2.4 Occupational Health and Safety (OHS) Policy

You might also like

Download as pdf or txt
Download as pdf or txt
You are on page 1of 16

2.

4 Occupational Health and Safety (OHS) Policy

Introduction (နိဒါန်း)

Max Myanmar Holding Co., Ltd strongly believes that excellent health, and safety standards of our em-
ployees directly contribute to the success of the company and as such committed to ensure a safe
working environment to enhance company’s health and safety climate.
မက်စြ် မန်မာသည် အဆင်အ
့ တန်းမြင်ေ
့ သာ ကျန်းမာရေးနှငည
့်ေ
ီ သာ လြုံ ခုံရေးဆောင်ရက
ွ ခ
်ျက်များဖြင့် ကုမဏ
ၸ ၏

အောင်မြင်မှုကိုဖော်ဆောင်ပြီး ကျန်းမာရေးနှင့်လုံခြုံရေးကို မြှင့်တင်ခြင်းဖြင့် ဘေးအန္တရာယ်ကင်းသော လုပ်ငန်းခွင် ဖြစ်
တည်ရေးကို တာဝန်ယူဆောင်ရွက်ပါသည်။

We encourage that all of our employees must coordinate and comply with policies and procedures of
health and safety environment.
ဝန်ထမ်းများသည် ကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းရေးမူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများ
ကို လိုက်နာကြရပါမည်။

OHS policies of Max Myanmar Holding Co., Ltd shall be enforced through regular training and commu-
nication with all employees and other person as including third party affected by the undertakings of
Max Myanmar Holding Co., Ltd.
မက်စ်မြန်မာကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခြင်းဖြင့် ၀န်ထမ်းများနှင့် အခြားပုဂ္ဂိုလ်များ ပုံမှန်ဆက်သွယ်ခြင်း၊
လေ့ကျင့်သင်တန်းပေးခြင်းများကို လုပ်ဆောင်ပေးပါသည်။

Objectives
မက်စ်မြန်မာသည် မူဝါဒများအောင်မြင်နိုင်ရန် အောက်ပါရည်ရွယ်ချက်များဖြင့် လုပ်ဆောင်လျက် ရှိပါသည်။

• To set the health and safety goals and action plan to ensure implementation and improvements
of health and safety standards
ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးဆောင်ရွက်ချက် စီမံကိန်းကို ချမှတ်ဆောင်ရွက်ရန်နှင့် တိုးတက်မှု အခြေ
အနေများကို စစ်ဆေးရန်။
Max Myanmar Group HR Policies on
Transparency and Responsibility

• To monitor health and safety performance through regular site inspections, audits and reviews
of company’s health and safety performance
ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှု ရှိ၊ မရှိ ပုံမှန်လုပ်ငန်းခွင် စစ်ဆေးခြင်းနှင့် ပြန်လည်သုံးသပ် စစ်ဆေးခြင်းများ
ဖြင့် တက်ကြွစွာ ကြီးကြပ်ဆောင်ရွက်ရန်။

• To identify foreseeable hazards and assess risks respect of company’s undertakings and that
suitable and sufficient control measures are implemented.
ကြိုမြင်နိုင်သော ဘေးအန္တရာယ်ကိုသိရှိရန်၊ ကုမ္ပဏီ၏ တာဝန်ယူမှုဖြင့် ထိခိုက်မှုများကို လေ့လာသုံးသပ်ရန်နှင့်
သင့်လျော်သော ထိန်းချုပ်မှုများကို အကောင်အထည်ဖော်ဆောင်ရွက်ရန်။

103
• To ensure both financial and physical resources make available to support health and safety
policy
ကျန်းမာရေးနှင့် လုံခြုံရေးမူဝါဒအားထောက်ပံ့ရန် သင့်လျော်သော ငွေအင်အား၊ လူအင်အား အရင်းအမြစ်များကို
တာဝန်ယူထားရှိရန်။

• To ensure all employees are provided with sufficient information, instruction, training and su-
pervision to enable them to work safely and productively
ဝန်ထမ်းများသည် ဘေးအန္တရာယ်ကင်းရှင်းစွာနှင့် အကျိုးရှိစွာ အလုပ်လုပ်ဆောင်နိုင်ရန် လိုအပ်သော သတင်း
အချက်အလက်၊ ညွှနြ် ကားချက်၊ လေ့ကျင်သ
့ င်ကြားခြင်းနှင့် ကြီးကြပ်ကွပက
်ဲခြင်းတိက
ို့ သတ်မတ
ှ ထ
်ားရှပ
ိါသည်။

Team Structure of Organizational Health and Safety Environment


ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေး အဖွဲ့ ဖွဲ့စည်းမှုပုံစံ

CEO/Executive
Directors

Health & Safety


Advisor/Team

Department Head Department Head Department Head Department Head

Managers/ Managers/ Managers/ Managers/


Supservisors Supservisors Supservisors Supservisors
Max Myanmar Group HR Policies on
Transparency and Responsibility

104
Responsibilities of OHS Team တာဝန်များ
CEO /Executive Directors (အလုပ်အမှုဆောင်အရာရှိချုပ် / အလုပ်အမှုဆောင် ဒါရိုက်တာများ)

Top management executive responsible for OHS has overall and final responsibility for health and safe-
ty within the company as follows;
ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးအတွက် အထက်အုပ်ချုပ်ရေးအရာရှိ အဖွဲ့၏တာဝန်မှာ ကုမ္ပဏီအတွင်းရှိ
ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးအတွက် အားလုံးအပြီးသတ် တာဝန်ယူဆောင်ရွက်ရမည်။

• Responsible for OHS standards, committed to undertaking regular site inspections and meet-
ings with managers, supervisors and employees in respect of OHS conditions
လုပ်ငန်းခွင်သို့ ပုံမှန်သွားရောက်စစ်ဆေးခြင်းနှင့်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများ၊ ကြီးကြပ်သူများ၊၀န်ထမ်းများနှင့်
အစည်းအဝေးပြုလုပ်ခြင်းတို့ကို တာဝန်ယူဆောင်ရွက်ရမည်။

• Ensure OHS policy is put into practice in the day to day activities of all employees
ကျန်းမာရေးနှင့် လုံခြုံရေးမူဝါဒများကို ၀န်ထမ်းများ၏ နေ့စဉ် ဆောင်ရွက်ချက်များအတိုင်း လေ့ကျင့်လုပ်
ဆောင်ရမည်။

• Ensure that the most suitable and competent person or team is appointed to provide the com-
pany with OHS advices.
သင့်လျော်သော အရည်အချင်းရှိသူတစ်ဦး(သို့)အဖွဲ့ကို ကျန်းမာရေးနှင့် လုံခြုံရေးဆိုင်ရာ အကြံဉာဏ်များပေး
ရန် ခန့်အပ်ထား ရှိရပါမည်။

• Responsible to review the company health and safety action plan in liaison with health and
safety advisory team, department heads, supervisors and employees.
အကြံပေးအဖွဲ့၊ ဌာနမှူးများ၊ ကြီးကြပ်သူများနှင့် ၀န်ထမ်းများဖြင့် ဆက်သွယ်၍ ကျန်းမာရေးနှင့် ဘေးအန္တရာယ်
လုံခြုံရေး စီမံကိန်းဆောင်ရွက်ချက်များကို ပြန်လည်စစ်ဆေးရပါမည်။

Department Head (ဌာနမှူး)

• Be aware of and understand the legal requirements relating to operations under their control
and ensure that safety precautions and measures are fully and correctly implemented in accor-
dance with the appropriate risk assessments, method statements and permit to work.
Max Myanmar Group HR Policies on

ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်သော ဥပဒေအရ လိုအပ်ချက်များကိုသိရှိနားလည်ပြီး ထိခိုက်မှုမရှိစေရန်


Transparency and Responsibility

လေ့လာအကဲဖြတ်ခြင်း၊ နည်းစနစ်များဖော်ပြခြင်းနှင့် ဘေးကင်းလုံခြုံစွာ အလုပ်လုပ်ခွင့်ပြုခြင်းတို့ကို တိကျစွာ


လုပ်ဆောင်ရမည်။

• Ensure that all employees are provided with clear instruction and close supervision about OHS
policies
အဖွဲ့၏ ကျန်းမာရေးနှင့်လုံခြုံရေး အကြောင်းအရာများကို ၀န်ထမ်းများအား ရှင်းလင်းသော ညွှန်ကြားချက်များ
နှင့် သေချာစွာ ကြီးကြပ်ကွပ်ကဲရပါမည်။

105
• Report any defects in plant, tools, equipments and mean of access to top management respon-
sible for health and safety
အထက်အုပ်ချုပ်ရေးအရာရှိအဖွဲ့မှ လိုအပ်သော အကဲဖြတ်သုံးသပ်မှုများ ပြုလုပ်ရမည့်လုပ်ငန်းခွင်၊ ပစ္စည်း
ကိရိယာ တန်ဆာပလာများ ချွတ်ယွင်းမှုများကို တင်ပြရမည်။

• Ensure that all employees and subcontractors working on site make full and proper use of their
personal protective equipment.

