Download as pdf or txt
Download as pdf or txt
You are on page 1of 38

Uncensored Burma - Daily News ( 2011 Mar 29)

ငလျင်သတင်းယူသူတွေ ကန့်သတ်ခံရ
By မသင်းသီရိ အင်္ဂါ, 29 မတ် VOA

ငလျင်ကြောင့် တပ်တွင်း သေပျောက် သတင်း အမှောင်ချ


လင်းသန့် Tuesday, 29 March ဧရာဝ
ဧရာဝတီ

ကူညီကယ်ဆယ်ရေး မျှော်နေဆဲ ငလျင်ဒဏ်ခံဒေသ


ရန်ပိုင် Monday, 28 Mar ဧရာဝ
ဧရာဝတီ

အစိုးရသစ် ကျမ်းသစ္စာ ကျိန်မည်


ခင်ဦးသာ Tuesday, 29 March ဧရာဝ
ဧရာဝတီ

စိစစ်ရေး ကင်းလွတ်ခွင့် သတင်းဂျာနယ်များ မပါ


ဟိန်းသူ Tuesday, 29 March ဧရာဝ
ဧရာဝတီ

ရော့စ် ဒန်ကလေ သိန်း ၁၀၀ ဖြင့် အာမခံရ


သင်းအောင် Tuesday, 29 ဧရာဝ
ဧရာဝတီ

ကော့ကရိတ် စစ်ဆေးရေးဂိတ်ကို DKBA တိုက်ခိုက်


ဧရာဝတီ Tuesday, 29 March ဧရာဝ
ဧရာဝတီ

သဘာဝဘေး အချိန်မရွေး ကျရောက်နိုင်၊ အဆောက်အအုံများ ခိုင်ခန့်ရန်လို


ခင်ဦးသာ Tuesday, 29 March ဧရာဝ
ဧရာဝတီ

ကချင်ခေါင်းဆောင် ဒေါက်တာတူးဂျာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်ရန်ဆုံးဖြတ်


2011-03-29 RFA

ဒေါက်တာ တူးဂျာ ကြံ့ဖွံ့ပါတီ ၀င်မလား


မင်းနိုင်သူ Tuesday, 29 March ဧရာဝ
ဧရာဝတီ
ဒေါက်တာတူးဂျာ ကြံ့ဖွံ့ပါတီဝင်ဖို့ လျှောက်
By နူးပန် အင်္ဂါ, 29 မတ် VOA
VOA

တရုတ်၊ မြန်မာ ရေနံပိုက်လိုင်းကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုရှိ


By ဗွီအိုအေ (မြန်မာဌာန) အင်္ဂါ, 29 မတ် VOA
VOA

ဒန်ကလေ အာမခံနဲ့ လွတ်မြောက်မှု CPJ ကြိုဆို


By ဦးသားညွန့်ဦး အင်္ဂါ, 29 မတ် 2011 VOA
VOA

လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အမေးအဖြေကဏ္ဍ


မတ်လ ၂၅၊ ၂၀၁၁ RFA အစီအစဉ် မိုးမခ

“လွှတ်တော်” ရှိလာတယ် ဒါပေမယ့် ဘာမှ မထူးပါဘူး


တူမောင်ညို
မတ် ၂၉၊ ၂၀၁၁ မိုးမခ

သဘာဝဘေးဒုက္ခသည်များအား ကူညီရေး အင်န်အယ်ဒီပါတီ ဆောင်ရွက်


2011-03-29 RFA

အမေရိကန် ပြည်ထောင်စုသို့ သွားမည့် မြန်မာ ဒုက္ခသည်များ ဆိုင်းငံ့ခံရ


2011-03-29 RFA

သံဃာ့တပ်ပေါင်းစုမှ ရဟန်းတော်များ နယ်သာလင် အစိုးရ အရာရှိကြီးများနှင့်ဆွေးနွေး


2011-03-29 RFA

မြစ်ဆုံစီမံကိန်းအတွက် ဒေသခံကျေးရွာများ ပြောင်းရွှေ့ရမည်


2011-03-29 RFA

ဒေါ်အောင်ဆန်းစုကြည်၏ လက်မှတ်ဖြင့်စာ အစစ်မဟုတ်ကြောင်း NLD ငြင်းဆို


2011-03-29 RFA

ဒေါ်အောင်ဆန်းစုကြည်ရေးလိုက်တဲ့စာ ဧရာဝတီ ကောင်းမွန်စွာ ရရှိ


သရော်စာ ဧရာဝ
ဧရာဝတီ Blog

ငလျင်သတင်းယူသူတွေ ကန့်သတ်ခံရ
By မသင်းသီရိ အင်္ဂါ, 29 မတ် VOA
VOA

ရှမ်းပြည်နယ် အရှေ့ပိုင်းက ငလျင်ဒဏ်ခံခဲ့ရတဲ့ ဒေသတွေမှာ သတင်းသွားယူကြတဲ့ သတင်းထောက်တွေကို


အာဏာပိုင်တွေက စစ်ဆေးမေးမြန်းတာတွေ ရှိခဲ့သလို အပျက်အစီး များတဲ့နေရာ တချို့ကိုလည်း ဓာတ်ပုံရိုက်ခွင့်
မပေးတာတွေ ရှိခဲ့ပါတယ်။ တခါ ပြည်တွင်းထုတ် ဂျာနယ်တွေထဲမှာလည်း သေဆုံးသူ စာရင်းကို အစိုးရ
သတင်းစာမှာ ဖော်ပြတဲ့ အတိုင်းသာ ရေးသားခွင့် ပေးခဲ့ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့
မသင်းသီရိက တင်ပြပေးထားပါတယ်။

ရှမ်းပြည်နယ် အရှေ့ပိုင်းက ငလျင်ဒဏ် အများဆုံး ခံခဲ့ရတဲ့ တာလေနဲ့ မိုင်းလင်းကျေးရွာဘက်က အပျက်အစီး


သတင်းတွေကို သွားယူတဲ့အခါ မနေ့ မတ်လ ၂၈ ရက် တနင်္လာနေ့က သတင်းထောက်တချို့ကို
အာဏာပိုင်တွေက စစ်ဆေးခဲ့တာမျိုးတွေ ကြုံခဲ့ရတယ်လို့ ပြည်တွင်း သတင်းထောက်တဦးက ပြောပါတယ်။

“ဗွီဒီယိုမှတ်တမ်း ရိုက်တဲ့လူတွေ၊ ဓာတ်ပုံမှတ်တမ်း ရိုက်တဲ့လူတွေကို သူတို့က ဘယ်သတင်းဌာနကလဲ၊


ဘယ်ဂျာနယ်ကလဲပေါ့၊ အထောက်အထား စာရွက်တွေ ပြခိုင်းတယ်။ အဲဒီလို စစ်တာဆေးတာ ရှိတယ်။
တာလေမြို့ထဲမှာ ဆိုရင်တော့ ပိုပြီး စစ်တယ်။ အခု ကယ်ဆယ်ရေး နေရာတွေ ဘာတွေကိုတော့ သိပ်
သွားရိုက်လို့ မရဘူး။ သူတို့ တပ်က နေရာချထားတဲ့ နေရာတွေပေါ့။ အဲဒီနေရာတွေကိုတော့ သွားရိုက်လို့
မရဘူးဗျ။”

မနေ့ မတ်လ ၂၈ ရက်နေ့က တိုင်းမှူးကလည်း အဲဒီနေရာတွေကို လာရောက်စစ်ဆေးခဲ့တာမို့ ကယ်ဆယ်ရေး


စခန်းက အပျက်အစီးတွေကိုလည်း ကြိုပြီးတော့ ဖယ်ရှားလိုက်တာမျိုးလည်း ရှိတယ်လို့ ပြောပါတယ်။
အထူးသဖြင့်တော့ ကင်မရာပါတဲ့ သတင်းထောက်တွေကို လုံခြုံရေးတွေက စစ်ဆေးခဲ့တာမျိုး
ကြုံခဲ့ရတယ်လို့လည်း ပြောပါတယ်။

အဲဒီဒေသတွေမှာ နောက်ဆက်တွဲ ငလျင်လှုပ်တာလေးတွေကလည်း ရှိနေသေးတာမို့ ဒေသခံတွေဟာ


အခုအချိန်ထိ စိုးရိမ်ကြောက်လန့်မှုတွေ ရှိနေတာ သိရတယ်လို့ ပြည်တွင်း သတင်းဂျာနယ် အယ်ဒီတာက
ပြောပါတယ်။

“ကွင်းပြင်ဘက်ထွက်ပြီး ညဘက် အိပ်နေတဲ့ အနေအထား ရှိတယ်လို့ ပြောတယ်။ နောက် နေ့ခင်းမှာ


ပြိုကျသွားတဲ့ အိမ်တွေဘာတွေ ရှင်းလင်းတာ ရှိပေမဲ့ ညနေစောင်းတာနဲ့ ဘယ်သူမှ မရှိတော့ဘဲနဲ့ တယောက်မှ
မတွေ့ရလောက်အောင် တိတ်ဆိတ် ခြောက်ကပ်သွားတယ်လို့လည်း ပြောပါတယ်။”

သူတို့ဂျာနယ်အတွက် သတင်းသွားယူနေတဲ့ သတင်းထောက်ရဲ့ ပြောပြချက် အရတော့ ကူညီကယ်ဆယ်ရေး


ပစ္စည်းတွေ ဝေငှမှုမှာလည်း လူတိုင်းမရတဲ့ ပြဿနာမျိုး ကြုံနေရသလို အခုဆိုရင် ရာသီဥတု အေးတဲ့ဒဏ်ကို
ငလျင်ဘေးသင့်သူတွေ ခံစားနေရတာမျိုးလည်း ရှိတယ်လို့ ပြောပါတယ်။

“ကျနော့်သတင်းထောက် ပြောပြတာတော့ တချို့လူတွေ ကယ်ဆယ်ရေးကပေးတဲ့ ပစ္စည်းတွေ မရဘူးလို့


ပြောတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာ လာဝေတဲ့ အချိန်ကို မသိလိုက်ဘူးတဲ့၊ မမီလိုက်တော့ တချို့
လွတ်သွားတာတွေ မရခဲ့တာတွေ ရှိတယ်လို့ ပြောပါတယ်။ ဒီရက်ပိုင်းတော့ နည်းနည်းအေးတယ်လို့ ပြောတယ်။
ဟိုရက်တွေကတော့ မိုးလေး စိုစို ရွာပြီးတော့ အခု ဒီရက်ပိုင်းတော့ တော်တော်လေး အေးလာတော့ တချို့
ကွင်းပြင်ထဲ အိပ်တဲ့လူတွေမှာ နည်းနည်း အခက်အခဲ ရှိတယ်လို့ သိရပါတယ်။”

သတင်းဂျာနယ်တခုရဲ့ အယ်ဒီတာ ပြောပြခဲ့တာ ဖြစ်ပါတယ်။

ပြည်တွင်းထုတ် ဂျာနယ်တွေထဲမှာတော့ ငလျင်ဒဏ်နဲ့ ပတ်သက်တဲ့ အပျက်အစီး ဓာတ်ပုံတွေကို အတော်လေး


ဖော်ပြခွင့် ပေးခဲ့ပေမဲ့ သေဆုံးသူ စာရင်းမှာတော့ အစိုးရ သတင်းစာတွေထဲမှာ ဖော်ပြတဲ့အတိုင်း အရေအတွက်
၇၀ ကျော်ကိုသာ ဖော်ပြခွင့် ရပြီးတော့ ဒီ့ထက်ပိုပြီး ရေးသားခွင့် မပေးသလို သတင်းထောက်တွေကတော့
အဲဒီဒေသတွေမှာ ငလျင်ဒဏ်ကြောင့် သေဆုံးသူပေါင်း ၁၀၀ မက ရှိတယ်လို့လည်း ပြောပါတယ်။
ဒီသတင်း ၃ မျက်နှာ ရှိတယ်း(

ငလျင်ကြောင့် တပ်တွင်း သေပျောက် သတင်း အမှောင်ချ


လင်းသန့် Tuesday, 29 March ဧရာဝ
ဧရာဝတီ

ရှမ်းပြည်နယ် ငလျင်ကြောင့် သေဆုံးသူ ၃၀၀ ကျော်ရှိသွားပြီဖြစ်ပြီး စစ်တပ်အတွင်း လူအသေ အပျောက်နှင့်


ပတ်သက်၍ သတင်း ပေါက်ကြားမှု မရှိစေရန် လမ်းပန်း ဆက်သွယ်ရေးနှင့် ကူးသန်းသွားလာမှုများကို စစ်တပ်က
တင်းကျပ်စွာကန့်သတ် ထားသည်ဟု သိရသည်။

မိုင်းဖြတ်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ) ၁၈ တွင်သေဆုံးသူ ၂၀ ကျော်နှင့် တာလေ အခြေစိုက်


ခြေမြန် တပ်ရင်း(ခမရ) ၃၁၆ တွင် ဘန်ကာများ၊ အဆောက်အအုံများ ပြိုကျ ပျက်စီးပြီး စစ်သားနှင့်မိသားစုဝင် ၃၀
ကျော် သေဆုံး သွားခဲ့သည့် တပ်တွင်း သတင်း ပေါက်ကြားမှု မရှိစေရေးအတွက် ထိုသို့
တင်းကျပ်ခြင်းဖြစ်သည်ဟု ဒေသခံများကပြော ဆို သည်။

“ဗိုလ်ချုပ်အောင်သန်းထွဋ်၊ ကယ်ဆယ်ရေးဝန်ကြီး နဲ့ တိုင်းမှူးရောက်လာတယ်၊ တပ်ထဲက


အသေအပျောက်စာရင်းနဲ့ ပတ် သက်ပြီး သူတို့အထက်ကလူကြီးတွေကို မသိစေချင်လို့
တပ်ရင်းအာဏာပိုင်တွေကို သေချာပြောသွားတယ်ကြားတယ်၊ နောက်နှစ်ရက် သူတို့ဆီမှာ ခေါင်း မလောက်လို့
လာယူသွားတာက ၂၀ လေ၊ ကြည့်ရတာ တပ်တွင်းက သေဆုံးသူ ဒီ ထက် များတယ် ထင်တယ်”ဟု အဆိုပါ
တပ်များသို့ လူသေအလောင်း ထည့်ရန် ခေါင်းပို့ပေးခဲ့ရသည့် ဒေသခံတဦးက ဧရာဝတီ ကိုပြောသည်။

တပ်တွင်းမှ သေဆုံးသူစာရင်းနှင့် ထိခိုက်ဒဏ်ရာ ရသူများနှင့် ပတ်သက်ပြီး ဧရာဝတီ က စစ်တပ်


တာဝန်ရှိသူများကို ကြိုးစား ဆက်သွယ်သော်လည်း ယခုအထိ ဆက်သွယ်၍မရသေးပေ။

“မိုင်းဖြတ်တပ်ထဲက သေဆုံးသူက တော်တော်များတယ်ထင်တယ်၊ ဒီသတင်းကို အတော်ဖုံးဖိနေတယ်၊


သေဆုံးသူ အနည်းဆုံးတော့ အဲဒီမှာ ၂၀၊ ၃၀ ပဲ၊ ကြိတ်လုပ်နေကြတယ်”ဟု နယ်မြေခံ စစ်တပ်နှင့် နီးစပ်သူ
တဦးက ဆိုသည်။

ထို့အပြင် လုံခြုံရေးစိုးရိမ်မှုများနှင့် လမ်းပျက်စီးမှုများကြောင့် သွားလာရေးခက်ခဲနေသော မိုင်းကိုင်ရွာသည်


ငလျင်ဒဏ်ကို တရွာလုံး ခံစားလိုက်ရပြီး ယခုအချိန်အထိ ကယ်ဆယ်ရေးများ မရောက်ရှိသေးဟု သိရှိရသည်။

“မိုင်းကိုင်ရွာက အိမ်ခြေ ၇၀ ကျော် ၈၀ လောက်ရှိတယ်၊ အဲဒီက သွားရေးလာရေးခက်ခဲတယ်၊ တရွာလုံး


သေသွားတယ် လို့ အဲဒီကပြန်လာတဲ့သူကပြောတယ်၊ တကယ် ဦးတည်လှုပ်တာက အဲဒီကိုဦးတည်တာ၊
တာလေက အရောက်အပေါက် လွယ်တော့ တာလေ သတင်းပဲ လူသိများသွားတာပေါ့”ဟု ကူညီကယ်ဆယ်ရေး
လုပ်ပေးနေသူ တဦးက ပြောပြသည်။

မတ်လ ၂၆ ရက်ထုတ် အစိုးရသတင်းစာများ၌ တာချီလိတ်မြို့၊ တာလေ မြို့၊ နားယောင်းရွာ၊ မိုင်းလင်းရွာနှင့်


မိုင်းကိုးကျေးရွာအုပ်စု၊ ကျကူနီရွာတို့တွင် အိမ်ခြေ ၂၂၄ လုံး၊ ၆ ခန်းတွဲ လူနေ တိုက်ခန်းတွဲတခု၊ သာသနိက
အဆောက်အအုံ ၁၁ ခုနှင့် ဌာနဆိုင်ရာ အဆောက်အအုံ ၉ လုံး ပြိုကျ ပျက်စီးခဲ့ပြီး သေဆုံးသူပေါင်း ၇၃ ဦး နှင့်
ထိခိုက် ဒဏ်ရာရသူ ၁၂၅ ဦးရှိသည် ဟု ဖော်ပြထားသည်။
ယခုအခါ ဒဏ်ရာရ အရပ်သားလူနာများကိုပါ သတင်းထောက်များနှင့် မတွေ့စေလိုသောကြောင့်
တပ်တွင်းစခန်းများသို့ ပြောင်းရွှေ့ထား၍ ငလျင် ဒုက္ခသည်များနှင့် ကူညီကယ်ဆယ်ရေး အစီအစဉ်များလဲ
အခက်အခဲများနှင့် ရင်ဆိုင်နေကြရကြောင်း ဒေသခံများက ပြောသည်။

“အခုထိ နိုင်ငံတော်ဆိုတဲ့သူတွေဆီက ဘာမှထိရောက်တဲ့အကူအညီတွေ မလာသေးပါဘူး၊ အခုပိုဆိုးတာက


လူနာ အား လုံး လိုလိုကို တာလေအခြေစိုက် ၃၁၆ တပ်ရင်းနဲ့ မိုင်းလင်း အခြေစိုက် တပ်ရင်း ၅၇၁ တို့ကို
ပြောင်းပစ်လိုက်တယ်၊ ပြော တာတော့ ပြည်ပ သတင်းထောက်တွေ လာကြလို့ သတင်းပေါက်ကြားမှာ စိုးလို့
ကြားတာပဲ” ဟု တာလေ ဒေသခံ တစ်ဦး က ပြောပြသည်။

ငလျင်ကယ်ဆယ်ရေး လုပ်ဆောင်နေကြသော အလှူရှင်များသည်လည်း ကယ်ဆယ်ရေး ပစ္စည်းများ


ဒုက္ခသည်များထံ ရောက်ရှိရေးအတွက် အခက်အခက်များစွာရှိနေကြောင်း သိရသည်။

“တတ်နိုင်တဲ့ သူတွေက အထုပ်တွေအများကြီးနဲ့ လာလှူတာမျိုးတွေရှိတယ်၊ ဒုက္ခသည်တွေဆီကို


တိုက်ရိုက်ပေးခွင့် မရှိဘူး၊ နည်းနည်းလောက် တခါစား၊ နှစ်ခါစားမျိုးလောက်ဆိုရင်တော့ သူတို့က ခွင့်ပြုတယ်”ဟု
ဒေသခံ အမျိုးသမီး တဦးက ပြောသည်။

အစိုးရ သတင်းစာများ၌မူ ငလျင်ဒေသ ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး ဓာတ်ပုံများနှင့် တကွ


ဝေေ၀ ဆာ ဆာ ဖော်ပြနေသည်။

နေပြည်တော်မှ ဗိုလ်ချုပ်တဦးနှင့် တိုင်းမှူးတို့လာပြီးနောက် ပျက်စီးလမ်းများကို ယာယီသွားလာနိုင်ရေးအတွက်


အရေးပေါ် ပြင်ဆင်မှုများပြုလုပ်လျက်ရှိသည်ဟု အမည်မဖော်လိုသူ ဒေသ အာဏာပိုင်တဦးက ပြောသည်။

“စစ်သားတချို့ကယ်ဆယ်ရေး လာလုပ်ပေးတာတော့ရှိတယ်၊ သူတို့က အဆောက်အအုံပျက်တွေမှာ ရွှေငွေနဲ့


အဖိုးတန် ပစ္စည်းတွေကိုပဲရှာကြတာ၊ လူကိုလာကယ်တာမဟုတ်ဘူး၊ နောက် အဆောက်အအုံ ရှင်းတဲ့ ကားကြီး ၂
စီးပဲ လာတယ်၊ အဲဒါကလဲ ပိုက်ဆံရှိတဲ့၊ ရာထူးရှိတဲ့အိမ်ကိုပဲ အရင်လုပ်ပေးတာ”ဟု ငလျင်ဒဏ်ခံ
ဒုက္ခသည်တဦးက ပြောသည်။

အစိုးရ၏ ထိရောက်သည့် အကူအညီမျိုး မရကြောင်းနှင့် ဒေသ ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များနှင့် ရပ်မိရပ်ဘများ၏


လာ ရောက် ပေးပို့သော အကူအညီမျိုးသာ ရနေကြောင်း ဒေသခံများက ပြောဆိုသည်။

ရပ်မိရပ်ဘများဦးစီးပြီး ကူညီကယ်ဆယ်ရေးများ ဆက်လုပ်နေကြောင်း၊ ဒေသခံ တချို့မှာမူ


ငလျင်ငယ်ကလေးများ ယခု အချိန် အထိဆက်လှုပ် နေသေးသည့်အတွက် လမ်းဘေး၌ အိပ်နေကြရကြောင်း၊
ကယ်ဆယ်ရေးစခန်းကို အစိုးရ အာဏာ ပိုင်များက ဖွင့်လှစ်ထားသော်လည်း ကူညီကယ်ဆယ်ရေး ပစ္စည်းများကို
တိုက်ရိုက်ပေး၍မရဘဲ စစ်တပ်ကို ပေးခဲ့ရကြောင်း အလှူရှင်တဦးကလည်း ပြောသည်။

“စစ်တပ်က သူတို့ကို ပေးခဲ့ရတဲ့ ဒီပစ္စည်းတွေကို ငလျင်ဒုက္ခသည်တွေ လက်ထဲပေးမယ်လို့ ကံသေကံမ


မပြောနိုင်ဘူး၊ ဒါပေမယ့် ရေတို့၊ ခေါက်ဆွဲခြောက်တို့က တကယ်ဒုက္ခသည်တွေ အခုလက်ငင်းလိုနေတာ၊
သူတို့လက်ထဲ တိုက်ရိုက် ပေးချင် ခဲ့ပေမယ့်မရဘူး၊ ကိုယ်ကစေတနာ ပြတ်ထားပြီးသားမို့ရောက်ပါစေ
ဆုတောင်းပြီးပေးခဲ့တယ်”ဟု ၎င်းက ဆိုသည်။
ဒေသအာဏာပိုင် တချို့နှင့် စစ်တပ်အရာရှိတချို့က ဒုက္ခရောက်နေသူများကို ကယ်ဆယ်ရေးလုပ်သည်ထက်
ကယ်ဆယ် ရေး ပစ္စည်းများကို အလွဲသုံးစားလုပ်မှုများရှိနေသည်ဟုလည်း ဒေသခံများက ပြောသည်။

“အစိုးရကဘာမှ မကူတဲ့အပြင် ကျမတို့ကို လာလှူတဲ့ဟာတွေကိုသူတို့စခန်းမှာ သိမ်းထားလိုက်တယ်။


သူတို့ကလာ ကြည့် သွားပြီး ဓာတ်ပုံအရိုက်ခံတာလေ၊ လာဝေတဲ့ ရေသန့်ဘူး၂လုံးနဲ့ ခေါက်ဆွဲခြောက်၂ ထုပ်
ကျမ ဒီနေ့ရတယ်”ဟု ဒေသခံ ဒုက္ခသည် အမျိုးသမီးတဦးက ပြောသည်။

ယခုအချိန်အထိ ငလျင်ဘေးသင့်ဒေသ တခုဖြစ်သော ကျကူနီကျေးရွာ သို့ ကူညီကယ်ဆယ်ရေး အဖွဲ့များ


မရောက်ရှိသေး ကြောင်း သိရသည်။

အဆိုပါ ငလျင်ဒဏ်ခံ ဒေသသည် ရှမ်းပြည်တပ်မတော် တောင်ပိုင်း(SSA-S)၊ “၀”ပြည်သွေးစည်းညီညွတ်ရေး


တပ်မတော် (UWSA)၊ လားဟူ နယ်ခြားစောင့် တပ်ဖွဲ့များ အခြေစိုက်လှုပ်ရှားရာ ဒေသဖြစ်နေသဖြင့်
အစိုးရစစ်တပ်က ကူညီ ကယ် ဆယ် ရေး အဖွဲ့များအား လုံခြုံရေးအရ သွားရောက်ခြင်းမပြုရန်
တားမြစ်ထားသည်။

နောက်ဆုံးရ သတင်းများအရ တာချီလိတ်၊ တာလေ၊ ကျိုင်းတုံ၊ မိုင်းဖြတ်၊ မိုင်းဆတ် ကားလမ်းများကို


ယာယီပြင်ဆင်မှုများပြုလုပ်ပြီးနောက် ယာဉ်ငယ်များကို အစိုးရ လုံခြုံရေးတပ်ဖွဲ့များက
စတင်သွားလာခွင့်ပြုလိုက်သည်ဟု သိရသည်။

ထိုင်းနိုင်ငံဘက်မှ အကူအညီပေးရေးကမ်းလှမ်းမှုများလည်း ရှိကြောင်း၊ ရန်ကုန်မှ ပြည်တွင်း


သတင်းထောက်များလည်း ရောက်ရှိနေကြပြီး တချို့နေရာများကို သွားလာခွင့်မပြုသေးကြောင်း သိရသည်။

“မယ်ဆိုင်က ထိုင်းအရာရှိတွေက သူတို့ကို နယ်စပ်ဖြတ်ကျော် အကူအညီပေးရေးခွင့်ပြုဖို့ မြန်မာစစ်အစိုးရကို


တောင်းဆို ထားတယ်လို့ သိရတယ်။ ရမယ် မရဘူးမသိဘူး၊ အခုထိတော့ ထိုင်းဘက်က နားလည်မှုနဲ့ဝင်လာတဲ့
အကူ အညီတချို့ပဲ ရတယ်”ဟု ထိုင်းနိုင်ငံ မယ်ဆိုင်ရှိ မြန်မာ လူမျိုး တဦးက ပြောသည်။

သဘာဝ ဘေးဒဏ်နှင့်ပတ်သက်၍ စစ်အစိုးရအနေဖြင့် ယခုအချိန်အထိ ထိရောက်မြန်ဆန်စွာ


ကူညီကယ်ဆယ်ရေးအတွက် လေ့ကျင့်သင်ကြားပေးမှုများမရှိသကဲ့သို့ ကြိုတင်ပြင်ဆင်ထားသည့်
အစီအစဉ်များလည်း မရှိသေးပေ။

