Download as pdf or txt
Download as pdf or txt
You are on page 1of 26

အခန်း

(၁)
ပင်လယ်ပြင်ကိုဖြတ်၍ တိုက်ခတ်လာသည့် လေကြမ်းကြမ်း ရမ်းရမ်းက
ကမ်းခြေတွင် ထိုင်နေသော မိန်းမလှလေးကို မညှာမတာ တိုက်ခတ်နေပါသည်။

ပခုံး သာသာလေးသာရှိသော ၊ မည်းနက် ခက်ဝေနေသော ဆံနွယ်တွေ က


ကဗျာမ ဆန်၊ သိမ်သိမ်းမွေ့မွေ့မရှိဘဲ ပရမ်းပတာ လှုပ်ရှားနေပါသည်။

မိန်းမလှလေးက လှိုင်းလေးတွေ ထန်နေသော ပင်လယ်ပြာပြာကြီးကို


ငေးကြည့်နေ သည်။ နီရဲနေသော နေလုံးကြီးရေပြင်ပေါ်မှ ထင်ဟပ်နေသည်ကို မမှိတ်မသုန်
စိုက်ကြည့်နေသည်။

သွဲ့မွန်ဆိုသော မိန်းကလေး၏ မျက်နှာလှလှလေးပေါ်ဝယ် ညှိုး နွမ်းမှု တွေ က


မင်းမူနေ သည်။

အဝေးသို့ ငေးနေသော မျက်ဝန်းနက်နက်လေးမှာ တက်ကြွမှု တောက်ပြောင်မှု


တွေ လုံးဝ မရှိဘဲ မှု န်မှိုင်းရီဝေနေပါသည်။

ဖြူ ဖွေးမွရွနေသော သဲသော င်ပြင်ကိုကြည့်ပြီး နေရင်းက သွဲ့မွန်၏


မျက်ဝန်းထဲမှာ လုံးဝမေ့ ပျောက်၍ မရသော ၊ သွဲ့မွန် ချစ်စနိုး ကိုကိုဟု ခေါ်ခဲ့သော လတ်ကိုကို
တွေ့ မြင်နေရပါသည်။

အချိန်တွေ က တရွေ့ရွေ့ကုန်လွန်ခဲ့ပါပြီ။ သူမ၏ ကိုကိုကို သွဲ့မွန် တစ်ရက်မှ


မမေ့သေးပါ။ နာရီမလပ် သွဲ့မွန်တမ်းတနေပါသည်။ မှန်းဆနေပါသည်။

``သွဲ့မွန် မသိနားမလည်စွာ နဲ့ မှားခဲ့ပါပြီ ကိုကိုရယ်´´

မျက်ဝန်းများ မှ တစ်ဆင့် စီးလိမ့်လာသော ပါးပြင်ပေါ်မှ မျက်ရည်များ ကို သွဲ့မွန်


သုတ်ပစ်ဖို့ မကြိုး စားပါ။

``သွဲ့မွန်ရဲ့ အသည်းတွေ တစ်စစီ ကြွေနေပြီဆိုတာကို ကိုကို သိစေချင်လိုက်တာ


´´

ရင်ထဲမှ ငိုညည်းစွာ ပြောပြီး တစ်ချက် ရှိုက်လိုက်ပါသည်။

``သွဲ့မွန်ရဲ့ ကိုကိုမှာ အပြစ်ဆိုလို့ မြူ မှု န်လောက်တောင်မရှိဘူးလို့


သွဲ့မွန်ယုံကြည်ထား တယ်။ ဒါပေမယ့် တခြားလူတွေ ကလေ ကိုကို့ကို လူဆိုးကြီးလို့
သတ်မှတ်လိုက်ကြတယ်နော်´´

အတွေးတွေ ဖြင့် သွဲ့မွန်က ပင်လယ်ပြင်ကြီးကို လွမ်းမောတသစွာ သော


အကြည့်တွေ နှင့် ကြည့်နေမိပါသည်။

``ဟဲ့ . . . သွဲ့မွန်´´

အနားကပ်ပြီး ကျယ်လောင်သော ခေါ်သံကြောင့် . . .

``အမယ်လေး´´

သွဲ့မွန်၏ ကိုယ်လေးတုန်နေအောင် လန့်သွားသည်။ မော့မကြည့်ဘဲ


အသံရှင်ကို သိနေ သည်မို့ ပင်လယ်ပြင်မှအကြည့်ကို မခွာလိုက်ပါ။

``ဒီမှာ လာပြီး ဘာလုပ်နေတာလဲ´´

``ထိုင်နေတာ´´

သွဲ့မွန်ကလည်း အသံပြတ်လေးနှင့် ဖြေလိုက်သည်။

``ဘာ . . . ငါ တီးထည့်လိုက်ရ´´

ကြောက်စရာကောင်းလောက်အောင် ထန်နေသော လေသံရှင်ကို


မော့ကြည့်လိုက်သည်။

အသားညို ညို တုတ်တုတ်ခိုင်ခိုင် အသက် ငါးဆယ်ဝန်းကျင်ရှိသော


ရုပ်ကြမ်းကြမ်း လူကြီး ၏ မျက်နှာကို ခပ်တည်တည်လေး ကြည့်ပစ်လိုက်သည်။

``ဆိုင်ကို ပစ်ထားခဲ့ရသလား´´
``စားမယ့်လူမှ မရှိတာ၊ ခဏ ထားခဲ့တာပေါ့´´

``အခု ပြန်၊ ခဏနေရင် ငါ ထမင်းစားမယ်´´

ပထွေး ဖြစ်သူ လူကြမ်းကြီး ဦးထန်ကို သွဲ့မွန်က မကျေနပ်သော မျက်ဝန်းတွေ


နှင့် ကြည့်ပြီး ထိုင်ရာမှ ထ,လိုက်သည်။

``မျက်နှာပေးကိုက ပေစောင်းစောင်းနဲ့ နရင်းတီးလိုက်ရရင်တော့နော် . . .


