Download as pdf or txt
Download as pdf or txt
You are on page 1of 2

လူချင်း ခပ်ခွာခွာနေခြင်း

(Social Distancing)
အချက်အလက် စာစောင်

လူချင်း ခပ်ခွာခွာနေခြင်း (social distancing) ဆိုသည်မှာ ဘာလဲ။

လူချင်း ခပ်ခွာခွာနေခြင်း (social distancing) ဆိုသည်မှာ သင်နှင့် အခြားသူများအကြားတွင် တစ်မတ


ီာခွဲ (သို့မဟုတ် ငါးပေ)
နေရာလပ်ထားခြင်း ဖြစ်ပါသည်။ ၎င်းအကွာအဝေးမှာ ခြေလှမ်းကျဲကျဲ နှစ်လှမ်းခန့် ဖြစ်သည်။

သင် ဘာလုပ်နိုင်သလဲ။

• အိမ်၌ နေနိုင်သမျှ နေပါ။


• အကယ်၍ သင်သွားရန်လိုအပ်လျှင် စူပါမားကက်၊ ဆေးဆိုင်နှင့် ဘဏ်သို့သွားပါ။
• သင်ပြင်ပ၌ ကာယလေ့ကျင့်ခန်းလုပ်နိုင်သည်၊ သို့သော် နေနိုင်ပါက သင့် ဒေသနယ်မြေ အတွင်း နေပါ။
• ကူညီပံ့ပိုးပေးရန် သို့မဟုတ် ကြည့်ရှုစောင့်ရှောက်ပေးရန် တစ်စုံတစ်ဦးထံသို့ သင် သွားနိုင်သည်။
• သင်၏ ပုံမှန် ဆရာဝန် ရက်ချိန်းများသို့ သွားမြဲသွား ပါ။ ဤကိစ္စမှာ အရေးကြီးပါသည်။
• သင်နှင့်အတူ မနေထိုင်သော သင့်မိသားစုနှင့် မိတ်ဆွေများအတွက် ပစ္စည်းများကို ၎င်းတို့၏အိမ်ရှေ့တံခါးပေါက်တွင် ချပေးပါ။
• သင့်အမ
ိမှ ထွက်ခွာ သည့်အခါ အခြားသူများထံမှ တစ်မီတာခွဲ အကွာအဝေးတွင်နေပါ။

သင် ဘာမလုပ်နိုင်သလဲ။

• လူများနှင့် တွေ့ဆုံသည့်အခါ လက်ဆွဲ မနှုတ်ဆက်ပါနှင၊့် မပွေ့ဖက်ပါနှင့် ၊ မနမ်းပါနှင့်။


• သင် အပြင်သွားရန် မလိုအပ်လျှင် သင့်အိမ်မှမထွက်ပါနှင့်။ ဥပမာအားဖြင့် အကယ်၍သင် ဈေးဝယ်ရန်၊ ဆရာဝန်ထံသွားရန်နှင့်
ဓာတ်ဆီဖြည့်ရန် လိုအပ်လျှင်၊ ၎င်းတို့ကို သုံးကြိမ်ခွဲ၍သွားမည့်အစား တစ်ကြိမ်တည်းပေါင်း၍လုပ်ပါ။
• လူအများအပြားရှိသည့်နေရာများမှ ဝေးဝေးနေပါ။ ဥပမာအားဖြင့် အကယ်၍ စူပါမားကက် ကားရပ်နားသည့်နေရာ
ပြည့်နှကေ
် နပုံရလျှင် သို့မဟုတ် အထဲတွင် ပြည့်ကျပ်နေပုံရလျှင် နောက်တစ်ခေါက်ပြန်လာရန် ကြိုးစားပါ။

ကျွန်ုပ် အိမ်၌ ဘာလုပ်သင့်သလဲ။

• သင် နွေးထွေးနေသမျှ အိမ်ထဲ၌ လေအဝင်အထွက်ကောင်းနေအောင်ထားပါ။


• သင့်အိမ်အဝန်းရှိ ခုံတန်းရှည်များ၊ မီးခလုတ်များနှင့် တံခါးလက်ကိုင်များကို သန့်ရှင်းပေးပါ။
• သင့်လက်များကို ဆပ်ပြာနှင့်ရေဖြင့် မကြာခဏဆေးကြောပြီး ခြောက်အောင်လပ
ုပါ။ သင် အိမ်ပြန်ရောက်ရောက်ချင်း၊ သင်
အိမ်သာတက်ပြီးနောက်၊ နှာချေပြီးနောက်၊ ချောင်းဆိုးပြီးနောက်၊ သင့်မျက်နှာကို မထိကိုင်မီနှင့် အစားအသောက်များကို
မကိုင်တွယ်မီ ဤသို့လုပ်ရန် အထူးရေးကြီးသည်။

