Download as pdf or txt
Download as pdf or txt
You are on page 1of 58

preface

ဒီတစ်လမှာတော့ {echo} ရဲ့ (၁၀) အုပ်မြောက်လည်း ဖြစ်သလို ပရိတ်သတ်ကြီးအတွက်


စိတ်ဝင်စားဖွယ်ရာ ဆောင်းပါးများ၊ Tutorial များဖြင့် ထည့်သွင်းဖော်ပြထားပါတယ်။ ဒါ့အပြင် လစဉ်ဖော်ပြနေကျဖြစ်တဲ့
Interview ကဏ္ဍမှာတော့ ကိုဇင်မင်း (Creative Web Studio) နဲ့ Interview အပြင် Laravel Framework နှင့်
ပတ်သတ်၍ ယခင်လက ဖော်ပြခဲ့သော “Laravel 4 Tutorial” ၏ အဆက်ကိုလည်း ဆက်လက်ထည့်သွင်းထားသလို
Cache တွေနဲ့ ပတ်သက်ပြီး ရှင်းလင်းဖော်ပြထားသော ဆောင်းပါး၊ PHP သမားများ စိတ်ဝင်စားမည့် Firephp, MySQL
data type များအကြောင်း အစရှိသည့် အခြားစိတ်ဝင်စားဖွယ်ရာ ခေါင်းစဉ်များဖြင့် ဝေဝေဆာဆာဖော်ပြထားပါတယ်။

တစ်လထက်တစ်လ ဖတ်ရှုသူများပြားလာသည်နှင့်အမျှ {echo} အဖွဲ့သားများကလည်း


တစ်လထက်တစ်လ ပိုမိုကောင်းမွန်အောင် ကြိုးစား၍ စီစဉ်တင်ဆက်ထားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့်
တစ်ရက်နောက်ကျပြီးမှ ဒီဇင်ဘာလ issue ကို ထုတ်ဖြစ်ခဲ့တဲ့အတွက် တောင်းပန်ပါတယ်။

Echo Team
table of content

Debugging PHP Code Create Note Application with


with FirePHP Laravel 4 (II)

9 16
Tips to Speed Up Your Website Creating a Laravel Package

24 28
MYSQL Data Types Interview with Ko Zin Min

34 40
First Step with PureCSS The Art of Caching

45 52
echo team

Editor Layout Designer

Thiha Hein Zaw Htet

Proof Reader Website

Echo Team echo.myanmarlinks.net

Facebook Page Email

fb.me/EchoMagazine.mm echo.emagz@gmail.com

{ echo } is the product of


MyanmarLinks Web Development Team
{echo}

echo.myanmarlinks.net 5
{echo}

echo.myanmarlinks.net 6
{echo}

echo.myanmarlinks.net 7
{echo}

echo.myanmarlinks.net 8
Debugging PHP Code with
FirePHP

P H P

Li Jia Li
A web addicted who love everything about web technology.
Arts and design enthusiast.
Core Module developer of RebornCMS.
http://dragonvirus.com
Debugging PHP code with
FirePHP

What is FirePHP ?
FirePHP ဆိုတာ က နာမည်ကြီး debugging tools တစ်ခုဖြစ်တဲ့ Firebug ရဲ့ extension တစ်ခုပါ။ FirePHP က အဓိက json
သို့မဟုတ် xml သီးသန့် response ပြန်တဲ့ Ajax development တွေမှာ အလွန်အသုံးဝင်ပါတယ်။ var_dump() ထုတ်လို့မရဘူးလားလို့
မေးစရာရှိပါတယ်။ ရပါတယ်။ ဒါပေမယ့် json သို့မဟုတ် xml သီးသန့် response ပြန်တဲ့ ajax development မျိုးမှာဆိုရင် program
flow အရ အဆင်မပြေတော့ ပါဘူး။ FirePHP ကို သုံးတဲ့ အခါမှာ တော့ ကိုယ် debug လုပ်ချင်တာကို console ထဲမှာ ထုတ်လိုက်ရုံပါပဲ။
ကိုယ့်ရဲ့ code တွေကို လည်းဘာမှာ အနှောက်အယှက်မဖြစ်ပါဘူး။ Production stage ရောက်ရင်တော့ FirePHP Logging ကို disabled
လုပ်ထားဖို့လိုပါလိမ့်မယ်။

Installation
FirePHP က Firebug ရဲ့ Add-on တစ်ခုဖြစ်တဲ့အတွက် FirePHP ကို install မလုပ်ခင်မှာ Firebug မရှိသေးဘူးဆိုရင်
Firebug ကို အရင် install လုပ်ထားဖို့လိုပါလိမ့်မယ်။ Firebug ကို install လုပ်ဖို့ http://getfirebug.com/downloads ကိုသွားပြီး ကိုယ့်
browser version နဲ့ ကိုက်မယ့်ဟာကိုရွေးပြီး install လုပ်လိုက်ပါ။ ပြီးသွားရင်တော့ FirePHP ကို install လုပ်ဖို့အတွက် https://ad-
dons.mozilla.org/en-US/firefox/addon/firephp/ ကိုသွားပြီး install လုပ်လိုက်ပါ။ တကယ်လို့ chrome နဲ့ သုံးချင်တယ်ဆိုရင်တော့
Aaron Saray ဆိုတဲ့ PHP web developer တစ်ယောက်ရေးထားတဲ့ FirePHP4Chrome ဆိုတဲ့ extension ရှိပါတယ်။

Integrating FirePHP to PHP projects


FirePHP ကိုသုံးဖို့အတွက် FirePHPCore Library ကို project မှာ integrate လုပ်ပေးဖို့လိုပါလိမ့်မယ်။ FirePHP-
Core Library ကို FirePHP Website ကနေ Download လုပ်နိုင်ပါတယ်။ ဒါမှာ မဟုတ် PEAR ကနေလည်း install လုပ်လို့ ရပါတယ်။
တစ်ချို့ Framework တွေနဲ့ CMS တွေမှာ သက်ဆိုင်ရာ Package တွေ Plugin တွေရှိပါတယ်။ Support လုပ်တဲ့ Framework List
ကို တော့ FirePHP site ရဲ့ Download Page အောက်ဖက်နားမှာ ဖော်ပြထားပါတယ်။ တကယ်လို့ သင့် Project က composer
သုံးထားတယ်ဆိုရင်လည်း composer package လည်းရှိပါတယ်။ composer သုံးထားတဲ့ project မှာ integrate လုပ်မယ်ဆိုရင်တော့
composer.json မှာ အောက်ကအတိုင်း require လုပ်ပေးလိုက်ရင် ရပါပြီ။

{
“require”: {
“firephp/firephp-core”: “dev-master”
}
}
Debugging PHP code with
FirePHP

Plain PHP မှာ ဆိုရင်တော့ ပုံမှန် အတိုင်းပဲ require လုပ်ပေးရပါမယ်။ FirePHP ကို သုံးတဲ့ အခါမှာ Object Oriented
နည်း အတိုင်းသုံးလို့ရသလို Procedural နည်းနဲ့လည်းသုံးလို့ရပါတယ်။

Object Oriented နည်းအတိုင်းသုံးမယ်ဆိုရင် FirePHP.class.php ကို require လုပ်ရပါမယ်။

require ‘FirePHPCore/FirePHP.class.php’;

Procedural နည်းအရသုံးမယ်ဆိုရင်တော့ fb.php ကို require လုပ်ပေးရပါမယ်။ Static method call ကို
သုံးမယ်ဆိုရင်လည်း ဒီ fb.php ကိုပဲ require လုပ်ပေးရပါမယ်။

require ‘FirePHPCore/fb.php’;

require လုပ်ပြီးသွားပြီဆိုရင်တော့ စသုံးလို့ရပါပြီ။

How to use FirePHP


Object Oriented Way

require_once(‘FirePHPCore/FirePHP.class.php’);
$firephp = FirePHP::getInstance(true);
$firephp->log(“Log Message”);

တကယ်လို့ static method ပုံစံနဲ့ ရေးချင်တယ်ဆိုရင်တော့ အောက်က လိုရေးရပါမယ်။

require_once(‘FirePHPCore/fb.php’);
FB::log(“Log Message”);

Procedural Way

function ပုံစံမျိုးနဲ့ဆိုရင်တော့ ဒီလိုရေးပါတယ်။

require_once(‘FirePHPCore/fb.php’);
FB::log(“Log Message”);
Debugging PHP code with
FirePHP

အခုနည်းနည်းလောက်စမ်းကြည့်ရအောင် php file အသစ်တစ်ခုလုပ်ပြီး FirePHP ကို require လုပ်လိုက်ပါ။ ပြီးရင်


Log Message လေးတွေနည်းနည်းထုတ်ကြည့်ရအောင် File ထဲမှာ အောက်ကအတိုင်းရေးလိုက်ပါ။ ဒီမှာတော့ Static method ကို
သုံးပြီးရေးပါမယ်။

<?php
require ‘FirePHPCore/fb.php’;
FB::log(‘Log message’);
FB::info(‘Info message’);
FB::warn(‘Warn message’);
FB::error(‘Error message’);

ပြီးရင် Firebug console ကိုဖွင့်ထားပြီး browser မှာ run ကြည့်လိုက်ပါ။ အောက်ကအတိုင်းတွေ့ရပါလိမ့်မယ်။

တကယ်လို့ procedural နည်းကို သုံးတယ်ဆိုရင်တော့ အောက်ကအတိုင်း FirePHP::LOG, FirePHP::INFO, FirePH-


P::WARN, FirePHP::ERROR ဆိုတဲ့ constant တွေကို အနောက်မှာထည့်ပေးရပါမယ်။ default ကတော့ FirePHP::LOG ပေါ့။

fb($test, FirePHP::INFO);

အခုပြီးသွားပြီဆိုရင် array variable ကို ထုတ်ကြည့်ရအောင်

$test = array(
'name' => 'Li Jia Li',
'nickname' => 'DragonVirus',
'twitter' => 'EyeOfDragonLi'
);

FB::log($test);
Debugging PHP code with
FirePHP

Array ကိုထုတ်တဲ့အခါမှာ Log ပေါ်မှာ mouse hover တင်လိုက် ရင် အပေါ်ကအတိုင်း အပြည့်အစုံကို တွေ့ရမှာဖြစ်ပါတယ်။

တကယ်လို့ console မှာ ထုတ်ထားတာတွေက အများကြီး ဘယ် ဟာက ဘာအတွက်လည်း ပြထားချင်ရင် Label အနေနဲ့
Log Item ရဲ့နောက်မှာ param တစ်ခုအနေနဲ့ ထည့်လို့ရပါတယ်။

FB::log($test, ‘User Info’);

//Procedural
fb($test, ‘Label’, FirePHP::INFO);

Advanced Features
Grouping

Log Message တွေကို Group အလိုက် ထုတ်ချင်ရင် FB::group(‘group name’) ဆိုပြီး ထုတ်လို့ရပါတယ်။ ဥပမာ Loop-
ing အတွင်းမှာ ထုတ်တဲ့ ဟာမျိုးပေါ့။ သူု့ group အလိုက်ခွဲထားတဲ့ အခါကျတော့ debug လုပ်ရတာပိုပြီး ရှင်းလင်းသွားတာပေါ့။

<?php

require ‘FirePHPCore/fb.php’;

$users = array(‘Johnathan’, ‘Kai’, ‘Robert’, ‘Leo’, ‘Kath’);

FB::group(‘User Secrect Keys’);

foreach ($users as $value) {


$secret_key = sha1($value.’s@1tk3y’);
FB::info($secret_key, ‘Key for ‘.$value);
}

FB::groupEnd();
Debugging PHP code with
FirePHP

အပေါ်က code ကို run လိုက်တဲ့ အခါကျရင် အောက်ကလိုမျိုး group နဲ့ ပုံစံကို တွေ့ရမှာပါ။

Tables

FirePHP မှာ data တွေကို table ပုံစံနဲ့ ထုတ်ပြချင်တယ်ဆိုလည်းရပါတယ်။ Table ပုံစံနဲ့ ထုတ်ပြချင်တယ်ဆိုရင်တော့
FB::table ကိုသုံးလို့ရပါတယ်။ ပုံစံကိုမရှင်းပြခင်အောက်က code လေးကို အရင် တစ်ချက်ကြည့်လိုက်ပါ။ အပေါ်က group ထဲမှာ
သုံးထားတဲ့ data ကို ပဲ table ပုံစံနဲ့ ထုတ်ပြမှာဖြစ်ပါတယ်။

<?php

require ‘FirePHPCore/fb.php’;

$users = array(‘Johnathan’, ‘Kai’, ‘Robert’, ‘Leo’, ‘Kath’);

$table[] = array(‘Name’, ‘Secrect Key’);

foreach ($users as $value) {

$secret_key = sha1($value.’s@1tk3y’);
$table[] = array($value, $secret_key);
}

FB::table(‘User Secret Key’, $table);

ဒီမှာ နောက်ဆုံး FirePHP အလုပ်လုပ်တာကတော့ FB::table ဆိုပြီး ထုတ်လိုက်တာပါ။ သူက table data တွေကို array
အနေနဲ့ ပေးရပါတယ်။ ပထမဦးဆုံး Line ကိုတော့ table ရဲ့header တွေလို့ သတ်မှတ်ပါတယ်။ ဒါကြောင့် ပထမဦးဆုံး Loop မပတ်ခင်မှာ
Table header အတွက် ကြေငြာပေးထားပါတယ်။ နောက်တော့မှာ loop ထဲမှာ data row တစ်ခုစီ $table ထဲကို ထည့်သွားပါတယ်။
နောက်ဆုံးမှ FB::table() ကို သုံးပြီး console ထဲမှာ ထုတ်ပေးလိုက်ပါတယ်။
Debugging PHP code with
FirePHP

Traces

တကယ်လို့ method တစ်ခု ခေါ်လိုက်တဲ့ အခါမှာ backtrace ပြန်လိုက်ပြီး File, Line, Class, Method နဲ့ Function
တွေကို ပြစေချင်ရင် trace ကို သုံးပါတယ်။

<?php

require ‘FirePHPCore/fb.php’;

function sayHello($name) {
echo “Hello,”.$name.”!”;
FB::trace(“Trace in sayHello”);
}

function greeting($name) {
sayHello($name);
}

greeting(‘John’);

console ထဲမှာအောက်ကအတိုင်းတွေ့ရပါမယ်။

ဒီမှာ sayHello() ဆိုတဲ့ function ထဲမှာ Trace လိုက်ထားတဲ့ အတွက် ပထမဆုံး အလုပ်လုပ်တဲ့ FB::trace က index.php
Line 7 မှာ စအလုပ်လုပ်ပါတယ်။ သူ့ကို index.php Line 11 greeting function ထဲမှာ ခေါ်ထားတာကို ပြောတာပါ။ နောက်ဆုံးက တော့
အရင် ဦ:ဆုံးခေါ်လိုက်တဲ့ index.php Line 14 က greeting function ကိုပြပါတယ်။ ဒါက example ဖြစ်တဲ့ အတွက် သိပ်မသိသာပါဘူး။
တကယ်လက်တွေ့ သုံးတဲ့ အခါမှာတော့ အရမ်းကို အသုံးဝင်မှာပါ။

ဒီလောက်ဆိုရင်တော့ FirePHP အကြောင်းတော်တော်လေး ပြည့်စုံသွားပြီလို့ထင်ပါတယ်။


Create Note Application with
Laravel 4 (II)

P H P

Nyan Lynn Htut


Myanmar Links Professional Web Development Team မှာ Web
Developer တစ်ယောက်အနေနဲ့ လုပ်ကိုင်နေသူ တစ်ယောက်၊ PHP
Open Source CMS တစ်ခုဖြစ်တဲ့ Reborn CMS ရဲ့ Core Develop-
er တစ်ယောက်၊ REST API နဲ့ Frontend Javascript Application
တွေအကြောင်းကို စိတ်ဝင်စားသူ။

Facebook : facebook.com/nyanlynnhtut
Twitter : @nyanlynnhtut
Github : @nyanlynnhtut
Create Note Application With Laravel 4 (II)

ပြီးခဲ့တဲ့ {echo} issue မှာတုန်းက ကျွန်တော်တို့တွေ အနေနဲ့ Laravel 4 ကို အသုံးချပြီးတော့ Note Application
တစ်ခုတည်ဆောက်ခဲ့ကြပါတယ်။ CRUD အပိုင်းတွေအထိပြီးခဲ့ပြီးတော့ အခု issue မှာတော့ Authentication အပိုင်းကို ဆက်ပြီးတော့
သွားကြပါမယ်။ Authentication ဆိုတာက ကြည့်လိုက်ရင်သာ ဘာမှမဟုတ်ဘူးလို့ ထင်စရာရှိပေမယ့် တကယ်တန်းမှာတော့
တော်တော်လေးကို ဂရုစိုက်ပြီး ရေးကြရပါတယ်။ အရင်က Framework အများစုမှာတုန်းကတော့ Authentication အတွက်ဆိုရင်
တစ်ခြား Third party library တွေကို အသုံးပြုရလေ့ရှိပါတယ်။ ဒါပေမယ့် နောက်ပိုင်း Framework အများစုမှာတော့ Authentication
အတွက်ပါ တစ်ခါထဲ ပါဝင်လာတာကို တွေ့နိုင်ပါတယ်။ အဲ့ဒီလို Authentication ပါဝင်လာပြီးသား Framework တွေထဲမှာ Laravel
လဲတစ်ခုအပါအဝင်ပါပဲ။

