Download as pdf or txt
Download as pdf or txt
You are on page 1of 93

အခန်း ၁

ရှေးဦးသူနာပြုစုနည်း

သဘာဝဘေးအန္တရာယ် ကျရောက်ပြီဆိုသည်နှင့် ထိခိုက်ဒါဏ်ရာရသူ အနည်းနှင့်အများ ရှိမည်မလွဲ။ ထိခိုက် ဒါဏ်ရာရသူ


များကို ဆေးရုံဆေးခန်းများသို့ပို့ကာ ကုသမှုခံယူရမည် မလွဲ။ သို့သော်ငြားလည်း ဒါဏ်ရာရချိန်နှင့်
ဆေးရုံရောက်ချိန်အကြား တွင် ဒါဏ်ရာပိုကြီးမလာစေရန်၊ သွေးထွက်မလွန်စေရန် စသည်တို့အတွက် ရှေးဦးပြုစုခြင်း
လိုအပ်သည်။ တောလက်ကျေးရွာ များတွင် အဘယ်မှာလာ၍ အရေးပေါ်ယာဉ် ခေါ်နိုင်ပါမည်နည်း။
ကားလမ်းမပေါက်သောနေရာများတွင် လှည်း၊ လှေ၊ လူ စသည်တို့ဖြင့် သယ်ရမည်။ အချိန်များစွာကြာမည်။ သို့အတွက်
လမ်းတွင် လူနာတစ်ခုခု ဖြစ်မသွားစေရန် ရှေးဦးပြုစုပေးရန် အရေးကြီးလှသည်။

ဤနေရာတွင် အရေးကြီးသော အချက်များကို ထည့်ထားသည်။ မူရင်းစာအုပ်မှာ အလွန်နည်းလှသဖြင့် ကျွန်တော်က


ဖြည့်စွက်ထည့်ထားသည်။ သို့တိုင် ဤစာအုပ်သည် ရှေးဦးသူနာပြုစုနည်း စာအုပ်မဟုတ်သဖြင့် အပြည့်အစုံပါမည်မဟုတ်။
ပိုပြီး ပြည့်ပြည့်စုံစုံလေ့လာလိုသူများအတွက် ရှေးဦးသူနာပြု စာအုပ်များ ဈေးကွက်တွင် ရနိုင်ပါသည်။ ရှာဖွေဖတ်ကြပါ။

၁၊ ၁။ ရှေးဦးသူနာပြုသေတ္တာ (First Aid Kit)


အိမ်တိုင်းအိမ်တိုင်း ရှေးဦးသူနာပြုသေတ္တာ ဆောင်ထားရန် လိုပါလိမ့်မည်။ ရွာများ၊ ရပ်ကွက်ရုံးများတွင်လည်း ရှိထားလျှင်
အရေးအကြောင်းရှိက အလွယ်တကူ သုံးနိုင်ပါမည်။ သို့သော် သေတ္တာအတွင်းရှိ ဆေးများ သက်တမ်းကုန်မည့် ရက်စွဲကို
တော့ အမြဲစစ်ဆေးနေရန် လိုပါသည်။ သက်တမ်းကုန်သွားသောပစ္စည်းများကို ဆက်မသုံးတော့ရန်နှင့် အသစ်ဝယ်ပြီး
အစား ထိုးရန် အရေးကြီးပါသည်။

နောက်တစ်ခုကို ဆေးသေတ္တာကို ကလေးများမမီသည့်နေရာတွင် ထားရပါမည်။ နေရောင်တိုက်ရိုက်ကျသောနေရာ၊ စိုစွတ်


သောနေရာတိ့တ
ွုင်လည်း မထားရပါ။ ဆေးသေတ္တာကို တစ်စုံတစ်ယောက်က တာဝန်ယူ ကိုင်တွယ်ရပါမည်။ ဆေးသေတ္တာ
အတွင်းမှ ပစ္စည်းများကို မည့်သည့်အတွက် မည်သူ့ကို မည်မျှ သုံးလိုက်ရကြောင်း စနစ်တကျ မှတ်တမ်းတင်ထားရပါမည်။
အချို့ပစ္စည်းများ ကုန်လုနီးပြီဆိုလျှင် ထပ်မံဖြည့်တင်းထားရန်လည်း လိုပါသည်။

ရှေးဦးသူနာပြုသေတ္တာအတွင်း ပါဝင်ရမည့် ပစ္စည်းများ (ယေဘူယျအားဖြင့်)

ပစ္စည်းအမည် အသုံးချရမည့်နေရာ
ဇာဂနာ / မွေးညှပ် အရေပြားပေါ် ဆူးကလေးများစူးလျှင် နှုတ်နိုင်သည်။
ကပ်ကြေး ပတ်တီးများ၊ ဖျင်စများကို ညှပ်နိုင်သည်။
ပါးစပ်မှလေမှုတ်သွင်းလျှင် CPR လုပ်ရန်လိုလျှင် ပါးစပ်မှလေမှုတ်သွင်းသည့်အခါ ထိုအကာသုံးခြင်းဖြင့်
သုံးသည့် အကာ မိမိပါးစပ်နှင့် လူနာ၏ပါးစပ်တို့ တိုက်ရိုက်မထိနိုင်တော့ပါ။
ပြဒါးတိုင် (သာမိုမီတာ) ခန္ဓာကိုယ် အပူချိန်တိုင်းရန် သုံးနိုင်သည်။
တစ်ခါသုံးလက်အိတ် လူနာကို ကိုင်တွယ်သည့်အခါ သုံးခြင်းဖြင့် ကူးစက်ရောဂါ အန္တရာယ်မှ
ကာကွယ်နိုင်သည်။
ပလာစတာ ပတ်တီး၊ ဂွမ်း စသည်တို့ကို ကပ်ရာတွင်သုံးသည်။
အရက်ပျံ ထိခိုက်ဒါဏ်ရာများကို အရက်ပျံဖြင့် ဆေးပေးခြင်းဖြင့် မလိုလားအပ်သော
ရောဂါပိုးများ ၀င်ခြင်းမှ ကာကွယ်နိုင်သည်။
ပတ်တီးများ ဒါဏ်ရာများကို စီးရန် သို့မဟုတ် ဒါဏ်ရာရထားသော ခြေ၊ လက်တို့ကို ထိန်းရန်

သုံးနိုင်သည်။
အပ်၊ ကျင်တွယ်၊ ချိတ် ဆူးထွင်ရာတွင် သုံးနိုင်သည်။
ဂွမ်းထုပ် သွေးထွက်လျှင် သုတ်နိုင်သည်။ အရက်ပျံဆွတ်ရာတွင် သုံးနိုင်သည်။
လက်ချောင်းများအတွက် လက်ချောင်း၊ ခြေချောင်းများတွင် ထိမိ၊ ရှမိလျှင် သုံးနိုင်သည်။
ပလာစတာ (Handiplast)
၁၊ ၂။ သွေးတိတ်အောင်လုပ်နည်း

သွေးထွက်ခြင်းဟူသည် တစ်ခုခုဖြင့် ခြစ်မိ၊ ရှမိ၊ ပွတ်မိရာမှ သွေးကြောများပေါက်ကာ သွေးထွက်လာခြင်း ဖြစ်သည်။


သွေးမှန်သမျှ မည်သည့်သွေးထွက်ခြင်းမှ မကောင်း။ သွေးထွက်ခြင်းကြောင့် မည်မျှ စိုးရိမ်ရသနည်းဆိုသည်မှာ ဒါဏ်ရာ
မည်မျှ ကြီးသနည်း၊ မည်မျှသွေးထွက်သနည်း ဆိုသည့်အပေါ်မူတည်သည်။

သွေးတိတ်အောင်လုပ်ရန် အလွယ်ဆုံးနှင့် အရှင်းဆုံးနည်းကား သွေးထွက်နေသည့်နေရာသို့ တိုက်ရိုက်ဖိပေးခြင်းဖြစ်သည်။


ဤသိ့ဖ
ိုလိုက်ခြင်းဖြင့် သွေးကြောများကို ပိတ်သွားစေသည်။ ထိုအခါ သွေးတိတ်သွားမည်။

၁) ပြုစုမည့်သူသည် လက်အိတ်ဦးစွာဝတ်ပါ။

၂) သွေးထွက်နေသည့်နေရာတွင် တစ်ခုခု စူးဝင်နေသလားကြည့်ပါ။

၃) မည်သည့်ပစ္စည်းမှ စူးဝင်နေခြင်းမရှိဟု ဆိုလျှင် -

က) ပတ်တီးစ သို့မဟုတ် အ၀တ်သန့်သန့်ကို ခေါက်ပြီး အနာပေါ်အုပ်ပါ။

ခ) လက်ချောင်းများသို့မဟုတ် လက်ဝါးဖြင့် ထိုအပေါ်တိုက်ရိုက်ဖိပါ။

ဂ) ထို့နောက် ထိုအ၀တ်ခေါက်ပေါ်မှ ပတ်တီးစဖြင့် တင်းကျပ်စွာ ချည်နှောင်ပါ။


ဃ) ဒါဏ်ရာရထားသော ခြေ သို့မဟုတ် လက်ကို ရင်ညွန့်အထက်ရောက်သည်ထိ မြှောက်ထားပါ။

တိုက်ရိုက်ဖိခြင်း

ခန္ဓာကိုယ် မည်သည့်နေရာမှ သွေးထွက်သည်ဖြစ်စေ။ ဤနည်းကို သုံးနိုင်သည်။ ဤနည်းမှာ လွယ်ကူပြီး ထိရောက်၏။


လက်ချောင်းများ သို့မဟုတ် လက်ဝါးဖြင့် ဒါဏ်ရာပေါ်သို့ တိုက်ရိုက်ဖိပေးပါ။ ခဏနေလျှင် သွေးတိတ်သွားလိမ့်မည်။

မြက်ရှရာကဲ့သို့ ဒါဏ်ရာသေးလျှင်မူ အလိုလိုသွေးတိတ်ပါလိမ့်မည်။ ဒါဏ်ရာကို သန့်ရှင်းအောင်သာ ထားပါ။

သို့သော်လည်း သစ်သားစ၊ မှန်စ စသည်တစ်ခုခု စိုက်ဝင်နေလျှင်၊ သို့မဟုတ် အရိုးကျိုးသွားသည်ဟု ယူဆရလျှင်


ဤနည်းကို မသုံးရပါ။

သတိပြုရန်မှာ သင့်လက်များညစ်ပတ်နေပါက လက်မှပိုးများ ဒါဏ်ရာအတွင်းဝင်ကာ အနာရင်းတတ်သည်။ ထို့ကြောင့်


မပြုစုမီ လက်အိတ်ဝတ်ပါ။ ပတ်တီးစ၊ သန့်ရှင်းသော အ၀တ်ပါးစ စသည်ကိုခေါက်ပြီး ဒါဏ်ရာပေါ်တင်ကာ ဖိပါ။
၁၊ ၃။ အရိုးကျိုးခြင်းကို ပြုစုနည်း

အရိုးကျိုးခြင်း၌ တစ်ခါတစ်ရံ အတွင်း၌သာ ကျိုးနေတတ်ပြီး တစ်ခါတစ်ရံတွင် အရေပြားထိ ဖောက်ကာ ငေါထွက်နေသော


အရိုးကို မြင်ရတတ်သည်။

အရိုးကျိုးသည့် လက္ခဏာများ -

 ထိုနေရာတွင် မခံမရပ်နိုင်အောင်နာမည်။

 ထိုနေရာသည် ပုံမှန်မဟုတ်။ ပုံစံပျက်ယွင်းနေမည်။

 ကျိုးသော ခြေလက်တို့ကို မလှုပ်နိုင်။

 ယောင်ယမ်းလာမည်။

 အတွင်းကြေ ကြေမည်။

 အရိုးအပြင်ထိ ငေါထွက်လာလျှင် မြင်နေရမည်။


အရိုးကျိုးလျှင် -

၁) လူနာကို စိတ်အေးအေးထားရန် ပြောပြီး သက်တောင့်သက်သာ ထိုင်ခိုင်းပါ။

၂) အရိုးငေါထွက်လာကာ သွေးထွက်နေလျှင် ဒါဏ်ရာပေါ် ပတ်တီးခေါက်တင်


ခပ်ကျပ်ကျပ်စည်းကာ သွေးတိတ်အောင်လုပ်ပါ။ ပတ်တီးကို ငေါထွက်နေသော အရိုးကိုပါ အုပ်မိအောင် စည်းပါ။
၃) ဒါဏ်ရာရထားသော အပိုင်းကို သက်တောင့်သက်သာ အနေအထားရောက်အောင် ပြုပြင်ပေးပါ။ ထို့နောက်
မလှုပ်နိုင်အောင် ပင့်ထားပေး၊ ပူးချည်ထားပေးပါ။

၃က) အကယ်၍ လက်ကျိုးသည်ဆိုလျှင် ဖော်ပြပါပုံအတိုင်း လက်ကို သိုင်းချည်ထားပေးပါ။

၃ခ) အကယ်၍ ခြေကျိုးသည်ဆိုပါက အောက်တွင် ဖော်ပြထားသည့်အတိုင်း အဆင့်ဆင့်လုပ်ပါ။


လူနာ၏ အခြေအနေကို မျက်ခြည်မပြတ် အကဲခတ်နေပါ။ ခံစားရမှုအခြေအနေကို မေးပါ။

ထို့နောက် မြို့တွင်ဖြစ်လျှင် အရေးပေါ်ယာဉ်ကို ခေါ်ပါ။ ဆေးရုံသို့ပို့ပါ။ တောတွင်ဖြစ်လျှင် ထမ်းစင်ပြင်ပြီး ဆေးရုံသို့ပို့ပါ။


လူနာကို တတ်နိုင်သမျှ မလှုပ်ပါစေနှင့်။

၁၊ ၄။ မီးလောင်ဒါဏ်ရာကို ပြုစုနည်း
မီးလောင်ဒါဏ်ရာကို ပြုစုရာတွင် သတိပြုရမည့် အချက်များ
၁။ မီးလောင်ဒါဏ်ရာ သို့မဟုတ် အပူဟပ်သည့်နေရာများသို့ ပရုတ်ဆီ၊ သွားတိုက်ဆေး၊ ဆီ၊ lotion စသည်တို့ လိမ်းခြင်း၊
ငံပြာရည်ဖြင့် လောင်းခြင်းတို့ လုံးဝမပြုလုပ်ပါနှင့်။ အခြားမည်သည့် လိမ်းဆေးကိုမှလည်း မလိမ်းပါနှင့်။ ရေသန့်သန့်ဖြင့်သာ
ဆေးပေး / အအေးခံပေးပါ။

၂။ မီးလောင်ဒါဏ်ရာ သို့မဟုတ် အပူဟပ်သည့်နေရာများသို့ ဂွမ်းဖြင့် မအုပ်ပါနှင့်။ အသားတွင် ကပ်နေတတ်သည်။

၃။ မီးလောင်နာမှ အရေပြား၊ သို့မဟုတ် မီးလောင်နာတွင် ကပ်နေသည့် အ၀တ် စသည်တို့ကို မခွာပါနှင့်။


