Mg Shwe Oo - အနိစ္စ လက္ခဏာ သုံးပါး

You might also like

Download as pdf or txt
Download as pdf or txt
You are on page 1of 6

Mg Shwe Oo

Friday, November 2, 2018

အနိစ္စ လက္ခဏာ သုံးပါး

```   အနိစ္စ လက္ခဏာ သုံးပါး  ´´´

   °°°°°°°°°°°°°°°°°°°

    <>  ဘုရားဟော ဒေသနာ အရ  _~

အနိစ္စလက္ခဏာ သည်

( ၁  ) သမ္မုတိအနိစ္စ ၊

(  ၂ ) သန္တတိအနိစ္စ  ၊

(  ၃ )  ခဏိကအနိစ္စ ၊

     ဟူ၍  ( ၃ ) သုံးပါးရှိသည် ။

( ၁ ) " သမ္မုတိ အနိစ္စ ''

°°°°°°°°°°°°°°°

<>  လောကီလူများ ခေါ်ဝေါ်ပြောဆိုလေ့ရှိသော

ထင်ရှားသည့်  - မမြဲခြင်းသဘောကို

" သမ္မုတိ အနိစ္စ  " ဟု ခေါ်ပါသည် ။

" ဥပမာ  " <> လူသေခြင်း ၊ ကျောင်း ၊ ဘုရား ၊

  စေတီ ၊ နေအိမ် ၊ မြို့ရွာ ၊ ပန်းကန်ကွဲ ၊

  ပျက်စီးခြင်းမျိုးကို

"" သမ္မုတိ အနိစ္စ  " ဟုခေါ်သည် ။

( ၂ )"  သန္တတိ အနိစ္စ "

°°°°°°°°°°°°°°°°°

<> "  သန္တတိ အနိစ္စ " ၏ သဘောမှာ

ရုပ်အစဉ် ၊ နာမ်အစဉ် တို့၏ တစ်မျိုးမှ တစ်မျိုးသို့

ပြောင်းလည်း ချုပ်ပြတ်ခြင်း သဘော ဖြစ်ပါသည် ။

" ဥပမာ " <> ( က ) အေးသော ရုပ်အစဉ်

ချုပ်ပျောက်ပြီး ပူသော ရုပ်အစဉ် ဖြစ်ပေါ်လာခြင်း ။

( ခ ) ပေါ့ပါး လျင်မြန်သော ရုပ်အစဉ် ချုပ်ပျောက်ပြီး

  လေးလံ ထိုင်းမှိုင်းသော ရုပ်အစဉ် ဖြစ်ပေါ်ခြင်း ။

( ဂ )လောဘစိတ် အစဉ် ချုပ်ပျောက်ပြီး

  ဒေါသ စိတ်အစဉ် ဖြစ်ပေါ်ခြင်း ။

ဉ် ပ်ေ က်ြ ပီး


( ဃ ) သုခဝေဒနာ အစဉ် ချုပ်ပျောက်ပြီး

ဒုက္ခ ဝေဒနာ အစဉ် ဖြစ်ပေါ်ခြင်း ။

( င ) အဆင်း ရူပါရုံကို စွဲလမ်းသော စိတ်အစဉ်

ချုပ်ပျောက်ပြီး ၊  အသံ သဒ္ဒါရုံကို စွဲလမ်းသော

စိတ်အစဉ် ဖြစ်ပေါ်ခြင်း ၊ စသည်တို့သည်

"  သန္တတိအနိစ္စ " ၏ သဘောများပင်ဖြစ်သည် ။

( ၃ ) " ခဏိက အနိစ္စ "

°°°°°°°°°°°°°°°°

  <>"  ခဏိက အနိစ္စ  " ၏ သဘောမှာ

မျက်စိတမှိတ် လျှပ်တပြက် လက်ဖျစ်တတွက် ၊

အတွင်းမှာ ရုပ်.နာမ်ခန္ဓာတို့၏ ကုဋေ တစ်သိန်းမက

ဖြစ်၍  ပျက်သော သဘော ဖြစ်သည် ။

  အထက်ပါ အနိစ္စ သုံးမျိုးအနက် ၊

