Download as pdf or txt
Download as pdf or txt
You are on page 1of 49

rsmw

0
ယဉ်ကျေးလိမ္မာနီတိကဗျာ

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ၊ သံဃံသရဏံ ဂစ္ဆာမိ

ဘုရားကိုတဲ့ ကိုးကွယ်ရာမှန်၊ ဗုဒ္ဓံသရဏံ ၊ ယုံကြည်စိတ်သန် ဦးညွတ်တွား၊


ဂစ္ဆာမိပါဘုရား၊
တရားကိုတဲ့ ကိုးကွယ်ရာမှန်၊ ဓမ္မံသရဏံ ၊ ယုံကြည်စိတ်သန် ဦးညွတ်တွား၊
ဂစ္ဆာမိပါဘုရား၊
သံဃာကိုတဲ့ ကိုးကွယ်ရာမှန်၊ သံဃံသရဏံ ၊ ယုံကြည်စိတ်သန် ဦးညွတ်တွား၊
ဂစ္ဆာမိပါဘုရား၊

အနန္တငါးဖြာ ပူဇော်ပါ
၁။ ဗုဒ္ဓံ မြတ်စွာဘုရားကို၊ ပူဇေမိ၊ ပူဇော်ပါဧ။် ဘုရား။
၂။ ဓမ္မံ တရားတော်မြတ်ကို ၊ ပူဇေမိ၊ ပူဇော်ပါဧ။် ဘုရား။
၃။ သံဃံ သံဃာတော်မြတ်ကို၊ ပူဇေမိ၊ ပူဇော်ပါဧ။် ဘုရား။
၎။ မာတာပိတူနံ မိဘနှစ်ပါးကို၊ ပူဇေမိ၊ ပူဇော်ပါဧ။် ဘုရား။
၅။ အာစရိယာနံ ဆရာသမားတို့ ကို၊ ပူဇေမိ၊ ပူဇော်ပါဧ။် ဘုရား။

ရတနာအမည် တွင်ပုံ
ရတနာသည် စိတ်ကို ရွှင်လန်းဝမ်းမြောက်စေတတ်ဧ။်။ ရှားပါး၍ အဖိုးထိုက်
တန်ဧ။်။ နှစ်သက် မြတ်နိုးဖွယ် လည်း ဖြစ်ဧ။်။
စိန်ရွှေငွေပတ္တမြားမြပုလဲ စသည်တို့ သည် လောကီ ရတနာများဖြစ်ကြဧ။်။
သားသမီး၊မြေးမြစ်၊ ဆင်မြင်း စသည်တို့ ကိုလည်း လောကီ ရတနာများဟု ခေါ်ဧ။်။

1
ယဉ်ကျေးလိမ္မာနီတိကဗျာ

ဘုရား၊ တရား၊ သံဃာ (ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ) တို့ ကို လောကုတ္တရာ ရတနာ
များဟု ခေါ်ဧ။်။

ဘုရားဂုဏ်တော် (၉) ပါး

ဣတိပိ သော ဘ၀ဂါ - အရဟံ၊ သမ္မာသမ္ဗုဒ္ဓေါ၊ ၀ိဇ္ဇာစရဏ သမ္ပန္နော၊ သုဂတော၊


လောက၀ိဒူ၊အနုတ္တရော ပုရိသ ဒမ္မသာရထိ၊ သတ္တာဒေ၀ မနုဿာနံ၊ ဗုဒ္ဓေါ၊ ဘဂ၀ါ။

၁။ အရဟံ
ကိလေသာ အညစ်အကြေးတို့ မှ ကင်းဝေးစင်ကြယ်တော်မူသော
မြတ်စွာဘုရား။
၂။ သမ္မာသမ္ဗုဒ္ဓေါ
သိစရာမှန်သမျှ တစမကျန်သယမ္ဘူဥာဏ်ဖြင့် အမှန်အတိုင်းသိတော်မူသော
မြတ်စွာဘုရား။
၃။ ၀ိဇ္ဇာစရဏ သမ္ပန္နော
အသိတရား၊ အကျင့်တရားတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား၊ (၀ါ)
ဝိဇ္ဇာသုံးပါး၊ ၀ိဇ္ဇာရှစ်ပါး၊ စရဏတရား၊ တဆယ့်ငါးပါးတို့နှင့် ပြည့်စုံတော်မူသော
မြတ်စွာဘုရား။
၎။ သုဂတော
ကျိုးရှိ ဟုတ်မှန် နှစ်တန်သောစကားကိုသာ မိန့် ကြားတော်မူတတ်သော
မြတ်စွာဘုရား။ (၀ါ) ကျိုးရှိဟုတ်မှန် သူခံသာသော စကားနှင့် ကျိုးရှိ ဟုတ်မှန် သူမခံ
သာသောစကား ဤနှစ်ပါးကိုသာ မိန့် ကြားတော်မူတတ်သော မြတ်စွာဘုရား။
၅။ လောက၀ိဒူ
သတ္တလောက၊ သခါင်္ရလောက၊ သြကာသလောကတည်းဟူသော လောက
သုံးခွင်ကို အကုန်အစင်သိမြင်တော်မူသော မြတ်စွာဘုရား။

2
ယဉ်ကျေးလိမ္မာနီတိကဗျာ

၆။ အနုတ္တရော ပုရိသ ဒမ္မသာရထိ


မယဉ်ကျေးကြငှား သတ္တ၀ါများကို ယဉ်ပါးလေအောင် သွေးဆောင် ဆုံးမ
ရာခြင်း၌ တုဘက်ကင်းတော်မူသော မြတ်စွာဘုရား။
၇။ သတ္တာဒေ၀ မနုဿာနံ
လူ၊နတ်၊ဗြဟ္မာသတ္တ၀ါတို့၏ ဆရာတဆူအစစ်ဖြစ်တော်မူသော မြတ်စွာ
ဘုရား။
၈။ ဗုဒ္ဓေါ
သစ္စာလေးပါးအမှန်တရားကို ပိုင်းခြားထင်ထင် သိမြင်တော်မူသော မြတ်စွာ
ဘုရား၊(၀ါ) သစ္စာလေးအင် ကိုယ်တိုင်မြင်၍ များဖြစ်ဝေနေ တပည့်တွေကို လည်း
သိစေတော်မူအပ်သော မြတ်စွာဘုရား။
၉။ ဘဂ၀ါ
ဣဿရိယ စသည် ဘုန်းခြောက်လီနှင့် စုံညီပြည့်ဝတော်မူသော မြတ်စွာ
ဘုရား။
က) ကိုယ်တော်မြတ်ဧ။် စိတ်တော်ကို စိုးပိုင်နိုင်နင်းတော်မူခြင်းတည်းဟူသော
ဣဿရိယ ဘုန်းတော်။
ခ) မဂ်ဖိုလ် နိဗ္ဗာန် ကိုးတန်သော လောကုတ္တရာတည်းဟူသော ဓမ္မဘုန်းတော်။
ဂ) ဟုတ်တိုင်းမှန်စွာ သုံးဖြာသော လောကတွင် ပျံ့ နှံ့ ကျော်ဇောရခြင်းတည်း ဟူ
သော ယသ ဘုန်းတော်။
ဃ) အင်္ဂါကြီးငယ် တင့်တယ်ပြည့်ဖြိုး အချိုးတကျ သပ္ပါယ်တော်မူလှခြင်းတည်း
ဟူသော သီရိဘုန်းတော်။
င) အလိုတော်ရှိတိုင်း မဆိုင်းခဏ၊ ပြီးစီးတော်မူရခြင်းတည်း ဟူသော ကာမ
ဘုန်းတော်။
^ ^
စ) အရဟတ္တမဂ်ာဏ်၊ သဗ္ဗညုတာဏ် တိုင်အောင် ရစေနိုင်သည့် ကြံ့ခိုင်ကြီး
မားသော ၀ီရိယတော်တည်းဟူသော ၀တ္တယ ဘုန်းတော်။

3
ယဉ်ကျေးလိမ္မာနီတိကဗျာ

ဘုရားဂုဏ်တော် ပွားများခြင်းဧ။် အကျိုး


၁။ ကိလေမနှောင့်၊ ၂။ စိတ်စဉ်ဖြောင့်ဧ။်
၃။ ဘုန်းခေါင့်ရိုသေ ၄။ သဒ္ဓါစွေ၍
၅။ နှစ်ထွေပီတိ၊ ၆။ သည်းခံချိဧ။်
၇။ စေတီပုံလား ၈။ ဘုရားနှင့်နေ
၉။ ထင်ပေဟိရောတ်၊ ၁၀။ စိတ်ညွတ်ချစ်ရှင်၊
၁၁။ မဂ်စဉ်မပွား နတ်ရွာလားသည်
ဘုရားဂုဏ်တော် ပွားကြောင်းတည်း။
ဟိရောတ် = (ဟိရွတ်ဟု ဖတ်ပါ) ဟီရိ သြတ္တပ္ပ။

ဗုဒ္ဓါနဿတိ ရှုပွားလျှင် စိတ်တည်ငြိမ်သည်။ ကြည်လင်ပြီး ချမ်းသာသည်။


သမာဓိကောင်းလာသဖြင့် စာဖတ်ရလျှင်လွယ်သည်။ မှတ်ဥာဏ်ကောင်းလာသည်။
ဥာဏ်ပညာကြီးလာသည်။ကုသိုလ် တိုးပွားလာသည်။ ဘေးရန်အန္တရာယ်ကင်းဝေးပြီး
လူချစ်လူခင်များလာသည်။ လာဘ်ပေါလာသည်။ သေလွန်သည့်အခါ လူ့ပြည်
နတ်ပြည်သို့ ရောက်ရသည်။

ဘုရားရှင် ပွင့်ပေါ်သည့် အကျိုးကျေးဇူး

(၁) ဘုရားရှင်တော်၊ မပွင့်ပေါ်လျှင်


လူတော်အများ၊ စိတ်ကောင်းထားလည်း
ဤကား ကုသိုလ်၊ အကုသိုလ်နှင့်
ထိုထိုဘုံဘ၀၊ မသိရ
များလှ အပြစ်တွေ။
(၂) ဘုရားရှင်တော်၊ ပွင့်ထွန်းပေါ်၍
ဟောဖော်ညွှန်ကြား၊ မြတ်တရားကြောင့်
ဤကားကုသိုလ်၊ အကုသိုလ်နှင့်
4
ယဉ်ကျေးလိမ္မာနီတိကဗျာ

ထိုထိုဘုံဘ၀၊ သိကြရ
များလှ ကျေးဇူးတွေ။
(မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာ ဘိဝံသ)

တရားဂုဏ်တော် (၆) ပါး

၁။ သွာက္ခာတော ဘဂ၀တာ ဓမ္မော၊


၂။ သန္နိဋ္ဌိကော၊
၃။ အကာလိကော၊
၎။ ဧဟိပဿိကော၊
၅။ သြပနေယျိကော၊
၆။ ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟီ”တိ။

(၁) သွက္ခာတော ဘဂ၀တာ ဓမ္မော


ရှင်တော်မြတ်ဘုရား ဟောမိန့် ကြားသည့် မဂ်လေးပါး ဖိုလ်လေးပါး နိဗ္ဗာန်
ပရိယတ် အားဖြင့် ဆယ်ပါးသော တရားတော်မြတ်သည်နာစဉ်ချမ်းသာ ကျင့်ချမ်းသာ
၍ ချမ်းသာမြတ်မှန် အေးနိဗ္ဗာန် ဟု သုံးတန်ကောင်းခြင်း ပြည့်စုံလျှင်းအောင်ရှင်းလင်း
ဟောကြားတော်မူအပ်သော တရားတော်မြတ်ပါပေတည်း။
(၂) သန္ဒိဋ္ဌိကော
ရှင်တော်မြတ်ဘုရားဟောမိန့် ကြားသည့် လောကုတ္တရာကိုးပါး မြတ်တရား
သည် သူများပြောကြား စကားနှင့်မျှ မယုံရဘဲ ကျနကိုယ်တိုင် သိမြင်နိုင်သော တရား
တော်မြတ်ပါပေတည်း။
(၃) အကာလိကော
ရှင်တော်မြတ်ဘုရားဟောမိန့် ကြားသည့် လောကုတ္တရာကိုးပါး မြတ်တရား
သည်အချိန်မလင့်မဖင့်မနှေးချက်ချင်းအကျိုးပေးသော တရားတော်မြတ်ပါပေတည်း။

5
ယဉ်ကျေးလိမ္မာနီတိကဗျာ

(၄) ဧဟိပဿိကော -
ရှင်တော်မြတ်ဘုရား ဟောမိန့် ကြားသည့် လောကုတ္တရာကိုးပါး မြတ်တရား
သည် “လာခံစမ်းပါ၊ ရှုစမ်းပါ” ဟု ၀မ်းသာရွှင်လှိုက် ဖိတ်ခေါ်ထိုက်သော တရားတော်
မြတ်ပါပေတည်း။
(၅) သြပနေယျိကော
ရှင်တော်မြတ်ဘုရား ဟောမိန့် ကြားသည့် လောကုတ္တရာကိုးပါး မြတ်တရား
သည် အ၀တ်ဥသျှောင် မီးလောင်သော်လည်း မသတ်ဘဲနဲ့  စိတ်ထဲရောက်အောင်
ကပ်ဆောင်ထိုက်သော တရားတော်မြတ်ပါပေတည်း။မိမိစိတ်၌ အမြဲကပ်၍ ဆောင်
ထားသင့်ခြင်း ဂုဏ်။
(၆) ပစ္စတံ္တ ဝေဒိတဗ္ဗော ၀ိညူဟိ
ရှင်တော်မြတ်ဘုရား ဟောမိန့် ကြားသည့် လောကုတ္တရာကိုးပါး မြတ်တရား
သည် သစ္စာသိမြင် ပညာရှင် ရှစ်ပါး အရိယာများသည်သာလျှင် ကိုယ်စီကိုယ်ငှ သိရ
ခံစားရသော တရားတော်မြတ်ပါပေတည်း။

တရားဂုဏ်တော် ပွားများခြင်း အကျိုး

၁။ ကိလေမနှောင့်၊ ၂။ စိတ်စဉ်ဖြောင့်ဧ။်
၃။ ဘုန်းခေါင့်ဟောကြား၊ တရားရိုသေ ၄။ သဒ္ဓါစွေ၍
၅။ နှစ်ထွေပီတိ၊ ၆။ သည်းခံချိဧ။်
၇။ စေတီပုံလား ၈။ တရားနှင့်နေ
၉။ ထင်ပေဟိရောတ်၊ ၁၀။ စိတ်ညွတ်ဓမ္မ၊
၁၁။ မဂ်မရလည်း၊
ရောက်ထမမှားနတ်ရွာလားသည်
တရားဂုဏ်တော် ပွားကြောင်းတည်း။

6
ယဉ်ကျေးလိမ္မာနီတိကဗျာ

သံဃာဂုဏ်တော် (၉) ပါး

၁။ “သုပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော၊


၂။ ဥဇုပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော၊
၃။ ဉာယပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော၊
၎။ သာမီစိပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော၊
ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌ ပုရိသပုဂ္ဂလာ ဧသ ဘဂ၀တော သာဝကသံဃော၊
၅။ အာဟုနေယျော၊
၆။ ပါဟုနေယျော၊
၇။ ဒက္ခိဏေယျော၊
၈။ အဉ္ဇလိကရဏီယျော၊
၉။ အနုတ္တရံ ပုညက္ခေတ္တံ လောကဿာ”တိ။

၁။ သုပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော


ကိလေသာငြိမ်းကြောင်း ကောင်းစွာ ကျင့်ကြံတော် မူပါပေ၏။
၂။ ဥဇုပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော
သာဌေ မာယာ ကင်းစင်စွာဖြင့် ဖြောင့်မှန်စွာ ကျင့်ကြံတော် မူပါပေ၏။
^
၃။ာယပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော
နိဗ္ဗာန်အကျိုး မျှော်ကိုး ရည်သန် ကျင့်ကြံတော်မူပါပေ၏။
၎။ သာမိစိပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော
မဂ္ဂင်ရှစ်ရပ် အကျင့်မြတ်ကြောင့် တုပ်ဝပ်ရိုသေ လျော်ကန်အောင်
ကျင့်ကြံတော်မူပါပေ၏။
ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌပုရိသ ပုဂ္ဂလာ ဧသ ဘဂ၀တော သာဝကသံဃော
အစုံလေးပါး သီးခြားရှစ်ဖော် မြတ်ဘုရား၏ တပည့်သားမော် အရိယာ -
သံဃာတော်သည် -

7
ယဉ်ကျေးလိမ္မာနီတိကဗျာ

၅။ အာဟုနေယျော
အဝေးက ဆောင်ယူ ပစ္စည်းကိုမူလည်း ပေးလှူခြင်းငှာ ထိုက်တော်မူပါ
ပေ၏။
၆။ ပါဟုနေယျော
ဧည့်သည်ဖို့ ရာ ရည်ကာဆောင်ထား၊ ပစ္စည်းများကိုပင် စိတ်ထားစင်ဖြူ
ပေးလှူခြင်းငှာ ထိုက်တော်မူပါပေ၏။
၇။ ဒက္ခိနေယျော
တမလွန်စခန်း ကောင်းဖို့ မှန်း၍ လှူဒါန်းခြင်းငှာ ထိုက်တော်မူပါပေ၏။
၈။ အဉ္ဇလီ ကရဏီယော
ရိုသေမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးခြင်းငှာ ထိုက်တော်မူပါပေ၏။
၉။ အနုတ္တရံ ပုညက္ခေတံ လောကဿ
နတ်လူအများ ကောင်းမှုပွားဖို့  ကြဲထားပျိုးချ တုမရသည့် ကောင်းလှ
လယ်မြေ ယာမြေပမာ ဖြစ်တော်မူပါပေ၏။

သံဃာ့ဂုဏ်တော်ပွားများခြင်းအကျိုး

၁။ ကိလေမနှောင့် ၂။ စိတ်စဉ်ဖြောင့်ဧ။်
၃။ ဘုန်းခေါင့်သံဃာ မှန်စွာရိုသေ၊ ၄။ သဒ္ဓါဆွေ၍၊
၅။ နှစ်ထွေပီတိ၊ ၆။ သည်းခံချိဧ။်
၇။ ပြုဘိ သမုတ်၊ ဥပုသ်သိမ်ပမာ၊ ၈။ သံဃာနှင့်နေ
၉။ ထင်ပေဟိရောတ်၊ ၁၀။ စိတ်ညွတ်သံဃ၊
၁၁။ မဂ်မရလည်း၊ ရောက်ထ နတ်ရွာ၊ ကောင်းကျိုးလာသည်၊
သံဃာဂုဏ်တော်ပွားကျိုးတည်း။

