Dhamma Talk 1 Saya U Thit Lwin

You might also like

Download as pdf or txt
Download as pdf or txt
You are on page 1of 55

1

Dhamma Talk - I
(Meditation)
w&m;tm;xkwfrI vrf;c&D;rS
w&m;pum;rsm;
Thit Lwin (Dhamma Friends)
2

မာတိကာ စာမျက်နှာ

၁။ အပူငြိမ်ပြီး အပူငြိမ်းဘို့ …………………………………………………. ၅

၂။ သတိပဌာန်အကျိုး ……………………………………………………… ၆

၃။ အာနာပါန ဘယ်လိုစမလဲ …………………………………………….. ၇

၎။ သတိပဌာန်လေးပါးဆိုတာ …………………………………………… ၇

၅။ နှာသီးဝမှာလေကိုတွေ့ရင် …………………………………………… ၈

၆။ ဝီရိယဘယ်လိုထားမလဲ ……………………………………………… ၈

၇။ သမာဓိဘယ်လိုထားမလဲ ……………………………………………. ၉

၈။ ဝေဒနာပေါ်လာရင် …………………………………………………… ၁၀

၉။ ဝေဒနာပြင်းထန်လာရင် …………………………………………….. ၁၁

၁၀။ ဝေဒနာကိုမရှုတတ်ရင်…………………………………………….. ၁၁

၁၁။ စိတ်အေးအေးနဲ့ရှုမှ ……………………………………………….. ၁၂

၁၂။ ဝေဒနာပျောက်ဘို့လား …………………………………………… ၁၂

၁၃။ စိတ်မနာအောင်နေ ……………………………………………….. ၁၃

၁၄။ သမထမှ ဝိပဿနာသို့ …………………………………………… ၁၄

၁၅။ ပီတိကိုရှုပါ ………………………………………………………….. ၁၅

၁၆။ ဝေဒနာကျော်တယ် ကုန်တယ် ချုပ်တယ် …………………….. ၁၆

၁၇။ ဝေဒနာခွာတယ်ဆိုတာ ………………………………………….. ၁၇

၁၈။ မတွေးဘို့မှတ်ချက်မပေးဘို့ …………………………………….. ၁၈

၁၉။ ဝေဒနာကိုဘယ်လိုရှုမလဲ ……………………………………….. ၁၉

၂၀။ ကိုယ်ကိုရှုမလားရုပ်ကိုရှုမလား ………………………………… ၂၀

၂၁။ သမာဓိ …………………………………………………………….. ၂၁


3

၂၂။ အတွေး …………………………………………………………… ၂၂

၂၃။ ရိပ်သာမဝင်နိုင်သူတွေအတွက် ……………………………… ၂၃

၂၄။ ယောနိသောမနသီကာယ …………………………………… ၂၄

၂၅။ မိုးကုတ်နဲ့မဟာစည်(၁) ………………………………………. ၂၅

၂၆။ မိုးကုတ်နဲ့မဟာစည်(၂) ………………………………………. ၂၆

၂၇။ ဝေဒနာနဲ့တဏှာအစပ် ……………………………………….. ၂၇

၂၈။ စိတ်ကိုရှုမယ် ………………………………………………….. ၂၈

၂၉။ အိပ်ရာထထချင်း …………………………………………….. ၂၉

၃၀။ ဘာကိုဘယ်လိုရှုမလဲ ……………………………………….. ၃၀

၃၁။ ရုပ်ဆိုတာ ……………………………………………………… ၃၁

၃၂။ စင်္ကြံ ……………………………………………………………. ၃၄

၃၃။ နှာသီးဝလားဝမ်းဗိုက်လား …………………………………. ၃၅

၃၄။ စိတ်ကိုဘယ်လိုရှုမလဲ ………………………………………. ၃၇

၃၅။ စိတ်ကိုတွေ့ချင်ရင် ………………………………………….. ၃၈

၃၆။ ဗြဟ္မစိုရ်တရားလေးပါး ………………………………………. ၃၉

၃၇။ အစဉ်လိုက်ရှုရမှာလား ………………………………………. ၄၀

၃၈။ သံသရာ ……………………………………………………….. ၄၁

၃၉။ ပစ္စုပ္ပန်နဲ့ပရမတ် ………………………………………………. ၄၂

၄၀။ ပရမတ် …………………………………………………………. ၄၃

၄၁။ ချမ်းမြေ့ဆရာတော်ရဲ့စာအုပ်တစ်အုပ် …………………… ၄၄

၄၂။ အခက်အခဲ ……………………………………………………. ၄၄

၄၃။ သိတာနဲ့ဥာဏ်ဖြစ်သလား ………………………………….. ၄၅


4

၄၄။ ရိုးရိုးရှင်းရှင်းဝိပဿနာ ……………………………………… ၄၆

၄၅။ အစကပြန်စပါ ……………………………………………….. ၄၇

၄၆။ တရားအားထုတ်တယ်ဆိုတာ …………………………….. ၄၈

၄၇။ ရိပ်သာကပြန်လာမှပိုဆိုးလာလို့ ………………………….. ၅၀

၄၈။ တရားအားထုတ်တာဘာလို့ခက်နေတာလဲ ……………. ၅၂

၄၉။ တိဟိတ် ……………………………………………………… ၅၄


5

အပူငြိမ်ပြီး အပူငြိမ်းဘို့

ကံနဲ့ ကံရဲ့အကျိုး တနည်းအားဖြင့် အကြောင်းတရားနဲ့ အကျိုးတရားကို ယုံကြည်တယ် သဘာပေါက်တယ်


လေးလေးနက်နက် လိုက်နာလာတယ်ဆိုရင် ကိုယ်လက်ခံယုံကြည်တဲ့သူဟာ ကောင်းမှုကိုတိုးလုပ်ပြီး
မကောင်းမှုကိုရှောင်လာပါပြီ။ သူ့အတွက်တော့ ကောင်းမှုရဲ့ အကျိုးကိုရရှိမှာဖြစ်ပြီး မကောင်းမှုရဲ့

အပြစ်တွေ လွတ်ကင်းလာမယ်ဖြစ်ပါတယ်။ ဒီလက်တွေ့ အကျိုးတွေဟာ နေ့စဉ်မှ အစ သံသရာမှာ


ကျင်လည်ကြရအုံးမဲ့ ဘ၀ပေါင်းများစွာမှာကြီးမားတဲ့ အထောက်အပံ့တွေဖြစ်ပါတယ်။ သံသရာမှ
လွတ်မြောက်ကြောင်း အတွက်လည်း အထောက်အပံ့ဖြစ်ပါတယ်။ ကျွန်တော်တို့ နေ့စဉ်ပြုနေတဲ့ကံတွေမှာ
မနောကံဟာ ကံဖြစ်ဘို့ အလွယ် ကူဆုံးဖြစ်ပြီး အကြိမ် ရေအများဆုံးဖြစ်ပြီး အားလည်းအကြီးဆုံးဖြစ်ပါတယ်။

မနောကံကို ဖြူစင်စေဘို့ မြင့်မြတ်စေဘို့ ဒီအတိုင်းနေလို့မရပါဘူး။ ဘုရားဟောတဲ့ စိတ် လေ့ကျင့်ခန်းတွေနဲ့


နေမှရပါတယ်။ အဲဒါကို ကမ္မဋ္ဌာန်းလို့ခေါ်ပြီး သမထနဲ့ ဝိပဿနာလို့ အပိုင်းနှစ်ပိုင်း ရှိပါတယ်။
မြင်ကြားနံစားထိတွေး ဆိုတဲ့ အဆက်မပြတ် ကြုံနေရတဲ့အာရုံတွေကို အာရုံမထားဘဲ ကောင်းမွန်တဲ့
အာရုံတွေဆီမှာ အာရုံပြောင်း ထားတာကို သမထလို့ ခေါ်ပါတယ်။ ပြောင်းထားရမဲ့အာရုံ လေးဆယ်ရှိတာမို့

ဘုရားက သမထကမ္မဋ္ဌာန်း လေးဆယ်လို့ဟောခဲ့ပါတယ်။ ဘယ်အာရုံဘဲကြုံကြုံ အာရုံရဲ့သဘာဝက မမြဲ။


အာရုံကြောင့် ဖြစ်တဲ့စိတ်ဝေဒနာ သညာအားထုတ်မှုတွေလည်း မမြဲလို့ သင့်တင့်လျောက်ပတ်စွာ နှလုံးသွင်း
တာကိုတော့ ဝိပဿနာ ခေါ်ပါတယ်။ အသိပြောင်းလဲတဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။ အာရုံပြောင်းတဲ့

သမထကြောင့် အပူတွေငြိမ်ပြီး အသိပြောင်းတဲ့ ဝိပဿနာကြောင့် အပူတွေငြိမ်းပါတယ်။

မိတ်ဆွေများ ကောင်းကံများတိုးပွားလို့ ကောင်းကျိုးတွေရကြပါစေ။

အပူငြိမ်ပြီး အပူငြိမ်းကြပါစေ။
6

သတိပဌာန်အကျိုး

ဧကာယနောအယံဘိက္ခဝေ မဂ္ဂေါ

သတ္တာနံဝိသုဒ္ဓိယာ

သောကပရိဒေဝါနံ သမတိက္ကမာယ

ဒုက္ခဒေါမနဿာနံ အတ္ထင်္ဂမာယ

ဥာယဿ အဓိဂမာယ

နိဗ္ဗာနဿ သစ္ဆိကိရိယာယ

ယဒိတံစတ္တာရော သတိပဌာနာ။

ဒီလမ်းဟာ တစ်ကြောင်းတည်းသောလမ်းဖြစ်ပါတယ်တဲ့။

သတ္တဝါတွေကို အထူး စင်ကြယ်စေပါတယ် တဲ့။

စိတ်ပူလောင်ခြင်း သောကလူပူလောင် ငိုကြွေးခြင်း ပရိဒေ၀တွေ ပျောက်ကင်းစေပါတယ်တဲ့။

ကိုယ်ဆင်းရဲခြင်းဒုက္ခ စိတ်ဆင်းရဲခြင်း ဒေါမနဿတွေ ချုပ်ငြိမ်းပါတယ်တဲ့။

နိဗ္ဗာန်သွားတဲ့လမ်းကြောင်းပေါ် ရောက်ပါ တယ်တဲ့။

နိဗ္ဗာန်ကိုမျက်မှောက် ပြုရောက်ရှိပါတယ်တဲ့။
7

အာနာပါန ဘယ်လိုစမလဲ

တရားအားထုတ်တာ ဘုရားစင်ရှေ့ထိုင်မှ မဟုတ်ဘူးလို့ ပြောတာတွေရှိပါတယ်။ မငြင်းလိုပါဘူး။ ဘုရား


ကိုယ်တော်တိုင် သွားရင်း လာရင်း စားရင်း သောက်ရင်း နောက်ဆုံးအိမ်သာတက်ရင်း အားထုတ်ဘို့
ဟောခဲ့တာပါဘဲ။ အင်မတန် ဥာဏ်ကြီးသူ တွေအဖို့တော့ ဖြတ်ကနဲ တရားထူးရသွားနိုင်ပေမယ့် အခု
ပြောချင်တာကတော့ သူ့လို ကိုယ့်လို သာမန်လူထဲက ကျွန်တော့်အနေအထားကို အခြေခံပြီး ပြောတာပါ။
အဲလို တရားထူးရဘို့ သမာဓိသော်လည်းကောင်း ဝိရိယသော်လည်းကောင်း ပညာသော်လည်းကောင်း
သတိသော်လည်းကောင်း အထွဋ်အထိပ်မှာရှိနေရပါမယ်။

ကျွန်တော်တို့ကတော့ ဘုရားစင်ရှေ့ကဘဲ စလိုက်ကြရအောင်။ ငြိမ်ငြိမ်ထိုင်မယ်။ သက်တောင့်


သက်သာရှိအောင်ထိုင်မယ်။ စိတ်ကို နှာသီးဝမှာ ထားမယ်။ သတိထားရုံထားရမှာပါ။
အတင်းမကပ်ထားရပါဘူး။ သတိမလွတ်အောင် ဝိရိယ စိုက်ပေးပါ။ ဘာမှမရှာမိဘို့ အရေးကြီးပါတယ်။ သတိနဲ့
ဝိရိယအားရှိလာရင် သမာဓိရလာပြီမို့ နှာသီးဝက ဝင်လေ ထွက်လေကို သိလာပါမယ်။ ဝင်လေထွက်လေ
ထင်ရှားလာအောင် ဘာမှ မလုပ်မိဘို့လည်း အရေးကြီးပါတယ်။ သူ့သဘာဝကို ကိုယ့်ပယောဂမပါဘဲ
သိစေချင်လို့ပါ။ ဆက်ပါဦးမယ်။

သတိပဌာန်လေးပါးဆိုတာ

ထိုင်ဖို့လိုတယ်။ မလိုဘူး။ သိနေရင်ပြီးတာဘဲ။ ကြာကြာထိုင်နိုင်တယ်။

ဒီစကားတွေဟာ ဘာဝနာနယ်မှာ ရောက်နေတာကြာပြီဖြစ်သလို အမြစ်လည်း တွယ်နေပါပြီ။ သာသနာအတွက်


စိတ်မကောင်းစရာတွေပါ။ ဘုရားဟောတဲ့ သတိပဌာန်တရားတော်မှာ အဲဒီစကားလုံးတွေ မပါပါဘူး။
ဘာဝနာဟာ စိတ်အလုပ်ဆိုပေမယ့် များသောအားဖြင့် လူမငြိမ်ရင် စိတ်မငြိမ်လို့ လူငြိမ်ဖို့တော့ လိုပါတယ်။
ဝါးလုံးထိပ်ဖျား ဂျွမ်းထိုးရင်း တရားရသွားတဲ့သူကိုတော့ မဆိုလိုပါဘူး။ များသောအားဖြင့် ပြောတာပါ။
သတိပဌာန်မှာလည်း ထင်ရှား ထင်လွယ်တဲ့ ကာယက စကြတာပါ။ ဝေဒနာရှုတဲ့အခါ သဘောထား
အရေးကြီးတာ တွေ့လာပါမယ်။ စိတ်ထင်ရှားလာလို့ စိတ်ရှုတတ်လာရင်တော့ ပစ္စုပ္ပန်တည့်လာပြီး သတိပညာ
ပိုကောင်းလာပါမယ်။ ဓမ္မသဘောမျှလို့ သိရင်တော့ ငါစွဲ ပါးလာပါပြီ။ အမှန် ခန္ဓာကို အမှန်မြင်အောင်
အားထုတ်တာ ဝိပဿနာပါပဲ။
8

နှာသီးဝမှာ လေကိုတွေ့ရင်

နှာသီးဖျားမှာ သတိကပ်ရင် တွေ့ချင်စိတ်သိပ်များနေရင် ဘာမှမတွေ့ဘူး ဖြစ်နေတတ်တယ်။ လောကြီး


နေတာကိုး။ မထင်ရှားလို့ အားစိုက်ပြီး နဲနဲပြင်းပြင်းရှူလိုက်ရင် ဝင်လေထွက်လေ ထင်ရှားလာတာ တွေ့ရလို့
ဝမ်းသာသွားတတ်တယ်။ ဝမ်းသာစိတ်ကို ဖျောက်ပြီး အားစိုက်ထားတာကို ပြန်လျော့လိုက်ဘို့ လိုပါတယ်။
အဲလိုမဟုတ်ဘဲ ထင်ရှားလာတဲ့ ဝင်လေထွက်လေကို သဘောကျပြီး ပျောက်သွားမှာ ကြောက်တာနဲ့ အတင်း
ကပ်ထားရင် သဘာဝမကျတော့ပါဘူး။ ကြိုက်လမ်းနဲ့ ကြောက်လမ်းနှစ်ခုကို ရှောင်ပြီး အလယ်လမ်းက
သွားရမှာမို့ ဒီနေရာမှာ အရေးကြီးပါတယ်။ ဝင်လေထွက်လေကို စွဲလန်းတဲ့ စိတ်ဝင်သွားရင်လည်း
မဟုတ်သေးဘူး။ သတိပဌာန်ဆိုတာ ခန္ဓာရဲ့ ဝင်လေထွက်လေရဲ့ သဘာဝကို သိဘို့လေ့ကျင့်တာပါ။ သူ့ကို
စွဲလန်းဘို့ မဟုတ်ပါဘူး။

ဝီရိယ ဘယ်လိုထားမလဲ

ဝင်လေ ထွက်လေနဲ့ သတိ သမာဓိထူထောင်တယ်ဆိုပေမဲ့ အရေးကြီးတဲ့ တရားတစ်ခုက ဝီရိယပါဘဲ။


အစဦးဆုံး သတိထားလို့မရသေးခင်မှာဘဲ ဝီရိယက အလုပ်လုပ်နေပါပြီ။ တစ်ယောက်နဲ့တစ်ယောက်
ဝီရိယချင်းမတူပါဘူး။ ဒါပေမဲ့ ဝီရိယက လွန်လို့လည်းမဖြစ်သလို လျော့လို့လည်းမဖြစ်ပါဘူး။
ဘယ်အနေလောက် ထားရမလဲဆိုတဲ့ မေးခွန်း ပေါ်လာပါပြီ။ သတိက အာရုံကိုသိနိုင်တဲ့ အနေအထားမှာ ဝီရိယ
ထားရမယ် လို့ ဖြေပါမယ်။ ဝီရိယလျော့နေရင် နှာသီးဝမှာ သတိမကပ်နိုင်သလို ဝီရိယလွန်နေရင်လည်း
သမာဓိရဘို့ ခဲယဉ်းပါလိမ့်မယ်။ ဆိုလိုတာက တရားအားထုတ်တာ မအေးချမ်းဘဲ စိတ်ပင်ပန်းနေလိမ့်မယ်။

ဒါကြောင့်မို့ ဝီရိယစထားမယ်။ သတိဖြစ်လာပြီဆိုရင် ဝီရိယကို အာရုံ မပျောက်သွားရုံလောက်လေးထားမယ်။


သတိအားကောင်းလာအောင် သတိကို ပိုထားရပါမယ်။ သတိကတော့ လွန်တယ်ရယ်လို့ မရှိပါဘူး။ ဒါဆိုရင်
ဝီရိယနဲ့ သတိ မဂ္ဂင်နှစ်ပါး အလုပ်လုပ်နေပါပြီ။
9

သမာဓိဘယ်လိုထားမလဲ

နှာသီးဝက ဝင်လေထွက်လေကို သတိကပ်ဘို့ ဝီရိယဟာ အဓိကကျတဲ့ အကြောင်း ပြောခဲ့ပါတယ်။


သတိပေါ်လာတာနဲ့ ဝင်လေထွက်လေကို သိပါပြီ။ ဒါပေမဲ့ ဝီရိယက အဆက်မပြတ် တွန်းတင်ပေးနေရပါတယ်။
တွန်းအားများရင်လည်း နှာသီးဝမှာ သတိမတည်တော့ဘူး။ တွန်းအားနဲရင်လည်း သတိပျောက်သွား
တတ်ပါတယ်။ ဒါကြောင့်မို့ ဝင်လေထွက်လေကို သိရုံမျှလောက်ဘဲ ဝီရိယကို တင်ပေးရပါမယ်။
ဝီရိယလွန်နေရင် အမြန်ပြန်မလျော့ဘဲ ဖြေးဖြေးလျော့ပါ။ လိုနေရင်လည်း ဖြေးဖြေးပြန်တင်ပေးပါ။
လောမကြီးဘို့။ မပြာဘို့ လိုပါတယ်။ စိတ်ရှည်ရပါမယ်။ ဝီရိယတွန်းတင်ပေးမှုမျှလာရင် သတိကလည်း ဝင်လေ

ထွက်လေကို သိရုံမျှမက ငြိမ်သက်ပြီးတည်ငြိမ်လာပါမယ်။ တည်ငြိမ်မှုရှိလာတာကို သမာဓိရှိလာပြီလို့


ဆိုပါတယ်။ တကယ်တော့ တည်ငြိမ်မှုအပြင် ကြည်လင်မှု ပေါ့ပါးမှုပါ ဖြစ်မှ သမာဓိဖြစ်ပါတယ်။
သမာဓိအားနဲ့နေရင် ဝင်လေထွက်လေရဲ့ သဘာဝကို သိနိုင်မှုလည်း အားနဲတတ်ပါတယ်။ ဒီနေရာမှာလည်း
သမာဓိ ဘယ်အတိုင်းအတာလောက်လိုမလဲဆိုတဲ့ မေးခွန်းရှိလာပါပြီ။ ဝင်လေထွက်လေရဲ့ တိုးသွားတဲ့
သဘာဝကို သိနိုင်လောက်တဲ့ သမာဓိရှိရင် ပြည့်စုံပါပြီလို့ ဖြေပါမယ်။

သမာဓိလျော့နေရင် ဝင်လေထွက်လေမထင်ရှားဖြစ်တတ်ပါတယ်။ အဲလိုဖြစ်ရင် ဝီရိယနဲနဲတင်ပေးပြီး သတိ


နဲနဲပိုထားရပါမယ်။ သမာဓိလွန်သွား ရင်လည်း နှာသီးဝပျောက်တဲ့အပြင် ဝင်လေထွက်လေပါ
ပျောက်နေတတ်ပါ တယ်။ စိတ်ရောလူရော အေးငြိမ်းနေတတ်တယ်။ ဘယ်အာရုံကိုမှ မသိတော့တဲ့
အနေအထား မျိုးဖြစ်နေလို့ တရားအားထုတ်သူက ကျေနပ်နေတတ်ပါတယ်။ အေးမြချမ်းသာကို ခံစားနေရလို့
မူလဝင်လေထွက်လေကိုတောင် သတိမကပ် ချင်တော့ဘူးဖြစ်တတ်ပါတယ်။ တချို့ လည်း အိပ်ပျော်
သွားတတ်ပါတယ်။ မူလရည်ရွယ်ချက်ဖြစ်တဲ့ ဝင်လေထွက်လေရဲ့ သဘာဝကို သိလိုမှုဆိုတဲ့ တရားလမ်း

ကြောင်းက သွေဖယ်သွားတာမို့ သမာဓိမှာလည်း အပိုအလိုမရှိရအောင် သတိပြန်ထားဘို့ အရေးကြီးတဲ့


အကြောင်း ပြောပြချင်ပါတယ်။ ဒါဆိုရင် ဝီရိယကြောင့် သတိဖြစ်။ သတိကြောင့် သမာဓိဖြစ်ရလို့ သမာဓိ
မဂ္ဂင်သုံးပါး ပြည့်စုံပါပြီ။ ဝီရိယနဲ့ သမာဓိအလို အပို မဖြစ်ဘို့လည်း အရေးကြီးသလို ဝီရိယနဲ့
သမာဓိမျှတဘို့လည်း အရေးကြီးပါတယ်။
10

ဝေဒနာပေါ်လာရင်

ပုံမှန်တရားထိုင်နေစဉ်အချိန်အတွင်း ညောင်းညာကိုက်ခဲမှုတွေပေါ်လာတဲ့အခါ စိတ်အေးအေးထားပြီး


ပူတဲ့သဘော ကင်းတဲ့ သဘောကို သတိဥာဏ်နဲ့ ရှုဘို့အကြံပြုခဲ့ပါတယ်။ ပေပြီး အောင့်ခံမနေဘို့ရယ်
သတိလက်လွတ် မပြင်လိုက်ဘို့ရယ်လည်း ပြောပြခဲ့ပါတယ်။ ဝေဒနာကို ကြိုက်တဲ့စိတ်နဲ့လည်း မရှုနဲ့။

မကြိုက်တဲ့စိတ်နဲ့လည်း မရှုနဲ့လို့ ကြားဘူးပေမဲ့ တစ်ကယ် ညောင်းလာနာလာရင် တော့ အဲဒီစိတ်ထားလို့


မရတော့ပါဘူး။ မလိုချင်တဲ့ စိတ်ပယ်ချင်တဲ့စိတ် ပေါ်လာတာပါဘဲ ဝေဒနာပြင်းထန်လာလေလေ
ပယ်ချင်စိတ်များလေလေ။ ပျောက်ချင်စိတ်များလေလေပါဘဲ။ အတတ်နိုင်ဆုံး သည်းခံရတော့တာပါဘဲ။

ကျန်းမာရေးမကောင်းလို့ ဖြစ်တဲ့ဝေဒနာတို့ သေခါနီးမှာဖြစ်တဲ့ဝေဒနာတို့ ကြုံလာရင်တော့ သည်းခံရတာ


မလွယ်လှပါဘူး။ ဒေါသထွက်နေရင်လည်း အကုသိုလ်သာတိုးလာမယ်။ ဝေဒနာက လျော့သွားမှာ မဟုတ်ဘူး။
ဝေဒနာသိပ်ပြင်းထန်လာရင် သဘာဝကို ဝိပဿနာနဲ့တိုက်ရိုက်ရှုလို့ မနိုင်ရင် ဖြေရှင်းနည်းရှိတာမို့ လေ့ကျင့်
ထားသင့်ပါတယ်။

ဝေဒနာကို အာရုံမပြုတော့ဘဲ အခြားအာရုံကို ပြောင်းလိုက်ခြင်းပါဘဲ။ ဝင်လေထွက်လေကို လေ့ကျင့်ထားသူက


ဝင်လေထွက်လေကို ပြောင်းရှုရပါမယ်။ ဝင်လေထွက်လေ စတဲ့ မိမိလုပ်နေကျဝိပဿနာကို ပြောင်းပြီး
ရှုတာတောင် သမာဓိ မရဘဲ စိတ်မတည်မငြိမ်ဖြစ်နေရင်တော့ ဂုဏ်တော်ပွားတာတို့ သီလကို ဆင်ခြင် တာတို့
ပြုလုပ်ရပါမယ်။ နဲနဲတည်ငြိမ်လာမှ ဝိပဿနာပြန်လုပ်ရပါမယ်။

အဲလို အာရုံပြောင်းလိုက်တဲ့အခါ စောစောက ဝေဒနာကြောင့်ဖြစ်နေတဲ့ ဒေါသ ဒေါမနဿတွေ လျော့လာတာ


တွေ့ရပါမယ်။ ဝေဒနာကိုခွာလို့ရှုတယ်လို့ဆိုပါတယ်။ လက်တွေ့မှာ အင်မတန်ထိရောက်တာမို့
ကြိုးစားသင့်ပါတယ်။
11

ဝေဒနာပြင်းထန်လာရင်

ဝေဒနာအပြင်းအပျော့ကိုမူတည်ပြီး ရှုပုံလေးတွေ ပြောဖြစ်ခဲ့ပါတယ်။ သာမန် ခံသာတဲ့ဝေဒနာကို စိတ်


အေးအေး ထားပြီး ရှုလို့ရပေမဲ့ နဲနဲပြင်းထန်ပြီး ခံရခက်တဲ့အခါမှာတော့ စိတ်အေးအေးထားပြီး အလိုက်သင့်
ရှုလို့မရတော့ပါဘူး။ သည်းခံရတာရယ် ပြင်ချင်လာတာရယ်ကြားမှာ ဝေဒနာကို သဘာဝ မလွတ်အောင်
ရှုရပါတော့တယ်။ ဘယ်လိုမှ သည်းမခံနိုင်တဲ့ဝေဒနာကြုံရရင်တော့ ဒေါသ မထွက်အောင် အာရုံ ရှောင်လွှဲတဲ့
နည်းနဲ့ ဝေဒနာကို ရှုဘို့အကြံပေးခဲ့ပါတယ်။ ဆိုလိုတာက ဝေဒနာကို နာတဲ့သဘော။ ပူတဲ့သဘော။
တင်းတဲ့သဘော တွေကို အဆက်မပြတ် ရှုနေပေမဲ့ မခံသာမှုကြောင့် ပြင်လိုက်ရတာ ပြောင်းလိုက် ရတာတွေကို
လုပ်ရပါတယ်လို့ ပြောပြလိုပါတယ်။

ဝေဒနာကိုမရှုတတ်ရင်

ဝေဒနာ ပေါ်စမှာ သတိက ဦးဆောင်ပြီး အာရုံယူပေးတာကို ဥာဏ်က အလိုက်သင့်ရှူသွားပါတယ်။ ဝေဒနာ


