Microsoft Word - 01

You might also like

Download as pdf or txt
Download as pdf or txt
You are on page 1of 5

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်နိဒါန်း (YBU) II

ဤတက္ကသိုလ်၏တည်နေရာသည် ရွှေညဝါဆရာတော်၏ သီတင်းသုံးရာ ရွှေညဝါပညာ့ဗိမာန်


ကျောင်းပင်ဖြစ်၏။ တက္ကသိုလ်မတည်ထောင်ခင်က ဆရာတော်၏ ကျောင်းသည် စာသင်သားရဟန်း
တော်၊ သာမဏေများနှင့် ကျောင်းသားအနည်းငယ်မျှသာရှိခဲ့၏။ နှစ်စဉ်နွေရာသီတွင် ဓမ္မာစရိယနှင့်
အဘိဓမ္မာ ရွှေညဝါဆရာဖြစ်သင်တန်းကြီး ဖွင့်လှစ်သည့် သင်တန်းများ၌မူ စာသင်သားသံဃာတော်
တစ်ထောင်လောက်ပင်ရှိသည်။ ဆောက်လက်စ ကျောင်းဆောင်များလည်း မပြီးသေး။ ယခု စာချ
နည်းပြကထိကဆရာတော်များ သီတင်းသုံးရာနေရာလည်းဖြစ်၊ ယခုအခါ တတိယနှစ်နှင့် စတုတ္ထနှစ်
တို့၏ ပညာသင်ကြားရာ နေရာလည်းဖြစ်သည့် ရတနသိဒ္ဓိနှစ်ထပ်ဆောင်မှာလည်း မပြီးပြတ်သေး
သဖြင့် ခိုငှက်ကလေးများနှင့် လင်းနို့ငှက်တို့၏ နားခိုရာဗုံဗိမာန်တစ်ခုပင်။ (ယခုအခါတွင် ရွှေညဝါ
ပညာ့ဗိမာန် သုံးထပ်ကျောင်းနှင့် ရတနသိဒ္ဓိကျောင်းဆောင်များလည်း စေတနာရှင်များ၏ ကောင်းမှု
ဖြင့် ပြီးစီးနေ ပြီဖြစ်၏။)
အမှန်အားဖြင့် ယင်းအဆောင်မှာ သာဓုကျောင်းတိုက်၏ ဆွမ်းစားဆောင်ဟု ရာထားသတ်
မှတ်ပြီးရာ ကျောင်းအဖြစ်လည်း သိခဲ့ရသည်။ အကျိုးတော်ဆောင်ချုပ်ဆရာတော်၏ ပိုင်ဆိုင်ရာ
ကျောင်းဆောင်များ၊ တက္ကသိုလ်၏ တွဲဖက်အကျိုးတော်ဆောင် ဆရာတော် ဦးတေဇာနန္ဒတို့၏
ကျောင်းဆောင်များမှတစ်ပါး နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ၊ အပြည်ပြည်ဆိုင်ရာ ထေရ
ဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်များနှင့် သီတဂူဆရာတော်ဘုရား တည်ထောင်ထားသည့် အပြည်ပြည်
ဆိုင်ရာ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များကဲ့သို့ တက္ကသိုလ်မြေနေရာအဖြစ် သတ်သတ်မှတ်မှတ် သီးခြားနေရာ
လည်းမရှိသေးပေ။ အဓိကအားဖြင့် လူအများသိရှိနိုင်သည့် တက္ကသိုလ်၏ ဆိုင်းဘုတ် များနှင့် သီးခြား