ဝန်ထမ်းများနှင့် တစ်ဆင့်ခံကန်ထရိတ်တာများသည် လုပ်ငန်းခွင်တွင် မိမိကိုယ်ပိုင် ဘေးအန္တရာယ်ကာကွယ်


ရေး ပစ္စည်းကိရိယာများကို ပြည့်စုံစွာ ၀တ်ဆင်ထားရမည်။

Operative Supervisors and Employees (လုပ်ငန်းကြီးကြပ်ရေးမှူးနှင့် ၀န်ထမ်းများ)

All operation managers and supervisors are responsible for,


အုပ်ချုပ်ရေးမှူးနှင့် ကြီးကြပ်သူများသည် အောက်ပါတာဝန်များကို ထမ်းဆောင်ရပါမည်။

• Using the correct methods and equipment for the job, keeping the tools in good condition and
are properly maintained, reporting defects in any tool or piece of equipment
အလုပ်တွင်အသုံးပြုသော ပစ္စည်းကိရိယာများကို မှန်ကန်စွာ တပ်ဆင်အသုံးပြုပြီး ကောင်းစွာ ထိန်းသိမ်းထားရှိ
ရပါမည်။ ပစ္စည်းတစ်ခုခုပျက်စီးပါက အကြောင်းကြားရမည်။

• Wearing and using personal protective equipment correctly and keep the equipment clean and
in good working condition, reporting any defects or damage
မိမိကိုယ်ပိုင် ဘေးအန္တရာယ်ကာကွယ်ရေးပစ္စည်းများကို မှန်ကန်စွာ၊ သန့်ရှင်းစွာ ၀တ်ဆင်အသုံးပြုပြီး ယိုယွင်း
ပျက်စီးမှုများကို အသိပေးတင်ပြရမည်။

• Carrying out tasks in accordance with instructions included in any risk assessments, method
statements or permits to work.
ထိခိုက်မှုများမရှိစေရန် လေ့လာအကဲဖြတ်ခြင်း၊ နည်းစနစ်များပြောကြားခြင်းနှင့် ဘေးကင်းလုံခြုံစွာ အလုပ်
လုပ်ခွင့်ပြုခြင်းတို့ ပါဝင်သော ညွှန်ကြားချက်များနှင့် အညီ လုပ်ကိုင်ဆောင်ရွက်ရပါမည်။

• Use only proper means of access and ingress to and from the workplace
အလုပ်ခွင်အတွင်း သင့်လျော်သော ၀င်ပေါက် ထွက်ပေါက်များကို အသုံးပြုရပါမည်။
Max Myanmar Group HR Policies on

• Have personal regard for their own health and safety and that of other persons
Transparency and Responsibility

မိမိနှင့်ဆိုင်သောကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးကဲ့သို့ အခြားသူများအတွက်လည်း ဂရုစိုက်


အလေးထားရမည်။

• Attending health & safety talks , presentations and training workshops


ကျန်းမာရေးနှင့် လုံခြုံရေးဆိုင်ရာ ဟောပြောပွဲများ၊ ဆွေးနွေးပွဲများနှင့် လိုအပ်သောသင်တန်းများတွင် ပါဝင်
တက်ရောက်ရမည်။

• Conforming to the companies and site’s health and safety rules


ကုမ္ပဏီများနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးစည်းကမ်းများကို လိုက်နာ
ရမည်။
106
Health and Safety Advisory Team (ကျန်းမာရေးနှင့် လုံခြုံရေး အကြံပေးအဖွဲ့)

• Provide health and safety advice and guidance on policy matters to company directors, manag-
ers, supervisors and employees in liaise with clients, customers, sub-contractors and suppliers
etc.
ဖောက်သည်များ၊ အလုပ်အပ်သူများ၊ လက်ထောက်ကန်ထရိုက်တာများနှင့် ပါဝင်ထောက်ပံ့သူများနှင့် ဆက်
သွယ်လုပ်ကိုင်ရသော ကုမ္ပဏီဒါရိုက်တာများ၊ အုပ်ချုပ်ရေးမှူးများ၊ ကြီးကြပ်ကွပ်ကဲသူများနှင့် ၀န်ထမ်းများအား
ကျန်းမာရေးနှင့် လုံခြုံရေးဆိုင်ရာ အကြံဉာဏ်များ၊ လမ်းညွှန်မှုများ ပေးပါသည်။

• Assist the company in keeping up to date with all relevant statutory provisions , code of prac-
tices and guidance and assist in formation of appropriate internal guidance and documentation
in setting internal Health and Safety standards
လုပ်ငန်းတွင်းကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေး အခြေခံအဆင့်အတန်းများကို ချမှတ်ရာတွင် လမ်းညွှန်မှုနှင့်
စာရွက်စာတမ်းများထောက်ပံ့ပေးခြင်းနှင့် သက်ဆိုင်ရာ ဥပဒေပြဌာန်းချက်များ၊ ဥပဒေကျင့်ဝတ်များကို အသစ်
ပြင်ဆင်ရာတွင် ပါဝင်ကူညီပါသည်။

• Assist in production and implementation of risk assessments and method statements


ထိခိုက်ဆုံးရှုံးမှုများမရှိစေရန် လေ့လာအကဲဖြတ်ခြင်းနှင့် နည်းစနစ်ဖော်ပြချက်များကို အကောင်အထည်ဖော်
လုပ်ဆောင်ပါသည်။

• Undertake regular inspections / audits of sites and company office and report on hazards, pre-
cautions and compliance with statutory requirements and company policies and procedures
ဥပဒေနှင့်ကိုက်ညီသော လိုအပ်ချက်များနှင့် ကုမ္ပဏီမူဝါဒများ၊ လုပ်ထုံးလုပ်နည်းများကို လိုက်နာခြင်း ရှိ၊ မရှိ
စစ်ဆေးခြင်း၊ ဘေးအန္တရာယ်နှင့် ကြိုတင်ကာကွယ်မှုများအစီရင်ခံစာနှင့် ကုမ္ပဏီမှထိန်းချုပ်ထားသော ရုံးခန်း၊
အလုပ်ခွင်များကို ပုံမှန်စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ပါသည်။

• Produce inspection / audit reports on company OHS compliance and performance


ကုမ္ပဏီ၏ ကျန်းမာရေးနှင့် လုံခြုံရေးဆိုင်ရာ စည်းကမ်းလိုက်နာဆောင်ရွက်ချက် အစီရင်ခံစာများ စစ်ဆေးပါ
သည်။

• Attend company OHS review meetings when requested to do so to provide advice on all mat-
ters relating to health and safety
ကျန်းမာရေးနှင့်လုံခြုံရေးဆိုင်ရာ ကိစ္စများအားလုံးအတွက် အကြံပြုချက်ပေးရန် တောင်းဆိုပါက ကုမ္ပဏီလုံခြုံ
Max Myanmar Group HR Policies on

ရေးနှင့် ပြန်လည်သုံးသပ်ရေး အစည်းအဝေးများသို့ တက်ရောက်ပါသည်။


Transparency and Responsibility

• Advise the company and make recommendations on OHS to enable continuous improvement.
တိုးတက်မှု အခြေအနေ ဆက်လက်တည်ရှိရန် ကျန်းမာရေးနှင့် လုံခြုံရေးဆိုင်ရာ ထောက်ခံချက်များပေးပြီး
ကုမ္ပဏီအား အကြံပေးခြင်းတို့ကို ဆောင်ရွက်ပါသည်။

Risk Assessment Policy (ထိခိုက်မှုကို အကဲဖြတ်ခြင်းမူဝါဒ)

