Download as pdf or txt
Download as pdf or txt
You are on page 1of 6

ဦးပိန်တံတား သမိုင်းစကား မမှားစေဖို့

ဦးပိန်တံတား သမိုင်းစကား မမှားစေဖို့

ဦးပိန်တံတားခေါ် တောင်သမန် တံတားကို ပုဂံမင်းလက်ထက် သက္ကရာဇ် ၁၂၀၉ ခုနှစ်မှာ အမရပူရမြို့ ၀န် ဦး
ဘိုင်ဆပ်နဲ့ မြို့စာရေးမောင်ပိန် တို့ ဦးဆောင်ဆောက်လုပခ
်ဲ့ပါတယ် ။ အဲဒီတံတား ဟာ ဒီကနေ့ မြန်မာပြည်ရဲ့
ဂုဏ်ဆောင်တံတား ဖြစ်နေပါပြီး။ အရှေ့အာရှမှာ သက်တန်းအရှည်းဆုံး သစ်သားတံ တားအဖြစ် ကျွန်တော်တို့
ဂုဏ်ယဝ
ူ င့်ကြွား နေရပြီး ကမ္ဘာလှည့် ခရီးသည်တွေရဲ့ မျက်စိ ပသေဒ ဆွဲဆောင်ြ ခင်းခံနေရတဲ့ နေရာလည်းဖြစ် ၊
နိုင်ငံခြားငွေရှာပေးနေတဲ့ နေရာလည်းဖြစ်ပါတယ်။ ဒါ သမိုင်းအမွေ၊ မြန်မာယဉ်ကျေးမှု အေ မွတစ်ခုပါ။ ကျွန်
တော်တို့ ထိန်းသိမ်းရမှာပါ။

ဒီအကြောင်းကို စာေ ရးဆရာတစ်ချို့ မကြာခန ဂုဏ်ယူစွာ ထုတ်ဖေါ်ရေးသား ကြပါတယ်။ အဲဒီလိုရေး တဲ့အခါ


မှာလည်း တစ်ခါတစ်ခါ မြန်မာဘုရင်နဲ့ မြန်မာဘုရင် ရဲ့ မြောက်စားခံရသူတွေကို အထင်သေးစေတဲ့ နိုင်ငံခြား
သားများရဲ့ စွပ်စန
ွှဲိမ်ချ ရေးသာချက်တွေကို အထောက်အကြူ ပုမဲ့ အရေးသားတွေ ဖေါ်ပြလာတာကို မကြာခဏ
တွေ့ရတဲ့အတွက် အတော်ပဲ ၀မ်းနည်းကြေကွဲရပါတယ်။ ဒီကနေ့ ဒီလောက်တောင် အရေးထား ဂုဏ်ယူနေရတဲ့
အဆင့်ရောက်ရတဲ့ ဦးပိန် တံတား ဆောက်လုပ်ခြင်း ရည်ရွယ်ချက် ကိုလည်း မဟုတ်တလျား စွပ်စွဲရေးသား တာ
လည်း တွေ့ရတတ်ပါတယ်

မြို့ဝန်ကုလား ဘိုင်ဆပ် တို့ရဲ့အကြံက အင်းရဲ့အရှေ့ဘက် မှာရှိတဲ့ ဘိုင်ဆပ်နဲ့ ဘာသာတူနဲ့ အမျိုးအနွယ်တွေ


ကို ဘိုင်ဆပ်အလိုရှိတဲ့အချိန်မှာ အလျင်မြန် အလွယ်တကူရောက်ရှိပြီး အမရပူရ ထီးနန်းကိုတောင် အရယူဖို့
ကြံစည်ထားတယ်လို့ စွပ်စထ
ွဲားချက်ကို ဖေါ်ပြလေ့ ရှိပါတယ်။

အဲ့ဒီလို စွပ်စွဲရအောင် ခိုင်လုံတဲ့ အထောက်အထားလည်း မရှိပါဘူး။ ခိုင်မာတ သမိုင်းစာအုပ်တွေ ဖြစ်တဲ့


ဦးကုလား ရာဇ ၀င်၊ မှန် နန်းရာဇ၀င်၊ ကုန်းဘောင်မဟာ ရာဇ ၀င်များမှာလည်း လုံး ၀မပါပါဘူး။ စာဖတ်ပရိသတ်
များကို ဦးပိန်တံတားဆောက်လုပ်ရခြင်းရဲ့ အကြောင်းအရင်းတွေကို အရှိကိုအရှိတိုင်း သိရှိအောင် ဖေါ်ပြလိုက်
ပါတယ်။

အဲ့ဒီ တံတားကြီးမဆောက်ခင် အသာဖယ်ယာေ ခါင်းဆောင်တဲ့ သံအဖွဲ့ အင်း ၀မြို့ကို လာကြတုန်းက တောင်


