Download as pdf or txt
Download as pdf or txt
You are on page 1of 121

1

Dhamma Talk - II
(Meditation)
w&m;tm;xkwfrIvrf;c&D;rS
w&m;pum;rsm;
Thit Lwin
(Dhamma Friends)
2

တရားအားထုတ်ခြင်း (Meditation) နဲ့ ပတ်သက်လို့ Online ပေါ်က မိတ်ဆွေတွေနဲ့

၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ မှ ဧပြီလအတွင်း ပြောခဲ့တဲ့ တရားစကားတွေကို

Dhamma Talk - II စာအုပ်အဖြစ် စုစည်းထုတ်ဝေခြင်း ဖြစ်ပါတယ်။

ဤစာစုများနှင့် အခြားစာစုများကို Online ပေါ်မှာ

Dhamma Talk Page မှာဖြစ်စေ၊ Dhamma Friends Group မှာဖြစ်စေ

ဖတ်ရှု ဆွေးနွေးလို့ ရပါတယ်။

ဤစာအုပ်ဖြင့် တရားနှင့်ပတ်သက်သော ဆရာအားလုံးကို ကန်တော့လိုက်ပါတယ်။


3

မာတိကာ

၁။ အနိစ္စ ၆

၂။ တရွရွ တလှုပ်လှုပ်ပုံရိပ်တွေ ၈

၃။ ဘာဆက်မှတ်ရမလဲ ၁၁

၎။ ဒိဌိကွာဘို့ ၁၃

၅။ အခြေခံ ၁၆

၆။ သည်းခံတာ ခွင့်လွှတ်တာ ဥပေက္ခာထားတာ ၁၈

၇။ ကိုယ့်ဆန္ဒပါရင်မှားပြီ ၂၀

၈။ ကိလေသာ ၂၂

၉။ အိပ်မပျော်ရင် ၂၄

၁၀။ နှင်တံ ၂၇

၁၁။ သိပါ ၂၈

၁၂။ လက္ခဏာတွေ့မှ ၃၀

၁၃။ ရုပ်နာမ်ဖြစ်ပျက် ၃၃

၁၄။။ လမ်းလွဲ ၃၅

၁၅။ နိဗ္ဗာန် ၃၇

၁၆။ အသံ ၃၉

၁၇။ ဒိဌိဝိသုဒ္ဓိ ၄၁

၁၈။ မေးသူနှစ်ယောက် ၄၃

၁၉။ အများဆုံးလွဲလေ့ရှိတာ ၄၅

၂၀။ သမထကဝိပဿနာကူးသူနဲ့ ဝိပဿနာတိုက်ရိုက်ရှုသူ ၄၇

၂၁။ ဖြစ်ပျက်(၁) ၄၉

၂၂။ ဖြစ်ပျက်(၂) ၅၀

၂၃။ ဖြစ်ပျက်(၃) ၅၂
4

၂၄။ ပညာဖြစ်တိုင်းသတိပါတယ် ၅၅

၂၅။ ကံ ၅၇

၂၆။ ဖြစ်ပျက်နဲ့မဂ် ၅၈

၂၇။ ဆင်ခြင်သိ တိုက်ရိုက်သိ ၅၉

၂၈။ အခြေခံအကျဆုံးအသိ ၆၂

၂၉။ ဖြစ်ပျက်မုန်း ၆၄

၃၀။ သင်္ခရ ၆၆

၃၁။ သဒ္ဓါပညာ ၆၈

၃၂။ ဥာဏ်စဉ် ၆၉

၃၃။ အတုယူပါ ၇၂

၃၄။ တရားမရတဲ့အကြောင်း ၇၃

၃၅။ နည်း ၇၅

၃၆။ ဝါယောရုပ(် ၁) ၇၆

၃၇။ ဝါယောရုပ(် ၂) ၇၈

၃၈။ သတိ ၈၁

၃၉။ စိတ် ၈၂

၄၀။ တရားရနေပြီလား ၈၃

၄၁။ ညောင်းလာရင် ၈၅

၄၂။ နာလာရင် ၈၇

၄၃။ ပိုလုပ်ပါ ၉၀

၄၄။ အဝိဇ္ဇာ ၉၁

၄၅။ စိတ်ကိုရှုမယ် ၉၂

၄၆။ ဥပေက္ခာဖြစ်အောင် ၉၄

၄၇။ ဒိဌိကွာမကွာ ၉၆
5

၄၈။ စိတ်မှာဘာဖြစ်နေလဲ ၉၈

၄၉။ ဒိဌိမကွာဘဲဖြစ်ပျက်မရှုနဲ့ ၁၀၁

၅၀။ လိုတိုးပိုလျော့ ၁၀၃

၅၁။ အရှင်းဆုံးတရားအားထုတ်နည်း ၁၀၆

၅၂။ နတ်ပြည်မှာဟောတဲ့တရား ၁၀၇

၅၃။ သတိ ၁၀၉

၅၄။ လိုအပ်ချက် ၁၁၀

၅၅။ သမ္မာသင်္ကပ္ပ ၁၁၁

၅၆။ အရှင်သာရိပုတြာ ၁၁၂

၅၇။ ဥဒ္ဒယဗ္ဗယဥာဏ် ၁၁၄

၅၈။ စိတ်ထားမှန်ပါစေ ၁၁၆

၅၉။ ရှုတတ်စေချင်ပါတယ် ၁၁၉


6

အနိစ္စ

တရားအားထုတ်သူဘဲဖြစ်ဖြစ် တရားအားမထုတ်သူဘဲဖြစ်ဖြစ် ဗုဒ္ဓဘာသာဖြစ်သူတိုင်း

ကြားဘူးပြီးသားတရားစကားတစ်လုံးရှိပါတယ်။

အနိစ္စဆိုတဲ့ စကားလုံးပါ။

အနိစ္စဆိုတာ ဘာလဲ။

မမြဲတာလို့ လူတိုင်းဖြေနိုင်ကြမှာပါ။

ဘာမမြဲတာလဲလို့ မေးလိုက်ရင် အကုန်မမြဲတာဘဲ မြဲတာဆိုလို့ ဘာတစ်ခုမှမရှိလို့ ပြောနိုင်ကြပါတယ်။

မမြဲတာကို ဘယ်လိုသိသလဲ။

ကိုယ် သိထားတဲ့ အနိစ္စနဲ့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးညွှန်းဆိုတဲ့

အနိစ္စ တူတူဘဲလား။

ဆက်စဉ်းစားကြည့်ရပါမယ်။

ဖန်ခွက်ကွဲသွားတာ

စည်းစိမ် ဥစ္စာပျက်သွားတာ

လူသေသွားတာ

စသည်ဖြင့် နေ့စဉ်တွေ့နေရတဲ့ မမြဲခြင်းတွေအများကြီးရှိပါတယ်။

အနိစ္စလား။

အနိစ္စလို့ ဆိုနိုင်ပါတယ်။

ပြင်ပ ဗဟိဒ္ဒ အနိစ္စ

ပညတ် အနိစ္စ

သမုတိအနိစ္စ ဖြစ်ပါတယ်။ ဒီအနိစ္စတွေ တွေ့ရင် အနိစ္စလို့ နှလုံးသွင်းလိုက်ပါ။

သံဝေဂဥာဏ် ဖြစ်ပါတယ်။

ဘုရားရှင်ကိုယ်တော်မြတ်ကြီး နှစ်သက်တော်မူတဲ့ အနိစ္စတော့ မဟုတ်သေးပါဘူး။


7

ဘုရားက မိမိတို့ရထားတဲ့ ကိုယ်ကိုဖြစ်စေ စိတ်ကိုဖြစ်စေ စိတ်နဲ့ ရှုနေ

မှတ်နေ စောင့်ကြည့်နေ နှလုံးသွင်းနေပါတဲ့။

အဲဒီအခိုက်အတန့်မှာ ကိုယ်မှာဖြစ်စေ စိတ်မှာဖြစ်စေ သူ့အလိုလို

ပေါ်နေတဲ့ သဘောသဘာဝတရားတစ်ခုခုကို တွေ့ပါမယ်တဲ့။

အဲဒီ သဘာဝတရားဟာ သူ့ဖာသာသူပေါ်ပြီး သူ့ဖာသာသူ ပျောက်သွားတွေ့မယ်တဲ့။

အဲဒါမှ အနိစ္စဖြစ်ပါတယ်တဲ့။

ခန္ဓာ အနိစ္စ

အဇ္ဈတ္တ အနိစ္စ

သစ္စာအနိစ္စ ဖြစ်ပါတယ်။

ဝိပဿနာဥာဏ်ဖြစ်တာမို့ အဆက်မပြတ်ပွားများအားထုတ်လိုက်ရင်

မဂ်ဥာဏ်သို့ လျင်မြန်စွာ ဆိုက်ရောက်ပါမယ်ဖြစ်ပါတယ်။

အများပြောအနိစ္စကိုလည်း ဆင်ခြင် ဘုရားဟော အနိစ္စကိုလည်း နှလုံးသွင်းလို့

အေးချမ်းကြပါစေလို့ တင်ပြပေးလိုက်တာဖြစ်ပါတယ်။
8

တရွရွ တလှုပ်လှုပ် ပုံရိပ်များ

တရားအားထုတ်တယ်ဆိုတာ ကိုယ့်ရဲ့ ကိုယ်ကိုဖြစ်စေ စိတ်ကိုဖြစ်စေ

ပေါ်ရာပေါ်ရာကို အလိုက်သင့်လေး သတိထားပြီးနေရတာဖြစ်ပါတယ်။

အဲလိုနေနေတဲ့အခါ ကိုယ်မှာဖြစ်ဖြစ် စိတ်မှာဖြစ်ဖြစ် သူ့ဖာသာ သူပေါ်ပေါ်နေတဲ့

သဘာဝတွေကို စိတ်နဲ့တွေ့နေမှာဖြစ်ပါတယ်။

ပေါ်လာတာက အရှုခံဖြစ်ပြီး သိနေတာက ရှုဥာဏ်ဖြစ်ပါတယ်။

ပေါ်လာတဲ့ အရှုခံဟာ ပေါ်ပြီးပျောက်သွားတာကို ရှုဥာဏ်က သိနေမှာ ဖြစ်ပါတယ်။

အနိစ္စလို့ခေါ်ပါတယ်။

ပေါ်လိုက်ပျောက်လိုက်ဆိုတဲ့ အဲဒီအနိစ္စကို ရှုဥာဏ်က နှလုံးသွင်းမှန်ဘို့ အရေးကြီးပါတယ်။

အရှုခံကို ရှုနေတဲ့အခါ တရွရွဖြစ်နေတာတွေ တလှုပ်လှုပ်ဖြစ်နေတာတွေ

တဖွားဖွားဖြစ်နေတာတွေကို တွေ့နေတတ်ပါတယ်။

တရားအားထုတ်သူက အဲဒီပုံရိပ်တွေကို ဝီရိယစိုက်ပြီး အားထည့်ပြီး

ရှုရတဲ့အခါ အဲဒီပုံရိပ်တွေလျော့ပါးသွားတတ်ပါတယ်။ ပေါ်လိုက်ပျောက်လိုက်

ဖြစ်လိုက် ပျက်လိုက်ဆိုတဲ့ ပုံရိပ်တွေပျောက်သွားလို့ ကျေနပ်နေတတ်ကြပါတယ်။

တစ်ခါတရံကျပြန်တော့ ဘယ်လိုဘဲ ဝီရိယစိုက်စိုက် အဲဒီပုံတွေဟာ

လျော့မသွားဘဲ ပိုပြီးကြီးထွားနေတတ်ပါတယ်။ တရားအားထုတ်သူက မကျေမနပ်

ဖြစ်သွားတတ်ပါတယ်။

အဲဒီလိုပုံရိပ်တွေကို ရှုမှတ်နေရင် နှလုံးသွင်းလွဲနေပါပြီ။

ပုံရိပ်တွေဟာ ပညတ်တွေဖြစ်တာမို့ ပညတ်ဖြစ်ပျက်ကို ရှုနေရင် ဖြစ်သင့်တဲ့ဥာဏ်ဖြစ်မလာနိုင်ပါဘူး။

ဒီထက်ပိုပြီး အဲဒီပုံရိပ်တွေပျောက်သွားတာကို သာယာနေမယ်။ ပိုပြီး ကြီးလာရင်

အလိုမကျ ဖြစ်နေမယ်ဆိုရင် တကယ်သိသင့်သိထိုက်တဲ့ အနိစ္စကို

မသိတော့တဲ့အခြေအနေဖြစ်သွားပါလိမ့်မယ်။
9

ပုံရိပ်ပညတ်တွေကလည်း ရှောင်လွှဲလို့မရပါဘူး။

သူ့ကို မရှုချင်လို့လည်းမရပြန်ဘူး။

ဒီနေရာမှာ နှလုံးသွင်းမှန်ဘို့ လိုသလိုအလုပ်လုပ်နေတဲ့ သမာဓိမဂ္ဂင်

ဖြစ်တဲ့ သတိရယ် ဝီရိယရယ် သမာဓိရာယ် ညီညွတ်မျှတနေဘို့လိုပါတယ်။

ပထမဆုံးပုံရိပ်နဲ့ ပတ်သက်လို့ နှလုံးသွင်းရမှာက အခုပေါ်နေတာတွေဟာ သူ့ဖာသာသူပေါ်နေတာ။

သူ့သဘောနဲ့သူ ပေါ်နေတာ သူ့အလုပ်သူလုပ်နေတာ

ကိုယ်က သူ့သဘောသဘာဝကို သိအောင်ရှုမှတ်နေ နှလုံးသွင်းနေရုံဘဲ လုပ်နေရမှာဖြစ်ပါတယ်။

ပေါ်စေပျောက်စေချင်တဲ့ ဆန္ဒမပါဘဲ သတိလေးနဲ့ တစိမ်းလိုစိတ်ထားနဲ့

စောင့်ကြည့်နေရုံဘဲနေနေ ရမှာဖြစ်ပါတယ်။

သတိကို အဆက်မပြတ်အောင် ထားနေရပါမယ်။

ဝီရိယအားများနေရင် နဲနဲပြန်လျော့ပါ။ အဲဒါက အရှုခံမှာစိတ်က သိပ်ကပ်

နေရင် နဲနဲပြန်ခွာပေးရပါမယ်။ အရှုခံလွတ်သွားရင် ဝီရိယနဲနဲပြန်တင်ပေးရပါမယ်။

လိုတိုးပိုလျော့လုပ်နေရပါတယ်။

သမာဓိလည်း ထို့အတူပါဘဲ။

အရှုခံမထင်ရှားရင် သတိပိုထားမယ်။ သမာဓိတက်လာမယ်။ ရှုစရာ

မရှိအောင် အေးနေရင် သမာဓိလွန်နေပြီမို့ ပြန်လျော့ရပါမယ်။ အေးနေတာကို

အာရုံမပြုရပါဘူး။

အရှုခံပေါ်မှာ နှလုံးသွင်းလည်းမှန်နေမယ်။

သတိဝီရိယ သမာဓိလည်း မျှတနေမယ်ဆိုရင် စောစောကတွေ့နေတဲ့

ပုံရိပ်တွေအပေါ်မှာ စိတ်လှုပ်ရှားမှုမဖြစ်တော့ပါဘူး။

တစ်ဆက်တည်းမှာဘဲ အဲဒီပုံရိပ်တွေကို ရှုနေရင်းနဲ့ ပုံရိပ်တွေအပြင်

တိုးတဲ့သဘော သိတသ
ဲ့ ဘောတွေကို ရှုဥာဏ်မှာတွေ့လာပါမယ်။
10

အဲဒါ ပညတ်မှာ ပရမတ်တွေ့တာဖြစ်ပါတယ်။

ပုံရိပ်မှာ သဘာဝတွေ့တာဖြစ်ပါတယ်။

အဲဒီသဘာဝမှာလည်း ပေါ်ပြီးပျောက်တဲ့ လက္ခဏာကိုတွေ့နေမယ်ဆိုရင်

တရားအားထုတ်သူရဲ့ ဥာဏ်မှာ အနိစ္စလက္ခဏာထင်လာပါပြီလို့ တင်ပြလိုပါတယ် ခင်ဗျ။


11

ဘာဆက်မှတ်ရမလဲ

ဝင်လေထွက်လေကို မှတ်နေတုန်း နှလုံးခုန်သံတွေ နှလုံးတုန်နေတာ တွေ တွေ့နေတယ်။

Vibration တွေ တွေ့နေတယ်။

ဘာဆက်လုပ်ရမလဲ။

ဝင်လေထွက်လေကို မှတ်တာရပ်လိုက်ရမလားလို့

မိတ်ဆွေတစ်ယောက် က မေးပါတယ်။

တရားအားထုတ်သူအများစုဟာ ဒီလိုအလားတူအဖြစ်မျိုးတွေ ကြုံရလေ့ ရှိပါတယ်။

တစ်ခုကိုမှတ်နေရာက နောက်တစ်ခုပေါ်လာတာမျိုးပါ။

ပေါ်လာတဲ့ နောက်တစ်ခုကလည်း အရင်ကမှတ်ဘူးထားတဲ့ အရာမျိုးမဟုတ်တော့

စိတ်လှုပ်ရှားသွားတတ်ပါတယ်။

တရားမှတ်နေသူက သတိဝီရိယသမာဓိတွေ ကောင်းလာလို့ ဖြစ်ပါတယ်။

မိမိမှတ်နေတဲ့ ကိုယ်ခန္ဓာကြီးဟာ ဒီလိုဘဲ သူ့သဘောနဲ့သူဖြစ်ချင်တာ

ဖြစ်ပေါ်ချင်တာပေါ် ပျောက်ချင်တာပျောက် သူ့အလုပ်သူလုပ်နေတယ်ဆိုတာ

သိလိုက်ရပါမယ်။

မှတ်စရာတစ်ခုထပ်ပေါ်လာပြီလို့လည်း နှလုံးသွင်းလိုက်ပါ။

တုန်လှုပ်သွားတဲ့စိတ်ကိုလည်း သတိထားလိုက်ပါ။

ဖြစ်နေတာအားလုံးဟာ သဘာဝတရားတွေဘဲလို့လည်း ဆင်ခြင်လိုက်

ပါဦး။ ပြီးမှ ထင်ရှားရာတစ်ခုခုကို ဆက်မှတ်ရပါမယ်။

ဒီနေရာမှာ အရေးကြီးတဲ့အချက်တစ်ခုရှိပါတယ်။ ပေါ်ရာနှစ်ခုသုံးခုဖြစ်နေရင်

တရားမှတ်သူက ဘယ်ဟာကိုမှတ်မယ် ဘယ်ဟာကိုမမှတ်ဘူးလို့ မရွေးချယ်လိုက်ပါနဲ့။

မှတ်စိတ်ကပေါ်ရာတွေကို အပြင်လူတစ်ယောက်လို တစိမ်းလို့ကြည့်နေ ဘို့ လိုပါတယ်။

မှတ်စိတ်က သူ့ဖာသာသူမှတ်ရမဲ့ အာရုံကိုမှတ်သွားပါလိမ့်မယ်။


12

အရင်မှတ်နေတာကို လက်လွှတ်လိုက်ရမှာလည်း နှမြောပြီး

နောက်ပေါ်တာကလည်း မှတ်နေကျဟာမဟုတ်တော့ တုန်လှုပ်သွားတတ်ပါတယ်။

အာရုံက အဓိကမဟုတ်ပါဘူး။

သူ့သဘောနဲ့သူ ပေါ်နေပျောက်နေတယ်ဆိုတဲ့ အသိက အဓိကဖြစ်ပါတယ်။


13

ဒိဌိကွာဘို့

တရားအားထုတ်သူဟာ အပြင်အာရုံတွေနဲ့ နေနေရတဲ့ကြားထဲက မိမိကိုယ်

နဲ့စိတ်ကို မကြာခဏ သတိထားပြီးပြန်ပြန်ကြည့်ဘို့လိုပါတယ်။ ကိုယ့်ရဲ့ ကိုယ်ပိုင်

အချိန်မှာ အေးအေးဆေးဆေးထိုင်ပြီး မှတ်နေတာအပြင် အများနဲ့ဆက်ဆံနေတဲ့

အခါမှာလည်း တတ်နိုင်သလောက် သတိထားပြီး နေနိုင်အောင်ကြိုးစား နေရပါ

မယ်။ သတိထားပြီးသိနေစရာက အများကြီးလည်းမရှိပါဘူး။

ထိုင်တဲ့အချိန်ဘဲဖြစ်ဖြစ် ဒီ့ပြင် အချိန်ဘဲဖြစ်ဖြစ် ကိုယ့်ရဲ့ကိုယ်ကို ဖြစ်ဖြစ်

စိတ်ကိုဖြစ်ဖြစ် သတိထားနေရုံပါဘဲ။

တစ်ခုတည်းကို မူသေမှတ်တတ်တဲ့သူအဘို့တော့ အဆင်ပြေမှာမဟုတ်သလို

ကျန်တဲ့အချိန်တွေမှာ သတိလွတ်နေတာမို့ တရားနဲ့နေတာမျိုးမဟုတ်ဘူးဖြစ်နေတတ်ပါတယ်။

မှတ်စရာ အာရုံက ကိုယ်နဲ့စိတ်ဘဲရှိပေမယ့် မှတ်သူဘက်က စိတ်နေစိတ်ထားမှန်မှ

တရားနဲ့နေသူဖြစ်သလို တရားသတိတွေလည်း တိုးပွားလာမှာဖြစ်ပါတယ်။

တရားအလုပ်လုပ်သူတစ်ယောက်ဟာ ကိုယ်နဲ့စိတ်မှာ ကိုယ်ကထင်ရှား

တာမို့ ကိုယ်ကိုသတိထားလို့ လွယ်ပါတယ်။ ကိုယ်မှာဘာထင်ရှားပေါ်နေလဲ။

သတိထားလိုက်ပါ။

ငြိမ်ငြိမ်ထိုင်နေတဲ့အခါမှာတော့ လှုပ်ရှားနေတဲ့ဝမ်းဗိုက်ဖြစ်စေ တိုးနေတဲ့

ဝင်လေထွက်လေဖြစ်စေ တင်းနေတဲ့ကိုယ်ပေါ်က တစ်ခုခုဖြစ်စေ ထိနေတာလေး

ဖြစ်စေ အာရုံပြုနေလို့ရပါတယ်။

ကိုယ်ကို အာရုံပြုနေတာကို ကာယကိုသတိထားတာလို့ ဆိုပါတယ်။

ဒီနေရာမှာ ဘယ်ဟာကိုသတိထားမယ် ဘယ်ဟာကို သိနေချင်တယ်

ဘယ်ဟာကို မရှုချင်ဘူးလို့ ရွေးချယ်တတ်တဲ့စိတ်ထားနဲ့ နေလို့မရပါဘူး။

တရားရှုသူဟာ ကိုယ်ပေါ်မှာ ဘာပေါ်ပေါ် ရွေးချယ်ခြင်းမပြုဘဲ သတိထားလိုက်ရမှာဖြစ်ပါတယ်။


14

ပထမဆုံးထားရှိရမဲ့စိတ်ထားပါဘဲ။

ဘာမှ မရှုတတ်အောင်ဖြစ်နေရင်တော့ နှာသီးဝ ဝမ်းဗိုက်စတာတွေဆီ

စိတ်ကိုထားရမှာဖြစ်ပါတယ်။ အဲလိုတစ်နေရာကို စိတ်ကမူသေထားပြီး ရှုနေ

ပေမယ့်လည်း နောက်ပိုင်းမှာတော့ ပေါ်ရာပေါ်ရာကို သတိထားသွားရမှာဖြစ်ပါတယ်။

ကိုယ်မှာပေါ်ရာတွေကို သတိထားတဲ့အခါ နာမည်တွေ ပုံသဏ္ဍာန်တွေ

ပုံရိပ်တွေ အတွေးတွေမှတ်ချက်တွေ အစပိုင်းမှာရောထွေးနေတတ်ပါတယ်။

အဲဒါတွေ နောက်မလိုက်ဘဲ သူ့သဘာဝကို သိနေတဲ့အကျင့်ကို ပြုလုပ်ရပါမယ်။

သူ့သဘာဝဖြစ်တဲ့ တိုးနေတဲ့သဘောလေးကို အာရုံပြုလို့ရပြီဆိုရင်

ကာယာ နုပဿနာ သတိပဌာန် ဖြစ်နေပါပြီ။

ဒီသဘောလေးဟာ သူ့ဖာသာဖြစ်နေတာလို့ နှလုံးသွင်းနေဘို့လိုပါတယ်။

ဒါဟာလည်း တရားအားထုတ်သူထားရှိရမယ့် အရေးကြီးတဲ့စိတ်ထား ဖြစ်ပါတယ်။

ကိုယ်မှာ သူ့ဖာသာသူပေါ်ပေါ်လာတာကို သိနေတဲ့စိတ်ကို သတိထားမိလာပြီဆိုရင်တော့

ကိုယ်မှာပေါ်တဲ့သဘာဝရယ် အဲဒါကို သိနေတဲ့သဘာဝရယ် ဘဲရှိတယ်။

အဲဒီနှစ်ခုကလည်း သူ့အလုပ်သူလုပ်နေတယ်။

ပေါ်လိုက်တဲ့အခိုက်အတန့်လေးမှာဘဲ သိလိုက်ရတာဖြစ်ပြီး

ချက်ချင်းဘဲ မတည်မြဲတာကို တွေ့ရပါလိမ့်မယ်။

အဲဒါအမှန်ကို သိတာပါဘဲ။ တရားကို သိတာပါဘဲ။

အဲလိုသိသိနေတာကို အမှန်သိတဲ့ဥာဏ်နဲ့ နေတာမို့ တရားနဲ့နေတယ်လို့

ခေါ်ရမှာဖြစ်ပါတယ်။

ဒီအသိနဲ့ နေနေသူဟာ စာလိုပြောရင် သက္ကာယ ဒိဌိကွာနေတဲ့

နာမ ရူပ ပရိစ္ဆေဒဥာဏ်နဲ့နေတာ ဖြစ်ပါတယ်။

အဲဒီအချိန်မှာ ငါစွဲကြောင့်ဖြစ်တဲ့ အတ္တတွေ ကိလေသာတွေ လျော့ပါး


15

နေမှာမို့ စိတ်ထားတွေလဲ ပြောင်းလဲလာမှာဖြစ်ပါတယ်။

ဒါကြောင့်မို့ အမှန်သိဘို့ တရားရှိဘို့ စိတ်ထားပြင်ပြီး ရှုမှတ်ရသလို

အမှန်သိပြီး တရားရှိသူဟာလည်း စိတ်ထားတွေပြင်သွားပြီဖြစ်ကြောင်း

တင်ပြပေးလိုက်ပါတယ်ခင်ဗျာ။
16

အခြေခံ

တရားအားထုတ်သူတွေ အထူးသဖြင့် ဝိပဿနာပွားနေသူတွေရဲ့ အသိအမြင်

ဖြစ်ပေါ်မှုကို ဝိပဿနာဥာဏ်လို့ ခေါ်ပါတယ်။

ပထမဆုံးအခြေခံအကျဆုံး သဘောပေါက်မှုက အရှုခံအာရုံနဲ့ ရှုစိတ်ဟာ

သူ့အလုပ်သူလုပ်နေကြတာဘဲဆိုတဲ့ အသိအမြင်ဖြစ်ပါတယ်။

တရားအားထုတ်နေသူဟာ ပေါ်ရာပေါ်ရာကို အတင်းကပ်ထားတာလည်း

မဟုတ်။ နာမည်လည်းမတပ် ဘာဆိုဘာမှ မဝေဖန်ဘဲ အလိုက်သင့်ရှုနေ

မှတ်နေ သိနေမယ်ဆိုရင် ဒီအသိအမြင်ဟာ ပေါ်လာမှာဖြစ်ပါတယ်။

အရှုခံရယ် ရှုစိတ်ရယ်ကလွဲလို့ ဘာမှမရှိ။ ငါ မရှိ။ သတ္တဝါမရှိ။

သတ္တဝါမရှိလို့ သဘောပေါက်ပါလိမ့်မယ်။

တကယ်တော့ ဒီလိုသက္ကာယ ဒိဌိ တဒင်္ဂကင်းကွာနေတဲ့ နာမရူပ

ပရိစ္ဆေဒဥာဏ်ဟာ ဝိပဿနာဥာဏ်အစစ်မဟုတ်သေးပါဘူး။ ဝိပဿနာဥာဏ်တွေ

ရဲ့ ရှေ့ပြေးဥာဏ်ဖြစ်ပါသေးတယ်။

ဒါပေမဲ့ အသိဥာဏ်ပေါ်ပြီးမှ ဝိပဿနာဥာဏ်ဖြစ်မှာမို့ အလွန်ဘဲ

အရေးကြီးလှတဲ့ အခြေခံဥာဏ်ဖြစ်ပါတယ်။

တရားရှုနေမှတ်နေသူဟာ စောစောက သူ့အသိဥာဏ်မှာပေါ်လာနေတဲ့

အရှုခံကိုဘဲ ဖြစ်စေ၊ ရှုနေတဲ့ ရှုစိတ်ကိုဘဲဖြစ်စေ နှစ်ခုစလုံးကိုဘဲဖြစ်စေ ဆက်ရှု

နေရမှာ ဖြစ်ပါတယ်။

ရှုမှတ်နေရင်း အဲဒီရှုစရာတွေရဲ့ ချက်ခြင်းပေါ်ပြီး ချက်ခြင်းပျောက်နေတဲ့ သဘော

သို့မဟုတ် ချက်ခြင်းဖြစ်ပြီးပြီး ချက်ခြင်းပျက်သွားတဲ့သဘောကို တွေ့လာပါမယ်။

အနိစ္စသဘောကို တွေ့တာဖြစ်တာမို့ ဥဒယဗ္ဗယဥာဏ်လို့ ဆိုပါတယ်။

ဒီအသိအမြင်ကို လှစ်ခနဲလောက် သိလိုက်ရင်ကိုဘဲ အသိမှန်အမြင်မှန်မို့


17

အလွန်တန်ဘိုးကြီးလှပါတယ်။

ရိုးရိုးရှင်းရှင်း သက်တောင့်သက်သာ ရှုမှတ်ပွားများနေရင်း

ဒီအသိအမြင် ဥာဏ်တွေ ရနိုင်တာဖြစ်ပါတယ်။

မိတ်ဆွေများအေးချမ်းကြပါစေ။
18

သည်းခံတာ ခွင့်လွှတ်တာ ဥပေက္ခာထားတာ

သည်းခံတာ ခွင့်လွှတ်တာ ဥပေက္ခာထားတာ စိတ်အဆင့်ဆင့်ထားရတဲ့ အကြောင်းကို

Post အတိုလေးရေးခဲ့ပါတယ်။

သည်းခံတာက မတုန့်ပြန်မိအောင်နေတာ။

ခွင့်လွှတ်တာက သူ့ကံနဲ့သူ အတိတ်အကြောင်းရှိလို့ဘဲလို့ နှလုံးသွင်းနေလိုက်တာ။

ဥပေက္ခာက ဒါဟာ သဘာဝတရားဘဲလို့ သဘောပေါက်သွားတာ။

ဆရာ Dada Oo က ခွင့်လွှတ်တတ်ရင် လွတ်လပ်ကြောင်းပြောပြပါတယ်။

Attachment မရှိလေ Freedom ဖြစ်လေလို့ ကျွန်တော်က ပြန်ရေးလိုက်ပါတယ်။

ဆွေးနွေးကြသူ မိတ်ဆွေများအနက် YKC က သူမဟာ ခွင့်လည်း မလွှတ်နိုင်သေးသလို

Attachment ကိုလည်း မစွန့်တတ်သေးလို့ ဘယ်လို လုပ်ရမလဲလို့ပေးလာပါတယ်။

မိတ်ဆွေတို့လည်း ကိုယ့်အမြင်တွေ တင်ပြပေးကြပါဦး။

ကျွန်တော့အမြင်လေးလည်း မျှဝေပါမယ်။

ပူလောင်တဲ့ Attachment ကို ဘယ်သူမှမလိုချင်ကြပါဘူး။

ပူလောင် တဲ့အာရုံတွေ။ ကိုယ့်ကို စိတ်ဆင်းရဲစေတဲ့သူဆိုတာ ကြုံရစမြဲပါ။

သူများကြုံရင် အားပေးနိုင်ကြပေမယ့် ကိုယ်တိုင်ကြုံရင်တော့ အလူးအလဲပါဘဲ။

တရားဘဲ အားကိုးကြရအောင်။

မကျေနပ်တဲ့အာရုံကိုရှောင်လွှဲဘို့ အရင်ဆုံးလုပ်ရပါမယ်။

အပြင်မှာရှောင် လို့ရပေမယ့် စိတ်ထဲမှာ အတွေးထဲမှာတော့ ထပ်ခါထပ်ခါ ပေါ်လာတာပါဘဲ။

မတွေးမိအောင် အာရုံပြောင်းလိုက်ပါ။

အာရုံအားလုံးထဲမှာ အကောင်းဆုံးအာရုံက ဘုရားအာရုံပါဘဲ။ ဒါကြောင့်မို့

ဘုရားရှိခိုးပါ။ ဂုဏ်တော်ပွားပါ။ အကြိမ်ကြိမ်ပြုလုပ်ရင် တစ်ဖက်လူကို

မကျေနပ် မှုဟာ အရှင်းမပျောက်ပေမယ့် အနည်းငယ်တော့ လျော့လာပါလိမ့်မယ်။


19

သမထ နဲ့ အပူလျော့စေခြင်းဖြစ်ပါတယ်။

နောက်တစ်ဆင့်ကတော့ သတိပဌာန်ဖြစ်ပါတယ်။

မကျေမနပ်ဖြစ်နေတဲ့အခါ သတိပဌာန်နှစ်မျိုးနဲ့ ရင်ဆိုင်ရပါမယ်။

ပထမနည်းကတော့ မကျေမနပ်ဖြစ်နေတဲ့ ပူလောင်နေတဲ့ မိမိစိတ်ကို

တိုက်ရိုက်သတိပဌာန် ပွားနေရပါမယ်။

အကောင်းဆုံးနည်းဖြစ်ပါတယ်။

ပွားတဲ့စိတ်က ပူတဲ့စိတ်ကို ရှုတဲ့နည်းပါဘဲ။

အဲလိုမှ တိုက်ရိုက်ရှုနိုင်လောက်အောင် သတိ သမာဓိ ပညာအားမကောင်း

တဲ့အခါမှာဆိုရင် မိမိလေ့ကျင့်နေကျအတိုင်း ဝင်လေထွက်လေ အစရှိတဲ့ သတိပဌာန်ကို

အလေးထားပြီးပွားရပါမယ်။ ဝိပဿနာနဲ့ ငြိမ်းစေခြင်းဖြစ်ပါတယ်။

အာရုံကိုရှောင်နိုင်လာပါမယ်။အပူကို လျော့ပါးစေနိုင်လာပါမယ်။

မိမိဘက်အခြမ်းငြိမ်လာပြီဆိုမှ တစ်ဖက်ကို ခွင့်လွှတ်ဘို့

နှလုံးသွင်းပါလို့ တိုက်တွန်းပါရစေ YKC ရေ။


20

ကိုယ့်ဆန္ဒပါရင် မှားပြီ

ကျွန်တော်တို့တစ်တွေ တရားအားထုတ်တဲ့အခါ ကိုယ်ရှူဘို့ မှတ်ဘို့

ရည်ရွယ်ထားတဲ့အာရုံကို တွေ့ရင် ကလေးများကစားစရာတွေ့သလိုဘဲ အငမ်းမရ

ရှူလိုက် မှတ်လိုက်လေ့ရှိကြပါတယ်။ နှာသီးဝမှတ်တဲ့သူကလည်း ဝင်လေထွက်လေကို

တွေ့ပြီဆိုတာနဲ့ လေနောက်ကိုလိုက်ပြီး မှတ်တော့တာဘဲ။

တစ်ချို့ ကလည်း ထိသွားတဲ့သဘောကို ကျောက်ချပြီး မှတ်တော့တာပါဘဲ။

အလားတူ အရှုခံအာရုံတွေဖြစ်တဲ့ ဝေဒနာတွေ စိတ်တွေတွေ့ရင်လည်း ဒီလိုပါဘဲ။

တွေ့တွေ့ချင်း မှတ်စိတ်ကပြေးကပ်ပြီး မှတ်လိုက်တော့တာပါဘဲ။

ပေါ်ရာရှုတာ မှားသလား။ မမှားပါဘူး။

မှတ်စိတ်က အလောတကြီးမှတ်လိုက်တာဘဲ မှားပါတယ်။

ကိုယ်ရှူရတဲ့ အရှုခံ အာရုံဟာ သူ့ဖာသာသူပေါ်လာတာဖြစ်ပါတယ်။

သူ့သဘောနဲ့သူ ဖြစ်လာတာဖြစ်ပါတယ်။

သူ့သဘာဝနဲ့သူ ရှိလာတာဖြစ်ပါတယ်။

ဆက်ပေါ်ချင်လည်းပေါ်နေမယ်။

ပျောက်ချင်လည်းပျောက်သွားမယ်ဖြစ်ပါတယ်။

ပေါ်လာတာကို ရှုစရာတစ်ခုအဖြစ် ရှုဘို့စိတ်ဘဲထားရပါမယ်။

ပေါ်လာတာကို စိတ်လှုပ်ရှားမှုမရှိဘဲ လက်ခံလိုက်ရမှာဖြစ်ပါတယ်။

ရှုစရာတွေ့ပြီဟဲ့လို့ ဝမ်းသာမှုလည်းမဖြစ်ရပါဘူး။

ရှုချင်တာ ဒီဟာမဟုတ်ဘူးရယ်လို့လည်း မလိုချင်မှုမဖြစ်ရပါဘူး။

ရှုချင်တာပျောက်သွားမှာကိုလည်း စိုးရိမ်မှုမထားရပါဘူး။

ရှုလိုက်မယ်ဟဲ့ဆိုပြီးတော့လည်း ကျောက်ချမထားရပါဘူး။

ရှုစရာတွေက တစ်ကိုယ်လုံးမှာ ကိုယ်မှာရော စိတ်မှာပါ အဆက်မပြတ်


21

ပေါ်နေတာဖြစ်ပါတယ်။

သူ့သဘောနဲ့သူ ပေါ်နေတာဖြစ်ပါတယ်။

ကိုယ်ကဘာမှ သွားမလုပ်လိုက်ပါနဲ့။

ရှုရမဲ့ ရှုစိတ်ကသာ အေးချမ်းပါစေ။

ရှုစရာတွေက တစ်ကိုယ်လုံး အပြည့်ပါဘဲ။

ဒါကြောင့်မို့ ဘာဘဲပေါ်ပေါ် စိတ်အေးအေးနဲ့ လက်ခံပြီးရှုပါလို့

အကြံပေးလိုက်ပါရစေ။
22

ကိလေသာ

ကိလေသာကို အဆင့်သုံးဆင့်ခွဲထားပါတယ်။

မျိုးစေ့အဆင့်ရယ်။ ထကြွအဆင့်ရယ်။ လွန်ကြူးအဆင့်ရယ်တို့ ဖြစ်ပါတယ်။

မျိုးစေ့ဆိုတာက ဘ၀အဆက်ဆက်ပါလာပြီးသား ကိလေသာတွေပါ။

အခု ဘ၀မှာလည်း ရှေ့ကဖြစ်တဲ့ ကိလေသာဟာမျိုးအဖြစ်နဲ့ နောက်ဖြစ်မဲ့

ကိလေသာကို အထောက်အကူဖြစ်နေပါတယ်။

အဲဒီကိလေသာမျိုးစေ့ဟာ ပစ္စုပ္ပန်အခိုက်မှာ အာရုံနဲ့ဒွါရတိုက်လို့ စိတ်ပေါ်တဲ့အခိုက်မှာ