သည်အတိုင်းထားပါ။

၁၊ ၅။ တက်ခြင်း

အကြောင်းအမျိုးမျိုးကြောင့် တက်တတ်သည်။

ရောဂါလက္ခဏာများ

 တစ်ကိုယ်လုံး တုန်ခါနေခြင်း

 မြေပြင်၊ ကြမ်းပြင်ပေါ်သို့ အထိန်းအကွပ်မဲ့ လဲကျခြင်း

 သွားကြိတ်ခြင်း

 မျက်လုံးများ လည်နေခြင်း

 ဆီးဝမ်း မထိန်းနိုင်ခြင်း

 မေ့မျောသွားခြင်း
တစ်ဦးတစ်ယောက်သည် တက်နေလျှင် -

 အနီးတွင်ရှိသော ဒါး၊ ကပ်ကျေး၊ သံချောင်း၊ အုတ်ခဲ၊ ကျောက်ခဲ စသည့် အန္တရာယ်ရှိသော ပစ္စည်းများကို ရှင်းလင်းပေးပါ။

 တက်နေပြီး တွန့်လိမ်နေလျှင် လွတ်လပ်စွာထားပါ။ ချုပ်နှောင်ရန် မကြိုးစားပါနှင့်။

 ပါးစပ်အတွင်းသို့ အ၀တ်စများ စသည် မထည့်ပါနှင့်။


 အတက်ရပ်သွားလျှင် ရရှိထားသော ဒါဏ်ရာများကို ပြုစုပေးပါ။

 ဆေးခန်း / ဆေးရုံသို့ ပို့ပါ။

၁ ၊ ၆။ လေဖြတ်ခြင်း

ဦးဏှောက်သို့ သွေးမရောက်လျှင် လေဖြတ်တတ်သည်။

လေဖြတ်ခြင်း ၏ လက္ခဏာများ
တစ်စုံတစ်ဦးသည် လေဖြတ်သည်ဟု သံသယရှိပါက ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးပို့ပါ။

၁၊ ၇။ အဆစ်လွဲခြင်း

ခြေခေါက်လဲသည့် အခါ၊ ကစားသည့်အခါ၊ ခုန်သည့်အခါ များတွင် အခန့်မသင့်ပါက အဆစ်လွဲတတ်သည်။


၁၊ ၈။ လည်ချောင်းတွင် တစ်ခုခုနှင့်ဆ့ေ
ို နခြင်း။ နင်ခြင်း

လည်ချောင်းအတွင်း တစ်ခုခုဝင်သွားပါက အသက်ရှူလမ်းကြောင်းပိတ်ပြီး မိနစ်ပိုင်းအတွင်း သေတတ်သည်။


လူကြီးသူမများ ထမင်းစားနေစဉ် ထမင်းနင်တတ်သည်။ ရေသောက်လျှင်လည်း ရေနင်တတ်သည်။ ကလေးသူငယ်များ
ဂေါ်လီလုံး၊ ဇီးသီး စသည်တို့ မျိုကာ နင်တတ်သည်။

လည်ချောင်းနင်နေသူသည် အောက်ပါအတိုင်း လက္ခဏာပြမည်။


လည်ချောင်းနင်နေသူကို အောက်ပါအတိုင်း ပြုစုပါ။
၁၊ ၈၊ က။ အကယ်၍ လူနာသည် ဗိုက်ပူနေသူ သို့မဟုတ် ကိုယဝ
် န်ဆောင်ဖြစ်ပါက -
၁၊ ၉။ နှာခေါင်းသွေးယိုခြင်း

နှာခေါင်းကို တစ်ခုခုနှင့်ခိုက်မိလျှင်၊ နှာခေါင်းအတွင်း တစ်ခုခုဝင်လျှင်၊ နှာခေါင်းကိုနှိုက်ရာတွင် လက်သည်းဖြင့် နှာခေါင်း


အတွင်းပိုင်းကို ခြစ်မိလျှင်၊ ပူလွန်းလျှင်၊ ခြောက်သွေ့လွန်းလျှင်၊ ပူပေါင်းကို အားဖြင့် မှုတ်သောအခါ နှာခေါင်းသွေး
ယိုတတ်ပါသည်။

နှာခေါင်းသွေးယိုခြင်းသည် ဖြစ်လေ့ဖြစ်ထရှိ၏။ ကြောက်စရာမဟုတ်။ စိတ်အေးအေးထားပါ။ သို့ရာတွင်


မကြာခဏနှာခေါင်းသွေးယိုခြင်းသည် မကောင်း။ ဆရာဝန်နှင့် အမြန်ဆုံးပြပါ။
နှာခေါင်းသွေးယိုနေသူအား ပြုစုပုံ

အေးအေးဆေးဆေးထိုင်ခိုင်းပါ။ ကိုယ်ကို ရှေ့သို့ အနည်းငယ် ကိုင်းထားပါ။ နောက်လှန်မထားပါနှင့်။

နှာခေါင်းမှ နှာနုအောက် အရိုးနုနှင့်အပျော့ပိုင်းကို လက်မနှင့် လက်ညှိုးဖြင့် ညှပ်ပြီး ဖျစ်လည်းဖျစ်၊ တွန်းလည်းထားပါ။


နှာခေါင်းကို ၅ မိနစ်ကြာသည်ထိ ဖျစ်ထားပါ။ ထို့နောက် သွေးဆက်ထွက်မထွက် ကြည့်ပါ။

သွေးမတိတ်သေးလျှင် နောက်ထပ် ဆယ်မိနစ်ကြာသည်ထိ နှာခေါင်းကို ဖျစ်ထားပါ။ ထို့နောက် သွေးဆက်ထွက်မထွက်


စစ် ကြည့်ပါ။

သွေးမတိတ်သေးလျှင် နောက်ထပ် ဆယ်မိနစ်ကြာသည်ထိ နှာခေါင်းကို ဖျစ်ထားပါ။ ထို့နောက် သွေးဆက်ထွက်မထွက်


စစ် ကြည့်ပါ။

တတိယအကြိမ်ဖျစ်ပြီးသော်မှ သွေးမတိတ်သေးလျှင် ဆေးခန်းသို့ အမြန်ပို့ပါ။

သတိပြုရန်

• နှာခေါင်းပေါ်သို့ ရေခဲအိတ်တင်ပေးလျှင် သွေးကြောကလေးများ ကျဉ်းသွားကာ သွေးတိတ်ခြင်းကို


အထောက်အကူ ဖြစ်စေသည်။

• နှာခေါင်းကို တောက်လျှောက် ဖျစ်မထားရ။ သွေးတိတ်မတိတ် စစ်ကြည့်ရန် လိုပါသည်။

• သွေးတိတ်သွားပြီဆိုလျှင် နှပ်မညှစ်ပါစေနှင့်။ သွေးကြောပြန်ပွင့်သွားပြီး သွေးပြန်ထွက်လာတတ်သည်။

၁၊ ၁၀။ မြွေကိုက်လူနာအား ပြုစုခြင်း

မြန်မာနိုင်ငံတွင် မြွေကိုက်ခြင်းကြောင့် နှစ်စဉ်လူပေါင်းများစွာ အသက်ဆုံးရှုံးနေကြရသည်။ သို့အတွက် မြွေကိုက်လျှင်


မည်ကဲ့ သို့ ရှေးဦးပြုစုရမည်ကို သိထားရန် အရေးကြီးသည်။
မြန်မာနိုင်ငံ၌ အဖြစ်အများဆုံးမြွေကိုက်မှုများမှာ မြွေပွေး၊ မြွေဟောက် တို့ကြောင့်ဖြစ်သည်။ သို့သော် မည်သည့်မြွေကိုက်၍
မည်သည့်ဆေးဖြင့် ကုရမည်ဆိုသည်မှာ ဆေးရုံမှ ဆရာဝန်များအလုပ်ဖြစ်၏။ ရှေးဦးပြုစုခြင်းအတွက်မူ မည်သည့်မြွေ
ကိုက်သည်ဖြစ်စေ ပြုစုရမည့်နည်းမှာ အတူတူပင်ဖြစ်သည်။ မြွေကိုက်ခြင်းအတွက် ရှေးဦးသူနာပြုခြင်း ရည်ရွယ်ချက်ကား
မြွေဆိပ်များကို မပျံ့စေရန် ထိန်းနိုင်သမျှ ထိန်းထားရေး ဖြစ်သည်။
မြွေကိုက်လူနာအား ပြုစုနည်း

အဆိပ်မရှိသော ရေမြွေ၊ လင်းမြွေ စသည်တို့ကိုက်ခြင်းဖြစ်လျှင် ၁၊ ၂ တွင်ပြခဲ့သည့်အတိုင်း ပြုစုပါ။

အဆိပ်ရှိသော မြွေဖြစ်ပါက အောက်ပါအတိုင်း ပြုစုပါ။

၁။ ဒါဏ်ရာကို ရေများများလောင်းပြီး ဆပ်ပြာဖြင့် ဆေးကြောပါ။

၂။ လှုပ်လှုပ်ရှားရှားလုပ်လျှင် သွေးလှည့်ပတ်နှုံးမြန်မည်။ သို့အတွက် အဆိပ်ပိုပျံ့မည်။ ထို့ကြောင့် မြွေကိုက်လူနာအား


လဲလျောင်း နေပါစေ။ လမ်းမလျှောက်ပါစေနှင့်။ စိတ်အေးအေးထားရန် ပြောပါ။ သက်တောင့်သက်သာ နေပါစေ။

၃။ မြွေကိုက်ဒါဏ်ရာသည် လက် သို့မဟုတ် ခြေထောက်တွင် ဖြစ်ပါက ဒါဏ်ရာ၏ တစ်ဖက်တစ်ချက်တွင် ပတ်တီးဖြင့်


ချည်နှောင်ပါ။ ထိုအခါ ထိုအနီးတ၀ိုက်တွင် သွေးလှည့်ပတ်နှုံးနှေးသွားသဖြင့် အဆိပ်ပျံ့နှုံးကို ထိန်းထားနိုင်မည်။ သို့သော်
အလွန်တင်းကျပ်မနေစေရန်လည်း သတိပြုပါ။ သွေးကြောများ ပိတ်သွားတတ်သည်။

၎။ ထို့နောက် အောက်ပါအတိုင်း ပတ်တီးစည်းပေးပါ။


၅။ အကယ်၍ သင့်တွင် မြွေဆိပ်စုပ်ကိရိယာရှိပါက မြွေဆိပ်များကို စုတ်ထုတ်နိုင်သည်။
၆။ ထို့နောက် ဆေးရုံ၊ ဆေးခန်းသို့ အလျှင်အမြန်ပို့ပါ။ လှေ၊ ကား၊ မရှိသော အရပ်များတွင် ထမ်းစင်၊ ပုခက်များသုံးပြီး
သယ် ဆောင်နိုင်သည်။ လှည်းသည်ကား အလွန်ချိုင့်လှသဖြင့် လူနာအတွက် မသင့်တော်ပါ။ သယ်ရာတွင်
အရေးကြီးဆုံးမှာ ဒါဏ်ရာ ရထားသော အစိတ်အပိုင်းကို တတ်နိုင်သမျှ မလှုပ်ရှားစေရန် ထိန်းပေးထားဘြို့ ဖစ်ပါသည်။

မှတ်ချက်။

ရှေးဦးသူနာပြု website အမျိုးမျိုး၌ မြွေကိုက်ခြင်းအတွက် ပြုစုခြင်းကို အမျိုးမျိုးပြထားပါသည်။ အချို့က ဒါဏ်ရာကို


မည်သည့် အရာနှင့်မှမဖုံးဘဲ ဖွင့်ထားပါဟု ဆို၏။ အချို့ကျတော့ အထက်တွင်ပြထားသကဲ့သို့ ပတ်တီးစည်းပါဟု ဆို၏။
အချို့က ဒါဏ်ရာ တစ်ဝိုက်ကို ရေခဲ သို့မဟုတ် ရေအေးတင်ပေးပါဟု ဆို၏။ အချို့ကျတော့ ဤကဲ့သို့ရေခဲတင်ခြင်းမှာ
မကောင်းဟုဆိုပြန်၏။

ယခင်က ပုလင်းဝကို အပူပေးကာ ဒါဏ်ရာပေါ်အုပ်ခြင်းဖြင့် အဆိပ်ကို စုတ်ထုတ်သည့်နည်းကို သုံးကြသည်။ ယခုတော့


ဤနည်းကို မထောက်ခံကြပြန်တော့။ ယခင်က မြွေကိုက်ဒါဏ်ရာကို ဒါးဖြင့် ကြက်ခြေခတ်ခွဲကာ ပါးစပ်၌အနာမရှိသူများ
မြွေဆိပ်ကို စုတ်ထုတ်နိုင်သည် ဆို၏။ ယခု ဤနည်းသည်လည်း မသင့်တော်သောနည်း ဖြစ်သွားချေပြီ။

WHO (World Health Organization) ကမူ မြွေဟောက်၊ သို့မဟုတ် မြွေပွေး မဟုတ်လျှင် အောက်ပါ
ပတ်တီးစည်းနည်းကို သုံးနိုင်သည် ဟု ဖော်ပြထားပါသည်။
သို့သော် မြွေပွေး၊ မြွေဟောက်များအတွက် ဤပတ်တီးစည်းနည်းကိုမသုံးပါနှင့်။ ဒါဏ်ရာတည့်တည့်ပေါ်တွင် ပိုးသတ်ထား
သောပတ်တီး သို့မဟုတ် သန့်ရှင်းသောပိတ်ပါးစကို ခေါက်တင်ကာ ခပ်လျော့လျော့စည်းပေးပါ ဟု ဖော်ပြထားပါသည်။

(Ref: http://www.searo.who.int/en/Section10/Section17/Section53/Section1024_3899.htm)

မြွေကိုက်လျှင် မြွေကိုသတ်ရန် မကြိုးစားပါနှင့်။ သို့သော် မြွေပွေး၊ မြွေဟောက်၊ ငန်းမြွေ စသဖြင့် ခွဲခွဲခြားခြားသိရန်


မှတ်သား သင့်ပါသည်။ အချို့မြွေဆေးများမှာ မြွေပွေးဆေး၊ မြွေဟောက်ဆေးစသဖြင့် ခွဲလာသောကြောင့်ဖြစ်၏။
မြွေပွေးဆေးကို မြွေဟောက်ကိုက်ခြင်းအတွက် ထိုးလို့မရ။ မြွေဟောက်ဆေးကို မြွေပွေးကိုက်ခြင်းအတွက်
ထိုးရန်မသင့်တော်။ သို့သော် ယခု အခါ မည်သည့်မြွေမျိုးမဆို သုံးနိုင်သောဆေး ပေါ်နေပြီဟု သိရပါသည်။

ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုကောင်း၏

အမှောင်ထဲတွင် သွားစရာရှိလာပါက လက်နှိပ်ဓါတ်မီး ဆောင်သွားပါ။ အထူးသဖြင့် မိုးဦးကျ၊ လေဦးကျအချိန်များတွင်


သတိထား သွားပါ။ တတ်နိုင်လျှင် လည်ရှည်ဘွတ်ဖိနပ် စီးသွားပါ။

ခြုံများ၊ တောင်ပို့များ၊ အမှိုက်ပုံများကို ရှောင်ပါ။ ခြုံအတွင်း ၀င်စရာရှိလျှင် ခြုံကို ဦးစွာတုတ်ဖြင့် ရိုက်ပြီး ချောက်ထုတ်ပါ။

အခေါင်းများ၊ တွင်းများ၊ ချောင်များကြားသို့ မည်သည့်အခါမှ လက်မနှိုက်ပါနှင့်။

ကောက်ရိတ်ချိန်များတွင် မြွေပေါတတ်သည်။ ဖြစ်နိုင်လျှင် သားရေဘွတ်ဖိနပ် လည်ရှည်များစီးပြီး