အဟွန်း´´

ဦးထန်က အံကြိတ်ပြီး လက်ဝါးစောင်းနှင့် သွဲ့မွန်အား ရွတ်လိုက်သည်။


သွဲ့မွန်က သူ့ကို မျက်ဝန်းလေးနှင့် ကြည့်ပြီး ထွက်ခဲ့သည်။

လေအဝေ့မှာ တရှဲရှဲ မြည် နေသော အုန်းရွက်များ တိုက်ခတ်သံတွေ ကိုဖြတ်ပြီး


သူမ၏ အိမ် ဆိုင်သို့ သွဲ့မွန်ဖြတ်လျှောက်ခဲ့သည်။

သူမ၏ ထမင်းဆိုင်ကို အစောင့်ထားခဲ့သော အိမ်နားမှ မဲတူဆိုသော


ဆယ့်သုံးနှစ် ကောင် လေးက သူမကို လှမ်း၍ ခေါ်သည်။

``မမသွဲ့မွန်ရဲ့ အဖေကြီးနဲ့ တွေ့ လိုက်လား´´

``အေး´´

``မမကို သူ စိတ်ဆိုးနေတယ်´´

``ဆိုး . . . ဆိုးပေါ့´´

နှုတ်ခမ်းလေးကို စူထော်ပြီး သွဲ့မွန်က ဘာမှ မမှု သလို မျက်နှာပေးနှင့်


ပြောလိုက်သည်။

နှစ် ထပ်ပျဉ်ထောင်အိမ်လေး၏ အောက်ထပ် ကပြင်ရှိထမင်းဆိုင်လေးသို့


သွဲ့မွန် လှမ်းဝင် သည်။

``မင်း ထမင်းစားပြီးတော့ ပြန်ချင်ပြန်လေ´´


``မမနဲ့ တူတူ စားကြမယ်လေ´´

``ကဲ. . . လာ စားမယ်´´

လက်တိုလက်တောင်း ခိုင်းရသော မဲတူလးကို ထမင်းခူးခပ်ပေးရင်း


သူမအတွက်ပါ ခူးခပ် စားကြသည်။

ထမင်းစားသောက်ပြီး မဲတူလေး ပြန်သွားသည်။ သွဲ့မွန် တစ်ယောက် တည်း


အတွေးတွေ ဖြင့် ကျန်ရစ်ခဲ့သည်။ သွဲ့မွန်ရင်ထဲတွင် ကိုကို့ကို လွမ်းသည့်စိတ်၊ တမ်းတသည့်
စိတ်တွေ ရင်ထဲမှာ ဒီနေ့မှ ပို၍ ဖြစ်ထွန်းနေပါသည်။

နံနက် ဝေလီဝေလင်းကတည်းက သွဲ့မွန် အိပ်ရာမှ ထရပါသည်။ တစ်နေ့စာ


လုပ်ငန်းတွေ ကို မှော င်ရီပျိုး ပျအချိန်ကပင် စတင်၍ လုပ်ရပါတော့သည်။

စားသည့် ဦးရေ နည်းသော်လည်း နေ့တွက် ဖူဖူလုံလုံလေးရသဖြင့် သွဲ့မွန်


ထမင်းဆိုင် လေးကို ၀ီရိယ ရှိစွာ ထွက်နေရပါသည်။

ပင်လယ်၏ လှိုင်းသံ၊ လေသံ၊ သစ်ရွက်တွေ ၏ ရိုက်ခတ်သံ၊ ကျေးငှက်လေးတွေ


၏ သာယာ နာပျော်ဖွယ် အသံတို့ကို အဖော်ပြု ပြီး အလုပ်တွေ ကို တရစပ် လုပ်နေပါသည်။

ရွှေရည်လောင်းထားသကဲ့သို့ ရှိနေသော နေရောင် ခြည်တန်းလေးတွေ


အုန်းလက်တွေ ကြားက မြေပြင်ပေါ်သို့ အပြေးအလွှား ဖြာဆင်းလာချေပြီ။

သွဲ့မွန် ချက်ပြု တ်ရမည့်  ဟင်းတွေ ပြီးစီးလှပါပြီ။ နံနက်ဝေလီဝေလင်းမှာ သွဲ့မွန်


တစ်ယောက် မချမ်းနိုင်၊ မအေးနိုင်ပါ။ နဖူးပြေပြေလေးတွင် ချွေးလေးတွေ
အုအောင်အလုပ်ကို လုပ်နေရပါသည်။
``သွဲ့မွန်´´

ထမင်းဆိုင်လေးကို ခင်ကျင်းနေတုန်း အသားညို ညို


ထောင်ထောင်မောင်းမောင်း ရုပ်ဖြောင့် ဖြောင့် လူ တစ်ယောက် ဆိုင်သို့ ရောက်လာသည်။
သွဲ့မွန်ကို ရွှန်းရွှန်းစားစား ကြည့်ပြီး ခေါ်လိုက် သည်။

``သြော် . . . ကိုမောင်း´´

ကိုမောင်းကို တစ်ချက် မော့ကြည့်ပြီး သွဲ့မွန်က အလုပ်ကို ဆက်လုပ် နေသည်။

``ငါ့ ဗိုက်က ဆာတယ် သွဲ့မွန်၊ ထမင်းကြော်လေး ဘာလေး လုပ်ပါဦး´´

သွဲ့မွန်က အငွေ့တထောင်းထောင်းထနေသော ထမင်းကြော်ကို ပန်ကန်ထဲသို့


ခူးခပ် ထည့်သည်။

``အမဲကြော်ပါ ထည့်လိုက်ဦး´´

ကိုမောင်းရှေ့သို့ အရောက် ထမင်းကြောင် ပန်းကန်ကိုချပေးလိုက်သည်။


ကိုမောင်းက ထမင်းကြော်ကို တစ်ဇွန်းခပ်စားပြီး ….

``နင့် အဖေ မနိုးသေးဘူးလား´´

``ဟင့်အင်း´´

``သွား နှိုးလိုက်စမ်းကွာ´´

``အို . . . မနှိုးရဲပါဘူး၊ တော် ကြာ သွဲ့မွန်ကို နှိုးရမလားလို့ ဆိုပြီး


စိတ်ဆိုးလိမ့်မယ်´´

သွဲ့မွန်က မျက်နှာလေး မဲ့ပြီး ပြောလိုက်သည်။

``အရေး ကြီးတယ်၊ သွား နှိုးလိုက်စမ်းပါ´´

သွဲ့မွန်၏ မျက်စောင်းက ဖျတ်ခနဲ ကိုမောင်း ထံသို့ အရောက်လာသည်။


``မျက်စောင်း ထိုးမနေနဲ့ ၊ သွားကွာ´´

ကိုမောင်း အပါးမှ ခြေသံပြင်းပြင်းနှင့် သွဲ့မွန် ထွက်ခဲ့သည်။

အပေါ်ထပ် အခန်းတွင် နေသော ဦးထန်ကို သွားနှိုးသည်။ တခေါခေါနှင့်


ပိုးလိုးပက်လက် အိပ်နေသော ဦးထန်၏ ရုပ်သွင်က အကျည်းတန်နေသည်။ သွဲ့မွန်က
မရဲတရဲနှင့် နှိုးလိုက်သည်။

``အဖေ´´

တစ်ခွန်း ခေါ်ရုံနှင့် ဦးထန်က မနိုးပါ။ ထပ်ဆင့်၍ အသံကို ကျယ်ပြီး သွဲ့မွန်


ခေါ်လိုက်ပြန် သည်။

သုံးလေးခွန်း ဆောင့်ဆောင့်ကျယ်ကျယ်ကြီး ခေါ်မှ ဦးထန်က လူးလွန့်လာသည်။

``ဘာလဲကွ´´

အိပ်ချင်မူးတူးသံ၊ လျှာလေး အာလေးကြီးနှင့် ပြန်ထူးသည်။

``ကိုမောင်းက အရေး ကြီးလို့ ထ,ပါဦးတဲ့´´

``ဟာ . . . ဒီကောင် စောစောစီးစီး ရှုပ်လိုက်တာ´´

``အရေး ကြီးတယ် ဆိုပြီး အတင်း နှိုးခိုင်းနေတာ´´

သွဲ့မွန်က သူ့တာဝန် ကျေပြီမို့ ဦးထန်အား နှိုးပြီး အခန်းထဲမှ ပြန်ထွက်ခဲ့သည်။


သူမ၏ ဆိုင်သို့ ပြန်ရောက်တော့ ကိုမောင်း စားပြီးနေပြီ။

``နင့် အဖေကို နှိုးခဲ့ပြီလား´´

``အင်း . . .´´

ကိုမောင်က အကြမ်းအိုးကို ငှဲ့ပြီး အငွေ့တထောင်းထောင်း ထ,နေသော


အကြမ်းရည်ကို သောက်နေသည်။ ထိုစဉ် ဦးထန်က သူ့ကို နားသို့ ရောက်လာသည်။
``ဘာတွေ အရေး ကြီးနေတာလဲ ငမောင်းရ´´

