Download as pdf or txt
Download as pdf or txt
You are on page 1of 4

ဆရာမွေး - တပည့်မွေးစနစ်အကြောင်း သိကောင်းစရာ

Patron – Client System

နိဒါန်း

သမိုင်းကြောင်းအရ လေ့လာရင် ဆရာမွေး - “တပည့်မွေးစနစ် (ဝါ) ခေါင်းဆောင်မွေး - တပည့်မွေးစနစ်” တွေဟာ


ကမ္ဘာကြီးရဲ့ရှေးအကျဆုံးနိုင်ငံရေးပုံသဏ္ဍာန်တစ်ခုလို့ ဆိုရလိမ့်မည်။ လူသားတွေအနေနဲ့ ကိုယ့်ဘာသာကိုယ် တွေးခေါ်
လာခဲ့တ့န
ဲိုင်ငံရေးစနစ်တွေ မဖွံ့ ဖြိုးခင်ကာလမှာ လူတွေဟာ သူတို့ကိုယ်သူတို့ ခေါင်းဆောင်တစ်ယောက်ရဲ့ဘေးနား
ပတ်လည်မှာ ဝန်းရံခဲ့ကြသည်။ အမဲလိုက်ရာမှာ၊ စုဆောင်းရာမှာ အမြဲတမ်းခေါင်းဆောင်ကိုသာ ခြံရံခဲ့ကြသည်။ အုပ်စု
တစ်စု၏ ခေါင်းဆောင်ဟာ အများအားဖြင့် အသက်အရွယ်အကြီးအဆုံး ယောက်ျား ဆွေမျိုးတစ်ဦးဖြစ်လေ့ရှိသည်။
ဒီလိုခေါင်းဆောင်မျိုးကသာလျှင် ဖခင်ကြီးစိုးတဲ့စနစ်ကို ချမှတ်နိုင်ခဲ့သည်။ အုပ်စုအတွင်း အဆင်ပြေချောမွေ့အောင်
လုပ်ပေးခြင်း၊ လမ်းညွန်ပေးခြင်း ဖြစ်သည်။ ဒီလိုခေါင်းဆောင်မျိုးကတော့ နိုင်ငံခေါင်းဆောင်အဖြစ်တော့ မသတ်မှတ်
နိုင်သေးပါ။ အများအားဖြင့် မိသားစုဝင်ခေါင်းဆောင်ကနေ ဆက်ခံခဲ့တ့ေ
ဲ ခါင်းဆောင်မျိုးတွေ များခဲ့ပါသည်။ လူ့အဖွဲ့
အစည်းဟာ တဖြည်းဖြည်းပိုပြီး ရှုပ်ထွေးလာခဲ့ပြီး ဥစ္စာဓနတွေလည်း ပိုကြွယ်ဝလာခဲ့ကြသည်။ ကိုယ့်ကိုယ်ကိုယ် ခုခံ
ကာကွယ်ခြင်းလုပ်ရတာ ပိုပြီး စိန်ခေါ်မှုတွေနဲ့ကြုံတွေ့လာခဲ့သည်။ တစ်ခါတစ်ရံမှာ ယောက်ျားတွေ ခေါင်းဆောင်ဖြစ်
မဟုတ်တော့ဘဲ မိန်းမတွေပါ ခေါင်းဆောင်ဖြစ်လာခဲ့သည်။ အများအားဖြင့် အုပ်စုတစ်ခုရဲ့ခေါင်းဆောင်တွေဟာ သူတို့ရဲ့
အသက်အရွယ်ကြီး ရင့်ကျက်တဲ့ဆွေမျိုးဖြစ်တာကိုလည်း လေ့လာတွေ့ရှိခဲ့သည်။ ဒါကြောင့် ရှေးခေတ်ကာတွင် “ခေါင်း
ဆောင်မွေး - တပည့်မွေးစနစ်” မှာ ခေါင်းဆောင်တွေနဲ့တပည့်တွေဟာ မျိုးရိုးဗီဇအားဖြင့် တစ်နည်းတစ်ဖုံ ဆက်နွှယ်နေ
တာ လေ့လာတွေ့ရှိခဲ့သည်။ လူအများစုတွေဟာ သူတို့ရဲ့ခေါင်းဆောင်ကို သူတို့ရဲ့မျိုးရိုးဗီဇနဲ့သွေးသားတော်စပ်မှုအရ
ရွေးချယ်ဟာမဟုတ်တော့ဘဲ သူတို့ရဲ့ဆင်ခြင်မှုအခြေခံတဲ့ရွေးချယ်မှုအရ ရွေးချယ်တာဆိုရင် အဲဒီနေရာမှာပဲ နိုင်ငံရေး
ဆိုတာ စတင်လာပြီးလို့ ဆိုရသည်။

