Download as pdf or txt
Download as pdf or txt
You are on page 1of 11

T ool and Equipment

လုပ်ငန်းခွင်အများစုတွင် အသုံးများသော hand tools များကို အကျိုးရှိစွာ အသုံးချနိုင်သော်လည်း ၊


အန္တရာယ်ကင်းရှင်းမှု (Safety) နှင့် တိကျမှု (accuracy) များအတွက် သတ်မှတ်ထားသည့် electrical
tester များနှင့် tools များလိုအပ်ပါသည်။ electrician ကောင်းတစ်ယောက်ဖြစ်ဖို့ရန် အလွန်များသည့်
tools များကို ကျွမ်းကျင်စွာအသုံးပြုနိုင်စေရန်လည်း အရေးကြီးပါသည်။ tools အားလုံးကို ဖော်ပြရန်
မဖြစ်နိုင်သဖြင့် အသုံးပြုအများဆုံး tools များကိုသာ ဖော်ပြလိုက်ပါသည်။

Pliers and Cutters

လုံးဝန်းပုံနှင့် ဘဲဥပံသ
ု ဏ္ဍာန်ရှိသည့် ပစ္စည်းများကို pliers များဖြင့် ကိုင်တွယ်အသုံးပြုလျှင် ထိထိမိမိ
ဆုပ်ကိုင်မိစေရန် ၊ bending ပြုလုပ်နိုင်စေရန် လွှသွားပုံစံရှိသော အသွားများပါရှိပါသည်။
လက်ကိုင်တွင်လည်း လျှပ်စစ်စီးကူးနိုင်မှ ကာကွယ်နိုင်ရန်နိုင်နှင့် တင်းကျပ်စွာ ကိုင်တွယ်အသုံးပြုနိုင်စေရန်
insulated handles ဖြင့်ပြုလုပ်ထားပါသည်။

Phyo Thet Paing Page 1


Screw drivers

Screw drivers များသည် အလွန်ရိုးရှင်းပါသည်။ ဈေးနှုန်းသက်သွာစွာဖြင့် ဈေးကွက်တွင်လည်း


အလွယ်တကူ ရရှိနိုင်ပါသည်။ တချို့ screw derivers များ၏ ထိပ်ပိုင်းတွင် သံလိုကဓ
်ာတ် ပါရှိသည်။

အရွယ်အစားမျိုးစုံရှိသော်လည်း အသုံးအများဆုံးအမျိုးအစားမှာ Philips head နှင့် flat head တို့ဖြစ်သည်။


Philips အား plus, star ဆိုပြီး နာမည်အမျိုးမျိုးခေါ်ဝေါ်အသုံးပြုကြပါသည်။ Flat အား minus, slotted,
straight-edge, standard tip ဆိုပြီး နာမည်များ ခေါ်ဝေါ်ကြသည်လည်း ရှိသည်။ screw drives များကို
အသုံးပြုမည်ဆိုလျှင် အရေးကြီးဆုံးအချက်မှာ သင့်လျော်သော အရွယ်အစားကို ရွေးချယ်အသုံးပြုရမည်။

Width slotted tip/


blade width 6 mm

Tip thickness of
blade

အများစု ဖော်ပြကြသည်မှာ blade ၏ အကျယ်နှင့် screw driver ၏လျား (fastener length) ဖြစ်သည်။
flat screw driver များ၏ အသုံးများသော အလျားများမှာ ၁ လက်မ မှ ၁၂ လက်မအထိ ရရှိနိုင်ပြီး ၊ tip
၏အကျယ်မှာ 1/32 inch မှ ½ inch အထိ ရရှိနိုင်ပါသည်။

