Download as pdf or txt
Download as pdf or txt
You are on page 1of 22

Aဖွင့်စာမျက်နှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
မြန်မာနိုင်ငံတော်ဗဟိုဘဏ်Uပဒေ
Sat, 07/13/2013 - 12:39

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်Uပဒေ

(၂ဝ၁၃ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် UပဒေAမှတ် ၁၆ ။)

၁၃၇၅ ခုနှစ်၊ ဝါဆိုလဆန်း ၄ ရက်

(၂ဝ၁၃ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤUပဒေကို ပြဋ္ဌာန်းလိုက်သည်။

Aခန်း(၁)

Aမည်နှင့်Aဓိပ္ပာယ်ဖော်ပြချက်

၁။ ဤUပဒေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်Uပဒေဟု
ပဒေ ခေါ်တွင် စေရမည်။

၂။ဤUပဒေတွင်ပါရှိသောေAာက်
Aာက်ပါစကားရပ်များသည် ဖော်ပြပါAတိုင်း Aဓိပ္ပာယ် သက်ရောက်စေရမည်-

(က) နိုင်ငံတော်ဆိ
ဆုသိ ည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ဆိုသည်။
(ခ) AစိုးရAဖဲဆိ
ဆွု့သ
ိ ည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စု Aစိုးရ Aဖဲ့က
ွို
ဆိုသည်။
(ဂ) ဝန်ကြီးဌာနဆိ
ဌာနဆိုသည်မှာ ပြည်ထောင်စုAစိုးရ၊ ဘဏ္ဍာရေးနှင့်Aခွန် ဝန်ကြီးဌာနကို ဆို သည်။
(ဃ) ဗဟိုဘဏ်ဆိုသည်မှာ ဤUပဒေAရ တည်ထောင်သည့် မြန်မာနိုင်ငံတော်ဗဟို ဘဏ်ကို ဆိုသည်။
(င) ဘဏ်ဆိုသည်မှာ မြန်မာနိုင်ငံတော်ငွေရေးကြေးရေး Aဖွဲ့Aစည်းများ UပဒေAရ တည်ထောင်
သောဘဏ်ကို ဆိုသည်။
(စ) ငွေရေးကြေးရေးAဖဲ့A
ွ စည်း ဆိုသည်မှာ မြန်မာနိုင်ငံတော် ငွေရေးကြေးရေး Aဖဲ့A
ွ စည်းများ
UပဒေAရ တည်ထောင်ခွင့်ပြုထားသော Aဖွဲ့Aစည်းကို ဆိုသည်။
(ဆ) ငွေစက္ကူ ဆိုသည်မှာ ဗဟိုဘဏ်က ဤUပဒေAရဖြစ်စေ၊ ယခင်က ဖြစ်စေထုတ်ထားသော
တရားဝင်ငွေစက္ကူကို ဆိုသည်။
(ဇ) ဒင်္ဂါး ဆိုသည်မှာ ဗဟိုဘဏ် ဤUပဒေAရဖြစ်စေ၊ ယခင်ကဖြစ်စေ ထုတ်ထားသော
တရားဝင်ဒင်္ဂါးနှင့် ငွေAကြွေကို ဆိုသည်။
(ဈ) နိုင်ငံခြားသုံးငွေ ဟူသော စကားရပ်တွင်ေAာက်ပါတို့ ပါဝင်သည်-
(၁) နိုင်ငံခြားငွေ ငွေသား၊
(၂) နိုင်ငံခြားငွေ ငွေသားဖြင့် ပေးချေရမည့် သို့မဟုတ် ပြည်ပတွင် ပေးချေရမည့်
စာချုပ်စာတမ်းများ၊
(၃) နိုင်ငံတကာAစိုးရ ငွေရေးကြေးရေး Aဖွဲ့Aစည်းများ၊ နိုင်ငံခြားရှိ ဗဟိုဘဏ်များ၊
ငွေတိုက်များနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် များတွင် ထားရှိသော Aပ်ငွေများ၊
(၄) တစ်နိုင်ငံမှ တစ်နိုင်ငံသို့ ငွေများလွှဲပြောင်းရာတွင် Aသုံးပြုသည့် စာချုပ် စာတမ်းများ၊
(၅) ပြည်တွင်းဘဏ်များရှိ နိုင်ငံခြားငွေဖြင့် ဖွင့်လှစ်ထားရှိသည့် ငွေစာရင်းများ။
(ည) ရွှေဆိုသည်မှာ Aပြည်ပြည်ဆိုင်ရာ AပေးAယူပြုလုပ်မှု၌ သတ်မှတ် Aသုံးပြုသည့် စံချိန်မီ
ရွှေချောင်း၊ ရွှေတုံး နှင့် ရွှေဒင်္ဂါးများကိုဆိုသည်။
(ဋ) လှည့်လည်သုံးစွဲငွေဆိုသည်မှာ ဗဟိုဘဏ် လက်ဝယ်ရှိ ငွေစက္ကူနှင့်ဒင်္ဂါးများမှAပ
လှည့်လည်သုံးစဲလ
ျွက်ရှိသည့် သုံးစွဲငွေကို ဆိုသည်။
(ဌ) Aထွေထွေသီးသန့်ငွေစာရင်း ဆိုသည်မှာ AစိုးရAဖွဲ့၏ ကနဦး ထည့်ဝင်ငွေ တစ်ရပ်ဖြင့်
ဗဟိုဘဏ်ကိုမတည် တည်ထောင်ပြီးနောက် နှစ်စU်နှစ်ကုန်ဆုံးသည့် Aခါတိုင်း ရရှိသော
Aသားတင်Aမြတ်ငွေမှသတ်မှတ်ထားသည့် ရာခိုင်နှုန်း တစ်ရပ်ဖြင့် ခွဲဝေပေးသွင်းရပြီး
ဗဟိုဘဏ်၏ မတည်ငွေရင်း၏ ၁ဝဝ ရာခိုင်နှုန်းနှင့် ညီမျှသည်Aထိ ထည့်ဝင်ရ သည့် ငွေစာရင်းကို
ဆိုသည်။
(ဍ) Aထူးသီးသန့်ငွေစာရင်း ဆိုသည်မှာ ဗဟိုဘဏ်က Aထူးကိစ္စရပ် Aတွက် တည်ထောင်ထားသည့်
စာရင်းကို ဆိုသည်။
(ဎ) လျှော့နှုန်းဆိုသည်မှာ လျှော့နှုန်းဖြင့် ချေးငွေAစီAစU်Aရ ဗဟိုဘဏ်သည် AာမခံAဖြစ်
ငွေချေးသက်သေခံ လက်မှတ်များရယူ၍ ဘဏ်နင
ှ့် ငွေရေး ကြေးရေး Aဖဲ့A
ွ စည်းများသို့
ထုတ်ချေးသည့် ကာလတိုချေးငွေAပေါ် ရယူသည့် ဗဟိုဘဏ် Aတိုးနှုန်းကို ဆိုသည်။
(ဏ) သီးသန့်ငွေ လိုAပ်ချက် သို့မဟုတ် သီးသန့်ငွေAချိုး ဆိုသည်မှာ ကူးသန်း
ရောင်းဝယ်ရေးဘဏ်များနှင့် ငွေစုဘဏ်များ၌ ဘဏ်နှင့် ဆက်သွယ် ဆောင်ရက
ွ်သူများ
Aပ်နှံထားသည့် စုစုပေါင်းAပ်နှံငွေ၏ Aစိတ်Aပိုင်း တစ်ရပ်ကို Aနည်းဆုံး သီးသန့်ငွေ
လိုAပ်ချက် တစ်ရပ်Aဖြစ် ထားရရှိမည့် ဗဟိုဘဏ်၏ သတ်မှတ် ချက်ကို ဆိုသည်။
(တ) နှစ်ဆိုသည်မှာ နိုင်ငံတော်၏ ဘဏ္ဍာရေးနှစ်ကို ဆိုသည်။
(ထ) လဟူသော စကားရပ်တွင် လူပုဂ္ဂိုလ်တစ်UီးUီး သို့မဟုတ် UပဒေAရ ဖွဲ့စည်း ထားသော
ပုဂ္ဂိုလ်
Aဖဲ့A
ွ စည်းတစ်ရပ်ရပ်တို့ ပါဝင်သည်။
Aခန်း(၂)

တည်ထောင်ခြင်း၊ ရည်မှန်းချက်နှင့် ရည်ရွယ်ချက်

၃။ ဗဟိုဘဏ်ကို ကိုယ်ပိုင်Aမည်ဖြင့် စU်ဆက်မပြတ် ဆက်ဆံဆောင်ရွက်ပိုင်ခွင့်၊ တရားစွဲ ဆိုနိုင်ခွင့်၊ တရားစွဲဆို


ခံနိုင်ခွင့်ရှိသော တရားဝင်Aဖဲ့A
ွ စည်းAဖြစ် ဤUပဒေဖြင့် တည်ထောင်သည်။

၎။ ဗဟိုဘဏ်၏ ရုံးချုပ်ကို နေပြည်တော်တွင် ထားရှိရမည်။ ဗဟိုဘဏ်သည် ဒါရိုက်တာ Aဖွ့၏



သဘောတူညီချက်ဖြင့် ပြည်တွင်းတွင်ဖြစ်စေ၊ ပြည်ပတွင်ဖြစ်စေ၊ ဘဏ်ခွဲများနှင့် ယင်း၏ ကိုယ်စားလှယ်ရုံးခဲမ
ျွား
ဖွင့်လှစ်နိုင်သည်။

၅။ ဗဟိုဘဏ်၏ Aဓိကရည်မှန်းချက်မှာ ပြည်တွင်းဈေးနှုန်းတည်ငြိမ်မှု ရရှိရန်နှင့် ထိန်းသိမ်း ရန်ဖြစ်သည်။

၆။ ဗဟိုဘဏ်သည် မိမိ၏ Aဓိကရည်မှန်းချက်နှင့်AညီေAာက်ပါရည်ရွယ်ချက်များ တိုးတက်ေAာင်မြင်စေရန်


ကြိုးပမ်းဆောင်ရွက် ရမည်-

(က) ငွေကြေးတည်ငြိမ်ရေး၊
(ခ) ငွေရေးကြေးရေးစနစ် တည်ငြိမ်ရေး၊
(ဂ) ထိရောက်သော ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ်များ ခိုင်မာ တိုးတက် ရေး၊
ရှင်သန်သော စီးပွားရေးဖံြွ့ ဖိုးမှုရရှိစေရန် AစိုးရAဖွဲ့၏ Aထွေထွေ စီးပွားရေး မူဝါဒများကို
(ဃ)
Aထောက်Aကူပြုရေး။

၇။ ဗဟိုဘဏ်သည် မိမိ၏Aဓိကရည်မှန်းချက်နှင့် ရည်ရွယ်ချက်များေAာင်မြင်စေရန် ဤUပဒေပါ


လုပ်ငန်းတာဝန်များကို Aကောင်Aထည်ဖော်ဆောင်ရွက်ရာတွင် မိမိAား Aပ်နှင်းထားသည့် လုပ်ပိုင်ခွင့်များကို
လွတ်လပ်စွာ ကျင့်သုံးဆောင်ရက
ွ်နိုင်သည်။

Aခန်း(၃)

ဒါရိုက်တာAဖွဲ့ ဖွဲ့စည်းခြင်း

၈။ ဗဟိုဘဏ်ကို ဒါရိုက်တာAဖြွဲ့ ဖင့် စီမံခန့်ခွဲရမည်။

၉။ (က) ဗဟိုဘဏ်၏ ဒါရိုက်တာAဖွဲ့ကို ပုဂ္ဂိုလ်ကိုးဦးဖြင့်ေAာက်ပါAတိုင်း ဖဲ့စ


ွ ည်း၍
ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက် ဖြင့် နိုင်ငံတော်သမ္မတက
ခန့်Aပ်တာဝန်ပေးရမည်-
(၁) ဗဟိုဘဏ်Uက္ကဋ္ဌ Uက္ကဋ္ဌ
(၂) ဗဟိုဘဏ် ဒုတိယ Uက္ကဋ္ဌ သုံးဦး Aဖွဲ့ဝင်
(၃) AစိုးရAဖဲ့က
ွ ရွေးချယ်ပေးသော ပြင်ပမှ Aဖွဲ့ဝင်

ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူငါးဦး
(ခ) ဗဟိုဘဏ် Uက္ကဋ္ဌ၏ သက်တမ်းသည် ငါးနှစ်ဖြစ်သည်။ ကျန်ဒါရိုက်တာ Aဖွဲ့ဝင် များ၏ သက်တမ်း
သည် လေးနှစ်ဖြစ်သည်။ ဒါရိုက်တာAဖွဲ့၏ Uက္ကဋ္ဌနှင့် Aဖွဲ့ဝင် များသည် ဆက်တိုက်
သက်တမ်းနှစ်ခုထက်ပို၍ ထမ်းဆောင်ခွင့်မရှိစေရ။
(ဂ) ဗဟိုဘဏ်၏ Uက္ကဋ္ဌနှင့် ဒုတိယUက္ကဋ္ဌများသည် ဗဟိုဘဏ်၏ လုပ်ငန်းတာဝန်များကို Aချိန်ပြည့်
ထမ်းဆောင်ရမည့် Aပြင် Aခကြေးငွေရရှိသော Aခြား မည်သည့် လုပ်ငန်းကိုမျှ
ဆောင်ရက
ွ်ခြင်းမပြုရ။
(ဃ) ဒါရိုက်တာAဖွ့သ
ဲ ည် ဗဟိုဘဏ်၏ Aရာရှိတစ်UီးAား ဒါရိုက်တာAဖွဲ့၏ ရုံးလုပ်ငန်း တာဝန်များ
ထမ်းဆောင်ရာတွင် တာဝန်ခံAဖြစ် ဆောင်ရွက်ရန် သီးခြား တာဝန်ပေးAပ်ရမည်။
(င) ဒါရိုက်တာAဖဲ့၏
ွ Uက္ကဋ္ဌနှင့်Aဖွဲ့ဝင်များသည် ဗဟိုဘဏ်လုပ်ငန်း၊ စီးပွားရေး ပညာရပ၊်
ငွေကြေးနှင့်ဘဏ်လုပ်ငန်း၊ Uပဒေပညာရပ၊် စာရင်းကိုင်နှင့် စာရင်းစစ် လုပ်ငန်းတစ်ရပ်ရပ်
တွင်Aတွေ့Aကြုံနှင့် ဗဟုသုတကြွယ်ဝသူများ ဖြစ်ရမည်။
ဒါရိုက်တာAဖွ့ဝ
ဲ င်များသည် မိမိနှင့်မိမိ၏ မိသားစုဝင်များ၏ ငွေကြေး သို့မဟုတ် စီးပွားရေး
(စ)
လုပ်ငန်းနှင့်ဆိုင်သော Aကျိုး ခံစားခွင့်များကို ဒါရိုက်တာAဖွဲ့သို့ Aပြည့် Aစုံတင်ပြရမည်။