သဘောတရားရေးရာ လေ့လာခြင်း

ဆရာမွေး - တပည့်မွေးခြင်းဟာ ရှေးခေတ်ကာလကစပြီး ယနေ့ခေတ်အထိလည်း သယ်ဆောင်လာပေမယ့် သူ့ကို


ဖြန့်ချိလိုက်တဲ့ ဒဿနပညာရှင်တွေဟာ ဘယ်သူလဲ လေ့လာရင်တော့ အတော်လေး ရှာရခက်ခဲနေပါသည်။ ဖရန့်စစ်ဖူ
ကူယားမားက သူ့ရဲ့ ၁၉၉၂ ထုတ်အက်ဆေး The End of History and the Last Man မှာ တစ်ခုတည်းသော နိုင်ငံ
ရေးစနစ်တစ်ခုဖြစ်တဲ့ဒီမိုကရေစီဟာ သူ့ရဲ့တရားဝင်မှု နှင့် ဆွေ
ဲ ဆာင်မှုကို ၂ဝ ရာစုအကုန်မှာ ရရှိလိုက်ပြီးဖြစ်သည်ဟု
အဆိုတင်သွင်းခဲ့သည်။ သူက ဖက်ဆစ်ဝါဒနဲ့နာဇီဝါဒဟာ ဂုဏ်သိက္ခာကင်းမဲ့ခဲ့တာ ကြာခဲ့ပြီ။ ဆိုဗီယက်ပြည်ထောင်စု
ကလည်း ကွန်မြူနစ်ဝါဒရဲ့အနာဂတ်အလားအလာမှန်သမျှကို ဖြိုချလိုက်ခဲ့သည်။ ဖူကူးယားမားက ခေါင်းဆောင်မွေး -
တပည့်မွေးစနစ်ကို လုံးဝဖော်ပြခဲ့ခြင်း မရှိခဲ့ပါ။ သူ့အတွက်ကတော့ ခေါင်းဆောင်မွေး - တပည့်မွေး နိုင်ငံရေးစနစ်ဆို
တာ မရှိခဲ့ဘူးလို့တောင်မှ ယူခဲ့ပုံရသည်။ ခေါင်းဆောင်မွေး - တပည့်မွေး (ဝါ) ဆရာမွေး - တပည့်မွေးစနစ်ဟာ တခြား
သော နိုင်ငံရေးစနစ်တွေ ဖြစ်တဲ့ဒီမိုကရေစီ၊ ဆိုရှယ်လစ်ဝါဒ၊ ကွန်မြူနစ်ဝါဒ၊ အမ်နာခစ်ဝါဒတွေနဲ့ မတူပါ။ ခေါင်းဆောင်
မွေး - တပည့်မွေးစနစ်ကို လိုလာထောက်ခံသူဆိုတာမျိုး မရှိသလို၊ ဒီစနစ်ကို ကျင့်သုံးအောင် ရှေ့နေလိုက်သူဆိုသည်
လည်း မရှိပါ။ စနစ်အကြောင်း တွေးခေါ်ပြတဲ့သီအိုရီပညာရှင်ဆိုတာလည်း မရှိခဲ့ပါ။ နှိုင်းယှဉ်နိုင်ငံရေးနှင့်ပတ်သက်တဲ့
ဖတ်စာအုပ်တွေမှာလည်း ကမ္ဘာ့နိုင်ငံရေးစနစ်ကို ဒီမိုကရေစီကနေ အာဏာရှင်ဝါဒအထိ တဖြည်းဖြည်း ဦးတည်ခြွဲ ခား
သွားတာမျိုးပဲ ရှိပါသည်။ ဒီလိုစာအုပ်တွေမှာ ဆရာမွေး - တပည့်မွေးစနစ်ကို သိပ်ပြီး အာရုံမစိုက်ကြပါ။ ခေတ်သစ်နိုင်ငံ
ရေးသိပ္ပံပညာရှင်တွေထဲမှာ ဆရာမွေး - တပည့်မွေးစနစ်တွေကို ဆွေးနွေးကြတာတွေလည်း ရှိခဲ့သည်။ ဘယ်လိုပဲဖြစ်
ဖြစ် ဆရာမွေး - တပည့်မွေးဖြစ်သည့်နိုင်ငံရေးစနစ်တစ်ခုဟာ အဖျက်သဘောဆောင်တဲ့အပြုအမူတွေ အများကြီးရှိနေ
တာကို တွေ့ရသည်။ အဲဒီလို ဆရာမွေး - တပည့်မွေးစနစ်နဲ့တည်ဆောက်ထားတဲ့အစိုးရတစ်ရပ်ဟာ မထိရောက်ပါ။
အကျင့်ပျက်ခြစားမှု၊ ရာဇဝတ်ပြစ်မှုများ၊ ဒါအပြင် ဆရားမွေး - တပည့်မွေးစနစ်တွေဟာ ပြိုကျပျက်စီးဖို့ အလားအလာ
အရှိဆုံးစနစ်၊ တစ်ဖက်မှာလည်း ဆရာမွေး - တပည့်မွေးစနစ်ဟာ ပျောက်ပျက်သွားရင်တောင်မှ လျင်မြန်စွာ ပြန်ပေါ်
လာနိုင်တဲ့စနစ်၊ အလိုက်သင့်ခံယူနိုင်စွမ်းရှိသလို၊ ဖြန့်ဝေမှုတွေကို ချဲ့ထွင်နိုင်သည်။

