Download as pdf or txt
Download as pdf or txt
You are on page 1of 84

(၁)

မာတိကာ

အမှာ ၁၁

၁။ မြန်မာပညာရှိ ဦးအောင် [၁၈၄၈ (ခန့်)-(?)] ၁၃

၂။ အဝေးရောက်မင်း ဦးအောင်ကြီး [၁၈၅၃-၁၉၄၂] ၁၉

၃။ ၀န်စာရေး ဦးကြီး [၁၈၅၈-၁၉၂၆] ၂၃

၎။ ဦးဘိုးဖြူ [၁၈၆၁-၁၉၂၆] ၂၉

၅။ အရှင်စန္ဒမာလာလင်္ကာရ [၁၈၆၁(ခန့်)-၁၉၃၁] ၃၁

၆။ ဦးကျော်ထွန်း [၁၈၆၄-၁၉၃၅] ၃၄

ရ။ ကျောက်စာဝန် တော် စိန်ခို [၁၈၆၄-၁၉၃၀] ၄၀

၈။ ဦးကျော်ရန် [၁၈၆၇-(?)] ၄၄

၉။ ဆရာဘီ [၁၈၇၃-၁၉၅၁] ၄၇

၁၀။ တောင်ပေါက်ဆရာတော် [၁၈၇၇-၁၉၅၃] ၅၀

၁၁။ သရာဇ ဦးတုတ်ကြီး [၁၈၈၄-၁၉၃၁] ၅၃

၁၂။ ဦးပညာဝံသ(စတုတ္ထမြစ်ကွေ့ဆရာတော် ) [၁၈၉၀-၁၉၄၄] ၆၁

၁၃။ ဦးဘတင် [၁၈၉၀-၁၉၄၃] ၆၄

၁၄။ ဦးဘသန်း (ဘီအေ) [၁၈၉၀(?)-၁၉၃၀(?)] ၇၀

၁၅။ မအေးခင် [၁၈၉၁-၁၉၇၅] ၇၆

၁၆။ သပြေပင် ဆရာတော် ဘဒ္ဒန္တသော ဘန (ဟင်္သာတ) [၁၈၉၄-၁၉၇၇] ၈၀


၁၇။ ရှင်ဗုဒ္ဓဃောသ ဦးဘသန်း [၁၈၉၇-၁၉၈၄] ၈၄

၁၈။ အသျှင်ဥတ္တမဗုဒ္ဓ [၁၈၉၈-၁၉၇၁] ၈၆

၁၉။ ဆရာဖြိုး (ပညာအလင်းပြ) [၁၈၉၉-၁၉၆၇] ၈၉

၂၀။ ပုလိပ်အရာရှိတစ်ဦး [၁၉၀၂-၁၉၇၄] ၉၁

၂၁။ အရှင်ပညိန္ဒာဘိဝံသ [ပထမကျော်၊ ဓမ္မာစရိယ (B.A)] [၁၉၀၃-၁၉၈၂] ၉၄

၂၂။ မြို့မ ဆရာဟိန် [၁၉၀၅-၁၉၇၉] ၉၆

၂၃။ ကထိက ဦးသက်တင် [၁၉၀၆-၁၉၇၈] ၉၈

၂၄။ ဒဂုန်သိန်းသိန်း [၁၉၀၆-၁၉၇၆] ၁၀၁

၂၅။ တက်ထွန်း [၁၉၀၈(ခန့်)-၁၉၃၆(?)] ၁၀၃

၂၆။ မောင်ထင် [၁၉၀၉-၂၀၀၆] ၁၀၈

၂၇။ ဒဂုန် ရွှေပြည်စိုး [၁၉၁၀-၁၉၉၅] ၁၁၁

၂၈။ ဒဂုန် ဦးစန်းငွေ [၁၉၁၀-၁၉၉၁] ၁၁၅

၂၉။ ပါဠိပါရဂူ ဦးအောင်မိုး [၁၉၁၁-၁၉၉၈] ၁၁၇

၃၀။ ဦးခန့် [၁၉၁၁-၁၉၈၇] ၁၂၀

၃၁။ သျှင်ဝါယမ (မွန်ပညာရှင်) [၁၉၁၁-၁၉၆၈] ၁၂၂

၃၂။ တောင်တွင်း ကိုကိုကြီး [၁၉၁၃-၁၉၈၁] ၁၂၅

၃၃။ အမ်၊ အေ ဒေါ်အုန်း [၁၉၁၃-၂၀၀၃] ၁၂၇

၃၄။ မာဃ [၁၉၁၃-၁၉၈၈] ၁၃၀

၃၅။ တက္ကသိုလ် မောင်မောင်ကြီး [၁၉၁၄-၁၉၈၂] ၁၃၃


၃၆။ တက္ကသိုလ် ဆုမြိုင် [၁၉၁၄-၁၉၈၄] ၁၃၅

၃၇။ ဘ၀င်း [၁၉၁၄-၁၉၈၇] ၁၃၇

၃၈။ ဒေါက်တာထွန်းရွှေ [၁၉၁၄-၁၉၈၂] ၁၃၉

၃၉။ မြဒေါင်းညို [၁၉၁၅-၁၉၈၃] ၁၄၁

၄၀။ ဒေါ်ရီကြိန် [၁၉၁၅-၂၀၀၁] ၁၄၃

၄၁။ မာလာ [၁၉၁၅-၁၉၉၂] ၁၄၅

၄၂။ မောင်မဲ [၁၉၁၅-၂၀၀၄] ၁၄၈

၄၃။ တက္ကသိုလ် ထင်ကြီး [၁၉၁၆-၂၀၀၄] ၁၅၁

၄၄။ ဦးမြင့်ဆွေ (ဖြူး) [၁၉၁၆-၁၉၈၇] ၁၅၄

၄၅။ ရန်ကုန်ဘဆွေ [၁၉၁၆-၁၉၈၆] ၁၅၆

၄၆။ မန်းတင် [၁၉၁၆-၁၉၉၇] ၁၅၉

၄၇။ ဦးကျော်ရင် [၁၉၁၆-၁၉၆၆] ၁၆၂

၄၈။ တင်ဧ (ရှမ်းပြည်) [၁၉၁၆-၁၉၉၅] ၁၆၄

၄၉။ သခင် ခင်ဇော် [၁၉၁၇-၂၀၀၂] ၁၆၇

၅၀။ ဦးမောင်မောင်တင် (မဟာဝိဇ္ဇာ) [၁၉၁၇-၂၀၀၁] ၁၆၉

၅၁။ မာန်အောင်ပီယ [၁၉၁၈-၁၉၉၁] ၁၇၂

၅၂။ မ၀င်းမြင့် [၁၉၁၈-၁၉၇၈] ၁၇၄

၅၃။ ရဲဘော်နေအောင် [၁၉၁၈-၁၉၉၅] ၁၇၇

၅၄။ ထင်လင်း [၁၉၁၉-၁၉၉၆] ၁၈၀


၅၅။ ဗိုလ်ဗကို [၁၉၁၉-၁၉၈၅] ၁၈၂

၅၆။ မြတ်ထန် [၁၉၂၀-၁၉၈၈] ၁၈၄

၅၇။ သက်လယ် [၁၉၂၀-၁၉၈၄] ၁၈၆

၅၈။ ဒေါ်သန်းဆွေ [၁၉၂၀-၂၀၀၂] ၁၈၈

၅၉။ဗိုလ်မှူးချစ်ကောင်း [၁၉၂၀-၁၉၆၆] ၁၉၀

၆၀။ တာတေ ဦးအုန်မြိုင် [ (?) - (?) ] ၁၉၄

၆၁။ ဒေါ်မမကြီး [ (?) - (?) ] ၁၉၆

၆၂။ မြလှိုင် [၁၉၂၁-၁၉၉၀] ၁၉၉

၆၃။ ကေတီ ဦးကျော်တင့် [၁၉၂၁-၁၉၈၁] ၂၀၁

၆၄။ သခင်မြသန်း [၁၉၂၁-၁၉၇၆] ၂၀၃

၆၅။ မောင်ဉာဏ်ဝန် [၁၉၂၂-၁၉၇၄] ၂၀၆

၆၆။ နှင်းဦး [၁၉၂၂-၁၉၈၁] ၂၀၇

၆၇။ ဗန်းမော်ညိုနွဲ့ [၁၉၂၂-၂၀၀၉] ၂၀၉

၆၈။ ဘုတလင် ချစ်လေး [၁၉၂၃-၁၉၉၄] ၂၁၂

၆၉။ လှသမိန် [၁၉၂၃-၂၀၀၀] ၂၁၄

၇၀။ ဦးဗိုကေ [၁၉၂၄-၁၉၈၉] ၂၁၆

၇၁။ မောင်စံဖော် [၁၉၂၅-၂၀၀၁] ၂၂၀

၇၂။ စိန်ခင်မောင်ရီ [၁၉၂၅-၁၉၉၂] ၂၂၂

၇၃။ ကြည်ဦး [၁၉၂၅-၂၀၀၉] ၂၂၅


၇၄။ တင်စိုး [၁၉၂၅-၂၀၀၅] ၂၂၇

၇၅။ တက္ကသိုလ် နွယ်ထွန်း [၁၉၂၆-၁၉၅၈] ၂၀၉

၇၆။ ပန်တျာမြင့်အောင် [၁၉၂၆-၁၉၇၅] ၂၃၁

၇၇။ စန္ဒန (ဘားအံ) [၁၉၂၆-၁၉၉၂] ၂၃၃

၇၈။ ရွှေဘို မိမိကြိုး [၁၉၂၇-၂၀၁၀] ၂၃၅

၇၉။ မောင်သိင်္ခ [၁၉၂၇-၂၀၀၅] ၂၃၈

၈၀။ ဘဒ္ဒန္တဒေါက်တာသီလာနန္ဒာဘိဝံသ [၁၉၂၇-၂၀၀၅] ၂၄၀

၈၁။ ရဲခေါင် [၁၉၂၇-၁၉၇၆] ၂၄၃

၈၂။ ရန်အောင် မောင်မောင် [၁၉၂၉-၁၉၉၄] ၂၄၉

၈၃။ မောင်မောင်ဖြူ [၁၉၃၀-၁၉၉၂] ၂၅၁

၈၄။ မောင်ကို (တပ်ကြပ်ကြီး မောင်ကို) [၁၉၃၀-၂၀၀၄] ၂၅၄

၈၅။ မောင်ကြည်ရှင် [၁၉၃၀-၁၉၇၄] ၂၅၅

၈၆။ ရောင် နီ [၁၉၃၁-၁၉၈၅] ၂၅၈

၈၇။ တက္ကသိုလ် မောင်လှသူ [၁၉၃၃-၁၉၈၇] ၂၆၁

၈၈။ တင်မိုး [၁၉၃၃-၂၀၀၇] ၂၆၂

၈၉။ မြန်စာဂုဏ် ကျော်မြင့် [၁၉၃၄-၁၉၇၃] ၂၆၅

၉၀။ စစ်ကိုင်းအေးလွင် [၁၉၃၄-၁၉၈၅] ၂၆၇

၉၁။ တက္ကသိုလ်မင်းမော် [၁၉၃၅-၂၀၀၅] ၂၆၉

၉၂။ ကျော်ဇေယျာ (ပုသိမ်) [၁၉၃၅-၂၀၀၀] ၂၇၂


၉၃။ မန်းသင့်နောင် (ကော့ကရိတ်) [၁၉၃၆-၂၀၀၇] ၂၇၄

၉၄။ ထွန်းထွန်း (ဆေးသိပ္ပံ) [၁၉၃၆-၁၉၇၇] ၂၇၆

၉၅။ မောင်မြင့်မြတ် [၁၉၃၆-၂၀၀၁] ၂၇၈

၉၆။ ကြည်အောင် [၁၉၃၇-၂၀၀၉] ၂၈၀

၉၇။ မောင်လွန်းကြင် [၁၉၃၈-၁၉၉၂] ၂၈၂

၉၈။ ပခုက္ကူဖုန်းမြိုင် [၁၉၃၉-၂၀၀၉] ၂၈၄

၉၉။ မေမြို့မိုးကြည် [၁၉၄၁-၂၀၀၂] ၂၈၆

၁၀၀။ မာန်မြင့် [၁၉၄၉-၂၀၁၀] ၂၈၈


(၂)
အမှာ

[၁]

ရာပြည့်စာအုပ် အမှတ် ၁ ကို ၁ သြဂုတ် ၁၉၉၅ တွင် ထုတ်ဝေခဲ့ပါသည်။ ၁


သြဂုတ် ၂၀၁၀ တွင် ရာပြည့်စာအုပ်တိုင် ၁၅ နှစ် ပြည့်မြောက်ခဲ့ပါပြီ။ ၁၅ နှစ် ပြည့်
အမှတ်တရ စာအုပ်ပြပွဲနှင့် ရာပြည့် စာအုပ် ၃၀၀ ပြည့် အထိမ်းအမှတ်အတွက် ၂၀ ရာစု
မြန်မာ စာရေး ဆရာ ၁၀၀[အတ္ထုပ္ပတ္တိအကျဉ်း]၊ ဒုတိယစာအုပ် ကို ပြုစုထုတ်ဝေလိုက်ပါသည်။

[၂]

ဤစာအုပ် ထုတ်ဝေရာတွင် ရည်ရွယ်ချက် ၃ ချက် ချမှတ်ခဲ့ပါသည်။

ပထမအချက်မှာ မောင်သုတ၏ စာဆိုတော် များ အတ္ထုပ္ပတ္တိ(ပဉ္စမအကြိမ်၊


၂၀၀၂)တွင် မပါဝင်ဘဲ ကြွင်းကျန် မြုပ်ကွယ်နေသည့် စာရေး ဆရာများ ကို
ဖြည့်စွက်ပေးရန်ပင် ဖြစ်သည်။ ထို့ကြောင့် မြန်မာ့စွယ်စုံကျမ်းတွင် ဖော်ပြထားပြီး ဖြစ်သော
်လည်း စာဆိုတော် များ အတ္ထုပ္ပတ္တိတွင် မပါဝင်ခဲ့သည့် ‘ကျောက်စာဝန် တော် စိန်ခု’ နှင့်
‘ဦးကျော်ထွန်း’ တို့ကိုထည့်သွင်းထားပါသည်။ ‘၀န်စာရေး ဦးကြီး’ မှာ မူ စာဆိုတော် များ
အတ္ထုပ္ပတ္တိတွင် ပါဝင်ခဲ့ပြီး ဖြစ်သော်လည်း အချက်အလက်သစ်များ နှင့် ဓာတ်ပုံ ဖြည့်စွက်၍
အသစ်ထပ်မံ ရေး ထည့်ခဲ့ပါသည်။ အထူးသဖြင့် စာဆိုတော် များ အတ္ထုပ္ပတ္တိကဲ့သို့သော
ကျမ်းကြီးကျမ်းခိုင် ပြုစုမည့်  နှောင်းသုတေသီများ အတွက် အချက်အလက်၊ အကိုး
အထောက်(မူးရင်း၊ ဆင့်ပွား)များ ကိုစွမ်းသမျှ ရှာဖွေစုစည်းပေးလိုခြင်းပင် ဖြစ်ပါသည်။

ဒုတိယအချက်မှာ မိမိဘ၀ကို တည့်မတ်ကျားကန်ပေးရာတွင် လည်းကောင်း၊


မိမိ၏ အသက်မွေးဝမ်းကျောင်းပြုမှု တွင် လည်းကောင်း ကျေးဇူးများ စွာ ရှိခဲ့သည့် စာရေး
ဆရာများ ၏ စာများ အတွက် မိမိဘက်မှ တစ်စုံတစ်ရာမျှလောက်သော သေးငယ်သည့်
ကျေးဇူးတုံ့ပြန်မှု အ ဖြစ် မိမိကိုယ်မိမိ တာဝန်တစ်ရပ်ပေးကာ ဤစာအုပ်များ ကို
ပြုစုနေခြင်းပင် ဖြစ်ပါသည်။ အခြားသော ရည်ရွယ်ချက်များ စိုးစဉ်မျှ မရှိပါ။

တတိယအချက်မှာ ရာပြည့်စာအုပ်တိုက်ကို အားပေးခဲ့သည့် စာချစ်သူများ အား


ယခုကဲ့သို့ ၁၅ နှစ် ပြည့်မြောက် စာအုပ် ၃၀၀ ပြည့်ရောက်စဉ် အမှတ်ရရ
လက်ဆောင်ပေးလိုခြင်းပင် ဖြစ်ပါသည်။

[၃]

ယခုစာအုပ် ပြုစုရာတွင် အခြေခံမူများ ချမှတ်ထားပါသည်။ အသစ်အဆန်းများ


မဟုတ်ပါ။ စာပြုသူတိုင်း၊ သုတေသီတိုင်း လက်စွဲပြုနေကြသည့် မူများ ပင် ဖြစ်သည်။ မည်
သည့်စာ၊ မည် သည့် အကြောင်းအရားကို ရေး သည် ဖြစ်စေ “အသစ်” ပါရှိရမည် ဟူသော
မူကို လက်ကိုင်ထားပါသည်။ အချက်အလက်သစ်၊ အကြောင်းအရားသစ်၊
တင်ပြချက်အသစ်ပါရန် အားထုတ်ပါသည်။ အချက်အလက် များ လွန်းနေသော ကြောင့်
ငြီးငွေ့မသွားစေရန်လည်း ကျွဲကူးရေပါသဘောမျိုးဖြင့် စာအုပ်အနှစ် ချုပ်များ ကို တတ်နိုင်သမျှ
ထည့်သွင်းထားပါသည်။ စာအုပ်အကြောင်း သတင်းပေးချက်၊ လက်တို့ပြောဆိုချက်မျိုး
ဖြစ်ပါသည်။ အကယ်၍ စာဖတ်သူ၏ အာလျနှင့် ကိုက်ညီမည့်  စာအုပ်မျိုး ဖြစ်က
အလွယ်တကူ ရှာဖွေနိုင်ရန်ပင် ဖြစ်သည်။ တစ်ဖန်ခေတ်ပြိုင်များ ၏ အမြင်၊ သူတေသီများ ၏
မှတ်ချက်များ ကိုလည်း အလျဉ်းသင့်ရာ စုစည်းပေးထားပါသည်။ ဘ၀နှင့် စာကို ချဉ်းကပ်
ချိန်ထိုးနိုင်ရန်ပင် ဖြစ်သည်။

တစ်ဖန် ယခု အတ္ထုပ္ပတ္တိများ ပြုစုရာတွင် တစ်ကြောင်းမျှသော


အကိုးအထောက်ကို ရယူသုံးစွဲသည့် ဖြစ်စေ၊ ဓာတ်ပုံကို ထပ်ဆင့်အသုံးပြုလျှင် ဖြစ်စေ ထို
ရယူသုံးစွဲရာ စာအုပ်၊ စာနယ်ဇင်း၊ လူပုဂ္ဂိုလ်များ ၏ အမည် များ ကို မှန်ကန်တိကျစွာ
ထည့်သွင်းပေးရေး မူကိုလည်းအပြည့်အ၀ လိုက်နာဖို့ ကြိုးစားထားပါသည်။ နိုင်ငံရပ်ခြားတွင်
မူ မိမိ ရယူသုံးစွဲသည့် “စာကိုး” ကို မဖော်ပြခဲ့လျှင် “မရိုးသား” ဟူ၍ သတ်မှတ်သည်သာမက
များ စွာ အပြစ်ရှိကြောင်းအများ အသိပင် ဖြစ်ပါသည်။ ထို့ကြောင့် အတ္ထုပ္ပတ္တိ တစ်ပုဒ်စီတိုင်း၏
အဆုံးရှိ “စာကိုး” သည် စာကိုယ်၏ အသက်သဖွယ် ဖြစ်သော ကြောင့် ခိုင်လုံမှု ရှိအောင်
ကြိုးစားထားပါသည်။
ထို့ပြင် ဤစာအုပ်များ ပြုစုရာတွင် ကွယ်လွန်ပြီး စာရေး ဆရာ၊ ဓာတ်ပုံ
ရှာဖွေရရှိထားသည့် စာရေး ဆရာ၊ အချက်အလက် အတန်အသင့် ပြည့်စုံသည့် စာရေး
ဆရာများ ကိုသာ အလျဉ်းသင့်သလို ရေး သားထည့်သွင်းနေခြင်းသာ ဖြစ်ပါသည်။ နာမည်
ကြီးခြင်း မကြီးခြင်း၊ မြန်မာစာပေသမိုင်းတွင် အရေး ပါခြင်း မပါခြင်း စသည့် အချက်များ
ပေါ်တွင် မူတည်ဆုံးဖြတ်ခြင်း မရှိပါ။ မြန်မာပြည်သား စာရေး ဆရာ တစ်ယောက် ၏
မြန်မာပြည်အတွက် သူကျွမ်းကျင်ရာ စာပေရေး သားပြုစုခြင်း အလုပ်ဖြင့် ကျေးဇူးပြုသွားသည့်
မည် သည့် စာရေး ဆရာကိုမဆိုထည့်သွင်းမှတ်တမ်းတင်ဖို့ အားထုတ်ခြင်းသာ ဖြစ်ပါသည်။
ကြီးသည်၊ ငယ်သည် မဟူ စာရေး ဆရာများ အတွက် တတိယအုပ်တွင် ထည့်သွင်းရေး
သားရန်လည်း အချက်အလက်များ စုစည်းပြင်ဆင်ထားပါသည်။

[၄]

ဤစာအုပ် ပြုစုရာတွင် စာအုပ်၊ စာနယ်ဇင်း များ စွာ ကို အထောက်အထားပြု


ကိုးကား သုံးစွဲထားပါသည်။ မူရင်းအထောက်အထား၊ ဆင့်ပွားအထောက်အထားများ
ရယူသုံးစွဲရာ စာအုပ်၊ စာနယ်ဇင်းများ ကို ဆိုင်ရာ အတ္ထုပ္ပတ္တိများ အဆုံးတွင် လည်းကောင်း၊
ဤစာအုပ်၏ နောက်ဆုံးစာမျက်နှာများ တွင် လည်းကောင်း စာကိုး၊ ကျမ်းကိုးအ ဖြစ်
တင်ပြထားပါသည်။ ဤစာအုပ် ပြုစုသူ၏ တစ်ဦးတည်းမူပိုင်များ မဟုတ်ကြပါ။
စုစည်းတည်းဖြတ်ထားခြင်းသာ ဖြစ်ပါသည်။ ထို့ကြောင့် ဤစာအုပ်ပါ အချက်အလက်များ ၊
ဓာတ်ပုံများ ကို မည် သူမဆို “လွတ်လပ်စွာ ” ထုတ်နုတ်ရယူ အသုံးပြုနိုင်ပါသည်။ သို့ရာတွင်
တိုက်ရိုက် ရယူအသုံးပြုခဲ့လျှင်မူ “ဤစာအုပ်မှရယူအသုံးပြုကြောင်း” ဖော်ပြပေးနိုင်ခဲ့ပါက များ
စွာ ကျေးဇူးတင်ရှိနေမည် သာ ဖြစ်ပါကြောင်း အသိပေး တင်ပြအပ်ပါသည်။


(၃)
မြန်မာပညာရှိ ဦးအောင် [၁၈၄၈ (ခန့်)-(?)]
ဦးအောင်မှာ မုံရွာနယ် ထနောင်းတောရွာ၌ အဖ ထီးလှိုင်တိုက်စားအကြီးတော်
ချုပ် ဦးပေါ်ထင် * ၏ သား ဖြစ်သည်။ ၁၈၄၈ ခန့်တွင် ဖွားမြင်သည်။ ငယ်မည် မှာ
မောင်အောင် ဖြစ်သည်။ အမိ အမည် ကိုမူ စူးစမ်း၍ မရချေ။

အရွယ်ရောက်သော် အလုံမြို့ အရှေ့ဘက် နှစ် ယူဇနာအကွာ မလဲသာရွာ အနီး


တောရဆောက်တည်သော ၀ိစိတ္တာဘိလင်္ကာရက၀ိဓဇ ဓမ္မသေနာပတိ အတုလဓိပတိ
တိပိဋကဓရ သဓမ္မပါလမဟာ ဓမ္မရာဇာဓိ ရာဇဂုရု တံဆိပ်တော် ရ သံဘိုဆရာတော် ကြီးကို
ဥပဇ္ဈာယ်ပြု၍ ရဟန်းဝတ်သည်။ ဘွဲ့မှာ ရှင်ဣန္ဒာစရိယ ဖြစ်သည်။ သံဘို ဆရာတော်
ကြီးထံတွင် ပညာဆည်းပူးသည်။

-------------------------------------------

* - ‘အကြီးတော် အုပ် ထီးလှိုင်မြို့စား ဦးကရင်’ဟူ၍ နဂါးဗိုလ်ထိပ်ဒွေး၏


ရန်ကုန်ရာဇ၀င်(၁၉၅၄)၊ နိဒါန်းတွင် ပြသည်။

- ဦးအောင်၏ ထုတ်ဝေခဲ့သော စာအုပ်များ တွင် မူ သူ့ဖခင်နှင့် စပ်လျဉ်း၍ ...

၁။ မြစ်သားမြို့စား မင်္ဂလာလက်သုံးခေါင်း ရွှေဓားဗိုလ်မှူး


နေမျိုးမင်းလှမင်းထင်ကျော် ဘွဲ့ခံဦးပေါ်ထင်၊

၂။ ဒီပဲယင်းမြို့စား အိမ်ရှေ့ဝန်ကြီး၊ ဥပရာဇ်ဝန်ကြီး၊ သတိုးမင်းကြီး


မင်းလှမဟာဓမ္မရာဇသင်္ကြံဘွဲ့ခံ ဦးပေါ်ထင်၊

၃။ ထီးလှိုင်မြို့စား၊ မင်းသားအုပ်၊ အကြီးတော် ချုပ် ၀န်ကြီး မင်းကြီး


မင်းလှမဟာဥစ္စနာ ဘွဲ့ခံ ဦးပေါ်ထင် ဟူ၍ ပြသည်။ ဤပြဆိုချက်များ ကို မြန်မာစာပေ
ပညာရှင်နှင့် သမိုင်းပညာရှင် အချို့က အသင့်ယုတ္တိမရှိသော ကြောင့် လက်မခံလိုကြပေ။

ထို့နောက် ရန်ကုန် ပုဇွန်တောင် ရေကျော် ဘုရားဖြူတိုက်အုပ် ၀စ္စ၀ါစကဋီကာ


ကျမ်းပြု အရှင်နန္ဒိယာဘိဓဇ၊ နာဂိန္ဒာဘိ သိရီပ၀ရ သဒ္ဓမ္မပါလ မဟာဓမ္မရာဇာဓိ ရာဇဂုရု
တံဆိပ်တော် ရ အဘိဓမ္မတ္ထသင်္ဂဟမဓု ကျမ်းပြု မိုးကောင်းဆရာတော် ကြီး၊
ကိုးထောင်(ကိုးဆောင်) ဆရာတော် ရှင်သုနန္ဒာဘိဓဇ၊ စမ်းကျဆရာတော် ရှင်ဣန္ဒကာဘိဓဇ၊
မော်လမြိုင် ကမာကျည် ဆရာတော် တို့ ထံတွင် လည်း ဆက်လက်၍ ပညာဆည်းပူးခဲ့ကြောင်း
‘အယူတော် မင်္ဂလာလျှောက်ထုံး’တွင် ဖော်ပြပါရှိသည်။

ဦးအောင်ပြုစုခဲ့သည့် မှတ်ဖွယ်မှတ်ရာ ကျမ်းများ မှာ -

၁။ က၀ိသေတ္တု မဉ္ဇူသာကျမ်း (ပထမတွဲ) [အမတ်ကြီး ဦးပေါ်ဦးလျှောက်ထုံး]


(၁၉၀၈)၊

၂။ က၀ိသာရ မဉ္ဇူသာကျမ်း [အယူတော် မင်္ဂလာ လျှောက်ထုံး](၁၉၀၉)၊

၃။ က၀ိန္ဒာဝုဓ မဉ္ဇူသာကျမ်း [သင်္ဂဇာ ဆရာတော် ဘုရားကြီး၏ ပုံပြင်ပမျည်း


စကားထုံးများ ](၁၉၁၀)၊

၎။ က၀ိသေနင်္ဂဗျူဟာကျမ်း [ရှင်ဥတ္တမကျော်နှင့် ခုံတော် မောင်ကျဘမ်းစကားစစ်၊


တရားစစ်ထိုးခန်း](၁၉၁၀)၊

၅။ ဥပမာသမူဟ ပကိဏ္ဏကကျမ်း [စကားပုံပေါင်းချုပ်](၁၉၁၁)၊

၆။ ဥပမာသင်္ဂဟ ၀စနက္ကမကျမ်း [၄ တွဲ][၁၉၁၂-၁၅(?)]၊

၇။ ဒလ္လီမြို့တော် ကြီး ပညာရှိ ဗိရဗလအမတ်ကြီး လျှောက်ထုံး (၁၉၁၂) တို့


ဖြစ်ကြသည်။

ဦးအောင် စဦးတီထွင် ပြုစုသည့် အမတ်ကြီး ဦးပေါ်ဦး လျှောက်ထုံး ဖြစ်သော


က၀ိသေတ္တုမဉ္ဇူသာကျမ်း သည် ၁၉၀၈ ခုနှစ် ကျမှ စာအုပ်အ ဖြစ်နှင့် ထွက်လာသော်လည်း
၁၉၀၇ ကပင် ရေး သားပြီးဆုံးခဲ့ကြောင်း စာအုပ်နိဂုံးတွင် ဖော်ပြထားသည်။ ဒီမိုင်း ၈ ချိုး၊
စာမျက်နှာ ၃၄၈ ရှိ၍ ကေနာဂူမီရာအင်ဆန်းပိုင် ရတနာသီရိ ပိဋကတ် စာအုပ်ဆိုင်မှ
ထုတ်ဝေသည်။ ဦးအောင်သည် ၎င်းစာအုပ်ကို ပထမတွဲ၊ ဒုတိယတွဲ စသည်ရေး သားရန်
ရည်ရွယ်ချက် ရှိသည်။ သို့သော်လည်း ထုတ်ဝေသူနှင့် အဆင်မပြေသော ကြောင့်
တစ်အုပ်တည်းနှင့် ပင် အဆုံးသတ်လိုက်ပြီး၊ ဆက်မရေး ဘဲ ရပ်ထားခဲ့သည်။ စစ်ကြိုခေတ်
ရောက်မှ မြန်မာ့တာဝန် မဂ္ဂဇင်းတွင် ‘ဦးပေါ်ဦး လျှောက်ထုံး’ များ ကို လစဉ် ဆက်လက် ရေး
သားခဲ့ပြန်သည်။

မြန်မာ့တာဝန် မဂ္ဂဇင်းအတွဲ နံပါတ် ၁ တွင် “အမတ်ကြီး ဦးပေါ်ဦးလျှောက်ထုံး


ကျမ်းစာအုပ်များ တွင် မပါသေးသော ကြွင်းကျန်သည့် လျှောက်တင်ချက်များ ” ခေါင်းစီးတပ်၍
-

အမရပူရ ပထမ မြို့တည်နန်းတည် ဘိုးတော် မင်းတရားကြီး လက်ထက်၊


ရတနာပူရ စတုတ္ထ မြို့တည်နန်းတည် ဖန်နန်းရှင်မင်းတရား လက်ထက်၊ အမရပူရ ဒုတိယ
မြို့တည်နန်းတည် ရွှေဘိုမင်းတရား လက်ထက်၊ မင်းသုံးဆက်တိုင် ချီးမြှင့်မြှောက်စား
သူကောင်းပြုခြင်းကို ခံရသော ပညာရှိအမတ်ကြီး ဦးပေါ်ဦး၏ လျှောက်တင်ချက် စကားများ
ကိုကျမ်းစာအုပ် အ ဖြစ်နှင့် ထင်ပေါ်ကျော်ကြားလျက် ရဟန်းရှင်လူ ပြည်သူအများ တို့
ကြည့်ရှုမှတ်သား၍ နေကြရာ၊ ထိုလျှောက်ထုံးကျမ်း စာအုပ်များ တွင် မပါ
ကြွင်းကျန်လျက်ရှိနေသေးသော လျှောက်တင်ချက် စကားများ ကို ယင်းသည့်ကျမ်းကို ရေး
သားတီထွင် ပြုစီရင်သူ မြန်မာပညာရှိ ဆရာကြီး ဦးအောင်ထံမှ ရရှိပြန်ရကား၊ ထိုအမတ်ကြီး
ဦးပေါ်ဦး လျှောက်ထုံး စကားရပ်များ ကို ကျွန်ုပ်တို့ ယခုထုတ်ဝေသည့်
မြန်မာ့တာဝန်မဂ္ဂဇင်းတွင် ဤမဂ္ဂဇင်း အတွဲ နံပါတ် (၁) ကစ၍ ရှေ့သို့ အပတ်စဉ်မပျက်
ထည့်သွင်း ဖော်ပြသွားပေလတ္တံ့ ဟူလို။ (ဤလည်း မှတ်ရန် စကားတစ်ထုံးတည်း)။
မြန်မာပညာရှိ ဆရာကြီး ဦးအောင်ထံမှရယူသည်။ ကူးယူ ပုံနှိပ်ခြင်းကို ခွင့်မပြုပါ။

ဟူ၍ ရေး သားထားသည်။ တစ်ဆက်တည်းပင် ‘မြန်မာပညာရှိ ဆရာကြီး


ဦးအောင် ဓာတ်ပုံ’ နှင့် အတူ “ခက်ခြင်း ၃ ပါးတွင် မရှိခြင်း၊ မသိခြင်းတို့ထက် မလုပ်ခြင်းက
သာ၍ ခက်သည်ဟူသော ဦးပေါ်ဦး လျှောက်ထားချက်” ဖော်ပြပါရှိခဲ့သည်။

ဦးပေါ်ဦး လျှောက်ထုံး စာအုပ်ကို ဦးပေါ်ဦး ကွယ်လွန်ပြီးနောက် နှစ် ပေါင်း ၆၄


နှစ် ကြာမှ ရေး သားထုတ်ဝေခြင်း ဖြစ်သည်။ ထို့ကြောင့် ယင်းလျှောက်ထုံးများ သည်
ဦးပေါ်ဦး၏ ပါးစပ်မှ အကယ်မြွေဟ တင်လျှောက်ချက်များ ဟုတ်မှ ဟုတ်ပါမည် လော၊
သမိုင်းအချက်အလက် မှန်ကန်ပါ၏ လောဟု စူးစမ်းစရာများ ပေါ်လာခဲ့သည်။ နန်းတွင်
းလက်သုံး ပုရပိုက်ဖြူ မူတော် ထွက်အတိုင်း ရေး သော်လည်း နှုတ်အမှတ်အသားလည်း အများ
အပြား ပါဝင်သည်ဟု ဦးအောင်ကိုယ်တိုင် ပြောဆိုခဲ့ကြောင်း အမှတ်အသား ရှိသည်။
ရာဇ၀င်ဆိုင်ရာ မှားယွင်းချက်များ ရှိကြောင်းကိုလည်း ၀က်မစွတ် ၀န်ထောက်မင်း၊
ပုဂံဝန်ထောက် ဦးတင်နှင့် ကျောက်စာဝန် မစ္စတာဒူရွိုင်ဆယ်တို့က ထောက်ပြခဲ့သည်။
သို့သော်လည်း မြန်မာပညာရှင် အချို့က-