ထင်ရှားလာတော့ သတိက ဦးဆောင်စရာ မလိုတော့ပါဘူး။ အဲဒီအချိန် သတိလျော့သွားရင် ကိလေသာတွေက
တစ်ခြား အာရုံတွေဆီ ခေါ်သွားပါလိမ့်မယ်။ ဥာဏ်က ပေါ်ရာအာရုံကို သုံးသပ်နေတဲ့ အချိန်မှာ သတိဟာ
ယှဉ်ဘက်တွေ ဖြစ်တဲ့ ဝီရိယနဲ့ သမာဓိကို မျှတမှုရှိမရှိကို သတိထားပေးရပါမယ်။ ဝီရိယလျော့ပြီး ဝေဒနာရဲ့
သဘာဝကို မမြင်တော့ဘဲ အတုံးအခဲ ပုံသဏ္ဍာန်တွေမြင်နေရင် နဲနဲတင်ပေးရပါမယ်။ သမာဓိလျော့ပြီး အာရုံ
မထင်ရှားနေရင်လည်း သတိထားပြီး အာရုံမလွတ်အောင်လုပ်ပေးရပါမယ်။ သမာဓိလျော့ပြီး အာရုံ မထင်ရှား
နေရင်လည်း သတိထားပြီး အာရုံမလွတ်အောင် လုပ်ပေးရပါတယ်။ သမာဓိလွန်ပြီး ငြိမ့်နေရင်လည်း
သတိထားပြီး အာရုံကို ပြန်ဖော်ပေးရပါတယ်။ အားလုံးဥာဏ်က ပြုပြင်သွားတာဆိုပေမဲ့ အဲလိုလုပ်ဖြစ်အောင်
သတိက အလုပ်လုပ်ပေးနေရပါတယ်။ ဝေဒနာကို ရှုတဲ့အခါ သတိ ဥာဏ် ဝီရိယ သမာဓိ သဒ္ဓါစတဲ့ တရားတွေ
တော်တော်ညီညွတ်မှ ရှုနိုင်မှာ ဖြစ်ပါတယ်။ မဟုတ်ရင် ဝေဒနာကို ပါးပါးနပ်နပ် မရှုတတ်ရင် ဥာဏ်မဖြစ်တဲ့
အပြင် ဝေဒနာ ပေါ်တိုင်း စိတ်ညစ်သွားတတ်ပါတယ်။ ဝေဒနာဟာ မလွဲမသွေ ကြုံရမှာ ဖြစ်တာရယ်၊ ရှုတတ်ရင်
တရားတိုးတက်မှု ကောင်းတာရယ်ကြောင့် လေ့ကျင့်စေချင်ပါတယ်။
12

စိတ်အေးအေးနဲ့ ရှုမှ

ဝေဒနာကို ရှုတာနဲ့ ဝင်လေထွက်လေကို ရှုတာ ကွာခြားမှုတွေရှိပါတယ်။ ဝင်လေထွက်လေ ရှုတုန်းက လေကို


တွေ့မယ်။ လေရဲ့ တိုးတဲ့သဘောကိုတွေ့မယ်။ ဝေဒနာကို ရှုတော့လည်း နာတာကိုတွေ့မယ်။ နာတာရဲ့
တင်းတဲ့သဘောနဲ့ ပူတဲ့သဘောကို တွေ့မယ်။ အရှုခံဘက်မှာ မကွာခြားပါဘူး။ ရုပ်ပါဘဲ။ဝင်လေ ထွက်လေကို
ရှုတုန်းက လေကိုတွေ့ရင် တိုးတာကိုတွေ့ရင် ကျေနပ်တယ်။ ဝေဒနာမှာတော့ နာနေရင် မကျေနပ်ဘူး။ နာတာ
ပျောက်သွားရင် ကျေနပ်တယ်။ ရှုစိတ်မှာ ကျေနပ်မှု မကျေနပ်မှုတွေ မတူညီတာကို သတိထား ကြည့်ရပါမယ်။
စိတ်မှာပေါ်တဲ့ သဘာဝတရားတွေဖြစ်ပါတယ်။ တရား အားထုတ်သူတွေ အဲဒီလိုစိတ်မှာ ဖြစ်နေတာကို
သတိထားဘို့ လိုပါတယ်။ အရေးလည်းကြီးပါတယ်။ စိတ်ကို သတိမထားဘဲ ရှေ့က အာရုံကိုဘဲ မဲပြီး ရှုနေရင်
ရှုစိတ်မအေးချမ်းတဲ့အတွက် အာရုံရဲ့ သဘာဝအမှန်လည်း မပေါ်တော့ဘူးဖြစ်တတ်တယ်။ စိတ် မအေးချမ်းတဲ့
အတွက် အာရုံရဲ့ သဘာဝအမှန်လည်း မပေါ်တော့ဘူးဖြစ်တတ်တယ်။ စိတ်မအေးချမ်းဘဲ အာရုံကို မဲရှုနေရင်
ကိလေသာတွေဝင်လာပြီး တရားလမ်းလွဲသွားတတ်ပါတယ်။ အဲဒါကြောင့် စိတ်ကို မကြာမကြာ ပြန်သတိထား
ပေးရပါမယ်။ အာရုံကို ပြင်လို့မရပါဘူး။ ရှုစိတ်ရဲ့ သဘောထားကို ပြင်ရပါမယ်။ စိတ်အေးအေးနဲ့ ရှုမှ အာရုံရဲ့
သဘာဝအမှန်ကိုလည်းသိမယ်။ သိစိတ်ကိုလည်း သိမယ်။ စိတ်မှာဖြစ်နေတဲ့ ခံစားမှုကိုလည်း သိမယ်။စိတ်မှာ
ဖြစ်တဲ့ အခြားအခြေအနေတွေကိုလည်း သိမယ်။ အဲဒါတွေသိဘို့ တရားအားထုတ်တာဖြစ်ပါတယ်။ ဝေဒနာ
ပြင်းထန်လာရင် ဝေဒနာအပြင်းအပျော့ကိုမူတည်ပြီး ရှုပုံလေးတွေ ပြောဖြစ်ခဲ့ပါတယ်။

ဝေဒနာပျောက်ဘို့လား

ဝင်လေထွက်လေတို့ ဝေဒနာတို့ ဆိုတာ အရှုခံအာရုံတွေဖြစ်ပါတယ်။ ဝင်လေထွက်လေဟာ ကြမ်းတမ်းရာက


နူးညံ့လာပြီး မထင်ရှားတော့တာမျိုး ဖြစ်သွားလေ့ရှိပါတယ်။ မထင်ရှားတော့ရင် ထင်ရှားတာ ပြောင်းရှုရပါမယ်။
စောစောက ဝင်လေထွက်လေကို ရှုနေစဉ်မှာ ရှုစိတ်ဘက်ကို သတိထားမိဘို့ လိုပါတယ်။ လေတိုးနေတဲ့
သဘာဝရယ် တိုးနေတာကို သိနေတဲ့ စိတ်ရယ်ကို အတွဲလိုက် သိနေပြီဆိုရင် တရားလမ်းကြောင်း
ဖြောင့်နေပါပြီ။ နာမ်သိပြီလို့ ဆိုရပါမယ်။ ဝေဒနာနုစဉ်မှာလည်း ဒီသဘောကိုတွေ့ရပါမယ်။ ဝေဒနာ ပြင်းထန်
လာရင်တော့ စိတ်မှာ မခံသာတဲ့ ဝေဒနာပေါ်လာပါပြီ။ အဲဒါကို သတိထားပြီး ရှုရပါမယ်။ ကိုယ်မှာပေါ်တဲ့
ဝေဒနာကိုပျောက်အောင် ရှုရတာမဟုတ်ပါဘူး။ စိတ်မှာ ပေါ်တဲ့ဝေဒနာကိုလည်း ပျောက်အောင် ရှုရတာ
မဟုတ်ပါဘူး။ ဝေဒနာကြောင့် စိတ်မှာ မခံသာတဲ့ ဒေါသနဲ့ ကျေနပ်တဲ့လောဘတွေ လျော့ပါးအောင်
ပပျောက်အောင် ဝေဒနာကို ရှုရ တာဖြစ်ပါတယ်။ ကိုယ်ပေါ်က ဝေဒနာရော စိတ်ကဝေဒနာရော သူတို့
သဘာဝအမှန်ကို သိနေတဲ့ဥာဏ်နဲ့ နေ နေတယ်ဆိုရင် သူတို့သဘာဝကို မသိခြင်းကြောင့် ဖြစ်လာမဲ့
ဒေါသတွေဟာ ဖြစ်မလာတော့ပါဘူး။ သတိနဲ့ဥာဏ်ကြောင့် အမှန်ကိုသိနေရင် ကိလေသာ ဖြစ်မလာလို့
တစ်ခဏ ဖယ်ရှားထားပြီးဖြစ်နေပါမယ်။ ဝေဒနာကို အမှန်မြင်ဘို့ ရှုရတာဖြစ်ပါတယ်။ ကိုယ်မှာနာပေမဲ့ စိတ်မှာ
မနာအောင်နေတယ်လို့ ဆုလ
ိုပါတယ်။
13

စိတ်မနာအောင်နေ

ဝေဒနာကို စိတ်ဝင်စားသူတစ်ယောက်က နဲနဲထပ်ပြောပေးဘို့ တင်ပြလာပါတယ်။ ကိုယ်မှာ နာပေမဲ့ စိတ်မှာ


မနာအောင်နေဆိုတာ သူ့အဖို့ ခက်ခဲနေလို့ပါတဲ့။ ဒီစကားကို အလေးအနက်ထားတဲ့အတွက် သာဓု ခေါ်
ပါတယ်။ ဘုရား ကိုယ်တော်မြတ်ကြီးရဲ့ နှုတ်တော်ထွက်စကားဖြစ်ပါတယ်။ အင်မတန်လေးနက်ပါတယ်။

ဒီစကားမှာ အပိုင်းနှစ်ပိုင်းပါပါတယ်။ ကိုယ်အပိုင်းနဲ့ စိတ်အပိုင်းပါ။ ကိုယ်မှာ နာပေမဲ့ ဆိုတဲ့ စကားအရ ကိုယ်


ဆိုတာ နာစရာရှိရင်နာမှာပါဘဲ။ နာစရာအကြောင်းရှိရင် နာမှာပါဘဲ။ နာတဲ့သဘာဝဟာ ကိုယ်မှာ ပါပြီးသားလို့
သဘောပေါက်ရပါမယ်။ အဲဒီတော့ တရားအားထုတ်သူဟာ ကိုယ်မှာ နာရင် ခုနကလို နှလုံးသွင်းလိုက်ရပါမယ်။
နာတာကိုပျောက်ချင်လို့လည်း မရပါဘူး။ တရားမှတ်သူဟာ ဒါကိုပျောက်ချင်စိတ်နဲ့ မှတ်နေလို့မဖြစ်ပါဘူး။ ပြီးမှ
နာတာကိုစိတ်နဲ့ရှုပါမယ်။ အတုံးအခဲတွေ့မယ်။ အမြောင်းကြီးတွေ့မယ်။ အပြင် လိုက်ကြီးတွေ့မယ် စသည်ဖြင့်
ပညတ်ပုံသဏ္ဍာန်အမျိုးမျိုးတွေ့ပါမယ်။

ဘယ်လိုဘဲတွေ့တွေ့ သူ့သဘာဝ ဘဲလေလို့ နှလုံးသွင်းပြီး စိတ် အေးအေး ထားပြီး သိနေရပါမယ်။ တိုးတဲ့


သဘော။ တင်းတဲ့ သဘော။ ပူတဲ့သဘောတွေ တွေ့ပါမယ်။ ပေါ် ပေါ်လာတဲ့ သဘောတွေကို
ဆက်ကာဆက်ကာ သိနေရုံပါဘဲ။ စိတ်မှာ မခံချင်တဲ့ စိတ်ဆင်းရဲ ဝေဒနာ ပေါ်လာပါမယ်။
စိတ်နာတာဖြစ်ပါတယ်။ စိတ်မှာမနာအောင်နေဆိုတဲ့ စကားဟာ တရား အားထုတ်သူတွေ အတွက်
တရားအားထုတ်နည်းပါဘဲ။ ဒီအတိုင်းနေရင် စိတ်မှာနာမှာဖြစ်ပါတယ်။ အောင့်ခံနေလည်း နာမှာပါဘဲ။
အောင့်ခံတာကတစ်ခြား စိတ်ကမခံနိုင်တာကတစ်ခြားဖြစ်ပြီး မခံနိုင်တဲ့အခါ မကျေမနပ်နဲ့ ဒေါသတွေ
ထွက်လာမှာဖြစ်ပါတယ်။

ဝေဒနာရဲ့ သဘောကို ဥာဏ်နဲ့သိနေရပါမယ်။ သူ့သဘောကလည်း တစ်ခုဘဲ ရှိပါတယ်။ ပေါ်ပြီးပျောက်ပါဘဲ။


အဲဒီ သူ့သဘောကို သေသေချာချာ ဆက်ကာဆက်ကာ သိနေမယ် ဆိုရင် အဲဒီသိနေတဲ့အချိန်မှာ
စိတ်ဟာအေးချမ်းနေပြီး စိတ်နာခြင်းမရှိတာကို တွေ့ရပါလိမ့်မယ်။ အဲဒီသိစိတ်မရှိတဲ့ အချိန်မှာ
စိတ်နာတာတွေ့ရပါလိမ့်မယ်။ စိတ်မှာမနာအောင်နေဘို့ တစ်ခုတည်းသော နည်းဖြစ်ပါတယ်။ လေ့ကျင့်မှု
များလာရင် ဝေဒနာရဲ့သဘောတွေကို ဒီထက်အသေးစိတ်ထပ်သိလာပါလိမ့်မယ်။ သိလေလေ
စိတ်မနာလေလေဖြစ်မှာပါ။ တစ်ဆင့်ထက်တစ်ဆင့် ဝေဒနာအပေါ်ထားရှိတဲ့သဘောထားတွေလည်း
မှန်ကန်လာပါလိမ့်မယ်။ သဘောထားမှန်လေ စိတ်မှာနာမှုလျော့လာလေဖြစ်ပါလိမ့်မယ်။ ရာနှုန်းပြည့်
မှန်လာရင်တော့ စိတ်နာမှု လုံးဝမရှိတော့တာတွေ့ရပါလိမ့်မယ်။ တရားအားထုတ်သူတွေအဖို့ မိမိကိုယ်ကို
တိုင်းတာနိုင်တဲ့ စံညွှန်းလည်းဖြစ်ပါတယ်။
14

သမထမှ ဝိပဿနာသို့

မိတ်ဆွေ တစ်ယောက်က အာနာပါနကနေ ဝိပဿနာကို ဘယ်လို ကူးမလဲလို့ မေးလာပါတယ်။ အာနာပါနဟာ


သမထရော ဝိပဿနာပါ နှစ်မျိုးရတဲ့ ကမ္မဋ္ဌာန်းဖြစ်ပါတယ်။ လေကိုရှူတာ သမထဖြစ်မယ်။ လေရဲ့ တိုးတဲ့
သဘောကို ရှုတာ ဝိပဿနာဖြစ်ပါမယ်။အာနာပါနကို စရှူရင် လေကိုဘဲ အရင်ဆုံး တွေ့မှာပါ။ သမထ
ဖြစ်ပါတယ်။ လေကိုရှူရင်းနဲ့ ရှူစိတ်က အထိုက်အလျောက်မပင်ပန်းတော့ဘဲ အေးချမ်းလာရင် လေရဲ့ တိုးတဲ့
သဘောကို သတိထားမိလာပါလိမ့်မယ်။ လေလည်းတွေ့မယ်။ တိုးတဲ့သဘောလည်းတွေ့ပါမယ်။ ဒီအချိန်မှာ
ရှူစိတ်က လေကိုဘဲ ဆက်ရှူမယ်ဆိုရင် သမထလမ်းဖြစ်ပါတယ်။ ရှူစိတ်က လေရဲ့တိုးတဲ့သဘောကို
ဆက်ရှူမယ် ဆိုရင် ဝိပဿနာဖြစ်ပါတယ်။ သမထမှ ဝိပဿနာကူးတာဖြစ်ပါတယ်။ တချို့ က လေကိုဘဲ
ဆက်ရှူပြီး သမာဓိကောင်းသထက်ကောင်းအောင် အားထုတ်ကြပါတယ်။ သမာဓိအလွန်ကောင်းလာတဲ့အခါ
ရှူစရာလေကိုမတွေ့တော့တဲ့အထိ ဖြစ်လာပါတယ်။ အဲဒီအချိန်ကျမှ သမာဓိကြောင့်ဖြစ်တဲ့ ပီတိကို ဝိပဿနာ
ရှုကြပါတယ်။ မိမိနှစ်သက်သလို ရှုနိုင်ပါကြောင်း မျှဝေပေးလိုက်ပါတယ်။
15

ပီတိကိုရှုပါ

တရားအားထုတ်တာ သမာဓိထူထောင်ပြီးမှ ဝိပဿနာကို ကူးတာရယ်။ဝိပဿနာကို တိုက်ရိုက်ရှူတာရယ်လို့


နှစ်မျိုးရှိပါတယ်။ သမာထယာနိကနဲ့ ဝိပဿနာယာနိကလို့ ခေါ်ပါတယ်။ သမာဓိဆိုတာ အာရုံမှာ စိတ်က
တည်ပြီး စိတ်မှာကြည်နေတဲ့ တည်ကြည်မှုကို ဆိုလိုပါတယ်။ သမာဓိဖြစ်နေတဲ့အချိန် စိတ်ရဲ့ အခြေအနေ
တွေကို ငါးမျိုးပြဆိုထားပါတယ်။ ဝိတက် ဝိစာရပီတိသုခ ဧက္ကဂ္ဂတာတို့ ဖြစ်ပါတယ်။

ဝိတက်ဆိုတာ အာရုံမှာ စိတ်ကိုကပ်ပေးတာဖြစ်ပါတယ်။

ဝီစာရဆိုတာ အာရုံမှာ စိတ်တည်အောင် အဆက်မပြတ် တွန်းတင်တဲ့ သဘောဖြစ်ပါတယ်။ တည်သထက်


တည်စေတာပါ။

ပီတိကတော့ အာရုံမှာ စိတ်တည်မှုအားကောင်းလာရင် စိတ်မှဖြစ်လာတဲ့ ကြည်နူးဝမ်းမြောက်မှု ဖြစ်ပါတယ်။


ကြည်တဲ့သဘောပါ။

သုခကတော့ ပီတိလှိုင်းတွေ ငြိမ်လာလို့ စိတ်မှာအေးချမ်းတဲ့သဘောဖြစ်ပါတယ်။

ဧက္ကဂ္ဂတာကတော့ အာရုံမှာ စိတ်က လုံးဝကပ်နေတဲ့သဘောဖြစ်ပါတယ်။ ဧကဆိုတာ တစ်ခု။ ဂတာဆိုတာ


ဆိုက်ကပ်တာပါ။

ဒီငါးခုပြည့်စုံရင် ဈာန်ဖြစ်တယ်လို့ဆိုပြီး ဒီငါးခုကိုလည်းဈာန်အင်္ဂငါးပါး လို့ ခေါ်ပါတယ်။ သမာဓိ


ထူထောင်တဲ့အခါ သမာဓိအရည်အသွေးကို သုံးမျိုး ခွဲထားပါတယ်။

ခဏိက သမာဓိ ဆိုတာ အာရုံမှာ စိတ်တည်ငြိမ်ပြီး စိတ်မှာ ကြည်ကာစ အခြေအနေပါ။ ပီတိဖြစ်စ၊ သုခဖြစ်စ၊
ဧက္ကဂ္ဂတာဖြစ်ရုံမျှ ဖြစ်ပါတယ်။ အာရုံရဲ့သဘောကို ဥာဏ်က ဝေဖန်ဆန်းစစ်နိုင်ဘို့ လုံလောက်တဲ့ သမာဓိ
ဖြစ်ပါတယ်။ ဝိပဿနာ ယာနိက သမားတွေအဘို့ ဒီ ခဏိက သမာဓိရဘို့ လောက်တော့ လိုပါတယ်။ ဒီခဏိက
သမာဓိရပြီဆိုရင်လည်း ဝိပဿနာရှုဘို့ လုံလာက်ပါပြီ။

သမထ ယာနိက သမားတွေကတော့ ဝိပဿနာမရှုသေးဘဲ သမာဓိကို ဆက်ထူထောင်လေ့ရှိပါတယ်။ ပီတိတွေ


သုခတွေ သိပ်ကောင်းလာပြီး ဝိတက်ဝိစာရတွေ မလိုတော့အောင် သမာဓိကောင်းလာတဲ့အထိ ရှုကြပါတယ်။
ဥပစာရ သမာဓိလို့ ခေါ်ပါတယ်။ သမာထယာနိကသမားတွေက ဒီသမာဓိရရင် ဝိပဿနာကူးကြပါတယ်။
ပီတိရဲ့ လှိုင်းထနေတဲ့သဘောကို ဝိပဿနာရှုလို့ရသလို အခြားရုပ် နာမ် ခန္ဓာတွေကို ပြောင်းရှုရင်လည်း
ရပါတယ်။ ပီတိလှိုင်းတွေ လုံးဝရပ်သွားပြီး အေးချမ်းမှုသုခနဲ့ အာရုံကို ဆိုက်ရောက်မှု ဧက္ကဂတ္တာမှာဘဲ စိတ်က
ဘယ်မှမသွားတော့ဘူးဆိုရင်တော့ အပ္ပနာ သမာဓိ လို့ခေါ်ပြီး ဈာန် အရသာကို အပြည့်အဝ ခံစား နေရပြီ
ဖြစ်ပါတယ်။ အပ္ပနာ သမာဓိမှာတော့ ဝိပဿနာ ကူးလို့မရပါဘူး။ တောရိပ်တောင်ရိပ်မှာ တစ်ယောက်တည်း
အားထုတ်နေသူတွေအဘို့ ဥပစာရသမာဓိမှ ဝိပဿနာ ကူးနိုင်ကြပါတယ်။ ကျွန်တော်တို့လို သွားရင်းလာရင်း
အလုပ်လုပ်ရင်း အားထုတ်ကြသူတွေ အဖို့ ခဏိကသမာဓိနဲ့ ဝိပဿနာကို တိုက်ရိုက်ရှုနိုင်ကြပါတယ်။
16

ဝေဒနာ ကျော်တယ် ကုန်တယ် ချုပ်တယ်

တရားအားထုတ်ကြတဲ့အခါ ဝေဒနာဟာ သေချာပေါက်တွေ့ရတဲ့အရာ ဖြစ်သလို ဝေဒနာနဲ့ ပတ်သက်တဲ့


အဆိုအမိန့် ဒေသနာအလုပ်စဉ် ကိုယ်တွေ့တွေကလည်း များလှပါတယ်။ ဝေဒနာဆိုတာဘာလဲ က စပြီး
ဝေဒနာအမျိုးအစားတွေ အမျိုးမျိုး ရှိနေတာအပြင် ဘယ်လိုရှုမလဲ။ ဘယ်လိုသိမလဲ အပါအဝင် ဝေဒနာ
ကျော်တယ် ဝေဒနာကုန်တယ် ဝေဒနာချုပ်တယ် ဝေဒနာခွာတယ် စသည်ဖြင့် လူတွေနားလည်အောင်
ပြောကြရင်းနဲ့ ရှုပ်ထွေးကုန်တာလည်းရှိတာမို့ ဝေဒနာကို နားလည်ဖို့ ခက်သွားတတ်ပါတယ်။
ကျွန်တော်တို့ကလည်း မရှင်းလို့ လေ့လာပါတယ်ဆိုမှ အရှုပ်ထဲရောက်သွားတော့တာပါဘဲ။ လွယ်လွယ်ဘဲ
ပြောကြရအောင်။

ဝေဒနာဆိုတာ ခံစားတာ။ ကိုယ်မှာ ခံစားတဲ့ဝေဒနာရယ် စိတ်မှာခံစားတဲ့ ဝေဒနာရယ် နှစ်မျိုးရှိတယ်။


ကြိုက်တာရယ် မကြိုက်တာရယ် အလယ်အလတ်ရယ် ပုံစံသုံးမျိုးရှိမယ်။ အဲဒီကြိုက် မကြိုက် ဆိုတာက
စိတ်မှာဖြစ်တာ။ ကိုယ်မှဖြစ်တာကို ဝေဒနာလို့ ပြောပေမဲ့ ရုပ်ဖောက်ပြန်မှုကြောင့် ဖြစ်တာပါ။ တရား
အားထုတ်သူတွေအပါအဝင် ဘုရားလက်ထက်ကတည်းက သုဿန်တွေမှာလည်း အဲဒီရုပ်ဖောက်ပြန်မှု
ပြင်းထန်တာကို ဝေဒနာလို့ပြောပြီး တရားလမ်းပြခဲ့ပါတယ်။

ဝေဒနာ ပြင်းထန်တယ်။ ဝေဒနာ တိုးလာတယ်။ ဝေဒနာ မခံစားနိုင်ဘူး စသည်ဖြင့် သုံးနှုန်းခဲ့ပါတယ်။


တရားရှုတဲ့အမြင်အရ ပြောရရင်တော့ ပေါ်ရာရှုရမှာဖြစ်ပါတယ်။ နာမည် တပ်ဖို့ မဟုတ်ပါဘူး။
ထုံးစံအတိုင်းပေါ်တဲ့အတိုင်းသိမယ်။ သူ့သဘောကို သိနေမယ်။ ပျောက်သွားရင် နောက်တစ်ခု သိမယ်။
တိုးလာရင် သည်းခံပြီးသိမယ်။ မခံသာရင် ပြင်မယ်။ ဒါအလုပ်စဉ်ပါဘဲ။

ဝေဒနာဟာ သူ့သဘောနဲ့သူဖြစ်တာ။ သူ့အကြောင်းနဲ့သူ ဖြစ်တာလို့ သဘောပေါက်ရင် ဝေဒနာကို


အကြောင်းပြုလို့ ဥာဏ်ပေါ်ပါပြီ။ ပေါ်လိုက် ပျက်လိုက်နဲ့မို့ ကြိုက်တာလည်းမဖြစ်တော့ မကြိုက်တာလည်း
မဖြစ်တော့ဘဲ ဝေဒနာကို တပ်မက်မှု စွဲလန်းမှု မုန်းတီးမှုတွေ ဘာမှမဖြစ်တော့ရင် အေးချမ်းပါပြီ။

ဝေဒနာမှ လွတ်မြောက်ခြင်းဖြစ်ပါတယ်။ ဒါကို ဝေဒနာကျော်တယ် ဝေဒနာကုန်တယ် ဝေဒနာချုပ်တယ်လို့


ပြောတာရှိပါတယ်။ ပြောသူတွေက စာတွေ ဒေသနာတွေ ကျင့်စဉ်တွေမသိလို့ မဟုတ်ပါဘူး။ တင်စားပြောတာ
သွယ်ဝိုက်တာလို့ ထင်ပါတယ်။ စာနဲ့ တိုက်လိုက်တော့ အဲလိုသုံးလို့ မရဘူးဖြစ်နေတယ်။
အသုံးအနှုန်းပြဿနာပါ။ ထားလိုက်ပါ။

ကျွန်တော်တို့ လုပ်ရမှာက ပေါ်ရင်ရှုမယ်။ သဘောပေါက်အောင်ရှုမယ်။ ကပ်ငြိမှုမရှိအောင် ရှုမယ်။


လွတ်မြောက်အောင် ရှုမယ်။

မဟုတ်ဘူးလား မိတ်ဆွေတို့ရေ . . .။
17

ဝေဒနာခွာတယ်ဆိုတာ

ဝေဒနာအကြောင်းပြောတဲ့အခါ ဝေဒနာခွာရှုတယ်ဆိုတဲ့ စကားက မပါလို့ မဖြစ်ပါဘူး။ ဘုရား ကိုယ်တော်


