Professional Documents
Culture Documents
Case-Study Huayhang Lao Burmese
Case-Study Huayhang Lao Burmese
ရေရှည်တည်တံ့သော ၀ါးတောစီမံခန့်ခွဲရေး
Huay Hang နှင့် Napor ကျေးရွာတို့၏ အတွေ့အကြုံ
အစီရင်ခံစာ
ကျေးလက်ဒေသအတွေ့အကြုံများအား ဖြန့်ဝေခြင်း
Huay Hang နှင့် Napor ကျေးရွာ၊ Sangthong ခရိုင်၊ ဗီယက်ကျင်းနယ်မြေ
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ
International Fund for Agricultural and Development (IFAD)
PROCASUR Corporation
Asia Indigenous Peoples Pact (AIPP)
ကျေးဇူးတင်လွှာ
ဤအစီရင်ခံစာသည် လာအိုနိုင်ငံ၊ Sangthong ခရိုင်ရှိ Huay Hang နှင့် Napor ဒေသခံများများ၏ ၀ါးတောစီမံခန့်ခွဲရေးနှင့်
အများပိုင်လယ်ယာမြေများသတ်မှတ်ဖေါ်ထုတ်ရေးအဆင့်ဆင့်နှင့် အတွေ့အကြုံများအား တင်ပြထားခြင်းဖြစ်သည်။
၁း၁။ အကြောင်းအရာ
Sangthong ခရိုင်မှာ ဗီယက်ကျင်းနယ်မြေတွင်ရှိသော ခရိုင် ၉ ခုတွင် တစ်ခုအပါအ၀င်
ဖြစ်ပြီး မြို့တော်၏ ရှေ့ဖက် ၆၀ ကီလိုမီတာအကွာ မဲခေါင်မြစ်ကမ်းရိုးတလျှောက်တွင်
တည်ရှိသည်။ ကျေးရွာပေါင်း ၃၇ ရွာရှိပြီး အုပ်စု ၅ ခု ခွဲထားကာ လူဦးရေ ၂၈၀၀၀
ခန့်ရှိသည်။
၎င်းခရိုင်တွင် Lao Loum လူမျိုး ၉၂.၈%၊ Kamu လူမျိုး ၇%နှင့် Hmong လူမျိုး ၀.၂%
တို့ နေထိုင်ကြသည်။ စိုက်ပျိုးရေးမှာ ကျေးရွာသားများအတွက် ၀င်ငွေရရှိသော အဓိက
အသက်မွေးဝမ်းကြောင်းလုပ်ငန်းဖြစ်ကာ မဲခေါင်မြစ်၏တဖက်တွင် နေထိုင်ကြသော
ထိုင်းလူမျိုးများနှင့် ကူးသန်းရောင်းဝယ်ရေးပြုလုပ်ကြသည်။ ခရိုင်ဧရိယာ၏ ၄၀% ကို ��� �� Sangthong
������
စိုက်ပျိုးမြေအဖြစ် သတ်မှတ်ထားပြီး ၅၀% ကျော်မှာ သစ်တောများဖြစ်သည်။ စိုစွတ်သော
ဧရိယာမှ ၆% ရှိသည်။
Sangthong ခရိုင်မှာ ကုန်သွယ်စီးပွားအတွက် မြို့တော်ဗီယက်ကျင်းနှင့် အနီးစပ်ကပ်ဆုံးတွင်တည်ရှိကာ သဘာဝသယံဇာတ
ပေါကြွယ်ဝသောဒေသတစ်ခုဖြစ်သော်လည်း နိုင်ငံအတွင်း အဆင်းရဲဆုံးခရိုင်အဖြစ်တည်ရှိနေဆဲပင်ဖြစ်သည်။
Ban Xor ဒေသတွင် Ban Napor, Ban Wang Mar, Ban Xorနှင့် Ban Kouay ဟူ၍ ကျေးရွာ ၄ ရွာရှိကာ ဧရိယာအားဖြင့်
၂၄၈၈၉ ဟက်တာရှိသည်။ ၂၀၁၁ ခုနှစ်တွင် အများပိုင်လယ်မြေများအား နောက်ဆုံးလေ့လာချက်အရ ၄င်းဒေသတွင် ၇၂၆
မိသားစုနေထိုင်ကြပြီး လူဦးရေအားဖြင့် ၃၈၂၁ ဦးရှိပြီး ၄င်း၏ ၁၈၅၀ ဦးရေမှာ အမျိုးသမီးများဖြစ်သည်။ Ban Huay Hang
ကျေးရွာမှာလည်း အများပိုင်လယ်မြေများသတ်မှတ်ရေး လုပ်ငန်းစဉ်များတွင် အခြားသောကျေးရွာများနှင့် ပူးပေါင်းလုပ်ဆောင်