ဆရာမွေး - တပည့်မွေးစနစ် ဝေဖန်ပိုင်းခြားလေ့လာခြင်း


ယနေ့ခေတ်မှာတော့ ဆရာမွေး - တပည့်မွေးစနစ်ဆိုတာကို နိုင်ငံရေးအတွေးအခေါ်သီအိုရီပညာရှင်များက အကြွင်းမဲ့
ရှုံ့ချကြသည်။ မစ်ဒဲရဲ့ဂန္ဓာဝင်စာအုပ်တစ်အုပ်ဖြစ်တဲ့ အားကောင်းသည့်လူ့အဖွဲ့ အစည်း နှင့် အားနည်းသည့်တိုင်းပြည်
များ Strong Societies and Weak States ဒီစာအုပ်မှာ ဆရာမွေး - တပည့်မွေးရောဂါ (ဝါ)စနစ်ရဲ့ကူးစက်မှုကြောင့်
ဖြစ်ပေါ်လာတဲ့ပြဿနာတွေကို ဖော်ပြထားသည်။ ဆရာမွေး - တပည့်မွေးစနစ်ဆိုတာ နိုင်ငံရေးလက်ရွေးစင်သမားများ
(အီလစ်သမားတွေ)က သူတို့ရဲ့အာဏာကို ထိန်းသိမ်းထားဖို့အတွက် သူတို့အပေါ် သစ္စာခံတွေကို ဝယ်ယူတဲ့တက
ွ်ချက်
အားထုတ်မှုတွေပါပဲ။ ဆရာမွေး - တပည့်မွေးစနစ်ထဲက ဘယ်တော့မှ မဆုံးနိုင်တဲ့ကတိကဝတ်ကွန်ယက်တွေထဲမှာ
ပိတ်မိနေပါသည်။ သူ့ရဲ့တပည့် (ဝါ)အကျိုးကျေးဇူးခံစားသူတွေကို ထိန်းသိမ်းထားဖို့အတွက် ခေါင်းဆောင်ဟာ သူမွေး
ထားတဲ့တပည့်တွေကို အမြဲတမ်းဆုလဒ်တွေ ပေးအပ်နေရသည်။ အဲလိုများ မပေးရင် သူ့ရဲ့နောက်လိုက်သူတွေဟာ
သူတို့ရဲ့သစ္စာရှိမှုကို ပိုပြီးရက်ရောတဲ့နောက်ထပ်ဆရာတွေဆီ (ဝါ) အကျိုးကျေးဇူးပြုသူတွေဆီကို ရွေကလျားသွားမှာ
ဖြစ်တဲ့အတွက်ဖြစ်ပါသည်။ အာဏာရှိနေဖို့၊ အာဏာတည်ငြိမ်နေဖို့အတွက် တပည့်မွေးထားတဲ့အုပ်ချုပ်သူတွေဟာ
ခေါင်းဆောင်အရာရှိတွေကို အခွင့်အရေး နှင့် အခွင့်အလမ်းတွေ အမြဲစီးဆင်းနေဖို့ လိုအပ်သည်။ ဒီထိပ်တန်းအရာရှိ
တွေဟာ အပြန်အလှန်အားဖြင့် သူတို့ရဲ့လက်အောက်ခံတွေကိုလည်း အဲဒီလမ်းကြောင်းအတိုင်း မွေးမြူးထားရပြန်
သည်။ ဒီစနစ်ထဲက လူတွေရဲ့အဓိကပန်းတိုင်က မူဝါဒပေါ်လဝီတွေကို ပြီးမြောက်အောင်မြင်အောင် လက်တွေ့
အကောင်အထည်ဖော်ဖို့ မဟုတ်တော့ဘဲ၊ ရှင်သန်ရပ်တည်ဖို့သာ ဖြစ်ပေသည်။ တကယ်တော့ ရှင်သန်ရပ်တည်မှုနိုင်ငံ
ရေးဆိုတာ မကြာခဏဆိုသလို မူဝါဒပေါ်လစီတွေကို တိုက်စားပြစ်ကြသည်။ အစိုးရစနစ်ထဲမှာပဲဖြစ်စ် အဖွဲ့အစည်း
တခုတည်းမှာပဲဖြစ်ဖြစ် ဘက်လိုက်မျက်နှာလိုက်မှုရေစီးကြောင်းတွေ၊ အခွင့်အရေးတွေ၊ အခွင့်အလမ်းတွေ ချမှတ်ပေး
ထားမှု ရှောင်းရှားဖို့ အကောင်းဆုံးနည်းလမ်းက ထိပ်တန်းအရာရှိတွေကို ပုံသေမထားဘဲ အလှည့်ကျဖြစ်နေဖို့ လိုအပ်
သည်ဟု မစ်ဒဲပညာရှင်က အကြံပြုထားသည်။ ဒါမှသာလျှင် သူတို့အနေနဲ့မျက်နှာသာပေးဝယ်ယူမည့်တပည့် (ဝါ)
သူကောင်းပြုခံအုပ်စုကို ခိုင်ခိုင်မာမာ တည်ဆောက်မည့် အုတ်မြစ်တစ်ရပ်ရယူဖို့ ခက်ခဲသွားလိမ့်မည်ဟု ဆိုပါသည်။