(တစ်ကယ်လို့ Laravel က ပါလာပြီးသား Auth System ကို အသုံးမပြုလိုရင်လဲ တစ်ခြား Laravel Auth Packages တွေကို
အသုံးပြုနိုင်ပါတယ်။ Sentry ကတော့ တော်တော်လေးကို ကောင်းမွန် ပြည့်စုံတဲ့ Package တစ်ခုပါ။ တစ်ခြား Confide တို့ Ardent
တို့ကိုလဲ အသုံးပြုသူများပါတယ်)

User Table
ပြီးခဲ့တဲ့ issue တုန်းက ကျွန်တော်တို့တွေ user data အတွက် table ကို ဆောက်ခဲ့ပြီးပါပြီ။ ဒီအတွက် ကျွန်တော်တို့ user
table ရဲ့ structure လောက်ပဲ ဒီထဲမှာ ပြန်ရေးပေးပါတော့မယ်။ (လိုအပ်ရင် အရင်လက issue မှာ ပြန်လည်ဖတ်ရှုနိုင်ပါတယ်)

id [pk, ai]

title [varchar]

content [text]

user_id [int]

created_at [datetime]

updated_at [datetime]

User Seed Data


Seed data ဆိုတာကတော့ Development လုပ်နေတဲ့အချိန်မှာ သုံးဖို့အတွက် dummy data ကို ဆိုလိုပါတယ်။
ဆိုကြပါတော့ ကျွန်တော်တို့တွေ အခု Authentication ကို ရေးတဲ့အချိန်မှာ login process ကို ရေးဖို့ရာ demo user လိုပါတယ်။
အဲ့ဒီအတွက် Register Form ကနေ user create လုပ်မနေတော့ပဲနဲ့ Seeder ကို အသုံးချပြီးတော့ User တစ်ယောက်ဖန်တီးလိုက်ပါမယ်။
အဲ့ဒီအတွက် လိုအပ်တဲ့ SeederClass ကို app/database/seeds folder ထဲမှာ သွားပြီးတော့ ဆောက်ပေးရပါမယ်။
Create Note Application With Laravel 4 (II)

<?php

class UserSeeder extends DatabaseSeeder


{
public function run()
{
$user = array(
‘username’ => ‘echo’,
‘password’ => Hash::make(‘password’),
‘email’ => ‘echo.emagz@gmail.com’
);

User::create($user);
}
}

အခုဆိုရင် username echo ဆိုတဲ့ နာမည်နဲ့ demo user တစ်ယောက်ဆောက်ဖို့ရာ အတွက် လိုအပ်တဲ့ Seeder Class ကို
ရေးပြီးသွားပါပြီ။ ပြီးသွားရင် ဒီ Class ကိုဆောက်ထားတဲ့ folder ထဲမှာပဲ ရှိတဲ့ DatabaseSeeder ဆိုတဲ့ file မှာ အနည်းငယ် သွားပြီးတော့
ပြင်ဆင်ပေးရပါမယ်။

// $this->call(‘UserTableSeeder’);

ဒီ comment ပိတ်ထားတဲ့ line နေရာမှာ ဒီလိုမျိုး ပြောင်းပေးလိုက်ပါတယ်။

$this->call(‘UserSeeder’);

UserSeeder ဆိုတာကတော့ ကျွန်တော်တို့ လုပ်ခဲ့တဲ့ Classပါ။ ဒီနေရာမှာ ပြောစရာတစ်ခုရှိတာကတော့ UserSeeder Class မှာ သုံးခဲ့တဲ့
User::create() ဆိုတာပါ။ ဒါကတော့ Laravel မှာ ပါလာပြီးသားဖြစ်တဲ့ UserModel ကို အသုံးပြုတာပဲ ဖြစ်ပါတယ်။ app/models folder
ထဲမှာ ရှိပါတယ်။ ပြီးသွားရင်တော့ လိုအပ်တဲ့ connections တွေကို သွားပြီးတော့ သတ်မှတ်ပေးပါမယ်။ app/config folder ထဲက auth.
php ကို ဖွင့်လိုက်ပါ။ အဲ့ဒီ file ထဲမှာက Laravel Authentication System အတွက် လိုအပ်တဲ့ configuration တွေပါပါတယ်။

ပထမတစ်ခုက driver ပါ။ ဒါကဘာအတွက်လဲ ဆိုတော့ Laravel Auth မှာ Driver ၂ ခုပါပါတယ်။ Eloquent နဲ့ Database
ပါ။ Database ကတော့ ရိုးရိုး Query Builder ကိုပဲ သုံးထားတာဖြစ်ပြီးတော့ Eloquent ကတော့ Eloquent ORM ကို သုံးထားပါတယ်။
နောက်တစ်ခုကတော့ model ပါ။ ဒါကတော့ Eloquent Driver ကို သုံးပြီဆိုရင် မဖြစ်မနေလိုအပ်ပါတယ်။ Default Model ကတော့
User ပါ။ ဒါကတော့ Laravel မှာ အသင့်ပါလာတဲ့ User model ပဲ ဖြစ်ပါတယ်။ အခု Application မှာတော့ Eloquent Driver နဲ့
အသင့်ပါလာပြီးသား User Model ကိုပဲ သုံးမှာ ဖြစ်တဲ့အတွက် ဘာမှ ချိန်းပေးစရာမလိုတော့ပါဘူး။ နောက်တစ်ခုကတော့ table ပါ။
Create Note Application With Laravel 4 (II)

ဒါကတော့ database table name ပါ။ Eloquent ကို သုံးမှာ ဖြစ်တဲ့အတွက် ဒီ value ကိုမေ့ထားခဲ့လို့ရပါတယ်။ Database Driv-
er ကို သုံးမှာသာ ဒီနေရာမှာ ကိုယ်ဖန်တီးထားတဲ့ table name ကို မှန်ကန်စွာ ဖြည့်စွက်ဖို့လိုပါတယ်။ ပြီးသွားရင်တော့ User Mod-
el မှာအနည်းငယ်သွားပြင်ရပါမယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က table name ကိုuser ဆိုပြီး ပေးထားခဲ့လို့ပါ။ Default
ပါလာတဲ့ table ကတော့ users ဖြစ်နေတာကြောင့်ပါ။ အဲ့ဒီအတွက် Model မှာ ဒီလို ပြင်လိုက်ပါတယ်။

protected $table = ‘users’;

အစား

protected $table = ‘user’;

ဆိုပြီးတော့ ပြင်လိုက်ပါတယ်။ ဒါတွေ ပြင်ပြီးသွားရင်တော့ command line ကနေ seed ကို run လို့ရပါပြီ။

Terminal ကနေပြီးတော့ ဒီ command တွေကို run လိုက်ပါ။

composer dump-autoload
php artisan migrate
php artisan db:seed

ပြီးသွားရင် ကျွန်တော်တို့ရဲ့ user table မှာ သွားကြည့်ရင် echo ဆိုတဲ့ user ကို တွေ့ရပါမယ်။

Start Logging In
Demo user လဲဆောက်ပြီးသွားပြီဆိုတော့ အရင်ဆုံး Login အတွက် စရေးကြပါမယ်။ အဲ့ဒီအတွက် Controller
အသစ်တစ်ခုဆောက်ပါမယ်။ app/controllers folder ထဲမှာ UserController ဆိုပြီးဆောက်လိုက်ပါ။ ပြီးသွားရင် app/views folder
Create Note Application With Laravel 4 (II)

ထဲမှာ user ဆိုတဲ့ folder ကိုဆောက်ပါ။ ဆောက်ပြီးသွားရင် အဲ့ဒီ folder ထဲမှာ login.blade.php ဆိုပြီး login အတွက်view
တစ်ခုဆောက်ပါမယ်။

ဒီနေရာမှာ ပြီးခဲ့တဲ့ issue တုန်းက bootstrap အတွက် text နဲ့ textarea အတွက် helper function ရေးပေးခဲ့တာ
မှတ်မိမယ် ထင်ပါတယ်။ အခုလဲ အဲ့ဒီလိုမျိုး function တစ်ခုရေးပေးရပါမယ်။ password filed အတွက်ပါ။ ဒါကြောင့်မို့လို့ အရင်ဆုံး ဒီ
function ကိုရေးလိုက်ပါတယ်။

if (!function_exists(‘password_field’))
{
function password_field($name, $label)
{
$ui = ‘<div class=”form-group”>’;

$ui .= ‘<div class=”form-group”>’;


$ui .= Form::label($name, $label, array(‘class’ => ‘col-
lg-2 control-label’));
$ui .= ‘<div class=”col-lg-10”>’;
$ui .= Form::password($name, array(‘class’ => ‘form-
control’));
$ui .= ‘</div>’;
$ui .= ‘</div>’;

return $ui;
}
}

Helper function ရေးပြီးတဲ့နောက်မှာတော့ ကျွန်တော်တို့တွေ login view ကိုတည်ဆောက်ကြပါမယ်။ ကျွန်တော်တို့ရဲ့


login view ပုံစံက ဒီလိုမျိုးပါ။

@extends(‘layouts.master’)

@section(‘content’)

@if(Session::has(‘message’))
{{ Session::get(‘message’) }}
@endif

{{ Form::open(array(‘url’ => URL::current(), ‘class’ => ‘form-


horizontal’)) }}
<h3>User Login</h3>

{{ text_field(‘username’, ‘Username’, null) }}


Create Note Application With Laravel 4 (II)

{{ password_field(‘password’, ‘Password’) }}

<div class=”form-group”>
<div class=”col-lg-offset-2 col-lg-10”>
<button type=”submit” class=”btn btn-default”>Login</button>
</div>
</div>

{{ Form::close() }}

@stop

View ကို ဖန်တီးပြီးသွားရင်တော့ User Controller မှာ login အတွက်ရေးကြပါမယ်။ User::login မှာ ဘာတွေပါမလဲဆိုတော့
ဒီ action ကို GET method နဲ့လာရင်တော့ View Response ပြန်ပြီးတော့ POST method နဲ့လာခဲ့ရင်တော့ Login Process ကိုလုပ်ပါမယ်။
အရင်ဆုံး GETအတွက်ကို ရေးကြည့်ကြပါမယ်။

public function login()


{
$site_title = ‘Login’;

return View::make(‘user.login’, compact(‘site_title’));


}

နောက်တစ်ဆင့်အနေနဲ့ Route ရေးပေးရပါမယ်။

Route::any(‘login’, ‘UserController@login’);

ပြီးသွားရင် Browser ကနေ ဒီ URL ကို ခေါ်ကြည့်မယ်ဆိုရင် Login View ကိုတွေ့ရပါမယ်။

ဒီအဆင့်အထိ OK တယ်ဆိုရင် ကျွန်တော်တို့တွေ Login Form ကနေ POST method နဲ့ Data ပို့လိုက်မယ့် အပိုင်းကို
ဆက်သွားပါမယ်။ အဲ့ဒီ အတွက် User Controller ထဲက login method မှာ လိုအပ်တဲ့ code တွေထပ်ထည့်ပါမယ်။
Create Note Application With Laravel 4 (II)

public function login()


{
$site_title = ‘Login’;

if (is_post()) {
$v = Validator::make(Input::all(), array(
‘username’ => ‘required’,
‘password’ => ‘required’
));

if ($v->passes()) {
$credentials = array(
‘username’ => Input::get(‘username’),
‘password’ => Input::get(‘password’)
);

if (Auth::attempt($credentials)) {
return Redirect::to(‘note’);
}
}

return Redirect::to(‘login’)->with(‘message’, ‘Username
/ Password is invalid!’);

return View::make(‘user.login’, compact(‘site_title’));


}

Request Method က Post ဖြစ်တဲ့အချိန်မှာ အရင်ဆုံး Validation စစ်ပါတယ်။ username ရော password ရော နှစ်ခုလုံးက
မပါမဖြစ်ပါရမယ်လို့ သတ်မှတ်ပေးပါတယ်။ ပြီးတော့ Validation passes ဖြစ်ရင် Auth::attempt() ဆိုပြီးတော့ login အတွက်လုပ်ပါတယ်။
တကယ်လို့ login သာ မှန်ခဲ့မယ်ဆိုရင်တော့ NoteController::index action ကို သွားပါဆိုပြီးတော့ Redirect လုပ်ပါတယ်။ တကယ်လို့
မမှန်ခဲ့ရင်တော့ ဒီ Login Action ကိုပဲ ပြန်ပြီးတော့ Redirect လုပ်ပါတယ်။ Redirect လုပ်တဲ့နေရာမှာလဲ Error အတွက် Message
ပါတစ်ပါတည်း ထည့်ပေးလိုက်ပါတယ်။

Login အတွက်ရပြီးတဲ့နောက်မှာ Logout အတွက်ရေးပါမယ်။ ဒီအတွက်က ဘာမှ မခက်ခဲပါဘူး။ အောက်ကအတိုင်း


ရေးပေးလိုက်ရင်ရပါပြီ။

public function logout()


{
Auth::logout();

return Redirect::to(‘/’);
}
Create Note Application With Laravel 4 (II)

Login တွေ Logout တွေရပြီးသွားရင် ကျွန်တော်တို့ရဲ့ Note Application မှာ ဒီလိုမျိုးသတ်မှတ်ချင်ပါတယ်။ Note::index ကိုတော့
ဘယ်သူမဆို မြင်ရမယ်ပေါ့။ create/ edit/ delete တွေကိုတော့ Login User ကိုပဲ ပေးလုပ်စေချင်ပါတယ်။ ဒီအတွက် ကျွန်တော်တို့ရဲ့
Route ကို Filter လုပ်ထားပါမယ်။ app/filters.php file မှာ route အတွက် filter တွေရေးလို့ရပါတယ်။ default filter တွေလဲ
ပါလာပြီးသားပါ။ အဲ့ဒီထဲကမှ auth ဆိုတဲ့ filter ကို သုံးပါမယ်။ သူက User Login မဟုတ်ရင် login page ကို သွားဆိုပြီတော့ filter
လုပ်ထားတာပါ။ အဲ့ဒီအတွက် app/routes.php file မှာ ဒါမျိုးရေးလိုက်ပါမယ်။

Route::when(‘note/*’, ‘auth’);

note/* ဆိုတာကတော့ note/ ပြီးရင်ဘာပဲလာလာလို့ဆိုလိုပါတယ်။ note/create, note/edit/1 အစရှိသဖြင့် အကျုံးဝင်ပါတယ်။


ဒီလို လာရင် auth ကို filter ခံမယ်လို့ပြောလိုက်တာပါ။ ပြီးသွားရင် user logout လုပ်ပြီးတော့ စမ်းကြည့်ပါ။ note ကို သွားရင်
သွားလို့ရနေပါမယ်။ note/edit, note/create, note/delete အစရှိတာတွေကို သွားရင်တော့ User Login မဖြစ်တဲ့အတွက် login page
ကိုပဲ ရောက်သွားပါလိမ့်မယ်။

ကဲအဆင်ပြေသွားပြီဆိုရင်တော့ နောက်ဆုံးအဆင့်ကို သွားကြပါမယ်။ ဒီအဆင့်မှာတော့ Note ကို create/edit တွေမှာ


User ID ကို Fake လုပ်ခဲ့တာကို login user ရဲ့ ID နဲ့ အမှန်အကန်သုံးသွားမှာပါ။

create နဲ့ edit ထဲက user_id သတ်မှတ်တဲ့နေရာမှာ ဒီလိုပြင်ပေးရပါမယ်။

// Oldies $note->user_id = 1;
$note->user_id = Auth::user()->id;

ဒါဆိုရင် ကျွန်တော်တို့တွေ ရေးသားနေတဲ့ Application က ပြီးဆုံးသွားပြီဖြစ်ပါတယ်။ User Register ကိုတော့


