အမကြီး မခင်မာအေး သို့ အမှတ်တရ

You might also like

Download as pdf or txt
Download as pdf or txt
You are on page 1of 16

အမကြီး မခင်မာအေး သို့ အမှတ်တရ -

( ဝင်းတင့်ထွန်း )

(၁) ဧပြီလထဲ ရောက်ကတည်းက ပိတောက်ရိပ် ပိတောက်ရောင်နဲ့ ပိတောက်ပန်းတွေကို ကြိုတင်သတိရမိနေပါတယ်၊၊ ပိတောက်တွေန့အတူ ပိတောက်တွေကြားက ငုဝါ တွေရဲ့ အားနဲ့မာန်နဲ့ ဖူးပွင့်ဝေစည်နေကြပုံတွေကိုလဲ မြင်ယောင်မိနေပါတယ်၊၊ ပိတောက်ပန်းလို့ ပြောလိုက်တာနဲ့ တာသင်္ကြန်နဲ့ နှစ်ကူးချိန်ကို ပြေးပြီးမြင်မိတတ်ကြသလို၊ ပိတောက်ပန်းကို ဗမာ့ပန်း ရိုးရာပန်းအဖြစ်လဲ မြင်မိ ခံစားမိနေတတ်လေ့ရှိပါတယ်၊၊ လှပမွှေးမြလှတဲ့ ချစ်စရာ့သဘာဝအလှပန်းတမျိုးအဖြစ်ထက် ရိုးရာယဉ်ကျေးမှုတွေနဲ့ပါ ဆက်နွှယ်နေ တဲ့ ဗမာ့အမျိုးသားရေးသင်္ကေတပန်းတခုအဖြစ်န့ပါ မြတ်မြတ်နိုးနိုဲး တန်ဖိုးထားမိနေကြပါတယ်၊၊ ပိတောက်ကို ဗမာ့ပန်းအဖြစ် ပိတောက်ချစ် သူ ဗမာနိုင်ငံသားတွေကသာမက နိုင်ငံခြားသားတချို့ ကပါ နားလည်လက်ခံထားကြပါတယ်၊၊ စာပေအနုပညာနယ်မှာဆိုရင် - နတ်သျှင်နောင်၊ ဦးကြင်ဥ တို့ ရဲ့ ပိတောက်ကနေ၊ ဆရာဇော်ဂျီ ၊ ဆရာတာရာ၊ ဆရာတင်မိုးတို့ ရဲ့ ပိတောက်တွေအထိ မွှေးမြ ကြိုင်လန်းနေဆဲ ဖြစ်ရုံသာမက၊ နိုင်ငံခြားသားတယောက်ဖြစ်တဲ့ ‘နီရူ ဒါ’ ရဲ့ ပိတောက်ကလဲ ဗမာပိတောက်ပဲဖြစ်တ့အပြင်ဲ သင်းသင်းပျံ့ပျံ့ နဲ့ လှပထုံရီ နေဆဲဖြစ်ပါတယ်၊၊ ပိတောက်တွေနဲ့ အတူ ပိတောက်တွေလိုပဲ အုံန့ကျင်းနဲ့ အားနဲ့မာန်နဲ့ အစွမ်းကုန်ဖူးပွင့်ဝေစည်ပြတတ်တာကတော့ ငုဝါတွေ ပါပဲ၊၊ ပိတောက် ရွှေဝါ နဲ့ ငုဝါ ရွှေရည်တွေရဲ့ ရွှေဝါရောင်အလှဟာ တတောလုံး တတောင်လုံး တနိုင်ငံလုံးကိုသာမက တလောကလုံးကိုပါ ရွှေရောင်ခြယ်ပေးနေ ကြသလိုပါပဲ၊၊ အပွင့်ပွင့်ရမယ့်အချိန် အစွမ်းကုန်ဖူးပွင့်ပြရတော့မယ့်အချိန် ရောက်ပြီဆိုရင်၊ ပိတောက်ရော ငုဝါ ဟာ အားနဲ့မာန်နဲ့ ပင်လုံးကျွတ် အောင် ဝေဝေဆာဆာ ဖူးပွင့်ဝေစည်ပြကြလေ့ရှိတဲ့ ပန်းတွေဖြစ်ရုံ မက၊ သူတို့ ရဲ့ ပင်ကိုအရောင် ရွှေဝါရောင်သိင်္ဂီအလင်းနဲ့  ဝင်းပထိန်ဝေသွား

အောင် လွှမ်းခြုံ ဖြန့် ကျင်းပစ်နိုင်လေ့ရှိပါတယ်၊၊ ပိတောက်ကလဲ ရွှေဝါရောင်၊ ငုကလဲ ရွှေဝါရောင်ပါပဲ၊၊ ပိတောက်ရဲ့ ရွှေဝါရောင်ကလဲ ချစ်စရာ ကောင်းသလို ငုရဲ့ ရွှေဝါရောင်ကလဲ ချစ်စရာကောင်းပါတယ်၊၊ ဒါပေမဲ့ ပိတောက်ကို စာဖွဲ့ ကြသူ များသလောက် ငုဝါကို စာဖြွဲ့ ကသူတွေကတော့ နည်းပါးနေသေးသလို ခံစားရပါတယ်၊၊ လမ်းတလျှောက်သင်းနိုင်တဲ့ ပန်းပိတောက်မင်းမဟုတ်ပေမဲ့၊ ရွှေဝါရောင်ဖြန့်ခင်းပြကြရာမှာ ငုဝါတွေရဲ့ အားမာန်ဟာ ပန်းပိတောက်ရဲ့ အားမာန်ထက်တော့ မယုတ်မလျော့ မနည်းမပါးတာ မြင်တတ်သူတိုင်း သိပါတယ်၊၊ ပိတောက်နဲ့ငုဝါဟာ ကျနော်တို့နိုင်ငံမှာ နွေမှာပွင့်တဲ့ နွေပွင့်ပန်းပါ၊၊ နွေထဲမှာ တခြားတခြားသော ပန်းတွေတော်တော်များများ မဖူးနိုင် မပွင့်နိုင် အပွင့်ကျဲနေရ ဆဲသမယမှာပဲ၊ ကိုင်းလုံးညွှတ် ပင်လုံးကျွတ်အောင် ဇွဲန့မာန်န့ဖူးပြဲ ဝေပြ ပွင့်ပြလိုက်နိုင်တဲ့ အပွင့်ရဲတဲ့ပန်း နွေထဲကပန်း တကယ့်ပန်းတွေကတော့ ပိတောက်နဲ့ငုတွေ ပါပဲ၊၊ ‘ ပိတောက် နဲ့ ငု နွေမှာ လှိုင်တယ် ၊ ခမောက်နဲ့  စု မေမှာ နိုင်မယ် ’ ဆိုတဲ့ ၁၉၉ဝပြည့် နွေဦးတုန်းက အသံတွေကို ပြန်လည်ကြား ယောင်နေမိရင်း၊ ၂ဝဝဂ ခုနှစ် မျက်မှောက်နွေဦးအတွက် ကြွေးကြော်သံ တွေကို နားစွင့်နေမိပါတယ်၊၊ ၁၉၉ဝပြည့်နှစ် နွေဦးတုန်းကတော့ မေလမှာ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပတော့မယ်လို့ စစ်အစိုးရက ကျေညာထားတဲ့ကာလ မဟုတ်လား၊၊ မဲတွေ ကွမသွားစေဖို့ ၊ နဝတနဲ့ ပုလင်းတူ ဗူးဆို့ မဆလတဖြစ်လဲ တစညတွေကို စီးချင်းထိုးပြီဲး တခဲနက်အနိုင်ယူနိုင်ဖို့ တပြည်လုံးကပြည်သူတွေ နိုင်ငံရေးရေချိန်အပြည့်နဲ့ တာစူနေကြချိန်မှာ ‘ပိတောက်နဲ့ ငု နွေမှာလှိုင်တယ် ’ဆိုတဲ့ ဆရာဂျမ်း(ဆရာတင်မိုး)ရဲ့  ကဗျာနံ့သင်းသင်းဆောင် ပုဒ်ကြွေးကြော်သံဟာ အချိန်ကိုက်ကလေး ထွက်ပေါ်လာနိုင်ခ့တယ်မဟုတ်လား၊၊ ဒီနှစ်ဲ နွေဦးမှာတော့ ဆရာ၈ျမ်းလဲ မရှိတော့၊၊ ၁၉၉ဝပြည့် နွေဦးတုန်းကတော့ ‘နိုင်တ့သူကို အာဏာအပ်လိုက်မှာပေါ့ ’ဆိုတဲ့ စစ်အုပ်စုဟာ၊ စစ်အုပ်စုပီပီ သစ္စာမရှိ ကတိမတည် တဲ့ အပြင်၊ အမျိုးမျိုးယုတ်မာ အမျိုးမျိုးစုတ်ပဲ့ သောက်ရှက်မရှိ မျက်နှာပြောင်တိုက်ပြီး အာဏာကို အပ်ဖို့နေနေသာသာ သူခိုးက လူလူဟစ်ပြီး ‘နောက်တခါ လာပြန်ပြီ ဗျို့ ’ဆိုတဲ့ ညစ်နည်းပဒေသာလမ်းစဉ်အတိုင်း၊ သူတို့ စိတ်ကြိုက် သူတို့ ရေးချင်သလို ရေးထားတဲ့ ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုတာကြီးကို အတင်းရောအဓမ္မပါ မဟားဒယားလုပ် အတည်ပြု ဖို့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကြီးဆိုတာကို ဒီနှစ်နွေဦးထဲမှာပဲ