မြတ်ကြီး ကိုယ်တော်တိုင် ဟောကြားခဲ့တာဖြစ်ပါတယ်။ ကျန်းမာရေးမကောင်းလို့ ရောဂါခံစားရတဲ့အခါနဲ့
သေခါနီးတွေမှာ ရှုတတ်ဘို့ ဟောကြားခဲ့တာမို့ အလွန်ဂရုစိုက်ပြီး လေ့ကျင့်ထားဘို့လိုပါမယ်။ ရုတ်တရက်
ကွယ်လွန်တာမျိုး မဟုတ်ဘဲ ရောဂါဝေဒနာ ပြင်းထန်စွာခံစားရမဲ့ အဖြစ်မျိုးကြုံတဲ့အခါ အလွန်အသုံးဝင်ပါတယ်။
တချို့ က ဝေဒနာခွာတယ်ဆိုတဲ့ စကားကို တစ်ခြားအဓိပ္ပာယ်နဲ့ သုံးကြပါတယ်။ ဝေဒနာမှ ငါကို ခွာရှုတာတို့။
ဝီရိယများပြီးပေါ်ရာ ဝေဒနာကိုကပ်ရှုနေမိရာက ခွာပြီးရှုတာတို့မှာ သုံးကြပါတယ်။ အမှန်ဖြစ်ပေမဲ့ ဘုရားရှင်
ဟောကြားတဲ့ ဆိုလိုရင်းကို မရောက်ဘူး ဖြစ်နေပါတယ်။

မခံမရပ်နိုင်အောင် နာကျဉ်ကိုက်ခဲတဲ့အခါ။ ဣရိယာပုဒ် ပြောင်းသော်လည်း မသက်သာတဲ့အခါ။ ဆေးဝါးတွေ


သုံးသော်လည်း ဝေဒနာမလျော့တဲ့အခါ။ သေခါနီး သေလောက်တဲ့ဝေဒနာခံစားရတဲ့အခါ။ ဝေဒနာကို
ခွာလိုက်ပါတဲ့။ သာသနာမှာ ကျားစားခံရတဲ့ ရဟန်း၊ လူဆိုးဓားပြတွေ သတ်ခါနီး ပေါင်ရိုက်ချိုးခဲ့တဲ့ရဟန်း။
အနီးစပ်ဆုံး မဇ္ဓျိမဂုဏ်ရည် ဆရာတော် ဦးနှောက်သေွး ယိုစီးလို့ သေမိန့်ကျပြီး ခေါင်းကိုက်တဲ့အခါ စသည်ဖြင့်
ထင်ရှားတဲ့ သာဓကတွေ အများကြီးရှိပါတယ်။ ဝေဒနာဟာ တိုးသထက်တိုးလာပြီး ဘယ်လိုမှမလျော့တဲ့အခါ
ဝေဒနာကိုလည်း တိုက်ရိုက်ရှုလို့မရတဲ့အခါ ဝေဒနာမှ ရှုစိတ်ကိုခွာလိုက်ရပါတယ်။ မခွာရင် ဒေါမနဿတွေ
ပိုဖြစ်လာပါလိမ့်မယ်။ ကျားစားခံရတဲ့ရဟန်းကတော့ စိတ်ကိုဝေဒနာမှခွာပြီး သီလကိုနှလုံးသွင်းပါတယ်။
ဆရာတော် ဦးကောဝိဒကတော့ ဗုဒ္ဓါနုဿတိနဲ့ ပဋ္ဌာန်းကို နှလုံးသွင်းပါတယ်။ အတော်အသင့် တည်ငြိမ်လာပြီး
အေးချမ်းလာမှ ဝေဒနာရဲ့ သဘာဝကို ဝိပဿနာပြန်ရှုပါတယ်။ ချမ်းမြေ့ဆရာတော်ကတော့
ပြောက်ကြားနည်းလို့ ဟောပါတယ်။ ဘုရားကိုယ်တော်မြတ်ကြီးကတော့ ဝေဒနာဝိခဏ္ဘနလို့ ဟောပါတယ်။
လေ့ကျင့်ထားသင့်ပါတယ်။
18

မတွေးဘို့ မှတ်ချက်မပေးဘို့

ဝိပဿနာအားထုတ်ကြတဲ့အခါ အခုမှ စလုပ်တဲ့သူတွေရှိသလို တစ်ချို့ လည်း ဘယ်လိုစရမှန်းမသိဘူးလို့


ပြောကြတယ်။ တချို့ လည်း လုပ်ရင်းနဲ့ အခက်အခဲဖြစ်နေကြတာလည်း ရှိပါတယ်။ စာသံ ပေသံတွေ
ဥာဏ်မမှီလို့ နားမလည်ဘူးလို့လည်း ပြောကြပါတယ်။ တချို့ ကတော့ နည်းလမ်းတွေများပြီး လည်နေသလို
တချို့ လည်း စာတွေနဲ့ ရောထွေးနေတတ်တာလည်းတွေ့ရပါတယ်။ ခုခေတ်ကလည်း လိုရင်းတိုရှင်းကို
လိုချင်ကြပါတယ်။ ဝိပဿနာကိုယ်၌ကလည်း အင်မတန်ရိုးရှင်းပါတယ်။ တရားအားထုတ်သူဘက်က
စိတ်ထားရှင်းဘို့ဘဲ လိုပါတယ်။

အရှုခံက ရှင်းပါတယ်။ ပေါ်တာကိုပေါ်တဲ့အခိုက် ရှုလိုက်ဘို့ပါဘဲ။ ရှုတဲ့စိတ်မှာ ရှုပ်နေတာနှစ်ခုရှိပါတယ်။


အတွေးနဲ့ မှတ်ချက်ပါဘဲ။

မတွေးပါနဲ့။ မှတ်ချက်မပေးပါနဲ့။ တွေးနေရင်း အမှန်မသိသလိုပေါ်တဲ့ အာရုံကို မှတ်ချက်ပေးနေတာ


ဝေဖန်နေတာဆိုရင်လည်း အနုပဿနာမဖြစ်တော့ပါဘူး။ တွေးနေမယ် မှတ်ချက်ပေးနေမယ်ဆိုရင်
တရားအားထုတ်တာ မဟုတ်တော့ပါဘူး။ သာမန်အလုပ်ဖြစ်သွားပါပြီ။ စာလိုပြောတော့ ကိလေသာခိုင်းတာ
လုပ်ဖြစ်သွားပါပြီ။ တရားအားထုတ်တာ ကိလေသာခိုင်းတာမဟုတ်ဘဲ သတိနဲ့ဥာဏ် ဦးဆောင်တာဖြစ်ပါတယ်။
ဒါကြောင့်မို့ ရိုးရိုးရှင်းရှင်း ဝိပဿနာပွားမယ်ဆိုရင် အတွေးနဲ့မှတ်ချက်ကို မလုပ်ဘို့ တိုက်တွန်း
လိုက်ပါတယ်ခင်ဗျာ။
19

ဝေဒနာကို ဘယ်လိုရှုမလဲ

တရားအားထုတ်တဲ့အခါ ကိုယ်ပေါ်မှာညောင်းတာနာတာထုံကျဉ်တာ ကိုက်ခဲတာတွေဟာ ပေါ်စမြဲဖြစ်ပါတယ်။


ကိုယ်မှာပေါ်တဲ့ဝေဒနာလို့ဘဲ လွယ်လွယ်ပြောလိုက်ကြပါတယ်။ ကာယိကဒုက္ခဖြစ်ပါတယ်။ ကိုယ်မှာ
ချမ်းသာတာ တွေ့ရင်လည်း ဝေဒနာဖြစ်သလို အလယ်အလတ် မျှတနေရင်လည်း ဝေဒနာပါဘဲ။ စိတ်မှာ
ဖြစ်တဲ့ဝေဒနာတွေလည်း မခံသာတဲ့ ဒေါမနဿ ကျေနပ်တဲ့ သောမနဿနဲ့ အလယ်အလတ်ဖြစ်တဲ့
ဥပေက္ခာရယ် လို့ သံမျိုးမျိုးရှိပါတယ်။ စာလိုပြောတော့ ဝေဒနာဆိုတာ စိတ်ဖြစ်တိုင်း စိတ်နဲ့အတူဖြစ်
အတူပျက်တဲ့ စေတသိတ်တစ်လုံးဖြစ်ပါတယ်။ ခံစား စံစားတတ်တဲ့သဘောတွေ အားလုံးကိုပေါင်းစုပြီး
ဝေဒနက္ခန္ဓာရယ်လို့ နာမ်ခန္ဓာတစ်ပါးအနေနဲ့ လေ့လာရပါတယ်။

ကျွန်တော်တို့ တရားအားထုတ်သူတွေ တွေ့ကြုံရတာတော့ ကြာကြာထိုင်ရင် ညောင်းတာပါဘဲ။ ဒါကိုဘဲ


ဝေဒနာလို့ ပြောလိုက်ရင် စာလိုမပြည့်စုံပေမယ့် သဘောပေါက်ကြပါတယ်။ ဝင်လေထွက်လေ ရှုနေရာက
ဝေဒနာ ပေါ်လာရင် ရှုစိတ်က ဝေဒနာကို ပြောင်းရှုရပါမယ်။ ရှုစရာသဘာဝတစ်ခုအဖြစ်နဲ့ အရင်ဆုံး
လက်ခံရပါမယ်။ သူ့အကြောင်းရှိလို့ ပေါ်ချိန်တန်လို့ ပေါ်လာတာဘဲလို့ အရင်ဆုံး နှလုံးသွင်းလိုက်ရပါမယ်။
ဒါကတော့ ယောနိသောမနသီကာယနဲ့ ဆင်ခြင်လိုက်ခြင်းဖြစ်ပါတယ်။ ပြီးမှ ဝေဒနာရဲ့ သဘောကို
စိတ်အေးအေးထားပြီး ရှုပါမယ်။ ပထမတော့ ညောင်းတယ် နာတယ်လို့ဘဲ သိနေပါသေးတယ်။ ရှုရင်းရှုရင်းနဲ့
ညောင်းတာ နာတာထဲမှာ ပူတာနဲ့ တင်းနေတာကို ထင်ထင်ရှားရှားတွေ့ရပါမယ်။ ညောင်းတာ နာတာက
ပညတ်ပါ။

ပူတာတင်းတာလည်း နာမည်တပ်နေရင် ပညတ်ပါဘဲ။ နာမည်မတပ်ဘဲ ပူတဲ့သဘော တင်းတဲ့ သဘောကို


သိနေမယ်ဆိုရင် ပရမတ် ကို ရှုဖြစ်လို့ ဝိပဿနာဖြစ်ပါပြီ။ ပူတဲ့သဘော တင်းတဲ့ သဘောမှာ ပိုထင်ရှားတဲ့
သဘောကို သိရုံမျှ ဆက်သိနေရပါမယ်။ တိုးလိုက်လျော့လိုက် ဖြစ်နေတာကို တွေ့နေပါမယ်။ ပုံစံအမျိုးမျိုး
ပေါ်နေ ပျောက်နေလည်း တွေ့ရပါမယ်။ ပုံသဏ္ဍာန်တွေကို အာရုံပြုလိုက်ရင် ပညတ်ပေါ် စိတ် ပြန်ရောက်
သွားပါတယ်။ အဲဒီပုံသဏ္ဍာန်ကြီးကို သာယာချင်လည်း သာယာနေမယ်။ ပျောက်ချင်စိတ်လည်း
ဖြစ်ချင်ဖြစ်နေမယ်။ အဲဒါဆို လမ်းလွဲသွားပါပြီ။သူ့ဖာသာသူ ဘယ်ပုံသဏ္ဍာန်ဘဲပေါ်ပေါ် အာရုံမပြုလိုက်ပါနဲ့။
ကိုယ့် အလုပ်ဘဲ ကိုယ်လုပ်ပါ။ တင်းတဲ့သဘော ပူတဲ့သဘောကို သိရုံမျှ သိရုံမျှ အသာအယာလေး
အလိုက်သင့် သိနေရုံပါဘဲ။ သိရင်းသိရင်းနဲ့ ပေါ်တဲ့သဘောရယ် သိတဲ့သဘောရယ် သူ့အလုပ် သူ
လုပ်နေတာဘဲလို့ သဘောပေါက်ရင် ဝိပဿနာဥာဏ်ဖြစ်ပါပြီ။ သိရင်း သိရင်းနဲ့ ဝေဒနာ ပျောက်သွားတော့
လည်း ဒီပြင် ထင်ရှားတာ တစ်ခုခုရှုဘို့ ရှိနေမှာဖြစ်ပါတယ်။ သိရင်း သိရင်းနဲ့ ဝေဒနာတက်လာတော့လည်း
သည်းခံနိုင်သဘောက် သည်းခံပြီး ရှုရုံပါဘဲ။ သိရင်းသိရင်းနဲ့ သည်းမခံနိုင်လောက်အောင် ဝေဒနာ
ပြင်းထန်လာရင် ပြင်လိုက်ရုံပါဘဲ။ အဓိကကတော့ ပေါ်ရာသဘောရဲ့ သဘာဝလေးကို အေးအေးဆေးဆေး
ရှုနေဘို့ပါဘဲ။ ဝေဒနာကျော်တယ် ဝေဒနာချုပ်တယ် ဝေဒနာခွာတယ်ဆိုတဲ့ အသုံးအနှုန်းတွေရဲ့ ဆိုလိုရင်းနဲ့
လုပ်ငန်းစဉ်တွေကို နောက်ထပ်ပြောပါဦးမယ်။
20

ကိုယ့်ကိုရှုမလား ရုပ်ကိုရှုမလား

ကာယေကာယနုပဿီဝိဟာရတီ။

ကာယကိုအဖန်ဖန် တလဲလဲ ရှု၍နေရာ၏။ ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဟောကြားတော်မူတဲ့ အရှင်းလင်းဆုံး


တရားအားထုတ်နည်းဖြစ်ပါတယ်။ ကိုယ်ကိုရှုပါတဲ့။ ရုပ်ကို ရှုပါလို့ မပြောဘူးနော်။ တရားအားထုတ်တာ
ရုပ်နာမ်ခန္ဓာကို ရှုရတာမဟုတ်ဘူးလား။

ကိုယ်ဆိုတာပညတ်။ ရုပ်ကမှ ပရမတ်လို့ စောဒကတက်စရာရှိကြပါတယ်။ ကိုယ်ကိုရှုပါ။ ရှုရင်းနဲ့ ရုပ်ရဲ့


သဘာဝတွေ့ပါမယ်။ ပညတ်ကို ရှုပါ။ ရှုရင်းနဲ့ ပရမတ်တွေ့ပါမယ်။

ခန္ဓာကိုတိုက်ရိုက် တန်းရှုလို့မရဘူးလား။ ဇာတ်တော်တွေမှာ ခန္ဓာကို ဆင်ခြင်လိုက်တာနဲ့ ရဟန္တာတောင်


ဖြစ်သွားတယ်လို့ ဆိုထားတာဘဲလို့ ပြောစရာရှိပါတယ်။ မရပါဘူး။ ကိုယ်ကိုဘဲ ရှုပါ။

ကိုယ်ကိုရှုပါ။ ရုပ်ကို ဥာဏ်မှာမြင်လာပါမယ်။ ကိုယ်ကိုရှုရင်းနဲ့ ကိုယ်ဆိုတာရုပ်တွေ ပေါင်းစုထားတာဘဲလို့


ဥာဏ်မှာ သိလာပါမယ်။ ကိုယ်ဆိုတာအမည်နာမ သတ်မှတ်ချက်သာဖြစ်တယ်။ ရုပ်တွေသာ တစ်ကယ်ရှိတာလို့
ဥာဏ်မှာသိလာပါမယ်။

တချို့ က ကိုယ်ကိုရှုတာ ကိုယ်ကိုတွေ့ပါတယ်။ တချို့ က ကိုယ်ကိုရှုတာ ခန္ဓာအထိဥာဏ်မှာမြင်ပါတယ်။


တချို့ က ကိုယ်ကိုရှုတာ ခန္ဓာရဲ့ ဖြစ်ပျက်အထိ ဥာဏ်မှာမြင်ပါတယ်။ တချို့ က ကိုယ်ကိုရှုတာ ခန္ဓာရဲ့
ဖြစ်ပျက်တင်မက သောတာပတ္တိမဂ်အထိ ဥာဏ်မှာမြင်ပါတယ်။ တချို့ က သကဒါဂမ် တချို့ က အနာဂမ်
တချို့ က ရဟန္တာ တချို့ က အဘိညာဉ်ရတဲ့ ရဟန္တာစသည်ဖြင့် ဥာဏ်မှာမြင်သွားကြတာဖြစ်ပါတယ်။
ရှုတာတစ်ခုကို အမြင်အဆင့်ဆင့် ကွဲသွားခြင်းသာဖြစ်ပါတယ်။ ကိုယ်ဟူသော ပညတ်ကို ရှုခြင်းဖြင့် ရုပ်ဟူသော
ပရမတ်ကို မြင်တာ ဖြစ်ပါတယ်။ ရုပ်ဟူသော ပရမတ်ကို မြင်ရာမှ ဝိပဿနာဥာဏ် မဂ်ဥာဏ် ဖိုလ်ဥာဏ်တွေ
အဆင့်ဆင့်ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။ ဘယ်သူမှ အဆင့်ကျော်ပြီးဖြစ်လာခြင်းမရှိပါဘူး။
ရှုချိန်နဲ့မြင်ချိန်ကတော့ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုမှ မတူနိုင်ပါဘူး။ နှစ်ပေါင်းများစွာ ရှုတာတောင်မှ
ရုပ်ကိုမတွေ့သေးတဲ့ လူရှိသလို ရှုရှုချင်း ရဟန္တာဖြစ်သွားတဲ့လူလည်း ရှိပါတယ်။ ပါရမီချင်း ဥာဏ်ချင်းမှ
မတူကြတာကိုး။ ဒီနေရာမှာ ကြုံတုန်း ပါရမီတို့ ဥာဏ်တို့အကြောင်း ပြောလိုပါတယ်။

တရားအားထုတ်တဲ့အခါ ဥာဏ်အမြင်ရဘို့ ပါရမီရယ် ပင်ကိုယ်ဥာဏ်ရယ် အလေ့အကျင့်ရယ်လိုပါတယ်။ မိမိမှာ


ပါရမီဘယ်လောက်ပါလာမှန်းမသိပါဘူး။တရားနဲ့ ပတ်သက်တဲ့ ပင်ကိုယ်ဥာဏ် ဘယ်လောက်ပါလာမှန်းလည်း
မသိပါဘူး။ အဲဒီလိုမသိတာတွေကို စဉ်းစားနေမဲ့အစား ကိုယ်လုပ်နိုင်တဲ့အလေ့အကျင့်ကိုသာ စွဲစွဲမြဲမြဲ
လုပ်ကြပါလို့ တိုက်တွန်းလိုပါတယ်ခင်ဗျား။
21

သမာဓိ

သမာဓိအကြောင်း နဲနဲထပ်ပြောကြည့်ပါဦးမယ်။ ဝင်လေထွက်လေမှာ သတိတည်နေပြီး စိတ်မှာ ကြည်နေရင်


သမာဓိရပြီလို့ ဆိုနိုင်ပါတယ်။ တည်ကြည်တယ်လို့ပြောပါတယ်။ တည်ရုံတည်ပြီး မကြည်သေးရင် သတိဘဲရှိပြီး
သမာဓိမရသေးပါဘူး။ ဝိပဿနာရှုဘို့ သမာဓိလိုတယ် မလိုဘူး။ ဘယ်လောက်လိုတယ် ဆိုပြီး စဉ်းစားစရာတွေ
ရှိပါတယ်။ ဝင်လေ ထွက်လေတည်းဟူသော အာရုံကို ခုနပြောသလို ကြည်ကြည်လင်လင်နဲ့ သိတဲ့ သမာဓိရယ်
အဲဒီဝင်လေထွက်လေရဲ့ သဘာဝလက္ခဏာကို သိနိုင်အောင် ထောက်ကူပေးတဲ့ သမာဓိရယ်လို့ နှစ်မျိုး
ရှိပါတယ်။ လွယ်လွယ်ပြောရရင် ဝင်လေ ထွက်လေကို သိတာရယ် တိုးတာကိုသိတာရယ်လို့ နှစ်မျိုးပါ။
စာလိုပြောတော့ အာရမ္မကူပဈာန်နဲ့ လက္ခဏူပဈာန်တို့ ဖြစ်ပါတယ်။ ဒီသမာဓိနှစ်ခုမရှိဘဲနဲ့တော့ ဝိပဿနာရှုလို့
မရပါဘူး။ သမာဓိရချိန်ဖြစ်ချိန်ဟာ တစ်ခဏဘဲဖြစ်ဖြစ် လိုပါတယ်။ ခဏိက သမာဓိလို့ဆိုပါတယ်။
တချို့ ကတော့ သမာဓိကို အားကောင်းအောင် ထူထောင်ပြီးမှ အာရုံထင်ရှားလာမှ ဝိပဿနာကူးကြပါတယ်။
ဥပစာရ သမာဓိဖြစ်ပါတယ်။ တချို့ လည်း အာရုံမှတပါး အခြားဘာမှမသိတော့တဲ့အထိ သမာဓိ ထူထောင်
ကြပါတယ်။ အပ္ပနာသမာဓိ လို့ခေါ်ပါတယ်။

သမာဓိမပါဘဲ ဥာဏ် မဖြစ်နိုင်ပါဘူး။ သမာဓိဟာ ဝိပဿနာ အတွက် မရှိမဖြစ် လိုအပ်တယ်ဆိုပေမဲ့


သမာဓိကြောင့် ဝိပဿနာမကူးနိုင်ဘဲ သမထမှာတင် ရပ်နေတာ တွေလည်း ဖြစ်တတ်ပါတယ်။
သာယာတာကိုး။ သမာဓိကောင်းလာရင် ကိုယ်ရောစိတ်ပါ နူးညံ့လာတယ်။ ပေါ့ပါးလာတယ်။
ဝင်လေထွက်လေမှာလည်း အရောင်အဆင်းတွေ တွေ့ရတတ်တယ်။ ပုံသဏ္ဍာန်အမျိုးမျိုး တွေ့ရတတ်တယ်။
စိတ်ကူးလိုက်တာလေးတွေလည်း တွေ့ရတတ်တယ်။ နဲနဲပါးပါးလည်း ကြိုမြင်တာ လေးတွေရှိတတ်တယ်။
စသည်ဖြင့် အမျိုးမျိုးသော သမာဓိရဲ့ သတ္တိတွေကို သာယာနေမိလို့ သမထမှာတင် ရပ်နေတာမျိုးလည်း
သတိထားရမဲ့အချက်ပါဘဲ။
22

အတွေး

တရားအားထုတ်နေတဲ့အခါ ဖြစ်တတ်တာလေးက တွေးတာပါဘဲ။မကြာခဏ အတွေးတွေဝင်လာတတ်ပါတယ်။


လောကီကိစ္စတွေလည်း တွေးမိပါတယ်။ တရားတွေလည်း တွေးမိပါတယ်။ လောကီကိစ္စကတော့ တွေးမိရင်
တရားကို အနှောက်အယှက်ဖြစ်တယ် ဆိုတာကို သိကြပါတယ်။ တရားတွေ တွေးနေတာကိုတော့
ကုသိုလ်ရတယ်။ တွေးသင့်တယ်လို့ ယူဆကြတာတွေရှိပါတယ်။ မှန်ပါတယ်။ ကုသိုလ်ဖြစ်ပါတယ်။
အကျိုးပေးလည်းကောင်းပါတယ်။ စာလိုပြောရင် ကာမ၀စရကုသိုလ်နဲ့ သုဂတိဘုံအကျိုးပေးဖြစ်ပါတယ်။

ခန္ဓာကို သဘာဝတွေကို ရှုနေတဲ့အချိန်မှာ အမှန်ကိုမြင်တဲ့ ကုသိုလ်က လောကုတ္တရာ ကုသိုလ်။


မဟာကုသိုလ်ဖြစ်ပြီး ဘုံအားလုံးရဲ့ လွတ်မြောက်ရာကို ပို့ပေးပါတယ်။ မဂ္ဂင်မှာ အရေးပါတဲ့ သမ္မာသင်္ကပ္ပကို
အတွေးလို့ မယူစေချင်ပါဘူး။သမ္မာဒိဋ္ဌိကို ကူပေးတဲ့ ဆင်ခြင်မှုလို့ မြင်စေချင်ပါတယ်။ အမှန်မြင်ဘို့
လမ်းကြောင်းတည့်ပေးတဲ့တရားဖြစ်ပါတယ်။ အာရုံကို သတိက ကပ်လိုက်တဲ့အခါ ဥာဏ်ကသုံးသပ်တဲ့အခါ
လုပ်ငန်းစဉ်မှန်မမှန် ညှိပေးတာမို့ သာမန်အတွေးထက် မြင့်မားပါတယ်။

ဘာဘဲဖြစ်ဖြစ် တွေးစိတ်ဝင်လာတာနဲ့ သိစိတ်ပျောက်သွားပါတယ်။ သိစိတ် ဆက်နေရင်လည်း


တွေးစိတ်မရှိပါဘူး။ သိရင်မတွေး။ တွေးရင်မသိလို့ ဆိုကြပါတယ်။ အတွေးပေါ်လာတာနဲ့ တွေးနေတယ်လို့
သိလိုက်ပါ။ အတွေးရပ်သွားပါမယ်။ ခဏနေ ပြန်တွေးမိပြန်ရော။ တွေးလိုက်ရပ်လိုက်။ ပြန်တွေးလိုက်နဲ့
ဖြစ်နေတတ်ပါတယ်။ အတွေးကို အခြားအာရုံနဲ့ အစားထိုးနိုင်ဘို့ ကြိုးစားပါလို့ တိုက်တွန်းပါတယ်။
သမထအာရုံဘဲဖြစ်ဖြစ် ဝိပဿနာ အာရုံဘဲဖြစ်ဖြစ်ပါ။ အတွေးရပ်သွားဘို့ အဓိကပါဘဲ။ ဘာလို့လဲဆိုတော့
အတွေးမှာ ကျေနပ်မှုဆိုတဲ့ လောဘနဲ့ မကျေနပ်မှုဆိုတဲ့ ဒေါသက အဖော်ပါနေလို့ပါဘဲ။တွေးမဲ့အစား။
ပွားကြပါလို့ တိုက်တွန်းပါတယ်။
23

ရိပ်သာမဝင်နိုင်သူတွေအတွက်

ရိပ်သာလည်း မဝင်နိုင်ဘူး။ အိမ်မှာဘဲ လုပ်တတ်သလာက် လုပ်တော့လည်း အဆင်မပြေဘူး။ နှာသီးဝမှာ


ဝင်လေထွက်လေ မှတ်တော့လည်း ရတဲ့အခါရ။ လွတ်တဲ့အခါ လွတ်နေတယ်။ ပိန်ဖောင်းမှတ်တော့လည်း
မထင်ရှားဘူး။ ပဋိစ္စ သမုပ္ပါဒ်စက်ဝိုင်းကလည်း နားလည်သလိုလိုနဲ့ နားမလည်ဘူး။ ထိုင်နေရင်း ဝေဒနာ
တက်လာတာ မခံနိုင်ဘူး။ သတိကပ်ဆိုလို့ ကပ်တော့လည်း ခဏဘဲကပ်တယ်။ စသည်ဖြင့်
မိတ်ဆွေအတော်များများက ပြောကြပါတယ်။ ဘယ်လိုလုပ်ရမလဲလို့ မေးကြပါတယ်။

သတိကောင်းအောင်လုပ်ပါလို့ ဖြေတော့ ဘယ်လိုလုပ်ရင် သတိကောင်းမလဲလို့ ထပ်မေးပါတယ်။


ကျွန်တော်တို့ဟာ နိုးချိန်မှ အိပ်ချိန်ထိ ပြင်ပ အာရုံတွေနဲ့ လုံးထွေးနေရပါတယ်။ အဲဒီအပြင် အာရုံတွေနဲ့
တွေ့တဲ့အခါ မိမိစိတ်ကိုအာရုံပေါ်တည့်တည့်ထားနေတာဟာ သတိထားတာပါဘဲ။ ထမင်းစားတယ် ဆိုပါစို့။
လူက ထမင်းစားနေတယ်။ စိတ်က တခြားနေရာရောက်နေတယ်။ တွေးမိတွေးရာ တွေးနေမယ်။
အလုပ်ကိစ္စတွေ စဉ်းစားနေမယ်ဆိုရင် သတိမရှိပါဘူး။ သတိမရှိလို့ အဲလိုတစ်နေကုန်ဖြစ်နေမယ်ဆိုရင်
သတိမကောင်းပါဘူး။