ဆရာမွေး - တပည့်မွေးစနစ် လက်တွေ့ကျင့်သုံးမှုအပေါ် လေ့လာခြင်း


၂ဝ ရာစုအစမှာ ဆရာမွေး - တပည့်မွေးစနစ်ဟာ ဒဿနဆိုင်ရာထောက်ခံပြောဆိုမှုမျိုး မရှိသလို၊ ဘယ်လို ဖွဲ့ စည်းပုံ
အခြေခံဥပဒေ၊ ဘယ်အသေစည်းမျဉ်းစည်းကမ်းမျိုးမှ တွဖ
ဲ က်ထားတာ မရှိတာကို လေ့လာတွေ့ရသည်။ နိုင်ငံရေး
အတွေးအခေါ်သီအိုရီတွေနဲ့ဖွဲ့ စည်းအခြေခံဥပဒေရှုဒေါင့်ကနေ ကြည့်ရင် ဆရာမွေး - တပည့်မွေးဆိုတာ တရားဝင်
တည်ရှိနေတဲ့အရာမျိုး မဟုတ်ပါ။ သို့သော်လည်း အစိုးရတစ်ရပ် သို့မဟုတ် အဖွဲ့အစည်းတစ်ခု သို့မဟုတ် နိုင်ငံရေး
ပါတီတစ်ခု ဘယ်လိုအလုပ်လုပ်လဲဆိုတာကို လေ့လာကြည့်လိုက်ရင် ဆရာမွေး - တပည့်မွေး (ဝါ) သူကောင်းပြုသူနဲ့
သူကောင်းပြုခံသူစနစ်တွေဟာ ခေတ်သစ်နိုင်ငံရေးအသိုင်းအဝိုင်းထဲမှာ တတ်တတ်ကြွကြွနဲ့ရှင်သန်အလုပ်လုပ်နေတာ
ကို လေ့လာတွေ့ရသည်။ ဒီဟာကြီးက အမြဲတမ်း ဆက်လက်တည်ရှိနေလိမ့်မည်။ လေ့လာချက်တွေအရ အာရှရဲ့
အစိုးရပေါင်းမြောက်မြားစွာဟာ ဆရာမွေး - တပည့်မွေးနိယာမတွေကို လိုက်နာကျင့်ကြံကြပါသည်။ ဥပမာအားဖြင့်
အင်ဒိုနီးရှားနိုင်ငံက ဆူဟာတိုရဲ့ မိသားစု၊ ဖိလစ်ပိုင်နိုင်ငံက မားကို့စ်၊ မြန်မာနိုင်ငံက စစ်အာဏာရှင်တွေဟာ ကိုယ့်
အမျိုးအဆွေတွေကို မျက်နှာသာပေးရင်၊ နိုင်ငံရေးခရိုနီတွေကို ပေါများတဲ့ဆုလဒ်တွေကို ပေးရင်းနဲ့ချမ်းသာလာကြပါ
သည်။ အင်ဒိုနီရှားနိုင်ငံရော၊ ဖိလစ်ပိုင်နိုင်ငံပါ ရွေးကောက်ပေ
ွဲ တွ ကျင်းပသော်လည်း ပြည်သူလူထုဟာ သူတို့(ဆရာ)ရဲ့