လက်တွေ့ အကောင်အထည်ဖေါ်ဖို့ အဆင်သင့်ပြင်ဆင်ထားပြီးပြီ ဖြစ်ပါတယ်၊၊ စကားကျယ်ကျယ် ပြောလို့ရရုံ လောက်က လွဲလို့ ဘာမှ တူတူ တန်တန်လုပ်မပေးနိုင်သလိုဖြစ်နေတဲ့ ကုလသမဂ္ဂ ဆိုတာကြီးနဲ့၊ ဗမာပြည်ကြီး ဒုက္ခတွေ ဗလပွေ ဖြစ်ရင်း ငတ်ကြပြတ်ကြသေကြကြေကြတာ တွေဖြစ်ပြီး မသာအိမ်ကြီးအဖြစ် ကာလကြာကြာဖြစ်နေလေ- မသာအိမ်မှာ ဖဲဒိုင်ခံစားချင်ကြတဲ့၊ ဈေးပေါပေါနဲ့ အိမ်တိုင်ချွတ်ဝယ်လိုကြတဲ့ ကိုယ့်အကျိုးပဲကိုယ်ကြည့် ကိုယ်ကျိုးစီးပွား အမျိုးသားအကျိုးစီးပွားဆိုတဲ့ အိမ်နီးပါးချင်းအတ္တကြီးသူတွေရဲ့ စစ်အုပ်စုဖက်က (လက်တွေ့အား ဖြင့်)ရပ်တည်ဝန်းရံပေးနေကြမှုတွေအောက်မှာ၊ နအဖ ရဲ့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကြီးဆိုတာကို သပိတ်မှောက်ပစ်လို့လဲ မရ အနေအထား နဲ့ ကျနော်တို့ဗမာပြည်သူတွေထပ်မံ ရင်ဆိုင်နေရပါတယ်၊၊ ၁၉၉ဝပြည့်နှစ် နွေတုန်းက မေလမှာ ကျင်းပမယ်ဆိုတဲ့ ပြည်လုံးကျွတ်ပါတီစုံဒီမိုက ရေစီ အထွေထွေရွေးကောက်ပွဲကြီး-ဆိုတာနဲ့ကြုံတွေ့ခ့ရ ပြီး၊ ဒီနှစ် ၂ဝဝဂဲ ခုနှစ်နွေဦးမျက်မှောက်ကာလမှာတော့ - မေလမှာပဲ ကျင်းပမယ်လို့  ညစ်နည်းပဒေသာနဲ့ပြင်ဆင်ထားပြန်လေတဲ့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဆိုတာကြီးနဲ့ နဖူးတွေ့ ဒူးတွေ့ရင်ဆိုင်နေကြရ ပြန်ပါတယ်၊၊ ဒီလိုအချိန် ဒီလို သမယကြီးမှာ ဧပြီလဆန်းကတည်းက ပိတောက်နဲ့ငုတွေအကြောင်း ရင်လှိုင်းခုန်ခုန်န့စဉ်းစားနေမိခဲ့ပါတယ်၊၊ဲ ဒီလိုအချိန်မှာပဲ ဧပြီလဆန်း(၇)ရက်နေ့မှာပဲ အမေလူထုဒေါ်အမာ ကွယ်လွန်သွားရတဲ့သတင်း ကြေကြေကွဲကွဲ ကြားနာဆို့နင့်ခ့ရပါတယ်၊၊ဲ အမေလူထုဒေါ်အမာ ရဲ့ ရုပ်ကလာပ်ကိုမီးသြ၈ိင်္ုလ်ပြီး ဧရာဝတီမြစ်ရေကြော ပြာမျှောပြီးနောက်မကြာမီမှာပဲ၊ ဧပြီလ (၁၁)ရက်နေ့ညမှာပဲ ရင်နင့်စရာ ဆုံးပါးသွားရ ပြန်သူ တဦး ရှိခြဲ့ ပန်ပါတယ်၊၊ အမေလူထုဒေါ်အမာလို တိုင်းသိပြည်သိ နိုင်ငံတခုလုံးကသိသူ မဟုတ်ရပေမဲ့၊ နိုင်ငံနြဲ့ ပည်သူအတွက် ထမ်းရွက်နိုင်သမျှ ထမ်းရွက်သွားခဲ့လေသူ၊ စစ်အာဏာရှင်စနစ်ကို ဘဝတာတလျောက်လုံး နောက်ဆုံးနှလုံးသွေးခုန်သံအထိ အားမာန်ရှိသမျှ တွန်း လှန်တိုက်ဖျက် ဆန့်ကျင်တိုက်ပွဲဆင်သွားခဲ့လေသူ၊ တော်လှန်ပြည်သူတွေထဲက တော်လှန်ပြည်သူအစစ်တယောက်ဖြစ်ခဲ့လေသူ၊ တန်ဖိုးရှိလှသူ၊ မှတ်တမ်းတင်ဂုဏ်ပြုရမယ့်သူဆိုတာကတော့၊ သေချာခဲ့ပါတယ်၊၊ အဲဒီသူ ကတော့ - ကျနော်တို့ရ့အမကြီး၊ ကျနော်တို့တွေရ့အမကြီး ‘မခင်မာအေး’ ပါ ပဲ၊၊ဲ (၂)

အမကြီး မခင်မာအေးကို ကျနော် ပထမဆုံး စတင်ဆုံစည်းခဲ့ရတဲ့နေရာကတော့၊ နာမည်ကျော်အင်းစိန်ထောင်ဗူးဝကြီးဘေးက ‘အထူးတရားရုံး’ လို့ဆိုတဲ့ အထူးမတရားရုံးကြီးထဲမှာ ပါ ၊၊ မဆလတပါတီအာဏာရှင်စနစ်နဲ့ မဆလစစ်အစိုးရကို ဆန့်ကျင်ခြားနားခဲ့ကြတဲ့ ကျနော်တို့ နိုင်ငံရေးသမားတသီကြီးကို ထောင်ချပစ်ဖို့အတွက် အထူးတရားဆိုတာမှာ ရုံးတင်တရားစွဆိုနေတုန်း၊ ရုံးထုတ်ရက်တရက်မှဲာ အမကြီးမခင်မာအေးနဲ့ စတင်တွေ့ဆုံခ့ရ ဖူးတာဖြစ်ပါတယ်၊၊ ကျနော်တို့လိုပဲ တရားခံတယောက်အဖြစ် ရုံးတင်တရားစွဆိုထားခြင်းခံရတဲ့၊ အမဲ ကြီးရဲ့ ခင်ပွန်းသည် အကိုကြီးကိုလှရွှေ ကို တရားရုံးထုတ်လာတွေ့ရင်းက၊ ထောင်ဝင်စာပုံမှန် မရှိ ၊ လာတွေ့မယ့်သူ ပုံမှန်မရှိတဲ့ ကျနော့်ကိုလဲ အမကြီးက တခုတ်တရ လာတွေ့ပြီး ထောင်ဝင်စာပါဆယ်အိတ်လေးတအိတ်ကို ပေးသွားခဲ့ရင်းက စတင်သိကျွမ်းခဲ့ရတာ ဖြစ်ပါတယ်၊၊ ကျနော် ထောင်က ထွက်လာပြီးတဲ့နောက်ပိုင်းမှာတော့၊ အမကြီးမခင်မာအေးနဲ့အကိုကြီးကိုလှရွှေ တို့ရဲ့ သင်္ကန်းကျွန်းက အိမ်ကလေး ဟာ ခြေသလုံးအိမ်တိုင်သမားဖြစ်တဲ့ ကျနော့်ရဲ့ မကြာခဏဝင်ထွက်နားနေရာ စားအိမ်သောက်အိမ်တခု ဖြစ်လာခဲ့ပါတယ်၊၊ အင်မတန်သဘော ပြည့်ဝလှတ့အမကြီးဟာ ကျနော့်အပေါ် အမရင်းသဖွယ်ဖြစ်ခဲ့ရုံမကဲ စာအကြောင်းပေအကြောင်း နိုင်ငံရေးအကြောင်းပါမကျန် ဆွေးနွေးဖေါ် ဆွေး နွေးဖက်သဖွယ်လဲ ဖြစ်ခ့ပါတယ်၊၊ အမက စာဖတ်ဝါသနာထုံသူသာမက စာရေဲး ကဗျာရေးဖို့အထိလဲ ဝါသနာကြီးခဲ့သူဖြစ်တ့အတွက် ကျနော်နဲ့ လဲ တော်တော်ကို လေပေးဖြောင့်ခ့သလို၊ ကျနော့်အပေါ်လဲ တော်တော်ကိဲု စေတနာထားခဲ့တာတွေ ရှိခ့ပါတယ်၊၊ အမကြီးက ဗလာစာအုပ်ကြီဲး တအုပ်နဲ့ အပြည့်နီးပါး ရေးသားထားတဲ့ သူ့ရဲ့ ကဗျာတွေကိုလဲ ကျနော့်ကို ပေးဖတ်တ့အတွက်၊ဲ ဟိုး လွန်ခ့တ့နှစ်ပေါင်းများစွာကတည်းက အမကြီဲးဲ ရဲ့ ရင်ထဲက လက်မွန်မဆွကဗျာတွေကို ကျနော် မှတ်မှတ်သားသားဖတ်ခဲ့ရဖူးပါတယ်၊၊ ခွပ်ဒေါင်းခံစားချက် ပြည်သူခံစားချက်နဲ့ သူ့ ဟာသူ စပ်ဆို သီဖွ့ထားခဲ့တဲ့ အမကြီးရဲ့ နှလုံးသားထဲက ကဗျာတွေပါ ၊၊ အားလုံးနီးပါးဟဲာ ဘယ်စာစောင်စာနယ်ဇင်းတွေထဲမှာမှ မဖေါ်ပြခဲ့ဖူး မပေးပို့ဖူးသေးတဲ့ ကဗျာတွေပါ ၊၊ ကျနော်ကလဲ အဲဒီတုန်းက ကျနော်ရေးဖြစ်ခဲ့တဲ့ ကဗျာလေးတွေ မှန်သမျှကိုတော့ အမကြီးကို ပေးဖတ်ခ့ပါတယ်၊၊ အနုပညာငွေ့ရည်ဲ ဖွ့တည်ကိန်းအောင်းပြီးသား ဖြစ်တဲ့ အမကြီးရဲ့လက်ရာလေးတွေတချို့ကိဲု ဖျတ်ကနဲမြင်လိုက်ရဖူးတဲ့ကျနော်ကလဲ အမကြီးကို ကဗျာတွေ စာတွေ