ရာဇ၀င် အချက်အလက်များ အနေနှင့် မှားသည်၊ မှန်သည်ကို အပထား၍


လောက ဓမ္မ ရာဇ တန္တီ ပဝေဏီ ထုံးဟောင်းတို့ဖြင့် ဂုဏ်မြောက်အောင် တန်ဆာဆင်လျက်
ပြည်သူလူထု၏ ပါးစပ်ဖျား၌ ဦးပေါ်ဦး ဟူသော အမည် တစ်ခု ရေး ပန်းစား ကျန်ရစ်အောင်
ဖန်တီးနိုင်စွမ်း ရှိပေသော ဆရာကြီး ဦးအောင် အစရှိသည့် ဦးပေါ်ဦးလျှောက်ထုံး
ကျမ်းပြုဆရာကြီး များ * အားစာပေထောင့်မှ နေ၍ ကျေးဇူးတင်ထိုက်လှသည်။ ဟု
ယူဆခဲ့ကြသည်။

၁၉၀၉ တွင် ထုတ်ဝေသည့် အယူတော် မင်္ဂလာ လျှောက်ထုံး ဖြစ်သော


က၀ိသာရ မဉ္ဇူသာကျမ်း ပထမအကြိမ်ရိုက်နှင့် စပ်လျဉ်း၍ မှတ်တမ်းမတွေ့ ဖူးပါ။ ၁၉၅၅ ခုနှစ်
လယ်တီမဏ္ဍိုင် ပုံနှိပ်တိုက်တွင် ရိုက်နှိပ်သည့် စာအုပ်မှာ မူ ဒီမိုင်း ၈ ချိုး၊ စာမျက်နှာ ၁၈၈
ရှိသည်။ ရန်ကုန်မြို့ ကေနာဂူမီရာသား မောင်အီဆာက ရီစစ္စရီ မူပိုင်ပြုလုပ်ပြီး ပဉ္စမအကြိမ်
အုပ်ရေ ၆၀၀၀ ထုတ်ဝေကြောင်း တွေ့ ရှိရသည်။ “အမရပူရ ပထမမြို့နန်း
ဖန်ဆင်းထောင်တည် အောင်စည်ဆော်ခတ်တော် မူသော ဆဒ္ဒန်ဆင်မင်းသခင် ဘ၀ရှင်
မင်းတရားကြီး လက်ထက်တော် အခါ ခက်ဆစ်လက်ရာ ပညာနှိုင်းတွေး သိနိုင်ဝေးသော
တိုင်းရေး ပြည်မှု စုစုမင်းခမ်း ရွှေနန်းဘွယ်ရာ အဖြာဖြာတို့၌ ကိစ္စကုန်စင် ဒိဋ္ဌမျက်မြင်ကဲ့သို့
တဘောင်စနည်းကောက်၍ လျှောက်တင်ခြင်းငှာ စွမ်းနိုင်သော ပညာရှိမြတ်
အမတ်လိမ္မာအယူတော် မင်္ဂလာ လျှောက်ထုံး” ဟူ၍ ဖော်ပြထားသည်။

၁၉၁၀ တွင် ဦးအောင်သည် သင်္ဂဇာစကားပုံ စာအုပ်ကို စဦးတီထွင်ရေး


သားထုတ်ဝေလိုက်သည်။ စာအုပ်အမည် အပြည့်အစုံမှာ သင်္ဂဇာ ဆရာတော် ဘုရားကြီး၏
ပုံပြင်ပမျည်း စကားထုံး ဖြစ်သော က၀ိန္ဒာဝုဓ မဉ္ဇူသာကျမ်း ဟူ၍ ဖြစ်သည်။ ဒီမိုင်း ၈ ချိုး၊
စာမျက်နှာ ၂၀၄ ရှိ၍ ရန်ကုန်မြို့ ဧရာဝတီ ပုံနှိပ်တိုက်က ရိုက်နှိပ်သည်။ ရွှေနန်းတော်
ကြီးကဏ္ဍ၊ ဓမ္မ၀ိနိစ္ဆယကဏ္ဍ၊ ရာမညကဏ္ဍဟူ၍ ခွဲခြားထားပြီး သင်္ဂဇာ ဆရာတော် ကြီး
မိန့်ကြားခဲ့လေဟန် ပုံစံမျိုးဖြင့် ပုံပြင်၊ ဥပမာများ ကို ပြဆိုရင်း လောကကြောင်း၊ ဓမ္မကြောင်း၊
ရာဇကြောင်းဆိုင်ရာ ဗဟုသုတ အဖြာဖြာတို့ကို ဆိုင်ရာဆိုင်ရာ ကဏ္ဍများ ၌ ထည့်သွင်းရေး
သားထားခြင်းပင် ဖြစ်သည်။

တစ်ဖန် ၁၉၁၁ တွင် ဥပမာသမူဟ ပကိဏ္ဏကကျမ်း၊ စကားပုံပေါင်းချုပ် ကို ရေး


သားထုတ်ဝေပြန်သည်။ ဒီမိုင်း ၈ ချိုး ဖြစ်၍ ပထမတွဲ စာမျက်နှာ၃၆၀၊ ဒုတိယတွဲ စာမျက်နှာ
၃၂၀၊ တတိယတွဲနှင့် စတုတ္ထတွဲ နှစ် တွဲကို တစ်အုပ်တည်း ပေါင်း၍ စာမျက်နှာ ၃၈၃၊ အားလုံး
သုံးအုပ်ခွဲ၍ ရိုက်ထားသည်။ ဤစာအုပ်များ တွင် မူ သင်္ဂဇာဆရာတော် ကြီး တစ်ပါးတည်းသာ
မဟုတ်တော့ဘဲ အခြားတံဆိပ်တော် ရ ဆရာတော် ကြီးများ ၏ စကားပုံများ ကိုပါ
ထည့်သွင်းထားသည်။ ၁၉၁၂ တွင် ဒုတိယအကြိမ် ထပ်မံ ပုံနှိပ်ရပြန်သည်။
ဤမျှလောက်အချိန်တွင်းမှာ ပင် ၂ ကြိမ် ရိုက်နှိပ်ရခြင်းကို ထောက်ခြင်းဖြင့် လူကြိုက်များ
သော စာအုပ် ဖြစ်ကြောင်း သိရှိနိုင်ပေသည်။ ရန်ကုန်မြို့ ဗြဟ္မာ့ဝတီ ပုံနှိပ်တိုက်နှင့်
မြန်မာသုခကာရီ ပုံနှိပ်တိုက်များ က ရိုက်နှိပ်ခဲ့ခြင်း ဖြစ်သည်။

၁၉၁၂-၁၅(?) အတွင်းတွင် ထုတ်ဝေခဲ့သည့် ဥပမာသင်္ဂဟ ၀စနက္ကမကျမ်းတွင်


မူ သင်္ဂဇာဆရာတော် ကြီးနှင့် တကွ ဆရာတော် ကြီး ၁၃ ပါး၏ စကားပုံများ ကို
ထည့်သွင်းထားသည်။ အရွယ်မှာ ဒီမိုင်း ၈ ချိုး ဖြစ်၏ ။ ပထမတွဲနှင့် ဒုတိယတွဲ ပေါင်းပြီး
စာမျက်နှာ ၂၀၀ နှင့် တစ်အုပ်၊ တတိယတွဲနှင့် စတုတ္ထတွဲပေါင်းပြီး စာမျက်နှာ ၂၀၀ နှင့်
တစ်အုပ်၊ ၂ အုပ် ခွဲ၍ ရန်ကုန်မြို့ လောကသာရ ပုံနှိပ်တိုက်က ရိုက်နှိပ်ထုတ်ဝေခဲ့သည်။
စတုတ္ထတွဲ အဆုံးတွင် “ပဉ္စမတွဲနှင့် ဆဋ္ဌမတွဲကို ဆက်လက်ထုတ်ဝေမည” ဟု
ဖော်ပြထားသော်လည်း ထွက်ပေါ်လာခြင်းမရှိပေ။

ဤသို့ဖြင့် ဥိးအောင် တစ်ဦးတည်းကပင် သင်္ဂဇာစကားပုံစာအုပ် ၃ မျိုး ခွဲကာ


ပုံနှိပ်ထုတ်ဝေသူ ၃ ဦးသို့ အမည် တစ်မျိုးစီနှင့် ရေး ပေးခဲ့ကြောင်းတွေ့ ရှိရသည်။ ထို့ပြင်
၁၉၁၀ တွင် ရေး သူအမည် မသိသော ‘သင်္ဂဇာဆရာတော် ဘုရားကြီး စကားပ’(၄ တွဲ)၊ ၁၉၁၁
တွင် စာတော် ပြန် ဆရာသိန်း၏ ‘ဥပမာသမူဟ ဂီရက္ကမကျမ်း၊ စကားပုံပေါင်းချုပ်’တို့လည်း
ထွက်ပေါ်ခဲ့ကြသည်။ ရောင်းစွံသော ကြောင့် သာ အလုအယက် ရေး ၊ အပြိုင်အဆိုင်
ထုတ်ဝေခဲ့ကြခြင်းပင် ဖြစ်သည်။ သို့သော် ထိုစကားပုံများ မှာ သင်္ဂဇာဆရာတော် ကြီး
ပျံလွန်တော် မူပြီးနောက် ၂၅ နှစ် ခန့် ရှိမှ ရေး သားခြင်း ဖြစ်ရာ၊ နှုတ်အမှတ်အသားများ ကို
အထောက်အထားပြုကာ ထပ်မံချဲ့ထွင် ရေး သားကြခြင်းပင် ဖြစ်တန်ရာသည်ဟု
ခန့်မှန်းယူဆကြသည်။

‘က၀ိသေနင်္ဂဗျူဟာကျမ်း’ နှင့် ‘ဗိရဗလလျှောက်ထုံး’ များ နှင့် စပ်လျဉ်း၍


အသေးစိတ် အချက်အလက်များ မသိရှိရပါ။ ရှင်ဥတ္တမကျော်နှင့် ခုံတော် မောင်ကျဘမ်း
စကားစစ်၊ တရားစစ်ထိုးခန်း ခေါ် က၀ိသေနင်္ဂဗျူဟာကျမ်းမှာ လူကြိုက်များ ကြောင်း၊ ရေး
သလောက် မဟုတ်၊ လုပ်ကြံသည့် စကားအပိုတွေ က များ နေကြောင်း မှတ်ချက် တွေ
့ရသည်။

ယောအတွင်းဝန် မေးသော အမေးများ ကို သက္ကရာဇ် ၁၂၃၁ တွင် မိမိ၏ ဖခင်
ထီးလှိုင်မြို့စား အကြီးတော် ချုပ် ဖြေဆိုခဲ့သော ‘က၀ိန္ဒောပမ မဉ္ဇူသာကျမ်း’(ပထမတွဲ၊
ဒုတိယတွဲ) ကိုလည်း ဦးအောင်ကိုယ်တိုင် ကြီးကြပ်ရိုက်နှိပ်ခဲ့သည်။ ထို့ပြင် ဦးအောင်သည်
မိမိကိုယ်တိုင် အမည် ခံ၍ ကျမ်းစာများ ပြုစုခဲ့သည့်နည်းတူအခြားသူများ ၏ ကျမ်းများ တွင်
လည်း အမည် မခံဘဲ ကူညီပြုစုခဲ့ကြောင်း တွေ့ ရှိရသည်။ နဂါးဗိုလ်ထိပ်တင်ထွေး၏
‘ရတနာသီခ ကုန်းဘောင်မဟာရာဇ၀င်အကျဉ်း’ နှင့် ဦးမောင်မောင်တင် (K.S.M.,
A.T.M)၏ ‘ကုန်းဘောင်ဆက်မဟာရာဇ၀င်တော် ကြီး’ ကျမ်းများ တွင် ဦးအောင်၏ ပါဝင်ရေး
သား ကူညီခြင်းများ ရှိကြောင်း အမှတ်အသားများ တွေ့ ရသည်။

ဦးအောင်သည် လူသားတစ်ဦးပင် ဖြစ်ရာ လူမှု အရှုပ်အထွေးများ ၊


မူပိုင်ခွင့်တရားတဘောင် ကိစ္စများ ရှိခဲ့ကြောင်း အထောက်အထားများ ရှိခဲ့သည်။ သို့သော် ၂၀
ရာစု ခေတ်ဦး မြန်မာစာပေလောကတွင် ဦးအောင်သည် ဦးပေါ်ဦးလျှောက်ထုံးစာအုပ်
တစ်ခေတ်ကို လည်းကောင်း၊ သင်္ဂဇာစကားပုံစာအုပ် မှတ်တိုင်သစ်ကို လည်းကောင်း
စဦးတီထွင်ခဲ့သူ၊ ရိုက်မလောက် ရောင်းတိုင်းစွံအောင်ဦးဆောင်ခဲ့သူ ဖြစ်ရာ ဦးအောင်၏
အခန်းကဏ္ဍနှင့် ဉာဏ်ပညာကိုမူ မှတ်တမ်းတင်ထိုက်လှပေသည်။

“. . .စစ်ကြီး ပြီးသော အခါ ကျွန်ုပ်တို့သည် ရန်ကုန်လာကြရာ ကျွန်ုပ်အား


အမြဲကူညီသော အကြီးတော် အုပ် ထီးလှိုင်မြို့စား ဦးကရင်၏ သား မြန်မာပညာရှိ ဦးအောင်
မရှိတော့ချေ” ဟူ၍ နဂါးဗိုလ် ထိပ်တင်ဒွေး၏ ‘ရန်ကုန်ရာဇ၀င’(၁၉၅၄)၊ နိဒါန်းတွင် ရေး
သားထားသည်။ ထို့ကြောင့် စစ်အတွင်းမှာ ပင် ဦးအောင် ကွယ်လွန်ခဲ့ပုံ ရသည်ဟု
ယူဆနိုင်မည် ထင်ပါသည်။

[စာကိုး။ ။ (၁) မောင်ခင်မင် (ဓနုဖြူ)။ ကိုလိုနီခေတ် မြန်မာစာပေသမိုင်း(၂၀၁၀)။


စာ ၁၂၅-၁၂၈။ (၂) မြင့်ဆွေ။ ကိုလိုနီခေတ် စာပေလှုပ်ရှားမှု (၁၉၇၀)။ စာ ၁၁၂-၁၃၅။(၃)
တင်နိုင်တိုး။ အမတ်ကြီး ဦးပေါ်ဦးနှင့် သမိုင်းသုတေသန အမြင် (၂၀၀၆)။ စာ ၃၁-၆၅။ (၄)
လှသမိန်။ ဂန္တ၀င် ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ် (၁၉၆၁)။ စာ၂၅၉-၂၆၀။ (၅)
ရှင်စန္ဒလင်္ကာ။ ‘တည်းဖြတ်သူ (မြင့်ဆွေ) ၏ ကျမ်းဦးနိဒါန်း’၊ မဏိရတနာပုံကျမ်း (၂၀၀၉)။ စာ
၁၈-၁၉။ (၆) မြင့်ဆွေ။ ‘ဆရာသိန်း ၃ ဦး’၊ ငွေတာရီ (ဇူလိုင် ၁၉၇၇)။ စာ ၄၀-၄၇။ (၇) သင်္ခါ။
'စာတတ်နှင့် စာမှတ်'၊ တိုးတက်ရေး မဂ္ဂဇင်း (နံပါတ် ၄၇)။ စာ ၄၉။ (၈) ဦးမောင်မောင်တင်
(မဟာဝိဇ္ဇာ)။ ‘ဦးပေါ်ဦးနှင့် ဦးအောင်’၊ ရှုမ၀ (အောက်တိုဘာ ၁၉၈၄)။ စာ ၁၆၃-၁၆၈။ (၉)
ဦးအောင်။ ‘ဦးပေါ်ဦး လျှောက်ထားချက’ ၊ မြန်မာ့တာဝန် မဂ္ဂဇင်း (နံပါတ် ၁၊ လ နှင့် ခုနစ် မရှိ)။
စာ ၉၁-၉၃။]

*ဦးပေါ်ဦး လျှောက်ထုံးစာအုပ် ရေး သားပြုစုကြသူများ မှာ လေးဦး ရှိသည်။


၎င်းတို့မှာ (၁) မြန်မာပညာရှိ ဦးအောင်၊ (၂) စာတော် ပြန် ဆရာသိန်း၊ (၃) ပိဋကတ်
ဆရာမြိုင်နှင့် (၄) မန္တလေး ဦးကျော်ထွန်းတို့ ဖြစ်ကြသည်။


(၄)
အဝေးရောက်မင်း ဦးအောင်ကြီး [၁၈၅၃-၁၉၄၂]
အမရပူရမြို့၌ အဖ ဦးမှတ်၊ အမိ ဒေါ်စပယ်တို့က ၂၅ ဒီဇင်ဘာ ၁၈၅၃ တွင်
မွေးဖွားသည်။ အဖမှာ စကု၊ စလင်း၊ ကျပင်း၊ လယ်ကိုင်း လေးမြို့ဆိုင်ရာ စာရေး ကြီး ဖြစ်၍ ၊
ရွှေဘိုအနီး ထနောင်းဝန်း ရွာသူကြီးမျိုးရိုး ဖြစ်သည်။ ဦးအောင်ကြီးမှာ တစ်ဦးတည်းသော
သား ဖြစ်သည်။

ခုနစ်နှစ် သား အရွယ်တွင် အမရပူရ မင်းသဲကျောင်းတိုက် မင်းတုန်းမင်း


ဆရာတော် ၊ ရွှေပြည်ဆရာတော် ကြီး ဦးပညာထံတွင် သဒ္ဒါရှစ်စောင်၊ ဋီကာကျော် အဘိဓာန်
ကျမ်းများ ကို ဆည်းပူးသည်။ ၁၅နှစ် နှစ် ကြာမျှ စာကြီးပေကြီးများ ကို သင်ယူသည်။ ၁၇ နှစ်
သားတွင် ရှင်လိင်ပြန်သည်။ လွှတ်တော် စာရေး ကြီး ဦးမှုံတံတွင် ဆကာရန္တ၊ ကဗျာသာရတ္တ၊
စွယ်စုံကျော်ထင်သတ်ပုံ၊ အတွက်အချက်၊ စာစီစာကုံးများ ကို ခြောက်လကြမျှ
သင်ယူရပြန်သည်။ ထို့နောက် စာရေး စာမေးပွဲ ၀င်ရောက်ဖြေဆို အောင်မြင်ခဲ့သည်။
စာမေးပွဲ အောင်ပြီးစတွင် ပင် ၀န်ထောက်ဘ၀နှင့် ရှိနေသေးသည့် ကင်းဝန်မင်းကြီးက စာရေး
ကြီး ဦးမှုံထံမှတောင်းယူ၍ ပျို့ကဗျာ လင်္ကာများ ၊ စတုဓမ္မသာရ ကိုးခန်းပျို့၊ နေမိဘုံခန်းပျို့
ဘူရိဒတ်လင်္ကာကြီး၊ ဆုတောင်းပျို့ စသည်တို့ကို ဆက်လက်လေ့လာစေသည်။ လစာ တစ်လ
၃၀ ကျပ် ရရှိ သည်။

ကဗျာလင်္ကာများ အတော် အတန် ကျွမ်းကျင်လာသော အခါ နားခံတော်


ပြော့ကြီးမှူး ဦးဘိုထံတွင် လေးချိုး၊ ဧချင်း၊ ရတု၊ ရကန်၊ လူးတားများ ကို သင်ယူရပြန်သည်။
ထို့နောက် မင်းတုန်းမင်းတရားကြီးထံ စာတော် ဖတ်အ ဖြစ်အမှု ထမ်းရသည်။ စာရေး တော်
ကြီး လစာ ၃၀ ကျပ်၊ စာတော် ဖတ် လစာ ၃၀ ကျပ်၊ ပေါင်း ၆၀ ကျပ် ခံစားရသည်။

သီပေါမင်းလက်ထက်တွင် လည်း စာတော် ဖတ်အ ဖြစ် ဆက်လက်၍ အမှု


တော် ကို ထမ်းရသည်။ သီပေါမင်းနှင့် ငယ်စဉ်ကပင် သိကျွမ်းခဲ့သူ ဖြစ်ရာ မကြာမီ
‘အဝေးရောက်မင်း’ အ ဖြစ် တိုးမြှင့်သူကောင်းပြုခံရသည်။ ‘နေမျိုးဇေယျကျော်ထင်’ဘွဲ့ကို
ပထမ ချီးမြှင့်ခံရပြီးနောက်၊ ဒုတိယအကြိမ် ‘နေမျိုးမင်းထင်ကျော်ခေါင်’ ဘွဲ့ကို သနားတော်
မြတ် ခံရပြန်သည်။

သီပေါမင်း ပါတော် မူပြီးနောက် စလေဒင်နှင့် အတူ ရှမ်းပြည်နယ်


နယ်ခြားဒေသများ သို့ ခြောက်လကြာမျှ လိုက်ပါ အမှု ထမ်းခဲ့သည်။ ထို့နောက် အင်္ဂလိပ်အစိုးရ
လက်အောက်တွင် အမှု ထမ်းလိုစိတ် မရှိသော ကြောင့် ရွှေဘိုသို့ ပြန်လာခဲ့သည်။
အဝေးရောက်မင်း ဘ၀က ၀ယ်ထားခဲ့သော လယ်ယာကို အမှီပြုစားသောက်နေထိုင်ခဲ့သည်။
ရတနာဂီရိသို့ သွားရောက်၍ အရှင် သီပေါမင်းတရားထံ ရှေ့တော် ၀င် ခစားခဲ့သည်။ ၃၀
ဇန်န၀ါရီ ၁၉၂၃ တွင် ရန်ကုန်သရစိမ်း စံအိမ်တော် ၌ ကျင်းပသော ပျဉ်းမနား ကိုယ်တော်
မြတ်ဘုရားနှင့် ကောလင်းစုဘုရားတို့ လက်ထပ်မင်္ဂလာပွဲသို့ ကိုယ်တိုင် တက်ရောက်ချီးမြှင့်၍
သတို့သားနှင့် သတို့သမီးအတွက် တေးထပ်များ ရေး စပ် လက်ဖွဲ့ခဲ့သည်။

၁၉၂၁ ခု အောက်တိုဘာ ၂၁ မှ ၂၄ ထိ မန္တလေးမြို့မှာ ကျင်းပခဲ့သော ဂျီစီဘီအေ


န၀မအကြိမ်မြောက် နှစ် ပတ်လည် ညီလာခံ အစည်းအဝေးသို့ တက်ရောက်ကာ၊
ကိုယ်တိုင်သီကုံးသည့် သြဘာရတုပိုဒ်စုံကို ဖတ်ကြားခဲ့သည်။ ၁၈ကြိမ်မြောက် အမျိုးသားနေ့
အခါသမယတွင် လည်း အမျိုးသားနေ့ထူးအကြောင်းကို “အမျိုးသားပြက္ခဒိန် ရတုပိုဒ်စုံ” ရေး ၍
ချီးကျူး ဂုဏ်ပြုခဲ့သည်။ ဇာတိသွေး ဇာတိမာန်နှင့် ရဲသွေးရဲမာန် စွမ်းအင်သတ္တိ ရဲသွေးညှိရန်
လိုလားပုံ၊ မြန်မာ့ခေတ် မြန်မာ့စနစ်ဖြင့် ဒေါင်းအလံ လွှင့်ထူလိုပုံ၊ ဘာသာ သာသနာပညာ
တိုးတက်ရေး လိုလားတောင့်တပုံများ ကို ဖွင့်ထုတ်ပြထားသည်။ ၁၉၃၂ တွင်
ပေါ်ပေါက်ခဲ့သည့် မြန်မာနိုင်ငံကို အိန္ဒိယနှင့် ခွဲရေး -တွဲရေး ကိစ္စတွင် ရှစ်ဆယ်ကျော်အရွယ်
ရှိလင့်ကစား ဇာတိသွေး ဇာတိမာန် တက်ကြွစွာ ဖြင့် ခွဲရေး ဘက်မှ အပြတ်
ရပ်တည်ပြခဲ့သည်။

အဝေးရောက်မင်းသည် ကဗျာလင်္ကာ အချို့ကိုလည်း ရေး ဖွဲခဲ့သည်။


‘စုဖုရားလတ်အတွက် အလွမ်းကဗျာ’၊ ‘တောပုဘုရားပွဲသွားတေးထပ’၊ ‘သီလရှင်နှစ် ပါးဘွဲ့
လေးဆစ်ကဗျာ’ တို့ကို တွေ့ ရှိရသည်။ ယင်းကဗျာများ တွင် အဓိပ္ပာယ်ယုတ္တိနှင့် တကွ
ကာရန်နဘေများ မှာ လွန်စွာ သုတိသာယာမှု ရှိကြောင်း မောင်အေးသန့်က
အကဲဖြတ်ခဲ့သည်။ ထို့ပြင် လူ့အဖွဲ့အစည်း၊ လူ့ပတ်ဝန်းကျင်တွင် ပုထုဇဉ်ပီပီ လူ့ပြည်မှာ
အနေရဲခိုက် အပျော်သဘောနှင့် စာချိုးများ လည်း ရေး ဖွဲ့တတ်သည်။ မေးဃဂီရိရပ်သူ
ဒေါ်ဆုတ်ကို မထိတထိ ကလိခဲ့သည့် စာချိုး၊ စဥ့်ကူးမြို့ သမာဓိမြို့ဝန် ဦးဘိုး
ဇနီးမောင်နှံအကြောင်းကို ဟာသ သဘောနှောရေး သည့် စာချိုးတို့မှာ အထင်ကရ ပြယုဂ်များ
ပင် ဖြစ်သည်။

အဝေးရောက်မင်း ပြုစုသည့် မဲဇာတောင်ခြေဋီကာ ကို မြန်မာသက္ကရာဇ် ၁၂၉၆


ခု နယုန်လတွင် ရွှေဘိုမြို့ မင်းရပ် ကုန်းဘောင်သီရိန် စာပုံနှိပ်တိုက်က ပထမအကြိမ်
ရိုက်နှိပ်ထုတ်ဝေခဲ့သည်။ မူပိုင်ရှင်မှာ ရွှေဘိုမှာ မင်းရပ် ကံထရိုက်ဦးကြီးမောင်ဟု
ဖော်ပြထားပြီး၊ တစ်အုပ် အဖိုး ၈ ပဲ ဖြစ်သည်။ “....မဲဇာတောင်ခြေ ရတုနှင့် စပ်လျဉ်း၍
အယူအဆ ၀ါဒမညီညွတ် ချွတ်ချော်တိမ်းပါးလျက် အမျိုးအမျိုးအစားစား ပြောကြားရေး မှတ်
အဆုံးမသတ်နိုင်အောင် ရှိနေ၍ အဖြေအဖြောင့်စကား ရေး သားပါရန်
တောင်းပန်တိုက်တွန်းကြ” သော ကြောင့် ရေး သားရကြောင်း နိဒါန်းတွင် ဖော်ပြထားသည်။
တစ်ဆက်တည်းပင် “....ရှေးခေတ်သမယက အလွန် အထက်တန်းကျခဲ့၍ ယခုသမယ၌
အောက်တန်းကျလျက်နေသော မြန်မာစာပေပညာကို အားပေးချီးမြှောက် အထက်သို့
ရောက်စေလိုသည် တစ်ကြောင်း၊ မြန်မာစာပေမှု ၌ နုလှသေးသော အမျိုးသား
အမျိုးသမီးကလေးတို့၏ ဉာဏ်ရည်ဉာဏ်သွားကို ဖွံ့ထွားကြီးပြင်း ရင့်သန်ခြင်းသို့
ရောက်စေလိုလှသည် တစ်ကြောင်း၊ ရတုကဗျာ လင်္ကာ မြန်မာစာပေပညာသည် မည်
မျှလောက် ဂုဏ်သတင်းကို ဆောင်၍ မိမိဂုဏ်ကို ထွန်းပြောင်စေနိုင်သည်ကို သိစေလိုသည်
တစ်ကြောင်း စသည့် အကြောင်းများ ကြောင့် မဲဇာတောင်ခြေရတု ၏ အဖြေစာသွားကို
ငယ်နုသော အမျိုးသမီး အမျိုးသားကလေးများ ၏ စိတ်ထား သဘောဓာတ်နှင့်
လျောက်ပတ်သင့်တင့်အောင် ကြံဆောင်၍ ရေး သားရခြင်း ဖြစ်လေသည်” ဟူ၍ စေတနာကို
ဖွင့်ဟ ထားခဲ့သည်။

‘မဲဇာတောင်ခြေဋီကာ’ သည် အဝေးရောက်မင်း၏ ကိုယ်ပိုင် အတ္တနောမတိဖြင့်


ထိထိမိမိ တင်ပြထားသော စာ ဖြစ်၏ ။ ထိုစဉ်က အဝေးရောက်မင်းနှင့်
သဘောမကြိုက်ညီကြသော ပညာရှင်များ ၏ ၀ိဝါဒ အမျိုးမျိုးလည်း ပေါ်ပေါက်ခဲ့သည်။ ၁၉၃၄
ခု အောက်တိုဘာ တိုးတက်ရေး မဂ္ဂဇင်းမှ စတင်၍ ပါဠိဆရာကြီး ဆရာဘီ၊ ဦးမဏ္ဍလာ
စစ်ကိုင်းမြို့၊ ရွှေဘို ဦးလှကျော်၊ ကသာ ဦးမှတ်နှင့် ဦးဖိုးကျားတို့ အပြန်အလှန် ရေး
သားခဲ့သည်။ ‘မဲဇာတောင်ခြေဋီကာ’ကို အကြောင်းပြု၍ ပေါ်ပေါက်လာသည့်
စာပေလှိုင်းဂယက်ထမှု များ ပင် ဖြစ်သည်။ သိပ္ပံမောင်ဝကမှု “ မဲဇာတောင်ခြေဋီကာတွင် ရေး
သားထားပုံမှာ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ထိထိမိမိ ရှိလှပေ၏ ။ ရှေးလည်းမီ၊
ခေတ်လည်းဆန်သော စာအုပ်ကောင်းတစ်အုပ် ဖြစ်လေသည်” ဟူ၍ သုံးသပ်ခဲ့သည်။
“အဝေးရောက်မင်း၏ စာပေဗဟုသုတ နက်နဲ ကျယ်ပြန့်ပုံကို သက်သေထူနေသကဲ့သို့
ရှိသည်” ဟူ၍ လည်း မောင်ခင်မင် (ဓနုဖြူ) က မှတ်ချက်ပေးခဲ့သည်။

အဝေးရောက်မင်းသည် သီချင်းကြီး၊ သီချင်းခန့်၊ အဲ၊ အန်၊ လူးတား စသည့်


တေးကဗျာများ ၏ အမှန်အကန် ရွတ်ဖတ်နည်း၊ ဆိုနည်းတို့ကို လည်းကောင်း၊ အဓိပ္ပာယ်
ကောက်ယူပုံတို့ကို လည်းကောင်း လွန်စွာ ပိုင်နိုင်သူတစ်ဦး ဖြစ်သည်။ မြန်မာပြည် အရပ်ရပ်မှ
မြန်မာစာပေ ပညာရှင်များ ၊ သုတေသီများ ၊ ဂီတပညာရှင်များ အဝေးရောက်မင်းထံ
လာရောက်ဆည်းပူးခဲ့ကြသည်။ မြန်မာနိုင်ငံ သုတေသန အသင်းကလည်း ၁၉၄၀ ပြည့်နှစ်
နိုဝင်ဘာလထဲတွင် အဝေးရောက်မင်းကို ရန်ကုန်သို့ပင့်၍ ရတု၊ ရကန်၊ အန်ချင်း၊ လူးတား၊
မော်ကွန်း၊ လေးချိုးကြီး၊ တောလား၊ အိုင်ချင်း၊ အဲချင်း၊ ဧချင်း၊ သာချင်းတို့၏
မူမှန်သီဆိုရွတ်ဖတ်နည်းတို့ကို ဓာတ်ပြားသွင်းယူ မှတ်တမ်းတင်ခဲ့သည်။

၂၆ စက်တင်ဘာ ၁၉၄၂၊ အသက် ၈၉ နှစ် အရွယ်တွင် လူကြီး ရောဂါ ဖြင့် ရွှေဘို


မင်းရပ်၌ ကွယ်လွန်ခဲ့သည်။ “....ဂီတပညာနှင့် ပတ်သက်၍ သော် လည်းကောင်း၊
ထီးမူနန်းရာ စာပေပရိသတ်နှင် ပတ်သက်၍ သော်လည်းကောင်းအကြောင်းရှိတိုင်း
ပညာရှိသူတို့ အမြဲဆည်းကပ်ကိုးကွယ်ရာ ဆရာကြီး တစ်ပါး ဖြစ်သော အဝေးရောက်မင်း
ဦးအောင်ကြီးသည် ကွယ်လွန်အနိစ္စ ရောက်ရှာလေပြီ ဖြစ်သော ကြောင့်
ဗမာပြည်သူပြည်သား အားလုံးက တမ်းတပူဆွေးတွေးတောဝမ်းနည်းခြင်း ဖြစ်ကြမည် မှာ
အမှန် ဖြစ်ပေသတည်း” ဟူ၍ တိုင်းချစ်သတင်းစာ (၁၇၊ ၁၀၊ ၁၉၄၂) က
ကမ္ပည်းတင်ခဲ့ပေသည်။ “ဦးအောင်ကြီးသည် စာပေ၊ သမိုင်း၊ အနုပညာ၊ ဂီတဘက်၌
ကျွမ်းသည့် ပညာရှင် က၀ိအမော်တစ်ဦး” ဟူ၍ မောင်အေးသန့်က လိုရှင်းတိုရှင်း အနှစ်
ချုပ်ဂုဏ်ရည်ကို ဖွင့်ပြခဲ့လေသည်။
[စာကိုး။ ။ (၁) မောင်အေးသန့်။ နေမျိုးမင်းထင်ကျော်ခေါင် အဝေးရောက်မင်း
ဦးအောင်ကြီး (၁၉၈၆)။ (၂) သိပ္ပံမောင်ဝ။ ခေတ်စမ်းရာဇ၀င်ရေး များ (၁၉၅၅)။ (၃) လှသမိန်။
ဂန္တ၀င်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ် (၁၉၆၁)။ စာ ၂၆၀-၂၆၁။ (၄)
မောင်ခင်မင်(ဓနုဖြူ)။ စာဆို့ဘ၀ စာဆို့စေတနာ စာဆို့လက်ရာ (၂၀၀၃)။ စာ ၁၇၈-၁၈၁။ (၅)
ဦးမဏ္ဍလာ-စစ်ကိုင်း။ ‘မဲဇာတောင်ခြေ ၀ိစာရဏစာတမ်း’၊ တိုးတက်ရေး မဂ္ဂဇင်း(နိုဝင်ဘာလ
၁၉၃၄)။ စာ ၉၉-၁၀၂။ (၆) မောင်သစ်လွင် (လူထု)။ ‘စစ်အတွင်း ကွယ်လွန်ခဲ့သူ စာရေး
ဆရာ၊ သတင်းစာဆရာ၊ ပန်းချီဆရာ’၊ ငွေတာရီ (နိုဝင်ဘာ ၁၉၇၁)။ စာ၂၃-၂၆။ (၇)
တင်နိုင်တိုး။ ‘သမိုင်းတစ်ကွေ့မှတ်တမ်းများ ’၊ Weekly Eleven (26-12-2007)။ စာ ၂၁။
(၈) မောင်သန်းဆွေ (ထားဝယ်)။ ကုန်းဘောင်အလွန် (ဒုတိယအုပ်) [၂၀၁၀]၊ စာ ၂၉၂-၂၉၃။]


