M 1001 Assignment 5

You might also like

Download as docx, pdf, or txt
Download as docx, pdf, or txt
You are on page 1of 2

M 1001

Assignment 5 (14.1.2020 ~ 23.1.2020)

“ပန်းပဲရွာမှ အပ်ရောင်းနို င်အောင် ကြိုးပမ်းကြရမည်” စကားပြေ၏ ရည်ရွယ်ချက်ကား အဘယ်နည်း။


“ပန်းပဲရွာမှ ာ အပ်ရောင်းနို င်အောင်ကြိုးပမ်းကြရမည်” စကားပြေကို မြန်မာသက္ကရာဇ် ၁၃၀၉ ခု (၁၉၄၇)
တွင် ဆရာကြီးသခင်ကို ယ်တော်မှိုင်းက ရေးသားခဲ့ ပါသည်။ မည်သည့်ပညာရပ်မဆို သင်ကြား ရာတွင် ထူ းချွန်
ပြောင်မြောက်အောင် သင်ကြားရမည်ဖြစ်ကြောင်းနှ င့် ထို သို့ထူ းချွန်လျှင် ကြီးပွားချမ်းသာ လို ရာရောက်နို င်သော
အကျ ိုးကျေးဇူ းများကို ရရှိမည်ဖြစ်ကြောင်း သိရှိနားလည်စေလို ခြင်း ရည်ရွယ်ချက် ဖြင့် ရေးသားထားကြောင်း
တွေ့ရှိရပါသည်။
ဆရာကြီးသခင်ကို ယ်တော်မှိုင်းသည် နို င်ငံ့ တာဝန်ကို လက်ပြောင်းတာဝန်ယူ မည့် တက္ကသို လ်
ကျောင်းသူ ၊ တက္ကသို လ်ကျောင်းသားများကို အမှ ာစကားပါးရာတွင် အတတ်ပညာတစ်ရပ်ကို ပါရဂူ မြောက်
တတ်မြောက်ခြင်းအားဖြင့် အသက်မွေးလောက်ကြောင်းကို ဦးတည်မှ ာကြားခဲ့ လေသည်။ စတု ရင်္ ဗလအမတ်ကြီး
ပြုစု သော လောကနီတိကျမ်းပဏ္ဍိတခန်းတွင် နှုတ်မှုပညာကို လည်းကောင်း၊ လက်မှုပညာကို လည်းကောင်း၊
ကု န်စင်အောင်တတ်မူ ကား တစ်ခု သော အတတ်သည်လည်း အသက် မွေးဝမ်းကြောင်းဖြစ်ပါလျှင်ကတည်းဟု
မိန့်မှ ာခဲ့ ပါသည်။
ပညာကို လေ့ လာရာတွင် တောင်ယောင်ယောင် မြောက်ယောင်ယောင် မဖြစ်စေဘဲ ထူ းချွန် အောင်
သင်ကြားတတ်မြောက်စေရာသည်။ သာဓကအားဖြင့် ဗာရာဏသီပြည်အနီး ပန်းပဲရွာတွင် ထူ းဆန်းသောအပ်ကို
သွား၍ရောင်းသည့် ဆင်းရဲသားပန်းပဲသမား၏ အဖြစ်အပျက်ကို သာဓကဆောင် တင်ပြထားပါသည်။ တစ်
ထောင်သော ပန်းပဲတို့၏ အကြီးအမှူးဖြစ်သော ပန်းပဲဆရာ၌ သမီးလှ တစ်ယောက်ရှိ၏။ မနီးမဝေးသောရွာမှ