ကျွန်တော်ရေးမပြတော့ပါဘူး။ Google ကနေ ရှာမယ်ဆိုရင် အလွယ်တစ်ကူရှာနိုင်ပါတယ်။ အခုလက်ရှိ ရေးသားထားတဲ့ အခြေခံအဆင့်ကို
ကိုယ်ကိုတိုင် ထပ်ပြီးတော့ အဆင့်မြင့်တင်နိုင်အောင် ရည်ရွယ်ပြီး ထားခဲ့လိုက်တာပါ။ Programmer တစ်ယောက်လုပ်ပြီဆိုရင် Goo-
gle မှာ ရှာဖွေဖို့နဲ့ ကိုယ်တိုင်ထပ်မံလေ့လာဖို့ကို ပျင်းနေလို့မရပါဘူး။ ဒါကြောင့်မို့လို့ ကိုယ်တိုင်ဆက်လက် ရေးသားနိုင်ပါစေလို့
ဆုမွန်ကောင်းတောင်းပေးရင်း ဒီနေရာမှာပဲ ရပ်နားလိုက်ပါတယ်။
Tips to Speed Up Your Website

i c l e
Art

K
Facebook : /khaylay
Twitter : @khayusaki
Github : @khay
Website : http://khay.me
Tips to Speed Up Your Website

ကျွန်တော်တို့ရဲ့ Website တွေကို ဖွင့်ကြည့်မယ်ဆိုရင် နှေးနေတာတွေ ဖြစ်နေမယ်ဆိုရင်တော့ အဲ့ဒါက


အရွယ်အစားကြီးမားတဲ့ data တွေကို ပြန်ပေးတဲ့ query တွေရှိနေလို့ပါပဲ။ ဒီနေရာမှာ အင်တာနက်မြန်နှုန်းဆိုတာကို ခဏမေ့ထားပါ။
သာမန် HTML, CSS, JavaScript တင်အသုံးပြုထားတဲ့ Website တစ်ခုအတွက် loading time အကြာကြီးယူနေရတယ်ဆိုတာက
မဖြစ်သင့်ပါဘူး။ တစ်စက္ကန့်အချိန်အတွင်းမှာ website loading ပြီးသွားတယ်ဆိုရင်တော့ အဲ့ဒါတော်တော်လေးကို ကောင်းမွန်တဲ့
အချက်လို့ ပြောလို့ရပါတယ်။ ၃ စက္ကန့်ဆိုရင်တောင် ကောင်းနေသေးတယ်ပြောလို့ရပါတယ်။ အများဆုံး ၇ စက္ကန့်လောက်အထိကတော့
အဆင်ပြေနေသေးပေမယ့် ၁၀ စက္ကန့်ကျော်တဲ့အထိ loading လုပ်နေသေးတဲ့ဆိုရင်တော့ ဘယ်သူမှ စိတ်ရှည်တော့မှာ မဟုတ်ပါဘူး။
အရေးတကြီးလိုအပ်နေတဲ့ ကိစ္စမျိုးအတွက်ကလွဲပြီး ကျန်တဲ့အချိန်တွေမှာဆိုရင်တော့ အဆိုပါ website တွေကို ဘယ်သူမှ အချိန်ပေး
စောင့်ဆိုင်းနေမှာမဟုတ်ပါဘူး။ စီးပွားရေးအရဆိုရင်လည်း နစ်နာ ဆုံးရှုံးစရာ ကိစ္စတွေ ဖြစ်လာပါလိမ့်မယ်။ အဲ့ဒီအတွက် ဒီနေရာမှာ
ကျွန်တော့်အနေနဲ့ သိထားသိအပ်တာတွေကို ရှင်းပြပေးသွားမှာပါ။

ရုပ်ပုံများနှင့် ပတ်သက်၍
Wordpress တို့ Joomla တို့လိုမျိုး Content Management System (CMS) တွေမှာဆိုရင် ကျွန်တော်တို့တွေအနေနဲ့
image upload ပြုလုပ်တဲ့အခါ Image Size ကို ချုံ့ချဲ့တာတွေ ပြုလုပ်လို့ရတာ တွေ့ရပါလိမ့်မယ်။ အများအားဖြင့် မြင်ဖူးသလောက်
တစ်ချို့ Website တွေမှာဆိုရင် High Resolution ပုံတွေကို CSS တွေနဲ့ အရွယ်အစားတွေ သေးပြီး သုံးထားတာကို တွေ့ရပါလိမ့်မယ်။
အဲ့ဒီလို Website ကို loading လုပ်တဲ့အခါမျိုးမှာ CSS ကြောင့် အရွယ်အစား သေးနေပေမယ့် အကယ့် အရွယ်အစားကြီးတဲ့ ပုံကို down-
load ပြုလုပ်ရတဲ့အတွက် အဲ့ဒီလိုပုံတွေ အများကြီးရှိနေတဲ့ Website ဟာဆိုရင် ဘယ်နည်းနဲ့မှ မြန်မြန်ဆန်ဆန် တက်လာမှာ မဟုတ်ပါဘူး။
အဲ့ဒီအတွက် ကျွန်တော်တို့တွေအနေနဲ့ ရုပ်ပုံတွေ အသုံးပြုမယ့် နေရာနဲ့ သင့်တော်တဲ့ အရွယ်အစားကို သတ်မှတ်ပြီး အသုံးပြုတာက
ပိုပြီးတော့ သင့်တော်ပါတယ်။ အဲ့ဒီအတွက် Photoshop လိုမျိုး software ကို အသုံးပြုပြီး pixel dimensions တွေ ကိုက်ညှိနိုင်ပါတယ်။

CMS တွေသုံးပြီဆိုရင် အများအားဖြင့်ကတော့ ရှိသမျှ ကောင်းတဲ့ Free plugins မှန်သမျှ အကုန်သွင်းတော့တာပါပဲ။


အမှန်က ကိုယ့် Website မှာ မလိုအပ်တဲ့ plugins ဆိုရင် မသုံးတာ အကောင်းဆုံးပါပဲ။ အဲ့ဒီလို မလိုအပ်တဲ့ plugins တွေကြောင့် ကိုယ့်
website ကို လာရောက်ကြည့်ရှုတဲ့သူတွေအနေနဲ့ အဲ့ဒီ plugins တွေကို load လုပ်ရတဲ့အတွက် မလိုလားအပ်ပဲ အချိန်ပိုကုန်တာပဲ
အဖတ်တင်ပါတယ်။ ဒါ့အပြင် plugins ဆိုတာတွေက ကိုယ့်အတွက်လိုအပ်တဲ့ Feature တွေပါသလို မလိုလားအပ်တဲ့ Feature
တွေလည်း ပါဝင်လေ့ရှိပါတယ်။ ဖြစ်နိုင်သမျှတော့ အတတ်နိုင်ဆုံး ကိုယ်လိုအပ်တဲ့ အပိုင်းအတွက် ကိုယ့်ရဲ့ CMS theme မှာ ကိုယ်တိုင်
ထည့်သွင်းလိုက်တာက ပိုပြီးတော့ website ကို ပိုမို မြန်ဆန်လာပါစေလိမ့်မယ်။ ဒါ့အပြင် CMS တွေမှာဆိုရင် update တွေ အချိန်နဲ့
အမျှ ရှိတတ်ပါတယ်။ အဲ့ဒီလို အခါမျိုးဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ version upgrade တွေကို လိုက်လုပ်ပေးဖို့ လိုပါလိမ့်မယ်။
Developer တွေအနေနဲ့ သူတို့ရဲ့ code တွေကို တစ်ခါထက်တစ်ခါ ပိုကောင်းအောင် ရေးသားနေတဲ့အတွက် speed အနေနဲ့လည်း
ပိုပြီးတိုးတက်လာမှ ဖြစ်ပါတယ်။
Tips to Speed Up Your Website

Speed ကို ဘယ်လိုတိုင်းတာနိုင်မလဲ?


ဘယ်သူမဆို ကိုယ့် Website ဘယ်လောက်ထိ မြန်ဆန်သလဲ ဆိုတာကို သိချင်ကြတဲ့သူတွေချည်း ပါပဲ။ အဲ့ဒီလို
တိုင်းတာနိုင်ဖို့အတွက် tools တွေ အဆင်သင့် ရှိပြီးသားပါ။

Google PageSpeed insights

Pingdom

Yahoo! Yslow

WebPageTest

အပေါ်က Tools တွေကတော့ အသုံးများတဲ့ Tools တွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီမှာ score ဘယ်လောက်ရသလဲဆိုတာထက် ကျွန်တော်
website ကို ဘယ်လောက်မြန်အောင် ပြုလုပ်နိုင်သလဲဆိုတာက ပိုပြီးတော့ အရေးပါပါတယ်။ အဲ့ဒီ Tools တွေက ကျွန်တော်တို့ကို
ဘယ်နေရာမှာ ဘယ်လိုတွေရှိတယ်ဆိုတာပဲ ပြသပေးမှာပါ၊ website နဲ့ ပတ်သတ်ပြီး ဘယ်လို ပြုပြင်မှုတွေ ပြုလုပ်ရမလဲ? ဘယ်လို
ပြဿနာတွေကို ဖြေရှင်းရမလဲဆိုတာကိုတော့ ပြောပြပေးမှာမဟုတ်ပါဘူး။

CSS ဖိုင်တွေ JavaScript ဖိုင်တွေ အများအားဖြင့် browser ကနေပြီးတော့ cache ပြုလုပ်ပေးတဲ့အတွက် file size
ကြီးတာ သေးတာက အဲ့ဒီလောက်ကြီး ပြဿနာမရှိဘူးလို့ တစ်ချို့တွေက ပြောကြပါတယ်။ မှန်ပါတယ်၊ သို့ပေမယ့်လည်း code
တွေကို နည်းစနစ်တကျရေး၊ minify တွေ၊ compress တွေလုပ်ပြီး size ကို လျော့ချနိုင်တာကို ဘာလို့ မလိုအပ်ပဲနဲ့ ကြီးမားတဲ့ file
တွေအတွက် ကနဦး load time ကို အကြာကြီးဖြစ်စေချင်ရတာလဲ? အဲ့ဒီအဆင့်တွေကို အသုံးပြုပြီး file ကိုသာမက page load time
ကိုလည်း သိသိသာသာ လျော့ချနိုင်ပါတယ်။ Connection မကောင်းတဲ့ Mobile devices တွေကနေ အသုံးပြုကြည့်လာနိုင်မယ်ဆိုတဲ့
အချက်ကိုလည်း မေ့ထားလို့ မရပါဘူး။ Mobile တွေကနေပြီးတော့ ကိုယ့် Website ကိုခေါ်ကြည့်တဲ့အခါ အကြာကြီးစောင့်နေတာတောင်
တက်မလာသေးဘူးဆိုရင် ယေဘုယျအားဖြင့် အသုံးပြုသူတွေအနေနဲ့ ဆက်လက်စောင့်စားနေမှာမဟုတ်ပဲ ပိတ်ပစ်လိုက်မှာပါ။

CSS Sprite?
CSS Sprite တွေကိုအသုံးပြုပြီး Image တွေကို ပေါင်းလိုက်ခြင်းဖြင့် website မှာ ပုံတွေ အများကြီး load လုပ်စရာမလိုအောင်
ပြုလုပ်နိုင်ပါတယ်။ ပြောရမယ်ဆိုရင် CSS Sprite ဆိုတာ ပုံမှန်အားဖြင့် ပုံအသေးလေးတွေကို ပေါင်းထားတဲ့ ရုပ်ပုံကြီး တစ်ခုဖြစ်အောင်
ပြုလုပ်လိုက်တာမျိုးပါ။ အရင်တုန်းက ရုပ်ပုံ ငါးခုကို load လုပ်ရမယ်ဆိုရင် CSS sprite ကို အသုံးပြုပြီး ရုပ်ပုံ တစ်ပုံပဲ load လုပ်ရတော့
မှာပါ။ အများအားဖြင့်ကတော့ ကျွန်တော်တို့ glyphicons အတွက် အသုံးပြုတာများပါတယ်။

ရုပ်ပုံတွေအတွက် CSS Sprites တွေပြုလုပ်ဖို့ အလွယ်ကူဆုံးနည်းလမ်းကတော့


Spritme ပါပဲ။
Tips to Speed Up Your Website

Resources တွေအတွက် CDN တွေကို အသုံးပြုပါ


CDN ဆိုတာကတော့ Content Delivery Network ကို အတိုကောက်ခေါ်တာဖြစ်ပြီး အသုံးပြုသူတစ်ယောက်က data
ကို request လုပ်တဲ့အခါမှာ အဲ့ဒီသူနဲ့ အနီးဆုံး နေရာကနေ server cache ပြုလုပ်ထားတာတွေကို ဆိုလိုပါတယ်။ CDN တွေအနေနဲ့
လိုအပ်ချက်အပေါ်မူတည်ပြီး cache ပြုလုပ်တာကလည်း အဆင့်အမျိုးမျိုး ကွာခြားချက်တွေရှိပါတယ်။

ဥပမာ အနေနဲ့ jQuery ကိုအသုံးပြုမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ကိုယ်ပိုင် server မှာ နောက်ဆုံးထွက်ရှိထားတဲ့ jQuery
version ကို ထည့်သွင်းထားမယ်၊ ခေါ်ယူအသုံးပြုမယ်။ ပြီးတော့ အသုံးပြုသူရဲ့ ကွန်ပျူတာထဲကို download ပြုလုပ်ထားမယ်၊ နောက်ထပ်
ခေါ်ယူအသုံးပြုမယ်ဆိုရင် မြန်ဆန်အောင်အတွက် browser ကနေ cache ပြုလုပ်ထားလိမ့်မယ်။ အကယ်၍ ကျွန်တော်တို့အနေနဲ့ Goo-
gle ဒါမှမဟုတ် jQuery website ရဲ့ CND ကိုခေါ်ယူအသုံးပြုမယ်ဆိုရင်ကော ဘာတွေကွာခြားမလဲ? File path အနေနဲ့ကတော့ http://
ajax.googleapis.com/ajax/libs/jquery/1.9.2 ဒါမှမဟုတ် http://code.jquery.com/jquery-1.8.2.min.js ပေါ့။ အသုံးပြုသူအနေနဲ့
jQuery version (CDN) တူတူအသုံပြုထားတဲ့ တခြား website တစ်ခုကိုကြည့်ရှုမယ်ဆိုရင် browser ကနေပြီးတော့ အဲ့ဒီ CND
ကို download ချ၊ cache ပြုလုပ်ပေးထားတဲ့အတွက် ဘယ်လောက် Website တွေများများ အဲ့ဒီ ဖိုင်ကို download ထပ်လုပ်နေမှာ
မဟုတ်တော့ပါဘူး။ HTTP request ကိုလည်းလျော့ချ နိုင်မယ့်အတွက် website ကလည်း ပိုပြီးတော့ မြန်ဆန်လာပါလိမ့်မယ်။ jQue-
ry လိုမျိုး code ဖိုင်တွေမှမဟုတ်ပါဘူး။ Logo တွေ၊ upload လုပ်ထားတဲ့ပုံတွေ၊ video ဖိုင်တွေနဲ့ တခြား resources တွေကိုလည်း
CND အနေနဲ့ အသုံးပြုနိုင်ပါတယ်။ ဖိုင်အသေးလေးတွေမှာရင်မသိသာနိုင်ပေမယ့် ဖိုင်အရွယ်အစား ကြီးတဲ့ download တွေ ဒါမှမဟုတ်
streaming video တွေအတွက်ဆိုရင်တော့ သိသိသာသာ ကွာခြားပါတယ်။

အမြဲတမ်းလိုလိုက CSS နဲ့ JavaScript တွေကို <head> ထဲမှာ အားလုံးစုပြီး ရေးသားထားကြတာပါပဲ။ တကယ်တမ်း
ဖြစ်သင့်တာက CSS တွေအားလုံးကို head ထဲမှာ ရေးသားပြီး Script တွေကိုတော့ <body> မဆုံးခင်မှာ ထည့်သွင်းသင့်ပါတယ်။ Script
တွေကို အပေါ်မှာထည့်ထားမယ် ဆိုရင် တစ်ချို့ Script တွေက page loading မပြီးခင်မှာပဲ အလုပ်လုပ်သွားတဲ့အတွက် Error တက်တာတွေ
ဖြစ်တတ်သလို loading ကြာတာတွေလည်း ဖြစ်ပါတယ်။ အဲ့ဒီအတွက် JavaScript, jQuery အစရှိတဲ့ script နဲ့ပတ်သတ်တာတွေအားလုံးကို
Page နောက်ဆုံးမှ အလုပ်လုပ်ခိုင်းတာက အသုံးပြုသူတွေအနေနဲ့ ပိုမို မြန်မြန်ဆန်ဆန်နဲ့ အသုံးပြုလာနိုင်မှာပဲဖြစ်ပါတယ်။

မြန်ဆန်တဲ့ website တစ်ခုကို ပိုင်ဆိုင်ထားတယ်ဆိုတာ web ပေါ်မှာတော့ အောင်မြင်မှုတစ်ခုလို့တောင်