ကျော်ငြာခြင်းများလည်း မရှိချေ။ ကျော်ငြာရှိမှ အလုပ်ဖြစ်သည့်ခေတ်တွင် မည်သည့် ကျော်ငြာမျှ
မရှိပါပဲ ဗုဒ္ဓတက္ကသိုလ်များ တည်ထောင်နေသည့် ဆရာကြီး ဦးမြင့်ဆွေနှင့် ရွှေညဝါ ဆရာတော်တို့၏
လျှောက်လှမ်းခဲ့ရသည့် ပညာဒါန ဓမ္မဒူတခရီးမှာ သာဓု ကျောင်းတိုက်ဆိုသည့် နာမည်နှင့်လျော်ညီစွာ
အကြိမ်ကြိမ် အခါခါပင် သာဓုခေါ်စရာ ကောင်းလှမိပါသည်။ ရွှေညဝါ ဆရာတော်တို့ ပိုင်ဆိုင်ရာ
ကျောင်းများကိုသာ ရန်ကုန်ဗုဒ္ဓတက္ကသိုလ်ဟု ကမ္ဗည်းမော်ကွန်း သစ် တင်ထားသဖြင့် မြန်မာနိုင်ငံတွင်
အတော်ပင် ထူးခြားသည့် တက္ကသိုလတ
် စ်ခုပင်တည်း။ ကျောင်းဖွင့်စကဆိုလျှင် စာသင်သားများ
အတွက် စာသင်ခန်း အခက်အခဲ၊ စာသင်ပုန်း အခက်အခဲ၊ မြေဖြူ အခက်အခဲ၊ စာသင်ခုံများပင်
အလုံအလောက် မရှိသေးပေ။ ဆော့ပင် နှင့် ရေးရသည့် ဖိုက်ဖာ သင်ပုန်းများလည်း ကြားပင်
မကြားဖူးသေးချေ။ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်ပေါင်းစုံ ကျောင်းပေါင်းစုံတို့မှ တက္ကသိုလ်သို့ စာ
သင်ကြားရန် လာရောက်ကြသည့် စာသင်သားရဟန်းတော်များ၊ သာမဏေများနှင့် သီလရှင် ဆရာ
လေးများလည်း ဆိုင်ရာဆိုင်ရာ အခက်အခဲများကြားကနေ တက္ကသိုလ်ပညာရပ်များကို နေ့စဉ်လာ
ရောက်ကာ ပညာသင်ကြားဖော်ရသဖြင့် အနာဂတ်သာသနာတော်အတွက် မိမိတို့ ဆရာတော်များက
ပင် အလိုလိုလေးစား တန်ဖိုးထားနေမိသည်။ သဒ္ဓါနှင့် ပညာပန်းတို့ ပွင့်လေပြီတည်း။
ကျောင်း၏ထူးခြားသည့်အချက်မှာ နိုင်ငံတော်တက္ကသိုလ်များကဲ့သို့ entrance examination
ခေါ် တက္ကသိုလ်ဝင်ခွင့်အတွက် ရေးဖြေ နှုတ်ဖြေ စာမေးပွဲများလည်း ဖြေဆိုရခြင်း၊ အသက် သိက္ခာ ဝါ
အားဖြင့်လည်း ကန့်သတ်ချက် မထားပါပေ။ BA တန်းအတွက်တော့ နိုင်ငံတော်အစိုးရက သတ်မှတ်
ထားသည့် ပထမကြီးတန်းကို အောင်မြင်ထားရပါမည်။ မူရင်းအောင်လက်မှတ်နှင့် မိတ္တူဖြစ်စေ၊
အောင်မြင်ကြောင်း သက်ဆိုင်ရာ ကျောင်းတိုက်၏ ထောက်ခံချက်တို့ကို ကျောင်းသားရုံးခန်းတွင် ပူးတွဲ
တင်ပြရပါမည်။ ကျောင်းသားအတွက် မရှိမဖြစ် အရေးကြီးသည်မှာ ပညာသင်ကြားလိုသည့် ဇွဲတစ်ခု