လမ်းကြောင်းအတွင်း ချမှတ်ထားတဲ့ဆရာ-တပည့်လမ်းကြောင်းအတွင်းက လူတွေကိုသာ ရွေးကောက်တင်မြှောက်ကြ
ရသည်။ သို့သော် ဗျူရိုကရက်တွေ၊ ပါတီအရာရှိတွေ၊ ဒေသတွင်းမဲဆန္ဒနယ်တွေရှိပြီး အဲဒီအရာတွေအကုန်လုံးကတော့
ဆရာမွေး - တပည့်မွေးစနစ်အတွင်းမှာပဲ တည်ရှိနေကြသည်။ ဒါ့အပြင် ဒီနိုင်ငံတွေက ပြည်သူတွေကလည်း အိုင်ဒီယို
လိုဂျီ၊ နိုင်ငံရေးစည်းမျဉ်းနိယာမတွေဆိုတာထက် ပုဂ္ဂိုလ်ရေးသစ္စာရှိမှုအပေါ်မူတည်ပြီး နိုင်ငံရေးပါတီတွေထဲကို
ဝင်ရောက်ကြတာ များနေတာကို လေ့လာတွေ့ရသည်။ အင်ဒိုနီးရှား နှင့် ဖိလစ်ပိုင်နိုင်ငံတို့ထက် ပိုပြီး ဒီမိုကရေစီကျ
သည့် အိန္ဒိယနိုင်ငံမှာတောင် ဆရာမွေး - တပည့်မွေးစနစ်နဲ့မကင်းလွတ်နိုင်တာကို တွေ့ရသည်။ အိန္ဒိယနိုင်ငံဟာ
သူကောင်းပြုသူ (ဝါ) ဆရာတွေရဲ့မိသားစုအစဉ်အဆက်အုပ်ချုပ်ရေးပုံစံနဲ့စီးဆင်းလာကြသည်။ အိန္ဒိယနိုင်ငံမှာ နေရူး
မိသားစုဟာ ကွန်ဂရက်ပါတီနဲ့တွဖ
ဲ က်နေတဲ့ဆရာစားကွန်ယက်ကြီးကို သိမ်းပိုက်ထားခဲ့သည်။ ကွန်ဂရက်ပါတီနဲ့နေရူးရဲ့
မိသားစုက အိန္ဒိယစီးပွားရေးလုပ်ငန်းတွေ၊ အလုပ်သမားနဲ့လက်သမားတွေကို ကာကွယ်ရုံသာမက ပါတီအပေါ် သစ္စာရှိ
တဲသ
ူ့တွေသာလျှင် ဗျူရိုကရက်တစ် အလုပ်အကိုင်တွေကို ရရှိသွားဖို့အတွက် အကာအကွယ်ပေးခဲ့ကြသည်။ အင်ဒိုနီး
ရှား နှင့် ဖီလစ်ပိုင်နိုင်ငံတို့လိုမျိုး ရာထူးကြီး ရယူထားသူတွေက သူတို့ရဲ့နိုင်ငံရေးလွှမ်းမိုးနိုင်စွမ်းတွေကို အသုံးချပြီး
ဘဏ္ဍာရေးဆိုင်ရာ အစီအမံတွေကနေတစ်ဆင့် အကျိုးအမြတ်တွေ ရယူခဲ့ကြသည်။