ထကြွတဲ့အဆင့်ကိုရောက်လာပါတယ်။

ထကြွတဲ့ကိလေသာဟာ အလျင်အမြန်ကြီးထွားလာပြီး လွန်ကြူးတဲ့အဆင့်ကို ရောက်ပါလေရော။

လွန်ကြူးတဲ့ကိလေသာတွေ ထကြွတဲ့ကိလေသာဟာ အရှိန်ပြန်လျော့သွားပေမယ့်

မျိုးစေ့ကိလေသာကတော့ ကျန်နေဆဲဘဲဖြစ်ပါတယ်။

နောက်ထပ် အကြိမ်ကြိမ်ထကြွဘို့ လွန်ကြူးဘို့အဆင်သင့်ပါဘဲ။

စာလိုပြောတော့ -

အနုသယကိလေသာ ပရိယုဌာနကိလေသာ ဝိတိက္ကမကိလေသာ တို့

ဖြစ်ကြပါတယ်။

ဒီသဘောအတိုင်းပါဘဲ။

ကုသိုလ်တရားတွေဟာလည်း

မျိုးစေ့အဆင့်ရယ် ကံမြောက်တဲ့အဆင့်ရယ် ပါရမီမြောက်တဲ့အဆင့်ရယ်လို့ ခွဲခြားနိုင်ပါတယ်။

ဒီနေရာမှာ သိထားသင့်တာက ကိလေသာဘဲဖြစ်ဖြစ် ကုသိုလ်စိတ်ဘဲ ဖြစ်ဖြစ်

မျိုးစေ့အနေနဲ့ရှိနေတယ်ဆိုတာပါဘဲ။

ကျွန်တော်တို့မှာ သံသရာအဆက်ဆက် ဘ၀အဆက်ဆက်အပြင် အခုဘ၀မှာလည်း

မွေးစမှ အခုအချိန်ထိ ပြုခဲ့တဲ့ ပြုနေတဲ့ကံတွေ ကိလေသာရောတဲ့ ကံဖြစ်ဖြစ်


23

ကုသိုလ်ဖြစ်တဲ့ ကံဖြစ်ဖြစ် ကံဖြစ်ပြီးတာနဲ့အတူ ယှဉ်ဘက်ကိလေသာတို့

ကုသိုလ်စိတ်တို့ဟာ မျိုးစေ့အဖြစ်နဲ့ ရှိနေသွားမှာဖြစ်ပါတယ်။

ယခင်ပါလာတဲ့ မျိုးစေ့တွေအပြင် နောက်ထပ်မျိုးစေ့တွေလည်း တိုးပွား နေတဲ့သဘောဖြစ်ပါတယ်။

ကိလေသာအဆင့်သုံးဆင့်ကို ခြေဖျက်နိုင်ဘို့ ဗုဒ္ဓက ဟောပြောခဲ့ပါတယ်။

ကိလေသာတွေ မလွန်ကြူးအောင် သီလစောင့်ပါတဲ့။

ကိလေသာတွေ မထကြွအောင် သမာဓိထားပါတဲ့။

ကိလေသာတွေ မျိုးစေ့ပြုတ်အောင် ဝိပဿနာ ပွားပါတဲ့။


24

အိပ်မပျော်ရင်

အိပ်ရာထဲရောက်မှ အိပ်မပျော်တာတွေ ခဏခဏကြုံတတ်ကြပါတယ်။

တကယ်တော့ အိပ်တယ်ဆိုတာ လူရောစိတ်ပါ အနားယူရတဲ့ အလုပ် ဖြစ်ပါတယ်။

လူပင်ပန်း စိတ်ပင်ပန်းလို့ အိပ်ပျော်သွားတာရှိသလို လူမပန်း စိတ်မပန်းဘဲ

အိပ်ပျော်သွားတာလည်းရှိပါတယ်။

ဒီနှစ်မျိုးဟာ မအိပ်ခင်ရော အိပ်နေစဉ်ရော နိုးလာတော့ရော

တစ်ခုနဲ့ တစ်ခု မတူညီဘဲ ဆန့်ကျင်ဘက်ဖြစ်နေတာကို သတိထားမိပါလိမ့်မယ်။

ဆိုးတာက လူပင်ပန်း စိတ်ပင်ပန်းဖြစ်နေသော်လည်း အိပ်မပျော်တာဘဲ ဖြစ်ပါတယ်။

အိပ်ရာထဲရောက်မှ စိတ်ကမနားဘဲ အတွေးတွေနဲ့ နပန်းလုံးနေတဲ့အဖြစ် မျိုးတွေပါ။

အတွေးတွေကိုရပ်လို့လည်း မရဘူးဖြစ်နေတတ်ပါတယ်။

ကျေနပ်လို့ လောဘနဲ့ တွေးတဲ့အတွေးတွေရယ်။

မကျေနပ်လို့ ဒေါသနဲ့ တွေးတဲ့အတွေးတွေရယ်။

ဦးတည်ရာမဲ့ မောဟနဲ့ တွေးတဲ့အတွေးတွေရယ်။

တစ်ခါတစ်လေ တစ်ညလုံးမိုးလင်းတဲ့အထိ အိပ်မပျော်ဖြစ်သွားတတ်ပါတယ်။

တရားမှတ်ကြည့်ပါလားလို့ အကြံပေးကြည့်တော့ - တရားမှတ်တာက တခြား

အိပ်မပျော်တာကတခြားလို့ပြောပါတယ်။

တရားမှတ်လိုက်မှ ပိုတောင်အိပ်မပျော်ဖြစ်သွားတတ်လို့ ပြောတဲ့သူတွေ တောင်ရှိပါတယ်။

တကယ်တော့ တရားမှတ်တယ်ဆိုတာ လူရောစိတ်ပါ တင်းနေတာတွေ

လျော့ပြီးအေးချမ်းသွားတာမို့ အိပ်မပျော်သူတွေအတွက်ရော မပင်မပန်းဘဲ

အိပ်ပျော်ဘို့အတွက်ရော တရားမှတ်ရင်းအိပ်ပျော်အောင် အလေ့အကျင့်ပြုလုပ် ထားသင့်ပါတယ်။

အိပ်ရာထဲမဝင်ခင် ခြေလက်ဆေး မျက်နှာသစ် သွားတိုက်ဘို့ လိုပါမယ်။

အိပ်ရာထဲရောက်ပြီဆိုတာနဲ့ ခေါင်းအုံးပေါ်ကို ခေါင်းကိုဖြေးဖြေးလေး ချလိုက်ပါ။


25

ပက်လက်အနေအထားအတိုင်း အိပ်လိုက်ပါ။

မိမိစိတ်ကို မိမိကိုယ်ပေါ်ကို အာရုံထားလိုက်ပါ။

ဒီနေရာမှာ အရေးကြီးပါတယ်။

တစ်နေကုန် မရပ်မနားပြေးလွှားခဲ့တဲ့စိတ်ကို တစ်ခါတည်း ထိန်းချုပ်ဘို့ မလွယ်ပါဘူး။

အလေ့အကျင့်များထားသူတွေနဲ့ စိတ်သိပ်မပင်မပန်းတဲ့သူတွေအဘို့တော့

နှာသီးဝတို့ ဝမ်းဗိုက်တို့ဆီ စိတ်ကိုအာရုံထားနိုင်ပါတယ်။

အလေ့အကျင့်နဲနေသူတွေအတွက်တော့ ပြင်ပအာရုံတွေဆီကို ရောက်နေတဲ့စိတ်ကို

မိမိကိုယ်ပေါ်ကိုရောက်အောင်လောက်ဘဲ အရင်ဆုံး ကြိုးစားရပါမယ်။

တစ်နေရာထဲကို စိတ်ကိုထားလိုက်တာထက် ကိုယ်ကြီးကို အပေါ်ယံက သိနေတာမျိုး

အပေါ်စီးက ကြည့်နေတာမျိုး အပြင်လူက ကြည့်နေတာမျိုး

တစိမ်းက အကဲခတ်နေတာမျိုး စိတ်နဲ့ကြည့်နေလိုက်ပါ။

တစ်ခုခုကို တစ်နေရာရာကို အတင်းကပ်ထားတာမျိုး မလုပ်ဘဲ ကိုယ်မှာ

ပေါ်နေတာကို အသာအယာသိနေတတ်အောင် စိတ်ကိုထားလိုက်ပါ။

တစ်ကိုယ်လုံးဟာ ပူနေတာတွေ တင်းနေတာတွေ လှုပ်နေတာတွေ ပုံစံမျိုးနဲ့

ပြနေတာကို တွေ့ရပါလိမ့်မယ်။ အဆက်မပြတ်ပြောင်းလဲနေတာလည်း တွေ့ရပါလိမ့်မယ်။

ဘယ်ဟာကိုမှ စွဲစွဲလန်းလန်းနဲ့ မှတ်မနေဘဲ ပေါ်ချင်တာပေါ်နေပါစေ။

သာသာလေးဘဲ သိနေလိုက်ပါ။

အသက်ရှူနေတာကို ကိုယ့်ကိုယ်ကိုသတိထားကြည့်ပါ။

ပြင်းပြင်းရှူနေမယ် သက်ပြင်းတွေ ချနေမယ်။

အဲဒါကိုလည်း အသာအယာသိနေပါ။

စောစောက လှုပ်နေရွနေတာ တွေရော အသက်ရှူနေတာတွေရောကို သာသာလေးသိနေပါ။

တဖြေးဖြေးနဲ့ အသက်ရှူတာတွေ တင်းနေတာတွေဟာ


26

စောစောကလို မဟုတ်တော့ဘဲ နူးညံ့သိမ်မွေ့လာပါလိမ့်မယ်။

အပြင်က အကြောင်းတွေနဲ့ပတ်သက်တဲ့ အိပ်မပျော်စေတဲ့ အတွေးတွေက

စိတ်ကိုဖယ်ခွါပြီး မိမိကိုယ်ပေါ်မှာ ဖြစ်ပေါ်နေတာတွေကို ပေါ်နေဆဲအခိုက်

သိထားနေတဲ့စိတ်ဟာ ဖြေးဖြေးချင်း ငြိမ်သက်လာတာမို့ မကြာခင် နှစ်နှစ်ခြိုက်ခြိုက်

အိပ်ပျော်သွားမှာဖြစ်ပါတယ်။

ဒီလို ရှုမှတ်နေရင်းကနေ အသိဥာဏ်တွေတိုးတက်ဖြစ်ပေါ်လာပြီး မဂ်ဥာဏ် ဖိုလ်ဥာဏ်တွေလည်း

ရရှိနိုင်တာမို့ အလွန်လုပ်သင့်တဲ့အလုပ်ဖြစ်ကြောင်း တင်ပြ ပေးလိုက်ပါတယ်ခင်ဗျာ။


27

နှင်တံ

နှင်တံပြလိုက်ရုံနဲ့ ပြေးတဲ့မြင်းရှိသလို အမွှေးကို တို့ အသားကို ထိမှ

ပြေးတဲ့မြင်းရှိပါတယ်။ တချို့ က အသားနာအောင်ရိုက်မှ ပြေးကြပြီး

တချို့ က အရိုးထိနာမှ ပြေးကြပါတယ်။

ဘယ်လိုဘဲပြေးပြေး အာဇာနည်မြင်းလို့ခေါ်ပါတယ်။

ဒီလိုဘဲ လူ့လောကမှာ အိုနာသေ ပျက်စီးခြင်းတွေကြားရုံမျှနဲ့ သံဝေဂရပြီး

တရားအားထုတ်တဲ့သူရှိသလို မျက်စိနဲ့မြင်လိုက်ရလို့ တရားလမ်းပေါ်

ရောက်သွားကြသူတွေလည်း ရှိပါတယ်။

ကိုယ့်သားချင်းတွေ ပျက်စီးတာကို ထိတ်လန့် သံဝေဂရသွားသလို

ကိုယ်တိုင် နဖူးတွေ့ ဒူးတွေ့ကြုံမှ ကြောက်လန့်ပြီး

တရားကိုအားကိုးသွားသူတွေ လည်းရှိပါတယ်။

ဘာကြောင့်ဘဲလုပ်လုပ် လုပ်ဖြစ်ဖို့အဓိကပါဘဲ။

နှင်တံဥပမာပြပြီး ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟောခဲ့တာ ဖြစ်ပါတယ်။


28

သိပါ

သတိဆိုတာ အာရုံပေါ်စိတ်ရောက်အောင် ဆောင်ရွက်ပေးပါတယ်။

သတိပဌာန်ဆိုတာက အာရုံရဲ့သဘာဝကိုသိအောင် ပြုလုပ်တာကို ခေါ်ပါတယ်။

အာရုံအမျိုးအစားပေါ်မူတည်ပြီး သတိပဌာန်တနည်း သတိမြဲရာလေးမျိုး ရှိပါတယ်။

ကာယ ၊ ဝေဒနာ ၊ စိတ် ၊ ဓမ္မတည်းဟူသော အာရုံလေးမျိုးဖြစ်ပါတယ်။

အနုပဿနာဆိုတာ အနုစိတ် အသေးစိတ်ကို ဆိုလိုပါတယ်။

ကာယာနုပဿနာ သတိပဌာန်ဆိုတော့ ကာယကို မြဲမြံစွာ သတိထားပြီး

အသေးစိတ်သိတယ်လို့ ဆိုပါတယ်။

ကာယဟာ ကိုယ်ပါဘဲ။

မိမိကိုယ်ကြီးကို သတိထားရပါမယ်။

ကိုယ်ကြီးကို ငြိမ်ငြိမ်ထားပြီး သိတာကိုလည်း လုပ်ရမယ်။

မငြိမ်တဲ့အခါမှာလည်း သိနေရပါမယ်။

ငြိမ်တဲ့အခါ ကိုယ်ပေါ်မှာထင်ရှားရာတစ်ခုခုကို သတိထားရမယ်။

ဝင်လေထွက်လေ ထင်ရှားရင် ဝင်လေထွက်လေကို သတိထားပါ။

နှာသီးဝမှာ လေဝင်တာ လေထွက်တာကို သတိထားရမှာပါ။

ဝင်လေထွက်လေလို့ နာမည်မတပ်ရဘူး။

ဝါယောလို့လည်း နာမည်မတပ်ရဘူး။

ရုပ်လို့လည်း နာမည်မတပ်ရဘူး။

ဖြစ်ပျက်လို့လည်း နာမည်မတပ်ရဘူး။

မဟာသတိပဌာနသုတ်မှာလာတဲ့အတိုင်း လေဝင်ရင် လေဝင်တယ်လို့ သိပါတဲ့။

ဝါယောလို့ သိပါ။ ရုပ်လို့သိပါ။ ပျက်လို့သိပါလို့ မပြထားပါဘူး။

ဝင်ရင်ဝင်တာသိ။ တိုးရင်တိုးတာသိ။ ထိရင်ထိတာသိ။ ပူရင်ပူတာသိ။


29

သတိပဌာန်ဆိုတဲ့အတိုင်း စွဲစွဲမြဲမြဲ သိနေပါ။

တည်ငြိမ်မှု သမာဓိရလာတဲ့အခါ တိုးတဲ့သဘော သဘာဝလေးကို

ဥာဏ်ကအလိုလိုမြင်လာပါမယ်။ အလိုလိုမြင်လာမှ ဥာဏ်ဖြစ်ပါတယ်။

တိုးတဲ့သဘော တိုးတဲ့သဘောရဲ့ ကိုယ်ပိုင်သဘာဝဘဲဆိုတာ ဥာဏ်မှာ

ထပ်မြင်လာပါမယ်။ သဘာဝလက္ခဏာဖြစ်ပါတယ်။

ဒါလည်းဘဲ အလိုလိုသိမှ ဥာဏ်လို့ခေါ်နိုင်မှာပါ။


30

လက္ခဏာတွေ့မှ

တရားကို အားထုတ်နေတဲ့သူဟာ မိမိကိုယ်နဲ့ မိမိစိတ်ကို အဆက်မပြတ်

အကဲခတ်နေရပါတယ်။ သတိရမှ ထလုပ်လိုက်ပြီး ကျန်တဲ့အချိန်တွေမှာ သတိလွတ်

နေမယ်ဆိုရင် ဝိပဿနာအလုပ်စဉ်ဟာ ပြတ်တောင်းပြတ်တောင်းဖြစ်နေမှာမို့

သဘောပေါက်မှု အားနည်းနေတတ်ပါတယ်။

ဝိပဿနာရဲ့ပန်းတိုင်က စာလိုပြောတော့ ဝိပဿနာဥာဏ် မဂ်ဥာဏ်

ဖိုလ်ဥာဏ်တွေ အဆင့်ဆင့်ဖြစ်ပေါ်လာပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုရေးဖြစ်ပါတယ်။

အချင်းချင်းနားလည်လွယ်တဲ့စကားနဲ့ပြောရရင် ကိုယ့်ကိုယ်နဲ့ ကိုယ့်စိတ်ကို အမှန်

အတိုင်းသဘောပေါက် နားလည်သွားတာလို့ ပြောရမှာဖြစ်ပါတယ်။ ဘာတွေကို

နားလည်သဘောပေါက်သွားတာလဲလို့ သိစရာရှိပါတယ်။

ကိုယ်နဲ့စိတ်ကို အကဲခတ်နေတဲ့အခါ ကိုယ်မှာပေါင်းစပ်ပါဝင်နေတဲ့

သဘာဝတွေဟာ ကိုယ်ပိုင်သဘာဝတွေရှိနေတာ အရင်ဆုံးတွေ့ရပါမယ်။ ဥပမာ

ကိုယ်မှာတိုးတတ် တင်းတတ် လှုပ်တတ် ငြိမ်တတ် တောင့်တတ် လျော့တတ်

တဲ့သဘာဝတစ်ခုရှိနေတာ တွေ့ရပါမယ်။ ဒီသဘာဝဟာ လေရဲ့သဘာဝဖြစ်ပြီး

ဝါယောလို့ အမည်ရှိပါတယ်။

ဝါယောရဲ့ သီးသန့်ကိုယ်ပိုင်လက္ခဏာဖြစ်ပါတယ်။

အလားတူဘဲ ပူတဲ့ အေးတဲ့ ကိုယ်ပိုင်သဘာဝရှိတဲ့ တေဇော။

မာတဲ့ ပျော့တဲ့သဘာဝရှိတဲ့ ပထဝီ။

ဖွဲ့ခြင်း ယိုခြင်းသဘောရှိတဲ့ အာပေါ။ စသည်ဖြင့် ကိုယ်ပိုင်လက္ခဏာရှိတဲ့ သဘာဝတွေကို ကိုယ်မှာတွေ့လာ

ပါမယ်။

ကိုယ်ဆိုတာ အမည်အနေနဲ့သာရှိပြီး တကယ်ရှိတာက ကိုယ်ပိုင်လက္ခဏာ

အသီးသီးရှိကြတဲ့ သဘာဝတွေဘဲလို့ နားလည်သဘောပေါက်ပါလိမ့်မယ်။


31

အလားတူဘဲ သိတတ်တဲ့ သဘာဝရှိတဲ့စိတ်။

ခံစားတတ်တဲ့ ဝေဒနာ။

မှတ်သားတတ်တဲ့ သညာ။

စေ့ဆော်တတ်တဲ့ သင်္ခရ။

အစရှိတဲ့ ကိုယ်ပိုင်လက္ခဏာရှိတဲ့ သဘာဝတွေကို စိတက


ိုအကဲခတ်နေရင်

တွေ့ရပါတယ်။

ဒီလို နားလည်သဘောပေါက်မှုကို ဝိပဿနာဥာဏ်လို့ ခေါ်ပါတယ်။

ကိုယ်ဆိုတာ မရှိ။ ငါဆိုတာလည်း မရှိ။

ကိုယ်မှာတွေ့တဲ့ သဘာဝတွေကို ရုပ်တွေလို့ခေါ်ပြီး ရုပ်တွေပေါင်းစုနေတာကို

ရူပက္ခန္ဓာလို့ ခေါ်ပါတယ်။

အလားတူဘဲ ဝိညာဏက္ခန္ဓာ ဝေဒနာက္ခန္ဓာ သညာဏက္ခန္ဓာ သင်္ခရက္ခန္ဓာ

စတဲ့ နာမ်ခန္ဓာလေးပါးဟာလည်း ဖွဲ့စည်းပါတယ်။

ဒီလိုရုပ်တွေ နာမ်တွေသာလျှင်ရှိတတ်လို့ သဘောပေါက်ဘို့ အဲဒီရုပ်တွေ

နာမ်တွေမှာရှိတဲ့ ကိုယ်ပိုင်လက္ခဏာ Individual characteristic ကို တွေ့ရပါမယ်။

အဲဒါကို သဘာဝလက္ခဏာကို တွေ့တယ်လို့ဆိုပါတယ်။

ဝိပဿနာအားထုတ်သူတွေ တွေ့ရမယ့် ပထမဆုံးအသိအမြင်ဖြစ်ပါတယ်

ဒီသဘာဝတွေအားလုံးဟာ ပေါ်ပေါ်ခြင်းပျောက်ပျောက်သွားတာကိုလည်း

တွေ့ရပါမယ်။ အားလုံး ဒီသဘာဝတူတူရှိကြတာမို့ သာမညလက္ခဏာ

Universal characteristic လို့ ခေါ်ပါတယ်။

သဘာဝလက္ခဏာနဲ့ သာမညလက္ခဏာဟာ အရှုခံရုပ်နာမ် ပရမတ်

တရားတွေမှာ တစ်ပြိုင်တည်းရှိနေပါတယ်။

တရားအားထုတ်နေသူရဲ့ အားထုတ်နေတဲ့စိတ်အနေအထားပေါ် မူတည်ပြီး


32

အဲဒီ လက္ခဏာနှစ်ခုမှာ တစ်ခုပြီးမှတစ်ခု ထင်တာရှိသလို နှစ်ခုစလုံး တစ်ပြိုင်နက်

ဥာဏ်မှာထင်လာလည်းရှိပါတယ်။

သဘာဝလက္ခဏာကို တွေ့ရင်နာမရူပပရိစ္ဆေဒဥာဏ်ဖြစ်ပြီး သာမည

လက္ခဏာကိုတွေ့ရင် ဥဒယဗ္ဗယဥာဏ်ဖြစ်ပါတယ်။

ဒီလက္ခဏာနှစ်ခုကို သိတဲ့ ဒီဥာဏ်နှစ်ခုရပြီ ဆိုရင် မဂ္ဂင်လမ်းပေါ်ကောင်းမွန်စွာ

ရောက်ရှိပြီဖြစ်ပါတယ်။
33

ရုပ်နာမ်ဖြစ်ပျက်

တရားအားထုတ်သူတွေ မဖြစ်မနေတွေ့ရမယ့် အမြင်နှစ်ခုရှိပါတယ်။

ရုပ်နာမ်ကိုမြင်ခြင်းနဲ့ ဖြစ်ပျက်ကိုမြင်ခြင်းတို့ ဖြစ်ပါတယ်။

ခန္ဓာကိုမြင်ခြင်းနဲ့ အနိစ္စကိုမြင်ခြင်းလို့ ပြောနိုင်ပါတယ်။

သဘာဝလက္ခဏာကိုမြင်ခြင်းနဲ့ သာမညလက္ခဏာကိုမြင်ခြင်းလို့လည်း

ပြောနိုင်ပါတယ်။

နာမရူပပရိစ္ဆေဒဥာဏ်နဲ့ ဥဒယဗ္ဗယဥာဏ်တို့ ဖြစ်ကြပါတယ်။

တရားအားထုတ်နေသူဟာ ကိုယ့်ကိုယ်နဲ့ ကိုယ့်စိတ်ကို သတိကပ် အကဲခတ်နေစဉ်မှာ

ကိုယ်မှာရှိတဲ့ သဘာဝတွေကိုတွေ့လာရင် ရုပ်ကိုမြင်တာဖြစ်ပါတယ်။

စိတ်မှာရှိတဲ့ သဘာဝတွေကို တွေ့လာရင် နာမ်ကိုတွေ့တာဖြစ်ပါတယ်။

အဲဒီသဘာဝတွေဟာ သူ့အလုပ်သူလုပ်နေတာလို့ သဘောပေါက်သွားရင်

ပထမအမြင်ဖြစ်ပါတယ်။

အဲဒီသဘာဝတွေဟာ ပေါ်ပေါ်ချင်းဘဲ ပျောက်သွားတာဘဲလို့ အသိဖြစ်

ပေါ်လာရင် ဒုတိယအမြင်ဖြစ်ပါတယ်။

ဒီသဘာဝတွေဟာ အရှုခံဖြစ်တဲ့ ကိုယ်နဲ့စိတ်မှာ တပြိုင်တည်းရှိနေသလို

အချိန်တိုင်းရှိနေတာဖြစ်ပါတယ်။

တရားအားထုတ်သူရဲ့ အကဲခတ်နေတဲ့စိတ်ဟာ ညီညွတ်မျှတနေပြီး

နှလုံး သွင်းမှုမှန်ကန်မယ်ဆိုရင် ဒီအမြင်နှစ်ခုကို မြင်မှာသေချာဘဲဖြစ်ပါတယ်။

အားထုတ်သူဟာ ဒီအမြင်နှစ်ခုကို တစ်ခုပြီးမှတစ်ခု မြင်တာရှိသလို

တပြိုင်နက်လိုလို့မြင်သွားကြတာလည်း ရှိပါတယ်။

တချို့ အားထုတ်သူတွေကတော့ သဘာဝတွေကို အကူဥာဏ်ဖြစ်တဲ့နာမည်

တပ်ပြီး တဆင့်သိ အသိမျိုးနဲ့ ကြံတွေးသိတာလည်းရှိပါတယ်။


34

အလိုလိုသိလိုက်တာက သမ္မာဒိဌိဖြစ်ပြီး ကြံတွေးသိတာက သမ္မာသင်္ကပ္ပ ဖြစ်ပါတယ်။

ဘယ်လိုဘဲသိသိ တန်ဘိုးရှိတဲ့အသိတွေဖြစ်တာမို့ ဒီအမြင် ဒီအသိနှစ်ခု

ကို သိအောင် မြင်အောင် မှန်ကန်စွာနှလုံးသွင်းအားထုတ်ကြရအောင်

တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။
35

လမ်းလွဲ

တရားအားထုတ်တဲ့အခါ ရာသီဥတုကလည်း မျှတပြီး ပတ်ဝန်းကျင်

အနှောက်အယှက်လည်း နည်းပါးတဲ့အခါ အားထုတ်လို့ကောင်းတတ်ပါတယ်။

အတော်အသင့် အလေ့အကျင့်ရလာပြီဆိုရင် ရှုစိတ်ကလည်း တည်တည်ငြိမ်ငြိမ်နဲ့

အရှုခံကို ရှုနိုင်လာပါပြီ။

စိတ်ပျံ့လွင့်မှုလည်း အရင်ကလောက် မများတော့တဲ့အခါ စိတ်က အေးချမ်းနေတတ်ပါတယ်။

ဝီရိယရယ် သတိရယ် သမာဓိရယ် မျှတစွာ အလုပ်လုပ်နေကြပြီမို့

သမ္မာ ဝါယမ သမ္မာ သတိ သမ္မာ သမ္မာဓိ ဆိုတဲ့ သမာဓိမဂ္ဂင်သုံးပါး ပြည့်စုံနေပါပြီ။

ဒီအချိန်မှာ ရှုရင်းရှုရင်းနဲ့ ဝီရိယတက်လာပြီး ဝီရိယလွန်လာတဲ့အကြောင်း ပြောပြခဲ့ပါတယ်။

မပိုမလိုတဲ့ ဝီရိယနဲ့ သိရုံမျှသိသိသွားမယ်ဆိုရင် တည်ငြိမ်တဲ့ အေးချမ်းတဲ့ သမာဓိ ရလာပါတယ်။