ဒီထက် သတိကောင်းဘို့က မိမိစိတ်ကို အပြင်အာရုံတွေမှာ ကပ်မထားတော့ဘဲ မိမိကိုယ်နှုတ်စိတ်သုံးပါးမှာ


ထားနိုင်ဘို့ လေ့ကျင့်ရပါမယ်။ စိတ်ကို ကိုယ်မှာထားမယ်။ ကိုယ် အမူအရာတွေ။ ကိုယ်မှာ ပေါ်တဲ့
ခံစားမှုတွေပေါ်မှာ သတိထားကြည့်ပါ။ စောစောက အပြင်မှာ သတိထားတာထက် သတိ ပို ကောင်းလာ
ပါလိမ့်မယ်။ ပြီးတော့ နှုတ်မှာ သတိထားကြည့်ပါ။ မိမိ ပြောတဲ့ စကားတွေကို သတိထားကြည့်ပါ။
ကောင်းသောစကား ဖြစ်ဘို့ အကျိုးရှိတဲ့စကားဖြစ်ဘို့ မှန်သောစကားဖြစ်ဘို့ စသည်ဖြင့် သတိထားကြည့်ပါ။
သတိနဲ့ စကားပြောရမှာဖြစ်ပါတယ်။ ဒီလို သတိထားခြင်းဖြင့်လည်း သတိတွေ သိသိသာသာ ကောင်းလာတာ
တွေ့ရပါမယ်။ အကောင်းဆုံးကတော့ မိမိစိတ်ကို မိမိသတိထားနေခြင်းပါဘဲ။ စိတ်မှာ ဖြစ်နေတာတွေကို
ခဏခဏ သတိထားကြည့်နေပါ။ သတိထားတဲ့စိတ်ဟာ သတိ အားကောင်း လာရုံမက အကုသိုလ်
တွေနည်းလာတာလည်း တွေ့ရပါတယ်။ အေးချမ်းမှုလည်းတွေ့ရပါလိမ့်မယ်။ အဲလို နေရင်းထိုင်ရင်း
အလုပ်လုပ်ရင်းနဲ့ မိမိရဲ့ကိုယ်နှုတ်စိတ်မှာ သတိထားနေတာဟာ သတိပဌာန်တရားကို အားထုတ်နေတာ
ဖြစ်ပါတယ်။
24

ယောနိသောမနသီကာယ

ယောနိသောမနသီကာယဆိုတဲ့ စကားဟာ တရားနယ်ပယ်မှာ အလွန် အသုံးများတဲ့စကားပါ။ တရားရရာ


ရကြောင်းမှာ အဓိကကျတဲ့ အလုပ်စဉ်လည်း ဖြစ်ပါတယ်။ နှလုံးသွင်းမှန်ကန်မှု၊ သင့်တင့်လျောက်ပတ်စွာ
နှလုံးသွင်းမှု၊ ကုသိုလ်ဖြစ်အောင် နှလုံးသွင်းမှုစသည်ဖြင့် အဓိပ္ပာယ်ဖွင့်ဆိုကြပါတယ်။

ဇာတ်တော်တွေမှာလည်း နှလုံးသွင်းမှန်ကန်လို့ တရားထူး ရကြတာတွေ အများကြီးတွေ့ရပါတယ်။ ဘာကို


ဘယ်လို နှလုံးသွင်းမလဲဆိုတဲ့ ကျင့်ကြံမှုအပိုင်းကျတော့ မပီပြင်ကြပါဘူး။ လူရယ်လို့ ဖြစ်လာကြတော့
ကောင်းတာတွေလဲ ကြုံရသလို ဆိုးတာ တွေလဲ ကြုံရပါတယ်။ ကံကောင်းတယ် ကံဆိုးတယ်ဆိုပြီး
မှတ်ချက်တော့ ပေးလိုက်ကြပါတယ်။ ရံဖန်ရံခါမှ မှတ်ချက်ပေးလေ့ရှိပြီး များသောအားဖြင့် မေ့နေကြတာပါဘဲ။
အကြောင်းကံရဲ့တူသော အကျိုးတွေ ထပ်ကြပ်မကွာ လိုက်နေတာဘဲရယ်လို့ လေးလေးနက်နက်
နှလုံးသွင်းနေမှ နှလုံးသွင်းမှန်မှာပါ။ ဒါက ပြင်ပအခြေအနေကောင်းဆိုးနှစ်တန် လောကဓံကို ယောနိ
သောမနသီ ကာယထားခြင်းပါ။

ကုသိုလ်ဖြစ်အောင် နှလုံးသွင်းတာကတော့ နဲနဲလေးနက်ပါတယ်။ ကုသိုလ်အာရုံနဲ့ တွေ့လို့ကုသိုလ်စိတ်ဖြစ်တာ


လွယ်ပေမဲ့ အကုသိုလ်အာရုံနဲ့ တွေ့ရင် ကုသိုလ်စိတ်ဖြစ်ဖို့ တော်တော်လေ့ကျင့်ရပါမယ်။ အာရုံဟာ သူ့အလုပ်
သူလုပ်တာဘဲ။ သူလည်း အကြောင်းတိုက်ဆိုင်လို့ပေါ်လာတာ။ ပေါ်အောင်လည်း ငါလုပ်တာမဟုတ်လို့
ပျောက်အောင်လည်းလုပ်ဖို့မလို။ သူ့အတိုင်းထား။ သူ့သဘောသူဆောင် စသည်ဖြင့် နှလုံးသွင်းရပါမယ်။
အာရုံကြောင့် ကိုယ်မှာ စိတ်ပေါ်ရင်လည်း အာရုံနဲ့ ဒွါရကြောင့် စိတ်ပေါ်တာ။ ငါမဟုတ်။ ငါ့ဟာ မဟုတ်။
အကြောင်းကြောင့် အကျိုးဖြစ်တာ။ သဘောမျှသက်သက်သာ။ အဲဒီ သဘောကလည်း မမြဲတဲ့ သဘာဝက
လွဲလို့ ဘာမျှမရှိ။ တွယ်တာစရာမရှိ စသည်ဖြင့် နှလုံးသွင်းရပါမယ်။ အဲဒါ ကုသိုလ်ဖြစ်နှလုံးသွင်းခြင်းပါ။
ဒီလိုနှလုံးသွင်းဖို့ သတိကောင်းကောင်း သမာဓိကောင်းကောင်းရှိဖို့တော့ လိုပါတယ်။

လေ့ကျင့်အားကောင်းလာရင်တော့ ပေါ်သမျှအကြောင်းကြောင့် ပေါ်ဆဲခဏသာ။ ချုပ်ပျောက်ကာ


နောက်ထပ်အသစ်ပေါ်။ နောက်ထပ်ပေါ်လည်း ချက်ချင်းပျောက် စတဲ့ သဗ္ဗေသင်္ခရာ အနိစ္စာဆို ဥာဏ်မှာ
ဦးစီးထင်ရှားနေရင် တော့ ဘာလာလာ ကုသိုလ်ဖြစ်ပါပြီ။ သူတော်ကောင်းတွေ အရိယာတွေ ရဟန္တာတွေနဲ့
ဘုရားကိုယ်တော်မြတ်ကြီးတို့ရဲ့ ယောနိသောမနသီကာယကိုတော့ စိတ်နဲ့မှန်းဆကြည်ညိုကြပါလို့
တိုက်တွန်းလိုပါတယ်။
25

မိုးကုတ်နဲ့ မဟာစည် (၁)

သတိထား ဝီရိယစိုက် ပညာနဲ့ ရှုလို့ မိုးကုတ်ဆရာတော်ကြီးက ဟောပါတယ်။ တရားအားထုတ်တာ ခန္ဓာ့


ဖြစ်စဉ်ကို စောင့်ကြည့်တာလို့ ပြောပါတယ်။

ဖြစ်တိုင်းမှတ်ရှု သတိပြု စောင့်မှု အစဉ်ထားလို့ မဟာစည် ဆရာတော်ကြီးက ဟောပါတယ်။


ဝိပဿနာဥာဏ်ဆိုတာ ဘယ်ဟာရှု၍ ဖြစ်သနည်း။ စွဲလန်းနိုင်ရာ ငါးခန္ဓာ မှန်စွာရှု၍ဖြစ်သတည်း လို့
မဟာစည်ဆောင်ပုဒ် ရှိပါတယ်။

ဆရာတော်ကြီးတွေ ဟောတဲ့အတိုင်း တသွေမတိမ်း အားထုတ်ကြရ မှာ ဖြစ်ပါတယ်။ ဆိုလိုတဲ့


အဓိပ္ပာယ်တွေကလည်း အလွန် ရှင်းနေပြီးသား ဖြစ်ပါတယ်။

အာတာပီ သတိမာ သမ္မဇာနောဆိုတဲ့ မဟာသတိပဋ္ဌာန သုတ်တော် အတိုင်းလည်း ဖြစ်ပါတယ်။


ပါဠိအခက်အခဲရှိသူအတွက် ပြောပြပါမယ်။ အာတာပီ ကိလေသာကို လွန်မြောက်လို၍ ထက်သန်သည့်
ဝီရိယဖြင့် သတိမာ သတိ ရှိသည်ဖြစ်၍ သမ္မဇာနော အစဉ်မပြတ်သောဥာဏ်ဖြင့် ခန္ဓာကို ရှု၍နေရာ၏။
ဘုရားရှင် ကိုယ်တော်မြတ်ကြီးရဲ့ နောက်ဆုံးအမှာစကားတော်ဖြစ်တဲ့ အပ္ပမာဒေန သမ္မာဒေထရဲ့
အဓိပ္ပာယ်နဲ့လည်း အတိအကျဖြစ်နေပါတယ်။ ဘုရားရှင်ရဲ့ ဆိုလိုရင်းနဲ့ ဆရာတော်ကြီးတွေရဲ့
ရှင်းလင်းချက်တွေကို အလုပ်နဲ့ တကွ သေသေချာချာအားထုတ်စေလိုပါတယ်။ မိတ်ဆွေအားလုံး
နည်းမှန်လမ်းမှန်တွေကို ယုံကြည်စိတ်ချစွာ အားထုတ်လို့ ပန်းတိုင်အရောက် ဖြောင့်တန်းစွာ
လျှောက်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်ခင်ဗျား။
26

မိုးကုတ် နဲ့ မဟာစည် (၂)

မိုးကုတ်ဆရာတော်ကြီးက သက္ကာယ ဒိဌိကို အသိနဲ့ ပယ်ရမယ်။ အပွားနဲ့ ပယ်ရမယ်။ အပယ်နဲ့ပယ်ရမယ်လို့


အဆင့်သုံးဆင့်ခွဲပြခဲ့ပါတယ်။ အသိနဲ့ပြုတ်ဘို့ ဆရာ့တာဝန်။ အပွားနဲ့ပြုတ်ဘို့ ယောဂီတာဝန်။ အပယ်နဲ့ပြုတ်ဘို့
ဓမ္မတာဝန်လို့ တာဝန်တွေခွဲဝေပေးခဲ့ပါတယ်။

အသိနဲ့ပယ်ဘို့ ပဋိစ္စ သမုပ္ပါဒ်စက်ဝိုင်းနဲ့ သုတမယ စိန္တာမယ ဥာဏ်တွေအားကောင်းအောင် သင်ယူရပါတယ်။


တကယ်လုပ်ရမှာကတော့ အပွားနဲ့ ပြုတ်ဘို့ပါဘဲ။ ပွားနည်းကလည်း ရှင်းရှင်းလေးပါဘဲ။

သတိထား။ ဝီရိယစိုက်။ ပညာနဲ့စောင့်ကြည့်။ ကိလေသာကြား မခိုစေနဲ့။

မဟာစည်ဆရာတော်ကြီးကတော့ အပွားနဲ့ပယ်တဲ့စနစ်ကို တိုက်ရိုက် ကျင့်သုံးစေပါတယ်။ ပွားနည်းကလည်း


ရှင်းရှင်းလေးပါဘဲ။

ဖြစ်တိုင်းမှတ်ရှု သတိပြုစောင့်မှုအစဉ်ထား။

မဟာစည်ဆရာတော်ကြီးက ယောဂီမှာ အသိဥာဏ်တွေပေါ်လာတော့မှ ဝိသုဒ္ဓိမဂ်လာ ဥာဏ်စဉ်များနဲ့


တိုက်ဆိုင်စစ်ဆေးပေးပါတယ်။ မဟာစည်ဆရာ တော်ကြီး ဟောကြားတော်မူတဲ့ ပဋိစ္စ သမုပ္ပါဒ်
တရားတော်မှာလည်း ပဋိစ္စ သမုပ္ပါဒ်အင်္ဂ ဆယ့်နှစ်ပါးကို အသေးစိတ်ဟောပြထားပါတယ်။ ကံအကြောင်း
ကံအမျိုးမျိုး အကျိုးပေးအမျိုးမျိုးတွေ။ စိတ်အဆင့်ဆင့် ဖြစ်ပုံတွေ။ အာရုံ ဒွါရကြောင့် စိတ်ဖြစ်ပုံတွေကို
အသေးစိတ်ဟောပြထားတာ သက္ကာယဒိဋ္ဌိကို ပြုတ်စေတဲ့တရားတွေဖြစ်ပါတယ်။

ဆရာတော်ကြီးနှစ်ပါးစလုံးရဲ့ အလုပ်ပေးအနှစ်ချပ်ကတေ့ ကိလေသာ ကြားမခိုစေဘို့ ဖြစ်တိုင်း အဆက်မပြတ်


မှတ်ရှုနေဘို့ပါဘဲ။ ပဋိစ္စ သမုပ္ပါဒ်ကို နာရုံနာပြိး အဆက်မပြတ် မရှုမှတ်ရင် ကိလေသာကို အပွားနဲ့
မပယ်နိုင်ပါဘူး။ ဖြစ်တိုင်း မှတ်ရှုနေပေမဲ့ အလုပ်စဉ်ကို ပဋိစ္စသမုပ္ပါဒ် တို့ ဝိသုဒ္ဓိမဂ်တို့နဲ့ ချိန်ထိုးမှုမလုပ်ရင်လည်း
လုပ်သလောက် အကျိုးမရှိပါဘူး။ဒါကြောင့်မို့--

နာလည်းနာပါ။ ပွားလည်းပွားပါ။ (မိုးကုတ်)

ပွားလည်းပွားပါ။ ချိန်လည်းထိုးပါ။ (မဟာစည်)

လို့ တင်ပြလိုက်ရပါတယ်။
27

ဝေဒနာနဲ့ တဏှာအစပ်

မူလ နှစ်ဖြာ၊ သစ္စာနှစ်ခု၊ လေးခုအလွှာ၊ အင်္ဂဆယ့်နှစ်ပါး၊ တရားကိုယ်များနှင့် သုံးပါးအစပ် အစချီတဲ့ မိုးကုတ်


ဆရာတော်ကြီး သီကုံးကာ သာသနာ ပြုခဲ့တဲ့ လင်္ကာကြောင့် ခက်ခဲလှတဲ့ ပဋိစ္စသမုပ္ပါဒ် တရား တော် ကြီးကို
လွယ်ကူစွာ လေ့လာနိုင်ကြလျက်ရှိပါတယ်။

ပဋိစ္စ သမုပ္ပါဒ် တရားတော်ကြီးကို နာကြားတာ သင်ယူတာလေ့လာတာတွေဟာ ဥာတပရိညာ တနည်းအားဖြင့်


ပရိယတ္တိဖြစ်ပါတယ်။ ပွားများအားထုတ်တဲ့အခါကျတော့ ခန္ဓာ့ ပဋိစ္စ သမုပ္ပါဒ်ကို ရှုရမှာ ဖြစ်ပါတယ်။
ခန္ဓာ့ဖြစ်စဉ်ကလည်း ဒေသနာအတိုင်းအတိ အကျပါဘဲလို့ ဘုရားကိုယ်တော်မြတ်ကြီးက ဟောကြားခဲ့ပါတယ်။
တရားအားထုတ်တဲ့ အလုပ်စဉ်မှာတော့ မူလနှစ်ခုမှာလည်း သမုဒယ သစ္စာကို ရှုရမှာမဟုတ်ပါဘူး။ ဒုက္ခကို
ရှုရမှာဖြစ်ပါတယ်။ အင်္ဂဆယ့်နှစ်ပါးမှာလည်း ဝိဥာဏ်နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဆိုတဲ့
အင်္ဂငါးပါးကိုသာ ရှုရမှာဖြစ်ပါတယ်။

ဒီနေရာမှာ တရားအားထုတ်သူအနေနဲ့ အင်္ဂကို ရှုမယ် ဘယ်အင်္ဂကို မရှုဘူးလို့ ရွေးချယ်လို့မရပါဘူး။ ပေါ်ရာကို


ရှုရမှာဖြစ်ပါတယ်။ ဘုရားရှင်ရဲ့ ဥာဏ်တော်ကြောင့်သာ တစ်ခုကြောင့် တစ်ခုဖြစ်တယ်လို့သိရပေမယ့်
အင်္ဂငါးခုဟာ တစ်ပြိုင်နက်အတူတကွ အညမည သဟဇာတ နိဿယ သမ္မယုတ္တ ဖြစ်ကြတာဖြစ်ပါတယ်။

အဲဒါကြောင့် ရှုမှတ်သူက ခွဲပြီးရှုလို့မရဘူး။ အင်္ဂငါးပါးထဲက ထင်ရှားရာကို ရှုရမှာဖြစ်ပါတယ်။ ရှုရင်းမှာကိုဘဲ


ထင်ရှားရာ ပေါ်ရာတွေကလည်း တစ်ခု ပီးတစ်ခု ပြောင်းနေတာတွေ့ရပါတယ်။ အဲလို ရှုမှတ်နေတာကို
တိရဏပရိညာ တနည်းအားဖြင့် ပရိပတ္တိအလုပ်လို့ ခေါ်ပါတယ်။ ဆရာတော်ကြီးရဲ့ နံပါတ်နှစ်အကွက်ကို
အဆက်မပြတ် သတိနဲ့ဥာဏ်နဲ့ သိနေတာဟာ တရားအားထုတ်တာဖြစ်ပါတယ်။

ဒီလို အားထုတ်လို့ သုံးပါးအစပ်မှာ နံပါတ်နှစ်အကွက်နဲ့ နံပါတ်သုံး အကွက်စပ်ထားတဲ့အစပ်ပြတ်သွားတဲ့အခါ


နိဗ္ဗာန်ပါဘဲ။ ဝေဒနာနဲ့ တဏှာကြားပြတ်တယ်လို့ ကွက်ပြီး မယူစေချင်ပါဘူး။ နံပါတ်နှစ်အကွက် တစ်ခုလုံး
ဖြစ်တဲ့ ခန္ဓာငါးပါးနဲ့ တဏှာပြတ်ခြင်းဖြစ်ပါတယ်။ ပဟာနပရိညာ သို့မဟုတ် ပဋိဝေဓသို့ ဆိုက်ရောက်ပြီ
ဖြစ်ပါတယ်။
28

စိတ်ကိုရှုမယ်

ပူလောင်စေတဲ့ ကိလေသာဆိုတာ စိတ်မှာဖြစ်တာ စိတ်မှာကပ်ငြိတာ ဖြစ်ပါတယ်။ အေးချမ်းစေတဲ့ ကုသိုလ်


တရားတွေဟာ စိတ်မှာဖြစ်တာ စိတ်မှာ ကပ်ငြိဖြစ်ပါတယ်။ ဒုက္ခရောက်ကြောင်း ဆင်းရဲရောက်ကြောင်း
အပါယ်ရောက်ကြောင်း တရားတွေဟာလည်း စိတ်မှာ ပူးပေါင်း ပတ်သက်နေကြ ဖြစ်ပါတယ်။ သုခ
ရောက်ကြာင်း ချမ်းသာရောက်ကြောင်း နိဗ္ဗာန်ရောက်ကြာင်း တရားတွေဟာ စိတ်မှာ ပေါက်ဖွား ပွားများတာ
ဖြစ်ပါတယ်။ ဘာဝနာတည်းဟူသော အလေ့အကျင့်နဲ့ စိတ်ကိုလမ်းဆိုးမှ သွေဖယ်စေပြီး လမ်းကောင်းကို
ပို့ပေးနိုင်ပါတယ်။

သတိ သမာဓိ ပညာနဲ့ စိတ်ကိုစင်ကြယ်အောင် လုပ်လို့ရပါတယ်။ သတိပဌာန်နဲ့ စိတ်ကို အနုပဿနာ


ပွားနေခြင်းဖြင့် အဆုံးစွန်သော အေးချမ်းမှုကို ရရှိနိုင်ပါတယ်။ စိတ်ကို တိုက်ရိုက်ရှုလိုက်နိုင်ရင် ပြီးပြည့်စုံပါပြီ။
စိတ်ကို တိုက်ရိုက်ရှုလို့ရနိုင်ပါသလား။

ရပါတယ်။ ပါရမီပါရင်ရပါတယ်။ ဥာဏ်ထက်ရင်ရပါတယ်။ လေ့ကျင့်ထားရင် ရပါတယ်။

ဘယ်လိုလေ့ကျင့်ရမလဲ။ စိတ်ကို တိုက်ရိုက်သိအောင် စိတ်ဖြစ်တဲ့ ရင်ထဲနှလုံးအိမ်မှာ သတိထားနေတဲ့


အကျင့်ကို ကျင့်နေရပါမယ်။ စိတ်ကို အပြင်မထွက်အောင် အပြင် အာရုံတွေဆီ မကျက်စားအောင်
အပြင်အာရုံတွေ နောက်မပါသွားအောင် သတိထားနေရပါမယ်။

မလွယ်ပါဘူး။ မြင်ရာ ကြားရာ ထိရာ တွေးရာ စတဲ့ အာရုံတွေဆီ သွားနေကျဖြစ်တဲ့ စိတ်ကို မသွားနဲ့လို့
တားလို့မလွယ်ပါဘူး။ အဲလိုဆိုရင်တော့ ပေါ်ရာအာရုံကို အကြောင်းပြုလို့ ပေါ်လာတဲ့စိတ်ကို ရှုရပါမယ်။
မြင်တဲ့အခါ မြင်စိတ်၊ ကြားတဲ့အခါ ကြားစိတ်၊ ထိတဲ့အခါ ထိတာကို သိတဲ့စိတ်၊ တွေးတဲ့အခါ
အတွေးကိုသိတဲ့စိတ် စသည်ဖြင့် စိတ်တွေကို စိတ်ဖြစ်တိုင်း သိနေရပါမယ်။

အာရုံမှတဆင့် စိတ်ကို သိတဲ့အလေ့အကျင့်ဖြစ်ပါတယ်။ အဲဒါဆို အာရုံနောက် စိတ်မလိုက်တော့ဘဲ သိစိတ်မှာ


စိတ်က ဘာဝနာ ဖြစ်နေပြီဖြစ်ပါတယ်။ဒီနည်းကတော့ သာမန်လူတော်တော်များများ လေ့ကျင့်နေတဲ့နည်းပါ။
တိုက်ရိုက်ဘဲသိသိ၊ အာရုံကြောင့်ဘဲ တဆင့်သိနဲ့ဘဲ သိသ၊ိ စိတ်ကို သိပြီ ဆိုရင်တော့ စိတ်မှာ ကပ်ငြိမဲ့
ကိလေသာတွေ တစ်ခါသိ တစ်ခါပါး တစ်ခါငြိမ်းဖြစ်သွားမှာ အမှန်ဧကန်ဖြစ်ပါတယ်။ ဘာဝနာနဲ့ ကြုံတုန်း
ကိုယ့်စိတ်ကိုယ်သိတဲ့ သတိပဌာန်နဲ့ တန်ဘိုးရှိရှိ နေကြရအောင် တင်ပြပေးခြင်း ဖြစ်ပါတယ်ခင်ဗျာ။
29

အိပ်ရာ ထထချင်း

များသောအားဖြင့် ကုသိုလ်ဖြစ်စရာရုံကြောင့် ကုသိုလ်ဖြစ်သလို အကုသိုလ် ဖြစ်စရာအာရုံကြောင့် အကုသိုလ်


ဖြစ်ပါတယ်။ ဥပမာအားဖြင့် ဘုရားပုံတော်မြင်ရရင် ကုသိုလ်ဖြစ်သလို အရက်မူးသမားတွေ့ရင် အကုသိုလ်
ဖြစ်ပါတယ်။ တချို့ တွေမှာတော့ ကုသိုလ်ဖြစ်စရာ အာရုံဖြစ်တဲ့ ဘုရားပုံတော်ကို အချိုးအစားမပြေပြစ်ဘူးဆိုပြီး
အကုသိုလ်ဖြစ်တာရှိသလို အရက်သမားကို ဂရုဏာသက်ပြီး ကုသိုလ်ရတဲ့သူလည်း ပါသေးတယ်။
သတိပဌာန်နဲ့ နေတတ်တဲ့သူတွေနဲ့ လက္ခဏာရေးသုံးပါးကို ဆင်ခြင်တတ်သူတွေအဖို့တော့ ဘယ်အာရုံဘဲ
တွေ့တွေ့ ကုသိုလ်ဖြစ်အောင် နေတတ်ကြပါတယ်။ နှလုံးသွင်းမှန်ကန်ရင် ကုသိုလ်ရတာ ဖြစ်ပြီး နှလုံးသွင်း
မမှန်ရင် အကုသိုလ်ဖြစ်သွားပါတယ်။ ယောနိသောမနသီကာရလို့ ပြောလေ့ရှိပတယ်။

အာရုံမှန်ဘို့ရယ် နှလုံးသွင်းမှန်ဘို့ရယ် အရေးကြီးပါတယ်။ များသောအားဖြင့် မနက်အိပ်ရာထလိုက်တာနဲ့


ဘုရားပုံလည်းမမြင်ပါဘူး။ တရားသံလည်း မကြားပါဘူး။ မေတ္တာလည်း မပို့သေးပါဘူး။ တရား သဘော
တွေလည်း မတွေးမိသေးပါဘူး။ ကုသိုလ်အာရုံတွေက ချက်ချင်းမတွေ့နိုင်သေးတဲ့ သဘောပါ။ နိုးနိုးချင်း
ကုသိုလ်ရအောင် နေလိုက်ကြရအောင်။ နိုးတာနဲ့ သရဏဂုံ တစ်ခေါက်ရအောင် ဆိုကြည့်လိုက်စေချင်ပါတယ်။
နေ့စဉ် အလေ့အကျင့်ရလာပြီ ဆိုရင် တစ်နေကုန် ကြည်လင်နေတာကို တွေ့ရပါလိမ့်မယ်။ ဒါမှ မဟုတ်
သတိပဌာန်အား သန်ရင်လည်း သတိပဌာန်နဲ့ အိပ်ရာက ထလိုက်ပါ။ ကုသိုလ်တရားတွေနဲ့ တစ်နေ့ကို
စလိုက်ခြင်းဖြစ်ပါတယ်။

အဲဒီ အခိုက်အတန့်လေးကို ဂရုတစိုက် ပြုစုပျိုးထောင်ထားပြီး တစ်နေ့လုံးလည်း မနက်ကလုပ်ခဲ့တဲ့


ကုသိုလ်အရှိန်လေးကို ပြန်ပြန်ပြီး ထပ်ခါထပ်ခါ လုပ်နေမိမယ်ဆိရင် တစ်နေ့တာလုံးမှာ ကုသိုလ်တွေအများကြီး
ရသွားမှာ အသေအချာပါဘဲ။

အိပ်ရာဝင်ချိန်မှာ ကိုယ့်ရဲ့တစ်နေ့တာ ကုသိုလ်တွေကို ပြန်စဉ်းစားပြီး ပီတိဖြစ်ရတဲ့ ကုသိုလ်ကိုလည်း