ဂျာပန်နိုင်ငံမှာလည်း ဆရာမွေး - တပည့်မွေးစနစ်ကြား ပြဿနာတွေနဲ့ရင်ဆိုင်ခဲ့ရသည်။ ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက်


ရေးသားခဲ့တ့ဂ
ျဲပန်ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အတော်လေးအဆင့်မြင့်မားတဲ့ဒီမိုကရေစီပုံစံတစ်ခု ဖြစ်ပေသည်။
လက်တွေ့မှာတော့ အမှန်တကယ်လည်ပတ်နေတဲ့ဂျပန်နိုင်ငံရေးစနစ်ဟာ ဆရာမွေး - တပည့်မွေးစနစ်အရ လည်ပတ်
နေပါသည်။ တစ်ဖက်မှာ လစ်ဘရယ်ဒီမိုကရေစီစည်းမျဉ်းနိယာမတွေကိုလည်း လက်မလွှတ်ခဲ့ပါ။ ဒါကို ဂျပန်
လစ်ဘရယ်ဒီမိုကရေစီပါတီရဲ့လည်ပတ်ပုံမှာ အထင်အရှားလေ့လာတွေ့ရသည်။ ဂျပန်မှာ ဒီပါတီက အဓိကလွှမ်းမိုး
ထားခဲ့သည်။ ဂျပန်တစ်နိုင်ငံလုံးရဲ့နိုင်ငံရေးတိုးတက်မြင့်မားမှုဆိုတာ ဆရာမွေးစနစ်ကို အောင်မြင်စွာ ဘယ်လိုမျိုး
ထိန်းချုပ်ကိုင်တွယ်ခဲ့လဆ
ဲိုတဲ့အပေါ်မှာ မူတည်နေပါသည်။ ဂျပန်နိုင်ငံရေးဟာ ပိုပြီးအသက်အရွယ်ကြီးရင့်တဲ့နိုင်ငံရေး
သမားတွေက စိုးမိုးထားခဲ့သည်။ အကြောင်းကတော့ သူတို့ရဲ့တပည့်တွေကို မွေးဖို့ ခိုင်ခိုင်မာမာအခြေခံတည်ဆောက်ဖို့
ပိုပြီးအချိန်ရထားခဲ့ကြသည်။ အကျိုးဆက်ကတော့ ဂိုဏ်းဂဏခေါင်းဆောင်တစ်ဦး သေဆုံးသွားပြီးဆိုရင် တခြားဂိုဏ်း
ဂဏခေါင်းဆောင်က ဆရာမွေး - တပည့်မွေးစနစ်ကို ကောင်းကောင်းအသုံးချပြီး အဲဒီအုပ်စုတွေကို သိမ်းပိုက်ကြပါ
သည်။ လစ်ဘရယ်ဒီမိုကရေစီပါတီထဲက စီးနီးယားအဖွဲ့ဝင်တွေဟာ အမြဲတမ်းလျှို့ဝှက်လှုပ်ရှားမှုတွေ၊ တစ်ဖက်နှင့်
တစ်ဖက်အပေးအယူလုပ်တာတွေ၊ အမြဲအကွက်ရွှေ့နေတာတွေနဲ့ပြည့်နှက်နေပါသည်။ တပည့်မွေးဆရာမွေးလုပ်ဖို့
အတွက် ငွေကြေးနဲ့ကတိကဝတ်တွေက အဓိကအရင်းအမြစ်တစ်ခု ဖြစ်ပါသည်။ ဆရာမွေး - တပည့်မွေးစနစ်မှာ နိုင်ငံ
ရေးအာဏာရရှိထားသူတစ်ဦးဟာ အဲဒီအာဏာကို အသုံးချပြီး သူတို့ရဲ့နေရာနဲ့လွှမ်းမိုးနိုင်စွမ်းမြင့်မားအောင် လုပ်ကြပါ
သည်။ ဒီအတွက် သူတို့က မျက်နှာသာပေးရာ၊ တံခါးတွေအမြဲတမ်းဖွင့်ထားရတာ၊ အခြေအနေတစ်ခုဖြစ်လာတိုင်း
အဲဒီထဲ ဝင်ပြီး တစ်ဖက်သားကို အကူအညီပေးရင်းနဲ့သူတို့အကျိုးအမြတ်အတွက် အားထုတ်တာတွေကို လုပ်နေကြ
သည်။ ဥပမာအားဖြင့် ၁၉၇ဝ - ၈ဝ ခုနှစ်တွေမှာ ဂျပန်ဝန်ကြီးချုပ်တွေနဲ့အဆင့်မြင့်အရာရှိတွေဟာ မကောင်းမှုတွေ
အလွန်ရှုပ်ထွေးခဲ့သည်။ ကုမ္ပဏီကြီးတွေက ငွေကြေးတွေကို လက်ခံကြပြီး အဲဒီငွေကြေးနဲ့သူတို့ရဲ့နိုင်ငံရေးအာဏာကို
တည်ဆောက်ခဲ့ကြသည်။ သူတို့ရဲ့တပည့်တွေကို မွေးမြူးယူခဲ့ကြသည်။ ၁၉၉ဝ ခုနှစ် ဂျပန်စီးပွားပျက်ကပ်ဝင်ခဲ့ပြီး
နောက်မှ ဂျပန်အသိပညာတတ်တချို့ကစပြီး ဒီလို ဆရာမွေး - တပည့်မွေး ဆက်သွယ်ချက်တွေကို မေးခွန်းထုတ်လာ
ခြဲ့ ကသည်။