" သမ္မုတိ အနိစ္စ  " ကို မြင်ရုံမျှ ဖြင့် 

  " ဝိပဿ နာဉာဏ် "

အစစ်အမှန် ရတယ်ဟု မဆိုနှိုင်ပါ ။

" သန္တိ အနိစ္စ  " ကို မြင်ခဲ့ပါလျှင် 

    " ဝိပဿ နာဉာဏ် "

အစစ်အမှန် ဟု ဆိုနှိုင်ပါသည် ။

( ၃ ) " ခဏိက အနိစ္စ " ကို

   ဉာဏ်မှီအောင် လိုက်၍

မြင်သိ နှိုင်ရန် လွန်စွာ ခဲယဉ်းပေမည် ။

     "   သန္တ တိ အနိစ္စ ရှုပုံ "

        °°°°°°°°°°°°°°

သဲအင်ဂူဆရာတော်ဘုရားကြီး၏ …

ကိုယ်တွေ့ မှာ....

#သောတာပန် ဖြစ်ရန် အားထုတ်ဆဲ

ယောဂီသည်

  " ဥပမာ " ၊ တာင့်တဲ့ ဝေဒနာ၏ အစတိုးပွားလာခြင်း

နှင့် တိုးပွားလာမှု ရပ်ပြီး ဆုတ်ယုတ်သွားခြင်း ။

တောင့်တဲ့ဝေဒနာ ချုပ်ဆုံး ကွယ်ပျောက်မှု

အဆုံး သဘောများကို သိအောင် သတိ နှင့်

ကပ်ပြီး ရှုလို့ သိတယ်ဆိုတာ

#အနိစ္စ ဉာဏ်

အမြင်ပဲ ဖြစ်ပါသည် ။

မမြဲသော သဘောကို အထင်ဉာဏ်ဖြင့် သိတဲ့

သိြ စ် ပါ ည်
အသိ ဖြစ်ပါသည် ။

  #သကဒါဂါမ် နှင့်  #အနာဂါမ် တို့၏ ထူးခြားမှု

မှာ  #သကဒါဂါမိ မဂ်ကျပြီးတဲ့  #အရိယာပုဂ္ဂိုလ်

သည် ၊ အသုဘ သဘောကို အမြင်ဉာဏ် နှင့်

ဒလစပ် မြင်သိနေပါသည်။

#သုဘ သညာကို ပယ်လိုက်ပါသည် ။

သို့သော်..အပုတ်ကောင် အရိုးစုကြီးကို

မြင်နေသေးတဲ့ အတွက် -  #ပညတ် မစင်သေးပါ ။

  #အနာဂါမ်ကြီးသည် - အနာဂါမိမဂ် ကျပြီး

သည်နှင့် တပြိုင်နက် အသုဘကြီး.အရိုးစု

ကြီးများ ကွယ်ပျောက်၍ #အဆင်းရုပ်ကလပ်

လေးတွေ ဖြစ်ပျက် နေသည်ကို ဒလစပ် မြင်

သိနေသည့် အတွက် #သဏ္ဍာနပညတ် ကို

ပယ်လိုက်ပါသည် ။

# ဃန ပညတ် ကြေသွားပြီး - $သန္တတိပညတ်

သာ ကျန်နေပါသည် ။

     " ခဏိက အနိစ္စ  " ရှုပုံ ''

     °°°°°°°°°°°°°°°°

<>  အနာဂါတ်ကြီးသည် <> ရဟန္တာ ဖြစ်အောင်

ဆက်လက် ရှုပွားသောအခါ လျှပ်စစ်တပျက်

လက်ဖျစ်တတွက် အတွင်းမှာ ဖြစ် <> ပျက် နေ

ကြသော ရုပ်ကလာပ် အမှုံလေးတွေကို

ဒလစပ် မြင်နေပါသည် ။

  <> ထို အနာဂါမ် အဆင့်သို့ ရောက်မှ

#ခဏိကအနိစ္စ ကို ဉာဏ်မှီအောင် လိုက်၍

ရှုပွားနှိုင်သောကြောင့် ခဏိက အနိစ္စ လက္ခဏာ

ကို မြင်ပါသည် ။