ပြောလို့ရပါတယ်။ အပေါ်မှာ ပြောသွားတဲ့ အချက်အနည်းငယ်က ဘာမှမဟုတ်ဘူးဆိုပေမယ့် အဲ့ဒီအချက်လေးတွေကပဲ ကျွန်တော်တို့ရဲ့
website ရဲ့ speed ကို ပိုမို မြန်ဆန်အောင် ဆောင်ရွက်ပေးနိုင်မှာပါ။ အကယ်၍ ကိုယ်Website ကို အသုံးပြုရတာ နှေးလာတယ်ထင်တော့
ဘာမှားယွင်းနေလဲဆိုတာကို ချက်ချင်းသိ ချက်ချင်းပြုပြင်နိုင်ဖို့ လိုအပ်ပါလိမ့်မယ်။
Creating a Laravel 4 Package

P H P

Naing Lin Aung


Anime ကြည့်လိုက် ၊ manga ဖတ်လိုက် VN ဆော့လိုက် နဲ့ 
ဟိုယောင်ယောင် ဒီယောင်ယောင် otaku တစ်ယောက်။ တခါတလေ
အားရင် စိတ်ကူးပေါက်ရင် သူ့  ဘလော့ မှာ စာတိုပေစလေး ရေးလေ့
ရှိသူ။

Facebook : nainglinaung91
Twitter : @kelvinm0rris
Website : http://m0rris.com
Creating a Laravel 4 Package

Laravel 4 မှာတော့ Package အနေနဲ့  ပြောင်းလဲသွားပါတယ်။ Laravel 4 Package ကို workbench အသုံးပြုပြီး Create
လုပ်ဖို့ အတွက် လိုအပ်တာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

Requirement

Internet Connection

Composer

Git

Laravel 4

Laravel4 , Composer နဲ့  Git Setup လုပ်တာနဲ့ ပတ်သတ်ပြီး Echo အရှေ့ ပိုင်း issue တွေမှာ ထည့်သွင်းဖော်ပြပြီး
ဖြစ်လို့ အကျယ်ချဲ့ ပြီး မပြောတော့ပါ။ အရင်ဆုံး Laravel4 ရဲ app/config/workbench.php ကိုသွားပြီး ဖွင့်ပါ။ Name နဲ့  Email ကို
အောက်ပါ ပုံစံအတိုင်း -

‘name’ => ‘Naing Lin Aung’,


‘email’ => ‘nainglinaungiscool@gmail.com’,

edit လုပ်လိုက်ပါ။ ထိုနောက် laravel4 တည်ရှိရာ directory ကို command line ဖြင့်သွားပါ။

php artisan workbench vendor/package --resources

ရိုက်လိုက်ပါ။ ပြီးလျှင်အောက်ပါအတိုင်း Vendor နှင့် Package တို့ နေရာတွင် မိမိတို့ ကြိုက်နှစ်သက်သလို ပြောင်းလဲ နိုင်သည်။
ထိုပြောင်းလဲလိုက်သည့် အပေါ်တွင်မူတည်၍ Config လုပ်ရမည့် ပုံပါ ပြောင်းလဲသွားမည် ဖြစ်သည်။ Package တွင် public , src , test ,
vendor ဟူ၍ folder လေးခု ပါရှိမည် ဖြစ်သည်။

public folder မှာ assets များ ဖြစ်ကြတော့ html, css နဲ့ javascript ဖိုင်များ ထားရှိရန်နေရာ ဖြစ်သည်။

src မှာ အမှန်တကယ် ရေးရမည့် Code များ ထားရှိသည့် နေရာ ဖြစ်သည်။


Creating a Laravel 4 Package

test မှာ testing ပြုလုပ်ရန်ဖြစ်သည်။

vendor မှာ dependency package များ တည်ရှိသည် folder ဖြစ်သည်။

ဆက်လက်အသုံးပြုလိုသည့် composer package များရှိပါက composer.json တွင် မိမိကြိုက်နှစ်သက်ရာ package


များထည့်သွင်း၍ composer install ပြုလုပ်ကာ သွင်းနိုင်သည်

Service Provider
Service Provider မှာ Laravel4 တွင်ပါရှိသည့် Feature တစ်ခုဖြစ်ပြီး Package များကို manage လုပ်ရန်
အကူအညီပေးသည်။ ယခု tutorial တွင် Service Provider Class ကို -

\workbench\vendor\package\src\Vendor\Package\PackageServiceProvider.php

တွင် တွေ့ ရှိရမည် ဖြစ်သည်။ ၄င်း file ကို အောက်ပါ ပုံစံအတိုင်း ဖြစ်အောင် edit လုပ်လိုက်ပါ။

<?php

namespace Vendor\Package;

use Illuminate\Support\ServiceProvider;

class PackageServiceProvider extends ServiceProvider {

/**
* Indicates if loading of the provider is deferred.
*
* @var bool
*/
protected $defer = false;

/**
* Bootstrap the application events.
*
* @return void
*/
public function boot()
{
$this->package(‘vendor/package’);
}
Creating a Laravel 4 Package

/**
* Register the service provider.
*
* @return void
*/
public function register()
{
//
}

/**
* Get the services provided by the provider.
*
* @return array
*/
public function provides()
{
return array(‘package’);
}

ပြီးနောက် app/config/app.php ကိုဖွင့်ပါ။ မိမိ၏ ServiceProvider ကို အသစ်ဖြည့်လိုက်ပါ။

‘providers’ => array(


// --
‘Vendor\Package\PackageServiceProvider’,
),

PackageServiceProvider.php ရှိရာ Folder တွင် Package.php ကို တည်ဆောက်လိုက်ပါ။ ထိုနောက် အောက်ပါ Code
များကို ကူးထည့်လိုက်ပါ။

<?php

namespace Vendor\Package;

class Package {

public static function greeting(){


return “Hello World”;
}

}
Creating a Laravel 4 Package

ထိုနောက် PackageServiceProvider.php ထဲရှိ Register Method ကို အောက်ပါ အတိုင်း ပြင်လိုက်ပါ။

public function register()


{
$this->app[‘supyo’] = $this->app->share(function($app)
{
return new Supyo;
});
}

Facade တစ်ခု တည်ဆောက်ခြင်း


ပုံမှန်အားဖြင့် Package ထဲမှာ object များကို ခေါ်ယူ အသုံးပြုရန် object တစ်ခုတည်ဆောက်ရမည် ဖြစ်သည်။ သို့ သော်
Larvel4 တွင် Facade Class ကို အသုံးပြု ထားသောကြောင့် object တစ်ခုကို တည်ဆောက်ရန်မလိုပဲ static method များ ခေါ်ယူ
အသုံးပြုသလို scope resolution operator ဖြင့် ခေါ်ယူ အသုံးပြုနိုင်မည် ဖြစ်သည်။ ဥပမာ -

echo Package::greeting();

သို့ သော် ထိုသို့ ပြုလုပ်ရန် Facade တစ်ခု တည်ဆောက်ရန်လိုမည်။ ထိုအတွက် Package directory ထဲတွင် Facade ဟု အမည်ရသည့်
Folder တစ်ခု တည်ဆောက်လိုက်ပါ။

ထိုနောက် Package.php ဟုသော file တစ်ခုကို create လုပ်လိုက်ပါ။ ပြီးပါက အောက်ပါ Code များကို ကူးထည့်လိုက်ပါ။

<?php

namespace Vendor\Package\Facades;

use Illuminate\Support\Facades\Facade;

class Package extends Facade {

/**
* Get the registered name of the component.
*
* @return string
*/
protected static function getFacadeAccessor() { return ‘Package’; }

}
Creating a Laravel 4 Package

ထိုနောက် register method ထဲတွင် အောက်ပါ code ကို ပေါင်းထည့်လိုက်ပါ။

$this->app->booting(function()
{
$loader = \Illuminate\Foundation\AliasLoader::getInstance();
$loader->alias(‘Package’, ‘Vendor\Package\Facades\Package’);
});

နောက်ဆုံးတွင်တော့ route.php တွင်

Route::get(‘/test’, function(){
echo Package::greeting();
});

အောက်ပါအတိုင်း ထပ်ထည့်ပေးလိုက်ပါ။ ထိုနောက် ထို test url ကို စမ်းခေါ်လိုက်ပါက greeting method ကိုခေါ်ယူ အလုပ်လုပ်မည်ကို
တွေ့ ရမည် ဖြစ်သည်။
MySQL Data Types

y S Q L
M

Thet Paing
Myanmar Links Training Center မှာ Web Development အကြောင်းကို
စတင် လေ့လာကာ Web နဲ့ ပတ်သက်တာမှန်သမျှ စိတ်ဝင်စား၍
လောလောဆယ် PHP ကိုအဓိက အသုံးပြုနေသော Developer ဖြစ်ပြီး CMS
တွေ နဲ့ Website ရေးသားနိုင်ကာ Reborn CMS တွင် Module တစ်ခုစ
နှစ်ခုစ ပါဝင် Develope လုပ်နေသော Myanmar Links Professional Web
Development တွင် လက်ရှိ အလုပ်လုပ်နေ သူတစ်ယောက်ဖြစ်ပါတယ်။
MySQL Data Types

MySQL Database ကို အသုံးပြုပြီး ရေးသားရတဲ့ အပိုင်းတွေမှာ ထည့်သွင်းမယ့် အရေးကြီးတာ တစ်ခုရှိပါတယ်။ ဒါကတော့
ထည့်သွင်းမယ့် Data တွေကို သိမ်းမယ့် Field တွေအတွက် Data Type ကြေညာပေးရတာပါ။ အဲ့ဒီနေရာမှာ အသုံးပြုမယ့် Data Type
တွေအကြောင်းကိုတော့ သိထားရင် ထည့်မယ် Data အတွက် ဘာ Type က အဆင်ပြေဆုံးလဲ ဆိုတာ သတ်မှတ်လို့ရမှာပါ။ ဒါကြောင့်
MySQL မှာ အသုံးပြုတဲ့ Data Types ဘယ်နှစ်မျိုးရှိတယ်၊ ဘယ်နေရာတွေမှာ အသုံးပြုလို့ရတယ် ဆိုတာကို လေ့လာကြည့်ပါမယ်။ Data
Types တွေ အကြမ်းအားဖြင့် သုံးမျိုးခွဲလို့ရပါတယ်။

Numeric Data Types

ဒါကတော့ ကိန်းဂဏာန်း တွေနဲ့ ပတ်သတ်ပြီး သိမ်းတဲ့ Type တွေပါ။ Numeric Data Types ထဲမှာ ပါဝင်တဲ့ Types
တွေကတော့

TINYINT

TINYINT ဆိုတဲ့ type ကတော့ number တွေကို သိမ်းတဲ့နေရမှာ အနည်းဆုံးဖြစ်ပါတယ်။ သူမှာ 1 byte data ပဲသိမ်းလို့
ရပါတယ်။ ပြီးတော့ သိမ်းလို့ရတဲ့ range က -128 မှ 127 အထိ ပဲသိမ်းလို့ရတာပါ။ အကယ်၍ သူ့ရဲ့ attributes ထဲမှာ UNSIGNED
လို့ထည့်ထားရင်တော့ 0 ကနေ 255 အထိ ပြောင်းသိမ်းပေးပါတယ်။

SMALLINT

SMALLINT ဆိုတာကတော့ 2 bytes data ကိုသိမ်းပေးပါတယ်။ TINYINT ထပ် နည်းနည်းပိုပြီး သိမ်းပေးနိုင်ပါတယ်။


သိမ်းပေးတဲ့ range ကတော့ -32,768 ကနေပြီး 32767 အထိပါ။ UNSIGNED ဆိုရင်တော့ 0 ကနေ 65,535 အထိသိမ်းပေးပါတယ်။
MySQL Data Types

MEDIUMINT

MEDIUMINT ကတော့ 3 bytes data ကိုသိမ်းပေးနိုင်ပါတယ်။ သိမ်းပေးတဲ့ range ကတော့ -8,388,608 ကနေ
8,388,607 အထိပါ။ UNSIGNED ဆိုရင်တော့ 0 ကနေ 16,777,215 ပါ။

INT

INT ကတော့ Number နဲ့ပတ်သတ်တဲ့ Data တွေကို သိမ်းတော့မယ် ဆိုရင် များသောအားဖြင့် အသုံးပြုကြပါတယ်။ INT
ကတော့ 4 bytes data ကိုသိမ်းပေးပါတယ်။ သိမ်းပေးတဲ့ range ကတော့ -2147483648 ကနေ 2147483647 အထိဖြစ်ပါတယ်။ UN-
SIGNED ဆိုရင်တော့ 0 ကနေ 4294967295 အထိပါ။

BIGINT

BIGINT ကတော့ တစ်ခါတစ်လေ ကိုယ့်ရဲ့ လိုအပ်ချက်က INT ထက်ကျော်သွားတဲ့ Number တွေကို သိမ်းချင်ရင်
အသုံးပြုလို့ရပါတယ်။ သူက 8 bytes Data ကိုသိမ်းပေးနိုင်ပါတယ်။ range ကတော့ -/+9.223E+18 ပါ။ -9223372036854775808
ကနေ 9223372036854775807 အထိလို့ အဓိပ္ပာယ်ပါ။ UNSINGED ဆိုရင်တော့ 0 ကနေ 18.45E+18 အထိသိမ်းလို့ရပါတယ်။

BIT

BIT ကတော့ 01 တွေကိုသိမ်းတာပါ။ သူက 1 ကနေ 64 အထိသိမ်းနိုင်ပါတယ်။ သူက သိမ်းလိုက်တဲ့ ဂဏာန်းတွေကို 01


တွေအနေနဲ့ ပြန်ပြောင်းသိမ်းပေးပါတယ်။

FLOATING POINT

FLOATING POINT Types တွေက တော့ FLOAT , DOUBLE နဲ့ DECIMAL ဆိုပြီးရှိပါတယ်။ အဲဒီ သုံးမျိုးစလုံးက
ဒသမကိန်းတွေကို သိမ်းပေးနိုင်ပါတယ်။ ပြီးတော့ သူတို့ရဲက ပုံစံက FLOAT (M,D), DOUBLE(M,D), DECIMAL(M,D) ဆိုပြီးရှိပါတယ်။
အဲ့ဒါက ဘာလဲဆိုတော့ M ဆိုတာ အလုံးရေကို ရည်ညွှန်းတာဖြစ်ပြီး D ဆိုတာကတော့ ဒသမကိန်းအနောက်က ထည့်လို့ရမယ့်
ဂဏာန်းအရေအတွက်ဖြစ်ပါတယ်။ သူတို့ တွေရဲ့ ကွာခြားချက်ကတော့ FLOAT က DOUBLE လောက် Data မသိမ်းနိုင်ပါဘူး။ FLOAT က
4 bytes ကိုသိမ်းနိုင်ပြီး DOUBLE က 8 bytes ကိုသိမ်းနိုင်ပါတယ်။ DECIMAL က DOUBLE နဲ့ Data သိမ်းတဲ့ ပမာဏက အတူတူပါပဲ။
DECIMAL နဲ့ တစ်ခြားနှစ်ခုနဲ့ ကွာခြားချက်ကတော့ တိတိကျကျ တွက်ချက်မူတွေပြုလုပ်ချင်တဲ့ အခါမှာ DECIMAL ကိုအသုံးပြုပါတယ်။
MySQL Data Types

Date and Time Types

MySQL ထဲမှာ နေ့ရက်တွေ အချိန်တွေကို သိမ်းဖို့ အတွက် Data Types တွေက ၄ မျိုးရှိပါတယ်။ သူတို့ရဲ့
ကွာခြားချက်ကတော့ သိမ်းတဲ့ပုံစံတွေပါ။

DATE

DATE ရဲ့ သိမ်းပုံကတော့ YYYY-MM-DD ပုံစံအတိုင်း သိမ်းပါတယ်။ 1000-01-01 ကနေ 9999-12-31 အထိ
သိမ်းနိုင်ပါတယ်။ သူက ရက်စွဲကိုပဲ သိမ်းတာပါ။

TIME
TIME ကတော့ အချိန်ကို သိမ်းပေးတာပါ။ သိမ်းတဲ့ ပုံစံ ကတော့ HH:MM:SS ပါ။ နာရီ မိနစ် စက္ကန့် ပါ။ 00:00:00 ကနေ
23:59:59 အထိဖြစ်ပါတယ်။

ဒါဆိုရင် DATE နဲ့ TIME ကို ပေါင်းပြီး သိမ်းချင်တယ်။ အဲ့ဒီလိုပေါင်းပြီး သိမ်းတဲ့ ဟာလည်းရှိပါတယ်။ အဲ့ဒါက

DATETIME

DATETIME က DATE နဲ့ TIME ကိုပေါင်းပြီးသိမ်းတာ ဖြစ်တော့ သူ့ရဲ့ ပုံစံက YYYY-MM-DD HH:MM:SS ဆိုပြီး ဖြစ်ပါတယ်။

DATETIME ကိုပေါင်းပြီးသိမ်းတာတော့ ရပြီ time zone လေးလည်းထည့်ချင်သေးတယ်။ အဲ့ဒီ အတွက်လည်းရှိပါတယ်။


