ဦးအေးလွင်၏ အိတ်ဖွင့်ပေးစာအပေါ် ဦးဆန်းလွင်မှ ပြန်ကြားစာ

You might also like

Download as pdf or txt
Download as pdf or txt
You are on page 1of 9

ဦးဆန်းလွင် (ခ) အရှင်အာဒိစ္စရံသီ ဆိုသည့် အစ္စလာမ်လူထွက်၏ လိမ်ညာမှု့

ဦးဆန်းလွင် (ခ) အရှင်အာဒိစ္စရံသီ

အစ္စလာမ်ဘာသာမှ ဗုဒ္ဓဘာသာသို့ ကိုယ်တိုင်စိစစ်ပြီးမှ ယုံကြည်လို့ သက်ဝင်လာပြီး မိရိုးဖလာဘာသာ အစ္စ


လာမ်အား ရတနာ ၃ ပါး စာအုပ်ဖြင့် ဝေဖန်ခဲ့သူ ဦးဆန်းလွင်ဟာ အစ္စလာမ်အနှစ်သာရကို သေသေချာချာ ဂဂ
နန မလေ့လာ မသိရှိခဲ့ရဘဲ ဝေဖန်ခြင်းပြုမှုခဲ့ကြောင်းကို သူ့ရဲ့ ရတနာ ၃ ပါး စာအုပ်ပါ အစ္စလာမ်အကြောင်းကို
ပြန်လည် ထောက်ပြနိုင်ခဲ့သူ ဦးအေးလွင် (Bsc) ထံ ပြန်လည် ပို့ပေးခဲ့တဲ့ သူရဲ့ အိတ်ဖွင့်ပေးစာမှာ အတိအလင်း
ဝန်ခံထားပါတယ်…

အောက်မှာ ဦးဆန်းလွင်က ဦးအေးလွင် (Bsc) ထံ အိတ်ဖွင့်ပေးစာ အထောက်အထား-

သို့
ဦးအေးလွင် (Bsc)

လူကြီးထံမှ ပို့ပေးလိုက်သော စာမျက်နှာ (၃၈) မျက်နှာပါ ကျွန်တော့်သို့ပေးပို့သည့် အိတ်ဖွင့်ပေးစာကို လက်ခံရ


ရှိပါသည်။
လူကြီးမင်းလေ့လာသိရှိထားသည့် အချက်အလက်များကို ကျွန်တော့်အား သိစေလိုသော စေတနာဖြင့် အပင်
ပန်းခံကာ ရေးသားသင်ကြားပေးသည့် အတွက်လည်း လူကြီးမင်းကို များစွာကျေးဇူးတင်ပါကြောင်း လေးစားစွာ
ပြန်ကြားအပ်ပါသည်။
ကျွန်တော်သည် သိပြီးသူတစ်ယောက်မဟုတ်ပါ။သိလိုသူတစ်ယောက်သာဖြစ်ကြောင်းကျွန်တော့်စာမှာ ပေါ်ပါ
သည်။ ကျွန်တော့်စာတွင် ဘာသာပေါင်းစုံအကြောင်း၊ ဒသနာပေါင်းစုံအကြောင်း ပါပါသည်။ ထိုဘာသာ အယူ
ဝါဒများ၊ ဒသနာများကို ဗုဒ္ဓဘာသာဝင်များ အခြေခံကျကျသိစေလိုရ်သာ ရေးသားဖော်ပြခြင်းဖြစ်ပါသည်။ မည်
သူ့ကိုမျှ နစ်နာစေလိုသော စေတနာဆိုး မရှိပါ။

လူတိုင်းမှာ လွတ်လပ်စွာ မိမိကိုးကွယ်လိုရာ ကိုးကွယ်ခွင့်ရှိပါသည်။ ထိုသဘောကို ကျွန်တော့်မိခင် နားလည်


သွားသောအခါ ကျွန်တော့်အတွက် စိတ်မချမ်းမသာဖြစ်ခဲ့ရသော မိခင် ကျေနပ်စေရန် ရတနာသုံးပါး ကိုးကွယ်
ဆည်းကပ်သူ တစ်ယောက်အကြောင်း... သို့သော အတုပ်ပတ်တိစာကို ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်
မိခင် ကျွန်တော့်အပေါ်နားလည်ပြီး ခွင့်လွှတ်ပြီးဖြစ်ပါတယ် ခင်ဗျာ...

လေးစားစွာဖြင့် (ဆန်းလွင်)

အောက်က မူရင်းစာ မထင်ရှားမှာစိုးလို့ စာပြန်ရိုက်တင်ပေးရာတွင် တချို့သောစကားလုံးများမှာ ကျွန်တော်


စက်တွင် ရိုက်ရန်အဆင်မပြေ ဖြစ်နေပါသဖြင့် အဆင်ပြေသလို ရိုက်တင်ပေးလိုက်ရခြင်းကို နားလည် ပေးစေ

http://islaminmyanmar.blogspot.com Page 1
ဦးဆန်းလွင် (ခ) အရှင်အာဒိစ္စရံသီ ဆိုသည့် အစ္စလာမ်လူထွက်၏ လိမ်ညာမှု့

လိုပါသည်။

ကျွန်တော်သည်သိပြီးသူတစ်ယောက်မဟုတ်ပါ။သိလိုသူတစ်ယောက်သာဖြစ်ကြောင်ဆိ
ုးပြီးတော့-

ထိုဘာသာ အယူဝါဒများ၊ ဒသနာများကို ဗုဒ္ဓဘာသာဝင်များ အခြေခံကျကျသိစေလိုရ်သာ ရေးသား ဖော်ပြခြင်း


ဖြစ်ပါသည်။

ဒီစာသား ၂ ခုကို ယှဉ်ကြည့်ခြင်းအားဖြင့် သိပြီးသူတစ်ယောက်မဟုတ်တဲ့ ဦးဆန်းလွင် (ခ) အရှင်အာဒိစ္စရံသီ


ဟာ ဗုဒ္ဓဘာသာဝင်များကို အခြေခံကျကျသိစေလိုရ်သာ ရေးသား ဖော်ပြခြင်း ဖြစ်တယ်ဆိုတော့ သိပြီးသူ တ
ယောက်မဟုတ် သိလူသူတစ်ယောက်ဖြစ်သော လေ့လာနေဆဲ အဆင့်မျှသာရှိသေးသော ဦးဆန်းလွင် (ခ)
အရှင်အာဒိစ္စရံသီ ရဲ့ ရေးသားဖော်ပြချက်များဟာ တိကျ မှန်ကန်၊ ခိုင်လုံမှု့ဆိုတာ ရှိနိုင်ပါ့မလားဆိုတာ စာဖတ်
သူများ ဆုံးဖြတ်ကြပါ…..