ပန်းပဲသမားကလေးသည် ထို ပန်းပဲဆရာကြီး၏ သမီးအား လွန်စွာ တပ်မက်၏။ ထို့ကြောင့် ဆန်းကြယ်လှ သော
အပ်တစ်ဆင်း ပြုလု ပ်ကာ ထို ရွာတွင် သွား၍ ရောင်းသည်။ အံ့ ဖွယ်အပ်နှ င့် အပ်၏အာနု ဘော်ကို သိရှိပြီးနောက် ထို
ဆင်းရဲသား ပန်းပဲသမားကလေးနှ င့် သမီးအား ထိမ်းမြားပေးလေသည်။ ဤကား အတတ်ပညာတစ်ရပ်ကို ထူ းချွန်
စွာ တတ်ခြင်း၏ အကျ ိုးတရား ဖြစ်ပါသည်။ ထို့အတူ ဘာတာသူ ဌေးကြီးသည် ဖိနပ်အလု ပ်၌ ထူ းချွန်သောကြောင့်
တစ်ကမ္ဘာလုံ း၌ ပြိုင်ဘက်ကင်းနေခြင်း ဖြစ်ပါသည်။ ဤအချက်အလက်အားလုံ းသည် စာရေးသူ ၏ ရည်ရွယ်ချက်
ဖြစ်သော လောကနီတိစကားကို ကောင်းစွာ ပံ့ ပို းလျက်ရှိပါသည်။
“ပန်းပဲရွာမှ ာ အပ်ရောင်းနို င်အောင်ကြိုးပမ်းကြရမည်” စကားပြေတွင် ဆရာကြီး သခင် ကို ယ်တော်မှိုင်း
သည် ယနေ့လူ ငယ်လူ ရွယ်များ မည်သည့်ဘာသာရပ်မဆို ထူ းချွန်တတ်မြောက်အောင် သင်ကြားသင့်ကြောင်းကို
လောကနီတိကျမ်း သာဓကဖြင့် လမ်းညွှန်ဆုံ းမထားပါသည်။ အတတ်ပညာ တစ်ခု ခု ၌ ထူ းချွန်ခြင်း အားဖြင့်
အကျ ိုးကျေးဇူ းရှိပုံ ကို လည်း ပန်းပဲသမားလေးသာဓက၊ ကမ္ဘာကျော်ဖိနပ် သူ ဌေးကြီး သာဓက တို့ဖြင့် ထင်ရှ ားစေ
ပြီး စကားပြေ၏ ရည်ရွယ်ရင်းဖြစ်သော လောကနီတိစကားကို ပေါက်မြောက်အောင် ရေးသားနို င်ကြောင်း
လေ့ လာတွေ့ရှိရပါသည်။
“ပိန်းကောလှေ ငယ်ရှ င်”ကဗျာမှ လှေ သမားတို့ ပိန်းကောလှေ ဖြင့် သွားလာလှုပ်ရှ ားပုံ ကို ပေါ်လွ င်အောင် တင်ပြပါ။
“ပိန်းကောလှေ ငယ်ရှ င်” ကဗျာသည် ညောင်ရမ်းခေတ်တွင် ထင်ရှ ားသည့် စာဆို ဝန်ကြီး လှေ သမား ဘဝ
သရု ပ်ဖော် တျာချင်းကဗျာတစ်ပု ဒ် ဖြစ်ပါသည်။ ချ ိုမြသာယာ စွာ သီဆို ရသော တေးကဗျာဖြစ်၍လည်းပဒေသ
ရာဇာရေးဖွဲ့သော တျာချင်းဟု ခေါ်ကြောင်း သိရှိရပါသည်။ ပန်းလောင်မြစ် တစ်ကြောတွင် လှေ တစ်စင်းဖြင့်
အထက်အညာမှ အောက်ပြည်ဒေသသို့ ခရီးနှ င်နေသော လှေ သမား၏ ဘဝကို သရု ပ်ဖော်ရေးဖွဲ့ထားခြင်းဖြစ်
ပါသည်။