၁ဝ။ေAာက်ပါပုဂ္ဂိုလ်တို့ကို Aဖဲ့ဝ


ွ င်Aဖြစ် ခန့်ထားခြင်းမပြုရ-

(က) နိုင်ငံသားမဟုတ်သူ၊
(ခ) Aဖဲ့ဝ
ွ င်တစ်ဦး၏ ဇနီး၊ ခင်ပန
ွ်း၊ မိဘ၊ သားသမီး၊ ညီAစ်ကို မောင်နှမ Aရင်း၊
(ဂ) ကုမ္ပဏီ သို့မဟုတ် Aစုစပ်လုပ်ငန်း၏ ဝန်ထမ်းများ၊ ဒါရိုက်တာများ၊ ယင်းAဖွဲ့Aစည်းများတွင်
ငါးရာခိုင်နှုန်းထက်ပိုသော Aကျိုးခံစားခွင့် ပိုင်ဆိုင်သည့် Aဓိက Aစုရှယ်ယာ ပိုင်ရှင်များ၊
(ဃ) ဘဏ်တစ်ခုခု သို့မဟုတ် ငွေရေးကြေးရေး Aဖွဲ့Aစည်းတစ်ခုခု၏ ဝန်ထမ်းများ၊ ဒါရိုက်တာများ၊
ယင်းAဖဲ့A
ွ စည်း များတွင် ငါးရာခိုင်နှုန်း ထက်ပိုသော Aကျိုးခံစားခွင့်များကို ဒါရိုက်တာAဖွ့သ
ဲို့
Aပြည့်Aစုံ တင်ပြရမည်။

၁၁။ ဗဟိုဘဏ်၏ Uက္ကဋ္ဌနှင့် ဒုတိယUက္ကဋ္ဌတို့သည် ဒါရိုက်တာAဖွဲ့က သတ်မှတ်သော ချီးမြှင့်ငွေနှင့် စရိတ်များကို


ခံစားခွင့်ရှိသည်။ ယင်းချီးမြှင့်ငွေကို ဗဟိုဘဏ်မှ ကျခံရမည်။

၁၂။ ပြင်ပမှ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူ ဒါရိုက်တာAဖွဲ့ဝင်များသည် ဒါရိုက်တာAဖွဲ့က သတ်မှတ်သော


ချီးမြှင့်ငွေနှင့် စရိတ်များ ကို ခံစားခွင့်ရှိသည်။ ယင်းချီးမြှင့်ငွေကို ဗဟိုဘဏ်မှ ကျခံရမည်။

၁၃။ လွှတ်တော်ကိုယ်စားလှယ် သို့မဟုတ် နိုင်ငံ့ဝန်ထမ်းAား ဒါရိုက်တာAဖွဲ့ဝင် Aဖြစ် ခန့်Aပ်တာဝန်ပေးပါက


တာဝန်ပေးAပ် သည့်နေ့မှစ၍ လွှတ်တော်ကိုယ်စားလှယ်Aဖြစ်မှ နုတ်ထွက်ပြီးဖြစ်သည်ဟုလည်းကောင်း၊
နိုင်ငံ့ဝန်ထမ်းAဖြစ်မှ ဝန်ထမ်း စည်းမျU်းစည်း ကမ်းနှင့်Aညီ Aငြိမ်းစားယူပြီးဖြစ်သည်ဟု လည်းကောင်း
မှတ်ယူရမည်။ ထို့ပြင် ဒါရိုက်တာAဖဲ့ဝ
ွ င်များသည် နိုင်ငံရေး ပါတီ Aဖွဲ့Aစည်းတစ်ခုခု၏ Aဖဲ့ဝ
ွ င် မဖြစ်ရ။
ပါတီAဖွဲ့Aစည်းများ၏ လှုပ်ရှားမှုများ၌လည်း ပါဝင်ဆောင်ရွက်ခြင်းမပြုရ။

၁၄။ဗဟိုဘဏ်Uက္ကဋ္ဌသည် ဗဟိုဘဏ်၏ AကြီးAကဲAဖြစ် တာဝန်ထမ်းဆောင်၍ ဗဟိုဘဏ်၏


လုပ်ငန်းတာဝန်များကို စီမံခန့်ခြွဲ ခင်းနှင့် မူဝါဒAကောင်Aထည်ဖော်ခြင်း တိ့က
ို ဒါရိုက်တာAဖွဲ့Aား
တာဝန်ခံပြီးဆောင်ရက
ွ်ရမည်။
၁၅။ဗဟိုဘဏ်Uက္ကဋ္ဌသည် ဗဟိုဘဏ်ကိုယ်စား Aရေးယူဆောင်ရွက်ရန်၊သဘောတူ စာချုပ်များ ချုပ်ဆိုရန်၊
စာချုပ်စာတမ်းများနှင့် စာချွ န်လွှာများကို လက်မှတ်ရေးထိုးရန် လုပ်ပိုင်ခွင့်များရှိသည်။ Aဆိုပါ လုပ်ပိုင်ခွင့်များကို
ဒါရိုက်တာAဖွဲ့က ဆုံးဖြတ်သည့်Aတိုင်း ဗဟိုဘဏ်၏ AရာရှိများAား လွှဲAပ်နိုင်သည်။

၁၆။ ဒါရိုက်တာAဖွ့ဝ
ဲ င်တစ်UီးUီးကိုေAာက်ပါAကြောင်း တစ်ရပ်ရပ် ပေါ်ပေါက် ပါက ဒါရိုက်တာAဖဲ့ဝ
ွ င်Aဖြစ်မှ
ရပ်စဲပြီးဖြစ်ရမည်-

(က) ပုဒ်မ ၁ဝ တွင် ဖော်ပြထားသော ကန့်သတ်ချက်တစ်ရပ်ရပ်နှင့် ငြိစွန်းခြင်း၊


(ခ) ထောင်ဒဏ်ချမှတ်ခံရခြင်း၊
(ဂ) ခန့်Aပ်သည့် Aာဏာပိုင်ထံ နုတ်ထွက်လွှာတင်၍ ခွင့်ပြုချက်ရရှိခြင်း၊
(ဃ) မိမိ၏ တာဝန်ဝတ္တရားများကို စွမ်းဆောင်နိုင်ခြင်းမရှိကြောင်း နိုင်ငံတော် သမ္မတ၏ ဆုံးဖြတ်ခံရခြင်း၊
(င)ဲ ခွင့်ပြုချက် မရရှိဘဲ ဒါရိုက်တာAဖွဲ့၏ Aစည်းAဝေး တက်ရောက်ရန် တစ်ဆက်တည်း
ဒါရိုက်တာAဖွ့၏
သုံးလ ပျက်ကွက်ခြင်း။

၁၇။ နုတ်ထွက်သွားသော သို့မဟုတ် ရာထူးမှ ရပ်စဲခြင်းခံရသော သို့မဟုတ် ကွယ်လွန် သွားသော


ဒါရိုက်တာAဖွဲ့ဝင်၏ ကျန်ရာထူး သက်တမ်းAတွက် ဤUပဒေပါ သတ်မှတ်ချက် များနှင့် ညီညတ
ွ်သော
သင့်လျော်သူတစ်ဦးဦးကို ဖြည့်စက
ွ်ခန့်ထားရမည်။ ယင်းသို့ ဖြည့်စွက်ခန့်ထားခြင်းကို
လစ်လပ်မှုပေါ်ပေါက်သည့်နေ့မှ သုံးလAတွင်း ပြုလုပ်ရမည်။

၁၈။ ဒါရိုက်တာAဖဲ့သ
ွ ည် ဗဟိုဘဏ်၏ လုပ်ငန်းတာဝန်များကို ထိရောက်စွာ ဆောင်ရွက် နိုင်ရန် သင့်လျော်သော
ပုဂ္ဂိုလ်များ ဖြင့် ကော်မတီများကို လိုAပ်သလို ဖွဲ့စည်းနိုင်သည်။ ထိုသို့ဖွဲ့စည်းရာတွင် ယင်းကော်မတီများ၏
တာဝန်နှင့် လုပ်ပိုင်ခွင့်များကို သတ်မှတ် ပေးရမည်။

၁၉။ ဒါရိုက်တာAဖဲ့သ
ွ ည် ဗဟိုဘဏ်၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန်Aလို့ငှာ ဝန်ထမ်းဖဲ့စ
ွ ည်းပုံတစ်ရပ်
ရေးဆွဲထားရှိရမည်။ ယင်းဖဲ့စ
ွ ည်းပုံAတွင်း လိုAပ်သော Aရာ ထမ်းများနှင့် Aမှုထမ်းများကို ခန့်ထားရမည်။

၂ဝ။ ဒါရိုက်တာAဖဲ့သ
ွ ည် ဗဟိုဘဏ်၏ ဝန်ထမ်းရေးရာကိစ္စများနှင့် စပ်လျU်းသည့် စည်းမျU်းစည်းကမ်းများ
ခံစားခွင့်များကို သတ်မှတ် ရမည်။

၂၁။ ဗဟိုဘဏ်သည် ဒါရိုက်တာAဖဲ့၏


ွ Aတည်ပြုချက်ဖြင့်ေAာက်ပါတို့ကို ဆောင်ရက
ွ်နိုင်သည်-

မိမိ၏ ဝန်ထမ်းများသို့ Aာမခံဖြင့်ဖြစ်စေ၊ Aာမခံမဲ့ဖြင့် ဖြစ်စေ ချေးငွေနှင့် ကြိုတင်ပေးငွေ


(က)
ထုတ်ချေးခြင်း၊
မိမိ၏ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် Aကျိုးခံစားခွင့် ရရှိမှုများAတွက်
(ခ)
Aငြိမ်းစားဝန်ထမ်းရန်ပုံငွေ သို့မဟုတ် Aလားတူ AစီAစU်များ တည်ထောင် ဆောင်ရက
ွ်ခြင်း။

၂၂။ (က) ဒါရိုက်တာAဖဲ့၏


ွ ပုံမှန်Aစည်းAဝေးကို တစ်လလျှင် Aနည်းဆုံးတစ်ကြိမ် ပြုလုပ်ရမည်။
သို့ရာတွင် ဗဟိုဘဏ်Uက္ကဋ္ဌ သို့မဟုတ် ဒါရိုက်တာ Aဖွဲ့ဝင် Aများစု၏ ဆန္ဒဖြင့်
မည့်သည့်Aချိန်မဆို AထူးAစည်းAဝေး ပြုလုပ် နိုင်သည်။
(ခ) ဒါရိုက်တာAဖွ့ဝ
ဲ င်Uီးရေ ထက်ဝက်ကျော်တက်ရောက်လျှင် Aစည်းAဝေး Aထမြောက်သည်။
Aစည်းAဝေးတွင် သဘာပတိAဖြစ် ဒါရိုက်တာAဖွဲ့ Uက္ကဋ္ဌက လည်းကောင်း၊ Uက္ကဋ္ဌ
(ဂ) မရှိသည့်Aခါ Uက္ကဋ္ဌက တာဝန်ပေးAပ်သည့် ဒါရိုက်တာAဖွဲ့ဝင် ဗဟိုဘဏ်ဒုတိယ Uက္ကဋ္ဌ
တစ်ဦးဦးကလည်းကောင်း ဆောင်ရွက်ရမည်။
ဒါရိုက်တာAဖဲ့၏
ွ Aစည်းAဝေးတွင် ဆုံးဖြတ်ချက်များကို တက်ရောက်သော
(ဃ) ဒါရိုက်တာAဖွ့ဝ
ဲ င်Aများစု၏ ဆန္ဒမဲဖြင့် ချမှတ်ရမည်။ မဲAရေAတွက် တူညီနေလျှင်
သဘာပတိ၏ AဆုံးAဖြတ်မဲဖြင့် ဆုံးဖြတ်ချက် ချမှတ်ရမည်။
ဒါရိုက်တာAဖွဲ့ Aစည်းAဝေးများ၌ ပြည်ထောင်စုAစိုးရ၊ ဘဏ္ဍာရေးနှင့် Aခွန်ဝန်ကြီးဌာနနှင့်
(င) ပြည်ထောင်စုAစိုးရ၊ Aမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနများမှ
ဒုတိယဝန်ကြီးတို့ Aား လေ့လာသူများAဖြစ် တက်ရောက်ရန် ဖိတ်ကြားရမည်။

၂၃။ ဒါရိုက်တာAဖဲ့ဝ
ွ င်တစ်ဦးဦး၏ Aကျိုးခံစားခွင့်များနှင့် ဆက်စပ်လျက်ရှိသော ကိစ္စရပ်များကို
ဒါရိုက်တာAဖွဲ့က Aရေး ယူဆောင်ရက
ွ်ရန် လိုAပ်သည့်Aခါ ယင်းကိစ္စနှင့် ပတ်သက် သည့် Aစည်းAဝေးတွင်
ယင်းဒါရိုက်တာAဖွ့ဝ
ဲ င်က ဆန္ဒမဲပေးပိုင်ခွင့် မရှိစေရ။

Aခန်း(၄)

မတည်ငွေရင်းနှင့် Aမြတ်ခွဲဝေမှု

၂၄။ နိုင်ငံတော်သည် ဗဟိုဘဏ်၏ တစ်Uီတည်းသော Aစုရှယ်ယာပိုင်ရှင်ဖြစ်သည်။ ဗဟိုဘဏ်၏


ခွင့်ပြုမတည်ငွေရင်းသည် ကျပ်သန်းပေါင်း သုံးသိန်းဖြစ်သည်။ ယင်းAနက် ငွေကျပ်သန်းပေါင်း တစ်သိန်းကို
နိုင်ငံတော်က ထည့်ဝင်ပြီးဖြစ်ရမည်။ ဗဟိုဘဏ်၏ ခွင့်ပြုမတည်ငွေရင်းနှင့် ထည့်ဝင်ပြီး မတည်ငွေရင်းတို့ကို
AစိုးရAဖွဲ့၏ ခွင့်ပြုချက်ဖြင့် တိုးမြှင့်နိုင်သည်။ မတည်ငွေရင်းများ ကို လျှော့ချခြင်းမပြုရ။

၂၅။ဗဟိုဘဏ်၏ ရရန်ပိုင်ခွင့်များတန်ဖိုးသည် ပေးရန်တာဝန်များတန်ဖိုးနှင့် ထည့်ဝင်ပြီး မတည်ငွေရင်းနှစ်


ရပ်ပေါင်းေAာက် လျော့ နည်းသည့်Aခါ ဗဟိုဘဏ်က Aဆိုပြု၍ AစိုးရAဖွဲ့က ခွင့်ပြုသည့်Aတိုင်း
ဝန်ကြီးဌာနသည် Aစိုးရငွေချေး သက်သေခံ လက်မှတ် များကို ဗဟိုဘဏ်သို့ ထုတ်ပေးရမည်။