(၅)
ဝန်စာရေး ဦးကြီး [၁၈၅၈-၁၉၂၆]

မန္တလေးမြို့ အောင်နန်းရိပ်သာအရပ်၌ အဖ ဦးအုံးဖူး၊ အမိ ဒေါ်ခင်တို့က


သက္ကရာဇ် ၁၂၂၀ ခုနှစ် (ခရစ်နှစ် ၁၈၅၈) တွင် မွေးဖွားခဲ့သည်။ ဖခင်မှာ ဘိုးတော် ဘုရား၏
သမီးတော် ပဒုမ၀တီ၏ သမီး ဒေါ်သဒ္ဒါနှင့် ဦးလင်းတို့ အကြောင်းပါပြီးနောက်
ရွှေဘိုမြောက်လက် ဂူကောင်းရွာတွင် အခြေချ နေထိုင်ခဲ့စဉ်၊ သားနှစ် ယောက် နှင့်
သမီးသုံးယောက် ထွန်းကားသည့်အနက် ဒုတိယမြောက်သား ဖြစ်သည်။ ဦးအုံးဖူး၏
အစ်ကိုကြီးမှာ ဦးစ ဖြစ်၍ မြန်မာပညာရှိ သီရိစတုရင်္ဂဗလ ဦးဖေ၏ ဖခင် ဖြစ်သည်။
ထို့ကြောင့် ၀န်စာရေး ဦးကြီးနှင့် ဦးဖေတို့မှာ ညီအစ်ကိုဝမ်းကွဲတော် ကြသည်။ မိခင်မှာ
ကိုးခရိုင်မြို့စား သံရွာ မင်းသား၏ သမီးတော် ဖြစ်သည်။

မန္တလေးမြို့ မိုးကောင်းအောက်ကျောင်း အာစရာဘိ စတုမဟာ ဓမ္မရာဇာဓိ


ရာဇာဂုရု တံဆိပ်တော် ရ မိုးကောင်းဆရာတော် ကြီးထံတွင် ပိဋကတ်သုံးပုံနှင့်
လောကီကျမ်းအရပ်ရပ်တို့ကို လည်းကောင်း၊ အနောက်သင်္ဂဇာတိုက် သင်္ဂဇာဆရာတော်
ကြီး၏ တပည့် ဦးကေသရ * (မြင်ကွန်းမင်းသား၏ ဆရာ) ထံတွင် ကဗျာရေး နည်း
ဗဟုသုတကို လည်းကောင်း ဦးဖေနှင့် အတူ သင်ကြားခဲ့ကြသည်။ သီပေါမင်းလက်ထက်
တိုင်တားမင်းကြီး ဦးဖို၏ ၀န်စာရေး အ ဖြစ် အမှု ထမ်းခဲ့သည်။ ငယ်စဉ်မှစ၍ နန်းတော် ၏
ပတ်ဝန်းကျင်မှာ ပင် ကြီးပြင်းခဲ့ရပြီး မင်းနှစ် ဆက်တိုင်တိုင် မီခဲ့သူ ဖြစ်သည်။ ထို့ကြောင့်
အမွေနှစ် ရပ်ကို ရရှိခဲ့သည်ဟု ယူသော် ရမည် ထင်ပါသည်။ အမွေတစ်ရပ်မှာ ဦးကြီး ရေး
သားခဲ့ ၀တ္ထုဇာတ်လမ်းများ တွင် မြန်မာ မင်းညီမင်းသား၊ မင်းသမီးများ ၏ လူ့သဘော
လူ့သဘာဝနှင့် ပြောဆိုဆက်ဆံ နေထိုင်ပုံ စရိုက်များ ကို ပေါ်လွင်အောင် သရုပ်ဖော်နိုင်ခြင်း
ဖြစ်သည်။ အခြား အမွေတစ်ရပ်သည်ကား မြန်မာ မင်းညီမင်းသားများ ၏ ယောက်ျားကောင်း
မောင်းမတစ်ထောင် ဟူသည့် မယားများများ ယူသော အကျင့်ဓလေ့သည် ဦးကြီးတွင်
တွယ်ကပ်လာခဲ့ခြင်းပင် ဖြစ်သည်။

သီပေါမင်းပါတော် မူပြီးနောက် ရန်ကုန်သို့ ပြောင်းရွှေ့လာကာ


ကြည့်မြင်တိုင်တွင် အခြေချသည်။ ဤတွင် ကြည့်မြင်တိုင် ဥယျာဉ်လမ်း
ဆန်ကုန်သည်မန္တလေးသား ဦးပိုက်နှင့် ကြည့်မြင်တိုင်သူ ဒေါ်ခါတို့၏ သမီး ဒေါ်အုန်းနှင့်
အိမ်ထောင်ကျသည်။ ကြည့်မြင်တိုင်တွင် ပင် စာပုံနှိပ်စက် ထောင်၍ ကိုယ်တိုင်စာအုပ်များ ကို
ရေး သားကာ ပုံနှိပ်ထုတ်ဝေခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသည်။ စကားပုံတစ်ထောင်
နှင့် ခန္ဓာပုရ၀တ္ထု တို့သည် ထိုစဉ်က ရေး သားထုတ်ဝေခဲ့ခြင်းပင် ဖြစ်သည်။ ထိုအချိန်တွင်
မြန်မာပိုင် ပုံနှိပ်စက်များ အများ အပြားမရှိသေးသည့်အလျောက် ပုံနှိပ်စက်နှင့်
စာအုပ်ထုတ်ဝေခြင်း လုပ်ငန်းမှာ အောင်မြင်လာခဲ့သည်။ ဒေါ်အုန်းနှင့် သားနှစ် ယောက် နှင့်
သမီး တစ်ယောက် ထွန်းကားပြီးနောက် ဦးကြီး ဗွေဖောက်တော့သည်။ ဇနီးကြီး ရှိလျက်နှင့်
ဒေါ်အေးသဲ့နှင့် နောက်အိမ်ထောင်ပြုသည်။ ထို့ကြောင့် ဒေါ်အုန်းနှင့် ကွဲသွားသည့်အပြင်
စာပုံနှိပ်စက် လုပ်ငန်းကိုလည်း ဖျက်သိမ်းလိုက်ရတော့သည်။

ထို့နောက် ရန်ကုန်မြို့ သစ်သီးဈေးတွင် “ ဆရာ ဦးမောင်ကြီးဆေးတိုက်အမည်


ဖြင့် ဆေးဆိုင်ဖွင့်လှစ်ခဲ့သည်။ မြန်မာဆေးများ ဖော်စပ်ရောင်းချခဲ့သည်။ ထိုအချိန်က
ဦးမောင်ကြီး ဆေးတိုက်မှ ‘လေမျိုးရှစ်ဆယ်ဆေးရည်’မှာ အရောင်းရ အတွင် ကျယ်ဆုံးဆေး
ဖြစ်ခဲ့ပြီး မြစ်ဝကျွန်းပေါ် ဒေသတစ်လျှောက်သို့ တင်ပို့ရောင်းချခဲ့ရသည်။ ဦးကြီးရေး
သားသော စာများ ထဲတွင် အလျဉ်းသင့်ရာ၊ အကွက်ဆိုက်ရာ၌ ဆေးကြော်ငြာများ
ထည့်သွင်းရေး သားလေ့ရှိသည်။ မောင်မှိုင်းဝတ္ထု၊ မောင်ဘသန်းနှင့် မသန်းမေ ၀တ္ထုတို့တွင်
ဤသဘောကို တွေ့ နိုင်သည်။ ဦးကြီး၏ စာအုပ်များ အဆုံးတွင် လည်း သီးသန့်
ဆေးကြော်ငြာများ ထည့်တတ်သည်။ သက္ကရာဇ် ၁၂၇၈ ခုနှစ် အတွင်း ပုံနှိပ်သည့်
ငါးထပ်ကြီးဘုရားဘွဲ့ စာအုပ်အဆုံးတွင် ‘ပွေးဆေးတေးထပ်’ ကို ဤသို့ ဖော်ပြထားသည်။

“စက်ရာမှာ ပွေးထလို့၊ တရေး မှ မပျော်၊ သွေးကြွ၍ အသားပေါ်မှာ ၊ ယားတော်


မူ သူတို့၊ ဤဆေးနှင့် ပွတ်လိမ်းပါလျှင်၊ လွတ်ငြိမ်းစွာ ရှင်းပေါ့ဆိုစို့။ ဦးမောင်ကြီး ဆေးဆိုင်မှာ ၊
ပွေးနိုင်တယ်ကရို့။ အနယ်နယ် ပါစယ်ပို့ခဲ့၊ အမြို့မြို့ နှံ့စွာ ၊ ပွေးပေါ်မှာ ၊ ဆေးကျော်ဝိဇ်ပါတဲ့၊
အဆိပ်နှင့် ထိလို့ ပျောက်တာ၊ ရွှေကုန်မြို့ ပြည်ဟံသာမှာ ၊ မြန်မာဆိုင် အခြေမောက်စေဘို့၊
ရွှေဝဲချောက် ရွှေယားနာ၊ သိမ်းကုခဲ့တာ၊ သည်ခေတ်တွင် အရေး သာပြီ၊ ပွေးဆရာ
ခေါင်ညွန့်မို့လေး*။ ။”

တစ်ဖန် သက္ကရာဇ် ၁၂၇၈ တွင် ပုံနှိပ်သည့် ၀န်စာရေး မင်း ဦးကြီး ဆုံးမစာ


စာအုပ်နံပါတ် (၇) တွင် လည်း “ရန်ကုန်မြို့ သံဈေးဟောင်းတောင်ဘက် ဆေးတိုက်ရှင်
ဆရာဦးမောင်ကြီး၏ ပွေးဆေး” ကြော်ငြာ၊ သွေးဆေး ကြော်ငြာ၊ ဆေးတိုက်
ကြော်ငြာတို့ကိုလည်း တွေ့ ရသည်။ ဤသို့ ဖြင့် ဆေးတိုက်ဖွင့်၍ အရောင်းရတွင်
ကျယ်လာရာ ဆေးဆိုင်တွင် အင်္ဂလိပ်ကပြား၊ ကုလားကပြား၊ တရုတ်ကပြား အရောင်
းဈေးသည်များ စုံလင်စွာ ခန့်ထားရသည်။ ဦးကြီးအဖို့မယားပေါင်း စုံလင်စွာ ယူရန်
အခွင့်အရေး သာလာတော့သည်။ ဒုတိယမယားဒေါ်အေးသဲ့ လက်တွင်းမှာ ပင်
ဒေါ်သိန်းတင်၊ ဒေါ်ကျော့မေ၊ ဒေါ်ပု ၁၊ ဒေါ်ပု ၂၊ ဒေါ်လှမြိုင် စသည်ဖြင့် မယားပေါင်း ၂၀ ခန့်
ယူခဲ့သည်ဟု အမှတ်အသားရှိခဲ့သည်။ ထိုဇနီးသည် အချို့ကို တစ်အိမ်တည်းတွင် ထားကာ၊
အချို့ကိုမူ ဆေးဆိုင်တွင် အရောင်းသမအ ဖြစ် အလုပ်လုပ်စေသည်။ “အစ်ကိုတို့က
စာတော့တော် ပါရဲ့ ၊ ဉာဏ်ရည်ဉာဏ်သွားလည်း ထက်ပါရဲ့ ။ ဒါပေမဲ့ စည်းမဲ့ကမ်းမဲ့
မိန်းမများများ ယူလွန်းတာက ခက်တယ်” ဟူ၍ ဦးကြီး၏ မိန်းမများ ခြင်းနှင့် ပတ်သက်၍
ညီဝမ်းကွဲ သီရိစတုရင်္ဂဗလ ဦးဖေက ညည်းညူးခဲ့ရသည်။

နောက်ပိုင်းတွင် “ဆရာ ဦးမောင်ကြီး ဆေးတိုက်” ကို မယားများ က


ဦးစီးလုပ်ကိုင် ရောင်းဝယ်ကြသည်။ ဦးကြီး ကိုယ်တိုင်မှာ မူ ဟံသာဝတီ
သတင်းစာပုံနှိပ်တိုက်တွင် အခြား ဗာဟီရ အလုပ်များ နှင့် အတူ
‘စာကောက်သင်းကောက်သမား’ ဖြစ်ခဲ့သည် ဟူသော မှတ်တမ်းရှိသည်။ ပီမိုနင်း
ကိုယ်တိုင်ပင် ‘စာကောက်သင်းကောက်သမား’ လုပ်ဖူးသည်ဟု ဆိုကြသည်။ နောင်အခါ
အယ်ဒီတာအ ဖြစ် လုပ်ကိုင်နေစဉ် ဟံသာဝတီတိုက်ရှင်၏ တိုက်တွန်းမှု ကြောင့်
မောင်မှိုင်းဝတ္ထု ကို ၁၉၀၄ တွင် စတင် ရေး သား ထုတ်ဝေခဲ့သည်။ အလွန် လူကြိုက်များ
လှရကား ဟံသာဝတီမှသာမက တစ်ပြိုင်နက်တည်းပင် ရန်ကုန်မြို့ စဥ့်အိုးတန်းအောက်လမ်း
တိုက်နံပါတ် ၁၀၊ ဧရာဝတီ ပုံနှိပ်တိုက်က ရိုက်နှိပ်ပြီး စာအုပ်ရှင် အီဗြာဟင်၊ မူရှင် ၀န်စာရေး
ဦးကြီး ရေး သည်ဟူသော မောင်မှိုင်းဝတ္ထု (မ-၁၂၆၆ ခု၊ ခရစ်နှစ် ၁၉၀၄) စာအုပ်များ ကို တွေ
့ရသည်။ မောင်မှိုင်းဝတ္ထုနောက်အတွဲ များ ကိုလည်း ဟံသာဝတီအပြင် အခြား ထုတ်ဝေသူများ
ကပါ ရိုက်နှိပ်ထုတ်ဝေကြောင်း သိရှိရသည်။ ‘မောင်မှိုင်းဝတ္ထု’ အမည် မှ ‘ချဉ်ပေါင်ရွက်သည်
မောင်မှိုင်း’ သို့ မည် သည့် အချိန်တွင် မည် သို့သော အကြောင်းကြောင့် ပြောင်းသွား ကြောင်း
မသိရပါ။ ဧရာဝတီ ပုံနှိပ်တိုက်က သက္ကရာဇ် ၁၂၆၆ ခု ရိုက်နှိပ်သည့် ဒုတိယတွဲ အမှာ စာတွင်
မူ “၀န်စာရေး ဦးကြီး ရေး သားသည့် ချဉ်ပေါင်ရွက်သည် မောင်မှိုင်း” ဟူသော စကားရပ်ကို
တွေ့ ရပေသည်။

‘မောင်မှိုင်းဝတ္ထု’ တွင် ဦးကြီးသည် ကိုယ်တိုင်ရေး ဟန် တူသော


်လည်းနောက်ပိုင်း ၀တ္ထုများ တွင် မူ ပါးစပ်က ပြောပေး၍ တပည့်များ က လိုက်ရေး ကြရသည်။
ကမာရွတ် လက်ခုပ်ပင်ရွာနေ ကိုသံချောင်းနှင့် သဘင်ဝန် ဦးနု တို့သည်လည်း ဦးကြီး၏
စာလိုက်ရေး သူ တပည့်များ ဖြစ်ခဲ့ကြသည်။ ဦးကြီးသည် ဆေးဆိုင် ဖွင့်လှစ်ရောင်းချခြင်း၊
အယ်ဒီတာလုပ်ခြင်း၊ စာပေရေး သား ပြုစုခြင်းတို့ကြောင့် ၀င်ငွေ သုံးဖက်သုံးတန် ရရှိသော
်လည်း မယားများ များ ခြင်း၊ မိမိကိုယ်တိုင် အသုံးအဖြုန်း ကြီးခြင်းတို့ကြောင့် ရသမျှ ၀င်ငွေကို
မစုဆောင်းနိုင်ခဲ့ချေ။ နောက်ပိုင်းတွင် မယားများ နှင့် လည်း အဆင်မပြေသည့်အလျောက်
ကွဲကွာသွားကြကာ အသက် ၆၆ နှစ် တွင် မျက်စိကွယ်ခဲ့လေသည်။

ဦးကြီး ရေး သားခဲ့သော စာအုပ်များ အ ဖြစ် (၁) စကားပုံတစ်ထောင် (၂)


ခန္ဓာပုရ၀တ္ထု၊ (၃) သာသနနုဂ္ဂဟ အတိဝေပုလ္လစာတန်း၊ (၄) မောင်မှိုင်းဝတ္ထု [၃ တွဲ] (၁၉၀၄)၊
(၅) မြကလေးဝတ္ထု [၃ တွဲ] (၁၉၁၁)၊ (၆) စိန်ကလေးဝတ္ထု [၂ တွဲ] (၁၉၀၅)၊ (၇)
မောင်ဘသန်းနှင့် မသန်းမေ၀တ္ထု [၃ တွဲ] (၁၉၁၄)၊ (၈) စကားတောင်စားဝတ္ထု၊ (၉)
မောင်ဖန်ကလေးဝတ္ထု၊ (၁၀) ခင်ခင်ညွန့် ၀တ္ထု (သက္ကရာဇ် ၁၂၆၇ ခု ၀ါဆိုလ)၊ (၁၁) လိမ္မာသော
သာလိကာဝတ္ထု၊ (၁၂) လိမ္မာသော ကြက်တူရွေးဝတ္ထု၊ (၁၃) စကားပြော ဥပဒေစည်းကမ်း ဟူ၍
ဖော်ပြကြသည်။ ယခု ၀န်စာရေး မင်းဦးကြီး ဆုံးမစာ [၁၄ တွဲ] (သက္ကရာဇ် ၁၂၇၈ ခု) နှင့်
ငါးထပ်ကြီးဘုရားဘွဲ့ (သက္ကရာဇ် ၁၂၇၈) တို့ကို ထပ်မံ ဖြည့်စွက်လိုပေသည်။ ထို့ပြင် စစ်ကိုင်း
ဦးဘိုးသင်း ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ (၁၉၇၉)၊ စာမျက်နှာ ၂၅၇ တွင် ဣတ္ထိဒုဇ္ဇနကထာ ကို
ဝန်စာရေး ဦးကြီး ရေး ကြောင်း ဖော်ပြထားပါသည်။

‘၀န်စာရေး မင်း ဦးကြီး ဆုံးမစာ’ ကို ရန်ကုန်မြို့ ဆူးလေဘုရားလမ်း၊ နံပါတ် ၁၁၊


လောကသာရ လျှပ်စစ်ဓာတ်စက်ပုံနှိပ်တိုက်တွင် ၁၂၇၈ ခုနှစ် ၌ ပထမနှိပ်ခြင်း ဖြစ်သည်။
တစ်အုပ်လျှင် အဖိုး ၂ ပဲ၊ စာအုပ်ရေ ၄၀၀၀၊ ရန်ကုန်မြို့ သိမ်ကြီးဈေး ဆိုင်နံပါတ် ၁၁၄-၁၁၅၊
စာအုပ်ကုန်သည် အီဘရာဟင်ကဖြန့်ချိသည်။ ၁၂.၅ x ၂၀ စင်တီမီတာ အရွယ်ရှိ၍
ထိုခေတ်သုံး စက္ကူအညံ့စားတွင် ရိုက်နှိပ်ထားသည်။ စုစုပေါင်း ၁၄ တွဲခန့် ရှိမည် ဟု
ခန့်မှန်းရပါသည်။ နံပါတ် (၄) မှ နံပါတ် (၁၃) အထိသာ တွေ့ ရှိရသည်။ နံပါတ် (၈)၊ နိဒါန်းတွင်
ဆုံးမစာ အရေအတွက် ၁ က ၄၀ အထိ စာအုပ်ရေ ခုနစ် အုပ်ကို ရေး သားပြီးကြောင်း၊ ၄၁ က
၈၀ ထိ ရေး သားမည် ဖြစ်ကြောင်း ဖော်ပြထားရာ၊ နံပါတ် (၁၃) တွင် ရ၂ ထိ ရှိသည်ကို
ထောက်၍ နံပါတ် (၁၄) အဆုံးသတ်မည် ဟု ယူဆနိုင်ဖွယ် ရှိပါသည်။ စာတစ်အုပ်လျှင် (၁၆)
မျက်နှာ ပါရှိသည်။ ထိုခေတ် ထုံးစံအတိုင်းပင် တစ်အုပ်နှင့် တစ်အုပ် အကြား
စာဆုံးသည်လည်း ရှိသည်။ (၁၆) မျက်နှာ ပြည့်ပြီ ဖြစ်သော ကြောင့် စာမဆုံးဘဲ
ရောက်သည့်နေရာတွင် သည်အတိုင်း ရပ်ပစ်သည်ကိုလည်း တွေ့ ရသည်။ အားလုံးသော
အတွဲ များ ကို ဆက်တိုက်ဖတ်မှသာ အပြည့်အ၀ နားလည်မည့် သဘောပင်။
ကာရန်နဘေညှပ် စကားပြေ အရေး အသားဖြင့် ဖွင့်ဆိုရှင်းလင်းပြီး ပုဒ်စဉ်တိုင်းတွင် အနှစ်
ချုပ်တေးထပ် နှင့် အဆုံးသတ် ရေး ဖွဲ့ထားသည်။ စာအုပ် မျက်နှာဖုံးတွင် ဖော်ပြထားသည့်
စာအပြည့်အစုံမှာ ဤသို့ ဖြစ်သည်။

“ကာလအလျောံ၊ မာနမောံပြီးလျှင်၊ သွေးမြောံ၍ အလကား၊ ဘေးရောံဘို့များ


ပီးတော့၊ စော်ကားလို့သက်သက်၊ မော်ကြွားဘို့မဘက်ရင်လဲ၊ တိုးတက်မနှေး၊
ကျိုးဆက်ပေးစေတတ်သော ၊ ၀န်စာရေး မင်း ဦးကြီး ဆုမ္မစာ ကို၊ လောကီလောကုတ္တရာ၊
လိမ္မာသည့်ထက်၊ ဆယ်ဆတက်၍ ၊ ထက်မျက်လိမ္မာ၊ တသက်လုံး ချမ်းသာအောင် ကောင်းစွာ
မှတ်သား၍ တတ်ကြားကြပါကုန်လော။”

‘ငါးထပ်ကြီးဘုရားဘွဲ့’ ကို ၁၂၇၈ ခုနှစ် အတွင်း ရန်ကုန်မြို့


ဆရိရာမာစာပုံနှိပ်တိုက်တွင် ပုံနှိပ်သည်။ စာအုပ်ရှင် အီဘရာဟင်၊ အဖိုးငွေ ၂ ပဲ၊
စာအုပ်အရွယ်၊ စက္ကူ အမျိုးအစားတို့မှာ ‘ဦးကြီး ဆုံးမစာ’ အတိုင်းပင် ဖြစ်သည်။ ၁၆ မျက်နှာသာ
ပါသည့် စာအုပ်ငယ်တစ်အုပ်တည်းသာ ဖြစ်သည်။ အဖုံးတွင် -

“မြန်မာစာကို တတ်သည့်အတွက်၊ စာဘတ်ရင်း အပြစ်မ ဖြစ်စေရ၊ ကုသိုလ်ပုည၊


သဘာဝနှင့် ၊ ဟဒယကြည်နူး၍ ၊ ဘုရားဘူး များများ လာအောင်၊ ၀င်္ကဘာအနီး၊
အရှေ့တောရကြီးတွင် ၊ ငါးထပ်ကြီးဘုရားဘွဲ့နှင့် ၊

ရွှေသာလျောင်းကိုယ်တော် ကြီးကို၊ ခြီးမြှောံသည့် ခွန်းတောက်သံဆန်းများ နှင့် ၊


တေးထပ်အမျိုးမျိုး၊ ငါးစောင်တွဲ တိုက်ခံပြသာဒ် တေးထပ် အမျိုးအမျိုးများ ကို စုဆောင်း၍ ၊
စာတအုပ်ထည်း ဘွဲ့စည်းပုံနှိပ်သည်။ ။ ၎င်းစာကိုပေးသူ မပု။ ။”ဟူ၍ ဖော်ပြထားသည်။
စာမျက်နှာ (၁) တွင် မူ “ငယ်နာမည် ၀န်စာရေး မင်း ဦးကြီး” ဟု အမည် ရေး ထိုးထာသည့်
ဦးကြီး၏ ဓာတ်ပုံ ပါရှိသည်။ ဓာတ်ပုံအောက်တွင် -

“သမ္ပဖလာပ၀ါစာဟု ဆိုအပ်သော ၊ ဇာတ်စာအုပ်များ ကို၊


ကွယ်ပြောက်စေခြင်းငှာ၊ လောကီ လောကုတ္တရာနှင့် ဆိုင်သော မောင်မှိုင်းဝတ္ထု၊
မြကလေးဝတ္ထု၊ ခင်ခင်ညွန့်ဝတ္ထု၊ စကားတောင်စားဝတ္ထု စသည်များ တို့ကို ရှေးဦးစွာ
အစထွင်၍ ရေး သားစီကုံးသူ ၀န်စာရေး မင်း ဦးကြီးက၊ သီချင်းစာ ဘတ်သည့်ထက်၊ ဘုရား၏
ဂုဏ်တော် ကို မျက်မြင်အားဖြင့် ဘွဲ့ဆိုခြင်း၊ အဝေးမြို့က၊ ဘုရားဘူးချင်သော သူတို့
မြန်မြန်လာရောက်ကြစေခြင်းကို မြှော်လင့်၍ အထူးလာချင်ဘွယ် ကြည်ညိုဘွယ်၊
ဝမ်းမြောက်ဝမ်းသာ၊ သာဓုခေါ်ချင်ဘွယ် ဖြစ်အောင် ဘုရားကြီး၏ ဂုဏ်၊ တန်ဆောင်း
ဆောက်လုပ်လှူဒါန်းသူတို့၏ ဂုဏ်၊ အသင်းသားများ တို့၏ ဂုဏ်များ ကို ချီးမြှောက်၍ စီကုံးရေး
သားအပ်သော ကာလကျိုက်၊ ရွှေပြည်အသွားကို၊ စဉ်းစား၍ ဘတ်တော် မူကြပြီးလျှင် ဘုရားကို
အာရုံပြုကြပါကုန်လော။” ဟူ၍ ရေး ထားပါသည်။

ဦးကြီးသည် မျက်စိကွယ်ပြီးနောက် ၂ နှစ် အကြာ၊ အသက် ၆၈ နှစ် တွင် မယား


ဒေါ်ပု (၂) ၏ လက်ထဲ၌ ကွယ်လွန်ခဲ့သည်။ သက္ကရာဇ် ၁၂၈၈ ခုနှစ် (ခရစ်နှစ် ၁၉၂၆) တွင်
ရန်ကုန်မြို့ အလုံအရပ်၌ လူကြီး ရောဂါ နှင့် ကွယ်လွန်ကြောင်းသိရသည်။

* နောင်တွင် မော်လမြိုင် ၀ဇီရာရာမ ဆရာတော် ကြီးတပည့်


ပထမပြန်ဆရာတော် လူထွက် ဥပသကာကြီး ဆရာဦးရန်နှင်း အ ဖြစ်နှင့် မော်လမြိုင်
တောင်ပေါက်ဆရာတော် လောင်းလျာကို ကျောင်းသားသူငယ် ဘ၀မှသည် ရဟန်းဘ၀အထိ
စောင့်ရှောက်ခဲ့သည်။ လက္ခဏာကျမ်းလင်္ကာ ရေး သူ ဖြစ်၏ ။ 'ဦးဇာဂရ' ဟု
မောင်မောင်သွင်၏ “သီရိစတုရင်္ဂဗလ ဦးဖေ” တွင် ပြသည်။
* စာကိုးများ ကို မူရင်း စာလုံးပေါင်း သတ်ပုံအတိုင်း ဖော်ပြထားကြောင်း
နောင်အခါ တွေ့ လျှင်လည်း မှတ်ယူပါ။

[စာကိုး။ ။ (၁) မောင်မောင်သွင်။ ‘၀န်စာရေး ကြီး’၊ ငွေတာရီ (သြဂုတ် ၁၉၆၈)။


စာ ၂၅-၂၇။ (၂) မောင်မောင်သွင်။ ‘သီရိစတုရင်္ဂဗလ ဦးဖေ’၊ငွေတာရီ (ဇူလိုင် ၁၉၇၀)။ စာ
၂၇-၃၀။(၃) ကြီးမောင်။ ‘၀န်စာရေး ဦးကြီး’၊ ငွေတာရီ (ဒီဇင်ဘာ ၁၉၆၇)။ စာ ၇၆-၈၀။ (၄)
မလိခ။ မြန်မာစာပေအဘိဓာန် (၁)။ စာ ၁၄၈။ (၅) မလိခ။ မြန်မာဝတ္ထုအညွှန်းအမှတ် (၁)။ စာ
၆၇-၇၀။ (၆) သုတ။ စာဆိုတော် များ အတ္ထုပ္ပတ္တိပေါင်းချုပ် (၁၉၆၁)။ စာ ၂၈၆-၂၈၇။ (၇)
လှသမိန်။ ဂန္တ၀င် ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ် (၁၉၆၁)။ စာ ၂၇၅-၂၇၆။ (၈)
ဝန်စာရေး ဦးကြီး။ဝန်စာရေး ဦးကြီး ဆုမ္မစာ (သက္ကရာဇ် ၁၂၇၈)။ (၉) ၀န်စာရေး ဦးကြီး။
ငါးထပ်ကြီးဘုရားဘွဲ့ (သက္ကရာဇ် ၁၂၇၈ အတွင်း ပုံနှိပ်သည်။)]


(၆)
ဦးဘိုးဖြူ [၁၈၆၁-၁၉၂၆]

ရန်ကုန်မြို့ စစ်ကဲမောင်ထော်လေးလမ်း၌ အဖ ၀န်စာရေး ကြီး ဦးအို၊ အမိ


ဒေါ်မိုးတို့က ၁၂၂၃ ခု ဒုတိယ၀ါဆိုလပြည့် တနင်္ဂနွေနေ့ (၂၁ ဇူလိုင် ၁၈၆၁) တွင်
မွေးဖွားခဲ့သည်။ မွေးချင်း ၅ ယောက် တွင် အထွေးဆုံးသား ဖြစ်သည်။ ဦးဘိုးဖြူ၏ အထက်
အစ်ကို အစ်မများ မှာ အစဉ်လိုက်အားဖြင့် ဒေါ်ကြီး၊ အမိန့်တော် ရမင်း ဦးသီး၊ ဒေါ်မြနှင့်
ဦးဘိုတူတို့ ဖြစ်ကြသည်။ ငယ်မည် မောင်ပိုးဖြူ၊ ကြီးသော အခါမှသာလျှင် ဦးဘိုးဖြူ အမည်
တွင် သည်။

ရန်ကုန်မြို့ အနောက်ပိုင်းကြောင်တရာလမ်း ခေါ် ၁၄ လမ်းရှိ


မြန်မာဘာသာသက်သက် သင်ပြသော ဆရာဖဲကျောင်းတွင် စတင် ပညာသင်ယူသည်။
ထို့နောက် အင်္ဂလိပ်-မြန်မာ နှစ် ဘာသာသင်ကျောင်းသို့ တက်ရောက် ဆည်းပူးသည်။ တစ်ဖန်
ရန်ကုန်မြို့ကောလိပ်သိပ္ပံကျောင်းသို့ ရွှေ့ပြောင်း ပညာသင်ကြားပြန်သည်။ မြန်မာပညာရှိများ
အထံတွင် လည်း ပျို့ကဗျာ လင်္ကာ ရတု စသော ဗဟုသုတ အဖုံဖုံတို့ကို လည်းကောင်း၊
ဘာသာရေး ဆိုင်ရာ အဆုံးအဖြတ် ၀ိနိစ္ဆယအမျိုးမျိုးတို့ကို လည်းကောင်း နည်းခံမှတ်သား
အားထုတ် ဆည်းပူးခဲ့သည်။ ထို့ကြောင့် အင်္ဂလိပ် မြန်မာ နှစ် ဘာသာ ကျွမ်းကျင်သည့်အပြင်
မြန်မာဂန္ထ၀င်နှင့် ပါဠိစာပေတွင် လည်း နှံ့စပ်ခဲ့သည်။ စာပေ အစုအဆောင်း အမှတ်အသား
များ လေသည်။

၁၈ စက်တင်ဘာ ၁၈၈၆ တွင် အတွင်းဝန်ကြီးရုံး စာတော် ပြန်ဌာန၌ မြို့အုပ်အ


ဖြစ် စတင် အမှု ထမ်းသည်။ ၁၁ ဖော်ဖေ၀ါရီ ၁၉၀၆ တွင် ၀န်ထောက်ရာထူးသို့
တိုးမြှင့်ခန့်ထားခြင်း ခံရသည်။ ၂၉ ဇူလိုင် ၁၉၁၈ တွင် ၀န်ထောက်ရာထူးမှ
အငြိမ်းစားယူသည်။

ရန်ကုန်မြို့ အနောက်ပိုင်း ဘယဆေးတန်းတွင် ဗဟုသုတ


အသင်းကိုတည်ထောင်ခဲ့သည်။ ၀ိုင်အမ်ဘီအေ အသင်းတွင် အသင်းသားအ ဖြစ် ပါဝင်သည်။
မြန်မာစာညွန့်ပေါင်းကျမ်း ထုတ်ဝေရေး အသင်း၌ ဒုတိယဥက္ကဋ္ဌအ ဖြစ်ဆောင်ရွက်သည်။
မြန်မာနိုင်ငံ သုတေသနအသင်းဝင် တစ်ဦးလည်း ဖြစ်သည်။ ၁၉၂၅ တွင် မြန်မာနိုင်ငံ
သုတေသနအသင်းဂျာနယ် တာဝန်ခံ အယ်ဒီတာတာဝန်ကို ထမ်းဆောင်ခဲ့သည်။ ရန်ကုန်
ယူနီဗာစတီ အရှေ့တိုင်းဘာသာ သင်ကြားရေး အဖွဲ့တွင် လည်းကောင်း၊ စာမေးပွဲဆိုင်ရာ
အဖွဲ့အစည်းများ တွင် လည်းကောင်း ပါဝင်ဆောင်ရွက်ခဲ့သည်။