သာရှိရပါမည်။ ကျောင်းစဖွင့်ကတည်းက လာရောက် ပညာသင်ကြားသည့် ကျောင်းသားဦးရေမှာ
လျော့သွားခြင်းမရှိ၊ တစ်နှစ်ထက်တစ်နှစ် ပိုတိုးတိုးလာသည်ကို တွေ့ရှိရသဖြင့် အောင်မြင်သည့်
တက္ကသိုလ်တစ်ခုဟု မှတ်ချက်ချရပေမည်။ ဆရာကြီး ဦးမြင့်ဆွေက မန္တလေးဗုဒ္ဓတက္ကသိုလ်၏
အတွေ့အကြုံအရ ပြောပြသည်မှာ “တပည့်တော် မန္တလေး ဥဂ္ဂါဇီဝဓမ္မာရုံမှာ ကျောင်းစတင် ဖွင့်လှစ်
တော့ တစ်မြို့လုံးက သံဃာတွေရော သီလရှင် ဆရာလေးတွေရော တော်တော်လေးများပါတယ်၊
ဓမ္မာရုံတောင် မဆန့်လို့ အခက်အခဲ တွေ့ခဲ့ရပါတယ်။ နေ့ရက်ပေါင်းတော်တော်လေး ရလာတော့
တဖြည်းဖြည်းနဲ့ လျော့သွားလိုက်တာ တကယ်တန်း စာမေးပွဲလည်းဖြေရော အပါးငါးဆယ်တောင်
မပြည့်တောတာ တွေ့ရကြောင်း”ဆိုပေ၏။ ဤသည်မှာ မန္တလေးနှင့် ရန်ကုန်တို့၏ ထူးခြားချက်ဟု
ဆိုနိုင်ပါ၏။ ရန်ကုန်ကကျောင်းသားများ၏ မန္တလေးထက် အားသာချက်မှာ သွားရေးလာရေး လွယ်ကူ
ချောမွေ့ခြင်း၊ ပင်ကိုယ်ကပင် ခေတ်ပညာ ဘက်လိုက်စားနေခြင်း စသည့်အချက်တို့ကြောင့်ပင်ဟု
အကဲခတ်မိပါသည်။ သို့သော် မန္တလေးမြို့သည်လည်း ခေတ်အဆက်ဆက်ကပင် အထူးအောင်မြင်
ကျော်ကြားခဲ့သည့် မြို့တစ်မြို့လည်းဖြစ်သည်။ ကျောင်းမြဲရေး စာပေဘက်စတ
ိဝင်စားရေးမှာ ပုဂ္ဂိုလ်
နှင့်သာ သက်ဆိုင်နေပေသည်။ တစ်ခါတစ်ခါ ဆရာကြီးက “ဦးဇင်းတွေအချို့က ဘွဲ့တွေနောက်လိုက်၊
ဘုန်းကြီးကြောင်း၊ တန်ခိုးကြီးကြောင်း နှင့် ကြွားဖို့ဝါဖို့ ဘက်သို့သာ လိုက်နေတော့တာ၊ စာပေဘက်မှာ
ရှေးတုန်းက ဆရာတော်ကြီးများနှင့် ပညာရှင်ကြီးများကဲ့သို့ အပတ်တကုတ် ကြိုးစားအားထုတ်သူ
နည်းနေတယ်၊ သာသနာအတွက် အားမရလိုက်တာ၊ ရင်လေးနေမိတယ်”ဟု မိမိတို့အား ပညာ တတ်
စေလိုသော၊ သာသနာတော်အပေါ်အား ကြည်ညိုလေးမြတ်သည့် စိတ်ထားဖြင့် ကရုဏာဒေါသော
ပြောမိတတ်သည်။ သံဃာတော်အများစုကတော့ ဆရာကြီး၏ လျောက်ထားချက်များကို ဗွေမယူကြ
ပေ။ သို့သော် သူ့တက္ကသိုလ်တွင် ထမ်းဆောင်နေကြသည့် စာရေးသူတို့ ဆရာများကတော့
အောင့်သက်သက်ဖြစ်လှသည်။ မိမိတို့အား သတိပေးနေသလို ဖြစ်နေပေသည်။ မိမိတို့ကိုယ်တိုင်