``ကြီးလို့ ဒီအချိန်ကြီး ခင်ဗျားကို လာနှိုးတာပေါ့´´

``ဘာလဲကွ´´

``ခင်ဗျား စားစရာရှိ မြန်မြန်စား၊ ကျု ပ်နဲ့ လိုက်ခဲ့´´

``သွဲ့မွန် ထမင်းကြော် ထည့်စမ်းကွာ´´

ဦးထန် အတွက် ထမင်းကြော် တစ်ပန်းကန် သွဲ့မွန်က ထည့်ပေးလိုက်သည်။

ဦးထန်က ပလုတ်ပလောင်းနှင့် သွက်သွက်ကြီး စားလိုက်သည်။ ပြီးတော့


ရေနွေး တစ်ခွက် သောက်ပြီး နှစ် ဦးသား သွဲ့မွန် အပါးမှ တီးတိုးပြောရင်း ထွက်သွားသည်။

ကျိတ်ကျိတ်ပြောပြီး ထွက်သွားသော သူတို့ကိုကြည့်ပြီး သွဲ့မွန်သက်ပြင်း


ရှိုက်လိုက်ပါ သည်။

``ဟင်း . . . သူတို့နှစ် ယောက် ဘာတွေ တိုင်ပင်နေပြန်ကြပြီလဲ မသိဘူး´´

``ဘာတွေ မဟုတ်တာ လုပ်ကြမလို့လဲ မသိဘူး. . .´´ ရင်လေးစွာ နှင့် တွေ


းနေမိပါသည်။

``ကိုမောင်းကြီးနဲ့ တီးတိုး ပြောတိုင်း ငါသိပ်ရင်တုန်တာပဲ၊ မကောင်းတာ


တစ်ခုခုတော့ လုပ်ြ ကတော့မယ် ထင်ပါရဲ့ ´´

စားပြီးသား ပန်းကန်တွေ ကို ဆေးရင်း မကျေမနပ်နှင့် သွဲ့မွန်က တွေးနေသည်။

``ကိုကို ထောင်ကျတာလဲ သူတို့ပယောဂ မကင်းဘူးလို့ထင်တယ်၊ အို . . .


ထင်တာ မဟုတ်ပါဘူး၊ သူတို့ကြောင့် ပါပဲ´´

အတွေးဖြင့် ခေါင်းလေးကို ခါပြီး သူတိုကို တစ်ဖက်သတ် အပြစ်တွေ


တင်လိုက်ပါသည်။

``ဘာမှ အတိအကျ မသိတော့လဲ စွပ်စွဲရ ခက်လိုက်တာနော်´´


စိတ်ညစ်ညူး စွာ ဖြင့် မျက်ခုံးလေး နှစ် ခုကို အတွန့် ချိုး ထားမိသည်။

``ကိုကိုရယ် သွဲ့မွန် လွမ်းလိုက်တာ ရှင်´´

ထောင်ထဲတွင် ကျဉ်းကျပ်စွာ ဒုက္ခဝေဒနာတွေ ခံစားနေရသော လတ်ကို အတွက်


သနား စိတ်တွေ ယိုဖိတ်နေမိပါသည်။

သွဲ့မွန် တစ်ယောက် မျက်ရည်လေး တ၀ဲဝဲနှင့် အတွေးတွေ


ဋီကာချဲ့ကောင်းနေစဉ် ဦးထန် က မျက်စိ မျက်နှာပျက်နှင့် ပြန်ရောက်လာသည်။

သူ၏ မျက်လုံးကလည်း ကျီးကန်း တောင်းမှော က် ဟိုကြည့်သည်ကြည့်နှင့်


ပျာယာခတ်နေ သည်။

``သွဲ့မွန်´´

``ဘာလဲ အဖေ´´

``ငါ အပြင်ထွက်နေတုန်း ထမင်းဆိုင်ကို ဘယ်သူလာသေးလဲ´´

``ဘယ်သူမှ မလာဘူး´´

``ငါ့ကို မညာနဲ့ နော်´´

သွဲ့မွန်ကိုစိတ်တိုသွားပြီ။ အသားလွတ် သူမအား ငေါက်ငမ်းနေသော ဦးထန်ကို


မျက်နှာ ထားစူစူနှင့် ကြည့်လိုက်သည်။

``သွဲ့မွန် ဘာကို ညာရမှာ လဲ´´

``ငါမရှိတုန်း ဟိုကောင် လာသွားသလားလို့´´

အံ့သြသော မျက်နှာလေးနှင့် သွဲ့မွန်က ဦးထန်ကိုကြည့်လိုက်သည်။

``ဘယ်ကောင်လဲ အဖေ´´

``ငလတ်ပေါ့၊ ဘယ်ကောင် ရှိမှာ တုံး´´


``အို . . . အဖေရယ်၊ ကိုလတ်က ထောင်ကျနေတဲ့ ဥစ္စာ´´

ဦးထန်က မျက်လုံးကြီး ပြူး ပြီး သူမကို ဒေါသနှင့် ကြည့်ပြီး . . .