၁၈၉၃ တွင် တတိယတန်း ရှေ့နေစာမေးပွဲသို့ ၀င်ရောက် ဖြေဆိုလိုကြသော


အမိန့်တော် ရ ရှေ့နေလောင်းများ ၏ အကျိုးငှာ အိန္ဒိယ ပဋိညာဉ် အက်ဥပဒေ
အမေးအဖြေကျမ်းကို ပြုစုခဲ့သည်။ ၁၈၉၅ တွင် နောင်တော် ကြီး အမိန့်တော် ရမင်း ဦးသီးနှင့်
တွဲဖက်၍ လောကသာရပျို့အဖြေကို စီရင် ရေး သားခဲ့သည်။ မြန်မာနိုင်ငံ
သုတေသနအသင်းဂျာနယ်တွင် လက်ဝဲသုန္ဒရ၏ မဲဇာတောင်ခြေရတု ၆ ပုဒ် နှင့်
ရှင်ဥတ္တမကျော် တောလား ၉ ပုဒ် တို့ကို အဓိပ္ပာယ်နှင့် တကွ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုရေး
သားခြင်း၊ ဆန်းကြယ်ခက်ခဲ နက်နဲသော မြန်မာစကားပုံများ ၏ အဓိပ္ပာယ် သဘောသွားများ
ကိုလည်း အင်္ဂလိပ်ဘာသာဖြင့် ဖွင့်ဆို ရေး သားခြင်းတို့ကို လည်းကောင်း ဆောင်ရွက်ခဲ့သည်။
၁၉၂၄ တွင် စလေဦးပုည၏ ဆဒ္ဒန်ဆင်မင်းဝတ္ထု၊ အလောင်းတော် ယုန်မင်းဝတ္ထု၊
သိဝိရာဇ်မင်းကြီးဝတ္ထု၊ ကာက၀လ္လိယ၀တ္ထု ဟူသော ဦးပုည ၀တ္ထုလေးပုဒ်နှင့်
မဏိရတနာပုံကျမ်းမှ ထုတ်နုတ်အပ်သည့် ဗဟုသုတပွားများ နိုင်ကြောင်း ၀တ္ထုပေါင်း ၉၃ ပုဒ်
တို့ဖြင့် တန်ဆာဆင်လျက်မှတ်ချက်များ နှင့် တကွ အထပ်ထပ် သုတ်သင်တည်းဖြတ်
ထုတ်ဝေခဲ့သည်။ ၁၉၂၅ တွင် မြတ်စွာ ဘုရား၏ အကြောင်းအရာမှ စ၍ သာဝကတို့၏
ဂုဏ်ထူးစသည်တို့ ပါဝင်သော ဗုဒ္ဓုပ္ပတ္တိ ပကာသနီကျမ်း ကို ပြုစု ထုတ်ဝေခဲ့သည်။ ပညာရေး
ဆိုင်ရာ ကော်မတီတို့က ကျောင်းသုံးစာအုပ်အ ဖြစ် သုံးစွဲရန်သင့်သည်ဟု
ပြဋ္ဌာန်းခြင်းခံရသည်။ ၁၉၂၆ တွင် ကမ္ဘာလောကကြီး ဖြစ်ထွန်းလာပုံ၊ နေလနက္ခတ် ဥတု
စသည် ပေါ်ပေါက်လာပုံ အကြောင်းအရာများ ကို ဖော်ပြသော လောကုပ္ပတ္တိ ပကာသနီကျမ်း
ကို ပြုစုခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံ သုတေသန အသင်းအတွက် သုတသော မပျို့၊ ဥမ္မာဒန္တီပျို့
(ပုဂံဝန်ထောက် ဦးတင်နှင့် တွဲဖက်လျက်)၊ ကန်တော် မင်းကျောင်း မေတ္တာစာနှင့် အဖြေ
(ဆရာပွားနှင့် ပူးတွဲ၍ )တို့ကို တည်းဖြတ်ပေးခဲ့သည်။

၁၉၂၆ ခု အောက်တိုဘာလ ၅ ရက် အင်္ဂါနေ့ ညဥ့် ၉ နာရီ မိနစ် ၂၀ အချိန်တွင်


ကွယ်လွန်သည်။ ဇနီးသည်မှာ က၀ိမျက်မှန် ပုံနှိပ်တိုက်ပိုင်ရှင် ဒေါ်အေးမေ ဖြစ်သည်။
ဦးတင့်ဆွေ (သီဟိုဠ်သံအမတ်ကြီး၊ စာရေး ဆရာ ရွှေဘိုမောင်လတ်တူ၊ တာတေ) မှာ
ဦးဘိုးဖြူ၏ သား ဖြစ်သည်။

[စာကိုး။ ။ (၁) ပါဠိဆရာ ဆရာဝ။ ‘၀န်ထောက်မင်း ဦးဘိုဖြူ၏


အတ္ထုပ္ပတ္တိအကျဉ်း’၊ အငြိမ်းစားဝန်ထောက်မင်း ဦးဘိုးဖြူ ပြုစုသော လောကုပ္ပတ္တိ
ပကာသနီကျမ်း(မ-၁၂၈၈၊ နတ်တော် လ)။ စာ ၁၃၆-၁၅၀။ (၂) လှသမိန်။ ဂန္တ၀င်
ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ် (၁၉၆၁)။ စာ ၂၆၄-၂၆၅။ (၃) စံပြတင်ဦး။ မြန်မာစာရေး
ဆရာအဘိဓာန် (၁၉၇၄)။ စာ ၂၁၂-၂၁၃။ (၄) သုတေသနစာစဉ်သမိုင်း၊
သုတေသနစာစဉ်စာရင်း၊ သုတေသနစာစဉ် စာတည်းများ (၁၉၇၀)။ စာ ၉၂-၉၃။]

အရှင်စန္ဒမာလာလင်္ကာရ [၁၈၆၁(ခန့်)-၁၉၃၁]

ရခိုင်ပြည်နယ် ရမ်းပြည့်မြို့နယ်ရွာပုလဲကျေးရွာ၌ ခမည်းတော်


ဦးအောင်ကျော်ဇော၊ မယ်တော် ဒေါ်ဝင်းလှဖြူတို့က မြန်မာသက္ကရာဇ် ၁၂၂၃ ခန့် (ခရစ်နှစ်
၁၈၆၁) တွင် မီးရှူးသန့်စင် ဖွားဖြင်တော် မူသည်။ မွေးချင်း ၃ ယောက် တွင် အငယ်ဆုံး ဖြစ်၍
အမည် မှာ မောင်ကျော်ဇောအောင် ဖြစ်သည်။

အသက် ငါးနှစ် တွင် မိဘနှစ် ပါး ကွယ်လွန်၍ ၊ အစ်မ ယောင်သာမေနှင့် အတူ


ရှောက်ချောင်းရွာတွင် လိုက်နေရသည်။ ၁၂နှစ် တွင် ရှောက်ချောင်း ရွာဦးကျောင်းဆရာတော်
ဦးဇောတမဟာထေရ်မြတ်ထံတွင် စတင် ပညာဆည်းပူးသည်။ ၁၆ နှစ် တွင်
သာမဏေ၀တ်သည်။ အခြေခံ လောကုတ္တရာစာများ ဆက်လက်သင်ယူသည်။ ၁၂၄၂ တွင်
ရမ်းပြည့် ပထမတောင်ကျောင်းဆရာတော် ဦးသာဂရမေဓာထံ၌ ရဟန်းပြု၍ ၊ သင်ရိုး
ပိဋကတ် ပါဠိတော် နှင့် အဋ္ဌကထာဋီကာ စသော ကျမ်းဂန်များ ကို သင်ယူသည်။ ၁၂၄၅ တွင်
သရက်မြို့ မြို့မတိုက် သုံးထပ်ကျောင်း ဆရာတော် ကြီး၌ နည်းခံ သင်ယူပြန်သည်။ ၁၂၅၁
တွင် ရခိုင်ပြည်နယ် လက်ပန်အညာကျောင်း၌ စာပေသင်ကြား ပို့ချခဲ့သည်။

တစ်ဖန် ၁၂၅၇ တွင် မန္တလေး အရှေ့ခင်မကန် ဆရာတော် ကြီး ခြေတော်


ရင်းဝယ် ကျိုးနွံဆည်းကပ် ပညာသင်ယူခဲ့ပြန်သည်။ ၁၂၅၇ တွင် ပခန်းသာသနာပိုင်
ဆရာတော် ဘုရားကြီးက ရမ္မာဝတီ ဂိုဏ်းထောက်အ ဖြစ် ချီးမြှင့်ခဲ့သည်။ ထို့ကြောင့်
ရခိုင်ပြည်နယ်သို့ ပြန်ကြွကာ လက်ပန်အညာကျောင်း၌ သီတင်းသုံး၍ စာဝါ ပို့ချတော်
မူခဲ့သည်။ ၁၂၇၁ တွင် ကိုးရာတောင် ကျောင်းသစ်သို့ ပြောင်းရွှေ့ သီတင်းသုံးသည်။ ၁၂၇၄
တွင် မူ ကိုးရာတောင်ကျောင်းသစ်ကို ဖျက်သိမ်း၍ (ဒက္ခိဏာရာမ) တောင်ကျောင်းသို့
ကြွရောက် သီတင်းသုံးတော် မူသည်။

ပိဋကတ်ကျမ်းဂန် စာပေအရာ သူမတူတန် ကဲလွန်လုံ့လ


ဝီရိယဓာတ်ကြီးမြတ်တော် မူလှသော ရမ္မာဝတီ ဂိုဏ်းထောက် သာသနာပြု ဘွဲ့တံဆိပ်တော် ရ
ဂန္တကာရက ကျမ်းပြုအကျော် ကျေးဇူးရှင် ဒုတိယတောင်ကျောင်း ဆရာတော် ကြီးသည်
လောကီ၊ လောကုတ္တရာ နှစ် ဖြာသော ကျမ်းဂန်များ ကို ပြုစုတော် မူခဲ့သည်။ ပေထက်တင် ရေး
သားခဲ့သော ကျမ်းနှင့် ပုံနှိပ်ခဲ့သော ကျမ်း နှစ် မျိုးရှိခဲ့ရာ၊ အရေအတွက်အားဖြင့် ၂၁ ကျမ်း တိတိ
ရှိသည်ဟု သိမှတ်ကြသည်။ သို့ရာတွင် စုံစမ်းရသမျှမှာ ၁၇ ကျမ်းမျှသာ တွေ့ ရသည်။
ကွင်းအတွင်းရှိ မြန်မာသက္ကရာဇ်သည် ကျမ်းပြုပြီးစီးသည့်နှစ် ကို ပြသည်။

တွေ့ ရှိရသမျှ ကျမ်းများ မှာ (၁) ဥတုဘောဇန သံပေါက်ကျမ်း (၁၂၅၈)၊ (၂)


ပဋိစ္စသမုပ္ပာဒပကာသနီကျမ်း (၁၂၆၁)၊ (၃) မင်္ဂလာမြတ်ခေါင် ချီသော နာရဒဇာတ်တော်
ကြီးလင်္ကာ (၁၂၆၂)၊ (၄) ကပ္ပ၀ိနိစ္ဆယကျမ်း ဂ၁၂၇၀)၊ (၅) ဝေရမဏိသီလ၀ိနိစ္ဆကျမ်း (၁၂၇၂)၊
(၆) ၀ိသာခုပေါသထသုတ်နိဿ
ယသစ် (၁၂ရ၂)၊ (၇) သမ္မာဝါဒဒီပကကျမ်း (၁၂၇၄)၊ (၈)
သက္ကာယပဟာနကျမ်း (၁၂၇၄)၊ (၉) စောဒကာဒိဝိနိစ္ဆယကျမ်း (၁၂၇၅)၊ (၁၀)
သရဏဂုဏ်ဝိနိစ္ဆယကျမ်း၊ (၁၁) ၀ိဂ္ဂဟနယကျမ်း၊ (၁၂) ဝေရမဏိသင်္ခေပသမာဒါနကျမ်း၊ (၁၃)
ကာလိက၀ိနိစ္ဆယကျမ်း၊ (၁၄) ပက္ကနိကုဇ္ဇိဏကျမ်း၊ (၁၅) ဇမ္ဗူဒီပဣန္ဒိယနယ်ပုံကျမ်း (၁၂၈၂)၊
(၁၆) ရာဇက္ကမသင်္ခေပကျမ်း (၁၂၉၂)နှင့် (၁၇) ရခိုင်ရာဇ၀င်သစ်ကျမ်း (၁၂၉၃) တို့
ဖြစ်ကြသည်။

‘ဇမ္ဗူဒီပဣန္ဒိယနယ်ပုံကျမ်း’ကို ၁၂၉၀ ခု ၀ါခေါင်လ၌ မန္တလေးမြို့ဝါးတန်း


ဂုဏ၀တီ စာပုံနှိပ်တိုက်တွင် ရိုက်နှိပ်ခဲ့သည်။ “မဇ္ဈမဒေသ တိုင်းဌာနတွင် ပါဝင်သော
မြို့အသီးသီး၊ တိုင်းကြီးသော ဠသ် အရပ်ရပ်နယ်စုံ၊ စုံလင်သော အတိုင်းအထွာ၊
ဘုရားပွင့်တော် မူရာ ဒေသဌာန အသီးသီးတို့ကို ပါဠိတော် အလာ၊ မဟာဝင် ရာဇ၀င်တို့ဖြင့်
ပုရာဏ် အတန်တန်သော အထောက်အထားကိုးကားချက် အစုံအလင်တို့ဖြင့် စုံလင်ရေး
သားတော် မူအပ်သော ဇမ္ဗူဒီပ ဣန္ဒိယနယ်ပုံကျမ်း” ဟူ၍ ဖော်ပြထားသည်။

“မဟာဝိဟိက၊ နမပျံ့လှိုင်၊ ရခိုင်ပြည်ကြီး၊ မြို့အသီးသီးကို၊ ဘုန်းမီးနေလ၊


အစိုးရသော ၊ ရာဇရာဇာ၊ မင်းတကာတို့၏ ၊ ခြင်းရာဋ္ဌုပ္ပတ်၊ အရပ်ရပ်ကို၊ နာဂတ်နောင်လာ၊
လူတကာတို့၊ ကောင်းစွာ သိရှိကြစေရန် ရမ်းပြည့်မြို့တောင်ကျောင်းဆရာတော်
ဘုရားကြီးသည် အသီးသီးသော ရာဇ၀င်တို့မှထုတ်နုတ်၍ အကျဉ်းချုပ် စီမံရေး သားတော်
မူအပ်သော ရာဇက္ကမသင်္ခေပကျမ်း” ဟူ၍ ရေး သားထားသည်။ ၁၂၉၃ခု ပထမ၀ါဆိုလ၌
မန္တလေး ၀ါးတန်း ဂုဏ၀တီစာပုံနှိပ်တိုက်တွင် ပထမအကြိမ် ရိုက်နှိပ်သည်။ ၁၃၃၁ခု
ပြာသိုလ၌ ရန်ကုန်ကျောက်မြောင်း ရွှေမြို့တော် စာပုံနှိပ်တိုက်တွင် ဒုတိယအကြိမ်
ပုံနှိပ်ထုတ်ဝေသည်။

‘ရခိုင်ရာဇ၀င်သစ်ကျမ်း’ ပထမအုပ်ကို ၁၂၉၃ ခု တပို့တွဲလတွင် လည်းကောင်း၊


ဒုတိယတွဲကို ၁၂၉၃ ခု ကဆုန်လတွင် လည်းကောင်း မန္တလေးမြို့ဟံသာဝတီ ပိဋကတ်
စာပုံနှိပ်တွင် ဆရာ ဦးဘရင် ကြီးကြပ်ပြင်ဆင်၍ ပထမအကြိမ် ရိုက်နှိပ်ခဲ့သည်။ တစ်ဖန်
ရန်ကုန် ရခိုင်သားကြီးစာပေက ဒုတိယအကြိမ်အ ဖြစ် ပထမတွဲကို ၁၅ ဇူလိုင် ၁၉၉၇၊
ဒုတိယတွဲကို နိုဝင်ဘာ ၁၉၉၇ တွင် ထုတ်ဝေခဲ့သည်။ “တစ်ရာ့တစ်စင်း၊ မင်းထက်မင်းတို့၊
ခွန်သွင်းဝင်ပါ၊ မဟာဝိဟိက၊ ရက္ခပူရ၊ နာမပျံ့လှိုင်၊ ရခိုင်ပြည်ကြီး၊ မြို့အသီးသီးတွင် ၊
ဘုန်းမီးနေလ၊ အစိုးရကြသော ၊ မဟာသမ္မတ၊ သကျသာကိန်၊ အသမ္ဘိန်ဟု၊ ရာဇိန်သက်ဆင်း၊
ရခိုင်မင်းတို့၏ ၊ ခြင်းရာဋ္ဌုပ္ပတ်၊ ဖြစ်ပျက်ဇာတ်ကို၊ နာဂတ်နောင်လာ၊ မျိုးလေးဖြာတို့၊ ကောင်းစွာ
သိစေရန်၊ ရည်ရွယ်သန်၍ ” ရေး ကြောင်း ဖော်ပြထားသည်။ “ဗဒုံမင်း လက်ထက်မှ
အင်္ဂလိပ်တို့ သိမ်းယူသည်အထိ ရာဇ၀င်ကြောင်းနှင့် ဗဒုံမင်း လက်ထက်မြောက်ဦးတွင်
အုပ်ချုပ်သည့် မြို့ဝန်များ စာရင်း၊ ရမ်းပြည့်ကိုအုပ်ချုပ်သည့် မြို့ဝန်၊ မြို့သူကြီးများ စာရင်း၊ ခုနှစ်
သက္ကရာဇ်နှင်တကွ ဖော်ပြသည်မှာ သမိုင်းတန်ဖိုးရှိသည်။ ရမ်းပြည့် ဆရာတော် ၏
ရခိုင်ရာဇ၀င်သစ်ကို လူသိ များ သည်။ များ စွာ အားကိုးအားထားပြုကြ၊ ကိုးကားကြသည်” ဟု
ဒေါ်ကြန်က မှတ်ချက်ပေးသည်။

၁၂၉၃ ခု တန်ဆောင်မုန်းလကွယ်နေ့ ( ၉ ဒီဇင်ဘာ ၁၉၃၁) သက်တော် ၇၀၊


ဝါတော် ၅၁ ၀ါ တွင် ဘ၀နတ်ထံ စံလွန်တော် မူသည်။

[စာကိုး။ ။ (၁) အရှင်သုမန၊ ငါးဆက်မြောက်တောင်ကျောင်းဆရာတော် ၊


‘ကျေးဇူးတော် ရှင် တောင်ကျောင်းဆရာတော် ဘုရားကြီး အရှင်စန္ဒမာလာလင်္ကာရ
မဟာထေရ်၏ ထေရုပ္ပတ္တိအကျဉ်း’၊ ရခိုင်စာအုပ်စာတမ်း ဖြစ်စဉ် အမှတ် ၂ (အောက်တိုဘာ
၁၉၉၅)၊ စာ ၉-၁၆။ (၂) မြထွန်းအောင်။ ရခိုင်စာအုပ်စာတမ်း ဖြစ်စဉ် မှတ်တမ်းအညွှန် (မတ်
၂၀၀၅)။ စာ ၂၅-၂၇။ (၃) မကြန်။ 'ရခိုင်ရာဇ၀င်ကျမ်းများ (ပဏာမလေ့လာချက်)'၊ မြန်မာသစ်
ရသစုံမဂ္ဂဇင်း (စက်တင်ဘာ ၂၀၀၅)။ စာ ၆၁-၆၃။]


(၇)
အရှင်စန္ဒမာလာလင်္ကာရ [၁၈၆၁(ခန့်)-၁၉၃၁]
ရခိုင်ပြည်နယ် ရမ်းပြည့်မြို့နယ်ရွာပုလဲကျေးရွာ၌ ခမည်းတော်
ဦးအောင်ကျော်ဇော၊ မယ်တော် ဒေါ်ဝင်းလှဖြူတို့က မြန်မာသက္ကရာဇ် ၁၂၂၃ ခန့် (ခရစ်နှစ်
၁၈၆၁) တွင် မီးရှူးသန့်စင် ဖွားဖြင်တော် မူသည်။ မွေးချင်း ၃ ယောက် တွင် အငယ်ဆုံး ဖြစ်၍
အမည် မှာ မောင်ကျော်ဇောအောင် ဖြစ်သည်။

အသက် ငါးနှစ် တွင် မိဘနှစ် ပါး ကွယ်လွန်၍ ၊ အစ်မ ယောင်သာမေနှင့် အတူ


ရှောက်ချောင်းရွာတွင် လိုက်နေရသည်။ ၁၂နှစ် တွင် ရှောက်ချောင်း ရွာဦးကျောင်းဆရာတော်
ဦးဇောတမဟာထေရ်မြတ်ထံတွင် စတင် ပညာဆည်းပူးသည်။ ၁၆ နှစ် တွင်
သာမဏေ၀တ်သည်။ အခြေခံ လောကုတ္တရာစာများ ဆက်လက်သင်ယူသည်။ ၁၂၄၂ တွင်
ရမ်းပြည့် ပထမတောင်ကျောင်းဆရာတော် ဦးသာဂရမေဓာထံ၌ ရဟန်းပြု၍ ၊ သင်ရိုး
ပိဋကတ် ပါဠိတော် နှင့် အဋ္ဌကထာဋီကာ စသော ကျမ်းဂန်များ ကို သင်ယူသည်။ ၁၂၄၅ တွင်
သရက်မြို့ မြို့မတိုက် သုံးထပ်ကျောင်း ဆရာတော် ကြီး၌ နည်းခံ သင်ယူပြန်သည်။ ၁၂၅၁
တွင် ရခိုင်ပြည်နယ် လက်ပန်အညာကျောင်း၌ စာပေသင်ကြား ပို့ချခဲ့သည်။

တစ်ဖန် ၁၂၅၇ တွင် မန္တလေး အရှေ့ခင်မကန် ဆရာတော် ကြီး ခြေတော်


ရင်းဝယ် ကျိုးနွံဆည်းကပ် ပညာသင်ယူခဲ့ပြန်သည်။ ၁၂၅၇ တွင် ပခန်းသာသနာပိုင်
ဆရာတော် ဘုရားကြီးက ရမ္မာဝတီ ဂိုဏ်းထောက်အ ဖြစ် ချီးမြှင့်ခဲ့သည်။ ထို့ကြောင့်
ရခိုင်ပြည်နယ်သို့ ပြန်ကြွကာ လက်ပန်အညာကျောင်း၌ သီတင်းသုံး၍ စာဝါ ပို့ချတော်
မူခဲ့သည်။ ၁၂၇၁ တွင် ကိုးရာတောင် ကျောင်းသစ်သို့ ပြောင်းရွှေ့ သီတင်းသုံးသည်။ ၁၂၇၄
တွင် မူ ကိုးရာတောင်ကျောင်းသစ်ကို ဖျက်သိမ်း၍ (ဒက္ခိဏာရာမ) တောင်ကျောင်းသို့
ကြွရောက် သီတင်းသုံးတော် မူသည်။

ပိဋကတ်ကျမ်းဂန် စာပေအရာ သူမတူတန် ကဲလွန်လုံ့လ


ဝီရိယဓာတ်ကြီးမြတ်တော် မူလှသော ရမ္မာဝတီ ဂိုဏ်းထောက် သာသနာပြု ဘွဲ့တံဆိပ်တော် ရ
ဂန္တကာရက ကျမ်းပြုအကျော် ကျေးဇူးရှင် ဒုတိယတောင်ကျောင်း ဆရာတော် ကြီးသည်
လောကီ၊ လောကုတ္တရာ နှစ် ဖြာသော ကျမ်းဂန်များ ကို ပြုစုတော် မူခဲ့သည်။ ပေထက်တင် ရေး
သားခဲ့သော ကျမ်းနှင့် ပုံနှိပ်ခဲ့သော ကျမ်း နှစ် မျိုးရှိခဲ့ရာ၊ အရေအတွက်အားဖြင့် ၂၁ ကျမ်း တိတိ
ရှိသည်ဟု သိမှတ်ကြသည်။ သို့ရာတွင် စုံစမ်းရသမျှမှာ ၁၇ ကျမ်းမျှသာ တွေ့ ရသည်။
ကွင်းအတွင်းရှိ မြန်မာသက္ကရာဇ်သည် ကျမ်းပြုပြီးစီးသည့်နှစ် ကို ပြသည်။

တွေ့ ရှိရသမျှ ကျမ်းများ မှာ (၁) ဥတုဘောဇန သံပေါက်ကျမ်း (၁၂၅၈)၊ (၂)


ပဋိစ္စသမုပ္ပာဒပကာသနီကျမ်း (၁၂၆၁)၊ (၃) မင်္ဂလာမြတ်ခေါင် ချီသော နာရဒဇာတ်တော်
ကြီးလင်္ကာ (၁၂၆၂)၊ (၄) ကပ္ပ၀ိနိစ္ဆယကျမ်း ဂ၁၂၇၀)၊ (၅) ဝေရမဏိသီလ၀ိနိစ္ဆကျမ်း (၁၂၇၂)၊
(၆) ၀ိသာခုပေါသထသုတ်နိဿ
ယသစ် (၁၂ရ၂)၊ (၇) သမ္မာဝါဒဒီပကကျမ်း (၁၂၇၄)၊ (၈)
သက္ကာယပဟာနကျမ်း (၁၂၇၄)၊ (၉) စောဒကာဒိဝိနိစ္ဆယကျမ်း (၁၂၇၅)၊ (၁၀)
သရဏဂုဏ်ဝိနိစ္ဆယကျမ်း၊ (၁၁) ၀ိဂ္ဂဟနယကျမ်း၊ (၁၂) ဝေရမဏိသင်္ခေပသမာဒါနကျမ်း၊ (၁၃)
ကာလိက၀ိနိစ္ဆယကျမ်း၊ (၁၄) ပက္ကနိကုဇ္ဇိဏကျမ်း၊ (၁၅) ဇမ္ဗူဒီပဣန္ဒိယနယ်ပုံကျမ်း (၁၂၈၂)၊
(၁၆) ရာဇက္ကမသင်္ခေပကျမ်း (၁၂၉၂)နှင့် (၁၇) ရခိုင်ရာဇ၀င်သစ်ကျမ်း (၁၂၉၃) တို့
ဖြစ်ကြသည်။

‘ဇမ္ဗူဒီပဣန္ဒိယနယ်ပုံကျမ်း’ကို ၁၂၉၀ ခု ၀ါခေါင်လ၌ မန္တလေးမြို့ဝါးတန်း


ဂုဏ၀တီ စာပုံနှိပ်တိုက်တွင် ရိုက်နှိပ်ခဲ့သည်။ “မဇ္ဈမဒေသ တိုင်းဌာနတွင် ပါဝင်သော
မြို့အသီးသီး၊ တိုင်းကြီးသော ဠသ် အရပ်ရပ်နယ်စုံ၊ စုံလင်သော အတိုင်းအထွာ၊
ဘုရားပွင့်တော် မူရာ ဒေသဌာန အသီးသီးတို့ကို ပါဠိတော် အလာ၊ မဟာဝင် ရာဇ၀င်တို့ဖြင့်
ပုရာဏ် အတန်တန်သော အထောက်အထားကိုးကားချက် အစုံအလင်တို့ဖြင့် စုံလင်ရေး
သားတော် မူအပ်သော ဇမ္ဗူဒီပ ဣန္ဒိယနယ်ပုံကျမ်း” ဟူ၍ ဖော်ပြထားသည်။

“မဟာဝိဟိက၊ နမပျံ့လှိုင်၊ ရခိုင်ပြည်ကြီး၊ မြို့အသီးသီးကို၊ ဘုန်းမီးနေလ၊


အစိုးရသော ၊ ရာဇရာဇာ၊ မင်းတကာတို့၏ ၊ ခြင်းရာဋ္ဌုပ္ပတ်၊ အရပ်ရပ်ကို၊ နာဂတ်နောင်လာ၊
လူတကာတို့၊ ကောင်းစွာ သိရှိကြစေရန် ရမ်းပြည့်မြို့တောင်ကျောင်းဆရာတော်
ဘုရားကြီးသည် အသီးသီးသော ရာဇ၀င်တို့မှထုတ်နုတ်၍ အကျဉ်းချုပ် စီမံရေး သားတော်
မူအပ်သော ရာဇက္ကမသင်္ခေပကျမ်း” ဟူ၍ ရေး သားထားသည်။ ၁၂၉၃ခု ပထမ၀ါဆိုလ၌
မန္တလေး ၀ါးတန်း ဂုဏ၀တီစာပုံနှိပ်တိုက်တွင် ပထမအကြိမ် ရိုက်နှိပ်သည်။ ၁၃၃၁ခု
ပြာသိုလ၌ ရန်ကုန်ကျောက်မြောင်း ရွှေမြို့တော် စာပုံနှိပ်တိုက်တွင် ဒုတိယအကြိမ်
ပုံနှိပ်ထုတ်ဝေသည်။

‘ရခိုင်ရာဇ၀င်သစ်ကျမ်း’ ပထမအုပ်ကို ၁၂၉၃ ခု တပို့တွဲလတွင် လည်းကောင်း၊


ဒုတိယတွဲကို ၁၂၉၃ ခု ကဆုန်လတွင် လည်းကောင်း မန္တလေးမြို့ဟံသာဝတီ ပိဋကတ်
စာပုံနှိပ်တွင် ဆရာ ဦးဘရင် ကြီးကြပ်ပြင်ဆင်၍ ပထမအကြိမ် ရိုက်နှိပ်ခဲ့သည်။ တစ်ဖန်
ရန်ကုန် ရခိုင်သားကြီးစာပေက ဒုတိယအကြိမ်အ ဖြစ် ပထမတွဲကို ၁၅ ဇူလိုင် ၁၉၉၇၊
ဒုတိယတွဲကို နိုဝင်ဘာ ၁၉၉၇ တွင် ထုတ်ဝေခဲ့သည်။ “တစ်ရာ့တစ်စင်း၊ မင်းထက်မင်းတို့၊
ခွန်သွင်းဝင်ပါ၊ မဟာဝိဟိက၊ ရက္ခပူရ၊ နာမပျံ့လှိုင်၊ ရခိုင်ပြည်ကြီး၊ မြို့အသီးသီးတွင် ၊
ဘုန်းမီးနေလ၊ အစိုးရကြသော ၊ မဟာသမ္မတ၊ သကျသာကိန်၊ အသမ္ဘိန်ဟု၊ ရာဇိန်သက်ဆင်း၊
ရခိုင်မင်းတို့၏ ၊ ခြင်းရာဋ္ဌုပ္ပတ်၊ ဖြစ်ပျက်ဇာတ်ကို၊ နာဂတ်နောင်လာ၊ မျိုးလေးဖြာတို့၊ ကောင်းစွာ
သိစေရန်၊ ရည်ရွယ်သန်၍ ” ရေး ကြောင်း ဖော်ပြထားသည်။ “ဗဒုံမင်း လက်ထက်မှ
အင်္ဂလိပ်တို့ သိမ်းယူသည်အထိ ရာဇ၀င်ကြောင်းနှင့် ဗဒုံမင်း လက်ထက်မြောက်ဦးတွင်
အုပ်ချုပ်သည့် မြို့ဝန်များ စာရင်း၊ ရမ်းပြည့်ကိုအုပ်ချုပ်သည့် မြို့ဝန်၊ မြို့သူကြီးများ စာရင်း၊ ခုနှစ်
သက္ကရာဇ်နှင်တကွ ဖော်ပြသည်မှာ သမိုင်းတန်ဖိုးရှိသည်။ ရမ်းပြည့် ဆရာတော် ၏
ရခိုင်ရာဇ၀င်သစ်ကို လူသိ များ သည်။ များ စွာ အားကိုးအားထားပြုကြ၊ ကိုးကားကြသည်” ဟု
ဒေါ်ကြန်က မှတ်ချက်ပေးသည်။

၁၂၉၃ ခု တန်ဆောင်မုန်းလကွယ်နေ့ ( ၉ ဒီဇင်ဘာ ၁၉၃၁) သက်တော် ၇၀၊


ဝါတော် ၅၁ ၀ါ တွင် ဘ၀နတ်ထံ စံလွန်တော် မူသည်။

[စာကိုး။ ။ (၁) အရှင်သုမန၊ ငါးဆက်မြောက်တောင်ကျောင်းဆရာတော် ၊


‘ကျေးဇူးတော် ရှင် တောင်ကျောင်းဆရာတော် ဘုရားကြီး အရှင်စန္ဒမာလာလင်္ကာရ
မဟာထေရ်၏ ထေရုပ္ပတ္တိအကျဉ်း’၊ ရခိုင်စာအုပ်စာတမ်း ဖြစ်စဉ် အမှတ် ၂ (အောက်တိုဘာ
၁၉၉၅)၊ စာ ၉-၁၆။ (၂) မြထွန်းအောင်။ ရခိုင်စာအုပ်စာတမ်း ဖြစ်စဉ် မှတ်တမ်းအညွှန် (မတ်
၂၀၀၅)။ စာ ၂၅-၂၇။ (၃) မကြန်။ 'ရခိုင်ရာဇ၀င်ကျမ်းများ (ပဏာမလေ့လာချက်)'၊ မြန်မာသစ်
ရသစုံမဂ္ဂဇင်း (စက်တင်ဘာ ၂၀၀၅)။ စာ ၆၁-၆၃။]


(၈)
ဦးကျော်ထွန်း [၁၈၆၄-၁၉၃၅]

ရွှေတောင်မြို့၌ အဖ ပွဲစားကြီး ဦးကျော်၊ အမိ ဒေါ်နှင်းလှတို့က မြန်မာသက္ကရာဇ်


၁၂၂၆ ခု တော် သလင်းလဆန်း ၅ ရက် (၅ စက်တင်ဘာ ၁၈၆၄) တနင်္လလာနေ့တွင်
မွေးဖွားခဲ့သည်။ မွေးချင်း ၉ ယောက် ရှိရာ အစ်မကြီး နှစ် ယောက် ၊ ညီ နှစ် ယောက် နှင့် ညီမ
လေးယောက် တို့ ဖြစ်ကြသည်။

ငယ်စဉ် က ရွှေတောင်မြို့ဆရာတော် ဦးက၀ိထံ၌ စတင်ပညာသင်ယူသည်။


သဒ္ဒါကြီး ရှစ်စောင်မှ စ၍ သဒ္ဒါကျမ်းဆိုင်ရာကျမ်းအစုံကို သင်ယူ ပေါက်မြောက်သည်။ ၁၇ နှစ်
တွင် ရှင်သာမဏေပြုကာ စာဆက်သင်ခဲ့သည်။ သာမဏေဘ၀ဖြင့် မန္တလေး
မကုဋရာဓဆရာတော် ၊ မဲကျောင်းဆရာတော် ၊ လုံတော် ဆရာတော် တို့ထံတွင် ပါဠိတော် ၊
အဋ္ဌကထာ၊ ဋီကာ စသော ပါဠိဘာသာ ကျမ်းဂန်များ သာမက သက္ကတကျမ်းများ ကိုပါ
သင်ယူပြီးနောက် ရှင်လိင်ပြန်ခဲ့သည်။ ၂၀ နှစ် အရွယ်၌ ရွှေတောင်မြို့ အင်္ဂလိပ်-မြန်မာ
စာသင်ကျောင်းတွင် သင်ကြားခဲ့ပြန်သည်။ အသက် ၂၁ နှစ် တွင် ပြည်မြို့၌ ဖြေဆိုရာ
အလယ်တန်းကို ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ပါသည်။ ရန်ကုန်သို့ ပြောင်းရွှေ့ပညာသင်သည်။
ဗင်္ဂလား ၉ တန်း စာမေးပွဲ (ကာလကတ္တား တက္ကသိုလ်ဝင်စာမေးပွဲ) ကို ၂၄ နှစ် အရွယ်တွင်
ဖြေဆိုအောင်မြင်ခဲ့သည်။ အစိုးရတာ ၀န်ထမ်းဆောင်ရင်းပင် ၁၉၁၄ တွင်
မွန်ဘာသာစာမေးပွဲ အောင်မြင်ခဲ့ပြန်သည်။