ခဲ့သည်။
၁၉၉၅ မှ ၂၀၀၂ အထိ Sangthong ဒေသသို့ Luan Prabang နှင့် အခြားခရိုင်များမှ မိသားစုအများအပြား
အခြေချနေထိုင်လာကြသည်။ ၀ါးတောအများအပြားကိုလည်း စိုက်ပျိုးရေးနှင့် ကုန်းမြင့်စပါးစိုက်ပျိုးရေးမြေယာများသို့ ပြောင်းလဲ
လုပ်ကိုင်လာကြသည်။ ကုမ္ပဏီများမှလည်း ရာဘာပင်၊ ပီလောပီနံပင်နှင့် အခြားအပင်များစိုက်ပျိုးခွင့်ရရေး စတင်တောင်းဆို
လာကြသည်။ လူဦးရေတိုးပွားလာခြင်းနှင့် ရေရှည်တွင်သဘာဝသယံဇတများဖြန့်ဖြူးနိုင်ရေးတို့ကို ဖြေရှင်းနိုင်ရေးအတွက်
ဒေသခံကျေးရွာသားများမှာလည်း ၀ါးနှင့် အခြားသစ်တောထွက် အရင်းအမြစ်များကို ပြင်ပဈေးကွက်တွင် ရောင်းချလာကြသည်။
ထိုင်းလူမျိုးများလည်း မဲခေါင်ဖြစ်ကိုဖြတ်ကျော်ကာ ၄င်းဒေသတွင် သစ်တောထွက်သယံဇာတများအား ရှာဖွေရန်ရောက်ရှိ
လာကြသည်။ ၄င်းအခြေအနေများကို ဖြေရှင်းနိုင်ရေးအတွက် ၂၀၀၇ ခုနှစ်မှစ၍ ဒေသခံအာဏာပိုင်များမှ လူထုအခြေပြုအဖွဲ့
အစည်းများ၊ ဒေသခံအသိုင်းအ၀ိုင်းများနှင့်ပူးပေါင်းကာ ၀ါးတောများကို ထိန်းသိမ်းစောင့်ရှောက်ရန်ရည်ရွယ်ကာ လုပ်ငန်းစဉ်များ
ချမှတ်လုပ်ဆောင်လာကြသည်။ တချိန်တည်းတွင် ၀ါးတောများရေရှည်တည်တံ့ရေးစီမံခန့်ခွဲခြင်းတို့ကို အခြေခံကာ ဒေသခံ
လယ်သများအတွက် ၀င်ငွေလည်ပတ်နိုင်ရေးလုပ်ငန်းများတိုးတက်လာအောင်လည်း လုပ်ဆောင်လျှက်ရှိသည်။ ဤလုပ်ငန်းစဉ်
များမှာ Sangthong ခရိုင်အတွင်း အများပိုင်လယ်ယာမြေများသတ်မှတ်ရေး၏ အကျိုးရလဒ်ဖြစ်စေသည်။
ပုံ ၂။ Huay Hang ကျေးရွာ၊ Sangthong ခရိုင်
ဇယား ၁။ လာအိုနိုင်ငံရှိတိုင်းရင်းသားများ
အရှေ့တောင်အာရှတွင် လာအိုနိုင်ငံသည် မတူကွဲပြားသောတိုင်းရင်းသားအများဆုံးရှိသည့်နိုင်ငံဖြစ်သည်။ ၂၀၀၅ ခုနှစ် စစ်တမ်း
အရ တိုင်းရင်းသား ၄၉ မျိုးနှင့် မျိုးနွယ်စုငယ်များ အနည်းဆုံး ၂၄၀ ရှိသည်။ ၄င်းတို့မှာ တိုင်းရင်းသားဘာသာစကား လေးမျိုး
ဖြင့်သတ်မှတ်ထားသည်- (လာအို-ထိုင်း၊ မွန်ခမာ၊ တရုတ်-တိဘက်တန်၊ Hmong-Mien) တို့ဖြစ်သည်။ တိုင်းရင်းသားအများစုမှာ
နိုင်ငံ၏ ၇၉% ရှိသော တောင်တန်းဒေသများတွင် နေထိုင်ကြသည်။ ၄င်းတို့မှာ တူညီသောယဉ်ကျေးမှု၊ ယုံကြည်ကိုးကွယ်မှုနှင့်
ဓလေ့ထုံတမ်းများကို ကျင့်သုံးကြသည်။ တိုင်းရင်းသားအားလုံး တိုးတက်သောဝန်ဆောင်မှုရရှိခြင်းနှင့် ခွဲခြားဆက်ဆံခြင်း
ပပျောက်ရေးမှာ တိုင်းရင်းသားလူနည်းစုနှင့်ဆိုင်သော နိုင်ငံတော်၏မူဝါဒဖြစ်သည်။ ၄င်းမူဝါဒနှင့်အညီ တိုင်းရင်းသားပေါင်းစုံ