ခံစားကြည့်ပါဦး။ပြီးမှ အမျှအတန်းဝေပြီး အိပ်လိုက်ပါတော့ မိတ်ဆွေတို့ရေ။
30

ဘာကို ဘယ်လိုရှုမလဲ

ဝိပဿနာဆိုတာ ဘာကိုရှုရမယ်။ ဘယ်လိုရှုရမယ်ဆိုတာတွေကို တတ်သလောက် မှတ်သလောက်ရေးခဲ့တာ


မိတ်ဆွေတွေဖတ်ရှုကြတာ ဝမ်းသာမိပါတယ်။ ဝိပဿနာရှုတာမှန်ရင် ဝိပဿနာဥာဏ်ပေါ်စမြဲဖြစ်ပါတယ်။
ရှုနည်းမှန်ရင် အသိမှန်တဲ့သဘောပါ။ ဘယ်လိုအသိမျိုး ဒါမှမဟုတ် ဘယ်လိုသိလိုက်တာမျိုးကို ဝိပဿနာ
ဥာဏ်လို့ ခေါ်ပါသလဲ။ တရားအားထုတ်တဲ့အခါ ဝင်လေထွက်လေရဲ့ တိုးတဲ့ သဘော ထိတဲ့သဘော
ကြမ်းတဲ့သဘော နုတဲ့သဘောတွေ ထင်ထင်ရှားရှား တွေ့နေပါတယ်။ ရှုလိုက်တာနဲ့ မရှိတဲ့ သဘောလည်း
တွေ့ပါတယ်။

ကာယကိုကြည့်လိုက်တော့လည်းတင်းနေတာ ညောင်းနေတာ နာနေတာတွေဟာ တိုးလိုက်လျော့လိုက်


တရိပ်ရိပ် ပေါ်လိုက် ပျောက်လိုက် လုံးလုံးပျောက်သွားလိုက် မခံနိုင်အောင်ဆိုးလာလိုက်နဲ့ တရစပ် အမျိုးမျိုး
အဖုံဖုံကို တွေ့နေတော့တာပါဘဲ။ ဒါတွေဟာ ရုပ်ဘဲ ဝေဒနာဘဲဆိုပြီး ပေါ်ရာနောက် ခေါ်ရာနောက်
တောက်လျှောက် လိုက်ရှုနေတတ်တယ်။ ရှုရင်းနဲ့ သမာဓိတွေကောင်းလာပြီး အေးချမ်းတဲ့အရသာကိုလည်း
ရလာတတ်ပါတယ်။ တချို့ လည်း ရှုရင်းနဲ့ ဝီရိယလွန်ပြီး စိတ်ပင်ပန်းလာတတ်ပါတယ်။ ဝိပဿနာရှုရင်း
ဝိပဿနာဥာဏ် မဖြစ်တာတွေ့ကြုံရတတ်ပါတယ်။ ရှုစရာတွေက အမြဲရှိနေ ပေါ်နေတာဖြစ်ပါတယ်။ အရင်က
ရေးခဲ့သလို အတွေးမပါ မှတ်ချက်မပေးဘဲ သိရုံမျှ အလိက
ု သ
် င့်သိနေမယ်ဆိုရင် အဲဒီပေါ်ရာပေါ်ရာတွေကို
သိနေသိနေတဲ့ သိစိတ်ဟာ ထင်ရှားလာပါလိမ့်မယ်။ အရှုခံနဲ့ ရှုစိတ်ဟာ သူ့အလုပ်သူလုပ်နေတာကို
တွေ့ပါလိမ့်မယ်။

အဲဒါ ဥာဏ်ပါဘဲ။ နာမ ရူပ ပရိစ္ဆေဒဥာဏ်ဖြစ်ပါတယ်။ ရုပ်နဲ့ နာမ်မျှသာ။ ငါမပါလို့ သဘောပေါက်သွားတဲ့


အသိဘဲ ဖြစ်ပါတယ်။

အရှုခံကို လိုက်ရှုနေမဲ့အစား မဲရှုနေမဲ့အစား သက်တောင့်သက်သာ အလိုက်သင့်ကလေး သိရုံမျှ သိရုံမျှ


ရှုနေမယ်ဆိုရင် ဒီဥာဏ်ပေါ်လာမှာ ဖြစ်ပါတယ်။

နောက်တစ်ဆင့်တက်လို့ သိစရာကြောင့် သိစိတ်ဖြစ်တာဘဲလို့ သဘောပေါက်တဲ့ ပစ္စယပရိဂ္ဂဟဥာဏ်


ပေါ်ပါလိမ့်မယ်။

ဒီဥာဏ်နှစ်ခုရပြီးမှ ဖြစ်ပျက်မျှဆိုတဲ့ ဥဒယဗ္ဗယဥာဏ်ရပြီး ဖြစ်ပျက်ဆုံးအောင်ရှုလို့ ငြိမ်းချမ်းမှုရကြပါစေလို့


ဆုတောင်းတိုက်တွန်းလိုက်ရကြောင်းပါခင်ဗျား။
31

ရုပ်ဆိုတာ

ရုပ်ဆိုတာဘာလဲ။

ရုပ်ဆိုတာ ကိုယ်မှာရှိတဲ့ ကိုယ်ပိုင်သဘာဝ လက္ခဏာရှိတဲ့ ပရမတ် တရားဖြစ်ပါတယ်။

ရုပ်ကို ဘယ်မှာတွေ့မလဲ။

ကိုယ်မှာတွေ့ပါမယ်။

ဘာနဲ့တွေ့မလဲ။

ဥာဏ်နဲ့တွေ့ပါမယ်။

ဘယ်လိုတွေ့ရင် ရုပ်ကိုတွေ့တယ်ပြောမလဲ။

ရုပ်ရဲ့ ကိုယ်ပိုင်သဘာဝလက္ခဏာကိုတွေ့ရင် ရုပ်ကိုတွေ့တယ်ပြောပါမယ်။

ကိုယ်ပိုင်သဘာဝလက္ခဏာက ဘယ်လိုဟာလဲ။

ရုပ် ၂၈ မျိုးရှိပါတယ်။ ကိုယ်ပိုင် သဘာဝလက္ခဏာ ၂၈ မျိုးရှိပါတယ်။ ပထဝီရုပ်ဆိုရင် မာတဲ့ပျော့တဲ့


ကိုယ်ပိုင်သဘာဝလက္ခဏာရှိပါတယ်။ တေဇောရုပ်ဆိုရင် ပူတဲ့ အေးတဲ့ လက္ခဏာ။ အာပေါရုပ်ဆိုရင်
ယိုစီးဖွဲ့စည်းတဲ့ လက္ခဏာ။ ဝါယောရုပ်ဆိုရင် လှုပ်တဲ့ငြိမ်တဲ့ လက္ခဏာ။ ဝဏ္ဏရုပ်ဆိုရင် အဆင်းကိုပြတဲ့
လက္ခဏာ။ ဂန္ဓရုပ်ဆိုရင် အနံ့ကိုပြတဲ့ လက္ခဏာ။ ရသရုပ်ဆိုရင် အရသာကိုပြတဲ့ လက္ခဏာ။ ဩဇာရုပ်ဆိုရင်
အဆီဩဇာကိုပြတဲ့ လက္ခဏာ။ စသည်ဖြင့် ရုပ်တစ်ခုတိုင်းမှာ ကိုယ်ပိုင်သဘာဝလက္ခဏာရှိပါတယ်။

ရုပ်က တစ်ခုချင်းနေလား။ ပေါင်းနေတာလား။

တစ်ခုချင်းမနေပါ။ အနည်းဆုံး ရှစ်ခုပေါင်းနေပါတယ်။

ပေါင်းနေတာကို ဘာလို့ခေါ်။

ရူပက္ခန္ဓာလို့ ခေါ်ပါတယ်။

ပေါင်းနေတာဆို ရှုပြီးတော့ တစ်ခုဘဲရှုလို့ ပြောတယ်။ ဘယ်လိုလဲ။

ပေါင်းစုနေတဲ့ထဲက ထင်ရှားရာတစ်ခုကို ရှုရတာပါ။

အဲဒီလက္ခဏာတွေကို ဘယ်လိုသိနိုင်မလဲ။

ဘာဝနာမယဥာဏ်ဖြင့်သာ သိနိုင်ပါမယ်။
32

ဘာဝနာလုပ်ရင် ရုပ်တွေရဲ့ လက္ခဏာအကုန်တွေ့မလား။

တွေ့ပါမယ်။

တစ်ခုချင်းတွေ့မှာလား။

ဘာဝနာအားကောင်းရင် ကောင်းသလောက်တွေ့ပါမယ်။ အားမကောင်းသေးရင် ထင်ရှားတာ


အရင်တွေ့ပါမယ်။

ဘယ်လိုဘာဝနာနဲ့ ရှုရမလဲ။

သမာဓိနဲ့ ပညာဘာဝနာပါ။ သမာဓိက ရုပ်ကိုထင်ရှားစေပြီး ပညာက လက္ခဏာကိုမြင်တာပါ။

လက်နဲ့ ကိုင်ကြည့်လို့ရမလား။ သို့မဟုတ် မျက်စိနဲ့တွေ့မလား။

မရပါ။ မတွေ့ပါ။ သမာဓိတို့ ပညာတို့ဟာ စိတ်မှာရှိတာမို့ စိတ်နဲ့ဘဲ သိလို့ရပါတယ်။

မျက်စိမှိတ် ထားရမလား။ ဖွင့်ထားရမလား။

မျက်စိမှိတ်သည်ဖြစ်စေ ဖွင့်သည်ဖြစ်စေ စိတ်က သိတာပါ။

ရုပ်က ဘာကြောင့်ဖြစ်တာလဲ။

ကံစိတ် ဥတုအာဟာရကြောင့်ပါ။

ရုပ် အမျိုးမျိုးရှိပေမဲ့ အားလုံးတူညီတဲ့လက္ခဏာဟာ ဘာလဲ။

ဖောက်ပြန်တတ်တဲ့လက္ခဏာပါ။

တရားအားထုတ်သူဟာ ဖောက်ပြန်တတ်တဲ့ လက္ခဏာကိုတွေ့ရင် ရုပ်ကို တွေ့တယ်ပြောလို့ရမလား။

ကိုယ်ပိုင်သဘာဝလက္ခဏာကိုတွေ့ပြီး ဖောက်ပြန်တာကိုတွေ့မှ ရုပ်ကို တွေ့တယ်လို့ ပြောရင် ပိုမှန်ပါတယ်။

ဒါဆို တရားအားထုတ်သူက တရွရွ တလှုပ်လှုပ်တွေကို တွေ့နေတာ ရုပ်လား။

မဟုတ်ပါ။ ရုပ်လက္ခဏာရဲ့ ပုံရိပ်တွေပါ။

အဲဒီပုံရိပ်က ဘာလို့တွေ့နေတာလဲ။

ရုပ်ရဲ့ လက္ခဏာကို ရှုစိတ်က ကပ်ပြီးရှုနေလို့ရယ်။ မလွှတ်ဘဲ စိတ်က ချုပ်ထားလို့ ပုံရိပ်တွေ ဆက်တွေ့နေတာ


ဖြစ်ပါတယ်။
33

တရွရွ တမွမွ ပုံရိပ်တွေကို ရှုနေရင်ဘာဖြစ်မလဲ။

သမထဖြစ်ပါမယ်။

ရွရွမွမွတွေချုပ်အောင်ရှု ဝိပဿနာလား။

မဟုတ်ပါ။

ရွရွ မွမွကိုရှုတာ သမထ။ ချုပ်အောင်လုပ်တာ တဏှာ။

ဒါဆို ရုပ်အမှန်တွေ့အောင် ဘယ်လိုရှုရမလဲ။

ကိုယ်ကိုရှုပါ။ ကိုယ်မှာပေါ်တဲ့ ထင်ရှားတဲ့ သဘာဝလက္ခဏာကိုတွေ့ပါမယ်။ အဲဒီလက္ခဏာကို သိရုံဘဲသိပါ။


ရှုစိတ်ပျောက်သွားမှာစိုးလို့ဘဲဖြစ်ဖြစ် တွေ့နေဆဲလက္ခဏာကို မထိန်းချုပ်လိုက်ပါနဲ့။

ရွရွ မွမွတွေပေါ်နေရင် ဘယ်လိုလုပ်ရမလဲ။

သဘာဝလက္ခဏာကို သိရုံမျှ သိရုံမျှ သိနေပါ။ ရွရွ မွမွ တဖြည်းဖြည်း လျော့လာပါမယ်။ အားစိုက် သိလေရွရွမွမွ
ထင်ရှားလေပါဘဲ။

ရုပ်ကိုတွေ့ပြီး ဆက်ရှုနေရင် ဘာထပ်တွေ့မလဲ။

မမြဲဆင်းရဲအစိုးမရတာတွေ ထပ်တွေ့ပါမယ်။

ဘာလက္ခဏာလဲ။

အနိစ္စ ဒုက္ခ အနတ္တပါ။

တစ်ခွန်းတည်းပြောရင်။

သာမညလက္ခဏာ ဖြစ်ပါတယ်။
34

စင်္ကြံ

စင်္ကြန်လျှောက်ပြီး တရားအားထုတ်တာလို့ပြောလိုက်ရင် ရိပ်သာမှာ တရားစခန်းတွေမှာ ခြေလှမ်း နှေးနှေးလေး


လျှောက်ပြီး ကြွတယ် လှမ်းတယ် ချတယ် စသည်ဖြင့် အသေးစိတ်ဂရုစိုက်ပြီး မှတ်နေတာကို ပြောတယ်လို့
မြင်နေတတ်ကြပါတယ်။ အဲလို စင်္ကြန်လျှောက်ပြီး တရားမှတ်တာက အိမ်မှာမှတ်ဘို့မလွယ်ပါဘူး။ နေ့စဉ်
အလုပ်ကိစ္စတွေများနေသူတွေအဘို့ ဒီလိုဖြေးဖြေးချင်း လမ်းလျှောက်နေဘို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်မို့
စင်္ကြန်လျှောက် တရားအားထုတ်တာ အိမ်မှာနေတဲ့ သူတွေနဲ့ မဆိုင်ဘူးလို့ ဖြစ်သွားပါတယ်။

တကယ်တော့ လူတိုင်း နေ့စဉ်လမ်းလျှောက်နေတာဖြစ်ပါတယ်။ဖြေးဖြေးသွားတာ မှန်မှန်သွားတာ


မြန်မြန်သွားတာ စသည်ဖြင့် နေ့စဉ်ခြေလှမ်းပေါင်း များစွာ သွားနေကြတာဖြစ်ပါတယ်။ ဘယ်လိုဘဲသွားသွား
ခြေတစ်လှမ်းကစရတာဖြစ်ပြီး တစ်လှမ်းပြီးတစ်လှမ်းသွားရတာချည်းပါဘဲ။ ခြေဖဝါးနဲ့ ကြမ်းပြင်သို့မဟုတ်
မြေကြီးထိလိုက်တိုင်း ထိလိုက်တိုင်း ထိတယ်ထိတယ်လို့ စိတ်ကဆိုပြီး လှမ်းကြည့်စေလိုပါတယ်။

အဲဒီလိုခြေလှမ်းတိုင်းမလွတ်အောင် မှတ်လာနိုင်ရင် ထိတယ် ထိတယ်လို့ စိတ်ထဲက ဆိုနေရာက ထိထိထိလို့


ဆိုလာမိပါလိမ့မယ်။ ပစ္စုပ္ပန်တည့်လာတဲ့ သဘောဖြစ်ပါတယ်။ အမှတ်ဆက်လာတဲ့အခါ စိတ်ကအလိုလိုဘဲ
မဆိုတော့ဘဲ ထိတာကို စိတ်ကအလိုလိုသိနေပါလိမ့်မယ်။ ဆက်တိုက်သိလာတဲ့အခါ ထိတဲ့နေရာမှာ
တင်းတဲသဘောလျော့တဲ့ သဘောကို အလိုလိုသိလာပါလိမ့်မယ်။ ပရမတ်တည့်လာတဲ့ သဘောဖြစ်ပါတယ်။
ဒီလိုသိနေရာကတင်းတဲ့သဘောရယ် သိတဲ့သဘောရယ်ကို သူ့အလိုလိုသိလာပါလိမ့်မယ်။ တင်းတာက ရုပ်၊
သိတာက နာမ်ဖြစ်တာမို့ နာမရူပ ပရိစ္ဆေဒဥာဏ် ဖြစ်ပါတယ်။ ဝိပဿနာအစ ဥာဏ်ဖြစ်ပါတယ်။

မှန်မှန်လေးဆက်သိနေမယ်ဆိုရင် တင်းတာကြာင့် သိစိတ်ပေါ်နေတာကို အလိုလိုသိလာပါလိမ့်မယ်။ ပစ္စယ


ပရိဂ္ဂဟဥာဏ်ဖြစ်ပါတယ်။ ဒီနှစ်ဥာဏ်ရရင်တော့ အခြေခံလုံလောက်ပြီဖြစ်ပါတယ်။ ရှေ့ဆက်ပြီး ဝိပဿနာ
ဥာဏ်တွေ ဆက်တိုက်ပေါ်လာတော့မှာဖြစ်ပါတယ်။ ဘယ်လိုဘဲ လမ်းလျှောက်တာဖြစ်ပါစေ။ တည့်တည့်နဲ့
မှန်မှန် သိသွားရင် ခြေလှမ်းတွေများလာတာနဲ့အမျှ သိအားတွေကောင်းလာတာမို့ သိဥာဏ်တွေ အလိုလို
ပေးလာမှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းကို တင်ပြပေးလိုပါတယ်မိတ်ဆွေတို့ရေ။
35

နှာသီးဝလား ဝမ်းဗိုက်လား

တရားအားထုတ်သူအချင်းချင်း မေးမိတာတွေရှိပါတယ်။ တရားရိပ်သာတွေမှာလည်း မေးလေ့ရှိတဲ့


မေးခွန်းတွေက စိတ်ဝင်စားဘို့ ကောင်းပါတယ်။

နှာသီးဝမှာ သတိကပ်တာတော်တော်နဲ့ မရဘူး။ ဘယ်လိုလုပ်ရမလဲ။


သတိထားလို့ရပြန်တော့လွတ်သွားမှာကြောက်လို့ ထိန်းနေရတာနဲ့ အသိဥာဏ်တွေ ပေါ်မလာဘူး။
ဘယ်လိုလုပ်ရမလဲ။

နှာသီးဝစိတ်ထားနေပေမဲ့ ကိုယ်ပေါ်မှာတစ်ခြားမှတ်စရာပေါ်နေတယ်။ ဘယ်ဟာမှတ်ရမလဲ။

ဝမ်းဗိုက်နဲ့ နှာသီးဝ ဘယ်ဟာမှတ်ရမလဲ။

နှာသီးဝလည်း မှတ်လို့မရ။ ဝမ်းဗိုက်လည်း မှတ်လို့မရ။ ဘယ်လိုလုပ်ရမလဲ။

နှာသီးဝ မှတ်မလို့လုပ်တုန်း နှာသီးဝဆီစိတ်မရောက်သေးဘဲ ကိုယ်ပေါ်မှာ တခြားဟာတွေပေါ်နေတယ်။


ဘာလုပ်ရမလဲ။

အဲဒါတွေ မမှတ်ဘဲ တစ်ခြားဟာမှတ်လို့မရဘူးလား။ တစ်ခြားဟာ ဘာမှတ်ရမလဲ။

စသည်ဖြင့် မေးခွန်းတွေဟာ စိတ်ဝင်စားဘို့ကောင်းပါတယ်။ ကိုယ်နဲ့လည်း တော်တော်တိုက်ဆိုင်ပါတယ်။


ဒီမေးခွန်းတွေကို မဖြေခင်တရားအားထုတ်တာကို အကြမ်းဖျင်းလေး သိထားရပါမယ်။

တရားအားထုတ်တာ စိတ်အလုပ်ဖြစ်ပါတယ်။ ကိုယ်နဲ့စိတ်မှာပေါ်နေတာကို တရားအားထုတ်သူက


စိတ်နဲ့လေ့လာသုံးသပ်နေတာကို တရားအားထုတ်တယ်လို့ခေါ်ပါတယ်။

ကိုယ်မှာပေါ်တာကို ရှုတာကို ကာယနုပဿနာ သတိပဋ္ဌာန်လို့ ခေါ်ပါတယ်။ ကိုယ်နဲ့ ဆက်စပ်တာကို


ရှုတာလည်း ကာယပါဘဲ။ ကုယ
ိကို စိတ်နဲ့ရှုတာလို့ သဘောပေါက်ထားရပါမယ်။

ကိုယ်ကိုရှုဘို့ အပိုင်း ၁၄ ပိုင်းရှိပါတယ်။

၁။ အာနာပါနပိုင်း

လူတိုင်းသိနေလုပ်နေတဲ့ ဝင်လေထွက်လေကို ရှုတာဖြစ်ပါတယ်။ လယ်တီဆရာတော် ဝေဘူဆရာတော်တို့


အသုံးပြုပါတယ်။
36

၂။ ဣရိယာပုဒ်ပိုင်း

လျောင်းထိုင်ရပ်သွား ဣရိယာလေးပါးမှာ ကိုယ်မှာပေါ်နေတာကို ရှုတာ ဖြစ်ပါတယ်။ စင်္ကြန်လျှောက်တာ


ထိုင်နေတဲ့အခါ ကြမ်းပြင်နဲ့ထိနေတာ တင်းနေတာ ညောင်းနေတာ နာနေတာစတာတွေကို ရှုတာပါ။
ဝင်လေထွက်လေကို မရှုဘဲ ထိုင်နေတဲ့အခါ ထိနေ တင်းနေ နာနေ ညောင်းနေတာတွေကို ရှုလို့ပါတယ်။
တော်ကူးဆရာတော်ကြီး မတ်တပ်ရပ်အား ထုတ်သွားပါတယ်။

၃။ သမ္ပဇညပိုင်း

အိပ်ရာထမှ အိပ်ရာဝင်အထိ ကိုယ်မှာဖြစ်ပေါ်နေတဲ့အရာအားလုံးကို ရှုတာဖြစ်ပါတယ်။ အဆက်မပြတ်


သတိကပ်နေတဲ့နည်းပါ။ ဝင်လေထွက်လေ မရှုဘဲ ဒီလိုရှုနေလည်းရပါတယ်။ မဟာစည်ဆရာတော်
အားထုတ်သွားတဲ့နည်း ဖြစ်ပါတယ်။

၎။ ပဋိကူလ မနသိကာရပိုင်း

၃၂ ကောဌသကို ရှုတာဖြစ်ပါတယ်။

၅။ ဓာတု မန သိကာယပိုင်း

ပထဝီ တဇော အာပေါ ဝါယော ဆိုတဲ့ ဓါတ်တွေကို ရှုတာဖြစ်ပါတယ်။ ဖားအောက်ဆရာတော်ကြီးက ဒီနည်းကို


ပြသပေးနေပါတယ်။

၆ မှ ၁၄။ န၀ သီဝထိကပိုင်း

သေတဲ့အချိန်မှ ပုတ်ပွဆွေးမြေ့ပြီး အရိုးဖြစ်တဲ့အထိ အပိုင်း ၉ ပိုင်းခွဲပြီး ကိုယ့်ကိုကိုယ်ရှုတာဖြစ်ပါတယ်။


သဲအင်းဂူဆရာတော်ကြီးအား ထုတ်သွားတဲ့နည်းဖြစ်ပါတယ်။

ကာယာနုပဿနာမှာ ဒီလိုရှုစရာတွေအများကြီးရှိတာမို့ ဝင်လေထွက်လေ ပိန်ဖောင်းရှုလို့ အဆင်မပြေသူတွေ


အဘို့ ရှုစရာတွေအများကြီးမှာ ကိုယ်အဆင်ပြေတာကို ရှုပါလို့ ဖြေကြားပါရစေ။ ဥပမာ ထိုင်နေတဲ့အချိန်လေးကို
မတွေ့ရင် လေကိုစောင့်နေရှာနေမဲ့အစား ကိုယ်ပေါ်မှာပေါ်နေတဲ့ အခြားထင်ရှားရာကို ရှုပါလို့
အကြံပေးလိုပါတယ် ခင်ဗျား။
37

စိတ်ကို ဘယ်လိုရှုမလဲ

အခုရက်ပိုင်းမှာ စိတ်ကို သတိထားနေပါလို့ ပြောနေမိပါတယ်။ ဥာဏ်မထက်တဲ့သူက စိတ်ကို သတိပဋ္ဌာန်


ထားပြီး ဥာဏ်ထက်တဲ့သူက ဓမ္မကို နှလုံးသွင်းဘို့ကို ဒေသနာမှာ ဟောထားပါတယ်။ စိတ်တွေ တစ်ခုပြီးတစ်ခု
အဆက်မပြတ်ဖြစ်နေတယ်လို့ ဘုရားကိုယ်တော်မြတ်ကြီးဟောခဲ့တာမို့ သုတအနေနဲ့ နားရည်ဝပြီးသား
ဖြစ်နေကြပါပြီ။ စိတ်ဟာ အလွန်လျင်မြန်တာလို့လည်း သိထားပါတယ်။ အဲဒီစိတ်ကို ကိုဘယ်လိုရှုမလဲ။
ဘယ်လိုရှုရင် စိတ်ကိုသိနိုင်မလဲ။ ဒါက လက်တွေ့ကျတဲ့မေးခွန်းဖြစ်ပါတယ်။

များသောအားဖြင့် ကျွန်တော်တို့ဟာ ကာယကိုရှုတယ် ကိုယ်မှာပေါ်တဲ့ ဝေဒနာကို ရှုတယ်။ အဲလိုရှုတဲ့အခါ


ကာယတို့ ကာယိကဝေဒနာတို့ဟာ ပုံရိပ်တွေ ပုံသဏ္ဍာန်တွေနဲ့ တွေ့နေတတ်တယ်။ လှိုင်းတွေ ရွစိရွစိတွေ
ထုထည်တွေ တွေ့နေတတ်တယ်။ အဲဒါတွေက ရုပ်အစစ်မဟုတ်ဘဲ ရှုသူရဲ့ ဝီရိယနဲ့ သမာဓိ လွန်ကဲမှု
တွေကြောင့် ပေါ်လာတဲ့ပုံရိပ်တွေဖြစ်ပါတယ်။ အဲဒီပုံရိပ်တွေကို အာရုမ
ံ ထားဘဲ ဝီရိယကိုသိကာမျှ အနေအထား
ဖြစ်အောင် ညှိရမယ်။ သမာဓိလည်း သိရုံမျှဖြစ်အောင် ညှိရပါမယ်။ သတိဦးဆောင်ပြီး သိရုံမျှ
မှန်မှန်လေးသိသွားရပါမယ်။ အဲလိုအနေအထားနဲ့ သိသွားမယ်ဆိုရင် အရှုခံကာယနဲ့ အရှုခံဝေဒနာ တို့မှာ
ရှိနေတဲ့ တိုးနေတဲ့ တင်းနေတဲ့ ပူနေတဲ့ သဘာဝတစ်ခုခုကိုတွေ့ပါမယ်။ အဲဒါ ရုပ်ပါဘဲ။

ရုပ်ဟာ သူ့အလုပ် ဏမသခနျ နဲ့ သူသွားနေတာကို တွေ့ပါမယ်။ အဲဒီအချိန်မှာ အဲဒီရုပ်ကို သိနေတဲ့စိတ်ဟာ


ရှုသူမှာပေါ်နေတာကို တွေ့ပါမယ်။ စိတ်ကလည်း ပေါ်သမျှကိုသိတဲ့အလုပ် ဏမသခနျ အတိုင်း သွားနေတာ
တွေ့ရပါမယ်။ အဲဒါစိတ်ပါဘဲ။

သိစိတ်ဟာ သိစရာအာရုံကြောင့် ဖြစ်လာတာဆိုတာကိုလည်း သဘောပေါက်သွားပါမယ်။ ဒါက စိတ်ကို အာရုံမှ