MySQL Data Types

TIMESTAMP

TIMESTAMP က DATETIME ရဲ့ ပုံစံ အတိုင်းပါပဲ။ ဒါပေမယ့် သိမ်းတဲ့ အခါမှာတော့ TIME zone ကိုထည့်သိမ်းပေးပါတယ်။
‘1000-01-01 00:00:00’ UTC to ‘9999-12-31 23:59:59’ UTC ဒီလိုပုံစံပါ။

YEAR

ဒါကတော့ နှစ်တွေကိုပဲ သိမ်းချင်ရင် အသုံးပြုလို့ရပါတယ်။ သူမှာ သိမ်းတဲ့ပုံစံ နှစ်မျိုးရှိပါတယ်။ 2 လုံးပဲ သိမ်းတဲ့ ( eg.
1990 to 2019 (90 to 19)) ပုံစံရယ် 4 လုံးသိမ်းတဲ့ နှစ်အပြည့်အစုံ သိမ်းတဲ့ပုံစံ ရယ်ပါ။ သူ့ကို Length ကို 2 ဒါမှမဟုတ် 4 လို့ပေးပြီး
ကိုယ့်အဆင်ပြေမယ့် ပုံစံနဲ့ သိမ်းလို့ ရပါတယ်။ Default ကတော့ 4 ပါ။

String Types

String types တွေက တော့ အလွယ်ပြောရရင်တော့ စာသားတွေ binary တွေကို သိမ်းတာပါ။

CHAR And VARCHAR

CHAR နဲ့ VARCHAR ကတော့ အနည်းငယ်တူ ညီတဲ့ ပါတယ်။ နှစ်ခုစလုံးက စာသား (Character) တွေကို သိမ်းတာပါပဲ။
မတူညီတာ သိမ်းတာတို့ ပြန်ထုတ်တာတို့ သိမ်းစည်းနိုင်တဲ့ပမာဏတို့ Data သိမ်းပုံသိမ်းနည်းတို့ဖြစ်ပါတယ်။ သိမ်းစည်းတဲ့ ပမာဏက MySQL
5.0.3 နောက်ပိုင်းမှာကွာသွားတာပါ။ အရင်တုန်းက တော့ နှစ်ခုစလုံးက 0 ကနေ 255 အထိဖြစ်ပြီး MySQL 5.0.3 နောက်ပိုင်းမှာ VARCHAR
က 0 ကနေ 65,535 အထိသိမ်းလို့ရပါတယ်။ Data သိမ်းပုံသိမ်းနည်း ကွာတယ်ဆိုတာ CHAR နဲ့သိမ်းရင် သူက သတ်မှတ်ပေးထားတဲ့
Length ကို အပြည့်သိမ်းပါတယ်။ VARCHAR ကတော့ လိုအပ်တဲ့ ပမာဏကိုပဲသိမ်းပါတယ်။ ပုံနဲ့ပြလိုက်ရင်ပိုမြင်သာမှာပါ။
MySQL Data Types

BINARY and VARBINARY Types

BINARY နဲ့ VARBINARY Types တွေကလည်း VARCHAR တို့လိုပါပဲ။ သိမ်းနိုင်တဲ့ range က 0 ကနေ 255 အထိဖြစ်ပြီး
MySQL 5.0.3 နောက်ပိုင်းမှာ VARBINARY က 0 ကနေ 65,535 အထိ သိမ်းလို့ရပါတယ်။ သူတို့သိမ်းပေးတာကတော့ Binary string
တွေဖြစ်ပါတယ်။

BLOB

BLOB ဆိုတာကတော့ data အများကြီးပါတဲ့ Binary object ကို သိမ်းလို့ရပါတယ်။ TINYBLOB တို့ MEDIUMBLOB တို့
LONGBLOB တို့ကလည်း ဒီအတိုင်းပါပဲ။ Binary object တွေကိုသိမ်းတာပါ။ ကွာခြားတာကတော့ သိမ်းနိုင်တဲ့ ပမာဏပါ။ TINYBLOB က
0 ကနေ 255 ဖြစ်ပြီး BLOB က 0 ကနေ 65535 bytes ပါ။ MEDIUMBLOB ကတော့ 0 ကနေ 16777125 ဖြစ်ပြီး LONGBLOB ကတော့
0 ကနေ 4294967295 bytes ဖြစ်ပါတယ်။

TEXT

TEXT ကတော့ စာသားတွေ အများကြီး သိမ်းတဲ့ အခါ အသုံးပြုပါတယ်။ TINYTEXT,MEDIUMTEXT နဲ့ LONGTEXT
ကလည်း TEXT နဲ့ အတူတူ ပါပဲ။ သူရဲ့ သိမ်းနိုင်တဲ့ ပမာဏကတော့ BLOB နဲ့ တူပါတယ်။

ENUM

ENUM ဆိုတာကတော့ select box ပုံစံနဲ့ အတိအကျ ပါမယ့် data ကို ကြိုပြီးသိမ်းထားလို့ရအောင် လုပ်ပေးတဲ့ Type ပါ။
select box ဖြစ်တဲ့ အတွက် တစ်ခုပဲရွေးလို့ရပါတယ်။

SET

SET ကတော့ လည်း ENUM လိုပါပဲ။ ဒါပေမယ့် သူက Multi select လုပ်လို့ရပါတယ်။

ဒီလောက်ဆိုရင် MySQL မှာသုံးပြုတဲ့ Data types တွေနဲ့ ပတ်သက်ပြီး သဘောပေါက်ပြီထင်ပါတယ်။ ဘယ် Data က
ဘယ် Type အသုံးပြုပြီး သိမ်းသင့်တယ် ဆိုတာ လည်း ကိုယ့်ပါသာ ရွေးချယ်လာနိုင်လိမ့်မယ်လို့ မျှော်လင့်ရင်း အဆုံးသပ်လိုက်ပါမယ်။
Interview with Ko Zin Min

r v i e w
In t e

Soe Thiha Naung


Myanmar Tutorials ရဲ့ Main Contributor တစ်ယောက် Myanmar
Links မှာ Web Development အကြောင်း သင်တဲ့ဆရာ၊
Web Development အကြောင်းနှင့် ပတ်သက်ရင် ဘာဖြစ်ဖြစ်
စိတ်ဝင်စားပြီး Myanmar Links Web Development Team ကို
ဦးဆောင်လှုပ်ရှားနေတဲ့ နည်းပညာသမား တစ်ယောက်

Facebook : /soethihanaung
Website : http://soethiha.me
Interview with
Ko Zin Min

ကိုဇင်မင်းအနေနဲ့ Web Development လောကမှာ အပြောင်းအလဲတွေ မျိုးစုံကို ကြုံဖူးခဲ့ပြီ ဆိုတော့ မြန်မာနိုင်ငံ Web
Development လောကရဲ့ အနိမ့်အမြင့် အတက်အကျ အကြောင်းကို အကျဉ်းချုပ် ပြောပြပေးပါဦးခင်ဗျ။ အားရတဲ့ အချက်တွေ အားမရတဲ့
အချက်တွေရောပေါ့ခင်ဗျ။

မြန်မာနိုင်ငံရဲ့ Web Development လောကအကြောင်းပြောရရင် မြန်မာပြည်မှာ လူထူ့ထဲအင်တာနက် မရခင်ထဲက တချို့


ကုမ္ပဏီတွေ Website ရှိနေကြပါပြီ။ အဲ့ဒါကတော့ IT Industry ကမဟုတ်ပဲ Travel Industry ကလုပ်ငန်းတွေပဲဖြစ်ပါတယ်။ ဥပမာ
( www.rubyland.net, www.journeysmyanmar.com, www.smmyanmar.com ) တို့ကို Whois check ကြည့်လိုက်ရင်သိနှိုင်ပါတယ်။
၂၀၀၂ခု့နှစ် နောက်ပိုင်းမှာတော့ IT Company တွေ၊ Export & Import Companyတွေ၊ Travel Companyတွေ နဲ့ နိုင်ငံခြား
နဲ့ဆက်သွယ်ရတဲ့ လုပ်ငန်းတော်တော်များများ Website ရှိလာကြပါတယ်။ Web Development လုပ်ငန်းတွေလဲတော်တော်လေး
သွက်လာကြပါတယ်။ ဒါပေမယ် HTML, CSS ကိုသာအသုံးပြူတဲ့ Static Website တွေပဲဖြစ်ပါတယ်။ ထူးခြားတဲ့ Dynamic Website
တွေကတော့ Web Portal အဆင့်ဖြစ်တဲ့ www.bagan.net.mm နဲ့ www.yangoncity.com.mm ပဲဖြစ်ပါတယ်၊ Web Mail, News,
Online Radio, Member Area, Chart Room, Forum, Entertainment စတဲ့ Feature တွေနဲ့အမိုက်စား Website တွေပဲဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ www.planet.com.mm ပေါ်လာပါတယ်၊ အရမ်းအောင်မြင်ပြီး သူလဲပဲ Web Portal အမျိုးအစားပါ။ ခန့်မှန်းခြေ
တစ်ရက်ကို Visitor ထောင်းဂဏန်းကျော် ရှိတဲ့ Website တွေပါ၊ အဲ့ဒီအချိန်က မြန်မာပြည် Internet User နဲ့ကြည့်ရင် တစ်ရာ ရာခိုင်နှုန်း
အောင်မြင်တဲ့ Website တွေလို့ပြောလို့ရပါတယ်။ Bagan Cyber Tech မရှိတော့တဲ့နောက်ပိုင်းမှာ အင်တာနက် Speed နှေးကွေးခြင်း၊
အင်တာနက်လွတ်လပ်ခွင့်မရှိခြင်း နဲ့ အမေရိကန်ရဲ့စီးပွါးရေးပိတ်ဆို့မှုတွေကြောင့် မြန်မာပြည်ရဲ့စီးပွါးရေးကျဆင်းလာခြင်းဟာ
Web Development ကိုအများကြီးထိခိုက်လာပါတယ်။ Web Developerတော်တော်များများ မြန်မာပြည်က ထွက်သွားကြပါတယ်။
Web Portal တွေလဲမရှိတော့ပါဘူး(Planet ကတော့ရှိနေဆဲပါ)၊ ဒါပေမယ်လဲ ဒါခဏပါ ၂၀၀၅ လောက်မှာ MCPA က ပထမဆုံး
Web Development ပြိုင်ပွဲကို ကျင်းပပေးခဲ့ပါတယ်။ အဲ့ဒီနောက် Web Development Training တွေလဲပြန်ပေါ်လာပါပြီ၊
Web Development Companyတွေလဲ ၅ခုလောက်ဖြစ်လာပါတယ်၊ ၂၀၀၅ စက်တင်ဘာလမှာ Multimedia Website အနေနဲ့
စိုင်းစိုင်းခမ်းလှိုင် Website ကျွန်တော်တို့ Micromedia Flash နဲ့ ASP ပေါင်းပြီး တင်ဆက်ခဲ့ပါတယ်၊ မြန်မာနိုင်ငံရဲ့ Web Development
အပိုင်းမှာ မှတ်တိုင် တစ်ခုလို့ ပြောလို့ကျေးဇူးပါအကို၊ နောက်ပိုင်း www.myanmartraining.com ကတော့မြန်မာပြည်က
Training သင်တန်းကျောင်းအစုံပါဝင်တဲ့ Website တစ်ခုအနေနဲ့အောင်မြင်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း web 2.0 ရဲ့အစ Blog
တွေခေတ်စားလာပါတယ်၊ Blogger တွေလဲတော်တော်များလာပါတယ်၊ အင်တာနက်သုံးတက်သူတိုင်း Blog တစ်ခုရှိတယ်လိုတောင်ြေ
ပာနိုင်ပါတယ်၊ အဲ့ဒီနောက်ပိုင်း အပြောင်းအလဲက Open Source CMS တွေပေါ်လာခြင်းပဲဖြစ်ပါတယ်၊ လူငယ်တွေတော်တော်များများ
CMS တွေသုံးပြီး Website လုပ်လာနိုင်ခြင်းဟာလဲ မြန်မာပြည်ဖြစ် Website တွေ တော်တော်များလာစေပါတယ်။ မြန်မာပြည်မှာ
သိသိသာသာတို့တက်လာတဲ့ Web Technology ကတော့ PHP လို့ပဲပြောရမှာပါ။ Web Development Firms တွေအနေနဲ့လည်း
နောက်လာမဲ့ Enterprise Level တွေအတွက် ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။

မြန်မာ Web Development လောကမှာ ကျွန်တော်အားရတဲ့အချက်တွေက လူငယ်တွေ Web Development


ကိုစိတ်ဝင်စားလာတယ်။ နောက် အောင်မြင်ခဲ့တဲ့ Website တွေရှိခဲ့တယ်၊ Website တွေအောင်မြင်ခြင်းဟာ User
ကောင်းတွေကြောင့်လဲပါပါတယ်။ ဒါပေမယ်အားမရတာတွေက နဲနဲထူးဆန်းတယ်ဗျ အဲ့ဒါကတော့ မြန်မာပြည်က ဒိတ်ဒိတ်ကြဲ
IT Company ကြီး တွေမှာ Website ကောင်းကောင်းတွေလုံးဝမရှိခြင်းပါပဲ။

ကိုဇင်မင်းနဲ့ ပတ်သက်ပြီး easypay ဆိုတဲ့ နာမည်နဲ့ Online Payment စနစ်တစ်ခု အကောင်အထည်


ဖော်နေတယ်ကြားပါတယ်။ ကျွန်တော် အရမ်းစိတ်ဝင်စားတဲ့ အပိုင်းပါပဲခင်ဗျ။ ကိုဇင်မင်းအနေနဲ့ Online payment အကြောင်းကို
အများကြီး လေ့လာဖူးပြီဆိုတာ သိရတဲ့အတွက် Online Payment အကြောင်းကို ကျွန်တော်တို့ကို ဝေမျှပါဦးခင်ဗျ။ သိတဲ့အတိုင်း အခုမှ
ကျွန်တော့်မှာ Master Pre-paid Card လေး စကိုင်ခွင့်ရပါတယ်။
Interview with
Ko Zin Min

ဟုတ်ပါတယ်အကို Easy Pay နာမည်နဲ့ Online Payment Gateway တစ်ခုတည်ဆောက်နေပါတယ်။


တည်ဆောက်ရခြင်းရည်ရွယ်ချက်ကတော့ လုံခြုံစိတ်ချရတဲ့ Online ငွေပေးချေမှု စံနစ်တစ်ခု ရှိလာစေချင်တာပဲဖြစ်ပါတယ်။ Online Pay-
ment Gateway ကိုအရှင်းဆုံးပြောရရင် ဘဏ်တွေ Card Union (MPU, Visa, Master card) တွေနဲ့ ချိတ်ဆက်ပြီး အင်တာနက် ပေါ်မှာ
ငွေပေး ချေ နိုင်သော၊ ငွေ လက်ခံနိုင် သော ကြားခံ Third Party စံနစ် တစ်ခုဖြစ်ပါတယ်။ သူ့အလုပ်တွေကတော့ user ရဲ့ Payment in-
formation တွေကို encrypt လုပ်ပြီး ssl လို secure layer ပေါ်ကနေ Payment Processors & Networks တွေကိုဖြက်ကာ သက်ဆိုင်ရာ
Acquiring Bank နဲ့ Payment Portal ကြားမှာ transfer လုပ်ပေးခြင်းပဲဖြစ်ပါတယ်။ ဒါတွေအားလုံးဟာ Realtime Authorisations ပါ 2
စကန့်လောက်ပဲကြာပါတယ်။ တဆက်ထဲမှာပဲ Payment Accepted ဖြစ်လား Declined ဖြစ်လားကို User ထံ message ပြန်ရပါတယ်။
International Standard ISO Messaging တွေကိုအသုံးပြူရပါတယ်။ နောက်ကွယ်မှာတော့ ငွေပေး ချေသူဘဏ်ထဲကငွေကို
ငွေလက်ခံသူဘဏ်ထဲသို့ လွှဲပြောင်းပေးခြင်း(Settlement) ပဲဖြစ်ပါတယ်။ Settlement ကိုတော့ ဘဏ်ကလုပ်ဆောင်ပေးရမှာပါ။ Online
Payment Gateway တွေက User တွေအတွက် အသုံးပြူရလွယ်ကူတယ်၊ Cross Bank ( ငွေပေးချေသူ နှင် ငွေလက်ခံသူဘဏ် မတူခြင်း)
အသုံးပြူလို့ရတယ်၊ Security အနေဖြင့် Two Factor Authentication (Payment ပြူလုပ်တော့မည်ဆိုပါက မိမိဖုန်းထဲသို့SMS ဖြင့်
ပေးပို့သော Authentication Server မှ ၅မိနစ်တစ်ကြိမ် ပြောင်းလဲနေတဲ့ OTP- One Time Password) ကိုသုံးထားလို့ လုံခြုံမှုရှိတယ်၊
ထို့အပြင် Advanced Fraud Detection System တွေပါဝင်တဲ့အတွက် အသုံးပြုသူများ၏ Account ပိုလုံခြုံမှုရှိပါတယ်။ International
Payment Processor (Visa/Master) တို့နဲ ချိတ်ဆက် မယ်ဆိုရင်တော့ PCI Security Standards Council ရဲ့ Network Layer နဲ့ Appli-
cation Layer ကိုစစ်ဆေးမှုကိုခံယူပြီး PCI compliance ဖြစ်မှသာ ဝင်ရောက်ချိတ်ဆက်နိုင်မှာဖြစ်ပါတယ်။ မြန်မာပြည်မှာ Master Pre-paid
Card တွေစသုံးလို့ရလာတာကောင်းပါတယ်။ ဒါပေမယ် exchange rate နဲ့ transition fee ပေါင်းရင် ဈေးများနေပါသေးတယ်။ ဒါပေမယ်
အခုအချိန် အင်တာနက်ပေါ်က Service တွေဝယ်ချင်တယ်ဆိုရင်တော့ သူကအကောင်ဆုံးပေါ့ဗျာ နောက်ကြရင်တော့ တခြားကတ်တွေပါ
သုံးလာနိုင်တော့မှာပါ။

