Download as pdf or txt
Download as pdf or txt
You are on page 1of 11

Continuity Testing

1. Testing Continuity of Protective Conductors

Protective ကြိုးများ ဖြစ်သည့် Earthing conductor များ ၊ main and supplementary protective bonding
conductor များအားလုံးကို low-resistance ohm meter ဖြင့် continuity ကို စစ်ဆေးပေးရန် လိုအပ်သည်။
အကြောင်းကတော့ ကြိုးများတပ်ဆင်သည့်အခါ လျှပ်စစ် စီးကူးမူ သေချာစေရန် (electrically sound) နှင့်
တပ်ဆင်ရမည့် နေရာတွင် မှန်ကန်စွာ တပ်ဆင်မူ ရိ/ှ မရှိ သိနိုင်စေရန် ဖြစ်သည်။continuity test
စမ်းသပ်ရာတွင် supply ကို ပိတ်ထားရမည်။ protective and equipotential conductors များကို main
earth terminal မှ ဖြုတ်ထားရမည်။

Protective conductor ရဲ့ continuity ကို တိုင်းတာရာတွင် အသုံးများသည့် နည်းလမ်းနှစ်မျိုးရှိသည်။

1.1 Method 1 - Checking neutral and protective conductor


Distribution board ထဲရှိ protective conductor နှင့် neutral conductor တို့ကို ယာယီ
ချိတ်ဆက်ပေးရမည်။ တိုင်းတာပြီးလျှင်တော့ ပြန်ဖြုတ်ရပါမယ်။ socket outlet တိုင်းတွင် တိုင်းတာပေးရမည်။
neutral ကြိုးတွင် ရှိသော ခုခံမူကို R1 ဟုသတ်မှတ်ပြီး ၊ cpc ကြိုးတွင် ရှိသော ခုခံမူကို R2
ဟုသတ်မှတ်ပါသည်။ ဒါကြောင့် ရရှိသော ရလဒ်သည် R1+R2 တန်ဖိုးဖြစ်သည်။

Protective ကြိုး၏ ခုခံမူကို အောက်ပါ ပုံသေနည်းအတိုင်း တွက်ယူနိုင်သည်။

Rp = R × An
An + Ap
Rp - is the resistance of the protective
conductor

R - is the resistance reading taken

An - is the cross-sectional area of the


neutral conductor

Ap - is the cross-sectional area of the


protective conductor.

Figure - CPC continuity.


Figure: Protective conductor continuity test using the neutral conductor as the return lead

1.1.1 Shortening live and protective conductor at one end


လျှပ်စစ်ပတ်လမ်း အားလုံးတွင် တိုင်းတိုင်နိုင်ပါတယ်။ Socket outlet မှာ ဖြစ်စေ၊ consumer unit မှာ ဖြစ်စေ
line နဲ့ cpc ကြိုးကို ချိတ်ဆက်ပြီး တစ်ဖက်တွင် multi-meter ဖြင့် တိုင်းတာပေးရမည်။ switch socket outlet
တွင် တိုင်းတာလျှင် switch ကို ON အနေထားတွင် ထားပြီး တိုင်းရမည်။ တိုင်းတာရရှိမည့် တန်ဖိုးသည် R
သည် R(line) နှင့် R(cpc) တိ့၏
ု ပေါင်းလဒ်နှင့်တူသည်။ ဒါကြောင့် line ကြိုးကို R1 ဟုသတ်မှတ်လျှင် cpc
ကြိုးကို R2 ဟုသတ်မှတ်ပြီး R=R1+R2 ဟုဖော်ပြကြပါသည်။ cpc ကြိုး၏ ခုခံမူကို တွက်ချက်လိုလျှင် ရရှိသည့်
တန်ဖိုးအား 2 ဖြင့် စားခြင်းဖြင့် ရနိုင်ပါသည်။ line နှင့် cpc ကြိုး၏ အကွာဝေးသည် တူညီသည်ဟု ဟူဆပြီး
(Resistance of protective conductor = R/2) တွက်ယူနိုင်သည်။ ယခုနည်းလမ်းကို utilization of circuit
cable by ‘shorting’ ဟုလည်း မှတ်သားနိုင်ပါသည်။