၂၀၀၈ ခုနှစ် နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြောင့် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူး တိုင်း၊ တနင်္သာရီတိုင်း၊ မွန်
ပြည်နယ် တို့တွင် အနည်းဆုံးလူပေါင်း ၁၃၄,၀၀၀ ကျော် သေကြေပျက်စီးခဲ့ပြီး အိုးအိမ်၊ လယ်ယာ၊
ရေလုပ်ငန်းသုံး လှေ၊ သမ္ဗန် ၊ သင်္ဘောများစွာလည်း ပျက်စီးဆုံးရှုံးသွားခဲ့ရသည်။

အမေရိကန်၊ ပြင်သစ်၊ အင်္ဂလန် စသည့်နိုင်ငံများနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းက


တိုက်ရိုက်ဝင်ရောက်ကူညီပေးရန် ကမ်း လှမ်းချက်များကိုလည်း စစ်အစိုးရက ငြင်းဆန်ခဲ့သောကြောင့်
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ကိုယ်တိုင် လာရောက်ပြီး အပြည်ပြည်ဆိုင်ရာ
ကယ်ဆယ်ရေးအကူအညီများ လက်ခံရန် တိုက်တွန်းပြောကြား ခဲ့ရသည်။

ထို့အပြင် ကယ်ဆယ်ရေးပစ္စည်းများကို ဒုက္ခသည်များထံသို့ တိုက်ရိုက်ပေးသည်ကိုလက်မခံဘဲ အစိုးရ


အာဏာပိုင်များမှတဆင့်သာ လက်ခံခဲ့သည်။ ယခုအချိန် အထိ နာဂစ်ဒေသ ပြန်လည်
ထူထောင်ရေးလုပ်ငန်းများမှာ လွတ်လပ်စွာလုပ်ဆောင်ခွင့် မရရှိသေးပေ။
ဒီဆောင်းပါးက ၅ မျက်နှာ

ကူညီကယ်ဆယ်ရေး မျှော်နေဆဲ ငလျင်ဒဏ်ခံဒေသ


ရန်ပိုင် Monday, 28 Mar ဧရာဝ
ရာဝတီ

ရှမ်းပြည်အရှေ့ပိုင်း ငလျင်ဒဏ်ခံဒေသ အခြေအနေတွေကို သွားရောက်လေ့လာ တင်ပြဖို့ တာချီလိတ်မြို့က


စထွက်ပြီး မယ်ယန်း၊ မယ်ဟုတ်၊ မိုင်းကိုး စတဲ့ ကျေးရွာတွေကို စတင်ဖြတ်သန်း ကတည်းက
အိမ်တိုင်းအိမ်တိုင်းရှေ့မှာ သဲ ကိုးပုံ၊ ရေ ကိုးခွက်၊ ထီးဖြူ၊ တံခွန် ကုက္ကားနဲ့ ပူဇော်ထားတာကို တွေ့နေရပါတယ်။

အဲဒါ ဘာအတွက်လဲလို့ ဒေသခံတဦးကို မေးကြည့်တော့ နာမည်ကြီး ဆရာတော်တပါးဖြစ်တဲ့


မိုင်းဖုန်းဆရာတော်က နောက်ထပ် ငလျင်ဒဏ် မခံရအောင် အစီအမံပေးထားတာလို့ သိရတယ်။ ဒါ့အပြင်
အိမ်တိုင်းရှေ့မှာလည်း ပရိတ်ကြိုးအဖြူတွေကို ချည်နှောင်ထားတာ မြင်ရတယ်။ ဒါပေမယ့်
လောလောလတ်လတ် ငလျင်ဒဏ်ခံထားရတာမို့ လူတွေကတော့ စိတ်မချနိုင်ဘဲ အိမ်ရှေ့မှာ ရွက်ဖျင်တဲလေးတွေ
ထိုးနေကြတာ မြင်ရတယ်၊

တာလေသွားတဲ့ ကတ္တရာလမ်းတလျှောက်မှာ ငလျင်ဒဏ်ကြောင့် ကွဲထွက်သွားတဲ့


ပတ်ကြားအက်ကြောင်းကြီးတွေကို တွေ့နေရပါတယ်။ “တာလေမြို့မှ ကြိုဆိုပါ၏” ဆိုတဲ့ ဆိုင်းဘုတ်ကို
ကျော်လွန်တော့ တဘက်ကို နိမ့်ဆင်းသွားတဲ့ တာလေတံတားကြီးမှာ တြိဂံတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်
သန်းထွန်းဦး ကိုယ်တိုင် လာရောက်စစ်ဆေးနေတဲ့အတွက် စက်ယန္တရားကြီးတွေနဲ့ အားချင်း ပြင်ဆင်နေကြတယ်။

မြို့အ၀င်က ခြေမြန်တပ်ရင်း (၃၁၆) မှာလည်း လူနေတန်းလျားတွေ ပြိုပျက်သွားတဲ့အတွက် တပ်ရှေ့က


ကွင်းပြင်မှာ တပ်မိသားစုတွေ ချက်ပြုတ်စားသောက်ပြီး လဲလျောင်းနေကြပါတယ်။ ဒုက္ခသည်တွေကို
နေရာချထားပေးထားတဲ့
တံတားနားအနီး ကွင်းပြင်ထဲက ရွက်ဖျင်တဲတွေထဲမှာ ဒုက္ခသည်တွေသာမက စစ်သားတွေလည်း
အိပ်နေကြပါတယ်။ ဒုက္ခသည်အများစုဟာ နောက်ထပ် မြေငလျင်လှုပ်မှာကို စိုးရိမ်တဲ့အတွက် ညပိုင်း ရဲရဲဝံ၀ံ
မအိပ်ရဲကြဘူးလို့ သိရတယ်။

ဗိုလ်မှူးချုပ် သန်းထွန်းဦးနဲ့ စစ်ဒေသမှူး၊ ဒေသဆိုင်ရာ အာဏာပိုင်တွေအပြင် ရဲတပ်ဖွဲ့တွေက


တဘက်နိမ့်ဆင်းသွားတဲ့ တာလေ တံတားကို သွားလာနိုင်အောင် မြေတူးစက်ကြီးတွေနဲ့ ရှင်းလင်းပြင်ဆင်နေတဲ့
အနီးမှာ ရှိနေကြပါတယ်။

တိုင်းမှူးနဲ့ အဖွဲ့ကို လုံခြုံရေး ယူပေးထားရတဲ့ မောင်းပြန်သေနတ်ကိုင် စစ်သားတွေ၊ ကားခေါင်မိုးပေါ်မှာ


စက်သေနတ်ကို ထောက်တင်ထားပြီး လာသမျှကားတွေ၊ ဆိုင်ကယ်တွေကို လမ်းဘေးဆင်းဖို့ ၀ီစီတကြော်ကြော်
မှုတ်ပြီး မောင်းနှင်နေတဲ့ စစ်ကားတွေကိုလည်း တွေ့နေရပါတယ်။

တာလေမြို့အ၀င်က ရိုမန်ကက်သလစ် လားဟူ ခရစ်ယာန် ဘုရားကျောင်းကြီးကတော့ မြေမှာ


ဝပ်ဆင်းနေပါတယ်။ ကျောင်းရှေ့မှာ ခရစ်ယာန်ဘာသာဝင်တွေလည်း သူတို့ဘုရားကျောင်းကြီးကို ကြည့်ပြီး
သူတို့ဘာသာစကားနဲ့ တယောက်တပေါက် ပြောဆိုနေပါတယ်။
တာလေမြို့က လမ်းဘေးတဘက်တချက်မှာရှိတဲ့ အိမ်မှန်သမျှ အားလုံး ၀ပ်ဆင်းပြီး ပြိုလဲနေပါတယ်။ အိမ်ခြေ
၁၇၅ အိမ်ရရှိတဲ့ တာလေမြို့ဟာ အခုတော့ ၆ အိမ်သာ အကောင်းပကတိ ကျန်ခဲ့တယ်လို့ တာလေမြို့ခံတဦးက
ပြောပါတယ်။

တာလေမြို့နယ် ပြည်သူစစ်ခေါင်းဆောင် ဦးခင်မောင်လှက “၀ုန်း” ဆိုတဲ့ အသံကြီး ကြားရပြီး


အိမ်ကြီးတုန်သွားကတည်းက သွားပြီဆိုတာ သိလိုက်ပြီ၊ အိမ်ရှေ့လှမ်းကြည့်လိုက်တော့ ကျနော်နေတဲ့ အပေါ်ဆုံး
၃ ထပ်နဲ့ အိမ်ရှေ့ကတ္တရာ လမ်းနဲ့က တပြေးတည်းဖြစ်သွားတာ မြင်လိုက်ရတယ်လို့ ငလျင်အတွေ့အကြုံကို
ပြောပြပါတယ်။

“တုန်လှုပ်ပြီးတော့ အမှတ်မထင် လမ်းမကို ပြေးထွက်လိုက်တယ်။ သတိရလို့ မိသားစုဝင်တွေကို


လိုက်စစ်ဆေးလိုက်တော့ အသက် ၈၀ ကျော် အမေအိုကြီး၊ သားသမီး မြေးတွေက ဘာထိ ခိုက်ဒဏ်ရရာမှ
မရဘဲနဲ့ အကောင်းပကတိပါပဲ၊ ဒါပေမယ့် ဇနီးသည်ကို မတွေ့ရပါဘူး။ လိုက်ရှာတော့ မြေအက်ကြောင်းကြီးထဲမှာ
ပြားဝပ်သွားတဲ့ ဒုတိယထပ် တနေရာမှာ ခေါင်းငိုက်စိုက်နဲ့ သေဆုံးနေတာကိုတွေ့လို့ တုန်လှုပ်သွားတယ်” လို့
ဦးခင်မောင်လှက ဆက်ပြောပါတယ်။

သူ့အိမ်နံဘေးက အိမ်တွေအားလုံးလည်း မြေပြင်မှာ ပုံလျက်သား လဲပြိုနေပြီး အနောက်ကိုဖက် မျက်နှာပြု


ဆောက်ထားတဲ့ သူအိမ်ကတော့ အလျားလိုက် မြောက်ဘက်ကို ခြောက်ပေလောက် ရွေ့သွားတယ်လို့
ဦးခင်မောင်လှက ဆိုပါတယ်။

အခုတော့ ပြိုသွားတဲ့ အိမ်ရဲ့ ရှေ့လမ်းမကြီး နံဘေးမှာ ရွက်ဖျင်တဲထိုးပြီး လာသမျှ ရပ်နီးရပ်ဝေး မိတ်ဆွေ


သင်္ဂဟတွေကို ရှမ်းဘာသာနဲ့ တမျိုး၊ ဗမာဘာသာနဲ့ တဖုံ ခေါင်းငိုက်စိုက်ချကာ အကျိုးအကြောင်း
ရှင်းပြနေပါတယ်။ ရွက်ဖျင်နဲ့ ထိုးတားတဲ့ မဏ္ဍပ်ထဲမှာတော့ ပျက်စီးသွားတဲ့ အိမ်ထဲက ရသမျှ ဆွဲထုတ်ထားတဲ့
ကြေးသွန်း ဘုရားဆင်းတု ၂ ဆူ၊ ဘုရားပုံ ကားချပ် တချို့၊ ရဟန္တာပုံတော်တွေ နဲ့ တခြားသော တိုလီမိုလီ
ပစ္စည်းတွေကို တွေ့နေရပါတယ်။

အိမ်ထဲက ယူလာတဲ့ ခုံတန်းလျားတချို့နဲ့ ဆိုဖာ ဆက်တီတွေအပေါ်မှာတော့ သူ့ရဲ့ အမေအိုကြီး၊ သမီးနဲ့


မြေးကလေးတို့ ထိုင်နေကြပြီး ကလေးတွေကတော့ မိမိတို့ရဲ့ မိခင်ဆုံးရှုံးရမှု၊ ပစ္စည်းဥစ္စာဆုံးရှုံးရမှု၊ တခါမှ
မတွေ့ကြုံဖူးတဲ့ သွေးပျက်ဖွယ် အတွေ့အကြုံ ဆိုးကြီးကြောင့် ငူငူငိုင်ငိုင်နဲ့ များပြားလှတဲ့လူတွေကို ဂရုမစိုက်၊
စကားမပြောနိုင်ဘဲ ထိုင်နေကြပါတယ်။

တာလေ လမ်းမကြီးတလျှောက်က အိမ်တွေကတော့ ငလျင်ဒဏ်ကြောင့် အားလုံးလဲပြိုနေသလို


အသက်ရှင်ကျန်ခဲ့သူတွေလည်း ဦးခင်မောင်လှလို့ပဲ လမ်းဘေးမှာ ရွက်ဖျင်တဲတွေ ထိုးပြီး နေနေကြပါတယ်။
တချို့ကလည်း ဆွေမျိုးသားချင်း အကူအညီနဲ့ အပုံလိုက်ဖြစ်နေတဲ့ မိမိတို့ အိမ်တွေထဲက ရသမျှ ပစ္စည်းတွေကို
ဆွဲထုတ်နေကြတယ်။

အိမ်ကိုပြန်ဆောက်ပြီး ထူထောင်ရေး လုပ်နိုင်ပါ့မလားလို့ ဦးခင်မောင်လှကို မေးကြည့်တော့ သူအနေနဲ့တော့


ဒီနေရာမှာ ပြန်ပြီးမလုပ်ချင်တော့ကြောင်း၊ ဘာကြောင့်လဲဆိုတော့ နံဘေးက အိမ်တွေကလည်း ပြန်
မဆောက်တော့ဘဲ အားလုံး ဆွေမျိုးသားချင်းတွေရှိတဲ့ တာချီလိတ်တို့၊ ကျိုင်းတုံတို့ကို
ပြောင်းတော့မှာဖြစ်ကြောင်း၊ ပြန်ဆောက်ရမယ်ဆိုရင်တောင် သူအနေနဲ့ ဒီနေရာမှာ တအိမ်တည်းကျန်ခဲ့မှာကို
မလိုလားကြောင်း စိတ်မကောင်းစွာနဲ့ ရှင်းပြပါတယ်။
“တာလေမြို့မှ ကြိုဆိုပါ၏” ဆိုတဲ့ ဆိုင်းဘုတ်ထိပ်ကနေ မိုင်းလင်းသွားတဲ့လမ်းအထိ အပျက်အစီးတွေကို
လာကြည့်တဲ့သူတွေ၊ ဆွေမျိုးမိတ်ဆွေတွေဆီကို ကူညီဖို့၊ သတင်းမေးဖို့ လာတဲ့သူတွေ၊ တာချီလိတ်၊ ကျိုင်းတုံ၊
မယ်ဆိုင်မြို့က အကူအညီပေးဖို့လာတဲ့ တသီးပုဂ္ဂလ အလှူရှင်တွေ၊ နာဟောင်းမူး၊ ဟောင်လိတ် အစရှိတဲ့
ကျေးရွာ ရပ်ကွက်တွေက စုပေါင်းပြီး လာလှူဒါန်းတဲ့သူတွေ၊ ကြက်ခြေနီ တံဆိပ်ကို ရင်ဘတ်နဲ့ကျောမှာ
ချိတ်ထားသူတွေဟာလည်း လမ်းမကြီးပေါ်မှာ အပြည့်ပါပဲ။

ယမန်နေ့ကတော့ ကာကွယ်ရေးဝန်ကြီးဌာနက ဗိုလ်ချုပ် အောင်သန်းထွဋ်နဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်


ပြန်လည်နေရာချထားရေး ၀န်ကြီး ဦးမောင်မောင်ဆွေ လာရောက်ပေမယ့် ဘာမှမယ်မယ်ရရ
လုပ်ကိုင်ပေးသွားတာ မရှိသေးပါဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

တခါတလေ ရှားရှားပါးပါး World Vision လို့ အမည်တပ်ထားတဲ့ ကုလသမဂ္ဂ ကူညီကယ်ဆယ်ရေး အဖွဲ့


ဝတ်စုံဝတ် ၀န်ထမ်းတချို့သာ ကယ်ဆယ်ရေးနဲ့ ပတ်သက်ပြီး ခေါက်ဆွဲခြောက်ထုတ်နဲ့ရေ၊
တခြားစားသောက်ဖွယ်ရာတွေကို ဝေခြမ်းနေတာတွေ့ရတယ်။ မိုးရွာလို့ ချမ်းအေးနေပေမယ့် စောင်နဲ့
အိပ်ရာခင်းတွေကို ပေးဝေကြတာ မရှိသေးဘူးလို့ သိရတယ်။

တာချီလိတ်က မိုးကာဖျင်ရောင်းတဲ့ ဆိုင်တွေမှာ ရောင်းစရာလက်ကျန် မရှိတော့ဘူးလို့ ဆိုပါတယ်။

ကယ်ဆယ်ရေးအနေနဲ့ ကုလသမဂ္ဂ ကူညီကယ်ဆယ်ရေးအဖွဲ့ရော တခြားပုဂ္ဂလိက အဖွဲ့တွေပါ ဝေခြမ်းရေး၊


ကူညီရေးအတွက် စာရင်းကောက်ခံပေမယ့် ထိထိရောက်ရောက် မလုပ်နိုင်သေးတာကို တွေ့ရပါတယ်။

အစိုးရရဲ့ အကူအညီတွေကို လောက်လောက်လားလား မတွေ့ရသေးသလို နိုင်ငံတကာအကူအညီလည်း


မလာသေးပါဘူး။ ဒီနေ့တော့ ထိုင်းအစိုးရ ကူညီကယ်ဆယ်ရေးကားတွေ လာပေမယ့်
စစ်အစိုးရအာဏာပိုင်တွေက နှစ်နိုင်ငံ နယ်စပ်တံတားပေါ်မှာပဲ ကယ်ဆယ်ရေး ပစ္စည်းတွေကို လက်ခံခဲ့တယ်။
ပြီးမှသာ ဒေသခံ ဒုက္ခသည်တွေကို ပြန်ပြီးပေးမှာလို့ သိရပါတယ်။

ဗိုလ်ချုပ် အောင်သန်းထွဋ်နဲ့ တိုင်းမှူးပါ ရောက်နေတဲ့အတွက် လုံခြုံရေးအရ ထိုင်း-မြန်မာ နယ်စပ်ကနေ


ကျိုင်းတုံအထိ ကမ္ဘာလှည့် ခရီးသွားများရဲ့ ခရီးစဉ်ကို ပိတ်ထားလိုက်ပြီလို့ သိရတယ်။

ဒုက္ခသည်တွေအားလုံးဟာ နေစရာမရှိဖြစ်နေပြီး ယမန်နေ့ညက မိုးသည်းထန်စွာ ရွာတဲ့အတွက် ဗွက်ပေါက်နေတဲ့


ကွင်းပြင်ကြီးထဲမှာ အပြာရောင်နဲ့ အဖြူရောင် ကြားထားတဲ့ ရွက်ဖျင်တဲကြီးတွေ၊ ကြက်ခြေနီအဖွဲ့ကပေးတဲ့
ရွက်ဖျင်တဲ အဖြူကြီးတွေနဲ့ အေးစက်နေတဲ့ မြေပြင်မှာ နေနေရပါတယ်။

မြို့ပျက်ကြီးတမြို့လိုဖြစ်နေတဲ့ တာလေမြို့ တနေရာမှာတော့ ၈ နှစ်အရွယ် မိန်းကလေးတယောက်ဟာ


အပျက်အစီးပုံထဲက ပြန်တွေ့ရတဲ့ သူရဲ့ဓာတ်ပုံလေးကို ချောင်းရေနဲ့ တယုတယ အသေအချာဆေးနေတာကို
တွေ့ခဲ့ရပါတယ်။

တာလေ လမ်းမတလျှောက် ဘယ်နေရာ ဘယ်အိမ်ပဲ ကြည်လိုက်ကြည့်လိုက် အကောင်းပကတိ


ကျန်ခဲ့တယ်ဆိုတာ မတွေ့ရပါဘူး။ မြို့လယ်က တာလေဘုန်းကြီးကျောင်းရဲ့ ဓမ္မာရုံကြီးဟာလည်း မြေပြင်မှာ
ပြားပြားဝပ်ဆင်းနေပါပြီ။ အပျက်အစီးပုံရဲ့ရှေ့မှာတော့ ကိုရင် သုံးပါး၊ ငလျင်ကြောင့် နဖူးမှာ ဒဏ်ရာရလို့
ပလာစတာကပ်ထားတဲ့ ကပ္ပိယတယောက်တို့ အလှူခံပုံးချပြီး အလှူခံနေတာကို တွေ့ရပါတယ်။
ကပ္ပိယကြီး ပြောတာကတော့ တသက်နဲ့တကိုယ် တခါမှ မကြုံဘူးတဲ့ ဘေးဆိုးကြီးတဲ့။ အသက် ကိုးဆယ်ရှိတဲ့
အမေကြီးတယောက်ကိုလည်း ကြုံဖူးသလားလို့ မေးကြည့်တော့ မကြုံဖူးဘူး ဆိုပြီး ငလျင်လှုပ်တုန်းက
သူအတွေ့အကြုံတွေကို တုန်တုန်ချိချိနဲ့ ပြောပြနေပါတယ်။

ဘုန်းကြီးကျောင်းက ကိုရင်တွေကတော့ ငလျင်လှုပ်လို့ ဓမ္မာရုံကြီး ပြိုကျချိန်မှာ သူတို့က တီဗီကြည့်ပြီးလို့


အပြင်မှာ ဆော့နေတာ၊ ဓမ္မာရုံကြီး ပြိုကျသွားတာကို ကြောက်လို့ မကြည်ရဲဘူးလို့ ပြောကြပါတယ်။

ရယက စာရေး ကိုစိုးဝေကလည်း ရ၀တရုံးကအဆင်းမှာ မြေကြီးနိမ့်ကျသွားသလို ခံစားရပြီး လူလည်း


ရုံးအုတ်နံရံနဲ့ ရိုက်မိသွားတယ်၊ ဘေးနှစ်ဘက် မြေပြင်ကနေ ရေတွေ ပန်းထွက်လာတယ်၊ သူလည်း
သွေးရူးသွေးတန်းနဲ့ လမ်းမကို ထွက်ပြေးခဲ့တယ်လို့ ဆိုပါတယ်။ ကိုစိုးဝေမှာလည်း တကိုယ်လုံး ဒဏ်ရာတွေ
ဗလပွနဲ့ တွေ့ရပါတယ်။

တာလေမြို့နဲ့ တဆက်တည်းဖြစ်တဲ့ မိုင်းလင်းကျေးရွာကိုသွားတဲ့ လမ်းတလျှောက်မှာလည်း အိမ်တွေ


ပြိုလဲနေတာကို မြင်တွေရပါတယ်။ မိုင်းလင်းက အိမ်တွေက သစ်သားအမိုး၊ သစ်သားအကာတွေနဲ့
ဆောက်ထားတဲ့ ရှေးအိမ်တွေ ဖြစ်လို့ ငလျင်ဒဏ်ကြောင့် အားလုံးဟာ လဲလို့တမျိုး၊ စောင်းလို့တဖုံ
ရှိနေကြပါတယ်။

ရွာလမ်းမပေါ်တွေမှာ ရွက်ဖျင်တဲတွေ ထိုးနေရတဲ့ မိသားစုတွေကို လမ်းတလျှောက် မြင်တွေ့နေရတယ်။


ဟောင်လိတ်၊ နာကောင်းမူး စတဲ့ ရွာတွေကလာတဲ့ ဒုက္ခသည် ကယ်ဆယ်ရေးပစ္စည်း ဝေခြမ်းရေး
ကားတွေလာရင် လူတွေက နောက်က အတင်းပြေးလိုက်ပြီး ပစ္စည်းတွေ တောင်းယူနေကြသလို
အားလုံးကလည်း ဘယ်က ဝေခြမ်းရေးကားလာမလဲဆိုတာကို စောင့်မျှော်နေကြတာတွေ့ရတယ်။
ကားတစီးလာရင် ဝေခြမ်းရေးကားထင်ပြီး ပြေးလိုက်တဲ့ အပျိုအရွယ်တွေသာမက အဘိုးကြီး၊
အဘွားကြီးတွေလည်း အများကြီးပါပဲ။

ကယ်ဆယ်ရေးနဲ့ ပတ်သက်လို့ မိုင်းလင်းမှာလည်း စနစ်တကျ လုပ်ကိုင်ပေးနိုင်တာကို မတွေ့ရသေးပါဘူး။


တာချီလိတ် ခရိုင်ရဲမှူးနဲ့အဖွဲ့ရဲ့ ကားပေါ်မှာတော့ ဝေခြမ်းပစ္စည်းတွေကို တွေ့နေရပေမယ့် ဝေခြမ်းမှု မရှိသေးပါဘူး။
ဒါကြောင့် ဒုက္ခသည်တွေက ဝေခြမ်းမလားဆိုပြီး မျှော်တလင့်လင့်ဖြစ်နေတာကိုလည်း မြင်ရပါတယ်။

မိုင်းလင်းနဲ့ တာလေ သွားလမ်းပေါ်က ပြိုပျက်နေတဲ့ ဘုန်းကြီးကျောင်းထဲမှာတော့ အာဏာပိုင်တွေက


ဒုက္ခသည်စခန်းဆိုပြီး ဖွင့်လှစ်ထားပေမယ့် ဒုက္ခသည်နေဖို့၊ ထိုင်ဖို့ အကူအညီပေးတဲ့ ပုံမရှိဘဲ ကလားဖျင်းထဲမှာ
ပလတ်စတစ် ကုလားထိုင်တွေကိုသာ ချထားတာကို မြင်ရပါတယ်။ အထဲမှာတော့ စစ်ဝတ်စုံဝတ် စစ်အရာရှိများနဲ့
စစ်သားတွေကိုသာ မြင်ရတယ်။

မိုင်းလင်းရွာက ကျန်းမာရေးမှူးလည်း ပြိုပျက်နေတဲ့ သူအိမ်ရှေ့က ရွက်ဖျင်တဲထဲမှာ ဒီအတိုင်းနေရတာကို တွေ့လို့


မြေကြီးက စိုစွတ်အေးနေတာ၊ အအေးပတ်မှာ မစိုးရိမ်ဘူးလားလို့ မေးကြည့်တော့ အေးတာက ပြဿနာ
မဟုတ်ဘူး၊ အခုဟာက အကုန်မပျက်သေးတဲ့ အဆောက်အဦထဲ သွားနေရင် ငလျင်လှုပ်သံကြားတိုင်း
ထွက်ပြေးနေရတော့ ကောင်းကောင်းအိပ်လို့ မရဘူးလို့ ပြန်ဖြေပါတယ်။

မိုင်းလင်းကျေးရွာ ဥက္ကဋ္ဌ ဦးအောင်မြကတော့ သူအိမ်လည်း ကျွမ်းထိုးမှောက်ခုံဖြစ်၊ စပါးကျီတွေလည်း ဖိတ်ကျမို့


ရွာမှာတော့ စပါးလည်းဆုံး၊ သားလည်းဆုံးပဲတဲ့။ အိမ်ကို ပြန်ဆောက်နိုင်ပါဦးမလားလို့ မေးတော့
မဆောက်နိုင်လောက်တော့ပါဘူးလို့ ပြောပါတယ်။
အသေအပျောက်ကို မေးကြည့်တဲ့အခါ မိုင်းလင်း အရှေ့ အနောက်ရွာမှာတင် စာရင်းအရ လူဦးရေ ၄၀ ရှိနေပြီး
အနီးအနားက ရွာတွေကစာရင်း မပါသေးကြောင်း၊ မိုင်းလင်းနဲ့ တာလေ ၂ နေရာပေါင်းရင် ၁၃၀ နီးပါး
ရှိနိုင်ကြောင်း ပြောပါတယ်။