1. Max Myanmar Holding Co., Ltd shall ensure that all tasks undertaken by the company are
risk-assessed in accordance with the requirements of the OHS policy.
ကုမ္ပဏီသည် အလုပ်ခွင်ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးအဖွဲ့အုပ်ချုပ်ရေး၏ လိုအပ်ချက်များအရ ထိခိုက်မှု
မရှိရန် လေ့လာအကဲဖြတ်သော အလုပ်များဆောင်ရွက်ပါသည်။
107
2. All risk assessments shall be reviewed at least annually or where it is apparent that the work
activity has changed.
လုပ်ငန်းခွင်ဘေးကင်းမှုဆိုင်ရာ အကဲဖြတ်ခြင်းကို အနည်းဆုံး တစ်နှစ်တစ်ခါ၊ သို့မဟုတ် လုပ်ငန်းဆောင်တာများ
ပြောင်းလဲချိန်တွင် အကဲဖြတ်ခြင်းကို ပြုလုပ်သင့်ပါသည်။

3. Max Myanmar Holding Co., Ltd shall ensure that site health and safety inspections and health
and safety audits are regularly undertaken and reports submitted to CEO or Executive Directors
responsible for health and safety.
ကုမ္ပဏီသည် ကျန်းမာရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး ရှိ၊ မရှိ ပုံမှန်စစ်ဆေးခြင်း၊ အလုပ်အမှုဆောင်
အရာရှိချုပ်(သို့) အမှုဆောင် ဒါရိုက်တာများထံသို့ အစီရင်ခံစာတင်ပြခြင်းတို့ကို လုပ်ဆောင်ပါသည်။

4. The findings of site health and safety inspections and health and safety audits will initially be
reported verbally to CEO or Executive Directors responsible for health safety.
စုံစမ်းစစ်ဆေးမှုမှ တွေ့ရှိချက်များကို အလုပ်အမှုဆောင် အရာရှိချုပ်၊ သို့မဟုတ် အမှုဆောင် ဒါရိုက်တာများအား
ပြောဆို တင်ပြနိုင်ပါသည်။

5. The finding of sites health and safety inspections will initially be reported verbally to company
Site Managers/Supervisors for immediate action where appropriate.
ပထမဦးစွာ လုပ်ငန်းခွင်ကျန်းမာရေးနှင့် လုံခြုံရေးစစ်ဆေးမှုများအား ကုမ္ပဏီ၏ အလုပ်ခွင်အုပ်ချုပ်ရေးမှူး /
ကြီးကြပ်သူများအား နှုတ်အားဖြင့် ပြောကြားနိုင်ပါသည်။

6. Written health and safety audit reports and site health and safety inspection reports shall be
submitted to CEO or Executive Directors responsible for health and safety as soon as reason-
ably practicable.
ချက်ချင်းဆောင်ရက
ွ ရ
် န်ကစ
ိ မ
္ဈားအတွက် စုစ
ံ မ်းစစ်ဆေးချက်မတ
ှ တ
် မ်း အစီရင်ခစ
ာံများကို အသင်ေ
့ လျာ်ဆုးံ လုပ်
ဆောင်နင
ို ရ
် န် အလုပအ
် မှုဆောင် အရာရှခ
ျိုပ်၊ သိမ
ု့ ဟုတ် အမှုဆောင်ဒါရိက
ု တ
်ာများအားအမြန်ဆုးံ ပေးပိရ
ု့ မည်။

7. Where hazards not previously assessed are identified in health and safety audits and site health
and safety inspection reports, the OHS advisor shall identify and make recommendations for
the implementation of control measures to removal or reduce those risks to a reasonably prac-
ticable acceptable level.
ဘေးအန္တရာယ်မရှိသော အကဲဖြတ်လေ့လာချက်ကို အစီရင်ခံစာတွင်ဖော်ပြပြီး အကြံပေးသည် လက်ခံကျင့်သုံး
မှုအခြေအနေပေါ်မူတည်၍ ထိန်းချုပ်ရေးဆောင်ရွက်ချက်များ ပြောင်းလဲရန်(သို့)လျှော့ချရန် ထောက်ခံချက်
Max Myanmar Group HR Policies on

များပေးရပါမည်။
Transparency and Responsibility

8. Periodically the appointed OHS advisor shall carry out a review of health and safety audits and
site health and safety inspections to ensure that actions required to be implemented have been
carried out, the control measures in place and the actions closed out.
ခန့်အပ်ထားသော ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေး အကြံပေးသည် လုပ်ဆောင်ရမည့် ဆောင်ရွက်ချက်များ
ပြီးစီးခြင်း၊ ထိန်းချုပ်ရေးဆောင်ရွက်ချက်များ ထားရှိခြင်းနှင့် ပြီးဆုံးသွားသော ကိစ္စများ၏ အစီရင်ခံစာများကို
အချိန်မှန် ပြန်လည်သုံးသပ်ခြင်းတို့ လုပ်ဆောင်ရပါမည်။

108
Safe Plant, Tools and Equipment Policy (ဘေးကင်းလုံခြုံသော အလုပ်ခွင်နှင့် ပစ္စည်းကိရိယာများ မူဝါဒ)

1. Max Myanmar Holding Co., Ltd recognizes it has a legal duty that all plant, tools and equipment
supplied to employee for use in the workplace are safe to use and maintain in a safe condition.
မက်စ်မြန်မာသည် လုပ်ငန်းရှိ ပစ္စည်းကိရိယာများအသုံးပြုခြင်းကို စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာ
လုပ်ဆောင်ရန် အဓိကထားပါသည်။ ၀န်ထမ်းများအား ဘေးကင်းလုံခြုံသော လုပ်ငန်းခွင်တွင် လုပ်ကိုင်ရန်
ထားရှိသော အလုပ်ရုံနှင့် ပစ္စည်းကိရိယာများသည် စိတ်ချလုံခြုံပြီး ဘေးကင်းစွာ အသုံးပြုလုပ်ဆောင်နိုင်ရန်
တာဝန်ယူဆောင်ရွက်ပါသည်။

2. Where employees are required to employ and/or operate plant and/or equipment they shall be
provided with suitable and sufficient training and instruction in the use of the plant and/or
equipment prior to use, and/or shall have up to date relevant qualification/certification to es-
tablish their competence for the safe use and operation of the plant and/or equipment con-
cerned.
ဝန်ထမ်းများ တာဝန်ထမ်းဆောင်ရမည့်နေရာ၊ စက်ရုံ၊ အသုံးအဆောင်ပစ္စည်း ကိရိယာများကို အသုံးမပြုမီ
ကပင် သင့်လျော်မှန်ကန်သော နည်းလမ်းညွှန်ကြားချက်အတိုင်း အသုံးပြုရန်နှင့် လိုအပ်သော အရည်အသွေး
ပြည့်ဝခေတ်မီပြီး ထောက်ခံချက်ပါရှိသည့် လုပ်ငန်းခွင်နှင့် ပစ္စည်းကိရိယာများထားရှိရန် လုပ်ဆောင်ပါသည်။

3. Where the company (or any employee) supplies hand held tools for use in the workplace, the
company shall undertake regular and routine inspections of those hand held tools to ensure
that they are maintained in good condition and are safe for use. Whenever any site, plant, tools
or equipment is found to be defective or otherwise unsafe for use, it shall be reported immedi-
ately to the site manager or supervisor.
ကုမ္ပဏီသည် အလုပ်သမားများ အလုပ်ခွင်တွင် ကိုင်တွယ်အသုံးပြုရမည့် ပစ္စည်းကိရိယာများကို ကောင်းမွန်စွာ
ထားရှိခြင်း ရှိ၊ မရှိနှင့် အသုံးပြုရာတွင် ဘေးကင်းမှု ရှိ၊ မရှိ ပုံမှန်အလှည့်ကျ စစ်ဆေးခြင်းတို့ ပြုလုပ်ပါသည်။
ပျက်စီးယိုယွင်းမှုများ ရှိပါက (သို့) အသုံးပြုရန် ဘေးကင်းလုံခြုံမှုမရှိပါက အလုပ်ရုံမန်နေဂျာ (သို့) ကြီးကြပ်သူ
ထံသို့ ချက်ချင်း အကြောင်းကြားရပါမည်။

