂၀၁၆၊ စာ-၄]။ ဒါပေမဲ့ ပြင်ဆင်တဲ့နေရာမှာလည်း အခြေခံဥပဒေရဲ့ အခန်း (၁၂) ပြင်ဆင်ခြင်းအခန်းမှာ ပါရှိ
တဲအ
့ ချက်တွေအတိုင်း ပြင်ဆင်သွားရမယ်လို့ ဆိုထားပါသည်။ ဒါပေမဲ့ ဒီလို ပြင်ဆင်ဖို့ကလည်း ပြည်သူ့ကိုယ်စားလှယ်
တွေရဲ့ သဘောတူညီချက် သက်သက်နဲ့ မဖြစ်နိုင်ဘဲ တပ်မတော်ရဲ့သဘောတူညီမှု ပါမှပဲ ပြင်ဆင်လို့ရမှာ ဖြစ်နိုင်ပါ
သည်။ နောက်ပြီး တိုင်းရင်းသားလူမျိုးတွေအနေနဲ့လည်း အခြေခံဥပဒေက ပေးအပ်ထားတဲ့အခွင့်အရေးတွေကို ထိထိ
ရောက်ရောက် အသုံးချပြီး ဥပဒေပါ ပြဌာန်းချက်တွေနဲ့အညီ ပြည်သူ့ကိုယ်စားလှယ်အဖြစ် ကိုယ်တိုင်ပါဝင် ဆောင်ရွက်
ရင်း အခြေခံဥပဒေ ပြင်တာတွေ၊ မိမိဒေသ၊ မိမိလူမျိုး တိုးတက်ရေးကို ဆက်လက် ဆောင်ရွက်သွားဖို့ တွေကိုလည်း
တိုက်တွန်းထားတာ လေ့လာတွေ့ရှိရသည် [တပ်မတော် ကိုယ်စားလှယ်၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု
ပင်လုံ၊ စက်တင်ဘာ ၂၀၁၆၊ စာ – ၃]။ ဆိုရရင်တော့ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ ဘောင်ထဲကနေ ဖြစ်ထွန်းလာတဲ့
နိုင်ငံရေးကစားကွင်းထဲကို ၀င်ဖို့ကိုပါ ဆက်ပြီး တွန်းတဲ့သဘောမျိုးကို သုံးသပ်မိပါသည်။

နိဂုံး
Rohan Edrisinha က ရော်နယ်ဝတ်စ်ရဲ့ ဖက်ဒရယ်ဝိသေသလက္ခဏာတွေကို အခြေခံပြီး ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ
ဥပဒေကို လေ့လာခဲ့ရာမှာ “တစ်ပိုင်းဖက်ဒရယ် (Quasi-federal) အသွင်အပြင်လက္ခဏာအချို့” ပါရှိပေမယ့် တစ်ပြည်
ထောင်စနစ်ကိုပဲ အခြေခံထားသည်ဟု သုံးသပ်ခဲသ
့ ည် [Edrisinha, 2014, p. 5]။ Marcus Brand ကလည်း ရော်နယ်
ဝတ်စ်ရဲ့ ဖက်ဒရယ်ဝိသေသလက္ခဏာတွေကို ကိုင်စြွဲ ပီး ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကို ချဉ်းကပ်ရာမှာ ပိုပြီး
အကောင်းမြင်တာကို တွေ့ရပြီး “၂၀၀၈ အခြေခံဥပဒေ အဆောက်အအုံကို “တစ်ပိုင်းဖက်ဒရယ်” လို့ ခေါ်နိုင်သည်။
ဒီအခြေခံဥပဒေထဲမှာ ထင်ရှားတဲ့ ဖက်ဒရယ်အသွင်အပြင် လက္ခဏာတချို့ ပါတယ်” လို့ မှတ်ချက်ပြုခဲ့ခြင်း [Brand,
2012]။ သူတို့နှစ်ဦးရဲ့ သုံးသပ်ချက်တွေကို ကြည့်မယ်ဆိုရင် ၂၀၀၈ အခြေခံဥပဒေထဲမှာ ဖက်ဒရယ် အသွင်အပြင်
လက္ခဏာအချို့ ပါဝင်တယ်ဆိုတာကိုတော့ သဘောတူတာ တွေ့ရပါသည်။ ၂၀၀၈ အခြေခံဥပဒေထဲမှာ ဖက်ဒရယ်
အသွင်အပြင်လက္ခဏာတွေ ပါဝင်ပါသည်။ ပြောရရင် တစ်ပိုင်းဖက်ဒရယ်သဘောဆောင်တဲ့အခြေခံဥပဒေလို့ ပြောနိုင်
