ခန္ဓာ အာယတန ဓာတ် သစ္စာ ထုတ်ပုံ

You might also like

Download as txt, pdf, or txt
Download as txt, pdf, or txt
You are on page 1of 5

မာတိကာ နှ င့် ဓာတု ကထာ အထက်ကျမ်းများကို လေ့ လာလို ပါက မဖြစ်မနေ သိထားရမည့်

(ခန္ဓာ ၊အာယတန ၊ဓာတ် ၊သစ္စာ)ထု တ်ပုံ လေးတွေပါ အထောက်အကူ ရစေရန် မေတ္တ ာလက်ဆောင် ဓမ္မဒါနကု သို လ် ယူ ပါသည်။

ဒီ "ခန္ဓာ အာယတန ဓာတ် သစ္စာ" ထု တ်ပုံ ကို သင်္ဂြိုဟ် သမု စ္စည်း ပို င်းရဲ့ သဗ္ဗသင်္ဂ ဟ အခန်းမှ ာ သင်ဖူ းကြပါတယ်။ ဒါကို ပဲ ပြန်
ရေးထားတာပါ။

မာတိကာ ဓာတု ကထာ အတွက်တော့ ဒါဟာအချုပ်ပဓာနပါပဲ။

ဆို းရို နှ င့် တကွ ရေးပေးလို က်ပါတယ်။


အကျ ိုးရှိပါစေ🙏
-----------------------
သုံ းလောကထွဋ်ထား ရှ င်တော်မြတ်ဘု ရားသည်။

ခန္ဓာ အာယတန ဓာတ် သစ္စာ တို့ကို ဖွဲ့ ပြတဲ့ အခါမှ ာ - (စိတ် စေတသိက် ရု ပ် နိဗ္ဗါန်)ဟူ သော ပရမတ္ထ တရား လေးပါး ကို သာ
လျင် အခြေခံ ၍ ဟောကြားပါသည်။

ဒါကြောင့် ဓမ္မမိတ်ဆွေများအနေနဲ့ ဒီခန္ဓာစသည် ကို ဖွဲ့နို င် ဖို့ဆို ရင် ဘာပဲလို လည်း ဆို ရင် "ပရမတ္ထတရား-၄" လေးပါးကို သိထားဖို ပဲ
လို ပါသည်။

ဒါဟာ အဘိဓမ္မာ တက်ဖူ းသူ တို င်း အလွတ်ရနေပြီးသားပါ ။ ဒါကြောင့် စာအသိအားဖြင့် တွက်ဖို့ရန် မခက် ခဲပါဘူ း။

⚜️ပထမဦး စွာ ခန္ဓာ (၅)ပါးကို ဖွဲ့ပါ့မယ်၊


ဒီတော့ စောနားက ပြောထားတဲ့
"စိတ်- ၈၉၊ စေတသိက်-၅၂ ၊ရု ပ်-၂၈ ၊နိဗ္ဗါန်"ဟူ သော ပရမတ္ထ တရား လေးပါးကို ချရေးလို က်။((ပုံ ပါ ဇယား အတို င်း))

ဒီလေးပါးထဲက ရု ပ်-၂၈ ပါးကို (ဖေါက်ပြန်မှုအစု အဝေးဖြစ်လို့) [ရူ ပက္ဓန္ဓာ]လို့ပေးလို က်။


စေတသိက် ၅၂ ပါးထဲမှ ာ (ခံ စားမှုသဘောရှိသော)ဝေဒနာစေတသိက် လေးကို [ဝေဒနက္ခန္ဓာ] လို့ပေးလို က်။
(မှ တ်သားမှုသဘော ရှိသော)သညာစေတသိက်လေး ကို [သညာက္ခန္ဓာ]ပေးလို က်။
ဒီလို ဆို ရင် စေတသိက် (၅၂)ပါးထဲက ဝေဒနာနဲ့ သညာ စေတသိက် ၂-ပါး ထွက်သွားတော့
စေတသိက် (၅၀)ပဲရှိတော့ တယ် အဲ့ ဒီ ကြွင်းစေတသိက်-၅၀ ပါးကို [သင်္ခ ါရက္ခန္ဓာ]ပေးလို က်။ ကြည့်လို က်ရင် စေတသိက်(၅၂)ပါး
ကနေ ခန္ဓာ ၃-ပါး တောင်ရလို က်တယ်နော်၊ရှေ့က ရု ပ်(၂၈)ပါးက ရူ ပက္ခန္ဓာ ရခဲ့ ပြီး ဒီတော့ ခန္ဓာ လေးပါးအထိရပြီးပြီး၊ နောက်တပါးက
လွယ်ပါတယ် (အာရုံ ကို သိမှုသဘောရှိသော)စိတ် ၈၉-ပါးကို [ဝိညာဏက္ခန္ဓာ]ပေးလို က်တဲ့ အခါ
_ရူ ပက္ခန္ဓာ
_ဝေဒနက္ခန္ဓာ
_သညာက်ခန်ဓာ
_သင်္ခ ါရက္ခန္ဓာ
_ဝိညာဏက္ခန္ဓာရယ် လို့ ခန္ဓာ(၅)ပါး ရလေတော့ ၏။