(၁) မိုးချူပ် နေ၀င်၊ ပြင်မထွက်နဲ့ ၊ သရဲသဘက် ဆွဲတတ်တယ်။


မဆွဲနိုင်အောင် ဘုရားပေးတဲ့၊ တရားဆေးနဲ့ ပေါက်လိုက်မယ်။
8
ယဉ်ကျေးလိမ္မာနီတိကဗျာ

တရားဆေးဟာ ဘယ်မှာတုန်းကွဲ့ ၊ ငါ့လဲပေးဦးကွယ်


ဗုဒ္ဓံ၊ ဓမ္မံ၊ သံဃံ ရွတ်ကွယ့်၊ သရဲလွှတ်လို့  ပြေးလိမ့်မယ်.. ပြေးမယ်.. ပြေးမယ်..။
(၂) အိပ်ရာဝင်သော် သတိရဖို့ ၊ ဗုဒ္ဓ၊ ဓမ္မ၊ သံဃာရယ်။
ကိုးကွယ်ပါတယ် စိတ်မှာညွှတ်လို့ ၊ နှုတ်ပါ တွတ်တွတ် ရွတ်ရတယ်။
အိပ်ရာထပြန် တဖန်ထပ်၍၊ မှန်မှန်မပြတ် ရွတ်ပါကွယ်။
ဘေးအန္တရာယ် ရန်စွယ်ကင်းလို့ ၊ ကောင်းခြင်းသုခ ရလိမ့်မယ်….
ရမယ်.. ရမယ်။

သရဏဂုံအကျိုး(ဗုဒ္ဓဂုဏ်တော်အထူးပြ)

မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က ရာဇဂြိုလ်လို့ခေါ်တဲ့


မြို့လေးမှာ ကစားဖော် ကစားဖက် သူငယ်ချင်း နှစ်ယောက်ရှိတယ်။ သူတို့
နှစ်ယောက်မှာ တယောက်က သမ္မာဒိဋ္ဌိ- မှန်ကန်သော အယူရှိတဲ့ သူဖြစ်ပြီး ကျန်တဲ့
တယောက် ကတော့ မိစ္တာဒိဋ္ဌိ = မှားသော အယူရှိသူတို့ ဖြစ်တယ်။ သူတို့
နှစ်ယောက်က ခုံညင်းလို့ခေါ်တဲ့ အခုကလေးတွေကစားတဲ့ ဂေါ်လီလုံးလိုမျိုး
ကစားနည်းကို ကစားကြတယ်။ မှန်ကန်တဲ့အယူရှိတဲ့ ကလေးက “နမောဗုဒ္ဓဿ”
(မြတ်စွာဘုရားအား ရှိခိုးပါဧ။်။) လို့ ဆိုပြီးမှ ခုံညင်းပစ်တယ်။ အဲလိုကစားတိုင်း
မှန်ကန်တဲ့ အယူရှိတဲ့ ကလေးလေးကပဲ နိုင်တယ်။“နမောဗုဒ္ဓဿ” လို့ ဆိုပြီး ဆော့
လို့နိုင်တယ်ဆိုတာလည်းသိရော မှားတဲ့အယူရှိနေတဲ့ ကလေးကလည်း လိုက်ဆိုတာ
ပေါ့.. အဲလိုဆိုပြီး ကစားတိုင်း မှားတဲ့အယူရှိနေတဲ့ ကလေးပါ ကစားပွဲတွေမှာ
နိုင်လာတယ်။ အဲဒါကြောင့် မှားတဲ့အယူရှိတဲ့ ကလေးဟာ “နမောဗုဒ္ဓဿ” ကို
အမြဲတမ်း ရွတ်တာပေါ့။
တနေ့ အဲဒီ့ကလေးလေးက သူ့အဖေ ထင်းခုတ်သွားတဲ့နောက်ကို လိုက်
သွားတယ်..ထင်းခုတ်ကပြန်တော့ မြို့ ပြင်က သင်္ချိုင်းနားမှာ သူတို့စီးလာတဲ့ လှည်း
ကို ခဏဖြုတ်ပြီး အနားယူကြတုန်း လှည်းတပ်တဲ့ နွားနှစ်ကောင်ကို မြက်စားဖို့
လွှတ်ပေးထားလိုက်တယ်။ အဲဒီ့အချိန်မှာ အခြားကမြက်စားဖို့ရောက်နေကြတဲ့ နွား
9
ယဉ်ကျေးလိမ္မာနီတိကဗျာ

တွေ မြို့ထဲ ပြန်သွားကြတော့ သူတို့နွားနှစ်ကောင်လည်း ရောပြီးလိုက်သွားတယ်။


အဲဒါနဲ့ အဖေလုပ်သူက နွားနှစ်ကောင်ကိုလိုက်ရှာရတာပေါ့။ လိုက်ရှာရင်း အဖေပါ
မြို့ထဲရောက် သွားတယ်။ အဖေက မြို့ထဲကနေ ပြန်ထွက်ပြီး သားလုပ်သူကို
ပြန်ခေါ်ဖို့ သွားတော့ မြို့ တံခါးက ပိတ်သွားပြီလေ။ အဲဒါနဲ့  အဖေက အပြင်ထွက်လို့ 
မရတော့ဘူးပေါ့။
ကလေးလေးက အဖေကို စောင့်နေရင်း ဗိုက်ကလည်း ဆာလာတယ်။
မိုးအရမ်းချူပ်လာတော့ လှည်းအောက်ကလေးမှာပဲ ခွေခွေလေး အိပ်ပျော်သွား
တယ်။ အရမ်းမိုးချူပ်လာတဲ့အခါမှာ ဘီလူးကြီးနှစ်ကောင် အစာရှာထွက်လာကြ
တယ်။ ကလေးလေးကို မြင်တော့ စားမယ်ဆိုပြီး ကလေးလေးနားကို ကပ်လာ
ကြတာပေါ့။ အဲဒီ့ ဘီလူးနှစ်ကောင်မှာ တကောင်က “ဟေ့ သူငယ်ချင်း.. ဒီကလေးက
ဘုရားသားကွ.. တို့စားလို့ မရဘူး” လို့ပြောလိုက်တယ်။ ကျန်တဲ့တကောင်က
ကျတော့ မသိဘူး.. ကလေးကို စားမယ်ဆိုပြီး ကလေးခြေထောက်ကို ဆွဲတယ်။
ကလေး လေးက “နမော ဗုဒ္ဓဿ” ဆိုတာကို နှုတ်ကစွဲနေတော့ ချက်ချင်းပဲ
“နမောဗုဒ္ဓဿ” လို့ရွတ်လိုက်တယ်။ ကလေးခြေထောက်ကိုလာဆွဲတဲ့ ဘီလူကြီး
ရင်ဝကို မီးနဲ့အထိုးခံရသလို ပူလောင်လာပြီး “သူငယ်ချင်းရာ ကူညီပါဦး” လို့
သူ့သူငယ်ချင်းကို အကူ အညီတောင်းလိုက်တာပေါ့။
“ငါပြောသားပဲ၊ ဘုရားရဲ့သားတော်ကို စားလို့မရဘူး။ မင်း ကလေးကို
ပစ်မှားတဲ့အတွက် တောင်းပန်ရမယ်။ ကလေးက ထမင်းအင်မတန် ဆာနေတယ်။
ဗိမ္မိသာရ ဘုရင့်နန်းတော်က ထမင်း ယူလာပြီးကျွေး” လို့ ပြောလိုက်တဲ့အခါ
ပူလောင်နေတဲ့ ဘီလူးကြီးလည်း နန်းတော်ထဲဝင်ပြီး ဘုရင့်စားပွဲက ထမင်းကို
ယူလာတယ်။ ပြီးတော့ ကလေးလေးကို ကျွေးတာပေါ့။ မနက်မိုးလင်းလို့ ဘုရင်က
သူ့စားပွဲက ရွှေပွဲတော် အုပ်ပျောက်မှ သူ့မှူးမတ်တွေကို လိုက်ရှာခိုင်းတယ်။
အဲဒီ့အခါမှာ မြို့ပြင်က လှည်းလေးပေါ်မှာ ပွဲတော်အုပ်ကိုတွေ့လို့ ကလေးကို
ဘုရင်ကြီးဆီ ခေါ်လာတာပေါ့။ အဲဒီ့ပွဲတော်အုပ်ပေါ်မှာ နတ်ဘီလူးတွေက ဘုရင်ကြီး
ပဲ ဖတ်လို့ရအောင် တန်ခိုးနဲ့  သူတို့ က ပွဲတော်အုပ်ကို ယူပြီး ကလေးကို ကျွေးမွေး
ထားတဲ့အကြောင်း ရေးထားခဲ့တယ်။

10
ယဉ်ကျေးလိမ္မာနီတိကဗျာ

အဲဒီ့အခါ ဘုရင်ကြီးက ကလေးလေးနဲ့ကလေးမိဘတွေကိုခေါ်ပြီး မြတ်စွာ


ဘုရားဆီကို သွားကြတယ်။ ပြီးတော့ မြတ်စွာဘုရားကို လျှောက်ထားမေးမြန်း
တာပေါ့။ မြတ်စွာဘုရားကလည်း ဘီလူးတွေက ကလေးကိုထမင်းကျွေးတာ မှန်တဲ့
အကြောင်းကို မိန့်တယ်။ ဘုရင်ကြီးက မြတ်စွာဘုရားကို လျှောက်ထားမေးမြန်း
တယ်။
“မြတ်စွာဘုရား၊ ဘုရားဂုဏ်တော်ကို အောက်မေ့ခြင်းသာလျှင် ဘေးရန်
လုံပါသလား။ တရားဂုဏ်၊ သံဃာဂုဏ်တို့ကို အောက်မေ့လျှင်ကော ဘေးရန် လုံခြုံပါ
သလား”
“မင်းကြီး လုံခြုံပါတယ်။ ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာဂုဏ်၊ မေတ္တာ၊
ဂရုဏာ၊ တမျိုးမျိုးကို ပွားများနေရင် ဘေးရန်အားလုံး လုံခြုံပါတယ်။ အခြားအစောင့်
အရှောက်၊ အကွယ်အကာ ဂါထာ မန္တရားတွေ မလိုတော့ဘူး”
မြတ်စွာဘုရားက တရားအကျဉ်းဟောပြတော်မူလိုက်တဲ့အခါ ကလေးရော၊မိဘ
နှစ်ပါးပါ သောတာပန်ဖြစ်ကြတယ်။ ဘုရင်ကြီးကလည်း သူတို့ကို ဆုလာဘ် တွေ
များစွာ ပေးသနားတော် မူလိုက်တယ်။

 ဘုရားဖက်တော့ အသက်ရှည်။
 တရားဖက်တော့ အမျက်ပြေ။
 သံဃာဖက်တော့ အခက်ဝေ။

သရဏဂုံအကျိုးပြ ကဗျာ

သရဏဂုံ တကယ်မြဲရင်၊ အပါယ်ငရဲ ကြောက်ဖို့ မလို။


နတ်ဖြစ်သော်လည်း တူနိုင်ရိုးလား၊ ဆယ်မျိုးဂုဏ်စု သူ့ ထက်ပို။
ငါးဖြာအာရုံ လာမတုရင်၊ အာယ၊ ၀ဏ္ဏ၊ သုခဆို။
အာဏာပိုင်စိုး၊ ခြွေရံတိုး၊ ဆယ်မျိုးဂုဏ်ကဲပို။
အဲဒါကြောင့် သရဏဂုံပန်း၊ အစဉ်လန်း၊ ဆင်မြန်းပန်စေလို။
11
ယဉ်ကျေးလိမ္မာနီတိကဗျာ

ငါးပါးသီလ ဆောက်တည်စို့ 

၁။ ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။


(သူ့ အသက်ကို မသတ်ဘဲ အမြဲရှောင်ကြဉ်မည်။)
၂။ အဒိန္နာဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
(သူ့ ဥစ္စာလဲ မခိုးဘဲ အမြဲရှောင်ကြဉ်မည်။)
၃။ ကာမေသုမိစ္ဆာစာရာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
(ကာမဂုဏ်လဲ မမှားဘဲ အမြဲရှောင်ကြဉ်မည်။)
၎။ မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
(လိမ်ညာ၍လဲ မပြောဘဲ အမြဲ ရှောင်ကြဉ်မည်။)
၅။ သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
(သေအရက်လဲ မသောက်ဘဲ အမြဲရှောင်ကြဉ်မည်။)

သီလစောင့်ထိန်းခြင်းဧ။် အကျိုးငါးပါး

၁။ စီးပွားဥစ္စာရတနာတို့ ကို မြောက်များစွာ ရခြင်း။


၂။ နာမည်ကောင်းသတင်း ကျော်ကြားခြင်း။
၃။ ပရိသတ်ဗိုလ်ပုံအလယ်၌ တင့်တယ်ရဲရင့်ခြင်း။
၎။ တွေဝေမေ့မောမှုမရှိ သတိကောင်းလျက် ဝေရခြင်း။
၅။ သေလွန်ပြီးနောက် ကောင်းမြတ်သော လူ့ ဘ၀ နတ်ဘ၀ကို ရခြင်း။

ငါးပါးသီလ ဆောင်ပုဒ်ကဗျာ

 သူ့ အသက်ကို သိလျက်သားနဲ့ ၊ ဒေါသစိတ်ထား သတ်ဖြတ်လို။


လုံ့ လပြုကာ သေအောင်သတ်က၊ ဒက်ထိမှတ်တော့ အကုသိုလ်။

12
ယဉ်ကျေးလိမ္မာနီတိကဗျာ

လွန်ကျူးလျှင်နော် တကယ်ပဲပေါ့၊ အပါယ်ငရဲ ကျမယ်ဆို။


လွတ်လာပြန်လဲ ရောဂါစွဲ၊ ဆင်းရဲအသက်တို။
အဲဒါကြောင့် ပဉ္စသီလ တည်ကြပါစေလို။
 သူ့ ဥစ္စာကို သိလျက်သားနဲ့ ၊ လောဘစိတ်ထား ခိုးယူလို။
လုံ့ လပြုကာ ခိုးယူမိက၊ ဒက်ထိမှတ်တော့ အကုသိုလ်။
လွန်ကျူးလျှင်နော် တကယ်ပဲပေါ့၊ အပါယ်ငရဲ ကျမယ်ဆို။
လွတ်လာပြန်လဲ ဥစ္စာမွဲ ဆင်းရဲဖြစ်တိုင်းကိုယ်။
အဲဒါကြောင့် ပဉ္စသီလ တည်ကြပါစေလို။
 သူ့ သားမယားကို သိလျက်သားနဲ့ ၊ ရာဂစိတ်ထား ဖောက်ပြားလို။
လုံ့ လပြုကာ ဖောက်ပြားမိက၊ ဒက်ထိမှတ်တော့ အကုသိုလ်။
လွန်ကျူးလျှင်နော် တကယ်ပဲပေါ့၊ အပါယ်ငရဲ ကျမယ်ဆို။
လွတ်လာပြန်လဲ နပုန်းပဲ၊ ဖြစ်မြဲ မိန်းမကိုယ်၊
အဲဒါကြောင့် ပဉ္စသီလ တည်ကြပါစေလို။
 မှားယွင်းမှန်းကို သိလျက်သားနဲ့ ၊ မကောင်းစိတ်ထား မုသားဆို။
ထိုသူနားလည် အကျိုးထိက၊ ဒက်ထိမှတ်တော့ အကုသိုလ်။
လွန်ကျူးလျှင်နော် တကယ်ပဲပေါ့။ အပါယ်ငရဲကျမယ်ဆို။
လွတ်လာပြန်လဲ ပုပ်ညှီစွဲ၊ သွားကျဲနှုတ်ခမ်းတို၊
အဲဒါကြောင့် ပဉ္စသီလ တည်ကြပါစေလို။
 သေရည်မှန်းကို သိလျက်သားနဲ့ ၊ မူးယစ်စိတ်ထား သောက်စားလို၊
လုံ့ လပြုကာ သောက်သုံးမိက၊ ဒက်ထိမှတ်တော့ အကုသိုလ်။
လွန်ကျူးလျှင်နော် တကယ်ပဲပေါ့ အပါယ်ငရဲကျမယ်ဆို။
လွတ်လာပြန်လဲ၊ မူးမေ့မြဲ၊ ဖောက်လွဲအရူးကိုယ်။
အဲဒါကြောင့် ပဉ္စသီလ တည်ကြပါစေလို။
 လူ့ အခြေခံ ကျင့်ဝတ်တရားတို့ ၊ ပျက်ပြားနေကြ ကမ္ဘာမြေ။
ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့ ၊ လူနှင့် လူချင်း သတ်ခါနေ။
ငြိမ်းချမ်းပါစေ အာသီသနဲ့ ၊ စွမ်းနိုင်ရာက ကူညီသလေ။

13
ယဉ်ကျေးလိမ္မာနီတိကဗျာ

ကျင့်ဝတ်တရား သီလငါး၊ မှတ်သားကျင့်သုံးစေ။


အဖိုးတန်တဲ့ ဗုဒ္ဓ၀ါဒ ကမ္ဘာက သိပါစေ။

ဆွမ်းလှူရခြင်း အကျိုး(၅)ပါး
သက်ရှည်၊ဆင်းလှ၊ ချမ်းသာရ၊ ဗလဥာဏ်ပညာ၊
ဆွမ်းလှူအကျိုး၊ ဤငါးမျိုး၊ တန်ခိုးကြီးလှစွာ။

ရေလှူရခြင်း အကျိုး (၁၀)ပါး


သက်ရှည်၊ဆင်းလှ၊ချမ်းသာရ၊ ဗလ၊ ဥာဏ်ပညာ။
စင်ကြယ်သန့် ရှင်း၊ ကျော်ဇောခြင်း၊ ခပင်းခြွေရံကာ။
ရေမငတ်ငြား၊ လျင်မြန်သွား၊ ဆယ်ပါးရေကျိုးလာ။

