Professional Documents
Culture Documents
ဆရာမွေး - တပည့်မွေးစနစ် Patron - Client System
ဆရာမွေး - တပည့်မွေးစနစ် Patron - Client System
နိဒါန်း
သမိုင်းကြောင်းအရ လေ့လာကြည့်ရင် “ဆရာမွေး - တပည့်မွေးစနစ်” သို့မဟုတ် “ခေါင်းဆောင်မွေး - တပည့်မေးစနစ်”
တွေဟာ ကမ္ဘာကြီးရဲ့ရှေးအကျဆုံးနိုင်ငံရေးပုံသဏ္ဍာန်တစ်ခုလို့ ဆိုရလိမ့်မည်။ လူသားတွေအနေနဲ့လည်း ကိုယ့်ဘာ
သာကိုယ် တွေးခေါ်လာခဲ့တ့န
ဲိုင်ငံရေးစနစ်တွေ မဖွံ့ဖြိုးခင်ကာလမှာ လူတွေဟာ သူတို့ကိုယ်သူတို့ ခေါင်းဆောင်
တစ်ယောက်ရဲ့ ဘေးနားပတ်လည်မှာ ဝန်းရံခဲ့ကြသည်။ အမဲလိုက်ရာမှာဖြစ်စေ၊ စုဆောင်းရာမှာဖြစ်စေ အမြဲတမ်းခေါင်း
ဆောင်ကိုသာ ခြံရံခဲ့ကြသည်။ အုပ်စုတစ်စု၏ ခေါင်းဆောင်းဟာ အများအားဖြင့် အသက်အရွယ်အကြီးအဆုံး
ယောက်ျား ဆွေးမျိုးတစ်ဦး ဖြစ်လေ့ရှိသည်။ ဒီလိုခေါင်းဆောင်များကသာလျှင် ဖခင်ကြီးစိုးတဲ့စနစ်ကို ချမှတ်နိုင်ခဲ့
သည်။ အုပ်စုအတွင်း အဆင်ပြေချောမွေ့အောင်မြင်စွာ လုပ်ပေးခြင်း၊ လမ်းညွှန်ပေးခြင်းတို့ ဖြစ်ပါသည်။ ဒီလိုခေါင်း
ဆောင်မျိုးကတော့ နိုင်ငံ့ခေါင်းဆောင်အဖြစ်တော့ မသတ်မှတ်နိုင်သေးပါ။ အများအားဖြင့် မိသားစုဝင် ခေါင်းဆောင်
ကေန ဆက္ခံခဲ့တ့ေ
ဲ ခါင်းဆောင်မျိုးတွေ များခဲ့၍ လူ့အဖွဲ့ အစည်းဟာ တဖြည်းဖြည်းပိုပြီး ရှုပ်ထွေလာခဲ့ပြီး ဥစ္စာဓနတွေ
လည်း ပိုကြွယ်ဝလာခဲ့သည်။ ကိုယ့်ကိုကိုယ် ခုခံကာကွယ်ခြင်းလုပ်ရတာ ပိုပြီး စိန်ခေါ်မှုတွေနဲ့ကြုံတွေ့ခဲ့ရသည်။
တခါတရံမှာ ယောက်ျားတွေ ခေါင်းဆောင်ဖြစ် မဟုတ်တော့ဘဲ မိန်းမတွေပါ ခေါင်းဆောင်ဖြစ်လာခဲ့သည်။ ေယ်ဘုယ်
အားဖြင့် အုပ်စုတစ်ခုရဲ့ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အသက်အရွယ်ကြီး ရင့်ကျက်မှုရှိတဲ့ ဆွေမျိုးဖြစ်တာကိုလည်း
လေ့လတွေ့ရှိရသည်။ ဒါကြောင့် ရှေးခေတ်ကာလတွင် “ခေါင်းဆောင်မွေး - တပည့်မွေးစနစ်” မှာ ခေါင်းဆောင်တွေနဲ့
တပည့်တွေဟာ မျိုးရိုးဗီဇအားဖြင့် တစ်နည်းတစ်ဖုံ ဆက်နွှယ်နေခဲ့ခြင်း တွေ့ရသည်။ လူအများစုတွေဟာ သူတို့ရဲ့
ခေါင်းဆောင်ကို သူတို့ရဲ့မျိုးရိုးဗီဇနဲ့သွေးသားတော်စပ်မှုအရ ရွေးချယ်တာမဟုတ်တော့ဘဲ သူတို့ရဲ့ ဆင်ခြင်မှုအခြေခံတဲ့
ရွေးချယ်မှုအရ ရွေးချယ်တာဆိုရင် အဲဒီနေရာမှာဘဲ “နိုင်ငံရေး” ဆိုတာ စတင်ခဲ့ခြင်းဟု ဆိုနိုင်ပါသည်။
သဘောတရားလေ့လာခြင်း
“ဆရာမွေး - တပည့်မွေးခြင်း” ဟာ ရှေးခေတ်ကာလကစပြီး ယနေ့ခေတ်အထိလည်း သယ်ဆောင်လာခဲ့သော်လည်း
သူတို့ကို ဖြန့်ချီလိုက်တဲ့ ဒဿနပညာရှင်တွေဟာ ဘယ်သူလဲဆိုတာ လေ့လာကြည့်ရင် အတော်လေး ရှာရခက်ပါ
