Download as pdf or txt
Download as pdf or txt
You are on page 1of 3

Translation Practice (3)

(ဘာသာကြိုပြန်ထားရမယ့် စာမူပါ)
...
''Trump threatens new tariffs on China as US mulls retaliatory action over
COVID-19''
....
US President Donald Trump said on Thursday (Apr 30) his hard-fought trade deal with
China was now of secondary importance to the coronavirus pandemic and he threatened
new tariffs on Beijing, as his administration crafted retaliatory measures over the outbreak.

တရုတ်နှင့် အကြိတ်အနယ်ကြိုးပမ်းနေသည့် ကုန်သွယ်ရေးသဘောတူညီချက်သည် ကိုရိုနာဗိုင်းရပ်စ်က


ပ်ရောဂါကြောင့် ယခုအခါ ဒုတိယဦးစားပေး ဖြစ်လာကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က
ကြာသပတေးနေ့ (ဧပြီ ၃၀) တွင် ပြောဆိုလိုက်သည်။ တရုတ်အစိုးရကို ကုန်သွယ်ရေးစည်းကြပ်ခွန်များ
ထပ်မံကောက်ခံသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ခြိမ်းခြောက်ခဲ့သည်။ ထို့ပြင် ရောဂါပြန့်နှံ့မှုအတွက်
၎င်းတို့အစိုးရအဖွဲ့အနေဖြင့် ပြန်လည်တုံ့ပြန်မည့်အစီအစဉ်များ ချမှတ်ထားပြီးဖြစ်ကြောင်း ထရမ့်က ဆို
ထားသည်။

Trump's sharpened rhetoric against China reflected his growing frustration with Beijing
over the pandemic, which has cost tens of thousands of lives in the United States alone,
sparked an economic contraction and threatened his chances of re-election in November.
ကပ်ရောဂါကြောင့် အမေရိကန်နိုင်ငံတစ်နိုင်ငံတည်းတွင်ပင် သေဆုံးသူ သောင်းနှင့်ချီ ရှိလာပြီဖြစ်သည်။
တရုတ်နိုင်ငံအပေါ် ထရမ့်၏ ပြင်းပြင်းထန်ထန် ပြောဆိုမှုများက ကပ်ရောဂါနှင့်ပတ်သက်၍ တရုတ်အစိုးရ
အပေါ် ထရမ့်၏ မကျေနပ်ချက်များ တိုးမြင့်လာကြောင်း မြင်သာနေသည့်အပြင် စီးပွားပျက်ကပ်ဆိုင်ရာ
ပြဿနာတစ်ရပ် အစပျိုးလာပြီး နိုဝင်ဘာလတွင်ကျင်းပမည့် ရွေးကောက်ပွဲတွင်လည်း ၎င်းပြန်လည်ရွေးေ
ကာက်ခံရမည့်အခွင့်အလမ်းကိုလည်း ခြိမ်းခြောက်လျက်ရှိသည်။

Two US officials, speaking on condition of anonymity, said a range of options against


China were under discussion, but cautioned that efforts were in the early stages.
Recommendations have not yet reached the level of Trump’s top national security team or
the president, one official told Reuters.
တရုတ်နိုင်ငံအပေါ် အရေးယူမည့်အတိုင်းအတာကို ဆွေးနွေးဆဲဖြစ်သော်လည်း ကနဦးအစပျိုးအဆင့်တွင်
ရှိနေပြီဖြစ်ကြောင်း အမည်မဖော်လိုသည့် အမေရိကန်အစိုးရအရာရှိနှစ်ဦးက သတိပေးပြောဆိုထားသည်။
(အရေးယူမည့်ကိစ္စအပေါ်) ထောက်ခံမှုများမှာ ထရမ့်၏ ထိပ်တန်းနိုင်ငံတော်လုံခြုံရေးအဖွဲ့အဆင့် သို့မဟု
တ် သမ္မတအဆင့်အထိ မရောက်ရှိသေးကြောင်း အရာရှိတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောဆိုထား
သည်။