ပန်းလှူခြင်း အကျိုး (၃) ပါး


ပန်းလိုလှပ၊ ဘ၀ရုပ်ရည်၊ ခန္ဓာကိုယ်တွင်း၊ သန့် ရှင်းပေသည်၊
နံစော်ကင်းလို့ ၊ ခံတွင်းမွှေးကြည်၊ ပန်းလှူကျိုး၊ သုံးမျိုးရနိုင်သည်။

မီးလှူရခြင်း အကျိုး (၂) ပါး


ဘုရားရှင်အား၊ စိတ်ထားကြည်ဖြူ၊
ဆီမီးလျှပ်ပန်း၊ လှူဒါန်းသောသူ၊
စက္ခုမံသ၊ ဥာဏနှစ်ဆူ ကြည်လင်ဧ။် ဖြစ်ဘိဥာဏ်ကြီးသူ။
စက္ခုမံသ - ပကတိ မျက်လုံးကြည်လင်အားကောင်းခြင်း။
ဥာဏစက္ခု - အသိဥာဏ်မျက်လုံး အားကောင်းခြင်း။

တံမြက်လှည်းခြင်း အကျိုး (၅) ပါး


ကိုယ့်စိတ်သူ့ စိတ်၊ ယိုဖိတ်ကြည်လင်၊

14
ယဉ်ကျေးလိမ္မာနီတိကဗျာ

နတ်တို့ လေးစား၊ လွန်ပွားချစ်ခင်၊


ကြည်ညိုဖွယ်ကောင်း၊ ဂုဏ်ပေါင်းမျက်ရှင်၊
နတ်ပြည်ရောက်၊ ထွန်းတောက်ကျိုးငါးအင်။

(ပရိဝါ၊ ပါဠိ၊ ၂၃၁)


မေတ္တာသုတ်လာ မေတ္တာပွားပို့ နည်း

၁။ လုံးစုံများစွာ၊ သတ္တ၀ါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။


ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၂။ ကြောက်တတ်၊ မကြောက်တတ်၊ နှစ်ရပ်များစွာ၊ သတ္တ၀ါ၊ချမ်းသာကိုယ်စိတ်
မြဲပါစေ။ ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၃။ မြင်အပ်၊ မမြင်အပ်၊ နှစ်ရပ်များစွာ၊ သတ္တ၀ါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ၊
ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၎။ ဝေးနေ၊ နီးနေ၊ နှစ်ထွေများစွာ၊ သတ္တ၀ါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၅။ ဘ၀ဇာတ်ဆုံး၊ မဆုံးများစွာ၊ သတ္တ၀ါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၆။ ရှည်၊တို၊အလတ်၊ သုံးရပ်ခန္ဓာ သတ္တ၀ါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၇။ ကြီး၊ ငယ်၊ အလတ်၊ သုံးရပ်ခန္ဓာ သတ္တ၀ါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၈။ ဆူ၊ကြုံ၊အလတ် သုံးရပ်ခန္ဓာသတ္တ၀ါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၉။ လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။
၁၀။ အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
၁၁။ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
15
ယဉ်ကျေးလိမ္မာနီတိကဗျာ

မေတ္တာပွားများခြင်း အကျိုး (၁၁)ပါး

၁။ ချမ်းသာစွာ အိပ်ရခြင်း။
၂။ ချမ်းသာစွာ နိုးရခြင်း။
၃။ မကောင်းသော အိပ်မက်များကို မမြင်မက်ရခြင်း။
၎။ လူတို့ ချစ်ခင် နှစ်သက်ခြင်း။
၅။ နတ်တို့ ချစ်ခင် နှစ်သက်ခြင်း။
၆။ နတ်တို့ စောင့်ရှောက်ခြင်း။
၇။ မီး၊အဆိပ်၊ လက်နက် မသင့်နိုင်ခြင်း။
၈။ စိတ်လျင်မြန်စွာ တည်ကြည်ခြင်း။
၉။ မျက်နှာရုပ်အဆင်းကြည်လင်ရွှင်ပျခြင်း။
၁၀။ မတွေမဝေဘဲ သေရခြင်း။
၁၁။ သေသောအခါ ဗြဟ္မာပြည်သို့  လားရခြင်းတို့  ဖြစ်သည်။

လင်္ကာ -

အိပ်နိုး ချမ်းသာ၊ ကောင်းစွာ အိပ်မက်၊ ချစ်လျက်လူနတ်၊ စောင့်လက်နက်များ၊ မီး၊


ဆိပ်၊ ဓါးတို့ ၊ ရှောင်ရှားကိုယ်မှာ၊ လျင်စွာ စိတ်တည်၊ ကြည်ရွှင်မျက်နှာ၊ သေခါမတွေ၊
လားလေဗြဟ္မာ၊ ဆယ့်တစ် ဖြာသည်၊ မေတ္တာပွားမှု အကျိုးတည်း။

16
ယဉ်ကျေးလိမ္မာနီတိကဗျာ

ဗြဟ္မာစိုရ် တရားလေးပါး

မေတ္တာ - သတ္တ၀ါအားလုံးကို ချစ်ခင်ခြင်း။


ဂရုဏာ - သတ္တ၀ါအားလုံးကို သနားခြင်း။
မုဒိတာ - သူတပါးတို့  အောင်မြင်ကောင်းစားသည်ကို ၀မ်းမြောက်ခြင်း။
ဥပေက္ခာ - သတ္တ၀ါအားလုံး ကံစီမံသည့်အတိုင်း ဖြစ်ကြရသည်ဟု
သင့်တင့်လျောက်ပတ်စွာ နှလုံးသွင်းနိုင်ခြင်း။

အန္တရာယ်ကင်း သမ္ဗုဒ္ဓေ ဂါထာတော်ကြီး

သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊
ဒွါဒသဉ္စ သဟဿကေ၊
ပဉ္စဿတ သဟဿာနိ၊
နမာမိ သိရသာမဟံ။
အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊
အနန္တာ နိဗ္ဗုတာ ဇိနာ၊
တေသံ ဓမ္မဉ္စ သံဃဉ္စ၊
အာဒရေန နမာမဟံ။
နမက္ကာရာ နုဘာဝေန၊
ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ၊
အနေက အန္တရာယာပိ၊
ဝိနဿန္တု အသေသတော။

မြန်မာအနက်အဓိပ္ပာယ်
အဋ္ဌဝီသဉ္စ ဒွါဒသဉ္စ သဟဿကေ ပဉ္စဿတ သဟဿာနိ-- အရေ
အတွက်ပမာဏ ငါးသိန်း တစ်သောင်း နှစ်ထောင် နှစ်ကျိပ်ရှစ်ဆူ ( ၅၁၂၀၂၈ )

17
ယဉ်ကျေးလိမ္မာနီတိကဗျာ

အတိုင်းအရှည် ရှိကုန်သော၊ သမ္ဗုဒ္ဓေ - အဆူဆူ ပွင့်တော်မူပြီးသော ဘုရားရှင်


တို့အား၊ အဟံ - ဘုရားတပည့်တော်သည်၊ သိရသာ - ဦးခေါင်းအင်္ဂါ မြတ်ရတနာဖြင့်၊
နမာမိ- ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ အရှင်ဘုရား။

ဂင်္ဂါ၊ - ဂင်္ဂါမြစ်ထဲ၌ ရှိကုန်သော၊ ၀ါဠုကာ - သဲပွင့်တို့သည်၊ အပ္ပကာ -နည်းသေး၏။


နိဗ္ဗုတာ - ပရိနိဗ္ဗာန် စံတော်မူပြီး၍ ငြိမ်းအေးတော်မူပြီး ကုန်သော၊ ဇိနာ - ငါးမာန်
အောင်မြင် ဘုရားရှင်တို့သည်၊ အနန္တာ - ဤ၍ ဤမျှ ဂဏန်းချ၍ ရေတွက်ခြင်းငှါ
မစွမ်းနိုင်ပါပေ။

အဟံ - ဘုရားတပည့်တော်သည်၊တေသံ - ပရိနိဗ္ဗာန်စံတော်မူပြီး ကုန်သောဘုရားရှင်


တို့၏ ၊ဓမ္မဉ္စ - နှုတ်မြွက် ဟောဖော် တရားတော်ကို၎င်း၊သံဃဉ္စ - တပည့်သား
သံဃာတော်မြတ်ကို၎င်း၊ အာဒရေန - ရိုသေလေးမြတ်သော အားဖြင့်၊ နမာမိ - ရှိခိုး
ပူဇော်ပါ၏ ။

နမက္ကာရာ နုဘာဝေန၊ - ဤသို့ ရှစ်ခိုးပူဇော် ဖူးမြှော်မာန်လျော့ ကန်တော့ရသော


ကုသိုလ်ကံ စေတနာတို့ကြောင့်၊ သဗ္ဗေ - ခပ်သိမ်းကုန်သော၊ ဥပဒ္ဒဝေ - ဘေးရန်
ဥပါဒ် မှန်သမျှတို့ကို၊ ဟိတွာ - ပယ်ဖြတ်၍၊ အနေက အန္တရာယာပိ၊ - တစ်ပါးမက
များစွာကုန်သော အခြားသော အန္တရာယ် အားလုံး တို့သည်လည်း၊ အသေသတော-
အကြွင်းအကြံမရှိသောအားဖြင့်၊( အကျိုးမပေးနိုင်သောအားဖြင့် ) ၊ ဝိနဿန္တု -
ပျောက်ပျက်ပါစေကုန်သတည်း။

ဂေါတမမြတ်စွာဘုရား၏ ဗုဒ္ဓ၀င် အကျဉ်းချုပ်ဆောင်ပုဒ်

မ, သိ, ကြ, လတ်၊ တွေး, ဆ, အပ်၊ နေ့မြတ် ခုနှစ်ထွေ။


သန်, ဖွား, တော, ပွင့်၊ စက်, စု, သင့်၊ ရှင်ပင့် သာကိဆွေ။
18
ယဉ်ကျေးလိမ္မာနီတိကဗျာ

ရှင်းလင်းချက်

၁။ မ - ကြာသပတေးနေ့တွင်
သန် - ပဋိသန္ဓေ နေတော်မူပါသည်။

၂။ သိ - သောကြာနေ့တွင်
ဖွား - ဖွားမြင်တော်မူပါသည်။

၃။ ကြ - တနင်္လာနေ့တွင်
တော - တောထွက်တော်မူပါသည်။

၎။ လတ် - ဗုဒ္ဓဟူးနေ့တွင်
ပွင့် - ဘုရားပွင့်တော်မူပါသည်။

၅။ တွေး - စနေနေ့တွင်
စက် - ဓမ္မစကြာတရား ဟောတော်မူပါသည်။

၆။ ဆ - အင်္ဂါနေ့တွင်
စု - စုတိ ပရိနိဗ္ဗာန် စံတော်မူပါသည်။

၇။ အပ် - တနင်္ဂနွေနေ့တွင်
သင့် - တေဇောဓာတ် (မီးသင့်) လောင်တော်မူပါသည်။

19
ယဉ်ကျေးလိမ္မာနီတိကဗျာ

ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီး၏
ခုနစ်နေ့ဘုရားရှိခိုး

သန္ဓေယူသောနေ့ (မ - သန်)

၁။ သုံးလူ့ရှင်ပင်၊ ကျွန့်ထိပ်တင်၊ သောင်းခွင်စင်္ကြာဝဠာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊


တောင်းပန် မှုကြောင့်၊ ရတုနဂို၊ ရွှန်းရွှန်းစိုသည်၊ ဝါဆိုလပြည့်၊ ကြွက်မင်းနေ့ဝယ်၊
ချမ်းမြေ့ကြည်ဖြူ၊ သန္ဓေ ယူသည် … နတ်လူငြိမ်းဖို့ ကိန်းပါကို၊၊

ဖွားမြင်တော်မူသောနေ့ (သိ - ဖွား)

၂။ သန္ဓေယူကာ၊ ဆယ်လကြာသော်၊ မဟာသက္ကရာဇ်၊ ခြောက်ဆယ့်ရှစ်ကြုံ၊


ကဆုန်လပြည့်၊ သောကြာနေ့ဝယ်၊ ချမ်းမြေ့စုံစီ၊ လုမ္ဗဏီ၌၊ မဟီလှိုက်ဆူ၊
ဖွားတော်မူသည် … နတ်လူ အောင်မြို့ လမ်းပါကို၊၊

တောထွက်တော်မူသောနေ့ (ကြ - တော)

၃။ ဖွားမြင်မြောက်သော်၊ ဆယ့်ခြောက်နှစ်ရွယ်၊ ပျိုနုနယ်၌၊ သုံးသွယ်ရွှေနန်း၊


သိမ်းမြန်းပြီးလစ်၊ ဆယ့်သုံးနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊ ရွယ်မူနုဖြိုး၊
နှစ်ဆယ့်ကိုးဝယ်၊ လေးမျိုးနိမိတ်၊ နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊ သံဝေပိုကာ၊
ဝါဆိုလပြည့်၊ ကျားမင်းနေ့ဝယ်၊ ချမ်းမြေ့ရဂုံ၊ တောရပ်လှုံသည် … စုံမြိုင်ပင်ရိပ်
ခန်းမှာကို။

20
ယဉ်ကျေးလိမ္မာနီတိကဗျာ

ဘုရားဖြစ်တော်မူသောနေ့ (လတ် - ပွင့်)

၎။ တောရပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍၊ ခါတော်တစ်ဖုံ၊ ပွင့်ချိန်ကြုံက၊ ကဆုန်


လပြည့်၊ ဆင်မင်းနေ့ ဝယ်၊ မြေ့ပရမေ၊ ပလ္လင်ဗွေထက်၊ ရွှေညောင်တော်ကြီး၊
ဗိမာန်ထီးနှင့်၊ မငြီးကြည်ဖြူ၊ နေတော်မူ လျက်၊ ရန်မြူခပင်း၊ အမိုက်သင်းကို၊
အလျင်းပယ်ဖျောက်၊ အလင်းပေါက်က၊ ထွန်းတောက် ဘုန်းတော်၊ သောင်းလုံး
ကျော်သည် … သုံးဖေါ်လူတို့ ငြိမ်းပါကို၊၊

ဓမ္မစကြာဟောတော်မူသောနေ့ (တွေး - စက်)

၅။ ဘုရားဖြစ်ခါ၊ မိဂဒါသို့၊ စကြာရွှေဘွား၊ ဖြန့်ချီသွား၍၊ ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်၊


မဟီတစ်သောင်း၊ တိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊
ဝါဆိုလပြည့်၊ စနေနေ့ဝယ်၊ ကြွေ့ကြွေ့ လျှံတက်၊ ဓမ္မစက်ကို၊ မိန့်မြွက်ထွေပြား၊
ဟောဖော်ကြားသည် … တရားနတ်စည် ရွမ်းတယ်ကို၊၊

ပရိနိဗ္ဗာန်စံတော်မူသောနေ့ (ဆ - စု)

၆။ တရားနတ်စည်၊ ဆော်ရွမ်းလည်က၊ သုံးမည်ဘုံသိုက်၊ တစ်သောင်းတိုက်ဝယ်၊


ကျွတ်ထိုက်သသူ၊ နတ်, လူ, ဗြဟ္မာ၊ သတ္တဝါကို၊ ခေမာသောင်သို့၊ ဖောင်ကူး
တို့ဖြင့်၊ ဆောင်ပို့ပြီးခါ၊ ဝါလေးဆယ့်ငါး၊ သက်ကားရှစ်ဆယ်၊ စုံပြည့်ကြွယ်က၊
ရာလေးဆယ့်ရှစ်၊ သက္ကရာဇ်ဝယ်၊ နယ်မလ္လာတိုင်း၊ စံနှိုင်း မယုတ်၊ ကုဿိန္နာရုံ၊
အင်ကြင်းစုံ၌၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ဝယ်၊ ချမ်းမြေ့နိဗ္ဗူ၊ စံတော်မူသည် …
ဝှန်းဆူသောင်းလုံး ကျော်တယ်ကို ၊၊

21
ယဉ်ကျေးလိမ္မာနီတိကဗျာ

တေဇောဓာတ်လောင်တော်မူသောနေ့ (အပ် - သင့်)

၇။ နိဗ္ဗူစံပြီ၊ ရှုမအီသား၊ သိင်္ဂီရွှေလှော်၊ အလောင်းတော်ကို၊ ထိုရော်ကဆုန်၊ လဆုတ်


ကြုံ၍၊ ဂဠုန်နေ့ ဝယ်၊ ခိုးငွေ့မနှော၊ ဓာတ်တေဇောလျှင်၊ ရှင်စောဉာဏ်စက်၊ ဓိဋ္ဌာန်
ချက်ဖြင့်၊ လျှံတက်ကော်ရော်၊ မီးပူဇော်သည် … မွေတော်ရှစ်စိတ် ကြွင်းတယ်ကို၊၊

ဆုတောင်း

ထိုခုနစ်နေ့၊ သာချမ်းမြေ့ကို၊ ဆွေ့ဆွေ့ကြည်ဖြူ၊ အာရုံယူလျက်၊ သုံးလူတို့နတ်၊


မြတ်ထက် မြတ်သား၊ အထွဋ်ခေါင်ဖျား၊ ကိုယ်တော်ဘုရားကို၊ သုံးပါးမှန်စွာ၊
ဝန္ဒနာဖြင့်၊ သဒ္ဓါဖြိုးဖြိုး၊ ကျွန်ရှိခိုးသည် … ကောင်းကျိုးခပ်သိမ်း ကြွယ်စေသောဝ်။

မြတ်ဘုရားကိုယ်တိုင် ခံစားခဲ့ရသော ၀ိပါတ်တော် ၁၂-ပါး။ ။


(၁) ပဌမ ၀ိပါတ်တော်။
(မေး) ဥရုဝေဠ၊ တောဝမြိုင်ခွင်၊ ခြောက်နှစ်ပတ်လုံး ကျင့်သုံးအရှင်၊ အားကုန်ခန်းလို့။
ညှိုးနွမ်းငြိုငြင်၊ ပင်ပန်းရေး၊ ၀ဋ်ကြွေး ဘယ်ကြောင့်တင်။
(ဖြေ) ကဿပဘုရား၊ ထင်ရှားပွင့်သော်၊ ဇောတိပါလ၊ နာမ အကျော်၊ ပုဏ္ဏား မာန်
တက်၊ နှုတ်မြွက်အာဘော်၊ ၀စီပြင်း ရှေးရင်း ၀ိပါတ်တော်။
(၂) ဒုတိယ၀ိပါတ်တော်။
(မေး) စိဉ္စမာဏ၊ မိန်းမစေကျွန်၊ ကိုယ်ဝန်ရှိသော၊ ဆိုပြောအလွန်၊လက်သယ်ထားလို့၊
ဘုရားကိုညွှန်၊ စွပ်စွဲခဲ့အဘယ့် ၀ိပါတ်ဝန်။
(ဖြေ) သောက်စား လွန်ကျူး၊ ယစ်မူး ပျော်ရွှင်၊ သေသောက် သမား၊ ဖြစ်ငြား ယခင်၊
ရဟန္တာမြတ်၊ ဆွမ်းရပ်သည်မြင်၊ အကျင့်ယုတ် ဖွင့်ထုတ် စွပ်စွဲအင်။
(၃) တတိယ ၀ိပါတ်တော်။
(မေး) တိတ္ထိ စေခိုင်း၊ မိုက်ရိုင်း ဒုဿီ၊ ထင်ရောင် ထင်မှား၊ ဉပငြား သုန္ဒရီ၊ လူရှင်
22
ယဉ်ကျေးလိမ္မာနီတိကဗျာ