ပါတယ်။ ဒါပေမဲ့ ဘယ်လို ဖက်ဒရယ်အသွင်အပြင်လက္ခဏာတွေပဲ ဆောင်ဆောင် “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့
ပြဿနာတစ်ခုက ပြည်သူလူထုနဲ့အစိုးရအကြား၊ တိုင်းရင်းသားလူမျိုးစုတွေအကြား ဆွေးနွေးတိုင်ပင်ပြီး သဘောတူ
ရေးဆွထ
ဲားတဲပ
့ ဋိဉာဉ် (Contract) တစ်ရပ်မဟုတ်ဘဲ စစ်အာဏာရှင် အစိုးရကနေ အတင်းအကျပ် အတည်ပြုပြဌာန်း
လိုက်တဲ့ ဖိနှိပ်မှု (Coercion) ဖြစ်နေသည်” ဟု အဲဒီအတွက် ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေမှာ ဖက်ဒရယ် ၀ိသေသ
လက္ခဏာတွေ ပါနေတယ်လို့ ဘယ်လောက်ပဲဆိုဆို လူထုအနေနဲ့ရော၊ တိုင်းရင်းသားတွေအနေနဲ့ပါ ဒီဖွဲ့စည်းပုံကို
ဝိရောဓိဖြစ်စရာ၊ အငြင်းပွားစရာ ဖွဲ့စည်းပုံအဖြစ် ရှုမြင်နေကြဦးမှာ ဖြစ်ပါသည်။ အဲဒီလို ၀ိရောဓိ ဖြစ်စရာ၊ အငြင်းပွား
စရာ ဖွဲ့စည်းပုံအခြေခံဥပဒေအဖြစ် ရှုမြင်ဖို့အတွက် လုံလောက်တဲ့အခြားအကြောင်းအချက်တွေကလည်း ရှိနေပါသေး
သည်။ အဓိကအကျဆုံး အချက်တစ်ချက်ကတော့ အင်မတန်မှ ကြီးစိုးလွှမ်းမိုးထားတဲ့စစ်တပ်ရဲ့အခန်းကဏ္ဍပဲ ဖြစ်ပါ
သည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖက်ဒရယ်အသွင်သဏ္ဍာန်တွေ ပါဝင်တယ်လို့ အကောင်းမြင်ခဲ့တဲ့
Marcus ကတောင် “၂၀၀၈ ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရဲ့ သီးခြားအခွင့်အာဏာအတော်များများကို စစ်တပ်လက်
ထဲကို ထည့်ပေးထားပြီး အဲဒီအချက်ကြောင့်ပဲ ဒီမိုကရေစီမဆန်တဲ့ ဖွဲ့စည်းပုံဆိုပြီး အရည်အသွေးကျသွားသလို ဖက်
ဒရယ်မဆန်တဲ့ဖွဲ့ စည်းပုံလည်း ဖြစ်သွားပါတယ်” လို့ ရေးသားခဲ့ပါသည် [Brand, 2012, p. 4)]။ ဘာလို့လဲဆိုတော့
စစ်တပ်ရဲ့နိုင်ငံရေးမှာ ပါဝင်မှုအခန်းကဏ္ဍဟာ ပြည်ထောင်စုအဆင့်မှာရော၊ တိုင်းဒေသကြီး၊ ဖက်ဒရယ်အဆင့်မှာပါ
စနစ်တကျကို ပါဝင်နေလို့ ဖြစ်ပါသည်။ ဒီနေရာမှာ ဒီမိုကရေစီနဲ့ဖက်ဒရယ်ဆိုတာကိုလည်း အနည်းငယ်ဆွေးနွေးဖို့
လိုပါသည်။ သမိုင်းတလျှောက်ကို ပြန်လေ့လာကြည့်ရင် ဒီမိုကရေစီမဟုတ်တဲ့နိုင်ငံတွေမှာ ဖက်ဒရယ်စနစ် ထွန်းကား
ခဲ့တာ တွေ့ရပါသည်။ ဥပမာပြရရင် ဆိုဗီယက်ယူနီယံ၊ ချက်ကိုစလိုဗက်ကီးယား နှင့် ယူဂိုစလားဗီးယားတို့ ဖြစ်ပါသည်။
အဲဒီတော့ ဒီမိုကရေစီဖြစ်မှ ဖက်ဒရယ်ဖြစ်မှာ မဟုတ်ဘူးလို့ ဆိုလို့ရပါသည်။ ဒီနိုင်ငံတွေမှာ ဖက်ဒရယ်ဟာ ရေရှည် မခံ
ခဲတ