ဥပမာ ; swithc socket outlet ရှိ line နှင့် cpc တိ့၏


ု continuity တန်ဖိုးကို တိုင်းတာရာတွင် 0.72 Ω
ရသည်။ထို circuit တွင် line နှင့် cpc တို့၏ ကြိုးအရွယ်စားသည် တူညီလျှင် ၊ cpc ကြိုး၏ ခုခံမူသည် 0.72/2
= 0.36 Ω လောက်ရမည်ဖြစ်သည်။

နောက်ထပ်ပုံသေနည်း တစ်ခုမှာ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း

Rp = R × An
An + Ap
တိုင်းတာရရှိသည့် ရလဒ်သည် R= 0.72 Ω

Neutral ကြိုး size သည် 2.5 mm 2 ဖြစ်ပြီး cpc ကြိုးအရွယ်စားသည်လည်း 2.5 ဆိုလျှင်

0.72 × 2.5
Rp = = 0.36 Ω
2.5 + 2.5

Cpc ကြိုး၏ ခုခံမူသည် 0.36 Ω ရပါသည်။ အကယ်၍ cpc ကြိုးကို 1.5 mm 2 အသုံးပြုခဲ့လျှင်လည်း

0.72 × 2.5
Rp = = 0.45 Ω
2.5 +1.5
Figure : Continuity of cpc by circuit cable method.

R1+R2 နည်းလမ်းသည် တိုင်းတာရသည်မှာ ပိုပြီးလွယ်ကူသော်လည်း metallic earth return path များ


ချိတ်ဆက်ခြင်း မပြုမှီ ( steel conduit /trunking များရဲ့ accessories များမတပ်ဆင်မှီ) အချိန်တွင်သာ
တိုင်းတာသင့်ပါသည်။ တပ်ဆင်မူ အားလုံးပြီးမှ တိုင်းတာလျှင် parallel return paths များကြောင့် ရလဒ်သည်
ပိုပြီး နည်းနိုင်ပါသည်။

ခုခံမူတန်ဖိုးများသည် တန်ဖိုးအသေ မရရှိနိုင်ပါဘူး ။


တိုင်းတာရရှိသည့် တန်ဖိုးများကို ကြိုး၏ အရွယ်အစားနှင့်
အလျား တန်ဖိုးများနှင့် တွက်ချက်ပြီး နိုင်းယှဉ်နိုင်ပါသည်။
အောက်ဖော်ပြပါ Table သည် ကြိုးအရွယ်စားအလိုက်
တစ်မီတာတွင် ရှိသော ခုခံမူတန်ဖိုးများဖြစ်ပါသည်။

Table – Resistance per meter of copper conductor at 20°C for calculation of R1+R2
Table - Resistance ( Ω ) of Copper Conductors at 20°C .

1.2 Method 2 - Wandering lead method


Protective ကြိုးတစ်ခုတည်းကိုဘဲ တိုင်းတာမည်ဆိုလျှင် တိုင်းတာမည့် နေရာနှစ်ခုသည် ကွာဝေးသည့်အတွက်
test lead ကိုလည်း ရှည်အောင်ပြုလုပ်ပြီး တိုင်းတာရမည်။ ထိုနည်းလမ်းကို wandering lead method
ဟုလည်း သုံးနူန်းပါသည်။ အောက်ပါပုံတွင် consumer unit ထဲတွင်ရှိသော cpc ကြိုးကို earth terminal မှ
မဖြုတ်ဘဲ ဒီအတိုင်း တိုင်းတာထားသည်။ ပတ်လမ်းများတွင် အပြိုင်ဆက်သွယ်ထားသည့် လမ်းကြောင်းများ
(parallel metallic return path ) ရှိနေသည့်အတွက် ထို cpc ကြိုးကို ဖြုတ်ပြီး တိုင်းတာလျှင်လည်း တန်ဖိုးမှာ
ပြောင်းလဲသွားမှာ မဟုတ်ပါဘူး ။

ယခုနည်းလမ်းကို Parallel metallic return paths များ အများဆုံးရှိသော commercial Installation


လုပ်ငန်းများတွင် တိုင်းတာသည့်အခါ အသုံးပြုရန် ဖော်ပြထားပါသည်။ cicrcuit ပတ်လမ်းအားလုံး၏ ခုခံမူ
continuity တန်ဖိုးသည် အများဆုံး 1.2 ohms သာရှိရမည် ဖြစ်သည်။

ပုံထဲတွင် commercial installation တွင်တပ်ဆင်ထားသော luminaire circucuit တစ်ခုကို ဖော်ပြထားသည်။