၂၆။ ဗဟိုဘဏ်၏နှစ်Aလိုက် Aသားတင်Aမြတ်ငွေတွက်ချက်ရာတွင် နှစ်Aတွက် လုပ်ငန်းဆောင်ရက


ွ်မှု
Aသုံးစရိတ်များကို ထုတ်နုတ်ပြီးနောက် ရလမ်းမရှိသော ကြွေးမြီနှင့် ရရန်မသေချာသော ကြွေးမြီများAတွက်
လျာထားခြင်း၊ ရရန်ပိုင်ခွင့်များAတွက် တန်ဖိုး လျော့လျာထားခြင်း၊ ဝန်ထမ်းများ၏ သက်သာချောင်ချိရေးနှင့်
Aငြိမ်းစား ရန်ပုံငွေ များAတွက် လျာထားခြင်း တို့ကို ဆောင်ရွက်ပြီး တွက်ချက်ရမည်။ ဗဟိုဘဏ်သည်
လိုAပ်သည်ဟုယူဆသော Aခြားကိစ္စရပ်များAတွက် လျာထားခြင်း ကိုလည်း Aစိုးရ Aဖွဲ့၏ ခွင့်ပြုချက်ဖြင့်
ပြုလုပ်နိုင်သည်။

၂၇။ ဗဟိုဘဏ်သည်Aထွေထွေ သီးသန့်ငွေစာရင်းကို တည်ထောင်ထားပြီးဖြစ်ရမည်။ နှစ်စU်


နှစ်ကုန်ဆုံးသည့်Aခါ Aသားတင် Aမြတ်ငွေ၏ လေးဆယ်ရာခိုင်နှုန်းနှင့် ညီမျှသော ငွေပမာဏကို
ကျပ်သန်းဂဏန်း Aလီလီဖြင့် ဗဟိုဘဏ်၏ ထည့်ဝင်ပြီး မတည်ငွေရင်း၏ တစ်ရာ ရာခိုင်နှုန်းနှင့် ညီမျှသည်Aထိ
Aထွေထွေသီးသန့်ငွေစာရင်းသို့ ခွဲဝေပေးသွင်းရမည်။ AစိုးရAဖွဲ့၏ ခွင့်ပြုချက်ဖြင့် Aထွေထွေ
သီးသန့်ငွေစာရင်းသို့ လွှဲပြောင်းသော ငွေပမာဏကို နှစ်စU်သတ်မှတ်ရာခိုင်နှုန်းထက် ကျော်လန
ွ်၍ တိုးမြှင့်
နိုင်သည် သို့မဟုတ် Aထွေထွေသီးသန့်ငွေစာရင်း၏ စုစုပေါင်းငွေကို ဗဟိုဘဏ်၏ ထည့်ဝင်ပြီး မတည်ငွေရင်း
ထက်ကျော်လွန် ၍ တိုးမြှင့်နိုင်သည်။
၂၈။ ပုဒ်မ ၂၇Aရ Aထွေထွေသီးသန့်ငွေစာရင်းသို့ လွှဲပြောင်းပေးသွင်းပြီးနောက် Aသားတင်Aမြတ်ငွေမှ
ကျန်ရှိငွေကို ပုဒ်မ၂၅ Aရ ထုတ်ပေးထားပြီး ဗဟိုဘဏ်မှ ကိုင်ဆောင်ထားသော
Aစိုးရငွေချေးသက်သေခံလက်မှတ်များကို ရွေးယူရန် Aသုံးပြုရမည်။

၂၉။ ဗဟိုဘဏ်သည် နှစ်စU် နှစ်ကုန်ဆုံး၍ Aရှုံးပေါ်ပေါက်သည့်Aခါ AဆိုပါAရှုံးကို ပုဒ်မ ၂၇ Aရ


တည်ထောင်ထားသော Aထွေထွေသီးသန့်ငွေစာရင်းမှ ခုနှိမ်ရမည်။

၃ဝ။ ဗဟိုဘဏ်သည်ပုဒ်မ ၂၇ နှင့် ပုဒ်မ ၂၈ တို့Aရ ဆောင်ရွက်ပြီးနောက် ကျန်ရှိသော Aသားတင်


Aမြတ်လက်ကျန်ငွေကို ကျပ်သန်းဂဏန်းAလီလီဖြင့် နှစ်ကုန်ဆုံးပြီးနောက် ပြည်ထောင်စု ဘဏ္ဍာငွေAရAသုံး
ခန့်မှန်းခြေငွေစာရင်းသို့ ဆောလျင်စွာ လွှဲပြောင်းပေး Aပ်ရမည်။

၃၁။ ဗဟိုဘဏ်သည် ခုနှိမ်မှု သို့မဟုတ် ပေးချေမှုစသည်တို့ကို ပြုလုပ်ခြင်းAားဖြင့် မိမိ၏ရရန်ပိုင်ခွင့်သည်


ပေးရန်တာဝန်များနှင့် ထည့်ဝင်ပြီး မတည်ငွေရင်း နှစ်ရပ်ပေါင်းေAာက် လျော့နည်းလိမ့်မည်ဟု ယူဆပါက ပုဒ်မ
၂၇ နှင့် ပုဒ်မ ၂၈ တို့Aရ ဆောင်ရက
ွ်မှု ကိုသော်လည်းကောင်း၊ ပုဒ်မ ၃ဝ Aရ လွှဲပြောင်းပေးAပ်မှု
တစ်စုံတစ်ရာကို သော်လည်းကောင်း မပြုလုပ်ရ။

၃၂။ ရွှေ၊ Aထူးထုတ်ယူခွင့်များ၊ Aပြည်ပြည်ဆိုင်ရာ AသိAမှတ်ပြု ငွေစာရင်းယူနစ်များ သို့မဟုတ် ကျပ်ငွေဖြင့်


တန်ဖိုးသင့် ထားသော နိုင်ငံခြားငွေကြေးတို့၏ တန်ဖိုးများ သို့မဟုတ် နိုင်ငံခြားငွေလဲလှယ်နှုန်းများတွင်
တစ်စုံတစ်ရာပြောင်းလဲမှုကြောင့် ဗဟိုဘဏ်၏ ရွှေ၊ Aထူးထုတ်ယူခွင့်များ၊ နိုင်ငံခြားငွေကြေးများ တစ်ရပ်ရပ်ကို
တန်ဖိုးပြန်လည် သတ်မှတ်ခြင်းဖြင့် ပေါ်ပေါက်လာသည့် ရရန်ပိုင်ခွင့်များနှင့် ပေးရန်တာဝန်များ၏
တန်ဖိုးပြောင်းလဲမှုများAတွက် Aထူးသီးသန့် ငွေစာရင်းတစ်ရပ် တည်ထောင်ထားရမည်။

၃၃။ (က) ရွှေ၊ Aထူးထုတ်ယူခွင့်များ၊ နိုင်ငံခြားငွေကြေးများနှင့် Aပြည်ြပည် ဆိုင်ရာAသိAမှတ်ပြု


ငွေစာရင်းယူနစ်များ၏ ကျပ်ငွေ တန်ဖိုးများကို နိုင်ငံခြား ငွေလဲလှယ်နှုန်း ပြောင်းလဲခြင်းကြောင့်
ပြန်လည်တန်ဖိုး သတ်မှတ်ရာတွင် ဖြစ်ပေါ်လာသော ဗဟိုဘဏ်၏ မည်သည့်နှစ်မှ မည်သည့်
Aသားတင်Aမြတ်ကိုမဆို ယင်းAထူး သီးသန့် ငွေစာရင်းသို့ မြီရှင်စာရင်း ရေးသွင်းရမည်။
(ခ) ပုဒ်မခွဲ(က)ပါ ပြောင်းလဲမှုတစ်ခုခုကြောင့် ဖြစ်ပေါ်လာသော ဗဟိုဘဏ်၏ မည်သည့် နှစ်မှ
မည်သည့်Aသားတင် Aရှုံးကိုမဆို ယင်းAထူး သီးသန့် ငွေစာရင်းရှိ မြီရှင်လက်ကျန်မှ
ခုနှိမ်ရမည်။
(ဂ) ပုဒ်မခွဲ (က)တွင် ရည်ညွှန်းသော Aသားတင်Aမြတ်သည်လည်းကောင်း၊ ပုဒ်မခွဲ (ခ)တွင်
ရည်ညွှန်းသော Aသားတင် Aရှုံးသည် လည်းကောင်း ဗဟိုဘဏ်၏ နှစ်စU်Aသားတင်
Aမြတ်ငွေ တွက်ချက်ရာတွင် မပါဝင်စေရ။

၃၄။ ဗဟိုဘဏ်သည် ဝင်ငွေAပေါ် ကောက်ခံသည့် Aခွန်များ ၊ တံဆိပ်ခေါင်းခွန်များ သို့မဟုတ် Aလားတူ


Aခွန်များနှင့် ဘဏ်လုပ်ငန်းဆောင်ရက
ွ်မှုများAပေါ် Aခွန်စည်းကြပ်မှုများမှ ကင်းလွတ်ခွင့် ရရှိစေရမည်။

၃၅။ ဗဟိုဘဏ်သည်-

မိမိ၏ ဘဏ္ဍာငွေAပေါ် ရပ်တည်၍ မိမိ၏ ဘဏ္ဍာငွေAစီAစU်ဖြင့် လုပ်ငန်းများကို


(က)
ဆောင်ရက
ွ်ရမည်။
(ခ) ဘဏ္ဍာရေးနှစ် တစ်နှစ်မစမီ ဗဟိုဘဏ်၏ နှစ်စU်AရAသုံး ခန့်မှန်းခြေ ငွေစာရင်းကို ရေးဆွဲ၍
ဒါရိုက်တာAဖွ့သ
ဲို့ တင်ပြ Aတည်ပြုချက် ရယူရမည်။ ဒါရိုက်တာAဖွဲ့က Aတည်ပြုပြီးသော
နှစ်စU်Aရ Aသုံးခန့်မှန်းခြေ ငွေစာရင်းကို AစိုးရAဖွဲ့သို့ Aစီရင်ခံ တင်ပြသည်နှင့် တစ်ပြိုင်နက်
ပြည်ထောင်စု လွှတ်တော်သို့လည်း တင်ပြရမည်။
ဒါရိုက်တာAဖဲ့သ
ွ ည် နှစ်စU် AရAသုံးခန့်မှန်းခြေငွေစာရင်းကို Aကောင် Aထည် ဖော်ရန်
(ဂ)
လိုAပ်သော ဘဏ္ဍာရေး စည်းမျU်းများကို ချမှတ်ရမည်။

ဗဟိုဘဏ်၏ စာရင်းများကို ဘဏ်တွင်းစာရင်းစစ်ဌာနက သုံးလပတ် Aလိုက် ပုံမှန်


၃၆။ (က)
စစ်ဆေးရမည်။ စာရင်းစစ်ဆေးချက်Aစီရင်ခံစာကို ဒါရိုက်တာ Aဖွဲ့သို့ တင်ပြရမည်။
ဗဟိုဘဏ်၏ စာရင်းများကို ဘဏ်တွင်းစာရင်းစစ်ချုပ်က Aနည်းဆုံး တစ်နှစ်လျှင်တစ်ကြိမ်
(ခ)
စစ်ဆေးရမည်။
ဗဟိုဘဏ်သည် နှစ်စU် နှစ်ကုန်ဆုံးတိုင်း နှစ်ချုပ်ငွေစာရင်းရှင်းတမ်းများကို ရေးဆွဲရမည။်
ဗဟိုဘဏ်သည် ပြည်ထောင်စုစာရင်းစစ်ချုပ်က မှန်ကန် ကြောင်း လက်မှတ်ရေးထိုးသည့်
(ဂ)
AရှုံးAမြတ်စာရင်းနှင့် လက်ကျန်ရှင်းတမ်း တို့နှင့်Aတူ နှစ်ချုပ်Aစီရင်ခံစာကို AစိုးရAဖွ့သ
ဲို့
နှစ်ကုန်ဆုံးပြီးနောက် ခြောက်လAတွင်း တင်ပြရမည်။
ပုဒ်မခွဲ(ဂ)Aရ တင်ြပပြီး နောက် ဗဟိုဘဏ်သည် နှစ်ချုပ်Aစီရင်ခံစာကို
(ဃ)
Aများပြည်သူသိရှိစေရန် ထုတ်ပြန်ကြေညာ ရမည်။

Aခန်း(၅)

တာဝန်ခံမှုနှင့် သတင်းAချက်Aလက်ထုတ်ပြန်မှု

၃၇။ ဗဟိုဘဏ်သည် ယင်း၏ ငွေကြေးမူဝါဒနှင့် ငွေရေးကြေးရေးစနစ် တည်ငြိမ်ရေး မူဝါဒများချမှတ်ဆောင်ရက


ွ်မှု၊
ရည်ရွယ်ချက် များကို Aကောင်Aထည်ဖော်မှုနှင့် နိုင်ငံတော် ၏ ငွေရေးကြေးရေးAခြေAနေတို့နှင့် စပ်လျU်း၍
AစိုးရAဖွဲ့နှင့် ပြည်ထောင်စု လွှတ်တော်သို့ တစ်နှစ်လျှင် Aနည်းဆုံးနှစ်ကြိမ် Aစီရင်ခံ တင်ပြရမည်။ Aဆိုပါ
Aစီရင်ခံစာကို ဝန်ကြီးဌာနသို့လည်း ပေးပို့ရမည်။

၃၈။ ဗဟိုဘဏ်Uက္ကဋ္ဌသည် ငွေကြေးမူဝါဒ၊ ငွေရေးကြေးရေးစနစ်ဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံတော်၏


ငွေရေးကြေးရေးAခြေAနေ သို့မဟုတ် ဗဟိုဘဏ်၏ ရည်ရွယ်ချက်များ၊ လုပ်ငန်းတာဝန်များနှင့် စပ်လျU်းသည့်
ကိစ္စရပ်များကို ပြည်ထောင်စုလွှတ်တော်သို့ AခါAားလျော်စွာ Aစီရင်ခံတင်ပြရမည်။

၃၉။ ဗဟိုဘဏ်သည် ငွေကြေးမူဝါဒနှင့် ငွေရေးကြေးရေး တည်ငြိမ်ရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု


သတင်းAချက်Aလက်များကို Aများပြည်သူသိရှိစေရန် ဒါရိုက်တာAဖွဲ့ ၏ ခွင့်ပြုချက်ဖြင့် သုံးလပတ်Aလိုက်
ထုတ်ပြန်ကြေညာရမည်။

Aခန်း(၆)