သို့သော ခန္ဓာ ငါး ပါးရတာတော့ ဟု တ်ပါပြီ


ပရမတ္ထတရား လေးပါးကို ကု န်အောင် တွက်ပြီးပလားဆို တော့ ကု န်အောင်မတွက်ရသေး ဘူ း နိဗ္ဗါန် ကျန်နေတယ် အဲ့ ဒိ နိဗ္ဗါန်က(ကာလ
သုံ းပါး၊အဇ္စိတ္တ -ဗဟိဒ္ဓ၊ဩဠာရိက-သု ခု မ၊ဒူ ရေ-သန္တိ၊ဟီန-ပဏီတ၊)အားဖြင် ခြင်းရာ (၁၁)ပါး မပြည့်စုံ လို့ ထို နိဗ္ဗါန် ကို ခန္ဓာမဖွဲ့ ထို က် ။
ထို့ကြောင့် နိဗ္ဗါန်ကို [ခန္ဓဝိမု တ်]""ခန္ဓာဟူ သောအရေအတွက်မှ လွတ်၏ လို့ပေးလို က်။ ဤသို့လျှင် ခန္ဓာ အားဖြင့် (၅)ပါး ဖြစ်
သတည်းပေါ့။

ဆို းရို းကျ ရေးပေးပါမည်။👇

#ခန္ဓာ ၅-ပါး ဟူ သော်ကား ရု ပ်(၂၈)ပါးသည်


(၁)""ရူ ပက္ခန္ဓာ""မည်၏။
စေတသိက် (၅၂)ပါးတို့တွင် ဝေဒနာစေတသိက်သည်
(၂) ""ဝေဒနက္ခန္ဓာ""မည်၏။
သညာစေတသိက်သည်
(၃) ""သညာက္ခန္ဓာ""မည်၏။
ဝေဒနာ သညာမှ ကြွင်းသော စေတသိက်(၅၀)သည် (၄)""သင်္ခ ါရက္ခန္ဓာ""မည်၏။
စိတ်(၈၉)ပါသည်
(၅) ""ဝိညာဏက္ခန္ဓာ""မည်၏။

နိဗ္ဗါန်သည် ""ခန္ဓာဟူ သောအရေအတွက်မှ လွတ်၏""။


@ဤသို့လျှင် ခန္ဓာ အားဖြင်ု (၅)ပါးဖြစ်သတည်း။
______________________
"အာယတန"ဖွဲ့ကြစို့။ အာယတနက (၁၂)ပါးတောင် ရှိတာ ဘယ်လို ရှ ာကြမလဲ ။ လွယ်ပါတယ် ပရမတ္ထ တရားလေးပါး ကို ပဲ ပြန်
ကြည့်
((ဇယားမှ ာ တော့ ခန္ဓာ ဖွဲ့ပြီးသားအောက်မှ ာရေးထားပါသည် တဆက်တည်း ကြည့်နို င်အောင်လို့ပါ))

ကျနော် တို့ အာ ယတန(၁၂)ပါး ကို ပရမတ္ထ တရား(၄)ပါး ထဲက ရှ ာဖို့ ရန် (၃)ချက်နဲ့ ရှ ာလိူ့ရပါတယ်။ ဘယ်လို ၃-ချက်ထဲနဲ့
ရှ ာမလဲဆို ရင် - ထို (စိတ် စေတသိက် ရု ပ် နိဗ္ဗါန်)ထဲက
ရု ပ် (၂၈)ပါး ကို ၂-ပုံ ပုံ လို က် ""ဩဠာရိက ရု ပ် ၁၂-ပါး""နဲ့ သု ခု မရု ပ်-၁၆ပါး လို့ ။ ဒါလည်း အခက်ကြီး မဟု တ် ဓမ္မမိတ်ဆွေ
များ သိပြီး သားပါပဲ။