အပေါင်း၊ ယုံကြောင်းပွေလီ၊ ရှင်တော်ထွတ်၊ ဘယ်ဝဋ် ရှေးကမှီ။


(ဖြေ) မုနာဠိဟု၊ မည်ရှိလောင်းတော်၊ မောက်ကြွား မှောက်မှား၊ သောက်စားအပျော်၊
ရှင်ပစ္စေက၊ဗုဒ္စမြင်သော်၊ ဒုဿီဘဲ၊ စွပ်စွဲ ၀ဋ်ကြွေးပေါ်။
(၄) စတုတ္ထ ၀ိပါက်တော်။
(မေး) သုန္ဒရီမိုက်၊ သတ်လိုက် သေရာ၊ တိတ္ထိအသင်း၊ သတင်းလွှင့်ကာ၊ တပည့်များ
နှင့်၊ဘုရားကိုသာ၊ လူအများ၊ ယုံမှား ဘယ်တွက်တာ။
(ဖြေ) လောင်းတော်ရသေ့၊ ပျော်မွေ့စံရာ၊ ရသေ့တဦး၊ ဈာန်မြူးကွန့်လာ၊ငြူစူစိတ်ဇော၊
မနောဣသာ၊ ကျင့်ယုတ်ကြီး၊ နှုတ်သီး ချွန်သည့်တာ။
(၅) ပဉ္စမ ၀ိပါက်တော်။
(မေး) ဝေဘာတောင်စောင်း၊ ကျောက်မောင်းဆင်ကာ၊ ဒေ၀ဒတ်ယုတ်၊ ခလုပ်အသာ၊
သူဖြုတ်ချလို့၊ ဗုဒ္ဓခြေမှာ၊ ကျောက်လွှာငြိ၊ ဒဏ်ထိ၊ ဘယ်ဝဋ်ပါ။
(ဖြေ) သူကြွယ်မျိုးဇာတ်၊ ဖြစ်လတ်တုံချေ၊ ညီကို လှည့်စား၊ခေါ်သွားသလေ၊ ကျောက်
နှင့်ဖိညှပ်၊ ထုသတ်ကြိတ်ချေ၊ ကျောက်ဝိပါတ်၊ အဆက်ပါခဲ့ပေ။
(၆) ဆဋ္ဌမ ၀ိပါက်တော်။
(မေး) ကျောက်လွှာထိပါး၊ မြတ်ဖျားထွတ်တင်၊ တည်နေ၀ပ်ကိန်း၊ သွေးစိမ်းအရှင်၊
ခြေမတော်ထဲ၊ ကိုက်ခဲနာကျင်၊ ၀ိပါတ်ရင်း၊ အလင်း ပြစေချင်။
(ဖြေ) သူငယ်ဖြစ်ခိုက်၊ လမ်း၌ပျော်ရွှင်၊ ရှင်ပစ္စေက၊ ဝေးမှအမြင်၊ခဲနှင့်ပစ်လိုက်၊ ထိ
ခိုက်ခြေတွင်၊ သွေးယိုဆင်း၊ ရှေးရင်း ၀ိပါက်ပင်။
(၇) သတ္တမ ၀ိပါက်တော်။
(မေး) ဆွမ်းခံကြွမြန်း၊ ထိပ်ပန်းဘုန်းကြွယ်၊ မုန်ကျဆင်ကြီး၊ ခရီးအလယ်၊ ဒေ၀ဒတ်
မိုက်၊ လွှတ်လိုက်ပြန်တယ်၊ ရင်ဆိုင်တွေ့၊ ဆင်ဝှေ့ ဘယ်ဝဋ်နွယ်။
(ဖြေ)ဆင်ထိန်းဆင်ကျောင်း၊ အလောင်းဖြစ်တုံ၊ရှင်ပစ္စေက၊လမ်းမအဆုံ၊ ဒေါသထား
လို့၊ ပြစ်မှားသုန်မှုန်၊ ဆင်နှင့်တိုက်၊ ၀ဋ်လိုက် စေဘို့ကြုံ။
(၈) အဋ္ဌမ ၀ိပါက်တော်။
(မေး) ကျောက်လွှာခတ်လို့၊ သွေးဓာတ်ဆူပူ၊ခြေမတော်ဦး၊ ထွတ်ဖူး တဆူ၊သွေးညို
ကိန်းလို့၊ကျိန်းဝပ်တော်မူ၊ ဇီဝက၊ ခွဲရ ဘယ်ဝဋ်ဟူ။

23
ယဉ်ကျေးလိမ္မာနီတိကဗျာ

(ဖြေ) ပဒေသရာဇ်၊ မင်းဖြစ်စဉ်ဝယ်၊ မူးယစ်သောက်စား၊ ဖောက်ပြားမဖွယ်၊ လူရှင်


လတ်လတ်၊ထိုးသတ် ပြန်တယ်၊ ဓားဝိပါက်၊ အဆက် သူကနွယ်။
(၉) န၀မ ၀ိပါတ်တော်။
(မေး) သုံးလူထွတ်ဖူး၊ မြိုက်မှူး သျှောင်ကေ၊ ရံဖန်ခါလဲ၊ ခေါင်းခဲပလေ၊ ဝေဒနာဝဋ်၊
မလွတ်တုံချေ၊ ဘယ်ဝိပါက်၊ အဆက် ပါခဲ့ပေ။
(ဖြေ) ရှေးခါကပ်ဟောင်း၊ မကောင်းကံဆော်၊ တံငါမျိုးဇာတ်၊ ဖြစ်လတ်သရော်၊ ငါးတို့
ဦးခေါင်း၊ ထုထောင်း မြင်သော်၊ ၀မ်းမြောက်မိ၊ လိုက်ဘိ ၀ိပါတ်တော်။
(၁၀) ဒသမ ၀ိပါတ်တော်။
(မေး) ၀ါတော်ကပ်တော့၊ မာရ်နတ် နှိုးဆော်၊ ဝေရဉ္ဇာတိုင်း၊ သမိုင်းအကျော်၊ မုယော
ဆွမ်းမို့၊ကြမ်းကြမ်း ထော်ထော်၊ ဘုဉ်းပေးရ၊ ရှေးက ဘယ်ဝဋ်နော်။
(ဖြေ) မထင်မရှား၊ မျိုးသားဖြစ်တုံ၊ ရဟန်းတော်များ၊ ဆွမ်းစား ခိုက်ကြုံ၊ ဆွမ်းကြမ်း
စားဟု၊ ပြစ်မှားဆိုပုံ၊ ၀စီထွက်၊ ၀ိပါတ် တော်တဲ့ ယုံ။
(၁၁) ဧကာဒသမ ၀ိပါတ်တော်။
(မေး) အထွတ်ဆုံးဟု၊ သုံးလူ့မျက်မှန်၊ ခါးတော်ကိုက်ခဲ၊ အသဲအသန်၊ ဝေဒနာများ၊
ခံစားရံဖန်၊ ဘယ်အကြောင်း၊ ကံဟောင်းထုတ်လို့ပြန်။
(ဖြေ) လက်ဝှေ့သတ်ကောင်း၊ အလောင်း ဖြစ်သော်၊ ပြိုင်ပွဲဆိုင်ပွဲ၊ နိုင်မြဲ အကျော်၊ နိုင်
လျှင် ခါးရိုး ရိုက်ချိုးမြေပေါ်၊ အသတ်ကောင်း၊ ဇာတ်ဟောင်းဝိပါတ်တော်။
(၁၂) ဒွါဒသမ ၀ိပါတ်တော်။
(မေး) ဆဒ္ဒန်ဆယ်စီး၊ အားကြီးလျင်မြန်၊ ၀မ်းတော်သွန်ငြား၊ ရွှေအားမသန်၊ ခွေယိုင်နွဲ့
လို့၊ မြန်းခဲ့နိဗ္ဗာန်၊ ဖြေစေကြောင်း၊ ကံဟောင်း သိဘို့ရန်။
(ဖြေ) ရောဂါကုစား၊သမားဥာဏ်ကျယ်၊ ရှင်သူဌေးသား၊ ဆေးဝါးကုတယ်၊ ခမပေးလို့၊
ဟိုရှေးဘုန်းကြွယ်၊ ၀မ်းလားဆေး၊ တိုက်ကျွေး ၀ဋ်ဟောင်းလယ်။

24
ယဉ်ကျေးလိမ္မာနီတိကဗျာ

သတိပေး ဥယျောဇဉ် မြန်မာဂါထာ။

(က) ၀ိပါတ်ရောက်ရေး၊ ကြောက်သွေးတုန်ဘွယ်၊ ဘုရားသော်လဲ၊ ရှောင်လွှဲမလွယ်၊


တွေ့ကြုံမြဲမို့၊ တ၀ဲ လယ်လယ်၊ မလွတ်သေး၊ ၀ဋ်ကြွေး ခက်လှတယ်။
(ခ) ကြင်နာထောက်ထား၊ သနားမြှော်ခေါ်၊ ကုသိုလ်ပွားမှု၊ အားပြု့ကြနော်၊ နှိပ်စက်
ညှဉ်းပန်း၊ သရမ်းပျက်ချော်၊ ရှောင်ကြဉ်ရေး၊ ၀ဋ်ကြွေး စင်ဘို့မြှော်။
အပါဒါန် ။ပါ။ ပ-အုပ်။၃၄၆။

ဒဂုန် ဦးထွန်းမြင့်၏ ၃၈ ဖြာ မင်္ဂလာ ကဗျာများ

၁။ အသေ၀နာစ
လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့ ၊ မမှီဝဲ နဲ့ ကင်းအောင်နေ။
ပညာရှိကို အရှည်တွဲလို့ ၊ မှီဝဲဆည်းကပ် နည်းယူစေ။
သုံးပါးရတနာ မိဘများနှင့် ၊ ဆရာသမားကို ပူဇော်လေ။
ချမ်းသာကိုပေး ဆက်ဆံရေး ၊ မြော်တွေးသုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

၂။ ပတိရူပ
ကုသိုလ်ပညာ ဥစ္စာရဖို့ ၊ သင့်ရာဒေသ အမြဲနေ။
ရှေးကတင်ကြို ပြုခဲ့ဖူးသည့် ၊ ကောင်းမှုအထူး ရှိပါစေ။
မိမိကိုယ်ကို ကောင်းအောင်ထိန်းလို့ ၊ မတိမ်းစေနဲ့ ဆောက်တည်လေ။
ဥစ္စာကိုပေး နေထိုင်ရေး၊ မြှော်တွေးသုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

25
ယဉ်ကျေးလိမ္မာနီတိကဗျာ

၃။ ဗာဟုဿစ္စဉ္စ
တတ်ကောင်းတတ်ရာ ဟူသမျှကို ၊ ကြားမြင်သုတ ရှိပါစေ။
အိုးအိမ်တည်ထောင် ၀မ်းစာရေးနဲ့ ၊ အသက်မွေးဖို့ အတတ်သင်လေ။
လူနှင့်ဆိုင်ရာ ကျင့်ဝတ်များကို ၊ ကောင်းစွာသင်ကြားနားလည်စေ။
မှန်ကန်ယဉ်ကျေး ချိုသာအေး၊ ဆိုရေးတတ်ပါစေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

၎။ မာတာပိတု
မြင်းမိုရ်ရွှေတောင် မိဘကြွေးကို၊ ကောင်းစွာဆပ်ပေး ၀တ်ကျေကျေ။
ကြွေးသစ်ချကာ သားနှင့်မယား ၊ မြှောက်စားချီးမြှင့် ၀တ်ကုန်စေ။
အလုပ်တာဝန် မလစ်ဟင်းနဲ့ ၊ အပြစ်ကင်းအောင် လုပ်ပါလေ။
စည်းစိမ်ကိုပေး ပြုစုရေး ၊ မြော်တွေးသုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

၅။ ဒါနဉ္စ
သုံးတန်စေတနာ ဖြူစင်လန်းလို့ ၊ ပေးကမ်းဝေမျှ လှူနိုင်စေ။
ကိုယ်နှုတ်စိတ်ကြံ မမိုက်မှားနဲ့ ၊ သုစရိုက်တရားကို ကျင့်ပါလေ။
ဆွေမျိုးတွေကို ပြင်ပမထားနဲ့ ၊ သင်္ဂဟတရားနှင့် ချီးမြှောက်လေ။
သန့် စင်ပြစ်မျိုး လူထုကျိုး၊ သယ်ပိုးဆောင်ရွက်စေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

၆။ အာရတီ ၀ိရတီ
မကောင်းမှုတွေ ဟူသမျှကို ၊ မတွေ့ ခင်က ရှောင်ကြဉ်လေ။
တွေ့ ကြုံလာလျှင် မလွန်ကျူးနဲ့ ၊ အထူးသဖြင့် စောင့်စည်းနေ။
အရက်သေစာ မသောက်စားနဲ့ ၊ မှောက်မှားတတ်တဲ့ အရာပေ။

26
ယဉ်ကျေးလိမ္မာနီတိကဗျာ

လုပ်ကိုင်ပြောကြား သတိထား ၊ တရားမမေ့စေ။


အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

၇။ ဂါရဝေါစ
အသက်ဂုဏ်ဝါ ကိုယ့်ထက်ကြီးက ၊ ဆည်းကပ်ခစား ရိုသေလေ။
မာနတံခွန် ဂုဏ်မကြွနဲ့ ၊ ကိုယ့်ကိုနှိမ့်ချ အမြဲနေ။
လောဘအပို လိုမလိုက်နဲ့ ၊ ကိုယ်ထိုက်တာနဲ့ ကျေနပ်လေ။
ကိုယ့်ပေါ်ပြုဖူး သူ့ ကျေးဇူး ၊ အထူးသိတတ်စေ။
ကောင်းကျိုးဆင့်ပွား မြတ်တရား ၊ နာကြားမပြတ်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

၈။ ခန္တီစ
ဝတ်စားနေထိုင် ရန်ခပ်သိမ်း၊ စိတ်ကိုချုပ်ထိန်း သည်းခံလေ။
ကျိုးကြောင်းပြညွှန် ဆုံးမစကား၊ ပြောကြားလာက နာလွယ်စေ။
သူမြတ်ပုဂ္ဂိုလ် ဟူသမျှ ၊ မကြာခဏ တွေ့ ဆုံလေ။
သဘာဝတွေး မှန်ကန်ရေး၊ ဆွေးနွေးမပြတ်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

၉။ တပေါစ
လောကီအာရုံ ဇိမ်ယစ်မူးလို့ ၊ အပျော်မကြူးနဲ့ ခြိုးခြံလေ။
မေတ္တာဗြဟ္မစိုရ် လက်ကိုင်သုံးလို့ ၊ သူမြတ်ကျင့်ထုံး ယွင်းမသွေ။
လေးပါးသစ္စာ ဥာဏ်မြင်ကြည့်လို့ ၊ အမှန်သိအောင် ကြိုးစားလေ။
ဒုက္ခလွတ်ကင်း နိဗ္ဗာန်ချဉ်း ၊ အလင်းပေါက်နိုင်စေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

27
ယဉ်ကျေးလိမ္မာနီတိကဗျာ

၁၀။ ဖုဋ္ဌဿ
ဆင်းရဲချမ်းသာ သဘာဝ၊ တွေ့ ကြုံနေကြ လူတိုင်းပေ။
ကောင်းဆိုးနှစ်တန် အစုံတွဲလို့ ၊ တလဲစီလှည့် အမြဲနေ။
လောကဓံကြုံ မဖြုံတမ်းပေါ့ ၊ မတုန်စမ်းနဲ့ စိတ်ခိုင်စေ။
သောကကိုထိန်း ၊ ရမ္မက်သိမ်း၊ အေးငြိမ်းချမ်းသာနေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

၁၁။ မင်္ဂလာပြုကျင့်ရကျိုး၊
သုံးဆယ့်ရှစ်ဖြာ၊ မင်္ဂလာကုံးကို၊လိုက်နာကျင့်သုံး၊ ပန်သူတွေ။
စီးပွားချမ်းသာ၊ ကျက်သရေတိုးလို့၊ကောင်းကျိုးစည်ပွင့်၊ တဝေေ၀။
ဘေးရန်ကင်းကွာ၊ ချစ်သူပေါလို့၊စိတ်ရောကိုယ်ရော၊ ချမ်းသာမလေ။
ပြောဆိုကြံဆ၊ ဆောင်သမျှ၊အောင်ရမည်ကိန်းသေ။
အဲဒါကြောင့် ပန်ကြ၊ ဆင်ကြ၊ မင်္ဂလာ့ ပန်းခိုင်တွေ။

၁၂။ နိဂုံး ကဗျာ


သုံးဆယ့်ရှစ်ဖြာ၊ မင်္ဂလာတရားကို၊ပျက်ပြားနေကြ၊ ကမ္ဘာ့မြေ။
ဟိုတိုင်း ဒီပြည်၊ ရန်စစ်ခင်းလို့၊လူနှင့်လူချင်း၊ သတ်ကာနေ။
ငြိမ်းချမ်းပါစေ၊ အာသီသနဲ့၊စွမ်းနိုင်ရာက၊ ကူညီသလေ။
သုံးဆယ့်ရှစ်ပါး၊ မင်္ဂလာတရားရေးသားဖြန့်ကာဝေ။
အဖိုးတန်တဲ့ ဗုဒ္ဓ၀ါဒ ကမ္ဘာ့က သိပါစေ။