ဟမ်းဖုန်းလေး တကိုင်ကိုင် ဖြစ်နေလျှင်လည်း “ဒီကိုယ်တော်… လူထွက် တော့မယ်၊ ဒကာမလေး
တွေဆီ ဖုံးဆက်တော့မယ်၊ စာစိတ် သာသနာစိတ်ထားပါ”ဟု တပည့်များအား ကြွားဝါရေးမည်စိုး၍
စိုးရိမ်လေ့ရှိ၏။ ထို့ပြင် ဆရာကြီးက ငယ်ငယ်ရွယ်ရွယ်နှင့် ဘုန်းမကြီးသင့်ကြောင်း၊ ဘုန်းတွေကြီးလျှင်
ဆည်းကပ်ကိုးကွယ်မည့် ဒကာ ဒကာမတွေ ပေါများမည်ဖြစ်သဖြင့် ဘုန်းပိတတ်ကြောင်း မကြာခဏ
ပြောမိတတ်သည်။ တစ်ခါက ကျေးဇူးတော်ရင
ှ် မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီးအား အနီး
ကပ် ပြုစုလုပ်ကြွေးနေသည့် ဆရာဝန်ကြီး ဦးသာလှတွင် ပဉ္စင်းခံထားသော အင်မတန် ဉာဏ်ရည်
ထက်မြက်သည့် တိပိဋက တစ်ပုံဆောင် ရဟန်းတော်တစ်ပါးရှိ၏။ ထိုရဟန်းတော်အား တိပိဋကဓရ
ဆရာတော်မဖြစ်မီ ကျောင်းဆောက် ကိုးကွယ်မိသဖြင့် ထိုရဟန်းတော်လည်း ကိစ္စတွေများ ဘုန်းတွေ
ကြီးကာ တိပိဋကဓရ နှင့်ဝေးခဲ့ရကြောင်း ပြောပြခဲ့ဘူးသည်။ ထို့ကြောင့် ရှေးဆရာတော်ကြီးများက
စာသင်မည့် အရှင်သည် စာမတတ်မီ (၁) ကျောင်းထိုင်ခဲရမည်၊ (၂) စာချခဲရမည်၊ (၃) တရားဟောခဲရ
မည်ဟု ခဲသုံးခဲရှောင်ရေး လမ်းစဉ်ကို တပည့်များအတွက် ချမှတ်ပေးခြင်းပင်။ ဤကိစ္စများသည်
ရဟန်းတော်တစ်ပါးအတွက် ပလိဗောဓကို ပွါးစေသဖြင့် အထူးသတိပြုရမည့် အချက်သာတည်း။
ရန်ကုန်တွင် ဗုဒ္ဓတက္ကသိုလ်စဖွင့်တော့ တက္ကသိုလ်တွင် ရေရှည်တာဝန်ထမ်းဆောင်နိုင်မည့်
စိတ်ရှည်ဇွဲသန် သည်းခံနိုင်မည့် စာချဆရာတော်များအား ရွေးချယ်စေလွတ်ခဲ့သည်။ ထိုဆရာတော်
များတွင် ဆရာကြီး၏ လက်ရင်းတပည့်လည်းဖြစ်၊ သူ၏တက္ကသိုလ်မှ MA (Indo-Aryan) ဘွဲ့ရ
ပုဂ္ဂိုလ်များလည်းဖြစ်ကြသည့် ဦးဝိမလ၊ ဦးဣန္ဒာသိရီ၊ ဦးနန္ဒာစာရ တို့သုံးပါးပင်တည်း။ ထို့ပြင်
နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ(် မန္တလေး) ၌ ဆရာကြီး၏ တပည့်တော်ခဲ့သည့် စာရေးသူ
ကိုလည်း ကထိကတာဝန်များ ပေးအပ်လျက် သာသနာပြုစေခဲ့သည်။ စာရေးသူက အပြည်ပြည်ဆိုင်
ရာ ထေရဝါဒတက္ကသိုလ်မှ သွားရောက်၍ တစ်ပတ်လျှင်နှစ်ကြိမ် စာသင်ပေးရသည်။ အပြည်ပြည်