``အခု ငလတ် ထောင်က လွတ်လာပြီ´´

``အို …´´

သွဲ့မွန်၏ ပါးစပ်လေး ၀ိုင်းသွားသလိုမျက်လုံးလေးတွေ က တဖိတ်ဖိတ် အရောင်


လက်ဖြာ နေသည်။

``ကိုလတ် ထောင်က လွတ်လာပြီ ဟုတ်လား၊ အမယ်လေး ၀မ်းသာလိုက်တာ´´

ရင်ဘတ်ကို လက်ကလေးဖြင့် ဖိပြီး မျက်နှာဝင်းဝင်းလေးဖြင့် သွဲ့မွန်က


ပြောသည်။

``နေပါဦး၊ အဖေက သူနဲ့ တွေ့ ခဲ့လို့လား´´

``ငမောင်းနဲ့ မနေ့ညက မဇင်မှာ တွေ့ ခဲ့တာ´´

``ဟုတ်လား´´

``ဒီမှာ သွဲ့မွန် …´´

သွဲ့မွန်အား မျက်ထောက်နီကြီးဖြင့် ကြည့်ပြီး ဦးထန်က လေသံထန်မာစွာ


ခေါ်လိုက်သည်။

``ရှင် …´´

``နင့်ဆီ ငလတ်လာရင် လုံးဝ အရောမ၀င်နဲ့ ´´

``ဟင်… ဘာပြု လို့´´

ဦးထန်၏ မျက်နှာတွင် ဒေါသရိပ်တွေ စိုပြီး ဖြတ်ပြေးသွားသည်။

``ဘာမှ ဆင်ခြေတက်မနေနဲ့ ၊ ငါ့စကားကို နာခံ´´


``သူ ထမင်းလာဝယ်စားရင်ကော´´

``မရောင်းနဲ့ ´´

``ဒါဆို ထမင်းဆိုင်ပိတ်လိုက်ရုံပဲ၊ လာဝယ်စားတဲ့လူဘယ်သူ ဖြစ် ဖြစ် သွဲ့မွန်က


ရောင်းမှာ ပဲ´´

``တယ် … ငါလေ´´

ဦးထန်က သွဲ့မွန်က ရိုက်တော့မလို့ လက်ရွယ်လိုက်သည်။

``အဖေနော် သွဲ့မွန်ကို ရိုက်ဖို့ မစဉ်းစားနဲ့ ´´

``ငါ့အရိပ်ကို ခိုနေတဲ့လူကို လုပ်ချင်သလို ငါလုပ်မယ်´´

``အဖေနော် သွဲ့မွန်ကို မတရား ချု ပ်ချယ်ဖို့ မကြိုး စားနဲ့ နော်´´

သွဲ့မွန်က လက်ညှိုး လေး ထောင်ပြီး ၀ံ့ဝံ့စားစားနှင့် ဦးထန်ကို ကြည့်ပြီး


ပြောလိုက်သည်။

``အောင်မယ် လူပါးဝလို့၊ နင်က ဘာအားကိုးနဲ့ ငါ့ကို အာခံတာလဲ´´

ဦးထန်၏ မျက်နှာက ဒေါသကြောင့် နီရဲနေသည်။

``ဘယ်တော့မှ သွဲ့မွန်မှာ အားကိုးစရာ မရှိပါဘူး၊ ဒါပေမယ့် အဖေနဲ့


ကိုမောင်းတို့အ ကြောင်း သွဲ့မွန် သိတယ်´´

``ဘာ´´

ဦးထန်၏ မျက်လုံးကြီး ပြူး ၀ိုင်းသွားသည်။

``ပြောစမ်း၊ နင် ဘာတွေ သိလဲ၊ ပြောစမ်း´´

သွဲ့မွန်၏ ပခုံးလေးကို ဆုပ်ကိုင်လှုပ်ယမ်းပြီးမေးသည်။ ပခုံးသားလေးတွေ


ကြေမွမတတ် နာကျင်စွာ ခံစားနေရသည်။
``သွဲ့မွန် အသားနာအောင် မလုပ်နဲ့ ၊ အခု လွှတ်ပါ အဖေ´´

``လျှာရှည်လိုက်တာ၊ ပြောစမ်း၊ နင် ဘာသိလဲ´´

ဦးထန်က သွဲ့မွန်၏ ပခုံးလေးကို လွှတ်လိုက်ပြီး အလျင်စလို မေးပြန်သည်။

``ကိုမောင်းနဲ့ အဖေ တရားမ၀င်တဲ့ အလုပ်တွေ လုပ်နေတာ သွဲ့မွန် သိတယ်´´

``ကြည့်စမ်း၊ နင်းတော် တော် ကို လူပါးဝနေပါလား´´

ဦးထန်က သူ့အားတစ်ခွန်းမခံပြန်ပက်နေသော သွဲ့မွန်ကို


ရိုက်သတ်ပစ်ချင်လောက် အောင် ဒေါသထွက်နေသည်။

``နင် ဘာတွေ သိလဲ ပြောစမ်း´´

``အသေအချာ မသိပေမယ့် မဟုတ်တာတွေ လုပ်နေတယ် ဆိုတာ


သွဲ့မွန်သိတယ်´´

``ဒီမှာ သွဲ့မွန် နင် ငါရဲ့ အရိပ်အာဝါသမှာ နေချင်သေးရင် ကောင်းကောင်းနေ၊


ဘာမှ စပ် စပ်စုစု လုပ်မနေနဲ့ ´´

သွဲ့မွန်က ပေစောင်းစောင်း မျက်နှာပေးနှင့် ဦးထန်အား စိုက်ကြည့်နေသည်။

``ကလေးပီပီနေ၊ ဘာမှ လူကြီးတွေ ကိစ္စ၀င်မရှုပ်နဲ့ သိလား´´

ရင်ထဲမှာ အလုံးအရင်းနှင့် မကျေနပ်သော်လည်း သွဲ့မွန်က နှုတ်ငံ၍


နေလိုက်သည်။ သွဲ့မွန်အား ကြိမ်းမောင်းပြီး ဦးထန်က အိမ်မှ ပြန်ထွက်သွားသည်။

*
အခန်း (၂)
သွဲ့မွန် တစ်ယောက် တည်း ထမင်းဆိုင်မှာ ငုတ်တုတ်ထိုင်ပြီး ငေးနေ တွေ
းနေသည်။

``ကိုကို လွတ်လာပြီတဲ့၊ ငါ ဘယ်လို သူ့ကို ရင်ဆိုင်ရမလဲ၊ ငါ့ဆီကော လာဦးမှာ


လား၊ စိတ်နာပြီး ငါ့ကို သိပ်များ မုန်းနေပြီလား´´

အတွေးတွေ ဖြင့် မျက်နှာလေးက ၀င်းကြည်သွားလိုက်၊ ညှိုး ငယ်သွားလိုက်နှင့်


ဖြစ်နေ သည်။ ယောက်ျားပီသ ခန့်ညားသော သူမ၏ ကိုကို လက်ကိုအား မျက်ဝန်းထဲမှာ
ထင်ထင်ရှားရှား ကြီး မြင်ယောင်နေပါသည်။

အသားလတ်လတ်၊ အရပ်မြင့်မြင့် ကိုယ်လုံးထွားထွားနှင့် လတ်ကိုသည် လွန်စွာ


ကြည့် ကောင်းသူပါ။

နဖူး ပြေပြေပေါ်ဝယ် လှိုင်းတွန့်ဆံပင်တွေ က အမြဲလိုပြို ပြို လဲလဲနှင့် တွေ


့ရတတ်သည်။ မက်လုံးတွေ က မည်းမှော င်ထူတုတ်လှသည်။

မျက်အိမ် ကျယ်ကျယ်နှင့် သူ၏ မက်ဝန်းတွေ က အမြဲစူးရှ


တောက်ပြောင်နေသည်။ ပိပြတ် သော နှုတ်ခမ်း မထူမပါးက ပြတ်သားသည့် စိတ်ထားကို
ဖော်ပြနေသလိုပင်´´

ယောက်ျားပီသ ချောမောသော လတ်ကိုအား အပျို ဘော်ဝင်စ မနူးမနပ်


အချိန်ကတည်းက သွဲ့မွန် ချစ်ခဲ့ရပါသည်။ စွဲလမ်းခဲ့ရပါသည်။

လတ်ကိုနှင့် စတင် တွေ့ ဆုံရစဉ်က အ ဖြစ်လေးတွေ ကို သွဲ့မွန်


ပြန်အောက်မေ့နေမိပါ သည်။

ဦးထန်က ဆူပူ ရိုက်မောင်းသဖြင့် သွဲ့မွန် အိမ်မှ ပင်လယ်ကမ်းခြေသို့


ပြေးထွက်ခဲ့သည်။ မျက်ဝန်းထဲမှာ ရော၊ မျက်နှာမှာ ပါ မျက်ရည်တွေ ဖြင့် စိုရွှဲနေသည်။
ဘာကိုမှ မမြင်၊ စွတ်ရွတ်ပြီး ခြေဦးတည့်ရာသို့ ပြေးထွက်ခဲ့သည်။ မှော င်မှော
င်မည်းမည်း နှင့် မို့ ပတ်ဝန်းကျင်ကို သဲသဲကွဲကွဲ မမြင်ရ။