သမာဓိဟာ တဖြည်းဖြည်းတက်လာပါတယ်။

သမာဓိကောင်းလာလေ အေးချမ်းလာလေမို့ တရားအားထုတ်သူဟာ

ရှုနေတဲ့အာရုံရဲ့ သဘာဝကို မရှုတော့ဘဲ ပုံသဏ္ဍာန်ကို အာရုံပြုသွားတတ်ပါတယ်။

ဝင်လေထွက်လေ ဆိုပါစို့။

စရှုတုန်းက ဝင်လေထွက်လေရဲ့ လေသွားတဲ့ပုံမြင်ရတယ်။ ပညတ်ပါ။

ရှုရင်းနဲ့ သတိသမာဓိကောင်းလာတဲ့အခါ လေရဲ့ တိုးတဲ့သဘောကို

သိလာပါတယ်။ ပရမတ်ပါ။

သမာဓိကောင်းသထက်ကောင်းလာရင် အေးချမ်းတဲ့ အရသာဆီစိတ်ရောက်သွားပြီး

တိုးတဲ့သဘောကို မသိတော့ဘဲ လေရဲ့ဝင်နေ ထွက်နေတဲ့ပုံသဏ္ဍာန်ကိုဘဲ သိနေပါတော့တယ်။

အေးသထက်လေးလာပြီး ကိုယ်ပါပျောက်လို့ ဟင်းလင်းပြင်ကြီးလိုဖြစ်နေတတ်တယ်။

သမာဓိလွန်သွားတာ ဖြစ်ပါတယ်။

ဝိပဿနာရှုရင်း သမထဖြစ်သွားတာမို့ သတိထားရမယ့်နေရာပါဘဲ။


36

ဘယ်လိုသမာဓိကောင်းပါစေ။ မူလရှုနေတဲ့ တိုးသဘောကိုသာ သိသိ နေမယ်ဆိုရင်

သိစိတ်ထင်ရှားလာပြီး ဥာဏ်ပေါ်တော့မှာဖြစ်ပါတယ်။

အေးချမ်းတာကိုပြောင်းပြီး အေးသဘောကိုဆက်ရှုနိုင်မယ်ဆိုရင် ဝိပဿနာ

ဖြစ်နိုင်ပေမယ့် ရှုသူက အဲဒီအေးတာကိုကြိုက်နေတာမို့ အစွဲပိုဖြစ်သွားနိုင်ပါတယ်။

ဝီရိယလွန်တုန်းက စိတ်ပင်ပန်းတာသိသာပေမယ့် သမာဓိလွန်လို့ အေးချမ်းတာကို

ကျေနပ်နေတတ်ပါတယ်။

ဥာဏ်ပေါ်ခါနီးမှ ဖြစ်တတ်တဲ့နစ်နာမှုပါဘဲ။

သတိထားကြဘို့ တင်ပြပေးလိုက်ပါတယ်ခင်ဗျာ။
37

နိဗ္ဗာန်

နိဗ္ဗာန်ဆိုတာ ဘာလဲ။

ရာဂကုန်တာ နိဗ္ဗာန်။ ဒေါသကုန်တာ နိဗ္ဗာန်။ မောဟကုန်တာ နိဗ္ဗာန်။

ရာဂကုန်ရာ အကျင့်ပေါင်းများစွာရှိပါတယ်။ ဘယ်လိုကျင့်ကျင့်

မောဟ ကျန်နေသမျှ ရာဂမကုန်ပါ။

ဒေါသကုန်ရာ အကျင့်ပေါင်းများစွာရှိပါတယ်။

ဘယ်လိုကျင့်ကျင့် မောဟ ကျန်နေသမျှ ဒေါသမကုန်ပါဘူး။

မောဟကုန်ရာ အကျင့်များစွာရှိပါတယ်။

အကျင့်အားလုံးရဲ့ အနှစ်ချုပ်က သတိပဌာန်ဖြစ်ပါတယ်။

သတိပဌာန်ဆိုတာဘာလဲ။

ကိုယ့်အဖြစ်ကိုယ် လက်တွေ့သိအောင်ကျင့်တာ သတိပဌာန်။

ကိုယ့်ရုပ်ကိုယ့်နာမ်ကို အမှန်သိအောင်ကျင့်တာ သတိပဌာန်။

မောဟကုန်ရင် ရာဂလည်းကုန်ပါပြီ။ မောဟကုန်ရင် ဒေါသလည်း ကုန်ပါပြီ။

ဒါဖြင့် မောဟဆိုတာဘာလဲ။

အမှန်ကို မသိတာမောဟပါ။

ဘယ်အမှန်ကိုသိရမှာလဲ။

ကိုယ့်အကြောင်း ကိုယ်သိတာအမှန်။ ကိုယ့်အဖြစ် ကိုယ်သိတာအမှန်။

ကိုယ့်အကြောင်းက ဘာလဲ။ ကံပို့ပေးလို့ ဒီဘ၀ရတာပါ။

ကိုယ်က ဘာလဲ။ ရုပ်နဲ့နာမ်ဘဲ။ ဒါဆို ရုပ်နဲ့နာမ်ကိုသိရင် ကိုယ့်ကိုယ် ကို သိပြီ။

ကိုယ်အဖြစ်က ဘာလဲ။

ရုပ်က သူ့အလုပ်သူလုပ် နာမ်က သူ့အလုပ်သူလုပ်တာဘဲ။

ရုပ်အကြောင်းသိတယ်၊ နာမ်အကြောင်းသိတယ်ဆိုရင် အမှန်သိပါပြီ။


38

အမှန်သိလေ မောဟနည်းလေ။

အမှန်အကုန်သိလေ မောဟအကုန်ကုန်လေ။

အမှန် သိကြပါစေ။

မောဟ နည်းကြပါစေ။

အမှန်အကုန်သိကြပါစေ။

မောဟ အကုန် ကုန်ကြပါစေ။


39

အသံ

မိတ်ဆွေတစ်ယောက်က မေးလာပါတယ်။

စက်သံလို့ကြားတဲ့အခါ အစမှာတော့ စက်သံလို့ သိနေပါတယ်။

နောက်တော့ စက်သံလို့ မသတ်မှတ်တော့ဘဲ ကြားခါမျှဘဲဖြစ်နေပါတယ်။

သူလုပ်နေတာ ဟုတ်ပါသလား။ ဘာဆက်လုပ်ရပါ့မလဲ။

မိတ်ဆွေတွေလည်း ဖြေကြည့်ပါ။ ကျွန်တော်လည်း ပြောကြည့်ပါမယ်။

နောက်မိတ်ဆွေ တစ်ဦးကလည်း တယ်လီဖုန်းအသံမည်ရင်

ဘယ်လိုနှလုံးသွင်းရမယ်ဆိုတာ ရေးပါဦးလို့ ပြောပါတယ်။

ယေဘုယျအားဖြင့် အသံတစ်ခုကြားပြီဆိုရင် ဘာသံလဲလို့

အရင်ဆုံး စူးစမ်းတတ်ပါတယ်။

ဘာသံဘဲလို့ သတ်မှတ်လေ့ရှိပါတယ်။

သတိနဲ့နေသူ တရားအားထုတ်နေသူတွေအဘို့တော့ ဘာသံလဲလို့ စူးစမ်းသတ်မှတ်တာထက်

အသံဘဲလို့ သိလိုက်တာကများပါတယ်။ ဘာသံလဲဆိုတာကို အလေ့အကျင့်လုပ်

ထားရပါမယ်။ ဘာသံဘဲ။ ဘယ်ကအသံဘဲ။ ဘာလို့အသံထွက်လာတာလဲ

စသည်ဖြင့် အသံဆီကို အာရုံရောက်သွားပြီးရင် စိတ်တွေအမျိုးမျိုးဆက်ဖြစ်ပေါ်လာပါတယ်။

တရားအားထုတ်တဲ့သူဟာ အသံကို စူးစမ်းဘို့မဟုတ်ပါဘူး။

အသံကြောင့် ကိုယ့်ကိုယ် body နဲ့ mind မှာ ဖြစ်လာတာတွေကို စူးစမ်းရမှာဖြစ်ပါတယ်။

ဒါကြောင့်မို့ အသံကြားရင် အကျင့်ပါနေလို့ ဘာသံဘဲလို့ သတ်မှတ်မိပေမယ့်

ကြားစရာအသံဘဲလို့ အရင်ဆုံးနှလုံးသွင်းဘို့ လိုပါတယ်။

ပြီးမှ မိမိကိုယ်ကို အာရုံပြုလိုက်ပါ။ အသံကိုနားကကြားတာကို တွေ့ပါမယ်။

စိတ်က သိနေတာကိုတွေ့ပါမယ်။ နားမှာ သတိထားရင် အသံတွေနားမှာ

အဆက်မပြတ်တိုးနေတာတွေ့ပါမယ်။ ကြားလို့ ကြားစိတ်တွေဖြစ်နေတာတွေ့ပါမယ်။


40

အဲလို သိနေရင် ဘာသံဘဲဆိုတဲ့ သတ်မှတ်ချက်ဟာ တဖြေးဖြေးနည်းပါးလာပြီး အသံကို

စိတ်ဝင်စားမှုမရှိတော့ဘဲ အသံကြောင့်နားမှာ ဖြစ်နေတဲ့သဘာဝတွေကို သိနေပါလိမ့်မယ်။

ဒီထက် တစ်ဆင့်တိုးပြီး အသံဆိုတဲ့ပြင်ပအာရုံနဲ့ နားဆိုတဲ့အာရုံခံဟာ

သူ့အလုပ်သူလုပ်နေကြတဲ့ သဘာဝတွေဘဲလို့ သဘောပေါက်လာပါလိမ့်မယ်။

စိတ်ဘက်ကို ကြည့်လိုက်ရင်လည်း အသံကိုစိတ်ဝင်စားမှုကို ဦးစားမပေးဘဲ

ကြားနေတာကို ဦးစားပေးပြီးသိနေတဲ့ကြားသိစိတ်ကို တွေ့ရပါမယ်။

ကြားတာရော ကြားတာကို သိတဲ့စိတ်ရောဟာလည်း သူ့သဘာဝနဲ့ သူ

ပေါ်နေ ဖြစ်နေ ပျက်နေ ပျောက်နေ တာကို တွေ့ပါလိမ့်မယ်။

အဲလို အသိနဲ့နေနေပြီဆိုရင် အသံကိုလည်း စွဲလန်းမှုမရှိတော့ပါဘူး။

ကြားတာကိုလည်း စွဲလန်းမှုမရှိတော့ပါဘူး။ သတ်မှတ်ချက်မထားတော့ဘဲ

ကြားတာမျှ ဆက်သိနေမယ်ဆိုရင် အသိမှန်ပါဘဲလို့ ပြောလိုပါတယ်

မေးခွန်းရှင် နဲ့ မိတ်ဆွေတို့ခင်ဗျာ။


41

ဒိဌိဝိသုဒ္ဓိ

တရားအားထုတ်နေတဲ့သူဟာ မိမိကိုယ်နဲ့ စိတ် body and mind ကို

အချိန်တိုင်း အချိန်တိုင်း သတိထားအကဲခတ်နေရတာဖြစ်ပါတယ်။

ကိုယ်ကို အကဲခတ်နေရင် ကိုယ်မှာပေါ်နေတဲ့ သဘာဝတွေကို သိနေမှာဖြစ်ပါတယ်။

ကိုယ်မှာပေါ်တဲ့ သဘာဝတွေကို ရုပ်လို့ခေါ်ပြီး

စိတ်မှာပေါ်တဲ့သဘာဝတွေကို နာမ်လို့ခေါ်ပါတယ်။

သိအားကောင်းလာရင် ရုပ်တွေဟာ သူ့အလုပ်သူလုပ်နေသလို

စိတ်တွေဟာလည်း သူ့အလုပ်သူလုပ်နေတာတွေ့ပါမယ်။

တရားအားထုတ်သူဟာ ကိုယ်နဲ့စိတ်ကို သဲသဲမဲမဲအားစိုက်ပြီး ရှုနေတာမျိုးမလုပ်ဘဲ

အတတ်နိုင်ဆုံး စိတ်အေးအေးထားပြီး သက်သက်သာသာရှုနေ အကဲခတ်နေမယ်ဆိုရင်

ရုပ်သဘာဝတွေ နာမ်သဘာဝတွေကို အလွယ်တကူဘဲ တွေ့နေ သိနေ မြင်နေမှာဖြစ်ပါတယ်။

ရုပ်သဘာဝတွေဟာ အများကြီးရှိတယ်ဆိုပေမယ့် တရားအားထုတ်သူဟာ

အဲဒီ အများကြီးကို လိုက်ရှုနေရတာမဟုတ်ပါဘူး။

တင်းနေတာဖြစ်ဖြစ် တိုးနေတာဖြစ်ဖြစ် ပူနေတာဖြစ်ဖြစ် ပေါ်ရာ ထင်ရှားရာကို

အလိုက်သင့်သိနေရမှာဖြစ်ပါတယ်။

ဘုရားရှင်ရဲ့ ဥာဏ်တော်နဲ့ ဟောကြားတော်မူခဲ့တဲ့ ရုပ်အမျိုးမျိုးကိုတွေ့ဘို့ ဆိုတာ

ဘယ်လိုမှမဖြစ်နိုင်ပါဘူး။

ရုပ်တစ်မျိုးရဲ့ သဘာဝကို ပိုင်ပိုင်နိုင်နိုင်သိရင် အားလုံးသောရုပ်တွေရဲ့သဘောကို

သိသွားတာပါဘဲ ဖြစ်ပါတယ်။

ရုပ်အားလုံးရဲ့သဘာဝက ပြောင်းလဲနေခြင်းဘဲဖြစ်ပါတယ်။ ဖောက်ပြန်တာလို့လည်း သုံးကြပါတယ်။

ဖောက်ပြန်တာဆိုရင် နဂိုမူလသဘောက သွေဖယ်သွားတာလို့ အဓိပ္ပာယ်သက်ရောက်ပါတယ်။

ရုပ်တွေရဲ့ သဘောက မူလသဘာဝကိုယ်၌က မတည်မငြိမ် အပြောင်းအလဲဖြစ်နေတာဖြစ်ပါတယ်။


42

ဘာဘဲဖြစ်ဖြစ် ကိုယ်ကိုရှုပါ။ သဘာဝကိုတွေ့ရင် ရုပ်ကိုတွေ့တာဖြစ်ပါတယ်။ ရုပ်ရဲ့သဘာဝကို

ဆက်ရှုနေပါ။ ပြောင်းလဲနေတဲ့သဘောတစ်ခုမှတစ်ပါး အခြားမရှိပါ။

အစပိုင်းမှာ တိုးတယ် တင်းတယ် ပူတယ်လို့ နာမည်တပ်နေမိလိမ့်မယ်။

နာမည်ကို ဂရုမစိုက်ပါနဲ့။ အစပိုင်းမှာ ပေါ်ပျောက်ဖြစ်ပျက်ဘဲလို့ မှတ်ချက်ပေးနေ

တတ်ပါတယ်။ အဲလို လိုက်ဆိုမနေပါနဲ့။ တဖြည်းဖြည်းနဲ့ သူ့သဘာဝအမှန်ကို သိနေ

သိနေတာကိုဘဲ လုပ်နေရင် စိတ်က မပင်မပန်းဘဲကြည်လင် ပေါ့ပါးနေပါလိမ့်မယ်။

သဘာဝတွေ ဖြစ်ပျက်နေတာလည်း အမြင်မှာရှင်းလင်းနေပါလိမ့်မယ်။

သမ္မာဒိဌိဖြစ်ပါတယ်။

ဒီဌိဝိသုဒ္ဓိဖြစ်ပါတယ်။

ဥဒယဗ္ဗယဥာဏ်ဖြစ်ပါတယ်။

စိတ်ကို ရှုတဲ့အခါမှာလည်း စိတ်မှာဖြစ်နေတဲ့ သိတတ်တဲ့သဘာဝကို တွေ့မယ်။

ခံစားတတ်တဲ့ သဘာဝကိုတွေ့မယ်။

မှတ်သားတတ်တဲ့သဘာဝကိုတွေ့မယ်။

စေ့ဆော်တတ်တဲ့ သဘာဝကိုတွေ့မယ်။

နာမ်ခန္ဓာတွေဖြစ်ပါတယ်။

သူတို့ရဲ့ ဖြစ်ပျက်ကိုတွေ့မယ်။

ဥာဏ်ဖြစ်ပါတယ်။

သဘာဝအမှန်ကို ကိုယ်တွေ့သိခြင်းဖြင့် အေးချမ်းမှုနဲ့ အသိဥာဏ်ရရှိနိုင်ကြပါစေ။


43

မေးသူနှစ်ယောက်

တရားအားထုတ်နေတဲ့ မိတ်ဆွေနှစ်ယောက်နဲ့ တွေ့ပါတယ်။

တစ်ယောက် ကပြောပါတယ်။ (တရားစထိုင်တဲ့အခါ နှာသီးဝက ဝင်လေထွက်လေကို မှတ်ပါ

တယ်။ ခဏကြာတော့ ဝေဒနာပေါ်လာပါတယ်။ ဝေဒနာကိုပြောင်းပြီး မှတ်ပါတယ်။

မှတ်ရင်းမှတ်ရင်းနဲ့ ဝေဒနာဟာ လျော့လျော့လာပြီး နောက်ဆုံးဝေဒနာပျောက် သွားတယ်။

မှတ်စရာလည်းမရှိတော့ဘူး။ တစ်ကိုယ်လုံးလည်း အေးချမ်းပေါ့ပါးနေပါတယ်)တဲ့။

နောက်တစ်ယောက်ကလည်း ပြောပါတယ်။ (ရိပ်သာတော့ နှစ်ခါဝင်ဘူးပါတယ်။

အခု အိမ်မှာရသလောက်လေး တရားထိုင်ကြည့်တာ နှာသီးဝမှာ ဘယ်လိုမှ မှတ်မရဘူးဖြစ်နေတယ်။

နှာသီးဝမှာ မှတ်လိုက်။ ခဏနေလွင့်သွားလိုက်။ ပြန်မှတ်လိုက်။ ပြန်လွင့်လိုက်နဲ့ တရားမှတ်လို့ကို

မရဘူးဖြစ်နေတယ်။ဘာဆက်လုပ်ရမလဲ)တဲ့။

နှစ်ယောက်စလုံးဟာ တရားအားထုတ်ဘူးထားတဲ့သူတွေဖြစ်တာမို့ သူတို့ကို

မေးခွန်းတစ်ခုမေးမယ်လို့ပြောပြီး မေးရပါတယ်။ (တရားအားထုတ်တာ ဘယ်လိုလုပ်တာလဲ)လို့

မေးလိုက်တော့ သူတို့သဘောပေါက်ထားသလိုတွေပြောကြပြီး ဆရာဘဲရှင်းပြပါတော့တဲ့။

တရားအားထုတ်တယ်ဆိုတာ ကိုယ့်ကိုယ်နဲ့ ကိုယ့်စိတ်ကိုသတိထားပြီး

အကဲခတ်နေတာဖြစ်ပါတယ်။ ကိုယ်ကိုသတိထားကြည့်ပါ။ ကိုယ်ကောင်ကြီးလည်း

တွေ့ရင်တွေ့မယ်။ နှာသီးဝလည်းတွေ့ရင်တွေ့မယ်။ ဗိုက်လည်းတွေ့ရင် တွေ့မယ်။

နည်းနည်းသတိထားလိုက်ရင် နှာသီးဝကလေကိုတွေ့မယ်၊ ဗိုက်လှုပ်နေ

တာတွေ့မယ်၊ လက်နှစ်ခုထိနေတာတွေ့မယ်၊ ကြမ်းပြင်နဲ့ထိနေတာတွေ့မယ်၊

တင်းနေတာတွေ့မယ် စသည်ဖြင့် တစ်ကိုယ်လုံးမှာ တွေ့စရာတွေအများကြီးပါဘဲ။

တွေ့နေတာတွေအများကြီးပါဘဲ။

အဲဒီအများကြီးမှာ နှာခေါင်း ခေါင်း ခါး ခြေ လက် ဗိုက် စတဲ့ ကိုယ်ရဲ့

အစိတ်အပိုင်းတွေကို အာရုံမပြုရပါဘူး။ နှာသီးဝမှာဆိုရင် တိုးတာ။ ဗိုက်မှာဆိုရင်


44

လှုပ်တာ။ လက် လက်ချင်းထိတဲ့နေရာမှာ တင်းနေတာ။ ပူနေတာ။ အေးနေတာ

စတဲ့ ကိုယ်မှာပေါ်နေတဲ့ ထင်ရှားတဲ့သဘာဝတစ်ခုခုကို သတိကပ်ပြီး အကဲခတ်နေရပါမယ်။

သူ့သဘာဝကို သိနေတာ မြင်နေတာ မှတ်နေတာ ရှုနေတာဟာ တရား

အားထုတ်နေတာဖြစ်ပါတယ်။ စိတ်ကို အာရုံပြုလိုက်ပါ။

စောစောက ကိုယ်မှာပေါ်နေတဲ့ တင်းတာ တိုးတာ ပူတာ အေးတာတွေ

ကို စိတ်ကသိနေတာတွေ့ရမယ်။ အသံကြားရင် သိနေတာတွေ့ရမယ်။ တွေးနေ

တာတွေ့ရမယ်။ မှတ်နေတာတွေ့ရမယ်။ ကြိုက်မကြိုက် ခံစားနေတာ တွေ့ရမယ်။

ဟိုဟာသိချင် ဒီဟာသိချင် ဖြစ်နေမယ်၊ ပြင်ချင်မယ် စတဲ့စိတ်ရဲ့သဘာဝတွေကို

သတိထား အကဲခတ်နေတာလည်း တရားအားထုတ်တာဖြစ်ပါတယ်။

ကိုယ်နဲ့စိတ်မှာ ပေါ်ရာသဘာဝကို မရှုမှတ်ရင်တော့ တရားအားထုတ်တာမဟုတ်ပါဘူး။

ဒီလိုဖြေလိုက်တော့ ပထမ ဘာမှမှတ်စရာမရှိဘဲ အေးချမ်းနေတဲ့သူက

သူဘာဖြစ်နေတာလဲတဲ့။

သမာဓိလွန်နေတာပါ။

ဝိပဿနာလုပ်ရင်း သမထဖြစ်သွားတာပါလို့ ဖြေလိုက်ရပါတယ်။

နှာသီးဝကို မှတ်မရပေမယ့် စိတ်တွေလွင့်နေတာကို သိတဲ့သူက စိတ်ရဲ့

သဘာဝကို သိတာမို့ ဝိပဿနာဖြစ်နေကြောင်း ရှင်းပြရတာကို မိတ်ဆွေအပေါင်းကို

မျှဝေတင်ပြလိုက်ပါတယ်ခင်ဗျာ။
45

အများဆုံးလွဲလေ့ရှိတာ

ကိုယ်နဲ့ စိတ်မှာ ထင်ရှားရာ တစ်ခုခုကို အာရုံပြုလိုက်ပြီဆိုရင် ထိုသူဟာ

သတိပဌာန် ဘာဝနာကို စလိုက်ပြီလို့ ဆိုနိုင်ပါတယ်။

ကိုယ်မှာ ထင်ရှားရာတွေထဲက ပူတာ အေးတာ တင်းတာ တိုးတာ စတဲ့

သဘာဝတစ်ခုခုကို သတိထားမိပြီဆိုရင် ရုပ်ကိုတွေ့ပြီမို့ သတိပဌာန် ဘာဝနာ

လမ်းပေါ်ရောက်ပါပြီ။

ရုပ်အမျိုးမျိုးဟာ သဘာဝလက္ခဏာလို့ခေါ်တဲ့ ကိုယ်ပိုင်လက္ခဏာတွေ

ရှိကြတဲ့ သဘာဝတရားတွေ ဖြစ်ပါတယ်။

သဘာဝအမျိုးမျိုး စုစည်းပေါင်းစပ်ထားတာမို့ တရားအားထုတ်သူရဲ့

အားထုတ်နေတဲ့ စိတ်မှာ ထင်ရှားလာတာ တစ်ယောက်နဲ့တစ်ယောက် မတူနိုင်ပါဘူး။

တစ်ယောက်ထဲမှာတောင်မှ တစ်ချိန်နဲ့ တစ်ချိန်မတူညီတာ ရှိပါတယ်။

အရင်တစ်ခါတုန်းက တင်းတာတွေ့ပေမယ့် ခုတစ်ခါ ပူတာတွေ့ချင်လည်း တွေ့ပါမယ်။

မှတ်နေရင်းနဲ့ဘဲ မှတ်စရာသဘာဝတွေ ပြောင်းနေတာလည်းတွေ့ပါမယ်။

အရှုခံအာရုံတွေဟာ တသမတ်ထဲမဟုတ်ဘဲ အမျိုးမျိုးပြောင်းလဲပြီးတော့

ပေါ်နေတာဟာလည်း သဘာဝပါဘဲ။

အားထုတ်သူမှာ ရွေးချယ်ခွင့်လုံးဝမရှိပါဘူး။ ပေါ်ရာပြရာကိုသာ ရှုရပါမယ်။

ရွေးချယ်နေရင် သဘာဝအမှန်ကိုသိတဲ့ ဥာဏ်မဖြစ်လာတော့ပါဘူး။

ဘယ်အာရုံဘဲပေါ်ပေါ် ဘယ်သဘာဝဘဲပေါ်ပေါ် ကိုယ်မှာပေါ်တဲ့ရုပ်လို့

ခေါ်တဲ့ သဘာဝတွေအားလုံးဟာ တူညီတဲ့လက္ခဏာတစ်ခုတည်းသာ ရှိပါတယ်။

အဲဒါကတော့ ပြောင်းလဲနေခြင်းပါဘဲ။ အချိန်တိုင်းပြောင်းလဲနေပါတယ်။

မှတ်သည်ဖြစ်စေ အမှတ်မဲ့နေသည်ဖြစ်စေ ရုပ်တွေအားလုံးဟာ မရပ်မနား

ပြောင်းလဲနေတဲ့ သဘာဝအတိုင်းဖြစ်ပေါ်နေတာဖြစ်ပါတယ်။
46

တရားအားထုတ်သူဟာ ကိုယ်ကိုသတိထားအကဲခတ်နေတဲ့အခါ ရွရွ မွမွ တွေ့တွေ့ နေပါမယ်။

ပညတ်လို့ခေါ်ပါတယ်။

ရွရွ မွမွတွေကိုဘဲ စိတ်အေးအေးနဲ့ သတိထားနေရင် ပူတဲ့ တင်းတဲ့ တိုးတဲ့ သဘောတစ်ခုခုကို တွေ့ပါမယ်။

ပရမတ်လို့ခေါ်ပါတယ်။

ရွရွမွမွ တွေ့နေတာကို ပူတင်းတာ တိုးတာကို တွေ့ချင်စိတ်နဲ့ မရှာရပါဘူး။

အေးအေးဆေးဆေး သက်သက်သာဘဲ ရွရွမွမွကို သိနေရင် ပူတာ တင်းတာ တိုးတာ

ထင်ရှားလာမှာဖြစ်ပါတယ်။

ပညတ်ကို ဖယ်ပြီး ပရမတ်ကို မရှုရပါဘူး။ ပညတ်ကို ရှုနေစဉ်မှာဘဲ

ရှုစိတ်က သတိ ဝီရိယ သမာဓိမျှတလာရင် ပရမတ်က အလိုလိုတွေ့တာပါဘဲ။

နှလုံးသွင်းမှန်ရင် ပရမတ်ဟာ ဥာဏ်အောက်ရောက်လာတာဘဲလို့ ပြောနိုင်ပါတယ်။

ရုပ်ပရမတ်တွေ့ရင် သူ့လက္ခဏာဖြစ်တဲ့ ပြောင်းလဲနေခြင်း (ဖောက်ပြန်တယ်လို့လည်း သုံးနှုန်းပါတယ်)ကို

တစ်ပြိုင်တည်း သတိထားမိမှာဖြစ်ပါတယ်။

တချို့ က ဖြစ်ပျက်လို့ နှုတ်ကဆိုမိတတ်တယ်။

တချို့ က ဖြစ်ပျက်လို့ စိတ်ကဆိုမိတတ်တယ်။

တချို့ က မဆိုဘဲနဲ့ တိုက်ရိုက်သိပါတယ်။

ဆိုပြီးသိနေတာ သမ္မာ သင်္ကပ္ပဖြစ်ပါတယ်။

တိုက်ရိုက်သိတာ သမ္မာဒိဌိ ဖြစ်ပါတယ်။

ဘယ်လိုဘဲသိသိ ပညာမဂ္ဂင်ဖြစ်ပါတယ်။

အရေးကြီးတဲ့အချက်ဖြစ်ပြီး အများဆုံးလမ်းချော်တတ်တာက ပညတ်ကို

ဖြစ်ပျက်မရှုဘို့ရယ်။ ပရမတ်ကိုရှာပြီး မရှုဘို့ရယ်ပါဘဲ။

မိတ်ဆွေများလွယ်ကူစွာ ရှုတတ်ပြီးမြင်လွယ်ကြပါစေခင်ဗျာ။
47

သမထက ဝိပဿနာကူးသူနဲ့ ဝိပဿနာတိုက်ရိုက်ရှုသူ

တရားအားထုတ်တဲ့ အခါ ဝီရိယ သတိ သမာဓိ ဆိုတဲ့ သမာဓိမဂ္ဂင် သုံးပါးနဲ့

သမ္မာဒိဌိ သမ္မာသင်္ကပ္ပ ဆိုတဲ့ ပညာမဂ္ဂင် နှစ်ပါးတို့ ညီညွတ်မျှတစွာ

အလုပ်လုပ်လျက် ရှိပါတယ်။

သမာဓိအားသန်တဲ့သူတွေက နှာသီးဝကို ဝမ်းဗိုက်တို့မှာ အချိန်အတော်ကြာ

သမာဓိကို ထူထောင်လေ့ရှိပါတယ်။

ကိုယ်ပေါ်မှာ ဝေဒနာပေါ်လာလိ့ ဝေဒနာကိုရှုတဲ့အခါကျပြန်တော့လည်း

အရှုခံဝေဒနာကို စူးစိုက်ပြီးရှုနေလေ့ရှိတတ်ပါတယ်။

ဒီလို သမာဓိကို အားကောင်းသထက်ကောင်းအောင် လေ့ကျင့်မှုများလာတဲ့

အခါ တချို့ အားထုတ်သူတွေဟာ သမာဓိမှာ သာယာနေပြီး ဝိပဿနာကို

မကူးမိတော့ဘူးဖြစ်နေတတ်ပါတယ်။

တချို့ သူတွေကတော့ ဝိပဿနာကို ကူးပေမယ့် သမာဓိထူထောင်စဉ်က

ကိယ
ုနှစ်သက်တဲ့ အရှုခံကိုစွဲကိုင်ပြီး ရှုတဲ့အကျင့်က ပါနေတာမို့ ဝိပဿနာကို

တော်တော်နဲ့ မရောက်ဘူးဖြစ်နေတတ်ပါတယ်။ အရှုခံကို လက်မလွှတ်ဘဲ အရှုခံရဲ့

သဘာဝကို စိတ်နဲ့ဆင်ခြင်နေတာကိုဘဲ လုပ်နေမိတတ်ပါတယ်။ သမာဓိ

အတော်အသင့် ရလာလို့ ဝိပဿနာကို ကူးတော့မယ်ဆိုရင် ကိုယ်ရှုချင်တာကို

ရှုနေတဲ့စိတ်ကို အရင်ဆုံး ပြင်ရပါမယ်။ ဝိပဿနာဆိုတာက ကိုယ်ရှုချင်တာရှုလို့

မရပါဘူး။ သူ့သဘာဝအလျောက် ပေါ်လာတာကို ရှုရတာဖြစ်ပါတယ်။

နောက်ပြီးတော့ သမထမှာက အရှုခံမှာ စိတ်ကိုနှစ်ထားပြီး အားထုတ်ရတာဖြစ်ပြီး

ဝိပဿနာမှာကျတော့ သတိမှာ စိတ်ကိုအားပြည့်အောင် ထားနေရတာဖြစ်ပါတယ်။

ဒီအကူးအပြောင်းကို လိမ္မာပါးနပ်စွာ နှလုံးသွင်းတတ်ပြီဆိုရင် တရားအားထုတ်သူဟာ

သတိပဌာန်လမ်းပေါ်မှာ ဖြောင့်တန်းနေပါပြီလို့ ပြောနိုင်ပါပြီ ဖြစ်ပါတယ်။


48

ပညာအားသန်တဲ့ တရားအားထုတ်သူတွေမှာမူကား ရှုစရာတစ်ခု

တွေ့လိုက်တာနဲ့ မှတ်သားထားတဲ့ သုတများကို အခြေခံပြီး စဉ်းစားဥာဏ်တွေ

တသီတတန်းကြီး ပေါ်လာတော့တာပါဘဲ။ ဒါကရုပ် ဒါကနာမ် ပထဝီဘဲ

တေဇောဘဲ ဝါယောဘဲ စသည်ဖြင့် မှတ်တမ်းတွေ မှတ်ချက်တွေ စကားလုံးတွေ

စုပြုံထွက်လာပါတော့တယ်။

အဲလို အတွေးတွေ မှတ်ချက်တွေနောက် စိတ်ကလိုက်သွားတာနဲ့

အရှုခံအာရုံပေါ်မှာ ရှုစိတ်မရှိတော့ဘူး ဖြစ်သွားတတ်ပါတယ်။

တကယ်ဆို အရှုခံအာရုံကို ရှုစိတ်က သဘောထားမှန်မှန် နှလုံးသွင်း

မှန်မှန်နဲ့ အတွေးမပါ မှတ်ချက်မပေးဘဲ အကဲခတ်နေပါမှ ဥာဏ်ပွင့်လာမှာ ဖြစ်ပါတယ်။

ပညာအားသန်သူများအဘို့ ဒီအချက်ကို သတိထားပြီး ရှုမှတ်နိုင်မယ် ဆိုရင်

အမြင်မှန်ရလို့ ဥာဏ်ပေါ်မှာဖြစ်ပါတယ်။

တရားကို ချစ်မြတ်နိုးလို့ တရားအားထုတ်သူတိုင်း တရားအသိတိုးလို့

အေးချမ်းကြပါစေ။
49

ဖြစ်ပျက် (၁)

ကျွန်တော်တို့တစ်တွေ နားရည်ဝပြီးသားတရားစကားတစ်လုံးရှိပါတယ်။

ဖြစ်ပျက်ပါ။

မိမိပတ်ဝန်းကျင်အပြင် ဗဟိဒ္ဓမှာ နေ့စဉ်နေ့တိုင်း အချိန်တိုင်း ဖြစ်ပျက် တွေရှိနေပါတယ်။

အဲဒီဖြစ်ပျက်တွေ ကြုံတဲ့အခါတိုင်း ဖြစ်ပျက်ဘဲလို့ နှလုံးသွင်းမိတတ်ပါတယ်။ သံဝေဂဖြစ်ပါတယ်။

ဘုရားသာသနာနဲ့ ကြုံတဲ့အခိုက် ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ အဆုံးအမအတိုင်း

မိမိကိုယ်နဲ့ စိတ်ကို သတိထားလိုက်တာကို သတိပဌာန်လို့ ခေါ်ပါတယ်။

ကိုယ်မှာပေါ်တဲ့ သဘာဝကို ရုပ်လို့ခေါ်ပြီး စိတ်မှာပေါ်တဲ့သဘာဝကို နာမ်လို့ခေါ်ပါတယ်။

ကိုယ်ကို အာရုံပြုလို့ သတိကပ်ပြီး အကဲခတ်တဲ့အခါ ကိုယ်ပေါ်မှာ

ပူတာ တင်းတာ တိုးတာ လှုပ်တာ စတဲ့ သဘာဝကို တွေ့ရင် ရုပ်ကို တွေ့တာ ဖြစ်ပါတယ်။

စိတ်ကို အာရုံပြုလို့ သတိထားပြီး အကဲခတ်တဲ့အခါ စိတ်မှာသိတတ်တဲ့ သဘာဝကိုတွေ့ရင် နာမ်ဖြစ်ပါတယ်။

ခံစားနေတဲ့ သဘာဝကိုတွေ့ရင်လည်း နာမ်ဖြစ်ပါတယ်။

မှတ်သားနေတဲ့ သဘာဝကိုတွေ့ရင်လည်း နာမ်ဖြစ်ပါတယ်။

စေ့ဆော်တိုက်တွန်းနေတဲ့ သဘာဝကိုတွေ့ရင်လည်း နာမ်ဖြစ်ပါတယ်။

အဲဒီရုပ် ဖြစ်ဖြစ် နာမ် ဖြစ်ဖြစ် မိမိသတိထားအားထုတ်နေတဲ့ အခိုက်အတန့်မှာ

ပေါ်လာတဲ့ ဘယ်သဘာဝမဆို ပေါ်ပြီးပြီးချင်း ပျောက်သွားတာဘဲဖြစ်ပါတယ်။ ဖြစ်ပျက်ပါဘဲ။

သာသနာတွင်းမှာသာ ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟောဖော်ပြတော်မူလို့ သိရတဲ့ အသိတရားဖြစ်ပါတယ်။

သဘာဝတွေဖြစ်ပျက်မို့ ငါလည်းမရှိတော့ပါဘူး။

သဘာဝတွေ ဖြစ်ပျက်နေတာကိုလည်း သာယာစရာမဟုတ်ပါဘူး။

သဘာဝတွေဖြစ်ပျက်နေတာကိုလည်း စွဲလန်းစရာမဟုတ်ပါဘူး။

ငါလည်းမဟုတ် အစွဲလည်းပြုတ်စေတာမို့ လုပ်သင့်တဲ့ ဘာဝနာဖြစ်ကြောင်း

တိုက်တွန်းလိုက်ပါတယ် မိတ်ဆွေတို့ရေ။
50

ဖြစ်ပျက် (၂)

ဖြစ်ပျက်ကို ရိုးနေအောင် ကြားဘူးနေကျမို့လို့ ဖြစ်ပျက် လို့ ပြောလိုက်ရင်

သိပြီးသားလိုလိုနဲ့ ဖြစ်သွားတတ်ကြပါတယ်။

တကယ်တော့ ဖြစ်ပျက်ဆိုတာ ဘုရားတစ်ခါပွင့်မှ ကြားနာခွင့်ရတဲ့ တရားဖြစ်ပါတယ်။

သံဝေဂဖြစ်ပျက်ကို မဆိုလိုပါဘူး။

ခန္ဓာဖြစ်ပျက်ကို ဆိုလိုတာဖြစ်ပါတယ်။ ခန္ဓာဆိုတာလည်း ဘုရားပွင့်မှ ကြားရတဲ့စကားပါ။

ခန္ဓာလို့ပြောလိုက်ရင် ခန္ဓာရဲ့ လက္ခဏာဖြစ်တဲ့ ဖြစ်ပျက်ကို သဘောပေါက်ပြီးသား ဖြစ်ရမှာ ဖြစ်သလို

ဖြစ်ပျက်လို့ ပြောလိုက်ရင်လည်း ခန္ဓာကို ပြောတာလို့ သဘောပေါက်ထားရမှာဖြစ်ပါတယ်။

ခန္ဓာနဲ့ ဖြစ်ပျက်ကို ခွဲပြောနေရင် ခွဲသိနေရင် ခန္ဓာကို တကယ်သိတာ

မဟုတ်သေးသလို ဖြစ်ပျက်ကိုလည်း တကယ်မြင်တာ မဟုတ်သေးပါဘူး။

တရားအားထုတ်သူဟာ ကိုယ်ကိုအာရုံစိုက်လို့ အကဲခတ်နေတဲ့အခါ

ကိုယ်ပေါ်မှာတိုးတာ တင်းတာ လှုပ်တာ ပူတာ အေးတာစတဲ့ သဘာဝတစ်ခုခုကို

သိနေမယ်ဆိုရင် ခန္ဓာကိုသိနေတာဖြစ်ပါတယ်။

အဲဒီသဘာဝကို စိတ်အေးအေးထားပြီး သိနေမယ်ဆိုရင် အဲဒီသဘာဝက

ပြနေတဲ့ အမှန်တရားဖြစ်တဲ့ ဖြစ်ပျက်ကို မြင်မှာဖြစ်ပါတယ်။

စိတ်ကို သတိထားနေတဲ့အခါမှာလည်း မြင်တာ ကြားတာ နာတာ

အရသာပေါ်တာ ထိတေ့တာ တွေးတာတွေကို စိတ်မှာသိနေတဲ့ သိစိတ်ကိုတွေရင် ခန္ဓာကိုတွေ့တာပါဘဲ။