ဆိုင်ရာထေရဝါဒတက္ကသိုလ်မှ ယခု ဒေါက်တာ ဦးနောဓိဉာဏနှင့် ပြည်ထောင်စု တိုင်းရင်းသား လူမျိုး
များ စွမ်းရည်ဖွင့်ဖြိုးရေး ဒီဂရီကောလိပ်မှ ဆရာ ဦးမြသိန်းတို့မှာ တက္ကသိုလ်ဆရာစာရင်းတွင် ထည့်
ထားစေကာမူ အကြောင်းမညီညွှတ်သေးသဖြင့် သင်ကြားရေးတာဝန်များ မယူခဲ့သေးပေ။ ကျောင်းစ
တင်ဖွင့်လှစ်ပြီး ခြောက်လခန့်အကြာတွင် သံဃာတော်များအား စာပေများသင်ကြားပေးရန် မန္တလေး မှ
ကထိကဆရာတော် ဦးမာနိတရောက်ရှိလာသည်။ သူလည်း ခြောက်လကျော်ကျော် တစ်နှစ် နီးပါးခန့်
စာပေများကို အားတက်သရော ပို့ချပေးသည်။ အသင်အပြကောင်းသည်။ အားတက်သရော ရှိသည်။
စာကြားရေးတွင် ကျောင်းသားများ၏ကြည်ညိမှုကို ခံယူရရှိထားသူဖြစ်သည်။ သို့စေကာမူ နတ္ထိ
ခန္ဓသမာ ဒုက္ခာ=ခန္ဓာရှိလျှင် ဆင်းရဲ၏ ဆိုသည့်အတိုင်း မမျှော်လင့်ပဲ သူ့ခန္ဓာကိုယ်တွင် ကင်ဆာ
ရောဂါဖြစ်ပေါ်လာခဲ့သည်။ ရွှေညဝါဆရာတော်နှင့် ကျောင်းသားများက ငွေကုန်ကြေးကြခံလျက် အပြု
အစုများစွာ ကုသစေကာမူ ဘဝနတ်နန်းစံမြန်းခဲ့ရသည်။ ဗုဒ္ဓတက္ကသိုလ်အတွက် အာဇာနည် တိုက်စစ်
မှူးတစ်ယောက် ကွယ်ပျောက်ခဲ့ရသဖြင့် များစွာဝမ်းနည်းခဲ့ရသည်။ အရှင်ဘုရား ကောင်းရာ သုဂတိ
လားပါစေ။ ယင်းနောက် ယခုလက်ရှိ တာဝန်ထမ်းဆောင်နေသော ကထိကဆရာတော် ဦးပဏ္ဍဝံသ
လည်း ၂၀၀၅-ခုနှစ်တွင် ရောက်ရှိလာကြောင်းသိရသည်။
တက္ကသိုလ်ဖွင့်ပြီး နောက်တစ်နှစ်တွင် လူပုဂ္ဂိုလ်သာသနာပြုများ ပေါ်ထွက်ရေးဟူသည့် ရည်
ရွယ်ချက်များဖြင့် အသက်ကြီးမှ သာသနာ့ဘောင်သို့ ရောက်လာသည့် ရဟန်းတော်များ၊ သီလရှင်
ဆရာလေးများနှင့် ဗုဒ္ဓတရားတော်များအား စိတ်ဝင်စားကြသည့် လူပုဂ္ဂိုလ်တို့အတွက်လည်း အခြေခံ
ဒီပလိုမာတန်း (PABE) ကို ဖွင့်လှစ်ပေးခဲ့ရာ အောင်မြင်ခဲ့ပါသည်။ ယင်းသင်တန်းတွင် ပါဠိ၊ အဘိဓမ္မာ၊
ဗုဒ္ဓဘာသာအလင်းပြကျမ်း နှင့် အင်္ဂလိပ်စာပေတို့ကို အခြေခံမှစ၍ သင်ယူရသဖြင့် ကျောင်းသား
ကျောင်းသူများအတွက် အခက်အခဲမရှိလှချေ။ ယခုအခါတွင် ထိုနှစ်မှစ၍ ကျောင်းတက်ခဲ့သည့် စာ
သင်သားများလည်း မဟာတန်းသို့ပင် ရောက်ရှိနေပြီတည်း။ အခြေခံ ဒီပလိုမာတန်းဖွင့်စဉ်က စာရေး