``အမယ်လေး´´

အရာဝတ္ထု တစ်ခုနှင့် အရှိန်ပြင်းစွာ တိုက်ခိုက်မိသည့်အသိကို သွဲ့မွန်


ခံစားမိသည်။

ပြီးတော့ တိုက်ပြီး လဲပြို မသွားဘဲ မြဲမြံသော ထွေးပိုက်မှု ကို သွဲ့မွန်


ခံစားလိုက်ရသည်။

သူမအား ထွေးပိုက်ထားသူကို မျက်လုံးလေး အပြူး သားနှင့် သွဲ့မွန်


မော့ကြည်မိပါသည်။

မလင်းလှသော အလင်းရောင် အောက်မှာ မပြတ်မသားယောက်ျား တစ်ဦး၏


မျက်နှာကို တွေ့ လိုက်ရသည်။

``မိန်းကလေးက တအား ပြေးလာတာကိုး´´

ကြည်လင်ပြတ်သားသော အသံကို သွဲ့မွန် ကြားလိုက်ရသည်။

``နာသွားသလား ဟင်´´

ထပ်ဆင့်၍ ကြင်နာသော အသံလေးကို ကြားရပြန်သည်။

``ဟင့်အင်း . . .´´

``ဟင် . .. မိန်းကလေး ငိုနေတယ် ဟုတ်လား၊ ဘာ ဖြစ်လို့လဲကွယ်´´

သွဲ့မွန်ဘ၀နှင့် လွန်စွာ ကင်းဝေးခဲ့သော ကြင်နာသံကရုဏာသံတွေ ကို သွဲ့မွန်၊


မွတ်ငယ် စွာ ကြားရပါသည်။ ကြက်သီးမွှေးညင်းလေးများ ထလုမတတ် ကြည်နူး နှစ်
သိမ်းမိပါသည်။

``ကဲ… လာ ဟို အုန်းတုံးပေါ်မှာ ထိုင်ပါဦးကွယ်´´


သွဲ့မွန်အား အုန်း ပင်စည် ထက်ပိုင်းပြတ်ကြီး လဲနေသော နေရာသို့ ညင်သာစွာ
တွဲ ၍ ခေါ် သည်။ သွဲ့မွန် မငြင်းဆန်မိပါ။ သူခေါ်ရာနောက်သို့ အလိုက်သင့်ပါသွားသည်။

``ထိုင်ပါ မိန်းကလေး´´

သွဲ့မွန်က အုန်းတုံးပေါ်တွင် ထိုင်ချပြီး တရှို က်မတ်မတ်သည်းထန်စွာ


ငိုကြွေးလိုက်ပါသည်။

သွဲ့မွန်အား ပထွေး လက်တွင် ၀ကွက်အပ်ပြီး ဘ၀တစ်ပါးသို့ ပြောင်းသွား


ရှာသော မိခင်ကို လွမ်းဆွတ်တသစွာ ငိုကြွေးလိုက်မိပါသည်။

ငါးနှစ် သမီးကတည်းက သည်ပထွေးနှင့် အတူ နေခဲ့ရသော်လည်း မခင်ရှိစဉ်က


ပထွေးသည် ရိုက်မောင်းပုတ်မောင်း မလုပ်ရဲခဲ့ပါ။

သွဲ့မွန် ဆယ်လေ့းနှစ် အရွယ်တွင် မိခင် ကွယ်လွန်သွားသည် သည့်နောက်တွင်


ပထွေး၏ အရိုက်အနှက်ကို သွဲ့မွန် မကြာခဏခံစားရသည်။

ကိုးတန်းပင် မအောင်လိုက်ရဘဲ ကျောင်းထွက်လိုက်ရသည်။


ထမင်းဆိုင်လေးဖွင့်ပြီး ဘ၀ ရပ်တည်မှု ကိုလည်း ရှာရပြန်သည်။

ပထွေး အပြင် အခြား အားကိုစရာ ဆွေမျိုး မရှိသဖြင့် အရုက်အနှက်


အကြိမ်းအမောင်းကို ခံပြီး အောင့်အည်းနေရပါသည်။

ယခုလည်း အရက်မူးပြီး စိတ်တိုင်းမကျသဖြင့် သွဲ့မွန်အား အပြစ်ရှာပြီး


ရိုက်နှက်သဖြင့် သွဲ့မွန်အိမ်မှ ပြေးထွက်ခဲ့ခြင်း ဖြစ်သည်။

သွဲ့မွန် ငိုနေသည်ကို လေးမှ လတ်ကို ကရုဏာသက်ပြီး ငြိမ်သက်စွာ


ကြည့်နေသည်။ သွဲ့မွန်ထဲမှ ရှိုက်သံတွေ တိုးတိတ်သွားမှ သွဲ့မွန်၏ မျက်နှာလေးကို
စေ့စေ့ကြည့်ပြီး မေးလိုက်သည်။

``မိန်းကလေးရယ် ဘာတွေ အတွက် မင်း သိပ်ဝမ်းနည်းနေတာလဲကွယ်´´

မျက်ရည်တွေ စိုရွှဲနေသော မျက်ဝန်းလက်လက်လေးဖြင့် သွဲ့မွန် သူ့အား


မော့ကြည့်လိုက် သည်။ ၀င်းမွတ်နေသော မျက်နှာချောချောလေးကို လတ်ကို
စူးစိုက်ကြည့်မိသည်။

သူ၏ ရင်တွေ က အပြစ်ကင်းစင်သော မိန်းကလေး၏ အလှကြောင့် ပရမ်းပတာ


ခုန်းနေပါ သည်။

မည်းနက်ခက်ဝေနေသော ဆံပင်တွေ က ပင်လယ်လေ၏


ကြမ်းကြမ်းတိုက်ခတ်မှု ကြောင့် ပိုးသားမျှင်လေးတွေ လို လွင့်နေသည်။

စိုဝင်းသော အသားအရေက မလင်းလှသော အလင်းရောင် အောက်မှာ ပင်


ဝင်းပနေသည်။ လတ်ကို၏ အမေးကို ချက်ချင်း မဖြေဘဲ အတန်ကြာမှ သွဲ့မွန်က
ဖြေလိုက်သည်။

``မေမေ့ကို သွဲ့မွန် လွမ်းလို့ ငိုတာပါ´´

``သြော် . . . သွဲ့မွန် မေမေက ဘယ်သွားနေလို့လဲ´´

``မေမေ မရှိတော့ဘူး၊ ဆုံးသွားတာ တစ်နှစ် ကျော်ပြီ´´

``သြော် စိတ်မကောင်းလိုက်တာကွယ်၊ ဒါနဲ့ မိန်းကလေးနာမည် က


သွဲ့မွန်မဟုတ်လား´´

``ဟုတ် . . .´´

ကြင်နာသော မျက်ဝန်းတွေ နှင့် သွဲ့မွန်အား လတ်ကိုက ကြည့်နေပါသည်။

သွဲ့မွန်မှာ တခြား မောင်နှမတွေ ကော ရှိလား´´

``ဟင့်အင်း … မေမေက သွဲ့မွန် တစ်ယောက် တည်း မွေးထားတာ´´

``ဒါဆို . . . အဖေတော့ ရှိမှာ ပေါ့´´

``ဟင့်အင်း . . . ပထွေးပဲ ရှိတယ်´´

``သြော် . . . သွဲ့မွန်ရယ်´´ဟု လတ်ကို စိတ်ထဲမှာ သနားခြင်း များ စွာ နှင့်


ညည်းတွား လိုက်ပါသည်။

``အခု … ညီမလေးက ပထွေးနဲ့ နေရတာ ပေါ့၊ ဟုတ်လား´´

``ဟုတ် … အခု သူ ရိုက်လို့ သွဲ့မွန်ထွက်ပြေးခဲ့တာ´´

``သြော် … မိန်းကလေးရယ်၊ အစ်ကို ဘာကူညီရမလဲ´´

လတ်ကို၏ အလွန် နူးညံ့ ပျော့ပျောင်သော အသံကိုကြားရ၍ သွဲ့မွန် လွန်စွာ


ကျေနပ်မိပါ သည်။ လတ်ကို၏ မျက်နှာကို စေ့စေ့ကြည်မိပါသည်။

ခန့်ချောသော လတ်ကို၏ ရုပ်သွင်ကို ရင်ထဲမှာ အရမ်းသဘောကျနေမိသည်။


လုံးသာတွင် တစ်ခါမျှ မမြင်ဖူးသော ကြောင့် လူစိမ်း ဖြစ်သည့် လတ်ကိုကို စူးစမ်းသော
အကြည့်နှင့် ကြည့်လိုက် သည်။