ကျွန်တော် ထောက်ပြလိုသော ဦးဆန်းလွင် (ခ) အရှင်အာဒိစ္စရံသီ အကြောင်း-

http://islaminmyanmar.blogspot.com Page 2
ဦးဆန်းလွင် (ခ) အရှင်အာဒိစ္စရံသီ ဆိုသည့် အစ္စလာမ်လူထွက်၏ လိမ်ညာမှု့

ဦးဆန်းလွင်က အသက် ၅၀ အရွယ် ၁၉၈၈ - ၈၉ မှာ ရတနာသုံးပါး...ရေးခဲ့တာပါ။ အဲဒီအချိန်က သူဟာ ကထိ


ကရာထူးကနေ အငြိမ်းစားယူ ပြီးဖြစ်နေပါပြီ။ ၁၉၆၂ - ဒဿနိက ဂုဏ်ထူးဖြင့် ၀ိဇ္ဇာဘွဲ့ (ရွှေတံဆိပ်) ကိုရရှိဖူးတဲ့
ဦးဆန်းလွင်က " ငါက အရာအားလုံး သိပြီးသူ ဖြစ်နေပြီ" သူလို့မဆိုနိုင်ပေမယ့် ကထိကအဆင့်ရှိသူ ဖြစ်တာ
ကြောင့်တစ်ကြောင်း၊ ထေရ၀ါဒအထူးထွန်းကားရာ မြန်မာနိုင်ငံ၏တရားဝင်အဆင့်ရှိ မဟာဝိဇ္ဇာရွှေတံဆိပ်ဆု
ဆွတ်ခူးဖူးသူ ဖြစ်တာကြောင့်တကြောင်း ဦးဆန်းလွင်ကို ဂုဏ်သရေရှိဒဿနပညာရှင်အဖြစ် လက်ခံလောက်
ဖွယ်ဖြစ်ပါတယ်။

သို့သော် ဦးဆန်းလွင်သည် မြန်မာစာဖတ်ပရိသတ်ကြီးအား လှည့်စားခဲ့ကြောင်းကိုတော့ ရတနာသုံးပါး......


တစ်အုပ်ထဲမှာတင် အခိုင်အမာ တွေ့ရှိရပါတယ်။ ရတနာသုံးပါး...စာအုပ်၊ စာမျက်နှာ ၁၅ (pdf version) တွင်
ဦးဆန်းလွင် ရေးသားဖော်ပြခဲ့တာက သူ့အသက် ၃၅ နှစ်မှာတင် ကမ္ဘာပေါ်မှာပေါ်ထွန်းပြီးတဲ့ ဘာသာ အယူဝါဒ
မျိုးစုံ၊ ဒဿန မျိုးစုံကို သိနားလည်ပြီးဖြစ်တယ်လို့ ရေးထားပါတယ်။

ဒါပေမယ့် ဦးအေးလွင်ကို ပြန်ကြားတဲ့စာမှာတော့ ခေါင်းရှောင်ချင်တဲ့ စိတ်ဓာတ်ပိုင်ရှင်များရဲ့ ဓလေ့အတိုင်း


ကျွန်တော် သိပြီးသူတစ်ယောက် မဟုတ်ပါလို့ဆိုပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ မြန်မာစာဖတ်ပရိသတ်
အကြား နာမည်တစ်လုံးထွန်းကားရေးအတွက် ဦးဆန်းလွင် ' မုသာ ' သုံးခဲ့ခြင်းဖြစ်တယ်လို့ ယေဘုယျ ကောက်
ချက်ဆွဲခြင်းဖြင့် နားလည်ပေးလိုက်ပါရစေ။

ဦးဆန်းလွင်ရဲ့ စာအုပ်နောက်တစ်အုပ်ဖြစ်တဲ့ "ညဏ်လမ်းပေါ် လျှောက်လူတစ်ယောက်အကြောင်း" (ဒီစာအုပ်


(ပီဒီအက်ဖ)် ကို ၀၈.၀၅.၀၉ နေ့လယ်က တူတစ်ယောက်ဆီကရလိုက်ပါတယ်။) စာအုပ်စာမျက်နှာ (၆၁) မှာ...
သူ့စာအုပ် "ရတနာသုံးပါး..." မှာရေးထားတဲ. ဘာသာ (၁၁) ခုအကြောင်းတွေဟာ သူအသေးစိတ် လေ့လာပြီး
မှရေးခဲ.တာပါတဲ.။ ကိုတေးရှင်းက ဒီလိုပါ။ "အကျွန်နုပ်သည် ဗုဒ်ဓဘာသာဝင် ဖြစ်မလာခင်က 'လူတ.ို ကိုးကွယ်
ရာဘာသာကြီး ဆယ်.တစ်ခုက'ို ကို အသေးစိတ်လေ့လာခဲ.ဖူးသည်။ (ထိုအကြောင်းကိုစာအုပ်ရေးခဲ.ပြီးပြီ။)"။
ဒီတော့သူကိုယ်တိုင်ကဘာသာကြီး (၁၁)ခုအကြောင်းကို အသေးစိတ်လေ့လာပြီးမှ အဲဒီ "ရတနာ သုံးပါး..."
စာအုပ်ရေးခဲ.တာပါတဲ.။

အဲဒီတော့ ဦးဆန်းလွင်ဟာ အလွန်ကိုမရိုးသားတဲ. လူလိမ်၊ အလွန်ကို သရုပ်ဆောင်ကောင်းတဲ. တတ်ယောင်


ကား၊ လူအများကြီးကို တစ်လွဲ အင်ဖော်မေးရှင်းတွေပေးပြီး ရလာတဲ.ငွေန.ဲ ဝမ်းတစ်ထွာ ကိုဖြည်.ပြီး အသက်
ရှင်နေထိုင်ခ.ဲ တဲ.လူ စသည်... ဒီလူလိမ်၊ လူကောက် ကံကောင်းသွားတာက ကျွန်တော်နဲ.မကြုံလိုက်တာဘဲ။
ကိုအေးလွင်ရေးတဲ. စာကိုတောင် မှန်မှန်ကန်ကန်ပြန်ဖ.ို သတ်တိန.ဲ အရည်အချင်းမရှိဘဲ သူ့ပြန်စာမှာ ပေါ်
တင်ကြီးလိမ်ထားတဲ.အချက်တစ်ချက်ကိုလည်းထပ်ပြလိုက်ဦးမယ်။