ကောက်ရိတ်သင့်ပါသည်။

ကောက်လှိုင်းစည်းသူများ၊ ကောက်လှိုင်းပုံသူ၊ ကောက်လှိုင်းသယ်သူများလည်း အထူးသတိထားသင့်ပါသည်။ မြွေသည်


ကောက်လှိုင်းပုံများအကြား ၀င်ခွေနေတတ်သည်။ တလင်းထဲ၌ စပါးနယ်ရန် ကောက်လှိုင်းများ စီထားပါက စပါးမနယ်မီ
ကောက်ပြန့်ကို ကြိမ်လုံးဖြင့် လှည့်ပတ်ရိုက်ပါ။

တောထဲ၊ လယ်ထဲ၌ အလုပ်လုပ်နေစဉ် သင့်အိတ်များကို အလုံပိတ်ထားပြီး တိုင်မြင့်မြင့်တွင် ချိတ်ဆွဲထားပါ။

ချွတ်ထားသော ဘွတ်ဖိနပ်ကို ပြန်ဝတ်တော့မည်ဆိုလျှင်ပင် ဖိနပ်အတွင်း၌ ဘာမျှမရှိနေစေရန် ဖိနပ်ကို လှုပ်ခါပြီးမှ ၀တ်ပါ။

တဲအတွင်း၌နေသူများ ဖြစ်ပါက စားကြွင်းစားကျန်များကို ချန်မထားပါနှင့်။ သို့မဟုတ် တဲအနီး လွှင့်မပစ်ပါနှင့်။ ထိုစားကြွင်း


စားကျန်များကို ကြွက်များလာစားမည်။ ကြွက်ရှိရာသို့ မြွေလာနိုင်ပါသည်။

အိုးများ၊ တောင်းများ၊ ပုတ်များ၊ ဖျာလိပ်များ၊ ၀ါးလုံးခေါင်းများ စသည်တို့ကိုလည်း သတိထားပါ။ မြွေဝင်ခွေနေတတ်သည်။


မြွေသည် မှောင်ပြီးအေးသောနေရာကို ကြိုက်၏။ ထို့ကြောင့် အိမ် သို့မဟုတ် တဲမှ မှောင်သောနေရာသို့ဝင်လျှင်
ဓါတ်မီးထိုးပြီး ၀င်ပါ။

၁၊ ၁၁။ ၀မ်းပျက်၊ ၀မ်းလျှောခြင်း


တစ်ရက်အတွင်း ၀မ်းအရေများ ၃ ကြိမ်နှင့်အထက် သွားပါက ၀မ်းပျက်သည် ဟု သတ်မှတ်သည်။
မသန့်ရှင်းသောအစားအစာ၊ ရက်လွန်နေသော အစားအစာ၊ မတည့်သောအစားအစာ စသည်တို့ကို စားမိလျှင်သော်
လည်းကောင်း၊ မသန့်ရှင်းသောရေ ကြောင့်သော်လည်းကောင်း၊ မသန့်သောလက်နှင့် အစားအစာများကို
ကိုင်သောကြောင့်သော် လည်းကောင်း ၀မ်းပျက်၊ ၀မ်းလျှော ဖြစ်တတ်သည်။

ဝမ်းသွားချင်လျှင် သွားလိုက်ပါ။ ချုပ်မထားပါနှင့်။ ၀မ်းသွားခြင်းသည် ပိုးကြောင့်ဖြစ်သည်။ မည်သည့်ဆေးမှ


မသောက်သော်လည်း လူကြီးများတွင် ၂ ရက်မှ ၄ ရက်အတွင်း၊ ကလေးများတွင် ၅ ရက်မှ ၇ ရက်အတွင်း
ပြန်ကောင်းနိုင်သည်။ သို့သော် ရက်ကြာလာလျှင်မူ ဆရာဝန်ပြပါ။

ဝမ်းပျက်၊ ၀မ်းလျှောဖြစ်လျှင် အဓိကအန္တရာယ်မှာ ခန္ဓာကိုယ်မှ ရေဓါတ်ဆုံးရှုံးခြင်းဖြစ်သည်။ ထို့ကြောင့် ၀မ်းပျက်ပြီဆိုသည်


နှင့် အရေးကြီးသည်မှာ ဓါတ်ဆားရေတိုက်ရန် ဖြစ်သည်။ အရက်၊ ဘီယာ၊ ကော်ဖီ၊ နို့၊ ဖျော်ရည် စသည်တို့ မတိုက်ရ။ ပိုဆိုး
တတ်သည်။ ဓါတ်ဆားရေမရနိုင်ပါက မိမိဘာသာ ပြုလုပ်နိုင်ပါသည်။
သကြား လဖက်ရည်ဇွန်း ၈ ဇွန်း၊ အိမ်သုံးဆား လဖက်ရည်ဇွန်း၏ ၄ ပုံ ၃ ပုံ၊ ရေကျက်အေး ပုလင်းကြီးတစ်လုံး (၁ လီတာ)
ကို ရောဖျော်ပြီး တိုက်နိုင်ပါသည်။ နောက်ဆုံး ဘာမှမရနိုင်လျှင်ပင် ရေသန့်သန့်ကို နည်းနည်းချင်း မကြာခဏ တိုက်ပေးနိုင်
ပါသည်။

ဝမ်းပျက်နေစဉ် ပူသော၊ စပ်သောအစာများ မစားပါနှင့်။ အရက်မသောက်ပါနှင့်။ အစားအသောက် အစိမ်းများ၊


ဖုံးအုပ်မထား သော အစာများမစားပါနှင့်။ အစာမစားမီနှင့် စားပြီးသည့်အခါတိုင်း လက်ကို ဆပ်ပြာနှင့် သေချာစွာဆေးပါ။
နို့သောက်ခြင်း သည် အားဖြစ်စေသော်လည်း ၀မ်းလျှောခြင်းကို ပိုကြာစေသဖြင့် ရှောင်နိုင်လျှင် ကောင်းပါသည်။

ဝမ်းပျက်၊ ၀မ်းလျှောခြင်းမှ ကာကွယ်ခြင်း

အိမ်သာတက်ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးပါ။ အစာမစားမီ လက်ကို စင်ကြယ်စွာဆေးပါ။


အစားအသောက်များ ပြင်ဆင်သည့်အခါ စဥ့်နှီးတုံး၊ ငရုတ်ဆုံ၊ ငရုတ်ကျည်ပွေ့၊ ဒါး၊ စသည်တို့ကို စင်ကြယ်စွာဆေးကြောပါ။
အသီးအရွက်၊ အသား ငါး များကိုလည်း မချက်မီ စင်ကြယ်စွာဆေးကြောပါ။ သောက်သုံးရေ၊ ချက်ပြုတ်သည့်ရေကို
သန့်ရှင်းပါစေ။ အိမ်သာကျင်းများကိုလည်း လုံခြုံစွာ အုပ်ထားပါ။ ကလေးသူငယ်များ၏ အညစ် အကြေးများကို စနစ်တကျ
စွန့်ပစ်ပါ။
၁၊ ၁၂။ အဆိပ်သင့်ခြင်း
မတော်တဆဖြစ်ခြင်း၊မှားယွင်း၍ဖြစ်ခြင်း၊ တမင်သောက်ခြင်း စသည်ဖြင့် အဆိပ်သင့်ခြင်းအမျိုးမျိုးရှိသည်။ ဆပ်ပြာ၊
ပိုးသတ်ဆေး၊ ရေနံဆီ စသဖြင့် အဆိပ်အမျိုးမျိုး ရှိသလို အရေပြားကိုထိခြင်း၊ ရှူမိခြင်း၊ ပါးစပ်အတွင်း ၀င်ခြင်း၊
မျက်လုံးအတွင်း ၀င်ခြင်း၊ ဆေးထိုးအပ်ဖြင့် ထိုးထည့်ခြင်း စသဖြင့် အဆိပ်သင့်သည့် ပုံစံလည်း အစားစားရှိ၏။
ဆေးကိုသောက်သင့်သည်ထက် ပိုသောက်မိပါကလည်း ဆေးဆိပ်သင့်တတ်သည်။ ကင်းမြီးကောက်ကဲ့သို့
အကောင်ကိုက်ရာမှလည်း အဆိပ်သင့်တတ်သည်။ အစားမှားလျှင်လည်း အစာအဆိပ်သင့်တတ်သည်။

အဆိပ်သင့်လျှင် နှုတ်ခမ်းများပြာလာတတ်သည်။ အရေပြားတွင် အနီပြင်၊ အဖုအပိန့် စသည်တို့ ထွက်တတ်သည်။


အသက်ရှူ ရခက်မည်။ ၀မ်းပျက်တတ်သည်။ ပျို့အန်တတ်သည်။ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ ငိုက်မျဉ်းခြင်း
တို့ဖြစ်တတ်သည်။ ဗိုက်နာ တတ်သည်။ ဂနာမငြိမ်ဖြစ်ခြင်း၊ ကြွက်တက်ခြင်းတို့ ဖြစ်တတ်သည်။ အားနည်းလာမည်။
နောက်ဆုံး သတိမေ့မြောသွားသည် ထိဖြစ်တတ်ပါသည်။

အဆိပ်သင့်ပြီဆိုလျှင် ဦးစွာ မည်သည့်အဆိပ်ဖြစ်ကြောင်း စူးစမ်းပါ။ သူ့ဘာသာသူ အန်သည်မှလွဲ၍ မည်သည့်အခါမှ


အန်အောင် မလုပ်ပါနှင့်။ အန်လျှင် အန်ဖတ်များကို လွှင့်မပစ်ပါနှင့်။ ပလတ်စတစ်အိတ်နှင့် ထည့်ထားပါ။ ဤအန်ဖတ်များမှ
မည်သည့်အဆိပ် ဆိုသည်ကို ဓါတ်ခွဲခန်းတွင် သိနိုင်သည်။ ထို့ကြောင့် ဆေးကုသရာတွင် အထောက်အကူဖြစ်စေသည်။
အသားကို အန်ဖတ်များ မထိပါစေနှင့်။ ထိလျှင်ပင် ရေများများဖြင့် ကုန်စင်အောင်ဆေးပစ်ပါ။ ပါးစပ်အတွင်း အန်ဖတ်များ
မကျန်အောင် ဂရုစိုက်ပါ။ မေ့မျောသွားလျှင် အန်ဖတ်များဆို့ပြီး အသက်ရှူလမ်းကြောင်း ပိတ်တတ်သည်။

အဆိပ်ငွေ့ရှူမိခြင်းဖြစ်ပါက လေကောင်းလေသန့်ရရန် အမြန်လုပပ


်ါ။ မိမိကိုယ်တိုင် အဆိပ်မိ မရှူမိစေရန် အထူးသတိပြုပါ။
ရေဆွတ်ထားသော အ၀တ်ဖြင့် သင်၏ နှာခေါင်းနှင့် ပါးစပ်ကို ပိတ်ထားပါ။ မည်သည့်အခါမှ မီးခြစ်၍ မစမ်းပါနှင့်။
အချို့သော အငွေ့များမှာ မီးလောင်တတ်သည်။

အဆိပ်ပျယ်စေရန်ရည်ရွယ်၍ လူနာကို လိမ္မော်ရေ၊ အုန်းရေ၊ ရှာလကာရေ စသည်တို့မတိုက်ပါနှင့်။

ကာကွယ်ခြင်း
မတော်တဆ အဆိပ်သင့်ခြင်းမှ ကာကွယ်ရန် ဆေးပုလင်းများကို ထင်ထင်ရှားရှား ရေးထားပါ။ ဆေးပုလင်းများကို
ကလေးများ လက်လှမ်းမမီသော အမြင့်တွင် တင်ထားပါ။ သက်တမ်းကုန်နေပြီဖြစ်သော ဆေးများကို အမြန်ဆုံးစွန့်ပစ်ပါ။

သောက်ဆေးများ၊ စားသောက်စရာများနှင့် ပိုးသတ်ဆေး၊ ရေနံဆီ စသည်တို့ကို မည်သည့်အခါမှ အတူရောမထားပါနှင့်။


ပိုးသတ်ဆေးဘူးများကို အန္တရာယ် အမှတ်အသား ထင်ထင်ရှားရှား ကပ်ထားပါ။
ပိုးသတ်ဆေးမှုံ့၊ အရည်စသည်တို့ကို မူလပုလင်း သို့မဟုတ် အိတ်အတွင်းမှ ထုတ်လျှင် အသစ်ထည့်လိုက်သော ပုလင်း
သို့မဟုတ် အိတ်တွင်လည်း ပိုးသတ်ဆေးဖြစ်ကြောင်း ထင်ထင်ရှားရှားရေးသားထားပါ။ ပိုးသတ်ဆေးများကို မီးဖိုဆောင်
အတွင်း မည်သည့်အခါမှ မထားပါနှင့်။ လုံခြုံသောနေရာတွင် ထားပါ။

မိမိ မသိသော မှိုများဖြစ်ပါက သေချာစွာ စစ်ဆေးပြီးမှ ချက်ပါ။ မှိုသည် အဆိပ်သင့်တတ်သည်။

၁၊ ၁၃။ ဓါတ်လိုက်ခြင်း

ဓါတ်လိုက်နေသူကို မည်သည့်အခါမှ သွားမဆွဲပါနှင့်။ ပထမဦးစွာ မီးခလုတ်ကို ပိတ်ရပါမည်။ မီးပလတ်ကိုလည်း ချွတ်ပါ။


ထို့နောက်မှ လူနာကို စစ်ဆေးပါ။ ဒါဏ်ရာမပြင်းထန်လျှင် သက်တောင့်သက်သာနေပါစေ။ ဒါဏ်ရာပြင်းထန်လျှင် ဆေးခန်း၊
ဆေးရုံများသို့ ပို့ပါ။
နိမ့်သော မီးပလပ်ပေါက်များအား အလိုအလျောက် အပိတ်ပါသော ပလပ်ပေါက် များသာ သုံးပါ။ ကလေးငယ်များသည်
အပေါက်အတွင်း လက်နှိုက်တတ်သည်။

ကျိုးပျက်နေသော ၀ိုင်ယာကြိုးများကို အသစ်လဲပါ။ လျှပ်စစ်ပစ္စည်းများကို မတတ်လျှင် ပြင်ရန် မကြိုးစားပါနှင့်။


သင့်တော်သော လျှပ်စစ်ပစ္စည်းသာ သုံးပါ။

ဝိုင်ယာကြိုးများကို ရေစိုနေသောနေရာများအား ဖြတ်သန်းပြီး မသွယ်တန်းပါနှင့်။ မီးခလုတ်၊ မီးခေါင်းများ ပျက်နေလျှင်


အမြန်ဆုံးပြင်ပါ။

၁၊ ၁၄။ CPR (Cardio Pulmonary Resuscitation) လုပ်နည်း

CPR ဟူသည် သတိလစ်မေ့မြောကာ အသက်ရှူရပ်၊ နှလုံးခုန်ရပ်သွားသူအား နှလုံးပြန်လည်အလုပ်လုပ်လာစေရန်


လုပ်ခြင်းဖြစ်၏။ ဤနည်းဖြင့် အသက်တစ်ချောင်းကို ကယ်တင်နိုင်သည်။ အောက်တွင် CPR လုပ်ပုံလုပ်နည်းကို
ရှင်းပြထားပါသည်။ သို့သော် အရေးပေါ်မှ ထလုပ်တာထက် ကြိုတင်ပြင်ဆင် လေ့ကျင့်ထားရန်လိုပါသည်။