သူ၏ မိတ်ဆွေရဟန်းတော် အရှင်ဝိစိတ္တသာရ (မော်ဒန်) လည်း ဧည့်ကထိကဆရာတော်အဖြစ်
သင်ကြားပေးခဲ့သေးသည်။ သူသည် ယခုအခါတွင် အိန္ဒိယနိုင်ငံ တိဘက်တန်တက္ကသိုလ်တွင် ပါဠိ
နည်းပြ ဆရာတော်အဖြစ် သာသနာပြုတာဝန်များကို ထမ်းဆောင်နေကြောင်းသိရပေသည်။
ဗုဒ္ဓတက္ကသိုလ်တွင် တစ်ခုထူးခြားသည်မှာ ပြဌာန်းချက်များအားလုံးကို ဆရာကြီး ဦးမြင့်ဆွေ
တစ်ဦးတည်းက သင်ရိုးညွှန်းတမ်းများ ရေးဆွဲကာ ကျောင်းသားများအား သင်ယူစေသည့် အချက်ပင်။
တစ်ချို့ကမူ ဆရာကြီးတစ်ယောက်ထည်းက စာပေများရေးသားပြီး ပြဌာန်းစေသဖြင့် အခြားပညာ
ရှင်များ၏စာပေများကို ဘေးဖယ်ထားစေသည်ဟု မြင်ကြ၏။ ထိုသို့မဟုတ်ပါ၊ ဆရာကြီး ရေးသားသည့်
စာပေ တော်တော်များမှာ ပိဋကတ်တော်လာမှတ်တမ်းများ၊ ပြည်တွင်းပြည်ပ နာမည်ကြီး စာရေးဆရာ
များ၏ စာအုပ်များအား ကိုယ်ပိုင်ရေးဟန်ဖြင့်ရေးသားခြင်း၊ ဘာသာပြန်ရေးသားထားခြင်းတို့ ပါဝင်ထား
သဖြင့် ကျောင်းသားများအတွက် စာပေဗဟုဿုတ တိုးပွားစေပါသည်။ တိမ်မြုပ်ပျောက်ကွယ်နေသည့်
တစ်ချို့သော ကျမ်းစာများပင် ပြန်လည်ဖော်ထုတ်ထားသည်။ ဆရာကြီးတစ်ဦးထည်းက စုပေါင်းရေး
သားရသဖြင့် ဆရာကြီးလည်း အတော်ပင် ပင်ပန်းရှာနေမည်မှာ အမှန်ပင်ဖြစ်ပေ၏။ ထို့ပြင် ဗုဒ္ဓ
တက္ကသိုလ်များ၌ စာသင်များအတွက် သီးခြားနေရာလည်းပေးမထားသဖြင့် အဝေးရောက် ကျောင်း
သားများသာဖြစ်၏။ သို့သော်လည်း ရန်ကုနတ
်ွင် ရွှေညဝါဆရာတော်ကမူ ကရုဏာသက်သဖြင့်
တစ်ချို့သံဃာတော်လေးများက ကျောင်းတက်ချင်သော်လည်း နေရာအခက်အခဲရှိသည့်အခါတွင်
ကျောင်းတွင်လည်း နေရာအလွတ်ရှိပေမူ လက်ခံပေးလေ့ရှိခြင်း၊ လက်ခံပြီးသား ကျောင်းသားရဟန်း
တော်၏တာဝန်မှာ စာကြိုးစားရမည်။ အကယ်၍ တက္ကသိုလ်ကကျင်းပသည့် အတန်းတင်စာမေးပွဲ
ကျရှုံးပါမူ ဆရာတော်၏ကျောင်းတွင် နေထိုင်ခွင့်လည်း ရရှိတော့မည်မဟုတ်တော့ချေ။ ဆရာတော်၏
ကျောင်းတွင်လည်း ငယ်၊လတ်၊ကြီး သံဃာတော်များနှင့်အတူနေ့စဉ် စာအံကျောင်းတက်ရသဖြင့်လည်း
စည်းကမ်းပိုင်း အရရော စာသင်သားများအတွက်ပါ ပညာရေးအလားအလာကောင်းပေသည်။