ရေးရုံမက စာစောင်စာနယ်ဇင်းတွေကိုလဲ ပေးကြည့်ပို့ကြည့်ဖို့ တိုက်တွန်းအားပေးကြည့်ခ့ဖူးပါတယ်၊၊ အကိုကြီးဦးညိုဝင်းရဲ့ ဇနီး ဒေါ်စန်း ကဲ ‘မစန်းပွင့်’၊ အကိုကြီးကိုတင်မောင်ဝင်းရဲ့ ဇနီး မကြူ က ‘ခင်လှိုင်ကြူ’ ဆိုတဲ့ အမျိုးသမီး ကလောင်ရှင်ကြီးတွေ ဖြစ်နေကြပြီး ၊ အမကြီးနဲ့လဲ ရင်းနှီးခင်မင်ခြဲ့ ကပြီးသားတွေ ဆိုတော့၊ အမကြီးမခင်မာအေးကိုလဲ အဲဒီလိုပဲ ရေးလက်ရှိတဲ့ အမျိုးသမီးကလောင်ရှင်တဦးအဖြစ် ဖြစ်စေချင်နေခဲ့မိ ပါတယ်၊၊ အဲဒီလို စာရေးဖို့ ကျနော်က တိုက်တိုက်တွန်းတွန်းပြောမိလေတိုင်း အမကြီးကတော့ ခပ်ဖွဖွလေးပြုံးနေလေ့ ရှိပါတယ်၊၊ အမကြီးမခင်မာအေးဟာ စကားပြောတဲ့အခါလဲ နာမည်နဲ့လိုက်အောင် လေသံအေးအေးလေးနဲ့ ပြောလေ့ရှိပါတယ်၊၊ ပုံပန်းသဏ္ဍာန်ကလဲ တကယ့်ကို အေးအေးဆေးဆေးနဲ့သိမ်သိမ်မွေ့မွေ့ပျော့ပျော့ပျောင်းပျောင်း ရှိလှပါတယ်၊၊ ဒါပေမဲ့ အေးအေးဆေးဆေးရှိ မှု ရဲ့ နောက်မှာ တည်တည် ငြိမ်ငြိမ်ရှိ မှုတွေ တသားတည်းကပ်ပါနေပြီး၊ သိမ်မွေ့ပျော့ပျောင်းမှုတွေရဲ့ နောက်မှာလဲ ပြတ်သားမှု နဲ့ခိုင်မာမှုတွေ လေးလေးနက်နက်ရှိနေခဲ့တာ ကိုတော့ လူတိုင်းသိကြလိမ့်မယ် မထင်ပါ၊၊ မခင်မာအေးဟာ တက္ကသိုလ်ကျောင်းသူဘဝကတည်းက ကျောင်းသားသမ၈္ဂ တကသလှုပ်ရှားမှုတွေနဲ့ အတူရှိနေခဲ့ပြီး၊ တက်ကြွတဲ့ နီမြတဲ့ ခွပ်ဒေါင်းကျောင်းသူတဦးဖြစ်ခဲ့တာ၊ ၁၉၆ဝပြည့်နှစ်တဝိုက် ဗကသ၊ တကသ ကျောင်းသားခေါင်းဆောင်တွေအားလုံးလိုလိုကတော့ သိကြပြီးသား အသိအမှတ်ပြုခဲ့ကြပြီးသား ဖြစ်ပါလိမ့်မယ်၊၊ ၁၉၆၂ ခုနှစ် ဇူလိုင်(၇)ရက်အရေးတော်ပုံကြီး ပေါ်ပေါက်ခါနီးဆဲဆဲမှာပဲ တကသကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ အကိုကြီးကိုလှရွှေ နဲ့နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးအိမ်ထောင်ပြု ခဲ့ပြီး၊ ကိုလှရွှေ တောခိုသွားရပြီးတဲ့နောက်ပိုင်းမှာ မိန်းမသားပေမဲ့ ကိုယ့်ရပ်တည်ချက်ကိုယ် ခိုင်ခိုင်မာမာဆုပ်ကိုင်ရပ်တည်ခ့ရင်း နိုင်ငံရေးစိတ်ဓါတ်အပြည့်ဲ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး တော်လှန်ရေးဝိဉာဉ်အတိနဲ့ လက်တွေ့နေထိုင်လှုပ်ရှားဖေါ်ပြခဲ့ပါတယ်၊၊ ၁၉၆၇ခုနှစ်ထဲမှာ လက်နက်ချ သစ္စာဖေါက် ဘခက်တို့ရဲ့ လက်ချက်နဲ့ မခင်မာအေး အဖမ်းခံခ့ရ ပါတယ်၊၊ ဒေါ်ဒေါ် ဒေါ်ကြည်ကြည်၊ အမကြီးမခင်ဲ တင့် ( ကိုလှတင်အောင် ရဲ့ ဇနီး )တို့န့အတူ အမကြီးမခင်မာအေးလဲ၊ဲ နာမည်ဆိုးနဲ့ကျော်ကြားလှတဲ့ နာမည်ကျော် ရေကြည်အိုင် ညှဉ်းပန်းနှိပ်စက်ရေး စခန်းထဲမှာ ဖမ်းဆီးထိန်းသိမ်းခံခ့ရပါတယ်၊၊ မိန်းမသားပေမဲ့ ရေကြည်အိုင်ထဲမှဲာ (၅)နှစ်လောက်တောင် နေခဲ့ရဖူးသူ ဖြစ်ပါတယ်၊၊

၁၉၇၂ ခုနှစ်လောက်က စပြီး၊ အကိုကြီးကိုလှရွှေ နဲ့ ပြန်လည်အတူနေထိုင်ခွင့် တကျော့ပြန်ရရှိခြဲ့ ကပြီးတဲ့နောက် သင်္ကန်းကျွန်းဖက်မှာ ကြက်ခြံ လေးတည်ပြီးအသက်မွေးခဲ့ကြပါတယ်၊၊ ၁၉၈၂ ခုနှစ်မှာ အကိုကြီးကိုလှရွှေလဲ ကျနော်တို့တွေန့အတူ အဖမ်းခံရ ထောင်ကျရချိန်မှာ အမကြီးဟဲာ သားနှစ်ယောက် ( ဆက်နိုင် ၊ ဆက်ခိုင် )နဲ့သမီးလေးတယောက်(နေခြည်)ကို ရင်အုပ်မကွာ ထိန်းသိမ်းစောင့်ရှောက်ရင်းက နိုင်ငံရေး၈ုဏ်သိက္ခာရှိရှိ နဲ့ ခေါင်းမော့်မပျက် ရုန်းကန်လှုပ်ရှားနေထိုင်ခဲ့ပါတယ်၊၊ ကျနော်တို့ထောင်ကျနေရစဉ်တလျောက်လုံးမှာလဲ အကိုကြီးကိုလှရွှေဆီကတဆင့် အမကြီးရဲ့ နောက်ခံသမိုင်းကြောင်းတွေကို အကြောင်းအားလျော်စွာ ကျနော်တို့တွေ ကြားသိနေခဲ့ရရင်း၊ ရင်းနှီးနေခဲ့ရရာက ကျနော်ကိုယ်တိုင် ထောင်ကထွက် လာနိုင်ခ့တ့အခါမှာတော့၊ အမကြီးရဲ့အိမ်ဟာ ကျနော့်ရဲ့ ဝင်ထွက်ခိုနားစားသောက်ရာအိမ်တအိမ်ဖြစ်လာခဲ့ရ ရုံမက အချိန်တိုကာလတခုအတွင်းမှာ အမကြီးနဲ့ကျနော်ဟာ မောင်နှမရင်းခြာသဖွယ်ဖြစ်လာခဲ့ရပါတယ်၊၊ သင်္ကန်းကျွန်းထဲမှာ ကျနော် ဝင်ချင်သလိုဝင် ထွက်ချင်သလို ထွက်၊ ကျနော့်အတွက် တံခါးမရှိ ဓါးမရှိတ့အိမ် သုံးအိမ်ရှိရာမှာ၊ ကျနော့်အင်းကျီ အဝတ်အစားထုပ်ပါ ထားရဲာ ကိုဇင်လင်းရဲ့ အိမ်နဲ့ ဗိုလ်ဓမ္မကြီးအိမ်ပြီးရင်၊ အမကြီးမခင်မာအေး ရဲ့အိမ်ဟာလဲ ထိပ်ဆုံးနေရာက ပါခဲ့ပါတယ်၊၊ ရှစ်လေးလုံးအရေးတော်ပုံကာလကြီးအတွင်းမှာတော့ အကိုကြီးကိုလှရွှေနဲ့ အတွဲများရင်း၊ အမကြီးတို့အိမ် မှာပဲ အိပ်ဖြစ်ခ့တာတွေလဲ တော်တော်များပါတယ်၊၊ အရေးတော်ပုံကာလကြီးအတွင်ဲး ညနက်သန်ကောင်အထိ နိုင်ငံရေးကိစ္စတွေအကြောင်း နိုင်ငံရေး လှုပ်ရှားမှုတွေအကြောင်း လေးလေးနက်နက်ပြောကြဆိုကြအမြင်ဖလှယ်ကြရာ စကားဝိုင်းတွေထဲမှာ အမကြီးလဲ တက်တက်ကြွကြွပါဝင်ခဲ့ပါတယ်၊၊ တကယ်က ၁၉၆ဝခုနှစ်တဝိုက် ကျောင်းသားသမ၈္ဂ၊ တကသ၊ ဗကသ လှုပ်ရှားမှုတွေထဲရောက်မှ အမကြီးဟာ နိုင်ငံရေးနဲ့ထဲထဲဝင်ဝင်ထိတွေ့ပါဝင်ခ့ရဲ တယ်ဆိုပေမဲ့၊ နိုင်ငံရေးနဲ့ သိပ် စိမ်းလှသူမျိုးတော့ မဟုတ်ပါ၊၊ အမကြီးရဲ့အဖေဟာ သခင်ဘသောင်းပါ၊၊ တို့ဗမာအစည်းအရုံးကို စတင်တည်ထောင်သူ သခင်ဘသောင်းနဲ့နာမည်တူဖြစ်နေတဲ့အတွက် တောင်ငူသခင်ဘသောင်း၊ သံတောင်သခင်ဘသောင်းလို့ ကွဲကွဲပြားပြားဖြစ်အောင် ခွဲပြီးခေါ်ကြပါတယ်၊၊ ဖဆပလခေတ်က စစ်တပ်ကြိုက်အမတ်လောင်းနဲ့ ယှဉ်ပြီး သခင်ဘသောင်းလဲ အမတ်လောင်းအဖြစ် ဝင်အရွေးခံခ့ဖူးတယ် ဆိုပါတယ်၊၊ စစ်တပ်ကြိုက်ဲ ထက် သခင်ဘသောင်းက မဲတွေ ပိုရနေတုန်းမှာ မကြေနပ်နိုင်တ့စစ်တပ်က မဲရုံမပိတ်ခင်မှာပဲ မဲရုံတွေပေါ် သေနတ်တွေ လက်နက်ကြီးတွေနဲ့ ကျော်ပစ်