GI ပိုက်များ အသုံးပြုခြင်း ၊ cabble ladder rack နှင့် Metal trunking, metal conducit စသည်တို့
အသုံးပြုထာပြီး တစ်ခုနှင့် တစ်ခု ချိတ်ဆက်ထားခြင်း ၊ မီးခေါင်းထဲတွင်လည်း cpc ကြိုးကို
တပ်ဆင်ထားတာကြောင့် လျှပ်စစ် ယိုစီးခဲ့လျှင် source earth point သို့ လျှပ်စစ် စီးသွားမည့်
အပြိုင်လမ်းကြောင်းများ earth return path မှာ လွန်စွာမှ များပြားပါသည်။ ဒါကြောင့် continuity စမ်းရာတွင်
များပြားသော parallel return path များပါဝင်နေမည်မှာ ပုံမှန်ဖြစ်ပါသည်။ တစ်ချို့ စနစ်များတွင် cpc ကြိုးများ
မပါရှိသည့် နေရာများတွင် metallic trunking or conduit များကို cpc ကြိုးအဖြစ် အသုံးပြုနိုင်သည်ဟု
ဖော်ပြထားသည်။
Figure: Continuity of cpc by ‘wandering lead’ method.

ထိုသ့တ
ိုင်းတာရာတွင် test lead ကြိုး၏ ခုခံမူကိုပါ ရလဒ်ထဲတွင် တစ်ခါတည်း ပါနေမည်။ ဒါကြောင့်
တိုင်းတာမူ မပြုခင်တွင် ကြိုး၏ ခုခံမူကို တိုင်းတာထားသင့်သည်။ ပြီးနောက် တိုင်းတာရရှိသည့် ရလဒ်ထဲမှ ထို
ကြိုး၏ ခုခံမူကို နုတ် ခြင်းဖြင့် protective ကြိုး၏ ခုခံမူတန်ဖိုးကို ရရှိမည်။အောက်ပါ ပုံသေနည်းအတိုင်း
တွက်ယူနိုင်သည်။

Rp = R – Rl

Where, Rp = the resistance of protective conductive conductor

R = the resistance of reading taken

Rl = the resistance of the long lead


2. Testing Main Protective Bonding conductor
Protective bonding conductor များ ပြတ်နေလား/အကောင်းတိုင်း ရှိနေလား ၊ သူရဲ့ ခုခံမူတန်ဖိုးသည်
သတ်မှတ်ထားသည့် ပမာဏထက် များနေလား ဆိုသည်တိ့က
ို သိရှိနိုင်ရန် တိုင်းတာဖိ့လ
ိုအပ်သည်။

Main bonding conductor ဆိုတာ installation မှာ ချထားသည့် earthing system နှင့် လျှပ်စစ်နဲ့
တိုက်ရိုက်မသက်ဆိုင်သော သတ္တုပစ္စည်းများ (ရေပိုက်၊ ဓာတ်ငွေ့ပိုက်) စသည်တ့က
ို ပေါင်းထားသည့်
ကြိုးဖြစ်သည်။ fault ဖြစ်သည့်အချိန်တွင် အန္တရာယ်ရှိသည့် potential မဖြစ်ပေါ်လာစေရန် earth ချထားသော
လျှပ်စစ်နဲ့ သက်ဆိုင်သည့် သတ္တုပစ္စည်းများ (exposed conductive parts) နှင့် အဆောက်အဦးရှိ လျှပ်စစ်နဲ့
တိုက်ရိုက်မသက်ဆိုင်သော သတ္တုပစ္စည်းများ (extraneous conductive parts) များကို main protective
bonding conductor ဟုခေါ်သော ကြိုးဖြင့် ဆက်သယ
ွ်ထားသည်။

Table - Maximum length of copper


protective bonding conductor

ထိုသို့ ဆက်သွယ်ထားခြင်း ရည်ရွယခ


်ျက်မှာ fault ဖြစ်ပေါ်လာပါက potential အားလုံး ညီနေစေရန် ဖြစ်သည်။
ဒီလို ရနိုင်ဖို့ရန် သတ်မှတ်ထားသည့် bonding conductor ၏ အများဆုံး သတ်မှတ်ထားသည့် အလျားများမှာ
ဖော်ပြပါ Table အတိုင်းဖြစ်သည်။ bonding conductor အားလုံး၏ အများဆုံးလက်ခံနိုင်သည့်
ခုခံမူတန်ဖိုးသည် 0.05 Ω ဖြစ်သည်။ သူထက် မများရပါ။ bonding conductor များကို တိုင်းတာလျှင်
တစ်ဖက်ကို ဖြုတ်ပြီးမှ တိုင်းတာရမည် ။အကြောင်းမှာ တိုင်းတာမူထဲတွင် parallel paths များ မပါစေရန်
ဖြစ်သည်။

Figure - Continuity of main protective bonding conductors.