Phyo Thet Paing Page 2


Philips screw head

Philips ပုံစံ screw driver အားဖန်တီးခဲ့သူမှာ John P. Thompson ဖြစ်သည်။ ထိ့ေ


ု နာက် သူ၏ ဒီဇိုင်းအား
လုပ်ငန်းရှင် Henry F. Phillips အား ရောင်းချခဲ့သည်။

အခြေခံအားဖြင့် Philip screw driver အရွယ်အား ၄ မျိုးရှိသည်။ ၎င်းတု့မ


ှိာ #0 မှ #4 အထိဖြစ်သည်။ #0
သည်အသေးဆုံး အရွယ်အစားဖြစ်ပြီး ၊ အသုံးအများဆုံး size မှာ #2 နှင့် #1 ဖြစ်သည်။ #2 သည်
စံသတ်မှတ်ထားသည့် screw အရွယ်အစားဖြစ်သည်။

Phyo Thet Paing Page 3


Hammers

တူ ကိုအဓိကအားဖြင့် အလုပ် သုံးမျိုးပြုလုပ်ရန် အသုံးပြုကြပါသည်။ ၎င်းတိ့မ


ှုာ

1. သံ ရိုက်ရန်
2. အခြား tool များကို ထိရောက်စွာ အကျိုးပြုနိုင်စေရန် (ဥပမာ ဆောက် အား တူဖြင့် ထုခြင်း)
3. အစိတ်အပိုင်းများအား ပုံစံပြောင်းပေးနိုင်ရန် (ဥပမာ သံချောင်းများအား ကွေးခြင်း)

မှန်ကန်သော တူအမျိုးအစား ဖြစ်ဖို့ရန်အရေးကြီးပါသည် ။ လက်ကိုင် (handle) သည် head နှင့်


သေချာခိုင်မြဲစွာတပ်ဆင်ထားရပါမည်။ head နှင့် လက်ကိုင်အား တစ်ခါတည်းတွထ
ဲားသည့် steel-
hammer ဖြစ်လျှင် ပြသနာမရှိပါ။ သစ်သားလက်ကိုင်နှင့ဆ
ိုလျှင် head ၏အလည်တွင် သပ် (wedge)
ရိုက်ထားရမည်။ အမြဲတမ်းအသုံးမပြုခင် လက်ကိုင်နှင့် head သေချာစွာ ခိုင်မြဲနေစေရန် စစ်ဆေးရမည်။
အောက်ဖော်ပြပါတူများသည် အသုံးများသော အမျိုးအစားများဖြစ်ပါသည်။

Ball-pein

အနည်းငယ်ကြီးမားပြီး Punches, cold chisels များနှင့်အတူ တွဖ


ဲ က် အသုံးပြုကြသည်။ တူသည်
ပုံတွင်ဖော်ပြထားသည့်အတိုင်း head သည် လုံးဝန်းသော ပုံစံရှိပြီး သတ္တုများအား
ပုံသွင်းရာတွင်အသုံးပြုနိုင်ပါသည်။ အလေးချိန်မှာ 2 kg အထိဖြစ်နိုင်ပါသည်။

Cross-pein

Cross-pein တူကို လက်သမားအများစု အသုံးပြကြပါသည်။ head သည် အဖျားရှုးသည့် ပုံစံ tapered


end (pein) ဖြစ်သောကြောင့် လက်ထဲတွင်ရှိသည့် သံ အသေးလေးများကို ရိုက်သွင်းရာတွင်
အသုံးပြုသည်။ အလေးချိန်အားဖြင့် ½ kg အထိရှိနိုင်ပါသည်။

Phyo Thet Paing Page 4


Claw hammer

Claw hammer အား အထွေထွေသုံး တူဖြစ်ပါသည်။ သံနုတ်တူ ဟုလည်း သုံးနှုန်းကြပါသည်။

Claw hammer

Hack saw

အဓိကအားဖြင့် ပိုက်များဖြတ်တောက်ရာတွင် အသုံးပြုသည်။ ကိုင်း/ဘောင် frame, လွှသွား blade နှင့်


လက်ကိုင် handle စသည့် အစိတ်အပိုင်းသုံးမျိုးပါဝင်သည်။ တပ်ဆင်အသုံးပြုမည့် အသွား blade
များသည်လည်း လက်ကိုင်နှင့် ဆန့်ကျင်ဘက်လားရာသို့ လှည့ထ
်ားရမည်။