အမြင်များ၊ လူနေမှုစနစ်တိုးတက်ရေးနှင့် တိုင်းရင်းသားအားလုံးတန်းတူရေးကို လာအိုအစိုးရမှ တရားဝင်လက်ခံထားသည်။
သို့သော်လည်း လာအိုနိုင်ငံ၏ဆင်းရဲမှုနှုန်းမှာ အလွန်မြင့်မားနေဆဲဖြစ်သည်။
၁း၂။ လာအိုနိုင်ငံရှိအများပိုင်လယ်ယာမြေများသတ်မှတ်ခြင်း
အထက်ဖေါ်ပြပါအတွေ့အကြုံများမှ လေ့လာနိုင်သောအခွင့်အလန်းများ-
Huay Hang ကျေးရွာသားများမှာ များသောအားဖြင့် Luang Prabng ခရိုင်မှ Sangthong သို့ ၁၉၉၀ နှစ်များတွင်
ပြောင်းရွှေ့လာကြသောမိသားစုများနှင့် ရောနှောနေထိုင်ကြသည်။ ထိုအချိန်က သဘာဝအရင်းအမြစ်များနည်းနေခြင်းနှင့်
မိသားစုများအပြောင်းအရွှေ့ကြောင့် စိုက်ပျိုးမြေများတိုးချဲ့ရေးအတွက်အခက်အခဲရှိသည်။ ၁၉၉၅ ခုနှစ်တွင် Huay Hang
ဒေသသို့ မသားစု ၁၇ စု ပြောင်းရွှေ့လာချိန်၌ ၄င်းဒေတွင် မိသားစု ၃ စုသာ နေထိုင်လျှက်ရှိသည်။ အသစ်ရွှေ့
ပြောင်းလာသူများမှာ သဘာဝအရင်းအမြစ်များနှင့် ၀ါးတောများထူထပ်စွာရှိသောနေရာများကို တွေ့ရှိခဲ့ကြသည်။ ဆွေးမျိုးများ၏
ပြေလည်နေမှုကိုအတုယူကာ Luang Prabng မှ မိသားစုများမှာ Sangthong ခရိုင်သို့ တဖြည်းဖြည်းပြောင်းရွှေ့လာကြသည်။
အလားတူပင် Napor ကျေးရွာထူထောင်ခါစတွင် မိသားစု ၇ စုသာ ရှိပြီး ယခုဆိုလျှင် အိမ်ထောင်စု ၁၀၀ နေထိုင်လျှက်ရှိသည်။
အချို့မှာ Khamu တိုင်းရင်းသားများဖြစ်ပြီး အများစုမှာ Lao Lum တိုင်းရင်းသားများဖြစ်ကြသည်။ (Sayalath and alt., 2011)
၁၉၉၈ ခုနှစ်မှစ၍ Huay Hang နှင့် Huay La ကျေးရွာသားတို့အကြား မြေပုံများရေးဆွဲကာ နယ်မြေများ သတ်မှတ်လာကြသည်။
၁၉၉၉ ခုနှစ်တွင် ကျေးရွာနှစ်ရွာသီးခြားနေထိုင်ကြရန်ဆုံးဖြတ်ခဲ့ကြသည်။ အကူအညီရရှိရေးအတွက် ခရိုင်အစိုးရထံတွင်
တင်ပြလာကြသည်။ ကျေးရွာနှစ်ရွာအကြား နယ်မြေသတ်မှတ်ရေးနှင့် မြေပုံရေးဆွဲရန်အတွက် ခရိုင်အစိုးရမှ ကျွမ်းကျင်သော
နည်းပညာရှင်များထောက်ပံ့ပေးကာ တည်နေရာညွှန်ပြသောစနစ်နှင့် မြေပြင်အညွှန်းပြမြေပုံများရေးဆွဲနိုင်ခဲ့သည်။ ကျေးရွာ
နှစ်ခုအကြားနယ်မြေများကို ၀ါးတောဧရိယာများ၊ စိုက်ပျိုးမြေများနှင့် စမ်းချောင်းများဖြင့် ခွဲခြားသတ်မှတ်ထားသည်။
၁၉၉၉ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့တွင် Huay Hang အား ကျေးရွာတစ်ရွာအဖြစ် တရားဝင်အသိအမှတ်ပြုကာ Huay La နှင့်
သီးခြားစီဖြစ်လာခဲ့သည်။
လက်ရှိလူမှုပတ်ဝန်းကျင်အခြေအနေကို ဖေါ်ပြထား
သောမြေပုံဖြစ်သည်။ အိမ်ခြေပေါင်း ၁၀၀ ရှိပြီး လူဦး