Supply ကို ပိတ်ပြီးမှ တိုင်းတာရမည်။ consumer unit ထဲရှိ main bonding conductor ကိုဖြုတ်ရမည်။ test
lead မှာရှိသည့် ခုခံမူကို ခြေဖျက်နိုင်သည့် မီတာဆိုလျှင်လည်း null secting တွင်ထားပြီး ချေဖျက်ရမည်။ test
lead က အလျားရှည်နေလျှင်လည်း သူ့ကို အရင်တိုင်းတာပြီး ခုခံမူကို မှတ်သားထားရမည်။ပြီးမှ
တိုင်းတာရရှိသည့် ရလဒ်ထဲမှ ထို ခုခံမူတန်ဖိုးကို ပြန်နုတ်ရမည်။

Figure -Low resistance ohm meter Figure - Bonding disconnected

Figure - Lead connected Figure - Second lead connected

Figure -Resistance value Figure -Reconnect bonding


Bonding conductor ကို တိုင်းတာနေစဉ်အတွင်း bonding clamp ကိုလည်း မှန်ကန်သော အမျိုးစား
တပ်ဆင်ထားခြင်း ရှိ/မရှိ စစ်ဆေးရမည် ။ BS 951 စံနူန်းဖြင့် ညီရမည်ဖြစ်ပြီး ၊ ပုံတွင် ပြထားသည့်အတိုင်း label
ပါရမည်။

Figure - Protective bonding to water installation

Table - main protective bonding conductor sizes.

Main protective bonding conductor များ၏ အသုံးပြုရမည့် ကြိုးအရွယ်စားသည် အများဆုံး 35 mm 2 အထိ


အသုံးပြုသော main earthing conductor ၏ ကြိုးအရွယ်စား၏ တစ်ဝက်ထက်တော့ အရွယ်စား သေးငယ်လို့
မရပါဘူး ။

main protective bonding conductor အရွယ်စားကို အနည်းဆုံး 6 mm2 အထိ ခွင့်ပြုထားပြီး ၊ 25 mm 2


အရွယ်စားထက်တော့ ပိုပြီး အသုံးမပြုရပါဘူး ။ဖော်ပြပါ Table တွင် 10 mm 2 မှာ စကာ ဖော်ပြထားသည်။
Protective Multiple Earth (PME) ဟုခေါ်သော TN-C-S စနစ်မှာတော့ 10 mm 2 မှစကာ အနည်းဆုံး
အသုံးပြုရမည်။

ဥပမာ အားဖြင့် အဆောက်အုံ အသစ် အများစုတွင် earthing conductor ကြိုးကို 16 mm 2 အသုံးပြုပြီး ၊ main
bonding conductor အားလုံးကို 10 mm 2 အသုံးပြုကြသည်။
KEY
1 .Earthing conductor
2 .CPCs
3 .Main protective
bonding conductor
4 .Metal water pipe
5 .Metal gas pipe
6 .Earth rod
7 .Main earthing terminal

3. Testing Supplementary equipotential Bonding conductor

အဓိကအားဖြင့် Supplementary bonding လုပ်ရခြင်းမှာ ရည်ရွယ်ချက်နှစ်ခုရှိပါတယ်။ protective devices


များတွင် သတ်မှတ်ထားသည့် disconnecting time ကိုမရလိ့ေ
ု သ်ာလည်းကောင်း ၊ electric shocks
ဖြစ်ပေါ်လာနိုင်သည့် နေရာများတွင် ယေဘူယျအားဖြင့် supplenentary bonding တပ်ဆင်ပေးကြသည်။
အဓိကအားဖြင့်တော့ ရေကူကန်များ ၊ ရေချိုးခန်းများတွင် တပ်ဆင်ရသည်။ ရေချိုးခန်းတွင် အဓိကအားဖြင့်
zone 1, 2, 3 တွင်သာ supplementary bonding ကြိုးများကို တပ်ဆင်ပေးရမည်။