ပြီးဝင်လာရင်း သခင်ဘသောင်းရဲ့မဲပုံးထဲက မဲတွေကို ခပေါင်းချောင်းထဲ မျှောပစ်လိုက်တာ ခံခ့ရဖူးတယ်လို့ ကြားမိဖူးသလိုလို ရှိပါတယ်၊၊ဲ အမေ့ဖက်ကလား၊ အဖေ့ဖက်ကလား၊ နှစ်ဖက်စလုံးဖက်ကပဲလား-ဆိုတာ ကောင်းကောင်းမကွဲပြားတော့ပေမဲ့၊ အမကြီးဟာ ပအိုဝ့်သွေးပါသူ တယောက်ဆိုတာကိုလဲ ကျနော်မှတ်မိနေပါတယ်၊၊ အမကြီးက ခေါ်သွားခဲ့ဖူးတဲ့အတွက်၊ အမကြီးရဲ့ အမေနဲ့အဖေရော ညီမတွေပါ နေထိုင်ရာအိမ်ကို လဲ ကျနော်သုံးလေးကြိမ်မက ရောက်ခဲ့ဖူးပါတယ်၊၊ အမကြီးတို့နေရာ ကြက်ခြံအိမ်နဲ့ ကျနော့်အဝတ်အစားတွေပါ ထားရာ ကိုဇင်လင်း(ယခု-ထိုင်းနိုင် ငံ-ဘန်ကောက်) ရဲ့ အိမ်အကြား လမ်းတဝက်လောက်မှာ ရှိပါတယ်၊၊ အမကြီးက လိုရမယ်ရ ဝင်လို့ထွက်လို့ရအောင် ကျနော့်ကို အစီအစဉ်ရှိ ရှိ အမျှော်အမြင်ကြီးကြီးနဲ့ ခေါ်သွားပြီး ပြသထားတာဖြစ်ပါတယ်၊၊ အမကြီးနဲ့ အကိုကြီးကိုလှရွှေဟာ တက္ကသိုလ်ကျောင်းသားဘဝကတည်းက တကသ၊ ဗကသလှုပ်ရှားမှုတွေအတွင်းမှာ လက်တွဲညီညီ ချီတက် လာခဲ့ကြရာက ဘဝခရီးဖေါ်တွေအဖြစ် ကူးပြောင်းလာခဲ့ကြသူတွေဖြစ်ရုံမက၊ အကိုကြီးမကြာခဏ ကိုးကားလေ့ရှိတဲ့ အတွေးခေါ်တူ၊ ရပ်တည်ချက်တူ၊ ဘဝတူ-စတဲ့ စတဲ့ ‘တူလေးတူ’နဲ့လဲ ကိုက်ညီခြဲ့ ကတဲ့ အဖေါ်မွန်တွေလို့ လဲ စံနမူနာထူပြီး ပြောမယ်ဆို ပြောနိုင်ပေမဲ့၊ ကျနော့်အမြင်မှာ အမကြီး မခင်မာအေးနဲ့အကိုကြီးကိုလှရွှေ အကြား၊ အင်မတန်ကို မတူတာတွေလဲ ရှိနေတယ်လို့ ပြောလိုက်ချင်ပါတယ်၊၊ အဲဒါတွေကတော့ - အကိုကြီးရဲ့ အသွင်သဏ္ဍာန်က လှုပ်ရှားတက်ကြွနေသလောက်၊ အမကြီးရဲ့ ပုံသဏ္ဍာန်က အေးအေးဆေးဆေးနဲ့ ငြိမ်ငြိမ်သက်သက် ရှိပါတယ်၊၊ အကိုကြီး က စကားကို ရွှန်းရွှန်းဝေအောင် အာသွက်လျှာသွက် ပြောတတ်ဆိုတတ်သလောက် အမကြီးကတော့ အေးအေးညင်သာ ပြောတတ်ဆိုတတ်ပါ တယ်၊၊ အကိုကြီးက ရှူးရှူးရှားရှားနိုင်သလောက် အမကြီးက တည်တည်ငြိမ်ငြိမ် ရှိလှပါတယ်၊၊ ဒါကြောင့် ကျနော်ကတော့ အမကြီးနဲ့အကိုကြီး တို့အတွဲကိုတော့ ‘ဆန့်ကျင်ဖက်တို့ရဲ့ ပေါင်းစည်းမှု’ သဖွယ် မြင်မိနေတဲ့အခါတွေလဲ ရှိခ့ဖူးပါတယ်၊၊ ဘာပဲဖြစ်ဖြစ် အသွင်သဏ္ဍာန်ထက် အနှစ်ဲ သာရသဘောအရကတော့၊ လိုက်ဖက်ညီတဲ့ တော်လှန်ရေးဇနီးမောင်နှံလို့ပဲ ကင်ပွန်းတပ်ရမှာ ဖြစ်ပါတယ်၊၊ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရာ မှာ၊ တိုးတက်တဲ့အမြင်အယူအဆတွေကို ဆုပ်ကိုင်ပြီး လူထုဖက်က အစဉ်တစိုက်ရပ်တည်လှုပ်ရှားရာမှာ ဘက်ညီလှုပ်ရှားနိုင်ခ့တဲ့ တကယ့်ဇနီဲး မောင်နှံအတွဲတတွဲလို့ပဲ ပြောရမှာပါ၊၊ ကိုလှရွှေ က အမကြီးမခင်မာအေးကို ရံဖန်ရံခါ ခေါ်တတ်လေ့ရှိတာကတော့၊ ကျနော့်နားထဲ မကြာခဏ

လိုလို ကြားမိနေတတ်တာကတော့ ‘ ညံ -’ ဆိုတာပါပဲ၊၊ ဘာလို့ ‘ညံ’လို့ခေါ်သလဲဆိုတာတော့ ကျနော်လဲ တခါမှ စပ်စုမကြည့်ခ့ဖူးတဲ့အတွက်ဲ ရှင်းရှင်းလင်းလင်းမသိရ ပါ၊၊ မခင်မာအေးက ပအိုဝ့်သွေး ပါလို့ ပအိုဝ့်စကားပဲ ဖြစ်မလား၊ သူတို့နှစ်ဦးချင်းပဲ သိမယ့် နှစ်ဦးချင်းဆိုင်ရာ စကားပဲဖြစ် မလား မသိပါ၊၊ (၃) အမကြီးမခင်မာအေးတယောက် ဆုံးရှာပြီ လို့ ကျနော် သိလိုက်ရတဲ့နေ့ဟာ ဧပြီလ (၁၂)ရက်နေ့ သင်္ကြန်အကျနေ့ကြီးပါ ၊၊ ရန်ကုန်က နေ မိတ်ဆွေတယောက်ဆီကနေ ဝင်လာတဲ့ ဖုန်းသတင်းပါ၊၊ အဲဒီနေ့ နေ့လည်လောက်မှာပဲ အင်္ဂလန်ရောက်နေတဲ့ ကိုခွန်ဆိုင်းကလဲ ကျနော့်ကို လှမ်းပြီး စကိုက်နဲ့ ပြောလာပြန်ပါတယ်၊၊ အီးမေးလ်ကို ဖွင့်ကြည့်လိုက်တော့လဲ မိုးကြိုးကိုသန်းထွတ်ကြီးက ဒီသတင်းကို ကျနော့်ဆီ အကြောင်း ကြားထားပြန်တာ ဖတ်ရရင်း ဆို့ဆို့နင့်နင့် ခံစားလိုက်ရပါတယ်၊၊ ဈာပနသွားပို့သူတွေထဲက ကျနော့်ရဲ့ ရဲဘော်တဦးက (၁၂)ရက်နေ့မှာပဲ ဖုန်း ဆက် ပြောဆိုလာချက်အရ၊ (၁၁)ရက်နေ့ညကမှ ဆုံးတာဖြစ်ပေမဲ့၊ ဈာပနကို ကနေ့ နေ့လည်ပိုင်းမှာပဲ ချလိုက်ပြီ ဖြစ်တ့အကြောင်း၊ ရက်လည်ဲ ကိုလဲ သင်္ကြန်အတက်နေ့ နှစ်ဆန်းတရက်နေ့တွေနဲ့ မတိုးရအောင် (၁၅)ရက်နေ့မှာပဲ လုပ်မှာဖြစ်ကြောင်း ထပ်ဆင့်ကြားသိရပြန်ရင်း၊ အမကြီး ရဲ့ အေးဆေးငြိမ်သက်တဲ့ မျက်နှာကို အာရုံထဲမှာ ဖေါ်ကြည့်နေမိပါတယ်၊၊ အမကြီးမခင်မာအေးနဲ့ပတ်သက်ပြီး မမေ့နိုင်စရာ သတိရစရာတွေကတော့ အများကြီးပါ ပဲ၊၊ ဒီတွေထဲကမှ ကျနော့် တဦးချင်းဆိုင်ရာ အရ၊ မကြာခဏ ပြန်ပြန်သတိရမိနေတတ်တဲ့ အဖြစ်အပျက်ကတော့၊ ကျနော် ရန်ကုန်ကနေ နောက်ဆုံးထွက်ခွါ လာရခါနီး ဘယ်တော့မှ မမေ့နိုင်စရာ အဖြစ်အပျက်ပါပဲ၊၊ အဲဒီတုန်းက ကျနော်တို့ ရဲဘော်တွေတော်တော်များများကို နဝတစစ်အစိုးရက နေရာအနှံ့ စတင်လိုက်လံဖမ်းဆီးနေပြီ ဖြစ်ပါ တယ်၊၊ ဟိုတယောက် သည်တယောက် နေရာအနှံ့က ရဲဘော်တွေ အဖမ်းခံနေရတာတွေကိုလဲ ကျနော်ကိုယ်တိုင် ကြုံတွေ့သိမြင်နေရ ပြီ ဖြစ်ပါတယ်၊၊ ကျနော်က ကျနော့်နေရပ်လိပ်စာအဖြစ် ကိုဇင်လင်းတို့အိမ်မှာ တရားဝင်စာရင်းပြထားပေမဲ့၊ ဟိုအိပ်သည်အိပ်- အိပ်ချင်တ့နေရာအိပ် လုပ်နေတဲ့ အချိန်ဖြစ်ပါတယ်၊၊ တဖြည်းဖြည်းနဲ့ အခြေအနေက ရန်ကုန်ကနေ နယ်ဖက်ဆင်းပြီး ယာယီပဲဖြစ်ဖြစ် ရှောင်တိမ်းနေဖို့ လိုအပ်လာပြီ ဖြစ်ပါတယ်၊၊