``` ခဏိက.အနိစ္စ နှင့် လယ်တီတရာတော်  ´´´

°°°°°°°°°°°°°°°°°°°°°°°°°°°°°

( ၁ ) <> ကျေးဇူးရှင် လယ်တီဆရာတော်ဘုရား

ကြီးက..အနိစ္စလက္ခဏာတွင် မျက်တောင်

တခတ်  ၊ လျှပ်တပြက်  ၊ အတွင်းမှာပင်

အကြိမ်ပေါင်း များစွာ ဖြစ်နှိုင်သော

#ခဏိက အနိစ္စ အချက်များသည် အဘိဓမ္မာ

စကားပြောကြရာ၌သာ လို၏ ။

"   ဝိပဿ နာ အရာ၌မူကား ကိုယ်တွေ့မျက်မြင်မျိုးတွင်

ထင်ရှားလျှက်ရှိကြသော

  #သန္တတိ  <> ဝိပရိဏာမ သန္တတိ  အညထာဘာဝ

သည်သာ လိုရင်း လို့. ဝိပဿ နာဒီပနီကျမ်းမှာ

ဆိုထားပါတယ် ။

တ် က် တိ ဝိ ရိ
မှတ်ချက် ။   ။သန္တ တိ ဝိပရိဏာမ ၊
သန္တတိ အညထာဘာဝ၊

သန္တတိ အနိစ္စ. <> [ ၃ ] သုံးမျိုးတိုသည်

သဒ္ဒါ ကွဲသော်လည်း သဘောမှာ

အတူတူပင်ဖြစ်ပါသည် ။

(  ၂ ) လယ်တီဆရာတော်ဘုရားကြီးက..

မျက်စိဖြင့် မြင် သကဲ့သို့ ဉာဏ်အမြင် ပေါက်မှ

ဝိပဿ နာဉာဏ် ဖြစ်သည် ။

  အဘိဓမ္မာ ကျမ်းဂန်တတ်၍

ဓမ္မသဘာဝ တို့ကို နေရာကျ သိနှိုင်သော

သဘောယုတ္တိဉာဏ်မျိုးသည်

"   ဝိပဿနာဉာဏ် မဟုတ် "

သုတမယဉာဏ် သာတည်း။

<>  ယခုကာလ၌ကား <>

သုတမယဉာဏ်အနေ နှင့် ထင်မှု မြင်မှု

နှလုံးသွင်းမှုကိုပင် ဝိပဿနာဉာဏ်ဟု

ထင်မှတ်၍ နေကြသူများပြားသည်။

<>  ဆေးလိပ် သောက်လို၍ မီးခြစ်ရာ၌

ခြစ်မိသော နေရာမှ မုန့်ညှင်းစေ့မျှ

မီးတောက် ဖြစ်ပေါ်သည်မှ စ၍ ( အစ )

တိုးပွား၍ လာသည် ကို၎င်း ၊

  <>  အတိုး အပွား ရပ်ပြီး ဆုတ်ယုတ်၍

သွား သည်ကို၎င်း ( အလယ် ) ၊

   <> အဆုံးသတ် သေပျောက်၍


သွားသည်ကို ၎င်း ( အဆုံး ) ။

  <>  မျက်စိဖြင့် ပစ္စက္ခဒိဋ္ဌ မြင်ကြသကဲ့သို့

ကိုယ်ခန္ဓာ အတွင်း၌ ရုပ်တရား.နာမ်တရား

တို့၏ထိုသို့ အခိုက်အတန့်အားလျော်စွာ

" သန္တတိ အစဉ် အားဖြင့် ခုတင်ခု တဖွားဖွား

ဖြစ်ပေါ် တိုးပွားမှုကို၎င်း ၊

<>  အတိုးအပွား ရပ်ပြီးနောက်

ဆုတ်ယုတ်၍ သွားသည်ကို၎င်း ၊

<> အဆုံးမှာ <> အကုန် ကွယ်ပျောက်၍

သွားသည်ကို၎င်း ၊ ဒိဋ္ဌပစ္စက္ခ အားဖြင့်

အသိဉာဏ်တွင် အမြင်ပေါက်အောင်

အားထုတ်မှုသည်

#ဥဒယဗ္ဗယဉာဏ် မည်၏ ။ ဟု အာဟာရ

ဒီပနီ မှာ ရေးသားဖော်ပြထားပြန်ပါတယ် ။

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

<> တဖန်....နာမ်..ရုပ်တရား၏  ဖြစ်မှု..ပျက်မှု တို့

ည် ပ် က် င်းြ ကိ မ်
န် နာ ရု ရားြ မှု ပျ မှု တို
သည်   လျှပ်တပြက် အတွင်းမှာ  အကြိမ်