အဲဒီသိစိတ်တွေကလည်း ဖြစ်ပျက်လက္ခဏာကိုဘဲ ပြနေတာကို မြင်ရပါမယ်။

စိတ်မှာ ကြိုက်နေတာ မကြိုက်နေတာ မတုန်လှုပ်တာတွေကို သတိထားမိရင်လည်း

ခန္ဓာကိုတွေ့တာပါဘဲ။ အဲဒီ ဝေဒနက္ခန္ဓာကလည်း ဖြစ်ပျက်ကိုဘဲ ပြနေတာဖြစ်ပါတယ်။

စိတ်က လိုက်မှတ်နေတဲ့သဘောကိုတွေ့ရင်လည်း ခန္ဓာကိုတွေ့တာပါဘဲ။

အဲဒီသဘောကလည်း ဖြစ်ပျက်ပါဘဲ။
51

စိတ်က ဟိုဟာလုပ်ချင် ဒီဟာလုပ်ချင်ဖြစ်ပြီး လုပ်ဖြစ်အောင် စေ့ဆော်နေတဲ့ သဘောလေးကို

တွေ့ရင်လည်း ခန္ဓာကိုတွေ့တာပါဘဲ။

အဲဒီခန္ဓာကလည်း ဖြစ်ပျက်ကိုဘဲ ပြနေတာဖြစ်ပါတယ်။

ဖြစ်ပျက်ဟာ အနိစ္စပါဘဲ။

ခန္ဓာမြင်ရင် ဖြစ်ပျက်မြင်ပါတယ်။

ခန္ဓာမြင်မှ ဖြစ်ပျက်မြင်ပါတယ်။

ခန္ဓဖြစ်ပျက်ကိုမြင်မှ သာသနာနဲ့တွေ့သူဖြစ်ပါတယ်။

ခန္ဓာဖြစ်ပျက်ကိုမြင်သူဟာ သံသရာမှာ စိတ်အေးရပါပြီ။

ခန္ဓာဖြစ်ပျက်ကို မြင်ခြင်းဖြင့် တရားနဲ့တွေ့သူ ဘုရားနဲ့တွေ့သူဖြစ်ကြပါစေ ခင်ဗျာ။


52

ဖြစ်ပျက် (၃)

ဖြစ်ပျက်မြင်တယ်လို့ ပြောကြပေမယ့် တစ်ယောက်နဲ့တစ်ယောက် မြင်တာချင်း မတူပါဘူး။

တစ်ယောက်ထဲမှာကိုဘဲ တစ်ခါနဲ့တစ်ခါ မြင်တာချင်းမတူပါဘူး။

ဖြစ်ပျက်ဟာ ဖြစ်ပျက်ဘဲပေါ့။

မတူစရာမရှိပါဘူးလို့ ထင်မယ်ဆိုရင် ထင်နိုင်ပါတယ်။

အရှုခံက ပြနေတာကတော့ ဖြစ်ပျက်မှတစ်ပါး အခြားဘာမှမရှိပါဘူး။

ရှုဥာဏ်ဘက်ကလည်း ဖြစ်ပျက်ကိုဘဲ မြင်ရမှာပါဘဲ။

ပြတာကလည်း ဖြစ်ပျက် မြင်တာကလည်း ဖြစ်ပျက်ဖြစ်ပါတယ်။

ပြတာက ဖြစ်ပျက်ကိုပြနေပေမယ့် မြင်တာက ဖြစ်ပျက်ကို မမြင်တာကတော့

မြင်တဲ့ဘက်ကလွဲချော်မှုဖြစ်ပါတယ်။

ပထမဆုံးနဲ့ အများဆုံးလွှဲချော်မှုကတော့ ခန္ဓာကို မရှုမိ မမြင်မိတာပါဘဲ။

ခန္ဓာရှုတာ ခန္ဓာမမြင်ဘူးလားလို့ မေးစရာရှိပါတယ်။

တရားအားထုတ်သူဟာ ကိုယ် နဲ့ ခန္ဓာ ကွဲပြားဘို့ လိုပါတယ်။

စိတ် နဲ့ ခန္ဓာ ကွဲပြားဘို့လိုပါတယ်။

စ ရှုရှုချင်း ခန္ဓာမမြင်ပါဘူး။

ကိုယ် ကိုမြင်ပါမယ်။ စိတ်ကို မြင်ပါမယ်။

ကိုယ်ကို ရှုနေရာမှ ပူတာ တင်းတာစတဲ့ သဘာဝတစ်ခုခုကို တွေ့မှ ခန္ဓာကို မြင်တာဖြစ်ပါတယ်။

စိတ်ကို ရှုနေရာမှ သိတသ


ဲ့ ဘော မှတ်တဲ့သဘော ခံစားတဲ့သဘော

စေ့ဆော်တဲ့သဘောတွေထဲက တစ်ခုခုကိုမြင်မှ ခန္ဓာဖြစ်ပါတယ်။

ဒီနေရာမှာ အရေးကြီးတဲ့ အချက်တစ်ခုပြောချင်ပါတယ်။

ကိုယ်ဆိုတာပညတ်။

ခန္ဓာဆိုတာ ပရမတ်။ ရူပက္ခန္ဓာ။


53

စိတ်လို့ နာမည်တတ်နေရင် ပညတ်။

ဝီညာဏက္ခန္ဓာ ဝေဒနက္ခန္ဓာ သင်္ခရက္ခန္ဓာတွေက ပရမတ်။ နာမက္ခန္ဓာ။

ပညတ်နဲ့ ပရမတ်ကွဲပြားရမယ်လို့ ပြောခဲ့ပါတယ်။

မြင်တွေ့နေတာ ပညတ်လား ပရမတ်လားလို့ ကွဲကွဲပြားပြား သိရမယ်လို့

ဆိုလိုတာဖြစ်ပါတယ်။

ပညတ်နဲ့ ပရမတ်ကို ခွဲရှုရမယ်လို့ မဆိုလိုပါဘူး။

စ ရှုရင် ပညတ်က စရှုပါတယ်။

ရှုရင်းနဲ့ ပရမတ်မြင်လာပါမယ်။

တွဲလျက်ပါ။

ပညတ်က ထင်ရှားလိုက် ပရမတ်က ထင်ရှားလိုက်ဖြစ်နေပါမယ်။

လေကို တွေ့လိုက် တိုးတဲ့သဘောတွေ့လိုက်လိုမျိုးပါ။

ရှုသူက ပရမတ်ဘဲ ရှုမယ်။ ပညတ်ကို မရှုဘူးလို့ ခွဲထုတ်လိုက်လို့ မရပါဘူး။

ရှုနည်းမှန်လာရင် ပရမတ်က ထင်ရှားလာပါလိမ့်မယ်။

ဒီအဆင့်မှာ ပြောတာပါ။ ပညတ်ကို ရှုလို့ မရလောက်အောင်ဖြစ်သွားပြီး

ပရမတ်ချည်းသက်သက် လို ရှုနေရတဲ့ အဆင့်ရှိပါတယ်။

အခု မရောက်သေးပါဘူး။

အခုဟာက ပညတ်နဲ့ ပရမတ်ကွဲပြားသိတဲ့အဆင့်ဖြစ်ပါတယ်။

နောက်ထပ်လွဲချော်မှုတစ်ခုကတော့ ပုံသဏ္ဍာန်တွေကို ဖြစ်ပျက် လိုက် ရှုနေတာပါဘဲ။

ရွရွမွမွတွေ လှုပ်လှုပ်ရွရွတွေ ရိပ်ရိပ်ရိပ်ရိပ်တွေ အတန်းကြီးတွေ အမြောင်းကြီးတွေ

အခဲကြီးတွေကို ဖြစ်ပျက်လိုက်နေတာအမှားပါ။

တချို့  အဲဒါတွေ ရှုရင်းနဲ့ ဖြတ်ဆိုပျောက်သွားတာကို ခန္ဓာချုပ်တယ် လို့ ယူဆနေပါတယ်။

ခန္ဓာလည်း မဟုတ်ပါ။ ခန္ဓာလည်း မချုပ်ပါဘူး။ ခန္ဓာချုပ် တယ်လို့လည်း မသုံးရပါဘူး။


54

တရားအားထုတ်တယ်ဆိုတာ ခန္ဓာအပေါ် အထင်မှားနေတဲ့ ဒိဌိချုပ်အောင်ရှုတာပါ။

အစွဲမှားနေတဲ့ တဏှာချုပ်အောင်ရှုတာပါ။

ဒီနေရာမှာလည်း စိတ်အေးအေးထားပြီး ဆက်ရှုနေပါ။

ပုံသဏ္ဍာန်တွေ ရှုရင်းနဲ့ ပူတာ တင်းတာစတဲ့ သဘာဝတွေ တွေ့လာမှာဖြစ်ပါတယ်။

ပုံသဏ္ဍာန် ဖြစ်ပျက်ကို မလိုက်မိပါစေနဲ့။

နောက်အလွဲတစ်ခုကတော့ ဖြစ်ပျက်လို့ စိတ်ကလိုက်ဆိုနေတာဖြစ်ပါတယ်။

အစပိုင်းမှာဆိုမိနေရင်လည်း သတိထားပြီးပြုပြင်လိုက်ပါ။

ဖြစ်ပျက်နဲ့ပတ်သက်ပြီး သိထားသင့်တာလေးတွေ တင်ပြပေးတာ ဖြစ်ပါတယ်။

ဖြစ်ပျက်ကလည်း နယ်ကျယ်ပါတယ်။ အခုဟာက အခြေခံ အစနယ်ပိုင်းဖြစ်ပါတယ်။

အရှုမှန်လို့ အသိဥာဏ်ရပြီး အေးချမ်းကြပါစေ။


55

ပညာဖြစ်တိုင်း သတိပါတယ်

ပရမတ်တရားလေးပါးမှာ စိတ်ကိုခြယ်လှယ်တဲ့တရားကို စေတသိတ် လို့ခေါ်ပါတယ်။

သတိဟာ သတိစေတသိတ်ဖြစ်ပြီး စိတ်မှာ သတိယှဉ်ရင် သတိရှိတဲ့စိတ်ဖြစ်ပါတယ်။

ဥာဏ်က အမောဟစေတသိတ်ဖြစ်ပြီး ဒီစေတသိတ် စိတ်မှာယှဉ်ရင် ဥာဏ်ရှိတဲ့စိတ်ဖြစ်ပါတယ်။

စေတသိတ် ၅၂ လုံးရှိတဲ့နေရာမှာ စိတ် တစ်ခုဖြစ်တာနဲ့ တွဲပါလာတဲ့စေတသိတ်တွေကို

သဗ္ဗစိတ္တသာဓရဏလို့ ခေါ်ပါတယ်။ ၇-ခုရှိပါတယ်။

ကောင်းတဲ့စေတသိတ်တွေကို သောဘဏစေတသိတ်လို့ခေါ်ပြီး

မကောင်းတာတွေကိုတော့ အသောဘဏလို့ ခေါ်ပါတယ်။

ဟိုဘက်ဒီဘက်ပါနေတာကို အညသမန်းလို့ခေါ်ပါတယ်။

စိတ်မှာကောင်းတဲ့စေတသိတ်တွေ ယှဉ်တွဲတဲ့အခါ

မကောင်းတဲ့စေတသိတ်တွေ မယှဉ်တွဲပါဘူး။ အပြန်အလှန်ပါဘဲ။

ကုသိုလ်စိတ်ဖြစ်နေရင် အကုသိုလ်စိတ်မဖြစ်တဲ့ သဘောပါ။

ကုသိုလ်စိတ်ဖြစ်တဲ့အခါမှာလည်း သောဘဏစေတသိတ်တွေဟာ အရေ

အတွက်အားဖြင့် အမျိုးမျိုးပါဝင်ပါတယ်။ ဒါကြောင့်မို့ ကုသိုလ်စိတ်ခြင်းတူသော်လည်း

အာနိသင်ခြင်းမတူ အကျိုးပေးခြင်းမတူတာပါ။

စိတ်မှာ သတိယှဉ်တဲ့အခါ သတိနဲ့အတူပါလေ့ရှိတဲ့ စေတသိတ်တွေ အလုပ်လုပ်ကြပြီး

အမောဟယှဉ်တဲ့အခါ အမောဟနဲ့အတူပါလေ့ရှိတဲ့ စေတသိတ်တွေ အလုပ်လုပ်ကြပါတယ်။

ဒီနေရာမှာ သတိစေတသိတ်တိုင်း အမောဟစေတသိတ်ယှဉ်တာ မတွေ့ရပေမယ့်

အမောဟစေတသိတ်အလုပ်လုပ်တိုင်း သတိစေတသိတ်ပါလေ့ရှိပါတယ်

ဒါကြောင့်မို့ သတိဖြစ်ပြီး ဥာဏ်ကပညာမဂ္ဂင်ဖြစ်ပါတယ်။

ဒီနေရာမှာလည်း သမာဓိမဂ္ဂင်ဖြစ်တိုင်း ပညာမဂ္ဂင်ဖြစ်တာ မဟုတ်ပေမယ့်

ပညာမဂ္ဂင်ဖြစ်ရင်တော့ သမာဓိမဂ္ဂင်ပါကို ပါရမှာဖြစ်ပါတယ်။


56

ဗောဇ္ဈင်မှာလည်း သတိသမ္ဗောဇ္ဈင်နဲ့ ဓမ္မဝိဇယ သမ္ဗောဇ္ဈင်တို့ဟာ ဒီလိုဘဲ

အလုပ်လုပ်ကြပါတယ်။

ဥာဏ်ပါတဲ့ သတိနဲ့နေတာကို ပဇာနာတိလို့ မဟာသတိပဌာနသုတ်မှာ ဟောခဲ့ပါတယ်။

အလုပ်သဘောနဲ့ပြောရရင်တော့ အရှုခံပညတ်ကို သိနေရင် သတိဖြစ်ပြီး

ပရမတ်ကိုသိရင် ဥာဏ်ဖြစ်ပါတယ်။
57

ကံ

သင်္ခရဆိုတာ အားထုတ်မှုကို ဆိုလိုပါတယ်။ ကံပါဘဲ။

ကံတိုင်းမှာ သတ္တိရှိပါတယ်။ ကံရဲ့အကျိုးပါ။

ချက်ခြင်းအကျိုးပေးတဲ့ကံ

ဒုတိယဘ၀မှာ အကျိုးပေးတဲ့ကံ

တတိယဘ၀မှာ သံသရာတစ်လျှောက်အကျိုးပေးတဲ့ကံ ရယ်လို့

အချိန်ကာလကိုမူတည်ပြီး ခွဲခြားထားတာရှိတယ်။

အာနိသင်ပေါ်မူတည်ပြီး ခွဲခြားထားတာလည်းရှိတယ်။

အကျိုးပေးကြီးမားလွန်းတဲ့ကံ ၊

အကြောင်းတိုက်ဆိုင်မှ အကျိုးပေးတဲ့ကံ နဲ့

အာနိသင်မရှိတဲ့ကံတွေ ဖြစ်ပါတယ်။

ကံကြောင့်နာမ်ရုပ်

နာမ်ရုပ်ကြောင့်ကံ

ထပ်ပြန်တလဲလဲဖြစ်နေပါတယ်။

ယခင်ဘ၀နဲ့ ယခုဘ၀ အဆက်မှာလည်း ဒီလိုဘဲ။

ယခုပစ္စုပ္ပန်မှာလည်း ဒီလိုဘဲ ဖြစ်ပါတယ်။

ကံကြောင့် နာမ်ရုပ်ဖြစ်နေတာကို ပဌာန်းမှာ

စေတနာ သမ္မယုတ္တကာနံ ဓမ္မာနံ

တံသမုဌာနာနဉ္စရူပါနံ ကမ္မပစ္စယေနပစ္စယော

လို့ ဟောထားပါတယ်။
58

ဖြစ်ပျက်နဲ့ မဂ်

ရုပ်နာမ် မမြင်ဘဲ ဖြစ်ပျက်မြင်ရင် ယထာဘူတ မဖြစ်ကြောင်းကို အရေးကြီးတဲ့အချက် အနေနဲ့ တင်ပြခဲ့ပြီးပါပြီ။

ရုပ်တစ်ခုခုရဲ့ သဘာဝနာမ်တစ်ခုခုရဲ့ သဘာဝကို ကိုယ်တိုင်သိဘို့ လိုပါမယ်။

တိုးနေတာကရုပ် သိနေတာကဥာဏ်လို့ ကြားဘူးနာဝနဲ့ တစ်ဆင့် သိကို ညွှန်းတာမဟုတ်ပါဘူး။

ဘာမှတ်ချက်မှ မပါ။ ဘယ်အကူစကားလုံးမှ မပါဘဲ သိနေရမယ့်အသိဖြစ်ရပါမယ်။

ငရုတ်သီးစပ်တာကို ငရုတ်သီးစားနေဆဲအခိုက်အတန့်မှာ သိတဲ့အသိမျိုး ဖြစ်ရပါမယ်။

အရင်ကသိတာကို ပြန်စဉ်းစားရတာလည်း မဟုတ်ရပါဘူး။

အဲဒီလို ပစ္စုပ္ပန်တည့်တည့်မှာ ရုပ်သဘာဝတစ်ခုခု နာမ်သဘာဝတစ်ခုခုကို

ကိုယ်တိုင်ကိုယ်ကျ သိနေတယ်ဆိုရင် အဲဒီရုပ်နာမ်ရဲ့ မမြဲတဲ့သဘာဝဖြစ်ပြီး

ပျက်တဲ့သဘာဝကိုလည်း တွေ့မှာဖြစ်ပါတယ်။

တချို့ က ကိုယ်တွေ့ ကိုယ်တိုင်မြင်တာကိုဘဲ ဖြစ်ပျက်လို့ စိတ်ကဆိုမိနေသေးတယ်။

မှတ်ချက်ပေးနေတတ်သေးတယ်။

ကိုယ်တိုင်မြင်လိုက်တာက သမ္မာဒိဌိဖြစ်ပြီး စိတ်က လိုက်ဆိုတာက သမ္မာသင်္ကပ္ပ ဖြစ်ပါတယ်။

အစပိုင်းမှာဆိုမိနေပေမယ့် သတိထားပြီးတိုက်ရိုက်သိတာကို ကြိုးစားရမှာ ဖြစ်ပါတယ်။

တချို့ ကတော့ ပေါ်နေတဲ့သဘာဝကို ပုံရိပ်တွေ ပုံသဏ္ဍာန်တွေအနေနဲ့မြင် ပြီး

ဖြစ်ပျက် ဖြစ်ပျက်လို့ နောက်က တစ်ကောက်ကောက်လိုက်နေတတ်ပါတယ်။

ဒါလည်း မဟုတ်သေးပါဘူး။ သဘာဝတစ်ခုကို သိရုံသာသိသွားရမှသာ ဖြစ်ပါတယ်။

ရှေ့ကဖြစ်ပျက် နောက်ကမဂ်ဆိုတဲ့ အဆုံးအမကို အရှုခံ ဖြစ်ပျက် ၊ ရှုဥာဏ်မဂ် လို့

သဘောပေါက်လျှင် ပိုအဆင်ပြေပါမယ်။

ဖြစ်ပျက်ကို ဆင်ခြင်သိနဲ့ဘဲ သိနေသေးရင် နောက်ဥာဏ်တွေ မဖြစ်လာနိုင်ပါဘူး။

တိုက်ရိုက်သိနဲ့ သိတဲ့အလေ့အကျင့်ကသာ နောက်ဥာဏ်တွေတိုးပွား

လာမှာဖြစ်တဲ့အကြောင်း တင်ပြလိုပါတယ်ခင်ဗျာ။
59

ဆင်ခြင်သိ တိုက်ရိုက်သိ

တရားအားထုတ်သူဟာ မိမိနှစ်သက်ရာ ကမ္မဌာန်းကစပြီး အားထုတ် လို့ရပါတယ်။

ဝိပဿနာအားထုတ်သူဟာလည်း မိမိကိုယ်နဲ့ စိတ်မှာ မိမိအားသန်ရာ

အရှုခံအာရုံကစပြီး အားထုတ်လို့ရပါတယ်။

ဝင်လေ ထွက်လေဖြစ်ဖြစ်

ဝမ်းဗိုက် ပိန်ဖောင်းဖြစ်ဖြစ်

ထိုင်နေ ထိနေတာဖြစ်ဖြစ်

လမ်းလျှောက်တဲ့ခြေလှမ်းဖြစ်ဖြစ်

မြင်စိတ် ကြားစိတ် စားစိတ်တွေဖြစ်ဖြစ်

ဝမ်းသာ ဝမ်းနည်းဖြစ်ဖြစ်

မိမိကိုယ်နဲ့ စိတ်မှာအာရုံပြုလို့ ရပါတယ်။

ရှုရင်းနဲ့ ကိုယ်မှာပေါ်နေတဲ့ သဘာဝတွေကို သတိထားမိလာပါမယ်။

စိတ်မှာ ပေါ်နေတဲ့ သဘာဝတွေကို သတိထားမိလာပါမယ်။

ရုပ်နာမ် ခန္ဓာကို တွေ့ပါပြီ။

ဒီလိုတွေ့ရင် ဝိပဿနာလမ်းစပေါ်ရောက်ပါပြီ။

ရုပ်ကလည်း သူ့အလုပ်သူလုပ်နေသလို နာမ်ကလည်း သူ့အလုပ်သူ

လုပ်နေတာကိုတွေ့ရင် နှလုံးသွင်းမှန်ပါပြီ။

သူ့သဘောနဲ့သူ အလုပ်လုပ်နေတယ်လို့ သဘောထားမှန်မှန်နဲ့ ဆက်သိ

နေရင် ရုပ်နာမ်သဘာဝတွေဟာ ပေါ်ပြီး ပျောက်ပြီး ဖြစ်ပြီး ပျက်နေတာကို တွေ့ပါမယ်။

ဝိပဿနာဥာဏ်စပါပြီ။

တချို့ က ရုပ်နာမ်သိတဲ့ဥာဏ်နဲ့ ဖြစ်ပျက်သိတဲ့ဥာဏ် ဆက်တိုက်လို ပေါ်ပါတယ်။

တချို့ က ရုပ်နာမ်သိတဲ့ဥာဏ်မှာတင် ရပ်နေပါတယ်။


60

တချို့ က ရုပ်နာမ်သိပြီး အကြောင်းအကျိုးကိုလည်း သိပါတယ်။

တချို့ က မမြဲဆင်းရဲ အစိုးမရသဘောတွေကို ဆင်ခြင်နေပါတယ်။

တစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။

တစ်ယောက်ထဲမှာကိုဘဲ တစ်ခါနဲ့တစ်ခါ မတူပါဘူး။

တူတာကတော့ မဂ္ဂင်အလုပ်စဉ်ပါဘဲ။

ဆင်ခြင်သိနဲ့ တိုက်ရိုက်သိ အသိနှစ်မျိုးဘဲရှိပါတယ်။

ဆင်ခြင်သိက သမ္မာ သင်္ကပ္ပဖြစ်ပြီး တိုက်ရိုက်သိက သမ္မာဒိဌိဖြစ်ပါတယ်။

ဝီရိယ သတိ သမာဓိ မဂ္ဂင်သုံးပါးနဲ့ သမ္မာသင်္ကပ္ပ သမ္မာဒိဌိဆိုတဲ့

ပညာမဂ္ဂင်နှစ်ပါး စုစုပေါင်းငါးပါး အလုပ်လုပ်နေကြတာဖြစ်ပါတယ်။

ဆင်ခြင်သိနဲ့ တိုက်ရိုက်သိတို့က တစ်လှည့်စီဦးဆောင်ပြီး အလုပ်လုပ်

နေကြတာဖြစ်ပါတယ်။

ရုပ်နာမ်အရှုခံကို စိတ်အေးအေးနဲ့ ရှုမှတ်နေတဲ့အခါ ရုပ်နာမ်ရဲ့ သဘာဝ

ဖြစ်တဲ့ ဖြစ်ပျက်ကို ဥာဏ်မှာထင်လာတာဖြစ်ပါတယ်။

ဖြစ်ပျက်ကို ရှုတယ်လို့ စကားအဖြစ်ပြောပေမယ့် တကယ်ဆိုရင် ရုပ်နာမ်

ကိုရှုနေတာဖြစ်ပြီး ဖြစ်ပျက်က ဥာဏ်မှာပေါ်လာတာဖြစ်ပါတယ်။

ရုပ်နာမ်လို့သိတဲ့ အသိမှ ဖြစ်ပျက်လို့သိတဲ့အသိအထိကို ဆင်ခြင်သိနဲ့

တိုက်ရိုက်နှစ်မျိုးစလုံးနဲ့ သိနေတာဖြစ်ပါတယ်။

ပညတ်နဲ့ ပရမတ်ကိုလည်း ပညတ်ကိုမြင်လိုက် ပရမတ်ကိုမြင်လိုက်နဲ့ ဖြစ်နေပါဦးမယ်။

တချို့ သူတွေက ဆင်ခြင်သိဖြစ်တဲ့ သမ္မာ သင်္ကပ္ပအားသန်တာမို့ ဆင်ခြင်နေရတာကိုဘဲ

ကျေနပ်နေပါတော့တယ်။ သူတ့အ
ို တွက်တော့ ကုသိုလ်စိတ်တွေ ဖြစ်နေပေမယ့်

နောက်ထပ်အသိဥာဏ်တွေဖြစ်လာဘို့တော့ ကြာနေဦးမှာဖြစ်ပါတယ်။

တချို့ သူတွေက ဆင်ခြင်မှုကို ခဏသာပြုလုပ်ပြီး သမ္မာဒိဌိဆိုတဲ့ တိုက်ရိုက်သိမှုကို


61

ဆက်လက်အားထုတ်လေ့ရှိပါတယ်။

အဲလို ဆက်ရှုသွားမယ်ဆိုရင် သိအားတွေကောင်းလာတာနဲ့ အတူ ဖြစ်ပျက်ကို သိနေရာမှ

အပျက်များကိုသာ ပိုမြင်လာပါတော့တယ်။

ဒီအခြေအနေရောက်လာရင် သမ္မာဒိဌိဟာ လုံးဝဦးဆောင်သူဖြစ်သွားပြီး

ပညတ်ကို အာရုံပြုမှုတွေ ဆင်ခြင်မှုတွေ မရှိသလောက်နဲသွားပြီဖြစ်ပါတယ်။

ပစ္စုပ္ပန်လည်း ပိုတည့်လာပြီး ပရမတ်လည်း ပိုသိလာတာမို့ ဝိပဿနာ

ဥာဏ်တွေလည်း ပိုမိုဖြစ်ပေါ်လာမှာဖြစ်တဲ့အကြောင်း တင်ပြလိုက်ပါတယ်ခင်ဗျာ။


62

အခြေခံ အကျဆုံးအသိ

သတိပဌာန်လမ်းပေါ်သွားနေသူဟာ မဖြစ်မနေသိလာရမယ့် အသိဥာဏ် တွေရှိပါတယ်။

ပထမဆုံးသိရမယ့်အသိက ကိုယ်ပေါ်မှာတိုးတာ တင်းတာ ပူတာ အေးတာ စတဲ့

သဘာဝတွေ သူ့အလုပ်သူလုပ်နေတယ်။

စိတ်မှာလည်း သိတာ မှတ်တာ ခံစားတာ စေ့ဆော်တာ စတဲ့ သဘာဝတွေဟာ

သူ့အလုပ်သူလုပ်နေကြတယ်ဆိုတာပါဘဲ။

ဒီအသိဟာ အခြေခံအကျဆုံးအသိဖြစ်ပါတယ်။

ဒီအသိမရှိဘဲနဲ့ ရှေ့ဆက်လို့မရပါဘူး။

ဒီအသိကလည်း သူများပြောလို့ သိတဲ့အသိ မဖြစ်ရပါဘူး။

တွေးတော ဆင်ခြင် ကြံဆပြီး သိတာမျိုးလည်းမဟုတ်ရပါဘူး။

မိမိကိုယ်နဲ့ မိမိစိတ်ကို သတိထားပြီးသိနေတဲ့အခိုက်မှာ အလိုလို သိလာတဲ့ အသိဥာဏ်ဖြစ်ရပါမယ်။

ဒီအသိပေါ်လာပြီးလို့ စောစောက သတိထားနေတဲ့ ထင်ထင်ရှားရှား ပေါ်ပေါ်နေတဲ့

သဘာဝတွေကိုဆက်ပြီး သတိထားကြည့်နေမယ်ဆိုရင် အဲဒီ သဘာဝတွေဟာ

ပေါ်ပြီး ပျောက်သွားတာ ဖြစ်ပြီး ပျက်သွားတာလို့ အလိုလိုဘဲ ထပ်သိလာပါမယ်။

ဒီအသိနှစ်ခုဟာ တရားအားထုတ်သူတွေ မသိလို့ မဖြစ်တဲ့ အသိတွေ ဖြစ်ပါတယ်။

ရုပ်နာမ်လို့ သိတာနဲ့ ဖြစ်ပျက်လို့ သိတာလို့ ဆိုနိုင်ပါတယ်။

ရုပ်နာမ်လို့ ရှုရတာမဟုတ်ပါဘူး။ ဖြစ်ပျက်လို့ ရှုရတာမဟုတ်ပါဘူး။

ပေါ်ရာ သဘာဝကိုဘဲ ရှုရတာဖြစ်ပါတယ်။

ပေါ်ရာသဘာဝကို ရှုရင်းနဲ့ ရုပ်နာမ်လို့သိလာတာဖြစ်ပါတယ်။

ပေါ်ရာ သဘာဝကို ရှုရင်းနဲ့ ဖြစ်ပြီးပျက်နေတာလို့ သိလာတာဖြစ်ပါတယ်။

ဖြစ်ပျက်လို့ရှုတာနဲ့ ဖြစ်ပျက်လို့သိတာနဲ့ မတူပါဘူး။

ဖြစ်ပျက်လို့ ရှုတာက ကြားဘူးနားဝနဲ့ရှုတာ။


63

ဖြစ်ပျက်လို့သိတာက ကိုယ်တွေ့သိတာ။

အလားတူပါဘဲ။ ရှုအားကောင်းလာရင် ဖြစ်ပြီး ပျက်တာလို့ သိနေရာက အပျက်တွေ

ဆက်တိုက်ဖြစ်နေတာဘဲလို့ ထပ်သိလာပါမယ်။

အရှုခံက ပေါ်ရာ သဘာဝ။ ရှုနေတာက မဂ္ဂင်ငါးပါး။ သိလိုက်တာက ဥာဏ် ဖြစ်ပါတယ်။

ရှုရင်းနဲ့ အလိုလိုသိလာမှ ဥာဏ်လို့ခေါ်ပါတယ်။

ရှုရင်းနဲ့ အရှုခံပေါ်ရာ သဘာဝကို သာယာမှုမရှိတော့တဲ့အသိ ထပ်ဖြစ် လာပါမယ်။

နိဗ္ဗိန္နဥာဏ်ပါ။ နိက မရှိတာ။ ဗိန္နက သာယာတာ။

ဖြစ်ပျက်ကို ရှုလို့ အပျက်တွေချည်းတွေ့လို့ ငြီးငွေ့သွားတာ မုန်းတီးသွားတာ မဟုတ်ပါဘူး။

ပေါ်ရာ သဘာဝကိုရှုရင်း ရှုသူရဲ့အသိမှာ အသိဥာဏ်တွေသာ တိုးလာမှာဖြစ်ပါတယ်။

မုန်းတဲ့စိတ်တွေ မဝင်လာသင့်ပါဘူး။

သူ့သဘောနဲ့သူ။ သူ့သဘာဝနဲ့သူ။

သူ့အလုပ်သူလုပ်နေတဲ့ သဘာဝတွေကို ငါလို့ထင်နေရင် ဒိဌိ။

ချစ်နေရင် တဏှာ။

မုန်းလိုက်ရင် ဒေါသ။

ဘာတွေဖြစ်နေမှန်းမသိရင် မောဟ။

ငါစွဲကင်းလို့ ၊ ချစ်ခြင်းကင်းလို့ ၊ မုန်းခြင်းကင်းလို့ အေးချမ်းကြပါစေ။


64

ဖြစ်ပျက်မုန်း

ထေရဝါဒရဲ့ အနှစ်သာရဟာ ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဟောကြားတော်မူခဲ့တဲ့

တရားတော်တွေကို အပြောင်းအလဲမလုပ် ပြင်ဆင်ဖြည့်စွက်ခြင်း မလုပ်ဘဲ

မူရင်းအတိုင်း ထိန်းသိမ်းလိုက်နာခြင်းဖြစ်ပါတယ်။

မထေရ်မြတ်တို့အဆက်ဆက် လက်ဆင့်ကမ်းသယ်ဆောင်လာတဲ့ သာသနာ ဖြစ်တာမို့

ထေရဝါဒလို့ ခေါ်ပါတယ်။

မထေရ်မြတ်ကြီးတွေအဆင့်ဆင့် လက်ဆင့်ကမ်းလာတဲ့အခါ သာသနာမှာ

ပေးသူနဲ့ယူသူ အစဉ်အဆက်ဆိုတာ ပေါ်လွင်လာပါတော့တယ်။

ပေးသူမှ ယူသူထံ သာသနာရောက်ပြီး ယူသူကတဖန် ပေးသူအဖြစ်နဲ့

နောက်ထပ်ယူသူများကို လက်ဆင့်ထပ်ကမ်းလျှက်ရှိပါတယ်။

ပေးသူများစွာထဲက ထင်ရှားတဲ့ဆရာတော်တစ်ပါးက မိုးကုတ်ဆရာတော်ကြီးဖြစ်ပါတယ်။

ပရိယတ္တိကျွမ်းကျင်တဲ့အပြင် ပဋိပတ္တိမှာလည်း ထိုးထွင်းသိတဲ့အမြင်တွေနဲ့

ဒဲ့ဒိုးဟောပြောမှုများကြောင့် ခန္ဓာဥာဏ်ရောက် သဘောပေါက်ဘို့ ကျေးဇူး

ကြီးမားတော်မူပါတယ်။

ဆရာတော်ကြီးရဲ့ ဖြစ်ပျက် မုန်းအောင်ရှုဘို့ ဆုံးမချက်ဟာ တရားအားထုတ်သူတွေရဲ့

အလုပ်စခန်းမှာ သဘောပေါက်မှုလွဲချော်မှုတွေ ဖြစ်သွားတတ်ပါတယ်။

ခန္ဓာရဲ့ သဘာဝက ဖြစ်ပျက်ပါ။

ခန္ဓာကို ဖြစ်ပျက်လို့သိလာပြီးနောက် ဆက်ကာဆက်ကာ ရှုနေသူဟာ

အပျက်များကို ဆက်တိုက်သိလာပြီး မုန်းတီးငြီးငွေ့လာတယ်လို့ ယေဘုယျ

ယူလိုက်လေ့ရှိပါတယ်။

မြင်ပါများလို့ ရိုး။ မြင်ပါများလို့ ငြီးငွေ့။

မြင်ပါများလို့ မလိုချင်။ မြင်ပါများလို့ မုန်း။


65

မြင်ပါများလို့ လွှတ်ချချင်။

စသည်ဖြင့် ရှုသူစိတ်မှာ ဖြစ်ပေါ်လာလေ့ရှိပါတယ်။

လိုချင်တာ လောဘ။ ချစ်နေရင် တဏှာ။ ငြီးငွေ့တာ ဗျာပါဒ။

မုန်းသွားတာ ဒေါသ။ ဘာဖြစ်မှန်းမသိတာ မောဟ။

ချစ်ခြင်း မုန်းခြင်းကင်းတဲ့ ဥပေက္ခာနဲ့ ရှုနေဘို့ လိုအပ်တဲ့အကြောင်း ဆွေးနွေးခဲ့ပါတယ်။