အောင်လံမြို့ အင်္ဂလိပ်-မြန်မာ မြူနီစပယ်ကျောင်းတွင် ကျောင်းဆရာအ ဖြစ်


စတင် အမှု ထမ်းသည်။ ၂ နှစ် အကြာ မုံရွာ ငွေတိုက်စိုးရုံးသို့ ငွေစာရင်းကိုင်စာရေး အ ဖြစ်
ပြောင်းရွှေ့ တာဝန်ယူသည်။ များ မကြာမီမှာ ပင် အရေး ပိုင်းရုံးတွင် စာရေး ကြီးချုပ်၊ ထိုမှ
အခွန်ဝန်ရာထူးသို့ တိုးမြှင့်ခန့်အပ်ခံရသည်။ ထိုရာထူးဖြင့် ရွှေဘို၊ ထိုမှတစ်ဖန် ထီးချိုင့်သို့
မြို့ပိုင်အ ဖြစ် ပြောင်းရွှေ့တာဝန်ယူရာမြို့ပိုင်အလုပ်အပြင် ငွေတိုက်အရာရှိ၊ ပညာအုပ်
တာဝန်များ ကို ပူးတွဲထမ်းဆောင်ခဲ့သည်။ ထို့နောက် ကသာမြို့သို့ ငွေတိုက်ဝန်ထောက်အ ဖြစ်
ပြောင်းရွှေ့လုပ်ကိုင်ခဲ့ရပြန်သည်။

ထို့နောက် မအူပင်၊ ဓနုဖြူ၊ ဖျာပုံ၊ ကျောက်တန်း၊ တိုက်ကြီး၊ ဘားအံစသည့် မြို့များ


တွင် ငွေတိုက်ဝန်ထောက်၊ နယ်ပိုင်ဝန်ထောက်အ ဖြစ် ပြောင်းရွှေ့အမှု ထမ်းခဲ့သည်။ ၁
ဇန်န၀ါရီ ၁၉၁၃ တွင် အင်္ဂလိပ်အစိုးရက ချီးမြှင့်သော ကျက်သရေဆောင် ရွှေစလွယ်ရမင်း
(ကေအက်စ်အမ်) ဘွဲ့ကို ရရှိခဲ့၏ ။ တစ်ဖန်သထုံမြို့သို့ ပြောင်းရွှေ့ခဲ့ရပြန်သည်။ ၁၉၁၆ တွင်
ပညာရေး ဌာနက တာဝန်ပေးအပ်သဖြင့် မြန်မာစာညွန့်ပေါင်းကျမ်း ကြီးကြပ်ပြုစုရန်
အထူးအရာရှိအ ဖြစ် ရန်ကုန်မြို့သို့ ပြောင်းရွှေ့ခဲ့ရသည်။ ထိုတာဝန်တွင် တစ်နှစ် ခွဲခန့်
ထမ်းဆောင်ပြီးမြောက်လျှင် သထုံသို့ နယ်ပိုင်ဝန်ထောက်အ ဖြစ် ပြန်ရောက်ခဲ့သည်။ ၁၉၁၈
တွင် သထုံ၌ ပင် အရေး ပိုင် ရာထူးသို့ တိုးမြှင့်ခန့်အပ်ခံရသည်။ ထိုခေတ် ထိုအခါကသော်
မြန်မာလူမျိုးအတွက် အမြင့်ဆုံးရာထူး ဖြစ်ခဲ့ပါသည်။ တစ်ဖန် မင်းဘူးမြို့သို့ အရေး ပိုင်အ ဖြစ်
ပြောင်းရွှေ့ပြီးနောက် တစ်နှစ် နှင့် ခြောက်လခန့်ကြာသော် အငြိမ်းစားယူကာ သထုံမြို့တွင်
အခြေချခဲ့တော့သည်။

သက္ကရာဇ် ၁၂၈၄ ခု ၀ါဆိုလတွင် သထုံမြို့၌ ‘သုဝဏ္ဏဘူမိ ပရိယတ္တိ


သာသနဟိတအသင်း’ ကို စတင် ဖွဲ့စည်းရာတွင် ဦးဆောင်ပါဝင်ခဲ့သည်။ မော်လမြိုင်
ရှင်မဟာဗုဒ္ဓဃောသ ဗုဒ္ဓဘာသာ အမျိုးသားကျောင်း စတင် တည်ထောင်သူများ တွင် လည်း
တစ်ဦးအပါအ၀င် ဖြစ်သည်။ ထိုကျောင်း စတင်ဖွင့်လှစ်သော နေ့တွင် ဖတ်ကြားသော
ရတုကိုပင် သီကုံးပေးခဲ့သည်။ ထို့ပြင် အင်္ဂလိပ်အစိုးရ လက်ထက်တွင် အင်္ဂလိပ်-မြန်မာ
ကျောင်းများ ၌ ဗုဒ္ဓဘာသာကို ဘာသာတစ်ရပ်အ ဖြစ် သင်ကြားရေး ဆောင်ရွက်နိုင်ရန်
ကော်မတီတစ်ရပ် ဖွဲ့စည်းရာတွင် လည်း ဥက္ကဋ္ဌအ ဖြစ် ဆောင်ရွက်ခဲ့သည်။ စာပေဘက်တွင်
ဗဟုသုတ ပညာဥာဏ် ကြီးမားရုံမျှမက စာပေကြီးပွားရေး နှင့် အမျိုးသား ကြီးပွားရေး
ကိုလည်း ဆောင်ရွက်ခဲ့သူ ဖြစ်ပါသည်။ ထို့ကြောင့် ၂၉ ဇူလိုင် ၁၉၃၂ တွင်
ရန်ကုန်တက္ကသိုလ်က မဟာဝိဇ္ဇာဘွဲ့ထူးဖြင့် ချီးမြှင့် ဂုဏ်ပြုခဲ့ပါသည်။
ရန်ကုန်တက္ကသိုလ်အုပ်ချုပ်ရေး အဖွဲ့တွင် လည်း အဖွဲ့ဝင်တစ်ဦးအ ဖြစ် ပါဝင်ခဲ့ရသည်။

အငြိမ်းစားဘ၀နှင့် သထုံမြို့၌ နေစဉ် အိန္ဒိယနှင့် သီဟိုဠ် (သီရိလင်္ကာ) သို့


ဘုရားဖူးသွားခဲ့သည်။ ထိုမှအပြန် ၉ မတ် ၁၉၂၃ တွင် သထုံမြို့ နေမိန္ဒရတောင်ကုန်းပေါ်၌
ညောင်လွန်တောရကျောင်း ဆရာတော် ဦးမေဓာဝီနှင့် နောက်ပါသံဃာတော် များ
သိမ်သမုတ်ပေးစဉ်ပင် ညောင်လွန်တောရ ဆရာတော် ကို ဥပဇ္ဈယ်ပြု၍ ရဟန်းဘောင်သို့
ကူးပြောင်းခဲ့သည်။ ရဟန်းဘွဲ့မှာ ဘဒ္ဒန္တကောဏ္ဍည ဖြစ်ပါသည်။ ရဟန်း ငါးဝါတိုင်အောင်
တရားအားထုတ်ခဲ့သည်။ ထို့နောက်လူဝတ်လဲကာ စာပေဆိုင်ရာ ကိစ္စအ၀၀ကို
ဆောင်ရွက်ခဲ့ပါသည်။

ထိုကာလတွင် ပင် ပုသိမ်မြို့ အငြိမ်းစား ရာဇ၀တ်ဝန် ဦးကျော်ဇံက “ပုသိမ်-


ပုသိန်-ပသိမ် ရေး ထုံး” အဆုံးအဖြတ်ပေးပါရန် အရေး ပိုင်မင်း ဦးကျော်ထွန်းထံ
တောင်းပန်စာ ပို့ခဲ့သည်။ ဦးကျော်ထွန်း၏ အဆုံးအဖြတ်ပေးသည့်စာကို ပုသိမ်မြို့ ရဲတပ်
ဗိုလ်မှူးကြီး ဦးဘဂျမ်းက ကူးယူ၍ တိုးတက်ရေး မဂ္ဂဇင်းတိုက်သို့ ပို့လိုက်ရာ တိုးတက်ရေး
မဂ္ဂဇင်း (စက်တင်ဘာ ၁၉၃၄) တွင် ဖော်ပြလိုက်ပါသည်။ ဤတွင် တိုးတက်ရေး မဂ္ဂဇင်း
(အောက်တိုဘာ ၁၉၃၄) တွင် မန္တလေး ဟံသာဝတီတိုက် အယ်ဒီတာဟောင်း ဦးဘရင်
(ဟံသာဝတီ ဦးဘရင်) က “အရေး ပိုင်မင်း ဦးကျော်ထွန်း၏ ဆုံးဖြတ်ချက်ကို
တွန်းလှန်ချေပချက်” ဟူ၍ သဘောအယူအဆချင်း မကိုက်ညီသည်များ ကို အချေအတင်ရေး
သားခဲ့သည်။ ဦးဘရင်၏ တင်ပြချက်နှင့် ပတ်သက်၍ တိုးတက်ရေး မဂ္ဂဇင်း (ဖေဖော်ဝါရီ၊ မတ်
၁၉၃၅) တွင် နှစ် လဆက၍ “ဦးဘရင်၊ ဟံသာဝတီ စာပုံနှိပ်တိုက် အယ်ဒီဟောင်း၏ ပုသိန်၊
ပုသိမ်၊ ပသိမ် အတွက် စောဒနာချက် များ ကို ပြန်လည်ဖြေရှင်းထားချက်” ခေါင်းစီးဖြင့် အရေး
ပိုင်မင်း ဦးကျော်ထွန်းကတုံ့ပြန် ရေး သားခဲ့သည်။ နိဂုံးတွင် -

“ကျွန်ုပ်၏ ဆုံးဖြတ်ချက်များ ကို မှားသည်ဟုဆို၍ ဦးဘရင်က တင်အပ်သော


အပြစ်ဒေါသ ဟူသမျှကို သဒ္ဒါနည်း၊ အလင်္ကာနည်း၊ နျာသနည်း၊ နေတ္ထိနည်း၊ ဓမ္မနည်း၊
ဝိနယနည်းတို့နှင့် အညီ ရှင်းလင်းပယ်ဖျက်နိုင်ပြီ ဖြစ်၍ ပညာရှိတို့က ကျွန်ုပ်တို့၏
ဆုံးဖြတ်ချက်တို့ကို မှန်ပါပေ၏ ဟု မှတ်ယူလောက်ပြီဟု ထင်ပေသည်။ ထို့ကြောင့်
ဤစာတမ်းကို ဤမျှဖြင့် အဆုံးသတ်လိုက်ပြီ” ဟူ၍ ဖော်ပြထားသည်။ ဟံသာဝတီ ဦးဘရင်၏
ပြန်လှန်ရေး သားချက် တစ်စုံတစ်ရာကိုမျှ မတွေ့ ရတော့ချေ။

ပြုစုခဲ့သော ကျမ်းများ မှာ ကိုးခန်းပျို့ဋီကာ ကျမ်းကြီး၊ မြန်မာစာညွန့်ပေါင်းကျမ်း


လေးတွဲ၊ ပဏာမ မဉ္စရီ၊ နိဗ္ဗာနတ္ထ ၀ိစရဏကျမ်း၊ နိဗ္ဗာနတ္ထ ၀ိသဇ္ဇနာကျမ်း၊ နိဗ္ဗာနတ္ထ
ဝိဘာဝနီကျမ်း စသည်တို့ ဖြစ်ကြသည်။ မုံရွာ အရေး ပိုင်ရုံး အခွန်ဝန်ဘ၀တွင်
“ပါဠိအဘိဓာန်ကျမ်းကြီး” ကို ကနဦးအစ ကျမ်းပြုရေး သား အောင်မြင်ပြီးမြောက်ကြောင်း
အမှတ်အသားရှိသည်။

‘ကိုးခန်းပျို့ဋီကာ ကျမ်းကြီး’ ဟူ၍ ဖြစ်သည်။ ကသာမြို့


ငွေတိုက်ဝန်ထောက်ဘ၀တွင် ကိုးခန်းပျို့ဋီကာကျမ်း ပထမတွဲနှင့် ဒုတိယတွဲ ကို စတင်ပြုစု ရေး
သားခဲ့ပါသည်။ ၁၂၆၆ ခုနှစ် ၀ါဆိုလဆန်း ၁၃ ရက် တနင်္ဂနွေနေ့တွင် မအူပင်
ငွေတိုက်ဝန်ထောက် လုပ်နေစဉ် ပြီးစီးခဲ့ပါသည်။ “ဟတ္ထိပါလ တောထွက်ခြင်း ပထမအခန်းကို
ပထမတွဲ ပြုလုပ်၍ ရှေးက နှစ် ကြိမ် ပုံရိုက်ထုတ်ဖြန့်လေပြီ” ဟူသော ဖော်ပြချက်ကြောင့်
လည်းကောင်း၊ “၀န်ထောက်မင်း မောင်ကျော်ထွန်း ရေး သားစီရင်သော ဂုဠတ္ထဒီပိကာ အမည်
ရှိသော ကိုးခန်းပျို့ဋီကာ။ အဖိုးငွေ ၁ိ-၈ဲ။ ၎င်းစာအုပ် မျက်နှာပါတ် ၃၃၆ ရှိသည်။ ပျို့လင်္ကာကို
လောကီလောကုတ္တရာ ကျမ်းဂန်တို့မှ အကိုးအကား အထောက်အထားပြုပြီးလျှင်၊
ပေါရာဏဝေါဟာရ စကားများ ပါ အဓိပ္ပာယ်ရှင်းလင်းစွာ ရေး သားဖော်ပြ၍ လွန်စွာ
မှတ်သားရန်ကောင်းသော စာအုပ် ဖြစ်ပါကြောင်း။ (၎င်းကျမ်းတွင် ပါရှိသော အချက်ကို
အကျဉ်းအမြွက်မျှ ဖော်ပြပေးအံ့)” ဟူ၍ ရေး သားပြီး၊ အဆုံးတွင် “ဤပထမတွဲ စာအုပ်သည်
ဟတ္ထိပါလ အခန်းအတွက်သာ ပြီးပါသေးသည်။ ကျန်သော ရှစ်ခန်းကို ယခု အကုန် ဒုတိယတွဲ
ပြုလုပ်၍ ပုံရိုက်ဆဲ ဖြစ်ပါကြောင်း” ဟုဆက်လက် ဖော်ပြထားသော ‘စာအုပ်အမျိုးမျိုး၊
ပိဋကတ်သုံးပုံ၊ အဋ္ဌကထာနိသျ၊ ရောင်းရန်နှုန်းစာရင်း၊ ဧရာဝတီစာပုံနှိပ်တိုက်၊ စဥ့်အိုးတန်း၊
ရန်ကုန်။ ၁၉၀၅ ခု ဇူလိုင်လ ၁၉ ရက်နေ့’ အထောက်အထားကြောင့် လည်းကောင်း
ပထမတွဲကို ၁၉၀၅ ခုတွင် ဧရာဝတီ စာပုံနှိပ်တိုက်မှာ စက်တင်ပုံနှိပ်သည်ဟု ယူသော် ရမည်
ထင်ပါသည်။

ဒုတိယတွဲတွင် ကျန်ရှစ်ခန်းကို ရေး ကြောင်း၊ တစ်ကြိမ်သာ ပုံနှိပ်ကြောင်း


ဖော်ပြချက်ရှိသည်။ မည် သည့်နှစ် တွင် ပုံနှိပ်ကြောင်း မသိရပေ။ ပထမတွဲ၊ ဒုတိယတွဲ
ပေါင်းရုံး ရိုက်နှိပ်သည့်အခါ “က၀ိအကျော် သျှင်မဟာရဋ္ဌသာရ ဆရာတော် စပ်ဆိုအပ်သော
စတုဓမ္မသာရ ကိုးခန်းပျို့နှင့် ၎င်းပျို့၏ အနက်အဓိပ္ပာယ်များ ကို အကျယ်ဖွင့်လှစ်၍ သထုံ၊
မကွေး၊ မင်းဘူး စီရင်စု အရေး ပိုင်ဟောင်း ပင်ရှင် အငြိမ်းစား ကျက်သရေဆောင်
ရွှေစလွယ်ရမင်း ဦးကျော်ထွန်းသည် ပိဏ္ဍတ္ထ စကားပြင်နှင့် တကွ စီရင်အပ်သော
ဂုဠတ္ထဒီပိကာ အမည် ရှိသော ကိုးခန်းပျို့ဋီကာကျမ်းကြီး။ ပေါရာဏကထာသူစီ-သာရသူစီ
တို့နှင့် တကွ တတိယအကြိမ် ပြင်ဆင်ပုံနှိပ်သည်။ မူပိုင်စာအုပ်ရှင် မခင်စော(ဦးကျော်ထွန်း၏
သမီး)။ ညောင်ဝိုင်းရင်၊ သထုံမြို့ ၁၂၈၉ ခုနှစ် တွင် သထုံမြို့ ရွှေထုံနဂရာ စာပုံနှိပ်တိုက်၌
ပုံနှိပ်သည်။ စာအုပ်ရေ [၁၀၀၀]၊ စာအုပ်အဖိုး (၁) အုပ် ၅ိ” ဟူ၍ ဖော်ပြပါရှိသည်။

ဂန္ထလောက (ဖေဖော်ဝါရီ ၁၉၃၀)၊ 'ဝေဖန်စာ' တွင် ယခုကျမ်းကြီးမှာ “......


ပေါရာဏစကားနှင့် တကွ အနှစ် သာရနှင့် ပြည့်စုံသော စကားတို့ကို အလွယ်တကူ
ရှာဖွေကြည့်ရှုနိုင်ခြင်း အကျိုးငှာ ပေါရာဏကထာသူစီ၊ သာရသူစီ ဟူ၍ အက္ခရာစည်နှင့်
ကျမ်းအဆုံးတွင် ပြလျက်ထားသည် တစ်ကြောင်း၊ စာကိုယ်တွင် လည်း ပေါရာဏစကားတို့ကို
‘မျက်နှာမည်းခေါ်’ စာလုံးထင်များ နှင့် ရိုက်နှိပ်ထားသည် တစ်ကြောင်း၊ အစိတ်စိတ်
အဓိပ္ပာယ်၊ စကားပြင် အဓိပ္ပာယ်စသည်အားဖြင့် ကောင်းမွန်စွာ တန်ဆာဆင်အပ်သည့်
စာမျက်နှာ ၅၇၉ ခန့် ရှိသော ကျမ်းကြီး ဖြစ်သဖြင့် ပြည့်စုံဖွယ်ရှိသည် တစ်ကြောင်း
စသည်တို့ကြောင့် မြန်မာစာပေ လေ့လာလိုသူတို့အဖို့ များ စွာ အသုံးဝင်သော ကျမ်းကြီးပင်
ဖြစ်လိမ့်မည် ဟု ယုံကြည်ရန် အကြောင်းရှိပေသည်” ဟူ၍ ရေး ခဲ့သည်။
သိပ္ပံမောင်ဝကလည်း “..... အချို့နေရာ၌ ဦးကျော်ထွန်း၏ အယူအဆမှာ
အနည်းငယ်ချွတ်ချော်နေသည်ဟု ဆရာကြီး အချို့က ပြောသည်ကို ကြားဖူး၏ ။ ဤသို့
ချွတ်ချော်သော အချက် အနည်းငယ်ပင် ပါဝင်နေစေကာမူ ယခုကာလ ထုတ်ဝေရောင်
းချလျက်ရှိကြသော ကိုးခန်းပျို့ အဖြေစာအုပ်များ ထက်ကား အဆ အရာ အထောင်မက
သာလွန် ကောင်းမွန်လေသည်” ဟု မှတ်ချက်ပေးသည်။

‘မြန်မာစာညွန့်ပေါင်းကျမ်းလေးတွဲ’ ကို ၁၉၂၁-၃၁ အတွင်း အစိုးရပုံနှိပ်တိုက်မှ


ရိုက်နှိပ်ထုတ်ဝေခဲ့သည်။ ဦးကျော်ထွန်းက အယ်ဒီတာအ ဖြစ် ဆောင်ရွက်၍ ၊
လက်ထောက်အယ်ဒီတာများ ဖြစ်ကြသော ဦးသန့်ဇင် (မန္တလေး)နှင့် မှော်ဘီဆရာသိန်းတို့၏
အကူအညီယူကာ အတွဲ ၄ တွဲ ရှိသော ထိုကျမ်းကြီးကို ပြုစုခဲ့ပေသည်။ နယ်ချဲ့အစိုးရ၏
ရည်ရွယ်ရင်းမှာ ကျောင်းသားများ ကို အင်ပိုင်ယာစွဲဝါဒ သွတ်သွင်းရေး တွင် အသုံးချဖို့ပင်
ဖြစ်သည်။ သို့သော် မြန်မာစာဟောင်း ပေဟောင်းများ မှ အကောင်းဆုံး၊ အညွန့်ဆုံးတို့ကို
ရှာဖွေရွေးချယ်ထည့်သွင်းထားသည်။ ပျို့၊ ကဗျာ၊ လင်္ကာ၊ အဲ၊ အန်၊ ရတု၊ မော်ကွန်း၊ ဧချင်းမှအစ
စကားပြေ အမျိုးမျိုးတို့ကိုပါ ဆစ်ပိုင်းနုတ်ကောက်၍ ရုံးပေါင်းစီစဉ်ထားသည်မှာ မြန်မာစာပေ
ဘဏ္ဍာတိုက်ကြီးသဖွယ်ပင် ဖြစ်သည်။ “မြန်မာစာညွန့်ပေါင်းကျမ်း လေးတွဲမှာ ပစ္စက္ခ
မြန်မာစာပေသမိုင်း၌ မှတ်တိုင်တစ်တိုင်အလား ထင်ရှားသော ကျမ်း ဖြစ်သည်။
စာပေသုတေသီတိုင်း လက်မလွှတ်နိုင်အောင် လေ့လာရသော ကြီးကျယ်ခမ်းနား
စုံလင်လှသော ကျမ်းလည်း ဖြစ်သည်” ဟူ၍ မြင့်ဆွေက မှတ်ချက်ချသည်။

“မြန်မာ့မဟာဂီတ သီချင်းကြီးများ အတွက် သုတေသနပြုရာ၌


မြန်မာစာညွန့်ပေါင်းကျမ်းသည် ယနေ့ထက်တိုင်လက်လွှတ်၍ မရသော ကျမ်းတစ်ဆူ” ဟု
သုတေသီ ရာမညကိုကိုနိုင်က ဖွင့်ဟခဲ့သည်။ စွန့်ဦးတီထွင်လုပ်ငန်း ဖြစ်ရာ အမှာ
းမကင်းနိုင်သည်မှာ သဘာဝပင် ဖြစ်သည်။ မြန်မာစာညွန့်ပေါင်းကျမ်း ‘ဘိုးတော် ဘုရား
လက်ထက်ရေး စည်တော် သံများ ’ အမည် တပ် ထည့်သွင်းစာ၌ “ကူရေဖန်အောင်
ပြည်ထီးဆီက၊ အောင်စည်ကြီး ရွမ်းဆော်” အစချီ စည်တော် သံကဗျာမှာ မစ္စတာမောင်မှိုင်း
အမည် ခံဆရာကြီး ဦးလွန်း ရေး ကြောင်းကို ဆရာကြီး ကိုယ်တိုင် ထောက်ပြခဲ့သည်။ “...
မြန်မာစာညွန့်ပေါင်းကျမ်းတွင် မှားယွင်းချွတ်ချော်သော အချက် အနည်းငယ် ပါသည်ဟု
ထုတ်ဖော် ညွှန်ကြားကြကုန်၏ ။ စာအုပ်ကြီး ၄ အုပ်တွင် ပါဝင်သော စာ မြောက်မြားစွာ ကို
စုဆောင်းရာ၌ အမှားအယွင်း အနည်းငယ်ပါသည်ကို အပြစ်ဆိုစရာ မရှိပေ။ မည်
သည့်ပုဂ္ဂိုလ်အားမဆို ဤတာဝန်ကြီးကိုလွှဲအပ်စေကာမူ အနည်းငယ် ချွတ်ချော်သော
အချက်များ ပါဝင်နေမည် ပင် ဖြစ်လေသည်။ ဤမျှ ရှုပ်ထွေးကြီးလေးသော တာဝန်ကို
ဆောင်ရွက်ရာ၌ အမှားမပါဘဲ အားလုံး အမှန်ချည်း ဖြစ်နိုင်မည် မဟုတ်ပေ။ သို့ ဖြစ်သော
ကြောင့် ဦးကျော်ဒွန်းအား အပြစ်မတင်သာပေ။ အကောင်းဆုံးကား အကယ်တန္တု မှာ
းယွင်းနေသော အချက်များ ကို ဒုတိယအကြိမ် ပုံနှိပ်သော အခါ ပြုပြင်ပုံနှိပ်ရန်သာရှိလေသည်။
ဤမျှ ကြီးလေးသော ၀တ္တရားကို ဆောင်ရွက်နိုင်သည်ကိုပင် ချီးမွမ်းရလေတော့သည်” ဟု
သိပ္ပံမာင်ဝက ရေး ခဲ့သည်။

ဦးကျော်ထွန်းသည် ‘ဦးဘရင် ဟံသာဝတီ စာပုံနှိပ်တိုက် အယ်ဒီတာဟောင်း၏


ပုသိန်၊ ပုသိမ်၊ ပသိမ် အတွက် စောဒနာချက်များ ကို ပြန်လည်ဖြေရှင်းထားချက်’ ဆောင်းပါးကို
တိုးတက်ရေး မဂ္ဂဇင်းတွင် ၁၉၃၅ ခု ဖေဖော်ဝါရီနှင့် မတ်လ နှစ် လဆက်၍ ရေး
သားခဲ့ကြောင်း ရှေ့တွင် တင်ပြခဲ့ပေပြီ။ ဦးကျော်ထွန်းသည် ၁၂၉၇ ခု ကဆုန်လပြည့်ကျော် ၂
ရက် (၁၈ မေ ၁၉၃၅) သထုံ၌ ကွယ်လွန်ခဲ့ပါသည်။ ထို့ကြောင့် အမျိုး၊ ဘာသာ၊ စာပေ
ကြီးပွားတိုးတက်ရေး အတွက် သေသည့်တိုင်အောင် အကျိုးဆောင်သွားသည့် ပုဂ္ဂိုလ်ကြီးဟု
ယူသော် ရမည် ထင်ပါသည်။ “.....နောင်အခါ ဤခေတ် စာပေအကြောင်း ဂန္ထ၀င်ကို ရေး
သားသော အခါ အရေး ပိုင်မင်း ဦးကျော်ဒွန်းအား မမေ့ထားဘဲ ထည့်သွင်းထားရန်
ဖြစ်လေသည်” ဟူ၍ သိပ္ပံမောင်ဝက ဆော်သြခဲ့ပေသည်။

[စာကိုး။ ။(၁) သုတေသီ ရာမညကိုကိုနိုင်။ 'သုဝဏ္ဏဘူမိမှ စာဆိုတော် '၊


သုဝဏ္ဏဘူမိသထုံအသင်းမဂ္ဂဇင်း (ဒီဇင်ဘာ ၁၉၉၆)။ စာ ၅၄-၅၆။ (၂) ဗိုလ်မှူးချုပ်ခင်အုန်း
(အငြိမ်းစား)။ 'သုဝဏ္ဏဘူမိ ပရိယတ္တိသာသနဟိတအသင်း သမိုင်းအစ'၊-ထို-။ စာ ၄၇-၅၁။
(၃) 'ဦးကျော်ထွန်း'၊ မြန်မာ့စွယ်စုံကျမ်း အတွဲ (၂)၊ နောက်ဆက်တွဲ။ စာ ၅၀၁-၅၀၂။ (၄)
မေမြို့မိုးကြည်။ မြန်မာစာပေတိုက်ပွဲ (၂ ကြိမ်၊ ၁၉၇၁)။ စာ ၃၁၄-၃၄၃။ (၅) သိပ္ပံမောင်ဝ။
'ဦးကျော်ဒွန်း'၊ စာပေယဉ်ကျေးမှု (၂ ကြိမ်၊ ၂၀၀၆)။ စာ ၃၂၀-၃၂၄။ (၆) စံပြတင်ဦး။
မြန်မာစာရေး ဆရာအဘိဓာန် (၁၉၇၄)။ စာ ၆၅-၆၈။ (၇) မြင့်ဆွေ။ 'ဦးကျော်ထွန်း ၃ ဦး'၊
ငွေတာရီ(မေ ၁၉၇၇)။ စာ ၂၉-၃၂။ (၈) 'ဝေဖန်စာ'၊ ဂန္ထလောက (ဖေဖော်ဝါရီ ၁၉၃၀)။ စာ
၄၈-၄၉။ (၉) စာအုပ္အမ်ိဳးမ်ိဳး၊ ပိဋကတ္သံုးပံု အ႒ကထာနိသ်။ ရောင်းရန်နှုန်းစာရင်း၊
ဧရာဝတီစာပုံနှိပ်တိုက်၊ စဥ့်အိုးတန်း၊ ရန်ကုန် (၁၉၀၅)။ စာ ၁၁-၁၂။ (၁၀) သင်္ခါ။ 'စာတတ်နှင့်
စာမှတ်'၊ တိုးတက်ရေး မဂ္ဂဇင်း (နံပါတ် ၄၇)။ စာ ၄၈-၅၀။]


(၉)
ကျောက်စာဝန် တော် စိန်ခို [၁၈၆၄-၁၉၃၀]

မော်လမြိုင်မြို့ ရွှေတောင်ရပ်၌ အဖ ကုန်သည် တော် စိန်စွန်း၊ အမိ ဒေါ်နုတို့က ၇


ဒီဇင်ဘာ ၁၈၆၄ တွင် မွေးဖွားသည်။ မိဘများ မှာ ကုန်သည်များ ဖြစ်ရာ၊ ရတနာပုံ
နေပြည်တော် မှတစ်ဆင့် ဗန်းမော်မြို့တွင် သွားရောက် အခြေစိုက်သည်။

၅ နှစ် အရွယ်တွင် ပြည်မြို့ အင်္ဂလိပ်ကျောင်းမှာ စတင် ပညာသင်ယူသည်။


၁၈၇၁ တွင် မန္တလေး ရတနာပုံ နေပြည်တော် ဆရာမ တ် (Dr. Mark)၏ ကျောင်းသို့
ပြောင်းရွှေ့ဆည်းပူးသည်။ ၁၈၇၅ တွင် ဖခင် ကွယ်လွန်ပြီးနောက် မိခင်နှင့် အတူ ပြည်မြို့သို့
တစ်ဖန် ပြောင်းရွှေ့ကာ၊ ပြည်မြို့တွင် အင်္ဂလိပ်စာ၊ တရုတ်စာ နှစ် ဘာသာလေ့လာခဲ့သည်။
၁၈၇၈ တွင် ပြည်မြို့၌ အလယ်တန်းကို ထူးချွန်စွာ အောင်မြင်ရာ အင်္ဂလိပ် အစိုးရ၏ ချီးမြှင့်
ထောက်ပံ့ငွေဖြင့် ရန်ကုန်ဟိုက်စကူးကျောင်းမှာ ဆက်လက်ပညာသင်သည်။ ၁၈၇၉ တွင်
ဗင်္ဂလားတန်းခေါ် မက်ထရစ်ကူလေးရှင်းစာမေးပွဲ၌ အမှတ်အများ ဆုံးဖြင့် အောင်မြင်သည်။
ယင်းသို့ အောင်မြင်သော ကြောင့် အစိုးရ၏ ပညာသင်ဆုဖြင့် ၁၈၈၁ တွင် ကာလကတ္တား
တက္ကသိုလ်မှ ကျင်းပသော အက်ဖ်အေ စာမေးပွဲကို ပထမတန်းမှ အောင်မြင်ခဲ့သည်။
မြန်မာပြည်တွင် ပထမဦးဆုံး အက်ဖ်အေ အောင်ခဲ့ခြင်းပင် ဖြစ်သည်။ ၁၈၉၂ တွင်
အင်္ဂလန်နိုင်ငံ ကင်းဗရစ်တက္ကသိုလ် ခရိုက်ကောလိပ် (Christ College, Cambridge
University)၌ ဥပဒေပညာသင်သည်။ ၁၈၉၃ တွင် ကျန်မားရေး အခြေအနေ
မကောင်းသော ကြောင့် မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။ ခရိုက်ကောလိပ်တွင်
ပညာသင်နေစဉ် လန်ဒန်မြို့ အရှေ့တိုင်းဆိုင်ရာ န၀မမြောက်ကွန်ဖရင့်သို့ မြန်မာနိုင်ငံ
ကိုယ်စားလှယ်အ ဖြစ်နှင့် တက်ရောက်ခဲ့သည်။ ၁၈၉၇ တွင် တရုတ်ပြည်သို့ စေလွှတ်ပြီး
တရုတ်ဘာသာစကားကို သင်ယူစေခဲ့သည်။

ပညာရှိ သုခမိန် ဟူသော အရည်အချင်းများ သည် တော် စိန်ခိုအတွက်


အင်္ဂလိပ်ကျောင်းများ မှ အခြေခံမျှသာ ပေးလိုက်လေသည်။ တကယ့်သုခမိန် ဖြစ်ရန်အတွက်
တော် စိန်ခိုသည် အခွင့်အခါ သင့်တင့်ညီညွတ်သော အချိန်များ တွင် မြန်မာမှု များ ၊
မြန်မာ့ထီးနန်းနှင့် လွှတ်တော် ရုံးတော် နည်းလမ်းအသွယ်သွယ်၊ ဓမ္မ၀တ် အဖုံဖုံကို သံဃရာဇာ
ဆရာတော် ကြီး နှင့် သံဃာတော် အများ ထံမှာ မပြတ် ဆွေးနွေးမေးမြန်းပြီး
တတ်မြောက်အောင် ကြိုးစားလုံ့လပြုခဲ့သည်။ မြန်မာဘုရင်များ လက်ထက်က ဆွေတော်
မျိုးတော် များ ၊ မှူးကြီးမတ်ကြီးများ ၊ အရာရှိ ကြီးငယ်များ နှင့် လည်းကောင်း၊ ကုန်သည်ပွဲစား
လူကြီးလူကောင်းများ နှင့် လည်းကောင်း၊ မြန်မာပညာရှိများ နှင့် လည်းကောင်း မြန်မာစာ၊
မြန်မာမှု အတွက် နည်းခံသင်ကြားခဲ့လေသည်။ ထို့ကြောင့် လောက၀တ်၊ ရာဇ၀တ်၊
ဓမ္မ၀တ်နှင့် မြန်မာမှု အထွေထွေတွင် ကျွမ်းဝင်တတ်မြောက်ခဲ့ခြင်း ဖြစ်ပေမည် ။