ဒီလူက ကိုအေးလွင်ဆီ ပြန်စာကို သူ့လက်တာဟဒ်မှာ ရေးထားပုံရတယ်။ လက်တာဟဒ်ဘယ် ဘက်ထောင့်


မှာ... သူ့လိုဂိုလား ဘာလားမသိဘူး ငှက်လိုလို တရိတ်ဆန်တစ်ကောင်ပုံလ.ို ထင်ရတာဘဲ။ အဲဒါနဲ. တွဲပြီး ရေး
ထားတာက "ဆန်းလွင် စာရေးဆရာ၊ ဒသနပညာရှင်၊ Hypno-Analyst" တဲ.။ ပြီးတော့ သူ့ပြန်စာမှာ ရေးထား

http://islaminmyanmar.blogspot.com Page 3
ဦးဆန်းလွင် (ခ) အရှင်အာဒိစ္စရံသီ ဆိုသည့် အစ္စလာမ်လူထွက်၏ လိမ်ညာမှု့

တာက "ကျွန်တော်သည် သိပြီးသူ တစ်ယောက်မဟုတ်ပါ၊ သိလိုသူတစ်ယောက်သာ ဖြစ်ကြောင်း ကျွန်တော်.


စာမှာပေါ်ပါသည်။" တဲ.။ ကဲ...သူပြောသလိုသူဟာ "သိပြီးသူ" မဟုတ်ရင် ဘာလို.သူ့ကိုယ်သူ "ပညာရှင်" လိ.ု
ကျွေးကြော်ထားရတာလဲ? ဒါလိမ်တာဘဲပေါ့။ သူဘာလဲဆိုတာသူ့စာမှာပေါ်တယ်တ.ဲ ။

အဲဒီလူက သူဘာဆိုတာ သူ့စာတွေမှာ အရှက်မရှိ ဖော်ပြတတ်တာ သူ့အကျင့်လားတော့ မသိဘူး။ ကိုအေး


လွင်ဆီ ပြန်တဲ.စာမှာတောင် သူက "ကျွန်တော်ဟာ မဟာလူလိမ်ပါ" ဆိုတ.ဲ ဝန်ခံချက်ကို ပဟေဠှိလေး နဲ. ဖော်
ထားလိုက်သေးတယ်။

ဒီတော့ကား - ၀ါဒအစုံကို ၃၅ နှစ်မှာ လေ့လာပြီးဖြစ်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ တခြားဝါဒတစ်ခုကို ဝေ


ဖန်နေတဲ့အထဲမှာ အထက်ပါအတိုင်း မုသာကျူးလွန်ခြင်းမျိုး ပြုလုပ်သင့်ပါသလော။ သဗ္ဗညုတအတွက် အ
ထောက်အပံအဖြစ်ရေးတဲ့ စာအုပ်မှာပဲ မုသာဝါဒကို ကျူးလွန်ခြင်းဖြင့် မည်သည့်အတိုင်းအတာကို ဦးဆန်းလွင်
ကျူးလွန်ခဲ့ပါသနည်း။ ယင်းအတွက် ကျွန်တော်တို့မွတ်စလင်များက သူ့အား သာသနာပလူတစ်ဦး အဖြစ် မုန်း
တီးခြင်းမရှိဘဲ အစ္စလာမ်အား အထင်အမြင်မှားရလေအောင် အကွက်ကျကျကစားသူ၊ သဗ္ဗညုတ ကို အလွဲသုံး
သူ တစ်ယောက် အဖြစ်မြင်ပါသည်ဟုဆိုလျှင်လည်း တရားသဖြင့်ဖြစ်ချိမ့်မည်ဟု သုံးသပ်ပါတယ်။

မွတ်ဆလင်ဘာသာမှ ဗုဒ္ဓဘာသာသို့ ကိုယ်တိုင်စိစစ်ယုံကြည့်ပြီး ဗုဒ္ဓဘာသာဖြစ်လာသူ စာရေးဆရာ ဆရာ ဦး


ဆန်းလွင် ကိုယ်တင
ိုဟောပြောထားသော မွတ်ဆလင်ဘာသာ လွဲမှားချက်များ (ကိုးကားချက်များနှင့် တကွ) တ
နည်း လောကကြီးနှင့် ဆန့်ကျင်နေသော အယူအဆများ ဆိုသည့်အသံဖိုင်

http://up4vn.com/files/0CVOSBDU/18_MustBeThink.mp3.html
http://up4vn.com/files/0FW6ULXF/19_Star_Moon_SanLwin_.mp3.html

များကို နားထောင်ပြီးသူများအတွက် ရှင်းလင်းချက်-

ဒီအခုကျတော်ရေးတဲ့စာဟာ http://up4vn.com/files/0CVOSBDU/18_MustBeThink.mp3.html ရဲ့ ပထမ


၁၅ မိနစ် ဟောကြားချက်ကို လေ့လာရေးသားချက်ဖြစ်ပါတယ်။ ဆက်ရန်ရှိပါသည်။ အချိန်အကန့်အသတ်ရှိ၍
ဤမျှသာရေးသားနိုင်ခြင်းဖြစ်သည်။

ပထမဆုံး ကျတော်သတိထားမိတာကတော့ ဘုရားဆိုတာ ဆည်းပူးအားထုတ်မှဖြစ်လာတယ်ဆိုတဲ့ အချက်ကို


အခြေခံပြီးပြောတယ်။ အဲဒီအချက်က ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ ကျတော်က လက်မခံနိုင်ပါဘူး။ ဘာသာတစ်ခု
အကြောင်းဆွေးနွေးမယ်ဆိုရင် တခြားဘာသာတစ်ခုရဲ့ အယူအဆတစ်ခုကို အခြေခံပြီးဆွေးနွေးလို့ မရပါဘူး။
အခြေခံဆွေးနွေးတဲ့ အချက်ဟာ လူအားလုံးလက်ခံနိုင်တဲ့ အချက်ဖြစ်ဖို့လိုတယ်။

နောက်တစ်ချက်က အစ္စလာမ်ဘာသာမှာ လူဟာ ဖန်ဆင်းခံဖြစ်တယ်။ ဘုရားမဟုတ်ဘူး။ ဘုရားသခင်က လူနဲ့

http://islaminmyanmar.blogspot.com Page 4
ဦးဆန်းလွင် (ခ) အရှင်အာဒိစ္စရံသီ ဆိုသည့် အစ္စလာမ်လူထွက်၏ လိမ်ညာမှု့