တစ်ဆင့် သိအောင်ရှုတဲ့နည်းလမ်း ဖြစ်ပါတယ်။မြင်တဲ့အခါ ကြားတဲ့အခါ ထိတဲ့အခါတွေမှာလည်း ဒီလို
အလားတူ နှလုံးသွင်းတတ်ရင် မြင်သိစိတ် ကြားသိစိတ် ထိသိစိတ်တွေကို နှလုံးသွင်း တတ်လာပါမယ်။

ဒီလိုအာရုံမှတဆင့် စိတ်ကို ကြည့်တတ်ပြီးရင် စိတ်ကို စိတ်ဖြစ်တဲ့ နှလုံးသားမှာ စောင့်ကြည့်ဘို့


လေ့ကျင့်ရပါမယ်။ ဒီအခါမှာတော့ ရှုစိတ်ဟာ ဘယ်ရုပက
ိုမှ မညွတ်ရတော့ပါဘူး။ ဘယ်အာရုံကိုမှလည်း
အာရုံမပြုရတော့ပါဘူး။ နှလုံးသားမှာ ရင်ထဲမှာ သတိကိုထားနေရပါမယ်။ သိစိတ်တွေ တစ်ခုပြီးတစ်ခု
ဖြစ်နေတာကိုတွေ့ရပါမယ်။ စိတ်ကို ပေါ်ပေါ်ချင်းသိဘို့ သတိကောင်းကောင်းနဲ့ နေ နေရတာပါ။

အာရုံမှတဆင့် စိတ်ကိုသိအောင်လေ့ကျင့်ပါ။ စိတ်ကို ပေါ်ပေါ်ချင်းသိအောင် လေ့ကျင့်ပါ။


စိတ္တာနုပဿနာဖြစ်ပါတယ်။

လောဘစိတ်တို့ ဒေါသစိတ်တို့ အကြောင်းဆက်ပြောပါဦးမယ်။


38

စိတ်ကိုတွေ့ချင်ရင်

အိပ်ရာထချိန်မှ အိပ်ရာဝင်ချိန်ထိ စိတ်တွေ တစ်စိတ်ပြီးတစ်စိတ် အဆက်မပြတ် ဖြစ်နေတာ မရေမတွက်


နိုင်လောက်အောင် များပါတယ်လို့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟောကြားခဲ့ပါတယ်။ အိပ်နေရင်းတောင်
ဘဝင်စိတ်တွေ ဖြစ်နေသေးပါတယ်တဲ့။ နိုးနေချိန်မှာ တရစပ်ဖြစ်နေတဲ့စိတ်တွေ ဘာကြောင့်ဖြစ်နေတာလဲ။

ပြီးတော့ အဲဒီစိတ်တွေကို သတိနဲ့ဥာဏ်နဲ့ ရှုတတ်မြင်တတ်ရင် စိတ္တာနုပဿနာ သတိပဌာန်ဖြစ်ပါတယ်တဲ့။


စိတ်ကို ရှုတတ်ရင် စိတ်မှာကပ်ငြိနေတဲ့ အတွေးမှားအမြင်မှားတွေ ချုပ်ပျောက်ကုန်တာမို့ အေးရာငြိမ်းရာ
ချမ်းသာ အစစ်ကို ရရှိခံစားကြမှာဖြစ်ပါတယ်။

ကာယကို ရှုနေတဲ့သူဟာ သမထဖြစ်လိုက် ဝိပဿနာဖြစ်လိုက်နဲ့ တစ်ခါတရံ ဟိုမရောက်ဒီမရောက်လည်း


ဖြစ်နေတတ်ပါသေးတယ်။စိတ်ကို ရှုသူကတော့ ဝိပဿနာတစ်မျိုးတည်းသာဖြစ်တာမို့လည်း စိတ်ကို ရှုရတာ
စိတ်ဝင်စားဘို့အလွန်ကောင်းပါတယ်။ ခက်တာက ဒီလောက် အဆက်မပြတ်ဖြစ်နေတဲ့စိတ်တွေကို
သတိမထားမိခြင်းပါဘဲ။ တချို့ ကလည်း စိတ်ကို ရှုချင်ပေမဲ့ ဘယ်လိုရှုရမှန်းမသိဘူးဖြစ်နေပါတယ်။

စာပေထဲမှာ စိတ်အမျိုးအစားတွေကို အမျိုးမျိုးခွဲပြီး ရှင်းပြထားပေမဲ့ စိတ်ဆိုတာ ပေါ်ချင်သလိုပေါ်နေတာမို့


ရှုရခက်နေတတ်ပါတယ်။ စိတ်ကို ရှုတဲ့အခါ အမျိုးအစားခွဲဘို့ကလည်း မကျွမ်းကျင် ရှုနည်းက လည်း
မကျွမ်းကျင်တဲ့သူတွေအဘို့ တကယ့်အခက်ပါဘဲ။ စိတ်ဆိုတာကလည်း လှစ်ကနဲပေါ်တာမို့ ပေါ်ပေါ်ချင်း
ရှုမိဘို့ကလည်းအခက်အခဲတစ်ခုပါဘဲ။ ဒါပေမဲ့ ခက်ခက်ခဲခဲ ရှုရမယ့်အလုပ်မဟုတ်ဘူးလို့ ထင်ပါတယ်။

စိတ်ဘယ်လိုဖြစ်သလဲဆိုတာ သိပြီးကြမှာပါ။ အာရုံနဲ့ ဒွါရတိုက်လို့ပါ။ နှလုံးသွင်းတာနဲ့ ကြားခံ အထောက်အပံ့


တော့ လိုသေးပါတယ်။ အဓိကကတော့ အာရုံနဲ့ ဒွါရထည့်လို့ပါ။ မြင်စရာနဲ့ မျက်စိ။ အသံနဲ့နား။
ထိစရာနဲ့ကိုယ်။ အနံ့နဲ့နှာခေါင်း။ စားစရာနဲ့လျှာ။ တွေးစရာနဲ့နှလုံးသား စသည်ဖြင့် အစုံလိုက်ရှိကြပါတယ်။

နိုးနေချိန်မှာ အဲဒီအစုံတွေပွင့်နေရင် ပွင့်သလို ဆိုင်ရာစိတ်တွေဖြစ်နေကြပါတယ်။ မြင်စိတ် ကြားစိတ် ထိစိတ်


စသည်တို့ဟာ အဆက်မပြတ် ဖြစ်နေပါတယ်။ ကျွန်တော်တို့က အာရုံတွေဆီဘဲ သတိထားနေလို့ စိတ်ဖြစ်တာ
မသိတာပါ။ အဲဒီဖြစ်သမျှစိတ်တွေဟာ နှလုံးအိမ် မနောဒွါရမှာ သိစိတ်အဖြစ်နဲ့ ပေါ်ပါတယ်။ အဲဒါကြောင့်မို့
အာရုံတွေဆီ သတိထားမဲ့အစား သိစိတ်အားလုံး ပေါ်ရာ မနောဒွါရမှာ သတိပြောင်းထားလိုက်မယ်ဆိုရင်
စိတ်ကိုတွေ့ပါပြီ။

နောက်တစ်ခုက ကာယကံ ၀စီကံ မနောကံ အမှုတွေလုပ်ခါနီးတိုင်း လုပ်ချင်စိတ်လေးတွေ အရင်ပေါ်ပါတယ်။


စားချင်စိတ်၊ သွားချင်စိတ်၊ ပြောချင်စိတ်၊ အသက်ရှူချင်စိတ်၊ အသက်ရှူထုတ်ချင်တဲ့စိတ် စသည်ဖြင့်
ကိုယ်အမူအယာ လုပ်ခါနီးတိုင်း နှုတ်အမူအရာ လုပ်ခါနီးတိုင်း မှာချင်စိတ်လေးတွေ ပေါ်တာကို သတိထား
ကြည့်ရင်လည်း စိတ်ကိုတွေ့ပါပြီ။ အချုပ်ပြောရရင်တော့ တစ်နေကုန်လုံး သိစိတ်နဲ့ ချင်စိတ်တွေကို ရင်ထဲမှာ
သတိထားနေတတ်ရင် စိတ္တာနုပဿနာဖြစ်ပါပြီခင်ဗျား။
39

ဗြဟ္မစိုရ်တရားလေးပါး

မေတ္တာ ဂရုဏာ၎ မုဒိတာ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားလေးပါးကို အားလုံးရင်းနှီးပြီးသားဖြစ်ကြပါတယ်။


မေတ္တာဟာ အယုတ် အလတ် အမြတ် မရွေး သတ္တဝါအားလုံးအပေါ်မှာ ထားရှိရမှာဖြစ်ပါတယ်။ ဂရုဏာကတော့
ကိုယ့်ထက်နိမ့်ကျ ဒုက္ခရောက်သူတွေကို ထားရမှာဖြစ်ပါတယ်။ မုဒိတာကတော့ ကိုယ်ထက်မြင့်ပြီး အဆင်ပြေ
နေသူတွေ အပေါ်မှာ ထားရမှာဖြစ်ပါတယ်။ ဥပေက္ခာကတော့ အတန်းအစားမရွေး အားလုံးပေါ်မှာ ထားရတာ
ဖြစ်ပါတယ်။

မေတ္တာ ဂရုဏာ မုဒိတာတွေက သတ္တဝါ ပညတ်ကို အာရုံပြုရတာဖြစ်ပြီး ဥပေက္ခာကတော့ ကံသဘော


ဓမ္မသဘော ပရမတ်သဘောတွေကို အာရုံပြုရတာ ဖြစ်ပါတယ်။ မေတ္တာသဘောနဲ့ ဥပေက္ခာသဘော
အတန်းအစား ခွဲခြားစရာမလိုပါဘူး။ ဒီသဘောနှစ်ခုက တစ်ဖက်သားကို ရွေးချယ်စရာမလိုတာကြောင့်
တစ်ဖက်သားရဲ့ အခြေအနေနဲ့ တုန့်ပြန်မှုကို ထည့်တွက်စရာမလိုပါဘူး။ တစ်ဖက်က ဘာဖြစ်နေနေ
ကိုယ့်မေတ္တာအဆက်မပြတ်ထားနေဘို့ လိုရင်းပါဘဲ။ ကိုယ့် ဥပေက္ခာနှလုံးသွင်းနဲ့ နေလိုက်ရုံပါဘဲ။

ဂရုဏာနဲ့ မုဒိတာကတော့ နှိုင်းယှဉ်မှုတွေပါလာတာမို့ သတိပိုထားရပါမယ်။ ကျွန်တော်တို့ တရားနယ်မှာ


အားထုတ်နေသူတွေဟာ မကြာခဏ ဆိုသလိုပဲ ကိုယ့်ထက် သီလနည်းတဲ့သူ သမာဓိနည်းတဲ့ သူပညာနည်းတဲ့
သူတွေကို တွေ့ရတတ်ပါတယ်။ ကိုယ်ကစေတနာထားပြီး ပြောပြတဲ့အခါ သူ့အတိုင်း အတာနဲ့
သူသိသလောက်နဲ့ ပြန်ပြောကြပါတယ်။ သူပြောတာလိုနေတာ တွေ့ရင် အပြစ်မတင်ဘဲ ဂရုဏာထားပြီး
ရှင်းပြပေးရပါမယ်။ ကပ်တီးကပ်ဖဲ့ပြောလာရင်လည်း ဂရုဏာထားပြီး ခွင့်လွှတ်ရပါမယ်။

ထို့အတူ ကိုယ့်ထက်သီလသာတဲ့သူ သမာဓိသာတဲ့သူ ပညာသာတဲ့သူ တွေကိုတွေ့ရင် မုဒိတာပွားရပါမယ်။


ကိုယ် သိထားတာ ကိုယ်တတ်ထားတာနဲ့ သွားမနှိုင်းမိဘို့ အရေးကြီးပါတယ်။ ကိုယ့်လောက် မသိဘူးလို့
တစ်လွဲမာနမဝင်မိဘို့ တော်တော်သတိထားရပါမယ်။

တရားအားထုတ်ကြတဲ့သူတွေ အချင်းချင်းဟာ မေတ္တာ ဂရုဏာ မုဒတ


ိာ တရားသုံးခုကို လိမ်လိမ်မာမာ
ပါးပါးနပ်နပ် နှလုံးသွင်းတတ်ဘို့ အရေးကြီးကြောင်း သတိပေးစာလေး ရေးလိုက်ရကြောင်းပါခင်ဗျား။
40

အစဉ်လိုက်ရှုရမှာလား

သတိပဌာန်မှာ အဆင့် Stage အနေနဲ့ လေးဆင့် ရှိတာ အစဉ်လိုက် ကျင့်ရမှာလား။

အဲလိုမေးခွန်းဟာ နိုင်ငံခြားထိ သာသနာပြုနေတဲ့ ဆရာတော်တွေ ကိုယ်တိုင် မကြာခဏ ကြုံဘူးတဲ့


မေးခွန်းဖြစ်ပါတယ်။ ဒီမှာလည်း အလားတူ မေးခွန်းတွေ ကြုံရတတ်ပါတယ်။

ကာယ ဝေဒနာ စိတ္တာ ဓမ္မဟာ အစဉ်လိုက် ရှုသွားရတာလား။ တစ်ခါလာလည်း နှာသီးဝ တစ်ခါလာလည်း


ဝမ်းဗိုက်နဲ့ ဒီကကို မတက်ဘူးဖြစ်နေတယ်။ ဘယ်လိုလုပ်ရမလဲ။ နှာသီးဝ ရှုတာရယ် ဝေဒနာတွေ
တစ်ခုပြီးတစ်ခု ရှုနေရတာရယ်နဲ့။ စိတ်ကို ရှုတဲ့ဆီ မရောက်ဘူးဖြစ်နေတယ်။ ဘယ်လိုလုပ်ရမလဲ။
ဒေါသထွက်တဲ့အခါ ဒေါသကိုတန်းရှုရမှာလား။ နှာသီးဝကို အရင် ရှုရမှာလား။ တရားထိုင်ထိုင်ခြင်း နှာသီးဝက
ဝင်လေထွက်လေက မထင်ရှားဘူး။ စိတ်တွေလွင့်နေတာကိုတော့ သိနေတယ်။ နှာသီးဝရှုရမလား။
စိတ်ကိုရှုရမလား။

စသည်ဖြင့် အလွန်စိတ်ဝင်စားဘို့ကောင်းတဲ့ မေးခွန်းတွေ တွေ့ရတတ်ပါတယ်။ ကိုယ်တိုင်လည်း အဲလို


အခြေအနေ တွေ့ကြုံနေတတ်ပါတယ်။

ပထမဆုံး အရေးတကြီးပြောချင်တာက သတိပဌာန် လေးပါးဟာ အဆင့် (step) လေးဆင့်ရှိတယ် ဆိုတာ


မဟုတ်ပါဘူး။ ကာယဝေဒနာစိတ္တာဓမ္မဆိုတာ အရှုခံ အာရုံလေးမျိုးရှိလို့ အမျိုးအစား လေးမျိုးရှိတာ ဖြစ်ပါတယ်။
အဆင့် step or stage လေးမျိုးရှိတာမဟုတ်ပါဘူး။

ဒုတိယပြောချင်တာက ကာယ ဝေဒနာ စိတ္တာ ဓမ္မဆိုပြီး အစဉ်လိုက်ရှုရတာ မဟုတ်ပါဘူး။ သတိပဌာန်ဆိုတဲ့


ဝိပဿနာဟာ ပေါ်ရာကိုပေါ်တဲ့ အခိုက်မှာ ရှုရတာဖြစ်ပါတယ်။ အရှုခံက အစဉ်လိုက် မပေါ်ပါဘူး။
ပေါ်ချင်သလိုပေါ်တာမို့ အစဉ်လိုက် ရှုလို့မရပါဘူး။

တတိယပြောချင်တာက သူများတွေ နှာသီးဝရှုလို့ အဆင်ပြေပေမယ့် ကိုယ်နဲ့ အဆင်မပြေတာတွေ


ရှိတတ်ပါတယ်။ ဝမ်းဗိုက်လည်း ဒီလိုပါဘဲ။ ရှုလို့မရတာတွေ ရှိတတ်ပါတယ်။ မရတာကို မရမကရှုနေရင်
မှားနေပါမယ်။ ကာယဆိုတဲ့အတိုင်း ကိုယ် body ပေါ်မှာ ရှုစိတ်လေးထားလိုက်တဲ့အခါ ကိုယ်ပေါ်မှာ
ပေါ်လာတာကို ရှုမှ ကာယနုပဿနာသတိပဋ္ဌာန်ဖြစ်ပါမယ်။ ကိုယ်မှာ ပေါ်ရာကို ရှုရင်းနဲ့ နှာသီးဝ
ထင်ရှားလာတဲ့အခါ နှာသီးဝကို ရှုလိုက်ရုံပါဘဲ။

နောက်တစ်ခုက ကိုယ် body နဲ့ စိတ် mind မှာလည်းထင်ရှားရာ တိုက်ရိုက်ရှုလိုက်ရမှာဖြစ်ပါတယ်။


ဒေါသဖြစ်ရင် ဒေါသရှုရမှာဖြစ်ပြီး နှာသီးဝ ရှုရမှာမဟုတ်ပါဘူး။

လူတစ်ယောက်နဲ့တစ်ယောက်ဟာ ပါရမီဓါတ်ခံ မတူပါဘူး။ ဥာဏ်လည်း မတူပါဘူး။ စရိုက်လည်းမတူပါဘူး။


ဒါကြောင့်မို့ အရှုခံအားသန်တာချင်းလည်း မတူပါဘူး။ စရိုက်နဲ့ ကမ္မဌာန်းကို ကိုက်ညီဘို့လည်း
အလွန်အရေးကြီးပါကြောင်း တင်ပြလိုပါတယ်ခင်ဗျား။
41

သံသရာ

သံသရာလို့ပြောလိုက်ရင် ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေ အားလုံး နားလည်ကြပြီးသား ဖြစ်ကြပါတယ်။


ဘ၀တွေ အဆက်ဆက်ဖြစ်တာမို့ သံသရာအဆက်ဆက်လို့လည်း ပြောကြပါတယ်။ သံသရာလည်တယ်
ဆိုတာလည်း ပြောလိုက်တာနဲ့ သိပြီးသား ဖြစ်နေကြပါတယ်။ ကံကို လက်ခံကြတဲ့ ဗုဒ္ဓဘာသာဝင်တွေ
ဖြစ်တာကြောင့် ဘ၀ကို လည်းလက်ခံကြပါတယ်။ ကံကြောင့်ဖြစ်တဲ့ဘ၀တွေ အမျိုးမျိုးရှိတာကိုလည်း
လက်ခံကြလို့ ၃၁ ဘုံကိုလည်း လက်ခံကြပါတယ်။ တစ်ဘ၀ပြီးတစ်ဘ၀ဖြစ်တာမို့ ဘ၀သံသရာလို့
ခေါ်ကြပါတယ်။

ဒီလိုသဘောပေါက်မှုကြောင့် ကောင်းမှုကုသိုလ်တွေ များများလုပ်ရင် ခုဘ၀လည်းကောင်းစားမယ်။


သေရင်လည်း ဘ၀ကူးကောင်းမယ်။ မြင့်မြတ်တဲ့ ဘုံဘ၀ရောက်တယ်ဆိုပြီး ကျေနပ်နေတတ်ကြပါတယ်။
ဘ၀သံသရာမှာ အထက်တန်းကျကျလည်နိုင်ဘို့ ကြိုးစားနေကြတဲ့ ကျွန်တော်တို့တစ်တွေဟာ ဘ၀တဏှာ
အလွန်ဘဲ ကြီးမားလှပါတယ်။ နိဗ္ဗာန်ကိုမျက်မှောက်ပြုရပါလို၏လို့ ဘုရားရှေ့မှာဆုတောင်းနေကြပေမယ့်
လက်တွေ့လုပ်နေကြတာကတော့ သံသရာမှာ ကောင်းမွန်စွာလည်ရပါလို၏လို့ ပြောနေတာဖြစ်နေပါတယ်။

ဒါကလည်း တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ဘ၀အဆက်ဆက်က ပြုခဲ့တဲ့ ကောင်းမှုတွေကြောင့် နိဗ္ဗာန်ကို


မျက်မှောက်ပြုနိုင်မှာဘဲလို့ လွယ်လွယ်တွေးနေမိတာကြောင့် ဖြစ်ပါတယ်။ နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တဲ့
အသိဥာဏ်နဲ့ ယှဉ်တဲ့ကုသိုလ်ကောင်းမှုတွေ မလုပ်ဘဲနဲ့တော့ ဘယ်လိုမှ နိဗ္ဗာန်မရောက်နိုင်ပါဘူး။ ဘယ်လို
ဥာဏ်ယှဉ်တဲ့ ကုသိုလ်တွေကိုလုပ်ရမလဲဆိုတာ အလေးအနက်ထားပြီး လေ့လာသင့်ပါတယ်။ သံသရာက
လွတ်မြောက်ရာဟာ နိဗ္ဗာန်ဖြစ်ပြီး သံသရာဝဋ်ဆင်းရဲအပေါင်း ချုပ်ငြိမ်းရာဟာလည်း နိဗ္ဗာန် ဖြစ်ပါတယ်။
နိဗ္ဗာန်ဟာ ခန္ဓာနဲ့ ဆက်စပ်ပြီးဖြစ်တာမို့ သံသရာက လွတ်လိုသူ နိဗ္ဗာန်ကို မျက်မှောက်ပြုလိုသူဟာ ခန္ဓာကို
နားလည်ရပါမယ်။ ခန္ဓာကို သဘောပေါက်သူဟာ နိဗ္ဗာန်သွားတဲ့လမ်းပေါ်ရောက်ပါပြီ။ ခန္ဓာကို မသိဘဲနဲ့
နိဗ္ဗာန်ကို ဘယ်လိုမှ မရောက်ပါဘူး။ ခန္ဓာ သိတဲ့ဥာဏ်နဲ့ ခန္ဓာသဘာဝကို သိတဲ့ဥာဏ်တွေနဲ့ ယှဉ်တဲ့ကုသိုလ်
ကောင်းမှုတွေသာ နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့တွေဖြစ်ပါတယ်။

ခန္ဓာဆိုတာဘာလဲ။ ကိုယ်ပိုင်သဘာဝလက္ခဏာရှိတဲ့ ပရမတ်တရားတွေပေါင်းစုပြီး သူ့အလုပ်


သူလုပ်နေကြတာကို ခန္ဓာလို့ ခေါ်ပါတယ်။ ဒါကို အရင်သဘောပေါက်ထားရပါမယ်။

ခန္ဓာရဲ့ သဘာဝကလဲ။ သူ့အကြာင်းနဲ့သူ ဖြစ်လာပြီး ဖြစ်လိုက်ပျက်လိုက် အစားထိုးလိုက်နဲ့ မမြဲတဲ့


အနိစ္စသဘာဝရယ်။ အဆက်မပြတ် နှိပ်စက်နေတဲ့ ဆင်းရဲတဲ့ဒုက္ခ သဘာဝရယ်။ အစိုးမရတဲ့ အနတ္တ
သဘာဝရယ်။ဒါ့အပြင် ဘာမှမရှိဘူးဆိုတာ သဘောပေါက်ရင် နိဗ္ဗာန်နဲ့နီးလာပါပြီ။ ပရမတ် သံသရာကို
သဘောပေါက်တယ်လို့တင်စားလို့ရပါယ်။ ကျွန်တော် အပါအဝင် မိတ်ဆွေတွေအားလုံး သံသရာလွတ်ရာကို
ဥာဏ်ပါတဲ့ကုသိုလ်တွေ လုပ်လို့ ရုန်းထွက်နိုင်ကြပါစေ။
42

ပစ္စုပ္ပန်နဲ့ ပရမတ်

တရားအားထုတ်တာ ပစ္စုပ္ပန်တည့်ဘို့နဲ့ ပရမတ်မြင်ဘို့ အရေးကြီးပါတယ်။ ပစ္စုပ္ပန် တည့်ပြီးမှ ပရမတ်


မြင်ပါတယ်။ ပစ္စုပ္ပန်တည့်ဘို့ ပေါ်ရာကိုပေါ်ပေါ်ချင်း သတိထားလိုက်ရပါမယ်။ နှာသီး ဆိုလည်း ဝင်လေ ၀င်တဲ့
အခိုက် ထွက်လေထွက်တဲ့အခိုက်ဖြစ်ပါတယ်၊ ဝမ်းဗိုက်မှာလည်း ထို့အတူပါဘဲ။ ဖောင်းတဲ့အခိုက်
ပိန်တဲ့အခိုက်ကို သတိထားရမှာဖြစ်ပါတယ်။ အခြားကိုယ်ပေါ်မှာတင်းတာ တိုးတာ နာတာ
ညောင်းတာတွေမှာလည်း သူ့အခိုက်အတန့်လေးကို သိလိုက်ရမှာပါ။ စိတ်မှာလည်း မြင်ခိုက် ကြားခိုက်
တွေးခိုက် ကျေနပ်ခိုက် မကျေနပ်ခိုက်စသည်ဖြင့် ပေါ်ရာတွေမှာ သတိထားရမှာဖြစ်ပါတယ်။

လိုရင်းပြောရရင် ကိုယ်နဲ့စိတ်မှာ သတိထားရမှာဖြစ်ပါတယ်။ ပြင်ပအာရုံတွေနောက် စိတ်ကို လိုက်ထားနေလို့


မရပါဘူး။ ကိုယ်နဲ့ စိတ်မှာ သတိထားရင် ပစ္စုပ္ပန်တည့်ပါပြီ။ ပရမတ်တော့ ချက်ချင်းမတွေ့သေးပါဘူး။
ပညတ်ကိုဘဲ သတိရောက်နေဦးမှာပါ။ ဒီနေရာမှာ တရားအားထုတ်သူက ပညတ်ကိုရှုနေရင် ဝိပဿနာ
မဟုတ်ဘူး။ ပရမတ်ကိုရှုမှ ဝိပဿနာဖြစ်တယ်လို့ သိထားတာမို့ ပရမတ်ကို ရှာရှုလေ့ရှိတတ်ပါတယ်။

ပရမတ်ဆိုတဲ့ ခန္ဓာငါးပါးကို ရှုချင်နေတတ်ပါတယ်။ ခန္ဓာငါးပါးဆိုတဲ့ ပရမတ်ဟာ ရှုဘို့မထင်ရှားသေးဘာကို


တရားအားထုတ်သူက သဘောပေါက် ထားရပါမယ်။ ပညတ်ထင်ရှားနေသေးရင် ပညတ်ဘဲရှုလိုက်ပါ။
ပညတ်ဆိုတာက အများဆုံးတွေ့တာက ပုံသဏ္ဍာန်နဲ့နာမည်ဖြစ်ပါတယ်။ ပုံသဏ္ဍာန်တွေ့ရင် ပုံသဏ္ဍာန်ကိုဘဲ
သိလိုက်ပါ။ နာမည်တပ်မိရင် နာမည်တပ်တဲ့အတိုင်းဘဲ သိလိုက်ပါ။ ဥပမာ - လေ၊ ဝါယောတိုးလာတဲ့
ပုံထွက်သွားတဲ့ပုံ။ ကိုယ်မှာဆိုလည်း အချောင်းလိုက်အမြောင်းလိုက် နာနေတာကြီး။ ပညတ်တွေကိုဘဲ
ပစ္စုပ္ပန်တည့်တည့်သိနေက သိစိတ်ဟာတည်ငြိမ်မှု ရှိလာမယ်။ အေးချမ်းမှုရှိလာမယ်ဆိုရင် ပရမတ်ဆိုတဲ့
ပင်ကိုယ်သဘောလေးတွေ ဟာ အလိုလိုထင်ရှားလာပါလိမ့်မယ်။ ပညတ်ကြီး ပျောက်သွားတာ
မဟုတ်သေးပါဘူး။ ပညတ်မှာဘဲ ပရမတ်ပူးတွဲပေါ်နေတာကိုတွေ့မှာဖြစ်ပါတယ်။

တရားအားထုတ်သူက သဘောဆိုတဲ့ ပရမတ်ပေါ်လာတာနဲ့ ပုံသဏ္ဍာန် ဆိုတဲ့ ပညတ်ကို ပျောက်စေချင်