Circuit breaker, fuse နှင့် အခြား protective devices များအတွက် အလိုလျောက် ဖြတ်တောက်ချိန်
(automatic disconnection of supply / ADS ) ကို ချိန်ညှိနိုင်ဖို့ရန် R < 50/Ia ဖြင့် တွက်ချက်နိုင်သည်။

လျှပ်စစ်ပတ်လမ်းတွင် RCD တပ်ဆင်အသုံးပြုလျှင် R < 50/I Δ n ဖြင့်တွက်ချက်ရမည် ။ တချို့


နေရာများတွင် touch voltage ကို 50V မှ 25 V သိ့ေ
ု လျာ့ပြီး တွက်ယူရမည်။ protective device များအလုပ်
လုပ်ဖို့ ပထမဆုံး Ia ကိုရှာရမှာဖြစ်ပါတယ်။ Ia သည် အများဆုံးကြာချိန် 5s အတွင်း ရှိရမည်။

ဥပမာအားဖြင့် သက်ဆိုင်ရာ Table များတွင် 20A BS 3036 rewirable fuse ကို ကြည့်လျှင် 5s အတွင်း 60 A
တွင် fuse ပြတ်မည် ဖြစ်သည်။ ထို 20 A fuse အတွက် Table ထဲတွင် maximum Zs တန်ဖိုးမှာ 3.83 Ω
ဖြစ်သည်။

Ia = 230/Zs = 230/3.83 = 60 A (ယခု ဖော်ပြပါ နည်းလမ်းသည် protective devices အားလုံးအတွက်


အသုံးပြုနိုင်သည်)
ထို တန်ဖိုးကို အသုံးပြုပြီး protective supplementary bonding လုပ်ဆောင်ရန် လိ/ု မလို
တွက်ကြည့်နိုင်ပါတယ်။ R = 50V/ Ia = 50/60 = 0.83 Ω ထိုတန်ဖိုးသည် exposed or extraneous
conducitve parts များကြားတွင် အမြင့်ဆုံး လက်ခံနိုင်သည့် ပမာဏ ဖြစ်သည်။ တိုင်းတာရရှိသည့်
တန်ဖိုးသည် 0.83 Ω ထက်ကျော်နေပါက supplementary bonding conductor တပ်ဆင်ပေးရမည် ။

RCD များတပ်ဆင်ထားပါက R = 50V/ I Δ n = 50/30 mA = 1666 Ω ဖြစ်သည်။ ဥပမာ ရေပိုက် နှင့်


electric shower ထဲရှိ earthing terminal ကို bonding လုပ်ရန် လို/မလို တွက်ချက်နိုင်သည်။

RCD တပ်ဆင်ထားသည့် ပတ်လမ်းတွင် supplenmentay bonding လုပ်ရန် အမှတ်နှစ်မှတ်ကို တိုင်းတာလျှင်


ခုခံမူတန်ဖိုးမှာ 1666 Ω (သိ့မ
ု ဟုတ)် သူ့ထက် နည်းရမည်။ တိုင်းတာရရှိသည့် တန်ဖိုးသည် 1666 Ω
ထက်နည်းလျှင် ထိုအမှတ်နှစ်ခုကို bonding လုပ်စရာ မလိုအပ်ပါ။

Supplenmentary bonding coductor တပ်ဆင်ရန် သတ်မှတ်ထားသည့် နေရာတော့ မရှိပါ။ ဥပမာ


လုပ်ငန်းသုံး kitchen အများစုတွင် stainless steel tables and worktops များအသုံးပြုကြသည်။

supplementary bonding conductor များ၏ သတ်မှတ်ထားသော အသုံးပြုရမည့် ကြိုးအရွယ်စားမှာ


trunking/conduit ထဲတွင် တပ်ဆင်ပါက (mechanically protective ) အနည်းဆုံး 2.5 mm 2
ကိုအသုံးပြုရမည်။ mechanically protective မဟုတ်ပါက 4 mm 2 ကိုအနည်းဆုံး ထားပြီး အသုံးပြုရမည်။

Table - Supplementary bonding conductor sizes – protected cables.


Table - Supplementary bonding conductor sizes – unprotected cables.

သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ များအား အစဉ် ဦးထိပ်ထားလျှက…


် .

ကျန်းမာ ချမ်းသာ ကြပါစေ…

ဖြိုးသက်ပိုင်

You might also like