့ာကို သတိပြုစရာ ကောင်းသလို နောက်ဆုံး ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ် ဖြစ်ပေါ်လာချိန်မှာတော့ အဲ့နိုင်
ငံတွေဟာ တစ်စစီ ပြိုကွသ
ွဲားတာကို တွေ့မြင်ရပါလိမ့်မည်။ သဘောတရားအရ ပြောရမယ်ဆိုရင်တော့ စစ်မှန်တဲ့ ဖက်
ဒရယ်စနစ်က ဗဟိုအစိုးရရဲ့လုပ်ပိုင်ခွင့်အာဏာကို ကန့်သတ်ထိန်းချုပ်ထားနိုင်ပါသည်။ လစ်ဘရယ် ဒီမိုကရေစီစနစ်
ကလည်း နိုင်ငံတော်ရဲ့လုပ်ပိုင်ခွင့်အာဏာကို အခြေခံဥပဒေတွေ၊ အခြားဥပဒေမူဘောင်တွေနဲ့ တင်းတင်းကြပ်ကြပ်
ကန့်သတ်ပြီး အပြန်အလှန်ထိန်းကျောင်းမှုစနစ်တွေ၊ အခွင့်အရေးကာကွယ်ပေးမှုတွေ၊ အာဏာခွေ
ဲ ၀ ကျင့်သုံးတာတွေ
ကို ဆောင်ရွက်ပါသည်။ Marcus Brand ကပဲ ပါကစ္စတန်မှာ စစ်တပ်က ဒီမိုကရေစီမဆန်တဲ့အခွင့်အာဏာတွေ ယူခဲ့
တဲအ
့ တွက် ဖက်ဒရယ်အရည်အသွေး ကျဆင်းသွားရတဲ့အကြောင်းကို သူ့ရဲ့ စာတမ်းထဲမှာ ထောက်ပြခဲ့ပါသည်
[Brand, 2012]။ တပ်မတော်ရဲ့စာတမ်းတွေမှာ ကြိမ်ဖန်များစွာ ကိုးကားခဲ့တဲ့ရော်နယ်ဝတ်စ် ထောက်ပြခဲ့တဲ့ အချက်
တစ်ချက်ကိုလည်း သတိပြုသင့်ပါကြောင်း။ အခြေခံဥပဒေတစ်ရပ်ဟာ ဖက်ဒရယ် ဖြစ်/ မဖြစ် ဆိုတာကို လေ့လာဖို့
အခြေခံဥပဒေပုံစံ (Constitutional Form)ကို လေ့လာဖို့ လိုအပ်သလို အဲဒီအခြေခံဥပဒေဟာ လက်တွေ့မှာ ဘယ်လို
လည်ပတ်ဆောင်ရွက်နေလဲဆိုတဲ့ အရှိတရားကိုလည်း လေ့လာဖို့ လိုပါကြောင်း [Watts, 2008]။ အခြေခံဥပဒေပုံစံကို
ပဲကြည့်ပြီး အခြေခံဥပဒေထဲမှာ ဖက်ဒရယ်ဝိသေသလက္ခဏာတွေပါတယ်လို့ တရားသေပြောနေရင် ဒါဟာ ပုံသဏ္ဍာန်
ဝါဒီ (Formalist)အရမ်းဆန်လွန်းပါသည်။ တကယ်လက်တွေ့မှာ အခြေခံဥပဒေကို အသက်သွင်းပြီး လည်ပတ်တဲ့
နေရာမှာ ဖက်ဒရယ်စံနှုန်းတွေန့မ
ဲ ညီဘူးဆိုရင်လည်း ဖက်ဒရယ်ဖြစ်တယ်လို့ ပြောလို့ရမှာ မဟုတ်ပါဘူး။ ဒါကိုလည်း
အထူးသတိပြုသင့်ပါသည်။ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေဟာ တပ်မတော်သားကိုယ်စားလှယ်တွေ ပြောခဲ့သလို ဖက်
ဒရယ်ဝိသေသလက္ခဏာတွေ ပါဝင်နေတယ်ဆိုတာ မှန်ပါသည်။ ဒါပေမဲ့ ဖက်ဒရယ်မဆန်တဲဝ
ိ့သေသလက္ခဏာတွေ
ပါဝင်နေသည်ဆိုတာကိုလည်း ထည့်စဉ်းစားဖို့ လိုပါသည်။ ဥပမာပြောရမယ်ဆိုရင် ၀န်ကြီးချုပ်ရာထူးကို တိုင်းဒေသ
ကြီး/ပြည်နယ်လွှတ်တော်က မရွေးချယ်နိုင်ဘဲ သမ္မတက တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေထဲ
ကနေ ၀န်ကြီးချုပ်ကို ရွေးချယ်ခန့်ထားနိုင်တာမျိုးတွေ၊ ၀န်ကြီးချုပ်တွေကို ဖယ်ရှားနိုင်တဲ့အာဏာကိုလည်း သမ္မတဆီ