လက်ခံသူတွေရှိသလို ဆရာတော်ကြီးနှုတ်ထွက်စကားမို့ မုန်းအောင်

ရှုချင်သူတွေလည်း ရှိနေဆဲဖြစ်ပါတယ်။

အားထုတ်သူက မုန်းစိတ်နှင့် မရှုသင့်ပါဘူး။

ဥာဏ်က သူ့အလိုလို မလိုချင်စိတ်ဖြစ်သွားတာ ကောင်းပါတယ်။

မုန်းဘို့လိုမလို ဆရာတော်ကြီး ၂၅-၂-၁၉၆၁ နေ့မှာ ဦးချစ်ဆွေ

ဓမ္မာရုံမှာ ဟောထားတာကို ပြန်လည်နာယူကြည့်စေလိုပါတယ်။

သောမနဿ ဝေဒနာကြောင့် ဖြစ်တဲ့လောဘ။

ဒေါမနဿ ဝေဒနာကြောင့် ဖြစ်တဲ့ဒေါသ။

ဥပေက္ခာဝေဒနာကြောင့် ဖြစ်တဲ့မောဟ တွေနဲ့ နိဗ္ဗာန်ရောက်တယ်လို့

ဘယ်ဘုရားမှ မဟောပါဘူးလို့ ဟောပြသွားပါတယ်။

၇-၂-၁၉၆၁ ခုနှစ်မှာလည်း သူများပါးစပ် လမ်းမဆုံးစေနဲ့လို့ လမ်းညွှန် ခဲ့ပါသေးတယ်။

ပေးသူနဲ့ယူသူကြားမှာ အယူအဆကွဲလွဲမှုဆိုတာ ရှိစမြဲပါ ယူတတ်ကြပါစေ။


66

သင်္ခရ

ငယ်ငယ်တုန်းက ဘုရားရှိခိုးတောင် ဖြောင့်အောင်မဆိုတတ်သေးပေမယ့်

သင်္ခရဆိုတဲ့စကားလုံးကိုတော့ ကြားဘူးပြီးသားဖြစ်နေခဲ့ပါတယ်။

လူကြီးသူမတွေက နာရေးကိစ္စတွေမှာ ပြောလေ့ရှိတာမို့ သင်္ခရဆိုတာ

သေခြင်းတရားကို ပြောတာလို့ ထင်ခဲ့မိတယ်။

နေ့စဉ်ထုတ် သတင်းစာတစ်စောင်ကလည်း နာရေးသတင်းတွေရဲ့ထိပ်မှာ

သင်္ခရလို့ ခေါင်းစီးတပ်ထားတာလည်း တွေ့နေကြဖြစ်ခဲ့ပါတယ်။

နောက် ပဋိစ္စသမုပ္ပါဒ် တရားတော်ကို နာယူရတဲ့အခါ သင်္ခရဆိုတာ

အားထုတ်မှုလို့ ဆိုလိုကြောင်းလည်း သိလာရပြန်ပါတယ်။

ကောင်းမှုတွေလုပ်တာကို ပုညာဘိသင်္ခရလို့ဆိုပြီး

မကောင်းမှုလုပ်တာတွေကို အပုညာဘိသင်္ခရလို့ ဆိုကြောင်း ထပ်သိရပါတယ်။

ခန္ဓာငါးပါးမှာလည်း အားထုတ်တဲ့သဘော စေ့ဆော်တိုက်တွန်းတဲ့သဘောတွေကို

သင်္ခရက္ခန္ဓာ လို့ မှတ်သားရပြန်ပါတယ်။

နောက်တော့ သဗ္ဗေသင်္ခရာအနိစ္စာတို့ အနိစ္စာ ၀တသင်္ခရတို့ နာကြားရတဲ့အခါကျတော့

သင်္ခရဆိုတာ အနိစ္စလက္ခဏာရှိတဲ့ တရားတွေဘဲလို့ သဘောပေါက်မိလာပြန်ပါတယ်။

ဒါဖြင့် သင်္ခရတရားတွေဟာ ဘာတွေလဲ။ ဘယ်လိုဖြစ်လာတာလဲ။

ဘာလက္ခဏာရှိလဲ စသည်ဖြင့် သိချင်လာပါတော့တယ်။

ဆိုင်ရာဆိုင်ရာ အကြောင်းကြောင်းတွေကြောင့် ဖြစ်ပေါ်လာပြီး

မမြဲတဲ့ လက္ခဏာရှိတဲ့ တရားတွေဘဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ ရုပ်နဲ့နာမ်ပါဘဲ။ သင်္ခရလို့ပြောလိုက်ရင်

သူ့အကြောင်းနဲ့သူလို့ သဘောပေါက်သွားတာမို့

အနတ္တဥာဏ်ဦးစီးပြီးသားဖြစ်နေပါတယ်။
67

မမြဲတဲ့လက္ခဏာရှိတာမို့ အနိစ္စဥာဏ်လည်း ဦးစီးပြီးသားဖြစ်နေပါတယ်။

အဆက်မပြတ် ပျက်စီးနေတဲ့သဘောရှိတာမို့ ဒုက္ခဥာဏ်လည်း ဦးစီးပြီး သားဖြစ်နေပါတယ်။

ရုပ်နာမ်ဓမ္မ သင်္ခရတွေကို သင့်တင့်လျောက်ပတ်စွာ နှလုံးသွင်းနေတဲ့

တရားအားထုတ်သူ တစ်ယောက်ဟာ သင်္ခရတရားတွေရဲ့ လက္ခဏာတွေကို

တွေ့လာတာမို့ သင်္ခရတရားတွေအပေါ်မှာ ချစ်ခြင်းမုန်းခြင်းကင်းလာပါတော့တယ်။

ဥပေက္ခာနဲ့ နေတယ်လို့ဆိုပါတယ်။

ဥပေက္ခာရဲ့ အဓိပ္ပာယ်ဟာ သူ့သဘာဝကို အမှန်သိသွားတာမို့ ကြိုက်ခြင်း မကြိုက်ခြင်း

ကင်းနေတဲ့ အသိဥာဏ်ဦးစီးတဲ့စိတ်ပါဘဲလို့ သဘောပေါက်လာပါတော့တယ်။

သင်္ခရတရားတွေကို အမှန်သိလိုက်ရလို့ ဥပေက္ခာနဲ့ နေနေတာမို့

သင်္ခရုပေက္ခာဥာဏ်လို့ ဆိုပါတယ်။

ဒီဥာဏ်နဲ့ နေတတ်ပြီဆိုရင် သံသရာအတွက် စိတ်ချရပါပြီလို့ အားပေး

တိုက်တန
ွ်းလိုက်ပါတယ် ခင်ဗျာ။
68

သဒ္ဓါ ပညာ

သဒ္ဓါလွန်ရင် ဆွံ့ ၊

ပညာလွန်ရင် ကွန့် ၊

သဒ္ဒါပညာညီဘို့ လို။

ရတနာသုံးပါး ကိုးကွယ်ဆည်းကပ်ကြတဲ့ ကျွန်တော်တို့အားလုံး အထူး

သတိထားလိုက်နာရမယ့် လမ်းညွှန်ချက်ဖြစ်ပါတယ်။

သံသရာကို ကူးခတ်ဘို့က သဒ္ဓါတရားက အရေးကြီးဆုံးဖြစ်သလို

သံသရာမှ လွှတ်မြောက်ဘို့က ပညာကအရေးကြီးဆုံးဖြစ်ပါတယ်။

သဒ္ဓါလိုနေရင် တရားများများနာရပါမယ်။

သဒ္ဓါလွန်နေရင် ဘုရားဟော ပိဋကတ်တော်များနဲ့ စစ်ဆေးရပါမယ်။

ပညာလိုနေရင် တရားများများအားထုတ်ရပါမယ်။

ပညာလွန်နေရင် ကိလေသာနဲ့ စစ်ဆေးရပါမယ်။

ကာလာမသုတ်စကားတော်အတိုင်း လေးစားလိုက်နာမယ်ဆိုရင် သဒ္ဓါ ပညာ

ညီသွားပါလိမ့်မယ်ခင်ဗျာ။
69

ဥာဏ်စဉ်

တရားအားထုတ်နေသူတွေ သိထားသင့်တဲ့ တရားတစ်ခုက ဥာဏ်စဉ်ဘဲဖြစ်ပါတယ်။

ဥာဏ်စဉ်ဆိုတာ ဝိပဿနာအားထုတ်သူတွေရဲ့ စိတ်မှာ အဆင့်ဆင့်

ဖြစ်ပေါ်လာတဲ့ သဘောပေါက်မှုတွေဖြစ်ပါတယ်။

ဝိပဿနာဥာဏ်တွေထဲမှာ ဖြစ်ပျက်ကိုသိတဲ့ ဥဒယဗ္ဗယဥာဏ်ကစတယ် လို့ ဆိုပါတယ်။

သို့ပေမဲ့ ဖြစ်ပျက်ကိုသိဘို့ နှလုံးသွင်းမှန်ဘို့ အရေးကြီးပါတယ်။

ဖြစ်ပျက်ကိုသိဘို့ ဖြစ်ပျက်ကို မသိခင် ရှေ့ပြေးအသိတွေလိုပါတယ်။

မိမိရှုနေတဲ့ ကိုယ်နဲ့စိတ်မှာ ရှုနေတဲ့အခိုက် ပေါ်ပေါ်လာတဲ့သဘာဝတွေ ရှိပါတယ်။

ကိုယ်ပေါ်မှာ ပူတာ တင်းတာ တိုးတာစတဲ့ သဘာဝတွေရှိနေပြီး

စိတ်မှာသိတာ မှတ်သားတာ ခံစားတာ စေ့ဆော်တာ စတဲ့ သဘာဝတွေပေါ်နေပါတယ်။

ဒီသဘာဝတွေဟာ သူ့သဘာဝနဲ့သူပေါ်လာပြီး သူ့အလုပ်သူလုပ်နေကြတယ်။

သူ့လမ်းသူသွားနေကြတယ်ဆိုတဲ့အသိ။ သူ့အကြောင်းသူ ပေါ်လာကြတာဘဲဆိုတဲ့

အသိတွေ အရင်ပေါ်ရပါသေးတယ်။

ဒီအသိတွေ ရှေ့ပြေးအနေနဲ့ ပေါ်လာပြီးမှ ပေါ်လာသမျှဟာ ပျောက်သွားတာဘဲ

ဖြစ်လာသမျှဟာ ပျက်သွားတာဘဲလို့ သိလာရမှာဖြစ်ပါတယ်။

ဖြစ်ပျက်လို့ လိုက်ဆိုနေမိရင် မဆိုမိအောင် သတိထားလိုက်ပါ။

ဖြစ်ပျက်လို့ မှတ်ချက်ပေးပြီး ရှုနေမိရင် မှတ်ချက်မပေးမိအောင် သတိထားလိုက်ပါ။

ပေါ်ရာပေါ်ရာကို သတိထားနေရုံကလွဲလို့ မိမိရှုစိတ်ကို ဘာအတွေးမှ

မဝင်အောင် ရှင်းနိုင်သမျှရှင်းအောင် နေတတ်ဘို့လိုပါတယ်။

အသိမှာရှင်းနေမှ အမြင်မှာရှင်းပါမယ်။

အမြင်မှာရှင်းနေမှ ဥာဏ်မှာရှင်းပါမယ်။

ဥာဏ်မှာရှင်းနေမှ အမှန်ကိုသိပါမယ်။
70

ဖြစ်ပျက်လို့သိတဲ့ ဥာဏ်မှန်ရင် မှန်သလောက် ရှေ့ဆက်ပြီး ဥာဏ်စဉ်

တွေတက်လာမှာ ဖြစ်ပါတယ်။

အမှန်မြင်လေ ဒီဥာဏ်ကြောင့် စိတ်မှာကြည်လင်လာပါမယ်။ ကျေနပ်

လာပါမယ်။ ပေါ့ပါးလာပါမယ်။ အေးချမ်းလာပါမယ်။ လန်းဆန်းနေမယ်။

အရောင်တွေ အလင်းတွေတွေ့နေမယ်။ ဖြစ်ပျက်လို့ သိနေတဲ့ ယောဂီဟာ အဲဒါတွေကို

သာယာသွားပြီး မူလရှုနေတဲ့ ရုပ်နာမ်ကို မရှုမိတော့ဘဲဖြစ်သွားတတ်ပါတယ်။

ဝိပဿနာ ညစ်ညူးသွားပြီလို့ ဆိုပါတယ်။ သတိထားရမယ့်အချက်ဖြစ်ပါတယ်။

လမ်းမှန်ပေါ်ရောက်ပါလျက်နဲ့ လမ်းချော်သွားတာမို့ နစ်နာမှုပါဘဲ။

ဖြစ်ပျက်လို့ ခပ်စိပ်စိပ်သိလာတဲ့အခါ စောစောတုန်းကလို တစ်ခါ

ပေါ်တစ်ခါသိ မဟုတ်တော့ပါဘူး။

ပေါ်လိုက်သိလိုက် ခပ်ကြဲကြဲသိနေရာက အသိတွေစိပ်လာ ဆက်လာ

တဲ့အခါ အပျက်တွေချည်းလို့ သိလာပါလိမ့်မယ်။

စောစောက ဖြစ်ပျက်လို့သိနေတုန်းက ပုံရိပ်ပုံသဏ္ဍာန် နိမိတ်တွေနဲ့

သဘာဝတွေဟာ ရောပြီးတွေ့နေပါသေးတယ်။ ပညတ်နဲ့ ပရမတ်ရောနေသေးတယ်။

အသိစိပ်လို့ အပျက်စိပ်စိပ်သိလာရင် ပုံရိပ်တွေပုံဖော်နေဘို့ အချိန် မရှိတော့တာမို့

ရှုနေရင်းဘဲ သဘာဝတရားတွေဟာ ပျက်နေတာချည်းဘဲလို့

အသိတွေ ထပ်တိုးလာပါမယ်။ ပရမတ်ချည်းသက်သက် မြင်လာပါမယ်။

ဒီအသိတွေ အားကောင်းသထက် ကောင်းလာတဲ့အခါ ရုပ်နာမ်သဘာဝ တွေကို

နှစ်သက်မှု သာယာမှု ချစ်ခင်မှုတွေ နဲသထက်နဲလာပြီး ကပ်ငြိမှုလည်း နဲလာပါတယ်။

အချို့ သူများကတော့ မနှစ်သက်မှု မသာယာမှု မချစ်ခင်မှုတွေများပြားလာတဲ့အတွက်

တရားအားထုတ်ချင်စိတ်တွေ လျော့ကျသွားတတ်ပါတယ်။

ဒီနေရာမှာလည်း သတိထားရမယ့် အချက်ပါဘဲ။


71

ဒီလိုစိတ်ဝင်သွားရင်လည်း အနှောက်အယှက်ဖြစ်ပါတယ်။

ဒါပေမဲ့ အနည်းနဲ့အများတော့ ဖြစ်တတ်ပါတယ်။

တရားအားထုတ်သူဟာ ရှုစရာတွေ ရှုနေရင်း အသိဥာဏ်တွေ တိုးလာရင်း

စိတ်မှာဖြစ်လာတဲ့ အခြေအနေတွေကို မကြာမကြာ ပြန်သုံးသပ်ရပါတယ်။

ဒီလို သုံးသပ်တဲ့အခါ ရှုစရာတွေကို ကပ်ငြိတွယ်တာလေ စောစောက

နှစ်သက်ခြင်း မနှစ်သက်ခြင်းများလေလေလို့ သဘောပေါက်လာလေ ဖြစ်လာပါမယ်။

မနှစ်သက်မှုဟာလည်း မအေးချမ်းမှုကို ဖြစ်စေတာမို့

စိတ်အေးလက်အေး မရှိရင် အမှန်မမြင်တော့ပါဘူး။

တရားအားထုတ်သူဟာ ပေါ်ရာအရှုခံအပေါ်မှာ ဘာမှခံစားမှုမထားတော့ဘဲ

သိရုံမျှသိရုံမျှဘဲ ရှုနေရမယ်ဆိုတာ အလိုလိုသဘောပေါက်လာပါလိမ့်မယ်။

ခံစားမှု မထားတော့တာ ဥပေက္ခာဖြစ်ပါတယ်။

သင်္ခရုပေက္ခာဥာဏ်ဖြစ်ပါတယ်။

ကပ်ငြိမှုမရှိတော့တာ နိဗ္ဗိန္နဖြစ်ပါတယ်။

ကင်းကွာလိုမှု အလိုလိုဖြစ်လာပါမယ်။

လွတ်မြောက်လိုမှု အလိုလိုဖြစ်လာပါမယ်။

ပြန်ခြုံငုံကြည့်လိုက်ရင်

ဖြစ်ပျက်သိတုန်းက ကပ်ငြိမ်မှုမကွာသေးပါဘူး။

အပျက်သိလေ ကပ်ငြိမှုကွာလေ ဖြစ်ပါတယ်။

ဖြစ်ပျက်သိရင် ဒိဌိကွာပါတယ်။

ကပ်ငြိမှုကွာရင် တဏှာကွာပါတယ်။

တရားရှုသူ မိတ်ဆွေများ အေးချမ်ကြပါစေ။


72

အတုယူပါ

ရိပ်သာဝင်တုန်းကဆို ဆရာတော်ကြီးနေပုံ ထိုင်ပုံတွေ ကမ္မာဌာနစရိယ

ဆရာတော်တွေ တရားစစ်တဲ့ ဦးဇင်းတွေရဲ့ အမူအကျင့်တွေကို အားကျခဲ့ဘူးတယ်။

အတုယူဘူးတယ်။

ဆရာတော်ကြီး စကြံန်လျှောက်ရင် လက်ကိုဘယ်လိုထားသလဲ။ ခြေလှမ်းကို

ဘယ်လိုလှမ်းသလဲ။ နှေးနှေးလား မြန်မြန်လား။ စကားပြောရင် မျက်နှာ ဘယ်လိုထားသလဲ။

ဘာကိုကြည့်နေသလဲ စသည်ဖြင့် အတုယူပြီး လိုက်လုပ်ကြည့်မိပါတယ်။

ကမ္မဌာန်းပြတဲ့ ဆရာတော်တွေ တရားစစ်တဲ့ဆရာတော်တွေ ထိုင်ပုံ

သွားပုံ လာပုံ ဖိနပ်ချွတ်ပုံ ဆွမ်းစားပုံ ဆွမ်းခံကြွပုံ ရေချိုးပုံ စတာတွေကိုလည်း

အမှုမဲ့ အမှတ်မဲ့မနေဘဲ အားကျအတုယူပြီးလိုက်လုပ်ကြည့်မိပါတယ်။

သူတ့ရ
ိဲု့ အတွင်းစိတ်ရဲ့ သတိ သမာဓိ ပညာအားတွေကို မခန့်မှန်းနိုင် အတုမယူနိုင်ပေမယ့်

အပြင်ကအမူအယာတွေကိုတော့ မြင်သလောက် သိသလောက် အတုယူနေမိပါတယ်။

တရားတွေနာတဲ့အခါလည်း အရှင်အာနန္ဒာကိုယ်တော်မြတ်ဟာ ထိုင်ရာမှ

လဲလျောင်းရာလမ်းခုလတ်မှာတင် ရဟန္တာဖြစ်သွားတာကို အရမ်းအားကျမိပါတယ်။

အရှင်မြတ်ရဲ့ သတိ သမာဓိ ပညာကို မမှန်းဆနိုင်ပေမယ့် သူရဲ့သတိပဌာန်ကိုတော့

သတိရတိုင်း အတုယူနေမိပါတယ်။

ဥာဏ်အထိ မရောက်ပေမယ့် သတိထားမိလိုက်တာလေးကိုဘဲ

ကိုယ့်ကို ကိုယ် ကျေနပ်နေမိပါတယ်။

ခုရက်ပိုင်းမှာတော့ ဝါယောရဲ့ သဘောကို အရင်ကထက် နဲနဲပိုသိလာပါတယ်ခင်ဗျာ။


73

တရားမရတဲ့အကြောင်း

တရားအားထုတ်သူတိုင်း တရားရသင့်ပေမယ့် တရားမရတဲ့အကြောင်းတွေ ရှိနေတဲ့အခါ

တရားမရဘူးဖြစ်နေတတ်ပါတယ်။

တရားမရစေတဲ့အကြောင်းတွေ ကိုယ့်မှာရှိနေရင် သတိထားပြီး ပြင်လိုက်ရပါမယ်။

တရားမရစေတဲ့အကြောင်းတွေထဲမှာ ကိရိယ ပရိဟာနိ နဲ့ ပါပမိတ္တ ဆိုတဲ့ အကြောင်းနှစ်ပါးဟာ

လွန်စွာအရေးကြီးပါတယ်။

ကိရိယ ပရိဟာနိဆိုတာ ပြုသင့်ပြုထိုက်တဲ့အမှုကို မပြုတာဖြစ်ပါတယ်။

တရားဆိုတာ လက်ဆင့်ကမ်းပြန့်ပွားရတဲ့အရာဖြစ်တာမို့ ဆရာနဲ့ တပည့် ဆိုတာ ရှိလာပါတယ်။

ဆရာအနေနဲ့လည်း ပြုသင့်တာကို ပြုရပါတယ်။ ဆိုလိုတာက မဂ်ဖိုလ် နိဗ္ဗာန်တရားတွေကို

နည်းမှန်လမ်းမှန်နဲ့ အားထုတ်ပြီးသူဖြစ်ရပါမယ်။ သို့မဟုတ် အားထုတ်နေသူဖြစ်ရပါမယ်။

တပည့်ကိုလည်း နည်းမှန်လမ်းမှန်ကို သဘောပေါက်အောင် ပြသနိုင်သူဖြစ်ရပါမယ်။

တပည့်ဘက်ကလည်း ပြုသင့်တာပြုရမှာမို့ ဆရာပြသတဲ့အတိုင်း အားထုတ်နေသူ ဖြစ်ရပါမယ်။

ဆရာနှင့်တပည့် ပြုသင့်တာမပြုဘဲနေလို့ကတော့

နှစ်ယောက်စလုံး တရားမရနိုင်သူတွေဖြစ်သွားပါလိမ့်မယ်။

ပါပ မိတ္တဆိုတာကတော့ အများသိပြီးဖြစ်ပါလိမ့်မယ်။

မကောင်းတဲ့မိတ်ဆွေလို့ အဓိပ္ပာယ်ရပါတယ်။ တရားအားထုတ်သူမှန်သမျှ

မကောင်းတဲ့မိတ်ဆွေကိုတော့ ရှောင်ကြမှာဖြစ်ပါတယ်။ ဒါပေမဲ့ မိတ္တဆိုတာ

မိတ်ဆွေလို့ သာမာန်အပေါင်းအသင်းဆိုတာထက် လေးနက်ပါတယ်။

ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ အကောင်းဆုံးမိတ်ဆွေလို့ သဘောပေါက်ရင်

မိတ်ဆွေဆိုတာ ပိုလို့လေးနက်ပါလိမ့်မယ်။

ဒါဆိုရင် မိမိအိမ်ရဲ့ ဘုရားခန်းမှာ မိမိအိမ်မှာ မိတ်ဆွေအတုတွေ ပါပ မိတ္တတွေ ရှိနေမယ်ဆိုရင်

တရားရမယ့်သူမဟုတ်တော့ပါဘူး။
74

မဂ်တရား ဖိုလ်တရား နိဗ္ဗာန်တရားနဲ့ မလျော်ညီတဲ့ စကားတွေပြောနေတဲ့ မိတ်ဆွေကို

ပေါင်းသင်းနေရင်လည်း တရားမရနိုင်ပါဘူး။

ဒါဖြင့်ရင် ဆရာကလည်း လမ်းမှန်ဘို့ တပည့်ကလည်း လမ်းမှန်ဘို့

မိတ်ဆွေကလည်းကောင်းဘို့ ဘာနဲ့တိုင်းတာပြီး ဆုံးဖြတ်မှာလဲ။

နိဗ္ဗာန်ရောက်ကြောင်းတရားတွေပြောနေပေမယ့် ကျင့်နေပေမယ့် သတိ

ပဌာန်နဲ့ စပ်တဲ့တရားကို မပြောဘူး သတိပဌာန်ကို မကျင့်ဘူးဆိုရင် တရားမရနိုင်ပါဘူး။

သတိပဌာန်ဟာ နိဗ္ဗာန်ရောက်ကြောင်း တစ်ကြောင်းတည်းသောလမ်း ဖြစ်ပါတယ်။

သတိပဌာန်မပါဘဲ နိဗ္ဗာန်ကို မျက်မှောက်ပြုသွားသူတစ်ယောက်မှ မရှိပါဘူး။

သတိပဌာန်လမ်းကို ဆရာတပည့် လျှောက်ကြတဲ့အခါ လမ်းမှန်၊ မမှန်

ခရီးရောက်၊ မရောက်ကိုလည်း စစ်ဆေးတတ်ဘို့လိုပါတယ်။ ဒီအတွက်လည်း

အကောင်းဆုံးတိုင်းတာနည်းကတော့ ဝိသုဒ္ဓိမဂ်ပါဘဲ။

အသိဥာဏ်တွေ အဆင့်ဆင့်တိုးတက်လာပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုတဲ့

အထိ လမ်းစဉ်အဆင့်ဆင့်ကို ဝိသုဒ္ဓိမဂ်မှာ ပြထားပါတယ်။

ဝိသုဒ္ဓိမဂ်အတိုင်း ဥာဏ်စဉ်မဖြစ်ပါဘဲ နိဗ္ဗာန်ကိုမျက်မှောက်ပြုသွားတဲ့

သူတစ်ယောက်မှ မရှိပါဘူး။ ဖြတ်ကနဲ တရားထူးရသွားပါတယ်ဆိုတဲ့သူတောင်

သတိပဌာန်နဲ့ ဝိသုဒ္ဓိမဂ်မပါလို့ မဖြစ်ပါဘူး။ တရားအားထုတ်သူတိုင်း တရား

မရတာမဖြစ်ရလေအောင် တင်ပြပေးလိုက်ပါတယ်ခင်ဗျာ။
75

နည်း

တရားအားထုတ်နေသူတိုင်း တရားမသိသေးတာတွေ ဖြစ်တတ်ပါတယ်။

အားထုတ်နည်းမမှန်သေးလို့ရယ် ၊ အားထုတ်မှုနဲနေသေးလို့ရယ် ဖြစ်ပါတယ်။

အားထုတ်နည်းတွေက များလိုက်တာ။

မိုးကုတ် မဟာစည် ဝေဘူ လယ်တီ စွန်းလွန်း ဖားအောက် ဟံသာဝတီ သစ္စာဒီပက

သဘာဝတရား ဂိုအင်ကာ စသည်ဖြင့် ...

ဟိုနည်းနဲ့ အပ်စပ်သလိုလို ဒီနည်းနဲ့အဆင်ပြေသလိုလိုနဲ့ ထွေနေတတ်ပါတယ်။

အဲဒီနည်းတွေအားလုံးဟာ အစပိုင်းချဉ်းကပ်နည်းတွေသာ မတူကြတာပါ။

ရုပ်နာမ်သိလို့ ဖြစ်ပျက်မြင်ရင် အားလုံးတစ်ခုတည်းသောလမ်းပါဘဲ။

သတိပဌာန်လမ်းလို့ ခေါ်ပါတယ်။

နိဗ္ဗာန်ရောက်ဘို့ တစ်ခုတည်းသော လမ်းဖြစ်ပါတယ်။

အခြားနည်းမရှိပါ။

သတိပဌာန်လမ်းစဉ်ကလည်း အလွန်ရိုးရှင်းပါတယ်။

စာတတ်တတ် မတတ်တတ် လုပ်လို့ရပါတယ်။

ဘုရားခန်းထဲဖြစ်ဖြစ် မဖြစ်ဖြစ် လုပ်လို့ရပါတယ်။

ရိပ်သာဝင်ဝင် မဝင်ဝင် အားထုတ်နိုင်ပါတယ်။

မိမိကိုယ်နဲ့ မိမိစိတ်ကို မိမိသတိထားတတ်ရင် ရပါပြီ။

ပေါ်ရာရှု သတိပြု စောင့်မှု ထား

ထပ်ရှင်းပြစရာ မလိုလောက်အောင် ရှင်းပါတယ်။

ဘာလိုအပ်နေပါသလဲ မိတ်ဆွေ။

ဘာမှ မလိုလောက်ပါဘူး။

ရိုးရိုးရှင်းရှင်းလေး အားထုတ်ကြည့်ပါ။
76

ဝါယောရုပ် (၁)

တရားသိဘို့ အလွယ်ဆုံး အနီးဆုံးဖြစ်နေပါပြီ။

လူကို ငြိမ်ငြိမ်ကလေးဖြစ်အောင် ထိုင်နေလိုက်ပြီး

ကိုယ်ပေါ်ကို သတိ ထားနေလိုက်တယ်။

နှာသီးဝမှာ သတိထားလိုက်တော့ တိုးနေတဲ့သဘောတစ်ခုကို သိလိုက်တယ်။

တိုးနေတဲ့သဘောကလေးဟာ တစက်ကလေးမှ ရပ်မနေဘူး။

အဆက်မပြတ်ကိုဘဲ ပြောင်းလဲနေတယ်။

ဝမ်းဗိုက်ကို သတိထားလိုက်ပြန်တော့လည်း ခုနကလို တိုးတဲ့သဘောလေးကို တွေ့ပြန်ရော။

သူလည်းဘဲ မရပ်မနားကို လှုပ်နေတာပါဘဲ။

ခြေထောက်မှာ တောင့်တာ တင်းတာလေးတွေ့ပြန်တော့လည်း အဲဒီ သဘောလေးဟာ

တသမတ်တည်းရှိနေတာမဟုတ်ဘဲ အမြဲဘဲ ပြောင်းလဲနေတာ တွေ့ပါတယ်။

ငြိမ်ငြိမ်လေးဖြစ်အောင် မတ်တပ်ရပ်နေတဲ့အခါမှာလည်း တောင့်နေ

တင်းနေတာတွေဟာ အဆက်မပြတ် အမျိုးမျိုးပေါ်နေတာ သတိထားမိပါတယ်။

လှဲအိပ်လိုက်တဲ့အခါ လူကသာအိပ်လိုက်ပေမယ့် တင်းနေ တောင့်နေ

လှုပ်နေ တိုးနေတာတွေက တစ်ကိုယ်လုံးအနှံ့ပါဘဲ။

လမ်းလျှောက်တဲ့အခါမှာတော့ တင်းနေ တောင့်နေ တွန်းနေ လှုပ်နေတဲ့

အဲဒီသဘာဝတစ်ခုဟာ ထင်ထင်ရှားရှားကိုဘဲ ပြောင်းလဲနေတာတွေ့ပါတယ်။

ဒီလက္ခဏာတွေရှိနေတဲ့ သဘာဝတစ်ခုဟာ ကိုယ်ပေါ်မှာ အချိန်ပြည့် သူ့အလုပ် သူလုပ်နေတာ

တွေ့နေပါတယ်။ ဒီသဘာဝလေးဟာ သူ့သဘာဝအတိုင်း သူနေမယ်ဆိုပေမယ့်

စိတ်က ကိုယ်ကြီးကို ဒါမှမဟုတ် ခြေလက်ခေါင်းစတဲ့ အပိုင်းတစ်ခုခုကို

လှုပ်ဘို့ ရွှေ့ဘို့ ရွေ့ရှားဘို့ စေ့ဆော်လိုက်တာနဲ့

ခြေလှုပ်တာ လက်လှုပ်တာ ခေါင်းလှုပ်တာ ရွေ့ရှားတာ အမူအယာ ပြုလုပ်တာတွေ


77

အားလုံးကို ဒီသဘာဝတရားက ပြုလုပ်ပေးနေတာ သတိထားလိုက်မိပြန်ပါတယ်။

သဘာဝတစ်ခုဟာ တရိပ်ရိပ်ရွေ့အောင် လုပ်နေတာဖြစ်ပါတယ်။

ဒီသဘောလေးဟာ စိတ်က ခိုင်းလို့ ရွေ့နေရတယ်ဆိုပေမယ့် သူလိုရာဘက်ကို

ရွေ့အောင် ဆောင်ရွက်နေသလိုဘဲ။

သူ့ လက္ခဏာနဲ့သူ။

သူ့ သဘောသူဆောင်။

သူ့ သဘာဝအတိုင်းသူနေ။

သူ့ အလုပ်သူလုပ်။

သူ့ အလုပ်ကလွဲလို့ ကျန်တာဘာမှမလုပ်။

သူ့ အလုပ်ကိုလည်း မရပ်မနားလုပ်။

တစ်စက္ကန့်လေးမှ ရပ်တန့်မနေ။

အချိန်တိုင်းဘဲ ပြောင်းလဲနေ။

တစ်ကိုယ်လုံးမှာ သူရှိနေ။

သဘာဝတရား။

အမှန်တရား။

သစ္စာတရား။

ဘုရားဟောတဲ့ ဝါယောရုပ်ပါခင်ဗျား။
78

ဝါယောရုပ် (၂)