ကျွန်ုပ် အခြားသူများနှင့် မည်ကဲ့သို့ အဆက်အသွယ်ရှိနေနိုင်သနည်း။

• သင့်မိတ်ဆွေနှင့် မိသားစုတို့ဖြင့် အွန်လိုင်းနှင့်ဖုန်းဖြင့် အဆက်အသွယ်ထားပါ။


• သင့်အိမ်နီးချင်းများနှင့် ခြံစည်းရိုးကျော်၍ စကားပြောနိုင်ပါသည် သို့သော် ခြေလှမ်းကျဲကျဲကြီးနှစ်ခု ခွာ၍နေပါ။
• အကယ်၍သင် အကြံဉာဏ် သို့မဟုတ် အထောက်အပံ့ လိုအပ်လျှင်၊ အောက်ပါသို့ ဖုန်းဆက်ပါ။
o တပ်စ်မေးနီးယား ပြောင်းရွှေ့လာသူဆိုင်ရာ ရင်းမြစ်ဌာန (Migrant Resource Centre Tasmania) ၀၃ ၆၂၂၁ ၀၉၉
(03 6221 0999)
o ကက်သိုလစ် စောင့်ရှောက်ရေး အဖွဲ့အစည်း (Catholic Care) ဖုန်း (၀၃) ၆၂၇၈ ၁၆၆၀ (03) 6278 1660
o မြောက်ပိုင်း ပြောင်းရွှေ့လာသူဆိုင်ရာ ရင်းမြစ်ဌာန (Migrant Resource Centre North) ဖုန်း (၀၃) ၆၃၃၂ ၂၂၁၁
(03) 6332 2211

Burmese | မြန်မာ
လူချင်း ခပ်ခွာခွာနေခြင်း
(Social Distancing)
အချက်အလက် စာစောင်

ကျွန်ုပ် နေထိုင်မကောင်းဖြစ်လျှင် ဘာဖြစ်မည်နည်း။

• အကယ်၍သင် ကိယ
ုပူ၍ အဖျားတက်လျှင် (သို့မဟုတ် ညဘက်၌ ချွေးပြန်ခြင်း သို့မဟုတ် ချမ်းဖျားခြင်းကဲ့သို့သော
အဖျားတက်သည့် လက္ခဏာများ)၊ ချောင်းဆိုးလျှင်၊ လည်ချောင်းနာလျှင် သို့မဟုတ် အသက်ရှုမဝဖြစ်လျှင် သင့်ဆရာဝန်အား
ဆက်သွယ်ပါ သို့မဟုတ် ပြည်သူ့ကျန်းမာရေး အရေးပေါ်ဖုန်းလိုင်း (Public Health Hotline) ၁၈၀၀ ၆၇၁ ၇၃၈ (1800 671 738)
ကို ဖုန်းဆက်ပါ။
• အကယ်၍သင် စကားပြန် လိုအပ်လျှင် ဘာသာပြန်နှင့် စကားပြန် ဝန်ဆောင်မှု ဌာန (Translating and Interpreting Service
TIS) ၁၃၁ ၄၅၀ (131 450) ကို ဖုန်းဆက်၍ သင့်ဘာသာစကား၏အမည်ကို ပြောပါ။
• အကယ်၍သင် အခြားကိစ္စတစ်ခခ
ု အ
ု တွက် ကျန်းမာရေးဆိုင်ရာ အကြံဉာဏ် လိုအပ်လျှင် သင့်ဆရာဝန်အား ဆက်သွယ်ပါ
သို့မဟုတ် သြစတြေးလျား ကျန်းမာရေး အဖွဲ့အစည်း (Health Direct Australia) ၁၈၀၀ ၀၂၂ ၂၂၂ (1800 022 222)
ကိဖ
ုန်ဆက်ပါ။
• အကယ်၍သင် အလွန်ဖျားနေပြီး စိုးရိမ်ပူပန်နေလျှင် သို့မဟုတ် အသက်ရှူရန် ခက်ခဲနေလျှင် ၀၀၀ ကို ဖုန်းဆက်၍
လူနာတင်ယာဉ်ကိုခေါ်ပါ။
• သင်သည် ကြက်ခြေနီအသင်း (Red Cross) မှ ယဉ်ကျေးမှုပေါင်းစုံဆင
ိုရာ ကျန်းမာရေး လုပ်သား (Bi Cultural Health Worker)
(၀၃) ၆၂၃၅ ၆၀၇၇ ((03)6235 6077) ကိုလည်း ဖုန်းဆက်နိုင်ပါသည်။

You might also like