ဒီလို နှ စ် ပုံ ပုံ ပြီးပြီဆို ရင် ဩဠာရိကရု ပ် (၁၂)ပါးကို *ပသာဒရု ပ်-၅ပါးနဲ့ *ဂေါစရရု ပ်-၇ ပါးရယ်လို့ ထပ်ခွဲခို က်ပါ။ ဒီလို ခွဲလို က်တယ်
ဆို ရင်ပဲ ၊ပသာဒရု ပ် ၅-ပါး ကနေ ပသာဒါယတန(၅)ပါး ထွက်လာမယ်၊ ဒီလို ပဲ ဂေါစရရု ပ် ၇-ပါး ထဲကနေ ဂေါစရာယတန(၅)ပါး
ထွက်လာတယ်။ ဒီမှ ာတင်ပဲ ဩဠာရိက ရု ပ်(၁၂)ပါးကနေ[ဩဠာရိကာ ယတန -၁၀ပါး]တောင်ရလာတယ်။ ((အသေး စိတ် ကို ဆို း
ရို းကျ ရေးတဲ့ အခါ တွေ့ရပါမည်))

ကျနော်တို့ ရှ ာရမှ ာ အာယတန(၁၂)ပါး ထဲရယ်။ အခု လောလော ဆယ် ပရမတ္ထတရား လေးပါးထဲက ဩဠာရိကာယတန(၁၂)ပါးကို ပဲ
တွက်ရသေးတယ် ထို အထဲက နေ[ဩဠာရိကာ ယတန (၁၀)]ပါးကြီးတောင် ရနှ င့်နေပြီ နောက်ရှ ာ စရာ အာယတနက (၂)ခု ပဲလို
တော့ တယ်။

ဒီတော့ ပြန်စဉ်းစားကြည် အာယတန မဖွဲ့ရသေးပဲ ကျန်ခဲ့ တဲ ပရမတ္ထတရားတွေက ဘာတွေလဲ{{စိတ် ၊ စေတသိက် ၊သု ခု မရု ပ် ၊ နိဗ္ဗါ
န်}}ရယ်လို့ လေး ခု ကျန် နေတယ် ။ဒီ လေးခု ထဲက ကျန်တဲ့ အာယတန(၂)ပါး ထွက်ကို ထွက်ရမယ်။

အဲ့ တော့ လွယ်ပါတယ် ထို လေးပါးထဲက


စိတ်-၈၉ ပါးကို [မနာယတန]လို့ ပေးလို က်။
ကျန်တဲ့ ((""စေတသိက်-၅၂၊သု ခု မရု ပ်-၁၆၊နိဗ္ဗါန်"")) ထို (၃)ခု အပေါင်း ကို ဓမ္မာယတန လို့ပေးလို က် ။ဤသို့လျှင်အာယတန
အားဖြင့် (၁၂)ပါး ဖြစ်သတည်း။

ဆို ရို းကျ ရေးပေးပါမယ်။


#အာယတနအားဖြင့်(၁၂)ပါးဟူ သော်
((ဩဠာရိကရု ပ်-၁၂ပါးထဲမှ ))
(၁)စက္ခုပသာဒရု ပ်သည် [စက္ခာယတန]မည်၏။
(၂)သောတပသာဒရု ပ်သည် [သောတာယတန]မည်၏။
(၃)ဃာနပသာဒရု ပ်သည်[ဃာနာယတန]မည်၏။
(၄)ဇိဝှ ါပသာဒရု ပ်သည် [ဇိဝှ ါယတန]မည်၏။
(၅)ကာယပသာဒရု ပ်သည် [ကာယာယတန]မည်၏။
((ဤ(၅)ခု သည် ပသာဒရု ပ်-၅ပါးက ရလာသော ပသာဒါယတန-၅ပါးပင်ဖြစ်၏))