တရားအားထုတ်သူ တော်တော်များများဟာ ထိုင်ပြီး အားထုတ်တာကို

ဦးစားပေးလေ့ရှိပါတယ်။

ထိုင်ရင် ကြာကြာတရားမှတ်လို့ရတာရယ်၊ ငြိမ်ငြိမ်ထိုင်နေတဲ့အတွက်

စိတ်ငြိမ်ဘို့လည်း လွယ်ကူတာမို့ ထိုင်ပြီးတရားမှတ်တာက ပိုအကျိုးရှိပါတယ်။

ထိုင်တဲ့အချိန်မှာလည်း အထင်ရှားဆုံးရှုလို့ရတာက တိုးတာ တင်းတာ တောင့်တာတွေပါဘဲ။

နှာသီးဝမှာ သတိထားနေရင် ဝင်လေ ထွက်လေရဲ့ တိုးတဲ့သဘောလေး

ကို ထင်ထင်ရှားရှားတွေ့မှာဖြစ်ပါတယ်။

ဝမ်းဗိုက်မှာ သတိထားရင်လည်း တိုးတဲ့ လျော့တဲ့သဘောကို တွေ့ပါလိမ့်မယ်။

ကိုယ်ပေါ်က တခြားနေရာတွေကို သတိထားလိုက်ရင်လည်း

တင်းနေ တောင့်နေတာကို တွေ့ပါမယ်။

ထိုင်နေတဲ့အခိုက် တစ်ကိုယ်လုံးကို သတိထားမယ်ဆိုရင် တင်းတာ လျော့တာ

တိုးတာ တောင့်တာ စတာတွေဟာ အဆက်မပြတ်ပေါ်နေတာ တွေ့ရပါမယ်။

ထိုင်တာနဲ့ အနီးစပ်ဆုံးတူတာက ညအိပ်ရာဝင်ချိန်ပါဘဲ။

အိပ်ရာထဲရောက်တာနဲ လဲလျောင်းလိုက်ပြီးရင် ထိုင်နေတုန်းကလိုဘဲ

နှာသီးဝဖြစ်ဖြစ် ဝမ်းဗိုက်ဖြစ်ဖြစ် အခြားကိုယ်ပေါ်မှာ ထင်ရှားရာဖြစ်ဖြစ် တိုးတာ

တင်းတာ တောင့်တာတွေရဲ့ သဘာဝတွေကို သတိထားနေလိုက်ရင် တရားအား

ထုတ်တာဘဲဖြစ်ပါတယ်။

မတ်တပ်ရပ်ပြီးမှတ်ဘို့ကတော့ အခြေအနေသိပ်မပေးကြပါဘူး။ ကားမှတ်

တိုင်မှာရပ်စောင့်နေရတဲ့အခါမျိုး၊ အခြားတစ်ခုခုကို စောင့်နေရတဲ့အခါမျိုးမှာ

တင်းနေ တောင့်နေတဲ့ သဘာဝတွေကို သတိထားလို့ရပါတယ်။ လမ်းလျှောက်တဲ့အခါမှာတော့

အဲဒီတင်းနေ တောင့်နေ တိုးနေတာတွေကို ထင်ထင်ရှားရှားတွေ့မှာဖြစ်ပါတယ်။


79

ဒီတင်းတာ တိုးတာ တောင့်တာတွေဟာ လေရဲ့ သဘာဝဖြစ်တာမို့

ဝါယောဓါတ်လို့ ခေါ်ပါတယ်။

ကိုယ်ပေါ်မှာဖြစ်နေတဲ့ ဝါယောရဲ့ သဘာဝတွေမို့ ဝါယောရုပ်လို့ခေါ်ပါတယ်။

တင်းတာ တိုးတာ တောင့်တာတွေဟာ ဝါယောရုပ်ရဲ့ သဘာဝလက္ခဏာ တွေဖြစ်ပါတယ်။

တရားအားထုတ်သူဟာ အဲဒီလို သဘာဝလဏ္ခဏာတွေကို အဆက်မပြတ် သတိထားနေတာဖြစ်ပါတယ်။

အဲဒီသဘာဝလက္ခဏာတွေဟာ ဘယ်အချိန်ကြည့်ကြည့်

ပေါ်ပြီး ပျောက် ဖြစ်ပြီး ပျက်ကိုဘဲ တွေ့ပါမယ်။

ဒီနေရာမှာ ကြုံတုန်း ပြောပြပါဦးမယ်။

တချို့ က အဲဒါ သတိပဌာန်ဘဲရှိသေးတယ်။ ဖြစ်ပျက်ရှုပါဦးတဲ့။

စောစောက တိုးတဲ့ တင်းတဲ့ တောင့်တဲ့ သဘာဝလက္ခဏာကို သိတဲ့ အခိုက်မှာဘဲ

ပေါ်ပြီး ပျောက်ပြီး ပြီးပျက်တဲ့ သာမညလက္ခဏာကို တစ်ပါတည်း သိနေပါလိမ့်မယ်။

သီးသန့်ကြီးဖြစ်ပျက် ဖြစ်ပျက်လို့ ရှုနေရတာမဟုတ်ပါဘူး။

သတိပဌာန်မှန်ရင် အရှုခံရဲ့ သဘာဝဖြစ်ပျက်ဆိုတာ အလိုလိုသိရမဲ့ အရာဖြစ်ပါတယ်။

ထိုင်ထ အိပ်လျောင်း အနေအထားလေးမျိုးအပြင် ကျန်လှုပ်ရှားမှုအားလုံး မှာလည်း

သတိပဌာန်မပြတ်စေရပါဘူး။

ကျန်လှုပ်ရှားမှုအားလုံးမှာတော့ တင်းတာ တောင့်တာ တိုးတာတွဟာ

အလေ့အကျင့်နည်းနေသေးရင် ရှုလို့မတတ်သေးပါဘူး။ မထင်ရှားတာကိုလည်း

လုပ်ကြံပြီး ရှုလို့မရပါဘူး။ အထွေထွေလှုပ်ရှားမှုအပိုင်းမှာတော့ အမူအယာတွေ

အဆက်မပြတ်ဖြစ်ပေါ်နေတာကို သတိထားလို့ရပါတယ်။ ဒီအမူအယာ အပြောင်းအလဲတွေကို

သတိထားပါများလာရင် လှုပ်ရှားမှုတိုင်းမှာ လှုပ်ရှားမှုကိုဖြစ်စေတဲ့

သဘာဝတစ်ခု ကိုယ်မှာရှိနေတာကို သတိထားမိလာပါလိမ့်မယ်။

စိတ်က လှုပ်ရှားစေလို့ ကိုယ်ကြီးက လှုပ်ရှားတာကိုလည်း တွေ့လိမ့်မယ်။


80

အဲဒီ သဘာဝဟာ အချိန်တိုင်း တသမတ်တည်းမဟုတ်ဘဲ အတိုး အလျော့ အပြောင်းအလဲတွေ

ဖြစ်နေတာလည်း တွေ့ရပါမယ်။

ဒီသဘာတွေဟာ စိတ်ကခိုင်းစေရာဘက်ကို ဆောင်ရွက်နေတာကို တွေ့ရပါတယ်။

အဲဒါ ဝါယောရုပ်ပါဘဲ။

မဟာသတိပဌာနသုတ်တော်ကြီးမှာ ဣရိယာပထမပိုင်းနဲ့ သမ္ပဇညပိုင်းမှာ

ဝါယောရုပ်ရဲ့ သဘာဝတွေကိုရှုဘို့ ညွှန်ပြထားပါတယ်။

ရှုတဲ့အခါမှာလည်း ဝါယောရဲ့လက္ခဏာ ရသပစ္စုပဌာန်ကိုရှုဘို့ အဌကထာမှာ ပြထားပါတယ်။

လက္ခဏာဆိုတာ တင်းတာ တောင့်တာ တိုးတာတွေပါ။

ထိုင်ထ သွားလျောင်းတွေမှာ ထင်ရှားပါတယ်။

ရသဆိုတာ ပြုလုပ်တဲ့ကိစ္စတွေပါ။

လှုပ်ရှားနေတဲ့ သဘာဝကို ပြောတပါ။

ပစ္စုပဌာန်ဆိုတာ လိုရာဘက်ကို ရှေ့ရှုဆောင်တာပါ။

ဝါယောရုပ်မှ မဟုတ်ပါဘူး။

ရုပ်နာမ်အားလုံး ဘယ်ဟာကိုဘဲရှုရှု လက္ခဏာရသ ပစ္စုပဌာန်သဘာဝ

တွေကို သဘောပေါက်အောင် ရှုရပါတယ်။

မိတ်ဆွေအားလုံး တစ်ချိန်လုံး ထင်ရှားနေတဲ့ကိုယ်ပေါ်က ဝါယောရုပ်

ကို ရှုတတ်ကြပါစေ။
81

သတိ

တရားအားလုံးကို အနှစ်ချုပ်ရင် သတိတစ်လုံးဖြစ်ပါတယ်။

သတိကိုအခြေခံပြီး သမထလမ်းကိုသွားလို့ရပါတယ်။

သတိကိုအခြေခံပြီး ဝိပဿနာကိုသွားလို့ရပါတယ်။

သတိကိုအခြေခံပြီး ဝိပဿနာသွားတာကို သတိပဌာန်လို့ ခေါ်ပါတယ်။

သတိပဌာန်လို့ပြောလိုက်ရင် သတိအခြေခံ ဝိပဿနာလို့ သဘောပေါက်ရပါမယ်။

သတိပဌာန်သည် နိဗ္ဗာန်ရောက်ကြောင်း တစ်ခုတည်းသော လမ်းဖြစ်ပါတယ်။

ဧကာယနောမဂ္ဂေါ ဖြစ်ပါတယ်။

အပ္ပမာဒ။

ကုသိုလ်တရားအားလုံးဟာ သတိမှအစပြုပါတယ်။

ကုသိုလ်တရားအားလုံးရဲ့အဆုံး နိဗ္ဗာန်အထိ သတိ ပါဝင်ပါတယ်။

ကုသိုလ်အလုပ်အားလုံး နိဗ္ဗာန်အထိ သတိပါဝင်ကြောင်း အဘိဓမ္မာမှာ လည်း ပြဆိုထားပါတယ်။

ဘုရားပုံတော်ကို သတိထားပြီး ဂုဏ်တော်ပွားတာကို ဗုဒ္ဓါနုဿတိလို့ ခေါ်ပါတယ်။

သတ္တဝါတွေကို သတိထားပြီး မေတ္တာပို့တာကို မေတ္တာဘာဝနာလို့ ခေါ်ပါတယ်။

သက်ရှိသက်မဲ့တစ်ခုခုကို သတိထားပြီး သမာဓိရအောင် ကြိမ်ဖန်များစွာ ပွားများတာကို

သမထကမ္မဌာန်းလို့ ခေါ်ပါတယ်။

မိမိကိုယ်နဲ့ စိတ်မှာ သတိထားပြီးပေါ်ရာ သဘာဝကို ဝိပဿနာရှုတာကို

သတိပဌာန်ဘာဝနာလို့လည်း ခေါ်ပါတယ်။

သတိဟာ အမှောင်အားလုံးကို အလင်းရစေဘို့ မီးခလုတ်ဖြစ်ပါတယ်။

မိတ်ဆွေအားလုံး သတိမီးခလုတ်ကိုဖွင့်လို့ အလင်းထဲမှာ အမှန်ရှာနိုင်ကြပါစေ။


82

စိတ်

စိတ်ဟာ

မကောင်းမှုမှာ မွေ့ပျော်တယ်။

အာရုံအပြောင်းအလဲကို နှစ်သက်တယ်။

ဘုရားကိုယ်တော်မြတ်ကြီးဟောခဲ့တာပါ။

စိတ်တစ်မျိုးထပ်ရှိသေးတယ်။

ကောင်းမှုမှာ မွေ့ပျော်တယ်။

အာရုံရဲ့ သဘာဝတွေပေါ်ပြီး ပျောက်နေတာကို သိနေတာကလွဲလို့

ဘာမှမသိချင်ဘူး။

ဒါလည်း ဘုရားဟောပါဘဲ။

ဘယ်စိတ်နဲ့ နေနေသလဲ။
83

တရားရနေပြီလား

မိတ်ဆွေအချင်းချင်း တွေ့ကြတဲ့အခါ မင်္ဂလာပါ၊ နေကောင်းလားဆိုတဲ့

လောကဝတ်စကားတွေအပြင် တရားရနေပြီလားလို့ နှုတ်ဆက်စကားဆိုလေ့ရှိပါတယ်။

တရားရတယ်ဆိုတာ အမှန်တရားတွေကို အမှန်အတိုင်းသိသွားတဲ့

အသိဥာဏ်ရသွားတာ အသိတရားရသွားတာဖြစ်ပါတယ်။ အမှန်တရားအားလုံးကို

တစ်ခုမှမကျန် အကုန်အစင်သိသွားလို့ အသိဥာဏ် အသိတရားအားလုံး

ပြည့်စုံသွားတော်မူတာကတော့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးဘဲ ဖြစ်ပါတယ်။

ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဟောကြားတော်မူခဲ့တဲ့ တရားတော်တွေကို

နည်းမှန် လမ်းမှန် လိုက်နာကျင့်သုံးကြသူအပေါင်းဟာလည်း အမှန်တရားတွေကို

အထိုက်အလျောက် သဘောပေါက်လို့ အသိတရားတွေ တိုးပွားလာတာကို

တရားရတယ်လို့ ခေါ်ပါတယ်။

အသိတရားတွေ အဆင့်ဆင့်ပြောင်းလဲတိုးတက်လာလို့ မဂ်တရား ဖိုလ်တရား နိဗ္ဗာန်တရားအထိ

တရားအသိတွေရသွားရင်တော့ ဘုရားရှင်အလိုကျ လုံးဝစိတ်ချရတဲ့ တရားရသူဖြစ်သွားပါပြီ။

မဂ်တရား ဖိုလ်တရား နိဗ္ဗာန်တရားအထိ သိဘို့ သာမန်အသိကနေ

အဆင့်ဆင့် အသိတွေပြောင်းလဲတိုးတက်ပြီး သိနေတာလည်း

တရားရနေတာဘဲ ဖြစ်ပါတယ်။

တရားရ မရ၊ တရားရှိ မရှိကို

လောကဓံနဲ့စစ်လို့လည်း ရပါတယ်။

ကိလေသာနဲ့ စစ်လို့လည်းရပါတယ်။

အမူအကျင့်နဲ့ စစ်လို့လည်းရပါတယ်။

တရားရနေသူဟာ

သူများအသက်ကို မသတ်တော့ပါဘူး။
84

သူများဥစ္စာကို မခိုးတော့ပါဘူး။

သူများ သားမယားကို မပြစ်မှားတော့ပါဘူး။

မုသားစကား မပြောတော့ပါဘူး။

အတင်းအဖျင်း မပြောတော့ပါဘူး။

ကြမ်းတမ်းစကား မပြောတော့ပါဘူး။

အကျိုးယုတ်မဲ့စကား မပြောတော့ပါဘူး။

မထားသင့်တဲ့ လောဘတွေ မထားတော့ပါဘူး။

မရှိသင့်တဲ့ဒေါသတွေ မရှိတော့ပါဘူး။

မှားယွင်းတဲ့ အယူအဆတွေ မရှိတော့ပါဘူး။

ဒီလိုကိုယ်နဲ့ပြုတဲ့အမှု

နှုတ်နဲ့ပြောတဲ့အပြော

စိတ်နဲ့သိတဲ့အသိတွေ

ပြောင်းလဲတိုးတက်လာပြီဆိုရင် တရားရှိလာပါပြီ။

Facebook ပေါ်က စကားလုံးများမှတစ်ဆင့်လည်း တရားရှိ၊ မရှိ သိနိုင်ပါပြီ။

တရားအသိများ တိုးပွား၍ အသိတရားများ မြင့်မြတ်လာပြီး ဘုရားအလို

ကျ စိတ်ချရတဲ့အထိ တရားရှိကြဘို့ ကြိုးစားကြပါစို့ မိတ်ဆွေတို့ရေ။


85

ညောင်းလာရင်

တရားထိုင်တာကြာလာရင် ညောင်းလာ နာလာပါတယ်။ သဘာဝ ဖြစ်ပါတယ်။

ညောင်းတာကို ဣရိယာပုဒ်မပြင်ဘဲ ဆက်ထိုင်ရင် နာလာတာပါဘဲ။

စညောင်းကာစမှာ သတိထားမိကြမှာပါ။ နာတဲ့အဆင့်မရောက်သေးတော့ သည်းခံပြီး

ဆက်ထိုင်နိုင်ပါသေးတယ်။ ညောင်းလာရင် တရားမှတ်သူက ညောင်းတာကို

ဂရုမစိုက်ဘဲ စောစောကမှတ်နေတဲ့ နှာသီးဝမှာဘဲ ဝင်လေထွက်လေကို

ဆက်မှတ်နေတဲ့သူလည်းရှိပါတယ်။

ဝင်လေထွက်လေမှာ သမာဓိကောင်းသထက်ကောင်းလာတဲ့အခါ သမာဓိ ရဲ့ အေးချမ်းမှုကြောင့်

ညောင်းတာအပေါ်မှာ ဘာမှ မတုန့်ပြန်မိတဲ့အခါ ညောင်းတာဟာ အလိုလိုပြန်လျော့သွားတတ်ပါတယ်။

ရံဖန်ရံခါလည်း မလျော့ဘဲ ပိုတိုးလာတတ်ပါတယ်။

တချို့  တရားမှတ်သူတွေကတော့ ညောင်းညောင်းခြင်းဘဲ ညောင်းတာကို

သတိထားမိလိုက်ပါတယ်။ ညောင်းတာအပေါ်မှာ သတိ သမာဓိကောင်းလာတဲ့အခါ

သမာဓိရဲ့ အေးချမ်းမှုက ပိုလာပြီး ညောင်းတာကို ဘာမှမတုန့်ပြန်တာမို့

ညောင်းတာဟာ မကြီးထွားလာတော့ဘဲ လျော့သွားတတ်ပါတယ်။ အမြဲတမ်း

တော့မဟုတ်ပါဘူး။ ရံဖန်ရံခါလည်း တိုးလာပြီး နာတဲ့အဆင့်ရောက်လာပါတယ်။

ညောင်းတာဖြစ်ဖြစ် နာတာဖြစ်ဖြစ် သတိထားလိုက်ရင် သတိဖြစ်ပါပြီ။

ကိုယ်ပေါ်မှာ သတိထားလိုက်တာမို့ ကာယ ဂတာ သတိလို့ခေါ်ပါတယ်။

ညောင်းတာ နာတာကို နာမည်မတပ်ဘဲ အေးအေးဆေးဆေးသတိ

ဆက်ထားနေမယ်ဆိုရင် တင်းနေတဲ့သဘော ပူနေတဲ့သဘောကို တွေ့ပါမယ်။

ကိုယ်ပေါ်မှာပေါ်တဲ့ သဘာဝမို့ ရုပ်လို့ခေါ်ပါတယ်။

ဒီသဘာဝကို သေသေချာချာ အနုစိတ် ဆက်သိနေမယ်ဆိုရင် ကာယကို အနုစိတ်သိတာမို့

ကာယာနုပဿနာ သတိပဌာန်လို့ ခေါ်ပါတယ်။


86

ဒီသဘာဝတွေရဲ့ ပေါ်ပြီးပျောက်တဲ့ လက္ခဏာကို ဆက်ကာဆက်ကာ သိနေမယ်ဆိုရင်

ကာယနုပဿနာ သတိပဌာန်ဘာဝနာလို့ ခေါ်ပါတယ်။

ညောင်းတာနာတာကို အတင်းကပ်ပြီး ရှုမှတ်မနေရပါဘူး။

ပျောက်ချင် စိတ်နဲ့လည်းမမှတ်ရပါဘူး။

သူ့သဘာဝအတိုင်း သူပေါ်လာတာလို့ နှလုံးသွင်းမှန်နေမယ်ဆိုရင်

ညောင်းတာ နာတာကို သိနေတဲ့စိတ်ကို တွေ့ပါမယ်။

တိုးတာ တင်းတာ ပူတာကို သိနေတဲ့စတ်ကို သတိထားပြီး အသေးစိတ် ရှုမှတ်နေမယ်ဆိုရင်

စိတ္တာနုပဿနာသတိပဌာန်ဘာဝနာ ဖြစ်ပါတယ်။

စိတ်ဖြစ်တိုင်း ဝေဒနာပါစမြဲပါ။ ဝေဒနာ မထင်ရှားလို့သာ မသိကြတာပါ။

ညောင်းတာ နာတာကို စိတ်ကသိနေတဲ့အခါတိုင်းမှာ မနှစ်သက်တဲ့ခံစားမှု ဖြစ်ပေါ်ပါတယ်။

များများညောင်းလေ များများမနှစ်သက်လေပါဘဲ။ များများ နာလေ များများဒေါသထွက်လေပါဘဲ။

မနှစ်သက်တဲ့ ခံစားမှု မကျေနပ်တဲ့ ခံစားမှု စိတ်ဆင်းရဲမှုအားလုံးဟာ ဒေါမနဿဝေဒနာဖြစ်ပါတယ်။

ဒေါမနဿဝေဒနာကို အသေးစိတ်ရှုမှတ်လို့လည်း ရပါတယ်။

ဝေဒနာ နုပဿနာ သတိပဌာန် ဘာဝနာလို့ခေါ်ပါတယ်။

ဒီလို ကိုယ်မှာပေါ်တဲ့ တင်းတာ ပူတာ စိတ်မှာပေါ်တဲ့သိစိတ် စိတ်မှာဖြစ် နေတဲ့ ဝေဒနာတွေဟာ

သူ့အကြောင်းနဲ့သူ သူ့သဘာဝနဲ့သူ ဘယ်ဟာကိုဘဲ ကြည့်ကြည့်

ပေါ်ပြီးပျောက်နေတာဘဲလို့ ဆက်ကာဆက်ကာ နှလုံးသွင်းနေ တာဆိုရင်

ဓမ္မာ နုပဿနာ သတိပဌာန်ဘာဝနာဖြစ်ပါပြီ။

ဘယ်သတိပဌာန်နဲ့ဘဲသွားသွား တရားအားထုတ်သူမှာ သဘာဝရဲ့ အမှန်

တရားကို သိလာမှာဖြစ်ပါတယ်။

ထို ဝိပဿနာဥာဏ်တွေရင့်သထက်ရင့်လာပြီး မဂ်ဥာဏ် ဖိုလ်ဥာဏ် ဖြစ်ပေါ်လာပါမယ်။

တရားအားထုတ်သူအပေါင်း အေးချမ်းကြပါစေ။
87

နာလာရင်

တရားထိုင်ကြာလာရင် ညောင်းလာ နာလာတာပါဘဲ။ ရှောင်လွှဲလို့မရပါဘူး။

သဘာဝတရားပါ။ တရားထိုင်သူတွေက ညောင်းတာ နာတာဟာ သဘာဝတရားဘဲလို့

အရင်ဆုံးလက်ခံလိုက်ဘို့ အရေးကြီးပါတယ်။

ပေါ်ချိန်တန်လို့ ပေါ်လာတာမို့ အေးအေးဆေးဆေးဘဲ သူ့ကိုကြည့်ဘို့ ရှုဘို့

သတိထားလိုက်ရပါမယ်။ တိုးလာတာ လျော့လာတာ သူ့ဖာသာပေါ်ချင်သလို ပေါ်နေမှာဘဲ။

ကိုယ်က ပေါ်ချင် ပျောက်ချင် ဘာမှဝင်မပါလိုက်ပါနဲ့။

ဝေဒနာမှ ငါခွာထားပါ။

ဒီလိုသဘောထားပြီး နှလုံးသွင်းမှန်ပြီဆိုရင် အဲဒီညောင်းတာ နာတာကို

သတိထားပြီး ရှုမှတ်လို့ရပါပြီ။

ပထမတော့ ခြေလက်ကိုယ်တွေ တွေ့နေဦးမယ်။ အာရုံမပြုလိုက်ပါနဲ့။

ညောင်းတာ နာတာကိုဘဲ အာရုံပြုလိုက်ရမှာဖြစ်ပါတယ်။

အာရုံပြုပြုချင်း သတိမကပ်ရင် ညောင်းတယ် နာတယ်လို့ စိတ်နဲ့ ခဏလောက်ရွတ်လိုက်ရင်

သတိကပ်လို့ရသွားပါလိမ့်မယ်။

ညောင်းတာ နာတာကိုကြည့်ရင် ရွရွမွမွတွေ အချောင်းတွေ အမြောင်းတွေ

အပြင်တွေ အတုံးအခဲတွေစတဲ့ ပုံရိပ်တွေ ပုံသဏ္ဍာန်တွေ အရင်တွေ့ပါလိမ့်မယ်။

အဲဒီနာမည်တပ်တာတို့ ပုံရိပ်တွေတို့ကို ပညတ်လို့ခေါ်ပါတယ်။

ပုံရိပ်တွေကို နာမည်မတပ်တော့ဘဲ ဆက်ပြီးသတိထားနေလိုက်ရင်

တင်းနေတာ တိုးနေတာ တောင့်နေတာ ပူနေတာတွေ တွေ့ပါမယ်။

အဲဒါတွေက ကိုယ်မှာပေါ်နေတဲ့ သဘာဝတရားတွေဖြစ်လို့ ပရမတ်လို့ ခေါ်ပါတယ်။

ပုံရိပ်နဲ့သဘာဝတွေ ရောနေတာကို ပညတ်နဲ့ပရမတ်ရောနေတာ လို့ ခေါ်ပါတယ်။

တစ်ချို့ ပုံရိပ်တွေ တိုးလိုက် လျော့လိုက် ပေါ်လိုက် ပျောက်လိုက်ဖြစ်နေတာကို


88

ဖြစ်ပျက်ဖြစ်ပျက်ဆိုပြီး ဆက်မှတ်နေတတ်တယ်။

တချို့ က ပုံရိပ်တွေကို ဖယ်ပြီး သဘာဝနောက်ကို ဆက်လိုက်နေတတ်တယ်။

နှစ်မျိုးစလုံးမမှန်ပါဘူး။

ပုံရိပ်တွေဆက်မှတ်သူက ပညတ်တွေမှတ်နေတာဖြစ်ပြီး ကြားဘူးနားဝ အသိနဲ့

ဖြစ်ပျက်မှတ်နေတာဖြစ်လို့ သံဝေဂဥာဏ်လောက်ဘဲ ဖြစ်ပါတယ်။

ဝိပဿနာလည်းမဖြစ်ပါဘူး။

ပုံရိပ်တွေကိုဖယ်ပြီး ရှုပြန်ရင်လည်း ကိုယ့်ပယောဂ ကိုယ့်အတ္တတွေပါ

နေလို့ သဘာဝအတိုင်းပေါ်ရာကို ရှုတာမဟုတ်လို့ ဝိပဿနာမဖြစ်ပြန်ဘူး။

ပုံရိပ်ကို မဖယ်ဘဲနဲ့ ပေါ်ရာပေါ်ရာ တင်းတာ ပူတာတွေကိုဘဲ ဆက်သိ နေမယ်ဆိုရင်

ပူတာ တင်းတာတွေရဲ့ မမြဲတဲ့လက္ခဏာကို တွေ့နေမှာမို့ ဝိပဿနာ ဥာဏ်ဖြစ်နေပါပြီ။

ပူတာ တင်းတာတွေက လျော့ချင်လျော့မယ်။ တိုးချင်တိုးမယ်။ ပေါ်ချင်

ပေါ်မယ်။ ပျောက်ချင်ပျောက်မယ်။ ရှုလို့ပျောက်တာကို ပြောပြပါမယ်။

ပုံရိပ်ပညတ်တွေကို သတိကပ်ပြီး စွဲစွဲမြဲမြဲ ရှုနေရင်လည်း သမာဓိကောင်းလာတဲ့အခါ

သမာဓိရဲ့ သတ္တိကြောင့် အေးချမ်းလာပါတယ်။ စိတ်အေးအေးနဲ့ ရှုတဲ့အခါ

ပုံရိပ်တွေဟာ အရင်လောက်မကြမ်းတမ်းတော့တာတွေ့ရပါမယ်။

စိတ် တော်တော်လေး အေးချမ်းလာတဲ့အခါ စိတ်ကြောင့်ဖြစ်တဲ့ ပူတဲ့ တိုးတဲ့ သဘောတွေလည်း

အေးချမ်းလာတာမို့ ပုံရိပ်တွေပျောက်လာလေ့ရှိပါတယ်။

တချို့ ဆို ခြေတွေ လက်တွေလည်းပျောက် တစ်ကိုယ်လုံးလည်းပျောက်နေတာဖြစ်တတ်ပါတယ်။

သမာဓိကြောင့်ဖြစ်ပါတယ်။ ဘာဥာဏ်မှ မဖြစ်ပါဘူး။

ပုံရိပ်နဲ့ သဘာဝ နှစ်ခုစလုံး အဆင်ပြေသလို ရှုနေတဲ့သူလည်း သမာဓိတက်လာတာပါဘဲ။

ခုနကလို အေးချမ်းပြီး ပုံရိပ်တွေပျောက်တဲ့အထိ ဖြစ်တတ်ပါတယ်။ သူကတော့

သမာဓိလည်းကောင်းတယ်၊ ပညာလည်းပါတာမို့ ဝိပဿနာဥာဏ်လည်းဖြစ်ပါတယ်။


89

ဝိပဿနာဥာဏ်ဆိုလည်း ပူတာ တင်းတာတွေကို သတိထားနေရာက

ဒီသဘာဝတွေဟာ ဖြစ်လိုက် ပျက်လိုက်ဘဲလို့ စိတ်မှာအလိုလို သိလာတာကို ခေါ်ပါတယ်။

ကြားဘူးနားဝနဲ့ ဖြစ်ပျက်ဘဲလို့ မှတ်ချက်ပေးနေတာကို ဝိပဿနာဥာဏ် လို့ မခေါ်ပါဘူး။

အကူဥာဏ်သာဖြစ်ပါတယ်။

ညောင်းတာ နာတာကို ဘယ်လောက်ကြာအောင် ရှုရမှာလဲလို့ မေးကြပါတယ်။

သည်းခံနိုင်သလောက် ရှုပါလို့ဖြေလိုပါတယ်။

ရှုနည်းသုံးမျိုးရှိပါတယ်။

ပထမနည်းကတော့ ဘယ်လောက်ညောင်းညောင်း သူ့သဘောကို မသိသမျှ မပြင်ဘူးဆိုတဲ့

ရင်ဆိုင်တိုက်တဲ့နည်းဖြစ်ပါတယ်။ စွန်းလွန်းဆရာတော် သဲအင်းဂူဆရာတော်တို့ ထင်ရှားပါတယ်။

ဒုတိယနည်းကတော့ ညောင်းတာ နာတာကို အာရုံမပြုဘဲ အခြားဂုဏ်တော်တို့ သီလတို့ မေတ္တာတို့

အာနာပါနတို့ကို အာရုံပြုပြီးမှ ညောင်းတာ နာတာကို ပြန်မှတ်တဲ့နည်းပါ။

သေခါနီးဝေဒနာ သိပ်တက်လာရင် ဒီနည်းက အသုံးဝင်ပါတယ်။ ကျားစားခံရတဲ့ ရဟန်း

ခြေချိုးလိုက်ရတဲ့ရဟန်းတို့ အသုံးပြုပါတယ်။

ဆရာတော် ဦးကောဝိဒ ဦးနှောက်သွေးကြောပေါက်လို့ ပျံလွန်တော်မူခါနီးဖြစ်ခဲ့စဉ်က

ဒီနည်းကို သုံးခဲ့ပါတယ်။ ရှောင်လွှဲတိုက်ခိုက်နည်းပါဘဲ။

တတိယနည်းကတော့ မှတ်လိုက် ပြင်လိုက်နည်းဖြစ်ပါတယ်။ မဟာစည်ဆရာတော်၊ တော်ကူးဆရာတော်၊

ချမ်းမြေ့ဆရာတော်၊ ရွှေဥမင်ဆရာတော်တို့ အသုံးပြုပါတယ်။ လူမပင်ပန်းပေမယ့်

စောစောကနည်းတွေလောက် ဥာဏ်တက်မှုမမြန်ပါဘူး။ ပြောက်ကျားတိုက်ခိုက်နည်းဖြစ်ပါတယ်။

မိမိနှစ်သက်သလို လေ့ကျင့်နိုင်ဘို့ တင်ပြပေးလိုက်ပါတယ်ခင်ဗျာ။

ရှုနည်းမှန်လို့ အသိဥာဏ်တွေတိုးတက်ပြီး အေးချမ်းကြပါစေ။


90

ပိုလုပ်ပါ

တရားမျိုးစေ့ပါလာသူတိုင်း တရားနာရတာ။ တရားအားထုတ်ရတာ။

တရားစကားပြောရတာစတဲ့ တရားအလုပ်တွေကို ပျော်မွေ့လေ့ရှိကြပါတယ်။

တဖြည်းဖြည်း တိုးတက်လာသူတွေရှိသလို တချို့ လည်း အကြောင်း

အမျိုးမျိုးကြောင့် ရပ်သွားတာ။ လမ်းချော်သွားတာ။ ပြတ်တောင်းပြတ်တောင်း

ဖြစ်နေတာတွေ ဖြစ်နေတတ်ပါတယ်။ များသောအားဖြင့် ပုံမှန်လုပ်နေကြပေမယ့်

အဲဒီလုပ်နေကြလောက်ကိုဘဲ တင်းတိမ်ရောင့်ရဲကျေနပ်နေတတ်ကြသေးပါတယ်။

ဒါနဆိုလည်း လှူသင့်တာ လှူနေတာပါဘဲ။ သီလဆိုလည်း ဥပုသ်စောင့်တာ။

ငါးပါးသီလ ထိန်းတာတွေကို နိုင်သလောက်လုပ်နေကြတာပါဘဲ။

သမာဓိမှာလည်း ဘုရားရှိခိုးတာ ၊ ပုတီးစိတ်တာ၊ ဂုဏ်တော်ပွားတာ

မေတ္တာပို့တာ၊ ပရိတ်ရွတ်တာ၊ ပဌာန်းရွတ်တာ၊ အဓိဌာန်ဆောက်တည်တာ

စသည်ဖြင့် နေ့စဉ်ဝတ်မပျက် နှစ်ပေါင်းများစွာ လုပ်နေသူတွေရှိပါတယ်။

ပညာပိုင်းမှာလည်း သင်တန်းတွေ အဘိဓမ္မာသင်တန်း ဝိသုဒ္ဓိသင်တန်းစတဲ့

ပရိယတ်အပိုင်းတွေလည်း လုပ်နေကြပါတယ်။

ရိပ်သာတွေဝင်ပြီး တရားအားထုတ်နည်းတွေကို လက်တွေ့သင်ယူကြ

သူတွေလည်း များပါတယ်။ အားလုံးဟာ သူတော်ကောင်းတရားတွေဖြစ်ပြီး

နိဗ္ဗာန်ရောက်ဘို့ အထောက်အပံ့တွေချည်းပါဘဲ။

မိမိလုပ်တာရော အခြားသူတွေလုပ်တာရော သာဓုခေါ်ပါတယ်။

မိတ်ဆွေအချင်းချင်း တိုက်တွန်းချင်တာကတော့ လက်ရှိလုပ်နေတဲ့

တရားအလုပ်ကို ကျေနပ်ရောင့်ရဲမနေဘဲ ဒီထက်ပိုပြီးလုပ်နိုင်သလောက် လုပ်စေ

ချင်ပါတယ်။

ဒီထက်ပိုပြီး အကျိုးရစေချင်လို့ပါ။ ဒီထက်ပိုပြီးရနိုင်တဲ့ အခွင့်အရေးတွေရှိနေလို့ပါ။