နေ့ စဉ်ကျင့်ရန် တို့ အဓိဌာန်

၁။ ကံကောင်းထောက်မ၊ လူ့ ဘ၀၊ ခဏကျင်လည် ရခိုက်ဝယ်။


၂။ မပေါ့မဆ၊ ဇွဲလုံ့ လ၊ ဗုဒ္ဓလမ်းစဉ်လိုက်ပါ့မယ်။
၃။ အတတ်ပညာ၊ နည်းဗျူဟာ၊ စုံစွာထူးအောင် ဆည်းပူးမယ်။

28
ယဉ်ကျေးလိမ္မာနီတိကဗျာ

၎။ လိမ္မာယဉ်ကျေး၊ ပြည့်ရင်သွေး၊ ဂုဏ်မွှေးကြိုင်အောင် နေထိုင်မယ်။


၅။ မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင် စိတ်ကို ထားပါ့မယ်။
၆။ အများအကျိုးဆောင်၊ ပြည်ကျိုးဆောင်၊ ခေါင်းဆောင်နိုင်အောင်၊ ကြိုးစားမယ်။
၇။ မြန်မာ့ဓလေ့၊ တို့ မမေ့၊ တို့ ဓလေ့ကို မြတ်နိုးမယ်။
၈။ အမျိုးဘာသာ၊ သာသနာ၊ ရှည်စွာတည်အောင်၊ ထမ်းပါမယ်။
၉။ သမိုင်းပေးလာ၊ တို့ ဝန်တာ၊ သေချာထမ်းရွက် ထက်စေမယ်။
၁၀။ ယဉ်ကျေးမှုသုဉ်း၊ လူမျိုးသုဉ်း၊ အသုဉ်းမခံ တော်လှန်မည်။
၁၁။ ရေခြားမြေခြား၊ ဘာသာခြား၊ကပြားဓလေ့၊ မနှစ်မြို့ ဖွယ်။
၁၂။ ကမ္ဘာ့အလယ်၊ တို့ မျိုးနွယ်၊ တင့်တယ်လှပ ဂုဏ်ယူမယ်။
၁၃။ တို့ ယဉ်ကျေးမှု၊ ဂုဏ်ပေါင်းစု၊ တုပြိုင်လာလျှင် ရှုံးလိမ့်မယ်။
၁၄။ စောစောအိပ်ကြ၊ စောစောထ၊ ထွန်းပခန္ဓာ လန်းဆန်းတယ်။
၁၅။ အိပ်ရာနိုးထ၊ မေတ္တာဖြန့် ၊ ကမ္ဘာငြိမ်းချမ်းသာယာမယ်။
၁၆။ အနန္တာငါးဖြာ၊ ဦးညွှတ်ပါ၊ စိတ်မှာ ရွတ်ခါ ကြည်နူးတယ်။
၁၇။ မျက်နှာသစ်လျှင်၊ ရေအေးမြင်၊ မြင်စဉ် မေတ္တာပွားပါ့မယ်။
၁၈။ သစ်ရင်းသစ်ရင်း၊ လျှော့ယိုယွင်း၊ ရုပ်ဆင်း သတိထားပါ့မယ်။
၁၉။ မြတ်စိန္တေ၀ယ်၊ ကန်တော့ကွယ်၊ သီလငါးသွယ် တည်ကြမယ်။
၂၀။ ကြည့်ဖွယ်မှတ်ရာ၊ သင်ခန်းစာ၊ သေချာအံရွတ်၊ မွတ်စေမယ်။
၂၁။ မှန်မှန်ကျောင်းတတ်၊ ပညာထက်၊ အားတတ်ရွှင်လန်း၊ ကြိုးပမ်းမယ်။
၂၂။ ပညာတံခွန်၊ လူရည်ချွန်၊ မိုးစွန်တမွတ်၊ အထွတ်တင်မယ်။
၂၃။ ကျောင်းသားဘ၀ ခိုင်မာမှ၊ ကြီးကထိပ်တန်း လှမ်းနိုင်မယ်။
၂၄။မေတ္တာလမ်းကောင်း ကြီးပွားကြောင်း၊ နှစ်ထောင်းအားရ လိုက်ကြမယ်။
၂၅။ ဗြဟ္မစိုရ်တရား၊ လက်ကိုင်ထား၊ မုသားရှောင်ခါ ဆက်ဆံမယ်။
၂၆။ တန်းတူတွေ့ ရင်၊မေတ္တာဝင်၊ မ၀င်နိုင်က ပြိုင်တတ်တယ်။
၂၇။ ပြိုင်မည့်အစား၊ မေတ္တာပွား၊ စိတ်ထားပြုပြင် ပြောင်းပါ့မယ်။
၂၈။ နိမ့်သူတွေ့ ရင်၊ ဂရုဏာဝင်၊ မ၀င်နိုင်က နိုင်တတ်တယ်။
၂၉။ နိုင်မည့်အစား၊ ဂရုဏာပွား၊ စိတ်ထားပြုပြင် ပြောင်းပါ့မယ်။

29
ယဉ်ကျေးလိမ္မာနီတိကဗျာ

၃၀။ မြင့်သူတွေ့ ရင် မုဒိတာဝင်၊ မ၀င်နိုင်က ရွဲ့ တတ်တယ်။


၃၁။ ရွဲ့ မည့်အစား၊ မုဒိတာပွား၊ စိတ်ထားပြုပြင်ပြောင်းပါ့မယ်။
၃၂။ မိုက်သူတွေ့ ရင်၊ ဥပေက္ခာဝင်၊ မ၀င်နိုင်က မဲ့တတ်တယ်။
၃၃။ မဲ့မည့်အစား၊ ဥပေက္ခာပွား၊ စိတ်ထားပြုပြင်၊ ပြောင်းပါ့မယ်။
၃၄။ စိတ်ကိုလည်းပြင်၊ ရုပ်လည်းပြင်၊ ပြင်ဆင်တိုင်းရ၊ ပြုတိုင်းလှ၊
သုခနိဗ္ဗာန်တိုင်လိမ့်မယ်။

တိုက်တွန်း စကား

မြန်မာလူမျိုးတွေမှာ အားနည်းချက်လေးတွေ ရှိနေတာကိုပြုပြင်စေချင်ပါတယ်။


တစ်ချက်က ကိုယ်တိုင် ပရဟိတ ကို မလုပ်ချင်ဘူး၊ လုပ်ချင်စိတ်ရှိပြန်တော့လဲမလုပ်
နိုင်ဘူး၊သူများလုပ်ရင်လဲ မုဒိတာမပွားနိုင်ပဲ ကဲ့ရဲ့ကြရှုတ်ချကြနဲ့ နှောင့်ယှက်တတ်
ကြတယ်။ တကယ်တော့ ကိုယ်တိုင်မလုပ်နိုင်ရင် သူများလုပ်တာကို တတ်နိုင်သ
လောက် အားပေးကူညီသင့်တာပါ၊ နောက်ဆုံး ဘာမှ မကူညီနိုင်ဘူး ဆိုရင်တောင်
အားပေးစကားလေးတခွန်းလောက် ပြောပေးနိုင်ပါတယ်၊ အဲဒီ့ အားပေးစကားတွေ
များများရလေ တဖက်လူမှာ ပင်ပန်းသမျှတွေ ပြေပျောက်လေပါပဲ။

“ A Friend indeed is a friend indeed “


လိုအပ်သော အခါ၌ ကူညီစောင့်မတတ်သောသူသည် မိတ်ဆွေစစ်ဖြစ်သည် တဲ့။

မြတ်စွာဘုရားကလည်း လူသားရယ်လို့ ဖြစ်လာရင်

၁။ အတ္တတ္ထစရိယ = ကိုယ်ကျိုးပြည့်စုံအောင် လုပ်ပါ။( ကိုယ်တိုင်သူများကို ကယ်


တင်နိုင်အောင် ကြိုးစားပါ)

၂။ ဥာတတ္ထစရိယ = ဆွေမျိုး ရပ်ရွာ ကောင်းကျိုးကို လုပ်ပေးပါ။

30
ယဉ်ကျေးလိမ္မာနီတိကဗျာ

၃။လောကတ္ထစရိယ = နောက်ဆုံးအဆင့် အများကောင်းကျိုးကို အင်တိုက်အားတိုက်


လုပ်ပေးပါ လို့ ရတနသုတ်မှာ ဟောထားခဲ့ဖူးတယ်။

“ To know and not to do, is not yet to know “

သိတော့ သိတယ်၊ ဒါပေမယ့် မကျင့်သုံးဘူးဆိုရင် မသိသေးတာနဲ့ အတူတူပဲ ၊ကိုယ်


တိုင်လုပ်ပေးနိုင်အောင်လဲ ကြိုးစားသင့်ကြပါတယ် ၊ဒါကြောင့် စေတနာမေတ္တာ သက်
သက်ဖြင့် ပရဟိတလုပ်နေသူတွေကို ၀ိုင်းဝန်းကူညီ အားပေးကြပါစို့လို့ မေတ္တာ
စကား ဆိုရင်း နိဂုံးချုပ်ပါရစေ။
မေတ္တာဖြင့်
အရှင်သုနန္ဒာလင်္ကာရ M.A ( ပန်းကမ္ဘာ )

အနာဂတ်ကို တောက်ပ ဦးဆောင်မည့် ကလေးတို့တွက်


အသိဉာဏ်လက်ဆောင်

မင်္ဂလာပါ ကလေးတို့

ကလေးလို့သာ ခေါ်ရပေမယ့်… အခုခတ် ကလေးတွေက လူကြီးတွေလိုပဲ


အသိဉာဏ် ထက်မြက်ပြီး လိမ္မာကြပါတယ်… ဦးဦးတို့လည်း ကလေးတို့လို ငယ်ငယ်
လေး ကလေးဘဝအရွယ်ကနေ တစစ ကြီးရင့်လာခဲ့ရသူပါ။ ကလေးတို့ရဲ့အရွယ်၊
ကလေးတို့ရဲ့ အခြေအနေကို ပြန်လည်သတိရ အောက်မေ့ပြီးတော့ ကလေးအရွယ်
လူငယ်များအတွက် အကျိုးများစေမယ့် လက်ဆောင်လေးတစ်ခု ရေးသား မျှဝေပေး
ပါရစေနော… ကလေးတို့ ဖတ်ပြီး မှတ်ထားကြပါ… စာဖတ်ရင်းနားမလည်ရင်
ဖေဖေ၊မေမေ၊ ကိုကို၊ မမ တို့ကို မေးကြပါနော…
ကလေးတို့၊ ကလေးတို့ရဲ့ဖေဖေ၊ မေမေတို့နှင့် ဦးဦးတို့ရဲ့အပေါ်မှာ အလွန်
ကျေးဇူးများတဲ့ ဗုဒ္ဓမြတ်စွာဘုရားရှင်၊ ကလေးတို့၊ ကလေးတို့ရဲ့ ဖေဖေ၊ မေမေတို့ နှင့်
ဦးဦးတို့ ရိုသေလေးစား ရှိခိုးဦးတင်တဲ့ ဗုဒ္ဓမြတ်စွာဘုရားရှင်သည် လွန်ခဲ့တဲ့ နှစ်ပေါင်း

31
ယဉ်ကျေးလိမ္မာနီတိကဗျာ

၂၅၀၀ကျော်က ပေါ်ထွန်းတော် မူခဲ့ပါတယ်။ အလွန်ကျေးဇူးများတယ်ဆိုတာ ဘာကို


ပြောတာလဲဆိုတာ ကလေးတို့ အဓိကနားလည် စေချင်ပါတယ်။ အလွန်ကျေးဇူးများ
တယ်ဆိုတာသည် ကလေးတို့၊ ကလေးတို့ရဲ့ ဖေဖေ၊ မေမေတို့ နှင့် ဦးဦးတို့ကို
အကောင်းတရားနှင့်အဆိုးတရားကို ခွဲခြားသိနိုင်တဲ့အသိဉာဏ်ကို လက်ဆောင်ပေးခဲ့
ပါတယ်။ ထိုလက်ဆောင်ရခဲ့တဲ့ အသိဉာဏ်ကြောင့် ကလေးတို့၊ ကလေးတို့ရဲ့
ဖေဖေ၊ မေမေတို့နှင့် ဦးဦးတို့ဟာ မကောင်းတဲ့တရားကို ရှောင်နိုင်တယ်။ ကောင်းတဲ့
တရားကို ဆောင်ထားနိုင်တယ်။ ရှောင်တယ်/ဆောင်တယ် ဆိုတာကို ကလေးတို့
နားလည်အောင်ပြောရရင် ရှောင်တယ်ဆိုတာက မလုပ်တာ၊ ဆောင်တယ်ဆိုတာက
လုပ်လေ့လုပ်ထရှိတာ၊ လုပ်နေတာကို ပြောတာပါ။ ကောင်းတဲ့တရားအတိုင်း ဦးဦးတို့
အချိန်နှင့်အမျှ ပြုလုပ်တဲ့အတွက်ကြောင့် လက်ရှိအချိန်မှာလည်း ပျော်ရွှင်ချမ်းသာမှု
ကိုရတယ်၊ နောက်နောင်မှာလည်း အများကြီးပျော်ရွင်ဖွယ်ချမ်းသာမှုတွေကို တွေ့ကြုံ
ခံစားရပေဦးမယ်။
အခုလည်း ကလေးတို့ကို ထိုလက်ဆောင်ကိုပဲရွေးပြီး ပေးပါမယ်နော…
ဟိုးရှေးရှေးတုန်းကလေ… ကလေးတို့အရွယ်ထက် နည်းနည်းကြီးတဲ့ “သုဘ”
အမည်ရတဲ့ လူလေးတစ်ယောက်က ဗုဒ္ဓမြတ်စွာဘုရားရှင်ကို သူမသိတဲ့ မေးခွန်း
တွေကို မေးပါတယ်။ ကလေးတို့လည်း မသိရင် လူကြီးကို မေးကြသလိုပေါ့။ အဖြေ
ကို ရသွားပြီဆိုရင် အဲဒါသည် အသိဉာဏ်ကို ရလိုက်တာပါပဲ။ အဲဒီ့ အသိဉာဏ်ကို
ရဖို့ “သုဘ” လူလေးမေးတဲ့မေးခွန်းနှင့် ဗုဒ္ဓမြတ်စွာဘုရားရှင်ဖြေတဲ့ အဖြေကို နံပါတ်
စဉ်လေး အလိုက် အစဉ်အတိုင်း ဦးဦးရေးပြမယ်နော… ကလေးတို့က ဂရုတစိုက်
ဖတ်ပြီး မှတ်သားကြပါနော…
(၁-အမေး) လူတွေမှာ အချို့လူတွေက အသက်တိုတိုလေးနဲ့ သေသွား
ကြပြီး၊ တစ်ချို့လူတွေက အဘယ့်အတွက်ကြောင့် အသက်ရှည်ရှည်နေကြရပါ
သလဲ?လို့ မေးလျှောက်တော့ ဗုဒ္ဓမြတ်စွာဘုရားရှင်က အောက်ပါအတိုင်းဖြေပါတယ်။
(၁-အဖြေ) လူအချင်းချင်းနှင့် တိရစ္ဆာန်တွေကို ရက်ရက်စက်စက် တုတ်၊ဓား
တွေနဲ့ အသက်သေသည်အထိ သတ်ဖြတ်တဲ့သူတို့သည် သေလွန်ပြီး နောက်ဘဝ
မှာလည်း ငရဲမီးပူတွေနဲ့ အချိန် အကြာကြီးကို အလောင်းခံရ၊ မီးရှို့ခံရနဲ့ အများကြီး

32
ယဉ်ကျေးလိမ္မာနီတိကဗျာ

ဒုက္ခခံရတယ်။ တကယ်လို့ ငရဲမကျဘဲ လူဖြစ်ခဲ့မယ် ဆိုရင်လည်း ထိုသူတို့သည်


အသက်တိုတိုနဲ့ သေကြတယ်တဲ့။ သူတို့လိုမဟုတ်တဲ့ တစ်ချို့လူတွေကျတော့ လူ
အချင်းချင်းနှင့် တိရစ္ဆာန်တွေကို သနားချစ်ခင်ကြတယ်။ မသတ်ဖြတ်ကြဘူး။ ထိုလူ
တွေဟာ သေလွန်ပြီး နောက်ဘဝမှာကစားစရာ၊ စားစရာတွေ အလွန်ပေါတဲ့ နတ်
ပြည်ကို ရောက်ကြတယ်။ နတ်ပြည်ကိုမရောက်ရင်လည်း လူ့ပြည်မှာ လူဖြစ်ကြ
တယ်။ ပြီးတော့ ထိုသူတို့ဟာ အသက်တိုတိုနဲ့ မသေကြဘဲ အသက်ရှည်ကြတယ်လို့
ဖြေပါတယ်။
ကလေးတို့လည်း လူအချင်းချင်းနှင့် တိရစ္ဆာန်တွေကို သနားကြ၊ ချစ်ခင်ကြ၊
မသတ်ဖြတ်ကြနဲ့ နော်။ နောက်အမေး၊ အဖြေတစ်ခုကို ဆက်ဖတ်ကြစို့။
(၂-အမေး) လူတွေမှာ အချို့လူတွေက အနာရောဂါတွေ အများကြီး မကြာ
ခဏဖြစ်ပြီး၊ တစ်ချို့လူတွေကတော့ အဘယ်အတွက်ကြောင့် အနာရောဂါတွေ
ကင်းရှင်းကြပါသလဲ? လို့ မေးလျှောက်တော့ ဗုဒ္ဓမြတ်စွာဘုရားရှင်က အောက်ပါ
အတိုင်း ဖြေပါတယ်။
(၂-အဖြေ) လူအချင်းချင်းနှင့် တိရစ္ဆာန်တွေကို ခဲ၊ တုတ်တွေနဲ့ အသက်
သေသည်အထိမဟုတ်ပေမယ့် ရက်ရက်စက်စက်နာကျင်အောင် ရိုက်ပုတ်ထိုးကြိတ်
သော သူတို့သည် သေလွန်ပြီး ၏နောက်ဘဝမှာလည်း ငရဲမီးပူတွေနဲ့ အချိန်အကြာ
ကြီး ကို အလောင်းခံရ၊ မီးရှို့ခံရနဲ့ အများကြီး ဒုက္ခခံရတယ်။ တကယ်လို့ ငရဲမကျဘဲ
လူဖြစ်ခဲ့မယ်ဆိုရင်လည်း အနာရောဂါတွေ အများကြီး မကြာခဏ ဖြစ်ကြတယ်။
သူတို့လိုမဟုတ်တဲ့ တစ်ချို့လူတွေကျတော့ လူအချင်းချင်းနှင့်တိရစ္ဆာန်တွေကို
သနားချစ်ခင်ကြတယ်။ မရိုက်ပုတ်ကြဘူး၊ မထိုးနှက်ကြဘူး။ ထိုလူတွေဟာ သေလွန်
ပြီး နောက်ဘဝမှာ ကစားစရာ၊ စားစရာတွေ အလွန်ပေါတဲ့ နတ်ပြည်ကို ရောက်ကြ
တယ်။ နတ်ပြည်ကိုမရောက်ရင်လည်း လူ့ပြည်မှာ လူဖြစ်ကြတယ်။ ပြီးတော့ ထိုသူ
တို့ဟာ အနာရောဂါ ကင်းရှင်းကြတယ် လို့ ဖြေပါတယ်။
ကလေးတို့လည်း လူအချင်းချင်းနှင့် တိရစ္ဆာန်တွေကို သနားကြ၊ ချစ်ခင်ကြ၊
မရိုက်ပုတ်ကြနဲ့၊ မထိုးနှက်ကြနဲ့နော်..။ နောက်အမေး၊ အဖြေတစ်ခုကို ဆက်ဖတ်
ကြစို့။