မိမိတို့ ဗုဒ္ဓတက္ကသိုလ်သည် စာသင်သားများအား တစ်နှစ်ကျောင်းတက်လျှင် တစ်နှစ်၊ ကျောင်း
သားတိုင်းအတွက် စာကျန်စေချင်သည်။ ထို့ကြောင့်လည်း ဆရာကြီးကိုယ်တိုင်က စောစောကပင်
နမူနာမေးခွန်းများအား ပေးဝေထားသည်။ သင်ပေးထားသည့် အခန်းတိုင်းတွင်လည်း မေးခွန်းများ
မေးထားသည်။ ဆရာတွေဘက်ကလည်း စာသင်များအား သင်ရိုးအကုန်သင်ပေးရသည်။ အပြန်
အလှန်ဆွေးနွေးရသည်။ အပတ်စဉ်ဖြေဆိုရသည်။ အောင်မြင်ချင်သည့်ကျောင်းသားများသည် ပြဌာန်း
ချက်များ သင်ရိုးများကို တကယ်တန်း ကြေကြေညက်ညက်ဖြစ်ပါမှ အောင်မြင်နိုင်ပါလိမ့်မည်။
ကျောင်းသားများအား ပွိုင့်ပေးထားခြင်းလည်း မဟုတ်ပေ။ ပေးထားသည့်မေးခွန်းနှင့် ဖြေရသည့်
အချိန်မှာလည်း ဆရာကြီးက စံချိန် ကိုက်စနစ်ကို သုံးထားသဖြင့် စာသင်များအတွက်လည်း ပေါ့ပေါ့
တန်တန်မဖြေရဲပေ။ ထို့ပြင် အောင်စာရင်းထွက်သည့်အခါတွင်လည်း ကျောင်းသားများအား ပထမ
ဆင့်၊ ဒုတိယဆင့်၊ တတိယဆင့် နှင့် သာမန်အဆင့် ဟူ၍ လေးဆင့် ခွဲခြားသတ်မှတ်ပေးထားသည်။
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ ပညာရေးအတွက်လိုအပ်သမျှကို ရွှေညဝါဆရာတော်ကပင် ရှာကြံ
ထောက်ပန့် ပေးထားသဖြင့် ဆရာများအတွက်လည်း နေရေးထိုင်ရေးကအစ မပူပင်ရပေ။ ဆရာတော်
က တက္ကသိုလ်၏ အကျိုးတော်ဆောင်ချုပ်သာမက ဒီပလိုမာတန်းတို့တွင်လည်း ကိုယ်တိုင်သင်ပြပေး
ခြင်းဖြင့် သာသနာပြုတော်မူသည်။ ဗုဒ္ဓတက္ကသိုလ်တွင် မရှိမဖြစ်ထားရှိရမည့် မော်ကွန်းထိန်းဌာနမှာမူ
သင်ကြားစီမံဆရာများက ကြီးကြပ်လျက် ကိုယ်တိုင်တာဝန်ယူရသည်။ သို့အတွက် ဆရာများလည်း
နှစ်စဉ် ပင်ပန်းခဲ့ရသည်။ သို့ဖြစ်၍ ဆရာများက စာပေသင်ကြားရေးတစ်ခုအတွက်သာမက ရုံးပိုင်း
ဆိုင်ရာအတွက်လည်း တာဝန်ပိုယူရသဖြင့်လည်း ကျောင်းသားများနှင့် အမြဲတွေ့ထိရကာ ပို၍
ရင်းနှီးစေသည်။ ယခုအခါတွင် မန္တလေးမှရောက်လာသည့် ကထိကဆရာတော်များအပါအဝင်
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်မှမွေးထုတ်ပေးခဲ့သည့် ကျောင်းသားများပင် နည်းပြဆရာတော်များ ဖြစ်နေ