ဗဟိုဘဏ်၏ လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်များ


၎ဝ။ ဗဟိုဘဏ်၏လုပ်ငန်းတာဝန်များမှာေAာက်ပါAတိုင်းဖြစ်သည်-

(က) ငွေကြေးမူဝါဒကို ချမှတ်Aကောင်Aထည်ဖော်ဆောင်ရွက်ခြင်း၊


(ခ) နိုင်ငံခြား ငွေလလ
ှဲယ်နှုန်းဆိုင်ရာမူဝါဒကို ဆုံးဖြတ်ခြင်းနှင့် Aကောင်Aထည်ဖော်ခြင်း၊
(ဂ) AစိုးရAဖဲ့A
ွား နိုင်ငံခြားငွေလဲလှယ်နှုန်းစနစ်နှင့် စပ်လျU်း၍ Aကြံပြုခြင်း၊
(ဃ) နိုင်ငံတော်၏ နိုင်ငံခြားသုံးသီးသန့်ငွေကို ထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲခြင်း၊
(င) ပြည်တွင်းသုံးငွေကို တစ်ဦးတည်းထုတ်ဝေသူAဖြစ် ဆောင်ရွက်ခြင်းနှင့် စီမံခန့်ခြွဲ ခင်း၊
(စ) ငွေရေးကြေးရေးစနစ် တည်ငြိမ်ခိုင်မာမှုကို ထိန်းသိမ်းနိုင်ရန် ကြီးကြပ် ထိန်းကျောင်းခြင်း၊
(ဆ) ငွေရေးကြေးရေးAဖွဲ့Aစည်းများကို ကြီးကြပ်စစ်ဆေးခြင်းနှင့် ကြပ်မတ် ကွပ်ကြဲ ခင်း၊
(ဇ) ငွေကြေးဈေးကွက်နှင့် နိုင်ငံခြားငွေဈေးကွက်များ စနစ်တကျနှင့် ဖြောင့်မတ် မှန်ကန်စွာ
ဆောင်ရက
ွ်နိုင်ရန် ထိန်းကျောင်းကွပ်ကဲခြင်း၊
(ဈ) လုံခြုံစိတ်ချရပြီး ခိုင်မာ၍ စွမ်းဆောင်ရည်ပြည့်ဝသော ပေးချေမှုစနစ် တစ်ရပ်
တိုးမြှင့်ဆောင်ရက
ွ်ခြင်းနှင့် ကြပ်မတ် ကွပ်ကဲခြင်း၊
(ည) ဘဏ်များ၏ နောက်ဆုံးAားထားရာ ကာလတိုချေးငွေထုတ်ချေးသူAဖြစ် ဆောင်ရက
ွ်ခြင်း၊
(ဋ) AစိုးရAဖွဲ့၏ ငွေစာရင်းများကို ထိန်းသိမ်းပေးခြင်းဖြင့် AစိုးရAဖွဲ့၏ ဘဏ်Aဖြစ်
ဆောင်ရက
ွ်ခြင်း၊
(ဌ) AစိုးရAဖွဲ့၏ ငွေရေးကြေးရေးဆိုင်ရာ Aကြံပေးနှင့် ဘဏ္ဍာရေး ကိုယ်စားလှယ်Aဖြစ်
ဆောင်ရက
ွ်ခြင်း၊
(ဍ) ငွေရေးကြေးရေး Aဖွဲ့Aစည်းများ၊ နိုင်ငံခြားAစိုးရများနှင့်
Aပြည်ြပည်ဆိုင်ရာAဖွဲ့Aစည်းများ၏ ဘဏ် Aဖြစ် ဆောင်ရွက်ခြင်း၊
(ဎ) ငွေရေးကြေးရေး Aဖွဲ့Aစည်းများAတွက် စာရင်းများဖွင့်လှစ်၍ Aပ်ငွေ များ လက်ခံခြင်း၊
(ဏ) ဘဏ်လုပ်ငန်း၊ချေးငွေနှင့် ငွေကြေးနယ်ပယ်ရှိ Aပြည်ပြည်ဆိုင်ရာ ငွေရေး
ကြေးရေးAဖွဲ့Aစည်းများတွင် နိုင်ငံတော်၏ ပါဝင်ဆောင်ရွက်မှုကြောင့် ဖြစ်ပေါ်လာသော
AပေးAယူ ပြုလုပ်မှုများကို ဆောင်ရွက်ခြင်းနှင့် တာဝန်ဝတ္တရား Aားလုံးကို
AစိုးရAဖွဲ့Aမည်ဖြင့် တာဝန်ခံဆောင်ရွက် ခြင်း၊ AစိုးရAဖွဲ့ကိုယ်စား
AဆိုပါAဖွဲ့Aစည်းများနှင့် ဆက်သွယ် ဆောင်ရွက်ခြင်း၊
(တ) ဤUပဒေAရသော်လည်းကောင်း၊ တည်ဆဲUပဒေတစ်ရပ်ရပ်Aရသော် လည်းကောင်း
မိမိAားAပ်နှင်း ထားသော လုပ်ပိုင်ခွင့်နှင့်တာဝန်များကို ဆောင်ရက
ွ်ခြင်းကြောင့်
ပေါ်ပေါက်လာသော သို့မဟုတ် Aကြောင်း သင့်ဆက်စပ် ဖြစ်ပေါ်လာသော လုပ်ငန်းများကို
တာဝန်ယူ ဆောင်ရက
ွ်ခြင်း၊

၄၁။ ဗဟိုဘဏ်သည်ေAာက်ပါ လုပ်ငန်းတာဝန်များကိုလည်း ဆောင်ရွက်ခွင့်ရှိသည်-

(က) မိမိAတွက် မိမိAမည်ဖြင့် ငွေချေးသက်သေခံလက်မှတ်များ ထုတ်ဝေခြင်း နှင့်


ယင်းငွေချေးသက်သေခံ လက်မှတ်များကို ငွေရေးကြေးရေး Aဖွဲ့Aစည်းများနှင့်
လည်းကောင်း၊ Aများပြည်သူနှင့် လည်းကောင်း ရောင်းဝယ် ဖောက်ကား ခြင်း၊
(ခ) ငွေချေးသက်သေခံ လက်မှတ်များကို Aာမခံရယူ၍ ကာလတိုချေးငွေ နှင့် ကြိုတင်ပေးငွေများ
ထုတ်ပေးခြင်း၊
(ဂ) ငွေရေး ကြေးရေး ဈေးကွက်များတွင် လိုAပ်သလို ဝင်ရောက် ရောင်းဝယ်ခြင်း၊
(ဃ) ဘဏ်နှင့် ငွေရေးကြေးရေး Aဖွဲ့Aစည်းများAား လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ထုတ်ပေးခြင်း၊
(င) မိမိရရန်ရှိသော ကြွေးမြီAတွက် လက်ခံရရှိသည့် ရွှေ့ပြောင်းနိုင်သော ပစ္စည်းကိုဖြစ်စေ၊
မရွှေ့မပြောင်း နိုင်သော ပစ္စည်းကိုဖြစ်စေ ရောင်းချ၍ တန်ဖိုးကိုရယူခြင်း၊
(စ) မိမိသင့်လျော်သည်ဟု ယူဆသော စည်းကမ်းချက်များနှင့်Aညီ မည်သည့် နိုင်ငံခြားငွေကြေး
AမျိုးAစား ဖြင့်မဆို ပြည်ပမှ ချေးငွေရယူခြင်းနှင့် Aဆိုပါ ချေးငွေများAတွက် Aာမခံများ
ထုတ်ပေးခြင်း၊
(ဆ) ဤUပဒေAရ တရားစွဲဆိုရန် ခွင့်ပြုမိန့်တောင်းခံလာသည့် ကိစ္စရပ်များကို
AဆုံးAဖြတ်ပေးခြင်း၊
(ဇ) စာရင်းAင်းများနှင့် သတင်းAချက်Aလက်များ ကောက်ယူခြင်းနှင့် ပြုစုရေးဆြွဲ ခင်း၊
AဓိကAားဖြင့် နိုင်ငံ ခြား ငွေပေးငွေ ယူ စာရင်းAင်းများရေးဆွဲ ခြင်းနှင့် တည်ငြိမ် ၍
ကောင်းမွန်သည့် နိုင်ငံခြားငွေပေးငွေယူ စာရင်း Aခြေ Aနေ တစ်ရပ်ရရှိစေရန် လိုAပ်သော
နည်းလမ်းများကို တာဝန်ယူဆောင် ရွက်ခြင်း၊
(ဈ) ငွေကြေးပမာဏကို လိုAပ်သလိုထိန်းချုပ်နိုင်ရန် ဗဟိုဘဏ်၏ Aတိုး နှုန်းကို
AခါAားလျော်စွာ ပြင်ဆင် သတ်မှတ်ခြင်း၊

၄၂။ ဗဟိုဘဏ်သည် မိမိ၏လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုAပ်သော Uပစာများနှင့် လုပ်ငန်းသုံး ပစ္စည်းတို့ကို


Uပဒေနှင့်Aညီ ရယူခြင်း၊ ငှားရမ်းခြင်း၊ ပြုပြင်ထားရှိခြင်းနှင့် ရောင်းချခြင်းတို့ကို ပြုလုပ်နိုင်သည်။

၄၃။ ဗဟိုဘဏ်သည် မိမိရရန်ရှိသည့် ကြွေးမြီများAတွက် မြီစားထံမှ ရရှိသော မည်သည့် Aကျိုးခံစားခွင့်ကိုမဆို


ဖြစ်နိုင် သမျှ ဆောလျင်စွာ ထုခွဲရောင်းချရမည်။

၄၄။ ဗဟိုဘဏ်သည်-

(က) ဤUပဒေAရ ဗဟိုဘဏ်၏ လုပ်ငန်းများနှင့် မကိုက်ညီသည့် Aမြတ် ရရှိရေးကိုသာ


ဦးတည်ဆောင်ရက
ွ်သော ကုမ္ပဏီများ သို့မဟုတ် လုပ်ငန်း များ သို့မဟုတ်
Aခြားစီးပွားရေးဆန်သော ဆောင်ရွက်မှုများကို ဖွဲ့စည်း လုပ်ကိုင်ခြင်း၊ ယင်းတို့တွင်
Aစုရှယ်ယာထည့်ဝင်ခြင်း မပြုရ၊
(ခ) ဤUပဒေဖြင့် ခွင့်ပြုထားခြင်းများမှAပ Aခြားချေးငွေ Aမျိုးမျိုး ထုတ်ပေး ခြင်း မပြုရ၊

Aခန်း(၇)

ငွေကြေးတည်ငြိမ်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ခြင်း

၄၅။ဗဟိုဘဏ်သည် မိမိ၏ ငွေကြေးတည်ငြိမ်ရေး ရည်ရွယ်ချက်Aား Aကောင်Aထည် ဖော်ဆောင်ရက


ွ်ရာ တွင်
ေAာက်ဖော်ပြ ပါ ငွေကြေးမူဝါဒဆိုင်ရာ နည်းလမ်းများကို Aသုံးပြု ဆောင်ရွက်နိုင်သည်-

(က) ငွေရေးကြေးရေး ဈေးကွက်များတွင် ငွေချေးသက်သေခံလက်မှတ်များ ရောင်းဝယ်ခြင်း၊


(ခ) လျှော့နှုန်းနှင့်တစ်ဆင့်လျှော့နှုန်းတို့ကို သတ်မှတ်ကျင့်သုံးခြင်း၊
(ဂ) Aနည်းဆုံးထားရှိရမည့် သီးသန့်ငွေလိုAပ်ချက်Aား သတ်မှတ်ခြင်း၊
(ဃ) ချေးငွေစီမံခန့်ခြွဲ ခင်း AပါAဝင် Aခြားသင့်လျော်သော နည်းလမ်းများသတ်မှတ်ခြင်း။
၄၆။ဗဟိုဘဏ်သည် ပုဒ်မ ၄၅၊ ပုဒ်မခွဲ(က)Aရ ဆောင်ရွက်ရာ၌ ငွေရေးကြေးရေး ဈေးကွက်တွင် ရောင်းဝယ်မည့်
ငွေချေး သက်သေခံလက်မှတ် AမျိုးAစားများနှင့် ချေးငွေ Aတွက်ရယူမည့် Aာမခံပစ္စည်းများ သတ်မှတ်ခြင်း နှင့်
ငွေရေးကြေးရေးဈေးကွက် တွင် ဝင်ရောက်ဆောင်ရွက်မည့် AခြေAနေများကို Aများပြည်သူသို့
ထုတ်ပြန်ကြေညာရမည်။

၄၇။ ဗဟိုဘဏ်သည် ငွေရေးကြေးရေး ဈေးကွက်များတွင် ငွေချေးသက်သေခံ လက်မှတ် များရောင်းဝယ်သည့်


နည်းလမ်းများကို Aသုံးပြုရာ၌ေAာက်ပါတို့ကို ဝယ်ယူခြင်း၊ ရောင်းချခြင်း၊ လျှော့နှုန်းဖြင့် လဲလှယ်ခြင်းနှင့်
တစ်ဆင့်လျှော့နှုန်းဖြင့် လဲလှယ်ခြင်းတို့ ကို ဆောင်ရွက်နိုင်သည်-

(က) ငွေပေးAမိန့်လက်မှတ်များနှင့် ငွေပေးကတိစာချုပ်များ၊


(ခ) Aများပြည်သူသို့ ထုတ်ဝေရောင်းချထားသော ငွေချေးသက်သေခံ လက်မှတ်များ သို့မဟုတ်
AစိုးရAဖွဲ့က ထုတ်ဝေသည့် သို့မဟုတ် Aာမခံသည့် Aခြားငွေချေး
သက်သေခံလက်မှတ်များ၊
( ဂ) ဗဟိုဘဏ်က ထုတ်ဝေထားသော ငွေရေးကြေးရေးဆိုင်ရာ စာချုပ်စာတမ်းများ။

၄၈။ ဗဟိုဘဏ်သည် မိမိ၏လျှော့နှုန်းများ၊ တစ်ဆင့်လျှော့နှုန်းများနှင့် ချေးငွေAပေါ် Aတိုး နနှုးများကို


AခါAားလျော်စွာသတ်မှတ် ၍ ထုတ်ပြန်ကြေညာရမည်။

၄၉။ ဗဟိုဘဏ်သည် Aပ်ငွေAမျိုးမျိုးနှင့် Aလားတူပေးရန် တာဝန်များAတွက် သီးသန့် ငွေAချိုးများကို


သတ်မှတ်နိုင်သည့်Aပြင် ယင်းတို့ကို တွက်ချက်သည့် နည်းလမ်းကိုလည်း သတ်မှတ်နိုင်သည်။ သို့ရာတွင်
ယင်းလိုAပ်သော Aချိုးများနှင့်တက
ွ်ချက်သည့် နည်းလမ်း တို့သည် လုပ်ငန်းAမျိုးAစားတူ
ဘဏ်များAားလုံးAတွက် တစ်ပြေးညီဖြစ်စေရမည်။