အာဂျင်တီနားနိုင်ငံသည် လက်တင်အမေရိကနိုင်ငံရေးမှာ ဆရာမွေး - တပည့်မွေးစနစ်ဟာ အချိန်ကာလကြာမြင့်စွာ


ဘယ်လိုလွှမ်းမိုးကြီးစိုးလာခဲ့သလဲဆိုတာကို လေ့လာကြည့်ရသည်။ ဂျူအအမ်းပီရွန် နှင့် အီဗစ်တာပီရွန်တို့က အောင်
မြင်တဲ့သူကောင်းပြုသူ (ဝါ) ဆရာတွေရဲ့စရိုက်လက္ခဏာကို ဖော်ပြခဲ့ကြသည်။ ဆရာလုပ်ချင်သူဟာ ပေးကမ်းစွန့်ကြဲမှု
ရှိဖို့၊ သာမန်ဘာတွေထက် အလွန်တရားကြီးမားတဲ့ပုံရိပ်ရှိဖို့ လိုအပ်သည်။ ဒါကြောင့် အာဂျင်တီနားရဲ့သူကောင်း
patron ဖြစ်ခဲ့သူ ပီရွန်ရဲ့စရိုက်လက္ခဏာတွေကို လေ့လာကြည့်ဖို့ လိုအပ်ပါသည်။ သူသည် ပြည်သူလူထုအကြည်ညို
လေးစားခံရသူ၊ အုပ်ချုပ်သူဖြစ်ခဲ့ခြင်၊ ၁၉၄၃ အာဂျင်တီနား သမ္မတ ရမွန်ကက်စတီလိုထံက အာဏာသိမ်းယူမှုမှာ
စစ်တပ်အရာရှိတစ်ဦးအနေနဲ့ပါဝင်ခဲ့ခြင်း၊ အစိုးရသစ်မှာ အမျိုးသားအလုပ်သမားဌာနမှာ ဒါရိုက်တာရာထူးရခဲ့ခြင်း၊
ရာထူးကို အသုံးချပြီး ရှပ်ဖြူလို့ခေါ်တဲ့အလုပ်သမားတွေကြားထဲမှာ သူ့ကို လေးစားတဲ့တပည့်တွေကို မွေးထုတ်နိုင်ခဲ့
ခြင်း၊ အလုပ်သမားတွေကို ပိုမိုကောင်းမွန်တဲ့လုပ်ခံလစာတွေ၊ လူမှုရေးလုံခြုံမှုတွေ၊ နေစရာအိမ်တွေ စသည့်အကျိုး
အမြတ်တွေကို ရှာဖွေပေးခဲ့ခြင်း၊ ၁၉၄၄ ပီရွန်က ဒီအာဏာကို အသုံးချပြီး သမ္မတကို ရာထူးကနေ ဖယ်ရှားပြီး ရင်းနှီး
ခင်မင်တဲ့ဗိုလ်ချုပ်တစ်ဦးကို ခန့်အပ်ဖို့ လုပ်ခဲ့ခြင်း၊ ၁၉၄၅ ဖမ်းဆီးခံရပြီး အလုပ်သမားထောင်ပေါင်းများစွာ ဆန္ဒပြခဲ့ခြင်း၊
၁၉၄၆ ပီရွန်ဟာ သမ္မတအဖြစ်တရားဝင်ရွေးကောက်တင်မြှောက်ခံရသည်။ သူ့ရဲ့ဆောင်ရွက်ချက်များကတော့ အီဗာပီ