4. Managers, supervisors or top management responsible for health and safety, if available, shall
be responsible for checking and ensuring all new plant, tools and equipment meet the required
certification standard before being purchased or hired, and is safe to use tor its intended pur-
pose.
Max Myanmar Group HR Policies on

အုပ်ချုပ်ရေးမှူးများ၊ ကြီးကြပ်သူများ(သို့) အထက်အရာရှိများသည် ဘေးကင်းလုံခြုံရေးအတွက် သတ်မှတ်ထား


Transparency and Responsibility

သော စံနှုန်းနှင့်အညီ အလုပ်ရုံနှင့် ပစ္စည်းကိရိယာများအား စစ်ဆေးခြင်းနှင့် အသစ်ပြုပြင်တပ်ဆင်ခြင်းတို့


ပြုလုပ်ရန်တာဝန် ရှိပါသည်။ ထို့ပြင် ဘေးကင်းလုံခြုံစွာ အသုံးပြုနိုင်သည့် အမှတ်အသားပါရှိသော ပစ္စည်း
ကိရိယာများအား အသုံးပြုရန် မ၀ယ်မီ (သို့) မငှားရမ်းမီ သေချာစွာ စစ်ဆေးကြရပါမည်။

109
Safe Handling and Use of Substances Policy
(ပစ္စည်းများကို ဘေးကင်းလုံခြုံစွာကိုင်တွယ်အသုံးပြုခြင်းမူဝါဒ)

1. The CEO or top management responsible for OHS, site managers and supervisors shall be re-
sponsible for identifying all substances, prior to purchase or being employed in the workplace,
that require an assessment.
အလုပ်အမှုဆောင်အရာရှိချုပ်နှင့် အထက်အရာရှိများသည် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှုရှိရေးအတွက်
တာဝန်ရှိပါသည်။ အလုပ်ရုံအုပ်ချုပ်ရေးမှူးများနှင့် ကြီးကြပ်သူများသည် အလုပ်တွင် အသုံးပြုမည့် အကဲဖြတ်
စစ်ဆေးရန် လိုအပ်သည့်ပစ္စည်းများကို အသုံးမပြုမီ (သို့) မ၀ယ်ယူမီ သေချာစစ်ဆေးသိရှိထားရန် တာဝန်ရှိ
ပါသည်။

2. Whereas any employee is exposed to certain hazardous substances (e.g. asbestos) the compa-
ny shall arrange for health surveillance to be undertaken and for the required records in respect
of the health surveillance to be maintained for the prescribed period.
ဝန်ထမ်းတစ်ဦးသည် အန္တရာယ်ရှိသော ဓာတုပစ္စည်းများ (ဥပမာ-မီးခံကျောက်)ဖြင့် ထိတွေ့ကိုင်တွယ်မိပါက
ကုမ္ပဏီမှ ကျန်းမာရေး အနီးကပ်စောင့်ရှောက်မှုကို စီစဉ်ဆောင်ရွက်ပေးပြီး ဆေးဝါးကုသမှုခံယူချိန်အတွင်း
လိုအပ်သည့် ကျန်းမာရေး အနီးကပ်ပြုစုမှုမှတ်တမ်းကိုလည်း ထားရှိပေးပါသည်။

3. Safe handling assessments of hazardous substances shall be reviewed at least annually or when
it is apparent that the assessment is no longer valid, or where the substance is to be used in an
area where additional safety precautions may be required (e.g. confined spaces) or the sub-
stance may come into contact with other substances creating additional hazards, whichever is
the sooner.
ဘေးကင်းလုံခြုံရေး စစ်ဆေးမှုများကို အနည်းဆုံးတစ်နှစ်တစ်ခါ (သို့) ဥပဒေစည်းမျဉ်းများနှင့် အကျုံးမ၀င်
တော့သည့်အချိန်တွင် ပြန်လည်စစ်ဆေးပါသည်။ အခြားဓာတုပစ္စည်းများနှင့် ထိတွေ့သည့်အခါ အန္တရာယ်ဖြစ်
စေမည့်ပစ္စည်းများ ဖြစ်ပေါ်နိုင်သော အရာများ(သို့) လုံခြုံရေးအတွက် ကြိုတင်ကာကွယ်မှုထပ်၍ လိုအပ်သော
နေရာများ (ဥပမာ-ကန့်သတ်နေရာများ) တွင် အသုံးပြုသော ပစ္စည်းများကိုစစ်ဆေးရန် ပြန်လည်သုံးသပ်
စစ်ဆေးပါသည်။

4. Whenever reasonably practicable, hazardous substances shall be replaced by non-hazardous or


less hazardous substances.
အန္တရာယ်မဖြစ်သော (သို့) အန္တရာယ်ဖြစ်ရန်နည်းပါးသော ပစ္စည်းများကို အစားထိုးအသုံးပြုပါသည်။
Max Myanmar Group HR Policies on
Transparency and Responsibility

5. Max Myanmar Holding Co., Ltd shall comply with all required environment control measures
when working on site and shall ensure, so far as is reasonably practicable, that site waste,
waste substances and waste containers are disposed of correctly by licensed waste contractors
and are not permitted to damage the environment.
လုပ်ငန်းခွင်အတွင်း အလုပ်လုပ်နေစဉ် လိုအပ်သော လုပ်ငန်းခွင်ထိန်းချုပ်မှု စည်းမျဉ်းများကို လိုက်နာဆောင်
ရွက်ပြီး စွန့်ပစ်ပစ္စည်းထားရာ နေရာ၊ စွန့်ပစ်ပစ္စည်းနှင့် စွန့်ပစ်ပစ္စည်းထည့်သည့် ဗူးများကို လိုင်စင်ရစွန့်ပစ်
စာချုပ်နှင့်အညီ မှန်ကန်သောနည်းဖြင့် စွန့်ပစ်ပြီး ပတ်ဝန်းကျင်အားဘေးဖြစ်စေမည့် စွန့်ပစ်ခြင်းမျိုးကို ခွင့်
မပြုပါ။

110
Information, Instruction Training and Supervision
(သတင်းအချက်အလက်ညွှန်ကြားရေး၊ သင်ကြားရေးနှင့် ကြီးကြပ်ကွပ်ကဲရေး မူဝါဒ)

1. Information for company employees on OHS shall be prominently displayed on all sites where
the company operates.
ကုမ္ပဏီဝန်ထမ်းများအား ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ သတင်းအချက်အလက်များကို အလုပ်ရုံ
များတွင် သိသာထင်ရှားစွာ ဖော်ပြထားပါသည်။

2. The company shall ensure that site managers and supervisors, where applicable, supervise and
monitor young inexperienced trainees/apprentices.
ကုမ္ပဏီသည်အုပ်ချုပ်ရေးမှူးများနှင့် ကြီးကြပ်ကွပ်ကဲသူများ ချမှတ်ထားသော ကျန်းမာရေးနှင့် ဘေးကင်း
လုံခြုံရေးကျင့်ထုံးများကို စီမံပြီး အတွေ့အကြုံ မရှိသော လူငယ်များ၊ ၀န်ထမ်းသစ်များ/အလုပ်သင်များအား
စည်းကမ်းနှင့်အညီ လိုက်နာကျင့်ဆောင်ရန် ကြီးကြပ်ပါသည်။ ကျန်းမာရေးနှင့်လုံခြုံရေးတာဝန်ခံ အလုပ်ရုံ
အုပ်ချုပ်ရေးမှူး (သို့) အလုပ်ရှင်မှအသိအမှတ်ပြုသော အရည်အချင်းပြည့်သူကိုလည်း ကြီးကြပ်ကွပ်ကဲရ
ပါသည်။

3. Supervision provided by the site manager, supervisor or professional trainers responsible for
health and safety the company must be undertaken by inexperienced trainees/apprentices.
လူငယ်များသည် ကျန်းမာရေးနှင့်လုံခြုံရေးဆိုင်ရာ အုပ်ချုပ်ရေးအရာရှိမှ အလုပ်စည်းမျဉ်းနှင့်အညီ သတ်မှတ်
ထားသော အသက် ၁၈ နှစ်အောက်ရှိ ကျောင်းပြီးစအရွယ် (အသက် ၁၆ နှစ်အရွယ်) လုပ်သားများ ဖြစ်ပါသည်။