နယ်ဖက်ကို ဆင်းမယ်ဆိုရင် မှတ်ပုံတင်က ယူမသွားလို့မဖြစ်တော့ပါ၊၊ ကျနော့်မှတ်ပုံတင်က ကိုဇင်လင်းတို့အိမ်မှာပဲ သိမ်းဆည်းထားခဲ့တဲ့အတွက် ဘာပဲဖြစ်ဖြစ် မှတ်ပုံတင်ကို ကိုယ်တိုင်သွားယူရမယ့်အခြေအနေဖြစ်လာပါတယ်၊၊ ကျနော်က ကျနော့်မှတ်ပုံတင်ကို ကျနော့်ပင်နီတိုက်ပုံအင်းကျီ လေးထဲ သေသေချာချာထည့်ပြီး သိမ်းထားခဲ့တာဖြစ်ပါတယ်၊၊ ဒီမှတ်ပုံတင်ကို တနည်းနည်းနဲ့တော့ ကိုယ်တိုင်သွားယူမှ ဖြစ်မယ်လို့ စဉ်းစားပြီး ညနေ မှောင်ရီ ပျိုးစအချိန်လောက်မှာ မြို့ထဲကနေ သင်္ကန်းကျွန်းဖက် ဝင်လာခဲ့ပါတယ်၊၊ ‘ ငါ့ ကိုလဲ ရန်သူကတော့ လိုက်ဖမ်းဖို့ ကြိုးစားကောင်း ကြိုးစားနေလောက်တယ်၊ ငါက အိုးမရှိ အိမ်မရှိ ဟိုအိပ်သည်အိပ် အိပ်ချင်ရာ လှည့်ပြောင်းအိပ်နေလို့သာ ဖမ်းမမိသေးပဲ ဖြစ်နေတာ ဖြစ်နိုင်တယ်၊ ဘာပဲဖြစ်ဖြစ် သတိကြီးကြီးထားမှ ဖြစ်မယ် ’ ဆိုတ့အတွေးနဲ့ အမကြီးမခင်မာအေးရဲ့အိမ်ကိုလဲ မဝင်၊ ကိုဇင်လင်းရဲ့အိမ်ကိုလဲ တန်းမဝင်သေးပဲ၊ အမကြီးရဲ့ အမြော်အမြင်ကြီးကြီးနဲ့ ခေါ်သွား ပြသထားလို့ သိထားပြီးသားဖြစ်တဲ့ အမကြီးရဲ့မိဘတွေအိမ်ဖက် လှည့်ဝင်လိုက်ပါတယ်၊၊ မျက်မှန်း တန်းမိထားပြီးသားဆိုတော့ အမကြီးရဲ့ ညီမတယောက်ကလဲ၊ လမ်းကြုံလို့ ဝင်လာလည်တာနေမှာဆိုတ့မှတ်ယူနားလည်မှုမျိုးနဲ့ ဖေါ်ဖေါ်ရွေရွေဲ ကြိုဆိုပါတယ်၊၊ ရေနွေးကြမ်းချပေးတာ ဘယ်ကနေလှည့်လာသလဲ မေးတာမျိုးတွေ လုပ်ပြီး ဧည့်ဝတ်ပျူငှါ ဧည့်ခံရှာပါတယ်၊၊ ကျနော်က အလိုက် သင့်ပြောဆိုနေရင်းက သည့်ထက် နည်းနည်းမိုးချုပ်အောင် သည်နေရာကနေ ခဏထိုင်စောင့်ရင်း ကိုယ့်အကြံနဲ့ကိုယ် ချိန်ဆတွက်ချက်နေမိပါ တယ်၊၊ အဲဒီလို ကိုယ့်အကြံနဲ့ကိုယ်ထိုင်စောင့်နေတုန်းမှာပဲ ကံများကောင်းချင်တော့ အမကြီးမခင်မာအေးက သမီးကိုလက်ဆွဲပြီး၊ မိဘတွေအိမ် ခဏဝင်လာတာနဲ့ ကြံကြံဖန်ဖန် ဆုံရပါလေတော့တယ်၊၊ ကျနော့်ကိုမြင်တော့ အမက ပြုံးပြီး၊ သူ့ညီမနဲ့သူ့သမီး အတွင်းဖက်ဆီရောက်နေတုန်း အခြေအနေကို မေးပါတယ်၊၊ ကျနော်က ‘အမရေ - အခြေအနေကတော့ ရန်ကုန်ကနေ ယာယီပဲဖြစ်ဖြစ် ခွါတော့မှ ဖြစ်မှာ၊ မိုးမြင့်တို့လဲ ပါသွား ဘီ၊ ကျနော့်လဲ လိုက်နေမှာသေချာတယ်၊၊ လူက ဟိုအိပ်သည်အိပ် လျှောက်သွားနေတာမို့ ဘယ်လိုက်ဆွဲရမှန်းမသိလို့ လွတ်နေတာလဲ ဖြစ်နိုင် တယ်၊၊ ခက်တာက ကျနော့်မှတ်ပုံတင်က ကိုဇင်လင်းတို့အိမ်က ကျနော့်ပင်နီတိုက်ပုံအင်းကျီအိတ်လေးထဲ သိမ်းထားခဲ့တာ ဖြစ်နေတယ်၊၊ အဲဒါ သွားယူမလို့ ၊ နဲနဲသည့်ထက် မှောင်အောင်စောင့်ရင်း အမမိဘတွေအိမ် ခဏဝင်ခိုနေမိတာ၊ ကျနော့်တရားဝင်လိပ်စာက ကိုဇင်လင်းအိမ်ဖြစ်နေ

တော့ ဟိုကောင်တွေ မိုင်တွေ ကျနော့်လိုချင်လို့ ချထားတာများရှိနေရင် လွဲအောင်၊ ဖျတ်ကနဲ လှည့်ဝင်မလို့ အချိန်စောင့်နေတာပဲ ’လို့ ခပ် တိုးတိုး ရှင်းပြလိုက်ပါတယ်၊၊ အမမခင်မာအေးက တပ်ထားတဲ့မျက်နှာပေါ်က မျက်မှန်ကို ဆတ်ကနဲတချက် ပင့်တင်လိုက်ရင်း၊ ‘ဟာ - ဒီလို လုပ် ၊ ကိုယ်တိုင် မသွားနဲ့၊ အမသွားမယ်၊ ကိုဌေးအောင် (ကိုဇင်လင်း)တို့အိမ်ကိုလဲ အမသိနေတာပဲ၊ အမက မိန်းမသားဆိုတော့ ကိစ္စတခုခု နဲ့သွားသလို သွားပြီး အဲဒီတိုက်ပုံအိတ်ထဲက မှတ်ပုံတင်ကို ရအောင် ယူပေးမယ်၊ ဒီကပဲ စောင့် - -’ ဆိုပြီး အိမ်ထဲက သမီးငယ်လေးကို လှမ်း ခေါ်လိုက်ပြီး ကျနော့်အတွက် အမကတော့ တည်တည်ငြိမ်ငြိမ်န့ပဲ ထွက်သွားပါလေတော့တယ်၊၊ ကျနော့်မှာ ကျေးဇူးလဲတင် အားတုန့်အားနာ လဲဖြစ်မိနေရင်း၊ အမရဲ့ ကျနော့်အပေါ်ကူညီလိုစိတ်နဲ့ ရဲဘော်ရဲဘက်တွေအပေါ် သံယောဇဉ်စိတ်ကို လေးလေးနက်နက်ခံစားလိုက်ရပါတယ်၊၊ အိမ်ထဲမှာ မီးဖွင့်ထားပြီဖြစ်တ့အတွက် အမှောင်ရိပ်တွေ ကျနေရာ အပြင်ဖက်ဆီ ထွက်ထိုင်ရင်ဲး အမတို့ပြန်အလာကို စောင့်လင့်နေမိတုန်း၊ ဆယ့်ငါးမိနစ်လောက်အကြာမှာပဲ အမှောင်ထဲကနေ ပြေးလာနေတဲ့ ခြေသံတဖုတ်ဖုတ်န့အတဲူ မောကြီးပန်းကြီးရောက်ချလာတာကတော့၊ သမီးငယ်လေးပါ ပဲ၊၊ “ ဦး - - ရော့ ရော့၊ အမေ့ကို စောင့်မနေနဲ့တော့၊ မြန်မြန်သာ လစ်တော့ တဲ့၊ အိမ်ရှေ့နားမှာ ဟိုကောင်တွေ ရှိတယ်တဲ့၊ မနေ့ညကပဲ ဦး --ကိုဖမ်းဖို့ အဲဒီကိုလဲ လာသွားပြီးပြီ -တဲ့၊၊ အခု အမေ့ကို မသင်္ကာရင် စစ်ချင်စစ်နေမှာမို့ ၊ သမီးကိုတော့ ကလေးမို့ အရင်လွှတ်လိုက်ပြီး၊ အမေက ဟိုဖက် ဒီဖက်တွေဆီ လှည့်ပတ် ကွေ့ဝိုက် လျှောက်ပြီးမှ လာခဲ့မှာ-တဲ့ ” အမောတကော ပြောရင်း လက်ထဲ က ဝှက်ကိုင်လာခဲ့တဲ့ စာအိတ်လေးကို အတင်းထိုးပေးပါတယ်၊၊ စာအိတ်ထဲမှာက ကျနော့်ရဲ့ မှတ်ပုံတင်အဟောင်းလေး၊၊ ‘အေး- ဒါဖြင့်ဦး- သွားတော့မယ်နော် ’လို့ ခပ်တိုးတိုးလေးပြန်ပြောမိရင်း၊ ကျနော်လဲ အမကြီးကိုတောင် နှုတ်မဆက်နိုင်တော့ပဲ ချာကနဲနေအောင် ခပ် သုတ်သုတ် ထွက်လာခဲ့ရပါတော့တယ်၊၊ အမှောင်စတွေထဲကနေ ထိုးခွဲ လျှောက်လှမ်းလာခဲ့ရတဲ့ ခြေလှမ်းတွေကတော့ အဲဒီအချိန်ကစပြီး နေရာအနှံ့ ကာလတော်တော်ကြာအောင်အထိပါပဲ၊၊ အမကြီးအကြောင်း အကြောင်းအားလျော်စွာ သတိရမိလေတိုင်း အဲဒီအဖြစ်အပျက် ကလေးကတော့၊ ကျနော့်ဘဝမှာ ဘယ်တော့မှ မမေ့စရာအဖြစ် ထိပ်ဆုံးကနေ ပေါ်ပေါ်လာတတ်ခ့ပါတယ်၊၊ဲ