မတူပါ။ ပိုမို အဆင့်အတန်းမြင့်မားတယ်။ အဲဒီတော့ လူနဲ့ တိရိစ္ဆာန်တွေမှာပဲ မှန်တဲ့အချက်တွေ ဥပမာ အသက်


ရှင်ခြင်း၊ နေထို င်ခြင်း၊ စားသောက်ခြင်း၊ အိပ်စက်ခြင်း၊ လေ့ကျင့်သင်ယူခြင်းစတဲ့ အချက်တွေကိုသုံးပြီး ဘုရား
သခင်ကို ဖော်ပြလို့မရပါဘူး။ လူနဲ့ တိရိစ္ဆာန်မှာပဲ မှန်တဲ့အချက်တွေကို သုံးပြီး ပင်လယ်သမုဒ္ဒရာတစ်ခု၊
ကျောက်တောင်တစ်ခုအကြောင်းကိုလည်း ဖော်ပြလို့မရနိုင်သလိုဖြစ်တယ်။

မိုးရွာ၊ေ လတိုက်၊ မိုးကြိုးပစ်၊ ငလျင်လှုပ်တတွေကို လူသားတွေက ကြိုတင်မှန်းဆပြီး လိုသလို လုပ်လို့ ရနေ


တယ်လို့ ပြောသွားပါတယ်။ ယနေ့ သိပ္ပံပညာထွန်းကားနေတဲ့ ခေတ်မှာရာသီဥတု ကြိုတင်မှန်းဆတာကတော့
အထူးအဆန်းမဟုတ်ပါဘူး။ ဒါပေမယ့် ရာနှုန်းပြည့်မှန်အောင် ပြောနိုင်တယ်ဆိုတာ မရှိပါဘူး။ မှန်းဆ တယ်
ဆိုတာ သေချာစွာ မသိနိုင်လို့ဖြစ်တယ်။ သေချာတောင် မသိနိုင်ပဲ လိုသလိုလုပ်နေတယ် ဆိုတာကတော့ အထူး
အဆန်းပါပဲ။ မိုးရွာအောင်လုပ်နိုင်ပြီလို့ ပြောသွားတယ်။ ဒါဟာ စမ်းသပ်ဆဲ အဆင့်ပဲရှိပါတယ်။ ဘယ်သူမှ သေ
ချာစွာမသိနိုင်သေးတဲ့ စမ်းသပ်မှုတစ်ခုဟာ ဖြစ်ချင်ဖြစ်မယ် မဖြစ်ချင်မဖြစ်ဘူးဆို တဲ့ အဆင့်ပါ။ ဒါနဲ့ စကားမစပ်
ရုပ်ရှင်တွေထဲက မိုးရွာအောင်လုပ်တာကို ပြောနေရင်တော့မသိ။ နောက်ပြီး ဂျပန်မှာ ငလျင်ကြောင့် နူကလီး
ယား ဓါတ်ပေါင်းဖိုကြီး ပျက်ဆီးသွားတာကြောင့် ကမ္ဘာတစ်ဝန်းက သိပ္ပံပညာရှင်တွေ ငလျင်ကို ကြိုတင်ခန့်မှန်းဖို့
စတင်ကြိုးစားလာကြပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ငလျင်ဟာ ခန့်မှန်းလို့မရသေးတဲ့ အတွက်ဖြစ်တယ်။ ဒါကို
လူသားတွေက ကြိုတင်မှန်းဆပြီး လိုသလိုလုပ်လို့ ရနေတယ်ဆိုတာက ပညာမဲ့စကားဖြစ်တယ်။

ဘုရားသခင်ရဲ့ ပုံပန်းသဏ္ဌာန်ကို လူတွေမသိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူ့ဦးနှောက်ဟာ အတိုင်းအတာ


တစ်ခအ
ု ထိပဲ တွေးတောနိုင်ပါတယ်။ ကျတော်တစ်ခုမေးမယ် ခင်ဗျား ဆိတ္တရကောင်ရဲ့ ပုံပန်းကို ကျတော့်ကို
ပြောပြပါဆိုရင် ခင်ဗျားပြောနိုင်ပါ့မလား ။ မပြောနိုင်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ လူ့ဦးနှောက်ဟာ မမြင်ဖူးတဲ့၊
မကြားဖူးတဲ့ အရာတွေကို မတွေးနိုင်လို့ပါပဲ။

နောက်တစ်ချက်က စကားပြောလို့ ပါးစပ်ရှိတယ်လို့ ကောက်ချက်ချသွားတယ်။ သစ်ပင်တွေ စကားပြောတယ်


ဆိုတာ သိပ္ပံနည်းကျသက်သေပြလို့ ရနေပြီဗျ။ ပြပါဦး ကျတော်ကို သစ်ပင်ရဲ့ ပါးစပ်။ လက်ဆိုတာကလည်း ပုံ
ပန်းသဏ္ဌာန် ဖမ်းရတာခက်သားဗျ။ ဆိတ္တရကောင်ရဲ့ လက်က ဘယ်လို ပုံစံရှိလဲ ပြောပြပါဦး။ ပြီးတော့ နောက်
တစ်ခရ
ှိုသေးတယ်။ သွေးထဲမှာ ရှိတဲ့ macrophage ဆိုတဲ့ ဘက်တီးရီးယားကို တိုက်ထုတ်တဲ့ သွေးဖြူဥရှိတယ်။
သွေးဖြူဥက အဝိုင်းပုံ၊ ဒါပေမယ့် ဘက်တီးရီးယားကို ဝါးမြိုဖို့အတွက် သူ့မှာ pseudopod ဆိုတဲ့ လက်တွေထုတ်
နိုင်တဲ့ အစွမ်းရှိတယ်။ ဒါပေမယ့် အဲဒီသွေးဖြူဥမှာ လက်ရှိတယ်လို့ ခင်ဗျားပြောလို့ရမလား။ အဝိုင်းပုံကြီးေ လ
ဗျာ။ ဘုရားကို လူ့ဦးနှောက်တွေးနိုင်ရုံနဲ့ ပုံဖော်လို့မရနိုင်ပါဘူး။

အစ္စလာမ်ဘာသာ၊ ခရစ် ယာန်ဘာသာ၊ ယဟူဒီဘာသာ အားလုံးရဲ့ ဘုရားဟာ တစ်ဆူတည်းပါ။ ဒီဘာသာကြီး