``အစ်ကိုက ဘယ်ကလဲ ဟင်´´

``ဒီ လုံးသာကပဲဝေါ့´´

``အရှင်က အစ်ကို့ကို မမြင်ဖူးပါဘူး´´

``တို့ လုံးသာကို ရောက်နေတာ တစ်လ ကျော်ပြီကွာ၊ မင်းကိုလဲ မမြင်ဖူးပါလား´´

``သွဲ့မွန်က ထမင်းဆိုင်ဖွင့်ထားတယ်လေ´´

``ဟုတ်လား´´

``အစ်ကိုက လုံးသာကို ဘာလာလုပ်တာလဲဟင်´´

သွဲ့မွန်က စပ်စပ်စုစု မေးလိုက်သည်။

``အစ်ကို့မှာ မော်တော် အပိုင်ရှိတယ်၊ အဲဒါနဲ့ ဒီလုံးသာက ပုစွန်တို့၊ ဂွေးတို့၊


ငါးခြောက် တို့ကို သယ်တယ်၊ ပုစွန်ကို သပြု ချို င်ကို သွားသွင်းတယ်´´

``ဟင် . . . ဒါဆို အစ်ကိုက သေဋ္ဌေးပေါ့´´


``ဟား … ဟား´´

သွဲ့မွန်၏ အပြောကို လတ်ကိုက သဘောကျစွာ ရယ်လိုက်သည်။

``သွဲ့မွန် ထင်သလို အစ်ကို မချမ်းသာပါဘူးကွာ´´

``သွဲ့မွန်ထက် အစ်ကိုက အများ ကြီး ချမ်းသာပါတယ်နော်´´

``အဟင်း … ဒါလောက်တောင် သွဲ့မွန်က အစ်ကို့ကို ချမ်းသာစေချင်တာ


ချမ်းသာလိုက် ပြီကွာ´´

``အဟင်း … ဟင်း … ဟင်း´´

သွဲ့မွန်က နှစ် နှစ် ခြို က်ခြို့်လေး ရယ်လိုက်သည်။ မျက်ရည်တွေ မစို့တစို့


မျက်ဝန်းလေး တွေ က ရယ်သွမ်းသွေးလိုက်တော့ ပို၍ တောက်ပြောင်လာသည်။

``ကဲ … သွဲ့မွန်ကို ဘာကူညီရမလဲ ပြော´´

``သွဲ့မွန် အစကို့ဆီက ခင်မင်မှု လေးတွေ ကိုပဲ ကျေးဇူးတင်ပါတယ် ရှင်´´

``ဟုတ်ပြီ၊ သွဲ့မွန်ရဲ့ အခင်ဆုံး မိတ်ဆွေစာရင်းမှာ အစ်ကို့ကို နံပါတ်တစ်


ထားလိုက်တော့ နော်´´

``ကောင်းပါပြီတဲ့ ရှင်´´

သွဲ့မွန်အား လတ်ကိုက ရွှန်းရွှန်းစာစားကြီး ကြည့်နေသည်။

``သွဲ့မွန် ပြန်မယ် အစ်ကို´´

``လိုက်ပို့မယ်လေ´´

``ရပါတယ်´´

``ဘာလဲ၊ သွဲ့မွန်ရဲ့ အဖေမြင်ရင် ဆူမှာ စိုးလို့လား´´

``မဟုတ်ပါဘူး၊ ခုအချိန်လောက်ဆို သူ မူးပြီးအိပ်နေလောပ်ပါပြီ´´


``ဒါဆို လာ၊ လိုက်ပို့ပေးမယ်၊ သွဲ့မွန်ရဲ့ အိမ်လဲ သိရတာ ပေါ့´´

မှော င်မှော င်မည်းမည်းတွင် သူတို့နှစ် ဦးအိမ်ဆီသို့လျှောက်ခဲ့ကြသည်။


အိမ်နှင့် မလှမ်းမ ကမ်းတွင် သွဲ့မွန်က ရပ်လိုက်သည်။

``ရပြီ၊ အစ်ကို ပြန်တော့နော်´´

``မနက်ဖြန် မနက် သွဲ့မွန်ရဲ့ ဆိုင်မှာ အစ်ကို ထမင်လာစားမယ်´´

``လာခဲ့ပါ အစ်ကို´´

နှုတ်ဆက်ထွက်ခွာသွားသော လတ်ကိုကို မှော င်ထဲမှာ ပျောက်သွားသည်အထိ


သွဲ့မွန် လိုက်ကြည့်မိသည်။ လတ်ကိုအား မြင်မြင်ချင်း သွဲ့မွန် ခင်မင်လေးစားမိပါတော့သည်။

နောက်တစ်နေ့နံနက် လတ်ကိုအား နံနက် မိုးလင်းကတည်းက သွဲ့မွန်


မျှော်နေမိသည်။

ဦးထန်က နံနက်စောစောကပင် ပိုက်ချရန် ထွက်သွားလေပြီ။ လတ်ကိုအတွက်


သွဲ့မွန်က အထူးစပါယ်ရှယ် ကြက်မြစ်ကြက်သည်းဟင်းလေး တစ်ခွက်ချက်ထားသည်။

ဆယ့်တစ်နာရီလောက်မှ လတ်ကို သူမထံသို့ ရောက်လာပါသည်။ လတ်ကိုကို


မြင်လိုက် သည်နှင့် သွဲ့မွန်၏ မျက်ဝန်းလေး ပို၍ အရောင် တောက်လာသည်။

``အစ်ကို မလာတော့ဘူးလို့တောင် သွဲ့မွန်က ထင်နေတာ´´

``လာမှာ ပေါ့ သွဲ့မွန်ရယ်´´

ဂျင်းဘောင်းဘီ နက်ပြာ၊ တီရှပ် အပြာနဲ့ လတ်ကို၏ ရုပ်သွင်က မင်းသားတမျှ


ချောမော၍ နေပါသည်။
သူ၏ အကြည့်တွေ က စူးရှ တောက်ပြောင် လွန်း၍ သွဲ့မွန်၏ ရင်လေး
စိမ်းဆတ်ဆတ် ခုန်နေပါသည်။