သည်။ ဖရန့်စစ်ဖူကူယားမားက သူ့ရဲ့ ၁၉၉၂ ခုနှစ် ထုတ် “အက်ဆေး The End of History and the Last Man” မှာ
တစ်ခုတည်းသော နိုင်ငံရေးစနစ်တစ်ခုဖြစ်တဲ့ ဒီမိုကရေစီဟာ သူ့ရဲ့ တရားဝင်မှု နှင့် ဆွေ
ဲ ဆာင်မှုကို ၂ဝ ရာစုနှစ်အကုန်
မှာ ရရှိလိုက်ပြီး ဖြစ်သည်ဟု အဆိုတင်သွင်းခဲ့ပါသည်။ သူက ဖက်ဆစ်ဝါဒ နှင့် နာဇီဝါဒဟာ ဂုဏ်သိက္ခာကင်းမဲ့ခဲ့တာ
ကြာခဲ့ပါပြီး။ ဆိုဗီယက်ပြည်ထောင်စုကလည်း ကွန်မြူနစ်ဝါဒရဲ့အနာဂတ်အလားအလာမှန်သမျှကို ဖြိုချလိုက်ခဲ့သည်။
ဖူကူးယားမားက “ခေါင်းဆောင်မွေး - တပည့်မွေးစနစ်” ကို လုံးဝဖော်ပြခဲ့ခြင်း မရှိပါ။ သူ့အတွက် “ခေါင်းဆောင်မွေး -
တပည့်မွေး နိုင်ငံရေးစနစ်” ဆိုတာ မရှိခဲ့ဘူးလို့တောင်မှ ယူဆပုံရပါသည်။ “ခေါင်းဆောင်မွေး - တပည့်မွေး” သို့မဟုတ်
“ဆရာမွေး - တပည့်မွေးစနစ်” ဟာ တခြားသော နိုင်ငံရေးစနစ်တွေဖြစ်တဲ့ ဒီမိုကရေစီ၊ လစ်ဘရယ်ဝါဒ၊ ဆိုရှယ်လစ်ဝါဒ၊
ကွန်မြူနစ်ဝါဒ၊ အမ်နာခစ်ဝါဒတွေန့မ
ဲ တူပါ။ “ခေါင်းဆောင်မွေး - တပည့်မွေးစနစ်” ကို လိုလာထောက်ခံခဲ့သူဆိုတာမျိုး
မရှိသလို၊ ဒီစနစ်တွေကို ကျင့်သုံးအောင် ရှေ့နေလိုက်သူဆိုသည်လည်း မရှိခဲ့ပါ။ စနစ်အကြောင်း တွေးခေါ်ခဲ့တဲ့ သီအို
ရီပညာရှင်ဆိုတာလည်း မရှိခဲ့ပါ။ နှိုင်းယှဉ်နိုင်ငံရေး Comparative Politics နှင့်ပတ်သက်၍ ဖတ်စာအုပ်တွေမှာလည်း
ကမ္ဘာ့နိုင်ငံရေးစနစ်ကို ဒီမိုကရေစီကနေ အာဏာရှင်ဝါဒအထိ တဖြည်းဖြည်း ဦးတည်ခဲ့ခြားသွားတာမျိုးပဲ ရှိခဲ့ ကြသည်။
ဒီလိုစာအုပ်တွေမှာ “ဆရာမွေး - တပည့်မွေးစနစ်” သို့မဟုတ် “ခေါင်းဆောင်မွေး - တပည့်မွေးစနစ်” ကို သိပ်အာရုံ
မစိုက်ခဲ့ကြပါ။ ခေတ်သစ် နိုင်ငံရေးသိပံ္ပပညာရှင်တွေထဲမှာ “ဆရာမွေး - တပည့်မွေးစနစ်” တွေကို ဆွေးနွေးကြတာတွေ
လည်း ရှိခဲ့ပါသည်။ ဘယ်လိုဘဲဖြစ်ဖြစ် “ဆရာမွေး - တပည့်မွေးဖြစ်တဲ့နိုင်ငံရေးစနစ်” တစ်ခုဟာ အဖျက်သဘော
ဆောင်တဲအ
့ ပြုအမူတွေ အများကြီးရှိနေတာကို လေ့လာတွေ့ရှိရသည်။ အဲဒီလိုမျိုး “ဆရာမွေး - တပည့်မွေးစနစ်နဲ့
တည်ဆောက်ထားတဲ့ အစိုးရတစ်ရပ် သို့မဟုတ် ပါတီတစ်ရပ်ဟာ လုံးဝမထိရောက်ပါ။ အကျင့်ပျက်ခြစားမှု၊
ရာဇဝတ်ပြစ်မှုများ၊ “ဆရာမွေး - တပည့်မွေးစနစ်” တွေဟာ ပြိုကျပျက်စီးဖို့ အလားအလာ အရှိဆုံးစနစ်၊ တဖက်မှာ
လည်း ဆရာမွေး - တပည့်မွေးစနစ်ဟာ ပျောက်ကွယ်သွားရင်တောင်မှ လျင်မြန်စွာ ပြန်ပေါ်လာနိုင်တဲ့စနစ်၊ အလိုက်သင့်
ခံယူနိုင်စွမ်းရှိသလို ဖြန့်ဝေမှုတွေကိုလည်း ချဲ့ထွင်သွားနိုင်ကြောင်း” သဘောတရားလေ့လာခြင်းဖြင့် ခြုံငုံတင်ပြအပ်ပါ
သည်။