T enon saw

Tenon ဆိုသည်မှာ စရွေးတံ ဟုဘာသာပြန်ဆိုထားပါသည်။ အဓိကအားဖြင့် သစ်သားဖြတ်တောက်ရာတွင်


အသုံးပြုသည်။ စတင်ဖြတ်ရာတွင် အသွာကိုစောင်းထားပြီး ဖြတ်ရာပေးရမည်။ ထို့နောက် ဖြောင့်တန်းစွာ
ဖြတ်နိုင်ရန် စောင်းထားသော အသွားကိုပြန်လည်တည့်မတ်ပြီး ဖြတ်ရမည်။

Phyo Thet Paing Page 5


Drills

အသုံးများသော ဖောက်စက် Drills နှစ်မျိုးမာ လက်ကိုင်ဖောက်စက် hand-held drill နှင့် ဖောက်ခုံ drill
press machine အမျိုးအစားဖြစ်သည်။ လက်ကိုင်ဖောက်စက်များမှာ အဓိကအားဖြင့် လျှပ်စစ်မရှိသော
နေရာတွင်အသုံးပြုနိုင်သည့် hand drill နှင့် ဘက်ထရီတွင် လျှပ်စစ်အားသွင်းပြီး အသုံးပြုရမည့် electric
drill တို့ဖြစ်သည်။ တပ်ဆင်မည့် hole အရွယ်စားနှင့် ကိုက်ညီရန် အသုံးပြုမည့် drill bits
ကိုရွေးချယ်ရမည်။

Hand drill

လက်ကိုင်အားလှည့ေ
် ပးခြင်းဖြင့် အသုံးပြုနိုင်ပါသည်။ hand drill ကိုအသုံးပြုရာတွင် ခန္တာကိုယ်၏
ဖိအား/လက်၏ ဖိအားဖြင့် hand drill အပေါ်မှ တွန်းအားတစ်ခုပြုထားပြီး အခြားလက်တစ်ဘက်မှ
လက်ကိုင်အားလှည့ေ
် ပးရမည်။

Power drills

အသုံးပြုမှုအများဆုံး power drills များမှာ hand-held electric drill နှင့် drill press (သိ့)ု bench-
mounted drill တြို့ ဖစ်သည်။ ယနေ့ခေတ်ပေါ် လျှပ်စစ် drill များမှာ ဘက်ထရီအားသွင်းပြီး အသုံးပြုရသော
ကြိုးမဲ့ cordless drill များဖြစ်ကြသည်။

DC 18V ၀န်းကျင်လောက်သာ အသုံးပြုသည့်အတွက် လျှပ်စစ်အန္တရာယ်ဖြစ်ပေါ်မှု အလွန်နည်းစေပြီး ၊


ကြိုးမပါရှိသည့်အတွက် အထပ်မြင့်နေရာများတွင် အသုံးပြုရန် သင့်လျော်ပါသည်။ အုတ်နံရံများအား
အပေါက်ဖောက်ရာတွင် အသုံးပြုနိုင်သည့် hammer action ပါသည့် power drills များလည်း ရရှိနိုင်သည်။

Phyo Thet Paing Page 6


Wrenches, spanners and supports

Nuts, bolt နှင့် setscrews များအား တင်းကျပ်သောနေရာတွင် အသုံးပြုသည်။ spanners များသည် သူ့၏
ခွအပေါ်တွင်သတ်မှတ်ထားသည့် nut အရွယ်အစားများကို အဖြုတ်/အတတ် ပြုလုပ်ပေးနိုင်သည်။
နှစ်ဘက်စလုံးတွင် ခွပါသော double-ended spanners များလည်း ရရှိနိုင်သည်။ တစ်ဘက်တွင်
အ၀န်းပုံစံရှိသော အမျိုးစားများလည်း ရရှိနိုသည်။ အခြားအသုံးပြုနိုင်မည့် အမျိုးအစားများစွာ ရှိပါသည်။

Files (တံစဉ်း)

တံစဉ်းများတွင် ကြမ်းသည့်မျက်နှာပြင်ပါရှိပြီး အရာဝတ္တုများအား ချောမွေ့စေရန် ၊ အရွယ်အစား ပိုပြီး