(၆) ရူ ပါရုံ ရု ပ်သည် [ရူ ပါယတန]မည်၏။


(၇)သဒ္ဒါရုံ ရု ပ်သည် [သဒ္ဒါယတန]မည်၏။
(၈)ဂန္ဓာရုံ ရု ပ်သည် [ဂန္ဓာယတန]မည်၏။
(၉)ရသာရုံ ရု ပ်သည် [ရသာယတန]မည်၏။
(၁၀){ပထဝီ+တေဇော+ဝါယော}ဟု ဆို အပ်သော ဖောဋ္ဌဗ္ဗာရုံ ရု ပ်သည် [ဖောဋ္ဌဗ္ဗာယတန] မည်၏။((ဤ သို့ ထပ်ရလာသော (၅)မျ ိုး
က ဂေါစရရု ပ်-၇ ပါးက ကလာတဲ့ ရဂါစရာယတန(၅)ပါးဖြစ်၏။ ဒီနေရာမှ ာ တွေးမိတတ်တယ် ဂေါစရရု ပ်က (၇)ပါးဖြစ်ပြီး ဘာလို့
အာရုံ /အာယတန ကျမှ (၅)ပါး ဖြစ်ရတာလဲပေါ့။ ဒါက ဘယ်လို ဖြစ်လဲဆို ရင် (ပ+တေ+ဝါ)ဟူ သော ရု ပ် သုံ းခု ပေါင်းကို ဖောဋ္ဌဗ္ဗာရုံ လို့
၁'ပါးပဲယူ လို က်ရလို့ပါ။ ))

(၁၁)စိတ် ၈၉ ပါးသည် [မနာယတန]မည်၏။


(၁၂)စေတသိက်-၅၂ ပါး၊သု ခု မရု ပ်-၁၆ပါး၊နိဗ္ဗါန်သည် [ဓမ္မာယတန] မည်၏ ဤသို့လျှင် အာယတနအားဖြင့် (၁၂)ပါးဖြစ်သတည်း။

နည်းနည်း လေး စဉ်းစားလို့ရအောင် ပြောကြည့်မယ် ၊ စိတ် စေတသိက် ရု ပ် နိဗ္ဗါန် ထဲမှ ာ

ရှေ့ဆုံ းက စိတ်ကို ဖယ်ထားပြီး နောက်ကသုံ းပါးဖြစ်သော (စေတသိက် ရု ပ် နိဗ္ဗါန်) ကို ပဲ အာယတန ဖွဲ့မယ် ဆို ရင် ၊((ဩဠာရိကာ
ယတန ၁၀-ပါးကယ်၊ ဓမ္မာယတနရယ်လို့(၁၁)အာယတန ရတယ်နော်။))

ထို (၁၁)အာယတနကို မူ တည် ထားပြီး "စိတ်-ဆို တဲ့ မနာယတန "၁"ပါးပေါင်း ထည့် ရင် အာယတန (၁၂)ပါး ပြည့် လေ၏။

ဘာလို့ ဟို (စေတသိက် ရု ပ် နိဗ္ဗါန်)သုံ းမျ ိုး ပေါင်း အာယတန(၁၁)ပါးကို ခွဲထု တ် ပေးရလည်း ဆို ရင် ဓာတ်ဖွဲ့ တဲ့ အခါ ထို (၁၁)ပါး
သည်ပင် ဩဠာရိက ဓာတ်(၁၀)ပါး/ဓမ္မဓာတ်(၁၀)ပါး လို့ အမည်ပေး ချင် လို့ပါ။
ဒါဆို ရင် ဓာတ် (၁၈)ပါး ထပ်ရှ ာဖို့ လွယ်မသွားဘူ းလား။

ဒါဆို ဓာတ် (၁၈)ပါးကို ဖွဲ့ တော့ မယ်ဆို ရင် စောန ပြောခဲ့ တဲ့ ဩဠာရိကရု ပ်(၁၂)ပါးက ရမယ့် ဩဠာရိကဓာတ် (၁၀)ပါး
ရယ်/(စေတသိက်-၅၂,သု ခု မရု ပ်-၁၆,နိဗ္ဗါန်)ကဓမ္မဓာတ်ရ တော့ ဓာတ်(၁၁)ပါးက အလို လို ရပြီး ဖြစ်နေတယ်။ ဒီတော့ ၁၈-ပါး
ပြည့်ဖို့(၇)ပါး လို နေတယ် သေခြာ တယ် ရှ ာ စရာကလည်း စိတ်(၈၉)ပဲ ကျန်နေတော့ ဒီထဲက သတ္တ ဝိညာဏ ဓာတ် ထွက်လိမ့်မယ်။