CPR လုပ်ရမည့် အစီအစဉ်


၁၊ ၁၅။ ဒါဏ်ရာရသူများကို သယ်ဆောင်နည်း
ဒုတိယပိုင်း

၂။ မီးကာကွယ်ရေး ကြိုတင်စီမံချက်များ

၂၊ ၁။ ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်း၏။

၁။ ထမင်းဟင်းချက်နေစဉ် လူမရှိဘဲ မီးကိုဖွင့်မထားခဲ့ပါနှင့်။ ဟင်းအိုးမကျက်သေးမီ လုပ်စရာပေါ်လာပါက တစ်ဦးဦးကို


စောင့်ကြည့်ခိုင်းထားပါ။

၂။ လျှပ်စစ်ပစ္စည်းများကို အသုံးမပြုသည့်အခါ ပလပ်ကို ဖြုတ်ထားပါ။

၃။ ပူသောနေရာ (ဥပမာ - မီးဖိုအနီး) များတွင် မီးလောင်စေတတ်သော စက္ကူ၊ အ၀တ်အထည် စသော ပစ္စည်းများကို


မထားပါနှင့်။

၎။ တစ်နေရာထဲတွင် ပလပ်ခေါင်း ၄ - ၅ ခု စုပြုံထိုးခြင်းကို ရှောင်ကြဉ်ပါ။


၅။ ဆွေးမြေ့နေသော ၀ိုင်ယာကြိုးများ၊ ပျက်စီးနေသော၊ အကာများကွာနေသော၊ နန်းကြိုးများပေါ်နေသော
ဝိုင်ယာကြိုးများကို မသုံးပါနှင့်။ ကောင်းသောဝိုင်ယာကြိုးနှင့် အစားထိုးပါ။ ၆။ မီးမငြိမ်းသေးသော ဆေးလိပ်တို၊ ပြာပူ၊ မီးခဲ
စသည်တို့ကို အမှိုက်ပုံအတွင်း မပစ်ပါနှင့်။၇။ မီးရှို့ပြီးပါက လုံးဝမီးသေသွားသည်ထိ ငြိမ်းသတ်ပါ။ မီးကြွင်းမီးကျန်
လုံးဝမထားပါနှင့်။
၈။ မီးခြစ်၊ ဖယောင်းတိုင် စသော မီးထွက်စေနိုင်သည့်အရာများကို ကလေးများ မမီနိုင်သော နေရာများတွင် ထားပါ။
၉။ သီတင်းကျွတ်ပွဲတော်ရက်များ၌ ကလေးများ မီးရှူး၊ မီးပန်းများနှင့်ကစားလျှင် စောင့်ကြည့်နေပါ။ လွှတ်မထားပါနှင့်။

၁၀။ အရည်အသွေးညံ့သော လျှပ်စစ်ပစ္စည်းများသည် မီးဘေးအတွက် အလွန် အန္တရာယ်ရှိသည်။

ဤမျှသာမက မီးအန္တရာယ်ကာကွယ်ရေး ပညာပေးတွင်လည်း ထပ်မံဖတ်ရှုနိုင်ပါသေးသည်။


ရပ်ကွက်၊ ကျေးရွာ၊ အိမ်များတွင် မီးအန္တရာယ်ကာကွယ်ရေး စစ်ဆေးချက်
လျှပ်စစ်ပစ္စည်းများ မသုံးတဲ့ လျှပ်စစ်ပစ္စည်းတွေကို ပလပ်ချွတ်ထားသလား ?  
ပလပ်တစ်ပေါက်ထဲကို မီးခေါင်းတွေ အများကြီး စုပြုံထိုးထားသလား ?  
ဓါတ်ကြိုးတွေမှာ ဒါဏ်ရာတွေပေါ်ပြီး ပေါက်ပြဲနေပြီလား ?  
မီးကြိုးတွေကို တံခါးတွေ၊ ရေစိုတဲ့နေရာတွေ၊ ကြမ်းတွေပေါ်ချပြီး  
သွယ်တန်းထားသလား ?
မီးခလုတ်တွေ ကောင်းကောင်း အလုပ်လုပ်ရဲ့လား။ မိလိုက် မမိလိုက်  
ဖြစ်နေသလား ?
လျှပ်စစ်ပစ္စည်းတွေက အညံ့စားတွေလား ?  
အိမ်မှာသွယ်ထားတဲ့ မီးကြိုးတွေက အရွယ်အစားမှန်ရဲ့လား ?  
အိမ်က ဖျူ့စ် နဲ့ ဘရိတ်ကာတွေကို အရွယ်အစား မှန်မှန် သုံးထားသလား 
? 
ဖယောင်းတိုင်၊ အမွှေးတိုင်၊ ဖယောင်းတိုင်၊ အမွေးတိုင်တွေကို အလွယ်တကူ လဲမကျအောင်  
မီးခြစ်၊ ဓါတ်ငွေ့အိုး စသော သေသေချာချာ၊ ခိုင်ခိုင်မြဲမြဲ ထွန်းထားရဲ့လား ?
မီးလောင်စေတတ်သည့် မီးခြစ်၊ မီးရှုးမီးပန်းစတဲ့ အလွယ်တကူ မီးလောင်နိုင်တဲ့အရာတွေကို မီးဖိုနဲ့  
ပစ္စည်းများ ဝေးဝေးမှာ ထားရဲ့လား ?

ကလေးတွေ လက်လှမ်းမမီတဲ့နေရာမှာ ထားရဲ့လား ?


မီးဖိုကို ဆီးချေးတွေ၊ ပြာတွေနဲ့ ညစ်ပတ်မနေအောင် သေသေချာချာ  
သန့်ရှင်း ထားရဲ့လား ?
ဓါတ်ငွေ့မီးဖိုက ပိုက်တွေကောင်းရဲ့လား? အဆက်တွေကို သေသေချာချာ  
ဆက်ထားရဲ့လား? ခလုတ်တွေရော ကောင်းကောင်း အလုပ်လုပ်ရဲ့လား ?

ဓါတ်ငွေ့စိမ့်မနေဘူး ဆိုတာ သေချာရဲ့လား ?


ဆီပုံး၊ ဆီခွက်တွေကို မီးဖိုနဲ့ ဝေးဝေးမှာထားရဲ့လား ?  
ဓါတ်ငွေ့အိုးကို လေ၀င်လေထွက်ကောင်းတဲ့နေရာမှာ ထားရဲ့လား ?  
အိမ်၌ မီးဘေးကြိုတင် မီးလောင်ရင် အလွယ်တကူ ထွက်ပြေးဘို့ လမ်းနဲ့ အပေါက်ရှိရဲ့လား ?  
ပြင်ဆင်မှု အဲဒီလမ်းနဲ့ အပေါက်ဟာ ရှင်းရှင်းလင်းလင်း ဟုတ်ရဲ့လား ?

ဘာတွေနဲ့ ပိတ်ဆို့နေလဲ ?
အိမ်မှာ မီးသတ်ဗူးရှိရဲ့လား ?  
အဲဒီမီးသတ်ဗူးဟာ ကောင်းရောကောင်းသေးရဲ့လား ?

အိမ်ကလူတွေအကုန်လုံး အဲဒီမီးသတ်ဗူးကို ဘယ်လိုသုံးရမယ် ဆိုတာ


သိရဲ့လား ?

မီးသတ်ဗူးဟာ အလွယ်တကူရနိုင်တဲ့ လက်လှမ်းတမီနေရာမှာ ရှိရဲ့လား ?


အိမ်ကလူအားလုံးဟာ မီးလောင်ရင် ဘယ်ဖုံးနံပါတ်ကို ခေါ်ရမယ်ဆိုတာ  
သိရဲ့လား ?
ရပ်ကွက်၊ ကျေးရွာများ ရပ်ကွက်ထဲ၊ ရွာထဲမှာ အမှိုက်တွေကို သေသေချာချာ ရှင်းထားရဲ့လား ?  
မီးလောင်ရင် မီးသတ်ဖို့ ရပ်ကွက်ထဲမှာ အစီအမံတွေလုပ်ထားရဲ့လား ?  
တွင် မီးကာကွယ်ရေး
ကြိုတင်ပြင်ဆင်မှု
ရပ်ကွက်၊ ရွာထဲမှာ မီးသတ်တပ်ဖွဲ့ ဖွဲ့ထားရဲ့လား ?  
ရပ်ကွက်ထဲကလူတွေကို မီးကာကွယ်ရေး ပညာပေးဟောပြောပွဲ သင်တန်း 
တွေ ပုံမှန်လုပ်ပေးရဲ့လား ?
ရပ်ကွက်၊ ရွာထဲကလူတွေဟာ မီးလောင်ရင် ဘာလုပ်ရမယ်ဆိုတာ  
သေသေချာချာ သိရဲ့လား ?
ကောက်ရိုးပုံတွေကို ရပ်ကွက်၊ ရွာအပြင်မှာ ထားရဲ့လား ?  
မှတ်ချက်။ ။ ဤစစ်ဆေးချက်မှာ အိမ်၊ ရပ်ကွက်၊ ကျေးရွာများအတွက်သာမဟုတ်ဘဲ ဈေးများ၊ ကျောင်းများ၊
ရုံးများ၊ စက်ရုံ၊ အလုပ်ရုံများ၊ သိုလှောင်ရုံများ၊ ရုပ်ရှင်ရုံများ စသည်တို့တွင်ပါ လုပ်ရမည်ဖြစ်ပါသည်။ ဤသို့လုပ်ရာတွင်
သက်ဆိုင်ရာ ဈေး၊ ရုံး၊ ကျောင်း၊ စက်ရုံ၊ အလုပ်ရုံ၊ သိုလှောင်ရုံ၊ ရုပ်ရှင်ရုံများတွင် မီးတာဝန်ခံတစ်ဦး ခန့်ထားပေးပြီး
၎င်းအား လုပ်ပိုင်ခွင့်နှင့် တာဝန်များကို အတိအကျ ပြဌာန်းပေးပြီး လိုက်နာမနာ၊ လက်တွေ့လုပ်မလုပ်ကို
အမြဲစစ်ဆေးနေရန် လိုပါသည်။

ဤနေရာတွင် ကျွန်တော်ထပ်မံဖြည့်ချင်သည်မှာ ပရဟိတဂေဟာများ၊ ဘုန်းကြီးကျောင်း ဆွမ်းစားဆောင်များနှင့် ဓမ္မာရုံများ


တွင်ပါ မီးကာကွယ်ရေး အစီအမံများ လုပ်ထားကြရန် ဖြစ်ပါသည်။ အလှူအတန်း၊ ဆွမ်းကျွေး၊ ၀ါးတွင်းဝါပ
ဆွမ်းလောင်းပွဲများ တွင် ဘုန်းကြီးကျောင်း နှင့် ဓမ္မာရုံများ၌ ဆွမ်းဟင်းများကို အများအပြားချက်ပြုတ်ကြရာ မီးအန္တရာယ်
ကြိုတင်ကာကွယ်ရန် လိုပါသည်။ မီးဟူသည် အချိန်မရွေး၊ နေရာမရွေးလောင်တတ်သည်ဖြစ်ရာ မည်သည့်နေရာမှ
မပေါ့ကြရန် လိုပါသည်။ အနည်းဆုံးတော့ ချက်ပြုတ်သည့်နေရာတွင် မီးသတ်ဘူးနှင့်ရေများ အဆင်သင့်ရှိနေရန်
လိုပါသည်။

၂၊ ၂။ LPG (Liquefied Petroleum Gas) ရေနံဓါတ်ငွေ့ရည်

ယခုအခါ ထမင်းဟင်းချက်ပြုတ်ခြင်းများအတွက် ဓါတ်ငွေ့ကို တွင်ကျယ်စွာသုံးလာပြီ ဖြစ်သဖြင့် ဓါတ်ငွေ့ကို


အန္တရာယ်ကင်းစွာ သုံးနိုင်ရေးအတွက် ထည့်သွင်းရေးသားလိုက်ပါသည်။
၁။ ဓါတ်ငွေ့အိုးများကို မည်သည့်အခါမှ လှဲမထားရ။ အမြဲထောင်ထားပါ။

၂။ ဓါတ်ငွေ့အိုးကို မီးဖို၊ ပလပ်ပေါက် စသည်တို့မှ အနည်းဆုံး ၃ ပေ ခွာထားပါ။

၃။ ဓါတ်ငွေ့အိုးလဲနေစဉ် အနီးအနား၌ မည်သည့်မီးပွား၊ မီးတောက်မှ မရှိစေရ။

၎။ မည်သည့်အခါမှ ဓါတ်ငွေ့အိုး ၂ လုံးမမှာပါနှင့်။ တစ်ချိန်လျှင် တစ်လုံးသာသုံးပါ။ ဓါတ်ငွေ့ကုန်မည်စိုးသောကြောင့်


ထပ်မှာ လျှင် ပထမအိုး ကုန်ခါနီးမှ မှာပါ။ နောက်ရောက်လာသောအိုးကို လေ၀င်လေထွက်ကောင်းသောနေရာ၊ မီးဖိုနှင့်
ဝေးဝေးတွင် ထောင်ထားပါ။

၅။ မီးဖိုဆောင်သည် လေ၀င်လေထွက်ကောင်းပါစေ။ ထမင်း၊ ဟင်းအိုးတည်ပြီး အခြားသွားနေခြင်းမျိုး မည်သည့်အခါမှ


မလုပ်ပါနှင့်။ အရေးတကြီးသွားစရာရှိလျှင် မီးပိတ်ပြီးမှ သွားပါ။

၆။ ထမင်းဟင်းချက်နေစဉ် မီးလောင်စေတတ်သော အရာများကို အနီးတွင် မထားပါနှင့်။

၇။ ခရီးဝေးသွားစရာရှိပြီဆိုလျှင် ဓါတ်ငွေ့အိုးခလုတ်ကို သေချာစွာပိတ်ခဲ့ပါ။

၈။ ဓါတ်ငွေ့ပိုက် နှင့် အဆက်များမှ ဓါတ်ငွေ့စိမ့်ထွကေ


် နမနေ သေချာစေရန် ဆပ်ပြာရည်ဖြင့်သတ
ုကာ စစ်ဆေးပါ။ ဆပ်ပြာ
ပူပေါင်းများ ထလာပြီဆိုပါက ဓါတ်ငွေ့ပိုက်ကို အလျှင်အမြန်လဲပါ။ အဆက်များကို သေချာစွာ ပြန်ကြပ်ပါ။
၉။ ဓါတ်ငွေ့ပိုက်များကို ၂ နှစ်ကြာတိုင်း အသစ်လဲပါ။ ၅ နှစ်ကြာတိုင်း ဓါတ်ငွေ့အထိန်းဗားကို အသစ်ပြန်လဲပါ။

၁၀။ ဓါတ်ငွေ့အနံ့ရပြီ ဆိုပါက -

 မီးမှန်သမျှ အားလုံးငြိမ်းသတ်ပါ။ ဓါတ်ငွေ့မီးဖိုကိုပိတ်၊ ဓါတ်ငွေ့အိုးမှ ခလုတ်ကိုလည်း ပိတ်ပါ။