တွေကို ဘုရားသခင်စေလွှတ်ခဲ့တဲ့ တမန်တော်တွေက သင်ကြားပို့ချပေးခဲ့တာပါ။ တမန်တော်တွေရခဲ့တဲ့ ကျမ်း
ဂန်တွေလည်းရှိပါတယ်။ ကျမ်းဂန်အားလုံးဟာ ဘုရားသခင်ရဲ့ ဗျာဒိတ်တော်တွေဖြစ်ပါတယ်။ ဒီနေရာမှာ ကျ
တော် ပြောချင်တာက အစ္စလာမ်ဘာသာမှာ တမန်တော်ရခဲ့တဲ့ ကုရ်အာန်ကျမ်းတော်ကလွဲပြီး ကျမ်းတဲ့ကျမ်း
အားလုံးဟာ အစစ်မဟုတ်တော့ပါဘူး။ ဘာဖြစ်လို့လဆ
ဲိုတော့ လူပေါင်းများစွာ တည်းဖြတ်ပြုပြင်ရေးသားခဲ့ကြတဲ့
အတွက်ဖြစ်ပါတယ်။ အဲဒါကြောင့် သမ္မာကျမ်းစာနဲ့တကွ အခြားကျမ်းများဟာ မူကွဲပေါင်းများစွာ ရှိနေခြင်းဖြစ်ပါ
တယ်။ အဲဒီလိုကျမ်းတွေမှာရေးသားထားတဲ့ ဘုရားသခင်ရဲ့ပုံပန်းသဏ္ဌာန်ဟာ အမှန်ဖြစ်နိုင်ပါ့မလား။ ဒါတွေကို

http://islaminmyanmar.blogspot.com Page 5
ဦးဆန်းလွင် (ခ) အရှင်အာဒိစ္စရံသီ ဆိုသည့် အစ္စလာမ်လူထွက်၏ လိမ်ညာမှု့

မသိလို့ပဲလား၊ သိရက်နဲ့ မရှက်ပဲပြောသလားမသိ။ အဲဒီကျမ်းစာတွေမှာ ဖော်ြ ပထားတဲ့ပုံရိပ်နဲ့ အလ္လာ အရှင်မြတ်


ကိုလည်း တွေးကြည့်နိုင်ပါတယ်လို့ ပြောသွားပါတယ်။

ယခုဤစာသည် http://up4vn.com/files/0CVOSBDU/18_MustBeThink.mp3.html ဖိုင်၏ ပထမ ၁၅ မိ


နစ်မှအပ နောက်ပိုင်း ပြောကြားချက်များကို တုံ့ပြန်ရေးသားသည်။

အီဗလစ် ဆိုသော အာရဗီစကားလုံးဟာ မြန်မာ အဓိပ္ပါယ်အရ မိစ္ဆာကောင်ဖြစ်သည်။ အာဒမ်နဲ့ သူ့ရဲ့ ဆွေမျိုး


စဉ်ဆက်ကို လမ်းမှားသို့ရောက်အောင် နှောင့်ယှက်ခွင့်ပြုပါဆိုပြီး မိစ္ဆာကောင်က တောင်းဆိုခဲ့တယ်။ အလ္လာ
အရှင်မြတ်က ခွင့်ပြုတော်မူ ခဲ့တယ်။ ဥပမာတစ်ခု ပေးကြည့်တာပေါ့ဗျာ။ ခင်ဗျားက အရမ်းကျော်ကြားတဲ့ လျှမ်း
လျှမ်းတောက် ပန်းပဲ ဆရာတစ်ယောက်။ ခင်ဗျားတစ်သက်တာမှာ အကောင်းဆုံးဆိုတဲ့ ဓါးတစ်လက်ကို ခင်
ဗျား ပြုလုပ်လိုက်တယ်။ အဲဒီမှာ လူတစ်ယောက်က လာပြီးပြောတယ်။ ခင်ဗျားဓါးဟာ ကျတော် တစ်ချက် နှစ်
ချက်ခုတ်ရုံနဲ့ ကျိုး သွားမှာပါ။ အဲဒါကို ခင်ဗျားက မဖြစ်ဘူး ဓါးကျိုးသွားနိုင်တယ်ဆိုပြီးပြန်ပြောမလား။ ဒါမှမဟုတ်
ဟုတ်ပြီ... ဒါဆို ရော့ဓါးကို ယူခုတ်ကြည့်၊ မကျိုးရင်တော့ ခင်ဗျားတွေ့မယ်လို့ ပြောမလား။ အခု ဒီနေရာမှာ
လည်း ဘုရားသခင်ရဲ့ ဖန်ဆင်းခံတွေထဲမှာ အမြင့်မြတ်၊ အပြည့်စုံဆုံးဆိုတဲ့ လူသားကို မိစ္ဆာကောင်က လမ်းမှား
ရောက်အောင်လုပ်ပါမယ်ဆိုတယ်။ အဲဒါကို ဘုရားသခင်က မလုပ်ရဘူး၊ ငရဲပဲ ကျခံစေရမယ်လို့ မိန့်ဆိုပါ့မလား။
ဘုရားဗျ၊ ဘုရား။

မတူညီတဲ့ အခြေအနေတွေနဲ့ မွေးဖွားခဲ့သူတွေအတွက် ဖန်ဆင်းရှင်က ဘာဖြစ်လို့ အဲဒီလို ဖန်ဆင်းခဲ့တာလဲ။ ကျ


တော် လွန်ခဲ့သော နှ စ်ပေါင်း ၁၄၀၀ ကျော်မှ ယနေ့ထိ အက္ခရာတစ်လုံးမလွဲ ထိန်းသိမ်းစောင့်ရှောက်ခံခဲ့ရသော၊
ကမ္ဘာပျက်သည့်တိုင် ထိုအတိုင်းတည်ရှိမည်ဖြစ်သော ကုရ်အာန်ကျမ်းတော်မြတ်ထဲက စာကြောင်း သုံး လေး
ကြောင်းကို ဖော်ပြချင်ပါတယ်။

လူတို့သည် 'ကျွန်ုပ်တို့သည် အီမာန်ယုံကြည်ခဲ့ပါပြီ ' ဟုပြောခဲ့ကြသောကြောင့် မိမိတို့မှာ စမ်းသပ်ခြင်းမခံရပဲ


လွှတထ
်ားခြင်း ခံရမည်ဟု ထင်မှတ်ကြသလော။ (၂၉း၂)