၅ဝ။ဗဟိုဘဏ်သည် ဘဏ်များAား ယင်းတို့၏ Aပ်ငွေများနှင့် စပ်လျU်း၍လည်းကောင်း၊ Aလားတူ


ပေးရန်တာဝန်များAတွက် သီးသန့်ငွေများနှင့် စပ်လျU်း၍လည်းကောင်း ငွေသား ဖြင့်ဖြစ်စေ၊ ဗဟိုဘဏ်ရှိ
Aပ်ငွေများဖြင့်ဖြစ်စေ၊ ယင်းနှစ်ရပ်ပေါင်းဖြင့်ဖြစ်စေ၊ Aခြားသင့်လျော်ရာ တွက်ချက်မှုနည်းလမ်းဖြင့်ဖြစ်စေ
ဗဟိုဘဏ်က သတ်မှတ်ပေးသည့် AချိုးAစားAတိုင်း ထားရှိစေရမည်။

၅၁။ ပုဒ်မ ၅ဝ Aရ ထားရှိရမည့် သီးသန့်ငွေလိုAပ်ချက် ပမာဏAပေါ်တွင် ဗဟိုဘဏ်က Aတိုးပေးနိုင်သည်။

၅၂။Aနည်းဆုံးထားရရှိမည့် သီးသန့်ငွေလိုAပ်ချက်များ၏ ပြောင်းလဲမှုများသည် ဒါရိုက်တာAဖွဲ့က


သတ်မှတ်သည့်နေ့မှစ၍ Aကျိုးသက်ရောက်မှု ရှိစေရမည်။ ဗဟိုဘဏ် သည် သတ်မှတ်နေ့ရက်ကို Aနည်းဆုံး ၁၄
ရက် ကြိုတင်၍ ထုတ်ပြန်ကြေညာရမည်။

၅၃။ဗဟိုဘဏ်သည် ယင်း၏ ရည်ရယ


ွ်ချက်များပြည့်မီစွာ Aကောင်Aထည်ဖော်နိုင်ရေး Aတွက်
Aခြားသင့်လျော်သော ငွေကြေး မူဝါဒဆိုင်ရာ နည်းလမ်းများကို သတ်မှတ်Aသုံးပြု နိုင်သည်။ ယင်းသို့
သတ်မှတ်ရာတွင် ဒါရိုက်တာAဖွဲ့ဝင်Aများစု၏ သဘောတူညီ ချက် ဖြင့်သာ သတ်မှတ်ရမည်။

Aခန်း (၈)

နိုင်ငံခြားသုံးငွေနှင့် နိုင်ငံခြားသုံးသီးသန့်ငွေစီမံခန့်ခွဲခြင်း
၅၄။ ဗဟိုဘဏ်၏ Aကြံပြုချက်ကိုရယူ၍ AစိုးရAဖွဲ့သည် နိုင်ငံခြားငွေလဲလယ
ှ်နှုန်း စနစ်ကို သတ်မှတ်ရမည်။

၅၅။ ဗဟိုဘဏ်သည် နိုင်ငံခြားငွေလလ


ှဲယ်နှုန်းမူဝါဒကို သတ်မှတ်Aကောင်Aထည်ဖော် ရမည်။

၅၆။ ဗဟိုဘဏ်သည် AခါAားလျော်စွာ သတ်မှတ်ထားသည့် စည်းကမ်းများနှင့်AညီေAာက်ဖော်ပြပါ


လုပ်ငန်းများကို ဆောင်ရက
ွ် နိုင်သည်-

ရွှေ သို့မဟုတ် AခြားAဖိုးတန်သတ္တုများကို ဝယ်ယူခြင်း၊ လက်ဝယ်ထားရှိ ခြင်း၊ ရောင်းချခြင်း


(က)
နှင့် ရောင်းဝယ်ဖောက် ကားခြင်း၊
(ခ) နိုင်ငံခြားသုံးငွေ AပေးAယူပြုလုပ်မှုများတွင် Aများလက်ခံAသုံးပြုသော
နည်းလမ်းတစ်ခုခုဖြင့် နိုင်ငံခြားငွေကြေးများကို ဝယ်ယူခြင်း၊ လက်ဝယ်ထား ရှိခြင်း၊
ရောင်းချခြင်းနှင့် ရောင်းဝယ်ဖောက်ကားခြင်း၊
(ဂ) နိုင်ငံခြားAစိုးရများ သို့မဟုတ် နိုင်ငံခြားဗဟိုဘဏ်များက ထုတ်ဝေသည့် သို့မဟုတ်
Aာမခံသည့် ငွေတိုက် လက်မှတ်များနှင့် Aခြားငွေချေး သက်သေခံ လက်မှတ်များ သိ့မ
ု ဟုတ်
Aပြည်ပြည်ဆိုင်ရာ ငွေရေးကြေးရေး Aဖွဲ့Aစည်းများနှင့် ယင်းတို့၏ Aပြည်ပြည်ဆိုင်ရာ
Aသင်းAဖွဲ့များက ထုတ်ဝေသော Aစုရှယ်ယာများ သို့မဟုတ်
ငွေချေးသက်သေခံလက်မှတ်များကို ဝယ်ယူခြင်း၊ လက်ဝယ်ထားရှိခြင်း၊ ရောင်းချခြင်း နှင့်
ရောင်းဝယ် ဖောက် ကားခြင်း၊
(ဃ) Aပြည်ပြည်ဆိုင်ရာ ငွေရေးကြေးရေး Aဖွဲ့Aစည်းများ၊ ပြည်ပရှိ ဗဟိုဘဏ်များ၊ ငွေကြေး
Aာဏာပိုင်များ နှင့် ငွေရေးကြေးရေးAဖွဲ့Aစည်းများတွင် မိမိ၏ ငွေစာရင်းများကို
ဖွင့်လှစ်ထားရှိခြင်း၊
(င) Aပြည်ပြည်ဆိုင်ရာ ငွေရေးကြေးရေး Aဖွဲ့Aစည်းများ၊ ပြည်ပရှိ ဗဟိုဘဏ်များ၊
ငွေကြေးAာဏာပိုင် များနှင့် ငွေရေးကြေးရေး Aဖွဲ့Aစည်းများ၊ နိုင်ငြံခားAစိုးရများနှင့်
ယင်းတို့Aားကိုယ်စားပြုသူများAတွက် ကိုယ်စား လှယ်Aဖြစ် သို့မဟုတ်
ဆက်သယ
ွ်သူAဖြစ်ဆောင်ရွက်ခြင်း၊ ငွေစာရင်းများကို ဖွင့်လှစ်ပေးခြင်းနှင့် လုပ်ငန်းဆောင်
ရွက်ပေးခြင်း၊
(စ) ဗဟိုဘဏ်က သင့်လျော်သည်ဟု ယူဆသော စည်းကမ်းချက်များနှင့်Aညီ
မည်သည့်နိုင်ငံခြားငွေကြေး ဖြင့်မဆို ငွေချေး ယူခြင်းနှင့် Aဆိုပါ ချေးငွေများ Aတွက်
Aာမခံပေးခြင်း။

၅၇။ဗဟိုဘဏ်သည် မိမိကိုယ်ပိုင်Aမည်ဖြင့်ဖြစ်စေ၊ AစိုးရAဖွဲ့ ကိုယ်စားဖြစ်စေ၊ AစိုးရAဖွဲ့Aတွက်နှင့်


AစိုးရAဖွဲ့၏ Aမိန့်Aရ ဖြစ်စေ ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှု သဘော တူညီချက်များ သို့မဟုတ် ယင်းကဲ့သို့
သဘောသက်ရောက်သည့် စာချုပ်များကို ပြည်ပတွင်တည်ထောင်ထားသည့် Aများပိုင်နှင့် ပုဂ္ဂလိကပိုင်
လုပ်ငန်းAမျိုးAစားတူ ငွေရေးကြေးရေးAဖွဲ့Aစည်းများနှင့် ချုပ်ဆို နိုင်သည်။

၅၈။ ဗဟိုဘဏ်သည် AခါAားလျော်စွာ သတ်မှတ်သည့် စည်းကမ်းAချက်များနှင့်Aညီ သက်ဆိုင်ရာ


ရရန်ပိုင်ခွင့်များနှင့် ဆက်စပ်၍ ဖြစ်ပေါ်နိုင်သော ငွေဖြစ်လွယ်မှုနှင့် ဆုံးရှုံးနိုင် မှုတို့ကို ထည့်သွင်းစU်းစား၍
ေAာက်ပါတို့Aနက် Aချို့Aဝက် သို့မဟုတ် Aားလုံးပါဝင် သည့် နိုင်ငံခြားသုံးသီးသန့်ငွေကို
ထိန်းသိမ်းထားရှိရန်နှင့် စီမံခန့်ခွဲရန် တာဝန်ယူရမည်-
(က) ရွှေ၊
(ခ) နိုင်ငံခြားသုံးငွေ၊
ဗဟိုဘဏ်က သဘောတူလက်ခံနိုင်သည့် နိုင်ငံခြားငွေကြေး AမျိုးAစား နှင့်
(ဂ)
နေရာဒေသများတွင် ပေးချေရ မည့် ငွေပေးAမိန့်လက်မှတ်များ၊ ငွေပေးကတိစာချုပ်များ၊
(ဃ)ေAာက်ပါ Aပြည်ပြည်ဆိုင်ရာ AသိAမှတ်ပြု သီးသန့်ငွေ ရရန် ပိုင်ခင
ွ့်များ-
Aပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေAဖွဲ့ရှိ နိုင်ငံတော်၏ နိုင်ငံခြားသုံး
(၁)
သီးသန့်ငွေပိုင်ဆိုင်မှု၊
Aပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေAဖွဲ့ရှိ နိုင်ငံတော်၏ Aထူး ထုတ်ယူခွင့်များ
(၂)
ပိုင်ဆိုင်မှု။

၅၉။ ဗဟိုဘဏ်သည်-

(က) ပုဒ်မ ၅၈ Aရ ထိန်းသိမ်းထားရှိသည့် နိုင်ငံခြားသုံးသီးသန့်ငွေကို Aပြည် ပြည်ဆိုင်ရာနှင့်


AပေးAယူ ပြုလုပ်မှုများAတွက် လုံလောက်သည်ဟု မိမိယူဆသည့် ပမာဏနှင့်Aညီ
ထိန်းသိမ်းထားရှိနိုင် ရန် ဆောင်ရွက် ရမည်။
(ခ) နိုင်ငံခြားသုံးသီးသန့်ငွေပမာဏ ကျဆင်းလာလျှင်သော်လည်းကောင်း၊ Aပြည်ပြည်ဆိုင်ရာနှင့်
AပေးAယူ ပြုလုပ်မှုများAတွက် ယင်းနိုင်ငံခြားသုံး သီးသန့်ငွေ၏ လုံလောက်မှုမှာ
စိတ်မချရသည့် Aတိုင်းAတာAထိ ကျဆင်းမည့် Aန္တရာယ်ရှိသည်ဟု
ယူဆလျှင်သော်လည်းကောင်း၊ Aဆိုပါ ကျဆင်းမှုကို ဖြစ်စေသော သို့မဟုတ် ဖြစ်စေနိုင်သော
Aကြောင်းAချက် Aလက်များ၊ နိုင်ငံခြားသုံးသီးသန့်ငွေ AခြေAနေနှင့် ယင်းAခြေAနေကို
ကုစားမှုပြုနိုင်ရန် သင့်လျော်သည်ဟု ယူဆသော Aဆိုပြုချက်များပါရှိသည့် Aစီရင်ခံစာကို
AစိုးရAဖွဲ့ထံ တင်ပြရမည်။
(ဂ) နိုင်ငံခြားသုံးသီးသန့်ငွေပမာဏ ပုံမှန်AခြေAနေရရှိပြီဟု ယူဆသည့် Aချိန်Aထိ
Aဆိုပြုချက်နှင့် Aစီရင်ခံစာကို တစ်ကြိမ်လျှင် သုံးလထက် မကျော်လွန်စေဘဲ AစိုးရAဖွဲ့ထံ
တင်ပြရမည်။

၆ဝ။ဗဟိုဘဏ်သည် နိုင်ငံတော်က AခါAားလျော်စွာ တင်ရှိလာနိုင်မည့် ပြည်ပ ကြွေးမြီများနှင့် စပ်လျU်း၍


မည်သို့ဆောင်ရွက်သင့်ကြောင်းကို စည်းကမ်းချက်များ၊ Aခြား Aချက်Aလက် များနှင့်တကွ AစိုးရAဖွဲ့ထံ
Aကြံပြုတင်ပြနိုင်သည်။ ထိုသို့ တင်ပြနိုင်ရန် ဗဟိုဘဏ်သည် နိုင်ငံတော်က ချေးယူထားသော သို့မဟုတ်
Aာမခံထားသော နိုင်ငံခြား ကြွေးမြီ Aားလုံး၏ နောက်ဆုံးလက်ကျန်စာရင်းများကို ဝန်ကြီးဌာနထံမှ တောင်းခံရယူ
နိုင်သည်။

Aခန်း(၉)

ပြည်တွင်းသုံးငွေ ထုတ်ဝေခြင်း

၆၁။ပြည်တွင်းသုံးငွေ၏ Aခြေခံယူနစ်သည် “ကျပ်” ဖြစ်သည်။ ငွေတစ်ကျပ်ကို Aပိုင်းတစ်ရာပိုင်း၍ တစ်ပိုင်းကို


တစ်ပြားဟု ခေါ်ရမည်။ ထို ကျပ်နှင့်ပြားများAတွက် Aင်္ဂလိပ်ဘာသာသင်္ကေတများသည် “K”နှင့် “P”ဟု
Aသီးသီးဖြစ်ရမည်။
၆၂။ဗဟိုဘဏ်ကသာလျှင် ငွေစက္ကူနှင့်ဒင်္ဂါးများ ထုတ်ပိုင်ခွင့်ရှိသည်။ ဗဟိုဘဏ်က ထုတ်သော ငွေစက္ကူများနှင့်
ဒင်္ဂါးများသည် နိုင်ငံတော်တစ်ဝန်းလုံးတွင် တရားဝင်ငွေAဖြစ် တည်ရှိစေ ရမည်။

၆၃။Uပဒေနှင့်Aညီ ငွေကြေးနှင့်စပ်လျU်းသည့် သို့မဟုတ် ငွေကြေးဖြင့်ပေးရန်ရှိသည့် စာချုပ်စာတမ်း၊