4. Young inexperienced trainees/apprentices are as persons being under the age of 18 years,and
in respect of Children, are defined as being under the minimum school leaving age (currently
16 years of age).
အလုပ်အတွေ့အကြုံရရှိရေး အစီအစဉ်အရ လူငယ်များနှင့် အတွေ့အကြုံမရှိသောသူများအား ကျန်းမာရေးနှင့်
လုံခြုံရေးဆိုင်ရာ အုပ်ချုပ်ရေးအရာရှိမှ အလုပ်စည်းမျဉ်းနှင့်အညီ အလုပ်လုပ်ခွင့် ပေးထားပါသည်။ ထိုလူငယ်
များနှင့် အလုပ်သင်များ လုပ်ငန်းခွင်တွင် ထိခိုက်ဆုံးရှုံးမှုနှင့် ဘေးအန္တရာယ်များမဖြစ်စေရန် တရားဝင်တိကျ
သော စစ်ဆေးလေ့လာကြည့်ရှုမှုများကို ပြုလုပ်ပါ သည်။

4. Where the company accepts or employs young and inexperienced person(s), it is a compulsory
requirement that specific risk assessment(s) shall be carried out in order to identify the hazards
particularly related to the employment of young and inexperienced persons in the workplace.
Max Myanmar Group HR Policies on

လူငယ်များအားလိုအပ်သော သတင်းအချက်အလက် ညွှန်ကြားချက်နှင့် သင်ကြားပို့ချချက်၊ အနီးကပ်ကြီးကြပ်


Transparency and Responsibility

ကွပ်ကဲရသည့် အခြေအနေ၊ လိုအပ်သော ကိုယ်ပိုင်ကာကွယ်ရေးပစ္စည်းများ ပေးအပ်ထားပြီး ချမှတ်ထား


သော(သို့) ကန်ထရိုက်တာချုပ်မှ ထိန်းချုပ်သတ်မှတ်ထားသော ဘေးကင်းလုံခြုံရေး အခြေခံစည်းမျဉ်းစည်း
ကမ်းများကို သိရှိစေပါသည်။ အုပ်ချုပ်ရေးမှူးနှင့် ကြီးကြပ်သူများလက်အောက်ရှိ လုပ်ငန်းခွင်သည် ကျန်းမာ
ရေးနှင့် ဘေးကင်းလုံခြုံရေးစည်းမျဉ်းအရ လူငယ်များအလုပ်လုပ်ရန် ပြင်ဆင်သတ်မှတ်ထားသော အလုပ်ခွင်
မဟုတ်ပါက အလုပ်လုပ်ခွင့်မပြုပါ။ ကုမ္ပဏီမှလည်း ခွင့်ပြုမည် မဟုတ်ပါ။

111
Competency for Tasks and Training Policy
(အလုပ်တာဝန်များနှင့် သင်ကြားရေးအရည်အသွေး မူဝါဒ)

1. Max Myanmar Holding Co., Ltd recognizes that it has a duty to provide sufficient information,
instruction, training and supervision to employees. This will be provided by a competent person
of training organization determined by the company.
ကုမ္ပဏီသည် ၀န်ထမ်းများအား လိုအပ်သော သတင်းအချက်အလက်၊ ညွှန်ကြားချက်၊ သင်ကြားပို့ချချက်နှင့်
ကြီးကြပ်ကွပ်ကဲမှုများပေးရန် တရားဝင်ဝတ္တရားရှိပါသည်။ ကုမ္ပဏီမှပြုလုပ်သော သင်တန်းမှ အရည်အချင်း
ပြည့်ဝသော သူများအား ထောက်ခံအားပေးပါသည်။

2. All company employees upon commencement with the company shall be provided with a com-
pany induction that shall include information on the company’s OHS policy and procedures, and
the importance of working in a healthy and safe manner.
ကုမ္ပဏီတွင် စတင်လုပ်ကိုင်သော ၀န်ထမ်းများအားလုံးသည် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ
မူဝါဒများ၊ အရေးကြီးသော ကျင့်ဝတ်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်မှုစသည့် သတင်းအချက်အလက်များကို
သိရှိစေပါသည်။

3. All company employees shall receive site induction training that is specific to each and every
site they are required to work on.
ကုမ္ပဏီဝန်ထမ်းများသည် အလုပ်ခွင်တစ်ခုစီတိုင်း၏ တိကျသောစည်းမျဉ်းများနှင့် လေ့ကျင့်ရေးသင်တန်း
ညွှန်ကြားချက်များကို သိရှိနားလည်ရပါမည်။ အခါအားလျော်စွာ သင်ကြားပို့ချရမည့်သူအဖြစ် တာဝန်ယူ
ထမ်းဆောင်ရသည့် အလုပ်များရှိနိုင်ပါသည်။

4. From time to time tasks may arise that will require specific training requirements to be men-
tioned. Training requirements for specific tasks shall be determined as and when the need
arises and shall be provided to employees as required.
လိုအပ်သော သတင်းပို့ချချက်များသည် အသေးစိတ်ညွှန်ကြားရန် လိုအပ်သော အလုပ်များအတွက် လိုအပ်
ချိန်တွင် လိုအပ်သောဝန်ထမ်းများအား သင်တန်းပေးခြင်း ဖြစ်ပါသည်။

5. Max Myanmar Holding Co., Ltd, in liaison with the appointed OHS Advisor, shall be responsible
for assessing and identifying employee training needs and shall arrange for training to be pro-
vided, as required.
Max Myanmar Group HR Policies on

မက်စ်မြန်မာမှခန့်အပ်ထားသော ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးအကြံပေးနှင့် ဆက်သွယ်၍ ၀န်ထမ်းများ


Transparency and Responsibility

အား အလုပ်သင်တန်း လိုအပ်ချက်များနှင့် သင်တန်းအစီအစဉ်များကို သတ်မှတ်ဆောင်ရွက်ပါသည်။

Personal Protective Equipment at Work Policy


(လုပ်ငန်းခွင်သုံး ကိုယ်ပိုင် ကာကွယ်ရေးပစ္စည်းမူဝါဒ)

1. Max Myanmar Holding Co., Ltd considers PPE to be a last resort and preference shall always be
given to the elimination or reduction of risks at source. PPE shall only be used to guard against
residual risks that cannot be removed.
ကိုယ်ပိုင် ကာကွယ်ရေးပစ္စည်းများကို ထိခိုက်မှုလျော့နည်းစေရန် (သို့) မရှိစေရန်နှင့် ရှောင်လွှဲ၍မရသော
ဆုံးရှုံးမှုများကို ကာကွယ်ရန်အတွက် အသုံးပြုရမည့်ပစ္စည်းအဖြစ် သတ်မှတ်ထားပါသည်။
112
2. The company shall carry out an assessment for the provision of required personal protective
equipment.
ကုမ္ပဏီသည် လုပ်ငန်းခွင်ဘေးကင်းကာကွယ်ရေးလိုအပ်သော ပစ္စည်းများကို ထောက်ပံ့ပေးအပ်ရန် စစ်ဆေး
ဆောင်ရွက်ပါသည်။

3. All employees shall be required to wear the PPE issued, maintain it in the clean and serviceable
condition and store it in accordance with manufacturer’s recommendations.
ဝန်ထမ်းများသည် မိမိကိုယ်ပိုင် ကာကွယ်ရေး အသုံးအဆောင်များကိုဝတ်ဆင်ပြီး ကောင်းမွန်စွာ အသုံးပြုနိုင်
ရန် သန့်ရှင်းစွာထားပြီး ပစ္စည်းထုတ်ပေးသူ၏ ထောက်ခံချက်နှင့်အညီ ထိန်းသိမ်းထားရှိရပါမည်။

4. Basic PPE issued to employees shall consists of :


ဝန်ထမ်းများ၏ အခြေခံ ကိုယ်ပိုင်ကာကွယ်ရေးပစ္စည်းများမှာ-
a) Hard hat မာကျောသောဦးထုပ်
b) Protective safety footwear ဘေးကင်းလုံခြုံရေးဖိနပ်
c) High visibility clothing ကောင်းစွာမြင်နိုင်သောအ၀တ်
d) Suitable gloves သင့်လျော်သောလက်အိတ်
e) Weatherproof clothing ရာသီဥတုဒဏ်ကာကွယ်သော အ၀တ်တို့ဖြစ်ပါသည်။