ခဲ့ပြီတည်း။ ထို့ပြင် တက္ကသိုလ်၏ အသက်သွေးကြောဖြစ်သည့် တက္ကသိုလ်စာကြည့်တိုက်လည်း
ယခုအခါတွင် စတင်အကောင် အထည်ဖော်ထားသည်။ စာအုပ်စာပေများလည်း စုဆောင်း လျက်ရှိ
ပေသည်။ စာကြည့်တိုက် တည်ထောင်ခြင်းမှာ ကျောင်းသားများအတွက် သုတေသန (research)
လုပ်နိုင်ရေးအတွက် ပို၍အဆင်ပြေချောမွေ့စေမည်ဖြစ်သည်။ ရန်ကုန်ဗုဒ္ဓတက္ကသလ
ိုက လွန်ခဲ့သည့်
နှစ်နှစ်ကစတင်၍ အစိုးရတက္ကသိုလ်များနည်းတူ BA ဘွဲ့ယူစာတမ်းများကိုလည်း မြန်မာလို စာမျက်နှာ
(၃၀) ခန့် ရေးသားတင်သွင်းရသည်။ MA သုံးနှစ် ပြီးပါကလည်း အင်္ဂလိပ်လို စာမျက်နှာ (၅၀)
ခန့်လည်း ရေးသားရပေလိမ့်ဦးမည်ဖြစ်သည်။ ယင်းသည် စာပေအရေးအသားတော်စေရေးကို ဦးစား
ပေးရာရောက်ပါသည်။
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်မှ BA (Indo-Aryan) ဘွဲ့ရ ကျောင်းသားများလည်း ပြည်ပတက္ကသိုလ်
များဖြစ်သည့် ထိုင်း၊ သီရီလင်္ကာ နှင့် အိန္ဒိယ တက္ကသိုလ်များတွင် MA တန်းသို့ တက်ရောက်ကာ
ဆက်လက်၍ ပညာသင်ယူနေကြလျက်ရှိသည်။ ထို့ပြင် ဘွဲ့ရပြီးသည့် ရဟန်းတော်များ နှင့် ဘွဲ့မရ
သေးသည့် ရဟန်းတော်များ၊ သီလရှင်ဆရာလေးများနှင့် လူပုဂ္ဂိုလ်များက နှစ်စဉ်နွေရာသီတွင်
နီးစပ်ရာ ဒေသအသီးသီးသို့ သွားရောက်ကာ ကျောင်းသား ကျောင်းသူတို့အား ရပ်ကွက် ကျေးရွာ
ဆရာတော်များ၊ လူကြီးမိဘများနှင့် ကျောင်းသားမိဘတို့၏ ခွင့်ပြုချက်၊ အားပေးချက်တို့ကို ရယူလျက်
နွေရာသီ ဗုဒ္ဓဓမ္မယဉ်ကျေးမှုသင်တန်းတို့ကိုလည်း ရက်တိုရက်ရှည် ဖွင့်လှစ်သင်ကြားပေးနေပါသည်။
ယင်းသင်တန်းတွင် ဗုဒ္ဓဘာသာစာပေများသာမက အင်္ဂလိပ်စာကိုပါ တွဲဘက်၍ သင်ကြားပေးသဖြင့်
ကျောင်းသား ကျောင်းသူများအတွက် အကျိုးရှိစေပါသည်။ ထို့ပြင် နိုင်ငံတကာ တက္ကသိုလ်များနည်း
တူ သင်ကြားရေး၊ စီမံခန့်ခွဲရေး၊ ပူးပေါင်းလုပ်ဆောင်ရေး၊ သုတေသနနှင့် ကျမ်းပြုဌာနများထားရှိရေး
နှင့် နိုင်ငံတကာအတွေ့အကြုံများရအောင်လည်း ကြိုးစားရပေဦးတော့မည်။
“စိတ်ကောင်း-စာတတ်၊အကျင့်မြတ်၊ပြုလတ်သာသနာ”။
အရှင်ပဏ္ဍိတသိရီ (ထေရဝါဒ)
(8.3.2011)

You might also like