AပေးAယူပြုလုပ်မှု သို့မဟုတ် ကြွေးမြီတာဝန်တစ်ခုခုတွင် နိုင်ငံခြားသုံး ငွေဖြင့် ပြုလုပ်ကြောင်း AတိAလင်း
သဘောတူညီချက်မရှိခ့လ
ျှဲင် ယင်းကို နိုင်ငံတော် Aတွင်းတွင် ကျပ်ငွေဖြင့် ပြုလုပ်သည်ဟု မှတ်ယူရမည်။

၆၄။ဗဟိုဘဏ်သည် ငွေစက္ကူများပုံနှိပ်ခြင်း၊ ဒင်္ဂါးများ သွန်းလောင်းခြင်း၊ ထုတ်ဝေရန် ထားရှိသည့် ငွေစက္ကူများနှင့်


ဒင်္ဂါးများကို လုံခြုံစွာသိုလှောင်ထားရှိခြင်းနှင့် ငွေစက္ကူ ပုံနှိပ်ပလိပ်ပြား များ၊ ဒင်္ဂါးညှပ်ပုံများနှင့်
ပြန်လည်ရုပ်သိမ်းထားသည့် ငွေစက္ကူများနှင့် ဒင်္ဂါး များကို လိုAပ်သလို သိုလှောင်ခြင်းနှင့် ဖျက်ဆီးခြင်းတို့Aတွက်
စီစU်ဆောင်ရွက်ရမည်။

၆၅။ ဗဟိုဘဏ်သည် ငွေစက္ကူများနှင့် ဒင်္ဂါးများ၏ တန်ဖိုး၊ Aဆင်Aပြင်၊ ဖွဲ့စည်း ပါဝင်သည့် ဝတ္ထုပစ္စည်းနှင့်


Aခြားခွဲခြားနိုင်သည့် လက္ခဏာများကို AစိုးရAဖွဲ့၏ သဘောတူညီချက်ဖြင့် သတ်မှတ်ရမည်။

၆၆။ဗဟိုဘဏ်သည် မည်သည့်ငွေစက္ကူAမျိုးAစားကိုမဆို ပြောင်းလဲသုံးစွဲရန် လိုAပ်ပါက AစိုးရAဖွဲ့၏


သဘောတူညီ ချက်ဖြင့် ဆောင်ရက
ွ်နိုင်သည်။ ယင်း ဆောင်ရွက်ချက် AခြေAနေကို Aနီးစပ်ဆုံးကျင်းပသည့်
ပြည်ထောင်စုလွှတ်တော် Aစည်း Aဝေးသို့ တင်ပြ၍ Aတည်ပြုချက် ရယူရမည်။

၆၇။ ဗဟိုဘဏ်သည် မိမိထုတ်ဝေထားသည့် တရားဝင်သုံးစွဲလျက်ရှိသော ငွေကြေးများကို


(က)
လက်ဝယ်ရှိသူများက လဲလှယ်ပေးရန်တောင်းခံပါက တန်ဖိုးAလိုက် လဲလှယ်ပေးရမည်။
(ခ) ဘဏ်များသည် တရားဝင်သုံးစွဲလျက်ရှိသော ငွေစက္ကူနှင့် ဒင်္ဂါးများကို Aခြားတန်ဖိုး
AမျိုးAစားဖြစ်သော တရားဝင်ငွေစက္ကူ သို့မဟုတ် ဒင်္ဂါးများ ဖြင့်လလ
ှဲယ်ရန်
တောင်းဆိုသည့်Aခါ Aခမဲ့လဲလှယ်ပေးရမည်။
(ဂ) ပျောက်ဆုံးသော သို့မဟုတ် ခိုးရာပါသော သို့မဟုတ် ချွတ်ယွင်းသော သို့မဟုတ် ပုံသဏ္ဍာန်
ပျက်သော ငွေစက္ကူနှင့် ဒင်္ဂါးတစ်ခုခု၏ တန်ဖိုးကို ဗဟို ဘဏ်ထံမှ ရပိုင်ခွင့်Aဖြစ် မည်သူမျှ
တောင်းဆို ခွင့်မရှိစေရ။ သို့ရာတွင် ချွတ်ယွင်းသော သို့မဟုတ် ပုံသဏ္ဍာန် ပျက်သော
ငွေစက္ကူနှင့်ဒင်္ဂါးတန်ဖိုးကို လုပ်ထုံးလုပ်နည်းများ၊ စည်းမျU်းစည်းကမ်းများနှင့်Aညီ စိစစ်၍
ပြန်လည် ထုတ်ပေးနိုင်သည်။

Aခန်း(၁ဝ)

ငွေရေးကြေးရေးစနစ်တည်ငြိမ်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ခြင်း

၆၈။ဗဟိုဘဏ်သည် ငွေရေးကြေးရေးစနစ်တည်ငြိမ်ရေးAတွက် ငွေရေးကြေးရေး Aဖွဲ့Aစည်းများAား


လိုင်စင်ထုတ်ပေးခြင်း၊ ငြင်းပယ်ခြင်းနှင့် ရုပ်သိမ်းခြင်း၊ လုပ်ငန်း ခိုင်မာ ကောင်းမွန် စေရန်ကြီးကြပ်စစ်ဆေးခြင်း၊
ကြပ်မတ်ကွပ်ကဲခြင်းတို့ကို တာဝန် ယူဆောင်ရွက် ရမည့်Aပြင် ယင်းAဖွဲ့Aစည်းများ၏ ကြွေးမြီပေးဆပ်နိုင်မှုနှင့်
လုပ်ငန်းခိုင်မာမှုတို့ ပိုမို ကောင်းမွန်စေရန် လိုAပ်သလို ညွှန်ကြားနိုင်သည်။
၆၉။ဗဟိုဘဏ်သည် ငွေရေးကြေးရေး Aဖွဲ့Aစည်းများကို ကြီးကြပ်စစ်ဆေးရာတွင် မိမိဝန်ထမ်းများကို
သော်လည်းကောင်း၊ ဗဟိုဘဏ်တာဝန်ပေးAပ်ထားသော ပုဂ္ဂိုလ်များ ကို သော်လည်းကောင်းေAာက်ပါAတိုင်း
တာဝန်ပေးAပ်ဆောင်ရက
ွ်စေနိုင်သည်-

(က) ငွေရေးကြေးရေး Aဖွဲ့Aစည်းများ၏ လုပ်ငန်းခွင်သို့ AခါAားလျော်စွာ သွားရောက်၍


စာရင်းများ၊ စာရင်းစာAုပ်များ၊ Aထောက်Aထား စာရွက် စာတမ်းများနှင့်
Aခြားမှတ်တမ်းများAား စစ်ဆေးခြင်း၊
(ခ) ငွေရေးကြေးရေး Aဖွဲ့Aစည်းများ၏ ကာလAလိုက်စာရင်းများ၊ မှတ်တမ်း များနှင့်
သတင်းAချက်Aလက် များကို ၄င်းတို့ထံမှရယူ၍ စစ်ဆေးခြင်း။

၇ဝ။ ငွေရေးကြေးရေးAဖွဲ့Aစည်းသည် ဗဟိုဘဏ်က ယင်း၏ လုပ်ငန်းတာဝန်များကို ထိရောက်စွာ


ဆောင်ရွက်ရန်Aလို့ငှာ လိုAပ်မည့်လုပ်ငန်းဆိုင်ရာ Aချက်Aလက်များကို သတ်မှတ်ချက်များနှင့်Aညီ
သတ်မှတ်ကာလ Aပိုင်းAခြား Aလိုက် တောင်းဆို သည့် Aတိုင်း ပေးပို့ရမည်။

၇၁။ဗဟိုဘဏ်သည် ပုဒ်မ ၇၀ Aရ ပေးပို့သော Aချက်Aလက်Aားလုံးကိုသော်လည်း ကောင်း၊


တစ်စိတ်တစ်ဒေသ ကိုသော်လည်းကောင်း သင့်လျော်သည့်Aချိန်တွင် တစ်ပေါင်း တစ်စည်းတည်း
ထုတ်ပြန်ကြေညာနိုင်သည်။ သို့ရာတွင် Aများပြည်သူ နှင့်မသက်ဆိုင်သော ပုဂ္ဂိုလ်တစ်ဦးဦးနှင့် စပ်လျU်းသည့်
သတင်းAချက်Aလက်များကိုမူ ထုတ်ပြန်ကြေညာခြင်း မပြုရ။

၇၂။ဗဟိုဘဏ်သည် ငွေရေးကြေးရေးAဖွဲ့Aစည်းများကို ကြပ်မတ်ကွပ်ကဲခြင်း၊ ကြီးကြပ်စစ်ဆေးခြင်းပြုသည့်


AခြားAာဏာပိုင် Aဖွဲ့Aစည်းများ ထံမှလည်း လိုAပ်သော သတင်းAချက် Aလက်များ တောင်းယူနိုင်သည်။

၇၃။ဗဟိုဘဏ်သည် ငွေရေးကြေးရေးစနစ် တည်ငြိမ်ရေးAတွက် လိုAပ်သည်ဟု ယူဆ ပါက


ငွေရေးကြေးရေးAဖွဲ့Aစည်း တစ်ခုခုကိုဖြစ်စေ၊ ယင်းမှ တာဝန်ရှိသူပုဂ္ဂိုလ်ကိုဖြစ်စေ ယင်းလုပ်ငန်း၏
ငွေရေးကြေးရေးတည်ငြိမ်ရေးAတွက် ဆုံးရှုံးနိုင်ခြေများကို ကာကွယ်ရေး သို့မဟုတ် လျှော့ချရေးAစီAစU်များ
ဆောင်ရွက်ရန် စာဖြင့် ညွှန်ကြားချက်ထုတ်ပြန် နိုင်သည်။

၇၄။ဗဟိုဘဏ်သည် ငွေကြေးလွယ်ကူမှုAချိုးAပါAဝင် ငွေရေးကြေးရေးAချိုးများနှင့် ယင်းတို့ကို


တွက်ချက်သည့် နည်းလမ်းများကို လိုAပ်သလို သတ်မှတ်နိုင်သည်။

၇၅။ဗဟိုဘဏ်သည် လိုAပ်သည်ဟု ယူဆပါက ချေးငွေဆိုင်ရာ သတင်းAချက်Aလက် များ သို့မဟုတ်


ငွေရေးကြေးရေး Aဖွဲ့Aစည်းနှင့် ဆက်သယ
ွ်ဆောင်ရွက်သူများ၏ ငွေချေး ရန် ထိုက်တန်မှုကို Aကဲဖြတ်
သုံးသပ်ရန် ဆီလျော်သက်ဆိုင်သော Aခြားသတင်း Aချက်Aလက်များကို စုစည်းနိုင်ရန်နှင့် စုစည်းရရှိသည့်
သတင်းAချက်Aလက်များကို ငွေရေးကြေးရေး Aဖွဲ့Aစည်းများသို့ Aသိပေးနိုင်ရန် ချေးငွေ
သတင်းAချက်Aလက်ဌာန ကို တည်ထောင်ခွင့်ပြုနိုင်သည်။

Aခန်း(၁၁)

ငွေကြေးဈေးကွက်နှင့် နိုင်ငံခြားငွေဈေးကွက်ကို ကြီးကြပ်ထိန်းကျောင်းခြင်း


၇၆။ဗဟိုဘဏ်သည် ငွေကြေးဈေးကွက်နှင့် နိုင်ငံခြားငွေဈေးကွက်Aား ကြီးကြပ်ထိန်း ကျောင်းရာတွင်
ဗဟိုဘဏ်၏ ဝန်ထမ်းများ ကသော်လည်းကောင်း၊ ဗဟိုဘဏ်မှ တာဝန်ပေး Aပ်ထားသော ပုဂ္ဂိုလ်များကသော်
လည်းကောင်းေAာက်ပါ Aတိုင်း ဆောင်ရက
ွ် နိုင်သည်-

(က) ငွေကြေးဈေးကွက်နှင့် နိုင်ငံခြားငွေဈေးကွက်တွင် ပါဝင်ဆောင်ရွက်နေ သည့် ပုဂ္ဂိုလ်များ၏


လုပ်ငန်းခွင်သို့ AခါAားလျော်စွာ သွားရောက်၍ စာရင်းများ၊ စာရင်းစာAုပ်များ၊
Aထောက်Aထား စာရွက်စာတမ်းများနှင့် Aခြားမှတ်တမ်းများAား စစ်ဆေးခြင်း၊
(ခ) ပုဒ်မခွဲ (က) ပါ ပုဂ္ဂိုလ်များ၏ ကာလAလိုက် စာရင်းများ၊ မှတ်တမ်းများနှင့်
သတင်းAချက်Aလက်များကို ၎င်းတို့ထံမှ ရယူ၍ စစ်ဆေးခြင်း။

၇၇။ ငွေကြေးဈေးကွက်နှင့် နိုင်ငံခြားငွေဈေးကွက်တွင် ပါဝင်ဆောင်ရွက်နေသည့် ပုဂ္ဂိုလ်များသည် ဗဟိုဘဏ်က


ယင်း၏လုပ်ငန်း တာဝန် များကို ထိရောက်စွာ ဆောင်ရွက်ရန် Aလို့ငှာ လိုAပ်မည့် လုပ်ငန်းဆိုင်ရာ
Aချက်Aလက်များကို သတ်မှတ်ချက်များနှင့်Aညီ သတ်မှတ်ကာလ Aပိုင်းAခြားAလိုက်
တောင်းဆိုသည့်Aတိုင်း ပေးပို့ရမည်။

၇၈။ဗဟိုဘဏ်သည် ပုဒ်မ ၇၇ Aရ ပေးပို့ထားသော Aချက်Aလက်Aားလုံးကိုသော် လည်းကောင်း၊


တစ်စိတ်တစ်ဒေသကိုသော် လည်းကောင်း သင့်လျော်သည့် Aချိန်တွင် တစ်ပေါင်းတစ်စည်းတည်း
ထုတ်ပြန်ကြေညာနိုင်သည်။ သို့ရာတွင် Aများပြည်သူနှင့် မသက်ဆိုင်သော ပုဂ္ဂိုလ်တစ်ဦးဦးနှင့်စပ်လျU်းသည့်
သတင်းAချက်Aလက်များကိုမူ ထုတ်ပြန် ကြေညာခြင်း မပြုရ။

Aခန်း(၁၂)

ငွေပေးချေမှုနှင့်စာရင်းရှင်းလင်းမှုစနစ်ကို ကြီးကြပ်ထိန်းကျောင်းခြင်း

၇၉။ ဗဟိုဘဏ်သည် လုံခြုံမှုနှင့် ထိရောက်မှုရှိသော ငွေပေးချေမှုစနစ် ဖြစ်စေရန် ဤUပဒေနှင့်