ရွန် သူ့ရဲ့အမျိုးသမီး ပုဂ္ဂလိကပုံရိပ်ကို အသုံးချပြီး ဆင်းရဲသားတွေနဲ့အမြဲတွေ့ဆုံပြီး သူတို့ရဲ့အကျိုးစီးပွားကို စိတ်ဝင်စား
ကြောင်း ထုတ်ဖော်ပြခဲ့သည်။ ပီရွန် နှင့် အီဗာနှစ်ဦးစလုံးဟာ သူတို့ရဲ့ပုံရိပ်တွေ ကြီးထွားသထက် ကြီးထွားလာအောင်
တည်ဆောက်ခဲ့ကြသည်။ ကလေးတွေကို ပီရွန်ရဲ့ကောင်းမြတ်မှုတွေနဲ့ပတ်သက်ပြီး ရိုက်သွင်းခံရသည်။ နိုင်ငံတော်ရဲ့
ဝါဒဖြန့်ချိရေးကနေ ပီရွန်ဟာ အင်အားကြီးပြီး မြင့်မားတဲ့စွမ်းအင်တွေကို ပိုင်ဆိုင်ထားတယ်လို့ မှတ်ယူခဲ့ကြသည်။
၁၉၅၂ သူမသေဆုံးတဲ့အခါ တစ်နိုင်ငံလုံးက သူတော်စပ်တစ်ဦးသေဆုံးသွားတယ်လို့ ဝမ်းနည်းပူးဆွေးခဲ့ကြသည်။
ဆရာမွေး - တပည့်မွေးအနေနဲ့သူအသုံးပြုနေတဲ့သုံးစွစ
ဲ ရိတ်ကလည်း နိုင်ငံ့စီးပွားရေးကို ထိခိုက်လာခဲ့သည်။ အကျိုး
ဆက်ကတော့ ပြည်သူလူထုက သူ့ကို ပြန်ဆန့်ကျင်လာခဲ့သည်။ ၁၉၉၉ စစ်တပ်က ပုန်ကန်တဲ့အတွက် သူရာထူးက
နှုတ်ထွက်ပြီး ပြည်ပကို ထွက်ပြေးခဲ့ရသည်။ အာဂျင်တီနားကို အခြေခံပြီး ဆရာမွေး - တပည့်မွေးစနစ်ကို စာနာစိတ်
ထားရှုမြင်သူပညာရှင်တွေကတော့ ဆရာမွေး - တပည့်မွေးစနစ်မှာ ဆင်းရဲသားတွေကို အခြေခံထောက်ပံ့ရင် တချို့
အကျိုးအမြတ်တွေရနိုင်ကောင်းတယ်လို့ သုံးသပ်ခဲ့ကြသည်။ ဆင်းရဲသားတို့ရဲ့အကျိုးအမြတ်ကို တပည့်မွေးသူ (ဝါ)
သူကောင်းပြုသူတွေက နားလည်းပေးခဲ့သည်။ သူတို့ လိုအပ်ချက်တွေကို နားထောင်ပေးတယ်ဆိုပြီး သစ္စာထားခဲ့ကြ
သည်။

You might also like