 တံခါးမှန်သမျှ အားလုံးဖွင့်ပြီး လေ၀င်ရန် လုပ်ပါ။

 ဓါတ်ငွေ့ရောင်းသောဆိုင်သို့ ချက်ခြင်းဖုံးဆက်ပြီး အိုးအသစ်ဖြင့် ပြန်လဲပါ။

၁၁။ ချက်ပြုတ်နေစဉ် မီးထလောင်ပါက -

 အ၀တ်ကိုရေဆွတ်ပြီး မီးကိုအုပ်လိုက်ပါ။ မီးငြိမ်းသွားပါလိမ့်မည်။

 ရေနှင့်မလောင်းပါနှင့်။ မီးပိုပြန့်သွားတတ်သည်။

 ဓါတ်ငွေ့မီးဖိုခလုတ်ကို ချက်ခြင်းပိတ်ပါ။ ဓါတ်ငွေ့အိုးမှ ခလုတ်ကိုလည်း အမြန်ပိတ်ပါ။

၂၊ ၃။ အများပြည်သူနှင့် ဆိုင်သောနေရာများမှ မီးအန္တရာယ်


၁။ လမ်းဘေးတွင် အမှိုက်ကို မီးရှို့ပြီး သို့မဟုတ် မီးလှုံပြီး မီးကို မသတ်ဘဲထားခဲ့ခြင်း။

၂။ စက္ကူစုတ်၊ သစ်ရွက်ခြောက် စသော မီးလောင်စေတတ်သည့် အမှိုက်များကို စည်းကမ်းမဲ့ စွန့်ပစ်ခြင်း။

၃။ လမ်းဘေးစားသောက်ဆိုင်များ၌ မီးကြွင်းမီးကျန်များ ထားခဲ့ခြင်း။


၎။ ဆေးလိပ်တိုများကို မီးမသတ်ဘဲ တွေ့ရာပစ်ခြင်း။

၅။ ဓါတ်တိုင်ရှိဓါတ်ကြိုးများကို မိမိဓါတ်ကြိုးဖြင့်ချိတ်ကာ မီးခိုးသွယ်ခြင်း။ (ဤသို့ ဓါတ်ကြိုးဖြင့်ချိတ်သည့်နေရာမှ


မီးပွားထွက် တတ်သည်။)
၆။ မီးသတ်ဘူးများကို ဟိုရွှေ့သည်ရွှေ့၊ မရွှေ့ပါနှင့်။ သူ့နေရာနှင့်သူ ရှိနေပါစေ။

၇။ ထွက်ပေါက်များ၊ လျှောက်လမ်းများတွင် ပစ္စည်းများဖြင့် ပိတ်ဆို့နေခြင်း။

၂၊ ၄။ မီးလောင်ပြီ ဆိုပါက

• အထိတ်တလန့် မဖြစ်ပါနှင့်။ အလန့်တကြားထွက်မပြေးပါနှင့်။

• မီးလောင်နေကြောင်း အခြားသူများကို အော်ဟစ်သတိပေးပါ။

• အခန်း သို့မဟုတ် သင်ရောက်ရှိနေရာ နေရာမှ အမြန်ဆုံးထွက်ပါ။ ထိုနေရာရှိ အခြားသူများအားလုံးကို ထွက်နိုင်ရန်လည်း


အကူအညီပေးပါ။

• မီးအလွယ်တကူ မပြန့်နိုင်စေရန် မီးလောင်နေသော အခန်းမှ တံခါးကို ပိတ်ခဲ့ပါ။

• မီးသတ်ကို အမြန်ဆုံးဖုံးဆက်ခေါ်ပါ။
• မီးသတ်ခေါင်းလောင်းရှိလျှင် မီးသတ်ခေါင်းလောင်းခလုတ်ကို နှိပ်ပါ။

• မီးလောင်လျှင် မည်သည့်အခါမှ ဓါတ်လှေခါးကို မသုံးပါနှင့်။

• အဆောက်အဦမှ လူအားလုံးကုန်သည်အထိ စနစ်တကျ ထုတ်ပါ။ ၀ရုန်းသုံးကား မဖြစ်ပါစေနှင့်။

• မီးသတ်မှ အားလုံးစိတ်ချရပါပြီ ဟု မကြေငြာမချင်း အဆောက်အဦအတွင်းသို့ ပြန်ဝင်ရန် မကြိုးစားပါနှင့်။

၂၊ ၅။ မိမိနိုင်သမျှ မီးသတ်ခြင်း
မီးစလောင်ပြီဆိုပါက မီးမကြီးထွားမီ ငြိမ်းသတ်ရန်ကြိုးစားပါ။ သို့သော် သင်နိုင်လောက်သည့် မီးကိုသာ
သတ်ရန်ကြိုးစားပါ။ မီးကိုအောက်ပါနည်းများဖြင့် သတ်နိုင်ပါသည်။

စက္ကူ၊ အ၀တ်၊ သစ်သား၊ ပလတ်စတစ် စသည်တို့ကိုလောင်ပါက ရေဖြင့်လောင်းခြင်းဖြင့် ငြိမ်းသတ်နိုင်ပါသည်။ သို့သော်


လျှပ်စစ်ကြောင့်လောင်သောမီး၊ ဆီကြောင့်လောင်သောမီးကိုမူ ရေဖြင့် မငြိမ်းသတ်ပါနှင့်။

မီးသတ်ခြင်းအကြောင်းကို မီးအန္တရာယ်ကာကွယ်ရေး ပညာပေးအပိုင်းတွင် ဖော်ပြခဲ့ပြီးပါပြီ။ သို့သော် ဤနေရာတွင်


အရေးကြီး သည်များကို ထပ်မံဖော်ပြလိုက်ပါ၏။

မီးသတ်ဘူးအမျိုးအစား

မီးသတ်ပစ္စည်းအမျိုးအစား ငြိမ်းသတ်နိုင်သော မီးအမျိုးအစား


ရေ စက္ကူ၊ အ၀တ်၊ သစ်သား၊ ပလတ်စတစ် စသည်တို့ကိုလောင်သောမီးများအတွက်
သုံးနိုင်ပါသည်။
ကာဗွန်ဒိုင်အောက်ဆိုဒ် ဆီ၊ ဓါတ်ဆီ၊ ဓါတ်ငွေ့၊ လျှပ်စစ်၊ စက္ကူ၊ သစ်သား၊ အ၀တ်၊ ပလတ်စတစ်များအား
လောင်သောမီးကို ငြိမ်းသတ်နိုင်သည်။
ဓါတုဗေဒဆေးမှုန့် ကာဘွန်ဒိုင်အောက်ဆိုဒ်ကဲ့သို့ပင် သုံးနိုင်သည်။ ထို့ပြင် ဆိုဒီယမ်၊ ပိုတက်ဆီယမ်
စသော သတ္တုများကိုလောင်သောမီးအားလည်း ကောင်းစွာငြိမ်းသတ်နိုင်သည်။

၂၊ ၅၊ ၁။ မီးသတ်ဗူးကို ဘယ်လိုသုံးမလဲ
အိမ်များတွင် ၁.၅ ကီလိုလေးသည့် ဓါတုဗေဒဆေးမှုန့်မီးသတ်ဗူးကို ဆောင်ထားရန် အကြံပြုပါသည်။ ထိုမီးသတ်ဗူးသည်
မည်သည့်မီးမျိုးကို မဆို သတ်နိုင်သောကြောင့်ဖြစ်၏။

၂၊ ၅၊ ၂။ မီးခိုးငွေ့များကြားမှ ထွက်ခြင်း

မီးခိုးငွေ့ကြောင့် အသက်ရှူ မွန်းကျပ်ပြီး သေတတ်သည်။ သတိထားပါ။


သင်သည် မီးခိုးငွေ့များထဲရောက်နေပြီဆိုပါက -

မီးခိုးများထွက်သွားစေရန် ပြူတင်းပေါက်များကို ဖွင့်ပါ။

သင်၏နှာခေါင်းနှင့် ပါးစပ်ကို ရေစိုအ၀တ်ဖြင့်အုပ်ထားပါ။ ထိုအချိန်တွင် ပါးစပ်မှ အသက်မရှူပါနှင့်။ နှာခေါင်းဖြင့်သာရှူပါ။

မီးခိုးဟူသည် အထက်သို့တက်သဖြင့် မီးခိုးလွတ်စေရန် ကြမ်းပြင်အနီးမှ ဒူးထောက်သွားပါ။

၂၊ ၅၊ ၃။ မီးထဲပိတ်မိနေရင် ဘယ်လိုလုပ်မလဲ
၁။ ပွင့်နေသော ပြူတင်းပေါက်ရှိပြီး (ထိုပြူတင်းပေါက်သည် လမ်းဘက်မျက်နှာမူထားလျှင် ပိုကောင်း၏) လေ၀င်လေထွက်
လည်းကောင်းသည့် လုံခြုံစိတ်ချရသောအခန်းအတွင်းသို့ ၀င်ပါ။

၂။ တံခါးမကြီးမှ ပွင့်နေသော အပေါက်အားလုံးကို မီးခိုးများဝင်မလာစေနိုင်ရန် အ၀တ်များဖြင့် ပိတ်ဆို့ပါ။

၃။ ထို့နောက် ပြတင်းပေါက်သ့သ
ွိုားပြီး ဟစ်အော် အကူအညီတောင်းပါ။ ဖြစ်နိုင်လျှင် မီးသတ်သို့ ဖုံးဆက်ခေါ်ပါ။
၎။ စိတ်အေးအေးထားပါ။ ယောက်ယက်ခတ်မနေပါနှင့်။ ပြူတင်းပေါက်မှ ခုန်ချရန် လုံးဝမကြိုးစားပါနှင့်။

၂၊ ၅၊ ၄။ သင့်အ၀တ်တွေကို မီးစွဲပြီဆို ဘယ်လိုလုပ်မလဲ

၁။ မပြေးပါနှင့်။ နေရာတွင်ပင်ရပ်နေပါ။
၂။ ထို့နောက် ကြမ်းပြင်ပေါ်လှဲချလိုက်ပါ။
၃။ ကိုယ်ကို ကြမ်းပြင်ပေါ်တွင် ဘယ်ညာ လူလှိမ့်ခြင်းဖြင့် မီးငြိမ်းသွားအောင် ကြိုးစားပါ။
၃။ အရေးပေါ် အိတ်

အရေးတကြီးကိစ္စပေါ်လာပါက အဆင်သင့်ကောက်ယူသွားနိုင်စေရန် အရေးပေါ်အိတ်ကို ပြင်ဆင်ထားလျှင်


ကောင်းပါသည်။ အရေးပေါ်အိတ်တွင် အလိုအပ်ဆုံးသော ပစ္စည်းများပါရမည်။ ထိုအိတ်မည်သည့်နေရာ၌ ရှိသည်ကို
အိမ်သားအားလုံး သိနေရမည်။ အိတ်ကို အလွယ်တကူ ယူနိုင်သော နေရာတွင် ထားရမည်။ မှောင်ထဲ၌ပင်လျှင် အိတ်ကို
ယူနိုင်ရမည်။
၃၊ ၁။ အရေးပေါ်အိတ်တွင် ပါရမည့်ပစ္စည်းများ

ပစ္စည်း အမည် အသုံးချရန်နေရာ


ဓါတ်ခဲထည့်မထားသော အလင်းရောင်မရှိသည့် မှောင်ထဲတွင် အလွန်အသုံးတည့်သည်။
လက်နှိပ်ဓါတ်မီး
ဓါတ်ခဲများ လက်နှိပ်ဓါတ်မီး၊ ရေဒီယို စသည်တို့အတွက်။ သိ့ေ
ု သာ် သီးသန့်ထားပါ။ ဓါတ်မီး၊ ရေဒီယို
စသည်တို့တွင် ထည့်မထားပါနှင့်။
ပလာစတာ၊ လိမ်းဆေး ထိခိုက်ဒါဏ်ရာရခဲ့သော် အလွယ်တကူသုံးနိုင်သည်။ ရင်ကြပ်၊ ဆီးချိုသမားများအတွက်
စသော အသုံးလိုမည့်
ဆေးများ လည်း ဆေးများဆောင်ထားရန် မမေ့သင့်ပါ။ အရေးကြီးပါက ဆေးရှာမရ
ဖြစ်တတ်သည်။
အရေးကြီး စာရွက်စာတမ်းများ မှတ်ပုံတင်၊ ပတ်စ်ပို့၊ အိမ်၊ မြေ ဂရံ၊ အာမခံစာချုပ်၊ မွေးစာရင်း၊ အိမ်ထောင်စုစာရင်း၊

ဘွဲ့လက်မှတ် စသော အရေးကြီးသည့် စာရွက်စာတမ်းများကို ရေလုံသော ပလတ်စတစ်

အိတ်ထဲတွင် လုံခြုံစွာထည့်ထားပါ။ အရေးအကြောင်းရှိလျှင်


ကောက်ထည့်သွားနိုင်သည်။
ရေဒီယို အရေးပေါ်အခြေအနေ ကြေငြာချက်များကို နားဆင်နိုင်သည်။
(ဓါတ်ခဲထည့်မထားပါနှင့်)
ခရာ အကူအညီလိုလျှင် သုံးနိုင်သည်။ အကြောင်းကြောင်းကြောင့် မအော်နိုင်ပါက
ခရာမှုတ်ပြီး

အကူအညီတောင်းနိုင်သည်။
ရှေးဦးသူနာပြုဆေးသေတ္တာ အရေးပေါ်အခြေအနေများတွင် ဒါဏ်ရာရသူများအား ကူညီကုသပေးနိုင်သည်။

ပစ္စည်းများကို အမြဲစစ်ဆေးဖြည့်တင်းထားပါ။
ကလေးပြုစုရေး ပစ္စည်းများ ကလေးငယ်များရှိပါက ကလေးအတွက်လိုမည့် ပစ္စည်းများကိုလည်း အရံသင့်
ဆောင်ထားပါ။
အရေးပေါ်လက်စွဲစာအုပ် ဤစာအုပ်တွင် အရေးပေါ်အခြေအနေများ၌ မည်က့သ
ဲ့ို လုပ်ရမည်ကို အသေးစိတ်
ညွန်ပြထားသည့်အတွက် များစွာအထောက်အကူရသည်။

အခြား ထပ်ထည့်နိုင်သေးသည့် ပစ္စည်းများ

o မိတ်ဆွေများ၏ ဖုံးနံပါတ်များ၊ အလုပ်၊ ကျောင်း စသည့် မိမိနှင့်သက်ဆိုင်ရာနေရာများမှ ဖုံးနံပါတ်များ။

o ပိုက်ဆံ။ ပိုက်ဆံကား မိမိလိုသမျှ ဖြည့်ဆည်းပေးနိုင်သဖြင့် အလွန်အရေးကြီး၏။

o ရေဘူး၊ စားစရာအခြောက်အခြမ်း။

o အ၀တ်အစားအနည်းငယ် (တီရှပ်၊ လုံချည် စသည်)

o မှတ်စုစာအုပ်၊ ခဲတံ၊ ဘောပင်

o အရေးပေါ်ဖုံးနံပါတ်များ (ဆေးရုံဆေးခန်းများ၊ ရဲဌာန၊ မီးသတ်၊ အုပ်ချုပ်ရေးဌာန စသည်)

အရေးပေါ်အိတ်အတွက် သိမှတ်စရာ

အိမ်တွင် လူများလျှင်များသလို အရေးပေါ်အိတ် တစ်အိတ်မက လိုနိုင်သည်။

အရေးကြီးသောပစ္စည်းများကို စဉ်းစားပြီး လိုသမျှသာထည့်ပါ။ မလိုသည်များထည့်မထားပါနှင့်။ အရေးအကြောင်း၌


ထွက်ပြေးရန် လိုလာပါက အိတ်ကြီးကလေးနေပြီး အနှောက်အယှက်ဖြစ်တတ်သည်။

သက်တမ်းကုန်နိုင်သော ပစ္စည်းများပါပါက မကြာခဏစစ်ဆေးပြီး အသစ်နှင့် အစားပြန်လဲပါ။ (ဥပမာ - ဆေးများ၊ ဓါတ်ခဲ)