Aခြားသက်ဆိုင်ရာUပဒေပါ သတ်မှတ် ပြဋ္ဌာန်းချက်များနှင့်Aညီ လျှောက် ထားလာသည့်
Aဖွဲ့Aစည်းတစ်ရပ်ရပ်Aား လိုင်စင်ထုတ်ပေးခြင်း၊ ငြင်းပယ်ခြင်း၊ ရုပ်သိမ်းခြင်းနှင့် ယင်းလုပ်ငန်းကို
ကြီးကြပ်စစ်ဆေးခြင်း၊ ကြပ်မတ်ကပ
ွ်ကြဲ ခင်းတို့ကို ဆောင်ရွက်ရမည်။

၈ဝ။ဗဟိုဘဏ်သည် ငွေရေးကြေးရေးAဖွဲ့Aစည်းများနှင့် ပူးပေါင်း၍ ချက်လက်မှတ်များ၊ Aခြားနည်း တစ်ရပ်ရပ်


ဖြင့် ငွေပေးချေ မှုများနှင့် ငွေပေးချေမှုAဖြစ် Aသုံးပြုသည့် စာချုပ်စာတမ်းများကို စာရင်းရှင်းလင်းပေးရန်
စာရင်းရှင်း လင်းရေးAဖွဲ့ များကို လိုAပ်သည့် နေရာများတွင် ဖွဲ့စည်းနိုင်သည်။

၈၁။ ငွေပေးချေမှုနှင့် စာရင်ရှင်းလင်းမှုလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နေသည့် ပုဂ္ဂိုလ်များသည်


ဗဟိုဘဏ်က AခါAားလျော်စွာ ထုတ်ပြန်သည့် လုပ်ထုံးလုပ်နည်းများနှင့် လမ်းညွှန် ချက်များကို
လိုက်နာဆောင်ရွက်ရမည်။

၈၂။ဗဟိုဘဏ်သည် ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှု လုပ်ငန်းများကို ကြီးကြပ် ထိန်းကျောင်းရာတွင်


ဗဟိုဘဏ်၏ ဝန်ထမ်းများကသော်လည်းကောင်း၊ ဗဟိုဘဏ်မှ ခန့်Aပ် တာဝန်ပေးAပ်ထားသော
ပုဂ္ဂိုလ်များကသော်လည်းကောင်းေAာက်ပါ Aတိုင်း ဆောင်ရွက်နိုင်သည်-
(က) ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှု လုပ်ငန်းများတွင် ပါဝင်ဆောင်ရွကသ
် ည့် ပုဂ္ဂိုလ်၏
လုပ်ငန်းခွင်သို့ AခါAားလျော်စွာ သွားရောက်၍ စာရင်းများ၊ စာရင်းစာAုပ်များ၊
Aထောက်Aထား စာရွက်စာတမ်းများနှင့် Aခြား မှတ်တမ်းများAား စစ်ဆေးခြင်း၊
(ခ) ပုဒ်မခွဲ (က) ပါ ပုဂ္ဂိုလ်များ၏ ကာလAလိုက် စာရင်းများ၊ မှတ်တမ်းများ၊
သတင်းAချက်Aလက်များကို ၎င်းတို့ထံမှ ရယူ၍ စစ်ဆေးခြင်း။

၈၃။ ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှု လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်သည့် ပုဂ္ဂိုလ် များသည် ဗဟိုဘဏ်က


ယင်း၏လုပ်ငန်း တာဝန်များကို ထိရောက်စွာ ဆောင်ရွက်ရန် Aလို့ငှာ လိုAပ်မည့် လုပ်ငန်းဆိုင်ရာ
Aချက်Aလက်များကို သတ်မှတ်ချက်များနှင့်Aညီ သတ်မှတ်ကာလ Aပိုင်းAခြားAလိုက်
တောင်းဆိုသည့်Aတိုင်းပေးပို့ရမည်။

၈၄။ဗဟိုဘဏ်သည် ပုဒ်မ ၈၃ Aရ ပေးပို့ထားသော Aချက်Aလက်Aားလုံးကို သော်လည်းကောင်း၊


တစ်စိတ်တစ်ဒေသကို လည်းကောင်း သင့်လျော်သည့် Aချိန်တွင် တစ်ပေါင်း တစ်စည်းတည်း
ထုတ်ပြန်ကြေညာနိုင်သည်။ သို့ရာတွင် Aများပြည်သူနှင့် မသက်ဆိုင်သော ပုဂ္ဂိုလ်တစ်ဦးဦးနှင့် စပ်လျU်းသည့်
သတင်းAချက်Aလက်များကိုမူ ထုတ်ပြန်ကြေညာခြင်း မပြုရ။

Aခန်း(၁၃)

ဘဏ်များ၏ နောက်ဆုံးAားထားရာ ကာလတို ချေးငွေထုတ်ချေးသူAဖြစ် ဆောင်ရွက်ခြင်း

၈၅။ဗဟိုဘဏ်သည် ငွေရေးကြေးရေးစနစ်တည်ငြိမ်ရေးAတွက် ဆုံးရှုံးနိုင်ခြေများကို ကာကွယ်ရန် သို့မဟုတ်


လျော့နည်းစေရန် ရည်ရယ
ွ်၍ေAာက်ပါတို့ကို ဆောင်ရွက် နိုင်သည်-

(က) ဘဏ်များAား ချေးငွေAကူAညီပေးခြင်း၊


(ခ) မြန်မာနိုင်ငံAတွင်း ဖွဲ့စည်းတည်ထောင်ထားသည့် ဘဏ်များ၏ ရုံးချုပ် များနှင့်
မြန်မာနိုင်ငံAတွင်းရှိ နိုင်ငံခြားဘဏ် များ၏ ပင်မရုံးခွဲကိုသာ ငွေထုတ်ချေးခြင်း၊
(ဂ) မြန်မာနိုင်ငံAတွင်း ဖွဲ့စည်းတည်ထောင်ထားသော ဘဏ်များ၏ ပြည်ပရှိ ဘဏ်ခမ
ျွဲား၊
ရုံးခဲမ
ျွားAား ငွေကြေး နှင့်AခြားလိုAပ်သော AကူAညီများ ပေးရန်AစီAစU်များကို
Aခြားသော ဗဟိုဘဏ်များနှင့် ညှိနှိုင်းဆောင် ရွက်ခြင်း။

၈၆။ဘဏ်များက ငွေကြေးလွယ်ကူမှု တိုးတက်ကောင်းမွန်စေရေးAတွက် ငွေရေး ကြေးရေး


AကူAညီတောင်းခံလာသည့်Aခါ ဗဟိုဘဏ်သည်ေAာက်ပါAချက်များကို Aခြေခံ၍
သတ်မှတ်စည်းကမ်းချက်များနှင့်Aညီ Aချိန်ကာလAားဖြင့် ၉၂ ရက် ထက်မပို စေဘဲ ယာယီချေးငွေများကို
သင့်လျော်သော Aတိုးနှုန်းဖြင့် ထုတ်ချေးနိုင်သည်-

ကြွေးမြီပြန်လည် ပေးဆပ်နိုင်စွမ်းရှိပြီး ချေးငွေAတွက် လုံလောက်သော Aာမခံပေးနိုင်သည့်


(က)
ဘဏ်ဖြစ်ခြင်း၊
ငွေရေးကြေးရေးစနစ် တည်ငြိမ်ရေးကို ထိန်းသိမ်းကာကွယ်နိုင်ရေးAတွက် ငွေရေးကြေးရေး
(ခ)
AကူAညီပေးရန် လိုAပ်သည့် ဘဏ်ဖြစ်ခြင်း။
၈၇။ ဗဟိုဘဏ်သည် သက်ဆိုင်ရာဘဏ်၏ ကုစားမည့်နည်းလမ်းများကို ဖော်ပြထားသော Aရေးယူ
ဆောင်ရွက်မည့် AစီAစU်Aပေါ် AခြေခံစU်းစား၍ နောက်ထပ်သက်တမ်း တစ်ကြိမ် ကို Aချိန်ကာလAားဖြင့်
၉၂ ရက် ထက်မပိုစေဘဲ ထပ်မံတိုးမြှင့်နိုင်သည်။

၈၈။ဗဟိုဘဏ်သည် Aများပြည်သူAကျိုးကို သယ်ပိုးဆောင်ရွက်ရန်နှင့် Aရေးပေါ် ငွေကြေးလိုAပ်ချက်များကို


ဖြည့်ဆည်းပေးရန် လိုAပ်သည်ဟု ယူဆပါက ချေးငွေကို နောက်ထပ် သက်တမ်း တစ်ကြိမ်မက
တိုး၍ထုတ်ချေးနိုင်သည်။

၈၉။ဗဟိုဘဏ်သည် ချေးငွေရယူသည့်ဘဏ်က ကုစားသည့် Aရေးယူဆောင်ရွက်မှု နည်းလမ်းများကို


Aကောင်Aထည်ဖော်ခြင်း မရှိကြောင်း သို့မဟုတ် ယင်းAရေးယူ ဆောင်ရွက်မှု များသည် ရည်မှန်းသည့်Aတိုင်း
ေAာင်မြင်မှု မရရှိကြောင်း စိစစ်တွေ့ရှိပါက ယင်းဘဏ်Aား သတ်မှတ်ချက်များနှင့်Aညီ Aရေးယူရမည်။

Aခန်း(၁၄)

AစိုးရAဖွဲ့၏ ငွေရေးကြေးရေးကိစ္စရပ်များ ဆောင်ရွက်ခြင်း

၉ဝ။ ဗဟိုဘဏ်သည် AစိုးရAဖွဲ့၏ Aပ်ငွေများကိုလက်ခံပြီး AစိုးရAဖွဲ့၏ ကိုယ်စား ယင်းငွေစာရင်းများမှ


ငွေပေးချေမှုများ ပြုလုပ်ပေးရမည်။ ထို့ပြင် ယင်းလုပ်ငန်းကို Aခြား ဘဏ်တစ်ခုကို လွှဲAပ်နိုင်သည်။

၉၁။ ဗဟိုဘဏ်သည် ပြည်ထောင်စုလွှတ်တော်၏ ခွင့်ပြုချက်ဖြင့် AစိုးရAဖွဲ့ သို့ ချေးငွေ ထုတ်ချေးနိုင်သည်။


ထိုသို့ထုတ်ချေးရာ တွင်ေAာက်ပါAတိုင်း ဆောင်ရွက်ရမည်-

(က) ချေးငွေAတွက် စည်းကမ်းချက်များကို ဝန်ကြီးဌာနနှင့် ဗဟိုဘဏ်တို့ AခါAားလျော်စွာ


ညှိနှိုင်းသတ်မှတ်ရမည်။
(ခ) ချေးငွေများကို Aတိုးပေးသော လွှဲပြောင်းနိုင်ခွင့်ရှိသည့် Aများဆုံး သက်တမ်း ၉၂
ရက်သာရှိသော Aစိုးရငွေချေး သက်သေခံ လက်မှတ်များ ဖြင့် ဝန်ကြီးဌာနက Aာမခံရမည်။

၉၂။ ဗဟိုဘဏ်သည် ငွေရေးကြေးရေး Aဖွဲ့Aစည်းများနှင့် Aများပြည်သူ လက်ဝယ်ရှိ Aစိုးရငွေချေး


သက်သေခံလက်မှတ်များကို ဝယ်ယူခြင်းနှင့် ရောင်းချခြင်း ပြုလုပ်နိုင်သည်။

၉၃။ဤUပဒေ စတင်Aာဏာတည်သည့်နေ့Aထိ နိုင်ငံတော်သို့ ထုတ်ချေးထားသော


ချေးငွေလက်ကျန်Aားလုံးကို Aတိုးပေးသော လွှဲပြောင်းနိုင်သည့် Aစိုးရငွေချေး သက်သေခံ လက်မှတ်များဖြင့်
AစိုးရAဖွဲ့က ဗဟိုဘဏ်သို့ လွှဲပြောင်းပေးရမည်။ Aဆိုပါ လွှဲပြောင်းပေးသည့်
Aစိုးရငွေချေးသက်သေခံလက်မှတ်များ ပြန်လည်ရွေးနုတ်ရန် AစီAစU်ကို ဝန်ကြီးဌာနနှင့် ဗဟိုဘဏ်တို့
ညှိနှိုင်းဆောင်ရွက်ရမည်။

၉၄။ဗဟိုဘဏ်သည် လေ့လာသုံးသပ်ရန်လိုAပ်သော ငွေရေးကြေးရေးနှင့် စီးပွားရေး ဆိုင်ရာစာရင်းAင်း၊


သတင်းAချက်Aလက်များနှင့် စာရွက်စာတမ်းများကို Aစိုးရဌာန၊ AစိုးရAဖွဲ့ Aစည်းများထံမှ
တောင်းခံရယူခွင့်ရှိသည်။ ဗဟိုဘဏ်သည် AစိုးရAဖွဲ့၏ တောင်းခံချက်Aရဖြစ်စေ၊
မိမိသဘောAလျောက်ဖြစ်စေ မိမိ၏ လေ့လာသုံးသပ်ချက် များကို AစိုးရAဖွဲ့ထံ တင်ပြAစီရင်ခံရမည်။
၉၅။ဗဟိုဘဏ်သည် ငွေရေးကြေးရေးAဖွဲ့Aစည်းများနှင့် Aများပြည်သူသို့ ရောင်းချ မည့် AစိုးရAဖွဲ့၏
ကြွေးမြီဆိုင်ရာ စာချုပ်စာတမ်းများနှင့် စပ်လျU်း၍ AစိုးရAဖွဲ့ထံ Aကြံပေးရမည်။

Aခန်း (၁၅)

စီမံခန့်ခွဲရေးဆိုင်ရာ Aရေးယူခြင်း

၉၆။ ဗဟိုဘဏ်သည် ပုဒ်မ ၄၉ နှင့် ပုဒ်မ ၅၀ တို့Aရ သတ်မှတ်ပေးသည့် Aချိုးနှင့်Aညီ လိုAပ်သော


သီးသန့်ငွေထားရှိရန် ပျက်ကက
ွ်သည့်ဘဏ် သို့မဟုတ် ငွေရေးကြေးရေး Aဖွဲ့Aစည်းတစ်ခုခုထံမှ ယင်း၏
လိုAပ်သော သီးသန့်ငွေပြည့်မီစေရန် လျော့နည်းသည့် ငွေပမာဏAပေါ်တွင် ဒဏ်ကြေးသတ်မှတ်၍
တောင်းခံရယူနိုင်သည်။

၉၇။ဗဟိုဘဏ်က သတ်မှတ်သည့် ငွေရေးကြေးရေးAချိုးများကို လိုက်နာရန်ပျက်ကွက် သောမည်သည့် ပုဂ္ဂိုလ်