ရွာထဲဝင်လိုက်ရင်လည်း အိမ်တိုင်းက ရှမ်းဘာသာနဲ့ သူတို့အိမ် ဘယ်နေရာက အက်သွားတယ်၊ ငလျင်ကြောက


ဘယ်နေရာလောက်က ဖြတ်သွားတာ၊ ဘယ်သူအိမ်တော့ ဘာဖြစ်သွားပြီဆိုတာကို အမေတကောနဲ့
ရှင်းပြနေကြတယ်။

ရွာဦးဆရာတော်လည်း ငလျင်ကြောင့် ကွင်းပြင်ထဲက မဏ္ဍပ်ထဲမှာပဲ သီတင်းသုံးနေရတယ်။ ဓမ္မာရုံကြီးကတော့


မျက်နှာကျက်တွေ ပြုတ်ကျနေပါတယ်။

ငလျင်ဆိုတဲ့ သဘာဝ ကပ်ဘေးကြီးက မိုင်းလင်း တောင်ပေါ်စေတီကိုလည်း အလွတ်မပေးပါဘူး။ တောင်ထိပ်မှာ


တည်ထားတဲ့ ရွှေရောင်ဝင်းဝင်းနဲ့ စေတီလည်း ငှက်ပျောဖူးက အောက်ကို ငိုက်ရုံသာမက ဖောင်းရစ်ပါ
တပိုင်းပြတ်ထွက်သွားပါတယ်။ စေတီအ၀င် မုခ်ဦးလည်း ပြိုကျသွားလို့ စစ်သား ၁၀ ယောက်လောက်က
ဝိုင်းဝန်းရှင်းလင်းနေတာကို မြင်ရတယ်။ စေတီကြီးကိုတော့ မရှင်းလင်းနိုင်သေးပါဘူး။

ငလျင်ဒဏ် အဆိုးဆုံးခံရတဲ့ တာလေမြို့ အနောက်ဘက် တောင်တန်းပေါ်မှာရှိတဲ့ ကျကူနီရွာကိုတော့


ကယ်ဆယ်ရေးတွေ မရောက်နိုင်သေးပါ။ လားဟူ ပြည်သူ့စစ်တွေ နေထိုင်တဲ့ အထက် ကျကူနီရွာဟာ
ငလျင်ဒဏ်ကို ဆိုးဆိုးရွားရွား ခံရတယ်လို့ တာလေ ပြည်သူစစ်အဖွဲ့ဝင်တဦးက ပြောပါတယ်။

ကယ်ဆယ်ရေး မသွားနိုင်သေးတာကလည်း လုံခြုံရေး အခြေအနေကြောင့်လို့ ရှင်းပြတယ်။


နယ်မြေအခြေအနေက ၀တပ်ဖွဲ့တွေအပြင် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) လည်း ဒီနေရာတွေမှာ
လှုပ်ရှားနေတဲ့အတွက် စစ်တပ်က ကယ်ဆယ်ရေး မသွားသေးတာ ဖြစ်နိုင်ကြောင်း၊ ဒါ့အပြင် ရာသီဥတုကလည်း
မိုးဆက်တိုက်ရွာနေလို့ တောင်ပေါ်လမ်း ပျက်နေတဲ့အတွက် သွားလို့မရသေးတာလည်း ဖြစ်နိုင်ကြောင်း
ပြည်သူစစ်အဖွဲ့ဝင်က ပြောတယ်။

ကယ်ဆယ်ရေး အဖွဲ့တွေ မသွားနိုင်သေးတဲ့အတွက် အခုအချိန်အထိတော့ ကျကူနီရွာရဲ့


အသေအပျောက်စာရင်းကို အတိအကျ မသိနိုင်သေးဘူးလို့ သိရပါကြောင်း။ ။

အစိုးရသစ် ကျမ်းသစ္စာ ကျိန်မည်


ခင်ဦးသာ Tuesday, 29 March ဧရာဝ
ဧရာဝတီ

စစ်အစိုးရ ၀န်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရသစ်သည် မတ်လ ၃၀ ရက်တွင် တနိုင်ငံလုံး၌


တပြိုင်တည်း ကျမ်းသစ္စာ ကျိန်ဆိုပွဲပြုလုပ်မည်ဟု လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။

“မနက်ဖြန် ၁၀ နာရီအရောက်လို့ ဖိတ်စာပေးထားပါတယ်၊ ဒါပေမယ့် ကျမ်းကျိန်ပွဲ လုပ်မယ်ဆိုတာက လွဲပြီး


ဘယ်အချိန်၊ ဘယ်လို ဆိုတာကို ဘာမှသေချာ မသိရသေးပါဘူး”ဟု ချင်းအမျိုးသား ပါတီ၏ ပြည်နယ်လွှတ်တော်
ကိုယ်စားလှယ်တဦးက ဧရာဝတီကို ပြောသည်။

ပြည်နယ် ကိုယ်စားလှယ်များအား ဖိတ်ကြားစာ၌ မည်သည့် အကြောင်းအရာမှ ရေးမထားဘဲ နံနက် ၁၀ နာရီ


အရောက် အစည်းအဝေး တက်ရောက်ရန်ဟုသာ ရေးသားထားကြောင်း သိရသည်။
“ကျမ်းကျိန်မယ်ဆိုတာ သေချာပြောတာမဟုတ်ပေမယ့် နောက်နေ့ အစည်းအဝေးလုပ်မယ်ဆိုရင် ကြိုပြောတယ်၊
ကြံ့ခိုင်ရေး အမတ်တွေ အပြောအရ ကျမ်းကျိန် မယ်ဆိုတာ သိရတာပါ”ဟု နေပြည်တော်ရောက်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦး က ဧရာဝတီ ကိုပြောသည်။

မနက်ဖြန်ပြုလုပ်မည့် ကျမ်းကျိန်ပွဲ၌ အစိုးရသစ်တွင် တာဝန်ထမ်းဆောင်ကြမည့် ၀န်ကြီးဌာနနှင့်ဝန်ကြီးများ၏


အမည်စာရင်း ကိုပါ ပူးတွဲ ကြေညာသွားမည်ဟု သိရကြောင်း ကိုယ်စားလှယ်များက ပြောသည်။

ဝန်ကြီးအမည်နှင့်ဌာနကို တွဲဖက်မသိရသေးသော်လည်း ပြန်ကြားရေးဝန်ကြီးဌာနကို လက်ရှိဝန်ကြီး


ဦးကျော်ဆန်း၊ ကျန်းမာ ရေး ၀န်ကြီးဌာနကို ဒေါက်တာ ဖေသက်ခင်၊ ဌာနအသစ်ဖြစ်သော
စက်မှုနှင့်ဖွံ့ဖြိုးရေးဌာနကို UMFCCI ဥက္ကဋ္ဌ ဦးဝင်းမြင့်တို့က တာဝန်ယူမည်ဟု သတင်းများထွက်နေကြောင်း
နေပြည်တော်ရှိ ကိုယ်စားလှယ်များက ပြောသည်။

လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာနကို ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်လှိုင် က


တာဝန်ယူမည်ဟု သိရပြီင်္း လက်ရှိ တာဝန်ယူထားသော ၀န်ကြီးအများစု က ၎င်းတို့၏ လက်ရှိဝန်ကြီး ဌာန၌ပင်
ဆက်လက်တာဝန်ယူသွားကြမည်ဟု သိရသည်။

“လုပ်လက်စတွေ ဖြစ်နေတာရယ်၊ အတွေ့အကြုံရှိတာတွေကြောင့် သူ့တို့နေရာ သူတို့ပဲ ပြန်ခန့်ထားမယ်လို့


သိရတယ်”ဟု ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)၏ ကိုယ်စားလှယ်တဦးက ပြောသည်။

အစိုးရသစ်သည် ဧပြီ လဆန်း ၁ ရက်မှ စတင်၍ တာဝန်များကို ထမ်းဆောင်သွားမည်ဖြစ်ကြောင်းလည်း


သိရသည်။

အစိုးရသစ် ကျမ်းကျိန်မည့် အကြောင်းကို လွှတ်တော်ကိုယ်စားလှယ်များအား အသိမပေးခြင်းနှင့်ပတ်သက်၍


အမျိုးသား ဒီမိုကရေစီအင်အားစု(NDF)၏ ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က“အခုကာလက တပ်မတော်ကနေ
သမ္မတ စနစ်ကို
ပြောင်းတဲ့ကာလဆိုတော့ ဝေဖန်လို့ မရသေးဘူးပေါ့၊ နောင်လာမည့် အစည်းအဝေးတွေမှာတော့ ဒီလိုကိစ္စမျိုးကို
ပွင့်ပွင့် လင်းလင်းထောက်ပြလို့ ရမှာပါ”ဟု ဆိုသည်။

အစိုးရသစ် ကျမ်းသစ္စာ ကျိန်ဆိုမည့်အကြောင်းအား ကိုယ်စားလှယ်များကို အသိမပေးခြင်းပေါ် နားမလည်နိုင်ဟု


ကိုယ်စားလှယ်များက ဆိုသည်။

“ဒု ၀န်ကြီးခန့်ထားမယ့် အငြိမ်းစား ဗိုလ်မှူးတွေ၊ ဗိုလ်မှူးကြီးတွေလည်း လွှတ်တော်ထဲမှာ ဧည့်သည်အဖြစ်


တက်ရောက် လာနေကြတာ တွေ့ရတယ်၊ မနက်ဖြန် အသေးစိတ် ကြေညာသွားမယ် ထင်တယ်”ဟု RNDP
ကိုယ်စားလှယ်က ပြောသည်။

မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် တပ်မတော်နေ့အား ခမ်းနားစွာ မကျင်းပခြင်းကို ငွေကုန်ကျမှု


သက်သာ သည်ဟု သာ လွှတ်တော်ကိုယ်စားလှယ်များက ယူဆပြီး စိတ်ဝင်စားမှု မရှိကြကြောင်း၊ စစ်တပ်ကို
ခမ်းနားစွာ ထုတ်မသုံးသော်လည်း စစ်တပ်ကသာ ဆက်လက် အုပ်ချုပ်နေသည့် သဘောကို လွှတ်တော်
အစည်းအဝေးများက သက်သေပြသွားကြောင်း ကိုယ်စားလှယ်များက ဝေဖန်ကြသည်။
လွှတ်တော်ကိုယ်စားလှယ်များသည် အစိုးသစ်၏ ကျမ်းကျိန်ပြီးသည်နှင့်မိမိတို့ အိမ်ကိုပြန်ရန်
အဆင်သင့်ပြင်ဆင်ထားပြီး ဖြစ် သည်ဟု ကိုယ်စားလှယ်များက ပြောသည်။ ၎င်းတို့၏ အပြန်ခရီးစရိတ်နှင့်
ခရီးစဉ်အတွက် အဆင်သင့် စီစဉ်ထားပြီး ဖြစ်သည် ဟုလည်း ပြောဆိုကြသည်။

အစိုးသစ်တာဝန်ယူတော့မည်ဖြစ်၍ ရပ်ကွက် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဟူသော


ဆိုင်းဘုတ်များကို ရန်ကုန် နှင့် တခြားသော ဒေသများ၌ ယနေ့တွင်ဖြုတ်ချခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဟု
ဆိုင်းဘုတ်သစ်များကို ပြောင်းလဲ တပ်ဆင် လိုက် ကြောင်း သိရသည်။

အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို နိုင်ငံတကာ၌ ခမ်းနားစွာကျင်းပပြီး ပြည်တွင်းပြည်ပ


မီဒီယာများ၊ ရုပ်သံများကို ဖိတ်ကြား၍ ထုတ်လွှင့်ပြသလေ့ ရှိသော်လည်း စစ်တပ်မှ သမ္မတ စနစ်သို့ကူးပြောင်း၍
ဒီမိုကရေစီ လမ်းကြောင်းကို သွားမည်ဟု ကြွေးကြော်နေသော မြန်မာစစ်အစိုးသည် သတင်းမီဒီယာကို
အမှောင်ချထားဦးမည်ဟု ပြည်တွင်း အခြေစိုက် နိုင်ငံခြား သတင်းဌာန သတင်းထောက် တဦးက ဆိုသည်။

မီဒီယာကို ထိန်းချုပ်ထားသော စစ်အစိုးရ၏ စာပေစိစစ်ရေး ညွန်ကြားရေးမှူး ဖြစ်ခဲ့သူ ဦးတင့်ဆွေကမူ အနုပညာ


ရသ သုတ၊ အားကစား၊ ကလေးစာပေ၊ ဂမ္ဘီရ၊ ကျန်းမာရေး၊ နည်းပညာ စသည့် အမျိုးအစားများကို
စာပေစိစစ်ရေးသို့ တင်ပြစရာ မလို တော့ ဘဲ ထုတ်ဝေခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ သတင်းစာ၏
လွတ်လပ်ခွင့်သည် အစိုးရသစ် အပေါ်မူတည်ကြောင်း ပြည်တွင်း မီဒီယာများကို ပြောဆိုထားသည်။

“တင်ပြစရာ မလိုတော့ဘူး ဆိုတဲ့စာတွေက ကလေးစာပေတွေ၊ နိုင်ငံရေး မဟုတ်တဲ့ စာပေတွေပါ၊ ဒါကို စိစစ်ရေး


မတင်ရတာ သတင်းစာ လွတ်လပ်ခွင့်ပေးတာမှ မဟုတ်ဘဲ”ဟု အထက်ပါ သတင်းထောက်က ပြောသည်။

စိစစ်ရေး ကင်းလွတ်ခွင့် သတင်းဂျာနယ်များ မပါ


ဟိန်းသူ Tuesday, 29 March ဧရာဝ
ဧရာဝတီ

“အရပ်သား”အစိုးရသစ် ပေါ်ပေါက်လာပါက အခြေခံဥပဒေသစ်အရ မီဒီယာများ အပေါ် ထိန်းချုပ်မှု


လျှော့ပေါ့ပေးသည့် အနေဖြင့် စာပေအမျိုးအစား ၆ မျိုး ကို စာပေစိစစ်ရေး ကင်းလွတ်ခွင့်ပေးမည် ဖြစ်ကြောင်း
သိရသည်။

အနုပညာ သုတရသ၊ အားကစား၊ ကျန်းမာရေး၊ ကလေး၊ ဂမ္ဘီရ၊ နည်းပညာ စသည့် စာပေ အမျိုးအစား ၆ မျိုး နှင့်
အကျုံးဝင်သော ဂျာနယ်၊ မဂ္ဂဇင်း၊ လုံးချင်းဝထ္ထုများနှင့် ရုပ်ပြများကို စာပေစိစစ်ရေး မတင်ရဘဲ ထုတ်ဝေခွင့်
ရတော့မည်ဖြစ်ကြောင်း ဂျာနယ် ကိုယ်စားပြု ကော်မတီ ဥက္ကဋ္ဌ ဦးကိုကို(စက်မှုတက္ကသိုလ်) က ပြောသည်။

“ထုတ်ခွင့်ရမယ့် ရက်ကိုတော့ အတိအကျမသိရသေးပါဘူး။ အစိုးရသစ်က စပြီး ညွှန်ကြားတဲ့ နေ့မှာ


လုပ်ခွင့်ရမယ်လို့ သိထားပါတယ်။ ကျန်ပိတ်ပင်ထားတဲ့ စာပေအမျိုးအစားတွေကိုလည်း
တဆင့်ပြီးတဆင့်ဖွင့်ပေးမယ်လို့ ပြောထားပါတယ်”ဟု ဦးကိုကိုကပြော သည်။

ယခု အစီအစဉ်အရ ကင်းလွတ်ခွင့် ပေးမည်ဆိုပါက လက်ရှိ မြန်မာနိုင်ငံတွင် ထုတ်ဝေလျက်ရှိသော ဂျာနယ် ၁၇၂


စောင်၌ ၈၄ စောင်၊ မဂ္ဂဇင်း ၁၈၄ စောင်၌ ၁၁၃ စောင်တို့မှာ စာပေစိစစ်ရေး တင်စရာမလိုတော့ကြောင်း
ပြည်တွင်း မီဒီယာသမားများက ခန့်မှန်း နေကြသည်။
စာပေစိစစ်ရေးသို့ ကြိုတင်ရန် မလိုဟု ဆိုသော်လည်း ပုံနှိပ်ပြီး အချော ဂျာနယ်များ၊ စာအုပ်များကိုမူ
စာပေစိစစ်ရေးသို့ တင်ပြရ မည်ဖြစ်သည်။

နိုင်ငံရေး၊ စီးပွားရေးနှင့် အစိုးရမူဝါဒများကို ဝေဖန်သော အကြောင်းအရာများ ပါဝင်လေ့ရှိသည့် စာပေများမှာမူ


ကင်းလွတ်ခွင့် ပေး မည့် စာရင်းထဲ မပါဝင်သေးပေ။

ကြိုတင် စိစစ်ရေး မတင်သည့်အတွက် “မိမိဘာသာ ဆင်ဆာဖြတ်မှု” လုပ်ရတော့မည် ဖြစ်ကြောင်း၊ သတင်းများ


မှားယွင်းဖော်ပြ လျှင် စာပေစိစစ်ရေး ဥပဒေများ၊ အသရေဖျက်မှု ဥပဒေများ၊ ဌာနဆိုင်ရာကို
အကြည်ညိုပျက်အောင် လုပ်မှု၊ မှားယွင်းသည့် သတင်း ဖော်ပြမှု စသည့် ဥပဒေကြောင်းအရ
အရေးယူခံရဖွယ်ရှိကြောင်း ဦးကိုကိုက ပြောသည်။

“စာပေစိစစ်ရေး မရှိတဲ့အတွက်ကြောင့် ပြဿနာတွေဖြစ်လာရင် ကိုယ့်ဟာကိုယ် ရင်ဆိုင်ကြရမှာပဲ။


ရေးသားတဲ့သူတွေရော၊ အယ်ဒီတာတွေရော၊ ထုတ်ဝေသူတွေရော တာဝန်ကြီးလာတယ်။ အရင်က
စာပေစိစစ်ရေးက ဖြုတ်မလား၊ မဖြုတ်ဘူးလား စဉ်းစားရတယ်။ အခုတော့ ကိုယ်တရားစွဲခံရနိုင်လား၊
မစွဲခံရနိုင်ဘူးလား စဉ်းစားရမယ်။ ဒါကြောင့် ကိုယ့်ဘက်က ကျင့်ဝတ်နဲ့ ဥပဒေကို နားလည်ပြီး လိုက်နာနိုင်မှ
တော်ရာကျမယ်”ဟု ဦးကိုကိုက ရှင်းပြသည်။

ဥပဒေပညာရှင်များကို ဂျာနယ်တိုက်များတွင် ထားရှိရန် လိုအပ်ကြောင်းလည်း သူက ပြောသည်။

စိစစ်ရေး တင်ပြရမည့် သတင်းဂျာနယ်တစောင်မှ အမှုဆောင်အယ်ဒီတာ တဦးက“ဘာဘဲ ပြောပြော ကျမတို့


မရနိုင်ရင်တောင်မှ တခြား ကင်းလွတ်တဲ့ မဂ္ဂဇင်းတွေ ဂျာနယ်တွေ လုပ်ရ ကိုင်ရတာ ပိုအဆင်ပြေသွား
နိုင်တာပေါ့။ ဒါဟာ ကောင်းတဲ့ ခြေလှမ်း တရပ်ပဲလို့ ထင်ပါတယ်”ဟု ပြောသည်။

အားကစားဂျာနယ် အယ်ဒီတာ တဦးကလည်း“အခုလို ကျနော်တို့ အားကစားဂျာနယ်တွေ စိစစ်ရေးလွတ်မယ်လို့


သိရလို့ တော် တော်လေး ၀မ်းသာပါတယ်။ အစောကြီး ကတည်းက လုပ်ပေးသင့်တာပါ”ဟု ပြောသည်။

ပြည်ပ အခြေစိုက် မြန်မာ့သတင်း သမဂ္ဂ ဒုတိယ ဥက္ကဋ္ဌ ဦးဇင်လင်းကမူ ယခုကဲ့သို့ ပြုလုပ်ပေးခြင်းမှာ


နိုင်ငံရေးအပြောင်းအလဲ မလုပ်ချင်သည့်အတွက် ကျန်အပေါ်ယံ အခြေအနေများကို အလှည့်အပြောင်းဖြစ်စေရန်
လုပ်ပြခြင်းသာဖြစ်သည်ဟု ပြောဆိုသည်။

“တကယ့်အနှစ်သာရ အပြောင်းအလဲ မဟုတ်ဘူး။ လှည့်ကွက်တကွက်လို့ပဲမြင်တယ်။ ဒီလို


လွတ်လပ်ခွင့်ပေးတယ်ဆိုပေမယ့် ဖဆပလ ခေတ်လောက် ကတောင် မလွတ်လပ်ဘူး။ ဒီခေတ် က အီးမေးလ်
လေးတခုနဲ့တောင် ၆၅ နှစ် ချချင် ချနေတာကိုး။ ပုံနှိပ်ပြီးရင် သူတို့ဆီ တင်ရဦးမှာပဲ။ တင်ပြီးရင်
ဘာပြဿနာဖြစ်မယ်ပြောလို့မရဘူး။ လွတ်လပ်တယ်ဆိုပေမယ့် စိတ်တထင့်ထင့်နဲ့ လွတ် လပ်တာလေ၊
အနှစ်သာရရှိတဲ့ စာပေလွတ်လပ်ခွင့် မဟုတ်ဘူး။ လွတ်တော်ထဲမှာ ဘာလို့ သတင်းယူခွင့်မပေးလဲ။ ဒါကိုကြည့်ရင်
လူတွေကိုလှည့်စားတာ ဆိုတာ ပေါ်လွင်ပါတယ်”ဟု ဦးဇင်လင်းက ပြောသည်။

ကင်းလွတ်ခွင့်ရသည့် စာပေအမျိုးအစားများကို ထုတ်ဝေရာတွင် ထုတ်ဝေသူ အနေဖြင့် ၁၉၆၂ ပုံနှိပ်သူနှင့်


ထုတ်ဝေသူများ ဥပဒေ အရ မှတ်ပုံတင်ရရှိရန် လိုသည့်အပြင် ထုတ်ဝေသူနှင့် စာရေးဆရာများ အကြား
သဘောတူညီချက်များကိုလည်း စာပေစိစစ်ရေးသို့တင်ပြရန် လိုသေးကြောင်း သိရသည်။
ရော့စ် ဒန်ကလေ သိန်း ၁၀၀ ဖြင့် အာမခံရ
သင်းအောင် Tuesday, 29 ဧရာဝ
ဧရာဝတီ

မြန်မာတိုင်းမ် ဂျာနယ်ကို ပူးတွဲတည်ထောင်သူ မစ္စတာ ရော့စ် ဒန်ကလေ၏ ရှေ့နေများ အာမခံ


လျှောက်ထားမှုကို ယနေ့ နေ့လယ် ၃ နာရီ ၁၅ မိနစ်တွင် ကမာရွတ်မြို့နယ် တရားရုံးမှ ခွင့်ပြုလိုက်ပြီး
အာမခံပေးလိုက်ပြီ ဖြစ်သည်။

နှစ်ဖက် လျှောက်လဲချက်များကို ရုံးတော်မှ အပြန်ပြန်အလှန်လှန် သုံးသပ်ခြဲ့ ပီး မစ္စတာ ဒန်ကလေသည်


နှလုံးရောဂါကြောင့် ဆေးဝါးကုသ ခံနေရသူဖြစ်ကြောင်း ဒေါက်တာ စောဝင်း၏ ထွက်ဆိုချက်နှင့် မြန်မာတိုင်းမ်
ဂျာနယ်၏ အမှုဆောင် အရာရှိချုပ်အဖြစ် တာဝန်ယူခဲ့ဖူးသူဟူသော ဂုဏ်သိက္ခာများအရ ယခုကဲ့သို့
အာမခံပေးလိုက်ခြင်းဖြစ်ကြောင်း ကမာရွတ်မြို့နယ် တရားသူကြီးမှ ဖတ်ကြားသွားသည်။

ယခုလက်ရှိ မြန်မာတိုင်းမ် ဂျာနယ်၏ အမှုဆောင်အရာရှိချုပ်အဖြစ် လွှဲပြောင်း တာဝန်ယူလိုက်သူ ဒေါက်တာ


တင်ထွန်းဦးနှင့် မြန်မာတိုင်းမ် ဂျာနယ် မန်နေဂျာ ဦးဝေလင်းတို့က ကျပ်ငွေ သိန်း ၅၀ စီဖြင့် စုစုပေါင်း သိန်း ၁၀၀
ကို အာမခံတင်ပေးကြသည်။

ယနေ့ တရားခွင် ကြားနာမှုကို နေ့လယ် ၁ နာရီခွဲတွင် စတင်ရာ မစ္စတာ ဒန်ကလေ၏ ရှေ့နေများ ဖြစ်ကြသော
ဦးအောင်သန်းစိုးနှင့် ဦးအောင်ဝင်းနိုင်တို့က လျှောက်လဲချက်များ တင်ပြခဲ့ကြသည်။

ရှေ့နေကြီး ဦးအောင်သန်းစိုးက လျှောက်လဲရာတွင် တရားလို မခိုင်ဇာလင်းသည် ၁၆-၁-၂၀၁၁ တွင် မစ္စတာ


ရော့စ် ဒန်ကလေမှ ခေါ်ဆောင်သွားခဲ့သည်ဟု တရားရုံးတော်တွင် ထွက်ဆိုခဲ့သော်လည်း ကမာရွတ် ရဲစခန်း၏
ပထမ သတင်းပေး တိုင်ကြားချက် (FIR) တွင် ၁၇-၁-၂၀၁၁ နံနက် ၁ နာရီတွင် အခင်းဖြစ်ပွားခဲ့သည်ဟု
ဖော်ပြပါရှိခြင်း၊ သူမအား ဆေးဝါးများ တိုက်ကျွေးခဲ့ပါသည်ဟု ထွက်ဆိုသွားသော်လည်း တိကျခိုင်လုံသော
အထောက်အထားများ မတွေ့ရခြင်း၊ ထို့အပြင် ဆေးစာများအရ တရားလိုသည် အရက်စွဲနေသူတဦးဟု
ဖော်ပြထားခြင်း၊ ထိုသို့ အရက်စွဲနေသူ၊ နိုက်ကလပ်၌ ညစဉ် ကျင်လည်ခဲ့သူ၊ မြန်မာ့ယဉ်ကျေးမှုနယ်ပယ်၏
အပြင်ရောက်ရှိနေသူ အမျိုးသမီးတဦး၏ ထွက်ဆိုချက်များအပေါ် အမှန်ဟု ရုံးတော်မှ မယူဆသင့်ကြောင်း
ပြောသွားသည်။

ထို့အပြင် အမှုဖြစ်စဉ်များကို သေချာစွာထောက်ရှု၍ တရားလို မခိုင်ဇာလင်းသည် မစ္စတာ ဒန်ကလေ၏


နေအိမ်အတွင်း ရောက်ရှိနေသည်ဟု စွပ်စွဲချက်မှာ ခိုင်မာမှု မရှိကြောင်း၊ တရားလို မခိုင်ဇာလင်းအား
အထောက်အပံ့ ဖြစ်စေမည့် လူသက်သေ၊ ပစ္စည်းသက်သေ ခိုင်မာစွာ မတွေ့ရှိရကြောင်း၊ မစ္စတာ ဒန်ကလေက
သူမအား နှုတ်ခမ်းနီ ဆိုးခိုင်းခြင်း၊ ဆေးကျွေး၊ အရက်တိုက်ခြင်းဟုဆိုရာတွင် တရားလို၏ လီဆယ်
ထွက်ဆိုချက်များသာ ဖြစ်ကြောင်းနှင့် ထို့ကြောင့် ဤအမှုနှင့် ပတ်သက်၍ တရားခံအားစွဲချက် တင်သင့်
မတင်သင့် ရှေ့နေကြီး ဦးအောင်သန်းစိုးက လျှောက်လဲချက်ပေးသည်။