"There is a discussion as to how hard to hit China and how to calibrate it properly," one of
the sources said as Washington walks a tightrope in its ties with Beijing while it imports
personal protection equipment (PPE) from there and is wary of harming a sensitive trade
deal.
“တရုတ်နိုင်ငံကို ဘယ်လိုပြင်းပြင်းထန်ထန် တုံ့ပြန်မလဲဆိုတာနဲ့ ဒါကို ဘယ်လိုကျကျနန ကိုင်တွယ်သွားမ
လဲဆိုတာ ဆွေးနွေးနေတာမျိုးတော့ ရှိပါတယ်” ဟု သတင်းရင်းမြစ်တစ်ခုက ဆိုထားသည်။ လက်ရှိအချိန်
တွင် အမေရိကန်အစိုးရအနေဖြင့် တရုတ်အစိုးရနှင့် ဆက်ဆံရာတွင် ကြိုးတန်းပေါ်လမ်းလျှောက်ရသကဲ့သို့
(အတိမ်းအစောင်းမခံသည့်အနေအထား) ဖြစ်ပြီး PPE ၀တ်စုံများကိုလည်း တရုတ်နိုင်ငံမှ တင်သွင်းနေရ
သည်ဖြစ်ရာ အထိအခိုက်မခံသည့် ကုန်သွယ်ရေးသဘောတူညီချက်အား ထိခိုက်မည်ကို သတိထားနေရ
သည့် အနေအထားဖြစ်သည်။

Trump made clear, however, that his concerns about China's role in the origin and spread
of the coronavirus were taking priority for now over his efforts to build on an initial trade
agreement with Beijing that long dominated his dealings with the world's second-largest
economy.

ထရမ့်အနေဖြင့် တရုတ်အစိုးရနှင့် ကုန်သွယ်ရေးဆိုင်ရာ ကနဦးသဘောတူညီချက်တစ်ရပ် တည်ဆောက်


ရန် ကြိုပမ်းနေခြင်းဖြစ်သည်။ ကမ္ဘာ့ဒုတိယအကြီးမားဆုံး စီးပွားရေးအဆောက်အအုံကြီးဖြစ်သည့် တရု
တ်နိုင်ငံနှင့် ဆက်ဆံရေးမှာ ထရမ့်အတွက် ကာလရှည်ကြာ ဦးစားပေးလုပ်ငန်းစဉ်ဖြစ်ခဲ့သည်။ သို့သော်လ
ည်း ယခုအခါတွင် ကိုရိုနာဗိုင်းရပ်စ်ပြန့်နှံ့မှုနှင့် ဗိုင်းရပ်စ်ပေါ်ပေါက်လာသည့် မူလအစတွင် တရုတ် (ပါဝင်ပ
တ်သက်နေသော) အခန်းကဏ္ဍနှင့်ပတ်သက်၍ မိမိ၏စိုးရိမ်ပူပန်နေမှုများမှာ ဦးစားပေးဖြစ်လာကြောင်း
ထရမ့်က ရှင်းလင်းစွာ ပြောထားပြီးဖြစ်သည်။
*** (တိုက်ရိုက်ဘာသာပြန်လိုက်ရင် ရှုပ်ထွေးသွားနိုင်လို့ ဒီနေရာမှာ ၃ ကြောင်းခွဲပြီး ရှင်းလင်းသွားအောင်
ပြန်လိုက်ပါတယ်။)

"We signed a trade deal where they're supposed to buy, and they've been buying a lot,
actually. But that now becomes secondary to what took place with the virus," Trump told
reporters. "The virus situation is just not acceptable.”
“ကုန်သွယ်ရေးသဘောတူညီချက်တစ်ခုမှာ ကျွန်တော်တို့ လက်မှတ်ထိုးခဲ့တယ်။ သူတို့တွေ ၀ယ်ရအော
င်ပေါ့။ တကယ်လည်း သူတို့ဝယ်တာ တော်တော်များပါတယ်။ ဒါပေမယ့် အခု ဗိုင်းရပ်စ်ကိစ္စဖြစ်လာတော့
ကုန်သွယ်ရေးကိစ္စက ဒုတိယဖြစ်လာပါပြီ။ ဗိုင်းရပ်စ်ကိစ္စဟာ လက်ခံနိုင်စရာမရှိပါဘူး” ဟု ထရမ့်က
သတင်းထောက်များကို ပြောဆိုခဲ့သည်။