ရေ ၄၀၀ ကျော်နေထိုင်ကြသည်။ မဲခေါင်းမြစ်ကမ်း
တလျှောက်လမ်းမကြီးပတ်လည်တွင် တိုးပွားလာခြင်း
ဖြစ်သည်။
Huay Hang နှင့် Napor ကျေးတို့မှာ သစ်တောဧရိယာအား ထိန်းသိမ်းခွင့်နှင့် စီမံခန့်ခွဲခွင့်နှစ်ခုလုံးရရှိကာ အခြားကျေးရွာ ၃ ခုမှာ
သစ်တောဧရိယာများအား ထိန်းသိမ်းခွင့်သာရရှိသည်။ Huay Hang နှင့် Napor ကျေးရွာသားများမှအပ အခြားကျေးရွာသား
များမှာ ၀ါးသုံးစွဲခြင်းကို ဒေသအတွင်း၌သာ ခွင့်ချက်ရရှိသည်။
၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့တွင် ကျေးရွာ ၅ ရွာ၏ သစ်တောထုတ်လုပ်မှုဧရိယာ ၂၉၇၀ ဟက်တာကို အများ
ပိုင်လယ်ယာမြေအဖြစ် ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့မှ ယာယီအတည်ပြုပေးခဲ့သည်။ ၄င်းမှာ လာအိုနိုင်ငံတွင်
အများပိုင်လယ်မြေများသတ်မှတ်ရေးအတွက် ပထမဆုံးလုပ်ဆောင်ချက်ဖြစ်သည်။ နောက်ဆုံးအနေဖြင့် ၂၀၁၂ ခုနှစ်၊
ဇန်န၀ါရီလ ၆ ရက်နေ့တွင် အများပိုင်လယ်မြေများအား ထုတ်ပြန်ခဲ့သည်။ လာအိုနိုင်ငံတွင် Sangthong ခရိုင်မှာ အများပိုင်
လယ်မြေများသတ်မှတ်ပေးရေး အဆင်ဆင့်ကိုလုပ်ဆောင် အောင်မြင်ခဲ့သည့် တစ်ခုတည်းသောစံပြခရိုင်ဖြစ်ပြီး အခြားသော
ခရိုင်နှင့် ဒေသတို့မှလည်း Sangthong ခရိုင်၏ အတွေ့အကြုံများကို နမူနာယူလုပ်ဆောင်ချင်ကြသည်။ ၀န်ကြီးချုပ်ရုံးနှင့်
လယ်ယာမြေဥပဒေ ပုဒ်မ ၂၂နှင့် အမျိုးသားလယ်ယာမြေစီမံခန့်ခွဲရေးန်ကြီးဌာနညွှန်ကြားချက် ၅၆၄ (၂၀၀၇ ခုနှစ်၊ သြဂုတ်လ ၆
ရက်) အရ အကယ်၍ကျေးရွာ ၅ ရွာ၏ လယ်ယာမြေအသုံးပြုခွင့်နှင့်ပတ်သက်၍ ၃ နှစ်အတွင်း အငြင်းပွားများမရှိပါက
၎င်းကျေးရွာ ၅ ရွာအား ခရိုင်အာဏာပိုင်မှ အမြဲတမ်းအသုံးပြုခွင့် ပြုမည်ဖြစ်သည်။
မဲခေါင်းမြစ်ကမ်းပြိုကျခြင်းအားရပ်တန့်နိုင်ရေးအတွက် မြစ်ကမ်း
တလျှောက် သစ်ပင်များစိုက်ပျိုးရန်လိုလားနေကြသည်။
အပြန်အလှန်ဆက်စပ်နေမှုအားအခြေခံ၍ အဓိကဇာကောင်များ၏
အရေးပါမှုကို ဒေသခံအသိုင်းအ၀ိုင်းမှ ရေးဆွဲခဲ့ကြသည်။ အတွေ့အကြုံ
များဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် အဓိကပါဝင်ပတ်သက်
သူများအကြား အပြန်အလှန်ဆက်စပ်မှု၏ အားသာချက်များနှင့်
ကွန်ယက်သဖွယ်ဆက်နွယ်နေမှုတို့ကို ဖေါ်ပြထားခြင်းဖြစ်သည်။
၂။ စီမံခန့်ခွဲရေးစနစ်
သူမအကြောင်းကို သူမကိုယ်တိုင်ပြောပြရာ-
ပုံ ၁၀။ Ms. Channao (၀ဲ) ၀ါးအခွံခွါနေစဉ်၊ ပြုလုပ်ပြီးထိုင်ခုံတစ်လုံ (ယာ) တွင် ငွေစုကြကာ ရရှိလာသောငွေများကို
မိသားစုအတွက်အထောက်အပံ့နှင့်
ကလေးများ၏ ကျောင်းစရိတ်အတွက် အသုံးပြုကြသည်။