ဒါကြောင့် စိတ်(၈၉)ပါးထဲက ဒွေပဉ္စဝိညာဏ်(၁၀)ကနေ [ပဉ္စဝိညာဏ ဓာတ်] ထွက်လာ တယ်။ ပဉ္စဒွါရာဝဇ္ဇန်းစိတ် ၁-ပါးနဲ့ သမ္ပဋိစ္
ဆို င်း ဒွေ ပေါင်း(၃)ပါးကနေပြီး
[မနောဓာတ်]ထွက်လာတယ်။

(၈၉)ထဲက ထို (၁၃)ပါးကို နု တ်လို က်


ကျန်(၇၆)ပါးသော စိတ်တို့သည် [မနောဝိညာဏဓာတ်] ဖြစ်တော့ ၏။ အတို ကောက် မှ တ်ရမယ် ဆို ရင် စိတ်(၈၉)ပါး မှ ာ
(၅+၁+၁)ဓာတ် ထွက်၏ပေါ့။ ဒါဆို စိတ်မှ ာ (၇) ဓာတ်ရယ် ရှေ့က ရခဲ့ တဲ့ (၁၁)ဓာတ်ရယ် ပေါင်း တော့ (၁၈)ဓာတ် ပြည့်လေ
တော့ ၏။

ဆို ရို းကျ ရေးပါမယ်။


#ဓာတ်အား ဖြင့် (၁၈)ပါး ဟူ သောကား
ဩဠာရိကာယတန (၁၀)ပါး ကို ဆို ခဲတု န်းကလို ဩဠာရိကာဓာတ်(၁၀)ပါးလို့ ပြောင်းဆို လို က်ပါ။ နမူ နာ -စက္ခုပသာဒရု ပ်သည် စက္ခု
ဓာတ်မည်၏။ ဟု စသည်ဖြင့် ဖောဋ္ဌဗ္ဗဓာတ်အထိ(၁၀) ပါးပြည့်အောင်ဆို ပါလေ။

(၁၁)စက္ခုဝိညာဏ် ဒွေသည် [စက္ခုဝိညာဏဓာတ် ]မည်၏။


(၁၂)သောတဝိညာဏ်ဒွေသည် [သောတဝိညာဏဓာတ်]မည်၏။
(၁၃)ဃာနဝိညာဏ်ဒွေသည် [ဃာနဝိညာဏဓာတ်]မည်၏။
(၁၄)ဇိဝှ ါဝိညာဏ်ဒွေသည် [ဇိဝှိ ါ ဝိညာဏဓာတ်]မည်၏။
(၁၅)ကာယဝိညာဏ်ဒွေ သည် [ကာယဝိညာဏဓာတ်]မည်၏။
(၁၆)ပဉ္စဒွါရာဝဇ္ဇန်း+သမ္ပဋိစ္ဆိုင်းဒွေသည် [မနောဓာတ်]မည်၏။
(၁၇)ကြွင်းသော စိတ်(၇၆)ပါးသည် [မနောဝိညယဏဓာတ်]မည်၏။
(၁၈)စေတသိက်(၅၂)ပါး၊သု ခု မရု ပ်-၁၆ပါး၊နိဗ္ဗါန်သည် [ဓမ္မဓာတ်]မည်၏။ ဤသို့လျှင် ဓာတ်အားဖြင့် (၁၈)ပါး ဖြစ်သတည်း။
______________________
သစ္စာ(၄)ပါးကို တွက်မယ်ဆို ရင်လည်း ထို (စိတ် စေတသိက် ရု ပ် နိဗ္ဗါန် )ပရမတ္ထတရား လေးပါးကို ပဲ မူ တည် ရအုံ းမှ ာပဲ။

ဒီတော့ အလွယ် တကူ ရှ ာလို့ရမယ့် သစ္စာတွေကို စွဲထု တ်ကြည့်မယ်။

((စိတ်-၈၉၊စေတသိက်-၅၂၊ရု ပ်-၂၈၊နိဗ္ဗါန်))
ထို လေးပါးထဲမှ ာ နောက်ဆုံ းက နိဗ္ဗါန် လေးကို [နိရောဓသစ္စာ]ပေးလို က်။

စေတသိက်(၅၂)ပါး ထဲမှ ာ ""လောဘ""