91

အဝိဇ္ဇာ

အဝိဇ္ဇာတဲ့။

သတ္တဝါ အနန္တကို အမှောင်ထုထဲမှာ နစ်မွန်းစေတဲ့အရာ။ ဘုရားဖြစ်မယ့်

မဟာလူသားကိုတောင် ဘ၀ပေါင်းများစွာ ဒုက္ခတောမှာ ချာချာလည်စေတဲ့အရာ။

နောက်လိုက်ကိလေသာများစွာနဲ့ သတ္တဝါတွေကို စိတ်ရှိလက်ရှိ မွှေနေတဲ့ အရာ။

အရာကျယ်ပါဘိ။ အင်အားကြီးပါဘိ။

အမှန်ကို မသိတာအဝိဇ္ဇာ။အမှားတွေသိနေတာ အဝိဇ္ဇာ။

အမှန်နဲ့အမှား ခွဲခြားမသိတာ အဝိဇ္ဇာ။

ကံကိုမသိတာ အဝိဇ္ဇာ။ ဘ၀ကိုမသိတာ အဝိဇ္ဇာ။ သံသရာကိုမသိတာ အဝိဇ္ဇာ။

ခန္ဓာကိုမသိတာ အဝိဇ္ဇာ။ ပဋိစ္စ သမုပ္ပါဒ်ကိုမသိတာ အဝိဇ္ဇာ။

သစ္စာကိုမသိတာ အဝိဇ္ဇာ။ ကုသိုလ် အကုသိုလ်ကိုမသိတာ အဝိဇ္ဇာ။

ကိုယ့်ကိုကိုယ်မသိတာ အဝိဇ္ဇာ။

ထင်မိထင်ရာ အဝိဇ္ဇာ။ တွယ်မိတွယ်ရာ အဝိဇ္ဇာ။ လုပ်မိလုပ်ရာ အဝိဇ္ဇာ။

နယ်ကျယ်လှချည်လား အဝိဇ္ဇာရယ်။

ဒီအဝိဇ္ဇာကို နှိမ်နင်းနိုင်ခဲ့တဲ့ ဗုဒ္ဓဘုရားရှင်ကို အကြိမ်ကြိမ်ဦးခိုက် ရှိခိုး

မိပါတယ်။ ဗုဒ္ဓကတော့ မဟာရရုဏာတော်နဲ့ လမ်းပြခဲ့ပါပြီ။

ကျွန်တော်တို့ကတော့ ကံမွဲဥာဏ်မွဲနဲ့မို့ အလူးအလဲဖြစ်နေဆဲပါ။

ဒါပေမဲ့ အားမပျက်ပါနဲ့မိတ်ဆွေ။

ဗုဒ္ဓက ကျွန်တော်တို့လို နလဗိန်းတုန်းတွေကို အဝိဇ္ဇာကိုနိုင်ဘို့ နည်း

တစ်ခုပေးထားခဲ့ပါတယ်။ ကိုယ့်စိတ်ကိုကိုယ်သိနေပါတဲ့။
92

စိတ်ကိုရှုမယ်

တရားအားထုတ်သူဟာ ကိုယ်မှာ ပေါ်လာတဲ့သဘာဝတွေကို ပေါ်ရာ

ပေါ်ရာပေါ်တဲ့အခိုက်မှာ ရှုနေသလို စိတ်မှာပေါ်တဲ့သဘာဝတွေကိုလည်း ပေါ်ရာ

ပေါ်ရာပေါ်တဲ့အခိုက် ရှုမှတ်ရပါတယ်။ စိတ်မှာပေါ်တဲ့သဘာဝကလေးမျိုးရှိ

ပါတယ်။

သိတာ

မှတ်သားတာ

လုပ်ချင်တာ

ခံစားတာ တို့ ဖြစ်ပါတယ်။

ထိုင်ပြီးမှတ်နေတဲ့အချိန်မှာ ကိုယ်ပေါ်မှာပေါ်တာတွေကို ရှုမှတ်နေတဲ့

စိတ်ဟာ ကိုယ်ပေါ်ကိုသွားကပ်ထားတာမျိုး ဖြစ်နေတတ်ကြပါတယ်။

ကိုယ်မှာပေါ်နေတာကိုသိဘို့ ကိုယ်ပေါ်ကိုသွားကပ်ထားရင် ကိုယ်ပေါ်က

သဘာဝတွေကို အမှန်အတိုင်းမသိနိုင်ပါဘူး။

ရှုရတာလည်း အားစိုက်ပြီးရှုနေရတာမို့ စိတ်ပင်ပန်းလာတတ်ပါတယ်။

တစိမ်းလို့စောင့်ကြည့်ပါလို့ ဆရာတော်တွေလမ်းညွှန်ချက်အတိုင်း သက်

သက်သာသာနေပြီး စိတ်အေးအေးထားပြီး ပေါ်ရာကို စိတ်ကသိနေတဲ့အလေ့

အကျင့်ကို ပြုလုပ်ရမှာဖြစ်ပါတယ်။

ကိုယ်မှာပေါ်တာကို စိတ်ကသိတာဖြစ်ရပါမယ်။ စိတ်ကသွားသိရတာမဟုတ်ပါဘူး။

အဲလို ကိုယ်မှာပေါ်တာကို စိတ်ကသိနေတာမျိုးနေတတ်ရင် ကိုယ်ပေါ်က

ဟာတွေကပေါ်နေတယ် စိတ်ကသိနေတယ်ဆိုတဲ့အသိမျိုး ရလာပါလိမ့်မယ်။

စာလိုပြောတော့ ရုပ်နဲ့နာမ် ဖြစ်ပါတယ်။

ကိုယ်မှာပေါ်တာကရုပ်။
93

စိတ်မှာသိတာကနာမ်။

တရားအားထုတ်သူဟာ ကိုယန
်ဲ့စိတ်မှာပေါ်ရာကို တပြိုင်တည်းဖြစ်စေ

တလှည့်စီဖြစ်စေ ရှုတတ်မြင်တတ်လာပါလိမ့်မယ်။

သိစိတ်ကို ရှုတတ်လာပါလိမ့်မယ်။ ဒီသဘောအတိုင်းပါဘဲ။

မြင်ရင်ကြားရင် ရှုတတ်ရပါမယ်။

အရေးကြီးတဲ့အချက်က မြင်စရာဆီကို စိတ်မရောက်သွားဘို့ အသံဆီကို

စိတ်မရောက်သွားဘို့ဖြစ်ပါတယ်။

စောစောကပြောသလိုဘဲ စိတ်ကိုစိတ်မှာထားပြီး စိတ်မှာပေါ်တာကို

သိပေးနေမယ်ဆိုရင် စိတ်ကိုရှုတတ်ပြီဖြစ်ပါကြောင်း တင်ပြပေးလိုက်ပါတယ်။


94

ဥပေက္ခာဖြစ်အောင်

စိတ်မှာပေါ်တဲ့ သိစိတ်တွေကို သတိထားနေရာက သိစိတ်နဲ့အတူဖြစ်တဲ့

မှတ်သားတာနဲ့ ခံစားတာတွေကိုလည်း သတိပြုမိပါလိမ့်မယ်။

မှတ်သားတဲ့သဘောကမှတ်လို့မလွယ်သေးပါဘူး။

လုပ်ချင် စားချင် သွားချင်တဲ့သဘောတွေက ပိုထင်ရှားပြီး ရှုမှတ်လို့

လွယ်တာမို့ အဲဒီချင်စိတ်တွေပေါ်လာတိုင်း ရှုမှတ်ပေးရပါမယ်။

ခံစားတဲ့သဘောက ထင်ရှားပါတယ်။

ကြိုက်တာ ၊ မကြိုက်တာတွေ စိတ်ဖြစ်နေတိုင်း သိရအောင် စိတ်မှာ

သတိထားတဲ့အကျင့်ကို လုပ်ပေးနေရပါမယ်။

ကြိုက်တာနဲ့မကြိုက်တာလည်း မထင်ရှားတဲ့အခါမျိုးရှိပါတယ်။

ဥပေက္ခာလို့ပြောကြပေမယ့် မောဟလည်း ဖြစ်နေတတ်ပါတယ်။

အာရုံတွေကို သိနေတဲ့သိစိတ်လည်း ထင်ရှားမယ်။

သိကာမျှလည်းဖြစ်နေမယ်။

ကြိုက်ခြင်း မကြိုက်ခြင်းလည်း မဖြစ်ဘူး။

တုန့်ပြန်ချင်စိတ်လည်းမရှိဘူး။

စိတ်ကလည်း ငြိမ်သက်နေမယ်။

စိတ်မှာလည်း အေးချမ်းနေမယ်။

ဒီသဘောတွေရှိနေမှ ဥပေက္ခာဖြစ်ပါတယ်။

ဥပေက္ခာဖြစ်နေတာကိုလည်း ရှုမှတ်ရပါမယ်။

အဲလိုအခြေအနေမဟုတ်ဘဲ ဘာမှမသိ ဘာမှမခံစားဖြစ်နေရင် မောဟပါ။ မောဟကိုလည်း ရှုလိုက်ပါ။

မောဟက ဥပေက္ခာအယောင်ဆောင်တတ်ပါတယ်။

စာလို ဝဉ္ဇနာလို့ ခေါ်ပါတယ်။


95

ဥပေက္ခာမှာ အတွေးမရှိပါဘူး။

မောဟဝင်ရင် အတွေးပေါင်းစုံပါဘဲ။

စိတ်မှာပေါ်တာတွေ ရှုတတ်စေချင်လို့ ရေးလိုက်ခြင်းဖြစ်ပါတယ်။

မှတ်သားတဲ့သဘောက မှတ်လို့မလွယ်သေးပါဘူး။

လုပ်ချင် စားချင် သွားချင်တဲ့သဘောတွေက ပိုထင်ရှားပြီး ရှုမှတ်လို့

လွယ်တာမို့ အဲဒီချင်စိတ်ခံစားတဲ့သဘောက ထင်ရှားပါတယ်။

ကြိုက်တာ မကြိုက်တာတွေ စိတ်ဖြစ်နေတိုင်းသိရအောင်

စိတ်မှာသတိထားတဲ့ အကျင့်ကို လုပ်ပေးနေရပါမယ်။

ကြိုက်တာနဲ့ မကြိုက်တာလည်း မထင်ရှားတဲ့အခါမျိုးရှိပါတယ်။

ဥပေက္ခာလို့ပြောကြပေမယ့် မောဟလည်းဖြစ်နေတတ်ပါတယ်။

အာရုံတွေကို သိနေတဲ့သိစိတ်လည်း ထင်ရှားမယ်။

သိကာမျှလည်းဖြစ်နေမယ်။

ကြိုက်ခြင်း မကြိုက်ခြင်းလည်းမဖြစ်ဘူး။

တုန့်ပြန်ချင်စိတ်လည်းမရှိဘူး။

စိတ်ကလည်း ငြိမ်သက်နေမယ်။

စိတ်မှာလည်း အေးချမ်းနေမယ်။

ဒီသဘောတွေရှိနေမှ ဥပေက္ခာဖြစ်ပါတယ်။
96

ဒိဌိကွာ မကွာ

တရားအားထုတ်သူတွေဟာ များသောအားဖြင့် ကိုယ်မှာပေါ်တဲ့ သဘာဝ တွေကို

စတင်ကြည့်ရှုလေ့လာလေ့ရှိပါတယ်။

စိတ်မှာပေါ်တဲ့ သဘာဝတွေကိုတော့ လေ့လာမှုအားနည်းနေတတ်ကြတယ်။

ကိုယ်က ကြမ်းတယ်။ ထင်ရှားတယ်။ ရှုရလွယ်တယ်။

စိတ်ကနုတယ်။မထင်ရှားဘူး။ ရှုရမလွယ်ဘူး။

တရားအားထုတ်တာထင်ရှားရာကို ရှုရတာဖြစ်ပါတယ်။

မထင်ရှားတာကို ရှာဖွေပြီးမရှုရပါဘူး။

ကိုယ်ကိုရှုပါ။ ပေါ်ရာကိုသတိထားပါ။

သတိနဲ့ ဝီရိယကောင်းလာရင် သမာဓိရပါပြီ။

သမာဓိရရင် အရှုခံမှာတိုးတာ တင်းတာ ပူတာစတဲ့ သဘာဝတွေကို တွေ့ပါမယ်။

ပုံသဏ္ဍာန်မျိုးစုံ ပုံရိပ်မျိုးစုံ နိမိတ်မျိုးစုံပေါ်လိုက် ပျောက်လိုက်ဖြစ်နေတာ တွေ့ပါမယ်။

ပူတာ တင်းတာ သဘာဝတွေလည်း တိုးလိုက် လျော့လိုက်ဖြစ်နေတာ

တွေ့ရမယ်။ ဒီနေရာမှာ မှတ်စိတ်ရဲ့စိတ်ထား အရေးကြီးပါတယ်။

ပျောက်ချင်စိတ်နဲ့ မမှတ်ရဘူး။

ပျောက်သွားရင်လည်း ဝမ်းမသာရဘူး။

တိုးလာလို့လည်း စိတ်မပျက်ရပါဘူး။

ပျောက်ချင်လို့ တရားမှတ်တာမဟုတ်ပါဘူး။

သိချင်လို့ တရားမှတ်တာပါ။

သူ့ဖာသာသူပေါ်နေတာ ပျောက်နေတာဆိုတဲ့ သူ့သဘာဝကို စိတ်အေးအေး

နဲ့ သိနေတာဖြစ်ပါတယ်။

သတိကို မလွတ်စေနဲ့။
97

သတိကို မလျော့လိုက်နဲ့။

သတိတစ်ချက်လွတ်တာနဲ့ အရှုခံပျောက်သွားပြီး အတွေးတွေ စိတ်ကူး

တွေ မောဟတွေ ဝင်လာပါလိမ့်မယ်။

မှန်မှန်လေးသိနေမယ်ဆိုရင် သိစိတ်အားကောင်းလာပါမယ်။

သိစိတ်ဟာ စိတ်ဖြစ်တဲ့ ရင်ထဲမှာပေါ်ပေါ်နေတာကိုတွေ့ပါမယ်။

သိစရာနဲ့ သိစိတ်ကို အပြင်လူတစ်ယောက်က ကြည့်နေသလို တစိမ်း

အမြင်နဲ့ မြင်ပြီဆိုရင် ငါကွာနေပါပြီ။

သိစရာနဲ့ သိစိတ်ဟာ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတာကိုလည်း

တွေ့ပါမယ်။

ဖြစ်ပျက်ကိုသိပါပြီ။

သိစရာနဲ့ သိစိတ်ကိုဆုတ်ကိုင်ထားသလို အားစိုက်မထားရပါဘူး။

သူ့သဘောနဲ့သူ အသီးသီးဖြစ်နတာဘဲလို့ နှလုံးသွင်းထားရမယ်။

လိုချင်စိတ်လည်း မထားရဘူး။ ဖယ်ရှားချင်စိတ်လည်း မထားရဘူး။

ပေါ်တာပျောက်တာ ဖြစ်တာပျက်တာဟာ သူ့သဘာဝဘဲဖြစ်ပါတယ်။

ဒီအသိမှန်လေ အမြင်မှန်လေပါဘဲ။

အမြင်မှန်လေ ကပ်ငြိမှုနဲလာလေပါဘဲ။

ကပ်ငြိမှုနည်းလေ အမှန်မြင်လေပါဘဲ။

ကြာလေကြာလေ ဥပေက္ခာအမြင်ဖြစ်လာလေ ဖြစ်ရပါမယ်။

ဥပေက္ခာနဲ့ နေနိုင်လေ သူ့သဘာဝကိုပိုသိလေပါဘဲ။

သူ့သဘာဝကို ပိုသိလေ ငါစွဲပါးလေပါဘဲ။

ဥပေက္ခာ အားကောင်းလေ ဒိဌိပြုတ်လေဖြစ်ပါတယ်။

ဥပေက္ခာဖြစ်မဖြစ်ဟာ ဒိဌိကွာမကွာ မိမိဖာသာစစ်ဆေးနိုင်တဲ့အရာပါ။


98

စိတ်မှာဘာဖြစ်နေလဲ

ကိုယ်မှာပေါ်တာတွေကို အထိုက်အလျောက် သဘောပေါက်အောင် ရှုနေတဲ့အခါ

ရှုစိတ်ထင်ရှားလာတာမို့ ရှုစိတ်ကိုပြန်ရှုကြည့်ဘို့လိုပါတယ်။

စိတ်မှာ ဘာတွေဖြစ်နေသလဲ။

စိတ်မှာပေါ်တာတွေကို ရှုတတ်စေချင်ပါတယ်။

စိတ်မှာ သဘာဝလေးမျိုးကို ရှုလို့ရပါတယ်။

နာမ်ခန္ဓာလေးပါးလို့ ပြောလိုက်ရင် မိတ်ဆွေအားလုံးသဘောပေါက် သွားကြမှာပါ။

နာမ်လေးပါးထဲမှာမှ ထင်ရှားရာ ရှုရပါမယ်။

ကိုယ်မှာပေါ်တာကို သိနေတဲ့သိစိတ်ထင်ရှားနေရင် အဲဒီသိစိတ်ကို

ရှုရပါတယ်။ ကြားတာထင်ရှားရင်လည်း ဒီသဘောပါဘဲ။

ကိုယ်မှာပေါ်တာကိုသိနေတဲ့သိစိတ်ကို ရှုမယ်ဆိုရင် ဥာဏ်အမြင်တစ်ခု ထပ်တိုးပါလိမ့်မယ်။

ကိုယ်မှာပေါ်တာကို စိတ်ကသိနေတယ်ဆိုတာရယ်။

သိစိတ်ဟာ သိစရာရှိလို့ဖြစ်လာတာဆိုတာရယ်ကို ကိုယ်တွေ့ သဘော

ပေါက်သွားတဲ့ဥာဏ်ကို ရှိလာပါလိမ့်မယ်။

ဒီသဘာဝနှစ်ခုဟာ ပေါ်ပြီးပျောက်နေတာလည်း တွေ့ပါမယ်။

ရုပ်နာမ်လည်းကွဲပါပြီ။

ကြောင်းကျိုးလည်းသိပါပြီ ဖြစ်ပျက်လည်းမြင်ပါပြီ။

စိတ္တာနုပဿနာဖြစ်ပါတယ်။

စိတ်မှာစိတ်ဖြစ်တိုင်း ခံစားမှုတွေတွဲလျက် တပြိုင်နက်တည်းဖြစ်နေပါတယ်။

စိတ်မှာတွဲဖြစ်နေတဲ့ ခံစားမှုတွေကို သတိထားကြည့်ပါ။ နှစ်သက်တာ

မနှစ်သက်တာတွေ တွေ့နေရပါမယ်။

နှစ်သက်နေတာဟာလည်း စိတ်ဖြစ်တိုင်းဖြစ်တိုင်း ပေါ်ပေါ်လာတာတွေ့


99

ရမယ်။ သိစိတ်ပျောက်တာနဲ့ နှစ်သက်တာပျောက်သွားပြန်ရော။ ကြားထဲမှာ

စိတ်ကူးအတွေးဝင်လာတတ်တယ်။

အတွေးစိတမ
ှ်ာလည်း မကျေနပ်တဲ့ အတွေးဆိုရင် မကျေနပ်တဲ့ခံစားမှု

လေးပေါ်လာပြနတယ်။ တွေးစိတ်ကို ရှုလိုက်ပါ။

တွေးစိတ်ကို သိစိတ်နဲ့သိလိုက်ပါ။

တွေးစိတ်မှာ မကျေနပ်မှုပါတယ်။

သိစိတ်မှာ သတိပညာပါတယ်။

တွေးစိတ်ကို သိနေလိုက်ရင် တွေးစိတ်နေရာမှာ သိစိတ်ပေါ်လာလို့

တွေးစိတ်ဆက်မဖြစ်တော့ဘူး။ တွေးစိတ်နဲ့အတူ ပေါက်ဖွားလာတဲ့ မကျေနပ်မှု

လည်း ပျောက်သွားတာတွေ့ရပါမယ်။

နှစ်သက်တဲ့ခံစားမှုကိုလည်း ဒီလိုဘဲရှုရပါတယ်။

သိစိတ်တွေပေါ်တာကို ရှုနေရမယ်။ တွေးစိတ်တွေပေါ်တာကို ရှုနေရမယ်။

လုပ်ချင်စိတ်တွေပေါ်တာကို ရှုနေရမယ်။

သိစိတ်နဲ့အတူဖြစ်တဲ့ ခံစားမှုတွေကို ရှုနေရမယ်။

တွေးစိတ်နဲ့အတူဖြစ်တဲ့ ခံစားမှုကို ရှုနေရမယ်။ နှစ်သက်တာကိုလည်း ရှုပါ။

မနှစ်သက်တာကိုလည်း ရှုပါ။

နှစ်သက်မှု မနှစ်သက်မှုမဖြစ်တာကိုလည်း ရှုပါ။

နှစ်သက်မှုဖြစ်နေတဲ့အခါ သာယာနေမယ်။

မနှစ်သက်မှုဖြစ်နေရင် ပူလောင်နေမယ်။

နှစ်သက်မှု မနှစ်သက်မှုမဖြစ်နေတဲ့အခါ အေးချမ်းနေမယ်။

အေးချမ်းနေရင် သဘာဝအမှန်တွေကို ပိုတွေ့လာပါမယ်။

စိတ်ဟာ နှစ်သက်မှု မနှစ်သက်မှုတွေကြောင့် လှုပ်နေရင် အမှန်ကို


100

မသိနိုင်ပါဘူး။

ဥပေက္ခာအခြေအနေမှာ အမှန်ကိုထွင်းသိပါတယ်။

ဝေဒနာ နုပဿနာဖြစ်ပါတယ်။

သိစရာရဲ့ သဘာဝတွေ

သိစိတ်ရဲ့ သဘာဝတွေ

ဝေဒနာရဲ့ သဘာဝတွေကို

နားလည်သဘောပေါက်အောင် ရှုတတ်လာပြီ ရှုနေလာပြီဆိုရင် အဲဒီ

သိစရာ သိတာ ဝေဒနာစတဲ့ သဘာဝတရားတွေဟာ ပေါ်ပြီးပျောက်ဖြစ်ပြီး

ပျက်နေတာကို တွေ့နေရပါပြီ။

ဒီသဘာဝတွေကို နှစ်သက်ခြင်း မနှစ်သက်ခြင်းကင်းတဲ့ ဥပေက္ခာစိတ်

ထားနဲ့ ရှုမှ ဖြစ်ပျက်အမှန်ကို သိပါတယ်။

ငါစွဲကင်းတဲ့ အနတ္တအမြင်နဲ့ရှုမှ ဖြစ်ပျက်သိတဲ့ ဥာဏ်က အမှန်ဖြစ်

ပါတယ်။ ဓမ္မတွေဟာ ဓမ္မသဘောအတိုင်းပါဘဲဆိုတာ သိရပါပြီ။

ဓမ္မာနုပဿနာဖြစ်ပါတယ်။

ရှုတတ်စေချင်ပါတယ်။

ရှုတတ်ရင် ဥာဏ်ပေါ်ပါတယ်။

အငှားဥာဏ်နဲ့ရတဲ့ လောကီကုသိုလ်ထက် ကိုယ်ပိုင်ဥာဏ်နဲ့ရတဲ့

လောကုတ္တရာ ကုသိုလ်ဖြင့် ဓမ္မအသိ ဓမ္မအရသာများကို ရရှိနိုင်ကြပါစေ။


101

ဒိဌိမကွာဘဲ ဖြစ်ပျက်မရှုနဲ့

တရားအားထုတ်ကြတဲ့အခါ ထိုင်ပြီးအားထုတ်တာဖြစ်ဖြစ်၊ လမ်းလျှောက်ပြီး

အားထုတ်တာဖြစ်ဖြစ် အားထုတ်လေ့ရှိကြပါတယ်။

တချို့ ကတော့ အိပ်ခါနီးလဲလျောင်းတဲ့အခါ အားထုတ်ကြပေမယ့်

မတ်တပ်ရပ်ပြီးအားထုတ်သူကတော့ နည်းပါတယ်။

သတိကောင်းသူတွေအနေနဲ့ ကျန်လှုပ်ရှားမှုတွေမှာလည်း အမူအရာတွေကို

သတိထားနိုင်ကြပါတယ်။

အားလုံးဟာ ကိုယ်ကိုသတိထားကြတာဖြစ်လို့ ကာယနုပဿနာ သတိပဋ္ဌာန်လို့ခေါ်ရပါမယ်။

ကိုယ်မှာ ခေါင်းခါးခြေလက်နှာသီးဝ ဝမ်းဗိုက်အစရှိတဲ့ကိုယ်ရဲ့ အစိတ်အပိုင်းတွေကို

သတိထားလေ့ရှိပါတယ်။ အဲဒါတွေကို ပညတ်လို့ခေါ်ပါတယ်။

ကိုယ်လှုပ်ရှားနေတာ ရွေ့နေတာတွေ့မယ်။ တိုးနေ တင်းတာတောင့်နေတာတွေ့မယ်။

ပူနေ အေးနေတာတွေ့မယ်။ ကိုယ်ပေါ်မှာ တွေ့တဲ့သဘာဝတွေမို့ ရုပ်လို့ခေါ်ပါတယ်။

ကိုယ်ပိုင်လက္ခဏာ အသီးသီးရှိကြတဲ့ သဘာဝတွေမို့ ပရမတ်လို့ ခေါ်ပါတယ်။

တရားအားထုတ်သူတွေဟာ ကိုယ်ပေါ်ကရုပ်ပရမတ်တွေကို ကောင်းစွာ

ရှုတတ်လာတဲ့အခါ ပရမတ်တရားတွေရဲ့ သဘာဝတစ်ခုဖြစ်တဲ့ ပေါ်လိုက်ပျောက်

လိုက် ဖြစ်လိုက်ကိုလည်း တွေ့ကြပါတယ်။ဒါပေမဲ့ ရုပ်တစ်ခုတည်းကိုသာ ရှုနေတဲ့အတွက်

တကယ့်အရင်းခံ အကျဆုံးဖြစ်တဲ့ ရုပ်နဲ့နာမ်ကို မတွေ့ဘူးဖြစ်နေတတ်တယ်။

ရုပ်ကိုဘဲတွေ့ပြီး နာမ်ကိုမတွေ့သေးရင် ရုပ်နာမ်မျှဆိုတဲ့ အသိ မဖြစ်ပေါ်သေးလို့ ငါစွဲမကွာသေးပါဘူး။

ဒိဌိမကွာဘဲ ဖြစ်ပျက်ရှုနေတယ်လို့ စာလိုပြောကြပါတယ်။

ပေါ်နေတာကရုပ် သိနေတာနာမ်လို့ ကြားဘူး သင်ဘူးထားတဲ့ ဥာတပရိညာ

ရှိကြသော်လည်း တကယ်လက်တွေ့သိဘို့ အလွန်ဘဲလိုအပ်ပါတယ်။

ကိုယ်မှာပေါ်နေတာကို စိတ်ကရှုနေတာ အမှန်တကယ်ဖြစ်နေပါလျက်


102

နဲ့ ရှုနေတဲ့စိတ်ကို မတွေ့တာဟာ အလွန်နစ်နာပါတယ်။

ရှိလျက်နဲ့ မတွေ့ဖြစ်နေတာဟာ ရှိတာကိုမသိမထားမိလို့ပါ။

ကိုယ်မှာပေါ်နေတာကိုဘဲ အသဲအသန် ရှုနေပြီး စိတ်မှာပေါ်နေတာကို

သတိမထားမိဘူးဖြစ်နေတတ်ပါတယ်။

ကိုယ်မှာပေါ်နေတာကို အားစိုက်ပြီး သိနေတာဖြစ်နေရင် ဝီရိယနဲနဲ ပြန်လျော့လိုက်ပါ။

အားစိုက်ပြီးသိနေတာအစား စောင့်ကြည့်ပြီး သိတဲ့ပုံစံမျိုးနဲ့ သိနေကြည့်လိုက်ပါ။

ကိုယ်မှာပေါ်နေတာကို စိတ်ကသွားပြီးသိနေတာထက် ကိုယ်မှာပေါ်တာ

ကို စိတ်ကသိနေတာမျိုး စိတ်မှာသိနေတာမျိုးဖြစ်အောင် သိကြည့်လိုက်ပါ။

(စိတ်ကသွားပြီး သိတာမဟုတ်ဘူးလို့ စောဒကမတက်စေလိုပါ။ သဘော

ပေါက်အောင်ပြောပြခြင်းပါ။)

အခု အကြံပေးတဲ့အတိုင်း ရှုစိတ်ရဲ့ အနေအထားကို ညှိလိုက်ရင်

ကိုယ်မှာပေါ်နေတဲ့ရုပ်ကို စိတ်ကသိနေတာတွေ့ရပါလိမ့်မယ်။

ကိုယ်ပေါ်မှာ ရုပ်တွေကလည်း သူ့အလုပ်သူလုပ်နေတာတွေ့ရသလို

စိတ်မှာ သိသဘောဆိုတဲ့ နာမ်ကလည်း သူ့အလုပ်သူလုပ်နေတာတွေ့ရပါမယ်။

ရုပ်နဲ့နာမ်ဟာ သူတို့သဘာဝနဲ့သူတို့ အလုပ်လုပ်နေကြတာ ကိုယတ


ိုင်

မြင်တွေ့ပြီမို့ ငါမရှိတာ ကိုယ်တိုင်သိပြီး ဒိဌိကွာနေပါပြီ။

ရုပ်နဲ့နာမ်ဟာအတွဲလိုက် ပေါ်လိုက်ပျောက်လိုက်နဲ့ ဖြစ်ပျက်ကိုပြနေတာ

လည်း တွေ့မှာဖြစ်ပါတယ်။

ဒိဌိမကွာသေးဘဲ ရုပ်ကိုဖြစ်ပျက် ရှုနေတာနဲ့ အခုဒိဋ္ဌိကွာပြီး ရုပ်နာမ်

ဖြစ်ပျက်တွေ့နေတာနှစ်မျိုးမှာ စိတ်ချမ်းသာတာချင်းမတူ။

အသိဥာဏ်ချင်းမတူတာကို ကိုယ်တိုင်သိရှိခံစားကြရပါလိမ့်မယ်။

အေးချမ်းကြပါစေ။
103

လိုတိုးပိုလျော့

တရားအားထုတ်သူတွေများလာတာ ဝမ်းသာစရာဖြစ်ပါတယ်။

ဘယ်နည်းနဲ့ဘဲအားထုတ်အားထုတ် မိမိကိုယ်နဲ့မိမိစိတ်မှာ ဖြစ်ပေါ်နေတာ

ကို ဖြစ်ပေါ်နေတဲ့အခိုက်အတန့်လေးမှာ သတိ ဝီရိယ သမာဓိ ပညာတွေနဲ့

လေ့လာသုံးသပ်ရတာချည်းပါဘဲ။

အရှုခံက ကိုယ်မှာပေါ်နေတာတွေနဲ့ စိတ်မှာဖြစ်နေတာတွေ ဖြစ်ပါတယ်။

ရှုတဲ့စိတ်ဘက်ကလည်း သတိထားသီရိယစိုက် သမာဓိရလာရင် ပညာနဲ့ ဆင်ခြင်ဥာဏ်ပေါ်။

ဒီလုပ်ငန်းစဉ်ဟာ အင်မတန် ရိုးရှင်းပါတယ်။ ရိုးရိုးလေးလုပ်သွားရင် အဆင်ချောပါတယ်။

ဒါပေမဲ့ ထင်သလိုမဖြစ်တာတွေ

လုပ်သလိုအကျိုးမပြည့်စုံတာလေးတွေ ကြုံနေတတ်ပါတယ်။

ပထမဆုံးကိုယ်မှာပေါ်တာကို သတိထားလိုက်တာက စပါတယ်။

သတိထားလိုက်တာနဲ့ ကိုယ်မှာဖြစ်ပေါ်နေတာတစ်ခုခုကို တွေ့မှာ ဖြစ်ပါတယ်။

အဲဒါကို သတိမလွှတ်သွားအောင် ဝီရိယတင်ပေးရပါတယ်။

တချို့ က ဝီရိယကို ပြင်းပြင်းထားပြီး စိုက်ရှုနေတတ်တယ်။ အဲလို ရှုရင်

သမာဓိကောင်းစွာမရဘဲ စိတ်တွေပိုလွင့်တတ်တယ်။ စိတ်ပင်ပန်းလာတတ်

ပါတယ်။ ဝီရိယကို နဲနဲပြန်လျော့ပေးပါ။

တချို့ က ဝီရိယကို အားစိုက်မြှင့်နေတဲ့အခါ သတိပိုကောင်းလာပြီး

သမာဓိရသွားတတ်ပါတယ်။

ဝီရိယကောင်းလေ သမာဓိကောင်းလေဖြစ်လာပြီး သမာဓိရဲ့ အာနိသင်

ကြောင့် အေးချမ်းမှုလည်းရလာပါတယ်။ အရှုခံဟာလည်း ကြမ်းရာမှ နု၊ နုရာ

မှ ငြိမ်၊ ငြိမ်ရာမှ ပျောက်သွားလေ့ရှိပါတယ်။ အလေ့အကျင့်များလေ မြန်မြန်ဖြစ်လေပါဘဲ။

အဲလိုဖြစ်သွားတာကို လူတော်တော်များများက ကျေနပ်နေလေ့ရှိပါတယ်။


104

သမာဓိကို သာယာခြင်းဖြစ်ပါတယ်။

တချို့ ကလည်း ဝီရိယကောင်းလာ သမာဓိကောင်းလာရင် ကြားနာဘူး

ထားတဲ့ တရားတွေကို ဆင်ခြင်နေလေ့ရှိပါတယ်။

ဒီလိုလူတွေမှာ အားနည်းသွားတာက သတိပါဘဲ။

သမာဓိလွန်သူတွေဟာလည်း အရှုခံအာရုံရဲ့ သဘာဝကို သိနိုင်တဲ့

သတိ မပြည့်စုံတော့တာဖြစ်သွားပါတယ်။

ဘာကိုမှ ပိုင်ပိုင်နိုင်နိုင် သတိမထားတော့ဘဲ အေးချမ်းနေတာကြီးကိုဘဲ

ကျေနပ်နေတော့တယ်။ အဲလိုမဟုတ်ဘဲ သင်ကြားဘူးထားတဲ့ တရားတွေအတိုင်း အနိစ္စတို့

ဖြစ်ပျက်တို့ကို နှလုံးသွင်းနေတတ်တဲ့သူတွေဟာလည်း သတိမလုံလောက်တော့

တာဖြစ်သွားပါတယ်။

လောလောလတ်လတ် အဆက်မပြတ်ပေါ်နေတဲ့ အရှုခံရဲ့ သဘာဝကို

သတိအဆက်မပြတ်ထားရမယ့်အစား တရားတွေတွေးနေ စဉ်းစားနေ ဆင်ခြင်နေ

တာမို့ သတိဟာ တဖြည်းဖြည်းလျော့လာတတ်ပါတယ်။ ပေါ်ပေါ်ချင်း သတိအဆက်မပြတ်

ထားနေပါမှ သဘောပေါက်မှုဥာဏ်ဟာ အလိုလိုပေါ်လာမှာ ဖြစ်ပါတယ်။

တရားအားထုတ်တာ အငှားအသိတွေနဲ့ ရှုနေရတာမဟုတ်ပါဘူး။

ဝီရိယမှန်မှန်ထားပြီး သမာဓိလုံလုံလောက်လောက်နဲ့ ခန္ဓာကို သတိအစဉ် မပြတ်

ထားနေတဲ့အခါ မိမိဥာဏ်မှာ အလိုအလျောက် သဘောပေါက်လာရမှာ ဖြစ်ပါတယ်။

သတိလျော့နေပြတ်နေရင် ကိုယ်ပိုင်ဥာဏ်ဘယ်လိုမှ မဖြစ်ပေါ်နိုင်ပါဘူး။

ဝီရိယတွေ သမာဓိတွေ ဆင်ခြင်သတွေအားကောင်းကောင်းနဲ့ ရှုနေ

သော်လည်း သတိက အာရုံရဲ့သဘာဝကို ရှင်းရှင်းလင်းလင်း အဆက်မပြတ်

မြင်နေ တွေ့နေအောင် သတိကအားနည်းနေမယ်ဆိုရင် ဆင်ခြင်ဥာဏ်လောက်

သာ ဖြစ်ပြီးကိုယ်ပိုင်ဥာဏ်ဖြစ်လာမှာ မဟုတ်ပါဘူး။
105

ဒါကြောင့်မို့ သတိဟာ အရှုခံအာရုံကို သိအောင် ဆောင်ရွက်ပေးရုံလောက်တင်

မဟုတ်ပါဘူး။

ဝီရိယလို နေရင်လည်း သတိထားပြီး မြှင့်ပေးရပါတယ်။

ဝီရိယလွန်နေရင်လည်း သတိထားပြီး ပြန်လျော့ပေးရပါတယ်။

သမာဓိလိုနေရင်လည်း သတိထားပြီး ပြန်မြှင့်ပေးရပါတယ်။

သမာဓိလွန်နေရင်လည်း သတိထားပြီး ပြန်လျော့ရပါတယ်။

ဆင်ခြင်ဥာဏ်ဖြစ်တဲ့ သမ္မာ သင်္ကပ္ပတွေများနေရင်လည်း သတိထားပြီး

အတွေးတွေရပ်ပေးရပါတယ်။

လုံးလုံးမဆင်ခြင်ဘဲ ထင်ရာစိုင်းမဖြစ်အောင်လည်း မကြာခဏ သတိထား

ပြီး ဆင်ခြင်ပေးရပါတယ်။ ကိုယ်ပိုင်အသိ သမ္မာဒိဌိပေါ်လာအောင် အဆက်မပြတ်အရှုခံမပြတ်အောင်

သတိကတောက်လျောက် ဦးဆောင်ပေးနေရပါတယ်။

သမ္မာ ဒိဌိဖြစ်လာရင်လည်း ကျေနပ်နေပြီး နောက်ထပ်ပေါ်ရာပေါ်ရာ

တွေကို သတိလွတ်သွားတာမျိုးမဖြစ်ရလေအောင် သတိကဘဲ အာရုံပေါ်ပြန်

တင်ပေးရပါတယ်။

သတိဟာ အာရုံကို သိရုံမျှမဟုတ်ဘဲ အတူလုပ်ဖော်ကိုင်ဘက် သူတော်

ကောင်းတရားတွေကိုပါ ပြန်ပြီးထိန်းညှိပေးနိုင်ပါတယ်။

အဲလို အရည်အချင်းတွေရှိတဲ့ သတိကသာ ဝိပဿနာဥာဏ်တွေတစ်ဆင့်

ထက်တစ်ဆင့် မြင့်တက်လာအောင် ဆောင်ရွက်နိုင်ပါတယ်။

အဲလို အရည်အချင်းရှိတဲ့ သတိကို သတိပဌာန်လို့ ခေါ်ပါတယ်။

သတိပဌာန်ထိုက်တဲ့သတိကို အဆက်မပြတ် ထူထောင်ခြင်းဖြင့် ခန္ဓာ

ကို ဥာဏ်ပါပါကြည့်တတ်ကြပါစေ။

အားလုံးအေးချမ်းကြပါစေ။
106

အရှင်းဆုံးတရားအားထုတ်နည်း

ကိုယ်မှာပေါ်တာကို စိတ်ကသိတယ်။

စိတ်မှာပေါ်တာကို စိတ်ကသိတယ်။

ပေါ်တာနဲ့သိတာကို သေသေချာချာ သိရင် တရားအားထုတ်တာဖြစ်

ပါတယ်။

အဲဒါရှိရှိသမျှ ဝိပဿနာတရားအားထုတ်နည်းအကုန်ပါဘဲ။

ယုံရင်လုပ်ကြည့်ပါ။

မယုံရင်စမ်းကြည့်ပါ။
107

နတ်ပြည်မှာဟောတဲ့တရား

ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ တာဝတိံသာနတ်ပြည်တက်ပြီး

မယ်တော်ကို ကျေးဇူးဆပ်တဲ့အနေနဲ့ အဘိဓမ္မာတရားတွေကို ဝါတွင်းသုံးလ

တိုင်တိုင် ဟောကြားခဲ့တာကို ဗုဒ္ဓဘာသာဝင်အားလုံးသိရှိပြီး ဖြစ်ကြပါတယ်။

ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ နတ်ပြည်မှာ အဘိဓမ္မာတရားချည်း

သက်သက်ဟောခဲ့တာမဟုတ်ပါဘူး။

အဘိဓမ္မာတရားဟောမှ ကျွတ်တမ်းဝင်မယ့် နတ်ဗြဟ္မာတွေရှိသလို

ဝိပဿနာ တရားနာမှ ကျွတ်တမ်းဝင်မှာတွေလည်းရှိပါတယ်။

ဆိုင်ရာဆိုင်ရာ မဂ်အသီးသီးရလုလုဖြစ်နေတဲ့သူတော်ကောင်းတွေကို

ဆိုင်ရာဆိုင်ရာ ဝိပဿနာတရားတွေ ဟောခဲ့ပါသေးတယ်။

ဝိပဿနာတရားဆိုလို့ အရှည်ကြီးမဟုတ်ပါဘူး။

တစ်ခွန်းတစ်ပါဒလောက်လေးဟောလိုက်တာနဲ့ မဂ်ဆိုက်ခါနီး နတ်

ဗြဟ္မာတွေဟာ နှလုံးသွင်းမှန်သွားတာနဲ့ သက်ဆိုင်ရာ မဂ်တွေရသွားကြပါတယ်။

အဲဒီထဲက တစ်ကြောင်းလောက်ပြောပြပါမယ်။

တစ်ခုသော အဘိဓမ္မာတရားပွဲအပြီး ပြန်ကြွခါနီးလေးမှာ ဘုရားရှင် ကိုယ်တော်မြတ်ကြီးက

အိုနတ်သားတို့

အပြင်ကိုလည်း မရောက်စေနဲ့။

အတွင်းမှာလည်းမကပ်စေနဲ့ လို့ ပြောလိုက်ပါတယ်။

ဒီတစ်ခွန်းလေးနဲ့ဘဲ နတ်ဗြဟ္မာတွေ ကျွတ်တမ်းဝင်ကုန်ကြပါတယ်။

အပြင်ကိုလည်းမရောက်စေနဲ့ဆိုတော့ မိမိစိတ်ကို အပြင်အာရုံတွေဆီ

မကျက်စားစေနဲ့လို့ ပြောတာပါ။တရားအားထုတ်သူဟာ မိမိကိုယ်နဲ့ မိမိစိတ်မှတစ်ပါး အခြားဘယ်အာရုံ