“ပိန်းကောလှေ ငယ်ရှ င်” ကဗျာမှ လှေ သမားတို့သည် အင်းဝမြို့အနီးရှိ ပန်းလောင်မြစ်တစ်ကြော တွင်
ပိန်းကော(ခေါ်) သစ်လုံ းထွင်းလှေ တစ်စင်းဖြင့် အထက်အညာမှ အောက်ပြည်ဒေသသို့ ကု န်ရောင်း ကု န်ဝယ်
ပြုလု ပ်ရန် စု န်ဆန်သွားလာနေရပြီး မို းဦးလေဦးတွင် ဖော်မပါ တစ်ကို ယ်တည်း ခရီးနှ င်လာ သော လှေ သမား၏
ဘဝကို “ မို းဦးကာလ၊ ချောင်းကျပြီဆို လျှင်၊ ပန်းလောင်ကြောမှ ာ၊ ပိန်းကော လှေ ငယ်ရှ င်၊ တောင်ဘက်ကယ်တစ်
ခွင်၊ ထွက်ဝင်ဖောက်ကား၊ ပဲ့ ပါမည့်သူ ၊ မပါလူ ၊ ထို းသူ တစ်ယောက် သားငယ်နှ င့်လေး” ဟု စတင်မိတ်ဆက်
လို က်ပါသည်။
အောက်အရပ်မှ ငါးပိ၊ ဆားပျားနှ င့် လဲလှ ယ်ရောင်းဝယ်ရန် အထက်အရပ်မှ ပဲလွမ်း၊ ပဲကြီးများကို လှေ
အပြည့်ယူ ဆောင်သွားပြီး ကမ်းမှ လှေ မခွာမီ တက်မကို လှေ ပဲ့ မှ ာကပ်၍ လှေ ၏ ဘေးတစ်ဖက်စီတွင် ကွမ်းရို းစင်း
အနီရောင်အရေးအကြောင်းကို သား၍ နဘူ းခက်များနှ င့် နှီးသားပေါင်းမို းကို ချည်နှေ ာင်နေပုံ ကို “ ငါးပိဆားပျား၊
ဖောက်ကားရအောင်၊ ပဲလွမ်းပဲကြီး၊ သီးသီးယူ ကြဉ်းဆောင်၊ တက်မကို မြှေ ာင်၊ ကွမ်းပေါင်နီကြောင်၊ နဘူ းခက်ညို ၊
ကို င်းညွတ်ယို ၊ ပင်ကို နှီးသား ပေါင်းငယ်နှ င့်လေး” ဟု ဖော်ပြထား ပါသည်။
ဆက်လက်၍ လှေ သမားတို့ လု ပ်ငန်းခွင်ဝင်ပုံ ကို အသေးစိတ်ဖွဲ့ဆို ထားပါသည်။ လှေ သမားတို့ သည် ထိပ်
ပိတ်မပါသော ဝါးခမောက်ကို ဆောင်းကာ ထို းဝါးကို ဘယ်ညာတစ်လှ ည့်စီတင်၍ လှေ ကို ခြေနှ င့်ကန်ကျောက်
ကာ တွန်းရပါသည်။ လှေ သမားတို့သည် မိမိအင်အားသည်သာ အကြီးဆုံ းဟု ယုံ ကြည်၍ ကို ယ့်အားကို ယ်ကို း
ကြိုးစားပုံ ကို “ ခမောက်မှ ာကောင်း၊ အု ပ်ဆောင်းငယ်မပါ၊ သို းလည်းမစပ်၊ ဝါးပပ်ကယ်တစေသာ၊ ထို းဝါးကို ယ်မှ ာ၊
ဘယ်ညာပခုံ း၊ ခြေနှ င့်ကျောက်ကန်၊ တွန်းလို က်လှ န်၊ အားအန် လွန်ကြီးဆုံ းငယ်နှ င့်လေး” ဟု ချီးကျူးတင်ပြထား
ပါသည်။