‌ စေတသိက် လေးရှိတယ် သူ့ကို [သမု ဒယသစ္စာ‌]ပေးလို က်။ (၂)သစ္စာ လွယ်လွယ်ရသွားပြီး။

ဒါဆို ဒက္ခသစ္စာကို ရှ ာမယ် ခု နက (၂)သစ္စာရှ ာခဲ့ ပြီးတော့ ကျန်တဲ့ ပရမတ္ထတရားထဲမှ လောကု တ္တ ရာ စိတ် (၈)ပါး ကို ဖယ်လို က် ။ဒါ
ဆို ရင်{{ လောကီစိတ်-၈၁/‌ လောဘကြဉ်စေတသိက်-၅၁/ရု ပ်-၂၈}}ပါဟာ ဒု က္ခ သစ္စာ ဖြစ်သွားတာပါပဲ။ ဒါဆို ရင် ""ဒု က္ခ သမု ဒယ
နိရောဓ ""ဟု သော သစ္သာသုံ းပါထွက်လာပြီ။

နောက်ဆုံ း ကျန်တာ မဂ္ဂသစ္စာ။


ဘယ်မှ ာ ရှ ာမလဲဆို ရင် စောစောတု န်က ဒု က္ခသစ္စာ ဖွဲတဲ့ အထဲ ပါလို့မရပဲ နု တ်ထားတဲ့ ((လောကု တ်-၈ ပါး သူ နဲ့ယှ ဉ်တဲ့ စေတသိက်
၃၆))ထဲကရှ ာရမယ်။ ဒီတို င်းရှ ာ လို့မဖြစ်သောဘူ း ထို (၈)ပါး ကို မဂ်-၄/ဖို လ်-၄ ထပ်ခွဲ
အဲ့ ဒီတော့ မှ မဂ်စိတ်(၄)-ယှ ဉ်စေတသိက်(၃၆) နှ င့် ဖို လ်စိတ်(၄)-ယှ ဉ်စေတသိက်(၃၆) လို နှ စ်ပုံ ဖြစ်သွားတယ်။

ထို နှ စ်ပုံ ထဲမှ ာ မဂ္ဂင်ထို က် မည့် စေတသိက်သည် မဂ်စိတ် လေးပါး၌ယှ ဉ်နေသော စေတသိက် ၃၆-ပါးထဲမှ ""သမ္မာဒိဋ္ဌိ""စသော မဂ္ဂင်
တရားကို ယ် ၈-ပါးသာလျှင်[မဂ္ဂသစ္စာ] ထို က်လေသည်။

ဒါဆို သစ္စာ လေးပါး စုံ သွားပြီ။ စုံ သွား သော်လည်း ပရမတ္ထတရား တွေကမကု န် သေးဘူ း။ ဘာတွေကျန် နေလဲဆို ‌ ရင် မဂ်စိတ်(၄)ပါး
ရယ် မဂ္ဂင် မထို က်ပဲ ကျန်နေတဲ့ မဂ်စိတ်နဲ့ယှ ဉ်တဲ့ စေတသိက်(၂၈)ပါးရယ် ကျန်တယ်။ ထို ကျန်နေတဲ့ မဂ်စိတ်(၄)ပါးနဲ့ ကျန်
စေတသိက်(၂၈)ပါး ကို အပေါင်းပြုလို က်တယ်။ ဘယ်လို ပေါင်း လို က်လဲဆို တော မဂ်စိတ်-၄ပါးသည်(အာရမ္မဏဝိဇာနန)အာဖြင့် နိဗ္ဗါန်
ကို အာရုံ ပြုမှုခြင်း တူ တဲ့ အတွက် (၄)ပ့ းကို (၁)လို့ ပြုလို က်တယ် မိမိနဲ့ယှ ဉ်တဲ့ စေတသိက်(၂၈)ပါး နဲ့ ပေါင်း လို က်တဲ့
အခါ(၂၉)ပါး ဖြစ်သွားတယ် ထို (၂၉)ပါးသည် မဂ်စိတ်နဲ့ စေတသိက်ပေါင်းထားတာဖြစ်တဲ့ အတွက် မဂ်စိတ္တ ုပ္ပါဒ်(၂၉)လို့အမည်ပေးပါ
တယ်။((မှ တ်ချက်။။။စိတ္တ ုပ္ပါဒ်ဆို တာ စိတ်နဲ့စေတသိက် ပေါင်းထားတာကို ခေါ်တာပါ။ ဥပမာ။ ။ အကု သို လ် စိတ်နဲ့ သူ နဲ့ယှ ဉ်တဲ့ စေတသိက်
ပေါင်းထားရင် အကု သို လ်စိတ္တ ုပ္ပါဒ်ပဲ အခု လည်း မဂ်စိတ်နဲ့စေတသိက်ပေါင်းလို့ မဂ်စိတ္တ ုပ္ပါဒ်လို ခေါ်ရခြင်းဖြစ်တယ်။))