ထို့နောက် မစ္စတာ ဒန်ကလေ၏ ရှေ့နေကြီး ဦးအောင်ဝင်းနိုင်ကလည်း ကမာရွတ် လ၀က ဦးစီးမှူး တရားလို


ဒေါ်စ၀်လွင်လွင်မြင့်၏ လ၀က အက်ဥပဒေ ၁၃ (၁) ကို မစ္စတာ ရော့စ်ဒန်ကလေသည် ကျူးလွန်မှု မရှိကြောင်း
တင်ပြ၍ ထပ်မံ လျှောက်လဲချက်ပေးသည်။ တရားခွင်အား နေ့လယ် ၂ နာရီ ၁၅ တွင် ခေတ္တရပ်နားပြီး ညနေ ၃
နာရီတွင် တရားခံအား အာမခံ ပေး၊ မပေး ဆုံးဖြတ်မည်ဟု ရုံးတော်က ကြေညာသည်။ ထို့နောက် တရားခံ၏
ကျန်းမာရေးနှင့် ဂုဏ်သိက္ခာကို စာနာ နားလည်စွာဖြင့် ပုဒ်မ ၄၉၇ (၁) ခြွင်းချက်အရ အာမခံ ပေးလိုက်ကြောင်း
ကမာရွတ်မြို့နယ် တရားသူကြီးက ဖတ်ကြားသည်။
မြန်မာတိုင်းမ်ဂျာနယ် ၀န်ထမ်းများ၊ ဒေါက်တာ တင်ထွန်းဦး၊ တာဝန်ခံ အယ်ဒီတာ ဦးဇော်မြင့်၊ မြန်မာတိုင်းမ်
(အင်္ဂလိပ်ပိုင်း) အမှုဆောင်အရာရှိချုပ် မစ္စတာ ဘီကလောက်တို့လည်း တရားခွင်သို့ တက်ရောက်သည်။
ဆဋ္ဌမအကြိမ် ရုံးချိန်းကို ဧပြီလ ၄ ရက်နေ့သို့ ထပ်မံ ချိန်းဆိုထားသည်။

ကော့ကရိတ် စစ်ဆေးရေးဂိတ်ကို DKBA တိုက်ခိုက်


ဧရာဝတီ Tuesday, 29 March ဧရာဝ
ဧရာဝတီ

ကရင်ပြည်နယ် ကော့ကရိတ်မြို့အ၀င် စစ်ဆေးရေးဂိတ်ကို ယနေ့မွန်းလွဲပိုင်းက တိုးတက်သော ဗုဒ္ဓဘာသာ


ကရင်အမျိုးသား တပ်မတော် (DKBA) တပ်မဟာ ၅ က လက်နက်ကြီးများဖြင့် တိုက်ခိုက်သောကြောင့် ခရီးသွား
ယာဉ်တန်း ရပ်ဆိုင်း မှုဖြစ်ပွားခဲ့သည်ဟု ကုန်သည်များက ပြောသည်။

မြ၀တီမြို့ခံကုန်သည်တဦးက“ဒီနေ့က ကားတန်း အဆင်းရက်၊ ဖြစ်တာက ကော့ကရိတ်အ၀င် အဖွဲ့စုံစစ်ဆေးရေး


ဂိတ်မှာဖြစ်တာ DKBA အဖွဲ့က အဲဒီဂိတ်ကိုလက်နက်ကြီးနဲ့ လှမ်းပစ်တာ၊ ကားသမားနဲ့ ခရီးသည်တွေလည်း
ကားရပ်ပြီး အားလုံး ဆင်းပြေးကြရတယ်၊ မွန်းလွဲ ၁၂ နာရီကျော်မှာဖြစ်တာ၊ သေနတ်သံကတော့ အကြီးအသေး
အတိုင်းသားကြားနေရတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ပစ်ခတ်မှုကြောင့်ခရီးသည်များ ထိခိုက်မှုမရှိသော်လည်း စစ်ဆေးရေးဂိတ်အတွင်းရှိ


ဝန်ထမ်းတချို့ဒဏ်ရာရရှိကြောင်း၊ ယာဉ်တန်းထဲမှကားတချို့ ဒေါနတောင်တန်းပေါ်တွင် နာရီအတော်ကြာ
ပိတ်မိနေကြောင်းလည်း ၎င်းက ဆိုသည်။

ယနေ့ပစ်ခတ်မှုကို ကော့ကရိတ်ခရိုင် အာဏာပိုင်များက တောတွင်း ကရင်သူပုန်များက


ရပ်ရွာတည်ငြိမ်မှုကိုမလိုလား၍ လာရောက်ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ တပ်မတော်ကလိုက်လံတိုက်ခိုက်၍
သူပုန်များထွက်ပြေးသွားကြကြောင်း သတင်းဖြန့်ခဲ့သည်ဟု မြို့ခံများက ပြောသည်။

ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေး၏ အဓိက ကုန်သွယ်ရေးလမ်းကြောဖြစ်သည့် မြ၀တီ-ကော့ကရိတ်-ဘားအံ


လမ်းကြောတွင် တည်ရှိသော နအဖ ၏ စီးပွားရေးလမ်းကြောင်းကို ပိတ်ဆို့မှုပြုလုပ်နိုင်ရန်အတွက်
ယင်းလမ်းကြောင်းပေါ်တွင် ယခု နှစ်ဆန်းမှစတင်ကာ အကြိမ် ၃၀ ခန့် တိုက်ခိုက်မှုများပြူလုပ်ခဲ့သည်ဟု DKBA
တပ်မဟာ ၅ က ပြောဆိုသည်။

ယနေ့တိုက်ခိုက်မှုကို DKBA နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ ၆ မှ


ပူးတွဲတပ်ဖွဲ့များဝင်ရောက် တိုက်ခိုက်ခြင်းဖြစ်သည် KNLA တပ်မှူးတဦးက ပြောသည်။

KNLA တပ်ရင်း ၂၀၁ ၏ ဒု တပ်ရင်းမှူး ဗိုလ်မှူးကြည်အောင်က“ဒီနေ့မွန်းလွဲပိုင်းက ကော့ကရိတ်အ၀င်မှာဖြစ်တဲ့


စစ်ဆင် ရေးကို ပူးတွဲစစ်ဆင်ရေးအဖွဲ့က ပြုလုပ်တာဖြစ်တယ်၊ အဲဒီနယ်မှာက KNLA တပ်မဟာ ၆ က တပ်မဟာ
လုံခြုံရေးတပ်နဲ့ DKBA တပ်မဟာ ၅ က ဗိုလ် ကျော်သက်တို့ လှုပ်ရှားတဲ့ စစ်ဆင်ရေး နယ်မြေဖြစ်တယ်”ဟု
ပြောပြသည်။

အဆိုပါပူးပေါင်းအဖွဲ့သည် မြ၀တီခရိုင်နှင့် ကော့ကရိတ်ခရိုင် အတွင်းရှိ နအဖ တပ်စခန်းများကို


ပြောက်ကျားစနစ်အသုံးပြုကာ တိုက်ခိုက်ကြ ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကလည်း မြ၀တီ-ကော့ကရိတ် ဒေါနတောင်ကျော် ကားလမ်းပေါ်ရှိ ကျောက်
တလုံး စခန်းကို DKBA အဖွဲ့၏ တိုက်ခိုက်မှုကြောင့် မြ၀တီမှ ကော့ကရိတ်သို့ ထွက်ခွာသည့် ယာဉ်တန်းများ၏
ထက်ဝက်ခန့် မြ၀တီသို့ နောက်ကြောင်းပြန်လှည့်ခဲ့ရသည်။

သဘာဝဘေး အချိန်မရွေး ကျရောက်နိုင်၊ အဆောက်အအုံများ ခိုင်ခန့်ရန်လို


ခင်ဦးသာ Tuesday, 29 March ဧရာဝ
ဧရာဝတီ

မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာ့နိုင်ငံများ၌ ငလျင်ကဲ့သို့ သဘာဝ ဘေးအန္တရာယ် ကျရောက်မှုသည် အချိန်မရွေး


ကျရောက်လာနိုင်၍ အဆောက်အအုံများ ဆောက်လုပ်ရာတွင် ပိုမိုခိုင်ခန့်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ
ဘူမိသိပ္ပံ အသင်း၏ ဥက္ကဋ္ဌ နှင့် ဘူမိဗေဒ ပညာရှင် ဒေါက်တာ ၀င်းဆွေ က ပြောသည်။

“ငလျင်လှုပ်လို့ လူမသေဘူးဗျ၊ အဆောက် အအုံတွေပိလို့ သေကြရတာ များတယ်”ဟု ဒေါက်တာ ၀င်းဆွေက


ဧရာဝတီကို ပြောသည်။

အထူးသဖြင့် မြို့ပြဒေသများ၌ လူနေထူထပ်လာပြီး အဆောက်အအုံ များပြားလာကာ အထပ်မြင့်များ၊ ကွန်ဒို


အဆောက်အအုံများ ပေါများလာခြင်းနှင့်အတူ ခိုင်ခန့်မှုအပိုင်းကိုပါ အလေးထား လုပ်ဆောင်ရန်
အရေးကြီးကြောင်း ၎င်းက ဆက်ပြောသည်။

မြန်မာနိုင်ငံ၌ ကြီးမားသော ငလျင်လှုပ်ခတ်မှုများ ယခင်ကလည်း ဖြစ်ပွားခဲ့ကြောင်း၊ မကြာခင်ရက်ပိုင်းက


လှုပ်ခတ်ခဲ့သော ရှမ်းပြည်နယ်၊ ကျိုင်းတုံ၊ တာချီလိတ် ဒေသ၌ ယခင်ကလည်း လှုပ်ခတ်ခဲ့ ဖူးကြောင်း၊ သို့သော်
လူနေထိုင်မှု နည်းပါးခြင်း၊ အဆောက်အအုံ နည်းပါးခြင်းတို့ကြောင့် ယခုက့သ
ဲို့ သေဆုံးမှု မရှိခဲ့၍ လူသိမများ
ခဲ့ကြောင်းလည်း ဒေါက်တာ ၀င်းဆွေက ပြောသည်။

မြန်မာနိုင်ငံ၌ လူနေအထူထပ်ဆုံးဖြစ်သော ရန်ကုန်မြို့၌ ယခုအခါ ကန်ထရိုက်တိုက် အဆောက်


အအုံများပေါများလာပြီး အများစုမှာ စိတ်မချရကြောင်း၊ ခိုင်ခန့်မှု အားနည်းခြင်း တို့ကြောင့် အဆောက်အအုံ
မပြီးစီးခင်ပြိုကျပြီး လူအသေ အပျောက်များ မကြာခဏ ဖြစ်ပွားလေ့ ရှိကြောင်း ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီ (စည်ပင်) အဆောက်အအုံ ဌာန၏ အငြိမ်းစား ၀န်ထမ်းတဦးက ဧရာဝတီကို
ပြောသည်။

“စည်ပင်က တာဝန်ရှိသူတွေက ဆောက်ပြီးတဲ့ ကန်ထရိုက်တိုက်တွေကို သွားစစ်ဆေးရတယ်၊ အဲဒီလို


စစ်ဆေးတဲ့အခါ ကန်ထရိုက်တချို့က သေချာ စစ်ဆေးမှာကို မလိုလားဘူးဆိုရင် စစ်ဆေးတဲ့သူနဲ့ ညှိပြီးတော့
အဆင်ပြေသွား တတ်တယ်”ဟု ၎င်း က ဆိုသည်။

အထက်ပါ စည်ပင် ၀န်ထမ်းက ဆက်လက်ပြီး“ရန်ကုန်မှာသာ တာချီလိတ်လိုမျိုး ငလျင်လှုပ်ရင်တော့


အကုန်သေကြမှာ၊ တိုက် တွေက ခိုင်ခန့်မှု အားနည်းတော့ အတော့်ကို စိုးရိမ်စရာ ကောင်းပါတယ်”ဟု
ပြောဆိုသည်။

ကန်ထရိုက်တိုက်များ ခိုင်ခန့်မှုနည်းပါးရခြင်းမှာ ဆောက်လုပ်ရေးသုံးပစ္စည်းများ ဈေးနှုန်းအဆမတန်မြင့်မား၍


ကုန်ကျမှုများပြား ခြင်း၊ တိုက်ခန်းများအား ပြန်လည်ရောင်းချရာ၌
အမြတ်အစွန်းနည်းပါးခြင်းတို့ကြောင့်ဖြစ်သည်ဟု သိရသည်။
ရန်ကုန်မြို့၌ ငလျင်ကြီး မလှုပ်သော်လည်း တိုက်ပြိုကျခြင်း၊ ၀ရံတာမှပြုတ်ကျ၍ သေဆုံးခြင်း
စသည့်သတင်းများကို ပြည်တွင်း ထုတ် ဂျာနယ်များ၌ မကြာခဏ ရေးသားဖော်ပြခဲ့ကြသည်။

“ငလျင်လှုပ်ရင် ရုတ်တရက် ထွက်ပြေးတာတို့၊ အကြောက်လွန်ပြီး ခုန်ချတာတို့ မလုပ်ရဘူး၊ အပေါ်က


ပစ္စည်းတခုခုပြုတ်ကျတာတွေ ဖြစ်ရင် အန္တရာယ်များတယ်၊ သတိထားပြီးတော့ အဆောက်အအုံနဲ့ ဝေးရာမှာ
သွားနေရမယ်၊ ထိုင်နေရမယ်၊ ဒါမှ မဟုတ် ခိုင်ခန့် တောင့်တင်းတဲ့ စားပွဲတွေအောက်မှာ ၀င်နေရမယ်”ဟု
ဒေါက်တာ ၀င်းဆွေ က ပြောသည်။

သဘာဝ ဘေးအန္တရာယ်သည် အချိန်မရွေးကျရောက်လာနိုင်၍ ပညာပေးမှု အပိုင်းနှင့်ကျရောက်ပြီးပါက


အရေးပေါ်လုပ်ဆောင် ရမည့် ကူညီကယ်ဆယ်ရေးကိစ္စများကိုလည်း ကြိုတင်၍
စနစ်တကျဆောင်ရွက်ထားရန်လိုအပ်ကြောင်းလည်း ၎င်းက ဆက် လက် ပြောဆိုသည်။

“ဂျပန်ဆိုရင် ကြိုတင်ပြင်ဆင်ထားမှု၊ နည်းပညာ၊ အရေးပေါ် ကူညီမှု အပိုင်းတွေက အကောင်းဆုံး


လုပ်ဆောင်ထားတယ်၊ အဲဒါတောင် သဘာဝ ဘေးအန္တရယ်ကို ကာကွယ်တားဆီမှု အပြည့်မလုပ်နိုင်လိုက်ဘူး”ဟု
ဒေါက်တာ ၀င်းဆွေ က ဆိုသည်။

ငလျင်၏ သဘောသဘာဝသည် တခါလှုပ်ခတ်ပြီးပါက ထိုနေရာ၌ နောက်ထပ်တဖန် လှုပ်ခတ်တတ်ကြောင်း၊


သို့သော် နောက် တကြိမ်သည် မည်သည့်အချိန်တွင်လှုပ်ခတ်မည်ကို အတိအကျ မပြောနိုင်ကြောင်း၊ နှစ်ပေါင်း
ဆယ်ချီ၊ ရာချီ၊ ထောင်ချီ၍ ကြာ တတ်ကြောင်း သိရသည်။

“ငလျင်ဘေးက ကျန်တာနဲ့မတူဘူး၊ အတော့်ကိုဆိုးတဲ့ အန္တရာယ်၊ ဒါကြောင့် သတိထားဖို့အရေးကြီးတယ်၊


ငလျင်လှုပ်ပြီးတာနဲ့ ကူညီမှုတွေ အချိန်မီဖို့ အရေးကြီးတယ်၊ မဟုတ်ရင် နောက်ဆက်တွဲ အန္တရာယ်တွေက
ထပ်ဖြစ်လာတာတွေ ရှိတတ်တယ်”ဟု ဒေါက်တာ ၀င်းဆွေ က ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ရှမ်းပြည်နယ်၌ လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် လူပေါင်း ရာဂဏန်းသေဆုံးခဲ့ပြီး


ဒုက္ခရောက်နေသူ
ပြည်သူများအတွက်မူ ကူညီကယ်ဆယ်ရေး ကိစ္စများ မလုံလောက်သည့်အပြင် ပုဂ္ဂလိက အလှူရှင်များမှာလည်း
လွတ်လပ်စွာလှူခွင့် မရကြဟု ဒေသခံများက ပြောဆိုကြသည်။

မြန်မာနိုင်ငံ၌ ယခင်က လှုပ်ခတ်ခဲ့သော ငလျင်များသည် ပျက်စီးဆုံးရှုံးမှု များခဲ့သော်လည်း လူသေဆုံးမှု


နည်းပါးခဲ့ကြောင်း သိရ သည်။

၁၉၅၆ ခုနှစ်တွင် စစ်ကိုင်းတောင်ရိုး၌ ပြင်းထန်သော မြေငလျင်လှုပ်ခတ်ခဲ့ရာ လူသေဆုံးမှု မရှိခဲ့ပေ။

မြန်မာနိုင်ငံ၌ လှုပ်ခတ်ခဲ့သော ငလျင်များအနက် ၁၈၃၉ ခုနှစ်တွင် လှုပ်ခတ်ခဲ့သော အင်းဝ ငလျင်၊ ၁၉၂၇


တွင်လှုပ်ခတ်ခဲ့သော ပဲခူးငလျင်၊ ၁၉၃၀ တွင်လှုပ်ခတ်ခဲ့သော ဒုတိယ အကြိမ်မြောက် ပဲခူး ငလျင်နှင့် ၁၉၇၅
တွင်လှုပ်ခတ်ခဲ့သော ပုဂံငလျင်တို့သည် ပျက်စီးဆုံးရှုံးမှုကြီးမားသော ငလျင်များဖြစ်သည်။

“မြန်မာနိုင်ငံမှာ အဓိက ငလျင်ကြော ၂ ခုရှိပါတယ်၊ စစ်ကိုင်း ငလျင်ကြောနဲ့ အိန္ဒိယ နယ်စပ်က


ငလျင်ကြောဆိုပြီးရှိတယ်၊ စစ်ကိုင်း ငလျင်ကြောက ကုန်းတွင်းမို့ ဆူနာမီ ဖြစ်လာနိုင်ခြေနည်းပါးတယ်၊ အိန္ဒိယ
နယ်စပ် ငလျင်ကြော ဖြစ်ရင်တော့ နောက် ဆက်တွဲ ဆူနာမီလို ဟာမျိုးကို သတိထားဖို့လိုအပ်တယ်၊ အိန္ဒိယ
နယ်စပ်ငလျင်ကြောက အင်ဒိုနီးရှားနဲ့ပိုပြီးဆက်စပ်နေတယ်” ဟု ဒေါက်တာ ၀င်းဆွေက ရှင်းပြသည်။
မြန်မာနိုင်ငံ၌ စစ်ကိုင်း၊ မိုးမိတ်၊ ကဘော်၊ ဂွေးချို၊ မြောက်ဦး၊ ကျောက်ကြမ်း၊ ဖာပွန်နှင့် ဘုရားသုံးဆူ
ငလျင်ကြောများရှိကြောင်း သိရသည်။

စစ်ကိုင်း ငလျင်ကြောသည် ဟူးကောင်းတောင်ကြား အပါအ၀င် မိုးကောင်း၊ မိုးညှင်း ဒေသများမှတဆင့်


ဧရာဝတီမြစ်ကြောင်း တလျှောက်၊ ထိုမှတဆင့် မန္တလေး အထက်ပိုင်းဒေသများ၊ စစ်ကိုင်း တောင်ရိုး၊ တောင်ငူ၊
ပဲခူး စသည့် ဒေသများကို ဖြတ်သန်း သွားကြောင်း ဒေါက်တာ ၀င်းဆွေက ပြောဆိုသည်။

ကချင်ခေါင်းဆောင် ဒေါက်တာတူးဂျာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်ရန်ဆုံးဖြတ်


2011-03-29 RFA

၂၀၁၀ ခု ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရတဲ့ ကချင်ပြည် တိုးတက်ရေးပါတီ ကေအက်စ်ပီပီ


ခေါင်းဆောင် ဒေါက်တာတူးဂျာဟာ စစ်အစိုးရ ကျောထောက် နောက်ခံပြုထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီထဲ ဝင်ဖို့
လျှောက်လွှာ တင်ထားတယ်လို့ စုံစမ်း သိရှိရပါတယ်။

သူဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ကချင်ပြည်တိုးတက်ရေးပါတီ ကေအက်စ်ပီပီ ဆိုပြီး


တည်ထောင်ခဲ့ပေမဲ့ ရွေးကောက်ပွဲ ကော်မရှင်ကနေ ပါတီမှတ်ပုံတင်ခွင့် မပေးခဲ့ပါဘူး။ ဒါကြောင့် နိုင်ငံရေးအရ
လုပ်ကိုင်စရာ မရှိတဲ့အတွက် မြန်မာနိုင်ငံမှာ လုပ်ကိုင်ခွင့် အများဆုံး ရရှိနေတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီထဲ ဝင်ဖို့
ကြိုးစားတာ ဖြစ်တယ်လို့ ဒေါက်တာတူးဂျာက RFA ကို ပြောပါတယ်။

“ကျနော့အနေနဲ့ ဘာပဲဖြစ်ဖြစ် နိုင်ငံရေးကို လုပ်ချင်တဲ့ ဆန္ဒရှိတယ် အဲဒါကြောင့်မို့ လက်တွေ့လုပ်နိုင်တဲ့


လုပ်ငန်းကို လုပ်ချင်တယ်ပေါ့။ ဒါမှလဲ တတ်နိုင်သလောက် တိုင်းပြုပြည်ပြု သယ်ပိုးချင်တယ်ဆိုတာကို
လက်တွေ့ကျကျ လုပ်ဆောင်နိုင်ဖို့ အရင်ဆုံးမှာ နည်းလမ်းရှာတဲ့ အခါကျတော့ အခုရှိထားပြီးသား
ဦးဆောင်ပါတီဖြစ်နေတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှာ ကျနော်က မြို့မိမြို့ဖအနေနဲ့ ပါဝင်ရပ်တည်သွားဖို့ ကျနော်
ဆန္ဒရှိတာပါ။ ဒါကြောင့် အဖွဲ့ဝင်အနေနဲ့ ရပ်တည်နေပြီးတော့မှ ပါဝင်နိုင်ဖို့ လျှောက်ထားတာပါ။”

မြစ်ကြီးနားပြည်နယ် ကြံ့ခိုင်ရေးရုံးမှာ လွန်ခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက လျှောက်လွှာတင်ထားတာ


အခုအချိန်အထိ တစုံတရာ အကြောင်းပြန်တာ မရှိသေးဘူးလို့ ဆိုပါတယ်။ ပါတီဝင်ခွင့် လျှောက်လွှာတင်တဲ့အခါ
သူတယောက်တည်း ဖြစ်ပြီး တခြားလူတွေ လျှောက်တယ် မလျှောက်ဘူးဆိုတာ မသိဘူးလို့လည်း
သူကပြောပါတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အဖွဲ့ဝင်အဖြစ် လက်ခံသွားဖို့ ယုံကြည်ပါသလားလို့
ဒေါက်တာတူးဂျာကို ဆက်လက် မေးမြန်းကြည့်တဲ့အခါ ခုလို ဖြေကြားပါတယ်။

“လက်တွေ့ဖြစ်ပေါ်လာတဲ့အပေါ်မှာပဲ စောင့်ကြည့်ဖို့ ဖြစ်ပါတယ်။ ကျနော်ကတော့ သဘောရိုးပါ။ ရိုးရိုးသားပဲ


နိုင်ငံရေးအခင်းအကျင်း တဒေါင့်တနေရာကနေ တတ်နိုင်သလောက် ပါဝင် လှုပ်ရှားချင်တဲ့ ဆန္ဒသဘောထားတွေ
လုပ်ဆောင်သွားဖို့ပါ။ နိုင်ငံရေးဆိုတာ ကျယ်ပြန့်ပါတယ်။ ဒါကြောင့်မို့ နိုင်ငံရေးကို လုပ်ဆောင်နိုင်မှသာ
နိုင်ငံရေးသမား ဆန္ဒပြည့်ဝနိုင်မှာလေ။ လက်တွေ့ မလုပ်ဆောင်နိုင်ပဲနဲ့တော့ အကျိုးမရှိနိုင်ဘူးလေ။”

တကယ်တော့ ဒေါက်တာတူးဂျာဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ဖို့ ပါတီထောင်ခဲ့ပေမဲ့


ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အို နဲ့ ဆက်စပ်ပတ်သက်မှုတွေ ရှိတာကြောင့် ပါတီမှတ်ပုံတင်ခွင့် မရခဲ့တာလို့
ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်လို့လည်း ဒေါက်တာတူးဂျာက ဒီလို ပြောပါတယ်။
“ဒါတော့ သူတို့အယူအဆတွေပါဗျာ ကျနော်တို့လည်း အသေအချာ စဉ်းစားပြီးလုပ်တာပါ။ တကယ် ယတိပြတ်
ဆုံးဖြတ်လို့ နုတ်ထွက်ခဲ့တာပါ။ နုတ်ထွက်ခဲ့ပြီး ဖြစ်တဲ့အတွက်ကြောင့် အဲဒီအဖွဲ့အစည်းနဲ့ ကျနော်တို့က
သက်ဆိုင်မှု မရှိတော့ပါဘူး။ ကျနော်က မြို့ပေါ် ဥပဒေဘောင်အတွင်း ရောက်လာပြီးတော့မှ ပြည်သူလူထုနဲ့
လက်တွဲပြီးတော့မှ ဥပဒေဘောင်အတွင်းမှာ လုပ်နိုင်တဲ့ နိုင်ငံရေး ကို လုပ်ဖို့ ဆုံးဖြတ်ပြီးတော့မှ လုပ်စရာရှိတာကို
ဥပဒေဘောင်အတွင်းကနေ ကျနော်လုပ်ချင်ပါတယ်။”

ဒေါက်တာတူးဂျာ ဦးဆောင် ထူထောင်ထားတဲ့ ကေအက်စ်ပီပီ ပါတီကတော့ လုပ်ငန်းလည်ပတ်မှုတွေ အားလုံး


ရပ်ဆိုင်းလိုက်ရပြီ ဖြစ်ပြီး ဆက်လက် ရှင်သန်ဖို့ ကြိုးစားသွားတော့မှာ မဟုတ်ဘူးလို့လည်း ဒေါက်တာတူးဂျာက
ပြောပါတယ်။

ဒေါက်တာ တူးဂျာ ကြံ့ဖွံ့ပါတီ ၀င်မလား


မင်းနိုင်သူ Tuesday, 29 March ဧရာဝ
ဧရာဝတီ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပါတီဖွဲ့စည်းခွင့် မရခဲ့သော ကချင်ပြည်နယ် တိုးတက်ရေးပါတီ (KSPP) ဥက္ကဌ