သမန်ကို သူတို့ပိုင်တဲ့ သဘောင်္နဲ့ဖြတ်ပြီး ၀င်လာကြတာ နန်းေ တ်ာမြို့ရိုးအထိ ပေါက်ခဲ့တယ် ဆိုတဲ့ သမိုင်း
ကြောင်း ရှိဖူးတယ်။ ဒီ ဦးပိန်တံတား ဆောက်ပြီးနောက်မှာတော့ နယ်ချဲ့သင်္ဘောတွေ ဟာ နန်းတော်ဦးထိ မ
ရောက်နိုင်တော့ပါဘုး။ ဒါကို မြင်တက်ဖို့ လိုပါတယ်။

http://islaminmyanmar.blogspot.com Page 1
ဦးပိန်တံတား သမိုင်းစကား မမှားစေဖို့

(အစ္စလာမ့် ဓမ္မဗိမာန် နှစ် ၂၀ ပြည့် အထူးစာစောင် စာမျက်နှာ ၁၀၂ မှာ တိုင်းရင်းသား အစ္စလာမ့်သာသနာ ၀င်
လောကမှာ မြန်မာ့သမိုင်းနှင့်ပတ်သက်ပြီး လေးစားခံရဆုံး ဆရာကြီး ပသီဦးကိုကိုလေး၏ ဟောပြောချက် (ချက်
(၃) ချက် ဆောင်းပါးမှ)

ဤသို့ နယ် ချဲ့အန္တရာယ်မှ လွတ်ကင်းအောင် ပရိယယ်ကြွယ်ကြွယ်ဖြင့် တားဆီးနိုင်ခဲ့ပါတယ်။ အမရပုရမြို့ ပတ်


ဝန်းကျင်ကို တစ်နစ
ှ်လျှင် နှစ်လကျော် ရေလွှမ်းမိုးလျက်ရှိရာ လူများစီးပွားရေး အတွက် ကုန်ပစ္စည်းများ ၀ယ်ယူ
ဖြတ်သန်းသွားနိုင်ရန်အတွက် အမျှော်အမြင်ကြီးစွာဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

(တက္ကသိုလ် နေ၀င်းဘာသာပြန် အင်းဝရောက် ဗြိတိသျှသံ)

မြို့စာရေး ဦးပိန် သစ်သားတံတား တစ်ခုဆောက်လုပ်ရခြင်းရဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး မြန်မာ့စွယ်စုံကျမ်း


အတွဲ (၁၄) အမရပုရမြို့အကြောင်းမှာ-

ပုဂံမင်းလက်ထက်က မြိုစာရေး မောင်ပိန်သည် ထိုအင်းကြို ဖတ်၍ သစ်တားတံတားကြီးတစ်ခု ဆောက်လုပ်


လှုဒါန်းခဲ့ရာ ယခုတိုင်ရှိသေးသည်။ တော င်သမာန် အင်းတစ်ဖတ်တွင် ပုဂံမင်း တည်းထားခဲ့သော ကျောက်တော်
ကြီးဘုရား ရှိသည်လို့ ဖေါ်ပြထားတော့ အစ္စလာမ် ဘာသာဝင်တစ်ဦးဖြစ်တဲ့ မြို့စာရေးမင်း မောင်ပိန် ဟာ စေတ
နာအလျောက် တံတား ဆောက် လုပ်လှူဒါန်းရာမှာ တံတားတစ်ဖတ်ချက်မှာရှိတဲ့ ရွာများက မြန်မာ ဗုဒ္ဓဘာသာ
ဝင်တွေ လွယ်လင့် တကူ အန္တရာယ်ကင်းရှင်စွာနဲ့ ဘုရားဖူးသွားနိုင်ပါစေဖို့ဆိုတဲ့ စေတနာကိုလည်း ဘယ် သူမှ မ
ငြင်းနိုင်ပါဘူး။ မြန်မာစွယ်စုံကျမ်းလို ခိုင်မာတဲ့ ကျမ်းကြီးက ဆောက်လုပ်လှူဒါန်းခဲ့သည်ဟု ဖေါ်ပြထားပါသည်။

မြို့စာရေးမင်း ဦးပိန် ဆောက်လုပ်ခဲ့သည်မှာ ဦးပိန်တံတာား တစ်ခုတ

http://islaminmyanmar.blogspot.com Page 2
ဦးပိန်တံတား သမိုင်းစကား မမှားစေဖို့

သစ်စက်စက်ဖြစ်ပြီး ကျွန်း ၀ရန်တာနှစ်ဘက်တွင် ပန်းပု၊ ပန်းနွယ်ဖြင့် ပြုလုပ်ထားသည်ဟု အတိအကျ ဖေါ်ပြ


ထားသည်လို့ (တက္ကသိုလ် နေ၀င်း ဘာသာပြန် – အင်းဝရောက်ဗြိတိသျှ) စာအုပ်မှာ ရေးသားထားပါတယ် ။ ဒါ
ကြောင့် ဒီစွပ်စွဲချက်ဟာလည်း အခြေအမြစ်မရှိပါဘူး။