၃၊ ၂။ အရေးပေါ် စားစရာများ ပြင်ဆင်ခြင်း

အရေးအကြောင်းရှိပါက စားရေးသောက်ရေးအတွက် မပူရအောင် စားသောက်စရာများကို အဆင်သင့်ပြင်ထားနိုင်လျှင်


ကောင်းပါသည်။ မိမိ၏ မိသားစုဦးရေကိုလိုက်၍ စားစရာသောက်စရာများကို အောက်ပါအတိုင်း ပြင်ဆင်နိုင်ပါသည်။

ဆန် ၁ စိတ်၊ ဆီ ၅၀ သား၊ ငါးပိ ၃၀ သား၊ ငြုပ်သီးခြောက် အစိတ်သား၊ ခေါက်ဆွဲခြောက်ထုပ် အထုပ် ၂၀၊ ဆား ၁၀
သား၊ သကြား ၁၀ သား၊ ရေ ၅ ပုလင်း။ ဘီစကစ်မုံ့ ၅ ထုပ်။ ထို့ပြင် ယခုအခါဈေးကွက်ထဲ၌ အလွယ်တကူရနိုင်သည့်
အဆင်သင့် စားနိုင်သော မုံ့ဟင်းခါးခြောက်ထုပ်၊ ငါးခြောက်၊ ပုစွန်ခြောက်၊ ပဲ စသည်တို့လည်း ဆောင်ထားနိုင်ပါသည်။
၎။ မိုးကြိုး အန္တရာယ်

မိုးရာသီများတွင် မိုးကြိုးအန္တရာယ် ရှိပါသည်။ မြန်မာနိုင်ငံတစ်ဝန်း၌ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁ဝ ရက်နေ့အထိ


မိုးကြိုးပစ်မှုကြောင့် သေဆုံးဒဏ်ရာရသူဦးရေမှာ ယခင်နှစ်ထက် ခြောက်ဆခန့်ပိုမိုမြင့်မားလာကြောင်း လူမူဝန်ထမ်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ စာရင်းများက ဆိုပါသည်။ ထိုစာရင်းများအရ
မြန်မာတစ်နိုင်ငံလုံး တွင် ၂ဝ၁ဝ ခုနှစ်က မိုးကြိုးပစ်ခံရမှုကြောင့် သေဆုံးသူဦးရေမှာ ၇ ဦးသာရှိခဲ့သော်လည်း ယခုနှစ်တွင်မူ
မတ်လမှ အောက်တို ဘာလ ၁ဝ ရက်နေ့အထိ မိုးကြိုးပစ်ခံရမှုကြောင့် သေဆုံးရသူ ၃၇ ဦးနှင့်ဒဏ်ရာရရှိသူ ၁၄ ဦး အထိ
ငါးဆခန့်တိုးလာသည်ဟု ဆို၏။

ထို့ကြောင့် မိုးကြိုးအန္တရာယ်ကိုလည်း လျှော့တွက်၌မရပါ။ ဤနေရာတွင် မိုးကြိုးအန္တရာယ်ကာကွယ်ရေးအကြောင်း မူရင်း


Emergency Handbook မှရော၊ အခြား website များကပါ ယူငင်ဘာသာပြန်ထားပါသည်။

အိမ်တွင်း၌ရှိနေစဉ် -

o တံခါးများပိတ်ထားပါ။
o မိုးကြိုးမုန်တိုင်းများကျနေစဉ် ရေမချိုးပါနှင့်။ ရေချိုးခန်းအတွင်းမှ သတ္တုပစ္စည်းများမှတဆင့် ဓါတ်လိုက်တတ်သည်။

o ကြိုးနှင့်ဆက်ထားသော ဖုံးများကို မသုံးပါနှင့်။ ကြိုးမဲ့ဖုံး၊ လက်ကိုင်ဖုံးများ သုံးနိုင်သည်။

o လျှပ်စစ်ပစ္စည်းများအားလုံး (ကွန်ပြူတာ၊ အားသွင်းစက်အပါအ၀င်) ကို ပလပ်ချွတ်ထားပါ။ မိုးကြိုးမှလျှပ်စီးကြောင့် ထိုပစ္စည်း


များကို ပျက်စီးစေနိုင်သည်။

o မိုးကြိုးများပစ်နေစဉ် လျှပ်စစ်ပစ္စည်းများ အသုံးမပြုပါနှင့်။

o အိမ်၌ရှိသော သတ္တုပစ္စည်းများကို တတ်နိုင်သမျှ ကိုင်တွယ်ခြင်း မပြုပါနှင့်။

အိမ်ပြင်၌ရှိနေစဉ် -

o လေလုံ၊ မိုးလုံ အဆောက်အဦတစ်ခုအတွင်း အမြန်ဝင်ပါ။ သို့သော် ဘတ်စ်ကားမှတ်တိုင်များ၊ တဲများ၊ ယာယီတဲများ၊


အမိုးဖွင့် ကားများအတွင်း မ၀င်ပါနှင့်။
o သစ်ပင်အောက်၊ အုန်းပင်၊ ထန်းပင်၊ ပေပင်အောက်၊ ဓါတ်တိုင်အောက်၊ အလံတိုင်အောက် စသည့် ထီးထီးဖြစ်နေသည့်
မြင့်မားသော အရာဝတ္တုများအောက် မ၀င်ပါနှင့်။ တောအုပ်အတွင်းသို့ ၀င်နိုင်သည်။

o ဘာသစ်ပင်မှ မရှိသော ကွင်းပြင်၌ရောက်နေခဲ့ပါက ထိုင်လိုက်ပါ။ ထိုင်ရာတွင် ဖနောင့်ပြားပြားချ ထိုင်ပါ။ ဒူးပေါ်လက်တင်၊


လက်ပေါ် နဖူးတင်ပြီးခေါင်းကို ငုံ့ထားပါ။ မျက်လုံးကို မှိတ်ထားပါ။ နားများကိုလည်း ပိတ်ထားပါ။ လက်ပတ်နာရီ၊ လက်စွပ်၊
နားကပ်၊ ဆွဲကြိုး စသော သတ္တုထည်များ ၀တ်ဆင်ထားပါက အမြန်ဆုံးချွတ်ပြီး ဝေးရာတွင်ထားပါ။

o သို့သော် ကွင်းပြင်၌ ၀မ်းလျားမှောက်မနေပါနှင့်။

o ရေအိုင်၊ ရေကွက်၊ ချောင်း၊ မြောင်းများအနီးတွင် မနေပါနှင့်။ ရနိုင်လျှင် မိုးကာခြုံထားပါ။


ကိုယ်ကိုခြောက်သွေ့နေစေခြင်းသည် မိုးကြိုးအန္တရာယ်မှ လျော့ကျစေသည်။

o သံဆူးကြိုးခြံစည်းရိုးများ၊ သံနှင့်လုပ်ထားသော အကာအရံများမှ ဝေးဝေးတွင်နေပါ။ သတ္တုထည်ပစ္စည်းများကို မထိပါနှင့်။

o ပြင်ပတွင် အလုပ်လုပ်နေစဉ် (ဥပမာ - အိမ်ဆောက်နေစဉ်) မိုးရွာလာပါက သုံးလက်စ လျှပ်စစ်လက်နက်ကိရိယာများကို


အမြန်ဆုံး ပလပ်ချွတ်ပါ။ ပလပ်တပ်ထားသော မည်သည့်ပစ္စည်းကိုမဆို မသုံးပါနှင့်။

o ကားနှင့်ခရီးသွားနေစဉ် ဖြစ်ပါက ကားအတွင်း၊ ဘတ်စ်ကားအတွင်း၌ နေပါ။ ကားတံခါးများကို ပိတ်ထားပါ။ ကားအတွင်းရှိ


သတ္တုထည်များကို မထိ၊ မကိုင်ပါနှင့်။ ရေဒီယိုဖွင့်မထားပါနှင့်။

o မော်တော်ဆိုင်ကယ်၊ စက်ဘီးများမစီးပါနှင့်။ စီးနေစဉ် မိုကြိုးများပစ်လာလျှင် အမြန်ဆုံးဆင်းပါ။ ၎င်းတို့ကို ဝေးဝေးထားပါ။


၅။ ငလျင်လှုပ်ခြင်း

ငလျင်လှုပ်ခြင်းတွင်လည်း စင်ကာပူမှ Emergency Handbook အပြင် သဘာဝဘေးအန္တရာယ်လျော့ပါးရေးကော်မတီ နှင့်


မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းတို့ ၂၀၀၉ ခုနှစ်က ပူးပေါင်းထုတ်ဝေခဲ့သော ငလျင်များနှင့်နေထိုင်ခြင်း စာအုပ်ပါ အချက်
အလက်များကိုပါ ယူငင်သုံးစွဲထားပါသည်။

ငလျင်လှုပ်လျှင် အပျက်အစီးအနည်းဆုံး၊ အထိအခိုက်အနည်းဆုံးဖြစ်စေရန် အောက်ပါတို့ကို ကြိုတင်ပြုလုပ်ထားပါ။

o လဲကျနိုင်သည့် ဘီရို၊ စာအုပ်စင် စသည်တို့ကို နံရံများနှင့် ကပ်ရိုက်ထားပါ။


o ပန်းချီကားများ၊ မှန်ကြီးများကို အိပ်ယာ၊ ဆိုဖာ ဆက်တီ စသည်တို့နှင့် ဝေးရာတွင်ချိတ်ပါ။

o ပန်းအိုးကြီးများကို ကြမ်းပြင်ပေါ်ချထားပါ။

o မီးပန်းဆိုင်းများရှိပါက ချိတ်များ ခိုင်မခိုင်စစ်ဆေးပါ။

o အုတ်ညှပ်အဆောက်အဦများဖြစ်လျှင် ကျည်းဘောင်နှင့်အုတ်ရိုး သေချာစွာမတွဲမိလျှင် နံရံပြိုကျမည့်အန္တရာယ်ရှိသည်။


ခိုင်ခံ့အောင်ပြင်ဆင်ထားသင့်ပါသည်။

ငလျင်လှုပစ
် ဉ် အိမ်အတွင်း၌ -

ဝရုန်းသုန်းကား မပြေးလွှားပါနှင့်။
o မိမိအိမ်အတွင်းမှ ခိုင်ခံ့သော နေရာ (ဥပမာ သစ်သားစားပွဲခုံ၊ ပြုတ်ကျနိုင်သော ပန်းချီကား စသည်တို့မရှိသည့်နံရံ) များ
သို့သွားပါ။

o ပြုတ်ကျစရာမရှိသော နံရံထောင့်သို့သွားကာ ထိုင်နေပါ။


o ခိုင်ခံ့သောစားပွဲအောက်သို့သွားပါ။ စားပွဲအောက်တွင် စားပွဲခြေထောက်ကို ခိုင်ခိုင်မြဲမြဲ ဆုပ်ကိုင်ကာ ထိုင်နေပါ။
o ပြုတ်ကျနိုင်သော ပစ္စည်းများ (ဥပမာ - ဘီရိုပေါ်တင်ထားသော ပစ္စည်းများ၊ ပန်းချီကားများ)၊ လဲကျနိုင်သော ဘီရိုများ၊
စာအုပ်စင်များ၊ မီးပန်းဆိုင်းများ၊ ကွဲနိုင်သော ပြူတင်းပေါက်မှန်များ မှ ဝေးဝေးနေပါ။

o မီးခလုတ်အားလုံးကို ပိတ်ထားပါ။ ဓါတ်ငွေ့မီးဖိုရှိလျှင် ဓါတ်ငွေ့အိုးခလုတ်ကို ပိတ်ပါ။

o တိုက်အတွင်းမှ ထွက်ရန်လိုအပ်လျှင် ပြေးမထွက်ပါနှင့်။ မိသားစုများကို စနစ်တကျစုရုံးပြီး အေးဆေးစွာ စနစ်တကျ ဆင်းပါ။


ဓါတ်လှေခါးရှိလျှင် ဓါတ်လှေခါးကို မသုံးပါနှင့်။ ရိုးရိုးလှေခါးမှသာ ဆင်းပါ။

ငလျင်လှုပ်စဉ် အိမ်အပြင်၌ ရှိနေပါက -

o အထပ်မြင့်အဆောက်အဦးကြီးများမှ ဝေးဝေးနေပါ။

o ဓါတ်တိုင်၊ ဓါတ်ကြိုးများ၊ ကြော်ငြာဆိုင်းဘုတ်များ မှ လွတ်လွတ်ကင်းကင်းနေပါ။

o မြောင်း၊ ချောင်းစသည့် ကမ်းနဖူးများ မသွားပါနှင့်။

o ကွင်းပြင်အလွတ်တွင်နေပါ။

အကယ်၍ သင်သည်ကားမောင်းနေစဉ်ဖြစ်ပါက -

o အဆောက်အအုံ၊ တံတား၊ ဓါတ်တိုင်၊ ဓါတ်ကြိုး၊ ကမ်းပါး စသည်တို့မှ ရှောင်ကွင်းပြီး ကားကိုချက်ခြင်းရပ်ပါ။


o ကားထဲ၌ပင်နေပါ။ ရေဒီယိုဖင
ွ့်ထားပြီး ငလျင်သတင်းနားထောင်ပါ။

ငလျင်လှုပ်ပြီးသွားပါက -

o နောက်ဆက်တွဲငလျင်များ လှုပ်နိုင်သေးသည်ကို အမြဲစိတ်ထဲစွဲထားပါ။

o မိမိပစ္စည်းများကို စိုးရိမ်စိတ်ဖြင့် အတင်းတိုးဝင်ပြေးမသွားပါနှင့်။ အဆောက်အအုံတွင် အက်ကြောင်းများ၊ အပြိုအပျက်များ


ရှိမရှိ ဦးစွာစစ်ဆေးပါ။ ငလျင်ဒါဏ်ကြောင့် အဆောက်အအုံ အချိန်မရွေးပြိုကျနိုင်သည်ကို သတိရပါ။

o မိမိအိမ်သားအားလုံး စုံမစုံကို စစ်ဆေးပါ။

o ဒါဏ်ရာရသူများကို ကူညီပါ။ လိုအပ်လျှင် အရေးပေါ်ယာဉ်ခေါ်ပါ။ အပြိုအပျက်များကြား ပိတ်မိနေသူများ ရှိပါက


အခြားသူများ အကူအညီဖြင့် ထုတ်နိုင်အောင် ကြိုးစားပါ။

o ဖြစ်နိုင်လျှင် မီးခလုတ်များ၊ ဓါတ်ငွေ့ခလုတ်များကို ပိတ်ပါ။ ငလျင်ကြောင့် ဓါတ်ငွေ့ပိုက်များကွဲခြင်း၊ ဓါတ်ကြိုးများ ပြတ်


တောက်ခြင်း၊ ဖြစ်တတ်သည်။

o အနံ့တစ်ခုခု၊ သို့မဟုတ် ညှော်နံ့ရမရ သေချာစွာ စစ်ဆေးပါ။ မမြင်နိုင်သော နေရာတွင် ရှော့ဖြစ် နေခြင်း၊ မီးလောင်နေခြင်း၊
ဓါတ်ငွေ့စိမ့်နေခြင်းများ ဖြစ်နေတတ်သည်။ မီးလောင်နေသည်ကို တွေ့ပါက နိုင်လောက်လျှင် အမြန်ငြိမ်းသတ်ရန်
ကြိုးစားပါ။ မိမိမနိုင်သည့်မီးဖြစ်ပါက မီးသတ်ဌာနသို့ အမြန်ဆုံးအကြောင်းကြားပါ။

o မိမိတို့ရှိနေရာသို့ အဆောက်အအုံများ၊ သစ်ပင်၊ ဓါတ်တိုင် စသည်တို့ ပြိုလဲကျလာမည့် အန္တရာယ်ကို လှည့်ပတ်စစ်ဆေးပါ။