အဲဒီနောက်မှာ ကျနော့်ရဲ့ ပြည်တွင်းဝရမ်းပြေးကာလတွေထဲမှာ ကံအားလျော်စွာ အမကြီးနဲ့ကျနော် သုံးခါတိတိ ပြန်ဆုံခွင့်ရခဲ့သေး တာဟာလဲ အမှတ်ရစရာတွေအပြည့်န့ပါပဲ အမရယ်၊၊ အဲဒီတုန်းက အကိုကြီးကိုလှရွှေ ကိဲု စစ်အစိုးရက မန္တလေးထောင်ကို ပြောင်းရွှေ့ ပို့ လိုက်တ့အတွက်၊ အမကြီးက မန္တလေးအထိ တက်လာပြီး ထောင်ဝင်စာ လာလာတွေ့ရရင်းက၊ဲ မန္တလေးကို ဝရမ်းပြေးအဖြစ် ရောက်နေတဲ့ ကျနော်န့ပါ လျှို့ဝှက် တွေ့ဆုံခဲ့ရတာ ဖြစ်ပါတယ်၊၊ နိုင်ငံရေးစိတ်ဓါတ်ထက်သန်လွန်းလှတဲ့ အမကြီးက ကျနော်နဲ့ လျှို့ဝှက်တွေ့ဆုံပြီး၊ ကျနော့် ဆီကနေ ရန်ကုန်ကို ဖြန့်ရမယ့် အရေးကြီးနိုင်ငံရေးစာရွက်စာတန်းမှန်သမျှ တွေ့တိုင်းလိုလို တောင်းဆိုတတ်ပါတယ်၊၊ အကိုကြီးကိုယ်တိုင်က လဲ ထောင်ထဲဝင်နေရချိန်၊ သမီးလေးကလဲ ကလေးလေးပဲ ဖြစ်နေသေးတဲ့အချိန်မှာ ကျနော်က အမကို ဒီလို နိုင်ငံရေးကိစ္စတွေနဲ့ ငြိသွားမှာ အန္တရာယ်တစုံတရာဖြစ်သွားမှာကို တွေးပူမိပြီး၊ အရေးကြီးတဲ့ စာရွက်စာတမ်းတွေကို မပေးလိုပါ၊၊ ယူလဲ ယူမသွားစေချင်ပါ၊၊ ဒါပေမဲ့ လူပုံ နွ့သလောက် စိတ်ဓါတ်က ခိုင်မာပြတ်သားလွန်းလှတ့၊ နှလုံးသားထဲမှဲာဲ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးစိတ်ဓါတ် အလျှံတငြီးငြီးတောက် နေတဲ့ အမဟာ သူ့ရဲ့ထုံးစံအတိုင်း သွေးအေးအေးနဲ့ပဲ ဖွဖွလေးပြုံးနေရင်း ‘ကိစ္စမရှိ ပါဘူး ၊ အမ ဘယ်လိုသယ်သွားရမယ်ဆိုတာ သိပါတယ်၊ ပေးစရာရှိတာသာ ပေးစမ်းပါ ၊၊ အမဖြစ်အောင် သယ်မယ်’ ဆိုပြီး သတ္တိရှိရှိ ရဲရဲရင့်ရင့် လုပ်ဆောင်သွားခဲ့တာတွေလဲ လေးစားစရာကောင်း လောက်အောင်ကို ရှိခဲ့ပါတယ်၊၊ တခါတော့ မန္တလေးက ရဲဘော်ကြီးတဦးက အမကြီးမခင်မာအေးတို့သားအမိ နဲ့ကျနော့်ကို သူ့ရဲ့ ကားလေးနဲ့အတူ အမရပူရ တောင်သမန်အင်းစောင်းက ဦးပိန်တံတားကို လိုက်ပို့တ့အတွက် ခရီးအတူ သွားရဖူးတာကိုလဲ အမှတ်ရမိနေပါတယ်၊၊ ကလေးပီပီ နေခြည် ကြီးကတော့ တောင်သမန်ဦးပိန်တံတားပေါ်မှာ ရှု ခင်း ရှုကွက်သစ်တွေကို ကြည့်ရင်း တော်တော်လေးကို ပျော်နေပါတယ်၊၊ အမကြီးနဲ့ ကျနော်တို့ကတော့၊ မကြာမီလာတော့မယ့် ၁၉၉ဝပြည့်နှစ်မေလ ရွေးကောက်ပွဲမှာ ကိုယ့်ဖက်က မဲတွေကွဲမသွားပဲ မဆလတဖြစ်လဲ တစည ကို စီးချင်းထိုးပြီး အနိုင်ရနိုင်ရေးတွေအပေါ် လေးလေးနက်နက်ဆွေးနွေးနေခဲ့ကြပါတယ်၊၊ အဲဒီတုန်းကလဲ တိုက်တိုက်ဆိုင်ဆိုင်အခုလိုမျိုး ကာလကြီးပါပဲ၊၊

နောက်ထပ်အမှတ်ရစရာတခုကတော့ ၁၉၉ဝပြည့် ရှစ်လေးလုံး(၂)နှစ်မြောက်မှာ မန္တလေးက ရဲဘော်တချို့က ကျနော့်ရဲ့ ‘၁၃၅ဝပြည့် အရေးတော်ပုံ’ ဆိုတဲ့ ကဗျာရှည်ကြီးကို ရှစ်လေးလုံးအမှတ်တရ စာအုပ်အဖြစ် အုပ်ရေ ရာနဲ့ချီ ပြီး၊ လျှို့ဝှက်ရိုက်နှိပ်ထုတ်ဝေဖြန့်ချိခြဲ့ ကပါ တယ်၊၊ ကျနော့်ရဲ့ မူရင်းလက်ရေးစာမူကြီးက မိတ္တူပွားထားတာ (၂)စောင်ပဲ ရှိပါတယ်၊၊ ဒါတောင် ရဲဘော် တိမွေးကုဆရာဝန်တဦးက ရှစ်လေး လုံးအရေးတော်ပုံကြီးအပြီးမှာပဲ ကျနော့်ကဗျာစာမူကြီးကို ဖတ်ရှုခွင့်ရသွားပြီးတဲ့နောက်၊ သူက မိတ္တူ ပွားထားစေချင်တယ်၊ ကျနော်ကူးပေး မယ် ဆိုပြီး၊ သူကိုယ်တိုင် သူ့လက်ရေးနဲ့ တစောင်ကူးရေးပေးထားတဲ့အတွက် နှစ်စောင်ရှိနေရတာ ဖြစ်ပါတယ်၊၊ စာမျက်နှာ (၈ဝ)လောက် ရှိတဲ့ ကဗျာရှည်ကြီးပါ၊၊ ရှစ်လေးလုံးအရေးတော်ပုံကြီးကို မတ်လ(၁၃)ရက်နေ့ကနေစက်တင်ဘာ(၁၈)ရက်နေ့အထိ အသေးစိတ်ဖွ့ဆိုသီကုံဲး ရေးသားထားမိတဲ့ လုံးချင်း မော်ကွန်းကဗျာရှည်ကြီးဖြစ်ပါတယ်၊၊ တစောင်ကို အမကြီးဆီ အပ်နှံထားခဲ့ပြီး၊တစောင်ကိုတော့ အခြားတနေရာ မှာ အပ်နှံထားခဲ့ပါတယ်၊၊ အဲဒါကို မန္တလေးအမြဲစိမ်းက ကိုတင်ဌေး(ထောင်နှစ်ရှည် ကျ ခံခ့ရပြီးနောက်-အခု ကွယ်လွန်သွားရှာ)က ရန်ကုန်ဲ က ကျနော်အပ်ထားခဲ့တဲ့ လူတဦးဆီအထိ မဖြစ်ဖြစ်အောင်သွားရောက် တောင်းယူလာခဲ့ပြီးနောက် မန္တလေးမှာ သူပဲ ကမကထလုပ်ပြီး ရိုက် နှိပ်ပါတယ်၊၊ မန္တလေးက သူနဲ့အတွဲ အထက်ဗကသက ကျောင်းသားခေါင်းဆောင်လေးတွေနဲ့အတူတွဲပြီး ရှစ်လေးလုံးနှစ်နှစ်မြောက်အဖြစ် အဲဒီကဗျာစာအုပ်ကို ဖြန့်ချိခ့ပါတယ်၊၊ မန္တလေးက ပန်းချီဆရာကြီးတဦးကဲ မျက်နှာဖုံးကောက်ကြောင်းကို ခပ်ကြမ်းကြမ်းဆွဲပေးခဲ့ပြီး၊ ကျနော့် ကလောင်နာမည်ကိုတောင် မတပ်တော့ပဲ၊ ‘၁၃၅ဝပြည့်အရေးတော်ပုံ’ဆိုတဲ့ နာမည်န့ပဲ ထုတ်ဝေဖြန့်ချိ လိုက်ကြပါတယ်၊၊ စာအုပ်ဆိုက်က လဲ ဆိုက်ရှည်ကြီးဖြစ်ပါတယ်၊၊ ဒါပေမဲ့ ထူးထူးခြားခြား အံသြစရာတိုက်ဆိုင်ခ့တာကတော့၊ဲ အဲဒီကဗျာရှည်ကြီးကိုပဲ ရန်ကုန်ဖက်ကလဲ ရှစ် လေးလုံးအထိမ်းအမှတ်အဖြစ်နဲ့ တပြိုင်နက်တည်းလိုလို စာအုပ်အဖြစ်နဲ့ ထွက်ပေါ်လာခဲ့ပါတယ်၊၊ ရန်ကုန်က ထုတ်ဝေတဲ့ စာအုပ်မူမှာတော့ ကလောင်နာမည်လဲ ပါလာခဲ့ပါတယ်၊၊ ကျနော့်ရဲ့ လျှို့ဝှက်ကလောင်နာမည်တခုဖြစ်တဲ့ ‘မျိုးဇေ’ ဆိုတဲ့ ကလောင်နာမည်န့ပါ ၊၊ ရှစ်လေးလုံဲး အရေးတော်ပုံကြီး မြေတုန်ဟည်းအောင် ပေါက်ကွဲပေါ်ထွန်းနေဆဲ ကာလကြီးထဲတုန်းက ကိုအောင်ဝေး (အခု-အမေရိကန်ရောက်)တို့ဦးစီး