ထို့အပြင် ဧကန် ငါအရှင်မြတ်သည် အသင်တို့ကို တစ်စုံတစ်ခုသော ကြောက်ရွံ့စိုးရိမ်စေခြင်းဖြင့်သော် ၄င်း၊ ငတ်


မွတ်စေခြင်းဖြင့် သော်၎င်း၊ ဥစ္စာပစ္စည်းများ ဆုံးပါးစေခြင်းဖြင့် သော်၎င်း၊ အသက်သေကြေ ပျက်စီးခြင်းဖြင့်
သော်၎င်း၊ ကောက်ပဲသီးနှံများ ပျက်စီးဆုံးရှုံးခြင်းဖြင့် သော်၎င်း စမ်းသပ်တော်မူမည်။ (၂း၁၅၅)

ထို့အပြင် ဥစ္စာပစ္စည်းများနှင့် သားသမီးများသည် စမ်းသပ်မှုတစ်ရပ် သာလျှင်ဖြစ်သည်။ ဧကန်စင်စစ် အလွန်


ကြီးကျယ်သော အကျိုးဆုလာဒ်သည် အလ္လာအရှင်မြတ်ထံတော်တွင်ရှိသည်။ (၈း၂၈)

အကျဉ်းချုပ်ပြောရရင် အစ္စလာမ်မှာ အရင်ဘဝဆိုတာ မရှိပါဘူး။ ဒီဘဝဟာ စမ်းသပ်မှု တစ်ခုဖြစ်တယ်။ တမ


လွန်ဘဝသာလျှင် အစစ်အမှန်ဖြစ်တယ်။ အဲဒီတော့ ဒီစာမေးပွဲမှာ မတူညီတဲ့သူတွေ မတူညီတဲ့ မေးခွန်းတွေ
ဖြေကြရတယ်။ မေးခွန်းခက်တိုင်း မကျနိုင်သလို၊ မေးခွန်းလွယ်တင
ိုးလည်း အောင်ဖို့ မျှော်လင့်လို့မရဘူး။

http://islaminmyanmar.blogspot.com Page 6
ဦးဆန်းလွင် (ခ) အရှင်အာဒိစ္စရံသီ ဆိုသည့် အစ္စလာမ်လူထွက်၏ လိမ်ညာမှု့

ခေါတောလူမျိုးတွေဟာ ကျွဲ၊နွားသတ်တဲ့ အကုသိုလ်ကြောင့် အကျိုးအကန်းများတယ်လို့ ပြောသွားတယ်ဗျ။ ကျ


တော်က ပြောမယ် သူတို့ဟာ ကျန်းမာရေး အသိပညာနည်းလွန်းပြီး လူနေမှုအဆင့်အတန်းနိမ့်ကျလို့ ဒီလိုဖြစ်
နေတာပါ။ ပြည့်ဝတဲ့ ကျန်းမာရေးစောင့်ေ ရှာက်မှုနဲ့ ထိုက်တန်တဲ့ လူနေမှုအဆင့်အတန်းရှိရင် ဒါတွေမဖြစ်ပါဘူး။
ကမ္ဘာတ
့ စ်ခြား ဖွံ့ဖြိုးပြီးနိုင်ငံတွေကို ကြည့်ပါဦး။ ဘိုးစဉ်ဘောင်ဆက် ကျွဲ၊ နွားသတ်တဲ့လူတွေ အကျိုးအပဲ့တွေ
လားလိ.ု့ ...။

နောက်တစ်ခုက သေပြီးနောက်မှာ အစ္စလာမ်ဘာသာဝင်တွေဟာ ကောင်းကင်ဘုံနဲ့ ငရဲကို တိုက် ရိုက် မသွားရ


သေးပါဘူး။ ကြားစခန်းတစ်ခု ရှိတယ်လို့ပဲ ဆိုပါတော့။ အစ္စလာမ်သာသနာဟာ တရားမျှတမှု အပြည့်အဝရှိတဲ့
အတွက် လူသားတိုင်း တရားအစီအရင်ခံရမယ့် နေ့ရှိပါတယ်။ ကျွန်တော်တို့ဖြေထားတဲ့ စာမေးပွဲအောင်စာရင်း
ထွက်မယ့်နေ့ပေါ့ဗျာ။ သေပြီးသူများဟာ အဲဒီနေ့အထိကြားစခန်းမှာ နေရပါတယ်။

စောင့်တယ်ဆိုမှ အချိန်နဲ့ ပါတ်သက်တဲ့ အယူအဆတစ်ခုကို ပြောပါရစေ။ အချိန်ဆိုတာ သိပ္ပံပညာအရ အလျား၊


အနံ၊ ရွှေ့လျားနှုံးတို့လို့ အတိုင်းအတာတစ်ခုသာဖြစ်တယ်။ အရွှေ့မရှိရင် ဘာဖြစ်မလဲ၊ အရာဝတ္ထုတစ်ခု ရပ်
သွားမှာပေါ့။ ထင်ရှားတဲ့ အိုင်းစတိုင်းရဲ့ သီအိုရီတစ်ခုရှိတယ်၊ တွေးခေါ်နို င်သမျှ တွေးခေါ်ပေါ့ဗျာ။ ခင်ဗျားက
ကမ္ဘာကြီးကို အလင်းအမြန်နှုန်းနဲ့ ပတ်နေရင် ခင်ဗျားအတွက် အချိန်ဆိုတာ ပျောက်သွားတယ်။ အသက်ကြီး
မလာတော့ဘူး၊ အချိန်ဆိုတာ မရှိတော့ဘူး။

အဲဒီတော့ ဒီနေရာမှာပြောချင်တာက သေပြီးရင် အချိန်ဆိုတဲ့ ယခုကျွန်တော်တို့ အသုံးပြုနေတဲ့ တိုင်းတာတဲ့ စ


နစ်က ရှိသေးတယ်လို့ ဘယ်သူပြောနိုင်သလဲ။ အချိန်ဆိုတာ မရှိတော့ရင် ကြာတယ်၊ မြန်တယ် ဆိုတာ ပျောက်
သွားတယ်ဗျ။

နောက်ပြီး အဆီအငေါ် မတည့်ပုံများတော့ အစ္စလာမ်ဘာသာက တရားစီရင်ဖို့နေ့ ဘယ်တော့ ရောက်မယ်ဆို