5. The company shall through regular inspections, ensure that all protective clothing and equip-
ment issued is fit for use and being using in a proper manner.
ကုမ္ပဏီသည် ကာကွယ်ရေးအ၀တ်များနှင့် အသုံးအဆောင်ပစ္စည်းများကို ကောင်းစွာအသုံးပြုခြင်း ရှိ၊ မရှိ
စစ်ဆေးရန်ပုံမှန် စစ်ဆေးပါသည်။

6. The company shall also ensure that all employees receive adequate instruction, instruction and
training regarding the proper use and storage of PPE.
ဝန်ထမ်းများသည် ကာကွယ်ရေး အသုံးအဆောင်ပစ္စည်းများ ကောင်းမွန်စွာ အသုံးပြုထိန်းသိမ်းထားရှိရမည့်
လိုက်နာရန် ညွှန်ကြားချက်များနှင့် နည်းလမ်းများကို သိရှိရန်ဆောင်ရွက်ပါသည်။

7. Employees shall regularly inspect their PPE and report any missing or defective items to their
line manager for replacement and/or repair as required.
ဝန်ထမ်းများသည် မိမိ၏ အသုံးအဆောင်ပစ္စည်းများအား ပုံမှန်စစ်ဆေးပြီး ပစ္စည်းတစ်စုံတစ်ခု ပျောက်ဆုံးပါက
(သို့) ပျက်စီးသွားပါက ပြန်လည်အစားထိုးရန် (သို့) ပြန်လည်ပြုပြင်ရန်သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးထံသို့
အသိပေးတင်ပြရပါမည်။
Max Myanmar Group HR Policies on
Transparency and Responsibility

Alcohol and Drugs Policy (အရက်သောက်ခြင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းမူဝါဒ)

All company employees and subcontractors employed will be subject to the following rules and concern-
ing the use/misuse of alcohol and drugs.
ကုမ္ပဏီဝန်ထမ်းများနှင့် အခြားပူးပေါင်းလုပ်ကိုင်ဆောင်ရွက်သော အဖွဲ့မှဝန်ထမ်းများသည် အရက်နှင့်မူးယစ်
ဆေးဝါးသုံးစွဲခြင်းနှင့်ပတ်သက်သော စည်းမျဉ်းများကို သိရှိလိုက်နာရပါမည်။

1. No employee will report for work whilst under the influence of either alcohol or drugs.
မည်သည့်ဝန်ထမ်းမှ အရက်(သို့) မူးယစ်ဆေးဝါးသုံးစွဲပြီး လုပ်ငန်းခွင်သို့မလာရ။

2. No employee shall consume alcohol on or off the premises during working hours, and if found 113
in breach of this will be subject to disciplinary action.
လုပ်ငန်းခွင် အဆောက်အအုံ ပရ၀ုဏ်အတွင်းတွင်ဖြစ်စေ ပြင်ပတွင်ဖြစ်စေ အရက်သောက်သုံးခြင်း မပြုရပါ။
3. The use of drugs by an employee only is permitted if they are prescribed or instructed by a
medical practitioner and in the opinion of that specialist, will not impair the performance of the
employee.
တွေ့ရှိပါက စည်းမျဉ်းနှင့်အညီ အရေးယူမည်။ ဆေးဝါးမှီဝဲရာတွင် ဆရာဝန်ထံမှ သောက်သုံးရန်ညွှန်ကြား
ထားသောဆေးကို သောက်သုံးရသည့် ၀န်ထမ်းအား ခွင့်ပြုမည်ဖြစ်ပြီး ထိုဆရာဝန်၏ ထောက်ခံချက်ဖြင့်
ဝန်ထမ်းအား အလုပ်လုပ်ခွင့်ပြုပါသည်။

4. The use of illegal substances at any time is not permitted and any person contravening this will
be subject to disciplinary action.
တရားမ၀င်သော မူးယစ်ဆေးဝါးသုံးစွဲခြင်းကို လုံးဝတားမြစ်ပြီး သုံးစွဲသူအား စည်းမျဉ်းနှင့် အညီအရေးယူမည်။

5. Any person found or suspected of being under the influence of alcohol or drugs in the work-
place will be immediately required to vacate the site or premise by the company.
လုပ်ငန်းခွင်တွင် အရက်(သို့) မူးယစ်ဆေးဝါးသုံးစွဲသူ တစ်စုံတစ်ယောက်အား တွေ့ရှိပါက (သို့) သံသယရှိပါက
လုပ်ငန်းခွင် (သို့) အလုပ်ဌာန အဆောက်အအုံမှ ချက်ချင်းဖယ်ရှားခြင်းခံရပါမည်။

Accidents, First Aid and Work Related Ill Health Policy


(မတော်တဆဖြစ်မှု၊ အရေးပေါ် ရှေးဦးသူနာပြုစုရေးနှင့် လုပ်ငန်းဆိုင်ရာ ကျန်းမာရေးမူဝါဒ)

1. The company shall investigate all employee accidents within 72 hours of occurrence or earlier
where practicable.
ကုမ္ပဏီသည် မတော်တဆထိခိုက်မှုဖြစ်ပွားသော ၇၂ နာရီအတွင်း (သို့) ပို၍ အချိန်စောပြီး ဖြစ်စဉ်ကို လေ့လာ
စုံစမ်းပါသည်။

2. Wherever possible, accident investigations shall be undertaken by the company’s appointed


OHS advisor.
မတော်တဆဖြစ်မှု စုံစမ်းစစ်ဆေးရေးကို ကုမ္ပဏီ၏ခန့်အပ်ထားသော ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေး
အကြံပေးက တာဝန်ယူလုပ်ဆောင်ပါသည်။

3. All employees must report any accident, case of disease or dangerous occurrence to their site
manager, supervisor, CEO or Executive Directors responsible for health and safety as soon as
practicable, who will notify the company’s appointed OHS advisor.
ဝန်ထမ်းများသည် မတော်တဆဖြစ်မှု၊ ရောဂါဖြစ်ပွားမှု(သို့) ဘေးအန္တရာယ်ဖြစ်ပွားမှုတို့ကို အမြန်ဆုံး တာဝန်
Max Myanmar Group HR Policies on

ယူဆောင်ရွက်ပေးနိုင်သော ကုမ္ပဏီမှခန့်အပ်ထားသော ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေး အကြံပေးအား


Transparency and Responsibility

အသိပေးနိုင်ပြီး လုပ်ငန်းခွင်ရှိ အုပ်ချုပ်ရေးမှူး၊ ကြီးကြပ်သူ(သို့) အလုပ်အမှုဆောင်အရာရှိ(သို့)အမှုဆောင်


ဒါရိုက်တာများထံသို့ သတင်းပို့ပြောကြားနိုင်ပါသည်။

4. All accidents shall be recorded by the company in an accident book held for this purpose. When
entries are made in the accident book, the completed ‘detachable’ page shall be removed from
the accident book and placed into secure company storage in order to protect sensitive infor-
mation.
မတော်တဆဖြစ်မှုအားလုံးကို ကုမ္ပဏီ၏မတော်တဆဖြစ်မှု မှတ်တမ်းတွင်ရေးမှတ်ထားပါသည်။ မှတ်တမ်း
စာအုပ်တွင်ရေးမှတ်ထားသော ပြည့်စုံသည့် အကြောင်းအရာပါရှိသော စာမျက်နှာကို စာအုပ်မှယူ၍ သတင်း
114 အချက်အလက် ကာကွယ်ရေးဥပဒေအရ လုံခြုံသောနေရာတွင် ထိန်းသိမ်းထားရှိပါသည်။
5. Employees shall be trained for first aid skill and suitable and sufficient first aid equipment shall
be provided and located at all company workplaces.
လိုအပ်သော ရှေးဦးပြုစုရေး စစ်ဆေးမှုပေါ်မူတည်၍ ရှေးဦးသူနာပြုသင်တန်းဆင်း (သို့) တာဝန်ရှိသူအား
ကုမ္ပဏီမှ ရွေးချယ်ခန့်အပ်ထားပါသည်။ သင့်လျော်လုံလောက်သော ရှေးဦးသူနာပြုပစ္စည်းများကို တာဝန်ခံများ
အသုံးပြုရန်ပေးထားပြီး ကုမ္ပဏီ၏ လုပ်ငန်းတိုင်းတွင်လည်း ထားရှိပါသည်။