အကယ်၍ သင်သည် အပြိုအပျက်များအောက် ရောက်နေပါက -

o အပြိုအပျက်များအောက် ရောက်နေသောကြောင့် တုန်လှုပ်ခြောက်ချားမနေပါနှင့်။ စိတ်အေးသက်သာထားပါ။ ကယ်မည့်သူ


နှင့် မည်ကဲ့သို့ဆက်သွယ်ရမည်။ ဤအပြိုအပျက်များအောက်မှ မည်ကဲ့သို့ထွက်နိုင်မည်ကို ခေါင်းအေးအေးနှင့် စဉ်းစားပါ။

o အလင်းရောင်လာရာကို ဦးစွာရှာပြီး ထိုနေရာသို့ (စားပွဲ၊ ဘီရို စသောအရာဝတ္ထုများ အောက်မှ) တွားသွားရန် ကြိုးစားပါ။


o မှန်ကွဲ၊ ဖန်ကွဲ၊ ကြွေကွဲ၊ သွပ်ပြားစ၊ ဒါး စသည့် အန္တရာယ်ရှိသော ပစ္စည်းများ မိမိပတ်ဝန်းကျင်တွင် ရှိနေမနေ သေချာစွာ
စစ်ဆေးကြည့်ရှုပါ။ ရှိနေလျှင် ဂရုတစိုက်ရှောင်ရှားပါ။

o ဖြစ်နိုင်သမျှ မတည်မငြိမ်၊ လှုပ်လှုပ် လှုပ်လှုပ် ဖြစ်နေသောနေရာမှ ဝေးရာသို့အမြန်ဆုံးထွက်ခွာပါ။

o လှေခါး၊ ဓါတ်လှေခါးစသည်တို့ကို တတ်နိုင်သမျှ မသုံးပါနှင့်။ ငလျင်ဒါဏ်ကြောင့် ကျိုးပျက်နေတတ်ပါသည်။

o ဓါတ်ငွေ့ရှိမရှိ မီးခြစ်ပြီးစမ်းခြင်း၊ မီးခလုတ်များကို ဖွင့်ခြင်း၊ ဓါတ်ငွေ့ခလုတ်များကို စမ်းသပ်ဖွင့်ကြည့်ခြင်းများ


လုံးဝမလုပ်ပါနှင့်။

o မလိုအပ်ပဲ အသားကုန်မအော်ပါနှင့်။ ဤကဲ့သို့အော်ခြင်းဖြင့် ဖုံ၊ အမှုန်များ အသင့်နှာခေါင်း၊ ပါးစပ်များအတွင်း ၀င်ကာ


အသက်ရှူခြင်းကို ထိခိုက်နိုင်သည်။

o ရနိုင်ပါက ၀ီစီမှုတ်ခြင်း၊ ပိုက် စသည့် အသံမည်စေနိုင်သည့်အရာများကို ခေါက်ခြင်း၊ ဓါတ်မီးထိုးခြင်းဖြင့် ကယ်ဆယ်ရေး


လုပ်သားများကို အချက်ပေးပါ။

o သင့်တွင် သွေးထွက်နေသည့် ဒါဏ်ရာရခဲ့ပါက သွေးထွက်နည်းနိုင်သမျှနည်းစေရန် ဒါဏ်ရာကို လက်ဖြင့်ဖိထားပါ။

၆။ ရေကြီးခြင်း

ယခု ၂၀၁၁ ခုနှစ်အတွင်း၌ပင် မြန်မာနိုင်ငံအနှံ့ ရေကြီးခဲ့ပါသည်။ ပဲခူးရေဘေး၊ တောင်ငူရေဘေး၊ ဟင်္သာတရေဘေး၊


ပခုက္ကူ ရေဘေးများအတွင်း လူများသေကျေပျက်စီးခဲ့ပြီး ပစ္စည်းဥစ္စာများစွာ ဆုံးရှုံးခဲ့ရပါသည်။

သို့အတွက် ရေလွှမ်းသောအခါများ၌ လူအသေအပျောက် နည်းနိုင်သမျှနည်းအောင်၊ အပျက်အစီး


နည်းနိုင်သမျှနည်းအောင် အာဏာပိုင်များဘက်မှ စီမံကိန်းများချကာ အရေးတယူဆောင်ရွက်ရန် လိုပါသည်။ ဖြစ်လာမှ
ထလုပ်ခြင်းကား ရေကြောင့် ပျက်စီးနှင့် သေကြေနှင့်သည့်အရာများကို မကူနိုင်၊ မကယ်နိုင်တော့။ ကျန်နေသူများကိုသာ
အနည်းအကျဉ်း ကူညီပေး၍ ရနိုင်ပေမည်။

အခြားနိုင်ငံအစိုးရများတွင် ရေကြီးလျှင် မည်ကဲ့သို့လုပ်ရမည်ကို စနစ်တကျ စီမံချက်ချလုပ်ထားတာ တွေ့ရပါသည်။ ဤစာ


တမ်းများကို အင်တာနက်မှ download လုပ်ယူဖတ်ရှုနိုင်ပါသည်။ နှစ်စဉ်ရေလွှမ်းမိုးမှုဘေးကို ကြုံတွေ့နေရသော
မြန်မာနိုင်ငံ တွင်လည်း ရေလွှမ်းမိုးမှု အရေးပေါ်စီမံချက်များ ချမှတ်လုပ်ဆောင်ရန် လိုနေပါပြီ။ တာဝန်ရှိသူ လူကြီးမင်းများ
ယခုကပင် ထလုပ်ကြပါဟု တိုက်တွန်းလိုက်ရပါ၏။
ဤနေရာတွင် အစိုးရပိုင်းက ကြိုတင်ဆောင်ရွက်ရမည့် ရေကာတာများဆောက်လုပ်ခြင်း၊ (ရေကာတာဟူသည်
ဆည်ကို ပြောခြင်းမဟုတ်၊ ဧရာဝတီတိုင်းမှ မြို့ကြီးများတွင် တွေ့ရတတ်သည့် မြစ်ရေများ မြို့တွင်းဝင်မလာနိုင်စေရန်
ဖို့ထားသော ရေကိုကာသည့် တာကြီးများ ဖြစ်ပါသည်။ ဟင်္သာတမြို့တွင် ဤကဲ့သို့ ရေကာတာကြီးများအား
တစ်မြို့လုံးပတ်လျှက် ဖို့ထားသည်ကို တွေ့နိုင်ပါသည်။) ရေနုတ်မြောင်းများချဲ့ခြင်း၊ ပြုပြင်ခြင်း စသည်တို့ကို
ဖော်ပြရန်မဟုတ်ပါ။ ယခုဖော်ပြမည်မှာ ရေကြီးလာလျှင် ပြည်သူများအနေနှင့် ဘာတွေလုပ်ရမည်ဆိုသည်ကိုသာ
အသိပညာပေးလိုရင်း ဖြစ်ပါသည်။ အင်တာနက်တွင်ရှာလို့ရသော အချက်အလက်များမှာ ရေလျှံမှုကို မည်ကဲ့သို့ကြိုတင်
စီစဉ်ရမည်၊ ကာကွယ်ရမည်ကို အစိုးရပိုင်းနှင့် အင်ဂျင်နီယာများ တွက်ချက်ထားမှုများသာများပြီး
လုပ်သားပြည်သူများအနေနှင့် မည်ကဲ့သို့ ဆောင်ရွက်ရမည် ကိုမူ ဖော်ပြထားသော စာအုပ်စာတမ်းများမှာ
အလွန်နည်းပါသည်။

ရှိသောစာအုပ်များမှာလည်း အမေရိကန်၊ ကနေဒါ၊ သြစတေးလျ စသောနိုင်ငံကြီးများက ပြုစုထားသော


စာစောင်များဖြစ်ရာ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် အသုံးမတည့်။ ထို့ကြောင့် အခြားအချက်များရေးရန်
လွယ်ကူသော်လည်း ရေကြီးရေလျှံမှု အတွက် မနည်းရှာယူရပါသည်။ စင်ကာပူ Emergency Handbook မှ
ရေကြီးသည့်အရေးပေါ် စီမံချက်သည်လည်း ကျွန်တော်တို့အတွက် အသုံးမတည့်ပါ။

ယခု ကျွန်တော်ကောက်နုတ်ဘာသာပြန်ထားသည်မှာ Flood Preparedness Planning, Flood Waters Pose Health


Risks, WHO မှထုတ်သော Flooding and Communicable Diseases စသော စာအုပ်များနှင့် အခြား website များမှ
ရသမျှကို မြန်မာနိုင်ငံနှင့်ဆီလျော်အောင် ပြန်လည်ပြုပြင်ရေးသားထားခြင်း ဖြစ်ပါသည်။

ရေလျှံခြင်းမဖြစ်မီ ကြိုတင်စီမံထားရမည့်အရာများ -

• ရာသီဥတုအခြေအနေ ဆိုးလာပြီဆိုသည်နှင့် မိုးလေ၀သသတင်းကို မပြတ်နားစွင့်နေပါ။


• မိုးလေ၀သအခြေအနေ စိုးရိမ်ရသည်ဆိုသည်နှင့် အခြောက်အခြမ်း စားစရာ၊ သောက်စရာများ၊ အ၀တ်အနည်းငယ်၊
ဆေးဝါးများ၊ လက်နှိပ်ဓါတ်မီး၊ ဓါတ်ခဲများ၊ မီးခြစ်၊ ဖယောင်းတိုင် စသည်တို့ကို အရေးဟေ့ဆိုလျှင် ကောက်ဆွဲသွား နိုင်ရန်
အဆင်သင့်ထုပ်ပိုးထားပါ။

• ရွှေငွေ၊ အရေးကြီးစာရွက်စာတမ်းများကို ရေလုံသည့် ပလတ်စတစ်အိတ်အတွင်းထည့်ကာ အချိန်မရွေး


ကောက်ယူသွားနိုင်ရန် မိမိနှင့်လက်တစ်ကမ်း၌ထားပါ။

• ခိုင်မာသောကြိုးကြီးတစ်ချောင်းနှစ်ချောင်းကိုလည်း ရှာထားပါ။ ပစ္စည်းများကို ချည်နှောင်ထားနိုင်သလို မိမိတို့ ရေမျောမည့်


အန္တရာယ်နှင့် ကြုံလျှင်လည်း အသုံးနိုင်သည်။

• ရေလျှံလျှင်မည်သည့်နေရာသို့ သွားရောက်ရှောင်တိမ်းရမည်ကို ကြည့်ထားပါ။ (ရေမမြုပ်နိုင်သော ကုန်းမြင့်အရပ်)

• ရှိနိုင်လျှင် ရှေးဦးသူနာပြုသေတ္တာကို အဆင်သင့်ဆောင်ထားပါ။

• ရေတက်မည့်အရိပ်အရောင်ရှိပြီဆိုသည်နှင့် အိမ်မှ ပရိဘောဂ၊ ကုတင် စားပွဲစသည်တို့ကို အုတ်ခဲ စသည်တို့ခုကာ


မြှင့်ထားနိုင်ပါသည်။ လျှပ်စစ်ပစ္စည်းများကို ဘီရိုကဲ့သို့သော အမြင့်များပေါ် တင်ထားပါ။

ရေတက်လာပြီဆိုလျှင် -

• လျှပ်စစ်မီးခလုတ်၊ ဓါတ်ငွေ့မီးဖိုခလုတ်စသည်တို့ကို အားလုံးပိတ်ပါ။

• မိမိအိမ်သည် ရေမလွတ်နိုင်ဟု ထင်ရပါက လိုအပ်သည်ပစ္စည်းများ အလျှင်အမြန်ယူကာ အိမ်သားအားလုံးကို


စုရုံးစေလျှက် ကုန်းမြင့်ရှိရာ အမြန်ပြောင်းရွှေ့ပါ။

• မိမိမသိသောနေရာ၊ ရေနက်မည်ထင်ရသည့်နေရာ၊ ရေစီးသန်သောနေရာ၊ အန္တရာယ်ရှိနိုင်သည့်နေရာများကို ရှောင်ပါ။

• မိမိလုံခြုံရာရောက်ပြီဆိုလျှင် အခြားသူများကိုလည်း ကြည့်ပါ။ အကူအညီလိုသူများအား မိမိကိုယ်ကိုယ်


အန္တရာယ်မဖြစ်စေဘဲ အကူအညီပေးပါ။

ရေတက်နေစဉ် -
• ရေကိုကြိုချက်၍ သောက်ပါ။

• အစားအသောက်များကို ဖုံးအုပ်ထားပါ။ သေချာစွာ ချက်ပြုတ်စားပါ။ အစိမ်းစားခြင်း၊ ယင်နားစာ စသည်တို့ကို ရှောင်ပါ။

• လျှံနေသောရေထဲတွင် ကလေးများဆော့ကစားခြင်းကို ခွင့်မပြုပါနှင့်။ ထိုရေထဲတွင် ရောဂါပိုးများ ပါလာတတ်သည်။

• ရေလျှံခြင်းနှင့်အတူ ၀မ်းပျက်ဝမ်းလျှောရောဂါလည်း ဖြစ်တတ်သဖြင့် ကလေးများကို အထူးဂရုစိုက်ပါ။

ရေကျသွားလျှင် -

• ရေနှင့်အတူ မြွေ၊ ကင်း စသည်တို့မျောပါလာတတ်ပြီး ရေကျသွားလျှင် အိမ်များအတွင်း ခိုအောင်းကျန်နေတတ် သည်။


ထို့ကြောင့် ရေကျသွားပြီး အိမ်အတွင်း ၀င်တော့မည်ဆိုလျှင် အိမ်မှချောင်ကြိုမြောင်ကြားအားလုံးကို တုတ်ဖြင့်ရိုက်ကာ မြွေ၊
ကင်းစသည်တို့ကို ချောက်လှန့်မောင်းထုတ်ပါ။ အထူးသဖြင့် အိုးများ၊ ဖျာလိပ်များ၊ မွေ့ယာများ၊ အ၀တ်ထုတ်များ၊
ဘီရိုအောက်များ၊ ထုပ်တန်းများပေါ်တွင် ခွေနေတတ်သည်။

• ရေမြောင်း၊ ချောင်းမြောင်းများသို့ မသွားပါနှင့်ဦး။

• ကလေးများကို ရေထဲတွင် ဆော့ကစားခြင်း မပြုပါစေနှင့်ဦး။

• ဓါတ်ကြိုးများ ပြတ်ကျ၊ ပျက်စီးနေတတ်သဖြင့် မီးဖွင့်ခြင်း၊ လျှပ်စစ်ပစ္စည်းများ သုံးခြင်းတို့ကို ချက်ခြင်းမပြုပါနှင့်။

• ရေစိုကာပျက်စီးနေသော အစားအသောက်၊ ရေ စသည်တို့ကို စားသုံးခြင်းမပြုပါနှင့်။ ရေထဲတွင် ရောဂါပိုးများ ပါလာတတ်