ပြီးတော့ ပရမတ်တရားမကု န်သေးဘူ း


ဖို လ်စိတ်-၄နဲ့ စေတသိက်-၃၆ ကျန်တယ်
သူ တို့ကို လည်းပဲ ပေါင်းမယ်။
ဖို လ်စိတ် -၄ ပါးကို လည်း မဂ်စိတ်ကို ယူ ခဲ့ သလြိ (၁)ပါပဲ ယူ မိမိနဲ့ယှ ဉ်စေတသိက် (၃၆)နဲ့ ပေါင်း (၃၇)ဖြစ်လာတယ်။ ထို (၃၇)ပါး
ကို ဖို လ်စိတ်နဲ့စေတသိက်အပေါင်းမို့လို့ [ဖို လ်စိတ္တ ုပ္ပါဒ်]လို့ အမည် ပေးလေ။

ထို သို့သော မဂ်စိတ္တ ုပ္ပါဒ်(၂၉)/ဖို လ်စိတ္တ ုပ္ပါဒ်(၃၇)ပါး တို့သည် ဘယ်သစ္စာထဲကို မှ လွတ်လွတ်ထည့်မရလို့ အဘိဓမ္မာတရားမှ ာ ((သစ္စာဝိ
မု တ်))သစ္စာဟူ သောအရေအတွက်မှ လွတ်၏တဲ့ ။

ဆို ရို ကျရေးပါ့မယ်။


#သစ္စာလေးပါးဟူ သည်ကား လောကီစိတ် ၈၁-ပါး၊လောဘကြဉ်စေတသိက်(၅၁)ပါး၊ရု ပ်(၂၈)ပါးသည် [ဒု က္ခ သစ္စာ] မည်၏။

လောဘစေတသိက်သည်[သမု ဒယသစ္စာ]မည်၏။

နိဗ္ဗါန်သည်[ နိရောဓသစ္စာ]မည်၏။

မဂ်စိတ်(၄)ခု ၌ ရှိသော(( သမ္မာဒိဋ္ဌိ၊သမ္မာသင်္က ပ္ပ၊သမ္မာဝါစာ၊သမ္မာကမ္မန္တ၊သမ္မာအာဇီဝ၊သမ္မာဝါယမ၊သမ္မာသတိ၊သမ္မာသမာဓိဟု ဆို အပ်


သော))သောတာပတ္တိမဂ်(၈ပါး/၇ပါး)
သကဒါဂါမိမဂ် (၈ပါး/၇ပါး)
အနာဂါမိမဂ်(၈ပါး/၇ပါး)
အရဟတ္တ မဂ်(၈ပါး/၇ပါး)တို့သည် မဂ္ဂ သစ္စာ မည်၏။
ကြွင်းသော မဂ်စိတ္တ ုပ္ပါဒ် (၂၉) ဖို လ် စိတ္တ ုပ္ပါဒ်(၃၇)ပါးတို သည် သစ္စာဟူ သောအရေအတွက်မှ လွတ်၏။ ဤသို့လျှင် သစ္စာ
အားဖြင့်(၄)ပါးဖြစ်သတည်း။

[[အပို မှ တ်ရန်။ ။ မဂ္ဂင် (၈ပါး/၇ပါး) က ဘာကွာသနည်း။ ဒါသည် ပု ဂ္ဂိုလ် အားဖြင့် ခွဲထားတာဖြစ်ပါတယ်။ ဈာန်မ
‌ သု က္ခဝိပဿ
ကာ ပု ဂ္ဂိုလ် နှ င့် ပထမဈာန်ရ ဈာနလာဘီပု ဂ္ဂိုလ် တို့၌ မဂ်ရပါမူ မဂ္ဂင် (၈)ပါးနဲ့ရ၏။

ဒု တိယဈာန်နှ င့် အထက်ဈာန်ကို ရထားသော ပု ဂ္ဂိုလ်များ က မဂ်ရပါမူ (သမ္မာသင်္က ပ္ပမဂ္ဂင်)ကြဉ်အပ်သော မဂ္ဂင်တရားကို ယ် (၇)ပါးနှ င့်
ဖြစ်၏။