သေးငယ်သွားစေရန် အသုံးပြုပါသည်။ တံစဉ်းများအား အရွယ်အစားမျိုးစုံရရှိနိုင်ပြီး အလျား ၊
အရွယ်အစားတိ့အ
ု ပေါ်တွင် မူတည်ပြီး ခြွဲ ခားသတ်မှတ်ပါသည်။ အဓိကအသုံးပြုကြသည့် ပုံသဏ္ဍာန်များမှာ
အပြား (flat) ၊ လေးထောင့် (square) ၊ အလုံး (round) နှင့် စက်ဝိုင်းခြင်း (half-round)
စသည်တြို့ ဖစ်သည်။

Phyo Thet Paing Page 7


Crimping tools

ကြိုးများကို termination ပြုလုပ်ရာတွင် ပိုမိုသေချစေရန် crimp connectors ဟုခေါ်သော cable lug


များကို တပ်ဆင်အသုံးပြုကြသည်။ ထို cable lug များကို cable socket ဟုလည်း ခေါ်ဆိုနိုင်ပါသည်။
ကြိုးအရွယ်အစားအမျိုးမျိုးတွင် တပ်ဆင်အသုံးပြုနိုင်ရန် cable lug များကိုလည်း အရွယ်အစားမျိုးစုံ
ပုံစံမျိုးစုံရရှိနိုင်ပါသည်။

မှန်ကန်သော တပ်ဆင်မှုဖြစ်စေရန် cable lug အမျိုအစား ၊ အရွယ်အစားနှင့် crimping tools များကို


သေချာစွာရွေးချယ်အသုံးပြုရန်လည်း လိုအပ်ပါသည်။ စက်မှုလုပ်ငန်းများတွင် ကြိုးများတပ်ဆင်ရာ
(termination) ၌ cable lug များကို အသုံးပြုခြင်းဖြင့် စက်မှုလုပ်ငန်းခွင်တွင်
တုန်ခါမှုဖြစ်ပေါ်နေသော်လည်း loose ဖြစ်ပေါ်မှု နည်းနိုင်ပါသည်။ termination ပြုလုပ်ရာတွင်
ပိုမိုခိုင်မြဲစေခြင်းတို့ကြောင့်လည်း အသုံးပြုကြခြင်းဖြစ်သည်။

Crimp connector များကို insulated ဖြစ်သောအမျိုးအစားနှင့် insulated မဖြစ်သော non-insulation


အမျိုးအစား ဟူ၍ ရရှိနိုင်ပါသည်။ အများအားဖြင့် အသုံးများသော connector များမှာ
အောက်ပါအတိုင်းဖြစ်သည်။

အောက်ဖော်ပြပါပုံတွင် ဖော်ပြထားသော crimping tool အမျိုးအစားမှာ Ratchet type crimping tool


ဖြစ်သည်။ insulated crimp connector နှင့် ၀ါယာကြိုးကို ဆက်သောနေရာတွင် အသုံးပြုသည်။

Phyo Thet Paing Page 8


အရောင်ဖြင့်ဖော်ပြထားသည်မှာ အသုံးပြုမည့် connector နှင့် ကြိုး၏အရွယ်အစား

ချိတ်ဆက်မိစေရန်ဖြစ်သည်။ 1.5 mm2 ကြိုးအတွက် အနီရောင် ၊ 2.5 mm2 ကြိုးအတွက် အပြာရောင် နှင့်

4 mm2 နှင့် 6 mm2 ကြိုးအတွက် အ၀ါရောင်ကို အသုံးပြုရန် သတ်မှတ်ထားခြင်း ဖြစ်ပါသည်။

အောက်ပါပုံတွင်ဖော်ပြထားသည့် crimping tool အမျိုးအစားသည် မျိုးစုံ အသုံးပြုနိုင်စေရန်ဖြစ်သည်။