ဒေါက်တာတူးဂျာသည် မကြာမီ ရက်ပိုင်းများက စစ်အစိုးရ ကျောထောက် နောက်ခံပြုထားသည့် ပြည်ထောင်စု
ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၀င်အဖြစ် လျှောက်ထားခဲ့သည် ဆိုသော သတင်းများ
ပေါ်ထွက်နေသည်။

ဒေါက်တာတူးဂျာနှင့်နီးစပ်သူတဦးဖြစ်သည့် KSPP အတွင်းရေးမှူး ဦးတူးရော်က“ဒေါက်တာတူးဂျာအနေနဲ့က


မြေပေါ်နိုင်ငံ ရေးကိုပဲ ဆက်လုပ်ဖို့ စဉ်းစားတာလည်း ဖြစ်နိုင်တယ်။ နောက်တချက်က KSPP
ပါတီဖွဲ့စည်းခွင့်မရတော့ သူ့ရဲ့ ကိုယ်ကျိုးစီးပွား ကျဉ်းမြောင်းသွားလို့ နအဖ ဆွယ်တဲ့ဘက်ကို
ပါသွားတာလည်းဖြစ်နိုင်တယ်။ ဒါဟာ ကချင်လူထုရဲ့အကျိုးစီးပွားဆိုတာထက် သူ့အကျိုးစီးပွားကို ရှေ့ထားပြီး
လုပ်ဆောင်သွားတာဖြစ်မယ်လို့ ထင်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ဒေါက်တာတူးဂျာနှင့်အတူ KSPP ပါတီခေါင်းဆောင် ၅ ဦးလည်း ကြံ့ဖွံ့ပါတီဝင်အဖြစ် လျှောက်ထားခဲ့သည်ဟု


သတင်းများပေါ်ထွက်ခဲ့သော်လည်း ပါတီခေါင်းဆောင် ၅ ဦးပါဝင်ခြင်းမရှိဟု ဦးတူးရော်က ပြောသည်။

ဒေါက်တာတူးဂျာသည် ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ၏ ဒု ဥက္ကဌဟောင်းဖြစ်ကာ စစ်အစိုးရ


ဦးဆောင်ကျင်းပခဲ့သော အမျိုးသားညီလာခံကို ထောက်ခံအားပေးခဲ့သူတဦး ဖြစ်ပြီး ညီလာခံ ပြီးမြောက်သည်
အထိတက်ရောက်ခဲ့သည့် ညီလာခံ ကိုယ်စား လှယ်တဦးလည်းဖြစ်သည်။

စစ်အစိုးရက ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပမည်ဟု ကြေညာခဲ့ပြီးသည့်နောက် ဒေါက်တာတူးဂျာသည်


KSPP ပါတီကို ၂၀၀၉ ခုနှစ် မတ်လတွင် စတင်ထူထောင်ကာ၂၀၁၀ ပြည့်နှစ် ဧပြီလတွင် ပါတီမှတ်ပုံတင်ခွင့်
လျှောက်ထားခဲ့သော်လည်း သြ ဂုတ်လ တွင် ပယ်ချခံရသည်။

ပါတီဖွဲ့စည်းခွင့်မရခဲ့သည့် KSPP ပါတီဝင်များသည် တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းများအဖြစ် အမည်စာရင်း


တင်သွင်း ခဲ့သော်လည်း ထပ်မံပယ်ချခံရသည်။

“ဒေါက်တာတူးဂျာဟာ KIO ဒု ဥက္ကဌ နဲ့ အပစ်ရပ်အဖွဲ့တွေရဲ့ ခေါင်းဆောင်အဖြစ် စစ်အစိုးရရဲ့


အမျိုးသားညီလာခံကို ထောက် ခံခဲ့တယ်။ ၂၀၀၈ ဖွဲ့စည်းပုံ ထွက်လာတော့လည်း ထောက်ခံခဲ့တယ်။ အခုလည်း
ကြံ့ဖွံ့ပါတီဝင်တော့မယ်ဆိုရင်တော့ သူ့ကို ကချင်လူထုက ဘယ်လိုမှ နားလည်ပေးလို့ရတော့မှာမဟုတ်ဘူး”ဟု
ဦးတူးရော်က ဆိုသည်။

ကြံ့ဖွံ့ပါတီဝင်အဖြစ် လျှောက်ထားမှုနှင့်စပ်လျဉ်း၍ စုံစမ်းမေးမြန်းရန် ဒေါက်တာတူးဂျာအား ဆက်သွယ်၍


မရခဲ့ပေ။

ဒေါက်တာတူးဂျာ ကြံ့ဖွံ့ပါတီဝင်အဖြစ် လျှောက်ထားသည်ဆိုသော သတင်းပေါ်ထွက်ပြီး မရှေးမနှောင်းမှာပင်


KIO အရပ်ဘက် အုပ်ချုပ်ရေးအရာရှိ ၃ ဦးကို နအဖ စစ်အစိုးရက ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သိရသည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် စိုင်းတောင်ဒေသ KIO အရပ်ဘက်အုပ်ချုပ်ရေးအရာရှိ ၂ ဦးသည်


ရွှေခြင်္သေ့စက်သုံးဆီ အရောင်း ဆိုင်တွင် မတ်လ ၂၄ ရက်က အခွန်ကောက်ခံနေစဉ် နအဖ စစ်တပ်
ခြေလျင်တပ်ရင်း(ခလရ) ၄၇ က လုံခြုံရေး အကြောင်းပြချက်ဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ၊ မတ်လ ၁၀
ရက်နေ့ကလည်း နမ်ကွေ့မြစ်အနီးတွင် KIO အရာရှိတဦးကို နအဖ စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း ၊ ဖမ်းဆီး
ထိန်းသိမ်းခံရသူများကို နအဖ စစ်တပ်က ရိုက်နှက်စစ်မေးခြင်းများ ပြုလုပ်ခဲ့ကြောင်း ကချင်သတင်းဌာနက
ယမန်နေ့က ရေးသားထားသည်။

ကချင် သတင်းဌာန အယ်ဒီတာ ကိုနော်ဒင်းက“နအဖ စစ်အစိုးရက ရန်စ ဖမ်းဆီးမှုတွေ လုပ်နေတယ်လို့ KIO


ဘက်က သတင်း ရတယ်။ အခုချိန်ထိတော့ ကချင်လွတ်လပ်ရေးတပ်(KIA) ဘက်က စစ်ရေးတုံ့ပြန်မှုတွေ
မလုပ်သေးပါဘူး။ ဒါပေမယ့် လည်း နအဖစစ်အစိုးရက သတ်မှတ်နယ်မြေတွေကို ကျော်လာရင်တော့
ပစ်ခတ်မှုတွေဖြစ်လာနိုင်တဲ့ အလားအလာရှိနေပါတယ်”ဟု ပြောသည်။

ဒုတိယအကြီးမားဆုံး တိုင်းရင်းသားအဖွဲ့အစည်းဖြစ်သည့် KIO ၏ လက်နက်ကိုင်တပ် KIA ကို ၂၀၁၀ ပြည့်နှစ်


သြဂုတ် ၃၀ ရက်နောက်ဆုံးထားကာ နယ်ခြားစောင့်တပ်ဖွဲ့စည်းရန် နအဖ စစ်အစိုးရ၏ တောင်းဆိုချက်ကို
KIOက ပယ်ချခဲ့အပြီးတွင် KIO အဖွဲ့ဝင်များကို နအဖ စစ်အစိုးရက ဖမ်းဆီးမှုများ ပြုလုပ်နေခြင်းဖြစ်သည်။

ဒေါက်တာတူးဂျာ ကြံ့ဖွံ့ပါတီဝင်ဖို့ လျှောက်


By နူးပန် အင်္ဂါ, 29 မတ် VOA
VOA

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မှာ ဒုတိယဥက္ကဋ္ဌ ရာထူးယူခဲ့သူ ဒေါက်တာတူးဂျာဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ


ဝင်ဖို့ ဆုံးဖြတ်ပြီး လျှောက်လွှာ တင်လိုက်ပါတယ်။ သူ့အဆိုအရ ကချင် ပြည်သူလူထုတွေ ဖွံ့ဖြိုးတိုးတက်အောင်
တတ်နိုင်တဲ့ နည်းလမ်းဘက်ကနေ ဆောင်ရွက်သွားဖို့အတွက် အခုလို လုပ်ရတာ ဖြစ်တယ်လို့ ပြောပါတယ်။
ဒီအပေါ်မှာ ကချင်လူထုတွေက ဘယ်လိုမြင်ပါသလဲ၊ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက်
နူးပန်က တင်ပြပေးထားပါတယ်။

ကချင်ပြည်သူလူထု တိုးတက်ရေးအတွက် နိုင်ငံရေးအရ ဖြေရှင်းသွားဖို့ နိုင်ငံရေး ဆက်လက်ရှင်သန်လာအောင်


နည်းလမ်းသစ်အဖြစ် မြန်မာစစ်အစိုးရပါတီ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ လက်တွဲသွားဖို့ ဆန္ဒဖြစ်ပေါ်ခဲ့တာ ဖြစ်တယ်လို့
ဒေါက်တာတူးဂျာက ပြောပါတယ်။

“ကျနော့်အနေနဲ့ နိုင်ငံရေးအရ ဆက်လက်လှုပ်ရှားနိုင်တဲ့ နည်းလမ်းကို ရှာကြံတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့


ကိုယ်အသက်ရှင်နေသရွေ့ ကာလပေါ့လေ၊ အတတ်နိုင်ဆုံး ကိုယ့်ရဲ့ ပြည်နယ်ဒေသ ဖွံ့ဖြိုးတိုးတက်အောင်
ပြည်နယ်သူ ပြည်နယ်သားများရဲ့ အကျိုးကျေးဇူး အတွက်ပေါ့လေ၊ တတ်နိုင်သလောက် တထောင့်
တနေရာကဖြစ်ဖြစ် ဆက်လက် လုပ်ဆောင်ချင်တဲ့ ဆန္ဒရှိတယ်။

“ဒါကြောင့်မို့လို့ ကျနော်တို့က ဘယ်ပါတီမှာမှ မပါခဲ့တဲ့ အတွက်ကြောင့် နောက်ဆုံးမှာကတော့ ပါတီမှတ်ပုံတင်


ရရှိပြီးသား လက်ရှိ တရားဝင် ပါတီတွေထဲက လက်တွေ့ကျကျ လုပ်ဆောင်နိုင်မယ့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့
ပူးပေါင်းလက်တွဲပြီးမှ နိုင်ငံရေး ဆက်လက် လုပ်ကိုင်ချင်တဲ့ဆန္ဒ ရှိတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေး လိုင်းဘက်ကနေ ဒါ
လုပ်နိုင်သလောက် လုပ်ဆောင်ချင်တယ်။ အဲဒါကြောင့်မို့လို့ ဒီလို လျှောက်ထားခြင်း ဖြစ်တယ်။”

ဒေါက်တာတူးဂျာဟာ စစ်အစိုးရ ညီလာခံ တက်စဉ်ကတည်းက ပေါ်ပေါက်လာမယ့် အခြေခံဥပဒေသစ်အတိုင်း


ဖြစ်ပေါ်လာမယ့် ခေတ်သစ် မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ ပါဝင်လုပ်ဆောင်ချင်တဲ့ ဆန္ဒ ရှိခဲ့တယ်လို့
ဆိုပါတယ်။

“ဒါကြောင့်မို့ ကျနော်က အဖွဲ့အစည်းကနေ အပြီးအပိုင် နှုတ်ထွက်ပြီးတော့မှ မြို့ပေါ်ရောက်လာပြီး ပါတီတရပ်


ထူထောင်ဖို့ ကြိုးစားခဲ့တာပေါ့လေ။ ကျနော့်အနေနဲ့ ကြိုးစား ထူထောင်ခဲ့တဲ့ ပါတီကတော့ KSPP ပါပဲ။”

အစိုးရက တရားဝင်ပါတီ မချပေးခဲ့တဲ့ အချိန်ကတည်းက ကချင်ပြည်သူလူထုကို မဲဆွယ်စည်းရုံးခဲ့ရာမှာ


ဒေါက်တာတူးဂျာ အပေါ်မှာ လူထုက အပြည့်အ၀ ယုံကြည်အားပေး ထောက်ခံခဲ့ပြီး ပါတီမချပေးခဲ့တဲ့
အချိန်ထိတိုင်အောင် သူ့ရဲ့ ရပ်တည်ချက်အပေါ် လူထုက မျှော်လင့်နေတဲ့ အချိန်မှာ အခုလို စစ်အစိုးရ
ကျောထောက်နောက်ခံ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီမှာ ၀င်ခွင့် လျှောက်လွှာတင်တာကို မယုံနိုင် ဖြစ်ခဲ့ရတယ်လို့
ခရိုင်ရုံးနဲ့ နီးစပ်တဲ့ ဒေသခံက အခုလို ပြောပါတယ်။

“KSPP ပါတီ မကျပေမဲ့ ကျနော်တို့က ကိစ္စမရှိဘူး။ ဒါက နိုင်ငံရေးအပေါ်မှာ လုပ်တာ အဲဒါကြောင့်။ သူတို့က
ဒီတိုင်းမှမဟုတ်ဘဲ။ ဦးတည်ချက် တခုတည်းနဲ့ လုပ်မယ်ဆိုလို့ ကျနော်တို့က ဒီမှာ ပြောဆိုပြီး အားကိုးတာ။
ဒါပေမဲ့ အခုလိုဖြစ်လာတော့ နဂိုကတည်းက အတိုက်အခံလုပ်ဖို့ သပ်သပ် ပါတီထောင်ပြီးမှ အခုတော့
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြန်ဝင်တယ်၊ ပြန်ဝင်ပြီး အခုက လျှောက်လွှာ ပြန်တင်တဲ့အထိ ဖြစ်လာတယ်ဆိုတော့
တော်တော် အဆင့်နိမ့်သွားသလို ဖြစ်တာပေါ့။

“ဒေါက်တာတူးဂျာ တယောက်တည်းတော့ မဟုတ်ဘူး၊ အရင်တုန်းက လုပ်ဖော်ကိုင်ဘက်ပေါ့နော်၊ ၅ ဦးလောက်


အဲဒီမှာ ဓာတ်ပုံနဲ့တကွ ဖောင်တင်ထားတယ်လို့ ကြားရှိရတယ်။ ဓာတ်ပုံကို အရှေ့အနောက်ပေါ့နော် ရိုက်ပြီးမှ
အသေးစိတ် စစ်ဆေးကြတယ်လို့ ပြောကြတယ်။ အခုက ဖောင်တင်ထားတာ အဆင့်ပဲ ရှိသေးတယ်။”

မြစ်ကြီးနားမြို့ ပြည်နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီရုံးမှာ KSPP ခေါင်းဆောင်ဟောင်းတွေရဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်


လျှောက်လွှာတင်ခွင့်ကို မတ်လအစောပိုင်းက တင်သွင်းခဲ့ခြင်း ဖြစ်တယ်လို့ ပြောဆိုပေမဲ့ ဒေါက်တာတူးဂျာအပြင်
ကျန်အဖွဲ့ဝင် ၅ ယောက်ကိုတော့ အတည်ပြုလို့ မရသေးပါဘူး။

ဒေါက်တာတူးဂျာဟာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ရဲ့ ထိပ်တန်း ခေါင်းဆောင်တာဝန်ကို နှစ်ရှည်


ထမ်းဆောင်ခဲ့သူမို့ ပြည်နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးရုံးက KIO ရဲ့ စစ်ရေးနဲ့ ပတ်သက်ပြီး အသေးစိတ် သူ့ကို
မေးမြန်းမှုတွေ လုပ်လာမှာကို ကချင်လူထုတွေက စိုးရိမ်နေပါတယ်။ ကချင်လူထုတွေ အနေနဲ့ကတော့
ဒေါက်တာတူးဂျာ အပေါ်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ ပူးပေါင်းသွားတာကို သဘောမကျတဲ့သူတွေ ရှိသလို
တချို့ကလည်း စစ်အစိုးရရဲ့ ဖိအားပေးမှု တစုံတရာကြောင့်လည်း ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
ဒါပေမဲ့ ဒေါက်တာတူးဂျာ အနေနဲ့ကတော့ သူ့ရဲ့ ဆုံးဖြတ်ချက်၊ ရပ်တည်ချက်ဟာ ကချင်ပြည်သူလူထု
အတွက်သာ ဖြစ်တဲ့အတွက် လူထုရဲ့ ဝေဖန်သုံးသပ်ချက်အပေါ် အခြေအနေကို သဘောပေါက်
နားလည်စေချင်တယ်လို့ ပြောပါတယ်။

“ကျနော့်ရဲ့ လုပ်ရပ်တွေကို စောင့်ကြည့်ပြီးတော့မှ တဖြည်းဖြည်းတော့ အဖြေမှန်ကို သိရှိလာလိမ့်မယ်လို့


မျှော်လင့်ပါတယ်။”

ဒေါက်တာတူးဂျာ အနေနဲ့ နိုင်ငံရေး ဆက်လက်လုပ်ဆောင်ဖို့အတွက် ဆန္ဒပြင်းပြစွာနဲ့ အခုလို ဆုံးဖြတ်ခဲ့တယ်


ဆိုပေမဲ့ မြန်မာစစ်အစိုးရဘက်က သူ့အပေါ် အယုံအကြည်ထားပြီး လက်ခံမယ်၊ မခံဘူး ဆိုတာကိုတော့
မပြောနိုင်ဘူးလို့ သူက ပြောပါတယ်။

တရုတ်၊ မြန်မာ ရေနံပိုက်လိုင်းကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုရှိ


By ဗွီအိုအေ (မြန်မာဌာန) အင်္ဂါ, 29 မတ် VOA
VOA

မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံထဲကို သွယ်တန်း ဖောက်လုပ်နေတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကြောင့်


လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ကြုံနေရတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တဖွဲ့က
ပြောဆိုလိုက်ပါတယ်။

ပိုက်လိုင်း တည်ဆောက်မှုအတွင်း မြေယာတွေ သိမ်းဆည်းခံရတာ၊ အဓမ္မ လုပ်အားပေးခံရတာ၊ ဥပဒေမဲ့


ဖမ်းဆီးနှိပ်စက်တာတွေ ရှိခဲ့တဲ့အကြောင်း ၀ါရှင်တန် အခြေစိုက် သဘာဝ ပတ်ဝန်းကျင်နဲ့ လူ့အခွင့်အရေး
စောင့်ကြည့်လေ့လာရေးအဖွဲ့ တခုဖြစ်တဲ့ Earth Rights International (ERI) အဖွဲ့ရဲ့ အင်္ဂါနေ့မှာ
ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ဖော်ပြလိုက်တာပါ။

အထူးသဖြင့် စစ်တပ်က ပိုက်လိုင်းလုပ်ငန်းကို ဆန့်ကျင်သူ မှန်သမျှကိုလည်း ချေမှုန်းနေတယ်လို့ ပြောပါတယ်။

ဒီလို ဖြစ်ပျက်နေတာတွေနဲ့ ပတ်သက်လို့ ပိုက်လိုင်း ဆောက်လုပ်ရေး လုပ်ငန်းမှာ လုပ်ကိုင်နေကြတဲ့ အဓိက


တရုတ်နဲ့ ကိုရီးယား ကုမ္ပဏီတွေက သိထားကြပြီး ဖိနှိပ်မှုတွေကို တားဆီးတာတွေတော့ မရှိဘူးလို့လည်း
ပြောခဲ့တာပါ။

ERI ရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ ရေနံကုမ္ပဏီတွေနဲ့ မြန်မာစစ်တပ်ကြား လျှို့ဝှက်ပြီး ပေးကမ်းမှုတွေ


ရှိတယ်ဆိုတဲ့ လက္ခဏာတွေကို ပြသတဲ့ အထောက်အထားတွေကို တွေ့ရတယ်လို့လည်း ဖော်ပြခဲ့ပါတယ်။
ကုမ္ပဏီတွေ အနေနဲ့ ဒေသခံတွေဆီက ခွင့်ပြုချက် ရယူတာမျိုးလည်း မရှိခဲ့ဘူးလို့ အစီရင်ခံစာက ပြောပါတယ်။
ပိုက်လိုင်းတည်ဆောက်မှုကို လိုလားတဲ့ ဒေသခံရွာသားဆိုလို့ တယောက်မှတောင် မတွေ့ရဘူးလို့လည်း ERI က
ပြောခဲ့တာပါ။

တည်ဆောက်ရေး စီမံကိန်း ပြီးစီးသွားပြီ ဆိုရင်တော့ မြန်မာနိုင်ငံက သဘာဝဓာတ်ငွေ့တွေ၊ အရှေ့အလယ်ပိုင်းနဲ့


အာဖရိက က ရေနံတွေကို ဒီပိုက်လိုင်းကတဆင့် တရုတ်နိုင်ငံကို တင်ပို့သွားမှာ ဖြစ်ပါတယ်။
ဒန်ကလေ အာမခံနဲ့ လွတ်မြောက်မှု CPJ ကြိုဆို
By ဦးသားညွန့်ဦး အင်္ဂါ, 29 မတ် 2011 VOA
VOA

မစ္စတာ ရော့စ် ဒန်ကလေ (Ross Dunkley) ကို ဖမ်းဆီးထားရာက မနေ့တုန်းက ကမာရွတ်မြို့နယ် တရားရုံးက
ကျပ် သိန်း ၁၀၀ တန်ဖိုးရှိတဲ့ အာမခံနဲ့ လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။ သူ့အမှုကို ဆက်ပြီး
ကြားနာစစ်ဆေးတဲ့ အခါမှာ လွတ်လပ်တဲ့ တရားစီရင်မှု ဖြစ်ပါ့မလားဆိုတာ သံသယရှိတယ်လို့ နယူးယောက်ခ်
အခြေစိုက် CPJ သတင်းထောက်များ ကာကွယ်ရေး ကော်မတီက ပြောပါတယ်။ သူ့အပေါ် စွပ်စွဲချက်တွေဟာ
ခိုင်လုံမှု မရှိဘဲ နောက်ကွယ်မှာ နိုင်ငံရေးပယောဂ ရှိနိုင်တယ်လို့လည်း CPJ က ယူဆပါတယ်။ အပြည့်အစုံကို
စုံစမ်း မေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မြန်မာတိုင်းမ် အယ်ဒီတာ ဒန်ကလေကို မနေ့က တရားရုံးက အာမခံနဲ့ ပြန်လွှတ်ပေးလိုက်တဲ့အပေါ်


ကြိုဆိုတယ်လို့ CPJ သတင်းထောက်များ ကာကွယ်ရေး ကော်မတီက ထုတ်ပြန်ပါတယ်။ သူ ဆက်ပြီး
ရင်ဆိုင်ရမယ့် တရားရေး ကိစ္စတွေမှာလည်း အများပြည်သူရှေ့ မျှတတဲ့ တရားခွင်ဖြစ်ဖို့၊ ပွင့်လင်းမြင်သာမှုရှိဖို့
လိုမယ်လို့ CPJ က တောင်းဆိုပါတယ်။

မစ္စတာ ဒန်ကလေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့က စတင်ဖမ်းဆီးခံခဲ့ရပြီး အာမခံ အကြိမ်ကြိမ်


လျှောက်ထားပေမဲ့ မနေ့ကမှ အာမခံ ရရှိခဲ့တာပါ။ ကျန်းမာရေး အကြောင်းကြောင့်နဲ့ မြန်မာတိုင်းမ်လို
ဂျာနယ်ကြီးတစောင်ရဲ့ အယ်ဒီတာချုပ်ဆိုတဲ့ ဂုဏ်သိက္ခာကြောင့်တကြောင်း အာမခံ ပေးလိုက်တယ်လို့
တရားရုံးက ဆုံးဖြတ်ခဲ့တာပါ။ အာမခံ လျှောက်ထားပေးသူကတော့ မြန်မာတိုင်းမ်ရဲ့ လက်ရှိ အမှုဆောင်
အယ်ဒီတာချုပ် ဒေါက်တာတင်ထွန်းဦး ဖြစ်ပါတယ်။

“အာမခံနဲ့ လွတ်ပါတယ်ခင်ဗျ။ ကျနော် အာမခံ လက်မှတ်ထိုးပေးလိုက်ပါတယ်ခင်ဗျ။ အမှုကတော့


မပြီးသေးဘူးပေါ့ဗျာ။ သူကတော့ အပြင်ရောက်သွားပြီပေါ့ဗျာ။ ထောင်ထဲမှာ မဟုတ်တော့ဘူး။ အခု အပြင်မှာ။
အေးအေးဆေးဆေးပဲ၊ သူလည်း ၀မ်းသာနေတယ်။”

မစ္စတာ ဒန်ကလေကို စတင်ဖမ်းဆီးစဉ်က လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ချိုးဖောက်မှုနဲ့ စတင်ဖမ်းခဲ့ပါတယ်။


ဒါပေမဲ့ နောက်ပိုင်းမှာတော့ အမျိုးသမီးတဦးကို ကိုယ်ထိလက်ရောက် ပြုမူမှု၊ မူးယစ်ဆေး တိုက်ကြွေးမှုတွေနဲ့
စွဲချက်တင်ခံခဲ့ရပါတယ်။ မစ္စတာ ဒန်ကလေကတော့ စွဲချက်တွေကို ငြင်းထားတယ်လို့ သိရပါတယ်။
ဒီစွဲချက်တွေဟာ အခြားပယောဂ တခုခုကြောင့် ဖြစ်လာတယ်လို့ CPJ က သံသယရှိတဲ့အကြောင်း CPJ
အာရှဒေသဆိုင်ရာ တာဝန်ခံ ဘော့ဘ် ဒိယက်ဇ် (Bob Dietz) က ဗွီအိုအေကို ပြောပါတယ်။

“ဒီအမှုရဲ့ နောက်ကွယ်မှာ နိုင်ငံရေးပယောဂ ဒါမှမဟုတ် စီးပွားရေးပယောဂ တခုခု ရှိနေတယ်လို့ ကျနော်


သံသယ ရှိပါတယ်။ မစ္စတာ ဒန်ကလေရဲ့ အမှုကို ကြားနာစစ်ဆေးတဲ့အခါ လွတ်လပ်တဲ့ တရားစီရင်ရေး
ဖြစ်လာပါ့မလားဆိုတာ ကျနော်တို့ စိုးရိမ်မိပါတယ်။ အခု စွဲချက်တင်ခံထားရတာတွေဟာလည်း ဘာမှ
ခိုင်ခိုင်လုံလုံ မရှိပါဘူး။”

သြစတြေးလျနိုင်ငံသား ဒန်ကလေဟာ မြန်မာတိုင်းမ် ဂျာနယ်ကို စတင်ထူထောင်ခဲ့သူ ဖြစ်ပါတယ်။


မြန်မာထောက်လှမ်းရေးအဖွဲ့ ဖြိုဖျက်ခံရပြီးတဲ့နောက် ပိုင်ဆိုင်မှုဆိုင်ရာ အပြောင်းအလဲတချို့ ရှိခဲ့ပါတယ်။
အခုလည်း မြန်မာတိုင်းမ် ပိုင်ဆိုင်မှုကိစ္စ ညှိနှိုင်းမှုမှာ တင်းတင်းမာမာ ဖြစ်နေတဲ့ အချိန်နဲ့ မစ္စတာ ဒန်ကလေ
အဖမ်းခံရမှုဟာ တိုက်ဆိုင်နေတယ်လို့ သြစတြေးလျ သတင်းမီဒီယာတခုရဲ့ ဖော်ပြချက်ကို CPJ က ပြန်လည်
ထောက်ပြထားပါတယ်။
မစ္စတာ ဒန်ကလေ အဖမ်းခံရပြီးတဲ့နောက်တော့ သူ့ရဲ့ အယ်ဒီတာချုပ် နေရာကို မြန်မာတိုင်မစ် ရှယ်ယာ အဓိက
ပိုင်ဆိုင်သူ နောက်တဦးဖြစ်တဲ့ ဒေါက်တာတင်ထွန်းဦးက ယူခဲ့ပါတယ်။ မစ္စတာဒန်ကလေရဲ့ အမှုကိုတော့
အခုလာမယ့် ဧပြီလ ၄ ရက်နေ့ကျရင် စွဲချက်တင်သင့် မသင့် တရားရုံးက ဆုံးဖြတ်မယ်လို့ သိရပါတယ်။

လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အမေးအဖြေကဏ္ဍ


မတ်လ ၂၅၊ ၂၀၁၁ RFA အစီအစဉ် မိုးမခ
ကိုလူမော် (ထိုင်း)၊ ကိုကျော်ဆန်း (မလေးရှား)၊ မိုင်ကျော်ဦး (ဂျပန်)၊ နော်စေးလား (ကရင်ပြည်) ၊ မင်းစိုးမြတ်၊
ထွန်းလင်းရွှေ၊ တို့ရဲ့ အမေးများ -

ပြည်သူ့ကြောက်စိတ်၊ ဒီမိုကရေစီက ဘာရမှာလဲ၊ ဒီလွှတ်တော်ပြီး နောက်လွှတ်တော်၊ အမျိုးသမီးများ ကဏ္ဍ၊


အာဃာတကြီးတဲ့အမျိုးတွေ၊ စစ်အစိုးရစာချူပ်များ

မေးသူ။ ။ ကိုလူမော်(ထိုင်းနိုင်ငံ)
မေးခွန်း။ ။ အန်တီစုရေ။ မင်္ဂလာပါခင်ဗျား။ ပထမဆုံးအနေနဲ့အန်တီစုလွတ်လာလို့
အများကြီးဝမ်းသာပီတိဖြစ်ရသလို ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ရဟန်းတော်တွေနဲ့၊
နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ဖို့အတွက် လည်း မျှော်လင့်နေရတယ်ဆိုတာကို
ပြောချင်ပါတယ်အန်တီရေ။ ဒီအစီအစဉ်ကနေပြီး အန်တီစုနဲ့ တခုလောက် ဆွေးနွေးချင်လို့ပါ။ တခြား
တော့မဟုတ်ပါဘူး။ လူထုကြီးက ကြောက်စိတ်တွေ ဖုံးလွှမ်းနေတယ်။ လူထုကြီးက ကြောက်နေကြတယ်ဆိုတဲ့
ပြောဆိုဝေဖန်မှုတွေအပေါ် မှာ ကျွန်တော့်အနေနဲ့ သဘောမတွေ့ပါဘူး။ တကယ်တမ်း လူထုကြီးကပဲ
ကြောက်နေတာလား။ လူထုကြီးကို စည်းရုံးလှုံ့ဆော်နေတဲ့ ကျွန် တော်တို့ အတိုက်အခံတွေကပဲ
လူထုကြီးယုံကြည်မှုရှိအောင် လူထုလိုက်ပါလာနိုင်မယ့် နည်းလမ်းတွေကို ဖေါ်ဆောင်မှုအားနဲနေတာလား ဆိုတဲ့
အပေါ်မှာ သံသယဖြစ်နေမိပါတယ်။ ဒါပေမယ့် ကျွန်တော်လည်း တိတိကျကျ အဖြေမသိနိုင်ပါဘူး။ ဒါ့ကြောင့်
အန်တီစုအနေနဲ့ဘယ်လို သဘောထားမျိုးရှိတယ် ဘယ်လိုမြင်တယ်ဆိုတာကို သိပါရစေခင်ဗျား။
အန်တီစုကျန်းမာပါစေ၊ အစစအရာရာ အဆင်ပြေပါစေလို့ ကျွန်တော်ဆုတောင်းပေးနေပါတယ်။
ဖြေ။ ။ လူထုထဲမှာ ကြောက်စိတ်တွေ ပြန့်ပွားနေတယ်ဆိုတာကတော့ ငြင်းလို့မရတဲ့ကိစ္စပါ။
ကြောက်နေကြအောင်လည်း
နှစ်ပေါင်းများစွာ စနစ်တကျလုပ်ထားတယ်လို့များ ပြောလို့ရမလားပဲ။ ဒီလိုကြောက်စိတ်တွေ
ပျောက်အောင်လုပ်ဖို့ဆို တာ လူတွေရဲ့ မွေးရာပါဂုဏ်သိက္ခာအတွက် တန်ဖိုးထားတဲ့လူတွေအားလုံး
ကြိုးစားလုပ်ရမယ်လို့ ထင်ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့် အရေး ကြေငြာစာတမ်းမှာလည်း၊
စိုးရိမ်ကြောင့်ကြမှုမှ ကင်းလွတ်ဖို့ လိုကြောင်း ပါရှိပါတယ်။ ဒါကြောင့် အန်တီတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က
ပြည်သူတွေ ကြောက်စိတ်ကို ကျော်လွှားနိုင်ဖို့ ကြိုးစားပြီး ပြောဆို လုပ်ကိုင်နေတာပါ။ အားလုံးကလည်း ၀ိုင်းပြီး
ကြိုးစားပေးမယ်ဆိုရင် သိပ်ကောင်းမှာပဲ။

မေးသူ။ ။ကျော်ဆန်း(မလေးရှား)
မေးသူ။ ။ ကျွန်တော်ကတော့ မလေးရှားမှာရောက်နေတဲ့ ကျော်ဆန်းပါခင်ဗျ။ ကျွန်တော့်အနေနဲ့ အမေ
ဒေါ်အောင်ဆန်းစုကြည်ကို မေးချင်တဲ့မေးခွန်းလေး တခုရှိလို့ပါ။ ဒါကတော့ တခြားမဟုတ်ပါဘူး။
ကျွန်တော်တို့ဆီမှာ ဒီမိုကရေစီ အကြောင်းနဲ့ လူ့အခွင့်အရေးအကြောင်းတွေကို ကျွန်တော်
တတ်သိနားလည်သလောက် ဒီကသူငယ်ချင်းတွေ၊ နီးစပ်ရာအပေါင်းအသင်းတွေ နဲ့ ဆွေးနွေးတဲ့အခါမှာ
သူတို့ရဲ့မေးခွန်းတခုကို ကျွန်တော့အနေနဲ့ ရေလည်အောင် မပြောပြနိုင်တဲ့အတွက် အမေဒေါ်အောင်ဆန်းစုကြည်
အနေနဲ့ ရှင်းပြပေးဖို့ ကျွန်တော်မေတ္တာရပ်ခံပါတယ်။ သူတို့က မေးပါတယ်။ ကျွန်တော့ကို ဒီမိုကရေစီနဲ့
လူ့အခွင့်အရေးတွေ ရမယ်ဆိုရင်ရော ငါတို့တွေက ဘာတွေခံစားရမှာလဲ။ ငါတို့တွေက ဘာတွေ ပြောင်းလဲ
တိုးတက်သွားမလဲ ဆိုတဲ့ မေးခွန်းကို ကျွန်တော့ကို မေးပါတယ်။ ကျွန်တော့ အနေနဲ့ သူတို့ကို အလွယ်တကူ
နားလည်အောင် ရှင်းမပြနိုင်ဘူးဖြစ်တဲ့ အတွက် အမေဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ရှင်းပြပေးဖို့ တောင်းဆို
လိုပါတယ်ခင်ဗျာ။
ဖြေ။ ။ သားကို အခက်အခဲတွေ့စေတဲ့ မေးခွန်းတွေနဲ့ ပတ်သတ်လို့။ နှစ်ပိုင်းခွဲပြီးတော့ ပြောချင်ပါတယ်။
ပထမအားဖြင့်တော့ လူ့အခွင့်အရေးတွေရလို့ ဘာအကျိုးရလာဒ်တွေ ရမလဲဆိုတာ သိချင်ရင်
ကုလသမဂ္ဂကြေငြာစာတမ်းကို ဖတ်ကြည့်စေချင်ပါတယ်။ လူသားတယောက်ရဲ့ မွေးရာပါဂုဏ်သိက္ခာနဲ့ အညီ
နေနိုင်မယ့် အခွင့်အရေး သုံးဆယ်ကို ပြဌာန်းထားပါတယ်။ ဒီမိုကရေစီရလို့ ဘာအကျိုးရှိမယ်ဆိုတာကတော့
လူတယောက်ချင်းစီရဲ့ တန်းဖိုးကို အသိအမှတ်ပြုတဲ့ စနစ်အောက်မှာ ကိုယ့်ပတ်ဝန်းကျင်နဲ့
ကိုယ့်နိုင်ငံတိုးတက်ရေးကို လုပ်ပိုင်ခွင့်တွေ ရနိုင်ပါတယ်။ ဒုတိယပိုင်းအားဖြင့် ခွဲပြောရမယ်ဆိုရင် ငါတို့အတွက်
ဘာရမလဲ ဆိုတာကိုပဲ စဉ်းစားပြီး ငါတို့က ဘာတွေ အများအတွက် လုပ်ပေးနိုင်မလဲဆိုတဲ့ စိတ်ဓာတ် လုံးဝမရှိတဲ့
သူများကတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးရဲ့ တန်ဖိုးကို သိနားလည်ဖို့ ခက်ပါလိမ့်မယ် ထင်တယ်။

မေးသူ။ ။ မိုင်ကျော်ဦး (ဂျပန်)


မေးခွန်း။ ။ ကျွန်တော့နာမည် မိုင်ကျော်ဦးလို့ ခေါ်ပါတယ်။ ကျွန်တော် ဂျပန်နိုင်ငံရောက်
ပလောင်အမျိုးသားတဦး ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို မေးလိုတာကတော့ နေပြည်တော်မှာ
ကျင်းပနေတဲ့ လွှတ်တော်မှာ တက်ရောက်နေတဲ့ လွှတ်တော်အမတ်တချို့က လွှတ်တော်ကနေပြီးတော့မှ
ဒီမိုကရေစီနည်းကျ ပြောဆိုနေကြတယ်လို့ ပြောသံတွေ ကြားနေရပါတယ်။ ဒီ လွှတ်တော်မှာ
ပြည်သူလူထုအတွက် ဒီမိုကရေစီစနစ်ကို ဖေါ်ဆောင်ပေးနိုင်မယ်လို့ ထင်ပါသလား။ နောက်တခုက ဒီ
လွှတ်တော်သက်တမ်း ပြီးတဲ့ နောက်တကြိမ် ဖြစ်ပေါ်လာမယ့် ရွေးကောက်ပေ
ွဲ နာက်ပိုင်းပေါ့လေ
ဒီမိုကရေစီစနစ်ကို ပြန်လည်ဖန်တီးနိုင်မယ့် ရွေးကောက်ပွဲတခု ပေါ်လာနိုင်မယ်လို့ တချို့အမတ်တွေကတော့
ထင်နေပါတယ်။ နောက်ငါးနှစ်မှာတော့ ကျွန်တော်တို့ ပြည်သူတွေ လိုချင်တဲ့ဆန္ဒတွေ ဖြစ်ပေါ်လာနိုင်မလား
ဆိုတာကိုလည်း မေးချင်ပါတယ်။
ဖြေ။ ။ လွှတ်တော်ထဲမှာ ဒီမိုကရေစီနည်းကျကျ ပြောဆိုနိုင် မဆိုနိုင်ဆိုတာကိုတော့ လွှတ်တော်
အစည်းအဝေးတွေမှာ သတင်းထောက်တွေက သတင်းယူပိုင်ခွင့်မရှိတော့ ကျွန်မတို့လည်း မပြောတတ်ပါဘူး။
သိရသလောက်ကတော့ အဆို တွေကို ကန့်ကွက်သူမရှိ အဆိုပြုနိုင်ခဲ့ကြတယ်လို့ နားလည်ပါတယ်။ ၂၀၀၈
ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ၂၀၁၀ ပါတီမှတ်ပုံတင်ဥပဒေကို ဒီမိုကရေစီ ဖေါ်ထုတ်နိုင်မယ့် လွှတ်တော်တခု
ပေါ်ပေါက်လာနိုင်မယ်ဆိုတာကို မယုံကြည်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲမှာပါ
ဝင်ယှဉ်ပြိုင်ခြင်းမလုပ်ခဲ့တာပါ။ နောက်ငါးနှစ်လောက်မှာ ဒီမိုကရေစီနည်းကျတဲ့ ရွေးကောက်ပွဲ ပေါ်လာ
မပေါ်လာဆိုတာကတော့ ဒီမိုကရေစီကို အမှန်တကယ် လိုလားတဲ့သူတွေရဲ့ ကြိုးပမ်းမှုပေါ်မှာပဲ မူတည်မယ်လို့
ထင်ပါတယ်။

မေးသူ။ ။ နော်စေးလာ(ကရင်ပြည်နယ်)
မေးခွန်း။ ။ ကျွန်မ ကရင်ပြည်နယ်က နော်စေးလာပါ။ အန်တီ့ကို အမျိုးသမီးနဲ့ပတ်သက်ပြီး
မေးခွန်းလေးတခု မေးချင်ပါတယ်။ ကျွန်မမှာလည်း အမျိုးသမီးရောဂါဖြစ်တဲ့အခါကျတော့
ရန်ကုန်အမျိုးသမီးဆေးရုံ ရောက်တဲ့အခါကျတော့ အမျိုးသမီး တွေက အဲဒီမှာ တော်တော်ဒုက္ခရောက်တာကို
တွေ့ရတယ်။ အမျိုးသမီးတွေက ဒီအသိပညာ နည်းတဲ့အခါကျတော့ သူတို့မှာ ကလေးတွေက
ရသလောက်မွေးတယ်။ သားလျှောတယ်လို့ ပြောရမယ်ပေါ့နော်။ အဲဒါတွေဖြစ်တယ်ပေါ့နော်။ ကလေးပျက်တာတို့
ဘာတို့ အဲဒါတွေဖြစ်တဲ့ အခါကျတော့ သူတို့တွေက ရန်ကုန်ဆေးရုံကြီးကိုပဲ အားကိုးပြီးတော့ မရှိမဲ့ရှိမဲ့နဲ့
လာတာပေါ့နော်။ အဲဒါ ဆေးရုံမှာ ရောက်တဲ့အခါကျတော့ ဆရာဝန်မတွေဟာ သူတို့ကို သိပ်ပြီးတော့
ဂရုမစိုက်ဘူး။ သိပ်ဂရုမစိုက်တာ မဟုတ်ဘူး ဂရုကိုမစိုက်ဘူး။ အဲဒါ စိတ်မကောင်းစရာဘာလဲဆိုတော့
ဒီရောဂါကိုကိုင်တွယ်တဲ့ အဲဒီသူက ဆရာဝန်မကြီးဖြစ်နေတယ်။ ဒါပေမယ့် အဲဒီဆရာဝန်မကြီး ကိုယ်တိုင်ကိုက
သူတို့တွေက ဒီအမျိုးသမီးနဲ့ပတ်သက်ပြီး ကိုယ်ချင်းစာတရားလည်းမရှိဘူး။ အသိပညာပေးဖို့မပြောနဲ့
ဆက်ဆံတာက လည်း စကားလည်းကောင်းကောင်း မပြောဘူး။ သူတို့မှာလည်း အပြင်ဆေးခန်းသွားဖို့ဆိုတာက
(၇)သိန်း၊ (၈)သိန်း၊ (၁၀)သိန်း အဲလိုမျိုး ကုန်မယ်ဆိုတော့ သူတို့မှ မတတ်နိုင်ဘူး။ အဲဒါကြောင့် အဲဒီအတွက်နဲ့
ပတ်သတ်ပြီးတော့မှ၊ အန်တီအမျိုးသမီးကဏ္ဍနဲ့ ပတ်သက်ပြီးတော့မှ အသိပညာပေးဖို့ ရှိပါသလားလို့ သိချင်ပါ
တယ်ရှင်။
ဖြေ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က (၁၉၉၈) ခုနှစ်က စပြီး ကလေးသူငယ်များ အားဆေးပေးရေး
အစီအစဉ်တခု လုပ်ခဲ့ပါတယ်။ ဒီလိုကလေးတွေကို အားဆေးပေးတဲ့အချိန်မှာ မိခင်တွေကိုလည်း
မျိုးဆက်ပွားကျန်းမာရေး ကျန်းမာရေး ပညာကို အခါအားလျှော်စွာ ပေးခဲ့ပါတယ်။ ဒီ့အပြင် ၂၀၀၂ခုနှစ်ကစပြီး
NLD လူငယ်တွေကို HIV နဲ့ ပတ်သတ်တဲ့ ကုလသမဂ္ဂ အဖွဲ့အစည်း ကပေးတဲ့ သင်တန်းတွေကို လွှတ်ပြီး
အမျိုးသမီးတွေရော၊ အမျိုးသားတွေရော သိသင့်သိထိုက်တဲ့ ကျန်းမာရေးဆိုင်ရာ ဗဟုသုတတွေ ပြည်သူထဲ
ဖြန့်ဝေဖို့ စီစဉ်ခဲ့ပါတယ်။ ဒီသင်တန်းကို တက်ခဲ့တဲ့ မဖြူဖြူသင်းဟာ ဆိုရင် အများသိတဲ့ အတိုင်းပဲ HIV/AIDS
ဝေဒနာရှင်များအတွက် အခြားလူငယ်များနဲ့ တွဲပြီး ထိထိရောက်ရောက် စွမ်းဆောင်နေပါတယ်။
အဖွဲ့ချုပ်မှာလည်း ကျန်းမာရေး ပညာပေး ဟောပြောပွဲတွေ လုပ်ခဲ့ဖူးပါတယ်။ နောင်လည်း ဆက်ပြီးလုပ်မှာပါ။
တတိုင်းပြည်လုံးမှာ ကျန်းမာရေးပညာ ပြန့်နှံ့ဖို့နဲ့ လုပ်ရည်ကိုင်ရည်ပါမက ဂရုဏာစိတ်နဲ့ပါ ပြည့်စုံတဲ့
ကျန်းမာရေးဝန်ထမ်းတွေ အများအပြားရှိဖို့ကတော့ အခုလို အစိုးရသုံးငွေရဲ့ ၁% မှမပြည့်တဲ့
ကျန်းမာရေးစရိတ်နဲ့တော့ စွမ်း ဆောင်နိုင်မှာ မဟုတ်ပါဘူး။

မေးသူ။ ။ မင်းစိုးမြတ်
မေးခွန်း။ ။ ကျွန်တော် တိုင်းရင်းသားတယောက်ပါ အမေ။ အချို့သော တိုင်းရင်းသားတွေရဲ့ ဗမာမုန်းတီးမှု
အာဃာတတရား အလွန်ကြီးထွားလာတာကို ကျွန်တော်တွေ့ရတယ်။ အဲဒီတော့ ကျွန်တော်တို့ တိုင်းပြည်က
ဒီအာဃာတတရားတွေ ဖျောက်ဖျက်မှ အောင်ပွဲခံမယ်လို့ ယုံကြည်လက်ခံထားတယ်လေ။ တိုင်းရင်းသားတွေရဲ့
အာဃာတမုန်းတီးရေးစိတ်ကို သင်ပုန်းချေ နိုင်အောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်လိုအကြံပြု
လုပ်ဆောင်ပေးနိုင်မလဲဆိုတာ သိချင်ပါတယ်။
ဖြေ။ ။ တိုင်းရင်းသားများ အချင်းချင်း မုန်းတီးမှုတွေ ပပျောက်ရေးအတွက်၊ လက်တွေ့ကျကျ
ပြည်သူ့အကျိုးပြု လုပ်ငန်းတွေနဲ့ တဖက်က ကြိုးပမ်းသွားပြီး နောက်တဖက်က တိုင်းရင်းသားအားလုံးကို
စိတ်ဓာတ်အရ စုစည်းပေးနိုင်မယ့် ပြည်ထောင်စုစိတ်ဓာတ်
ရှင်သန်ခိုင်မြဲရေးကိုတည်ဆောက်ဖို့ကြိုးစားရမယ်လို့ထင်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့က
တိုင်းရင်းသားဒေသ တွေမှာ လူမှုရေးနဲ့ ဥပဒေရေးရာကိစ္စတွေကို ဆောင်ရွက်ပြီးတိုင်းရင်းသားများနဲ့
ခင်မင်ရင်းနှီးစွာ ထိတွေ့ဆက်ဆံခြင်း၊ စိတ်တူသဘော တူတိုင်းရင်းသား အဖွဲ့အစည်းများနှင့် လက်တွဲပြီး ၂၁
ရာစုနှစ် ပင်လုံဖေါ်ဆောင်ရေးအတွက် လှုပ်ရှားခြင်း၊ စတာတွေကို ဆောင်ရွက် နေတာဖြစ်ပါတယ်။

မေးသူ။ ။ ကိုထွန်းလင်းရွှေ
မေးခွန်း။ ။ ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား။ ကျွန်တော်ကတော့ ထွန်းလင်းရွှေပါ။ ဖလော်ရီဒါကပါ။
ကျွန်တော်သိချင်တဲ့ မေးခွန်းလေးကတော့ ၁၉၈၈ ကနေပြီးတော့ ၂၀၁၀ န.၀.တ၊ န.အ.ဖ ကာလ
အပိုင်းအခြားအတွင်းမှာ ပြည်သူ့လွှတ်တော်ဆိုတာ မရှိတဲ့အတွက် အဲဒီကာလအတွင်းမှာ န.၀.တ၊ န.အ.ဖ
ကနေပြီးတော့ ချေးငှားထားတဲ့ ချေးငွေတွေအားလုံးနဲ့၊ နောက်တခါ ပြည်တွင်း ပြည်ပမှာရှိတဲ့
စီးပွားရေးလုပ်ငန်းရှင် ကုမ္ပဏီတွေနဲ့ ရောင်းဝယ်ဖောက်ကား ချုပ်ဆိုထားတဲ့ စာချုပ်စာတမ်းအားလုံးဟာ
ကျွန်တော်တို့ နောင် တချိန် အရပ်သား ဒီမိုကရေစီ အစိုးရစစ်စစ်တရပ် ပေါ်ထွက်လာတဲ့အချိန်မှာ ကျွန်တော်တို့
ပြည်သူတရပ်လုံးအနေနဲ့ ပေးဆပ်ရန် တာဝန်မရှိ လို့ ကျွန်တော်ကတော့ အဲဒီလိုထင်မြင်မိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို ကျွန်တော်သိချင်ပါတယ်။ ကျေးဇူးပြုပြီး ဖြေကြားပေးစေလိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ။
ဖြေ။ ။တခြားနိုင်ငံတွေနဲ့ ချုပ်တဲ့စာချုပ်တွေနဲ့ ပတ်သက်လို့ဆိုရင် နှစ်နိုင်ငံအကြား ချစ်ကြည်ရေးနဲ့ နိုင်ငံတကာ
လုပ်ထုံးလုပ်နည်းတွေကိုလည်း ထည့်တွက် ကိုင်တွယ်ရမှာပါ။ ကိုယ့်နိုင်ငံကို အင်မတန်မှ ထိခိုက်နစ်နာစေတဲ့
ကိစ္စတွေဆိုရင်တော့ မိတ်ဆွေနိုင်ငံတွေက နားလည်မှုနဲ့ ပြေလည်အောင်လုပ်ပေးမှာပါ။ ဒါပေမယ့်လည်း
ကိုယ့်ဘက်ကလည်း မိတ်ဆွေကောင်းဖြစ်နိုင်တယ်ဆိုတာကို ပြသနိုင်ဖို့တော့ လိုပါလိမ့်မယ်။
(ABMA ၀ိုင်းတော်သားများကစာဖိုင်ဖြည်ပါသည်။)

“လွှတ်တော်” ရှိလာတယ် ဒါပေမယ့် ဘာမှ မထူးပါဘူး


တူမောင်ညို
မတ် ၂၉၊ ၂၀၁၁ မိုးမခ
မတ်လ ၂၃ ရက်နေ့က ပထမအကြိမ်“ပြည်သူ့လွှတ်တော်”နဲ့ “အမျိုးသားလွှတ်တော်”
ပုံမှန်အစည်းအဝေးတွေပြီးဆုံးသွား ပါတယ်။ ၁၄ ရက်တိတိ ကျင်းပခဲ့ကြတာဖြစ်ပါတယ်။
ဇန်နဝါရီလ ၃၁ ရက်နေ့ မှာ လွှတ်တော်အစည်းအဝေးများက တပြိုင်တည်း စတင်ကျင်းပခဲ့တာပါ။
အဲဒီနေ့မှာပဲ
- ပြည်သူ့လွှတ်တော်ဥက္ကဌ နှင့် ဒုတိယဥက္ကဌ ရွေးကောက်တင်မြှောက်ခြင်း
- ဒုတိယသမ္မတတစ်ဦး ရွေးချယ်တင်မြှောက်ခြင်း ဆိုတဲ့ ကိစ္စတွေဆောင်ရွက်ခဲ့ပါတယ်။
မတ်လ (၁/၃/၄/၇) ရက်တွေမှာတော့ ဥက္ကဌ ၊ အတွင်းရေးမှူး အပါအဝင် စုစုပေါင်း (၁၅) ဦး စီပါဝင်တဲ့
လွှတ်တော် ဆိုင်ရာ ကော်မတီ (၄) ရပ်ကို ဖွဲ့စည်းပါတယ်။ အဲဒါတွေက