``ထမင်း စားတော့မလား အစ်ကို´´

``စားမယ်လေ´´

ခွေးခြေအပုလေးတွင် လတ်ကို ၀င်ထိုင်လိုက်သည်။

``အစ်ကို့အတွက် သွဲ့မွန် ကြက်သည်းကြက်မြစ် ချက်ထားတယ်´´

``အထူး စပါယ်ရှယ်ပေါ့ဟုတ်လား၊ ကိုယ် သိပ်ကြို က်တဲ့ ဟင်းပဲ´´

``ဟုတ်တယ်´´

လတ်ကိုက သွဲ့မွန်၏ မျက်နှာလေးကို စေ့ငုံစွာ လေ့လာပြီး မေးလိုက်သည်။

``ဘာလို့ အစ်ကိုက စပါရှယ် ဖြစ်ရတာ လဲ သွဲ့မွန်´´

``အစ်ကို့ကို သွဲ့မွန် ခင်တယ်၊ တခြားလူတွေ နဲ့ မတူဘူး၊ အစ်ကိုက သွဲ့မွန်ကို


ပျော့ပျော့ ပျောင်းပျောင်း ဆက်ဆံတယ်´´

``သွဲ့မွန်ကို ဘယ်သူတွေ က ကြမ်းကြမ်း တမ်းတမ်း ဆက်ဆံနေလို့လဲ´´

``အဖေရော သူရဲ့ သူငယ်ချင်းတွေ ရော သွဲ့မွန်အပေါ်မှာ သိပ်နှိမ်ထားကြတယ်


´´

``သြော် … သွဲ့မွန်လေးရယ်´´

အားကိုးရာမဲ့၊ တွယ်တာရာမဲ့နေသော မိန်းမလှလေးကို လတ်ကို သနားစိတ်၊


ကြင်နာစိတ် တွေ တစိမ့်စိမ့်ယိုဖိတ်မိပါတော့သည်။

အစွမ်းကုန် ပွင့်ဖူးရန် အားယူနေသော ပန်းကလေးတစ်ပွင့်ခမျာ မရှုမလှ


လောင်းရိပ်တွေ မိနေပါတော့လား။
``အစ်ကိုရယ် … သွဲ့မွန်ရဲ့ လက်ရာကို မြိန်ရေ ယှက်ရေ စားလိုက်စမ်းပါနော်´´

သွဲ့မွန် ခူးခပ်ပေးသော ထမင်းဟင်းကို လတ်ကိုက မြိန်ရေယှက်ရေ


စားလိုက်ပါသည်။

``သွဲ့မွန်က ဟင်းချက်သိပ်ကောင်းတာပဲကွာ´´

``ဟုတ်ရဲ့ လား အစ်ကိုရယ်´´

``ဒီနေ့ကစပြီး သွဲ့မွန်ရဲ့ ဆိုင်မှာ ပဲ အစ်ကို ထမင်းလာစားမယ်နော်´´

``၀မ်းသာအးရ ကြို ဆိုပါတယ် အစ်ကို´´

``အစ်ကို့အတွက် အထွေအထူး မလုပ်ပါနဲ့ ကွာ၊ သွဲ့မွန် ရောင်းနေကျအတိုင်း


စားမယ်´´

``သွဲ့မွန် အထူးလုပ်ပေးရလို့ မပင်ပန်းပါဘူး အစ်ကိုရယ်´´

``အစ်ကို ပြန်မယ်၊ ညနေ ငါးနာရီလောက်မှ လာမယ်နော်´´

``ဟုတ် …´´

လတ်ကို သူမ၏ ဆိုင်တွင် နေ့တိုင်း ထမင်းလာစားမည် ဆို၍ သွဲ့မွန် ရင်ထဲမှာ


အတိုင်းမသိ ၀မ်းသာမိသည်။ ကြင်နာစာနာတတ်သော လတ်ကိုကို သွဲကမွန်
တွယ်တာနေမိပါသည်။

ထွက်ခွာသွားနေသော လတ်ကို၏ ရင်ထဲမှာ လည်း သွဲ့မွန်ကို သနားစိတ်တွေ


တားဆီး၍ မရအောင် ဖြစ်နေပါသည်။

ဒီမိန်းကလေးနှင့် တွေ့ လေတိုင်း သူ၏ ရင်ကလည်း မခုန်စဖူး


အခုန်ထူးနေပါသည်။

ချစ်ခြင်း အစ သနားခြင်းကဆိုတာ လတ်ကို အတွက်လေများ လား။

အတွေးညက်ညက်ဖြင့် သက်သက်လေး လတ်ကို ပြုံး လိုက်မိပါသည်။


*

နေ့ရက်တွေ ကြွေ၍ လသက်တွေ ရင့်လာသည်နှင့် အမျှ လတ်ကိုနှင့်


သွဲ့မွန်တို့၏ သံယော ဇဉ်တွေ လည်း တစ်ရစ်ပြီးတစ်ရစ် သက်တမ်းတိုးခဲ့ရလေပြီ။

လတ်ကို၏ ဘ၀သည်လည်း အစ်ကိုမှ ကိုကိုဘ၀သို့ အဆင့်တွေ တိုးခဲ့ပါသည်။

``သွဲ့မွန် လာစမ်း´´

ဦးထန်က ငေါက်ငမ်း၍ သွဲ့မွန်အား လှမ်းခေါ်လိုက်သည်။ သွဲ့မွန်က


သူ့နားဆီသို့ လျှောက်ခဲ့သည်။

``နင့်ဆီကို ကောင်တစ်ကောင် အမြဲလာတယ်ဆို´´

အံ့သြ ထိတ်လန့်သော မျက်ဝန်းတွေ နှင့် သွဲ့မွန်က ဦးထန်က ကြည့်လိုက်သည်။

``ဘယ်သူက ပြောတာလဲ အဖေ´´

``ငမောင်းက ပြောတယ်၊ လတ်ကိုဆိုတဲ့ ကောင် နင့်ဆီအမြဲလာတယ်တဲ့´´

``သြော် … သူလား၊ သွဲ့မွန်ဆီမှာ လခနဲ့ ထမင်း၊ လာစားတာ´´

``သူ လာပြီး ထမင်း မစားစေနဲ့ ´´

``ထမင်းဆိုင် ဖွင့်ထားပြီး ဘယ်သူလာစား လာမစားနဲ့ လို့ ကန့်သတ်လို့


ရမလား အဖေ´´

သွဲ့မွန်၏ ဆင်ခြေက မငြင်းသာ၍ ဦးထန်က ဘာပြန်ပြောရမှန်းမသိ။

``အေး … ဒါဆိုလဲ ထမင်းလာစားတဲ့ ဖောက်သည်အပြင် ဘာမှ အပိုတွေ ပြော၊


အပိုတွေ လုပ်မနေနဲ့ နော်´´
ဦးထန်က လေသံမာမာနှင့် သွဲ့မွန်အား အမိန့်ချလိုက်လေပြီ။ သွဲ့မွန်၏
ရင်ထဲတွင် စိတ် ညစ်ညူး မှု ကြောင့် လေးလံထိုင်းမှိုင်းနေသည်။