ကိုဇင်မင်း ပြောသွားတဲ့ အချက်ထဲမှာ မြန်မာနိုင်ငံမှာ Web Development မအောင်မြင်ရခြင်း အကြောင်းအချက်တွေထဲမှာ


Online Payment မရခြင်းက အဓိကအချက် တစ်ချက် ဖြစ်တယ်လို့ ပါပါတယ်။ အဲဒီလို အွန်လိုင်း ငွေချေစနစ် မရှိခြင်းက Web Develop-
ment လောကအတွက် ဘယ်လို အခက်အခဲ အတားအဆီးတွေ ဖြစ်စေပါသလဲ။

ဒီခေတ်မှာ Website တစ်ခုဖြစ်ဖို့လွယ်ပါတယ်။ ဒါပေမယ် အောင်မြင်တဲ့ Website တစ်ခုဖြစ်ဖို့မလွယ်ပါဘူး။


အောင်မြင်တယ်ဆိုတဲ့နေရာမှာ ငွေးကြေး အရအောင်မြင်တာရှိသလို နာမည်ကြီးပြီး အောင်မြင်သွားတာလဲရှိပါတယ်။ မြန်မာပြည်မှာ
ငွေးကြေး အရအောင်မြင်တဲ့ Website မရှိသလောက်ရှားပါတယ်။ ဒီနေ့ Website တွေမှာ Visitor တွေများပြီ ပိုက်ဆံ တစ်ပြားမှမဝင်တဲ့
Website တွေအများကြီးပါ။ မြန်မာပြည်မှာ Google Ads နဲ့စီးပွါးရှာဖို့လဲမလွယ်ပါဘူး။ ကျွန်တော်တို့တွေလဲ Web Development
လုပ်လာတဲ့ သက်တမ်းတလျှောက်မှာ Idea တစ်ခုတစ်ခု စဉ်စားလိုက်တိုင် အဲ့ဒီ Online Payment Gateway မှာသွားတစ်ပါတယ်။
Online Payment Gateway မရှိလို့မလုပ်ခဲ့ရတာတွေအများကြီးပါ။ မြန်မာပြည်မှာ e-Commerce အကြောင်းကြားလာရတာ
၂၀၀၂လောက်ထဲကပါ၊ ဒါပေမဲ့ e-Commerce လုံးဝမအောင်မြင်ရခြင်းက Online Payment Gateway မရှိလို့ပါ၊ Online Shop တွေ
Facebook Page နဲ့ Online Shopping လုပ်နေသူတွေကို အခုသုံးနေတဲ့ (COD) Cash on Delivery အစား စစ်မှန်တဲ့ Online Pay-
ment Gateway ကိုသာချိတ်ဆက်ပေးနိုင်မယ်ဆိုရင် ဒါ့ထက်မကအောင်မြင်မှာပါ။ ကျွန်တော်တို့အနေနဲ့လည်း Myanmar Invoice ဆိုတဲ့
စံနစ်တစ်ခုလုပ်နေပါတယ်၊ သူက Merchant Site အကြီးကြီးတွေမလုပ်နိုင်တဲ့သူတွေ၊ Outsourcing ရေးမဲ့ကျောင်းသားတွေ၊ Service
လုပ်ငန်းလုပ်ကိုင်သူတွေ နဲ့Small Business လုပ်ကိုင်သူတွေကိုရည်ရွယ်ပါတယ်။ Online Payment Gateway အသုံးပြူ့သူ အချင်းချင်း
Invoice ပိုပြီးငွေတောင်းခံနိုင်ခြင်း၊ ငွေပေးချေနိုင်ခြင်း တို့ပြူ့လုပ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် Online Payment Gateway သာရှိရင်
ကျွန်တော်တို့ Web Development ပိုအောင်မြင်မယ်လို့မြင်ပါတယ်။
Interview with
Ko Zin Min

ကျွန်တော် နောက်တစ်ခု မေးလိုတာက အွန်လိုင်း ပေးမင့်ဆိုတာ Paypal, MasterCard, Visa စတာတွေ ရလာမှ
အွန်လိုင်း ပေးမင့် ဖြစ်တာလား၊ ပြည်တွင်းက ဘဏ်တွေကရော ဆောင်ရွက်လို့ မရနိုင်ဘူးလား၊ Local သဘော Global ချိတ်ဆက်မှုတွေမှာ
ဘယ်လိုပုံစံတွေနဲ့ ချိတ်ဆက်တယ်ဆိုတာ ရှင်းပြပေးပါခင်ဗျ။ ကျွန်တော် မှတ်မိတာ တစ်ခုရှိပါတယ်၊ အာရှဓန ဘဏ်က အွန်လိုင်း
ငွေချေစနစ် ရတော့မယ်ဆိုတာ သတင်းကြားလိုက်ပေမယ့် နောက်ပိုင်း အာရှဓနဘဏ် ပျက်သွားတော့ သတင်းလည်း ပျောက်သွားပါတယ်။

Visa, Master မှ မဟုတ်ပါဘူး Payment Gateway တွေအများကြီးရှိပါတယ်။ သူတို့က International မှာပါ


သုံးလို့ရတဲ့အတွက် ပိုပြီးနာမည်ကြီးတာပါ၊ နောက်တခုက သူတို့ Card Network ကိုသုံးတဲ့ user များလို့ပါ။ Visa, Master ကလဲ
သူ့ရဲ့ network ကိုဖြန့်ကြပ်ဖို့ဆိုရင် ပြည်တွင်းဘဏ်တွေနဲ့ပေါင်းရပါတယ်၊ ပြည်တွင်းဘဏ်တွေက Issuing နဲ့ Acquiring မလု
ပ်ပဲနဲ့ပြည်တွင်းမှာသုံးလို့မရပါဘူး။ နိုင်ငံတိုင်းမှာ Local Payment Gateway တွေအများကြီးရှိပါတယ်။ မြန်မာပြည်မှာဆို Local
ဘဏ်တွေအများကြီးပါဝင်ထားတဲ့ MPU - Myanmar Payment Union ရှိပါတယ် ၂၀၁၄မှာ online သုံးလို့ရတော့မှာပါ။ China မှာဆို
China UnionPayရှိပါတယ်။ Local Payment Gateway တွေတည်ဆောက်ရခြင်း ရည်ရွယ်ချက်ကတော့ ပြည်တွင်း Transition Fee
တွေပြည်ပကို ထွက်မသွားအောင်လုပ်ဆောင် ခြင်းပဲဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာဆိုရင် တစ်နိုင်ငံလုံး Visa, Master Card သုံးကြပါတယ်၊
တစ်နေ့တစ်နေ့ ပြည်တွင်းသုံးနေတဲ့ Transition တိုင်းအတွက် Visa, Master ကို Transition Fee တွေပေးနေရပါတယ်။ အဲဒီတော့
ပြည်တွင်းမှာ ငွေပေးချေသူတွေအနေနဲ့ Local Market မှာ MPU Card ကိုပဲသုံးသင့်ပါတယ်။ ဒါမှမြန်မာပြည်က (Local Transition)
အသုံးပြုငွေတွေ ပြည်ပကိုထွက်မသွားမှာဖြစ်ပါတယ်။ ဘဏ်တွေကတော့ Card Issuing နဲ့ Settlement တော့လုပ်ပေးရပါမယ်။ Global
ချိတ်ဆက်မှုကတော့ International Payment ရဖို့အတွက်ဆိုရင် Visa, Master တို့လို Card network တွေကို Lcoal ဘဏ်တွေက
သွားရောက် ချိတ်ဆက်ရမှာပါ။

၂၀၁၄ အတွက် အွန်လိုင်း ငွေချေစနစ်နဲ့ ပတ်သက်တဲ့ ကိုဇင်မင်းရဲ့ မျှော်လင့်ချက်၊ လုပ်ဆောင်ဖို့ ကြံစည်ထားတာတွေကို


သိချင်ပါတယ်ခင်ဗျ။ နောက်တစ်ခု အွန်လိုင်း ငွေချေစနစ် ဖြစ်လာတဲ့အခါ ပြည်ပကနေလဲ ဝင်လာတော့မယ် ထင်တယ်ဗျ။ အဲဒီလို
ဝင်လာတဲ့အခါ ပြည်တွင်းက လုပ်ကိုင်ဆောင်ရွက်နေတဲ့ သူတွေအနေနဲ့ ဘယ်လို ယှဉ်ပြိုင်ရင်ဆိုင်သင့်တယ်ဆိုတာတွေပါ
သိချင်ပါတယ်ခင်ဗျ။

လက်ရှိ မြန်မာနိုင်ငံရဲ့ Online Payment အခြေအနေက YPay နဲ့ Yatanarpon Teleport ရဲ့ Online Phone
Billing System တို့ပဲဖြစ်ပါတယ်။ ဒီစံနစ် နှစ်ခုစလုံးက မိမိဘဏ် Account နဲ့တိုက်ရိုက်ချိတ်ဆက် အသုံးပြူနိုင်နေပါပြီ။ YPay မှာတော့
လာမယ်၂၀၁၄မှာ MPU Card ထဲက ငွေကို အင်တာနက်ပေါ်မှာ အသုံးပြူနိုင်တော့မှာပါ။ Mobile Payments လဲပါပါတယ်။ ဒါကြောင့်
e-Government ရဲ့ တစ်စိတ်တစ်ဒေသ ဖြစ်တဲ့ Online Billing တွေလဲဖွင့်ဖြိုးလာမှာပါ၊ e-Commerce Site တွေလဲများလာမှာပါ၊ On-
line ငွေပေးချေခြင်းဆိုင်ရာ လုပ်ငန်းမျိုးစုံ အောင်မြင်လာမယ်လို့မြင်မိပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း Merchant Site
တွေအများကြီးလုပ်ပေးနေပါတယ်။ နောက် Myanmar Invoice ကိုလည်းအောင်မြင်မယ်လို့မှန်းထားပါတယ်။ နောက်ပိုင်းမှာ Mobile
Payment လို့ခေါ်တဲ့ Mobile ပေါ်က ငွေပေး ချေ နိုင်တဲ့စံနစ်ကိုလည်း အသုံးပြူ့နိုင်တော့မှာပါ။ ဒါမှကျွန်တော်တို့နိုင်ငံမှာ သူများနည်းတူ
Online Payment ဖွင့်ဖြိုးတို့တက်လာမှာပါ။ နိုင်ငံတကာမှာလဲ Online Payment ကတဟုန်ထိုးတိုးတက်နေပါတယ်။ အမေရိကန်ရဲ့ ၂၀၁၂
ခုနှစ် Online Sales က US$ Billions ၂၃၀ ကနေ ၂၀၁၇ကြရင် US$ Billions ၃၇၀ ထိရှိလာမယ်လို့ခန့်မှန်းထားကြပါတယ်။ အာရှရဲ့
Online Retail Forecast ကလည်းတော်တော်တက်လာပါပြီ။ ကျွန်တော်တို့နိုင်ငံမှာလည်း Online Payment အောင်မြင်လာတော့မှာပါ။
ပြည်ပကနေလာတဲ့ Payment System တွေကိုယှဉ်ပြိုင်ရာမှာ နိုင်ငံတော်ဗဟိုဘဏ်ကဦးစီးပြီးတော့ နိုင်ငံသားအကျိုးစီးပွါးကာကွယ်နို
င်ရန်အတွက် စည်းမျဉ်း စည်းကမ်းတွေနဲ့ ထိမ်းကျောင်းသင့်ပါတယ်။ ဒီလုပ်ငန်းတွေက တိုင်းပြည်ဘဏ္ဍာငွေ ဖွံ့ဖြိုးတိုးတက်မှုနဲ့လည်း
သက်ဆိုင်နေလို့ပါ။ Online Payment Gateway မှာငွေပေးသူက Transition Fee ပေးစရာမလိုပါဘူး၊ ငွေလက်ခံသူကသာပေးရမှာ
ဖြစ်ပါတယ်။ Merchant တွေကပဲပေးရမှာပါ။ ကျွန်တော်တို့ကတော့ Merchant တွေကို့ပဲအကောင်းဆုံးစွဲဆောင်ပြီးယှဉ်ပြိုင်သွားမှာပါ။
Interview with
Ko Zin Min

နောက် ကျွန်တော်တို့ဘက်ကလည်း ကိုယ် Service ကို Reliable ဖြစ်အောင်၊ လုံခြုံရေးစံနစ် အားကောင်းအောင်၊ Fraud
Detection တွေကောင်းသည်ထက်အောင်းလာအောင် ၊ PCI compliance ဖြစ်အောင်၊ User တွေအသုံးပြူ့ရလွယ်ကူအောင် Interna-
tional Payment ရဖို့အတွက်ဆိုရင် လုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။ ၂၀၁၄ကတော့ မြန်မာနိုင်ငံမှာ online ငွေပေးချေမှုရဲ့မှတ်တိုင်
တစ်ခုဖြစ်လာမယ်လို့မြင်မိပါတယ်ခင်ဗျာ။

အခုလို မေးမြန်းပေးတဲ့ အတွက် Echo မှတာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်ပါတယ်။


First Step with
PureCSS

C S S

Hein Zaw Htet


ကျွန်တော်ကတော့ ဟိန်းဇော်ထက်ပါ။ MyanmarWebDev.com နဲ့
Echo မှာ စာပုံမှန်ရေးပါတယ်။ Myanmar Links မှာ Web Designer/
Developer တစ်ယောက်အဖြစ် လုပ်ကိုင်နေပါတယ်။
First Step with
PureCSS

Pure CSS ဆိုတာကတော့ Yahoo ကထုတ်တဲ့ CSS Framework တစ်ခုဖြစ်ပါတယ်။ Lightweight ဖြစ်ပြီးတော့ Modular
CSS Framework တစ်ခုလည်းဖြစ်ပါတယ်။ Modular ဆိုတဲ့အတိုင်း ကိုယ့် Project မှာ Table တွေ သုံးစရာမလိုဘူးဆိုရင် Table Module
ကို ဖြုတ်ထားနိုင်ပါတယ်။ Module တွေအားလုံးပေါင်းမှ Pure ရဲ့ CSS File Size ဟာ 4.4 KB သာရှိပါတယ်။

Pure ကို အသုံးပြုဖို့အတွက်ဆိုရင် CSS File တစ်ခုပဲ ချိတ်ပေးဖို့လိုအပ်ပါတယ်။

<link rel=”stylesheet” href=” http://yui.yahooapis.com/pure/0.3.0/pure-min.css”>

Pure နဲ့ Home Page တစ်ခု တည်ဆောက်ကျပါမယ်။ Project Folder ထဲမှာ index.html နဲ့ style.css ဆောက်လိုက်ပါမယ်။
index.html မှာ အောက်ကအတိုင်း အခြေခံ HTML Structure ရေးလိုက်ပါမယ်။

<!DOCTYPE html>
<html>
<head>
<meta name=”viewport” content=”width=device-width,initial-scale=1”>

<title>Pure CSS</title>

<link rel=”stylesheet” href=”http://yui.yahooapis.com/pure/0.3.0/pure-min.css”>


<link rel=”stylesheet” href=”style.css”>
</head>
<body>

</body>
</html>

အပေါ်ကအတိုင်းဆို <meta> နဲ့ viewport သက်မှတ်ပေးထားပါတယ်။ ဒါမှဖုန်းတွေမှာ Responsive အနေနဲ့


အလုပ်လုပ်မှာပါ။ နောက်တစ်ဆင့်က pure css နဲ့ ကျွန်တော်တို့ ကိုယ်ပိုင် Style တွေရေးမယ့် style.css ချိတ်ထားပါတယ်။