ကိုမှ စိတ်မရောက်စေနဲ့လို့ ပြောတာဖြစ်ပါတယ်။


108

အတွင်းမှာလည်း မကပ်စေနဲ့ဆိုတာ တရားအားထုတ်နေသူဟာ မိမိစိတ်

မှာဖြစ်ပေါ်နေတဲ့ သာယာမှု အေးချမ်းမှုတွေကိုကပ်ငြိမနေနဲ့လို့ ဆိုလိုပါတယ်။

သမထ သမားတွေဆိုလည်း သမာဓိကြောင့် ဖြစ်တဲ့ပီတိသုခ သောမနဿ

တွေမှာ ကပ်ငြိသာယာမနေကြဘို့ဖြစ်ပါတယ်။

ဝိပဿနာ သမားတွေလည်း ဝိပဿနာဥာဏ်တွေရဲ့ အစွမ်းကြောင့်

ဖြစ်လေ့ဖြစ်ထရှိတဲ့ ကြည်လင်မှု အေးချမ်းမှုတွေကို ကပ်ငြိသာယာမနေကြနဲ့လို့

ဆိုလိုပါတယ်။

ဒီတစ်ခွန်းကြားလိုက်ရတာနဲ့ နတ်ဗြဟ္မာတွေဟာ ကိုယ့်ချွတ်ယွင်းချက်

ကို ချက်ခြင်းပြင်လိုက်နိုင်တာကြောင့် ဥာဏ်တွေပွင့်သထက်ပွင့်ကာ မဂ်ဥာဏ်

တွေအသီးသီး ဆိုက်ရောက်ကုန်ကြပါတယ်။

အားကျစရာမကောင်းဘူးလားဗျာ။
109

သတိ

ဆရာတော်ကြီးကိုတွေ့ရရင် အဆက်မပြတ် သတိကပ်နေတာ တွေ့ရလို့ အားကျမိပါတယ်လို့

လျှောက်ထားတဲ့အခါ

အဲလို သိသာနေရင် နေရာမကျသေးဘူး လို့ ပြန်ပြီးအမိန့်ရှိခဲ့ဘူးပါတယ်။

နောက် ၁၀ နှစ်လောက်ကြာမှ

သတိကို တမင်တကာ ထားနေရတာမဟုတ်ဘူးလို့ ဆိုလိုတာလား

လို့ ထပ်လျှောက်တဲ့အခါမှ ဟုတ်ပါတယ် လို့ ပြန်အမိန့်ရှိပါတယ်။

အခု အနှစ် ၂၀ လောက်ရှိမှ သတိထားတဲ့အလုပ်ကို သပ်သပ်ကြီး

လုပ်နေရသေးရင် သတိရှိတာမဟုတ်သေးမှန်းသိလာတယ်။

ဆရာတော်ကြီး ပျံလွန်တော်မူသွားပြီမို့ အခုတော့ လျှောက်လို့မရ တော့ပါဘူး။

နောက် ဆရာတော်တစ်ပါးကလည်း လွန်ခဲ့တဲ့ အနှစ် ၂၀ က ပြောပါတယ်။

အသာလေး သိနေပါတဲ့

နောက်ဆရာတော်တစ်ပါးကလည်း ရှုနေတဲ့စိတ်ကို မကြာခဏ Back up လုပ်ပေးပါတဲ့။

သဲသဲမဲမဲ ဝေဒနာကုန်အောင် ဖြစ်ပျက်ဆုံးအောင် လိုက်နေတာတွေ

သတိထားစရာပါ။

အဲဒီဆရာတော်တွေက သက်ရှိထင်ရှားရှိပါတယ်။
110

လိုအပ်ချက်

တရားအသိတိုးရာတိုးကြောင်းတွေ မျှဝေနေစဉ်အတွင်း တရားအသိ

မတိုးရာမတိုးကြောင်းကိုလည်း သတိထားမိပါတယ်။

များသောအားဖြင့် တောရဆောက်တည်နေတဲ့ ရဟန်းတော်တွေလို

တရားစခန်းရက်ရှည်ဝင်နေတဲ့ ယောဂီတွေလို အချိန်များများပေးပြီး သမထ

ထူထောင်ပြီးမှ ဝိပဿနာကူးသူတွေမှာ တရားမတိုးတက်တဲ့အကြောင်းရင်းက

တော့ သမာဓိထူထောင်စဉ်က အသုံးပြုခဲ့တဲ့ အာရုံကို လက်မလွှတ်လိုက်လို့

ပါဘဲ။ အဲဒီအာရုံကိုဘဲ စိတ်ကစွဲနေလို့ပါ။

အိမ်မှာနေရင်း သွားရင်း လာရင်း တရားမှတ်သူတွေ တရားမတိုးတက်

တာကတော့ ပေါ်ရာအာရုံကို ရှုနိုင်လောက်တဲ့ သမာဓိမရှိလို့ပါဘဲ။ ပေါ်ရာ

တစ်ခြား တွေးရာတစ်ခြားဖြစ်နေလို့ပါဘဲ။

သတိထားပြီး လိုအပ်ချက်လေးတွေပြင်စေချင်ပါတယ်။

အေးချမ်းကြပါစေ။
111

သမ္မာသင်္ကပ္ပ

အနုမာနဆိုတာ မိမိမှတစ်ပါး အခြားသူများရဲ့ ခန္ဓာကို တွေးတောဆင်ခြင်တာ။

မိမိကိုလည်း အတိတ်အနာဂါတ်ဆင်ခြင်တာဖြစ်ပါတယ်။

အနုမာနက thinking ပါ။

ဒါပေမဲ့ မိမိခန္ဓာမှာ ပစ္စက္ခကို မြင်ပြီးမှ ဗဟိဒ္ဓ အတိတ်အနာဂတ် ခန္ဓာတွေကို

ဒီလိုဘဲရယ်လို့ ဆင်ခြင်ခြင်းဖြစ်ပါတယ်။

သမ္မာသနကတော့ Analysis ဖြစ်ပါတယ်။

အခြေခံနှစ်ဥာဏ်ရပြီးရင် အနိစ္စ ဒုက္ခ အနတ္တ ဆင်ခြင်တာဖြစ်ပါတယ်။

ကြားဘူးနားဝ အငှားဥာဏ်ဖြစ်ပါတယ်။

တချို့ က ခဏဘဲဆင်ခြင်ပြီး တချို့ က ဘ၀များစွာဒီနေရာမှာ ရပ်နေတတ်ပါတယ်။

အငှားဥာဏ်နဲ့ ဆင်ခြင်မှုကိုလွတ်ပြီး ခန္ဓာပြတာကို ဆက်ရှုမှ ဥဒယဗ္ဗယ

ရောက်ပါတယ်။ ကိုယ်ပိုင်ဥာဏ်ဖြစ်ပါတယ်။

အငှားဥာဏ် သမ္မာသန နဲ့ ကိုယ်ပိုင်ဥာဏ် ဥဒယဗ္ဗယရဲ့ transition point ပါ။

အငှားဥာဏ်နဲ့ လက္ခဏာရေးတင်ပြီး ဆက်ရှုတယ်ဆိုရင် သမ္မာသနဘဲ ဖြစ်နေဆဲပါ။

အနုလောမ ဆိုတာ review ပါ။

ဒါကလည်း ကိုယ်တိုင်ဖြတ်သန်းလာခဲ့တဲ့လမ်းကို ပြန်ကြည့်တာပါ။

တချို့ လည်း ဒီမှာခဏဘဲ။ တချို့ ကြာပါတယ်။ ပြီးမှ သင်္ခရတွေကိုလွတ်ပြီး ဟိုဘက်ကူးမှာဖြစ်ပါတယ်။

အနုမာန

သမ္မသန

အနု လောမ

အားလုံး သမ္မာသင်္ကပ္ပ ဖြစ်ပါတယ်။ Quality မတူပါ။

သုံးတတ်ရင် အကျိုးများပါတယ်။ မသုံးတတ်ရင် ခရီးကြာပါတယ်။ အေးချမ်းကြပါစေ။


112

အရှင်သာရိပုတြာ

ပဉ္စဝဂ္ဂီငါးပါးထဲက အငယ်ဆုံးဖြစ်တဲ့ အရှင်အဿဇိဟောပြတော်မူတဲ့

ယေဓမ္မာ ဟေတုပ္ပ ဘဝါအစချီတဲ့ ဂါထာတော်မြတ်ကို နာယူလိုက်ရတဲ့

ဥပတိဿဟာသောတာပန်ဖြစ်သွားပြီး အရှင်သာရိပုတြာမထေရ်မြတ်ဖြစ်သွားပါတယ်။

မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ပြာသိုလပြည့်မှာ သောတာပန်ဖြစ်နေပြီး

ဖြစ်တဲ့ အရှင်သာရိပုတြာ နဲ့ အရှင်မဟာမောဂ္ဂလန် ကိုယ်တော်နှစ်ပါးကို

ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဝေဒနာ နုပဿနာ သတိပဌာန် ကမ္မဌာန်းကို သင်ကြားပေးပါတယ်။

အရှင်မဟာမောဂ္ဂလန် ကိုယ်တော်မြတ်ဟာ ခုနစ်ရက်အကြာမှာ ရဟန္တာ ဖြစ်ပါတယ်။

အရှင်သာရိပုတြာကတော့ တူတော် သူဒီဃနာခနဲ့အတူ ဝတ်လူးကျင်းတွေရှိတဲ့ ဂူထဲမှာ

တရားကျင့်တော်မူပါတယ်။ တစ်လကြာသည့်အထိ တိုးတက်မှု မရှိတာနဲ့

ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုယ်တိုင် ဂူထဲသို့ ကြွလာပြီး ဝေဒနာ ကမ္မဌာန်းကို ထပ်မံသင်ပြပေးပါတယ်။

စောစောက သင်ပေးခဲ့တာက ဝေဒနာကို တိုက်ရိုက်ရှုတဲ့ ဝေဒနာနုပဿနာ ဖြစ်ပါတယ်။

အရှင်မဟာမောဂ္ဂလန်ကိုယ်တော်မြတ် ရဟန္တာဖြစ်ပါတယ်။

အရှင်သာရိပုတြာကတော့ သောတာပန်ဘဲ ဖြစ်ပါသေးတယ်။

ဘုရားက ဝေဒနာကို ပရိဂ္ဂဟပြုပါလို့ မိန့်ကြားလိုက်တာနဲ့ အရှင်သာရိပုတြာရော

သူ့တူတော်ပါ နှလုံးသွင်းမှန်သွားလို့ ရဟန္တာဖြစ်သွားကြပါတယ်။

ဝေဒနာပရိဂ္ဂဟဆိုတာ ဘယ်လိုရှုလဲလို့ သိချင်ပါတယ်။ မဟာသတိပဌာနသုတ်တော်

ဝေဒနာနုပဿနာအပိုင်းမှာ ဝေဒနာကို ရှုတာက ဝေဒနာနုပဿနာဖြစ်ပါတယ်။

ဓမ္မာနုပဿနာအပိုင်းမှာ ဝေဒနာကို ရှုပုံတင်ပြထားပါတယ်။

ဣတိဝေဒနာ။

ဣတိဝေဒနာ ယ သမုဒယော။

ဣတိဝေဒနာ ယ အဌင်္ဂမော။
113

ဝေဒနာလို့ သိပါ။

ဝေဒနာဖြစ်ကြောင်းကို သိပါ။

ဝေဒနာလွတ်မြောက်ကြောင်းကို သိပါ။

ဝေဒနာဖြစ်ကြောင်းကို သိပါဆိုတဲ့ နေရာမှာ ဖဿပစ္စယာ ဝေဒနာဆိုတာလောက်ကတော့

အရှင်သာရိပုတြာဟာ သောတာပန်မို့ ဒီဟာလောက်ကို ဆင်ခြင်တာမဟုတ်ပါဘူး။

ဖဿကြောင့် ဝေဒနာဖြစ်တယ်ဆိုတာ ငါစွဲမဖြုတ်သေးတဲ့ ပုထုဇဉ်တွေ ဆင်ခြင်ရတာဖြစ်ပါတယ်။

ဥာဏ်ကြီးသူတွေကတော့ ဝေဒနာဟာ ဖဿအပြင် စေတနာ သညာ

သင်္ခရ ဝိညာဏ်တွေကြောင့်လို့ ဆင်ခြင်ရှုပွားကြပါသေးတယ်။

အရှင်သာရိပုတြာကတော့ တဏှာအထိလှမ်းမြင်တာမို့ တဏှာကိုပြုတ်တဲ့

အထိ ရှုပွားလိုက်တာ ရဟန္တာဖြစ်သွားပါတော့တယ်။

တဏှာဆိုတာ ကပ်ငြိခြင်း ဖြစ်ပါတယ်။

ဒုက္ခဝေဒနာမှာ ဒေါသကပ်ငြိပါတယ်။ သုခ ဝေဒနာမှာ ရာဂကပ်ငြိပါတယ်။

ဥပေက္ခာဝေဒနာမှာ မောဟကပ်ငြိပါတယ်။

ထိုကပ်ငြိခြင်းအသီးသီးကို သဘောပေါက်အောင် ရှုပွားလိုက်တဲ့အခါ ကပ်ငြိခြင်းတွေ

လွတ်မြောက်သွားတာကို ဝေဒနာမှလွတ်မြောက်တယ်။ ဝေဒနာကျော်တယ်။

ဝေဒနာဆုံးတယ်လို့ ပြောကြပါတယ်။ ဝေဒနာ အဌင်္ဂမောဖြစ်ပါတယ်။

အဲလို ဝေဒနာဖြစ်ကြောင်း လွတ်ကြောင်းတွေကို အရှင်သာရိပုတြာ

ရှုပွားတော့မှ ရဟန္တာဖြစ်သွားပါတယ်။ ဘုရားရှင်ဟောပြတဲ့ ဝေဒနာ ပရိဂ္ဂဟ ဖြစ်ပါတယ်။

အရှင်မဟာမောဂ္ဂလန်ဟာ ဝေဒနာကို နုပဿနာရှုပြီး ရဟန္တာဖြစ်ပါတယ်။

အရှင်သာရိပုတြာဟာ ဝေဒနာကို ဓမ္မ နုပဿနာရှုပြီး ရဟန္တာဖြစ်ပါတယ်။

ဝေဒနာရှုသူ တော်တော်များများရှိတာမို့ အတုယူတတ်အောင် ရှုတတ်အောင် မျှဝေပေးလိုက်ပါတယ်။

ရှုတတ်ကြပါစေ။ အေးချမ်းကြပါစေ။
114

ဥဒ္ဒယဗ္ဗယဥာဏ်

တရားအားထုတ်သူတစ်ယောက်ဟာ ဥဒယဗ္ဗယလို့ခေါ်တဲ့ ဖြစ်ပျက်ကို မှန်မှန်ကန်ကန်

သိမြင်သွားရင် သူ့ဘ၀အတွက် သူ့သံသရာအတွက် ဘာမှ ပူစရာ

မလိုတော့အောင် စိတ်ချရပါပြီ။

အဲဒီဖြစ်ပျက်ကို တည့်တည့်ရောက်ဘို့ အရေးကြီးပါတယ်။

အခုလို ဝိပဿနာပြန်လည်ထွန်းကားလာတဲ့အချိန်မှာ ဖြစ်ပျက်ဆိုတာလည်း

အမြဲလို ကြားဘူးနေတဲ့စကားဖြစ်နေပါပြီ။

အရင်က ရေးထားတာလေးတွေ အစပြန်ကောက်ရရင် ဖြစ်ပျက်မြင်ဘို့ ခန္ဓာမြင်ရမှာ ဖြစ်ပါတယ်။

တရားအားထုတ်သူဟာ ကိုယ်မှာပေါ်တဲ့သဘာဝတွေကို ပြောလို့ကြားဘူး ထားတဲ့ စကားဖြစ်ပါတယ်။

ကိုယ်တွေ့ပါဘဲ။

လှုပ်လှုပ်ရွရွပေါ်လိုက် ပျောက်လိုက်တွေလို့ မဆိုလိုက်ပါနဲ့။

အဲဒါ ပုံသဏ္ဍာန်တွေပါ။ ပညတ်တွေပါ။ လောလောဆယ် ကိုယ်မှာပေါ်နေတာတွေကို

စိတ်ကသိနေတာဆိုတာကို အရင်ဆုံး ကိုယ်ကိုယ်တိုင်သိအောင် သတိထားရပါမယ်။

သို့မဟုတ် စိတ်မှာဖြစ်နေတာကို နောက်စိတ်က သိနေတယ်ဆိုတာကို ကိုယ်တွေ့

ဖြစ်အောင်သတိထားရပါမယ်။ သဘာဝတရားတွေ သူ့အလုပ်သူလုပ်နေတယ်။

ငါမဟုတ်။ ပုဂ္ဂိုလ် သတ္တဝါမဟုတ်ဆိုတာ ကိုယ်တွေ့သိအောင် အားထုတ်ရပါသေးတယ်။

ပြီးမှ ပေါ်ပေါ်လာတဲ့ သဘာဝတွေရဲ့ အနီးစပ်ဆုံးအကြောင်းတွေကို သိအောင်

နှလုံးသွင်းရပါတယ်။ ဒီအခြေခံနှစ်ဥာဏ်ရပြီးမှ အဲဒီပေါ်နေတဲ့ သဘာဝတွေရဲ့

ဖြစ်ပျက်ကို သိအောင်ရှုရပါတယ်။

အဲဒီနှစ်ဥာဏ်နဲ့ ဖြစ်ပျက်ကို တန်းကူးလို့ လူတိုင်းမရပါဘူး။ ဆင်ခြင်ဥာဏ်တစ်ခု ကူရပါတယ်။

ပေါ်နေတဲ့ ရှုစရာတွေမှာ အနိစ္စ ဒုက္ခ အနတ္တဆိုတဲ့ လက္ခဏာတွေရှိနေပါတယ်။

ကိုယ်တိုင်မတွေ့သေးပါဘူး။
115

အနိစ္စကို နှလုံးသွင်းရှုနေရပါတယ်။

တချို့ လည်း ဒုက္ခကို နှလုံးသွင်းနေတတ်ပါတယ်။

တချို့ လည်း အနတ္တကို နှလုံးသွင်းနေတတ်ပါတယ်။

အတိတ်ကပါလာတဲ့ဥာဏ်ပေါ် မူတည်ပြီး ကွဲပြားနေတာဖြစ်ပါတယ်။

အနိစ္စသန်သူကလည်း အနိစ္စရှုရင်း ဒုက္ခနှလုံးသွင်းမိလာမယ်။

ဒုက္ခရှုသူကလည်း မကြာခင် အနတ္တနှလုံးသွင်းလာမိပါလိမ့်မယ်။

သမ္မသနဥာဏ်ဖြစ်ပါတယ်။

အနတ္တကိုများများနှလုံးသွင်းမိလေ ဖြစ်ပျက်ကိုရှုတဲ့အခါ အဆင်ချောလေ ဖြစ်ပါတယ်။

အနတ္တအမြင်နည်းလေ ဖြစ်ပျက်ရှုလို့မရလေဖြစ်ပါမယ်။

ငါဖြစ်တာ ငါပျက်တာဆိုတာကြီးရှိနေသမျှ ဖြစ်ပျက်အစစ်မတွေ့ပါဘူး။

သူ့သဘာဝကို သိချင်ရင် ကိုယ့်အတ္တလုံးဝမပါမှ ဖြစ်မှာပါ။

ငါစွဲခွာလိုက် ရှုလိုက်။ ငါစွဲပေါ်လာလိုက် ပြန်ဆင်ခြင်လိုက် နဲ့

တက်လိုက်ကျလိုက် လူးလာခေါက်တုန် အကြိမ်ပေါင်းမြောက်များစွာ ဖြစ်နေပါလိမ့်မယ်။

သမ္မသနမှ ဥဒယဗ္ဗယအကူးဖြစ်ပါတယ်။

ကြိမ်ဖန်များစွာ ကူးနေရာမှ သတိအားကောင်းလာမယ်။ သမာဓိအား ကောင်းလာမယ်။

ဝီရိယအားကောင်းလာမယ်။ သမ္မာသင်္ကပ္ပအားကောင်းလာမယ်။

သမ္မာဒိဌိအားကောင်းလာမယ်ဆိုရင် ငါစွဲမပါတဲ့ စကားလုံးမပါတဲ့ ပုံသဏ္ဍာန်

တွေကို ကြည့်ဘို့အချိန်မရှိတဲ့ ရှုစိတ်တစ်ခုနဲ့ ရှုနေနိုင်ပြီဆိုရင် ဖြစ်ပျက်ကို အမှန်မြင်ပါပြီ။

မြင်အားကောင်းသထက်ကောင်းလာရင် ဝိပဿနာဥာဏ်စစ်စစ်ဖြစ်တဲ့

ဥဒယဗ္ဗယဥာဏ်ရပြီမို့ ဝမ်းမြောက်နိုင်ပါပြီခင်ဗျာ။
116

စိတ်ထားမှန်ပါစေ

တရားအားထုတ်ကြတဲ့အခါ သမာဓိကို အသင့်အတင့်ထူထောင်ပြီး

ကိုယ်မှာပေါ်နေတဲ့ သဘာဝကိုဖြစ်စေ စိတ်မှာပေါ်တဲ့သဘာဝကို ဖြစ်စေ ရှုမှတ်

ပွားများလေ့ရှိပါတယ်။

ကိုယ်မှာပေါ်တဲ့ သဘာဝက စိတ်မှာပေါ်တဲ့သဘာဝထက် ထင်ရှားတာ

မို့ ကိုယ်မှာပေါ်တာကို ရှုမှတ်ကြတာများပါတယ်။

ကိုယ်မှာရှိနေတဲ့ ရုပ်တွေများစွာထဲမှာလည်း တိုးတဲ့လှုပ်တဲ့တောင့်တဲ့

သဘောက အထင်ရှားဆုံးမို့လို့ အဲဒီသဘောကို ရှုကြတာများပါတယ်။

ကိုယ်မှာ သတိကပ်တာမို့ ကာယာနုပဿနာလို့ ခေါ်ပါတယ်။

ကိုယ်မှာပေါ်တဲ့သဘာဝမို့ ရုပ်လို့ခေါ်ပါတယ်။

ထောက်ကန်တောင့်တင်းတိုးခြင်း လှုပ်ခြင်းတွေရှိတဲ့ သဘာဝကို ဝါယောဓါတ်လို့ခေါ်ပါတယ်။

ကိုယ်မှာရှိတဲ့ ဝါယောဓါတ်ကို ဝါယောရုပ်လို့ခေါ်ပါတယ်။

ကြာကြာထိုင်လိုက်ရင် တချို့ နေရာတွေမှာ ပိုထင်ရှားလာလေ့ရှိပါတယ်။

ကာယကို စတင်ရှုသူတွေအားလုံး ဒီသဘောကိုတွေ့ဘူးကြပါတယ်။

ဒီသဘောကို ရှုရာမှ အသိဥာဏ်တွေ အဆင့်ဆင့်ဖြစ်ပေါ်လာတာကို

ဝိပဿနာဥာဏ်လို့ ခေါ်ပါတယ်။ ဒီသဘောဟာ လူတိုင်းမှာပေါ်နေပါတယ်။

ဒါပေမဲ့ အသိဥာဏ်ဖြစ်ပေါ်မှုအပိုင်းမှာတော့ တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။

တချို့ လည်း ပြနေတာကို မရှုချင်။ ကိုယ်ရှုချင်တာကိုရှာနေတာ

တစ်ယောက်တည်းမှာကိုဘဲ တစ်ချိန်နဲ့တစ်ချိန် မတူပြန်ဘူး။

ဘာကြောင့်ပါလဲ။

ပါရမီမတူလို့ပါလို့ အလွယ်ပြောလေ့ရှိပါတယ်။ ဖြစ်နိုင်ပါတယ်။

ဝီဇပါရမီကြောင့် ဖြစ်နိုင်ပါတယ်။ ဒါက ဝေးသောအကြောင်းပါ။


117

တကယ်တမ်း အနီးကပ်အကြောင်းကတော့ ရှုသူရဲ့စိတ်ထားပါဘဲ။

နှလုံးသွင်းလို့လည်းပြောလေ့ရှိပါတယ်။ သဘောထားလို့လည်း ဆိုပါတယ်။

တချို့ က ဝါယောဓါတ်ရဲ့ တိုးတာ တွန်းတာ လှုပ်တာကို ပုံသဏ္ဍာန် အဖြစ်နဲ့ ရှုတတ်ကြတယ်။

အချောင်းလိုက် အမြောင်းလိုက်တွေ အပြင်လိုက် ကြီးတွေစသည်ဖြင့်ပါ။

ဝါယောဓါတ်မှာ ဘာပုံသဏ္ဍာန်မှ မရှိပါဘူး။

မရှိတာကို ရှိသယောင်ယောင်နဲ့ ပုံဖော်ပြပြီး ရှုနေတာ သဘောထားမမှန်ပါဘူး။

တချို့ ကလည်း ပေါ်နေတဲ့ပုံသဏ္ဍာန်ရဲ့ တိုးလိုက် လျော့လိုက် သဘောတွေကို

တကောက်ကောက်လိုက်ပြီး ရှုနေတတ်ပါတယ်။

ဒါလည်း သဘာဝမကျပါဘူး။

တချို့ ကတော့ ပေါ်နေတာကို လွတ်သွားမှာကြောက်တာနဲ့ အတင်းဖိကပ်ပြီး မှတ်နေတတ်တယ်။

မပျောက်စေချင်တာနဲ့ ရှုစရာကို စိတ်က အလွတ်မခံတော့ဘူး။

ဆုပ်ကိုင်ထားပြီး သဲသဲမဲမဲရှုတော့တာဘဲ။ တချို့ လည်း ပြနေတာကို မရှုချင်။

ကိုယ်ရှုချင်တာကိုရှာနေတတ်တယ်။

တချို့ ကလည်း ပေါ်နေတာကြီးကို ပျောက်စေချင်တယ်။ ပျောက်သွားရင် ကျေနပ်တယ်။

မပျောက်ရင် စိတ်မချမ်းသာဘူး။

တချို့ က ပေါ်နေတာကို အကြောင်းပြုပြီးတော့ အတွေးတွေဆက်နေတတ်ပြန်တယ်။

တချို့ ကတော့ အဲဒီပုံသဏ္ဍာန်တွေကို ဖြစ်ပျက်ဖြစ်ပျက်လို့ ရှုတတ်ကြပါတယ်။

တချို့ ကလည်း ပညတ်ပုံသဏ္ဍာန်တွေထဲမှာ ပရမတ်ကို အတင်းရှာဖွေတော့တာပါဘဲ။

ပရမတ်က မထင်ရှားလေ ပရမတ်ကိုရှာလေ။ ပညတ်ပိုထင်ရှား လေ ဖြစ်နေတတ်တယ်။

နှလုံးသွင်းအလွဲတွေကို ခြုံငုံကြည့်လိုက်ရင် ကိုယ်ဖြစ်ချင်တာကို ထိုင်ရှုနေတာဖြစ်နေပါတယ်။

သူ့သဘာဝအတိုင်း ပေါ်လာတာကို ရှုရ မှတ်ရမယ့်အစား ကိုယ်ကြားဘူးနားဝရှိနေတာတွေကို

ထိုင်ရှာနေတာဖြစ်နေပါတယ်။
118

ပေါ်တဲ့အခိုက် သိရုံမျှသိသိနေခြင်းဖြင့် သတိ သမာဓိပညာတွေပေါ်လာအောင်

ရှုမှတ်နေခြင်းသည်သာ မှန်ကန်တဲ့သဘောထားဖြစ်ပါတယ်။

သူ့သဘာဝကို ကိုယ့်ပယောဂမပါဘဲ ရှုမှတ်နေရပါတယ်။

စိတ်ထားမှန်မှ ဥာဏ်ပေါ်ပါမယ်။

ဥာဏ်ရှိမှ စိတ်ထားမှန်အောင်ရှုတတ်ပါမယ်။

နှလုံးသွင်းမှန်ခြင်းဖြင့် အသိဥာဏ်တွေရင့်သန်ကြပါစေ။
119

ရှုတတ်စေချင်ပါတယ်

တရားအားထုတ်တဲ့အခါ အရေးအကြီးဆုံးသိစရာဖြစ်တဲ့ ရုပ်နဲ့နာမ် ပိုင်းခြား

သိခြင်းကို ကိုယ်တိုင်ကိုယ်ကျသိဘို့ ပြောပြခဲ့ပြီးပါပြီ။

သေသေချာချာ အလေးအနက်ထားပြီး လေ့ကျင့်စေလိုပါတယ်။

ရုပ်နဲ့နာမ်ကို ကိုယ်တိုင်မသိဘဲ ရှေ့ဆက်အားထုတ်လို့မရပါဘူး။

ရုပ်နဲ့နာမ် သိနေဆဲမှာဘဲ ကိုယ်ပေါ်မှာ ညောင်းတာ နာတာ ကျဉ်တာ

တွေပေါ်လာစမြဲဖြစ်ပါတယ်။

ဒါတွေကလည်း ကိုယ်မှာဖြစ်တာမို့ ရုပ်ဖောက်ပြန်မှုတွေပါဘဲ။

ဒါပေမဲ့ ကိုယ်ပေါ်မှာခံစားတာမို့ ဝေဒနာလို့လည်းခေါ်ပါတယ်။

ဝေဒနာဆိုတာ စိတ်မှာဖြစ်တဲ့ စေတသိတ်ဖြစ်ပေမယ့် ကိုယ်မှာပေါ်တဲ့

မခံသာတဲ့ ခံစားမှုတွေကို ဝေဒနာစကားလုံးနဲ့ဘဲ သုံးနှုန်းပြောဆိုကြပါတယ်။

သုတ္တန်ပေါင်းများစွာမှာ ကိုယ်မှာပေါ်တဲ့ မခံသာတဲ့ခံစားမှုကို ဝေဒနာလို့ သုံးထားပါတယ်။

ဝေဒနာဟာ သေချာပေါက်ပေါ်လာတဲ့အရာဖြစ်ပါတယ်။ ပေါ်လာတာကို

ပေါ်လာတဲ့အတိုင်း ရှုမှတ်ကြရုံပါဘဲ။

ဝိပဿနာအလုပ်က ဒီတစ်ခုဘဲရှိတာပါ။ ပေါ်တာကိုပေါ်တဲ့အတိုင်း

ရှုမှတ်တာ ဝိပဿနာဖြစ်ပါတယ်။ ဒါပေမဲ့ ခံသာတဲ့ ခံစားမှုကို ရှုမှတ်တဲ့အခါ

စိတ်က ကျေနပ်နေတာမို့ မှတ်ရတာ အဆင်ပြေတတ်ပေမယ့် အခုလို မခံသာ

တဲ့ ခံစားမှုကို မှတရတဲ့အခါမှာတော့ မှတ်စိတ်က သဘောထားမှန်ဘို့ အရမ်း

အရေးကြီးပါတယ်။ ဝေဒနာကို ရှုမှတ်နည်းတွေများကြီးရှိပါတယ်။အမှန်တော့ တစ်နည်းထဲပါဘဲ။

ဝေဒနာကို ဝေဒနာလို့ ရှုရုံပါဘဲ။

ဒါပေမဲ့ စောစောကပြောသလို မခံသာတဲ့ ဝေဒနာဖြစ်နေတာမို့ ဝေဒနာ

အပေါ်မှာ ရှုမှတ်သူက ထားရှိတဲ့စိတ်ထားအမျိုးမျိုးရှိလာပါတယ်။


120

ဒီစိတ်ထားတွေက တစ်ယောက်နဲ့တစ်ယောက် မတူသလို တစ်ယောက်ထဲမှာကိုဘဲ

တစ်ခါနဲ့တစ်ခါ မတူပြန်ဘူး။ ပေါ်တဲ့ဝေဒနာအမျိုးအစားတွေကလည်း

မတူပြန်ဘူး။ နာချင်နာမယ်။ ညောင်းချင်ညောင်းမယ်။ ကျဉ်ချင်ကျဉ်မယ်။

ပူချင်ပူမယ်။ ထုံချင်ထုံမယ်။ စသည်ဖြင့် ကိုယ်မှာရှိတဲ့ ရုပ်ဖောက်ပြန်မှုလွန်ကဲ

မှုပေါ်မူတည်ပြီး ပေါ်ချင်ရာပေါ်တာ ဖြစ်ပါတယ်။ ပေါ်ချင်သလိုပေါ်လာတဲ့

ဝေဒနာနဲ့ ဖြစ်ချင်သလိုဖြစ်နေတဲ့ စိတ်ထားကြားမှာ သဘောထားမှန်အောင်

မထားတတ်ရင် ဝေဒနာကို မရှုတတ်ဘဲ ဖြစ်သွားပါမယ်။

ရှုစရာ ပေါ်လာပါရက်နဲ့ မရှုတတ်ဘူးဖြစ်နေရင် အဆင်မပြေပါဘူး။

ရှုတတ်ရင် ဥာဏ်ဖြစ်မှာမို့ ရှုတတ်ဘို့ အရေးကြီးပါတယ်။

ဝေဒနာပေါ်လာတာနဲ့ တရားအားထုတ်နေသူရဲ့စိတ်မှာ ရှုစရာတစ်ခု

ပေါ်လာတာလို့ အရင်ဆုံးနှလုံးသွင်းလိုက်ရပါမယ်။

တစ်ကြိမ်တစ်ခါ နှလုံးသွင်းရမှာမဟုတ်ပါဘူး။

ဝေဒနာပေါ်လာတာကြောင့် စိတ်မှာအတိုင်းအတာတစ်ခု ပူပန်မှု

တုန်လှုပ်မှုလေးဖြစ်သွားတတ်ပါတယ်။

အဲဒါလေး နဲနဲငြိမ်သွားအောင် နှလုံးသွင်းနေရပါမယ်။

သူ့ဖာသာသူ ပေါ်လာတာဘဲ။ လက်ခံရမှာဘဲ လို့ ဆင်ခြင်နေလိုက်ပါ။

တကယ်တော့ ဝေဒနာဆိုတာ ဆင်ခြင်နေလို့ အသိဥာဏ်တိုးတက်မှု မဖြစ်လာပါဘူး။

ရှုကို ရှုမှ အသိဥာဏ်ဖြစ်မှာပါ။ ဒါပေမဲ့ အင်မတန်ပါရမီထူးကဲသူက လွဲရင်

ကျွန်တော့်လိုသူတွေအဘို့ကတော့ ဆင်ခြင်မှုနဲ့ ချဉ်းကပ်တာ ပိုအဆင်ပြေပါတယ်။

ကိုယ့်ရှုစိတ်ဘက်က ဘာမှမပြင်ဆင်သေးဘဲ ပေါ်လာတဲ့ ဝေဒနာကို

ပျောက်ချင်ဇောနဲ့ ဒါမှမဟုတ် သိချင်ဇောနဲ့ ဇွတ်အတင်းပြေးမှတ်လိုက်ရင်တော့

ဘာဥာဏ်မှမဖြစ်တဲ့အပြင် လူပန်းစိတ်ပန်း ဖြစ်သွားတတ်ပါတယ်။


121

ကျွမ်းကျင်စွာ ရှုတတ်သူများအဘို့ အခက်အခဲမရှိပေမယ့် အခုမှစရှုသူ

တွေအဘို့ ဝေဒနာကိုရှုတတ်စေဘို့ တင်ပြပေးခြင်းဖြစ်ပါတယ်။

ဝေဒနာအပေါ်မှာ စိတ်ထားနည်းနှလုံးသွင်းနည်း ရှုမှတ်နည်းတွေ အများကြီးရှိပါတယ်။

လေ့လာလို့ မနိုင်ပါဘူး။ ဥာဏ်လည်းအဲလောက်မရှိပါဘူး။

အများဆုံးဖြစ်လေ့ဖြစ်ထရှိတာကို ဘယ်လိုမှတ်ရင် အဆင်ပြေမလဲဆိုတာလောက်ကို

နဲနဲပါးပါး ဆွေးနွေးပေးခြင်းမျှသာဖြစ်ပါတယ်။

You might also like