- ဥပဒေကြမ်းကော်မတီ
- ပြည်သူ့ငွေစာရင်းကော်မတီ
- လွှတ်တော်အခွင့်အရေးကော်မတီ
- အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များစိစစ်ရေးကော်မတီ
မတ်လ (၉/၁၀/၁၁/၁၄/၁၅/၁၆/၂၁/၂၂/၂၃) ရက်ပေါင်း (၉) ရက်အတွင်းမှာတော့
သက်ဆိုင်ရာလွှတ်တော်များမှာ “မေးခွန်းများမေးမြန်းခြင်း၊ အဆိုများဆွေးနွေးခြင်း” စတဲ့
ကိစ္စတွေဆောင်ရွက်ခဲ့ပါတယ်။
အဲဒီရက်ပေါင်း (၉)ရက် အတွင်း “ပြည်သူ့လွှတ်တော်” မှာ မေးခွန်း (၄၆)ခုဖြေကြားခဲ့ပြီး အဆို (၁၇) ခု ရှင်းလင်း
ဆွေးနွေး ခဲ့ပါတယ်။
အလားတူပဲ “အမျိုးသားလွှတ်တော်”မှာလည်း မေးခွန်း (၃၃) ခု အဆို (၁၇) ခု တင်ပြဆွေးနွေးခဲ့ကြပါတယ်။
အဲဒီလို (၉) ရက် အတွင်း“မေးခွန်းများမေးမြန်းခြင်း အဆိုများဆွေးနွေးခြင်း” စတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး
ကျနော့်မိတ်ဆွေ နဲ့ကျနော် သူ့အမြင်ကိုယ့်အမြင်ပြောဆိုဆွေးနွေးဖြစ်ပါတယ်။
အဲဒီလို ပြောဆိုဆွေးနွေးတာတွေကို မိတ်ဆွေများလည်းစိတ်ဝင်စားတယ်ဆိုရင်ဖြင့် ပါဝင်ဆွေးနွေးပြောဆိုနိုင်ဖို့
တင်ပြ လိုက်ပါတယ်။
(ကျနော်) အရင်တစ်ပတ်က ကျနော်မေးတာ ပြန်ဖြေဖို့အကြွေးကျန်သေးတယ်နော်။
မှတ်မိတယ်မဟုတ်လား။
(မိတ်ဆွေ) မှတ်မိပါတယ်။ အခုတော့ ပြည်သူ့လွှတ်တော်နဲ့အမျိုးသားလွှတ်တော် အစည်းအဝေးတွေ
ပြီးသွားပြီဗျ။ ဒီတော့ ခင်ဗျားနဲ့ ကျနော်ပြောဆိုဆွေးနွေးစရာတွေအများသားဗျ။
မေးခွန်းတွေအဆိုတွေနဲ့ပတ်သက်တာတွေကိုပဲ ကွက်ပြီး ဆွေးနွေးကြရအောင်လား။
(ကျနော်) ဖြစ်ပါတယ်။ ခင်ဗျားပဲအရင်စဆွေးနွေးပါ။ မေးခွန်းတွေ အဆိုတွေ မေးမြန်း/တင်ပြရာတာနဲ့
ပတ်သက်ပြီး ကြိုတင် သိထားသင့်တာလေးတွေကိုလည်းအကျဉ်းချုပ်ပြီး ပြောပြပါဦးဗျာ။
(မိတ်ဆွေ) ပြောရရင်တော့ အကန့်အသတ်တွေကအများသားဗျ။ နည်းဥပဒေအရ
ကန့်သတ်တားမြစ်ထားတာတွေရှိသလို သက်ဆိုင်ရာလွှတ်တော်ဥက္ကဌ က ပိတ်ပင်နိုင်တာတွေကလည်း
တပုံတပင်ပဲဗျ။
“ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေများ” ဆိုတဲ့ စာအုပ် အခန်း (၁၆) “လွှတ်တော်သို့တင်သွင်းသည့်
မေးခွန်းများ နဲ့ အခန်း(၁၇)“လွတ်တော်သို့ တင်သွင်းသည့်အဆိုများ” မှာ မေးခွန်းတွေ အဆိုတွေနဲ့သက်ဆိုင်တဲ့
ကန့်သတ်တားမြစ်ချက်တွေကဖေါ်ပြထားတယ်။ မေးခွန်းတွေကစပြောမယ်။
“မေးခွန်း” ဆိုလျှင် (၁၀ ) ကြိုတင်ပေးပို့ရမယ်။
“စိစစ်ခွင့်ပြုသင့်သည့်ကြယ်ပွင့်ပြမေးခွန်း” ဆိုတာ တခြားမဟုတ်ဘူး။
နှုတ်နဲ့ဖြေကြားရမယ့်မေးခွန်းကို ပြောတာပဲ။
လွှတ်တော်အစည်းအဝေးများရဲ့ ပထမ ၁ နာရီ ဟာ မေးခွန်းများမေးရန် နဲ့ဖြေကြားဆိုပြီးလည်း ကန့်သတ်ထား
ပြန်သေးတယ်။
ရှည်လျားတဲ့မေးခွန်း/အသေးအဖွဲ့ကိစ္စ/ အတိတ်ကာလဖြစ်ရပ်များကို စုံစမ်းသည့်မေးခွန်း မဖြစ်စေရဘူးတဲ့ဗျ။
ကိုယ်စားလှယ်တစ်ဦးဟာ လွှတ်တော်အစည်းအဝေးတစ်ရပ်တွင်း ကြယ်ပွင့်ပြမေးခွန်း (၁၀)ခုပဲ မေးခွင့်ရှိတယ်။
ဒီထက်ပိုပြီးမေးခွင့်မရှိဘူး။
မေးတဲ့မေးခွန်းတွေနဲ့အဖြေတွေကိုလွှတ်တော်တွင်ဖြေကြားပြီးမှ လွှတ်တော်ရုံး ဒုတိယညွန်ချုပ်ပေးပို့ပြီးတဲ့ အထိ
သတင်းထုတ်ပြန်ခြင်းမပြုရဘူးတဲ့။
“အဆို” တွေနဲ့ပတ်သက်တာကတော့ဒီလိုဗျ။
သိသင့်တာလေးတွေပဲ ကွက်ပြီးပြောသွားမယ်ဗျ။ စာအုပ်သာဝယ်ဖတ်ကြည့်ပါ။
“အဆို” ကိုတော့ လွှတ်တော်အစည်းအဝေးမကျင်းပမီ (၁၅) ရက် ကြိုတင်ပေးပို့ထားရမယ်။
ဥက္ကဌ ကခွင့်မပြူသေးလျှင် ဘယ်အဆိုကိုမျှ ထုတ်ပြန်ကြေညာခြင်းမပြုရဘူး။
ဥက္ကဌ ကသတ်မှတ်ပေးတဲ့ အစီအစဉ်အတိုင်းဆွေးနွေးရမယ်။
လွှတ်တော်အစည်းအဝေးနေ့စဉ်အစီအစဉ်မှာ အဆို (၄) ထည့်ပိုပြီး ထည့်သွင်း ဆွေးနွေးခွင့်မရှိဘူး။
လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဟာ အဆိုတစ်ရပ်ကို တစ်ကြိမ်ပဲဆွေးနွေးခွင့်ရှိတယ်။
အဆိုတင်သွင်းတဲ့ကိုယ်စားလှယ်ကတော့ ပြန်လည်ဖြေရှင်းသည့်သဘောဖြင့် နောက်တစ်ကြိမ် ဆွေးနွေးနိုင်
တယ်။
(ကျနော်) ဒါဆိုရင် ကိုယ်စားလှယ်တွေအတွက် မေးခွန်းတွေအဆိုတွေ မေးမြန်းခွင့်/တင်ပြခွင့်ဟာ
ရခဲလှတဲ့ဒုလ္လဘပဲပေါ့ ဟုတ်လား။
(မိတ်ဆွေ) ချုပ်ပြီးပြောရရင် အဆိုအားလုံးနီးပါး ပယ်ချခံခဲ့ရတယ်ဗျာ။
အဆို (၁၇) ခု “ပြည်သူ့လွှတ်တော်” မှာတင်ပြဆွေးနွေးခဲ့တယ်။
အဆို (၁၃) ခု ပယ်ချခံရတယ်။
ပယ်ချခံရတဲ့အဆိုတွေကိုတော့ “အတည်မပြုသောအဆိုများအဖြစ်” သတ်မှတ်ခဲ့တယ် လို့ဆိုတယ်။ ကျန်တဲ့
အဆို(၄) ခုက “ဆက်လက်ဆောင်ရွက်မည့်အဆို” အဖြစ် အတည်ပြုဆုံးဖြတ်ပေးခဲ့တယ်။
အဲဒီအဆိုတွေက သန်းကောင်စာရင်းကောက်ယူရေး တို့လိုအဆိုမျိုးတွေနဲ့ နောင်မှာကျင်းပမယ့် ဒုတိယအကြိမ်
ပြည်သူ့လွှတ်တော်အစည်းဝေးတွေမှာ မှတင်ပြ ဆွေးနွေးနိုင်မယ့် အဆိုတွေဖြစ်ပါတယ်။
“အမျိုးသားလွှတ်တော်”မှာလည်း အဆို (၁၆) ခု တင်ပြဆွေးနွေးခဲ့ကြတယ်။
တင်ပြတဲ့ အဆို (၁၆) ခု စလုံးကို “အမျိုးသားလွှတ်တော်” က ပယ်ချခဲ့တယ်။
(ကျနော်) ဒါကလည်း အားလုံးသောပြည်သူတွေနဲ့အတူ ခင်ဗျားတို့ကျနော်တို့
တွက်ဆမျှော်မှန်းထားပြီးသားကိစ္စတွေပဲ မဟုတ်လား။ သိပ်တော့လည်း မဆန်းလှပါဘူးဗျာ။
ကျနော်သတိထားမိတာကတော့ မေးမြန်တဲ့မေးခွန်းတွေနဲ့ အဆိုတွေ အများစုဟာ
လျှပ်စစ်မီး/ကားလမ်း/မီးရထား လမ်း/တယ်လီဖုန်းဆက်သွယ်ရေးတို့လို (infrastructure)
အခြေခံအဆောက်အအုံ တည်ဆောက်ရေးဆိုင်ရာကိစ္စ တွေနဲ့ ကျန်းမာရေး၊ ပညာရေး၊ လူမှုဖူလုံရေး၊ပင်စင်ငွေ
စတဲ့ လူမှုအခြေခံလိုအပ်ချက်တွေကို ဦးတည်ထားတယ် ဆိုတဲ့ အချက်ပဲဗျ။
အထူးသဖြင့် ချင်းပြည်နယ်က ကိုယ်စားလှယ်တွေ တင်ပြချက်တွေမှာ ဒီအချက်ဟာပိုထင်ရှားတယ်။
ချင်းပြည်နယ် မဖွံ့ဖြိုးသေးဘူး/ မတိုးတက်သေးဘူး ဆိုတာကို မေးတဲ့မေးခွန်းတွေနဲ့ အဆိုတွေကသက်သေခံနေ
တယ်ဗျ။
(မိတ်ဆွေ) ခင်ဗျားဆိုလိုချင်တာက“မေးတဲ့မေးခွန်းနဲ့ တင်ပြတဲ့အဆိုတွေဟာ ပြည်သူတွေရဲ့
လက်ရှိလိုအပ်ချက်နဲ့ ရေရှည် အကျိုးစီးပွားကို ထင်ဟပ်နေတယ်လို့ ပြောချင်တာလား။ ဒါမှမဟုတ်
“ဘယ်ခေတ်ဘယ်အခါကနဲ့မျှမတူအောင် နိုင်ငံတော်ကြီးဟာ ဖွံ့ဖြိုးတိုးတက်နေပါပြီ” ဆိုတဲ့စကားဟာ
သတင်းစာဆောင်းပါးတွေထဲက ကြွားလုံးတွေသာဖြစ်တယ်လို့ ခင်ဗျား ပြောချင်တာလား။
(ကျနော်) ဒါကခင်ဗျားဖြေရမယ့်မေးခွန်းလေဗျာ။ ကျနော်က မေးခွန်းနဲ့ အဆိုတွေ အပေါ်မှာကနေ
တွေ့ရတဲ့ ယေဘုယျအချက်ကို ပြောလိုက်တာပါ။
“ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကမေးမြန်းထားသည့် မေးခွန်းများအနက် စိစစ်ခွင့်ပြုသင့်သည့်
ကြယ်ပွင့်ပြမေးခွန်းများ” လို့ ဆိုတယ်နော်။ နည်းဥပဒေအရ ခွင့်မပြုတာ/ လွှတ်တော်ဥက္ကဌ က
ထားမြစ်ကန့်သတ်ထားတာ တွေက ဘယ်လောက်ရှိနေသလဲမသိဘူးဗျ။
လွှတ်တော်ကိုယ်စားလှယ်တွေက ထုတ်ဖေါ်ပြောပါမှ ခင်ဗျားတို့ ကျနော်တို့ သိကြရမယ့် ကိစ္စတွေပဲ။
(မိတ်ဆွေ) ပုဇွန်တောင်မဲဆန္ဒနယ်မှ ဦးအောင်ဇင်“ အမတော်ကြေးတိုးမြှင့်ပေးရေး”ဆိုတဲ့ မေးခွန်းကို
လယ်/ဆည်ဝန်ကြီး ဦးဋ္ဌေးဦး ပေးတဲ့အဖြေကတော့တော်တော်ကိုတာဝန်မဲ့လွန်းသဗျာ။
တခြားမေးခွန်းတွေမှာ ဗာရဏသီချဲ့ပြီး ဖြေပေမယ့်။ ဒီမေးခွန်းတော့ အတိုဆုံးဖြေသွားတယ်။
တစ်ဧက ကုန်ကျစရိတ် ကျပ် ၁၅၀၀၀၀ ကျော်ကုန်ကျနေချိန်မှာ စိုက်ပျိုးရေးဘဏ်က ထုတ်ချေးနိုင်တာက
တစ်ဧက ကျပ် ၂၀၀၀၀ တဲ့။ ဒါတောင် ၁၀ ဧကနဲ့အောက်ကိုပဲ ထုတ်ပေးနိုင်တာတဲ့။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ငွေကြေးပမာဏအရ လောလောဆယ်အားဖြင့် စိုက်စရိတ်တိုးမြှင့်ပေးနိုင်ခြင်း
မရှိဘူးလို့လည်း ဝန်ခံသွားသေးတယ်။
ဒါ့အပြင် “၁ - ၁၀ ၁၉၉၃ မှ ၂၈ - ၂ - ၂၀၁၁ ရက်နေ့အထိ ငွေစုစာရင်းဖွင့်သည့် တောင်သူဦးရေ ၂၉၃၈၉၆၅
ဦးရှိပြီး စုဆောင်းအပ်နှံငွေပေါင်း ကျပ်သန်း ၄၄၆၀၁ ဒသမ ၁၇ ဖြစ်ပါကြောင်း ၊ တောင်သူတစ်ချင်း ပျှမ်းမျှ
စုဆောင်းနိုင်မှုမှာ ၁၅၁၇၆ ကျပ်မျှသာရှိပါကြောင်း” ဆိုတဲ့အချက်ကလည်း တောင်သူလယ်သမားတွေဆင်းရဲ
နေတယ်ဆိုတာ အတိအလင်းဝန်ခံသွားတာပဲဗျ။
သတင်းစာတွေမှာ ဆည်ရေရလို့ ၂ သီး ၃ သီးစိုက်နိုင်ပြီး သွပ်မိုးပျဉ်ကာအိမ်မှာ တီဗွီနဲ့အောက်စက်နဲ့ နေနိုင်
နေပြီဆိုတဲ့ အစိုးရသတင်းစာဆောင်းပါးတွေ ထဲကအချက်တွေ လိမ်ညာဝါဒဖြန့်တဲ့အချက်တွေပဲပေါ့ဗျ။
ခက်တာက ပြန်လှန်မေးခွန်းထုတ်ခွင့်မရတာနဲ့ ပြန်လှန်မေးခွန်းထုတ်ခွင့် မပေးတာဘဲဗျ။
ဒီအခွင့်အရေးသာရှိရင် ကြည့်လို့ကောင်းမယ်။
(ကျနော်) “လွတ်ငြိမ်းချမ်းသာခွင့်/ အပစ်အခပ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေး/ စစ်ပြေးဒုက္ခသည်များ”အရေး
စတဲ့ ပြည်တွင်း ပြည်ပလူအများစိတ်ဝင်းစားတဲ့ မေးခွန်းတွေမေးသွားကြပါတယ်။ ဖြေသွားတဲ့အဖြေတွေကတော့
အများ ကမျှော်လင့်ထားကြသလို မဟုတ်ဘူးဗျ။
“လွတ်ငြိမ်းချမ်းသာခွင့်” နဲ့ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီး ဦးမောင်ဦး ပေးတဲ့အဖြေရဲ့အနှစ်သာရကတော့ဗျာ
ဒီနိုင်ငံရေးအကျဉ်းသားကိစ္စဟာ နိုင်ငံရေးပြဿနာမဟုတ်ဘူး။ အုပ်ချုပ်ရေးဆိုင်ရာပြဿနာဖြစ်လို့
ပြောသွားတာပဲ။
အပစ်အခပ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး/ စစ်ပြေးဒုက္ခသည်များ အရေး” နဲ့ပတ်သက်ပြီး စစ်အစိုးရ
ပြောခွင့်ရအဖွဲ့ခေါင်းဆောင် ဦးကျော်ဆန်းပေးတဲ့ အဖြေကလည်း ဖွင့်ပေးထားတဲ့တံခါးက ဝင်လာခဲ့ကြ/
အခြေခံဥပဒေနဲ့အညီ ဖြေရှင်းမယ်ဆိုတာပဲ။
သူလည်းဝန်ခံသွားတာ ၂ ချက်ရှိတယ်ဗျ။
“ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ လုံးဝချုပ်ငြိမ်းမရှိသေးဘူး” ဆိုတဲ့အချက်နဲ့
“ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခကြောင့် ထိခိုက်ခဲ့ရသည့် ပြည်သူအရေအတွက်ထဲ၌ ကရင်ပြည်နယ်က
ပြည်သူများအများစု ပါဝင်နေတယ်” ဆိုတဲ့ အချက်ပဲဖြစ်တယ်။
(မိတ်ဆွေ) ထူးထူးခြားခြား ကျနော်သတိပြုမိတဲ့ အချက်တစ်ချက်လည်းပြောရဦးမယ်။
အများသူငါလည်းမြင်ကြမယ်ထင် ပါရဲ့ဗျာ။
(ကျနော်) ဘာလဲဗျ။ ဆိုစမ်းပါဦး။
(မိတ်ဆွေ) ပြည်သူ့လွှတ်တော်နဲ့အမျိုးသားလွှတ်တော်တို့မှာပါဝင်နေတဲ့ကာကွယ်ရေးဦးစီးချုပ်ရဲ့လွှတ်တော်
ကိုယ်စားလှယ် တွေ ( ၁၁၀+၅၆ = ၁၆၆) ဟာ ကန့်ကွက်မဲပေးတာနဲ့ ထောက်ခံမဲပေးတာမှာ
အားတက်သရောရှိသလောက် တိုင်းပြည်နဲ့ ပြည်သူ့ရေးရာ ကိစ္စတွေမှာတော့ မေးခွန်းတစ်ခုမှမမေးသလို/
အဆိုတစ်ခုမှလည်းမတင်ပါလားဗျ။

(ကျနော်) သူတို့ကို ကာကွယ်ရေးဦးစီးချုပ်က မေးခွန်းမမေးရ/ အဆိုမတင်ရ လို့


အမိန့်ပေးထားတယ်ထင်တယ်။

ဒါမှမဟုတ် ပြည်သူ့လွှတ်တော်ဥက္ကဌ နဲ့ အမျိုးသားလွှတ်တော်ဥက္ကဌ တို့ အချက်ပြတဲ့ကိစ္စတွေကျတော့မှသာ


ကန့်ကွက်မဲနဲ့ ထောက်ခံမဲ ပေးကြရတာများလား မသိဘူးဗျ။

(မိတ်ဆွေ) အေးပေါ့ဗျာ။ သူတို့က အခြားသော ဂျင်းတဲလ်မင်းကိုယ်စားလှယ်တွေနဲ့


အမျိုးအစားမတူဘူးပေါ့ဗျာ။ ပေးတဲ့အမိန့်အတိုင်း နာခံဆောင်ရွက်ရတဲ့ ကိုယ်စားလှယ်တွေလေ။
အမျိုးသားလွှတ်တော်ဥက္ကဌဆိုသူက မှာလိုက်သေးတယ်။ လွှတ်တော်နားနေချိန်မှာ လေ့လာမှုတွေ
များများလုပ်ကြ တဲ့ဗျ။ ဒါကလည်း ကျုပ်တို့ရဲ့ ရွေးချယ်ခံကိုယ်စားလှယ်တော်ကြီးတွေကို
တမင်နှိပ်နှိပ်နင်းနင်းပြောလိုက်တာဗျ။

(ကျနော်) ဒါဆိုရင် ဒီနေ့တော့ ဒီလောက်ပဲ ရပ်ထားကြရအောင်ဗျာ။ ခင်ဗျား


မေ့ချင်ယောင်တော့မဆောင်နဲ့နော်။
“မေးတဲ့မေးခွန်းနဲ့ တင်ပြတဲ့အဆိုတွေဟာ ပြည်သူတွေရဲ့ လက်ငင်းအကျိုးစီးပွားနဲ့ ရေရှည်အကျိုးစီးပွားကို
ထင်ဟပ်နေမယ်။ ရှေ့ရှုနေမယ်၊ ဦးတည်နေမယ်၊ မျက်နှာမူနေမယ် ဆိုရင် အဲဒီမေးခွန်းတွေ၊ အဆိုတွေနဲ့
တင်ပြတဲ့ပါတီတွေ၊ လူပုဂ္ဂိုလ်တွေကို ကျနော့်အနေနဲ့ ကြိုဆိုတယ်၊ အားပေးတယ်” ဆိုတဲ့ ခင်ဗျား သဘောထား
က သိပ်စောလွန်းမနေဘူးလား” ဆိုတဲ့ မေးခွန်းကို ခင်ဗျားမဖြေသေးဘူး။
(မိတ်ဆွေ) ကျနော်မမေ့ပါဘူး။ ဒီမေးခွန်းကို ပြည်ထောင်စုလွှတ်တော်အစည်းအဝေးပြီးမှ ခင်ဗျားနဲ့ကျနော်
ဆက်ပြီး ဆွေးနွေးကြမယ်လေဗျာ။

သဘာဝဘေးဒုက္ခသည်များအား ကူညီရေး အင်န်အယ်ဒီပါတီ ဆောင်ရွက်


2011-03-29 RFA

NLD ပါတီအနေနဲ့ မြန်မာပြည်သူတွေ ရင်ဆိုင်နေရတဲ့ သဘာဝဘေးဒဏ်တွေ အတွက် ကူညီကယ်ဆယ်ရေး


လုပ်ငန်းတွေကို ဆက်တိုက် လုပ်ဆောင်လျက် ရှိတယ်လို့ ပါတီ တာဝန်ရှိသူတွေက RFA ကို မတ်လ ၂၉ ရက်
ဒီကနေ့ ပြောကြားပါတယ်။

အခုလပိုင်းအတွင်း မြန်မာနိုင်ငံမှာ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာတဲ့ သဘာဝ ဘေးဒဏ်တွေကြောင့်


အခက်အခဲမျိုးစုံ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံသားတွေအတွက် အကူအညီတွေ ပေးဖို့ ပါတီ ခေါင်းဆောင်တွေက
ဆုံးဖြတ်တာကြောင့် ဆက်တိုက် ဆောင်ရွက်နေတယ်လို့ NLD ပါတီ ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က
ပြောပါတယ်။

လတ်တလောအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တာဝန်ပေးချက်အရ ပြီးခဲ့တဲ့ မတ်လအလယ်က


ဧရာဝတီတိုင်းအတွင်း ပင်လယ်ပြင်မှာ လေပြင်း မုန်တိုင်း တိုက်ခိုက်မှုကြောင့် ပျောက်ဆုံးနေတဲ့ ရေလုပ်သားတွေ
အရေးကိုလည်း ဆောင်ရွက်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
“ဒီနေ့ကစပြီးတော့ ကျွန်တော်တို့ ဧရာဝတီတိုင်းဖက်က တိုင်းစည်းနဲ့ တာဝန်ရှိတဲ့သူတွေကို အဲဒီ ဒုက္ခသည်
သေဆုံး ပျောက်ဆုံးနေတဲ့ မိသားစုတွေပေါ့ဗျာ၊ အဲဒီက ရေလုပ်သားတွေရဲ့ မိသားစုတွေကို ကျွန်တော်တို့
ချိတ်ဆက်နေပါတယ်။ ချိတ်ဆက်ပြီးတော့ အခုဟာကတော့ ဖလထိပ်ကျွန်းတို့ ဘာတို့ကနေပြီးတော့
သေဆုံးတဲ့လူစာရင်း ၁၀ ယောက်လောက် ကျွန်တော်တို့ ရထားပြီ။”
ဒီလုပ်ငန်းအပြင် မုံရွာမီးဘေး ကယ်ဆယ်ရေး လုပ်ငန်းမှာ သူတို့ပါတီအနေနဲ့ တတ်နိုင်သလောက် ပါဝင်ခဲ့သလို
လောလောဆယ်မှာ ရှမ်းပြည်နယ်က ငလျင်ဘေးဒဏ်ခံ ပြည်သူတွေအတွက် အကူအညီပေးရေး လုပ်ငန်းတွေ
လုပ်ဆောင်လျက် ရှိတယ်လို့ သိရပါတယ်။

အမေရိကန် ပြည်ထောင်စုသို့ သွားမည့် မြန်မာ ဒုက္ခသည်များ ဆိုင်းငံ့ခံရ


2011-03-29 RFA

မလေးရှားနိုင်ငံကတဆင့် ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ဒုက္ခသည်တွေအဖြစ် အမေရိကန်


ပြည်ထောင်စုကို သွားရောက်မဲ့ ဒုက္ခသည် ၇၅၀ လောက်ကို အမေရိကန် အာဏာပိုင်တွေက လုံခြုံရေး
အကြောင်းပြချက်နဲ့ ပြန်လည်စိစစ်ဖို့ ဆိုင်းငံ့ထားတယ်လို့ သိရပါတယ်။

ဒီသတင်းးနဲ့ ပတ်သက်လို့ မလေးရှားအခြေစိုက် RARC ရိုဟင်ဂျာ ရခိုင်ဒုက္ခသည်များ ကော်မတီ အစီအစဉ်


ညှိနှိုင်းရေးမှူး Mohammed Sadek က ခုလိုပြောပါတယ်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ သိလာတာက ပြီးခဲ့တဲ့ ဒီလ ၇ ရက်နေ့တုန်းက စပြီးတော့ ဒီလိုမျိုး


ကျပ်ထားတယ်ဆိုတာမျိုး ကျွန်တော်တို့ သိရှိရပါတယ်။ ဒီကြားကာလမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့
ကျွန်တော်တို့ စုံစမ်းလိုက်တဲ့ အချိန်မှာ UNHCR က ဖျက်တာ မဟုတ်ပါ၊ အမေရိကန်နိုင်ငံ Department of
Homeland Security ကနေ သူတို့က ဗြုံးကနဲနဲ့ စာဝင်လာတယ်၊ ဒီလူတွေကို ပြန်လည် စစ်ဆေးရမယ်ဆိုပြီး
ပြောခဲ့တယ်လို့ UNHCR ဖက်က ကျွန်တော်တို့ကို ပြောခဲ့တာ ရှိပါတယ်။”

“ဘယ်လို စာရင်းပေးထားလဲ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့က အသေအချာ မသိပါ။ ဒါပေမဲ့


မလေးရှားနိုင်ငံ ၇၅၀ လောက် ရှိတယ်ဆိုပြီးတော့ ကျွန်တော်တို့ သိရှိရပါတယ်။ ၇၅၀ ဒီလူတွေကို ပြန်လည်
စစ်ဆေးပြီးတော့ အမေရိကန် ဝင်ခွင့်ပေးမယ် ဆိုပြီးတော့ ပြောထားတယ်လို့ ကျွန်တော် သိရပါတယ်။”

အလားတူ ထိုင်းနိုင်ငံက ရောက်ရှိလာတဲ့ ဒုက္ခသည် ရှစ်ရာကျော်ရဲ့ စာရင်းကိုလည်း အမေရိကန် ပြည်တွင်း


လုံခြုံရေးဝန်ကြီး ဌာနကပဲ ထိုင်းနိုင်ငံကို စိစစ်ပေးဖို့ ပြန်ပို့ထားတယ်လို့ Mr Sadek က ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ မလေးရှား နိုင်ငံရောက် ကရင် တိုင်းရင်းသားအဖွဲ့ ဥက္ကဋ္ဌ မန်းစိန်သန်းကလည်း


ခုလိုပြောပါတယ်။

“UNHCR က ဒီ ဒုက္ခသည်နဲ့ ပတ်သက်လို့ သူတို့ ပြန်ပြီးတော့ တချို့ register ရထားတဲ့လူ၊ ထွက်ခါနီးလူပေါ့နော်၊