သို့မဟုတ် ငွေရေးကြေးရေးAဖွဲ့Aစည်းမဆို ဤUပဒေပါ ပြဋ္ဌာန်းချက်များAရ လည်းကောင်း၊ ငွေရေးကြေးရေး
Aဖွဲ့Aစည်းများနှင့် စပ်လျU်းသည့် UပဒေများAရလည်းကောင်း စီမံခန့်ခွေ
ဲ ရးဆိုင်ရာ ပြစ်ဒဏ်များ ကျခံစေရမည်။

၉၈။ပုဒ်မ ၉၆ Aရ ဗဟိုဘဏ်၏ Aရေးယူဆောင်ရွက်မှု တစ်ခုခုသည် Aမျိုးတူ ငွေရေးကြေးရေး


Aဖွဲ့Aစည်းAားလုံးကို ခြွဲခားခြင်း မပြုဘဲ တစ်ပြေးညီဖြစ်စေရမည်။ ထို့ပြင် Aရေးယူဆောင်ရက
ွ်မှုသည်
နောက်ကြောင်းပြန် Aကျိုးသက်ရောက်ခြင်း မရှိစေရ။

Aခန်း (၁၆)

တားမြစ်ချက်များ

၉၉။ မည်သူမျှ ဗဟိုဘဏ်၏ ခွင့်ပြုချက်မရရှိဘဲေAာက်ပါတို့ကို မပြုလုပ်ရ-

(က) ငွေစက္ကူ သို့မဟုတ် ဒင်္ဂါးတစ်ခုခုကို ဖြတ်တောက်ခြင်း၊ ဆုတ်ဖြဲခြင်း သို့မဟုတ်


Aခြားတစ်နည်းနည်းဖြင့် ပုံသဏ္ဌာန် ပျက်ယွင်းေAာင် ပြုလုပ်ခြင်း၊
(ခ) ငွေစက္ကူကိုဖြစ်စေ၊ ဒင်္ဂါးကိုဖြစ်စေ AကျိုးAမြတ်ရယူလိုခြင်းငှာ ရောင်းဝယ် ဖောက်ကားခြင်း။

၁ဝဝ။ ဗဟိုဘဏ်၏ မည်သည့် ဒါရိုက်တာAဖွဲ့ဝင်၊ ဝန်ထမ်း သို့မဟုတ် ကိုယ်စားလှယ်မျှ မိမိ၏


တာဝန်ဝတ္တရားများကို ဆောင်ရက
ွ်ရာမှ သိရှိလာသည့် ပုဂ္ဂိုလ် တစ်UီးUီးသည် မည်သူ
မည်ဝါဖြစ်ကြောင်းကိုသော်လည်းကောင်း၊ ယင်းပုဂ္ဂိုလ်၏ ငွေAပေးAယူပြုလုပ်မှုများ၊ ဝင်ငွေပမာဏ၊
ဝင်ငွေရလမ်း၊ Aမြတ်များ၊ Aရှုံးများ၊ Aသုံးစရိတ်များနှင့် စပ်ဆိုင်သည့် သတင်းAချက်Aလက် များကိုသော်
လည်းကောင်း၊ တည်ဆဲUပဒေတစ်ရပ်ရပ်Aရ ခွင့်ပြု ချက်မရှိဘဲ ထုတ်ဖော်ပြောဆိုခြင်း၊ စစ်ဆေးစေခြင်း
သို့မဟုတ် ကြေညာခြင်း မပြုလုပ်ရ။
၁ဝ၁။ မည်သူမျှ ဗဟိုဘဏ်က ထုတ်ဝေသော ငွေစက္ကူ၊ ဒင်္ဂါးနှင့် လွှဲပြောင်းနိုင်သော စာချုပ်စာတမ်းတစ်မျိုးမျိုးကို
Aတုမှန်းသိလျက်နှင့် သုံးစြွဲ ခင်းမပြုလုပ်ရ။

၁ဝ၂။ မည်သူမျှ ဗဟိုဘဏ်က ထုတ်ဝေသော ငွေစက္ကူ၊ ဒင်္ဂါးနှင့် လွှဲပြောင်းနိုင်သော စာချုပ်စာတမ်းတစ်မျိုးမျိုးကို


Aတုပြုလုပ်ခြင်း၊ Aတုကို ပြည်ပမှ တင်သွင်းခြင်း သို့မဟုတ် ပြည်ပသို့ တင်ပို့ခြင်း မပြုလုပ်ရ။

Aခန်း (၁၇)

ပြစ်မှုနှင့် ပြစ်ဒဏ်များ

၁ဝ၃။ မည်သူမဆို ပုဒ်မ ၉၉ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား


စီရင်ခြင်းခံရလျှင် ထိုသူကို ငွေဒဏ်ဖြစ်စေ၊ နှစ်နှစ်ထက် မပိုသော ထောင် ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ
ချမှတ်ရမည်။ ထို့ပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် သက်သေခံ ပစ္စည်းများကိုလည်း ပြည်ထောင်စုဘဏ္ဍာAဖြစ်
သိမ်းဆည်းရမည်။

၁ဝ၄။ ဗဟိုဘဏ်၏ မည်သည့် ဒါရိုက်တာAဖွဲ့ဝင် သို့မဟုတ် ဝန်ထမ်း သို့မဟုတ် ကိုယ်စားလှယ်မဆို ပုဒ်မ ၁ဝဝ
ပါ တားမြစ်ချက် ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ငွေဒဏ်ဖြစ်စေ၊
နှစ်နှစ်ထက် မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

၁ဝ၅။ မည်သူမဆို ပုဒ်မ ၁ဝ၁ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင်


ထိုသူကို ငွေဒဏ် ဖြစ်စေ၊ သုံးနှစ် ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

၁ဝ၆။ မည်သူမဆို ပုဒ်မ ၁ဝ၂ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှား စီရင်ခြင်းခံရလျှင်


ထိုသူကို Aနည်းဆုံးထောင်ဒဏ် ၁ဝ နှစ်မှ Aများဆုံး ထောင်ဒဏ် နှစ် ၂ဝ Aထိ ချမှတ်ရမည်။ ထို့ပြင် ပြစ်မှုနှင့်
သက်ဆိုင်သည့် သက်သေခံ ပစ္စည်းများကိုလည်း ပြည်ထောင်စုဘဏ္ဍာAဖြစ် သိမ်းဆည်းရမည်။

၁ဝ၇။ မည်သူမဆို ဤUပဒေAရ ပြစ်မှုတစ်ခုခုကျူးလွန်ခြင်းကို Aားပေးကူညီလျှင် ဖြစ်စေ၊


ကျူးလွန်ရန်Aားထုတ်လျှင်ဖြစ်စေ၊ ကျူးလွန်ရန် ပူးပေါင်းကြံစည်လျှင်ဖြစ်စေ ယင်းပြစ်မှု Aတွက် ဤUပဒေတွင်
ပြဋ္ဌာန်းထားသော ပြစ်ဒဏ်ချမှတ်ခြင်းခံရမည်။

Aခန်း(၁၈)

Aထွေထွေ

၁ဝ၈။ ဗဟိုဘဏ်Uက္ကဋ္ဌသည် ပြည်ထောင်စုဝန်ကြီးAဆင့် ပုဂ္ဂိုလ်ဖြစ်ပြီး ဗဟိုဘဏ် ဒုတိယUက္ကဋ္ဌများသည်


ဒုတိယဝန်ကြီးAဆင့် ပုဂ္ဂိုလ်များဖြစ်သည်ဟု မှတ်ယူရမည်။

၁ဝ၉။ ဤUပဒေပါပြစ်မှုများAနက် ပုဒ်မ ၁ဝ၃ နှင့် ပုဒ်မ ၁ဝ၄ တို့ကို ရဲAရေးယူ ပိုင်ခွင့်ရှိသော ပြစ်မှုများAဖြစ်
သတ်မှတ်သည်။
၁၁ဝ။ ပုဒ်မ ၁ဝ၃ သို့မဟုတ် ပုဒ်မ ၁ဝ၄ Aရ တရားစွဲဆိုရာတွင် ဗဟိုဘဏ်၏ ကြိုတင် ခွင့်ပြုချက် ရယူရမည်။

၁၁၁။ ဤUပဒေပါပြစ်မှုများကို ဖောက်ဖျက်ကျူးလွန်ပါက ဤUပဒေAရသာ Aရေးယူ ရမည်။

၁၁၂။တည်ဆဲUပဒေတစ်ရပ်ရပ်တွင် မည်သို့ပင်ပါရှိစေကာမူ ဗဟိုဘဏ်သို့ ပေးရန်ရှိသည့် ကြွေးမြီများကို


နိုင်ငံတော်က ရရန်ပိုင် ခွင့်များမှတစ်ပါး Aခြားရရန် ပိုင်ခွင့်Aားလုံးထက် ဦးစားပေးရမည်။

၁၁၃။ ဗဟိုဘဏ်ဖွဲ့စည်းခြင်းသည် မြန်မာနိုင်ငံကုမ္ပဏီများ Aက်Uပဒေပါ ပြဋ္ဌာန်းချက် များနှင့်


သက်ဆိုင်ခြင်းမရှိစေရ။

၁၁၄။ကာလစည်းကမ်းသတ်Aက်Uပဒေ ပထမဇယား Aပိုဒ် ၁၄၉ သည် ဗဟိုဘဏ်က တရားစွဲဆိုသည့်


AမှုAားလုံးနှင့် သက်ဆိုင်စေရမည်။

၁၁၅။ ဗဟိုဘဏ်သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်Uပဒေ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးAဖွဲ့


UပဒေAမှတ် ၁၅/၉ဝ) Aရ တည်ထောင်ထားသော မြန်မာ နိုင်ငံတော် ဗဟိုဘဏ်ပိုင်ရွှေ့ပြောင်းနိုင်သော
ပစ္စည်းနှင့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းများ ကိုလည်းကောင်း၊ ဆောင်ရွက်ဆဲလုပ်ငန်းများကိုလည်းကောင်း၊
ဆောင်ရွက်ပြီး လုပ်ငန်းများကိုလည်းကောင်း၊ ရရန်ပိုင်ခွင့် နှင့် ပေးရန် တာဝန်များကို လည်းကောင်း Aသီးသီး
ဆက်ခံရမည်။

၁၁၆။ဗဟိုဘဏ်သည် ဤUပဒေပါ လုပ်ငန်းတာဝန်များနှင့် လုပ်ပိုင်ခွင့်များကို လွတ်လပ်စွာ


ကျင့်သုံးဆောင်ရွက်ခွင့်ရှိသည်။ လက်တွေ့ဆောင်ရွက်နိုင်ရန် Aခက်Aခဲရှိပါက လွယ်ကူ ချောမွေ့စွာ
Aသွင်ကူးပြောင်းနိုင်ရန်နှင့် လိုAပ်သော ပြင်ဆင်ညှိနှိုင်းမှုများ ပြုလုပ်နိုင်ရန် နိုင်ငံတော်သမ္မတက
Aသွင်ကူးပြောင်းရေးကာလတစ်ရပ်ကို ဤUပဒေပြဋ္ဌာန်းသည့် နေ့ရက်မှ Aများဆုံးတစ်နှစ်Aထိ သတ်မှတ်၍
ခွင့်ပြုနိုင်သည်။ ယင်းကာလ၌ ဗဟိုဘဏ် သည် မိမိ၏ မူလလုပ်ငန်းတာဝန်များနှင့် လုပ်ပိုင်ခွင့်များကို
ဆက်လက်ဆောင်ရက
ွ် နိုင်သည်။

၁၁၇။မြန်မာနိုင်ငံတော်ဗဟိုဘဏ်Uပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးAဖွဲ့ UပဒေAမှတ်


၁၅/၉ဝ)Aရ တည်ထောင် ထားသော မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပြုလုပ်ခဲ့သည့် သို့မဟုတ် ချုပ်ဆိုခ့သ
ဲ ည့်
သဘောတူစာချုပ်များသည် ဤUပဒေAရ ဆက်ခံသည့် ဗဟိုဘဏ်ကချုပ်ဆိုသည့် သဘောတူစာချုပ်များ
ဖြစ်သည်ဟု မှတ်ယူရမည်။

၁၁၈။မြန်မာနိုင်ငံတော်ဗဟိုဘဏ်Uပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးAဖွဲ့ Uပဒေ Aမှတ် ၁၅/၉ဝ)


ကို ဤUပဒေဖြင့် ရုပ်သိမ်းလိုက်သည်။ ယင်း Uပဒေကို ရုတ်သိမ်းလိုက်သော်လည်း ယင်း UပဒေAရ
တည်ထောင်ထားရှိသည့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒါရိုက်တာAဖွဲ့သည် ဤUပဒေAရ ဆက်ခံမည့်
ဒါရိုက်တာAဖွဲ့Aား တာဝန် ဝတ္တရားများ လွှဲAပ်ပေးသည့်နေ့Aထိ လုပ်ငန်းများကို ဆောင်ရွက်ခွင့်ရှိစေရမည်။

၁၁၉။ ရုပ်သိမ်းလိုက်သည့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်Uပဒေ (နိုင်ငံတော်ငြိမ်ဝပ် ပိပြားမှု တည်ဆောက်ရေးAဖွဲ့


Uပဒေ Aမှတ် ၁၅/၉ဝ)Aရဖြစ်စေ၊ Aခြားလုပ်ပိုင်ခွင့် တစ်ခုခု Aရဖြစ်စေ ထုတ်ပြန်သည့် နည်းUပဒေများ၊
စည်းမျU်းများ၊ စည်းကမ်းများ၊ Aမိန့်နှင့် ညွှန်ကြားချက်များကို ဤUပဒေနှင့် မဆန့်ကျင်သရွေ့
ဆက်လက်ကျင့်သုံးနိုင်သည်။
၁၂ဝ။ဤUပဒေပါ ပြဋ္ဌာန်းချက်များကို Aကောင်Aထည်ဖော် ဆောင်ရွက်ရာတွင် ဤUပဒေ
AရပေးAပ်သောတာဝန်ကို သဘောရိုးဖြင့် ဆောင်ရွက်သူကို ပြစ်မှုကြောင်းAရသော် လည်းကောင်း၊
တရားမကြောင်း Aရသော်လည်းကောင်း Aရေးယူခြင်းမပြုရ။

၁၂၁။ဤUပဒေပါ ပြဋ္ဌာန်းချက်များကို Aကောင်Aထည်ဖော်ဆောင်ရွက်ရာတွင် ဗဟိုဘဏ် သည် လိုAပ်သော


နည်းUပဒေများ၊ စည်းမျU်းများ၊ စည်းကမ်းများ၊ Aမိန့်ကြော်ငြာစာများ၊ Aမိန့်၊ ညွှန်ကြားချက်များနှင့်
လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံAခြေခံUပဒေAရ ကျွန်ုပ်လက်မှတ် ရေးထိုးသည်။

(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

www.president-office.gov.mm

You might also like