ကြိုးများကို ဖြတ်တောက်နိုင်ခြင်း cable cutter ၊ insulation ပါသော cable lug နှင့် insulation မပါသော
cable lug အားလုံး အသုံးပြုနိုင်ခြင်း ၊ 2.6 mm မှ 5 mm အထိရှိသော machine thread brass screw

များကို ဖြတ်တောက်နိုင်ခြင်း ၊ 0.75 mm2 မှ 6 mm2 အထိရှိသော ၀ါယာကြိုးများကို insulation ခွာနိုင်ခြင်း


(wire stripper) စသည်တ့က
ို ပြုလုပ်ပေးနိုင်ပါသည်။

Measuring tools

အနိမ့်အမြင့် (level) နှင့် ပစ္စည်းများတွင် အလျားများကို တိုင်းတာနိုင်ရန် measuring tools


များလိုအပ်ပါသည်။ ထို measuring tools များတွင် ပေတံ မှစကာ လေစာဖြင့်
အနိမ့်အမြင့်တိုင်းတာနိုင်သည့် Laser levelling device များပါဝင်သည်။

Steel rulers

သံပေတံများကိုတော့ trunking နှင့် အခြား တိုင်းတာချင်သည့်နေရာများတွင်လည်းအသုံးပြုနိုင်သည်။

Phyo Thet Paing Page 9


Steel tape

Measuring tape သိ့မ


ု ဟုတ် steel tape ဟုခေါ်ဆိုကြသော
ပစ္စည်းကို ပေတံထက်အလျားရှည်သည့် နေရာများတွင်
တိုင်းတာရန်အသုံးပြုနိုင်သည်။ ဥပမာ အခန်းအရွယ်အစား … ၊
အများစုမှာ ပေဖူး ဟုခေါ်ဆိုကြသည်လည်း ရှိသည်။

Spirit level

အရာဝတ္တုများ၏ အလျားသည် ရေပြင်ညီအတိုင်း


(horizontal) ဖြစ် /မဖြစ် ၊ ထောင့်မှန်အတိုင်း (vertical)
နှင့် တချို့ spirit level များသည် 45 ဒီဂရီ အထိပါ
တိုင်းတာနိုင်သည်။ glass tube ထဲရှိ လေဘူဖောင်း
ကိုကြည့်ပြီး တိုင်းတာရခြင်းဖြစ်သည်။ အများစုမှာ
ရေချိန်ဟုခေါ်ဆိုကြပါသည်။

Laser rangefinders

အခန်း ၊ လျောက်လမ်း နှင့် ကျယ်ဝန်းသော နေရာများ၏


အလျားကိုတိုင်းတာပေးနိုင်သည်။ ၁၅၀ မီတာလောက်အထိ
တိုင်းတာနိုင်သည်။

Power Tools

လက်ငန်းခွင်တွင် အသုံးပြုနိုင်သော Electric handtools များကို အသုံးပြုနေစဉ်တွင် အန္တရာယ်ကင်းစေရန်


110 V ဖြင့်အသုံးပြုကြသည်။ မြန်မာနိုင်ငံတွင်အသုံးပြုသော ဗိုလ့်အားမှာ 230 V ဖြစ်သောကြောင့် 110 V
အသုံးပြုသည့် Hand tools များဖြစ်လျှင် အသုံးပြုရန် မဖြစ်နိုင်ပါ။ ပိုပြီးအန္တရာယ်ကင်းစေရန် DC
ဗိုလ့အ
်ားသုံး Hand tools များပင် ဈေးကွက်တွင် အလွယ်တကူဝယ်ယူနိုင်ပြီဖြစ်သည်။

အလုပ်ပြီးမြောက်စေရန် 230 V အသုံးပြုသည့် တချို့ power tools များကိုလည်းအသုံးပြုရမည် ဖြစ်သည်။

Phyo Thet Paing Page 10


Reference:

1. Electrical Installations: NVQ and Technical guide book


2. Introduction to Electrical Installation Work by Trevor Linsely
3. Trade of Electrician, Standards Based Apprenticeship Motor Control COURSE NOTES

ကိယ
ုစိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

ဖြိုးသက်ပိုင်

Phyo Thet Paing Page 11

You might also like