သဖြင့် ထိုရောဂါပိုးများသည် အစားအသောက်များ၌ တွယ်ကပ်နေတတ်သည်။

• ရေကိုကြိုချက်သောက်ပါ။

ကြက်ခြေနီ၊ အရံမီးသတ်၊ လူမှုရေးအဖဲ့မ


ျွား၏ အကူအညီဖြင့် ရပ်ရွာလူကြီးတို့ ပြင်ဆင်ထားရန် လိုအပ်ချက်များ -

o အရေးကြုံလာလျှင် ရပ်ရွာလူထုအတွက် အဆင်သင့်ဖြစ်နေစေရန် ကြက်ခြေနီ၊ အရံမီးသတ်စသော လူမှုရေးအဖဲ့မ


ျွား
အကူအညီဖြင့် ရပ်ရွာလူကြီးများသည် အောက်ပါတို့ကို ကြိုတင်ပြင်ဆင်ထားရပါမည်။
o ကုန်းမြင့်နေရာများကို ရွေးချယ်ကာ လူအများနေနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားပါ။

o သောက်ရေ၊ ဆန်အိတ်၊ ဆီပုံး၊ ပဲအိတ်၊ ဆား၊ ငါးပိ၊ ငါးခြောက် စသည့် အစားအသောက်၊ အခြောက်အခြမ်းများကို
စုဆောင်းကာ ထိုကုန်းမြင့်နေရာများတွင် လေလုံမိုးလုံ အမိုးအကာလုပ်ကာထားပါ။

o လုပ်သားပြည်သူများအားလည်း မိုးလေ၀သနောက်ဆုံးသတင်းကို အမြဲထုတ်ပြန်ကြေငြာနေပါ။

o ရှေးဦးသူနာပြုသေတ္တာ၊ ဆေးဝါးများစုဆောင်းပြီး လိုအပ်လျှင် အဆင်သင့်ရနိုင်စေရန် ပြင်ဆင်ထားပါ။

o ကယ်ဆယ်ရေးအဖဲ့မ
ျွားဖွဲ့ပြီး တာဝန်များ သတ်သတ်မှတ်မှတ်ပေးပါ။ ဥပမာ - ကလေးနှင့် လူကြီးသူမများ
ကယ်ဆယ်ရေးအဖဲ့၊ွ သဲအိတ်များ စုဆောင်းနေရာချထားရေးအဖွဲ့၊ ကြက်ခြေနီအဖွဲ့၊ အစားအသောက် စုဆောင်းရေးအဖဲ့၊ွ
တဲဆောက်လုပ်ရေးအဖွဲ့ စသည်။

o ဤအဖဲ့မ
ျွားကို တကယ်ရေလျှံလာလျှင် အဆင်သင့်ဖြစ်နေစေရန် ကြိုတင်လေ့ကျင့်မှုများ ပြုလုပ်ထားပါ။ ဥပမာ -
တဲထိုးနည်း၊ ရှေးဦးသူနာ ပြုစုနည်း၊ လှေလှော်နည်း။

o ရေလျှံလာလျှင် သုံးနိုင်ရန် လှေ၊ ၀ါးဖောင်စသည်တို့ အဆင်သင့်ပြုလုပ်ထားပါ။

o ရေဘေးကြုံလာလျှင် စိတ်အားမငယ်ကြရန်၊ အထိတ်တလန့်မဖြစ်ကြရန် အားပေးရမည့် အစီအစဉ်များကိုလည်း စနစ်တကျ


ပြင်ဆင်ထားပါ။
o အခြားရွာ၊ အဖွဲ့များနှင့် အဆက်ပြတ်မနေစေရန် ဆက်သွယ်ရေးနည်းလမ်းများကိုလည်း ကြိုတင်ကြံဆထားပါ။

ရေလျှံခြင်း အရေးပေါ်စီမံချက် အချုပ်

o ရေလျှံလာလျှင် လိုအပ်မည့် စားစရာသောက်စရာ ဆေးဝါးများကြိုတင်ပြင်ဆင် စုဆောင်းထားပါ။

o ကယ်ဆယ်ရေးလုပ်ငန်းများကို ကြိုတင်ပြင်ဆင် လေ့ကျင့်ထားပါ။

o နောက်ဆုံးထုတ်ပြန်သည့် ရာသီဥတု သတင်းကို လူထုသို့ အမြဲသတင်းပေးနိုင်ရန် စီမံထားပါ။

o ရေလျှံလာသည်နှင့် ချက်ခြင်းကယ်ဆယ်ရေးလုပ်ငန်းများလုပ်နိုင်ရန် တပ်လှန့်ထားပါ။

o အချင်းချင်း အဆက်အသွယ်မပြတ်စေရန် စီမံထားပါ။

o ရေကျသွားလျှင် လုပ်ရမည့် လုပ်ငန်းများကို ကြိုတင်စီစဉ်ထားပါ။

ရေလျှံခြင်းနှငအ
့် တူ ပါလာတတ်သောရောဂါများ

o ရေလျှံလျှင် အိမ်သာစသော အညစ်အကြေးများအားလုံးသည် လျှံသည့်ရေနှင့်အတူ ပါလာသည့်အတွက် ရေလျှံသည့်အခါ


ထိုရေကို အထူးသဖြင့် သတိထားရပါမည်။

o လျှံသည့်ရေနှင့် အစားအသောက်၊ ရေ၊ အ၀တ်အစား၊ အသုံးအဆောင် စသည်တို့ကို မထိပါစေနှင့်။ မလွှဲမရှောင်သာ၍


ထိုရေအတွင်းဆင်းရလျှင် ရေသန့်နှင့် ရေချိုးပစ်ပါ။ ဒါဏ်ရာရှိပါကလည်း ထိုရေနှင့် မထိပါစေနှင့်။ အကယ်၍ ထိခဲ့လျှင်
မေးခိုင် ကာကွယ်ဆေးထိုးရန် လိုပါသည်။

o လျှံနေသောရေနှင့်အတူ အိမ်သာအညစ်အကြေးရေများသည် သင့်အိမ်အတွင်း ၀င်လာတတ်သည်။ ထို့ကြောင့် ဆိုဖာ၊


ကော်ဇော၊ ခန်းဆီး၊ စသည့်ရေစုပ်တတ်သည့် ပစ္စည်းများကို တတ်နိုင်သမျှ အမြင့်တွင် တင်ထားပါ။ အိမ်ထောင်ပရိဘောဂ၊
အိမ်ကြမ်းပြင်၊ နံရံစသည်တို့ကို ရေကျလျှင်ကျချင်း ရေသန့်နှင့်ဆေးကြောပါ။
o ရေလျှံလျှင်ဖြစ်တတ်သော ရောဂါများမှာ ရေကြောင့်ဖြစ်သော ရောဂါများနှင့် ဗက်တီးရီးယားများကြောင့် ဖြစ်သော
ရောဂါများ ဖြစ်၏။

o ရေကြောင့်ဖြစ်သော ရောဂါများတွင် အူယောင်ငန်းဖျား၊ ကာလ၀မ်းရောဂါ၊ အသည်းရောင် အသားဝါ စသည်တို့ ဖြစ်ပါသည်။

o ဗက်တီးရီးယားကြောင့်ဖြစ်သော ရောဂါများတွင် ငှက်ဖျား၊ dengue haemorrhagic fever, yellow fever စသည်တို့ ပါဝင်
ပါသည်။

o ထို့ကြောင့် အစားအသောက်နှင့်ရေများကို အထူးဂရုစိုက် ကိုင်တွယ် စားသောက်ကြရန် အရေးကြီးပါသည်။

၇။ မုန်တိုင်းတိုက်ခြင်း

မုန်တိုင်းမကျမီ -

o မိုးဦးကျ ကာလများတွင် မုန်တိုင်းသတင်းကို မပြတ်နားစွင့်နေပါ။

o မုန်တိုင်းသတင်း ကြားရပြီဆိုသည်နှင့် အောက်ပါအစီအမံများကို ချက်ခြင်းလုပ်ပါ။

o မုန်တိုင်းကြောင့် ပျက်စီးပျောက်ရှနိုင်သည်များကို စစ်ဆေးကြည့်ရှုပြီး ကြိုတင်ကာကွယ်မှုများ လုပ်ထားပါ။


o ၀ရံတာရှိ ပန်းအိုးများကို အိမ်တွင်းသွင်းခြင်း၊ အိမ်အနီး သစ်ပင်ကြီးများရှိလျှင် အိမ်ပေါ်မိုးကျနေသော အကိုင်းများကို
ချိုင်ထားခြင်း။ ရေတွင်းရှိလျှင် ရေတွင်းများကို မိုးကာထားခြင်း၊ ကျွဲနွားတင်းကုပ်များ ခိုင်ခံ့အောင် ပြန်လည် ပြင်ဆင်ခြင်း၊
ပြူတင်းပေါက်များ ခိုင်မာအောင် ပြန်လည်ပြင်ဆင်ခြင်း၊ လေတိုက်၍ လွင့်ပျံသွားနိုင်သော ပန်းချီကား၊ ခန်းဆီး၊ လိုက်ကာ
စသည်တို့ကို ဖြုတ်ပြီး စနစ်တကျထုပ်ပိုးခြင်းများ လုပ်ပါ။

o မီးသတ်ဘူးဆောင်ထားပါ။ ရှိပြီးသား မီးသတ်ဘူးကိုလည်း ကောင်းမကောင်း စစ်ဆေးပါ။ မီးသတ်ဘူးကို အလွယ်တကူ


ရနိုင်မည့်နေရာတွင်ထားပါ။ အိမ်သားအားလုံးကို မီးသတ်ဘူးသုံးနည်း သင်ပေးထားပါ။

o အရေးကြီးသော ရွှေငွေလက်ဝတ်လက်စားများ၊ စာရွက်စာတမ်းများကို ရေလုံသည့် ပလတ်စတစ်အိတ်နှင့် ထုပ်ပြီး အလွယ်


တကူယူသွားနိုင်မည့်နေရာတွင် ထားပါ။

o အရေးပေါ်အိတ်ကို ပစ္စည်းများစစ်ဆေးပြီး ဆေးဝါးစသည့် လိုအပ်သည့်ပစ္စည်းများ ထပ်မံဖြည့်တင်းပါ။

o အရေးပေါ်ဖုံးနံပတ်များကို မှတ်ထားပါ။ လက်ကိုင်ဖုံးကို ဘက်ထရီဖြည့်ထားပါ။

o မိမိအိမ်သားများအတွက် အရေးပေါ်ကယ်ဆယ်ရေး အစီအမံများ ကြိုတင်စီမံထားပါ။ အရေးပေါ်ထွက်ပေါက်ကို


ကြည့်ထားပါ။

မုန်တိုင်းကာလအတွင်း လိုအပ်မည့် ပစ္စည်းများ

o တစ်မိသားစုလုံး အနည်းဆုံး ၅ ရက်မျှ သောက်နိုင်မည့် သောက်ရေ။

o တစ်ပတ်စာ ဆန်၊ ဆီ၊ ငါးပိ၊ ငါးခြောက်၊ ဆား၊ ဘီစကစ်၊ ခေါက်ဆွဲခြောက်စသည့် စားစရာသောက်စရာများ။

o ရှေးဦးသူနာပြုသေတ္တာ၊ လက်နှိပ်ဓါတ်မီး နှင့် ဓါတ်ခဲများ။ ရေဒီယို။

o ကလေးသူငယ်ရှိသူများ။ ကလေးအတွက် လိုအပ်မည့်ပစ္စည်းများ။

o အ၀တ်အထည်၊ စောင် စသည်။

o ဆပ်ပြာ၊ သွားတိုက်ဆေး၊ သွားတိုက်တံ စသည့်တစ်ကိုယ်ရေ အသုံးအဆောင်များ။


o မလိုအပ်သည်များ မယူပါနှင့်။ ၀န်ထုပ်ဝန်ပိုးဖြစ်တတ်သည်။ လိုသမျှသာ ယူပါ။

မုန်တိုင်းတိုက်နေစဉ် -

o အိမ်တွင်း၌သာ နေရပါက -

o ရေဒီယိုကိုဖွင့်ပြီး မုန်တိုင်းသတင်းကို မပြတ်နားစွင့်နေပါ။

o ပြူတင်းပေါက်၊ တံခါးစသည်များကို ပိတ်ထားပါ။ လိုက်ကာများကို ပိတ်ထားပါ။

o မီးခလုတ်အားလုံးကို ပိတ်ပါ။ လျှပ်စစ်မိန်းခလုတ်ကို ချထားပါ။ ဓါတ်ငွေ့အိုး ခလုတ်များကို ပိတ်ပါ။

o မီးသတ်ဘူးကို လက်လှမ်းမီသည့်နေရာတွင် ထားပါ။

o လက်နှိပ်ဓါတ်မီး၊ ရှေးဦးသူနာပြုသေတ္တာ၊ ရေ စသည်တို့ကို လက်တစ်ကမ်းတွင် ထားပါ။

o အပြင်သို့လုံးဝမထွက်ပါနှင့်။ ကလေးများ၊ သက်ကြီးရွယ်အိုများကို မပြတ်စောင့်ကြည့်နေပါ။ သူတို့အား မကြောက်လန့်ရန်


အားပေးပါ။

o ညှော်နံ့၊ မီးလောင်ခြင်း၊ ဓါတ်ကြိုးများပြတ်ကျခြင်း စသည်တို့ရှမ


ိ ရှိ အမြဲစစ်ဆေးနေပါ။ ၀ါယာရှော့ဖြစ်ပြီး
မီးလောင်တတ်သည်။

o အကယ်၍ မီးကိုတွေ့ပါက ချက်ခြင်းငြိမ်းသတ်နိုင်အောင် ကြိုးစားပါ။

o မုန်တိုင်းပိုဆိုးလာပါက စားပွဲအောက် စသည်တို့တွင် ၀င်နေပါ။


မုန်တိုင်းလွန်မြောက်သွားပါက -

o ပြူတင်းပေါက် မှန်များကွဲနေမနေ၊ သစ်ပင်များ လဲနေမနေစသည့် အပျက်အစီးများကို စစ်ဆေးပါ။

o လျှပ်စစ်မီးခလုတ်ကို ချက်ခြင်းမဖွင့်ပါနှင့်။ မုန်တိုင်းဒါဏ်ကြောင့် ဓါတ်ကြိုးများပြတ်ကာ ရှော့ဖြစ်နေတတ်သည်။

o အပြင်ထွက်လျှင် လမ်းပေါ်ပြတ်ကျနေသော ဓါတ်ကြိုး၊ လဲကျနေသော သစ်ပင်၊ အမြင့်တစ်နေရာတွင် တင်နေတတ်သည့်


သွပ်ပြား၊ လဲကျခါနီးဓါတ်တိုင်၊ တယ်လီဖုံးတိုင် စသည့် အန္တရာယ်များကို ရှာဖွေပါ။ သက်ဆိုင်ရာကို အကြောင်းကြားပါ။

o မီးကြိုးများ၊ မီးခလုတ်များပျက်စီးနေလျှင် ပြင်ရန် မကြိုးစားပါနှင့်။ လျှပ်စစ်ဌာနကို အကြောင်းကြားပါ။

o အခြား အကူအညီလိုနေသူများ ရှိမရှိ စုံစမ်းပြီး အကူအညီလိုသူများရှိလျှင် ၀ိုင်းဝန်းကူညီပေးပါ။

အေးငြိမ်း

Singapore Ministry of Manpower Registered Workplace Safety and Health Officer (WSHO)

Singapore Natrural Environment Agency Registered Environmental Control Officer (ECO)

Certified Occupational First Aider


Certified Confined Space Assessor

လိပ်စာ

Blk 663D, Jurong West Street 65

#15-233

Singapore 644663

Tel: (65) 97303027

Email: y_nyein@yahoo.com.sg

You might also like