မှာ အပ်နှင်းထားတာမျိုးတွေ၊ တိုင်းဒေသကြီး/ပြည်နယ်တွေရဲ့ကြွဲ ပားခြားနားတဲ့အခြေအနေတွေကို မူတည်ပြီး ပြောင်း
လွယ်ပြင်လွယ်ရှိနိုင်တဲ့အစိုးရအင်စတီကျူးရှင်းပုံစံမျိုးမဟုတ်ဘဲ ဒေသအစိုးရအားလုံးကို ပုံစံတူအင်စတီကျူးရှင်းတွေ
အဖြစ် တင်းကြပ်စွာ ဖွ့စ
ဲ ည်းထားတာမျိုးတွေဟာ ဖက်ဒရယ်ဝိသေသလက္ခဏာတွေ မဟုတ်ပါဘူး။ တကယ်လို့ ဖွဲ့စည်း
ပုံအခြေခံဥပဒေကို သုံးသပ်တဲ့နေရာမှာ ဖက်ဒရယ်ဆန်တဲ့အချက်တွေကိုပဲ ပုံသဏ္ဍာန်ထုတ်နှုတ်ပြပြီး ဖက်ဒရယ်မဆန်
တဲအ
့ ချက်တွေ၊ အတားအဆီးတွေကို ချန်လှပ်ထားမယ်ဆိုရင် ဘယ်လိုမှ ပြီးပြည့်စုံမှာ မဟုတ်ပါဘူး။

နိဂုံးချုပ်အနေနဲ့ပြောရရင် တပ်မတော်အနေနဲ့ကတော့ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေဟာ ဖက်ဒရယ် ၀ိသေသလက္ခ


ဏာတွေ ပါဝင်နေတယ်ဆိုတဲ့ရပ်ခံမှုကနေပြီးတော့ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်၊ အသွင်ကူးပြောင်းမှု ဖြစ်စဉ်တွေကို
အားလုံးကို ချဉ်းကပ်ဆောင်ရွက်နေပါသည်။ ဒါပေမဲ့ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့အသွင်ကူးပြောင်းရေး ဖြစ်စဉ်မှာ
လည်း အခြေခံဥပဒေက ပြဿနာအစိတ်အပိုင်းတစ်ခုအနေနဲ့ကို ရှိနေတယ်ဆိုတာ မေ့ထားလို့ မရပါဘူး။ ၂၀၀၈
ဖွဲ့ စည်းပုံအခြေခံဥပဒေကို လေ့လာခဲ့သူ အခြေခံဥပဒေပညာရှင် ရက်စ်ဂိုင်း (Yash Ghai) က “မှားယွင်းနေတဲ့ မူဝါဒ
တွေ၊ အဆောက်အအုံတွေကနေ တဆင့် ပိုမို ဒီမိုကရေစီဆန်ပြီး တန်းတူညီမျှမှုရှိတဲ့ လူ့အဖွဲ့ အစည်းအဖြစ် အသွင်ကူး
ပြောင်းရာမှာ အခက်အခဲတွေ တွေ့အောင် အခြေခံဥပဒေထဲမှာ ရည်ရွယ်ချက်ရှိရှိနဲ့ ထည့်သွင်းပြဌာန်းထားချက်တွေ ရှိ
ပါတယ်” လို့ မှတ်ချက်ပြုခဲ့ပါသည် [Ghai, 2008]။ ဒီအခြေခံဥပဒေကြီးကိုသာ တရားသေ ဆက်လက်ကိုင်စထ
ွဲားပြီး
အသွင်ကူးပြောင်းမှု ဖြစ်စဉ်ကို ဆက်လက်ပုံဖော်နေမယ်ဆိုရင်တော့ ရှေ့လျှောက် ဖြစ်ထွန်းတိုးတက်မှုတွေ ဆက်ဖြစ်
နိုင်ပါ့မလားဆိုတာ စဉ်းစားစရာ ရှိပါသည်။ အဲဒီလိုပဲ ၂၀၀၈ အခြေခံဥပဒေဟာ တပ်မတော်ရဲ့နိုင်ငံရေး အိုင်ဒီယော်
လော်ဂျီကို တရားဝင်ပုံဖော်ပေးထားတဲ့ကြေညာချက် ဖြစ်နေတဲ့အတွက် သူ့ရဲ့နိုင်ငံရေးအိုင်ဒီယော်လော်ဂျီကို မပြောင်း
ဘဲ အခြေခံဥပဒေကို ပြောင်းဖို့ စဉ်းစားတာဟာ လက်တွေ့ဖြစ်နိုင်ပါ့မလားဆိုတာကိုလည်း မေးခွန်းထုတ်စရာ ရှိနေပါ
သည်။

You might also like