ပြီး လက်ကမ်းစာစောင်လေးလို ရွက်ခေါက် ကဗျာစာစောင်လေးတစောင် လုပ်ခြဲ့ ကဖူးပါတယ်၊၊ ‘ဒီမိုကရေစီ တိုက်ပွဲဝင်ကဗျာများ’ဆိုတဲ့ ခေါင်းစဉ်န့လို့ပဲ မှတ်ထင်နေမိပါတယ်၊၊ အဲဒီ ရွက်ခေါက်ကဗျာစာစောင်လေးထဲမှဲာ အာအိုင်တီက ကျောင်းသူတဦးရဲ့ကဗျာ ပါသလို၊ ဆရာ မောင်သော်ကရဲ့ ကဗျာလေးလဲ ပါတယ်လို့ စိတ်ထဲမှာ ရေးတေးတေးမှတ်မိနေပါတယ်၊၊ ကဗျာဆရာ ‘ဖြိုးထိန်’က လာပြီး တောင်းတဲ့အတွက် ကျနော်ကလဲ ‘မျိုးဇေ’ဆိုတဲ့ ကလောင်ဝှက်နဲ့ ကျနော့်ကဗျာလေးကို ပေးလိုက်ခဲ့တ့အတွက်၊ဲ အဲဒီ တိုက်ပွဲဝင်ကဗျာစာစောင်လေးထဲမှာ ကျနော့်ကဗျာလေးလဲ ပါဝင်နေခဲ့ပါတယ်၊၊ အဲဒါကို အမကြီးမခင်မာအေးက ကောင်းကောင်းသိရှိ မှတ်မိနေခဲ့ပြီး၊ အမကြီးနဲ့ဆက်ဆံရေးရှိတ့၊ဲ အမကြီးနဲ့နီးစပ်တ့၊ ရန်ကုန်က ကျောင်းသားသမ၈္ဂက ကျောင်းသားလေးတွေတချို့ကဲ ရှစ်လေးလုံးနှစ်နှစ်မြောက်စာအုပ်စာတမ်းထုတ်ဝေဖြန့် ချိမှုတွေ လုပ်ချင်လာတဲ့အခါ၊ အမကြီးဆီ အပ်နှံထားခဲ့ဖူးတဲ့ ကျနော့်ရဲ့ ‘၁၃၅ဝပြည့် အရေးတော်ပုံ’ကဗျာရှည်စာမူကြီးကို ထုတ်ပေးလိုက် ပြီး ကျနော့်ရဲ့ လျှို့ဝှက်ကလောင်နာမည် ‘မျိုးဇေ’ဆိုတာကိုပါ တပ်ပေးလိုက်ပုံ ရပါတယ်၊၊ ဒါ့ကြောင့် ရန်ကုန်ထုတ် ကဗျာစာအုပ်မှာကတော့ ကလောင်နာမည်ပါ ပါနေပြီး၊ မန္တလေးထုတ်ကတော့ ကလောင်နာမည်တပ်ထားခြင်း မရှိခ့ပါ၊၊ဲ ကဗျာကတော့ အတူတူပဲ ဖြစ်ပေမဲ့၊ ရန်ကုန် ထုတ်က မန္တလေးထုတ်လို ဆိုက်ရှည် မဟုတ်ပါ ၊၊ ဒါဟာ အမကြီးရဲ့ ချိန်ချိန်ဆဆစဉ်းစားမှုန့အတူ ကျနော့်ကိုယ်စား လုပ်ဆောင်သားချက်ွဲ တခု ဖြစ်ပါတယ်၊၊ ဘာပဲပြောပြော ကျနော့်အတွက်တော့ အမှတ်ရစရာတခုအဖြစ် အမှတ်ရနေရပါတော့တယ်၊၊ နောက်ပိုင်းမှာတော့ ကျနော်လဲ မန္တလေးမှာကို ဆက်လက်နေလို့မရတော့လောက်အောင် အဖြစ်သနစ်မျိုးစုံနဲ့ ကြုံတွေ့ရင်ဆိုင်ခဲ့ရပြီး တဲ့နောက် နယ်စပ်မျဉ်းကို ကျော်လွန်လာခဲ့ရသလို၊ အမနဲ့လဲ တခါမှကို ပြန်လည်ဆုံတွေ့နိုင်ခွင့် မရရတော့ပါဘူး၊၊ ဒါပေမဲ့ အမရဲ့ သတင်းတွေ ကိုတော့ ကျနော် အမြဲလိုလို နားစွင့်နေခဲ့မိပါတယ်၊၊ ၁၉၉၃ ခုနှစ်ကုန်ခါနီးမှာတော့ ကျနော့်ရင်ထဲ ထိတ်ကနဲဖြစ်သွားစေခဲ့တ့၊ဲ အမနဲ့ပတ်သက်တဲ့ သတင်းတခု ကြားလိုက်ရပြန်ပါတယ်၊၊ အဲဒါကတော့ အမကြီးမခင်မာအေးတယောက် နိုင်ငံရေးမှုနဲ့ အဖမ်းခံလိုက်ရပြန်ပြီ ဆိုတဲ့သတင်းပါပဲ၊၊ အမကြီးဟာ ဘယ်အခြေအနေအောက် မှာပဲဖြစ်ဖြစ် နိုင်ငံရေးစိတ်ဓါတ်အပြည့်၊ တော်လှန်ရေးစိတ်ဓါတ်အပြည့်နဲ့ နိုင်ငံရေးလုပ်ငန်းတွေကို တတ်နိုင်သလောက် အဆက်မပြတ်လုပ်နေ