တာကို ခရစ်ယာန်ဘာသာကျမ်းကိုးနဲ့ ပြောသွားသေးတယ်။ ဗုဒ္ဓဘာသာအကြောင်းကို ဟိန္ဒူကျ မ်းကိုးနဲ့ ပြောလို့
ရလားဗျ။

ကမ္ဘာပျက်တာနဲ့ ပါတ်သက်လို့ ဘယ်လောက်ကြာမယ် ဘာမယ် တွေးတောမှန်းဆ မနေတော့ပါဘူး။တကယ်လို့


စင်္ကြာဝဠာထဲက သန်းထောင်ပေါင်းများစွာသော လွင့်မျောနေတဲ့ ဥက္ကာခဲကြီးတွေထဲက တစ်ခုများ ကမ္ဘာကို ဝင်
တိုကတ
် ယ်ဆိုရင် ခင်ဗျားတို့ရော ကျတော်ရော ကြွသွားမှာပဲ။ အ င်္ဂါဂြိုလ်ကိုပြောင်းရအောင် အဲဒီပေါ်မှာ အခြေ
ကျသေးတာလည်း မဟုတ်ဘူး။

အစ္စလာမ်ဘာသာဟာ လူ့ပြည်မှာ အရက်သောက်သုံးမှုကို တားမြစ်ထားပြီး၊ ကောင်းကင်ဘုံမှာ ခွင့်ပြုထား


တယ်လို့ ပြောသွားတယ်ဗျ။ ပြီးတော့ အဲဒီမှာ ပျိုကညာလေးတွေပဲရှိပြီး၊ လုလင်ပျိုလေးတွေမရှိတော့ မိန်းမ သား
တွေ ကောင်း ကင်ဘုံမှာ ဒုက္ခရောက်လိမ့်မယ်လို့ ပြောသွားသေးတယ်။ သူ့ဟာသူ မသိလို့ ပြောသွားတာဖြစ်ပါ
မယ်။ အဲဒါ အများ နားလည်အောင် ရှင်းပြချင်ပါတယ်။ အာရဗီစကားလုံးများဟာ အဓိပ္ပါယ်ကြွယ်ဝပါတယ်။
ဆိုလိုတာက စကားလုံးတစ်လုံးဟာ အဓိပ္ပါယ်အများကြီးရှိပါတယ်။ ပထမ အရက်လို့ အဓိပ္ပါယ်ထွက်တဲ့ စကား
လုံးဟာ သောက်စရာများနဲ့ ပြည့်လျှံနေတဲ့ ခွက်လို့လည်း အဓိပ္ပါယ် ပြန်ဆိုနိုင်ပါတယ်။ အဲဒီတော့ သောက်စရာ

http://islaminmyanmar.blogspot.com Page 7
ဦးဆန်းလွင် (ခ) အရှင်အာဒိစ္စရံသီ ဆိုသည့် အစ္စလာမ်လူထွက်၏ လိမ်ညာမှု့

တစ်ခုခုပေါ့။ နောက်ပြီး ပျိုကညာဆိုတဲ့ အသုံးအနှုံးနေရာမှာလည်း အလားတူပါပဲ။ သက်တူရွယ်တူ အဖော်၊


ကြင်ဖော်စသဖြင့် အဓိပ္ပါယ်ရှိပါတယ်။ မိန်းကလေးတွေပဲ ရှိတယ်ဆိုတာ ရည်ညွှန်းထားတယ်လို့ မပြောနိုင်ပါဘူး။
ကုရ်အာန် ကျမ်းတော်မြတ် (၇၈း၃၁-၃၄)

အလ္လာအရှင်မြတ်ရဲ့ အပြည့်စုံ အမြင့်မြတ်ဆုံး ဖန်ဆင်းခံဆိုတဲ့ လူသားတွေ အိုနာနေကြရတယ်လို့ ပြောသွား


တယ်။ မှန်ပါတယ်။ ကျတော်တို့အခု ဒီဘဝက စာမေးပွဲဖြေနေတာဗျ။ စာမေးပွဲပြီးသွားမှာက သိပ်များဆန်းေ န
လားလို့။ ပြီးနောက် တမလွန်ဘဝကကော တည်မြဲပါ့မလားတဲ့။ ဒါကတော့ မတည်မြဲဘူးလို့ ဘယ်သူ ပြောနိုင်
တုန်း။ ဘာကန် ဝါဒဆိုလား ကိုးကားပြီးပြောသွားတယ် ... ကျတော်တော့ ရှင်းရှင်းလင်းလင်း မကြားရဘူး။ ပြော
သွားတဲ့ ကျမ်းစာအုပ်ကိုလည်း ကျတော်မသိဘူး။ အစ္စလာမ်ဘာသာမှာ တမလွန်ဘဝဟာ ထာဝစဉ်ဖြစ်ပါတယ်။

အစ္စလာမ်သာသနာဝင်တွေဟာ ယုတ္တိသာဓကမရှိပဲ ယုံကြည်နေကြပါတယ်တဲ့။ ဒါဟာ မှားပါတယ်။ နှစ်ပေါင်း


၁၄၀၀ ကျော်သက်တမ်းရှိပြီး စကားလုံးတစ်လုံးမှ မပြောင်းလဲပဲရှိတဲ့ ကုရ်အာန်ကျမ်းတော်မြတ်ဟာ ယုတ္တိရှိတဲ့
သာဓက တစ်ခုဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ယခုခေတ်နှောင်းပိုင်းမှ ထွန်းကားလာတဲ့ သိပ္ပံပညာရဲ့ တွေ့ရှိ
မှု ပေါင်းများစွာဟာ ကုရ်အာန်ကျမ်းတော်မြတ် အရင်ကပြောခဲ့တဲ့ အချက်တွေနဲ့ ထပ်တူထပ်မျှဖြစ်နေလို့ပါပဲ။

နောက်ထပ်ဆွေးနွေးတဲ့ ယုံကြည်မှုဆိုတဲ့ အပိုင်းကတော့ ကုရ်အာန်ကျမ်းတော်မြတ် ဘာသာပြန် တစ်အုပ် ကိုင်