လာတတ်တယ်။ နာမည်ကိုမတပ်လို့ရပါတယ်။ ပုံသဏ္ဍာန်ကိုဖျောက်ဘို့တော့ မကြိုးစားရပါဘူး။
တွဲလျက်ပေါ်နေတာကိုဘဲ စိတ်အေးအေးထားပြီး ဆက်ရှုနေရပါမယ်။ ရှုစိတ်မှာ သတိ ဝီရိယ သမာဓိ
ညီညွတ်မျှတလာရင် ရှုစိတ်က သူ့အလိုလိုဘဲ ပရမတ်ကို ဦးစားပေးပြီး ရှုသွားမှာဖြစ်ပါတယ်။
ရှုသူကပြောင်းရှုလို့မရပါဘူး။ ပညတ်နဲ့ ပရမတ်နှစ်ခုမှာ ထင်ရှားရာကို ရှုတဲ့အခါ ဘယ်ဟာ ထင်ရှားလဲဆိုတာ
ရှုစိတ်ရဲ့ အခြေအနေပေါ်မှာဘဲ မူတည်ပါတယ်။

ရှုစိတ်က ညီညွတ်မျှတလာရင် ပရမတ်ကိုမြင်လာပါမယ်။ ဒါကြောင့်မို့ ပစ္စုပ္ပန်တည့်အောင်နေပါ။


ပရမတ်တည့်အောင် စိတ်အေးအေးထားပါ။ ပစ္စုပ္ပန်တည့်ရင် သတိကောင်းမယ်။ ပရမတ်တည့်ရင်
ဥာဏ်ပေါ်မယ်။ ဖြစ်ပါတယ်ခင်ဗျား။
43

ပရမတ်

စိတ် စေတသိတ် ရုပ် နိဗ္ဗာန် ဆိုပြီး ပရမတ္တတရား လေးပါးရှိပါတယ်။ နိဗ္ဗာန်က ဆိုက်ရောက်ရာတရားဖြစ်တာမို့


အရှုခံမဟုတ်ပါဘူး။စိတ်စေတသိတ်ရုပ်တွေက အရှုခံအာရုံတွေဖြစ်ပါတယ်။ ရုပ်က ထင်ရှားတော့ ရုပ်ကို
အရင်ရှုလေ့ရှိပါတယ်။ အများအားဖြင့် ရှုရှုချင်း ရုပ်ကိုတွေ့လေ့မရှိပါဘူး။ ကိုယ်ကိုသာတွေ့တတ်ပါတယ်။
ရုပ်နဲ့ကိုယ်ကို အဓိပ္ပာယ်သိထားဘို့ လိုပါမယ်။ ကိုယ်ဆိုတာက ခေါင်း ခါး ခြေ လက် နှာသီးဝ ဝမ်းပိုက်
စသည်တို့ ဖြစ်ပါတယ်။ ရုပ်ဆိုတာက ကိုယ်မှာရှိတဲ့ သဘာဝတရားတွေဖြစ်ပါတယ်။

ကိုယ်ကို မျက်စိနဲ့မြင်နိုင်တယ်။ ကိုင်ကြည့်လို့လဲရပါတယ်။ ရုပ်က မျက်စိနဲ့မမြင်နိုင်ပါဘူး။ ကိုယ်မှာပေါ်လာတဲ့


သဘောတွေကို စိတ်နဲ့သိရတာပါ။ ကိုယ်က ၃၂ ကောဌာသရှိပြီး ရုပ်က ၂၈ ပါးရှိပါတယ်။ ခွဲခွာလို့မရတဲ့ရုပ်က
ရှစ်ခုရှိပြီး အထင်ရှားဆုံးက လေးခုပါ။ သူတို့ဟာ ကိုယ်ပိုင်သဘာဝတွေရှိကြတာမို့ ပရမတ်လို့ခေါ်ပါ။

အများသိကြတဲအ
့ တိုင်း ကိုယ်ပိုင် သဘာဝတွေ အသီးသီးရှိကြတဲ့ မူလရုပ် လေးပါးကတော့
ပထဝီတေဇောအာပေါဝါယောတိုဖြစ်ပါတယ်။ အဲဒီတော့ တရားရှုသူဟာ ကိုယ်ကိုအရင်တွေ့တာမို့ ကာယကို
ရှုတယ် ခေါ်ပါတယ်။ ကိုယ်မှာပေါ်နေတဲ့ ထင်ရှားတဲ့ ခုနကကိုယ်ပိုင်သဘာဝရှိတဲ့ ပရမတ်ဖြစ်တဲ့ ရုပ်ကိုတွေ့ရင်
ရူပက္ခန္ဓာကို ရှုဖြစ်လို့ ကာယာနုပဿနာ သတိပဌာန် ဖြစ်ပါတယ်။

စိတ်ဆိုတာ အာရုံနဲ့ ဒွါရတိုက်လို့ ပေါ်လာတာပါ။ စေတသိတ်ဆိုတာ စိတ်ဖြစ်တိုင်းအတူပါနေကျဖြစ်တဲ့


ပရမတ်တရားပါ။ စိတ်ဟာ သိတတ်တဲ့ ကိုယ်ပိုင်သဘာဝရှိပြီး စေတသိတ်တွေကလည်း ကိုယ်ပိုင်သဘာဝ
အသီးသီးရှိကြပါတယ်။

လောဘစိတ်ဖြစ်တယ်ဆိုရင် လောဘဆိုတာ လိုချင်တဲ့သဘာဝရှိတဲ့ စေတသိတ်။ စိတ်ဖြစ်တဲ့အခါ


လောဘပါလာရင် လောဘစိတ်လို့ခေါ်တာပါ။ တရားအားထုတ်တဲ့အခါမှာတော့ လောဘစိတ်ဖြစ်ရင်
လောဘစိတ် ဖြစ်မှန်းသိရုံပါဘဲ။ စိတ်တွေ စေတသိတ်တွေကို ခွဲမနေတော့ပါဘူး။ ရှုရင်းနဲ့မှ သိစိတ် ထင်ရှားရင်
သိစိတ်ကို ရှုရပြီး လောဘသဘာဝ ထင်ရှားရင် လောဘသဘာဝကို ရှုရတာဖြစ်ပါတယ်။ ကာယ ဝေဒနာ စိတ်
ဓမ္မ ဆိုပြီး အရှုံခံလေးခုရှိတာမို့ သတိပဌာန်လေးပါးရှိတာပါ။

ဘာကိုဘဲရှုရှု ကိုယ်ပိုင်သဘာဝရှိတဲ့ ပရမတ်ကိုမြင်အောင်ရှုရတာ ဖြစ်ပါတယ်။ ရှုနည်းတွေ အရင်က


ပြောခဲ့ပြီးဖြစ်ပါတယ်။ ရှုရင်းနဲ့မြင်လာမှာပါ။

ရှုစိတ်က အေးချမ်းဘို့၊ ညီညွတ်ဘို့၊ မျှတဘို့၊ စိတ်ရှည်ဘို့ဘဲ လိုပါတယ်။ ပရမတ်ကိုမြင်နိုင်တဲ့စိတ်က


အရည်အသွေးပြည့်ရင် ပရမတ်ကိုမြင်မှာပါ။ ဖြစ်ပျက်ကိုမြင်နိုင်တဲ့အရည်အသွေးပြည့်ရင်
ဖြစ်ပျက်ကိုမြင်ပါမယ်။နိဗ္ဗာန်ကိုမြင်နိုင်တဲ့ အရည်အသွေးပြည့်ရင် နိဗ္ဗာန်ကိုမြင်မှာဖြစ်ပါတယ်။
44

ချမ်းမြေ့ဆရာတော်ရဲ့ စာအုပ်တစ်အုပ်

အခုရက်ပိုင်း စာအုပ်ကောင်းလေးတစ်အုပ် ဖတ်ရပါတယ်။ စာအုပ်နာမည်က Interview with Ven.


Chanmyay Sayadaw ဖြစ်ပါတယ်။ ချမ်းမြေ့ဆရာတော် Singapore ကို ၂၀၀၉ လောက်တုန်းက ကြွပြီး
တရားပြခဲ့စဉ်က Singapore က For you magazine က Jeffrey Po ဆိုသူက ဗျူးထားတာကို
စာအုပ်ပြန်ထုတ်ထားတာပါ။

Q: Can you explain the meditation technique ?

A. The Mindfulness Meditation means that you are to be mindful of whatever arises in your
body and mind as it really occurs. The principle of technique is that any activity of the body and
mind must be observed as it really occurs. The meditator must not choose the object which he
wishes to observe. Whatever naturally arises in body and mind must be observed as it is.

နိုင်ငံခြားထိ သာသနာဖြန့်ဝေတော်မူနေတဲ့ ဆရာတော်ရဲ့ သတိပဌာန် တရားအားထုတ်နည်းကို လိုရင်းတိုရှင်း


ပြထားတာဖြစ်ပါတယ်။ ကိုယ်နဲ့စိတ်မှာ သူ့သဘာဝအတိုင်းပေါ်လာတာကို ရွေးချယ်မှုမပြုဘဲ သိနေပါတဲ့။
ကျွန်တော့်မိတ်ဆွေတွေအတွက် နိဒါန်းပိုင်းပေးကို ကူးယူဖော်ပြပေးခြင်း ဖြစ်ပါတယ်ခင်ဗျား။

အခက်အခဲ

တရားအလုပ်လုပ်နေကြတဲ့ သူတွေထဲမှာ ချောချောမွေ့မွေ့ လုပ်ရတဲ့သူတွေ ရှိပေမယ့် အများစုကတော့


အခက်အခဲတွေ အနှောက်အယှက်တွေ အဖျက်အဆီးတွေ ကြုံရတတ်ပါတယ်။ ကိုယ့်ရဲ့အရင်းနှီးဆုံး
လက်တွဲဖော်တို့ မိဘညီကို မောင်နှမတို့ရဲ့ အမြင်မကြည်မှုတွေလည်း ကြုံရတတ်ပါတယ်။ ဘုရားရှင်
ကိုယ်တော်မြတ်ကြီး ကိုယ်တိုင် ဘုရားဖြစ်တော်မူပြီး တစ်နှစ်ကြာတဲ့အထိ ယသော်ဓရာရဲ့ ငြိုငြင်မှု
ခံရပါသေးတယ်။ ယောက်ဖဖြစ်သူ ဒေ၀ဒတ် ရဲ့ လုပ်ကြံမှုတွေ ယောက္ခထီးဖြစ်တဲ့ သုပ္ပဗုဒ္ဓရဲ့ရန်ပြုမှုတွေ
ခံရပါသေးတယ်။ပဉ္စဝဂ္ဂီငါးဦးရဲ့ အနီးကပ်ကန့်ကွက်မှုကိုလည်း ခံရပါသေးတယ်။ အရင့်အမာတွေ
တောင်မှနော်။ မာရ်နတ်ရဲ့ အနှောက်အယှက်ကတော့ အသင်္ချေပါဘဲ။

အရှင်သာရိပုတြာကိုယ်တော်မြတ်ကြီးရဲ့ မယ်တော် သာရီပုဏ္ဏေးမကြီး ဆိုရင်လည်း ကွယ်လွန်မဲ့နေ့ကျမှ


ပညာဧတဒဂ်ရတဲ့ လက်ျာတော်ရံကြီးကို လက်အုပ်ချီခဲ့ပါတယ်။ မျက်မှောက်ဥပမာတွေလည်း
အများကြီးရှိပါတယ်။ အချို့ ဆို ကိုယ်တိုင်ဘဲလက်တွေ့ကြုံနေရတာတွေလည်း ရှိကြမှာပါ။

ကံကြမ္မာရဲ့ လှည့်စားမှုလား။ လောကဓံရဲ့ စမ်းသပ်မှုလား။ကိလေသာရဲ့ ထိုးနှက်မှုလား။ နတ်ဒေဝါတွေရဲ့


ကျီစယ်မှုလား။ ဓမ္မရဲ့ မှတ်ကျောက်တင်မှုလား။ ဘာလဲတော့ မသိပါ။ မယိမ်းမယိုင် စိတ်ဓါတ်ခိုင်ဘို့တော့
လိုပါမယ်။
45

သိတာနဲ့ဥာဏ် ဖြစ်သလား

သိတာနဲ့ ဥာဏ်ဖြစ်ပါသလား။

တရားအားထုတ်မှုနယ်မှာ အထင်ရှားဆုံးမေးခွန်းတစ်ခုဖြစ်ပါတယ်။ နှာသီးဝက ဝင်လေထွက်လေကိုသိတာ။


ဝမ်းပိုက်က ပိန်တာဖောင်းတာကိုသိတာ။ ထိုင်တယ် ထိတယ် တောင့်တယ် တင်းတယ် ညောင်းတယ် နာတယ်
ထိုးတယ် လှုပ်တယ် ကြွတယ် လှမ်းတယ် ချတယ် စသည်ဖြင့် သိစရာတွေ များစွာရှိတဲ့အနက် ပေါ်ရာပေါ်ရာ
ထင်ရှားရာကို တရားအားထုတ်သူက သိသိ နေလေ့ရှိပါတယ်။ ရွရွ ရွရွ လှုပ်လှုပ် လှုပ်လှုပ် တိုးလိုက်
လျော့လိုက်နဲ့ သိစရာကို သိနေတတ်ကြပတယ်။

တရားအားထုတ်ရာမှာ သိစရာနဲ့ သိနေတဲ့စိတ်လို့ နှစ်ဘက်ရှိပါတယ်။ သိစရာ တနည်းအားဖြင့် အာရုံဘက်က


ရှင်းပါတယ်။ ပေါ်ရာကိုပေါ်တဲ့အခိုက် သိနေဘို့ပါဘဲ။

သိနေတဲ့စိတ် တနည်းအားဖြင့် အားထုတ်သူရဲ့စိတ်က မရှင်းမလင်းဖြစ် နေတတ်တယ်။ ဟိုဟာသိချင်


ဒီဟာသိချင်နေလို့မဖြစ်ပါဘူး။ ဟိုလိုသိချင် ဒိလိုသိချင်လို့လည်း မရပါဘူး။ မသိချင်ဘူး မလိုချင်ဘူးလို့လည်း
မဖြစ်ရပါဘူး။ ပေါ်ရာ အရှုခံကို နာမည်တပ်နေလို့လည်း မရပါဘူး။ အတွေးအတောတွေနဲ့ ရှုမှတ်နေလို့
မရသလို အာရုံကို မှတ်ချက်တွေပေးနေလို့လည်း မရပါဘူး။ စာတွေ စဉ်းစားနေတာ ကြားဘူးတာတွေနဲ့
သုံးသပ်နေတာတွေလည်း မလုပ်ရပါဘူး။ ပုံသဏ္ဍာန်အမျိုးမျိုးပေါ်နေတာ ပြောင်းနေတာတွေ နောက်လည်း
မလိုက်ရပါဘူး။ သိစိတ်ကို အာရုံမှာကပ်ထား စိုက်ထားလို့လည်း မရပါဘူး။ ရှုချင်တာကို ရှာမရှုရပါဘူး။
မရှုချင်လို့ဆိုပြီး ပေါ်နေတဲ့အာရုံကိုလည်း မဖယ်ရှားပစ်ရပါဘူး။ ဘာကြောင့် ညာကြောင့် ပေါ်တာဘဲဆိုပြီး
ဝေဖန်ပိုင်းခြားတာတွေလည်း မလုပ်ရပါဘူး။

ပေါ်တာကို ပေါ်တဲ့အတိုင်းသိနေရပါမယ်။ အသာလေးသိနေရပါမယ်။ ရိုးရိုးလေးသိနေရပါမယ်။ သိတဲ့


အလုပ်ကို မှန်မှန်လေး အဆက်မပြတ် သိနေရပါမယ်။ သိတဲ့အလုပ်မှာ စောစောကပြောတာတွေ မပါဘဲ
ဝင်မရှုပ်ဘဲသိနေရပါမယ်။ ဒါကို စိတ်ထားမှန်နဲ့သိတယ်။ သဘောထားမှန်နဲ့ သိတယ်။ မှန်စွာ သိတယ်လို့
ဆိုပါတယ်။ အမှန်ကိုသိရင် ဥာဏ်ဖြစ်ပါတယ်။

ဒါကြောင့်မို့ သိရုံနဲ့ ဥာဏ်မဖြစ်ပါဘူး။ စိတ်ထားမှန်မှန် သဘောထားမှန်မှန် သိနည်းမှန်မှန်နဲ့ သိမှ


ဥာဏ်ဖြစ်ပါတယ်။ သတိထားရင် သတိဖြစ်ပါတယ်။ သိနည်းမှန်ရင် ဥာဏ်ဖြစ်ပါတယ်။ သတိနဲ့ဥာဏ်
ဖြစ်ကြပါစေခင်ဗျား။
46

ရိုးရိုးရှင်းရှင်း ဝိပဿနာ

ဝိပဿနာအားထုတ်ကြတဲ့အခါ အခုမှ စလုပ်တဲ့သူတွေရှိသလို တစ်ချို့ လည်း ဘယ်လိုစရမှန်းမသိဘူးလို့


ပြောကြတယ်။ တချို့ လည်း လုပ်ရင်းနဲ့ အခက်အခဲဖြစ်နေကြတာလည်းရှိပါတယ်။ စာသံပေသံတွေ
ဥာဏ်မမှီလို့ နားမလည်ဘူးလို့လည်း ပြောကြပါတယ်။ တချို့ ကတော့ နည်းလမ်းတွေများပြီး လည်နေသလို
တချို့ လည်း စာတွေနဲ့ ရောထွေးနေတတ်တာလည်း တွေ့ရပါတယ်။

ခုခေတ်ကလည်း လိုရင်းတိုရှင်းကို လိုချင်ကြပါတယ်။ ဝိပဿနာကိုယ်၌ကလည်း အင်မတန်ရိုးရှင်းပါတယ်။


တရားအားထုတ်သူဘက်က စိတ်ထားရှင်းဘို့ဘဲ လိုပါတယ်။

အရှုခံကရှင်းပါတယ်။ ပေါ်တာကို ပေါ်တဲ့အခိုက် ရှုလိုက်ဘို့ပါဘဲ။

ရှုတဲ့စိတ်မှာ ရှုပ်နေတာနှစ်ခုရှိပါတယ်။ အတွေးနဲ့မှတ်ချက်ပါဘဲ။

မတွေးပါနဲ့။ မှတ်ချက်မပေးပါနဲ့။

တွေးနေရင် အမှန် မသိသလို၊ ပေါ်တဲ့ အာရုံကိုမှတ်ချက်ပေးနေတာ ဝေဖန်နေတာဆိုရင်လည်း အနုပဿနာ


မဖြစ်တော့ပါဘူး။ တွေးနေမယ်၊ မှတ်ချက်ပေးနေမယ်ဆိုရင် တရားအားထုတ်တာမဟုတ် တော့ပါဘူး။
သာမန်အလုပ်ဖြစ်သွားပါပြီ။ စာလိုပြောတော့ ကိလေသာ ခိုင်းတာ လုပ်ဖြစ်သွားပါပြီ။

တရားအားထုတ်တာ ကိလေသာခိုင်းတာမဟုတ်ဘဲ သတိနဲ့ဥာဏ်ဆောင် တာဖြစ်ပါတယ်။

ဒါကြောင့်မို့ ရိုးရိုးရှင်းရှင်း ဝိပဿနာပွားမယ်ဆိုရင် အတွေးနဲ့ မှတ်ချက် ကို မလုပ်ဘို့ တိုက်တွန်း


လိုက်ပါတယ်ခင်ဗျာ။
47

အစက ပြန်စပါ

တရားအားထုတ်သူတွေ ပြောလေ့ရှိတဲ့ စကားတစ်ခုရှိပါတယ်။ ဒီနေ့ တရားထိုင်လို့ကောင်းလိုက်တာ။ အဲလို


သတ်မှတ်တာ နောက်နေ့အထိပါသွားရင် နောက်နေ့မှာ ပြဿနာ တက်တော့တာပါဘဲ။ အရင်နေ့ကလို
ပြန်ကောင်းချင်နေတာကိုး။ တချို့ ကလည်း ဒီနေ့ရောက်ပြီးသားဥာဏ် သို့မဟုတ် သိလိုက်တဲ့အသိနဲ့ နောက်နေ့
ဆက်အားထုတ်မိနေတတ်ပါတယ်။

တရားအားထုတ်တဲ့အခါ သမာဓိဘဲဖြစ်ဖြစ် ပညာဘဲဖြစ်ဖြစ် အဆင့်တစ်ခုကို ရောက်လိုက်ပေမယ့်


နောက်တစ်ကြိမ် ပြန်အားထုတ်ရင် အစက ပြန်စ ရပါတယ်။ ရုပ်နဲ့နာမ်ကို ရှင်းရှင်းလင်းလင်း မြင်တဲ့အခါဘဲ
ဖြစ်ဖြစ်။ ဖြစ်ပျက်တွေ ဖြိုင်ဖြိုင်မြင်နေတဲ့အခါဘဲဖြစ်ဖြစ်။အပျက်တွေချည်း ဆက်ခါဆက်ခါ မြင်နေရင်ဘဲဖြစ်ဖြစ်။

သောတာပတ္တိမဂ်ကို ဆိုက်လိုက်သည်ဘဲဖြစ်ဖြစ်။ နောက်ဆုံး အရဟတ္တမဂ်ကို မျက်မှောက်ပြုလိုက်သည်ဘဲ


ဖြစ်ဖြစ်။ နောက်တစ်ခါအားထုတ်ရင် အစကပြန်စရမှာဖြစ်ပါတယ်။ ဘုရားနဲ့ ရဟန္တာတွေကတော့
သင်္ခရုပေက္ခာဥာဏ်က စပြီး ပြန်နှလုံးသွင်းလေ့ရှိပါတယ်။သောတာပန် သကဒါဂမ် အနာဂမ် ပုဂ္ဂိုလ်တွေကတော့
ဥဒယဗ္ဗယဥာဏ်ကပြန်စပြီး အားထုတ်ရပါတယ်။ ပုထုဇဉ်တွေကတော့ ရုပ်နဲ့နာမ်ကို ပိုင်းခြားသိတဲ့ဥာဏ်က
ပြန်စပြီ အားထုတ်ရပါတယ်။

မဂ်ဥာဏ်ဆိုတာ အားထုတ်ဆဲအခိုက်အတန့်မှာ အကြောင်းညီညွတ်လို့ ပေါ်လာတာပါ။ အားထုတ်စိတ်


တနည်းအားဖြင့် သိစိတ်မှာ အတူဖြစ်လာတဲ့ ထိုးထွင်းသိလိုက်တဲ့ အသိဥာဏ်ဖြစ်ပါတယ်။ မဂ်စိတ်ဆိုတာလည်း
အခြားစိတ်တွေလိုဘဲပေါ်ပြီး ပျောက်သွားတာပါဘဲ။ ဝိပဿနာဥာဏ်ဆိုတာလည်း ဒီသဘောအတိုင်းပါဘဲ။
ရှုစိတ်မှာ အတူဖြစ်လာတဲ့ ထိုးထွင်းသိတဲ့ ဥာဏ်ကို ဝိပဿနာဥာဏ်လို့ ခေါ်တာပါ။ ပေါ်ပြီး ပျောက်ပါဘဲ။

ဒါကြောင့်မို့ တစ်ကြိမ်ဥာဏ်ရသည်ဖြစ်စေ။ တစ်ကြိမ်မဂ်ဆိုက်သည် ဖြစ်စေ။ အဲဒီ ဥာဏ်တွေ မဂ်တွေကစပြီး


နောက်တစ်ခါ ရှုရတာမဟုတ်ပါဘူး။ ဆိုင်ရာ ဆိုင်ရာနေရာက ပြန်ရှုရပါတယ်။

ဒီလိုဆို ခဏခဏ အစကပြန်စနေရရင် ရှေ့ကိုဘယ်ရောက်တော့မလဲ လို့ မေးစရာဖြစ်နေပါတယ်။ ဒီလိုလည်း


မဟုတ်သေးပါဘူး။ဒီတစ်ကြိမ်ရလိုက်တဲ့အသိဟာ စိတ်အနေနဲပ ဥာဏ်အနေနဲ့ တည်တံ့နေတာမဟုတ်ပေမဲ့
သတ္တိအနေနဲ့ ကိန်းနေပြီးသားဖြစ်ပါတယ်။ နောက်တစ်ခါ အားထုတ်တာနဲ့ အဲဒီသတ္တိဟာ ဆိုက်ဆိုက်မြိုက်မြိုက်
အကျိုးပေးမှာဖြစ်ပါတယ်။ အာသေ၀န သတ္တိဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီတစ်ခါ အားထုတ်လို့ ဘယ်လောက်
သဘောပေါက်ပေါက် နောက်တစ်ခါ အားထုတ်ရင် အစကပြန်စပါလို့ အကြံပေးပါရစေခင်ဗျာ။
48

တရားအားထုတ်တယ်ဆိုတာ

တရားအားထုတ်တာ ဘယ်လိုလုပ်ရတာလဲ လို့ ဘာမှ ဗဟုသုတမရှိတဲ့ လူတစ်ယောက်က မေးရင်


ကိုယ့်ကိုကိုယ် သတိထားပြီးနေတာလို့ ဖြေလိုက်ချင်ပါတယ်။ ကိုယ့်ကိုကိုယ် သတိထားတာ ဆိုတော့
ကိုယ်နဲ့စိတ်ကို သတိထားရတာ ဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ မွေးကတည်းက ကိုယ်ကိုကိုယ် သတိထားပြီး ကြည့်တာထက် အပြင်လောကမှာ


ရှိတာတွေကိုဘဲ သတိထားနေတတ်ကြပါတယ်။ အပြင်လောကနဲ့ ဆက်သွယ်ဘို့ အဲဒီတံခါးပေါက်တွေ
ပိတ်လိုက်ရမလား ဆိုတော့ အဲလိုမဟုတ်ပါဘူး။ ဖွင့်ထားတဲ့ တံခါးပေါက်တွေက ဝင်လာတဲ့ အာရုံတွေကြောင့်
ကိုယ့်ကိုယ်မှာ ဘာတွေဖြစ်လာသလဲ ဆိုတာကို သတိထားတာကို ကာယာနုပဿနာသတိပဌာန်လို့
ခေါ်ပါတယ်။ စိတ်မှာ ဖြစ်တာကို သတိထားတာကို စိတ္တာနုပဿနာသတိပဌာန်လို့ ခေါ်ပါတယ်။
ကိုယ်ရောစိတ်မှာ ဖြစ်နေတဲ့ သဘောသဘာဝတွေကို သတိထားနေတာက တော့ ဓမ္မာ နုပဿနာ
သတိပဌာန်ဖြစ်ပါတယ်။ စိတ္တာနုပဿနာမှာ စိတ်ကို ဘယ်လိုရှုရမလဲ။ ဘယ်လို ရှုရင်စိတ်ကို
တွေ့မလဲဆိုတာတွေ ပြောဖြစ်ခဲ့ပါတယ်။

အခုတစ်ခါမှာတော့ ဒေါသစိတ်ဖြစ်တဲ့အခါ ရှုရမှာလေးပြောကြည့်ချင်ပါတယ်။ စကားတစ်ခွန်းကြောင့်


ဒေါသစိတ် ဖြစ်သွားတယ်ဆိုပါစို့။ တကယ်တော့ စကားသံကို ကြားလိုက်တဲ့အချိန်၊ ကြားစိတ်ဘဲဖြစ်ရမှာပါ။
ကြားစိတ်ကို သိလိုက်တဲ့ ကြားသိစိတ်ဘဲဖြစ်ရမှာပါ။ ဒါပေမဲ့ ကိုယ့်မှာရှိတဲ့ မကျေနပ်တဲ့ အောင်းနေတဲ့ ဓါတ်ခံ
(စာလို ပြောတော့ အနုသယကိလေသာ)က ကြားသိစိတ်မှာ ဒေါသအဖြစ်နဲ့ သွားပူးပေါင်းလိုက်တော့
ဒေါသစိတ်ဖြစ်သွားတာပါ။ ဒေါသစိတ်ဖြစ်ရင် ဒေါသစိတ်ဖြစ်တယ်လို့ သတိထားလိုက်ပါတဲ့။