ကြောင်းမှ ာ ဒု တိယဈာန်ရပု ဂ္ဂိုလ်တို့သည် ဘာဝနာ၏ အစွမ်း ဖြင့် (ဝိတက် ဟူ သော သမ္မာသင်္က ပ္ပကို )ဘာဝနာ အစွမ်း ဖြင့်ပယ်ပြီး
ဖြစ်၍ ။ ထို ဒု တိယဈာန်နှ င့် အထက်ဈာန်တို့ကို ( ပါဒက သမ္မသန ပု ဂ္ဂလဇ္ဈာသယ )အားလျော်စွာ မဂ်ရခဲ့ ပါမူ ဘာဝနာအစွမ်းနှ င့် ပယ်ခဲ့
သော ဝိတက်သည် သမ္ပယု တ်စေတသိက်၌ မပါဝင်၍ (ဝိတက်သည် သမ္မာသင်္က ပ္ပမဂ္ဂင်၏ တရားကို ယ်ဖြစ်နေ၍) မဂ္ဂင် (၈)ပါးမှ
ဝိတက်မည်သော သမ္မာသင်္က ပ္ပ မဂ္ဂင် တပါး လျော့ နေခြင်းဖြစ်သည်လို့မှ တ်ပါလေ။

ပထမ ဈာန် မှ ာက ဈာန်အင်္ဂ ါ(၅)ပါးလုံ းစုံ နေ၍ ဝိတက် မပြုတ် ဒါကြောင့်(၈)ပါးရှိ။


ရို းရို းဘာဈာန်မှ မရသူ မှ ာတော့ လျင်းပါးဘွယ်မရှိ။))

မဂ္ဂင်(၇)ပါး ရှိမရှိကို ဓမ္မသင်္ဂ ဏိပါဠိတော် တိကမာတိကာ ဝိတက္ကတိက် ၌ ရှုလော့ ။

#ဤနည်းဖြင့် ကု သလာဓမ္မာ စသော(၂၂)တိက်သော "တိက"ကို ၎င်း၊ဟေတူ ဓမ္မာ စသော(ဒု က်-၁၀၀၊သု တ္တ န္တိက-၄၂ဒု က်)ဟူ သော
"ဂေါစ္ဆက၊ဒု က"တို့ကို ၎င်း၊ သင်္ဂ ဟော အသင်္ဂ ဟောစသော ဓာတု ကထာ(၁၄)နယ တို့ကို ၎င်း အ‌ခြေခံ ၍တွက်ချက်ပါလေ။
_________________
ဤတွင် ခန္ဓာ အာယတန ဓာတ် သစ္စာ ဖွဲ့ပုံ တို့ပြီးဆုံ း၏။

မှ တ်ရန်။။
နာမ်ခန္ဓာ (၄)ပါး/ရု ပ်ခန္ဓာ(၁)ပါး။

ရု ပ်ဓာတ်-(၁၀)
နာမ်ဓာတ်(၇)
ရု ပ်နာမ်အရော(၁)

စိတ်မှ ာ သစ္စာ(၁)ပါး
စေတသိက်မှ ာ သစ္စာ(၃)ပါး
ရု ပ်မှ ာသစ္စာ(၁)ပါး
နိဗ္ဗါန်မှ ာ(၁)ပါး တို့ဖြစ်၏။

ပရမတ္ထ (၁)ပါးချင်း စီကို လည်း ခန္ဓာ အာယတန ဓာတ် သစ္စာ ဖြင့်ဝေဖန်ကြည့်ပါ။


ညာဏ် တက်ပါလိမ့်မယ်။
မေတ္တ ာဖြင့် မျှဝေပါသည်။ လွတ်လပ်စွာ ကူ ယူ အသုံ းပြုကြပါ။ ကျနော်ကို ယ်တို င် ရေးသားပူ ဇော်ထားခြင်းဖြစ်၍ ကြိုက်သလို အသုံ းပြုနို င်
ပါသည်။

ဤကောင်းမှုသည် မဂ် ဖို လ် နိဗ္ဗါန် ရကြောင်း အထောက်အပံ့ ဖြစ်ရပါလို ၏။🙏

28-12-2021 11:15pm.tue

မေတ္တ ာဖြင့်-ခို င်ထူ း

You might also like