Basic Style
Document Body အတွက် Background Color, Font Color အစရှိသဖြင့် အရင်ဆုံးသက်မှတ်ပေးချင်တဲ့အတွက်
အောက်ကအတိုင်း အရင်ရေးလိုက်ပါမယ်။
First Step with
PureCSS

body {
background: #fcfcfc;
font-family: Arial;
color: #333;
}
.container {
max-width: 980px;
margin: 0 auto;
padding: 10px;
}

Header and Menu


Pure မှာ Menu Module ရှိပြီးသားဆိုတော့ အဲဒါကိုအလွယ်တကူယူသုံးပြီးတော့ Style လေးနည်းနည်းပြင်ရေးယုံပါပဲ။
<body> အဖွင့်စစချင်းမှာ အောက်ကအတိုင်း ရေးလိုက်ပါ။

<div class=”main-header”>
<div class=”container pure-g”>
<div class=”pure-u-1”>
<div class=”pure-menu pure-menu-open pure-menu-horizontal”>
<a href=”#” class=”pure-menu-heading”>Pure CSS</a>
<ul>
<li class=”pure-menu-selected”><a href=”#”>Home</a></
li>
<li><a href=”#”>Download</a></li>
<li><a href=”#”>Documentation</a></li>
</ul>
</div>
</div>
</div>
</div>

style.css ထဲမှာတော့ အောက်ကအတိုင်းလေးပဲရေးယုံပါပဲ။

.main-header {
box-shadow: 0 0 3px #ccc;
background: #fff;
}
First Step with
PureCSS

Masthead
Masthead ဆိုတာက အောက်ကပုံမှာပြထားတဲ့နေရာကို ဆိုလိုတာပါ။ အဲဒီအပိုင်းကို ဆက်ရေးကြပါမယ်။

<div class=”main-masthead container”>


<h1>A set of small, responsive CSS modules that you can use in every web
project</h1>
<a class=”pure-button pure-button-primary” href=”#”>Download</a>
<a class=”pure-button” href=”#”>Documentation</a>
</div>

style.css မှာတော့ အောက်ကအတိုင်း ရေးလိုက်ရင် အပေါ်ကပုံစံအတိုင်း ဖြစ်ပါပြီ။


First Step with
PureCSS

.main-masthead {
text-align: center;
font-size: 30px;
}
.main-masthead a {
margin: 10px 0;
border-radius: 30px;
}
.main-masthead h1 {
color: #666666;
margin: 60px 0 30px;
}

Feature List
Feature တွေ စီပြဖို့ အတွက်ကတော့ Pure ရဲ့ Grid ကိုအသုံးပြုပါမယ်။ Grid က Column နှစ်ခုဖြစ်တဲ့အတွက်ကြောင့်
class - pure-u-1-2 ကိုအသုံးပြုရပါမယ်။

HTML က အောက်ကအတိုင်းရေးလိုက်ပါ။
First Step with
PureCSS

<div class=”main-features container”>


<div class=”pure-g-r”>
<div class=”pure-u-1-2”>
<div class=”l-box”>
<h3>Fast</h3>
<p>
YUI’s lightweight core and modular architecture make
it scalable, fast, and robust. Built by frontend engineers at Yahoo!, YUI powers the
most popular websites in the world.
</p>
</div>
</div>

<div class=”pure-u-1-2”>
<div class=”l-box”>
<h3>Complete</h3>
<p>
YUI’s intuitive and well-documented API takes you from
basic DOM handling to building performant and maintainable applications on desktop
browsers, mobile devices, and servers.
</p>
</div>
</div>

<div class=”pure-u-1-2”>
<div class=”l-box”>
<h3>Industrial Strength</h3>
<p>
A thriving community, a carefully architected
infrastructure, and a comprehensive suite of tools help you code like a pro, from
simple web pages to complex web applications.
</p>
</div>
</div>

<div class=”pure-u-1-2”>
<div class=”l-box”>
<h3>Free and Open</h3>
<p>
YUI is free for all uses and is developed in the open
on GitHub. Core team members can always be found in the forums and the #yui IRC channel
on Freenode. Pull requests welcome!
</p>
</div>
</div>
</div>
</div>

ဒီ Feature တွေကို အပေါ်နဲ့အောက် ခွာနေအောင်လို့ Margin ကန်ပေးချင်တဲ့အတွက်ကြောင့် style.css မှာ အောက်ကအတိုင်း

ရေးလိုက်ပါမယ်။
First Step with
PureCSS

.main-features {
margin: 40px auto;
}

Footer
Footer ကတော့ရိုးရိုးလေးပါပဲ။ HTML ကတော့ အောက်ကအတိုင်းပါ။

<div class=”main-footer”>
<p>copyright &copy; 2014 Pure</p>
</div>

CSS ကတော့ အောက်ကအတိုင်းပါ။

.main-footer {
border-top: 1px solid #e3e3e3;
text-align: center;
}

အခုဆိုရင်တော့ Home Page တစ်ခုကို လွယ်လွယ်ကူကူနဲ့ တည်ဆောက်လိုက်နိုင်ပါပြီ။ ဒါကလည်း CSS Frame-


work တွေသုံးပြုတဲ့အခါ ရရှိနိုင်တဲ့ အကျိုးကျေးဇူးတစ်ခုပဲဖြစ်ပါတယ်။ Pure CSS နဲ့ပတ်သက်ပြီး purecss.io က Documentation မှာ
အပြည့်အစုံရှိပါတယ်။
The Art of Caching

P H P

Yan Naing
All I Know is I Know Nothing
The Art of Caching

ဟာကွာ ဒီ Website ကြီးကလည်း လေးလိုက်တာ။ ဒီ Connection နဲ့ပဲသုံးနေတာကို ဒီ Website ကြီးက တခြား


ဟာတွေထက် ပိုပြီး ကြာနေတယ် ဆိုတဲ့စကားမျိုးတွေ ပြောဖူးကြ ညည်းဖူးကြမယ်ထင်ပါတယ်။ ဒါမှမဟုတ် ကိုယ်ရေးထားတဲ့
Website က အဲလို လေးကွေးနှေးနေတာမျိုး ဖြစ်ဖူးမယ်ထင်ပါတယ်။ ဟုတ်ပါတယ် တချို့ Website တွေက သာမန် Website
တွေထက် ပိုနှေးနေတာမျိုးတွေ ရှိပါတယ်။ ဘာကြောင့် အဲလိုနှေးနေလဲဆိုတဲ့ အကြောင်းအရင်းတွေကတော့ အများကြီးရှိပါတယ်။
ဖြေရှင်းနည်းတွေလည်း အများကြီးရှိပါတယ်။ အဲဒီထဲကမှ လွယ်ကူပြီး ထိရောက်တဲ့ အချက်တစ်ခု ဖြစ်တဲ့ Cache အကြောင်းကို
လေ့လာမိသလောက် အကျယ်တဝင့် ပြောပြဆွေးနွေးချင်ပါတယ်။

What is Cache?
Cache ဆိုတာဘာလဲဆိုတဲ့ ခေါင်းစဉ်ကနေ စသင့်တယ်လို့ထင်ပါတယ်။ ဒါကြောင့် Cache ဆိုတာကို နားလည်အောင်
ရေခဲချောင်းသည် တစ်ယောက်နဲ့ ဥပမာပြုပြီး ပြောပြချင်ပါတယ်။ လူတစ်ယောက်က “Michael ရေခဲချောင်းရမယ်လို့၊ Michael
ရေခဲချောင်းရမယ်” ဆိုပြီး အော်ရောင်းနေပါတယ်။ ဒီတော့ ဝယ်ချင်တဲ့ ကလေးတစ်ယောက်က ရောက်လာတယ်။ ဘယ်လိုရောင်းလဲ
ဘာအရသာတွေပါလဲဆိုပြီး မေးပါတယ်။ ဒီတော့ ရေခဲချောင်းရောင်းတဲ့သူကလည်း ချောကလက်၊ နို့၊ စတော်ဘယ်ရီ၊ နာနတ်
စသည်ဖြင့်ပါကြောင်း ပြန်ဖြေပါတယ်။ ပြီးတော့ ဈေးနှုန်းကလည်း ၁၀၊ ၂၀၊ ၅၀ စသည်ဖြင့် ရှိကြောင်းပြန်ဖြေတာပေါ့။ နောက်တစ်ယောက်
လာမေးတော့လည်း ဒီလိုပဲ ပြန်ဖြေတယ်။ ရေခဲချောင်းမကုန်မချင်း ဒီစကား ဒီအဖြေတွေကိုပဲ ထပ်ခါထပ်ခါ ဖြေနေရ ပြောနေရပါတယ်။

အဲလို ထပ်ခါထပ်ခါ ပြန်ပြန်ဖြေနေရတဲ့ ကိစ္စကြီးကို ဘယ်လိုဖြေရှင်းလိုက်လဲဆိုတော့။ ကက်ဆက်ခွေ တစ်ခုထဲမှာ


သူထပ်ခါထပ်ခါ ဖြေနေရတဲ့ အဖြေတွေကို အသံသွင်းလိုက်ပါတယ်။ ပြီးတော့ Speaker လေးနဲ့ အဲဒါကိုပဲ ပြန်ဖွင့်ပြလိုက်ပါတယ်။ “Michael
ရေခဲချောင်း၊ တစ်ချောင်း တစ်ဆယ်၊ နှစ်ဆယ်၊ ငါးဆယ်။ Michael မှ သုံးဆောင်နိုင်သော အရသာများမှာ မန်ကျီး၊ သာကူ၊ ချော့ကလက်၊
အုန်းချောင်း၊ ပဲချောင်း၊ …..” ဆိုပြီး ပါးစပ်ကမပြောတော့ဘဲ ကက်ဆက်နဲ့ပဲဖွင့်ပြလိုက်တော့တယ်။ Cache ဆိုတာ အဲဒီအတိုင်းပါပဲ။
ထပ်ခါထပ်ခါ Process လုပ်နေရမယ့် ကိစ္စတွေ၊ Query လုပ်နေရမယ့် ကိစ္စတွေကို ပြန်ပြန်လုပ်နေမယ့်အစား Cache ရိုက်ပြီး Cache ကိုပဲ
ပြန်ထုတ်ပြလိုက်တာမျိုးပါ။ အဲဒီ Cache တွေကိုသာ ကောင်းကောင်း ကိုင်တွယ်၊ သုံးတတ်မယ်ဆိုရင် ကိုယ့်ရဲ့ Website တွေ Web Appli-
cation တွေမှာ Performance ပိုင်း အများကြီး ကောင်းမွန်လာမှာ ဖြစ်ပါတယ်။

အခုလောက်ဆိုရင်တော့ ငါ့ရဲ့ Website ကြီး၊ Web Application ကြီးမှာ Cache တွေသုံးသင့်တယ်လို့ တွေးနေလောက်ပြီ
ထင်ပါတယ်။ ဒီလိုဆိုရင် Php caching technique တွေကို ဆက်ပြီး ဖော်ပြသွားပါမယ်။ အောက်မှာ List လုပ်ထားတဲ့အတိုင်း PHP cach-
ing technique ၄ မျိုးရှိပါတယ်။

Opcode Cache Memcache Filecache Webcache

Opcode cache
Opcode cache ကို စပြီး ပြောတော့မယ်ဆိုရင် PHP ရဲ့ နောက်ကွယ်ကို နည်းနည်းလောက်တော့ သိဖို့လိုပါလိမ့်မယ်။ PHP
code တွေကို ရေးပြီး Browser မှာ ပြန် run တဲ့အခါ နောက်ကွယ်မှာ ကျွန်တော်တို့ ရေးလိုက်တဲ့ code တွေကို opcode တွေအဖြစ် com-
pile လုပ်ပြီးမှ အဲဒီ Opcode တွေကို Run တာပါ။ ရေးထားတဲ့ Process တွေကို တစ်ခါ Run တိုင်း တစ်ခါ Compile လုပ်ပြီး ထွက်လာတဲ့
Opcode တွေကိုမှ Run ပါတယ်။
The Art of Caching

ဒီလိုဆိုရင် Webpage တစ်ခု Generate လုပ်ဖို့အတွက် Process တွေ အကြီးကြီးတွေရော၊ ခပ်သေးသေးတွေရော


အများကြီးလုပ်ရပါတယ်။ အဲဒါအပြင်မှာမှ အဲဒီ Process တစ်ခု တစ်ခါ Run တိုင်း Compile တစ်ခါလုပ်ပြီး Opcode တွေတစ်ခါ ထုတ်ပါတယ်။
ဒါတောင် ကိုယ့်ရဲ့ Website ကို သုံးတဲ့ Visitor တစ်ယောက်တည်းရဲ့ Process ပဲ ရှိပါတယ်။ Visitor တွေသာ များလာခဲ့မယ်ဆိုရင်
ပိုပြီးတော့ Process တွေ များလာမှာပါ။

ဒါဆိုရင် အဲလို ထပ်ခါထပ်ခါ Compile လုပ်နေတဲ့ ကိစ္စကြီးကို ဘေးဖယ်လိုက်ပြီး Compile လုပ်ထားတဲ့ opcode တွေကို
တိုက်ရိုက် Run မယ်ဆိုရင် အများကြီးပိုပြီး မြန်နိုင်တာပေါ့။ အဲဒါကို Opcode cache လို့ခေါ်ပါတယ်။ Opcode cache အတွက် Op-
code caching tool တွေကိုအသုံးပြုရပါမယ်။ အဲဒီ Opcode caching tool တွေက ကိုယ်ရေးထားတဲ့ PHP code တွေရဲ့ execution
lifecycle ထဲမှာ inject လုပ်ပါတယ်။ ပြီးတော့ PHP က compile လုပ်ပြီး ထုတ်လိုက်တဲ့ Opcode တွေကို Memory ပေါ်မှာ cache
အနေနဲ့ မှတ်ထားလိုက်ပါတယ်။ ပြီးတော့ နောက်တစ်ခါ အဲဒီ Process ကို အလုပ်လုပ်တဲ့အခါ Memory ပေါ်မှာရှိတဲ့ Opcode cache ကိုပဲ
တိုက်ရိုက် Run ပါတယ်။ Opcode cache ကိုသုံးခြင်းအားဖြင့် ကိုယ့် Application ရဲ့ Performance ကို ၃ ဆ ပိုပြီးတော့ မြန်စေတယ်လို့
တချို့ Website တွေမှာ ဖော်ပြထားပါတယ်။

Side effect of Opcode cache


PHP က compile လုပ်လိုက်တဲ့ Opcode တွေကို Memory ပေါ်မှာ သိမ်းတာဖြစ်တဲ့အတွက်ကြောင့် Side effect အနေနဲ့
သာမန်ထက် Memory သုံးစွမှုပိုများနိုင်ပါတယ်။

Memcache
Website တစ်ခု သို့မဟုတ် Web Application တစ်ခုကို တည်ဆောက်တဲ့အခါမှာ Website မှာပြမယ့် Content တွေရော၊ ဒီ
Website နဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေရော အားလုံးကို Database ထဲမှာ သိမ်းဆည်းကြပါတယ်။ အဲဒီ Data တွေ အားလုံးကိုလည်း
လိုအပ်တဲ့အခါမှာ လိုအပ်သလို ပြန်ပြီး Query လုပ်ကြပါတယ်။ အဲလို Database ကို တစ်ခါ Query လုပ်ဖို့အတွက် အရင်ဆုံး Database
နဲ့ Connection ဆောက်ရပါမယ်။ ပြီးရင် Query လုပ်ပြီး Connection ကို ပြန်ပိတ်ရပါမယ်။ Query တစ်ခါလုပ်တိုင်း ဒီအဆင့် ၃ ဆင့်ကို
အမြဲလုပ်ရတယ်ဆိုတာကို Developer တိုင်းသိပြီး ဖြစ်ပါတယ်။

ပျမ်းမျှအားဖြင့် Webpage တစ်ခုကို Generate လုပ်ဖို့အတွက် Database Query အနည်းဆုံး ၈ ခုလောက်ရှိနိုင်ပါတယ်။


ဒီထက်လည်း များနိုင်ပါတယ်။ Data များရင်များသလို Query လုပ်တဲ့အချိန်ကလည်း ကြာနိုင်ပါတယ်။ နောက်ပြီး ဒီ Query တွေက ကိုယ့်ရဲ့
Website ကို ဝင်တဲ့ Visitor အရေအတွက်ပေါ်မူတည်ပြီး ဆတိုးနဲ့ များသွားဦးမှာပါ။ ဒါကြောင့် ကိုယ့်ရဲ့ Website မှာ Data ကလည်း များ၊
Webpage တစ်ခုအတွက် Query အရေအတွက်ကလည်းများ၊ ဝင်တဲ့ Visitor အရေအတွက်ကလည်း များဆိုရင်တော့ Database over-
load တွေဖြစ်လာနိုင်သလို Webpage တစ်ခုကို Generate လုပ်ပြီး Response ပြန်မယ့်အချိန်ကလည်း ပိုပြီး ကြာမြင့်လာမှာပါ။