33
ယဉ်ကျေးလိမ္မာနီတိကဗျာ

(၃-အမေး) လူတွေမှာ အချို့လူတွေကရုပ်ဆိုးပြီး တစ်ချို့လူတွေက


အဘယ်ကြောင့် ရုပ်ချော ကြသနည်းဟု မေးလျှောက်တော့ ဗုဒ္ဓမြတ်စွာဘုရားရှင်က
အောက်ပါအတိုင်း ဖြေပါတယ်။
(၃-အဖြေ) တစ်ချို့လူတွေဟာ တစ်ယောက်ကို တစ်ယောက်ထိခိုက်နစ်နာ
အောင် ထိပါးပုတ်ခတ် ပြောကြတယ်။ ထိုသူတို့သည် သေလွန်ပြီး နောက်ဘဝမှာ
လည်း ငရဲမီးပူတွေနဲ့ အချိန်အကြာကြီးကို အလောင်းခံရ၊ မီးရှို့ခံရနဲ့ အများကြီး
ဒုက္ခခံရတယ်။ တကယ်လို့ ငရဲမကျဘဲ လူဖြစ်ခဲ့မယ်ဆိုရင်လည်း ထိုသူတို့ဟာ
ရုပ်ဆိုးကြတယ်။ သူတို့လိုမဟုတ်တဲ့ တစ်ချို့လူတွေကျတော့ သူတစ်ပါး အကျိုးများ
မယ့် စကားကို ပြောကြတယ်။ ချိုသာပျူငှာစွာဖြင့် ကူညီလိုစိတ် စေတနာထားပြီး
ပြောကြတယ်။ ထိုသူတို့သည် သေလွန်ပြီး နောက်ဘဝမှာ ကစားစရာ၊ စားစရာတွေ
အလွန်ပေါတဲ့ နတ်ပြည်ကိုရောက်ကြတယ်။ နတ်ပြည်ကို မရောက်ရင်လည်း လူ့ပြည်
မှာ လူဖြစ်ကြတယ်။ ပြီးတော့ ထိုသူတို့ဟာ ရုပ်ချောကြတယ် လို့ ဖြေပါတယ်။
ကလေးတို့လည်း အချင်းချင်း ချိုချိုသာသာ ယဉ်ယဉ်ကျေးကျေး ပြောကြပါ၊
ကူညီလိုစိတ်ဖြင့် စေတနာထားပြီး ပြောကြပါနော။ နောက်အမေး၊ အဖြေတစ်ခုကို
ဆက်ဖတ်ကြစို့။
(၄-အမေး) လူတွေမှာ တစ်ချို့လူတွေက အနားမှာ ကူညီလုပ်ဆောင်ပေး
မည့် လူတွေနည်းပါးကြပြီး၊ တစ်ချို့လူတွေမှာ အဘယ့်ကြောင့် ပေါများကြသနည်း
ဟု မေးလျှောက်တော့ ဗုဒ္ဓမြတ်စွာဘုရားရှင်က အောက်ပါအတိုင်း ဖြေပါ တယ်။
(၄-အဖြေ) တစ်ချို့လူတွေဟာ ကိုယ့်ထက် သူတစ်ပါးတစ်ခုခုသာသွားရင်
သော်လည်းကောင်း၊ တစ်ပါးသူ ကြီးပွားချမ်းသာတာကို ကြားသိရ၊ တွေ့မြင်ရတဲ့အခါ
မှာသော်လည်းကောင်း မျက်နှာမဲ့ နှုတ်ခမ်းယွဲ့ပြီး မနာလိုဖြစ်ကြတယ်။ ထိုသူတို့ သည်
သေလွန်ပြီး နောက်ဘဝမှာလည်း ငရဲမီးပူတွေနဲ့ အချိန်အကြာကြီးကို အလောင်းခံရ၊
မီးရှို့ခံရနဲ့ အများကြီး ဒုက္ခခံရတယ်။ တကယ်လို့ ငရဲမကျဘဲ လူဖြစ်ခဲ့မယ်ဆိုရင်
လည်း ထိုသူတို့မှာ အနားကကူညီလုပ်ဆောင်ပေးမည့် လူတွေနည်းပါးကြတယ်။
သူတို့လိုမဟုတ်တဲ့ တစ်ချို့ကတော့ ကိုယ့်ထက် သူတစ်ပါးသာသွားရင်သော် လည်း
ကောင်း၊ တစ်ပါးသူ ကြီးပွားချမ်းသာ အောင်မြင်တာကို ကြားသိရ၊ တွေ့မြင်ရတဲ့အခါ

34
ယဉ်ကျေးလိမ္မာနီတိကဗျာ

မှာ သော်လည်းကောင်း ဂုဏ်ယူပြီး ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြတယ်။ ထိုသူတို့သည်


သေလွန်ပြီး နောက်ဘဝမှာ ကစားစရာ၊ စားစရာတွေ အလွန်ပေါတဲ့ နတ်ပြည်ကို
ရောက်ကြတယ်။ နတ်ပြည်ကိုမရောက်ရင်လည်း လူ့ပြည်မှာလူဖြစ်ကြတယ်။ ပြီးတော့
ထိုသူတို့မှာ အနားက ကူညီလုပ်ဆောင်ပေးမည့် လူတွေပေါများကြတယ်လို့ ဖြေပါ
သည်။
ကလေးတို့လည်း သူတစ်ပါးကို မနာလို မဖြစ်ကြနဲ့၊ ဂုဏ်ယူဝမ်းမြောက်ကြ
ပါနော။ နောက်အမေး၊ အဖြေတစ်ခုကို ဆက်ဖတ်ကြစို့။
(၅-အမေး) လူတွေမှာ တစ်ချို့လူတွေက အသုံးဆောင် ပစ္စည်းဥစ္စာ ရွှေငွေ
တွေ မရှိကြဘဲ ဆင်းရဲကြတယ်။ အချို့ကျတော့ အဘယ့်ကြောင့် အသုံးဆောင်
ပစ္စည်းဥစ္စာ ရွှေငွေတွေ ပေါကြွယ်ဝပြီး ချမ်းသာကြပါသလဲ လို့ မေးလျှောက်တော့
ဗုဒ္ဓမြတ်စွာဘုရားရှင်က အောက်ပါအတိုင်း ဖြေပါ တယ်။
(၅-အဖြေ) တစ်ချို့လူတွေသည် ကိုယ့်မှာရှိတဲ့ဟာကို သူတစ်ပါးကို ပေးရ
မယ်-ကျွေးရမယ်ဆို အင်မတန်ကို တွန့်တိုကြတယ်။ မပေးလိုကြဘူး၊ မကျွေးလိုကြ
ဘူး။ အရာရာကို သူ့ဟာ၊ သူပိုင် အဖြစ် သိမ်းပိုက်ထားလိုကြတယ်။ ထိုသူတို့သည်
သေလွန်ပြီး နောက်ဘဝမှာလည်း ငရဲမီးပူတွေနဲ့ အချိန်အကြာကြီးကို အလောင်းခံရ၊
မီးရှို့ခံရနဲ့ အများကြီး ဒုက္ခခံရတယ်။ တကယ်လို့ ငရဲမကျဘဲ လူဖြစ်ခဲ့မယ်ဆိုရင်
လည်း ထိုသူတို့မှာ အသုံးဆောင် ပစ္စည်းဥစ္စာ ရွှေငွေတွေ မရှိကြဘဲ ဆင်းရဲကြ တယ်။
သူတို့လို မဟုတ်တဲ့ တစ်ချို့ကတော့ ကိုယ့်မှာရှိတာလေးတွေကို သူတစ်ပါးအား
မျှဝေပေးကမ်းကြတယ်။ ကျွေးမွေးကြတယ်။ မျှစားမျှဝေရှိကြတယ်။ ထိုသူတို့သည်
သေလွန်ပြီး နောက်ဘဝမှာ ကစားစရာ၊ စားစရာတွေ အလွန်ပေါတဲ့ နတ်ပြည်ကို
ရောက်ကြတယ်။ နတ်ပြည်ကို မရောက်ရင်လည်း လူ့ပြည်မှာ လူဖြစ်ကြတယ်။ ပြီး
တော့ ထိုသူတို့သည် အသုံးဆောင် ပစ္စည်းဥစ္စာ ရွှေငွေတွေ ပေါကြွယ်ဝပြီး ချမ်းသာ
ကြသည် ဟု ဖြေပါသည်။
ကလေးတို့လည်း သူတစ်ပါးကို ဝန်မတိုကြနဲ့၊ မတွန့်တိုကြနဲ့၊ ဝေစား
မျှစားကြနော။ နောက် အမေး၊ အဖြေတစ်ခုကို ဆက်ဖတ်ကြစို့။

35
ယဉ်ကျေးလိမ္မာနီတိကဗျာ

(၆-အမေး) လူတွေမှာ အချို့လူတို့သည် ကိုယ်ကျင့်သိက္ခာမရှိ၊ ဉာဏ်ပညာ


မဲ့ပြီး ယုတ်ညံ့သည့် အမျိုးအနွယ်တို့၏ အမျိုးအနွယ်ဖြစ်ကြပြီး၊ တစ်ချို့သူတို့သည်
ကိုယ်ကျင့်သိက္ခာနှင့် ဉာဏ်ပညာရှိ မြင့်မြတ်သည့် အမျိုးအနွယ်တို့၏ အမျိုးအနွယ်
ဖြစ်ကြရခြင်းသည် အဘယ့်ကြောင့်နည်း ဟု မေးလျှောက်တော့ ဗုဒ္ဓမြတ်စွာဘုရား
ရှင်က အောက်ပါအတိုင်း ဖြေပါတယ်။
(၆-အဖြေ) တစ်ချို့လူတွေသည် ကိုယ့်ကိုယ်ကိုယ်ကျတော့ အလွန်အထင်
ကြီး၍ တစ်ပါးသူဆို အလွန် အထင်သေးကြတယ်။ မတူသလို မတန်သလို ပြောဆို
ဆက်ဆံကြတယ်။ အဖေ၊ အမေ လူကြီးသူမကိုလည်း မရိုသေကြဘူး။ ရိုင်းပြစွာ ပြော
ဆိုဆက်ဆံကြတယ်။ အချင်းချင်းကိုလည်း မလေးစားကြဘူး။ ရိုင်းပြစွာ ပြုမူပြောဆို
လေ့ရှိကြတယ်။ ထိုသူတို့သည် သေလွန်ပြီး နောက်ဘဝမှာလည်း ငရဲမီးပူတွေနဲ့
အချိန်အကြာကြီးကို အလောင်းခံရ၊ မီးရှို့ခံရနဲ့ အများကြီး ဒုက္ခခံရတယ်။ တကယ်လို့
ငရဲမကျဘဲ လူဖြစ်ခဲ့မယ် ဆိုရင်လည်း ထိုသူတို့သည် ကိုယ်ကျင့်သိက္ခာမရှိ၊
ဉာဏ်ပညာမဲ့ပြီး ယုတ်ညံ့သည့် အမျိုးအနွယ်တို့၏ အမျိုးအနွယ်ဖြစ်ကြသည်။ သူတို့
လို မဟုတ်တဲ့ တစ်ချို့ ကတော့ ဖေဖေ၊ မေမေနှင့် လူကြီးသူမ တို့ကို ရိုသေကြတယ်။
အချင်းချင်းကိုလည်း လေးစားကြတယ်။ ငယ်သူကိုလည်း သနားချစ်ခင်ကြတယ်။
ငါက ဘာကွ သူကဘာညာ စသည်ဖြင့် အဆင့် အတန်း ခွဲခြားမှု မရှိဘဲ တူညီသော
စိတ်ထားဖြင့် ပြောဆိုဆက်ဆံကြတယ်။ ထိုသူတို့သည် သေလွန်ပြီး နောက်ဘဝမှာ
ကစားစရာ၊ စားစရာတွေ အလွန်ပေါတဲ့ နတ်ပြည်ကို ရောက်ကြတယ်။ နတ်ပြည် ကို
မရောက်ရင်လည်း လူ့ပြည်မှာ လူဖြစ်ကြတယ်။ ပြီးတော့ ထိုသူတို့သည် ကိုယ်ကျင့်
သိက္ခာနှင့် ဉာဏ်ပညာရှိ မြင့်မြတ်သည့် အမျိုးအနွယ်တို့၏ အမျိုးအနွယ်ဖြစ်ကြသည်
ဟု ဖြေပါသည်။
ကလေးတို့လည်း သူတစ်ပါးကို အထင်သေးစိတ်နဲ့ ပြောဆို ဆက်ဆံမှု မပြု
ကြနဲ့၊ အချင်းချင်း တန်းတူထားပြီး တူညီသောစိတ်ထားဖြင့် ပြောဆို ဆက်ဆံကြနော။
နောက်အမေး၊ အဖြေတစ်ခုကို ဆက်ဖတ်ကြစို့။

36
ယဉ်ကျေးလိမ္မာနီတိကဗျာ

(၇-အမေး) လူတို့မှာ အချို့သည် ဉာဏ်ပညာအားနည်း၍ အသိအလိမ္မာမရှိ


ကြ၊ တစ်ချို့မှာ ဉာဏ်ပညာထက်၍ အသိအလိမ္မာ ရှိကြခြင်းမှာ အဘယ့်ကြောင့်
နည်း ဟု မေးလျှောက်တော့ ဗုဒ္ဓမြတ်စွာဘုရားရှင်က အောက်ပါအတိုင်း ဖြေပါတယ်။
(၇-အဖြေ) လူတစ်ချို့သည် ဆရာတော်ဘုရားများ ဟောကြားဆုံးမသည့်
တရားတော်ကိုလည်း မနာယူကြ၊ ပညာရှိ လူကြီးသူမတို့၏ ဆုံးမစကားကိုလည်း နား
မထောင်ကြဘူး။ ဘယ်ဟာက ကောင်းသော အပြုအမူ၊ ကောင်းသော အပြောအဆို၊
ကောင်းသော တွေးတောကြံစည်မှု ဟုမသိကြ၊ ဘယ်ဟာက မကောင်းသော အပြု
အမူ၊ မကောင်းသော အပြောအဆို၊ မကောင်းသော တွေးတောကြံစည်မှု ဟုလည်း
မသိကြ။ မိမိစိတ်ထင်ရာ အထင်အမြင်နဲ့ ထင်ရာစိုင်း ရိုင်းကြ၏။ မကောင်းသော
အပြုအမူ၊ မကောင်းသော အပြောအဆို၊ မကောင်းသော တွေးတောကြံစည်မှု
ကိုသာ အများပြုလေ့ရှိကြ၏။ ထိုသူတို့သည် သေလွန်ပြီး နောက်ဘဝမှာလည်း
ငရဲမီးပူတွေနဲ့ အချိန်အကြာကြီးကို အလောင်းခံရ၊ မီးရှို့ခံရနဲ့ အများကြီး ဒုက္ခ
ခံရတယ်။ တကယ်လို့ ငရဲမကျဘဲ လူဖြစ်ခဲ့မယ်ဆိုရင်လည်း ထိုသူတို့သည် ဉာဏ်
ပညာအားနည်း၍ အသိအလိမ္မာ မရှိကြသူများ ဖြစ်ကြရ၏။ သူတို့လိုမဟုတ်တဲ့ တချို့
ကတော့ ဆရာတော်ဘုရားများ ဟောကြားဆုံးမသည့် တရားတော်များကိုလည်း
နာယူလိုစိတ်ထက်သန်ကြ၍ တရားနာမှုကို အများပြုလေ့ရှိကြ၏။ ပညာရှိလူကြီး
သူမတို့၏ အဆုံးအမကိုလည်း တန်ဖိုးထား၍ အဆုံးအမကို နားထောင်ခံယူကြ၏။
ထိုသူတို့သည် ဘယ်အရာက ကောင်းသော အပြုအမူ၊ ကောင်းသော အပြောအဆို၊
ကောင်းသော တွေးတော ကြံစည်မှုဟု သိနားလည်ကြ၍ ကောင်းသော အပြုအမူ၊
ကောင်းသော အပြောအဆို၊ ကောင်းသော တွေးတောကြံစည်မှုကိုသာ အများ
ပြုလေ့ရှိကြ၏။ ဘယ်အရာက မကောင်းသော အပြုအမူ၊ မကောင်းသော အပြော
အဆို၊ မကောင်းသော တွေးတောကြံစည် မှုဟုလည်း သိကြ၍ ထိုမကောင်းမှုတို့ကို
ပြုလုပ်လေ့မရှိကြ၊ ရှောင်ရှားကြ၏။ ထိုသူတို့သည် သေလွန်ပြီး နောက်ဘဝမှာ
ကစားစရာ၊ စားစရာတွေ အလွန်ပေါတဲ့ နတ်ပြည်ကို ရောက်ကြတယ်။ နတ်ပြည်ကို
မရောက်ရင်လည်း လူ့ပြည်မှာ လူဖြစ်ကြတယ်။ ပြီးတော့ ထိုသူတို့သည် ဉာဏ်ပညာ
ထက်၍ အသိအလိမ္မာရှိကြသည့် သူတော်ကောင်းများ ဖြစ်ကြ၏ ဟု ဖြေပါသည်။