6. Clearly visible first aid signage indicating the location of first aid stations shall be provided,
displayed and maintained on all company sites.
လုပ်ငန်းခွင်နေရာတိုင်းတွင် ရှေးဦးသူနာပြုစုရေးဌာနကို ညွှန်ပြသော ရှင်းလင်းမြင်သာသော ရှေးဦးသူနာပြု
အမှတ်အသားကို ဖော်ပြထားရှိပါသည်။

7. Max Myanmar Holding Co., Ltd recognizes that it has a legal duty to inform employees of seri-
ous hazards to their health in the workplace(e.g. exposure to asbestos containing materials)
and to provide employees exposed to such serious risks to health with health surveillance.
ဝန်ထမ်းများလုပ်ငန်းခွင်တွင် ကျန်းမာရေးအတွက် အန္တရာယ်ရှိသောကိစ္စရပ်များ၊ ဥပမာ-မီးခံကျောက် ပါဝင်
သော ပစ္စည်းများနှင့် ထိတွေ့မိခြင်းသည် အန္တရာယ်ရှိကြောင်းကို အသိပေးရန်နှင့် ထိုကဲ့သို့ပြင်းထန်သော
ထိခိုက်မှုကြုံတွေ့ရသည့် ၀န်ထမ်းများအတွက် အနီးကပ်ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ရန်မှာ ကုမ္ပဏီ၏
တာဝန်ဖြစ်ပါသည်။
8. Max Myanmar Holding Co., Ltd and its employees are aware of the risks of exposure to hazard-
ous substances and materials, particularly asbestos, in the workplace, and undertake to carry
out risk assessments of all tasks, including the risks of exposure to asbestos.
ကုမ္ပဏီ၏၀န်ထမ်းများသည် အန္တရာယ်ရှိသောပစ္စည်းများ အဓိကအားဖြင့် မီးခံကျောက်ကိုလုပ်ငန်းခွင်တွင်
သတိထားပြီး အန္တရာယ်မဖြစ်စေရန် စစ်ဆေးမှုများပြုလုပ်ပါသည်။

9. All employees are instructed to exercise caution in carrying out tasks where unforeseen asbes-
tos made be disturbed and have been advised that if any doubt exists as to the nature of ma-
terials exposed in the workplace, they should stop work immediately and seek assistance.
ဝန်ထမ်းများအား မမြင်နိုင်သော မီးခံကျောက်အန္တရာယ်နှင့် လုပ်ငန်းခွင်တွင် အန္တရာယ်ရှိကြောင်း သံသယရှိ
ပါက ချက်ချင်းအလုပ်ရပ်နားပြီး အကူအညီတောင်းခံရမည်ဟု လမ်းညွှန်အကြံပေးထားပါသည်။

Accidents and Incidents Policy


Max Myanmar Group HR Policies on

(မတော်တဆဖြစ်မှုနှင့် ဖြစ်ပေါ်လေ့ရှိသော အမှုအခင်းဆိုင်ရာမူဝါဒ)


Transparency and Responsibility

1. All company employees are required to report all accidents, incidents or near misses to their
company manger and supervisors who is responsible for ensuring that all injuries are reported
using the company accident reporting procedure.
ဝန်ထမ်းများသည် မတော်တဆဖြစ်မှု၊ ဖြစ်ပေါ်လေ့ရှိသော အမှုကိစ္စများ(သို့) ဖြစ်လုနီးပါး အမှုကိစ္စများကို
ကုမ္ပဏီတွင်း မတော်တဆဖြစ်မှု သတင်းပို့ခြင်းလုပ်ထုံးအရ ထိခိုက်ဒဏ်ရာရရှိမှုများကို အသိပေးရန် တာဝန်ခံ
အုပ်ချုပ်ရေးမှူးနှင့် ကြီးကြပ်သူများထံသို့ သတင်းပေးပို့ရပါမည်။

115
2. All injury and non-injury accidents, incidents or near misses shall be investigated and immedi-
ate and underlying causes identified to assist in the prevention of recurrence.
လိုအပ်ပါက ထိခိုက်ဒဏ်ရာရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ မတော်တဆမှု ဖြစ်ပေါ်လေ့ရှိသော ကိစ္စရပ်များ(သို့)
ဖြစ်လုနီးပါးအမှုကိစ္စများကို စုံစမ်းစစ်ဆေးပြီး အကြိမ်ကြိမ် ထပ်မဖြစ်ပေါ်စေရန် ချက်ချင်းကူညီ လုပ်ဆောင်ရ
ပါမည်။

3. The company shall submit a report of injuries, diseases or dangerous occurrences in the re-
quired format and within the required time frame to the relevant enforcing authority.
ကုမ္ပဏီ၏ လက်အောက်တွင်မရှိသော နေရာတွင် ထိခိုက်မှုရှိသော/ထိခိုက်မှုမရှိသော မတော်တဆမှု၊ ဖြစ်ပေါ်
လာသော အမှုအခင်း(သို့) ဖြစ်လုနီးပါး အမှုကိစ္စများကို ကန်ထရိုက်တာချုပ်အား လိုအပ်သလို သတင်းပို့ပြီး
ကုမ္ပဏီရှိ ၀န်ထမ်းများနှင့်ပူးပေါင်းကာ အထက်အရာရှိများနှင့် အုပ်ချုပ်ရေးမှူးများ၏ စုံစမ်းစစ်ဆေးမှုများ(သို့)
နောက်ပိုင်းတွင် ရရှိသော အစီရင်ခံစာများအတိုင်း အတူတကွ ပါဝင်လုပ်ဆောင်ကြရပါမည်။

4. On sites not under the control of the company, all injury, non-injury accidents, incidents or near
misses shall be reported to the principal contractor as required and company employees shall
cooperate and coordinate their efforts with the top management and managers in any investi-
gation carried out or subsequent report required.
ကုမ္ပဏီသည် လုပ်ငန်းနှင့်ဆိုင်သော မတော်တဆဖြစ်ခြင်း၊ နာမကျန်းဖြစ်ခြင်းတို့ကို မှတ်တမ်းထားရှိပြီး မတော်
တဆဖြစ်မှုကို စုံစမ်းစစ်ဆေးရေး၊ ဖြစ်လေ့ရှိသော မတော်တဆဖြစ်မှု၊ ဖြစ်ပေါ်လာသောအမှုကိစ္စနှင့် ကျန်းမာ
ရေးအားနည်းချက်များကို စုံစမ်းရေးမှတ်တမ်းများဖြင့် စုစည်းထိန်းသိမ်းထားရပါမည်။

5. Max Myanmar Holding Co., Ltd shall maintain the register of all work related accidents and ill
health and shall compile, using the company accident analysis record, an annual trend analysis
of all accidents, incidents and ill health to ensure that risk control resources are directed appro-
priately.
ဘေးအန္တရာယ် ထိန်းချုပ်ကာကွယ်ရေးကိုလည်း သေချာစွာ ညွှန်ကြားထားပါသည်။

Emergency Procedures – Fire and Evacuation


(အရေးပေါ်အခြေအနေ လုပ်ထုံးလုပ်နည်းများ- မီးဘေးနှင့် အန္တရာယ်မှ ထွက်ပြေးလွတ်မြောက်ခြင်း)

1. Max Myanmar Holding Co., Ltd appointed OHS personnel will carry out a fire risk assessment
for the project and produce a site fire safety plan identifying the fire safety arrangements which
Max Myanmar Group HR Policies on

will include adequate fire detection, fire alarms and firefighting equipment, fire and emergency
Transparency and Responsibility

escape routes, suitable signage, identify the location of a suitable fire assembly point, and un-
dertake fire drills as appropriate.
ကုမ္ပဏီမှခန့်အပ်ထားသော ကျန်းမာရေးနှင့် လုံခြုံရေးဆိုင်ရာတာဝန်ခံများသည် မီးဘေးစစ်ဆေးရေးလုပ်ငန်း
များ ဆောင်ရွက်ပြီး မီးဘေးလုံခြုံရေး အစီအစဉ်များ ချမှတ်ရပါမည်။