ဒါကြောင့် ခဏခဏ Query လုပ်ရမယ့် Data တွေကို Database ထဲမှာသာမကဘဲ Memory ပေါ်မှာပါ
ဆွဲတင်ထားလိုက်ပါတယ်။ အဲဒီ Data တွေကို Query လုပ်ဖို့လိုလာရင် Database ထဲမှာသွားပြီး Query မလုပ်တော့ဘဲ Memory
ပေါ်မှာရှိနေတဲ့ Data ကိုပဲ ဆွဲထုတ်ပြလိုက်ပါတယ်။ အဲဒါကို Memcache လို့ခေါ်ပါတယ်။ Memcache ကို သုံးလိုက်တဲ့အတွက်ကြောင့်
Database မှာ Query လုပ်သလို သုံးဆင့်လုပ်စရာ မလိုပါဘူး။ ပြီးတော့ Memory ပေါ်ကနေ Read လုပ်တာက Database ကနေ
Query လုပ်တာထက် အများကြီး ပိုပြီးတော့ မြန်ပါတယ်။ ဒါကြောင့် ကိုယ့် Website ရဲ့ နှေးကွေးလေးလံမှုကို ဖြေရှင်းနိုင်မယ့်
နည်းလမ်းတစ်ခုဖြစ်ပါတယ်။ Memcache က ကိုယ့် Website ရဲ့ Performance ပိုင်းမှာ ဘယ်လောက် အကူအညီပေးနိုင်လဲဆိုတာ Face-
book ကို ကြည့်ရင်သိနိုင်ပါတယ်။
The Art of Caching

Side effect of Memcache


Database ထဲက Data တွေကို Memory ပေါ်မှာ သိမ်းလိုက်တာဖြစ်လို့ Opcode cache လိုပဲ တခြား သာမန် Website
တွေထက် Memory ပိုစားနိုင်ပါတယ်။

File cache
HTML ချည်း သက်သက်ရေးထားတဲ့ Static Page နဲ့ Dynamic Webpage တစ်ခုကို ယှဉ်ပြီး Load လုပ်တဲ့အခါမှာ Static
Page တွေကပိုပြီး မြန်ဆန်လေ့ ရှိပါတယ်။ Dynamic က Flexible ကျအောင် လုပ်ထားတာဖြစ်တဲ့အတွက် Process လုပ်ရတာတွေ Data
ဆွဲထုတ်ရတာတွေနဲ့ကြောင့် ပိုပြီးတော့ ကြာပါတယ်။ အဲဒီကိစ္စကို ဖြေရှင်းဖို့အတွက် File cache ကိုသုံးပါတယ်။

Client ကနေ webpage တစ်ခုကို Request လုပ်တဲ့အခါ အဲဒီ Webpage အတွက် လိုအပ်မယ့် Data တွေကို Data-
base ထဲက ဆွဲထုတ်မယ်။ ပြီးရင် အဲဒီ Data တွေကို Website Template ထဲမှာ ဖြည့်။ ပြီးမှ အဲဒီ Webpage ကို Client ဆီ Response
ပြန်ပါတယ်။ နောက်တစ်ခါ ဒီ URL ကိုခေါ်လည်း ဒီအဆင့်တွေအတိုင်းပဲ လုပ်နေဦးမှာပါပဲ။ ဒီတော့ အပေါ်မှာ ပြောခဲ့တဲ့အဆင့်တွေကို
ထပ်ခါထပ်ခါ လုပ်မနေတော့ဘဲ HTML file အဖြစ် cache ရိုက်လိုက်ပါတယ်။ နောက်တစ်ခါ ဒီ URL ကို Request လာရင် HTML အဖြစ်
cache ရိုက်ထားတဲ့ File ကို Response ပြန်ပေးလိုက်ပါတယ်။ ဒီတော့ သူ့ရဲ့ အလုပ်လုပ်ရမယ့် အဆင့်တွေက ရိုးရိုး Static webpage
လောက်ပဲရှိတော့တာပေါ့။ ဒါကြောင့် ကိုယ့်ရဲ့ Website ရဲ့ Page loading တွေက ပိုပြီး မြန်ဆန်လာမှာ ဖြစ်ပါတယ်။

File cache ကို အောက်မှာ ပြထားတဲ့အတိုင်း

Full File Cache Partial File Cache

ရယ်ဆိုပြီး ပုံစံနှစ်မျိုးနဲ့ သုံးလေ့ရှိပါတယ်။

Full file cache


Full file cache ကတော့ ရှင်းပါတယ်။ ဒီ Webpage တစ်ခုလုံးကို HTML အဖြစ် cache ရိုက်လိုက်ပြီး အဲဒီ HTML file ရဲ့
သက်တမ်းမကုန်မချင်း၊ ဒါမှမဟုတ် အပြောင်းအလဲမရှိမချင်း ဒီ HTML ကိုသာ Response ပြန်ပေးတာဖြစ်ပါတယ်။

Partial file cache


Partial file cache ကတော့ full file cache နဲ့ ပြောင်းပြန်ပေါ့။ Webpage တစ်ခုလုံးကို cache ရိုက်တာမျိုးမဟုတ်ပါဘူး။
သာမန်အားဖြင့် Webpage တွေမှာက Update လုံးဝနီးပါး မဖြစ်တဲ့ အပိုင်းတွေနဲ့ Update ဖြစ်တဲ့အပိုင်းတွေ ရောနေလေ့ရှိပါတယ်။
ဒါကြောင့် Partial file cache ဆိုပြီး Update မဖြစ်တဲ့အပိုင်းတွေကို ရွေးပြီး cache ရိုက်လိုက်တာပါ။

File cache နဲ့ပတ်သက်ပြီး Webpage တွေကို HTML အဖြစ် cache ရိုက်ပြီး ပြန်သုံးတာကိုပဲ ပြောခဲ့တယ်ဆိုပေမယ့် Da-
tabase ထဲက Query လုပ်မယ့် Data တွေကိုလည်း File ထဲမှာ Key value array ပုံစံနဲ့ cache ရိုက်ပြီး သုံးလေ့ရှိပါတယ်။
The Art of Caching

Side effect of file cache


File cache အနေနဲ့ ထူးထူးခြားခြား Side effect တော့မရှိပါဘူး။ ဒါပေမယ့် ဒီ cache လုပ်ထားတဲ့ file တွေအတွက်
သက်တမ်းရှိသင့်ပါတယ်။ ဘယ်အချိန်မှာ Refresh လုပ်မယ်ဆိုတာမျိုးပေါ့။ ပြီးတော့ ကိုယ့်ရဲ့ အချက်အလက် တစ်ခုခုမှာ အပြောင်းအလဲရှိရင်
ကိုယ် cache ရိုက်တားတဲ့ file ကိုပါ ပြန်ပြီး update လုပ်ပေးဖို့အတွက် ကိုယ့်ရဲ့ Application ထဲမှာ ထည့်ရေးထားမှရပါမယ်။

Webcache
Webcache ဆိုတာကတော့ Webpage တွေကို မူရင်း Server မဟုတ်တဲ့ တခြား Server တွေ ပေါ်မှာ ဒါမှမဟုတ် Client
စက်တွေမှာ Copy ပွားထားတဲ့ သဘောမျိုးပါ။ ဥပမာ - Client တစ်ခုကနေပြီးတော့ URL တစ်ခုကို Request လုပ်လိုက်တယ်ဆိုပါစို့။ အဲဒီ Re-
quest အတွက် HTML တွေ၊ Image တွေ စတာတွေကို အဲဒီ Client နဲ့ အနီးဆုံးမှာ ရှိတဲ့ Server တွေမှာ Copy သဘောမျိုးထားထားပေးပါတယ်။
အဲဒီ Client၊ ဒါမှမဟုတ် အနီးအနားက Client တွေက ဒီ URL ကို လှမ်းခေါ်တဲ့အခါ မူရင်း Server ဆီက အချက်အလက်တွေကို
သွားယူမယ့်အစား အနီးဆုံးမှာ ရှိတဲ့ Server မှာ Cache ရိုက်ထားတာကိုပဲ လှမ်းခေါ်ပေးလိုက်ပါတယ်။ ကိုယ်နဲ့အနီးဆုံးမှာ ရှိတဲ့ Server
ကနေ Response ပြန်တာဖြစ်တဲ့အတွက်ကြောင့် မူရင်း Server အထိသွားပြီး Request လုပ်ရတာထက်စာရင် ပိုပြီးတော့ မြန်ပါတယ်။
Webcache မှာရှိတဲ့

Browser Cache Proxy Cache Gateway Cache

သုံးမျိုးအကြောင်းကို ဆက်ဖတ်ကြည့်ရင် ပိုပြီးတော့ နားလည်သွားမှာပါ။

Browser Cache
ကြုံဖူးမလားတော့မသိဘူးဗျ တခါတလေကျရင် ကိုယ်က Website တစ်ခုကို ကြည့်နေရင်းနဲ့ Link တစ်ခုကို မှားပြီးတော့
သွားနှိပ်မိတယ်။ ဒါနဲ့ Back button ကို ပြန်နှိပ်လိုက်တဲ့အခါကျရင် ချက်ချင်း ပြန်တက်လာပါတယ်။ Refresh ပြန်ဖြစ်ပြီး Server ကနေ
ပြန်သွားဆွဲတာမျိုးမဟုတ်ဘဲ နဂိုအတိုင်း ချက်ချင်းပြန်တက်လာတာပါ။ တချို့အခါတွေမှာဆိုရင် internet မရတော့ရင်တောင် Back ကို
ပြန်သွားလိုက်တဲ့အခါမှာ အဲဒီ Page ကို ပုံမှန်အတိုင်း ပြန်မြင်ရပါတယ်။ အဲဒါက Browser cache ရဲ့ စွမ်းဆောင်ချက်ပဲ ဖြစ်ပါတယ်။
ကိုယ်ကြည့်ခဲ့တဲ့ Webpage တွေကို ကိုယ့်ရဲ့စက် (Harddisk) ထဲမှာ သိမ်းထားတာဖြစ်ပါတယ်။ Browser တော်တော်များများမှာ Cache
setting ဆိုတာ ပါဝင်ပါတယ်။ ကိုယ်အဆင်ပြေသလိုလည်း ချိန်ညှိလို့ရပါတယ်။

Proxy Cache
စာဖတ်သူအနေနဲ့ Proxy server တွေကို အသုံးပြုဖူးမှာပါ။ အဲဒီအချိန်မှာ URL တစ်ခုကို Request လုပ်လိုက်တယ်ဆိုရင်
အဲဒီ URL ကနေ Response ပြန်လာတဲ့ အချက်အလက်တွေကို (ဥပမာ - ပုံတွေ၊ Webpage တွေ) Proxy Server ထဲမှာ Cache
လုပ်လိုက်ပါတယ်။ အဲလို Cache လုပ်လိုက်တဲ့အတွက် ဒီ Proxy ကိုသုံးထားတဲ့ ဘယ် Client ကပဲဖြစ်ဖြစ် ဒီ URL ကို Request လုပ်ရင်
မူရင်း Server ထိမသွားတော့ဘဲ Proxy server ထဲမှာရှိတဲ့ Cache ကို Response ပြန်ပေးလိုက်ပါတယ်။ ဒါကြောင့် Response time က
ပိုပြီးတော့ မြန်ဆန်ပါတယ်။
The Art of Caching

တစ်ခုသတိထားစရာရှိတာက အဲဒီ Brower Cache နဲ့၊ Proxy cache ကို Web Administrator က လုပ်တာမဟုတ်ပါဘူး။
Network Administrator ကလုပ်တာပါ။ ဘာအတွက်လုပ်တာလဲ ဘာအတွက် သုံးတာလဲဆိုတော့ ပထမတစ်ချက်ကတော့ Response
time မြန်ဖို့အတွက်ပါ။ နောက်တစ်ချက်ကတော့ Bandwid ကိုလျှော့ချချင်လို့ပါ။ မြန်မာနိုင်ငံမှာဆိုရင် Redlink က bandwid ပေါ်မူတည်ပြီး
လစဉ်ကြေးပေးဆောင်ရပါတယ်။ အဲလိုအခါမျိုးတွေဆိုရင် ကိုယ့်ရဲ့ စက်ထဲမှာ ဒါမှမဟုတ် Proxy Server ထဲမှာ Cache လုပ်ထားတာဖြစ်ပြီး
အဲဒီ Cache ကိုပြန်သုံးတာဖြစ်တဲ့အတွက် Bandwid ကိုလျှော့ချနိုင်ပါတယ်။

Gateway Cache
Gateway cache က အပေါ်က Web cache နှစ်ခုလို Network Admin က configuration ချထားတာမဟုတ်ဘဲ Web
Admin က Configuration ချထားတာဖြစ်ပါတယ်။ Reverse proxy cache ဒါမှမဟုတ် Surrogate cache လို့လည်း ခေါ်ပါတယ်။ Con-
tent Delivery Network (CDN) တွေက Gateway cache တွေဖြစ်ပါတယ်။

Side effect of Webcache


Web Admin တွေအနေနဲ့ Web cache နဲ့ပတ်သက်ပြီး ဘာကိုကြောက်ကြသလဲဆိုရင် ကိုယ့်ရဲ့ Website ကို ဝင်တဲ့
Client တွေနဲ့ ပတ်သက်တဲ့ Statistics ကို ပြန်ကောက်ဖို့ ခက်ခဲတာကိုပါ။ Proxy Server လိုမျိုးထဲမှာ Cache ထားပြီး အဲဒီကနေ Re-
sponse ပြန်တဲ့အခါကျတော့ ကိုယ့်ရဲ့ Website နဲ့ Client နဲ့ကို အဆက်ဖြတ်ထားသလို ဖြစ်နေတာပါ။ ဒါပေမယ့် အဲဒီ ပြဿနာကို
ဖြေရှင်းလို့ရပါတယ်။

နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ Caching ကို ကိုယ့်ရဲ့ Website ဒါမှမဟုတ် Web Application တွေမှာ အပို
Feature အနေနဲ့ထည့်ပေးတာထက် သုံးကိုသုံးသင့်တယ်လို့ တွေးစေချင်ပါတယ်။ Website တွေ Web Application တွေမှာ Caching
တွေက လိုအပ်ပါတယ်။ The Art of Caching ကို ဒီမှာပဲ အဆုံးသတ်လိုက်ပါမယ်။ Caching နဲ့ပတ်သက်တဲ့ Tutorial တွေကိုတော့
နောက်လများမှာ အလျဉ်းသင့်သလို ဖော်ပြပေးသွားပါမယ်။
{echo}

Thank You
ယနေ့ခေတ်မှာ Web Industry ရဲ့ ပြောင်းလဲမှုတွေဟာ အရမ်းကို မြန်ဆန်လွန်းလှပါတယ်။ {echo} အနေနဲ့ Web Design, Web De-
velopment နဲ့ပတ်သက်တဲ့ ဆောင်းပါးတွေ ၊ Tutorial တွေကို ရှုထောင့်ပေါင်းစုံကနေ အစွမ်းကုန်ကြိုးစား ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
Web Design, Web Development နဲ့ပတ်သက်ပြီး အသက်မွေးဝမ်းကျောင်း ပြုလိုသူတွေအတွက် တစ်ဖက်တစ်လမ်းက
အထောက်အကူပြုစေဖို့ ရည်ရွယ်ပါတယ်။။

သင့်ရဲ့တန်ဖိုးရှိတဲ့အချိန် ခဏတစ်ဖြုတ်ကို {echo} နဲ့ ဖြတ်သန်းပေးလို့ ကျေးဇူးတင်ပါတယ်။

{echo} Magazine ၏ စာမူများ၏ မူပိုင်ခွင့်များသည် မူရင်းစာရေးသူများသာ ပိုင်ဆိုင်ပါသည်။ စာရေးသူ၏


ခွင့်ပြုချက်မရရှိဘဲ ထိုစာမူများ (သို့မဟုတ်) ထိုစာမူများ၏ တစိတ်တပိုင်းကို Printed Document အနေဖြင့်
ဖြစ်စေ၊ နဂိုမူလ {echo} ၏ PDF ကို ပုံစံပြောင်းလဲ၍ ဖြစ်စေ ၊ တစိတ်တပိုင်းအား ဖြတ်တောက်၍
ဖြစ်စေ၊ အခြား Magazine များအတွင်း ပေါင်းစပ်၍ ဖြစ်စေ ၊ ပြန်လည်ဝေမျှခွင့် ၊ ပြန်လည်ထုတ်ဝေခွင့်
မရှိပါ။ အွန်လိုင်းပေါ်တွင် ပြန်လည်ဝေမျှမည် ဆိုပါက နဂိုမူလ Download Link အတိုင်း ဝေမျှကြပါရန်
မေတ္တာရပ်ခံအပ်ပါသည်။

{ echo } © 2013 . http://echo.myanmarlinks.net

echo.myanmarlinks.net 58

You might also like