37
ယဉ်ကျေးလိမ္မာနီတိကဗျာ

ကလေးတို့လည်း ဆရာတော်ဘုရားများထံ ချည်းကပ်ပါ။ တရားနာယူပါ။


ဖေဖေ၊ မေမေ၊လူကြီး သူမတို့ ပြောဆိုဆုံးမမှုကို နားထောင်ကြပါ။ ဘယ်ဟာက
ကောင်းသော အပြုအမူ၊ ကောင်းသော အပြောအဆို၊ ကောင်းသော တွေးတော
ကြံစည်မှုလဲဆိုတာကို ဖေဖေ၊ မေမေ၊ လူကြီးသူမတို့ကို မေးမြန်း၍ မှတ်ထားကြပြီး
လျှင် ထိုကောင်းသော အမှုကိုသာ ပြုကျင့်ပါနော။
ကလေးတို့ရေ… အထက်က မေးခဲ့၊ဖြေခဲ့သည်ကို မဟာဂန္ဓာရုံ ဆရာတော်
ဘုရားကြီးက ဆောင် ပုဒ်လေး ရေးစပ်ထားခဲ့ပါတယ်။ အဲဒါလေးကို နှုတ်တက်
ရအောင် ကျက်မှတ်ထားကြပါနော…

၁။ သူများအသက် သတ်သည့်တွက် အသက်ကိုယ့်မှာတို။


၂။ မသတ်ရှောင်ရှား ထိုသူများ ရှည်လျားအသက်ကို။
၃။ နှိပ်စက်ကလူ၊ ညှင်းဆဲသူ ပြောထူရောဂါဆို။
၎။ သနားစိတ်သွင်း၊ မနှိမ်နင်း ကင်းရှင်းရောဂါကို။
၅။ ထန်ပြင်းဒေါသ ကြီးတတ်က အလှပျက်မည်ဆို။
၆။ ဒေါသကင်းစင် မေတ္တာယှဉ် ကြည်လင်လှသကို။
၇။ မနာလိုပြန် ဣဿာထန် ခြံရံကင်းမည်ဆို။
၈။ ဣဿာမထား ဝမ်းမြောက်ငြား ပေါများခြွေရံကို။
၉။ မလှူမဒါန်း မပေးကမ်း ခြောက်ခန်းဥစ္စာဆို။
၁၀။ စွန့်ကြဲလေ့တုံ၊ ပြုပါကုန် ကုံလုံကြွယ်ဝလို။
၁၁။ မာန်မာနကြွယ်၊ ထိုသူဝယ် မျိုးနွယ်ညံ့မည်ဆို။
၁၂။ ထိုက်သူရိုကျိုး၊ မာန်ကိုချိုး အမျိုးမြတ်သကို။
၁၃။ သိဖွယ်ဟူသမျှ မမေးက ဖျင်းအ-ပညာဆို။
၁၄။ ကြားမြင်များအောင် မေးလေ့ဆောင် ခုနောင်တတ်သိလို။
ကဲ… ကလေးတို့ရယ်… ဦးဦးတို့လည်း ကလေးတို့တွေ အရွယ်က ဒီလိုအသိ
ဉာဏ်တွေ လက်ဆောင်ရခဲ့လို့ ကောင်းသထက် ကောင်းအောင် ကြိုးစားခွင့်ရခဲ့ပါ
တယ်။ မဟုတ်ရင်လေ ထင်ရာစိုင်း ရိုင်းတဲ့သူတွေ ဖြစ်သွားနိုင်ပြီးတော့ ဆိုးသထက်

38
ယဉ်ကျေးလိမ္မာနီတိကဗျာ

ဆိုးပြီးဆင်းရဲဒုက္ခတွေနဲ့ တွေ့ကြုံဖို့ပဲ ရှိပါတယ်။ အခုကလေးတို့က ဒီအသိဉာဏ်


လက်ဆောင်ကို တန်ဖိုးထားပြီး မှတ်သားလိုက်နာကြပါနော… ပျော်ရွှင်စရာ
ကောင်းတဲ့ဘဝ၊ ချမ်းသာမြင့်မြတ်တဲ့ဘဝကို ကလေးတို့ ပိုင်ဆိုင်ခွင့်ရအောင်
ကြိုးစားနိုင်ကြတဲ့ တန်းဖိုးရှိသောကလေးငယ်တွေ ဖြစ်ကြပြီးလျင် နောင်တစ်ခေတ်
ကို တောက်ပစွာ ဦးဆောင်နိုင်တဲ့ ကြယ်ပွင့်လေးများ ဖြစ်ကြပါစေလို့ ဦးဦး
မေတ္တာထား ဆန္ဒပြုပါ တယ်…

ကလေးတို့ကို ချစ်ခင်လေးစားသော ဦးဦး

ဝင်းမြင့်

မျိုးစေ့မှန်မှ အပင်သန်ပါမည်

ကလေးတို့ရေ…

မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေလို့ ဦးစွာ မေတ္တာပို့သလျှက် နှုတ်ခွန်းဆက်သ


လိုက်ပါတယ်။
ကလေးတို့အတွက် အခုလို အသိပေး ဆုံးမစကားတွေကို ရေးသားနေတဲ့
အစ်ကိုသည်လည်း ဟိုး… လွန်ခဲ့သော ၁၅နှစ် ၀န်းကျင်က ကလေးတို့လို
သာမန်ကျောင်းသားလေး တစ်ယောက်ပဲ ဆိုတာ အရင်ဆုံး အသိပေးချင်ပါတယ်။
ကလေးတို့ရေ… မျိုးစေ့မမှန် ပင်မသန် ဆိုတဲ့ စကားကို ကလေးတို့ ကြားဖူး
ပြီးသားဖြစ်မှာပါ။ တချို့သော အပင်လေးတွေဟာ မျိုးစေ့ကောင်းပါလျှက် အဲဒီမျိုး
စေ့လေးတွေကို ကြဲမိလိုက်တဲ့မြေကြီးဟာ အဆီအနှစ်မရှိလို့ ရှင်သန်ကြီးထွား
နိုင်စွမ်း မရှိကြဘူး။ တချို့ကျတော့လည်း ကြဲမိတဲ့ မြေကြီးက အဆီအနှစ်ရှိပါလျက်နဲ့
မျိုးစေ့ကိုက မကောင်းတာမို့ အပင်မရှင်သန်နိုင်တာမျိုးလည်း ရှိကြတယ်။ ကလေး
တို့ရေ..အပင်တစ်ပင် ကြီးထွားရှင်သန်ဖို့ဆိုတာ မျိုးစေ့ကောင်းဖို့ လိုအပ်သလို
မြေဆီသြဇာကောင်းဖို့ကလည်း အရေးပါတယ်ဆိုတာကို ကလေးတို့ နားလည်ကြစေ

39
ယဉ်ကျေးလိမ္မာနီတိကဗျာ

ချင်တယ်။ ဒါ့အပြင် မျိုးစေ့လေးတွေကို ကြဲချပြီးတဲ့နောက် ဆက်လက်ပြုစု


ပျိုးထောင်ပေးမယ့် ဥယျာဉ်မှူးလည်း ရှိဖို့လိုတာပေါ့။ ဒီနေရာမှာ မျိုးစေ့လေးတွေ
ဆိုတာ ကလေးတို့တွေနဲ့ တူပြီး မြေဆီသြဇာဆိုတာတော့ ကလေးတို့ စာပေ
ပညာတွေ သင်ကြားတဲ့ နေရာပဲဆိုတာ နားလည်ကြရမယ်နော်။ ဥယျာဉ်မှူးကတော့
ကလေးတို့ရဲ့ ဆရာ၊ဆရာမတွေပဲပေါ့။ အခုဆိုရင် မျိုးစေ့ကောင်းလေးတွေနဲ့တူတဲ့
ကလေးတို့က ယဉ်ကျေးလိမ္မာ စင်ကြယ်ကြတဲ့အပြင် မြေဆီနှစ်ကောင်းမွန်တဲ့
ကျောင်းတော်ကြီးမှာ ပညာသင်ကြားနေကြပြီး ကလေးတို့ကို ရင်နှစ်သည်းချာ
သားရင်းပမာ စောင့်ရှောက်နေတဲ့ ဥယျာဉ်မှူး ဆရာ၊ဆရာမတွေ ရှိနေပြီးဖြစ်လို့
ကလေးတို့တွေဟာ ကြီးထွားသီးပွင့်လာမယ့် အပင်လေးတွေအဖြစ် ရှင်သန်ခွင့်
နေကြပြီ ဖြစ်ပါတယ်။
ကလေးတို့ရေ… ဥယျာဉ်ဆိုတာကလည်း ပြုစုသူရှိမှ လှပတာပါ။ ဥယျာဉ်
မှူးနဲ့တူတဲ့ ဆရာ၊ ဆရာမတွေဆိုတာ ကလေးတို့ အပေါ်မှာ ပညာသင်ကြား
ပေးတဲ့အခါ စေတနာ၊ ၀ါသနာ၊ အနစ်နာ ဆိုတဲ့ နာသုံးနာကို အရင်းတည်ပြီး
လေ့ကျင့်ပျိုးထောင် ပေးကြသူတွေပါ။ ဆရာဆိုတာ မိမိတို့ရဲ့ နှလုံးသားမှာ တည်မိတဲ့
စေတနာ၊ မေတ္တာ၊ ၀ါသနာ၊ အနစ်နာခံစိတ်များရဲ့ လှုံ့ဆော်မှုကြောင့် ကြိုးစား
အားထုတ်ပြီး ပညာသင်ကြားပြသပေးသူတွေဖြစ်တဲ့အပြင် တပည့်များကို လမ်းမှား
မရောက်ရလေအောင် အမုန်းခံပြီး ဆုံးမတတ်သူတွေလည်းပဲ ဖြစ်ပါတယ်။ အဲဒါ
ကြောင့် “ဆရာ” ဆိုတာ တပည့်သားကို နှလုံးနဲ့လွယ်ပြီး ခံတွင်းက မွေးဖွားပေး
ကြသူများ ဖြစ်သလို “တပည့်”ဆိုတာ ဆရာတို့ရဲ့ နှလုံးအိမ်မှာ သန္ဓေတည်ပြီး ခံတွင်း
က မွေးဖွားလာကြတဲ့ သားသမီးများပဲ ဖြစ်ပါတယ် ကလေးတို့။
ကလေးတို့ရေ… ကလေးတို့ ကြားဖူးတဲ့ ဇာတ်တော်တစ်ခုကို ပြောပြချင်ပါတယ်။
အဲဒါကတော့ ကျေးသားညီနောင်ဇာတ်တော်ပါ။ ဇာတ်လမ်းကို အကျဉ်းချုံ့ပြီး ပြောရ
ရင် ကျေးသားပေါက်လေးညီနောင်ဟာ လေပြင်းမုန်တိုင်းကြောင့် တစ်ယောက်
တစ်နေရာစီ ကွဲကွာရောက်ရှိသွားကြပါတယ်။ တစ်ကောင်က ရသေ့တွေနေတဲ့
ကျောင်းသင်္ခမ်း ကိုရောက်ပြီး တစ်ကောင်ကတော့ လူဆိုးဓားပြတွေဆီ ရောက်ခဲ့ရ
ပါတယ်။ လူဆိုးဓားပြတွေ နေတဲ့နေရာကို ရောက်သွားတဲ့ ကျေးသားလေးဟာ လူဆိုး

40
ယဉ်ကျေးလိမ္မာနီတိကဗျာ

စိတ်တွေဝင်ပြီး ငှက်ဆိုးလေးဖြစ်သွားပေမယ့် ရသေ့တွေနေတဲ့ ကျောင်းကိုရောက်


သွားတဲ့ ကျေးငှက်လေးကတော့ ငှက်လိမ္မာလေးဖြစ်သွားခဲ့ပါတယ်။ အကယ်၍များ
ဒီကျေးလေးနှစ်ကောင်လုံး ရသေ့တွေနေတဲ့ ကျောင်းသင်္ခမ်းပေါ်ကိုသာ ရောက်
သွားခဲ့ရင်ဖြင့် နှစ်ကောင်လုံးငှက်လိမ္မာလေးတွေ ဖြစ်ကုန်ကြမှာ ဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ ပါရမီအရင့်အမာရှိပြီးသူ ပင်ကိုယ်အခံစွမ်းအားကြီးသူတွေ
မဟုတ်ကြရင် ထိုသူတို့ရဲ့ မျိုးရိုးဗီဇကို သူ့နေရာ၊ သူ့ပတ်ဝန်းကျင်က လွှမ်းမိုးပြီး
ပြောင်းလဲသွားနိုင်လို့ပါပဲ ကလေးတို့။
ကလေးတို့ရေ… ကျေးသား ဇာတ်တော်ကို သင်္ခန်းစာယူပြီးတော့ ကလေး
တို့ ဘ၀မှာလည်း ငှက်ဆိုးလေးလို မဖြစ်စေရဘူး ဆိုတဲ့ အသိလေး ရစေချင်ပါတယ်။
ယခု ကလေးတို့ စာပေပညာတွေ သင်ယူနေတဲ့နေရာဆိုတာ ကလေးတို့အတွက်
နေရာကောင်းဖြစ်လို့ ရသေ့ကျောင်းဆောင်နဲ့တူပါတယ်။ ဒီနေရာလေးမှာ ခိုနားခွင့်
ရတဲ့ကလေးတို့တွေလည်း ရသေ့ကျောင်းဆောင်က ကျေးငှက်လေးလို လိမ္မာစွာနဲ့
ဘ၀မှာ ရပ်တည်သွားကြရမယ်။ ရပ်တည်နိုင်ကြမယ်လို့လည်း အစ်ကို ယုံကြည်
ပါတယ်။
ကလေးတို့ရေ… အသိလိမ္မာတွေကို သင်ယူနေတဲ့ ကလေးတို့တွေဟာ
ကျက်သရေ မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံပြီး အင်မတန်မှ အဖိုးတန်လှတဲ့ သားကောင်း
သမီးကောင်းလေးတွေ ဖြစ်နေကြပါပြီ။ ကလေးတို့ ကြိုးစား သင်ယူနေတဲ့ အသိပညာ
တွေသည် အလကားဖြစ်သွားမယ့် ပညာရပ်တွေ မဟုတ်ဘူးဆိုတာနဲ့ နောင်တစ်ချိန်
မှာ ပြန်လည်အသုံးလာမယ့်ဟာတွေ ဖြစ်တယ်ဆိုတာကို စွဲမြဲယုံကြည်စေချင်
ပါတယ်။
ကလေးတို့ရေ… ယနေ့လူငယ် နောင်ဝယ်လူကြီး ဆိုတဲ့အတိုင်း ကလေး
တို့ဟာ တစ်နေ့မှာ လောကကောင်းကျိုးအတွက် အရေးပါတဲ့ နေရာကဏ္ဍ အသီးသီး
မှာ တာဝန်တွေ ထမ်းရွက်ရမှာ ဖြစ်ပါတယ်။ လယ်မြေကောင်းမှာ ရှင်သန်ခွင့်
ရခဲ့ကြတဲ့ မျိုးစေ့တွေဟာ လောကကို အလှဆင်နိုင်သလို အသိအလိမ္မာရှိတဲ့ ပတ်ဝန်း
ကျင်မှာ ရှင်သန်ခဲ့ရတဲ့ ကလေးတို့ဟာလည်း လောကအကျိုးကို သယ်ပိုးနိုင်မယ်လို့
ယုံကြည်ပါတယ်။ ကလေးတို့အနေနဲ့လည်း သူတပါး ယုံကြည်ထိုက်သူဖြစ်အောင်

41
ယဉ်ကျေးလိမ္မာနီတိကဗျာ

ရိုးသားရမယ်။ အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမယ်။ လေးစားထိုက်သူ


ဖြစ်အောင်လည်း စိတ်ဓာတ်စင်ကြယ်ရမယ်။
ကလေးတို့ရေ… ပန်းပွင့်လေးတွေလှသလို လူ့ဘ၀လည်း လှပါတယ်။
ပန်းပွင့်လေးတွေ မွှေးသလို လူ့ဘ၀လည်း မွှေးပါတယ်။ လှတဲ့ မွှေးတဲ့ ပန်းတွေကို
လောကမှာ ထိုက်ထိုက်တန်တန် အသုံးချလို့ရသလို ကလေးတို့ ဘ၀ကို လောက
အလှအတွက် အသုံးချပြီး ဘ၀မှာ မွှေးရနံ့တွေ ထုံသင်းနေနိုင်ကြပါစေလို့ အစ်ကို
ဆန္ဒပြုပါတယ်။ ကလေးတို့အားလုံး တန်ဖိုးရှိတဲ့အချိန်မှာ တန်ဖိုးကြီးမားလှတဲ့
အဆုံးအမ သြ၀ါဒစကားများကို ခံယူလိုက်နာ ကျင့်သုံးနိုင်ကြသဖြင့် လောက ကို
အလှဆင်နိုင်ကြပါစေ ကလေးတို့လေးတွေရဲ့ ဘ၀လေးတွေလည်း လှပနိုင်ကြပါ
စေ…
မေတ္တာဖြင့်…
အစ်ကိုမိုးယံ

တန်ဖိုးရှိတဲ့ လူ

မောင်လေး ညီမလေးတို့ ရေ

ဘုန်းဘုန်း၊ ဦးဦးနဲ့ အစ်ကို တို့ ရဲ့ ဆုံးမသြ၀ါဒ လက်ဆောင်လေးတွေဟာလည်း


တော်တော်ကို ပြည့်စုံနေပါပြီကွယ်။ မမကတော့ဘ၀မှာ အရေးအကြီးဆုံး အရာတွေ
ကို ပြောပြချင်တယ်…..အဲဒါတွေသည် ဘုရား၊ တရား၊သံဃာ စတဲ့ ရတနာမြတ်
သုံးပါးကို ရိုသေမြတ်နိုးတန်ဖိုးထားတတ်ဖို့၊ ကောင်းမှု မကောင်းမှု တွေကို ရှင်းလင်း
စွာ သိစေဖို့၊ ကျောင်းမှာ သင်ကြားရတဲ့ ပညာရပ်တွေကို နားလည်သဘော
ပေါက်စွာနဲ့တနေ့မှာ မောင်လေး ညီမလေးတို့ရဲ့ ဘ၀အတွက်၊ မောင်လေး
ညီမလေးတို့ရဲ့ မိသားစုအတွက်၊ ရပ်ရွာပတ်ဝန်းကျင် အသိုင်းအ၀ိုင်းအတွက်၊
တိုင်းပြည် အတွက်နဲ့ တကမ္ဘာလုံးမှာ ရှိကြတဲ့ လူသားတွေအားလုံးအတွက် တန်ဖိုး
ရှိတဲ့ လူသားတွေ ဖြစ်ဖို့ ရယ်ပါပဲ။