သဒေါသံ ဝါစိတ္တံသ ဒေါသံစိတ္တန္တိ ပဇာနာတိလို့ ဘုရားရှင်ကိုယ်တော် မြတ်ကြီးဟောခဲ့ပါတယ်။

ထင်ရှားတဲ့ ဒေါသစိတ်ကို ဒေါသစိတ်လို သိလိုက်ပါတဲ့။ ဒေါသစိတ်ဖြစ်နေတယ်လို့ ရှုရမှာဖြစ်ပါတယ်။


ဘာကြောင့် ဒေါသစိတ်ဖြစ်တယ်လို့ မတွေးရဘူးနော်။ တွေးလိုက်ရင် နောက်ထပ် ဒေါသစိတ်တွေ
ထပ်ထပ်ဖြစ်လာလို့ ဒေါသစိတ် ပိုများလာလိမ့်မယ်။ ဒေါသစိတ်ကို ပျောက်ချင်စိတ်နဲ့လည်း မရှုရဘူး။
သူ့ဖာသာသူ ပေါ်လာတဲ့ အနေနဲ့ဘဲ သိနေလိုက်ရမှာဖြစ်ပါတယ်။ ဒေါသစိတ်က တစ်စိတ်ပြီး တစ်စိတ်
ဆက်ဖြစ်နေတဲ့အခါ စောစောက ပြောသလို စိတ်မှာအတူဖြစ်လာတဲ့ ဒေါသ ကိလေသာဟာ ကြီးရင်လည်း
ကြီးလာမယ်။ ငယ်ရင်လည်း ငယ်သွားမယ်။ ဒေါသတွေ သိပ်ပြီးလည်း ကြီးလာနိုင်သလို ပျောက်ရင်လည်း
ပျောက်သွားပါလိမ့်မယ်။ ဘယ်လိုအခါမှာ ကြီးလာပြီး ဘယ်လိုအခါမှာ ပျောက်သွားမလဲဆိုတာ စိတ်ဝင်စားဘို့
ကောင်းပါတယ်။

ဥပမာပေးထားတဲ့ စကားကို ထပ်ခါထပ်ခါ အတွေးက ပြန်တွေးတဲ့အခါ တွေးစိတ်မှာ ဒေါသကထပ်ခါထပ်ခါ


ပါလာတာမို့ ပြန်တွေးတိုင်း ပြန်သတိရတိုင်း ဒေါသဖြစ်ရတာပါ။ ဒါကြောင့်မို့ ဒေါသဖြစ်ရင် ဖြစ်ကြောင်းကို
49

ပြန်မတွေးဘို့ ပြန်အာရုံမညွတ်မိဘို့ အရေးကြီးပါတယ်။ ဒါပေမဲ့ ဒီအတိုင်းထားရင် တွေးမိတာပါဘဲ။ ဒါကြောင့်မို့


ဒေါသစိတ်ဖြစ်နေတယ်လို့ အဆက်မပြတ် သိနေရတာ ဖြစ်ပါတယ်။

ဒီလိုသိနေခြင်းဖြင့် အမြတ်နှစ်ခုရပါတယ်။

ပထမတစ်ခုက ဒေါသဖြစ်ကြောင်းကို မတွေးမိတော့လို့ ဒေါသဆက်မကြီးတော့ပါဘူး။

နောက်တစ်ခုက ပိုပြီးတန်ဘိုးရှိပါတယ်။ ဒေါသစိတ်လေးဟာ သူ့သဘာဝနဲ့သူ ဖြစ်နေဘဲလို့ အသိဝင်လိုက်ရင်


ဒေါသဖြစ်နေတာလျော့သွားပါလိမ့်မယ်။ ဖြစ်ပြီးပျက် သွားတာကို ထပ်တွေ့ရင်တော့ ပိုကောင်းပါတယ်။

သူ့သဘာဝကို သိလိုက်တာနဲ့ သူ့ဟာမကြီးထွားလာတော့ပါဘူး။ ဒီနေရာမှာ စိတ်ကို ရှုတာပြောတာပါ။

ဒေါသရဲ့ ပူလောင်နေတဲ့ သဘောကိုလည်း ရှုလို့ရပါတယ်။ အဲဒါဆို ဓမ္မာနုပဿနာဖြစ်သွားပါပြီ။ ရှုတတ်ဘို့


အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။
50

ရိပ်သာက ပြန်လာမှ ပိုဆိုးလာလို့

ရိပ်သာဝင်ပြီး ပြန်လာတဲ့သူတွေကို ပတ်ဝန်းကျင်က အကဲခတ်ပြီး မှတ်ချက်ပေးလေ့ရှိပါတယ်။ သာဓုခေါ်သံတွေ


ကြားရတတ်သလို ခံရခက်တဲ့ မှတ်ချက်တွေလည်း ကြုံရလေ့ရှိပါတယ်။

ရိပ်သာက ပြန်လာပြီးမှ ဒေါသတွေကြီးလာတယ်၊ ရိပ်သာတွေသာ တစ်ခုပြီးတစ်ခုလျှောက်ဝင်နေတာ။


ဘာမှလည်း ပြောင်းလဲတာမတွေ့ရဘူး စသည်ဖြင့်ပါ။ကျွန်တော်တို့ တိုင်းပြည်မှာ ရိပ်သာတွေအလွန်များသလို
ရိပ်သာဝင်ဘူးသူလည်း အလွန်များပါတယ်။ခုနကလို အပြောခံရသူလည်း အလွန်များပါတယ်။ ရိပ်သာကဘဲ
မှားနေသလား။ ရိပ်သာဝင်သူတွေကဘဲ မှားနေသလား။ ပတ်ဝန်းကျင်ကဘဲ မှားနေသလား။ တစ်ခုခုတော့
မှားနေပြီနဲ့တူပါတယ်။

ရိပ်သာတွေမှာ တရားစခန်းဝင်သူတွေကို တရားထိုင်တဲ့နည်းနဲ့ စင်္ကြန်လျှောက်တဲ့နည်းကို အသေးစိတ်


သင်ပြပေးလေ့ရှိပါတယ်။ ယောဂီတွေကလည်း တစ်နာရီထိုင် တစ်နာရီစင်္ကြန်လျှောက်ပြီး အိပ်ရာထမှ
အိပ်ရာဝင်ချိန်အထိ တရားမှတ်ကြလေ့ရှိပါတယ်။ တစ်ချိန်လုံး တစ်သက်လုံး ပြင်ပအာရုံတွေမှာသာ
ကျက်စားနေလေံရှိတဲ့ နွားရိုင်းနဲ့ တူလာတဲ့စိတ်ကို ကမ္မဋ္ဌာန်းအာရုံတည်းဟူသော ချည်တိုင်မှာ ငြိမ်သွာအောင်
ချည်နှောင်ရပါတယ်။ အသင့်အတင့် သမာဓိရလာပြီဆိုမှ သဘာဝ လက္ခဏာတွေကို ရှုမြင်သုံးသပ်တဲ့
ဝိပဿနာကို ဆက်လက်ရှုကြရပါတယ်။

အဲဒီလိုစိတ်ကို အထိုင်ချပြီးမှ ဝိပဿနာအားထုတ်တာကို Formal Meditation လို့ ခေါ်ပါတယ်။ ရိပ်သာကနေ


အိမ်လည်းပြန်ရောက်တဲ့အခါ ရိပ်သာမှာလိုနေလို့မရတော့သလို ရိပ်သာမှာလိုလည်း တရားမှတ်လို့မရတော့

ပါဘူး။ တချို့ သူတွေကတော့ ကြိုးစားပမ်းစား မနက်တစ်ကြိမ် ညတစ်ကြိမ် ထိုင်တယ်ဆိုပေမယ့် သမာဓိက


ကြဲနေတာမို့ အသိတွေလည်း နည်းလာတတ်ပါတယ်။ နေ့စဉ် ဗာဟီရအလုပ်များပြားစွာလုပ်တဲ့အခါမှာတော့
အချိန်ကနည်း အလုပ်ကများသမို့ သတိတောင်မကပ်တော့တဲ့အထိ ဖြစ်သွားပါတော့တယ်။ ဒီအခြေအနေမှာ
ရိပ်သာဝင်ဘူးသူနဲ့ ရိပ်သာမဝင်ဘူးသူဟာ အတူတူဘဲဖြစ်သွားတာမို့ ပတ်ဝန်းကျင်ကပေးတဲ့ မှတ်ချက်တွေကို
ငုံ့ခံရတော့တာပါဘဲ။

တကယ်တော့ တရားထိုင်တာနဲ့ စင်္ကြန်လျှောက်တာဟာ ရိပ်သာလို နေရာမျိုး သို့မဟုတ် ရိပ်သာလို


အခြေအနေရှိတဲ့ အခါမျိုးမှာမှ အဆင်ပြေမှာ ဖြစ်ပါတယ်။ သာမာန်အိမ်မှာ အရပ်ထဲမှာ နေ့စဉ် ကိစ္စတွေ
များနေချိန်မှာ အဲဒီ Formal Meditation ဟာ အဆင်မပြေပါဘူး။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးကလည်း
အိပ်ရာထမှ အိပ်ရာဝင်ချိန်အထိ မိမိရဲ့ကိုယ်မှာ ဖြစ်စေ စိတ်မှာဖြစ်စေ သတိထားဘို့ အသေးစိတ် ဟောကြား
ခဲ့ပါတယ်။ မိမိကိုယ်နဲ့ စိတ်မှာပေါ်ရာပေါ်ရာတွေကို ပေါ်တဲ့အခိုက် တိုက်ရိုက်ရှုဘို့ င်ပြပေးခဲ့ပါတယ်။
အဲဒီနည်းကို သမ္ပဇညနည်းလို့ ဆိုပါတယ်။ စိတ်ကို အထိုင်မချထားတော့ဘဲ တိုက်ရိုက်ရှုတာမို့ Informal
Meditation လို့ ခေါ်ပါတယ်။
51

တကယ်တော့ တရားအားထုတ်သူဟာ ဒီနည်းနှစ်နည်းစလုံးကို ကျွမ်းကျင်အောင် လေ့ကျင့်ထားရမှာ


ဖြစ်ပါတယ်။ နှစ်နည်းစလုံးကို အခြေအနေပေးရင်ပေးသလို အဆက်မပြတ် အသုံးပြုသွားမယ်ဆိုရင်
သတိပဌာန်အကျင့်အားကောင်းလာမှာဖြစ်ပါတယ်။ အသိဥာဏ်တွေလည်း တိုးတက်ပွားများလာမှာဖြစ်ပြီး
စိတ်နေစိတ်ထားတွေလည်း ပြောင်းလဲလာမှာဖြစ်ကြောင်း အာမခံပါတယ်။

ဒါကြောင့်မို့ ဘယ်သူမှမမှားပါဘူး။ အခြေအနေနဲ့ နည်းစနစ်မကိုက်ညီတာဖြစ်ကြောင်း တင်ပြလိုပါတယ်ခင်ဗျာ။


52

တရားအားထုတ်တာ ဘာလို့ခက်နေတာလဲ

တရားအားထုတ်ကြတဲ့အခါ ကိုယ်မှာပေါ်တာကို သတိကပ်ပြီး အားထုတ်ကြတာ ရှိသလို စိတ်မှာပေါ်တာ


သတိကပ်ပြီးအားထုတ်ကြတာလည်း ရှိပါတယ်။

ကိုယ်မှာပေါ်တာကို ရှုတာကို ကာယနုပဿနာသတိပဌာန်လို့ ခေါ်ပါတယ်။ စိတ်မှာပေါ်တာကို ရှုတာကို


စိတ္တာနုပဿနာသတိပဌာန်လို့ ခေါ်ပါတယ်။ ကိုယ်မှာရော စိတ်မှာပေးနေတဲ့ ခံစားမှုကိုရှုတာကို ဝေဒနာ
နုပဿနာ သတိပဌာန်လို့ခေါ်ပါတယ်။ ကိုယ်မှာရော စိတ်မှာပါပေါ်တဲ့ ဓမ္မသဘာဝတွေကို ရှုတာကို
ဓမ္မာနုပဿနာ သတိပဌာနလို့ ခေါ်ပါတယ်။

ရှုစရာအာရုံပေါ်မူတည်ပြီး သတိပဌာန်လေးမျိုးကွဲပြားသွားပေမယ့် ရှုစရာ အရှုခံကတော့ ကိုယ်နဲ့စိတ်ဘဲ


ဖြစ်ပါတယ်။ ရှုစိတ်ကတော့ တစ်ခုတည်းပါ။ ဒါကြောင့်မို့ တရားအားထုတ်တယ်ဆို ကိုယ်နဲ့စိတ်တို့မှာပေါ်တာကို
စိတ်နဲ့ ရှုတာလို့ပြောရပါမယ်။ ရှုစရာက ဒီလောက်အလွယ်တကူရှိနေပါလျက်နဲ့ တရားအားထုတ်ရတာ
အခက်အခဲဖြစ်နေတာလေးတွေ ရှိနေတတ်ပါတယ်။

အခက်အခဲက ဘာကြောင့်ပါလဲ။ အဲဒီအခက်အခဲမရှိရင် တရားအားထုတ်သူတိုင်း တရားအသိတွေ


တိုးလာကြမှာဖြစ်ပါတယ်။ အဲဒီအခက်အခဲက အရှုခံအာရုံဖြစ်တဲ့ ကိုယ်နဲ့စိတ်မှာ ရှိတာ မဟုတ်ပါဘူး။
ကိုယ်နဲ့စိတ်က သူ့အလုပ်သူလုပ်နေကြတာဖြစ်ပါတယ်။ ဒါဆိုရင် ရှုတဲ့ရှုစိတ်ကြောင့် ဖြစ်တာသေချာသွားပါပြီ။

ရှုစိတ်က ဘာကြောင့် ဒီအခက်အခဲတွေဖြစ်နေရတာလဲ။ သူအလုပ်သူလုပ်နေတဲ့ အရှုခံဖြစ်တဲ့ ကိုယ်နဲ့စိတ်ကို


ရှုနေတဲ့စိတ်ဟာ ရှုတဲ့အလုပ်ကို ရိုးရိုးရှင်ရှင်း မလုပ်ဘဲ အပိုတွေအရှုပ်တွေလုပ်နေလို့ အခက်အခဲတွေ
များပြားနေတာဖြစ်ပါတယ်။

အပိုအလုပ်တွေက ဘာတွေလဲ။ ပေါ်တာကို ရှုနေရင်းနဲ့ အရှုခံအကြောင်းကို စဉ်းစားနေရင် အပိုအလုပ်ပါဘဲ။


ဒါကြောင့်မို့ ဘာမှမစဉ်းစားပါနဲ့။ Don’t think.

ပေါ်တာကို ရှုနေရင်းနဲ့ အရှုခံကိုသုံးသပ်နေရင် အပိုအလုပ်ပါဘဲ။ ဒါကြောင့်မို့ မသုံးသပ်ပါနဲ့။ Don’t analyse.

ပေါ်တာကို ရှုနေရင်း အာရုံကို ကြိုက်နေလို့ လွတ်သွားမှာကြောက်တာနဲ့ ဆုတ်ကိုင်ထားတာမျိုးတွေ။


မကြိုက်လို့ ဖယ်ရှားချင်နေတာတွေလုပ်နေရင်လည်း အပိုတွေလုပ်နေပါဘဲ။ ဒါကြောင့်မို့ မတုန့်ပြန်ပါနဲ့။ Don’t
react.

ပေါ်တာကို ရှုနေရင်းနဲ့ နောက်တစ်ခုပေါ်လာတဲ့အခါ ဘယ်ဟာရှုရင် ကောင်းမလဲလို့ ရွေးချယ်နေတာလဲ


အပိုလုပ်တာပါဘဲ။ ဒါကြောင့်မို့ မရွေးချယ်ပါနဲ့။ Don’t choose.

နောက်တစ်ခုက တစ်ချို့ ရိပ်သာတွေမှာ မှတ်စိတ်က လွင့်နေရင် စိတ် နဲနဲငြိမ်သွားအောင်လို့ ထိတယ် တိုးတယ်


ကြွတယ် လှမ်းတယ် ချတယ် မြင်တယ် ကြားတယ်ဆိုပြီး နာမည်တပ်ပြီးမှတ်ရပါတယ်။ နောက်ပိုင်းစိတ်က
53

အထိုက်အလျောက် မလွင့်တော့ရင် နာမည်မတပ်ရတော့ပါဘူး။ နာမည်တပ်နေရင်လည်း အပို


လုပ်နေတာပါဘဲ။ Don’t label.

အဲဒီအပိုအလုပ်တွေကို တရားအားသူတိုင်းလိုလို လုပ်နေမိပါတယ်။ အကျင့်ပါနေတာကိုး။


တရားအားထုတ်တော့မယ်။ ကိုယ်နဲ့စိတ်မှ ပေါ်ရာပေါ်ရာကို ပေါ်တဲ့အခိုက်လေးမှာဘဲ ရှုမယ်ဆိုရင်
အဲဒီအပိုအလုပ်တွေကို သတိထားပြီး ရှောင်ရမှာဖြစ်ပါတယ်။

Don’t think

Don’t analyse

Don’t react

Don’t choose

Don’t label

တို့ဖြစ်ပါတယ်။ အားလုံးကို တစ်ခွန်းတည်းနဲ့ပြောရရင် ရှုစရာအာရုံမှာ ရှုစိတ်က မကပ်ငြိနေပါစေနဲ့။

Don’t attach ပါဘဲခင်ဗျာ။

တရားအားထုတ်ရင်း တရားအရသာ ရရှိနိုင်ကြပါစေခင်ဗျာ။


54

တိဟိတ်

တရားအားထုတ်သူတိုင်း အေးချမ်းမှုအထိုက်အလျောက်ရလေ့ရှိပါတယ်။ သမထကြောင့် အေးချမ်းတာရှိသလို


ဝိပဿနာကြောင့် ငြိမ်းချမ်းတာရှိကြပါတယ်။

သမထကြောင့် အေးချမ်းတာက သမာဓိရဲ့ သတ္တိဖြစ်ပြီး ဝိပဿနာကြောင့် ငြိမ်းချမ်းတာက ဥာဏ်ရဲ့ သတ္တိ


ဖြစ်ပါတယ်။ သမထကြောင့် အေးချမ်းသူတွေကို ဒွိဟိတ်ပုဂ္ဂိုလ်လို့ ခေါ်ဆိုနိုင်ပြီး ဝိပဿနာကြောင့်
ငြိမ်းချမ်းသူတွေကို တိဟိတ်ပုဂ္ဂိုလ်လို့ခေါ်ဆိုနိုင်ပါတယ်။

ဟိတ်ဆိုတာ ဟေတုနဲ့ တူတူပါဘဲ။ အကြောင်းရင်းခံဖြစ်ပါတယ်။

ဟေတုပစ္စယောမှာပါတဲ့ ဟိတ်ကမကောင်း ဟိတ်သုံးခုနဲ့ ကောင်းဟိတ် သုံးခုဖြစ်ပါတယ်။

မကောင်းဟိတ်တွေက လောဘဒေါသမောဟတို့ဖြစ်ပြိး ကောင်းဟိတ် သုံးခုက အလောဘ အဒေါသ


အမောဟသုံးခုဖြစ်ပါတယ်။

တိဟိတ်ဆိုတော့ ကောင်းတဲ့ဟိတ်သုံးခုရှိတာဖြစ်ပြီး ဒွိဟိတ်ဆိုရင် အမောဟမပါတဲ့သူဖြစ်ပါတယ်။


တိရစ္ဆာန်တွေကို အဟိတ်လို့ခေါ်တာမို့ သူတို့မှာ ကောင်းဟိတ်တစ်ခုမှမရှိပါဘူး။

တရားအားထုတ်တဲ့သူဟာ တိဟိတ်ဖြစ်မှ ဝိပဿနာနဲ့ အဆင်ပြေပါတယ်။ ဝိပဿနာမှာက


အမောဟဟိတ်ဆိုတဲ့ ပညာဦးစီးတာဖြစ်လို့ပါဘဲ။

တိဟိတ်ဖြစ်မဖြစ် ကိုယ့်ကိုကိုယ် ဆုံးဖြတ်လို့ရပါတယ်။ တရားအားထုတ်တဲ့အခါ မိမိကိုယ်နဲ့စိတ်ကို


သတိထားပြီး အကဲခတ်နေရာက ကိုယ်ဆိုတာဖောက်ပြန်နေတဲ့ ကိုယ်ပိုင်သဘာဝအသီးသီးရှိကြတဲ့
သဘာဝတွေ စုပေါင်းထားတာဘဲလို့ သဘောပေါက်သွားမယ်ဆိုရင် တိဟိတ် ဖြစ်ဘို့ နီးစပ်ပါပြီ။

အဲဒါတွေကို သိနေတဲ့စိတ်ကလည်း သူ့အလုပ်သူလုပ်နေတာဘဲလို့ တွဲလျက် သဘောပေါက်သွားရင်


တိဟိတ်ဖြစ်နိုင်ခြေတော်တော်များနေပါပြီ။

အဲဒီ သဘာဝနှစ်ခုဟာ သူ့အလုပ်သူလုပ်နေကြပြီး တစ်ချက်ကလေးမှ မမြဲပါလားလို့ သိလိုက်ရင်


တိဟတ
ိဖြစ်သေချာသွားပါပြီ။

တိဟိတ်ပုဂ္ဂိုလ်ဆိုတာ ဒီဘ၀မှာဘဲ အသိဥာဏ်တွေ ထူးခြားမြင့်မားလာပြီး အနှောင်အဖွဲ့တွေကင်းရာ


စိတ်ထားနဲ့ ငြိမ်းချမ်းမှုကိုရရှိမှာဖြစ်ပါတယ်။ မိတ်ဆွေတွေလို ကိုယ့်ကိုကိုယ်အမှန်ကို အမှန်အတိုင်းမြင်ဘို့
အားထုတ်နေသူတွေဟာလည်း တိဟိတ်စာရင်းဝင်သူတွေဘဲမို့ တိဟိတ်အစစ်ဖြစ်အောင် နည်းမှန်လမ်းမှန်နဲ့
အားထုတ်ရင်း ငြိမ်းချမ်းကြပါစေခင်ဗျာ။
55

အရှင် ဇယသေနာဘိဝံသ - သမထကြောင့် အေးချမ်းသူတွေကို ဒွိဟိတ်ပုဂ္ဂိုလ်လို့ မဆိုထိုက်ပါဘူး။


တိဟိတ်ပုဂ္ဂိုလ်လို့ ဆိုရမှာပါ။

Thit Lwin - တင်ပါဘုရား၊ သမထကြောင့် အေးချမ်းနေရာက ခန္ဓာကို ဥာဏ်လှည့်ကြည့်လိုက်လို့ ခန္ဓာရဲ့


သဘောအမှန်ကို သိလိုက်ပြီးဆိုရင် တိဟိတ်ပါဘဲဘုရား။ ဥာဏ်မပေါ်သေးရင်တော့ တိဟိတ်ပြောဘို့
နဲနဲစောနေသေးပါတယ်ဘုရား။

အရှင်ဇယသေနာ ဘိဝံသ - နည်းနည်းစောနေသေးလို့ဆိုတာ ဒကာရေ အဲဒါ လောကအပြော ဓမ္မအပြော


အဘိဓမ္မာအပြောကျ တိဟိတ်မှ ဈာန်ရတာလေ။ ဈာန်အခိုက်အတန့်ကို သမာဟိတံ စိတ္တံ ဧကဂ္ဂံ ဟောတိလို့
ဆိုတယ်လေ ဈာန်အခိုက်မှာ ဝိပဿနာဥာဏ်၊ မဂ်ဥာဏ်တွေ မပေါ်ပေမယ့် ပညာဆိုတဲ့ အမောဟက
ယှဉ်နေပါတယ်။ အဲဒါလေး သတိပြုစေဖို့ပါ ဒကာရဲ့တရား အပေါ် ထားတဲ့စိတ်ကို ဦးဇင်းက လေးစားပြီးသားပါ။
ဦးဇင်းကျမ်းဂန်အနေနဲ့ပြောတာပါ။ ကျမ်းဂန်အရာမှာတော့ မဟာနာမ် သာကီဝင်တောင်
သူပယ်ပြီးသားကိလေသာတွေကို မသိဘူးလို့ရှိတဲ့အတွက် ဖြစ်တတ်တဲ့သဘောရှိတယ်လေ။ အဲဒီအတွက်
တရားတွေ ဝေငှဖြန့်ဖြူးနေတဲ့ ဒကာတော်ကို ဦးဇင်းက သာဓု အနုမောဒနာပြုလျက်ပါ။

Thit Lwin - တင်ပါ့ဘုရား။ နာယူမှတ်သားရပါတယ်ဘုရား။ တကယ်တော့ ကမ္မဿကတာ သမ္မာဒိဌိ ရှိရင်ကို


အမောဟဖြစ်ပြီမို့ တိဟိတ်ပါ။ သမထလုပ်နေစဉ် ဈာနဒိဌိမှာလည်း အမောဟဖြစ်ပါတယ်။ ဝိပဿနာ
သမ္မာဒိဌိမှာကတော့ တိဟိတ်အမြင့်ဆုံး ဖြစ်ပါတယ်။ တိဟိတ် ဥက္ကဋ္ဌ ဖြစ်ပါတယ်။ မွေးကတည်းက
တိဟိတ်ဖြစ်သော်လည်း ကိုယ့်ကိုကိုယ်မသိဖြစ်နေတတ်ပါတယ်။ တိဟိတ်ဖြစ်သော်လည်း လောကီလောကုတ်
အားမထုတ်လို့ နစ်နာဆုံးရှုံးခဲ့ရတဲ့ လင်မယားလို မဖြစ်စေလိုပါဘူး။ ဒါကြောင့်မို့ မိမိတို့ဟာ တိဟိတ်
ပဋိသန္ဓေဖြစ်သော်လည်း ဘာမှမလုပ်ရင် ဘာမှမဖြစ်တာကြောင့် ကိုယ့်ကိုကိုယ် တိဟိတ်ဖြစ်မှန်းလည်း
မသိဘူးဖြစ် သွားပါမယ်။ တိဟိတ်ဖြစ်ပါလျက်နဲ့ သမထမှာတင် ရပ်နေမယ်ဆိုရင်လည်း ဒီဘ၀မှာတင်
တရားထူးတရားမြတ်ရမဲ့ အခွင့်အရေးဆုံးရှုံးသွားမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ဝိပဿနာလုပ်ကြည့်ကြပါ။
ရုပ်နာမ်ဖြစ်ပျက်မြင်ရင် ကိုယ့်ကိုကိုယ် ဒီဘ၀မှာ တရားထူးတရားမြတ်ရနိုင်မဲ့ တိဟိတ်ဖြစ်ပါတယ်လို့
ကိုယ့်ကိုကိုယ်လည်း ဆန်းစစ်နိုင်တဲ့အပြင် ကိယ
ု့်ကိုကိုယ်လည်း အားတက်စေဘို့ ရေးသား တိုက်တွန်း
ခြင်းဖြစ်ပါတယ်။ တပည့်တော်ရဲ့ စာစုတွေကို ဖတ်ရှုပေးတဲ့ အရှင်ဘုရားနှင့်တကွ မိတ်တွေတွေကို
ကျေးဇူးတင်ရှိပါတယ်။

တရားအားထုတ်ခြင်း (Meditation) နဲ့ ပတ်သက်လို့ Online ပေါ်က မိတ်ဆွေတွေနဲ့ ၂၀၁၄ အတွင်း ပြောခဲ့တဲ့
တရားစကားတွေကို Dhamma Talk စာအုပ်အဖြစ် စုစည်းထုတ်ဝေခြင်းဖြစ်ပါတယ်။ ဤစာစုများနှင့် အခြား
စာစုများကို Online ပေါ်မှာ Dhamma Talk Page မှာဖြစ်စေ၊ Dhamma Friends Group မှာဖြစ်စေ ဖတ်ရှု
ဆွေးနွေးလို့ ရပါတယ်။ ဤစာအုပ်ဖြင့် တရားနှင့်ပတ်သက်သော ဆရာအားလုံးကို ကန်တော့လိုက်ပါတယ်။

You might also like