အက်ဖ်အေ စာမေးပွဲ အောင်ပြီးနောက် ပထမဦးစွာ ကျောင်းဆရာအ ဖြစ် အမှု


ထမ်းသည်။ ထို့နောက် စာတော် ပြန် မြို့အုပ်အ ဖြစ် ခန့်ထားခံရသည်။ အထက်မြန်မာနိုင်ငံကို
အင်္ဂလိပ်တို့ သိမ်းပိုက်ပြီးနောက် မန္တလေးလွှတ်တော် တွင် စာတော် ပြန် ၀န်ထောက်အ ဖြစ်
အမှု ထမ်းရသည်။ အင်္ဂလန်မှ ပညာတော် သင်ပြန်လာပြီးနောက် မြန်မာနိုင်ငံတော် အစိုးရ၏
လက်ထောက်အတွင်းဝန်အ ဖြစ်ထမ်းရွက်သည်။ တစ်ချိန်တည်းမှာ ပင် ကမ္ပည်းကျောက်စာ
အရာရှိ အလုပ်နှင့် တရုတ်ရေး ရာ အကြံပေး အရာရှိအ ဖြစ် ၂ နှစ် ပူးတွဲ ထမ်းရွက်ရသည်။

၁၈၉၉-၁၉၀၀ တွင် တရုတ်နိုင်ငံ၌ ဗောက်ဆာသူပုန် ဖြစ်ပွားခဲ့သည်။ ဤတွင်


တော် စိန်ခိုသည် လန်ဒန်ရှိ အိန္ဒိယပြည်ဆိုင်ရာ ရုံးတော် အား အဖိုးတန် အကူအညီများ ကို
ပေးခဲ့သည်။ ထို့ကြောင့် နယ်ခြားစောင့်ရှောက်ရေး အရာရှိအ ဖြစ် ခန့်အပ်ခံရသည်။ ၁၉၀၀
ပြည့်နှစ် တွင် တရုတ်-မြန်မာ နယ်ခြားရှိ တရုတ်နှင့် ဗြိတိသျှ စစ်တပ်တို့ အချင်းများ ရာတွင်
အပြေအလည် ဖြစ်အောင် ကြားဝင်ဆောင်ရွက်ပေးခဲ့သည်။ ၁၉၀၂ တွင် မူလရာထူးရင်း
လက်ထောက်အတွင်းဝန်အ ဖြစ် ပြန်လည် အမှု ထမ်းခဲ့သည်။ ၁၉၀၃-၀၅ တွင်
ယခင်ကကဲ့သို့ပင် ကမ္ပည်းကျောက်စာ အရာရှိနှင့် တရုတ်ရေး ရာ အကြံပေးအရာရှိအ ဖြစ်
ပူးတွဲထမ်းဆောင်ရပြန်သည်။ ၁၉၀၆ တွင် ကမ္ပည်းကျောက်စာဝန် ရာထူးကို
တီထွင်လိုက်သော အခါ ကမ္ပည်းကျောက်စာဝန် ဖြစ်လာသည်။ ၁၉၁၉ တွင်
အငြိမ်းစားယူသည်။၁၉၂၃ တွင် မြန်မာပြည် ဥပဒေပြုကောင်စီ၌ အစိုးရခန့်အမတ်
ဖြစ်လာသည်။ မန္တလေးမြို့တွင် ဥပစာကောလိပ် ဖွင့်သော အခါ ပထမဆုံး ဖွဲ့စည်းသော
အုပ်ချုပ်ရေး အဖွဲ့၌ အဖွဲ့ဝင်အ ဖြစ် ဆောင်ရွက်ခဲ့သည်။

မြန်မာတို့၏ ဘာသာ၊ သာသနာ၊ ပညာ၊ စာပေ၊ သမိုင်း စသည့်ကိစ္စရပ်များ တွင်


အလေးထား ဆောင်ရွက်ခဲ့သည်။ သာသနာပိုင် ခန့်ထားရေး ၊ မဟာဒါန်ဝန် ခန့်အပ်ရေး ၊
ဘုန်းကြီးကျောင်း ပညာရေး ၊ ပထမပြန်စာမေးပွဲ ဖြစ်မြောက်ရေး ၊ ထိုစာမေးပွဲတွင်
သီလရှင်များ ပါ ၀င်ရောက်ဖြေဆိုနိုင်ရေး များ တွင် လည်းကောင်း၊ ၁၉၁၀ တွင် ရန်ကုန်မြို့၌
တက္ကသိုလ်ကျောင်းတိုက် ဖွင့်လှစ်ရေး ၊ ပန်ဂျပ်တက္ကသိုလ် နမူနာကို ယူ၍ အရှေ့တိုင်းဘာသာ
လေ့လာရေး ဌာန ဖွင့်လှစ်ပြီး မြန်မာစာပေကို အဓိကထား ပို့ချရေး ၊ ဗုဒ္ဓအဘိဓမ္မာ ပို့ချရန်
ဌာနတစ်ခုဖွင့်လှစ်ရေး ၊ ရန်ကုန်နှင့် အလားတူ မန္တလေးတက္ကသိုလ် ထူထောင်ရေး
တို့ကိုလည်းကောင်း၊ ၁၉၁၇ မြေငလျင်ဒဏ်ခံ ပဲခူး ရွှေမော်ဓောဘုရား ပြန်လည်
တည်ဆောက်ရေး တွင် ၀ိဝါဒ မကွဲပြားဘဲ အညီအညွတ် ဆောင်ရွက်နိုင်ရန်
ဦးစီးဦးဆောင်ပြု၍ လည်းကောင်း ဆော်သြသူ၊ အကြံပေးသူ၊ လှုံ့ဆော်သူ၊ ကိုယ်တိုင်
ပါဝင်ဆောင်ရွက်သူအ ဖြစ် စိတ်အားထက်သန်စွာ တာဝန်ထမ်းခဲ့သည်။ ဤသို့ အမှု
ထမ်းဆောင်စဉ် ပညာ၊ သမာဓိနှင့် ပရဟိတ ဆောင်ရွက်သော ကြောင့် ကေ၊ အိုင်၊ အိပ်ခ်ျ
(K.I.H)ဘွဲ့နှင့် ပထမတန်း ရွှေဘယက်တံဆိပ် [The Gold Kaiser-i-hind Medal of
the First Class] ကို ၁၉၀၃ တွင် ဧဒွတ်ဘုရင်ထံမှ လည်းကောင်း၊ ၁၂ ဒီဇင်ဘာ ၁၉၁၁ တွင်
ဂျော့ဘုရင်၏ ဒေလီမြို့ မင်းပွဲသဘင်၌ အိုင်၊ အက်စ်၊ အို (I.S.O) တံဆိပ်ဘယက် [Imperial
Service Order] ကို လည်းကောင်း ၊ ၁၉၁၇ တွင် စီ၊ အိုင်၊ အီး (C.I.E) ခေါ် အိန္ဒိယ
မဟာရဋ္ဌသဟာယ [ Companion of the Most the Eminent Order of the British
Empire] ဘွဲ့ထူကို လည်းကောင်း ချီးမြှင့်ခံခဲ့ရသည်။

မြန်မာစာ၊ အင်္ဂလိပ်စာ၊ တရုတ်စာ၊ ရှမ်းစားများ အပြင် သက္ကတ၊


မာဂဓဘာသာများ တွင် လည်း ကျွမ်းဝင်နှံ့စပ်သည်။ မြန်မာနိုင်ငံထုတ်
သုတေသနအသင်းဂျာနယ်၊ ဘုံဘေမြို့ထုတ် “အိန္ဒိယ ရှေးဟောင်းပညာဂျာနယ်” ("Indian
Antiquary" of Bombay)၊ လန်ဒန်မြို့ထုတ် “အာရှ ကွာတာလီရီဗျူး” ("Asiatic
Quarterly Review")၊ အာရှတော် ၀င်အသင်းဂျာနယ်၊ အိန္ဒိယ ရှေးဟောင်းသုတေသန နှစ်
လည် အစီရင်ခံစာများ တွင် မြန်မာမှု ဆိုင်ရာ ကမ္ပည်းကျောက်စာအကြောင်း၊ လူမျိုးနှင့်
စာပေအကြောင်း၊ စေတီပုထိုးနှင့် ဗိသုကာပညာအကြောင်း စသည်ဖြင့် ဆောင်းပါး၊ စာတမ်း၊
အစီရင်ခံစာများ ရေး ခဲ့သည်။ ရန်ကုန်ဂေဇက် သတင်းစာ၌ လည်း မြန်မာ့ဓလေ့ထုံးစံ၊
ရှေးဟောင်းပုံပြင်၊ ဗုဒ္ဓသာသနာ၊ ပညာရေး စသည့် ဆောင်းပါးများ ရေး ခဲ့သည်။ ယင်းတို့ကို
ဘာသာရပ်အလိုက် ခွဲခြားစုစည်းပြီးလျှင် Burmese Sketches (1913) နှင့် Burmese
Sketches Volume II (1920) အမည် ဖြင့် ထုတ်ဝေခဲ့သည်။ လွှတ်တော် မှတ်တမ်း
ကောက်နုတ်ချက်ကို တည်းဖြတ် ပြုစုခဲ့သည်။ အင်္ဂလိပ်ဘာသာဖြင့် ကလျာဏီသိမ်
ကျောက်စာ၊ မြန်မာဘာသာ မူလတန်းလက်စွဲ၊ ဦးသြဘာသ၏ မဟာဇနက ဇာတ်တော် ကြီး၊
ပုဂံသုတေသနမှတ်စု၊ မန္တလေး သုတေသနမှတ်စု၊ ရာမညဒေသ ခရီးလှည့်မှတ်တမ်း၊
အမရပူရ စံကျောင်းတော် တို့ကို ပြန်ဆို၊ ပြုစုခဲ့သည်။ တော် စိန်ခို၏
တောင်းပန်လျှောက်ထားချက်ကြောင့် ကျော်အောင်စံထား ဆရာတော် ၏
‘ဝေါဟာရတ္ထပကာသနီကျမ်းကြီး’ ကို တောင်ဘီလူးဆရာတော် သည် ကြီးကြပ်သုတ်သင်
ပြင်ဆင်ရိုက်နှိပ်ခဲ့သည်။

တော် စိန်ခိုသည် ရန်ကုန်မြို့နေ ကုန်သည်ကြီး ဦးတင်ထွန်း * ၏ သမီး ဒေါ်မြနှင့်


လက်ထပ်ခဲ့သည်။ သား ၇ ယောက် ၊ သမီး ၂ ယောက် ၊ စုစုပေါင်း ၉ ယောက် မွေးဖွားခဲ့သည်။
တတိယမြောက်သားနှင့် အဋ္ဌမမြောက် သမီးတို့မှာ ငယ်စဉ်ကပင် အနိစ္စရောက်ခဲ့ကြသည်။
ထို့ကြောင့် သားသမီး ၇ ယောက် သာ မွေးဖွားခဲ့သည်ဟု အယူအမှတ် မှားခဲ့ကြဟန် တူသည်။

၂၉ မေ ၁၉၃၀ တွင် မန္တလေးမြို့ အနောက်မုခ်လမ်း ပီကင်းလော့(ချ) နေအိမ်၌


ကွယ်လွန်သည်။

[စာကိုး။ ။ (၁) တက္ကသိုလ်စုစုဝင်း(တော် စိန်ခို၏ မြေး)။ ‘ကျောက်စာဝန် တော်


စိန်ခို’၊ ရှုမ၀ (သြဂုတ် ၁၉၆၅)။ စာ ၃၂-၃၅။ (၂) ကထိက ဦးမောင်မောင်တင်
(မန်းတက္ကသိုလ်)။ 'ကျောက်စာဝန်မင်း တော် စိန်ခို'၊ မြ၀တီ (ဇွန် ၁၉၆၁)။ စာ ၉၆-၉၈။ (၃)
မလိခ၊ မြန်မာစာပေအဘိဓာန် ၂(၁၉၇၄)။ စာ ၂၇၄-၂၇၅။ (၄) 'မြန်မာတိုင်းရင်းသား
တရုတ်အနွယ်ကျောက်စာဝန် မစ္စတာတော် စိန်ခို'၊ မော်လမြိုင်မြို့နယ်အသင်း (ရန်ကုန်)
မဂ္ဂဇင်း [၁၉၉၉]။ စာ ၇၂-၇၃။ (၅) မြန်မာ့စွယ်စုံကျမ်း အတွဲ ၅ (၃ ကြိမ်၊ ၁၉၇၁)။ စာ ၂၄-၂၆။
(၆) လှသမိန်။ ဂန္တ၀င် ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ် (၁၉၆၁)။ စာ ၂၆၇-၂၆၈။ (၇)
စံပြတင်ဦး။ မြန်မာစာရေး ဆရာအဘိဓာန် (၁၉၇၄)။ စာ ၁၄၉-၁၅၂။ (8) Who's who in
Burma (1927); pp. 100-101. (10) “The Career of Mr.Taw Sein Ko”; “ Mr.
Taw Sein Ko”; “ Tribute to Mr. Taw Sein Ko” ; In Burmese Sketches
Volume II by Taw Sein Ko; Rangoon, British Burma Press; 1920; pp 219-
224.]

* 'မစ္စတာတန်ထွန်း' ဟု မြန်မာ့စွယ်စုံကျမ်းနှင့် မော်လမြိုင်မဂ္ဂဇင်းတွင် ပြသည်။



(၁၀)
ဦးကျော်ရန် [၁၈၆၇-(?)]

သာယာဝတီခရိုင် ခုနစ်ရွာမြို့၌ အဖ ရွှေတောင်ဆရာကြီး နှင့် ဇနီး (?) တို့က


၁၂၂၉ ခု ၀ါခေါင်လပြည့်ကျော် ၅ ရက် (၁၉ သြဂုတ် ၁၈၆၇ *) တနင်္လာနေ့ညဥ့် ၁၀ နာရီ တွင်
မွေးဖွားသည်။ ငယ်ရွယ်စဉ်က ခုနစ်ရွာ ဆရာဘုန်းတော် ကြီး ဦးမာလာကျောင်းတွင်
ပညာသင်ကြားသည်။ ၁၂၄၄ တွင် ရန်ကုန်မြို့ အစိုးရ နော်မံကျောင်းမှ ဆရာ ဖြစ်သင်
လက်မှတ် ရရှိသည်။
၁၂၄၅ ခုမှသည် ၁၂၅၅ ခုနှစ် အထိ ကျိုက်ထို၊ ပုဇွန်တောင်ရေကျော်၊
သာယာဝတီနယ် သုံးဆယ်၊ ရေကင်း၊ မင်းကြီး၊ စစ်ကွင်း၊ရွှေတော် မြို့ရွာများ တွင် အစိုးရ
လက်ထောက်ဆရာအ ဖြစ် အမှု ထမ်းသည်။ ၁၂၅၆ ခုမှ ၁၂၆၇ ခုနှစ် အထိ ၁၂ နှစ် တိုင်တိုင်
မြိတ်၊ ထားဝယ်၊ မြင်းခြံ၊ မိုးကုတ်၊ မန္တလေးမြို့များ တွင် ဒုတိယ ပညာအုပ်၊ ပညာအုပ်
ရာထူးများ ၌ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၂၆၇ တွင် ပင်စင် အငြိမ်းစား ခံယူသည်။

ပင်စင်ယူပြီးနောက် မန္တလေးမြို့တွင်
နေမျိုးဣန္ဒာဘိသက္ကရာဇာဘွဲ့ခံမြန်မာသမားတော် ကြီး ဆရာပေါကို အားထားမှီခိုလျက်
လက်ဝါးတံဆိပ် မြန်မာသမားတော် ဆေးတိုက်ကြီး ဖွင့်လှစ်ခဲ့သည်။

၁၂၅၉ တွင် မြင်းခြံ၌ ကလျာဏသင်္ဂဟ အသင်းကြီးကို လည်းကောင်း၊ ၁၂၆၂


တွင် မန္တလေးမြို့ ဗုဒ္ဓဘာသာ သာသနာပြုအသင်းနှင့် ဗုဒ္ဓသာသနာနုဂ္ဂဟကျောင်းကြီးကို
လည်းကောင်း၊ ၁၂၆၄ တွင် မိုးကုတ်မြို့၌ ရှင်အရဟံ ဗုဒ္ဓဘာသာကျောင်းကို လည်းကောင်း၊
၁၂၆၉ တွင် နိုင်ငံခြားဗုဒ္ဓဘာသာ သာသနာပြုအသင်းကြီးဥက္ကဋ္ဌ၊ ၁၂၇၁ တွင် မဟာမုနိဘုရား
ဘဏ္ဍာတော် ထိန်း၊ ၁၂၇၂ တွင် မန္တလေး ၀ိုင်အမ်ဘီအေအသင်း ချယ်ယာမင်၊
သမ၀ါယမဘဏ် ဒုတိယဥက္ကဋ္ဌ၊ ၁၂၇၃ တွင် မန္တလေး စစ်နယ်ဆိုင်ရာ ကော်မတီလူကြီး
စသည်ဖြင့် ရွေးချယ်တင်မြှောက် တာဝန်ပေးခံရသည်။ ၁၂၇၃ တွင် ပင်
မန္တလေးထောင်ကြီးကို ကြည့်ရှုစောင့်ရှောက်ရန် အရာရှိအ ဖြစ် ခန့်ထားခံရသည်။ ၁၂၇၇
တွင် တတိယအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ၀ိုင်အမ်ဘီအေ အစည်းအဝေး၏
ဒုတိယနေ့ ညနေအချိန် တတိယအပိုင်း၌ ချယ်ယာမင်၊ ၁၂၇၈ တွင် ဘားမားဆိုးလ်ဂျားဖမ်း
ခေါ် မြန်မာစစ်သည်တော် များ ကို ထောက်ပံ့သော အသင်းကြီးဥက္ကဋ္ဌ၊ လန်ဒန်ရှိ
ဂရိတ်ဘရိတန် အိုင်ယာလန် ဗုဒ္ဓဘာသာ သာသနာပြု အသင်းကြီးတွင် ဒုတိယ ဥက္ကဋ္ဌ၊
မန္တလေး ဒီဝီဇံ ပညာဌာနကော်မတီလူကြီး၊ မိတ္ထီလာ လူလတ်ထောင်
ကြည့်ရှုစောင့်ရှောက်ရေး အရာရှိ၊ ၁၂၈၀ ပြည့်တွင် မြန်မာပြည် သမ၀ါယမအသင်းများ
ဆိုင်ရာ ဗဟိုကောင်စီအဖွဲ့အစည်းကြီး၌ ဒုတိယ ဥက္ကဋ္ဌ၊ မဟာလောကမာရဇိန် ကုသိုလ်တော်
ဘရားဘဏ္ဍာတော် ထိန်း စသည်ဖြင့် ရွေးကောက်တင်မြှောက် ခန့်ထားခံရသည်။
၁၂၆၈ တွင် ပထမတန်း ရာဇ၀တ် တရားသူကြီးအာဏာ အပ်နှင်းခန့်ထားသော
သူကောင်း ဖြစ် ရာဇ၀တ် တရားသူကြီးခေါ် သမာဓိမြို့ဝန် အ ဖြစ် ချီးမြှင့်ခံရသည်။ ၁၂၇၂
တွင် အေတီအမ် ရွှေတံဆိပ်နှင့် အိန္ဒိယ ဘုရင်ခံချုပ် လက်မှတ်ရေး ထိုးပါရှိသော ဆာနတ်
အမိန့်တော် စာချွန်များ ကို လက်ခံရရှိသည်။ ၁၂၈၃ ခုနှစ် မန္တလေးမြို့၌ ကျင်းပသော
န၀မအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာအသင်းများ ၏ နှစ် စဉ် အစည်းအဝေးကြီး
စတုတ္ထနေ့ [၁၂၈၃ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် ၈ ရက်]တွင် ရရှိထားသော အထက်ပါ
ဘွဲ့တံဆိပ်များ ကို မြန်မာပြည်တွင် ပထမဦးစွာ ဗြိတိသျှ အစိုးရထံသို့ ပြန်အပ်ကြောင်း
ကိုယ်တိုင် ထုတ်ဖော်ကြေညာခဲ့ပေသည်။

၁၂၆၅ တွင် မြန်မာ့ဟိတကာရီ သတင်းစာကို တစ်လလျှင် ၂ ကြိမ်ကျ ကိုယ်တိုင်


ရေး သားထုတ်ဝေခဲ့သည်။ ဆေးကျမ်း၊ ဗေဒင်ကျမ်း၊ ပြက္ခဒိန်ကျမ်းများ စွာ ကို ရေး
သားစီရင်ခဲ့သည်။ ကင်းဝန်မင်းကြီးနှင့် တကွ ရာဇဂုရုဘွဲ့ခံ ပုဏ္ဏားပညာရှိ၊ မြန်မာ
ပညာရှိတို့က ရွေးကောက်ထည့်သွင်းသဖြင့် မန္တလေးမြို့ ဗေဒင်ပညာရှိ အဖွဲ့တွင်
ပါဝင်ဆောင်ရွက်ခဲ့သည်။ လက်ထက်ရက်ငင် အကျဉ်းတွက်ပုံကျမ်း၊ ဆေးမီးတိုလားကျမ်း (၎
စောင်တွဲ)၊ စကားပုံ ၁၀၀၀ ကျမ်း၊ မှတ်ကြီး ၁၀၈ လုံး၊ မူလ ပေါရာဏဒီပနီ၊
ဥက္ကာဥကြတ်စာတမ်း၊ မြင်းကြန်လက္ခဏာကျမ်းများ ကို ပြုစုခဲ့သည်။ 'ဆေးမီးတိုလားကျမ်း (၎
စောင်တွဲ)' တွင် အမြို့မြို့ အရွာရွာ ရောက်ရာအရပ်၌ ရှာဖွေ စုဆောင်း ရေး မှတ်ခဲ့သော
ဆေးတေးထပ်များ ၊ အတိုကောက် ပြက္ခဒိန်နှင့် ဆရာရသေ့တို့ ဆေးလျှောက်ထုံးကိုပါ ပူးတွဲ
ရိုက်နှိပ်ထားကြောင်း ဖော်ပြထားသည်။

ကွယ်လွန်သော နေ့၊ လ၊ ခုနှစ် ကို မသိရချေ။

“ဦးကျော်ရန်၏ မူလ စိတ်နေစိတ်ထားမှာ လူတိုင်းနှင့် အသင့်အတင့် ဖြစ်လိုခြင်း၊


ရန်လိုမုန်းထား စကားမပြော ဟူ၍ လူတစ်စုံ တစ်ယောက် မျှ မရှိစေလိုခြင်း၊ အထင်မှော
က်မှား၍ မိမိအား အမျက်ဒေါသ ထားသူတို့အား မေတ္တာပိုပွား စကားခေါ်ပြော အရောတ၀င်
ဖြစ်အောင် ကြံဆောင် ပြုလုပ်လေ့ရှိခြင်း၊ လူတစ်စုံ တစ်ယောက် ၏ အကျိုး ဆုတ်ယုတ်ရန်
ကြံရွယ်လိုသော စိတ် မရှိခြင်း၊ အမျိုးသားတို့ အကျိုးများ မည် ထင်လျှင် မထောက်မညှာ
အားမနာဘဲ ပြောဆိုပြုလုပ် ဆောင်ရွက်တတ်ခြင်း၊ ပြောစရာရှိလျှင် မျိုသိပ်၍ မထားတတ်ခြင်း၊
စိတ်ဖြောင့်၍ နှုတ်ကျယ်ကျယ် ပြောတတ်ခြင်း၊ မိမိအောက် ဂုဏ်ငယ်သူတို့ကို မိမိနှင့်
တန်းတူထား၍ ပေါင်းသင်းဆက်ဆံတတ်ခြင်း၊ ပညာဗဟုသုတများ ကို လိုလားခြင်းများ
ဖြစ်လေသည်။ဤကျော်ရန်သည် မြန်မာလူမျိုးတို့ အကျိုးစီးပွား များ ခြင်းကို အလိုဆန္ဒ ကြီးစွာ
ရှိသည်” ဟူ၍ တိုင်းချစ်မြန်မာသတင်းစာပုံနှိပ်တိုက်မှ ထုတ်ဝေသည့် “ပညာရှိမင်း
ဦးကျော်ရန်၏ အတ္ထုပ္ပတ္တိစာတမ်း” တွင် ဖော်ပြထားပေသည်။

[စာကိုး။ ။ (၁) မြန်မာပြည်လုံးဆိုင်ရာ န၀မမြောက် (ကွန့်ဖရင့်)


အစည်းအဝေးကြီး၏ ဆုံးဖြတ်ချက်များ နှင့် သူကောင်း ဖြစ် (အေတီအမ်) ဘွဲ့တံဆိပ်ကို
မြန်မာပြည်တွင် ပထမဦးစွာ အစိုးရထံသို့ ပြန်အပ်သော ပညာရှိမင်း ဦးကျော်ရန်၏
အတ္ထုပ္ပတ္တိစာတမ်း။ မန္တလေးမြို့၊ တိုင်းချစ်မြန်မာ သတင်းစာပုံနှိပ်တိုက်၊ ၁၂၈၃ ခုနှစ် ။ (၂)
လှသမိန်။ ဂန္ထ၀င် ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိ ပေါင်းချုပ် (၁၉၆၁)။ စာ ၂၇၀-၂၇၁။ (၄)
စံပြတင်ဦး။ မြန်မာစာရေး ဆရာများ အဘိဓာန် (၁၉၇၄)။ စာ ၆၃-၆၄။ (၅) ဟံသာဝတီ
စာအုပ်စာရင်း (ဇန်န၀ါရီ ၁၉၇၉)။ စာ ၆။]

*ဤတွင် ၀ိုက်ကွင်း( )ဖြင့် ဖော်ပြထားသည်ကို ခရစ်နှစ် ဟု မှတ်ယူပါ။


ကျန်သည်များ မှာ မြန်မာသက္ကရာဇ်များ သာ ဖြစ်ပါသည်။


(၁၁)
ဆရာဘီ [၁၈၇၃-၁၉၅၁]

ပြည့်မြို့အနီး ဆင်မြီးဆွဲရာ၌ အဖ ဦးရွှေဝင်း၊ အမိ (?) တို့က ၁၂၃၅ ခု


ပြာသိုလဆန်း ၄ ရက် (၂၂ ဒီဇင်ဘာ ၁၈၇၃) တွင် မွေးဖွားခဲ့သည်။
ငယ်စဉ်က စလင်းမြို့မင်းကြီးဆရာတော် ဦးလှဲ့ထံတွင် ပညာဆည်းပူးသည်။
ရှင်သာမဏေ၀တ်ပြီး ဆရာတော် ဦးလှဲ့နှင့် အတူ လိုက်ပါ သီတင်းသုံးသည်။ ထို့နောက်
ရဟန်းဘောင်သို့ တက်ရောက်ခဲ့သည်။ ရဟန်းဘွဲ့မှာ ဦးဏ္ဍိစ္စ ဖြစ်သည်။

ထို့နောက် စလင်း ကံကြောင်ကျောင်းတိုက်၌ ကျောင်းထိုင်သည်။ တစ်ဖန်


ဒေးဒရဲမြို့သို့ ကြွရောက်လာသည်။ ဒေးဒရဲမြို့ ဘုရားကြီးကျောင်းတိုက်ကို ကံကြောင်
ကျောင်းတိုက်ဟု သမုတ်၍ ကျောင်းထိုင်ကာ စာပေပို့ချခဲ့သည်။ ထို့နောက် လူဝတ်လဲသည်။

လူဝတ်လဲပြီး ၃ နှစ် အကြာတွင် ကျောက်တန်း သုံးခွ ဣဿ


ရရွာသူ ဒေါ်ဆိတ်နှင့်
အိမ်ထောင်ပြုသည်။ ထို့နောက် ဟိုက်ကုတ်လွှတ်တော် စာတော် ပြန်ဌာနတွင် အမှု
ထမ်းသည်။ ယင်းဌာနမှ ပင်စင်ယူပြီးသော အခါ ရန်ကုန်မြို့သုဓမ္မ၀တီ စာပုံနှိပ်တိုက်တွင်
ပါဠိဆရာကြီး အ ဖြစ် အသက်မွေးဝမ်းကျောင်းပြုသည်။ သုဓမ္မ၀တီ စာပုံနှိပ်တိုက်မှ
ပိဋကတ်သုံးပုံ ပါဠိတော် နိဿ
ယ အုပ်ရေ ၂၂ အုပ်ကို ၂၁ အုပ် ပြုလုပ်စီမံ၍ ၁၉၀၃ မှ ၁၉၀၆
အတွင်း ပုံနှိပ်ရာတွင် သုဓမ္မာဂိုဏ်း ပါဠိဆရာကြီး အ ဖြစ် ကြပ်မတ် ဆောင်ရွက်ခဲ့သည်။
သုဓမ္မ၀တီ ပုံနှိပ်တိုက်၏ ပထမ ပါဠိဆရာကြီး များ တွင် အ၀င်အပါ ဖြစ်သည်။

၁၉၂၀ ပြည့်နှစ် တစ်ဝိုက်တွင် ထိုခေတ် စာပုံနှိပ်တိုက်လောက၌


အချို့စာပုံနှိပ်တိုက်က ‘ဦးကုလား ရာဇ၀င် ၃ တွဲ’ကို လည်းကောင်း၊ အချို့ စာပုံနှိပ်တိုက်တွင်
‘မှန်နန်းရာဇ၀င် ၃ တွဲ’ ကို လည်းကောင်း၊ အချို့ စာပုံနှိပ်တိုက်က ‘ကုန်းဘောင်ဆက်
မဟာရာဇ၀င်တော် ကြီး ၃ တွဲ’ကို လည်းကောင်း အသီးသီး ရိုက်နှိပ်ထုတ်ဝေလျက် ရှိကြသည်။
ဤတွင် သုဓမ္မ၀တီ ပုံနှိပ်တိုက်ကလည်း အခြား ပုံနှိပ်တိုက်များ နည်းတူ သူ့တိုက်မူပိုင် ရာဇ၀င်
စာအုပ်ကြီးများ ရိုက်နှိပ်ထုတ်ဝေလိုသည်။ ဦးကုလား ရာဇ၀င်တော် ကြီး ၃ တွဲ၊
မှန်နန်းရာဇ၀င်ကြီး ၃ တွဲ၊ ကုန်းဘောင်ဆက် မဟာရာဇ၀င်တော် ကြီး ၃ တွဲ တို့၌ ပါဝင်သော
ကမ္ဘာဦး မဟာသမ္မတမှ သီပေါဘုရင် ပါတော် မူသည်အထိ ရာဇ၀င် အချက်အလက်များ
အကုန်ပါဝင်သည့် အပြည့်အစုံဆုံး ရာဇ၀င်ကြီးကို အတွဲပေါင်းများ စွာ
ရိုက်နှိပ်ထုတ်ဝေရန်အတွက် သူ့တိုက်ရှိ ပါဠိ စာပြင်ဆရာကြီး များ အားရေး သားစေခဲ့သည်။

ထိုအချိန်က သုဓမ္မ၀တီ ပါဠိဆရာကြီး များ မှာ ဆရာဘီ၊ ဆရာသိန်းနှင့်


ဆရာကိုဘကျော်တို့ ဖြစ်ကြသည်။ သို့ဖြင့် ပင် ဆရာဘီက ဦးစီးနာယကအ ဖြစ်ကြီးမှူးကာ
ဆရာသိန်း၊ ဆရာကိုဘကျော်တို့၏ အကူအညီဖြင့် သုသော ဓိတ မဟာရာဇ၀င်ကြီး ၆ တွဲ ကို
ရေး သားပြုစုခဲ့ကြသည်။ ဤတွင် ဆရာသိန်းမှာ မှော်ဘီဆရာသိန်း မဟုတ်။ သုဓမ္မ၀တီ
ပုံနှိပ်တိုက် ပါဠိဆရာ ဆရာသိန်းခေါ် ဆရာသိန်းကလေးပင် ဖြစ်သည်။ ၁၉၂၂ နှင့် ၁၉၂၃
အတွင်း အဆိုပါ ရာဇ၀င်ကြီး ၆ တွဲကို သုဓမ္မ၀တီ စာပုံနှိပ်တိုက်က ရိုက်နှိပ်ထုတ်ဝေခဲ့သည်။
နိဒါန်းတွင် -

“..... ဟိုက်ကွတ် လွှတ်တော် စာတော် ပြန်ဌာန ပင်စင်ရ ဆရာကြီး ဦးဘီနှင့်


ဆရာသိန်း၊ ဆရာ ကိုဘကျော်တို့သည် လောကီ လက်သုံး ထုံးဥပဒေသ နယဂ္ဂါဟ၍
နောင်လာ နောက်သားတို့ အကျိုးစီးပွားများ စိမ့်သော ငှာ အက္ခရာစာလုံး ရေး ထုံး သတ်ပုံများ
ကို သုတ်သင်စိစစ်လျက် သက္ကရာဇ် ၁၂၈၄ ခု ဥတုဝသန္တ ၀ါဆိုလတွင် 'သုသော ဓိတ'
မဟာရာဇ၀င်ကြီးကို ဆရာကြီး ဦးဘီက ဦးစီးနာယက၊ လုံးဝ သန့်ရှင်း၍
ထည့်သွင်းထိုက်သော ကဗျာ ဆောင်ပုဒ် အချုပ်လင်္ကာများ ကို ဖြည့်စွက်မှာ ထား
ပိုင်းပိုင်းခြားခြား ပြုပြင်ရေး သား ကြိုးစားအားစိုက် ပုံရိုက်လုပ်ဆောင်ပါသတည်း”

ဟူ၍ ဖော်ပြထားသည်။

တိုးတက်ရေး မဂ္ဂဇင်းကို ၁၉၃၃ အောက်တိုဘာတွင် စတင် ထုတ်ဝေခဲ့ရာ


ဆရာဘီသည် 'ပါဠိဆရာကြီး ဆရာဘီ' ကလောင်အမည် ဖြင့် လစဉ်ရေး သားခဲ့ပါသည်။
အများ စုမှာ အမျိုး၊ ဘာသာ ကြီးပွား တိုးတက်ရေး ဆောင်းပါးများ ပင် ဖြစ်သည်။ ခြွင်းချက်
အနေဖြင့် မူ သက္ကရာဇ် ၁၂၉၆ ခုနှစ် ထုတ် နေမျိုးမင်းထင်ကျော်ခေါင် ဘွဲ့ရ
အဝေးရောက်မင်း၏ မဲဇာတောင်ခြေဋီကာ စာအုပ် ဝေဖန်ချက်ဆောင်းပါး ပါရှိနေသည်။
“အဝေးရောက်မင်း၏ မဲဇာတောင်ခြေဋီကာနှင့် ပါဠိ ဆရာကြီး ဆရာဘီ၏ သဘောထား”
ဟူ၍ တိုးတက်ရေး မဂ္ဂဇင်း (အောက်တိုဘာ ၁၉၃၄) တွင် ပါရှိလာသည်။
ယင်းဆောင်းပါးအပေါ်ထောက်ခံ၊ ကန့်ကွက်၊ ထပ်မံ စိစစ်ချက် ဆောင်းပါးများ ကို
တိုးတက်ရေး မဂ္ဂဇင်းတွင် ဆက်လက်ဖော်ပြခဲ့သည်။ ဆရာဘီ၏ ဝေဖန်ရေး နောက်ကွယ်မှ
ဂယက်ထမှု များ ပင် ဖြစ်သည်။
ဆရာဘီသည် သုဓမ္မ၀တီ ပုံနှိပ်တိုက် ပါဠိစာပြင်ဆရာကြီး အလုပ်မှထွက်၍
အစိုးရ စာပြန်ပွဲများ တွင် စာစစ်ဆရာ တစ်ဦးအ ဖြစ် ဆောင်ရွက်ကြောင်း အမှတ်အသား
ရှိသည်။ ၁၃၁၂ ခု တပေါင်းလပြည့်ကျော် ၃ ရက် (၂၅ မတ် ၁၉၅၁) တွင် ကွယ်လွန်သည်။