လှေ သမားတို့သည် လှေ ကို တစ်ဖက်မှ လှေ ာ်ခတ်ရသည့်အပြင် စားသောက်ရန် ချက်ပြုတ် ရ
သည့်အတွက် ချွေးများရေကဲ့ သို့ ဒီးဒီးကျနေသည့် လှေ သမားတို့၏ အသွင်အပြင်ကို “ ခါးတောင်း ကျ ိုက်လုံ း၊ ပု ခုံ း
ခဲထွေ၊ ချွေးကလည်းစီး၊ ဒီးဒီးကျသည့်ရေ” ဟု လည်းကောင်း၊ နန်းနီအရပ်က ပြုလု ပ် သော မီးဖို ပေါ်တွ င်
ထမင်းအို းကို တည်လို က်ပြီး မို းဦးလေဦးဖြစ်သဖြင့် မီးဖို ရှိ မီးကလည်း တောက်တလှ ည့် ငြိမ်းတလှ ည့်ဖြင့် ထမင်း
မှ ာ မနပ်နို င်ဘဲ အမြှ ုပ်တစီစီ ဖြစ်နေပုံ ကို “ စားဖို မှ ာပေ၊ ချက်လေထမင်း၊ မနပ်နို င်ပြီ၊ တစီစီ၊ နန်းနီသာမီး အို းကင်း
ငယ်နှ င့်လေး။” ဟူ ၍ လှေ သမားတို့၏ ဘဝကို အသေးစိတ်ဖော်ပြထားပါသည်။
ထမင်းချက်ပြီးသောအခါ ပေါင်းမို းအတွင်းသို့ မီးဖို ကို သွင်း၍ စလောင်းဖုံ းနှ င့် ငါးပိကို ကင်ရပြန် သည်။
အရို းအရွက်၊ အဖူ းပါမကျန် ရောမွှေချက်ပြုတ်ထားသော ချဉ်ပေါင်ဟင်း ပူ ပူ လောင်လောင်နှ င့် ငါးပိကင်ကို ကြေး
လင်ပန်းနှ င့် ခင်းကျင်းစီမံ ထားပြီး မြိန်ရာဟင်းကောင်းအဖြစ် စားသောက်ရရှ ာပုံ ကို “ ရို းရွက်ကယ်ဖူ းခေါင်၊ အာပါး
ကို လောင်၊ ချဉ်ပေါင်ပူ လှ သည့် ဟင်းငယ်နှ င့်လေး” ဟူ ၍ လှေ သမားတို့၏ ဖြစ်သလို စားသောက်ရပုံ ကို ဖော်ပြ
ထားပါသည်။
ရသမျှနှ င့် ရောင့်ရဲတင်းတိမ်၍ ပျော်ရွှင်ချမ်းမြေ့ စွာ နေတတ်သော လှေ သမားတို့ကို ချီးကျူး လို စိတ်ဖြင့်
“စားမိစားရာ ဝမ်းမှ ာကျင့်တော့ သည်၊ ပိန်းကောလှေ သူ ကြီးမှ ာ ချမ်းသာမြင့်တော့ သည်”ဟု ရေးဖွဲ့ထားပါသည်။
“ပိန်းကောလှေ ငယ်ရှ င်” ကဗျာအား ရေးဖွဲ့သူ စာဆို ဝန်ကြီးပဒေသရာဇာသည် ညောင်ရမ်းခေတ်
ပိန်းကောလှေ သမားတို့ ဘဝကို သိစေရန်ရေးဖွဲ့ထားပြီး၊ ပိန်းကောလှေ ဖြင့် လှေ သမားတို့သည် ရေစု န်ရေဆန်
ခရီးတွင် လှုပ်ရှ ားရု န်းကန်ရပုံ ၊ နေထို င်စားသောက်ရပုံ တို့ကို စာနာစိတ်ဖြင့် ရေးဖွဲ့တင်ပြ ထားကြောင်း လေ့ လာ
တွေ့ရှိရပါသည်။

You might also like