42
ယဉ်ကျေးလိမ္မာနီတိကဗျာ

တန်ဖိုးရှိတယ်ဆိုတာ ဘာကိုခေါ်တာလဲ? မမသိသလောက် ပြောပြမယ်


နော်။ သူတပါးအတွက် မကောင်းကျိုး မဖြစ်စေဘဲ ကောင်းကျိုးကိုသာ ဖြစ်ရအောင်
လုပ်ဆောင်နိုင်မှုကို တန်ဖိုးရှိတယ်လို့မမကတော့ နားလည်ထားတယ်။ မောင်လေး
တို့ ညီမလေးတို့ပြန်စဉ်းစားပါနော်။ ကိုယ့်ဝမ်းစာ တခုတည်းအတွက်ပဲ တနေကုန်
အလုပ်လုပ်လိုက်၊ ပြီးတဲ့အခါ စားသောက်လိုက်၊ အိပ်လိုက်၊ အဲဒီ့လို လည်ပတ်
နေတာကို တန်ဖိုးမဲ့တယ်လို့ ခေါ်ပါတယ်ကွယ်။ ရှာ၊စား၊အိပ်၊ကာမဂုဏ်ခံစား စတာ
တွေဟာ တိရိစ္ဆာန်တွေသော်မှ လုပ်နိုင်တဲ့အလုပ်တွေရယ်လေ။ ပိုက်ဆံရဖို့
သည်းကြီးမည်းကြီး ရှာဖွေနေပေမဲ့ အများကို အကျိုးပြုဖို့ မစဉ်းစားပဲ ကိုယ်ကျိုး
တွက်သာ ဆိုရင်လည်း အဲဒါသည် တန်ဖိုးမဲ့သော လုပ်ရပ်ပါပဲကွယ်။
တန်ဖိုးရှိတဲ့လူဖြစ်အောင်လုပ်ဖို့ကတော့ သိပ်မခက်ပါဘူး။ လွယ်လားဆိုပြန်
တော့သိပ်တော့ မလွယ်ဘူးရယ်။ အနီးစပ်ဆုံး မောင်လေးညီမလေးတို့ရဲ့ဆရာ၊
ဆရာမတွေကို ပြန်ကြည့်ပါ။ ဘယ်လောက် တန်ဖိုးရှိလိုက်သလဲဆိုတာ …. မမလေ
ကြားရမြင်ရတာနဲ့တင် ဒီဆရာ ဆရာမတွေကို သိပ်ကိုချီးကျူးမိပါတယ်။
မလောက်မငှ လစာလေးနဲ့ ပညာရေးရဖို့ ခက်ခဲတဲ့ မောင်လေးတို့ ညီမလေးတို့
အတွက် အနစ်နာခံကြတယ်။ လစာမရဘဲနဲ့တောင် စာသင်မပျက်တဲ့ ဆရာ၊ ဆရာမ
တွေလည်း ရှိကြတယ်။ အနီးစပ်ဆုံး ဒီဆရာဆရာမတွေကို အတုယူရမယ်နော်။
ဆရာ၊ ဆရာမတွေဟာ မောင်လေးညီမလေးတို့ ပညာသင်ကြားနေတာကို ကြည့်ပြီး
ပီတိနဲ့တင် ကျေနပ် နေကြတာပါ။
မမ ပြောချင်တာလေးကို ပြန်ဆက်ရအောင်။ မိုးလင်းတာနဲ့  သရဏဂုံ
ရွတ်ဖတ်ပူဇော်၊ ငါးပါးသီလ ဆောက်တည်နော်။ ပြီးတဲ့အခါ ၃၁ ဘုံသားတွေ
အားလုံးကျန်းမာပါစေ ချမ်းသာပါစေလို့  မေတ္တာပို့လိုက်။ ကျောင်းစာကို မပျင်းမရိနဲ့ 
ကျက်မှတ်ရမယ်။ ပြီးတဲ့အခါမှာလေ. ဘယ်အလုပ်ပဲလုပ်လုပ် ကိုယ်ကောင်းဖို့
အတွက်ပဲ မကြည့်ရဘူး။ အများကောင်းဖို့ အတွက်ပါ ကြည့်ရတယ်ကွယ့်။ ကိုယ့်
အတွက်ပဲ ကြည့်မယ်ဆိုရင် ဘာနဲ့ တူမလဲ? တိရိစ္ဆာန်နဲ့  မခြားနားတော့ဘူးပေါ့နော်။
လူဖြစ်ရတယ်ဆိုတာ ကုသိုလ်ကံ သိပ်ကြီးမားလို့ရယ်ပါ။ ဒီကုသိုလ်ကံ ကောင်းနေ
တာတောင်မှ တိရိစ္ဆာန်လိုပဲ ဖြစ်ချင်မှာတော့ ဘယ်ဟုတ်မလဲနော်။ ငွေကြေး

43
ယဉ်ကျေးလိမ္မာနီတိကဗျာ

မတတ်နိုင်လို့ အများအတွက် မလုပ်ပေးနိုင်ဘူးဆိုတာ မရှိပါဘူး။ ငွေအား နဲ့ မတတ်


နိုင်လူအားပေါ့ကွယ်။ ကျောင်းမှာ ရေခပ်ပေးတာ တို့၊ တံမြက်စည်း လှည်းပေး
တာတို့၊ စာမလိုက်နိုင်တဲ့ သူငယ်ချင်းကို စာရှင်းပြတာတို့၊ စတဲ့အရာတွေဟာလည်း
သူများအကျိုးအတွက် လုပ်ပေးတာပါပဲနော်။ အဓိက ကတော့ကွယ်.. ကိုယ်ကောင်း
စားဖို့အတွက် သူများကို ခေါင်းပုံမဖြတ်မိစေနဲ့၊ ကိုယ်တိုးတတ်ဖို့ အတွက် သူများ
အပေါ်မှာ မနင်းမိစေနဲ့၊ ကိုယ်သက်သာဖို့အတွက် သူများကို ၀န်ပိုအောင် မလုပ်
မိစေနဲ့ကွယ်။ သရဏဂုံအကျိုးနဲ့မေတ္တာအစွမ်းကြောင့် တနေ့တာလုံး ကြည်လင်
လန်းဆန်းနေမယ်။ ငါးပါးသီလအကျိုးကြောင့် ဘာပြဿနာမှ တွေ့ ရမှာ မဟုတ်ဘူး
(ငါးပါးသီလကို လုံခြုံမယ်ဆိုရင် မကောင်းမှုဒုစရိုက်တွေက ကင်းဝေးသွားလို့ပါ)။
ဒါက လက်ငင်းအကျိုးရယ်နော်။ သံသရာအတွက် အကျိုးကျေးဇူးကလည်း များလှပါ
တယ်ကွယ်။ သူများကိုလည်း ကူညီဆောင်မပေးမယ်။ ဆိုရင်…အဲ့ဒီလူဟာ တန်ဖိုးရှိ
တဲ့ လူဖြစ်သွားပြီပေါ့ကွယ်….။ မောင်လေးညီမလေးတို့လည်း တန်ဖိုးရှိတဲ့ ကလေး
ငယ်တွေ၊ တန်ဖိုးရှိတဲ့ လူတွေ ဖြစ်လာမယ်လို့  မမ ယုံကြည်ပါရစေနော်။

မေတ္တာဖြင့်
မမ ထိုက်ထိုက်

ယဉ်ကျေးလိမ္မာ ဆုံးမစာ သံပေါက်ကဗျာများ

၁။ အနန္တငါး၊ ဦးထိပ်ထား၊ ညွတ်တွားပါကွဲ့ မမေ့နဲ့။


၂။ ဆရာ မိဘ ဆိုဆုံးမ၊ လိုက်နာကြကွဲ့ မမေ့နဲ့၊
၃။ မိဦး ဖဦး၊ ဆရာဦး၊ ခူး၍နော်ကွဲ့ မစားနဲ့။
၎။ ကိုယ့်ထက်ကြီးသူ၊ ပြောဆိုမူ၊ နင် ငါဟူ၍ မပြောနဲ့။
၅။ သူများကိုသာ၊ ရန်မရှာ၊ မခံချင်တာ မပြောနဲ့။
၆။ ယဉ်ကျေးအောင်သွား၊ ယဉ်အောင်စား၊ စကားပြောလည်း ယဉ်စေကွဲ့၊
၇။ ပရမ်းပတာ၊ သူ့ထက်ငါ၊ လုယက်ကာကွဲ့ မစားနဲ့၊( မသွားနဲ့၊ မပြောနဲ့၊ မရပ်နဲ့၊
44
ယဉ်ကျေးလိမ္မာနီတိကဗျာ

မထိုင်နဲ့၊ မအိပ်နဲ့၊ )
၈။ ထမင်းစားရာ၊ အစားစာ၊ များစွာစကား မပြောနဲ့၊
၉။ ငြိမ်သက်သားနား၊ သတိထား၊ ကောင်းကောင်းစားကွဲ့ ဖိတ်စေနဲ့။
၁၀။ စားပြီးသောခါ၊ စင်ကြယ်စွာ၊ ဆေးကြောပါကွဲ့၊ ကောင်းကောင်းတဲ့။
၁၁။ လက်ကိုလျက်ကာ၊ မစားရာ၊ ရှောင်ရှားပါကွဲ့၊ ကောင်းကောင်းတဲ့။
၁၂။ နှုတ်ခမ်း ပါး နား၊ လျက်ကာစား၊ ရှောင်ရှားပါကွဲ့ ကောင်းကောင်းတဲ့။
၁၃။ လျာကို ထုတ်ကာ၊ မစားရာ၊ ရှောင်ရှားပါကွဲ့ ကောင်းကောင်းတဲ့၊
၁၄။ ဟင်းရေသောက်ပြန် ၊ ရှူးရှူးသံ၊ ဧကန်မပြုနဲ့။
၁၅။ ထမင်း ဟင်းပေလျက်၊ သောက်ရေခွက်၊ လက်နဲ့မကိုင်နဲ့၊
၁၆။ အိမ်ပေါ် ကျောင်းပေါ်၊ ဇရပ်ပေါ်၊ သွားသော် ခြေနင်း မပြင်းနဲ့။
၁၇။ ရဟန်း သံဃာ၊ ရှေ့မှောက်မှာ၊ ရိုသေစွာတဲ့ သွားပါကွဲ့။
၁၈။ လူကြီးသူမ၊ ရှေ့သို့ကျ၊ ကုန်းကွ၍တဲ့ သွားပါကွဲ့။
၁၉။ ဒူးထောင် ပေါင်ကား၊ ဆရာနား( မိဘနား) အားလျားမှောက်၍ မနေနဲ့။
၂၀။ သောက်ရေ သုံးရေ၊ မရှိချေ၊ ရေကို ခပ်ကွဲ့ မပျင်းနဲ့၊
၂၁။ အိပ်ယာနေရာ၊ အိပ်ပြီးခါ၊ သိမ်းကြပါကွဲ့ ကောင်းကောင်းတဲ့၊
၂၂။ ကျောင်းတွင်း အိမ်တွင်း၊ ရှုပ်နေလျင်း၊ သန့်ရှင်းအောင်တဲ့ ပြုပါကွဲ့၊
၂၃။ မိန်းကလေးမှာ၊ အရာရာ၊ ပြာတီး ပြာတာ မရှုပ်နဲ့။
၂၄။ မိန်းမ မင်း ဆင်၊ ၇ဟန်းပင်၊ ဣနြေ္ဒရှင်ကွဲ့၊ လေးဦးတဲ့။
၂၅။ မိန်းမ ဣနြေ္ဒ၊ သိရ်သရေ၊ စိန်ကုဋေတန်သကွဲ့၊ မှတ်လေတဲ့။
၂၆။ ကျောင်းပစ္စည်းကို ၊ မယူလို၊ မြွေဆိပ်လိုတဲ့ ကြောက်ပါကွဲ့။
၂၇။ ဝေယျာဝစ္စာ၊ ကျောင်းအိမ်မှာ၊ လျော်စွာလုပ်ကွဲ့။ မခိုနဲ့။
၂၈။ အများပိုင်ကို၊ ကိုယ့်ဟာလို၊ ရိုသေကြကွဲ့၊ ကောင်းကောင်းတဲ့။
၂၉။ ဝေယျာဝစ္စာ၊ ကျောင်းအိမ်မှာ၊ လျော်စွာလုပ်ကွဲ့၊ မခိုနဲ့။
၃၀။ ဧည့်သည် အာဂန္တု၊ ရောက်လာမှု့၊ ဆူညံ၍လည်း ၊ မနေနဲ့။
၃၁။ လူရှုပ် လူပွေ၊ လူယုတ်တွေ၊ ရှောင်လေရှားကွဲ့ ဝေးဝေးတဲ့။
၃၂။ ဘိန်း အရက်ကို ၊ မရှူလို၊ မစင်လိုတဲ့ ရွံပါကွဲ့။

45
ယဉ်ကျေးလိမ္မာနီတိကဗျာ

၃၃။ ကုန်းချော ကြမ်းကြုတ်၊ အကျင့်ယုတ်၊ မဟုတ်စကား မပြောနဲ့။


၃၄။ ဘုရား ပုထိုး၊ ဦးညွတ်ကျိုး၊ ရှိခိုးအိပ်ကွဲ့ မမေ့နဲ့။
၃၅။ မိခင် ဖခင်၊ ဆရာရှင်၊ နေ့စဉ် ရှိခိုးကွဲ့။
၃၆။ သူက ပြုဖူး၊ သူ့ကျေးဇူး၊ အထူးမမေ့နဲ့ ၊ ပြန်ဆပ်ကွဲ့၊
၃၇။ ကောင်းမြတ်အကျင့် ထိုသူကျင့် မလင့် တိုးတက်မည်။

အမျှဝေ စာတမ်း

ဤသို့ ပြုရ မြတ်ပုညကို၊ ကြီးထမြင့်ခေါင်၊ မြင်းမိုရ်တောင်ဦး၊ မကကျူးသား၊


ကျေးဇူးအရှင်၊ မွေးမိခင်နှင့်၊ ဖခင်တို့အား၊ ရငြားပါစေ၊ အမျှဝေ၏။မသွေနိစ္စ၊
ဤကာယကို၊ စောင့်ထပေတတ်၊ ကိုယ်စောင့်နတ်လည်း၊ မလပ်စေရ၊ ပေးဝေငှ၏။
မိတ္တဆွေဥာ၊ ဆရာသမား၊ ဘိုးဘွားက စ၊ ယမရာဇာ ဒေ၀ါယက္ခ၊ ဣန္ဒဘုမ္မာ၊
အာကာသနတ်၊ အထူးမှတ်၍၊ အမြတ်ပုည၊ ကုသလကို၊ ရကြပါစေ အမျှဝေ၏။
သဗ္ဗေသတ္တာ၊ သတ္တ၀ါဟု၊ နာနာလောက၊ အနန္တတွင်၊ မပြတ်စဉ်ကာ၊ သတ္တာဝါသ၊
ဘုံကိုးဝ နှင့်၊ ၀ိဥာဏဋ္ဌိတိ၊ တည်ရှိခုနှစ်ပါး၊ များစွာလုံးစုံ၊ ဘုံသုံးဆယ့်တစ်၊
ဖြစ်ဖြစ်သမျှ ဝေနေယျအား၊ အမျှကုသိုလ်၊ ပေးဝေလို၏။ ထိုကုသလ၊ ဤပုညကို၊
အမျှရကြသည် ဖြစ်စေသောဝ်။
ဝသုန္ဒရေ၊ ဤမြေပံသု၊ သိလာထုလည်း၊ သက်သေအမှု့ တည်စေသောဝ်။
အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့ -- သာဓု သာဓု သာဓု

46
ယဉ်ကျေးလိမ္မာနီတိကဗျာ

ပွင့်သည့်ပန်းတိုင်း လန်းပါစေ

ယဉ်ကျေးလိမ္မာ၊ ရင်သွေးကမ္ဘာ၊ ဝေဆာလှပ၊ ဖူးပွင့်ကြ။


နံနက်နိုးလာ၊ ရှေ့ ဦးစွာ၊ မေတ္တာပို့ သ၊ ပွားများကြ။
သတ္တ၀ါအပေါင်း၊ ချမ်းသာကြောင်း၊ စိတ်ကောင်းထားမှ ငြိမ်းချမ်းကြ။
ကမ္ဘာ့ငြိမ်းချမ်း၊ ခေတ်သစ်ဆန်း၊ ရည်မှန်းသမျှ ပြည့်စုံရ။
အနန္တငါးဖြာ၊ မြတ်နိုးပါ၊ ကြည်သာရွှင်ပျ ပူဇော်ကြ။
ရတနာသုံးပါး၊ ဦးထိပ်ထား၊ စွမ်းအားထက်လှ၊ မြင့်မြတ်ရ။
မိဘဆရာ၊ ရိုသေပါ။ ချမ်းသာသုခ ပြည့်ဖြိုးကြ။
သီလငါးအင်၊ စောင့်ထိန်းလျှင်၊ လူတွင်ထူးလှ မြင့်မြတ်လှ။
သီလတန်ခိုး၊ သစ္စာမျိုး၊ ရွာဖြိုးသွန်းချ လိုတိုင်းရ။
သူတော်ကောင်းဓါတ်၊ တရားမြတ်၊ လွှမ်းပတ်လောက တည်စေပ။
နိုင်ငံ့ခေါင်းဆောင်၊ ပျိုးသစ်ထောင်၊ ရှေ့ ဆောင်လမ်းပြ ကြိုးပမ်းကြ။

ဤ ယဉ်ကျေးလိမ္မာနီတိကဗျာ စာအုပ်ငယ်လေးကို ပန်းကမ္ဘာဆရာတော် ဦးသုနန္ဒာလင်္ကာရ


အား အမှူးထား၍ ဦးစိုးမိုးနှင့် သမီးထိုက်ထိုက်၊ ဓမ္မမောင်နှမများမှ စီစဉ်ထုတ်ဝေ၍
ဓမ္မဒါနပြုပါသည်။

47
ယဉ်ကျေးလိမ္မာနီတိကဗျာ

48

You might also like