[စာကိုး။ ။ (၁) လှသမိန်။ ဂန္ထ၀င် ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိ ပေါင်းချုပ် (၁၉၆၁)။


စာ ၂၇၃-၂၇၄။ (၂) မောင်အေးသန့်။ နေမျိုးမင်းထင်ကျော်ခေါင် အဝေးရောက်မင်း
ဦးအောင်ကြီး (၁၉၈၆)။ စာ ၁၇၀-၁၉၄။ (၃) မြင့်ဆွေ။ ‘ဆရာသိန် ၃ ဦး’၊ ငွေတာရီ (ဇူလိုင်
၁၉၇၇)။ စာ ၄၀-၄၂။ (၄) ဦးမဏ္ဍလာ-စစ်ကိုင်းမြို့။ ‘မဲဇာတောင်ခြေ ၀ိစာရဏစာတမ်း၊
ဆရာဘီ၏ ဆောင်းပါးတစ်ချက်ကို ထောက်ခံ၍ တစ်ချက်ကို ကန့်ကွက်ခြင်း’၊တိုးတက်ရေး
မဂ္ဂဇင်း (နိုဝင်ဘာ ၁၉၃၄)။ စာ ၉၉-၁၀၂။ (၅) ဒဂုန်ဦးထွန်းမြင့်။ သုဓမ္မ၀တီ အနှစ်
ငါးဆယ်မြောက် အတ္ထုပ္ပတ္တိစာတမ်း (၁၉၅၄)။]


(၁၂)
တောင်ပေါက်ဆရာတော် [၁၈၇၇-၁၉၅၃]

တောင်တွင်းကြီးမြို့နယ် မြင်ကွန်းမြို့ ဈေးအနီး အရပ်၌ ခမည်းတော်


စစ်ကဲတော် မင်း ဦးရော၊ မယ်တော် ဒေါ်သက်တို့က ၁၂၃၉ ခု တန်ဆောင်မုန်းလဆုတ် ၁ ရက်
(၂၂ အောက်တိုဘာ ၁၈၇၇) နေ့ ညဥ့် တစ်ချက်တီးကျော်တွင် မွေးဖွားတော် မူသည်။
မွေးချင်းနှစ် ယောက် တွင် အကြီး ဖြစ်၍ ၊ နှမငယ်တစ်ဦးရှိသည်။ ငယ်မည် မှာ မောင်ဘခင်
ဖြစ်သည်။

ငယ်စဉ်က မြို့လုလင်ခင်ကြီး ဦးထိန်သီးထံတွင် ပညာဆည်းပူးသည်။ အဘိုး


ဦးရွှေမိုးထံမှလည်း လက်ရိုး၊ လက်ဆန်း၊ လောကီ တတ်သင့်ဖွယ်ရာများ သင်ယူသည်။
မြင်ကွန်းမှ မင်းလှ၊ ပျဉ်းမနား၊ ထိုမှ ဟင်္သာတနယ် အဖြောက်ပဒုံးပိတ်ရွာသို့
ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ၁၆ နှစ် သားတွင် ပဒုံးပိတ်ရွာသို့ သိမ်သမုတ်ရန် ကြွလာသည့်
မော်လမြိုင် ၀ဇီရာရာမ ဆရာတော် ကြီး ထံတွင် ဆည်းကပ် ပညာသင်သည်။ ဆရာတော်
ကြီး၏ တပည့် ပထမပြန် ဆရာတော် လူထွက် ဥပကာကြီး ဆရာ ဦးရန်နှင်းကလည်း
ပညာသင်ပေးသည်။ သက္ကရာဇ် ၁၂၅၆ တွင် ဦးတိုးလုံ၊ ဒေါ်သွယ်တို့၏ ပစ္စယာနုဂ္ဂဟဖြင့်
သာမဏေ၀တ်သည်။ ဘွဲ့မှာ ရှင်စက္ကပါလ အမည် ရသည်။ ရှင်သုံးဝါတိုင်တိုင် ၀ဇီရာရာမ
ဆရာတော် ကြီးနှင့် ဘုံပျံဆရာတော် ကြီးထံမှာ ပညာဆက်လက်ဆည်းပူးသည်။

သက္ကရာဇ် ၁၂၅၈ ခု တပေါင်းလပြည့်ကျော် ၂ ရက်တွင် ဦးတိုးလုံ၊


ဒေါ်သွယ်တို့ကပင် ရဟန်းဒါယကာ၊ ဒါယိကာမ ပြုလုပ်လျက် ၀ဇီရာရာမ ဆရာတော် ကြီးကို
ဥပဇ္ဈာယ်ဆရာပြုကာ မြင့်မြတ်သော ရဟန်းအ ဖြစ်သို့ ရောက်ရှိသည်။ သာမဏေ ၃ ၀ါ၊
ရဟန်း ၃ ၀ါ၊ ပေါင်း ၆ ၀ါ အတွင်း မော်လမြိုင်၌ သီတင်းသုံးစဉ် သဒ္ဒါ၊သဂြိုဟ်၊ ခုဒ္ဒသိက္ခာနှင့်
တကွ ၀ိနည်းငယ် သုံးစောင်၊ အဘိဓာနပ္ပဒီပိကာ၊ ပါရာဇိကဏ် အဋ္ဌကထာ၊ နေတ္ထိပါဠိတော်
နှင့် အဋ္ဌကထာ၊ ဋီကာ၊ သဒ္ဒနီတိ၊ သုတ္တမာလာ ကျမ်းများ ကို ကျကျနန တတ်မြောက်ခဲ့သည်။
သာမဏေဘ၀တွင် ပင် သီဟိုဠ် ရဟန်းများ နှင့် အတူနေရသော ကြောင့် မာဂဓပါဠိဘာသာကို
သွက်လက်စွာ ပြောတတ်ခဲ့သည်။ သက္ကရာဇ် ၁၂၆၁ တွင် ၀ဇီရာရာမ ဆရာတော် ကြီး
သီဟိုဠ်သို့ ကြွရောက်သော အခါ နောက်တော် ပါးမှ အတူ လိုက်ပါခွင့် ရခဲ့သည်။

သက္ကရာဇ် ၁၂၆၂ တွင် ရန်ကုန် ကြားတောရ ဝေဠုဝန် ဆရာတော်


အရှင်ပဏ္ဍ၀ံသထံတွင် အဋ္ဌကထာ၊ ဋီကာ ကျမ်းများ စွာ ကို သုံးနှစ် သင်ယူ၍ ၊ တစ်ပါးသော
စာသင်သားများ ကိုလည်း စာဝါ ပို့ချသည်။ သက္ကရာဇ် ၁၂၆၅ တွင် မန္တလေး အနောက်ပြင်
စကုတိုက် ပန်းထိမ်ကျောင်း၌ သီတင်းသုံး၍ ချမ်းသာကြီး ဆရာတော် နှင့် ဆင်တဲ ဆရာတော်
ကြီးတို့ အထံတွင် တစ်နှစ် တစ်ဝါကြာမျှ သင်ရိုး ပိဋကတ် နေ့ဝါ ည၀ါ အဖြာဖြာကို
နည်းနာခံယူခဲ့သည်။ ထိုကာလမှာ ပင် မြန်မာဘုရင် လက်ထက်က ပုဏ္ဏားတော် ကြီး
သမာရလျှံထံတွင် သွာရဂတီ သင်္ခတဘာသာ ဗျာကရုဏ်းကျမ်းကိုလည်း သင်ယူခဲ့သည်။
ပုဏ္ဏားတော် ကြီး ကွယ်လွန်သွားသော ကြောင့် အပြီးမသတ် ရှိသည်များ ကို မန္တလေး
ပတ္တမြားတိုက် အရှင်စန္ဒြမဏိ မထေရ်ထံ၌ ဆက်လက် သင်ယူခဲ့ရသည်။

သက္ကရာဇ် ၁၂၆၆ တွင် ၀ဇီရာရာမ ဆရာတော် ကြီးနှင့် အတူ စစ်ကိုင်းတောင်ရိုး


ခိုတောင်တောရ ရတနာဘုမ္မိချောင်သို့ ကြွရောက်သီတင်းသုံးပြီး စာဝါ ပို့ချပေးသည်။ ၁၂၆၇
တွင် ကျေးဇူးရှင် ဆရာတော် ကြီးနှင့် အတူ မော်လမြိုင်ရတနာဘုံပျံကျောင်းသို့ ပြန်လည်
ကြွရောက်သည်။ စာဝါ ပို့ချသည်။ ထိုနှစ် မကုန်မီ စစ်ကိုင်းတောင်ရိုး ရတနာဘုမ္မိချောင်သို့
ကြွရောက်ခဲ့၏ ။ ၁၅ ၀ါတိုင်တိုင် စာဝါပို့ချပေးခြင်း၊ တရားဓမ္မ ချီးမြှင့်ခြင်း ပြုတော် မူသည်။
၁၂၈၃ တွင် မူ မန္တလေး မဟာဝေယန်ဘုံသာ အုဋ္ဌ်ကျောင်းတိုက်ကြီးသို့ ပြောင်းရွှေ့၍ ၁၂၈၉
အထိ စာဝါပို့ချပေးသည်။ ၁၂၈၆ ခု ၀ါဆိုလဆုတ် ၈ ရက် ဗုဒ္ဓဟူးနေ့တွင် အဆိုပါ
ကျောင်းတိုက်အတွင်း၌ စက္ကာလင်္ကာရ ခဏ္ဍသိမ်တော် ကြီးကို သမုတ်ပေးတော် မူသည်။
၁၂၈၇ တွင် အိန္ဒိယ၌ ဘုရားဖူးပြီးနောက် သီဟိုဠ်သို့ ဒုတိယအကြိမ် ကြွရောက်တော် မူသည်။

သက္ကရာဇ် ၁၂၉၀ ပြည့် ၀ါဆိုလဆန်း ၈ ရက်တွင် သာမဏေနှင့် ရဟန်းဒါယကာ


ဦးတိုးလုံ၏ ပင့်လျှောက်ချက်အရ မော်လမြိုင် တောင်ပေါက်ကျောင်းသို့ ကြွရောက်
သီတင်းသုံးသည်။ စာဝါပို့ချခြင်း၊ ကျမ်းစာရေး ခြင်း၊ ၁၂၉၂ တွင် မော်လမြိုင်မြို့ ပရိယတ္တိ
သဒ္ဓမ္မပါလ အသင်းကို ဖွဲ့စည်းစေ၍ နှစ် စဉ် စာမေးပွဲ ကျင်းပစေခြင်း စသည်ဖြင့်
သာသနာ့အကျိုးကို သယ်ပိုးတော် မူသည်။ ၁၂၉၇ တွင် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်
ဆက်ကပ်လှူဒါန်းခြင်းကို ခံယူတော် မူသည်။ ထို့ပြင် ပထမပြန် ပါဠိပညာရေး နာယက
ဆရာတော် များ အဖွဲ့ ဥက္ကဋ္ဌ၊ ၀ိနိစ္ဆယဋ္ဌာန ၀ိနည်းဓိုရ်ဆရာတော် ၊ ဆဋ္ဌသင်္ဂါယနာ
သြ၀ါဒါစရိယ၊ နိုင်ငံတော် သံဃမဟာနာယက အ ဖြစ်လည်း ချီးမြှောက် ပူဇော်ခံရသည်။

သက္ကရာဇ် ၁၃၀၀ ပြည့်တွင် ရန်ကုန် သရက်တောတိုက် တောင်ဘီလူးကျောင်း၌


တစ်ဝါဆို၍ 'ပါကတမဉ္ဇရီ' မည် သော ဗျာကရုဏ်းကျမ်း နိဿ
ယကို ရေး တော် မူသည်။ ၁၃၀၁
တွင် မော်လမြိုင် တောင်ပေါက်ကျောင်းသို့ ပြန်လည်ကြွရောက်ခဲ့သည်။
ဆရာတော် ကြီး စီရင်အပ်သော ကျမ်းပေါင်း ၅၆ ကျမ်း ရှိရာ၊ ၎င်းကျမ်းများ အနက်
ဗုဒ္ဓသာသနိက ပဋ္ဌ၀ီဝင်ကျမ်းကြီးမှာ အကျော်စောဆုံး ဖြစ်ပေသည်။ သက္ကရာဇ် ၁၂၉၄ တွင်
အစပြု ရေး သား စီရင်တော် မူသည်။ မူလ စီရင်စဉ်က မြေပုံပေါင်း လေးဆယ်ကျော်
ပါဝင်သည်။ နောက်မှတစ်ဖန် ဆရာတော် ကြီး ကိုယ်တိုင် အရေး ကြီးဆုံး မြေပုံ လေးပုံသာ
ချန်ထားပြီး ကျန်မြေပုံအားလုံးနှင့် တကွ အခြား အကျဉ်း ကျမ်းစောင်ငယ်တစ်ကျမ်း
ကလေးသူငယ်များ သင်ကြားနိုင်ရန် စီရင်တော် မူသည်။ ထို့ကြောင့် ဗုဒ္ဓသာသနိက
ပဋ္ဌ၀ီဝင်ကျမ်း အကျဉ်း အကျယ် နှစ် မျိုးရှိပေသည်။ ပုံနှိပ်ပြီးကျမ်းမှာ အကျယ် ဖြစ်သည်။ “
ဗုဒ္ဓသာသနာတော် ကြီးနှင့် ပတ်သက်၍ ခုမျက်မှော က် မိမိတို့ သိရှိယူဆထားသည်ထက်
ပိုမိုရှင်းလင်းစွာ သိရှိလိုကြသော ဗုဒ္ဓဘာသာ သူတော် စင် အပေါင်းတို့သို့
ဤကျမ်းစာအုပ်သည် အဖိုးမဖြတ်နိုင်အောင် ပေးဆောင်ပေလိမ့်မည် ။
ဤပဋ္ဌ၀ီဝင်ကျမ်းကြီးသည် အရေး ပါ အရာရောက်သော ကျမ်းကြီးတစ်စောင် ဖြစ်ပေလိမ့်မည်
” ဟူ၍ ကျောက်စာဝန် ချားလ်ဒူရွိုင်ဆယ်က ထင်မြင်ချက် ရေး ခဲ့သည်။

သက္ကရာဇ် ၁၃၁၅ ခု ဒုတိယ၀ါဆိုလဆုတ် ၃ ရက်(၂၉ ဇူလိုင် ၁၉၅၃) နေ့ ညနေ


၎ နာရီ ၂၂ မိနစ် အချိန်တွင် ဘ၀နတ်ထံ ပျံလွန်တော် မူခဲ့သည်။

[စာကိုး။ ။ (၁) ဦးဇနိန္ဒ။ တောင်ပေါက် ဆရာတော် ဘုရားကြီး၏


ထေရုပ္ပတ္တိကထာ အကျဉ်းချုပ်(မ-၁၃၁၅)။ (၂) ပါဠိဆရာ ဦးဘသန်း။ တောင်ပေါက်ကျောင်း
ဒါယကာကြီး ဦးတိုးလုံ အတ္ထုပ္ပတ္တိ (မ-၁၃၁၂)။ (၃) မေမြို့မိုးကြည်။ ဘွဲ့တံဆိပ်တော် ဂုဏ်ရည်
သမိုင်းချုပ်နှင့် ဘွဲ့တံဆိပ်တော် ရ မဟာထေရ်ကြီးများ (၁၉၈၀)။ စာ ၁၁၃-၁၁၄။ (၄) ဂန္ထ၀င်
ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိ ပေါင်းချုပ် (၁၉၆၁)။ စာ ၁၅၆-၁၅၈။ (၅) ဦးတင်ဟိန်း။
'မော်လမြိုင်မြို့၏ ကျေးဇူးရှင် ဆရာတော် ကြီးများ '၊ မော်လမြိုင်မြို့ မဟာမြတ်မုနိရုပ်ပွားတော်
ရာပြည့်မဂ္ဂဇင် (ဧပြီ ၂၀၀၄)။ စာ ၉၇-၁၀၁။ (၆) စက္ကပါလမဟာထေရ်။ ဗုဒ္ဓသာသနိက
ပဋ္ဌ၀ီဝင်ကျမ်းကြီး (၂ ကြိမ်၊ ၁၉၉၂)။]


(၁၃)
သရာဇ ဦးတုတ်ကြီး [၁၈၈၄-၁၉၃၁]

ရန်ကုန်မြို့ ၂၆ လမ်း အောက်လမ်း (ကျောက်တံတား)၌ အဖ ကုန်သည်ကြီးနှင့်


သိမ်ဒကာကြီး ဦးမောင်ကြီး၊ အမိ သိမ်ဒကာမကြီး ဒေါ်ကြီးတို့က ၂၃ ဇွန် ၁၈၈၄ တွင်
မွေးဖွားခဲ့သည်။ မွေးချင်း ညီအစ်ကို လေးယောက် တွင် တတိယမြောက် ဖြစ်သည်။
ဦးတုတ်ကြီး ၅ နှစ် သားအရွယ်တွင် ဖခင် ဦးမောင်ကြီးမှာ ကွယ်လွန်သွားခဲ့သည်။

ငယ်စဉ်က ရန်ကုန်မြို့ ဆရာကြီး ဦးဘိုးမင်းကျောင်းတွင် မြန်မာစာပေများ


သင်ယူခဲ့သည်။ ထို့နောက် ရန်ကုန် အစိုးရ ဟိုက်စကူးကျောင်းသို့ ပြောင်းရွှေ့၍
အင်္ဂလိပ်ဘာသာစာပေ သင်ကြားသည်။ ပညာပါရမီ ရင့်သန်သူ ဖြစ်သော ကြောင့် ၇ တန်း
စာမေးပွဲတွင် စကောလားရှစ်ဆု အစိုးရ အထောက်အပံ့နှင့် ထူးချွန်စွာ အောင်မြင်ခဲ့သည်။
ထို့ကြောင့် အင်းထရင့် (ခေါ်) ဗင်္ဂလားတန်း စာမေးပွဲအထိ တစ်လလျှင် ၈ ကျပ်ကျ၊
အင်းထရင့်က အက်ဖ်အေအထိ တစ်လလျှင် ၁၂ ကျပ်ကျ၊ အက်ဖ်အေက ဘီအေအထိ
တစ်လလျှင် ၁၆ ကျပ်ကျ တောက်လျှောက် ချီးမြှင့်ခြင်း ခံရသည်။ ဤသို့ဖြင့် မိဘများ မှာ
ဦးတုတ်ကြီး ဘီအေ အောင်သည်အထိ ကျောင်းလခ ထောက်ပံ့ရခြင်းမှ လွတ်ခဲ့ပေသည်။

၁၉၀၈ မှ ၁၉၂၀ အထိ တရားမမြို့အုပ် ရာထူးဖြင့် အမှု ထမ်းခဲ့သည်။


ဒေးဒရဲမြို့တွင် တရားမမြို့အုပ် အ ဖြစ် အမှု ထမ်းစဉ် မျက်နှာဖြူ အရာရှိများ အား ဒူးထောက်
ရှိခိုးရသော အလုပ်ကို အလွန် စက်ဆုပ်ရွံရှာကြောင်း၊ သူကိုယ်တိုင်လည်း ထိုအပြုအမူမျိုးကို
ဘယ်သော အခါမျှ မလုပ်ခဲ့ဖူးကြောင်း အမှတ်အသားရှိသည်။ အစိုးရ ရာထူးတွင် အမှု
ထမ်းနေစဉ်မှာ ပင် ၀ိုင်အမ်ဘီအေအသင်း ပေါ်ထွန်းလာသော အခါ မူလအသင်းသာအ ဖြစ်
ပါဝင်ခဲ့သည်။ မြို့အုပ်ရာထူးမှ မိမိအလိုအလျောက် နုတ်ထွက်လိုက်ပြီးနောက် ရန်ကုန်
ဝိုင်အမ်ဘီအေအသင်းတွင် ၀င်ရောက် ဆောင်ရွက်ရာ အတွင်းရေး မှူး ရာထူးအထိ
ချီးမြှင့်ခြင်း ခံရသည်။ ပျဉ်းမနားနှင့် မော်လမြိုင်တွင် ကျင်းပသည့် ၀ိုင်အမ်ဘီအေ
အသင်းချုပ်ကြီး၏ နှစ် လည်အစည်းအဝေးကြီးများ သို့ ရန်ကုန် ၀ိုင်အမ်ဘီအေ
ကိုယ်စားလှယ်အ ဖြစ် တက်ရောက်ခဲ့သည်။ ထို့ပြင် တိုင်းကျိုးပြည်ကျိုးကို
သယ်ပိုးဆောင်ရွက်လိုသော ဆန္ဒ အာသီသဖြင့် သူရိယသတင်းစာတိုက်မှ ထုတ်ဝေသော
ဘားမားအော့ဗဇားဘား အင်္ဂလိပ် သတင်းစာနှင့် သူရိယသတင်းစာများ တွင် အယ်ဒီတာအ
ဖြစ် ၀င်ရောက်လုပ်ကိုင်သည်။ ဦးတုတ်ကြီး၏ မယုတ်မလျော့သော လုံ့လ၀ီရိယကြောင့်
၁၉၂၁တွင် သူရိယတိုက် မန်နေဂျင်းဒါရိုက်တာအထိ ဆောင်ရွက်ခဲ့ရသည်။ 'သူရိယ
ဦးတုတ်ကြီး' ဟူ၍ ထင်ရှားလာခဲ့လေသည်။

ထို့ပြင် ရန်ကုန်မြို့ မြူနီစီပယ် လူကြီးအ ဖြစ် လည်းကောင်း၊ အိန္ဒိယနိုင်ငံ


အောက်လွှတ်တော် မင်းတိုင်ပင်အမတ် (Member of the Indian Legislative
Assembly) အ ဖြစ် လည်းကောင်း၊ ရန်ကုန်မြို့တွင် ပထမဆုံးသော ဓာတ်ရထား
သပိတ်မှော က်ကိစ္စ ပေါ်ပေါက်လာသော အခါ ရန်ကုန်ယာဉ်ကော်မတီအဖွဲ့ ဥက္ကဋ္ဌအ ဖြစ်
လည်းကောင်း တာဝန်ယူခဲ့သည်။ အိန္ဒိယနိုင်ငံ အောက်လွှတ်တော် မင်းတိုင်ပင်အမတ်အ ဖြစ်
ဆောင်ရွက်နေစဉ် အိန္ဒိယနိုင်ငံလုံးဆိုင်ရာ စာပို့တိုက်အလုပ်သမား ကွန်ဖရင့်တွင်
အစည်းအဝေး သဘာပတိအ ဖြစ် ဆောင်ရွက်ခဲ့သည်။ ဗုဒ္ဓဂါယာ မဟာဗောဓိစေတီတော်
ကြီးကို မဟန့် ခေါ် ဟိန္ဒူဘုန်းကြီးများ တစ်ဦးတည်းပိုင်အ ဖြစ် ကြီးစိုးနေခြင်းမှ လွတ်ကင်း၍ ၊
ဗုဒ္ဓဘာသာဝင်အများ ပါဝင်အုပ်ချုပ်နိုင်ခွင့်ရစေရန် ဦးတုတ်ကြီးသည် မဟာဗောဓိ
ဥပဒေကြမ်းကို ရေး သား၍ အိန္ဒိယ အောက်လွှတ်တော် တွင် တင်သွင်းခဲ့သည်။
မဟာဗောဓိကော်မတီ အဖွဲ့ဝင်လူကြီး အ ဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ ၀ံသာနု နှစ်
ဆယ့်တစ်ဦး အဖွဲ့ဝင် ဖြစ်သော သူရိယ ဦးတုတ်ကြီးသည် နှစ် ဆယ့်တစ်ဦး အဖွဲ့ထဲမှ
ခွဲထွက်ပြီးနောက် ၂ သြဂုတ် ၁၉၂၅ တွင် မြန်မာပြည် ဆွာရတ်ပါတီ (Burma Swaraj
Party) ခေါ် 'မြန်မာပြည် သရာဇအသင်းကြီး' ကို ဦးစီးခေါင်းဆောင်ပြုဖွဲ့စည်းလိုက်သည်။
ဆရာလွန်း (မြန်မာ ပရောဖက်ဆာဆရာကြီး ၊ နောင် သခင်ကိုယ်တော် မှိုင်း)၊ ဦးမောင်ကြီး
(လယ်တီပဏ္ဍိတ)၊ ဦးစိန် (ဘအို့ကုမ္ပဏီ မန်နေဂျာ)၊ ဦးထွန်းသန်း (လစ်ဘာတီ
သတင်းစာတိုက်ရှင်)၊ ဦးစိန် (သူရိယ)၊ ဦးဘသန်း (အင်ဒီပင်းဒင့် သတင်းစာတိုက်ရှင်)၊
ဦးမောင်မောင် (မြန်မာ့ဝန်ထမ်း သတင်းစာတိုက်ရှင်)၊ ဦးနီ (၀တ်လုံတော် ရ)၊
ဒေါက်တာဘမော် (ဒီလစ်၊ ၀တ်လုံတော် ရ)၊ ဦးဘဂျမ်း (မျိုးချစ်ဂျာနယ်တိုက်ရှင်) နှင့်
ဦးမောင်မောင်(ရမ်းဗြဲ) အစရှိသည့် ထိုခေတ် ထိုအချိန်က စာပေလောကတွင် ထင်ရှားသော
ပညာရှင်များ နှင့် တိုင်းပြည်က သိမှတ်ထားသည့် နိုင်ငံရေး ခေါင်းဆောင်များ
ပါဝင်ရောက်လှုပ်ရှားကြသည်။ ဥပဒေပြု လွှတ်တော် အတွင်းသို့ ၀င်ပြီး အစိုးရအား
ပူးသတ်မည် ဟု အသင်းကြီး၏ မူဝါဒကို အတိအလင်း ကြေညာလိုက်သည်။ အသင်းကြီး၏
မူဝါဒများ နှင့် ဆောင်ရွက်ချက်များ ကို ဒီးဒုတ်ဂျာနယ်၊ ဇေယျသတင်းစာ၊ ဓူဝံသတင်းစာ
စသည်များ မှ အမြဲမပြတ် ဖော်ပြခဲ့သည်။ ၁၃ စက်တင်ဘာ ၁၉၂၅ တွင် ဂျူဗလီဟော
ခန်းမကြီးမှာ ကျင်းပသော သရာဇဦးတုတ်ကြီးကို တင်မြှောက်ခဲ့ကြသည်။ ဤသို့ ဖြင့် 'သူရိယ
ဦးတုတ်ကြီး' မှသည် 'သရာဇ ဦးတုတ်ကြီး' ဖြစ်လာခဲ့သည်။

သို့သော် ဥပဒေပြု လွှတ်တော် တွင်းသို့ ၀င်ပြီး အစိုးရအား ပူးသတ်မည် ဟု


ကြွေးကြော်ထားသော သရာဇ အသင်းကြီး၏ ခေါင်းဆောင်များ သည် လွှတ်တော် တွင်းသို့
ရောက်သည်နှင့် သရာဇ အသင်းကြီးအား လုံးဝ လှည့်မကြည့်တော့ချေ။ သို့နှင့် ၎င်းတို့အား
ပြည်သူများ က အယုံအကြည် ကင်းမဲ့လာကြသည်။ သရာဇ အသင်းကြီးအား ထာဝစဉ်
ထောက်ခံရေး သားခဲ့သည့် ဇေယျ သတင်းစာမှာ လည်း တစ်နှစ် တာမျှ မကြာမီ အတွင်း လုံးဝ
ဇီဝိန်ချုပ်ငြိမ်းသွားရရှာတော့သည်။ ဤတွင် သရာဇ အသင်းကြီးသည်လည်း ဇေယျ
သတင်းစာနှင့် အတူ နိဂုံးချုပ်သွားရလေတော့၏ ။

၁၉၂၂ မှ ၁၉၂၇ အတွင်းတွင် အင်္ဂလိပ် အစိုးရသည် ဦးတုတ်ကြီးကို ၁၅၀၀


ကျပ်စား ပြန်ကြားဝန်ရာထူးဖြင့် လည်းကောင်း၊ ၅၀၀၀ ကျပ်စား သစ်တောရေး ၀န်ကြီးအ ဖြစ်
လည်းကောင်း ကမ်းလှမ်း၍ သိမ်းသွင်းရန် ကြိုးစားခဲ့သည်။ တိုင်းပြည်အကျိုးကို ရဲရဲတောက်
မဆောင်ရွက်နိုင်မည် စိုး၍ ငြင်းပယ်ခဲ့ကြောင်း အထောက်အထား တွေ့ ရသည်။

၁၉၂၇ တွင် ဦးတုတ်ကြီးသည် မိမိဆန္ဒအလျောက် သူရိယသတင်းစာတိုက်မှ


နုတ်ထွက်ခဲ့သည်။ ၁၉၂၉ တွင် မိမိ နေထိုင်ခဲ့ဖူးသော မော်လမြိုင်သို့ ပြန်လာခဲ့သည်။ ၁၆ ဧပြီ
၁၉၂၉ အင်္ဂါနေ့တိုင်း ရက်သတ္တတစ်ပတ်လျှင် တစ်ကြိမ်ကျ၊ တစ်စောင် ၂ ပဲ နှုန်းဖြင့်
အင်္ဂါနေ့တိုင်း ထုတ်ဝေသော ကေသရ( Kesara) သတင်းစာ ကို မော်လမြိုင်မြို့ သာယာကုန်း
အောက်လမ်းမကြီး အမှတ် ၂၆၀ ကေသရသတင်းစာတိုက်၌ ရိုက်နှိပ်၍ စတင်
ထုတ်ဝေခဲ့သည်။ ကေသရသတင်းစာတွင် ထုတ်ဝေသူ ဦးတုတ်ကြီး (ဘီအေ)၊ တိုက်အုပ်မှာ
ဦးအောင်ဘုံ(ဘီအေ)၊ အယ်ဒီတာမှာ ဆရာစိန်တို့ ဖြစ်ကြသည်။ အမျိုး သာသနာ ပညာ ဘဝ
လေးဌာနအကျိုးစီးပွားအတွက် ဟူ၍ သတင်းစာ၏ ရည်ရွယ်ချက်ကို ပထမဆုံးထုတ်တွင်
ဖော်ပြထားသည်။ ကေသရသတင်းစာတွင် ပါဠိဆရာ ဆရာညွန့်၊ မော်လမြိုင် ဘုံပျံဆရာတော်
ဦးကေတု၊ ပါဠိဆရာ ဦးဘသန်း (ဇိနာလင်္ကာရဋီကာ ဘာသာပြန်အပတ်စဉ်ရေး သူ)၊
ဦးတုတ်ကြီး (သရာဇကျမ်း အပတ်စဉ်ရေး သူ) တို့၏ အပတ်စဉ်ဆောင်းပါးများ ၊ ပြည်တွင်
းသတင်း၊ အိန္ဒိယနိုင်ငံသတင်း၊ အတိုင်းတိုင်း အပြည်ပြည်သတင်း စသည်တို့ ဝေေ၀ဆာဆာ
ပါရှိသော သတင်းဂျာနယ် တစ်စောင်ပင် ဖြစ်သည်။ ကေသရ သတင်းစာ(၁၀-၅-၃၁) တွင် "
(မ) ၁၂၉၂ တွင် ကမ္ဘာ့ရာဇ၀င်၌ အစားအစာ ကျပ်တည်းမှု အဆိုးရွာဆုံးနှစ် ဖြစ်ကြောင်း၊
အောက်နိုင်ငံတွင် လူခွန်တော် ၊ အထက်နိုင်ငံတွင် သဿ
မေဓ အခွန်တော် များ ကို
အတင်းအကျပ် ရအောင် ကောက်ခံနေကြောင်း၊ မရှိနွမ်းပါး ဆင်းရဲသားများ မှာ အထိခိုက်ဆုံး
ဖြစ်ကြောင်း၊ ထိုအခွန်နှစ် ရပ် ဖျက်သိမ်းရန် အကြမ်းမဖက် အနုနည်းလက်နက်ကို
အသုံးပြုကြဖို့ရာ တိုက်တွန်းကြောင်း" စသည်ဖြင့် တိုင်းသူပြည်သားတို့အား
သတိပေးနှိုးဆော်စာ အမည် နှင့် ကြေညာချက် တစ်စောင်ကို ဦးတုတ်ကြီးက ရေး
သားခဲ့သည်။ ဦးတုတ်ကြီးသည် ကေသရသတင်းစာတွင် ပြည်သူ့နား၊ မျက်စိ ဖွင့်ပေးသည့်
ကိုလိုနီစနစ်ဆန့်ကျင်ရေး ဆောင်းပါးများ ကို အချက်ကျ၊ အကွက်ရတိုင်း ရေး သားခဲ့ပေသည်။
၁၉၃၅ အထိ ကေသရသတင်းစာ ထွက်နေဆဲ ဖြစ်ကြောင်း၊ သရာဇ အသင်းကြီး နိဂုံးချုပ်ခဲ့ပြီး
ဖြစ်သော်လည်း ကေသရ သတင်းစာသည် သရာဇပါတီသတင်းစာ ဖြစ်ကြောင်း
အမှတ်အသား တွေ့ ရသည်။

ဦးတုတ်ကြီးသည် သရာဇကျမ်း (ပထမတွဲ)နှင့် သရာဇကျမ်း (ဒုတိယတွဲ) တို့ကို


ရေး သားပြုစုခဲ့ရာ၊ ရန်ကုန်မြို့ သဟာယ စာပုံနှိပ်တိုက်က ထုတ်ဝေခဲ့သည်။

'သရာဇကျမ်း (ပထမတွဲ)' တွင် အခန်းကြီးငါးခန်း ပါရှိ၏ ။ ပထမခန်းတွင်


ဥရောပတိုက်သားများ နိုင်ငံသစ် ရှာဖွေ၍ နိုင်ငံချဲ့ထွင်ခြင်း အကြောင်းအရာများ နှင့်
အင်္ဂလိပ်လူမျိုးတို့ မြန်မာပြည်နှင့် အိန္ဒိယပြည်သို့ ရောက်ရှိလာကြပုံကို ဖော်ပြထားသည်။
အခန်း ၂ တွင် အင်္ဂလိပ်လူမျိုးတို့ အိန္ဒိယနိုင်ငံတွင် မည် ကဲ့သို့စတင် အုပ်ချုပ်လာခဲ့ကြောင်းများ
ပါရှိသည်။ အခန်း ၃ ၌ မြန်မာလူမျိုးနှင့် အင်္ဂလိပ်လူမျိုး ယှဉ်ပြိုင် တိုက်ခိုက်ခြင်းများ ကို ရေး
သားဖော်ပြပြီးနောက် မြန်မာပြည်၌ အင်္ဂလိပ်မင်းတို့ စီမံအုပ်ချုပ်ပုံ စနစ်များ ကို အကျယ်တ၀င့်
ရေး သားထားလေသည်။ အခန်း ၄ နှင့် အခန်း ၅ တွင် အင်္ဂလန် အုပ်ချုပ်ရေး စနစ်နှင့်
တာဝန်ခံ အုပ်ချုပ်ရေး အကြောင်းများ ကို အကျယ်ဖွင့်၍ ဖော်ပြထားသည်။