2. Arrangements shall also be made to ensure the inspection, testing and monitoring of the pre-
cautions in place to ensure their effective operation.
မီးဘေးလုံခြုံမှုရှိစေရန် လိုအပ်သော စုံစမ်းစစ်ဆေးမှုများ၊ မီးလှန့်သတိအချက်ပေး ခေါင်းလောင်း၊ မီးသတ်
ပစ္စည်းများ၊ မီးဘေးနှင့် အရေးပေါ်ထွက်ပေါက်လမ်းများ၊ သင့်လျော်သောသတိပေး အမှတ်အသား၊ မီးဘေး
116 အန္တရာယ်ဖြစ်လျှင် အရေးပေါ်စုရပ်၊ မီးဘေးအန္တရာယ်အတွက် လေ့ကျင့်ရေးများကို လုပ်ဆောင်ပါသည်။
3. All fire and emergency equipment supplied should be routinely inspected and maintained.
Managers and supervisors should ensure that the equipment is installed in the agreed positions
immediately once the site is in operation.
ထိရောက်သော ဆောင်ရွက်ချက်များဖြင့် ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် စုံစမ်းစစ်ဆေးခြင်း၊
စမ်းသပ်ခြင်းနှင့် လက်တွေ့ဆောင်ရွက်ခြင်းတို့ ပြုလုပ်ပါသည်။

4. Where any subcontractor is involved, it will be their responsibility to provide specific firefighting
equipment within their area and ensure that safe systems of work are in place to prevent fire
risks.
တစ်ဆင့်ခံ ကန်ထရိုက်တာများအနေဖြင့်လည်း ကုမ္ပဏီမှပေးထားသော မီးဘေးအန္တရာယ်နှင့် အရေးပေါ်ကိစ္စ
များအတွက် အသုံးပြုရန် ပစ္စည်းများအားလုံးကို ပုံမှန်စစ်ဆေးပြီး ကောင်းစွာထိန်းသိမ်းထားရပါမည်။ အုပ်
ချုပ်ရေးမှူးများနှင့် ကြီးကြပ်ကွပ်ကဲသူများသည် အလုပ်ခွင် စတင်ဆောက်လုပ်ကတည်းကပင် ပစ္စည်းကိရိယာ
များအား သတ်မှတ်နေရာများတွင် ချက်ချင်းတပ်ဆင်ထားရန် တာဝန်ယူရပါမည်။ အရေးပြီးသော လုပ်ငန်းခွင်
တွင်တာဝန်ယူရသော လက်ထောက်ကန်ထရိုက်တာများသည် ၄င်းတို့၏လုပ်ငန်းခွင်တွင် တိကျသော မီးသတ်
ပစ္စည်းကိရိယာများ ထားရှိရန် တာဝန်ရှိပါသည်။

5. All employees and subcontractors on company and site shall be required to undertake a site
induction that shall include compliance with fire and emergency arrangements in place and safe
working procedures.
ထို့ပြင် မီးဘေးအန္တရာယ်ကာကွယ်ရန် လုံခြုံရေးစနစ်ကိုလည်း ထားရှိဆောင်ရွက်ရပါမည်။ ၀န်ထမ်းများနှင့်
လက်ထောက်ကန်ထရိုက်တာများသည် မီးဘေးနှင့် အရေးပေါ်ကိစ္စရပ်များအတွက် စီစဉ်ဆောင်ရွက်မှုများနှင့်
အလုပ်ခွင်လုံခြုံရေး လုပ်ထုံးလုပ်နည်းများပါဝင်သော အလုပ်ခွင်တွင်လိုက်နာရမည့် ဥပဒေများကို လိုက်နာ
ဆောင်ရွက်ရပါမည်။

Monitoring Policy
(မူဝါဒအားအကောင်အထည်ဖော်ဆောင်ရွက်ခြင်း)

1. Max Myanmar Holding Co., Ltd recognizes that unannounced spot checks, inspections,audits
and safety reviews are an essential element of the company’s performance improvement,and
the company’s appointed OHS advisor is authorized to undertake unannounced site inspections
and audits to ensure that safe working practices and procedures are being followed.
Max Myanmar Group HR Policies on

ကုမ္ပဏီသည် လျှပ်တပြက်စစ်ဆေးခြင်း၊ အသိပေးစစ်ဆေးမှုများ ပြုလုပ်ခြင်းနှင့် လုံခြုံရေးအတွက် ပြန်လည်


Transparency and Responsibility

သုံးသပ်ခြင်းများကို ကုမ္ပဏီ၏အောင်မြင်တိုးတက်စေသော လုပ်ဆောင်မှုများအဖြစ် သဘောတူ လက်ခံပါ


သည်။

2. The company’s appointed OHS advisor, where requested to do so by CEO or Executive Directors
responsible for health and safety,shall investigate accidents,record the significant findings and
submit reports to CEO or Executive Directors responsible for health and safety.
ကုမ္ပဏီမှ ခန့်အပ်ထားသော ကျန်းမာရေးနှင့် လုံခြုံရေးအကြံပေးသည် စည်းကမ်းအတိုင်းလိုက်နာခြင်း ရှိ၊ မရှိ
လျှပ်တစ်ပြက် လုပ်ငန်းခွင်စစ်ဆေးခြင်း ပြုလုပ်ရပါမည်။ ထို့ပြင် အလုပ်အမှုဆောင်အရာရှိချုပ်(သို့) အမှုဆောင်
ဒါရိုက်တာများက လုပ်ငန်းခွင်စစ်ဆေးရန် တောင်းဆိုပါက မတော်တဆဖြစ်မှုများကို စုံစမ်းစစ်ဆေးခြင်း၊ ထူး
ခြားသော စုံစမ်းတွေ့ရှိချက်များအား မှတ်တမ်းတင်ခြင်းကို တာဝန်ခံက အလုပ်အမှုဆောင် အရာရှိချုပ်(သို့) 117
အမှုဆောင် ဒါရိုက်တာများထံသို့ အစီရင်ခံတင်ပြခြင်းတို့ ပြုလုပ်ရပါမည်။
3. The Top Management Executives /CEO responsible for health and safety, site managers and
supervisors are responsible for investigating work related causes of ill health and sickness ab-
sence and for recording their findings.
အထက်အုပ်ချုပ်ရေးအရာရှိ/အ လုပ်အမှုဆောင်အရာရှိချုပ်သည် အလုပ်ခွင်အုပ်ချုပ်ရေးမှူးများနှင့် ကြီးကြပ်
သူများ နာမကျန်းဖြစ်ရသည့် အကြောင်းရင်းကို စုံစမ်းခြင်း၊ နာမကျန်းဖြစ်ခြင်းကြောင့် အလုပ်သို့ မလာနိုင်သည့်
ကိစ္စကိုစုံစမ်းခြင်း၊ စုံစမ်းတွေ့ရှိချက်များကို မှတ်တမ်းတင်ခြင်းတို့ကို တာဝန်ယူဆောင်ရွက်ရပါမည်။

4. All employees and sub-contractors shall be made aware of the findings of accident reports by
site managers, supervisors or CEO or Executive Directors responsible for health and safety.
ဝန်ထမ်းများနှင့် လက်ထောက် ကန်ထရိုက်တာများသည် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးတာဝန်ခံ အုပ်
ချုပ်ရေးမှူးများ၊ ကြီးကြပ်သူများ(သို့) အလုပ်အမှုဆောင်အရာရှိချုပ်(သို့) အမှုဆောင် ဒါရိုက်တာများမှ အသိ
ပေးထားသော မတော်တဆဖြစ်မှုများနှင့် စုံစမ်းတွေ့ရှိချက်များကို သိရှိနားလည်ထားရပါမည်။

5. All company employees shall be responsible for acting on the investigations findings in order to
prevent further recurrence as the company is committed to the reduction of accidents in the
workplace.
ဝန်ထမ်းများအားလုံးသည် ရှေ့ဆက်ပြီး မတော်တဆမှုများ အကြိမ်ကြိမ် မဖြစ်ပွားရန် စုံစမ်းတွေ့ရှိချက်များ
အပေါ် မူတည်၍ လုပ်ကိုင်ဆောင်ရွက်ရန် တာဝန်ရှိပါသည်။ ကုမ္ပဏီသည် လုပ်ငန်းခွင် မတော်တဆဖြစ်မှု
လျော့ကျရေးကို အလေးပေးဆောင်ရွက်ပါသည်။

×××××××
Max Myanmar Group HR Policies on
Transparency and Responsibility

118

You might also like