မှာပဲ ဖြစ်တယ်ဆိုတာကိုတော့ ကျနော်ကိုယ်တိုင် သိရှိနားလည်ထားပြီးဖြစ်ပေမဲ့၊ လင်ယောက်ကျားဖြစ်သူ အကိုကြီးကိုယ်တိုင် ထောင်ထဲက ထွက်လာနိုင်ခြင်းမရှိသေးတဲ့အချိန်မှာ အမကြီးကိုယ်တိုင် ထောင်ထဲဝင်ရ ပြန်တာအပေါ်မှာတော့၊ တော်တော်ကို စိတ်ထိထိခိုက်ခိုက် ခံစား လိုက်ရပါတယ်၊၊ အမကြီးကတော့ သူရဲကောင်းစိတ်ဓါတ်အပြည့်န့ပဲ ရင်ကော့မပျက် ထောင်ထဲ ဝင်ပြသွားခဲ့ပါတယ်၊၊ အဲဒီလို ဒုတိယအကြိမ် မြောက် အမကြီးမခင်မာအေး ထောင်ထဲဝင်ခ့ရတဲ့နေ့ဟာ၊ ၁၉၉၃ ခုနှစ်၊ ဒီဇင်ဘဲာ (၂၄)ရက်နေ့၊၊ အမကြီးထောင်ထဲဝင်ခ့ရတဲ့အကြောင်းကတော့၊ အမကြီးဘဝတာ တလျောက်လုံဲး အမကြီးကိုယ်တိုင်ပါဝင်လှုပ်ရှားခဲ့ရာလဲဖြစ်၊ အမကြီးကိုယ်တိုင်ရဲ့ သံယောဇဉ်အကြီးဆုံးလဲ ဖြစ်ခ့တ့၊ ဗကသ - ဗကသ - ဗကသ ဆိုတာနဲ့ ဆက်နွယ်ပတ်သက်နေမှု ကြောင့်ပဲ ဖြစ်ပါတယ်၊၊ မျိုးဆက်သစ် ဗကသတွေန့အထိ ဆက်နွယ်ပတ်သက်နေတဲ့ အမှု နဲ့ အဖမ်းခံခဲ့ရတဲာ ဖြစ်ပါတယ်၊၊ တဆက်တည်းမှာပဲ ပြောရမယ်ဆိုရင်- နဝတ စစ်အစိုးရ ရဲ့ ယုတ်ယုတ်မာမာ စတင်ပြုလုပ်လာခဲ့တ့၊ အရှက်မရှိဲ အတုအယောင်အမျိုးသားညီလာခံကြီးအပေါ် ပြတ်ပြတ်သားသားဆန့်ကျင် ဖေါ်ထုတ် ဖွင့်ချ ခဲ့ကြမှု နဲ့လဲ တိုက်ရိုက် ပတ်သက်နေပါတယ်၊၊ နဝတစစ်အစိုးရက အရှက်မရှိ မျက်နှာပြောင်တိုက်ပြီး၊ အနိုင်ရတဲ့ အဲန်အယ်လ်ဒီ ကို အာဏာလွှဲပြောင်းပေးအပ်ရမယ့်အစား၊ မတရားသဖြင့် ယုတ်ယုတ်မာမာ ညစ်နည်းပဒေသာနဲ့ စတင်ကျင်းပပြုလုပ်လာခဲ့တဲ့ အမျိုးသားညီ လာခံ ဆိုတာကြီးကို၊ အဲဒီအမျိုးသားညီလာခံ ဆိုတာနဲ့ပတ်သက်ပြီး၊ အဲဒီတုန်းက ‘ဗကသ’က ကန့်ကွက်ကျေညာချက် တစောင် ထုတ်ပြန်ခဲ့ ရာမှာ၊ ဒေါ်ခင်မာအေးက ဖြန့်ဝေခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ အမကြီးကို ထောင်ချ ခဲ့တာ ဖြစ်ပါတယ်၊၊ နဝတစစ်အစိုးရ က အမကြီးကို ထောင်ဒဏ် (၃)နှစ်ချမှတ်ခ့ပါတယ်၊၊ ချမှတ်ခဲ့တဲ့ ထောင်ဒဏ်အတိုင်း (၃)နှစ်ပြည့်အောင်ကို ထောင်ထဲမှဲာ အမကြီး ထောင်ဒဏ်အပြည့်နေခဲ့ရပါတယ်၊၊ ကျနော်က အမကြီးရဲ့ စိတ်ဓါတ်နဲ့ပိုင်းပိုင်းဖြတ်ဖြတ်ရှိမှုတွေအပေါ် အဝေးကနေပဲ အဆက်မပြတ်ကြားနာ သတိရနေခဲ့ရပါတယ်၊၊ ကျနော် တို့လဲ ရောက်ရာနေရာ ကျရာအရပ်ကနေ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးအလံကို မြင့်မြင့်မားမားလွှင့်ထူ ထားခဲ့ကြသလို၊ အမတို့လဲ စစ်အာ ဏာရှင်စနစ်ဆန့်ကျင်ရေးအလံကို ပြတ်ပြတ်သားသား ဂုဏ်ရောင်ပြောင်ပြောင်လွှင့်ထူ ထားခဲ့ကြတာကိုတော့ လေးစားစရာ ကြားသိနေခဲ့ရပါ

တယ်၊၊ အနုပညာသမားတပိုင်းဖြစ်တဲ့ ကျနော်က ကျနော်ပိုင်ဆိုင်ထားတဲ့ ကျနော့်ရဲ့ ကလောင်လေးနဲ့ တော်လှန်စာစောင်တွေရဲ့ စာမျက်နှာတွေ ပေါ် ကျနော်တတ်အားသမျှ ရုပ်ပုံလွှာလေးတွေ စာကဗျာလေးတွေကို ဖွ့ဆိုရေးသားနေမိစဉ်မှာ၊ စာပေကို ဝါသနာထုံလှ မြတ်နိုးလွန်းလှတဲ့ အမဲ ကိုလဲ မကြာခဏ သတိရမိနေခဲ့ပါတယ်၊၊ ကျနော်ရေးသားခဲ့ဖူး ဂုဏ်ပြု ဦးညွှတ်ခ့ဖူးတဲ့ အကိုကြီးဦးညိုဝင်း၊ ကိုတင်မောင်ဝင်း၊ဲ ဦးစိန်ဝင်း-စတဲ့ ခွပ်ဒေါင်းရှေ့ဆောင်ရဲဘော်ကြီးတွေ ကို ကျနော့်လိုပဲ ရုပ်ပုံလွှာခြယ်သ ဂုဏ်ပြုလာလေသူ ကလောင်တချောင်းကို ‘မိုးကြိုး’စာမျက်နှာတွေပေါ်မှာ ၁၉၉ဂ ခုနှစ်နောက်ပိုင်းမှာ ရံဖန်ရံ ခါ တွေ့မြင်သတိထားမိလာခဲ့ပါတယ်၊၊ ပထမနာမ်စား ‘ကျနော်’ နဲ့ပဲ ရေးသားထားတာ တွေ့မြင်ရတဲ့အတွက်၊ ကိုယ့်ထဲကိုယ့်ဟာထဲကပဲ နေမှာ ဆိုတာကိုတော့ စိတ်ထဲမှာ သဘောပေါက်လိုက်မိပေမဲ့၊ အမျိုးသားတယောက်လို့ပဲ ထင်မှတ်နေခဲ့မိပါတယ်၊၊ နောက်တော့မှ - အဲဒီ ‘ညံဇံ’ ဆို တဲ့ ကလောင်ရှင်ဟာ အမကြီး မခင်မာအေးဖြစ်နေတယ်ဆိုတာကို တစုံတယောက်ဆီက သိလိုက်ရရင်း၊ ကျနော့်ရင်ထဲမှာ ကြည်ကြည်နူးနူးကျေ ကျေနပ်နပ် ခံစားလိုက်ရပါတယ်၊၊ အမကို သည့်ထက်သည် စာတွေ ရုပ်ပုံလွှာတွေ ရေးစေချင်လိုက်တာလို့ မျှော်လင့် ယုံကြည်နေမိတုန်းပဲ ရှိသေး၊ အခုတော့လဲ - အမရယ် - (၄) အခုလဲ ပိတောက်တွေရော ငုတွေရော ပင်လုံးကျွတ်အောင် ပွင့်ကြပြန်ပြီ အမရေ ၊၊ ၁၉၉ဝပြည့် နွေတုန်းကတော့၊ အခုလို အချိန်ကြီးမှာပဲ ‘ပိတောက်နဲ့ ငု နွေမှာ လှိုင်တယ် ’လို့ ပြောခဲ့ ဆိုခဲ့ကြ ကြွေးကြော်ခြဲ့ ကဖူး ပါတယ်၊၊ နဝတစစ်အစိုးရက မေလမှာ ပါတီစုံရွေးကောက်ပွဲဆိုတာကြီးကို ကျင်းပတော့မယ်လို့ ကျေညာထားတဲ့ အခါကြီးမဟုတ်လား၊၊ အခုလဲ ဒီနဝတ တဖြစ်လဲ နအဖဆိုတဲ့ စစ်အာဏာရှင်ရူးကြီးတွေက မေလမှာပဲ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဆိုတာကြီးကို ကျင်းပ ပြုလုပ်သွားမယ် လို့ ညစ်နည်းပဒေသာနဲ့ ကျေညာထားပြန်ပြီ၊၊ ကျနော်တို့ ဘယ်လို ပြန်လည်ကျေညာကြွေးကြော်ကြမလဲ၊၊ ဘယ်နည်းနဲ့ဖြစ်ဖြစ် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ပွဲဝင်သွားရမယ် ဆိုတာ ကျနော်တို့တတွေ သဘောတရားအရရော လက်တွေ့အရပါ အမြင်ရှင်းပြီး အတွေး

ရှင်းပြီး အသွေးထဲကရော နှလုံးထဲကရော အရိုးထဲကပါ ပြတ်ပြတ်သားသား ရှင်းလင်းပြီးသားဖြစ်ပါတယ်၊၊ ဒီလိုအချိန်မှာ အမကြီးတို့လို ‘ဇူလိုင် ခွပ်ဒေါင်း’ကြီးတွေရဲ့ အားနဲ့မာန်နဲ့ တွန်ကျူးသံတွေကိုလဲ အမိမြေကလှမ်းလင့်မျှော်ရည်နေဆဲ အချိန်မှာပဲ၊ အမကြီးက တမလွန်ခရီးတခုဆီ ထွက်ခွါသွားခဲ့ပြီ ဆိုတော့တော်တော်ကို ကြေကွဲစရာ ပါပဲ ၊၊ အကိုကြီးဦးညိုဝင်း၊ ကိုတင်မောင်ဝင်း၊ ကိုစိန်ဝင်း တို့လို တိုက်ပွဲဝင်ခွပ်ဒေါင်းရှေ့ဆောင်ကြီးတွေအပေါ် အမဟာ တာဝန်ကျေကျေ မှတ်မှတ်သားသား ရုပ်ပုံလွှာရေးဖွဲ့ မှတ်တမ်းတင်သွားခဲ့သလို၊ အမရဲ့ ခွပ်ဒေါင်းစိတ်ဓါတ် ခွပ်ဒေါင်းအသဲ နဲ့ စစ်အာဏာရှင် စနစ်အပေါ် ဘဝတာတလျောက်လုံး ပြတ်ပြတ်သားသားတိုက်ပွဲဆင်သွားခဲ့တဲ့ သူရဲကောင်းပီသတဲ့ တော်လှန်ရေးဝိဥာဉ်ကိုလဲ ကျနော်ကတော့ ကျနော်တတ်နိုင်သလောက် ရုပ်ပုံလွှာ ခြယ်သလိုက်ပါ ပြီ၊၊ ဖြစ်နိုင်ရင် တမလွန်ဘဝဆိုတာကနေ ကြားနိုင် မြင်နိုင် သိနိုင်စေချင်စမ်းပါ ဘိတယ်။

( ဝင်းတင့်ထွန်း ) ၂၁-၄-၂ဝဝ၈

( ၁၁ - ၄ - ဝ၈ နေ့က ကွယ်လွန်သွားရှာတဲ့ အမကြီး မခင်မာအေး သို့ အမှတ်တရ ဦးညွှတ်လိုက်ပါတယ်၊၊ )

You might also like