သူမနှင့် လတ်ကိုတို့၏ အခြေအနေကို ကိုမောင်းများ သိသွားပြီလား၊


ကိုမောင်းမှတစ်ဆင့် ဦးထန်ရော သိသွားပြီလားဟု စိုးရိမ်စိတ်တွေ ရင်မှာ ပိုနေပါသည်။

ဦးထန်က အရက်တမြမြနှင့် ဟင်းကို မြည်းလိုက် စားလိုက်လုပ်နေသည်။


သွဲ့မွန်က မြန်မြန် အလင်းရောင် တွေ ပျောက်ပြီး မိုးချု ပ်ပါစေတော့ဟု ဆုတောင်းမိသည်။

ဦးထန် အရက်မူးပြီး ပိုးလိုးပက်လက် ဖြစ်သည်နှင့် သွဲ့မွန် အိမ်မှ


ပြေးထွက်ခဲ့သည်။

ကမ်းခြေတွင် စောင့်နေသော ချစ်သူ ကိုကိုထံ အားသွန်၍ ပြေးခဲ့ပါသည်။


လတ်ကို စောင့် နေကျ ကျောက်ဆောင်လေးဆီသို့ လှမ်းခဲ့သည်။

ထုံးစံအတိုင်း လတ်ကိုက လက်ကမ်းပေးသည်။ လတ်ကို၏ လက်ကို အားပြု ပြီး


ကျောက် ဆောင်ပေါ် တက်လိုက်သည်။

``သွဲ့မွန် … အချစ်လေးရယ်´´

လတ်ကို၏ နွေးထွေးစွာ ထွေးပိုက်ယုယမှု ကို သွဲ့မွန်ရင်သိမ့်တုန်စွာ


ခံစားမိပါသည်။ သွဲ့မွန် ၏ ပါးလေး တစ်ဘက်လည်း ရုတ်တရက် နွေး သွားပါသည်။

``ကိုကိုရယ်´´

ချစ်သူကို သွဲ့မွန်က ပြန်လည်၍ တင်းတင်းဖက် မိပါသည်။

ကျောက်ဆောင်ပေါ်တွင် ဘေးချင်းယှဉ် ပခုံးချင်းဖက်ပြီး နှစ် ဦးသား


ထိုင်လိုက်သည်။

``ကိုကိုရေ သွဲ့မွန်တို့ အကြောင်း အဖေတို့ သိနေပြီထင်တယ်´´

``ဟုတ်လား´´
``ကိုမောင်းကြီးဆီက အဖေသိတာ ထင်တယ်´´

``သွဲ့မွန်ကို ဦးထန်က ဘာပြောလို့လဲ´´

``ကိုကိုနဲ့ အရောတ၀င် မနေရဘူးတဲ့´´

``ဒါဆို သိပုံမပေါ်သေးဘူးထင်တယ်၊ ကိုကိုနဲ့ ရင်းနှီးမှာ စိုးလို့ သွဲ့မွန်ကို


သတိပေးတာ နေမှာ ပါ´´

``သွဲ့မွန်လေ အဖေ့ကို ကြောက်တယ်´´

``အဖေ ဆူရင် ကိုကို့ဆီ ပြေးခဲ့ပေါ့´´

ရွှတ်နောက်နောက် ပြောလိုက်သော လတ်ကိုကို သွဲ့မွန်က လက်သီးလေးဖြင့်


ထုလိုက် သည်။

``ပြောတော့ လွယ်လိုက်တာ´´

``သွဲ့မွန်ကိုကွာ ကြာလေ စိတ်မချလေ ဖြစ်နေပြီ´´

``ဟင် … ဘာပြု လို့´´

သွဲ့မွန်က မချို မချဉ် မျက်နှာပေးလေးနှင့် ပြောသည်။

``သူက သီးထန်နဲ့ လဲ သိပ်ရင်းနှီးတယ်၊ ပြီးတော့ အိမ်ကိုလဲ တံခါးမရှိ၊ ဓားမရှိ


ဝင်ထွက် လို့ ရတယ်´´

``အင်း … ဟုတ်ပြီ´´

``ကိုကို့ရဲ့ သွဲ့မွန်လေးက သိပ်ချော သိပ်လှတော့ကြောင့် ပါးကြီးရဲ့ အစာ


ဖြစ်သွားမှာ စိုးတယ်ကွာ´´

``စိုးရိမ်ရန်ကော ကိုကိုရယ်၊ သွဲ့မွန်က သူတို့ အနိုင်ကျင့်တိုင်း


ခံမယ့်အစားလားလို့´´
``သွဲ့မွန်က အားနွဲ့တဲ့ မိန်းကလေး သူတို့ကို ဘယ်လိုအန်တုနိုင်မှာ လဲကွယ်´´

``သတ္တိရှိရင် စမ်းကြစမ်းပါစေ ကိုကို၊ သူတို့ အူပွင့်သွားမယ်၊ အရှက်ကို


အသက်နဲ့ သွဲ့မွန်က လဲပစ်လိုက်မှာ ´´

``အမယ်လေးဗျာ၊ အဲလိုတော့ မလုပ်လိုက်ပါနဲ့ ´´

လတ်ကိုက ရယ်ရယ်မောမောနှင့် သွဲ့မွန်လေးအား အတင်းဖက်လိုက်သည်။

``သွဲ့မွန်ကို ဘယ်လိုမှ ကိုကို အဆုံးအရှုံး မခံနိုင်ဘူး´´

``သွဲ့မွန်ကလဲ ကိုကိုနဲ့ မခွဲနိုင်ပါဘူးနော်´´

``တကယ်လား´´

``ကိုကိုနော် သွဲ့မွန် စိတ်တိုအောင် မစနဲ့ ´´

``သွဲ့မွန်က ငယ်သေးတော့ ကိုကို စိတ်မချဘူးကွာ´´

``ဘာစိတ်မချတာလဲ´´

``တော် ကြာ သက်တူရွယ်တူ ငနဲလေးနောက်ပါသွားမှာ ဖြင့် ´´

သွဲ့မွန်က ချစ်သူကို မျက်စောင်းလေး တစ်မျက်ဝဲ့ကြည့်လိုက်သည်။

``အမယ် ကိုကိုက သွဲ့မွန်ထက် ခုနှစ် နှစ် ပဲ ကြီးတာများ ´´

``ခုနှစ် နှစ် ဆိုတာ အများ ကြီးဗျ´´

``ကဲပါ ကိုကိုရယ်၊ အဖေသိရင် သွဲ့မွန်တို့ ဘယ်လိုလုပ်မလဲ´´

``သွဲ့မွန်ကို ခိုးပြေးမှာ ပေါ့´´

``သွဲ့မွန် ဆယ်ရှစ်နှစ် မပြည့်သေးဘူး´´

``ဒီကလေးမ တော် တော် ကဲတယ်၊ ငယ်ငယ်နဲ့ ရည်းစားထားသကိုးကွယ့်´´

``ဟွန်းနော် ကိုကို´´
စူစူမူမူလေးနှင့် သွဲ့မွန်က ချစ်သူ၏ ရင်ခွင်ကျယ်ကြီးကို ထုလိုက်သည်။
လတ်ကိုက ချစ်သူ လေးကို တင်းတင်းကြီး ဖတ်တွယ်လိုက်ပါသည်။

``မ ဖြစ်သေးတဲ့ ကိစ္စကို တွေးမပူနဲ့ အချစ်လေးရယ်၊ ဖြစ်လာတော့ မီးစင်ကြည့်


ကကြတာ ပေါ့ကွာ´´

``ပြန်မယ် ကိုကို၊ တော် ကြာ အဖေ နိုးပြီး သွဲ့မွန်ကို မတွေ့ ရင် ဆူလိမ့်မယ်´´

``လာဦး မပြန်ခင် …´´

လတ်ကိုက သွဲ့မွန်၏ ကိုယ်လေးကို တစ်ချက် တင်းတင်းဖက်ပြီး နဖူး


ပြေပြေလေးကို တစ် ချက် နမ်းရှိုက်ပြီး ရုတ်တရက် လွှတ်လိုက်သည်။

``သွားနိုင်ပြီ´´

ရင်ခုန်ခြင်း များ စွာ ဖြင့် ကမ်းခြေမှ အိမ်သို့ သွဲ့မွန် ပြေးထွက်ခဲ့ပါသည်။

You might also like