PythonForNetworkEngineer 13 - Python Assignment Operator

You might also like

Download as pdf or txt
Download as pdf or txt
You are on page 1of 3

http://crossnetmm.

com/

3.3 Python assignment Operator

ဟိုးအရှေ့ မှာတုန်းက simple assignment operator လေးတစ်ခုဖြစ်တဲ့ = (equal) အလုပ် လုပ်ပုံကို


မှတ်မိတယ် ဟုတ်? သူက i = 5 မှာဆိုရင် ညာဘက်က 5 သည် ဘယ်ဘက်က variable i ထဲကို assign
လုပ်ပေးရမယ် value တစ်ခုပြဲ ဖစ်ပါတယ်။ ပြောချင်တာက ညာဘက်မှာရှိတာသည် assign လုပ်မယ့်ကောင်
ဘယ်ဘက်ကကောင်သည် assign လုပ်ခံရမယ့်ကောင်.. အလယ်က နေရာကတော့ assignment operator
အတွက်ပဲ ဖြစ်ပါတယ်။

ခုဆက်လေ့လာမယ့် assignment operator တွေကို compound assign operator တွေလို့


ပြောနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ပဲ ပုံမှန်အတိုင်း data value ကို assign ပေးတာမျိုးပဲ မဟုတ်ပ.ဲ .
တစ်ခြား ကောင်တွေရဲ့  ဂုဏ်သတ္တိ (ပေါင်းနှုတ်မြှောက်စား စတာတွေ) ပါဝင်ပေါင်းစပ်နေလို့ပါ။ i += 8 ဆိုရင်
သူ့အလုပ် လုပ်သွားတဲ့ ပုံစံသည် i = i + 8 ပါ။ python interpreter သည် ညာကနေ ဘယ်ကို သွားတာမို့  8 နဲ
့i ထဲမှာရှိတဲ့ တန်ဖိုးကို ပေါင်းပြီ i ထဲ ပြန်ထည့်လိုက်တာပါ။ မြင်သာအောင်ပြောင်ရင် program တစ်ခါ run
ပြီးတိုင်း တစ်တိုးချင်တာမျိုးမှာဆို i = 0, i +=1; မှာဆိုရင် i ထဲမှာက initial တန်ဖိုးသည် 0 ပါ အဲ့တာကိုမှ တစ်ခါ
run တိုင်း တစ်ပေါင်းချင်တာမို့  i += 1 ( i = i + 1) လို့ ရေးလိုက်တာပါ။ အကယ်လို့ တစ်ခါ run ပြီးတိုင်း ၂
တိုးချင်တယ်ဆိုရင်တော့ i += 2 ပေါ့။ user ဆီက input တောင်းမယ်.. ပြီးတော့ operator တွေ အကုန်
ပါအောင် script လေးရေးကြည့်ကျရအောင်။

1
http://crossnetmm.com/

အပေါ်က code တွေကို run လိုက်ရင် အောက်ပါ အတိုင်း result ထွက်ပါတယ်။ ဟုတ် မဟုတ် ကို
တစ်ဆင့်ချင်း ပြန် ကြည့် ကျရအောင်။

Line 1 => ပထမဆုံး user ကနေ ရတဲ့ 3 ကို x ထဲကို ထည်ပါတယ်။


Line 3 => x += 1 ဆိုတဲ့အတွက် xထဲက 3 နဲ့  1 နဲ့ ကိုပေါင်းပြီး x ထဲကိုပြန်ထည့်ပါတယ်။ ခုလက်ရှိ x ရဲ့ တန်
ဖိုးသည် 4 ပါ။
Line 4 => xထဲမှာ ခုလက်ရှိ ရှိနေတဲ့ တန်ဖိုးကို print ထုတ်ပါတယ်။ xသည် int ဖြစ်ပြီး “ နဲ့
ရေးထားတာတွေသည် string ဖြစ်တာမို့  data type တူအောင် str() ကိုသုံးပါတယ်။
Line 6 => x **=2 (x = x ** 2) သည့် X2 ဖြစ်တာမို့  လက်ရှိx တန်ဖိုးက ၄ ဆိုတော့ အဖြေက 16 ပါ။
Line 7 => x တန်ဖိုး ၁၆ ဖြစ်သွားတာကို print ထုတ်ပေးတာပါ။
Line 9 => x -= 1 ဆိုတော့ x(၁၆) ထဲက ၁ နှုတ်ပြီးတာ့ x ထဲကိုပြန်ထည့်ပေးပါ။ လက်ရှိ x တန်ဖိုး ၁၅ ပါ။

2
http://crossnetmm.com/

Line 10 => ခုလက်ရှိ x (x -= 1 ကြောင့် ရလာတဲ့ x ) ကို print ထုတ်ပါ။


Line 12 => x *= 2 ဆိုတော့ x(15) ကို 2 နဲ့မြှောက်. အဖြေ 30 ကို x ထဲ ပြန်ထည့်
Line 13 => x ကို ထုတ်ပြ
Line 15 => x /= 3 မှာ x(၃၀) ကို ၃နဲ့ စားပြီး ရလာတဲ့ quotient(10) ကို xထဲ ပြန်ထည့်
Line 16 => လက်ရှိ x တန်ဖိုးကို ထုတ်ပါ
Line 18 => x %= 3 ဆိုတော့ x(10) ကို 3 နဲ့ စားပြီး ရလာတဲ့ အကြွင်း 1 ကို x ထဲ ထည့်ပါ။
Line 19 => ခု လက်ရှိ x ထဲမှာ ရှိနေတဲ့ data ကို print ထုတ်ပါ
Line 21 => x //=4 က ကျတော့ x(1) ကို 3 နဲ့ စားတော့ 0 ပဲရပါတယ်။ 0 ကို xထဲ ထည့်ပါ။
Line 1 => x တန်ဖိုးကို Print ထုတ်ပါ။

အိုကေ ဒီလောက်ဆို သဘောပေါက်လောက်ပြီလို့ မျှော်လင့်ပါတယ်။

Logical Operator နဲ့ Bitwise Operator အကြောင်းကို နောင်ကျမှ ဆက်ရှင်းပါတယ်။ ခု လက်ရှိ


အသုံးလိုမယ့် Membership Operator နဲ့ Identity Operator အကြောင်းကို အရင် လေ့လာပါမယ်။

With Best Regards,


Khant Phyo
khantphyo@crossnetmm.com
09442329009

You might also like