'သရာဇကျမ်း (ပထမတွဲ)' ကို ဂန္ထလောကမဂ္ဂဇင်း (ဒီဇင်ဘာ ၁၉၃၁) တွင် 'မောင်'


အမည် ခံသူက ဤသို့ ရေး ခဲ့သည်။ "ခေတ်သမယအလိုက် လိမ္မာယဉ်ကျေး ကြကုန်သော
တိုင်းပြည် ဟူသမျှတွင် တိုင်းသူပြည်သားတို့သည် တိုင်းရေး ပြည်မူ၌ မိမိကိုယ်တိုင်
ဝင်ရောက်ဆောင်ရွက်၍ ၊ မိမိတို့၏ တိုင်းပြည်ကို မိမိတို့ ကိုယ်တိုင် စီမံအုပ်ချုပ်နိုင်ရန်
မဆုတ်မနစ်သော လုံ့လဥဿ
ာဟဖြင့် ကြိုးစားအားထုတ်ခဲ့ကြရကား၊ ယခုအခါ များ စွာ သော
တိုင်းပြည်နိုင်ငံတို့တွင် တိုင်းသူပြည်သားတို့သည် ကိုယ့်တိုင်းပြည်ကို ကိုယ်သဘောကျ
စီမံအုပ်ချုပ်ခွင့် ရရှိနေကြလေသည်။ ဤကဲ့သို့ ကိုယ့်သဘောကျ စီမံအုပ်ချုပ်ရခြင်း
တည်းဟူသော အခွင်းအရေး ကို သက္ကတ ဘာသာအားဖြင့် 'ဆွာရဇ်' သို့မဟုတ် မာဂဓ ပါဠိ
ဘာသာအားဖြင့် 'သရာဇ'ဟု ခေါ်ကြ၏ ။ ယခုအခါ မြန်မာပြည်သူပြည်သားတို့လည်း
တိုင်းရေး ပြည်မှု တွင် အမြင်မျက်စိ ပွင့်လင်းလာကြပြီ ဖြစ်၍ ၊ သရာဇတည်းဟူသော
ကိုယ့်တိုင်းပြည် ကိုယ်သဘောကျ စီမံအုပ်ချုပ်ခွင့်ကို လွန်စွာ လိုလားတောင့်တနေကြကုန်၏ ။
လိုလားတောင့်တသော အတိုင်း မြန်မာပြည်သူပြည်သားတို့သည် တညီတညွတ်တည်း
မနေမနား ကြိုးစားအားထုတ်ကြလျှင် သရာဇ အုပ်ချုပ်ရေး ကို မနှောင့်မနှေး မကြန့်မကြာ
လျင်စွာ ရကြမည် ကား မလွဲချေ။ မြန်မာပြည်တွင် ကိုယ်တိုင်အုပ်ချုပ်မှု ရရန် ယခု ကြိုးစား
ဆောင်ရွက်နေကြသော ပုဂ္ဂိုလ်ကြီးများ မှာ ပညာဝါရင့်၍ တိုင်းရေး ပြည်မှု ၌ လိုက်စားသူများ
ဖြစ်ကြ၏ ၊ ၎င်းပုဂ္ဂိုလ်ကြီးများ မှာ မြန်မာပြည် လူဦးရေအားဖြင့် နှိုင်းရှုသော်များ စွာ
ရှိသင့်သလောက် မရှိသေးချေ။ ယခုခေတ်သမယ တိုင်းရေး ပြည်မှု ပညာကို တတ်ကျွမ်းခြင်း၌
အမှီပြုလျက် ရှိ၏ ။ တိုင်းသူပြည်သားများ တိုင်းပြည်မှု ပညာကို တတ်ကျွမ်းစေရန် တိုင်းရေး
ပြည်ရေး နှင့် ပတ်သက်သော စာအုပ်များ အမြောက်အမြား လိုအပ်၏ ။ တိုင်းရေး ပြည်မှု နှင့်
စပ်လျဉ်းသော စာအုပ်များ မှာ အင်္ဂလိပ်ဘာသာဖြင့် သာ များ ပြား၏ ။ မြန်မာဘာသာဖြင့်
မရှိသလောက်ပင် ဖြစ်၏ ။ ခေတ်အခါနှင့် လိုက်လျောစွာ ကွယ်လွန်သူ ဦးတုတ်ကြီး ရေး
သားသော သရာဇကျမ်းကြီး ပေါ်ထွက်လာခြင်းသည် ကောင်းမြတ်သော နိမိတ်ဟု
ယူမှတ်ရပေမည် " ဟု နိဒါန်းပျိုးထားသည်။
ထို့နောက် "သရာဇကျမ်းကြီးသည် လူပိန်းများ အတွက် ရေး သားဟန်တူ၏ ။
တိုင်းရေး ပြည်မှု ၌ နားမလည်သေးသော ပုဂ္ဂိုလ်တို့သည် ဤကျမ်းကို ဖတ်ရှုခြင်းအားဖြင့်
သိသင့်သလောက် သိနားလည်နိုင်ပေ၏ ။ ....သရာဇကျမ်းကို အစအဆုံး ဖတ်ရှုသော်
အလွန်ပင် ကောင်းမွန်၍ မှတ်သားလောက်သော အချက်များ ကို တွေ့ မြင်ရသော်လည်း
လောကအုပ်ချုပ်ရေး များ ကို ထင်ရှား ပြဆိုရာ ဖြစ်သော ကျမ်းတစ်စောင်ဟု မခေါ်ဆိုနိုင်ချေ။
အကြောင်းကား ယခု ပစ္စက္ခ ဖြစ်ပျက်နေသော အတိုင်းတိုင်း အပြည်ပြည်တို့၏
အုပ်ချုပ်ပုံစနစ်များ မပါရှိချေ။ အင်္ဂလန်ပြည် အုပ်ချုပ်ရေး စနစ်မျှသာ ဖြစ်ပေသည်။ ယခု
ထုတ်ဝေသော ကျမ်းမှာ ပထမတွဲမျှသာ ဖြစ်၍ ၊ ဒုတိယတွဲများ တွင် အထက်ပါ ဖော်ပြခဲ့သော
တိုင်းပြည်အသီးသီးတို့၏ အုပ်ချုပ်ပုံ စနစ်များ ကို တွေ့ မြင်ရပေမည် ဟု မျှော်လင့်ရန် ရှိသော
်လည်း ကွယ်လွန်သူ ဦးတုတ်ကြီးသည် ဒုတိယတွဲကို ဆက်လက်ရေး သားထားခဲ့သည်ဟု
မကြားမသိရသဖြင့် ၀မ်းနည်းစရာ အချက်တစ်ခု ဖြစ်လေသည်။" ဟူ၍ ဝေဖန်ခဲ့သည်။

'သရာဇကျမ်း (ဒုတိယတွဲ)' တွင် လည်း အခန်း ၆ မှ အခန်း ၁၀ အထိ အခန်းကြီး


ငါးခန်း ခွဲ၍ ရေး သားသည်။ စာမျက်နှာ ၁၉၅-၂၂၃ အထိ သြစရေလိယာပြည်နှင့်
အာဖရိကတောင်ပိုင်း အုပ်ချုပ်ရေး အကြောင်းကို အကျဉ်းပြထားသည်။ ဒိုမီနီယံ ဟုမ်းရူးရပြီး
နိုင်ငံများ အကြောင်းပင် ဖြစ်သည်။ စာမျက်နှာ ၂၂၃-၂၈၄ အထိတွင် ဒိုင်အာကီ အုပ်ချုပ်ရေး
အကြောင်းကို အတော် ပြည့်စုံအောင် ရေး သားထား၍ ၊ ထိုအုပ်ချုပ်ပုံ၏
မသင့်လျော်ကြောင်းကို ရှင်းလင်းဖော်ပြထားပေသည်။ ၎င်းနောက် ဒီမော်ကရေစီ စကား၏
အဓိပ္ပာယ်ကို ရှင်းလင်း၍ နာမည် ကျော် ကျမ်းပြုဆရာများ ထံမှလည်း ကိုးကားထုတ်နုတ်
ဖော်ပြထားလေသည်။ နောက်ဆုံး အခန်း ၁၀ တွင် ကား ကျမ်း၏ အမည် ဖြစ်သော
သရာဇအုပ်ချုပ်ရေး အကြောင်းကို ပြဆိုလေသည်။ မြန်မာပြည်တွင် ဂျီစီဘီအေ၊ ၂၁ ဦးစသော
အသင်းအပင်းများ ကွဲပြားလာပုံကိုလည်း ရေး သားထားသည်။

ဂန္ထလောက မဂ္ဂဇင်း (သြဂုတ် ၁၉၃၂) တွင် 'သရာဇကျမ်း (ဒုတိယတွဲ)'


ဝေဖန်စာကို ဖော်ပြထားသည်။ "နိုင်ငံရေး ပညာသတ်သက် မြန်မာဘာသာဖြင့် ရေး
သားထားသော စာအုပ်များ မှ မရှိသလောက် ရှားပေသည်။ ဦးဘဦး၏ နိုင်ငံရေး ပညာကျမ်း၊
ပီမိုနင်းရေး သော ကျမ်းမျှသာ အနည်းငယ် ထင်ပေါ်လျက်ရှိပေသည်။ သို့ရာတွင် နိုင်ငံရေး
ပညာသည် အနောက်နိုင်ငံမှ ပြန့်ပွားလာသော ပညာရပ်သတ်သတ် မဟုတ်။ မြန်မာပြည်တွင်
အနောက်နိုင်ငံဝါဒများ မပြန့်ပွားမီကပင် နိုင်ငံရေး ကျမ်းကြီး ကျမ်းခိုင်များ ရှိလေသည်။
အရှင်နန္ဒိယမထရ်စီရင်ရေး သားထားတော် မူခဲ့သော ၀သမေဒပကာသနီကျမ်း သည်
မြန်မာလူမျိုးတို့၏ မူလ နိုင်ငံရေး အခြေပြကျမ်း ဖြစ်ပေသည်" ဟု အစချီ၍ အောက်ပါအတိုင်း
ဝေဖန်ခဲ့သည်။

"..... ဦးတုတ်ကြီး၏ သရာဇကျမ်းသည် မျက်နှာဖုံးတွင် ဖော်ပြထားသည့်အတိုင်း


လောကအုပ်ချုပ်ရေး များ ကို ပြဆိုပေသည်။ ....သြစရေလိယာပြည်နှင့်
အာဖရိကတောင်ပိုင်း...နိုင်ငံများ သည် ဒိုမီနီယံ ဟုမ်းရူးရပြီး ဖြစ်ကြ၍ ၊ ၎င်းတို့၏ အုပ်ချုပ်ရေး
ကို မြန်မာလူမျိုးတိုင်း ဖတ်သင့်ပေသည်။ ....မြန်မာပြည်တွင် ဂျီစီဘီအေ၊ ၂၁ ဦး စသော
အသင်းအပင်းများ ကွဲပြားလာပုံကို ရေး သားရာ၌ ပုဂ္ဂလဓိဋ္ဌာန် အငြိအစွန်း
မပါရှိသည့်အတွက် ကျမ်းပြုဆရာအား ချီးမွမ်းထိုက်ပေသည်။ ထိုစာအုပ်တွင် အဖိုးတန်သော
မှတ်ချက်၊ ထင်မြင်ချက်များ လည်း အများ ပင် ပါရှိပေသည်။ ဥပမာ စာမျက်နှာ ၃၅၃ တွင် -
'လောက၌ လူအများ စုပေါင်း၍ အစည်းအရုံးပြုထားသော အသင်းအပင်း တူသမျှသည်
တစ်သဘောတည်း ဘယ်နည်းမျှ မ ဖြစ်နိုင်။ သဘောကွဲလွဲရမည် တည်း။ လူအများ သဘော၊
လူအနည်း သဘော ဟူ၍ ရှိရမည် တည်း။ ဤသို့ အသင်းအပင်းများ တွင် လူအများ သဘော၊
အနည်းသဘောရှိကြရာ ဦးစီးခေါင်းဆောင် လုပ်သူတို့သည် လူအနည်းသဘောကို
အလေးဂရုမပြု မရှိရာ။ များ သော အားဖြင့် အကြံသစ် ဥာဏ်သစ် ပေးသော သူတို့ကို အများ
သဘောနှင့် ဆန့်ကျင်ရမည် လောဟု အသင်းမှ နှင်ထုတ်လျှင် ဤအသင်းသည် ဘယ်သော
အခါမှ ကြီးပွား ဖြစ်မြောက်နိုင်မည် မဟုတ်' ဟူ၍ ပါရှိလေသည်။"

သက္ကရာဇ် ၁၂၉၁ တွင် ရွှေတိဂုံစေတီတော် ၏ အနောက်မုခ်၊ အနောက်ဘက်


စောင်းတန်းများ ဖွင့်လှစ်ရေး ကိစ္စ ပေါ်ပေါက်လာသည်။ ထိုအရေး အခွင့်တို့ကို ပြောဆိုနိုင်ရာ
ဖြစ်သော အိန္ဒိယနိုင်ငံ ဆင်းမလားမြို့သို့ ဦးတုတ်ကြီးသည် လွှတ်တော်
အစည်းအဝေးတက်ရင်း သွားရောက်ခဲ့သည်။ ၁၂၉၁ ခု တော် သလင်းလ အတွင်းတွင် ပင်
ဆင်းမလားမြို့၌ သွက်ချာပါဒ လေ ရောဂါ ဖိစီးစွဲကပ်ရာ၊ ရက်ပေါင်း ၂၀ တိုင် လူမှန်းမသိ
မချိတင်ကဲ ဝေဒနာ ခံစားရတော့သည်။ ဇနီး ဒေါ်ဖွားမေ ကိုယ်တိုင် ဆင်းမလားသို့
လိုက်သွား၍ ဦးတုတ်ကြီးကို ခေါ်ဆောင်ခဲ့ရာ မော်လမြိုင်အိမ်သို့ တန်ဆောင်မုန်းလတွင်
ပြန်လည် ရောက်ရှိသည်။ ၁၂၉၃ ခု နယုန်လဆန်း ၁၀ ရက် (၂၅ မေ ၁၉၃၁) တွင်
အမူးဖောက်လာပြီးနောက် ကွယ်လွန်သွားခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၄၇ နှစ်
အရွယ်မျှသာ ရှိပေသေးသည်။

"၎င်းပုဂ္ဂိုလ်ကြီး၏ အာသီသဆန္ဒ စိတ်စေတနာမှာ တိုင်းပြည်နှင့် တကွ


အမျိုးဘာသာ၊ သာသနာ၏ အကျိုး ပွားတိုးစေရန် ရည်သန်ရင်း ရှိသည့်အတွက်၊ မိမိ၏
သဘော၌ ဆိုအပ်ခဲ့ပြီးသော အကျိုးများ ပွားတိုးမည် ဟု ထင်မြင် သဘောရရှိပါက သူတစ်ထူး
ချီးမွမ်းခြင်း၊ ကဲ့ရဲ့ ရှုတ်ချခြင်းကို ပမာဏ မပြုဘဲ ဆောင်ရွက်ရန် ကိစ္စအ၀၀ကိုသာ မိမိ၏
တာဝန်ကို ကျေပွန်အောင်၊ မကြောက်မရွှံ့ဟုတ်တိုင်းမှန်ရာကိုသာ ရဲဝံ့စွာ
ပြောဆိုလုပ်ကိုင်လေ့ ရှိပါကြောင်း၊ သို့အတွက် တိုင်းသူပြည်သား လူအများ တို့၏
ချီးမွမ်းခြင်းကိုလည်း ခံခဲ့ရပေကြောင်း။......ကျွန်ုပ်တို့ မြန်မာပြည်၌ တိုင်းရေး ပြည်ရေး
ဆောင်ရွက်ကြသော ပုဂ္ဂိုလ်များ မှာ ဦးရေ နည်းပါးနေသည့်အခိုက်၊ ၎င်းပုဂ္ဂိုလ်ကြီးတစ်ဦး
ကွယ်လွန်အနိစ္စရောက်ရှိပါသဖြင့် ကျွန်ုပ်တို့နှင့် တကွ တိုင်းသူပြည်သားတို့မှာ အမိမဲ့သား
ရေနည်းငါးကဲ့သို့ ဖြစ်ကြပြီးလျှင် ယူကျုံးမရ တ သ ၀မ်းနည်းလျက် ရှိရပေသတည်း"ဟု
'မောင်ဦး'အမည် ခံသူက ရေး ခဲ့သည်။ တစ်ဆက်တည်း ".....ကျန်ရစ်သော
ရုပ်အလောင်းကိုလည်း ကျန်ရှိသူ ဇနီး ဒေါ်ဖွားမေက မော်လမြိုင်မြို့ပေါ်ရှိ အသင်းသူ
အသင်းသားများ နှင့် ညှိနှိုင်းတိုင်ပင်၍ ကောင်းမွန်စွာ ဖုတ်ကြည်းသင်္ဂြိုဟ်ခြင်း
ဈာပနာအခမ်းအနားကို စီမံပြုလုပ်ရာ၊ လိုက်ပို့သင်္ဂြိုဟ်ကြသော လူပရိသတ်ကြီးမှာ အလွန်
စည်ကားပေကြောင်း" ဟူ၍ မှတ်တမ်း တင်ထားသည်။

ဦးတုတ်ကြီးတွင် ဇနီး တစ်ယောက် ရှိခဲ့သည်။ ပထမဇနီးမှာ


မကွေးမြို့နေရေနံတွင်းစားရိုး ဦးမောင်မောင်ကြီးနှင့် ရေနံတွင်းစား ဒေါ်ဒေါ်ကျော့တို့၏
သမီးရေနံတွင်းစား ဒေါ်မမကလေး ဖြစ်သည်။ ၂၉ အောက်တိုဘာ ၁၉၁၁ တွင်
လက်ထပ်ခဲ့ကြသည်။ သား သုံးယောက် ၊ သမီး သုံးယောက် ထွန်းကားခဲ့သည်။
အကြီးဆုံးသားနှင့် အငယ်ဆုံးသားမှာ လသားအရွယ်တွင် ပျက်စီးခဲ့ကြ၍ သားလတ်မှာ ၁၉၂၇
တွင် ကွယ်လွန်ခဲ့သည်။ ထို့ကြောင့် ခင်ပိုက်ပိုက်၊ ခင်မြမြနှင့် ခင်ကြည်ကြည် ဟူသည့်
ညီအစ်မသုံးဦး ကျန်ရစ်သည်။ ၃ မတ် ၁၉၂၂ တွင် ဦးတုတ်ကြီးနှင့် ဒေါ်မမကလေးတို့
စိတ်အခန့်မသင့် ဖြစ်ကာ ကွဲကွာခဲ့ကြသည်။ ထို့နောက် ဦးတုတ်ကြီးသည် ၁၉၂၇ တွင် မိမိနှင့်
မောင်နှမတစ်ဝမ်းကွဲတော် သည့် ဒေါ်ဖွားမေနှင့် နောက်ထပ် အိမ်ထောင်ပြုခဲ့သည်။

ထို့ကြောင့် ဦးတုတ်ကြီး ကွယ်လွန်သော အခါ ပထမဇနီးသည်


ဒေါ်မမကလေးနှင့် သမီး သုံးဦး၊ ဒုတိယ ဇနီးသည် ဒေါ်ဖွားမေတို့ ကျန်ရစ်ခဲ့သည်။

[စာကိုး။ ။ (၁) မောင်ဦး။ 'ကွယ်လွန်သူ ဦးတုတ်ကြီး၏ အကြောင်း'၊ ဂန္ထလောက


(ဇွန် ၁၉၃၁)။ စာ ၂၉၆-၂၉၇။ (၂) မောင်။ 'သရာဇကျမ်း(ပထမတွဲ) ဝေဖန်စာ'၊ ဂန္ထလောက
(ဒီဇင်ဘာ ၁၉၃၁)။ စာ ၃၅၉-၃၆၀။ (၃) 'သရာဇကျမ်း(ဒုတိယတွဲ) ဝေဖန်စာ'၊ဂန္ထလောက
(သြဂုတ် ၁၉၃၂)။ စာ ၄၅၃-၄၅၄။ (၄) ကြည်ဦး။ 'မြန်မာပြည် သရာဇအသင်းကြီး'၊ ငွေတာရီ
(နိုဝင်ဘာ ၁၉၈၂)။ စာ ၃၇-၄၂။(၅) မောင်သန်းဆွေ (ထားဝယ်)။ 'မြင်ကွန်းမင်းသမီးကြီးနှင့်
ကေသရသတင်းစာ အယ်ဒီတာ အင်တာဗျူး '၊ရနံ့သစ် (ဖေဖော်ဝါရီ ၂၀၀၄)။ စာ ၁၅၀-၁၅၃။
(၆) တက္ကသိုလ်တင်ကြီး။ မြန်မာနိုင်ငံ သတင်းစာများ အညွှန်း၊ ပထမတွဲ (၁၉၉၂)။ စာ ၁၉၄ နှင့်
၂၂၂။ (၇) ခင်ပိုက်ပိုက် (သရာဇ ဦးတုတ်ကြီး၏ သမီး)။ 'ကျွန်မတို့၏ ဖခင် ဦးတုတ်ကြီး
(သရာဇပါတီ)'၊ ရှုမ၀(ဇူလိုင် ၁၉၇၀)။ စာ ၂၅ နှင့် ၃၆။ (၈) ပန်းတနော် ဦးခန့်။
'ရွှေစာဂန္ထတလောက (၁၃)'၊ ရှုမ၀ (ဇွန် (၁၉၇၀)။ စာ ၈၅-၈၇ နှင့် ၁၀၅-၁၀၉။]


(၁၄)
ဦးပညာဝံသ(စတုတ္ထမြစ်ကွေ့ဆရာတော် ) [၁၈၉၀-၁၉၄၄]

ဟင်္သာတခရိုင် ကနောင်မြို့ အိုးဖိုတိုက် ပက်ထော်ကြီး ခေါ် မိကျောင်း ခေါင်း


ခေါ် ချောင်းရိုးကုန်းရွာအနီးကိုးကျပ်ကယ်လယ်တော အရပ်၌ ခမည်းတော် ဦးမှန်၊ မယ်တော်
ဒေါ်ရင်မင်းတို့က ၁၂၅၁ ခု တပို့တွဲလဆန်း ၄ ရက် (၂၃ ဇန်န၀ါရီ ၁၈၉၀) ကြာသပတေးနေ့
နံနက်နေ၀န်းပေါ်ချိန်တွင် ဖွားမြင်တော် မူသည်။ မွေးချင်း လေးယောက် တွင် ဒုတိယမြောက်
သားမြတ်ရတနာ ဖြစ်သည်။

ငယ်စဉ်က ကနောင်မြို့နယ် ဘုရားတောင် ဆရာတော် ထံတွင်


စတင်ပညာသင်ယူစည်။ ထိုဆရာတော် ကြီးထံမှာ ပင် ရှင်သာမဏေ ပြုသည်။ ဘွဲ့တော် မှာ
ရှင်ပညာဝံသ ဖြစ်သည်။ ထို့နောက် တတိယ မြစ်ကွေ့ * ဆရာတော် ဦးဝိမလဗုဒ္ဓိထံ၌
ပညာဆက်လက်ဆည်းပူးသည်။

သာမဏေ ၅ ၀ါ အရတွင် ကွင်းကောက်မြောက်ဘက် တိုက်သူကြီး ဦးအံ့ကြီး၊


ဒေါ်လုံမလေးတို့၏ ပစ္စယာနုဂ္ဂဟဖြင့် အင်္ဂပူမြို့ မြို့မကျောင်းတိုက် ရွှေဘုံသာဆရာတော်
အရှင်ကေသရကို ဥပဇ္ဈာယ်ပြု၍ ၊ ကွင်းကောက်မြောက်ဘက်ရွှေကျောင်းအရာမ်တွင်းရှိ
ဗုဒ္ဓသိမ်၌ မြင့်မြတ်သော ရဟန်းအ ဖြစ်ကို ရောက်တော် မူသည်။ ဦးပညာဝံသ ဘွဲ့ကိုပင်
ခံယူတော် မူ၏ ၊ ကွင်းကောက် ရွှေကျောင်း ဆရာတော် ထံမှာ ပင်
ပညာဆက်လက်သင်ယူသည်။ တစ်ဖန် ဟင်္သာတ မြစ်ကွေ့ကျောင်းတိုက်သို့ ရွှေ့ပြောင်း၍
ပညာရင်နို့ သောက်စို့သည်။ ထို့နောက် မန္တလေးမြို့ ခင်မကန်တိုက်သို့ ကြွရောက်တော် မူ၍
မန္တလေးမြို့ပေါ်ရှိ ထင်ရှားသော ဆရာတော် ကြီးများ ထံတော် မှာ အလိုရှိသော ပညာရပ်တို့ကို
သင်ယူတော် မူသည်။ သင်ယူတတ်မြောက်ပြီးနောက် ဓနုဖြူမြို့ ခင်မကန်ကျောင်းတိုက်တွင်
စာချဆရာတော် အ ဖြစ် ချီးမြှောက်ခြင်း ခံယူရသည်။ ရဟန်း ၁၃ ၀ါတွင်
ဟင်္သာတမြစ်ကွေ့ကျောင်းတိုက်၌ တိုက်အုပ် စာချဆရာတော် ဖြစ်လာသည်။ ၁၂၉၂ ခုနှစ်
တွင် တတိယ မြစ်ကွေ့ဆရာတော် ပျံလွန်တော် မူသော အခါ မြစ်ကွေ့ကျောင်းတိုက်၏
ဦးစီးဥက္ကဋ္ဌ သံဃနာယက အ ဖြစ်သို့ ရောက်တော် မူသည်။ စတုတ္ထ မြစ်ကွေ့ဆရာတော်
ဦးပညာဝံသ အ ဖြစ် ထင်ရှားကျော်စောတော် မူလာခဲ့တော့သည်။

ဆရာတော် သည် စာပေပရိယတ္တိ ကျွမ်းကျင်တတ်မြောက်သည်။ ပါဠိစာပေ


ဂန္ထန္တရများ ကိုလည်း နိုင်နင်းကျွမ်းကျင်လှသည်။ စာပေအစုအဆောင်း များ ၍ ဗဟုသုတ
ပြည့်စုံတော် မူသည်။ ရှိသမျှ အချိန်နာရီကို စာပေလေ့လာမှတ်သားခြင်း၊ ရေး
သားပြုစုခြင်းဖြင့် သာလျှင် ကုန်လွန်သည်။ တစ်ချိန်လုံး မျက်စိနှင့် စာ ပြတ်သည် ဟူ၍ မရှိပေ။
ပါဠိစာပေနှင့် မြန်မာစာပေ ဂန္ထန္တရ ကျမ်းစာများ နှင့် ပတ်သက်၍ ထူးထူးခြားခြား
လေ့လာလိုက်စား သုတေသနပြုသည်။ သိလိုသည်များ ကို ဆိုင်ရာ ပညာရှင်များ ထံ စာရေး
ဆွေးနွေး လေ့လာဆည်းပူးသည်။ ဦးဖိုးကျားနှင့် အဆက်အဆံ ရှိသည်။ စာပေသုတေသီတို့
အလေးအမြတ်ပြုခြင်း ခံရသော ဆရာတော် ဖြစ်သည်။

ဇမ္ဗူ့မိတ်ဆွေ ပိဋကတ် ပုံနှိပ်တိုက်မှ ရိုက်နှိပ်ထုတ်ဝေသော ပထမ


ငါးခုန်ဆရာတော် ဘုရားကြီး ရေး သားတော် မူသည့် မဟာဗုဒ္ဓ၀င် ၀တ္ထုတော် ကြီးကို ရောင်
စုံဗုဒ္ဓ၀င်ကျမ်းကြီး သုံးတွဲအ ဖြစ် ထွက်ပေါ်ရေး တွင် ဆရာတော် ၏ ကြိုးပမ်းချက် ပါဝင်သည်။
နိဒါန်းတွင် “ဟင်္သာတမြို့ မြစ်ကွေ့တိုက် စတုတ္ထမြစ်ကွေ့ဆရာတော် သည် များ စွာ သော
ရဟန်းရှင် လူတို့ အကျိုးငှာ မြန်မာမူ၊ သီဟိုဠ်မူ၊ ယိုးဒယားမူတို့ဖြင့် ညှိယူသတ်မှတ်
ပိဋကတ်သုံးပုံမှ အလုံးစုံ လှန်လှောမွှေနှောက်လျက် သတိပြုလောက်သည့် အချက်များ စွာ
အမှာ အထား စီစဉ်ထည့်သွင်း ပေးတော် မူသည့်အပြင် ပထမ ငါးခုန်ဆရာတော် ဘုရားကြီး
ရေး သားတော် မမူခဲ့သော ဗုဒ္ဓ၀င်ကိုလည်း စီစဉ်ထုတ်ဖော် ပါဠိတော် ၏
အဓိပ္ပာယ်မကွယ်မ၀ှက် အဋ္ဌကထာဖွင့် အရ ကျနအောင် ဆက်လက် ရေး သားတော်
မူပြန်သဖြင့် ဝေဖန်ချင့်မှီး ဤမဟာဗုဒ္ဓ၀င် ၀တ္ထုတော် ကြီးကို ပြီးစီးဝေခွဲ သုံးတွဲစီစဉ်၍
စက်တင်ပုံနှိပ်ခြင်း ပြုပါသည်” ဟူ၍ ရေး သား ဖော်ပြထားတော် မူသည်။

ဒုတိယကမ္ဘာစစ် မ ဖြစ်မီက ဇမ္ဗူ့မိတ်ဆွေ၊ သုဓမ္မ၀တီ၊ ပြည်ကြီးမဏ္ဍိုင်စသည့်


ပိဋကတ် ပုံနှိပ်တိုက်များ မှ ထုတ်ဝေသော မြန်မာစာပေ၊ ပါဠိစာပေနှင့် ဆိုင်ရာ ကျမ်းစာများ
တွင် စတုတ္ထ မြစ်ကွေ့ဆရာတော် ၏ သုတေသန နိဒါန်းများ မပါသည့်ကျမ်း မရှိသလောက်ပင်
ဖြစ်သည်။ ရဟန်းပညာရှိ၊ လူပညာရှိ စာပေ သုတေသီ အများ ကပင် “မဟာနိဒါန်း စာရေး
ဆရာ”၊ “အမှာ စာရေး ဆရာတော် ” ဟူ၍ အလေးအမြတ် ပြုကြသည်။

ဆရာတော် သည် မိုင်းခိုင်းမြို့စား ပိဋကတ်တော် အုပ် မင်းကြီး မဟာသီရိဇေယျ


ခေါ် ဦးယံ၏ “ပိဋကတ်သမိုင်း” တွင် ရေး သူ အမည် မသိဟု ရေး ထားသည့် နေရာများ ၌ ရေး
သူအမည် များ ကို ရှာဖွေလေ့လာပြီး ထည့်သည်။ အချို့ ရေး သူအမည် မှားနေသည်များ
ကိုလည်း ပြင်ရေး သည်။ ကိုယ်ပိုင် အသစ်ထပ်မံ တွေ့ ရှိချက်များ ကိုလည်း
ဖြည့်သင့်သည့်နေရာတွင် ထပ်ဖြည့်သည်။ ဦးယံ၏ ‘ပိဋကတ်သမိုင်း’ကို ပြင်ဆင်၊ ဖြည့်စွက်၊
တည်းဖြတ်ပြီးလျှင် ပိဋကတ်တော် သမိုင်းသစ် အမည် ပေး၍ ပြုစုတော် မူခဲ့သည်။ ထို့ပြင်
ရှေးရှေး ပညာရှင်ဆရာတော် ကြီးများ ၏ အတ္ထုပ္ပတ္တိ ၃၀ ကျော်ကိုလည်း သုတေသနပြု ရေး
သားထားတော် မူခဲ့သည်။ ရှင်ကျင့်ဝတ်မူသစ်ကျမ်း နှင့် အင်္ဂပုရ ၀ိဝါဒ ၀ိနိစ္ဆယကျမ်းကိုလည်း
ပြုစုတော် မူခဲ့သည်။

သက်တော် ၅၅ နှစ် ၊ ၀ါတော် ၃၆ ၀ါမြောက်၊ သက္ကရာဇ် ၁၃၀၆


ခုပြာသိုလပြည့်ကျော် ၃ ရက် (၃၁ ဒီဇင်ဘာ ၁၉၄၄) နေ့တွင် ဟင်္သာတခရိုင် ကွင်းကောက်မြို့
ရွှေကျောင်းတိုက်ကြီး၌ ပျံလွန်တော် မူသည်။

[စာကိုး။ ။ (၁) လှသမိန်။ ဂန္ထ၀င် ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ် (၁၉၆၁)။


စာ ၁၇၀-၁၇၁။ (၂) ပါရဂူ။ ပရကထာ (၂၀၀၈)။ စာ ၁၆၀-၁၆၇။ (၃) ပါရဂူ။
'မြစ်ကွေ့ဆရာတော် နှင့် ဦးဖိုကျား'၊ငွေတာရီ (ဒီဇင်ဘာ ၁၉၇၅)။ စာ ၅၂-၅၅။ (၄)
ဟင်္သာတမြို့ မန္တလေးကျောင်းတိုက်ဆရာတော် အရှင်အာသဘ။ 'ကျေးဇူးရှင် ဟင်္သာတမြို့
စတုတ္ထမြစ်ကွေ့ဆရာတော် မဟာထရ်မြတ်ကြီး၏ ထေရုပ္ပတ္တိ'၊ ဟင်္သာတမြို့ ဦးပါရဲဘုရားကြီး
ကမ်းဆည်ရေး ရှင်းတမ်း စာအုပ် (၁၉၆၀)။ စာ ၂၅-၄၃။ (၅) ဟင်္သာတမြို့
စတုတ္ထမြစ်ကွေ့ဆရာတော် ။ ပိဋကတ်တော် သမိုင်းသစ် (ဤကျမ်းသည် ပိဋကတ်တော် အုပ်
ဦးယံ၏ ပိဋကတ်သုံးပုံစာတမ်း ဖြည့်စွက်ချက် ဖြစ်သည်)(လက်နှိပ်စက်မူ)။ စာ က နှင့် ခ။]

*’မြစ်ကွေး’ နှင့် ‘မြစ်ကွေ့’ ရေး ထုံးနှစ် ခုအနက် ဤတွင် ‘မြစ်ကွေ့’ဟုသာ


သုံးနှုန်းပါမည် ။

You might also like