အဲဒါတွေကို သူတို့ ပြန်ပြီးတော့ postpone လုပ်တယ်ပေါ့နော်။ တွေ့လိုက်တယ်။ ဥပမာပေါ့၊ ကားပေါ်တက်ခါနီး၊
လေယာဉ်ပေါ် တက်ခါနီး အဲလိုမျိုးမှာ ဖြစ်သွားတယ်၊ ၄-၅ ယောက်လောက်ပေါ့နော်။
ဘာအကျိုးအကြောင်းမှလည်း မသိရဘူးပေါ့နော်။ ကျွန်တော်တို့လည်း စုံစမ်းကြည့်တာပေါ့နော်။ စုံစမ်း
ကြည့်တဲ့အခါကျတော့ တချို့က ဒီ case တွေက မခိုင်လုံဘူး ဆိုတာတို့၊ နောက်ပြီးတော့ ပြန်ပြီးမှ စစ်ဆေးမယ်လို့
အဲလိုမျိုး ကြားတယ်ပေါ့နော်။ ကျွန်တော်တို့လည်း စုံစမ်းနေဆဲပါပဲ။ တိတိကျကျ ဘာများ ဖြစ်မလဲလို့။
နောက်ပြီးတော့ ကျွန်တော်တို့ ဒီ တိုင်းရင်းသားအဖွဲ့တွေက နေပြီးတော့လည်း UN ကို မေးထားတယ်လေ။”
အခုလို စာရင်းတွေ ပြန်ပို့ပြီး ပြန်လည်စိစစ်မှုတွေ လုပ်နေတာကြောင့် UNHCR က အသိအမှတ်ပြုပြီး
အမေရိကန်ကို ထွက်ခွာဖို့ နီးကပ်လာချိန်မှာ ဆိုင်းငံ့ခံလိုက်ရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အမေရိကန်နိုင်ငံက လွဲပြီး
တခြား တတိယနိုင်ငံတွေကို ထွက်ခွာတဲ့ ဒုက္ခသည်တွေအနေနဲ့တော့ အခုလို ပြဿနာမျိုး ပေါ်ပေါက်ခြင်း
မရှိဘူးလို့ သိရှိရပါတယ်။

သံဃာ့တပ်ပေါင်းစုမှ ရဟန်းတော်များ နယ်သာလင် အစိုးရ အရာရှိကြီးများနှင့်ဆွေးနွေး


2011-03-29 RFA

သံဃာ့ တပ်ပေါင်းစု ကိုယ်စားလှယ် ရဟန်းတော်များဖြစ်ကြတဲ့ ဂျာမနီနိုင်ငံ အခြေစိုက် အရှင်သောပါကနဲ့


ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် အရှင် ကောဝိဒ တို့ဟာ ဒီကနေ့ မတ်လ ၂၉ ရက် နံနက် ဆယ်နာရီ က Hague
(ဟိတ်) မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးရုံးမှာ နယ်သာလင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိ ကြီးများနဲ့ မြန်မာ့
အရေးကိစ္စတွေ တနာရီခွဲကြာ ဆွေးနွေးခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

အဲဒီလို တွေ့ဆုံရာမှာ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အရှင်သောပါကက ခုလို


ပြောပြပါတယ်။

“ဦးဇင်းတို့ အဓိက တင်ပြတာကတော့ ဒီ ပင်လုံညီလာခံကို ဝိုင်းပြီးတော့ နိုင်ငံတကာအနေနဲ့ ထောက်ခံပေးဖို့၊


ပင်လုံညီလာခံ အကြောင်း ပြောတဲ့အခါကျတော့ တော်တော်လေး သူတို့ စိတ်ဝင်စားတယ်။ အဲဒါကို သူတို့
အီးယူမှာလည်း ဒီကိစ္စကို အဓိက ပြောမယ်ဆိုပြီးတော့ သူတို့ ပြောတာ ရှိတယ်။ နောက်ပြီးတော့ ဒီ နိုင်ငံရေး
အကျဉ်းသားတွေ လွှတ်ပေးဖို့ ကိစ္စကိုလည်း ဦးဇင်းက အဲဒါလည်း ပြောတယ်ပေါ့။”

ရွှေဝါရောင်တော်လှန်ရေး အတွင်း ဖမ်းဆီးခံရတဲ့ သံဃာတော်တွေ ပြန်မလွှတ်သေးတဲ့ ကိစ္စ ၊ စီးပွားရေးပိတ်ဆို့


အရေးယူမှုတွေ ဆက်လက် ထားရှိရေး ကိစ္စတွေလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

နယ်သာလင်နိုင်ငံ အရာရှိကြီးများရဲ့ ပြန်လည် ဆွေးနွေးချက်ကိုလည်း အရှင်ကောဝိဒက အခုလို ရှင်းပြပါတယ်။

“Sanction လို့ ခေါ်တဲ့ စီးပွားရေး ပိတ်ဆို့မှုကိုကျတော့ သူတို့ ဆက်ပြီးတော့ ထားမယ်ဆိုတဲ့အကြောင်း၊


စီးပွားရေး ပိတ်ဆို့မှုဟာ လိုအပ်နေသေးတယ် ဆိုတဲ့အကြောင်း သူတို့ ပြောတယ်။ ပြောပြနိုင်တဲ့ဖက်က
အားလုံးကို အတွင်းအပြင် အားလုံး အတိုက်အခံတွေနဲ့ရော နအဖနဲ့ရော အကုန်လုံး သူတို့ ဒီမိုကရေစီ
ရရှိရေးအတွက် နည်းလမ်းပေါင်းစုံကနေပြီးတော့ သူတို့ တတ်နိုင်သရွေ့ ကြိုးစားပါမယ် ဆိုတဲ့အကြောင်း သူတို့
ပြောတယ်။”
အဲဒီဆွေးနွေးပွဲကို နယ်သာလင်နိုင်ငံဖက်က လူ့အခွင့်အရေးဌာန အကြီးအကဲ Mr. Lionel Veer နဲ့ မူဝါဒ ရေးရာ
အကြီးတန်းအရာရှိ Miss Monique Muller van Leenen တို့ တက်ရောက်ခဲ့ပြီး မြန်မာ ရဟန်းတော်များနဲ့အတူ
မြန့်မာ့အရေး လှုပ်ရှားသူ နယ်သာလင်နိုင်ငံသူ Miss Elke Kuijper လည်း တက်ရောက်ခဲ့တယ်လို့ သိရှိရပါတယ်။

မြစ်ဆုံစီမံကိန်းအတွက် ဒေသခံကျေးရွာများ ပြောင်းရွှေ့ရမည်


2011-03-29 RFA

ဧရာဝတီမြစ်ဆုံနဲ့ အထက်ဖက် မေခ၊ မေလိခ မြစ်ဝှမ်းမှာ ရေအားလျှပ်စစ်စီမံကိန်း ၈ ခုကို ဆက်တိုက်


ဆောက်လုပ်မှာ ဖြစ်တဲ့အတွက် မြစ်ဆုံအနားတဝိုက်က ကျေးရွာတွေသာမက ဧရာဝတီမြစ်ဆုံ အထက်ဖက်
ရေဝပ်ဒေသက ကျေးရွာတွေကိုပါ မြန်မာ စစ်အာဏာပိုင်တွေက ဆက်လက် ပြောင်းရွှေ့ဖို့ စီစဉ်နေပြီလို့
သိရပါတယ်။
စစ်အစိုးရဟာ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း အပါအဝင် ချီဖွေ၊ ချီဖွေငယ်၊ ဝူဆောက်၊ ခေါင်လန်ဖူး။ ယီနန်၊
ဖီဇော၊ လိုင်ဇာ စတဲ့ ရေအား လျှပ်စစ်စီမံကိန်းတွေကို ၂၀၁၉ ခုနှစ်အပြီး ဆက်တိုက် တည်ဆောက်သွားမှာ
ဖြစ်တဲ့အတွက် မြစ်ဆုံအထက်ဖက်က ကျေးရွာတွေပါ ဆက်လက် ပြောင်းရွှေ့ရမယ်လို့ နေပြည်တော်မှာ
ကျင်းပနေတဲ့ လွှတ်တော်အစည်းအဝေးမှာလည်း အမှတ် (၂) လျှပ်စစ်စွမ်းအား ဝန်ကြီး ဦးဇော်မင်းက
ပြောပါတယ်။

မြန်မာစစ်အစိုးရနဲ့ တရုတ်အစိုးရနဲ့ ပူးပေါင်း လုပ်ကိုင်နေတဲ့ အဲဒီ ရေအား လျှပ်စစ်စီမံကိန်းကြောင့် မှီခို


နေထိုင်သူတွေသာမက ဧရာဝတီမြစ်ရဲ့ နေရာတော်တော်များများဟာ သဘာဝဝန်းကျင် ပျက်စီးမှုတွေ ရှိနေပြီလို့
အဲဒီဒေသကို မကြာသေးခင်က သွားရောက်ခဲ့တဲ့ သဘာဝ ဝန်းကျင် ထိန်းသိမ်းရေး သမားတဦးက ပြောပါတယ်။

“ဟိုဖက်မှာတော့ စဆောက်နေပြီပေါ့ဗျာ။ စဆောက်နေတော့ ရေကို သူတို့ သိုလှောင်တဲ့အဆင့်


မရောက်သေးဘူး။ အကယ်၍များ ရေသိုလှောင်တဲ့အဆင့် ရောက်ပြီဆိုရင် ဒီ့ထက် ပိုပြီး စိုးရိမ်ဖွယ်ရာ
ဖြစ်လာတဲ့ဟာ ရှိတာပေါ့ဗျာ။ ရေမြောင်း စီးဆင်းမှုအနေနဲ့ မူလအနေအထားထက် အနည်းငယ်တော့
အပြောင်းအလဲ ဖြစ်တယ်။ အပြောင်းအလဲ ဖြစ်တဲ့အခါမှာ ခုန နှုံးပို့ချမှုနဲ့ သောင်ထွန်းမှုက အရင်ကထက်
ပိုလာနိုင်တယ်။ အဲဒီ ပြဿနာလည်း ဖြစ်တယ်။”

လက်ရှိ လောလောဆယ်မှာ မြစ်ဆုံစီမံကိန်းနဲ့ မလွတ်ကင်းတဲ့ မြစ်ဆုံတဝိုက်က တန်ဖဲ၊ ကျိန်ခရမ်၊ မြစ်ဆုံ၊


အောင်ဂျာယန်၊ ဒေါင်ပန်ရွာတွေက စုစုပေါင်း အိမ်ထောင်စု၄၁၀ က လူဦးရေ နှစ်ထောင်ကျော်ကို
အာဏာပိုင်တွေက နေရာပြောင်းရွှေ့ထားပြီးပြီ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၏ လက်မှတ်ဖြင့်စာ အစစ်မဟုတ်ကြောင်း NLD ငြင်းဆို


2011-03-29 RFA

ဧရာဝတီသို့ အိတ်ဖွင့်ပေးစာ ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်မှတ်နဲ့ အင်တာနက် အီးမေးလ်တွေကတဆင့်


ဖြန့်ဝေနေတဲ့ စာဟာ၊ အစစ်မဟုတ် အတုဖြစ်တယ်လို့ NLD က ဒီကနေ့ မတ်လ ၂၉ ရက်မှာ
ငြင်းဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံအခြေစိုက် ဧရာဝတီသတင်းဌာန အပေါ် ဝေဖန် ပြောဆိုထားတဲ့ ဟန်မျိုး


ရေးသားပြီး မတ်လ ၁၃ ရက်နေ့စွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် ထိုးမြဲလက်မှတ်နဲ့ စာတစောင် ပြီးခဲ့တဲ့
ရက်ပိုင်းတွေထဲမှာ အီးမေးလ်တွေကနေတဆင့် ပြည်တွင်း ပြည်ပ မြန်မာတွေကြားမှာ ပျံ့နှံ့ ခဲ့ပါတယ်။

ဒါ့အပြင် အဲဒီစာကို ရန်ကုန်မြို့အခြေစိုက် NLD ရုံးချုပ်ကနေ ထိုင်းနိုင်ငံ အခြေစိုက် မြန်မာသတင်းသမဂ္ဂ ဒုတိယ


ဥက္ကဋ္ဌ ဦးဇင်လင်းကနေတဆင့် ဖြန့်ဝေပေးဖို့ ရေးသားပေးပို့တဲ့ဟန်နဲ့ ဖြန့်ဝေနေတာပါ။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ စစ်အစိုးရက တရားဝင် ရပ်တည်ခွင့်မပြုတော့ပေမဲ့ ဆက်လက်


ရပ်တည်နေသလို လူထုအကျိုးပြု လုပ်ငန်းတွေနဲ့ ဒီမိုကရေစီရေးကို ဆက်လက်ဆောင်ရွက်နေတဲ့ အတွက်
အဖက်ဖက်ကနေ ထိုးနှက်လာနိုင်တဲ့အခြေအနေပေါ်မှာလည်း မျက်ခြေမပြတ်ဘူးလို့ ဆိုပါတယ်။

ဒီမိုကရေစီနဲ့ စည်းလုံးညီညွတ်ရေးကို ထိခိုက်စေမဲ့ NLD နဲ့ ပြည်သူလူထုအကြား၊ သတင်းဌာနတွေအကြားမှာ


ထင်ယောင်ထင်မှားဖြစ်အောင် နှောင့်ယှက်မှုတွေ တွေ့ရှိခဲ့လာရင် NLD သတင်းနဲ့ ပြန်ကြားရေးကို တရားဝင်
မေးမြန်းနိုင်ကြသလို၊ ပြန်ကြားရေးဌာနကလည်း အမှန်အတိုင်း ဖြစ်အောင် ဆောင်ရွက်သွားမယ်လို့
ဦးအုန်းကြိုင်က ပြောပါတယ်။

နောက်ဆုံး ဖတ်ဖို့ ရယ်ဖို့

ဒေါ်အောင်ဆန်းစုကြည်ရေးလိုက်တဲ့စာ ဧရာဝတီ ကောင်းမွန်စွာ ရရှိ


သရော်စာ ဧရာဝ
ဧရာဝတီ Blog

ဧရာဝတီကို စာတစောင် ရောက်လာပါတယ်။ ဟုတ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရေးလိုက်တာပါ။

စာက ခက်ခက်ခဲခဲ ရောက်လာတာပါ။ ဘာကြောင့် အီးမေးလ် မပို့သလဲ? သူ့မှာ အင်တာနှေး ရှိနေပြီ


မဟုတ်လား? လို့ မေးစရာပါ။ အင်တာနှေးက အင်တာပျက် ဖြစ်သွားလို့
လှေကြီးထိုးထိုးရိုးရိုးဆက်သွယ်ရေးအတိုင်း စာပို့လိုက်ခြင်းပါ ဆိုပဲ။ စာတိုက်ကပို့ရင် စိတ်မချလို့ လူလွှတ်ပြီး
ပို့ရခြင်းပါ တဲ့။

စာက ဘယ်လိုခက်ခက်ခဲခဲ ရောက်လာသလဲ ဆိုတော့ -

စာယူလာသူက ပထမတော့ မြ၀တီ-မဲဆောက်လမ်းကနေ ဧရာဝတီရုံးကို လာဖို့ စီစဉ်တယ်၊ ဒါပေမယ့်


ကရင်ဒေသမှာ တိုက်ပွဲတွေဖြစ်နေတော့ လမ်းကြောင်း ပြောင်းလိုက်တယ်၊ ရှမ်းပြည်ဘက်က သွားမယ်ပေါ့လေ။

သွားရော ရှမ်းပြည်ဘက်ကနေ။ ကံဆိုးချင်တော့ သူ ကျိုင်းတုံက အထွက်မှာ ငလျင်လှုပ်တဲ့ရက်နဲ့ သွားတိုးတယ်။


ဒါကြောင့် နယ်စပ်ကို ချက်ချင်း ဖြတ်လို့ မရဘူး၊ ငလျင်ကြောင့် ကားလမ်းတွေလည်း ပိတ်သွားတယ်မဟုတ်လား။

ဒါကြောင့် ပြောတာပေါ့၊ စာက ခက်ခက်ခဲခဲ ရောက်လာတာပါ ဆိုမှ။

ဒေါ်အောင်ဆန်းစုကြည်က အခုလို စာရေးလာတယ်၊ ဧရာဝတီကို စာရေးတယ် ဆိုတဲ့ သတင်းကို "နိုင်ငံတော်"


က သဲ့သဲ့ ကြားသွားတယ်။ ဟုတ်ပါတယ်၊ တာဝန်သိလုပ်သားပြည်သူတဦးဆီကနေ ကြားသွားတာပါ။ ဒီတော့
အဲဒီစာယူလာသူကို အသေရရ အရှင်ရရ ဖမ်းပြီး စာကို နေပြည်တော် ပို့ဖို့ အသည်းအသန် လုပ်ကြတယ်။

အဲဒီလူကို ကျိုင်းတုံကအထွက် ၅ မိုင်အကွာမှာ လိုက်လို့မှီသွားတယ်။ အဲဒီအချိန်မှာ ငလျင်လှုပ်တယ်။


အကြီးအကျယ်ပဲ။ ဓာတ်ပုံတွေ တွေ့မှာပေါ့။ တံတားတွေပျက်စီး၊ ကတ္တရာလမ်းမကြီးတွေ ဟက်တက်ကွဲ။

အဲဒီလူနောက်က လိုက်လာတဲ့ဆရာတွေခမျာ ကံမကောင်းရှာဘူး၊ ဟက်တက်ကွဲတဲ့ ကားလမ်းမထဲ


ပြုတ်ကျကြတယ်။ အင်တာနက်မှာ တက်လာတဲ့ ပုံတွေထဲမှာ တွေ့လိမ့်မယ်၊ လူတချို့ ကားလမ်းမအကွဲထဲ
ငုံ့ကြည့်နေကြတာ။ အင်း - ဟုတ်တယ်၊ အဲဒီလူတွေ ခုချိန်ထိ ပြန်ပေါ်မလာဘူးလို့ ဆိုတယ်။

နောက်ဆုံးတော့ စာက ဧရာဝတီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတယ်။

စာကိုရော လူကိုရော မမိလိုက်ဘူး ဆိုတဲ့ သတင်းက နေပြည်တော်ကို ရောက်သွားတယ်။ နေပြည်တော်က


ပုခုံးရွှေရောင်တောက်နေသူတွေ ဒေါသောင်းကျန်းသူထပါလေရော။
ဒါပေမယ့် သူတို့ကို ပြန်ကြားရေးဝန်ကြီးက ပြောတယ် - မပူနဲ့ ကျနော်မျိုးကြီးမှာ အိုင်ဒီယာတခု ရှိတယ်ပေါ့လေ။

ဒီလိုနဲ့ သူ့အိုင်ဒီယာကို အကောင်အထည် ဖော်လိုက်တာ ဒေါ်အောင်ဆန်းစုကြည်ရေးတယ်


ဧရာဝတီကငနဲတွေအတွက် ဆိုတဲ့ စာတစောင်က အင်တာနက်မှာ ပွစိတက်သွားတယ်။

အဲဒီအချိန်မှာပဲ စာအစစ်က ဂုမ္ဘာန်တထောင် နဲ့ လွယ်မွေငလျင်တွေ တားထားတဲ့ကြားထဲက နယ်စပ်ကို


ဖြတ်လာတာပေါ့။

စာကို စကင်ဖတ်ပြီး တင်ပေးလိုက်ပါတယ်၊ ဖတ်ပေတော့ ဧရာဝတီ ပရိသတ်များ။

ဘာမှ ရေးမထားဘူး?
အင်း - အဲဒီလို ထင်စရာပဲ၊ ဒါပေမယ့် ဘာမှ ရေးမထားတဲ့စာကို ဒေါ်အောင်ဆန်းစုကြည်က ပို့ပါ့မလား။

ဒေါ်အောင်ဆန်းစုကြည်က အဲဒီစာကို လျှို့ဝှက်မင်နဲ့ ရေးလိုက်တာပါ။ ဒါကြောင့် ရေစိမ်ပြီးဖတ်မှ စာလုံးတွေ


ပေါ်လာပါလိမ့်မယ်။

ဘာတွေရေးထားလဲ သိချင်ရင် ပရင့်အောက်၊ ရေနည်းနည်းစိမ်ပြီး ဖတ်ပါလေ။ ။

Email This BlogThis! Share to Twitter Share to Facebook Share to Google Buzz
19 comments:

Anonymous said...
ဒီလိုရောချတဲ့ ပိုစ့်မျိုးတွေ မတင်ပါနဲ့ဗျာ ပေါတောတောနဲ့
March 27, 2011 2:39 AM

Anonymous said...
ပေါတောတောစာတွေ မတင်သင့်ကြောင်းပြောချင်ပါတယ်
ဒီ ဘလော့ဂ်ကို တန်ဖိုးထားပြီး ဖတ်နေလို့ပါ
ပဟေလိဆိုတာကြီးလည်း တော်တော် တန်ဖိုးမဲ့တယ်လို့ ခံစားရပါတယ်
March 27, 2011 10:54 AM

Anonymous said...
မကြိုက်တာ ဘာမှ မသိလို့ ဖြစ်ပါလိမ့်မယ်။
ဧရာဝတီသို့ ဒေါ်စုပေးစာဆိုပြီး အင်ကြီး ထွက်နေတယ်။ ဒါကို ပြန်ရိထားတာ။
ကျနော်ကတော့ ကြိုက်ပါတယ်။ အတည်အခန့်ပြန်ရေးရင် အရေးတယူ ရှိနေဦးမယ်။ ခုတော့ မှတ်ဟပေါ့ ....
March 27, 2011 11:30 AM
Anonymous said...
I dont think you guys should post such a cheap post. should act professionally.
regards
PuTu Sydney
March 27, 2011 11:56 AM
Anonymous said...
... how nice your " satire " is ..Lol
March 27, 2011 12:01 PM
yangonthu said...

ဗိုလ်ကျော်ဆန်း ဖန်တီးတဲ့စာလေ ဟိဟိ သွားဖတ်ကြည့် ပြီး၇င် ဒီသေ၇ာ်စာ ပြန်ဖတ် -


http://1.bp.blogspot.com/-
AyAZFxL5Jx0/TY7LcP2shUI/AAAAAAAAACk/sdDlfCUhl0M/s1600/189947_190781350959706_1693
98673097974_394183_3717333_n.jpg
March 27, 2011 12:33 PM
Anonymous said...
yangonthu... အဲဒီစာကိုလည်း ကျော်ဆန်းဖန်တီးထားတာပါလို့ ဘယ်လို သက်သေအထောက်အထားတွေ
ရှိလို့ယုံရမှာလဲ။
March 27, 2011 1:28 PM
A-bomb said...
အပေါ်ကပုဂ္ဂိုလ်ခင်ဗျား မီဒီယာသမားတွေက ခိုင်လုံတဲ့သတင်းလား ထွင်လုံးလားဆိုတာ ခွဲခြားသိနိုင်ပါတယ်။
အကယ်၍ အဲဒီစာက ဒေါ်စုဆီကသာလာမယ်ဆိုရင် NLDဝက်ဘ်ဆိုက်မှာ တရားဝင်ထုတ်ပြန်ထားမှာဖြစ်ပါတယ်။
အခုသွားကြည့်ကြည့်ပါ http://burmese.nldburma.org/
March 27, 2011 4:30 PM
Anonymous said...
အင်း အစက Irrawaddy website အတိုက်ခံရတာလိမ်တယ်လို့ထင်တာ ခုတော့တကယ်ပေါ့.
ဇတ်လမ်းအဆက်နဲ့များဖန်တီးနေ မလား???
လုပ်ကြံသူများ မပိရိလိုက်တာနော်
March 27, 2011 7:33 PM
Arakanmin said...

please do not use Daw Aung San Su Kyi's name in this kind of article.People might think it is
real and and scroll down the page like me.After that it is like a joke.Please be careful you guys
are not funny comedy writer.

please make sure Ayarwaddy post this comment because I had posted 2 comment about
irrawaddy articles but never been appeared on your web page.
March 27, 2011 8:10 PM
Anonymous said...
no value & outside acceptable standard, should reject this
March 27, 2011 9:08 PM
Aung said...

အဟိ-- ဟိဟိ-- ဟိဟိဟိ--- ဟဟ--- ဟားဟားဟား ဟား


March 27, 2011 10:46 PM
Anonymous said...
Hi guys! can't u see the label? it says "Labels: Satire, သရော်စာ"
I thik, Daw Suu will laugh after reading this post.
KKA
March 27, 2011 10:48 PM
Shanghtin said...
come on guys this is blog should be fun and get some knowledge who are serious reader go
.com/org that official site. i like this kind of post anyway enjoy reading irrawaddy site and blog...
March 27, 2011 10:50 PM
Anonymous said...
ရှင်းလိုက်တာ ကောင်းပါတယ်လေ၊ http://myanmarexpress.blogspot.com/2011/03/blog-
post_25.html
အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည် ရေးတယ်ဆိုတဲ့စာကို သွားကြည့်လိုက်ကြပါ၊ ဒေါ်အောင်ဆန်းစုကြည်
လက်မှတ်နဲ့ စာရေးထားတဲ့ နောက်ခံ အရောင်ကို သေသေချာချာလေး ဂရုစိုက်ကြည့်ရင် အဖြေပေါ်လာပါမယ်။
အင်တာနက်ပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်မှတ်တွေ ဘယ်နေရာကနေ ဖြတ်ယူ ဖြတ်ယူ ရနေတာပဲ
မဟုတ်ပါလား။
March 28, 2011 12:50 AM
myo myint said...
သူငယ်ချင်းတို့ရာ သရော်စာလို့သဘောထားပြီးဖတ်လိုက်ပေါ့...သဗေသတ္တာကာမသကာပေါ့ဗျာ...
March 28, 2011 4:35 AM
Anonymous said...
ဖတ်လို့တ၀က်မရှိခင် သရော်ပြီ
ဆိုတာသိသာတာဘဲလေ။ မသိကြတာ ကတော့ စာကိုစာလိုမဖတ်ဘဲ သတင်းလိုဖတ်ကြတဲ့
အုပ်စုထဲရောက်သွားလို့ပါ။ ဧရာဝတီ ဘလော့ဂ် ကစာစုံတင်ပါတယ်လို့
ဘယ်လိုပင်ဆိုငြား အများအမြင်နဲ့ ခံစားမှု ဖီလင်ကတော့ သတင်း ၀က်ဘ်ဆိုဒ်
တခုအနေနဲ့ အသိအမှတ်ပြုထားကြပြီး ဖြစ်နေလို့လဲ ခုလိုဖြစ်ကုန်တာပါ။
ကော်မန့်တွေအစုံဖတ်ကြည့်တော့ သိတဲ့သူတွေ ကလဲ အသေအချာကိုသိနေကြတာ..
နှစ်သက်ကြတာ တွေ့ရတာမို့ "သရော်စာ" လို့ ခေါင်းစဉ်တပ်လိုက်ရင်
အရသာပျက်သွားမှာမို့ ဒီအတိုင်းဘဲကောင်းပါတယ်လေ..။ ဆက်ရေးပါ.. ဆဲလိုသူကဆဲ
နှစ်သက်စွာရယ်လိုသူကရယ် ..လူ့သဘောအတိုင်းပေါ့....။
March 28, 2011 10:04 AM
Nanda said...

The best satiric response to the Junta thugs' ridiculous and fraudulent letter being accused as
written by DASSK.
Those who disapprove this post maybe because they know neither the true story nor are lack
of humor to brush off this kind of ridiculous accusations.
March 28, 2011 10:52 AM
Anonymous said...

waste of time, I only know this at the end of the post. such as waste of time.

ပြီးဘီ The End

You might also like