The Washington Post, citing two people with knowledge of internal discussions, reported
on Thursday that some officials had discussed the idea of canceling some of the massive
US debt held by China as a way to strike at Beijing for perceived shortfalls in its
candidness on the COVID-19 pandemic.
Trump's top economic adviser denied the report. "The full faith and credit of US debt
obligations is sacrosanct. Period. Full stop," White House economic adviser Larry Kudlow
told Reuters.
COVID-19 ကပ်ရောဂါတွင် တရုတ်အစိုးဘက်က ပွင့်လင်းမြင်သာမှု နည်းပါးသည့်အတွက် တရုတ်အစိုးရ
ကို ထိုးနှက်သည့်အနေဖြင့် တရုတ်သို့ပေးရန်ရှိသည့် အမေရိကန်ကြွေးမြီပမာဏ အများအပြားအနက်မှ
အချို့ကို ဖျက်သိမ်းရန်ကဲ့သို့ အစီအစဉ်မျိုးကိုလည်း အချို့သော အစိုးရအရာရှိများက ဆွေးနွေးခဲ့ကြသည်
ဟု (အစိုးရ၏) အတွင်းပိုင်း ဆွေးနွေးမှုများနှင့်ပတ်သက်၍ သိထားသော ပုဂ္ဂိုလ်နှစ်ဦး၏အဆိုကို ကိုး
ကား၍ ၀ါရှင်တန်ပို့စ်က ကြာသပတေးနေ့တွင် ထုတ်ပြန်ထားသည်။ ထရမ့်၏ ထိပ်တန်းစီးပွားရေးအကြံေ
ပးကမူ ယင်းထုတ်ပြန်ချက်ကို ငြင်းဆိုထားသည်။ “အစိုးရရဲ့မဖြစ်မနေပေးရန်ရှိတဲ့ ကြွေးမြီကိစ္စဟာ အရေြး
ကီးလွန်းလို့ အကဲဆတ်ပါတယ်။ ဒါအပြတ်ပြောတာပါ (ဒီလောက်ပဲ ပြောပါရစေ)” ဟု အိမ်ဖြူတော် စီး
ပွားရေးအကြံပေး Larry Kudlow က ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

Source: Reuters

(ရှင်းလင်းချက်)

Administration - အစိုးရအဖွဲ့
Trump’s administration - ထရမ့်အစိုးရအဖွဲ့
Obama’s administration - အိုဘားမား အစိုးရအဖွဲ့

Beijing - ပုံမှန်အတိုင်းဆိုလျှင် ဘေဂျင်းမြို့ကို ဆိုလိုခြင်းဖြစ်သော်လည်း ယခုကဲ့သို့ သတင်းများတွင်


အစိုးရအဖွဲ့ကိုယ်စား အစိုးရအဖွဲ့ရုံးစိုက်သည့်မြို့ကို ယူသုံးလိုက်ခြင်းဖြစ်သည်။ တရုတ်အစိုးရဟု ဘာသာပြ
န်လိုက်လျှင် အဆီလျော်ဆုံး ဖြစ်ပါသည်။

Washington - အပေါ်တွင် ရှင်းပြသကဲ့သို့ဖြစ်သည်။ ၀ါရှင်တန်တွင် အမေရိကန်အစိုးရအဖွဲ့ရုံးစိုက်သည်။


ဤနေရာတွင် အမေရိကန်အစိုးရအဖွဲ့ သို့မဟုတ် အမေရိကန်အစိုးရဟု ဘာသာပြန်လိုက်လျှင် ဆီလျော်ပါ
သည်။
*** Full faith and credit - The full faith and credit definition is the obligation that every
state has to recognize and accept other states' public records, judicial proceedings, and
legislative acts. It may also involve the government's agreement to repay debts. It's
provided for in the U.S. Constitution by what's called the “Full Faith and Credit Clause.”
What Full Faith and Credit Means

If the United States backs a bond with full faith and credit, the U.S. government is
obligated to repay the bond and must find a way to do so. The types of bonds known as
full-faith-and-credit-bonds include Ginnie Mae bonds and U.S. Treasury securities, as well
as some other debt securities.

အပေါ်မှာ ပြထားတဲ့ အင်္ဂလိပ်လိုရှင်းလင်းချက်ကို အနှစ်ချုပ်ပြောရမယ်ဆိုရင် full faith and credit ဆိုတဲ့


အဓိပ္ပာယ်ဟာ အစိုးရအနေနဲ့ မဖြစ်မနေ နည်းလမ်းရှာပြီး ပြန်ဆပ်မယ်လို့ သဘောတူထားတဲ့ ကြွေးမြီစာ
ချုပ်မျိုး ဖြစ်ပါတယ်။

** Period. Full Stop - အမေရိကန်တွင် ပြောလေ့ပြောထရှိသည့် အသုံးအနှုန်းမျိုးဖြစ်ပြီး “(ဒါ) အပြတ်ပဲ”


ဟု ဆိုလိုသည်။

You might also like