တရာ  တစ်ထောင် မက. ဖြစ်နှိုင် ပျက်နှိုင်သည် ။

<>  ထိုသို့သော  ခဏိက. အချက်  ဖြစ်မှု

ပျက်မှုတို့သည်  သတ္တဝါ  တို့၏  ဉာဏ်အမြင်မှာ

ပိုင်းခြား၍   ထင်မြင်နှိုင်သော

အရာစု မဟုတ်ကုန်ပြီ။

<> မထင်မြင်  နှိုင်သော  အရာကို  ဝိပဿနာ

၏  အချက်အလက်  ပြု၍  ရှုသည်ရှိသော်

အနှစ် တစ်ရာ တစ်ထောင်ပင်  ရှုသော်လည်း

  #ဝိပဿနာ ဉာဏဒဿန

အဏုမြူ  မျှ  ဖြစ်ခွင့်  မရှိ ။

သမ္မောဟ ဒုက္ခ သာ  ဖြစ်ခွင့် ရှိလေသည် ။

  <> အဘယ့်ကြောင့်နည်း  ဟူမူ..နာမ်တရားတို့

မှာ  မျက်တောင်တခတ် လျှပ်တပြက် လက်

ဖျစ်တတွက်ခန့်. ကာလ. အတွင်းမှာ ကုဋေ

တစ်သိန်း မက. ဖြစ်ပျက်မှု  မြန်သည်ဟု

ကျမ်းဂန်တို့မှာ  လာသည် ။

<>  ပကတိ လူတို့မှာ  မျက်တောင်

  တခတ်ဆိုလျှင်ပင်  အလွန်  မြန်လှလေပြီ ။

<>  ကျမ်းဂန်  အဆိုအတိုင်း  ကျနလေအောင်

မျက်တောင်တခတ်မှာ  အချက်ပေါင်း

ကုဋေတစ်သိန်း  ထင်မြင်နှိုင်အောင်  ရှုမည် 

ဟုကြံစည်ခြင်း  ငှါပင်  မထိုက်လေသောကြောင့်တည်း။

<>  ထို့ကြောင့်.. ဆိုခဲ့ပြီးသော  အတိုင်း ခိုကိုးရာ

မရှိအောင်  ဖြစ်မှု  ပျက်မှု  မြန်သည်ကို

ထင်မြင်နှိုင်သည်သာ ပမာဏဟု  မုချယုံကြည်ရမည်။

   <> ထို သဗ္ဗညုတ ဉာဏ်တော်အရာ နှင့်

အဘိဓမ္မာ ကျမ်းဂန်  တို့၌  ပြဆို၍ထားသော

အရာ  အချက်များကို  နားယောင်၍ စက္ခုဒွါရ

တစ်ဝီထိ  အတွင်းမှာ  ဖြစ်မှု ချုပ်မှုများကို..

လက္ခဏရေး  တင်သည်ဟု  ပြောဆိုကြသော

အရာများသည် ယောင်ယမ်းကာသာ  ဖြစ်သည် ။

<>  ဝိပဿ      နာ ဉာဏဒဿန. အစစ်

ဖြစ်နှိုင်ရန်အခွင့်အလန်း  ဝေးလှ၏ဟု..

မှတ်လေ ။ ဟုအလင်းပြကျမ်း၌ ဖော်ပြထားပါတယ် ။

ယ္ခု  Post အား​စာပေဗဟုသုတသာ

မှတ်တမ်းတင် သိမ်းဆည်းထားခြင်းသာဖြစ်ပါသည် ။

ကျေးဇူးပါ ။  ရေးသားသူ မောင်ချမ်းသာ


Mg Shwe Oo - Ngaoh
at
7:49 PM

Share

No comments:

Post a Comment

‹ Home ›
View web version

About Me

Mg Shwe Oo - Ngaoh
View my complete profile

Powered by Blogger.

You might also like