ဆွဲပြီး၊ ကျမ်းကိုးနံပါတ်တွေကလည်း အလွဲလွဲအချော်ချော်ဖြစ်နေပါတယ်။ ထပ်ပြောပါဦးမယ် ... အာရဗီဘာသာ
စကားလုံးများဟာ အဓိပ္ပါယ်အလွန်ကြွယ်ဝပါတယ်။ ဘာသာပြန်တစ်အုပ်နဲ့ ပြောမယ်ဆိုရင် မဖြစ်ပါဘူး။ ဘာဖြစ်
လို့လဲဆိုတော့ ဘာသာပြန်ဆိုသူပြောပြတဲ့ အနက်တစ်ခုပဲသိပြီး အခြားအဓိပ္ပါယ်တွေ ပျောက်ပျက်ကုန်၍ ဖြစ်
သည်။ နောက်ပြီး အစ္စလာမ်ဘာသာ စွန့်လွှတ်သူ ကို သတ်ပစ်ရမည်ဟူ၍ ကုရ်အာန်တွင် ဖော်ပြထားခြင်းမရှိပါ။
ထို့အတူ တမန်တော်ကလည်း မပြောခဲ့ပါ။

အစ္စလာမ်ဘာသာဝင်တွေဟာ မေးမြန်းစုံစမ်းခွင့်တွေမရှိပဲ ကြောက်ကြောက်နဲ့ အတင်းအဓမ္မ ယုံကြည်နေရတာ


တွေ့ရပါတယ် လို့ပြောသွားပါတယ်။ ဒါဟာ အထောက်အထား မခိုင်လုံပါဘူး။ အစ္စလာမ်ဘာသာရဲ့ အဓိက
ကျမ်းစာဖြစ်တဲ့ ကုရ်အာန်ကျမ်းတော်မြတ်ထဲမှာ ထပ်တလဲလဲ စဉ်းစားဆင်ခြင် သုံးသပ်ဖို့ပြောဆိုထားပါတယ်။
ကုရ်အာန် (၃၈း၂၉)၊ (၃၀း၂၁)။ အစ္စလာမ်ဘာသာဝင်တွေက အတင်းအဓမ္မ ယုံကြည်တယ်ဆိုရင် ကုရ် အာန်
ကျမ်းတော်မြတ်ကို ဆန့်ကျင်မနေပါဘူးလား။ အစ္စလာမ်မှာ ဘယ်ဥပဒေ၊ ဘယ်တရား၊ ဘယ်စကားမှ တစ်ခု နှင့်
တစ်ခု ဆန့်ကျင်နေခြင်း မရှိပါ။

ကုရ်အာန်ကျမ်းတော်မြတ်ကို ဝေဖန်လိုလျှင် ဘာသာပြန်ကျမ်း တစ်အုပ်ဖြင့် မလုံလောက်ပါ။ အာရဗီစကားကို


ကျွမ်းကျင်စွာ တတ်မြောက်ရန် လိုအပ်ပါတယ်။ သို့မဟုတ်ပါက နားလည်မှုအလွဲလွဲနှင့် ထင်ရာမြင်ရာကို ပြော
ဆိုထားသော ဖြတ်ညှပ်ကပ် ဝေဖန်မှုများမှာ အဆင်အ
့ တန်းမမှီပါ။

ကျတော်ဒီလောက်ပဲ ပြန်လည်ပြောချင်ပါတယ်။ ပြောစရာတွေကတော့ အများကြီးပါ။ သို့သော် အချိန် အပါအ


ဝင် အခက်အခဲ အမျိုးမျိုးကြောင့် ဤမျှသာ ရေးသားနိုင်ခြင်းဖြစ်ပါတယ်။ အသံဖိုင် နှစ်ခုရှိသော်လည်း ဤ

http://islaminmyanmar.blogspot.com Page 8
ဦးဆန်းလွင် (ခ) အရှင်အာဒိစ္စရံသီ ဆိုသည့် အစ္စလာမ်လူထွက်၏ လိမ်ညာမှု့

တစ်ခုတည်းပင်လျှင် အလွဲလွဲ အမှားမှား ဝေဖန်ချက်များသာ ဖြစ်သောကြောင့် အချိန်ကုန်ခံ၍ ထပ်မံ မရေးသား


လိုတော့ပါ။ မသိရှိ၊ နားမလည်ပါက မေးမြန်းစေလိုပါတယ်။

မသိလျှင် မေးပါ။ ဒီစကားက အရမ်းမှန်ပါတယ်။ ကျတော်မသိလျှင်၊ သေသေချာချာမသိလျှင် အရာတစ်ခုကို မ


ပြောပါ။ ကျတော် သိနားလည်သူ၊ ပညာရှင်တို့ကို မေးမြန်းပါတယ်၊ ဆွေးနွေးပါတယ်။ မသိပဲနှင့် ပြောဆြို ခင်း၊
ဝေဖန်ခြင်းသည် ပညာမဲ့တို့၏ လုပ်ရပ်ဖြစ်သည်။

ဟောကြားသူဟာ "ကျတော်ဟာ ဥာဏ်မှီသလောက် ဝေဖန်တင်ပြထားခြင်းဖြစ်ပါတယ်" လို့ ဆိုထားတဲ့ အတွက်


ဥာဏ်မမှီဘူးလို့ပဲ ကောက်ချက်ချရပါတယ်။ သဘောထားကြီးစွာနဲ့ ခွင့်လွှတ်ပါလို့ ပန်ကြားထားတဲ့အတွက် ခွင့်
လွှတပ
်ါတယ်။ ဤစာကို ရေးသားခြင်း၏ အဓိကရည်ရွယ်ချက်မှာ ပြောကြားသူ၏ တတ်ကျွမ်းသူမဟုတ်ပါဟု မိမိ
ကိုယ်ကို ဝန်ခံကာ တတ်ကျွမ်းသယောင် ဝေဖန်မှုများကြောင့် အများသူငှာရှေ့တွင် အထင်အမြင်လွဲမှားမှုများ ပ
ပျောက်စေရန် ရည်ရွယ်ပါတယ်။ ပုဂ္ဂိုလ်ရေး ထိုးနှက်ချက်များ မပါဝင်ပါ။ အရေးအသား မချောမွေ့မှု၊ မှား ယွင်းမှု
များကို ခွင့်လွှတ်စေလိုပါတယ်။

အထက်ပါ ဖြေရှင်းချက်များကတော့ ညီငယ် MST မှ အဖြူရောင်မိသားစု ကျောက်တွင်းအရေးတော်ပုံမူရင်းဖိုင် -


http://genuinewhitefamily.org/forum/index.php/topic,964.0.html
တော့ပစ်အောက်မှာ ၀င်ရောက် ဆွေးနွေး ဖြေကြားချက်လေးဖြစ်ပါတယ်-

Source: http://islaminmyanmar.blogspot.com/2012/03/blog-post_328.html

http://islaminmyanmar.blogspot.com Page 9

You might also like