နောက်စွပစ
်ွဲချက်တစ်ခုက မြို့ဝန်ဘိုင်ဆပ်က သူရဲ့ ရဲစွမ်းသတ္တိကြောင့် မြို့ဝန်ဖြစ်လာတာ မဟုတ်ပါဘူး ။ သူက
ကြက်တိုက၊် ငှက်တိုက၊် နွားတိုက်၊ ဆိတ်တို က်ဆိုတဲ့ အတက်တွေ ကို ဘုရင်က သဘောကျလို့ မြို့ ၀န် ဖြစ်လာ
ရတော့ နာယဂုဏ်ခြောက်ပါးနဲ့ ဘယ်ညီနိုင်မှာလဲလို့စွပ်စွဲ ပါသေးတယ်…

အဲဒီလိုစွပ်စွဲတာက ကျွန်တော်တို့ မြန်မာဘုရင်တွေကို ဆင်ခြင်တုံတရား နည်းပါးသူအဖြစ် ရေးရာ ပြောဆိုရာကျ


ပါတယ်။ ဘုရားကျောင်းကန် များနဲ့ စည်းကားအောင် လမ်းတံတားများနဲ့ တင့်တယ်အောင် ဆောင်ရွက်နိုင်မဲ့ မြို့ 
တော်စည်ပင်အောင် တာဝန်ယူနင
ိုတဲ့ မြို့တော် ၀န်တစ်ဦးကို တာဝန်ပေးရွေးချယ်ရာမှာလဲ ပေါ့ပေါ့တန်တန် ရွေး
မှာ မဟုတ်ပါဘူး။ မြိုတော် ၀န်တာဝန်ကလည်း ကြီးမားတဲ့ အတွက်ေ တ်ာရုံတန်ရုံ အရည်အချင်းနဲ့ ဖြစ် နိုင်မှာ
မဟုတ်ပါဘုး။ ဘုရင်ကို နှိမ့်ချဟန် အရေးအသားတွေဟာ မြန်မာ့ အရေးကို နှိမ်ချင်ကြတဲ့ အနောက်နိုင်ငံ သား
တွေရဲ့လေသံမျိုးဖြစ်နေပါတယ်။ မြို့စား ၊ ရွာစား၊ မြို့ဝန်ဖြစ်တဲ့ အဆင့်တွေဟာ သာမန်မဟုတ်ပါ့ဘုး .။

သူတို့မှာ အဆင့်ပေါင်းများစွာကို ကျော်ဖြတ်ပြီးမှ အဲ့ဒီေ နရာကိုရောက် ရတာပါ။ မြန်မာနန်းတွင်း အမှုထမ်းတွေ


မှာ အရည်အချင်း သတ်မှတ်ချက်တွေရှိပါတယ်။ သေဖေါ်ရှင်ဖတ် ငါးယောက်တစ်စု ကို တစ်အိုးစားလို့ ခေါ်ပါ
တယ်။ နှစ်အိုးစားကို အကြပ်တစ်ယောက်ထား ပါတယ်။ အကြပ်ငါးယောက် ပါတဲ့ အိုးစားအစုကို သွေးသောက်
တစ်ယောက် ထားပါတယ်။ သွေးသောက်နှစ်ယောက် ကို တပ်မှုးတစ်ယောက်ထား ပါတယ် အဲဒီတပ်မှူး ငါး
ယောက်ကို အုပ်ချုပ်ရတဲ့ အစုကို ဗိုလတ
် စ်ယောက် ထားတယ်။

အဲ့ဒီထဲက ခြေဆယ်ပွဲရမှ ဆင်အစုကို ၀င်ရတယ်။ ဆင်တယ် ပွဲရမှ သွေးသောက်အစုကို ရောက်တယ် ။ အဲဒီ


အဆင့်တွေကို ဖြတ်ကျော်ပြီးမှ မြို့စား၊ ရွာစား၊ မြို့ ၀န် မှူးမတ်တွေ ဖြစ်ကြရတာပါ။ အဲဒါတွေကိုသိရက်သား နဲ့
မြို့ဝန်ရာထူးကို လွယ်လွယ် ခန့်လိုက်တယ်ြေ ပာတာဟာ ဘုရင်ကို အရည်အချင်းမဲ့ သူအဖြစ် စွပ်စွဲလိုက်တာ
သာ ဖြစ်ပါတယ်။ ဒါကြောင့် သမိုင်းဆရာ ဒေါက်တာေ ကျာ်သက်က သူရေးတဲ့ မြန်မာနိုင်ငံ သမိုင်း စာအုပ်စာ
မျက်နှာ (၃၇၄) မှ ပုဂံမင်း (၁၈၄၆-၁၈၅၂) နဲ့ ပတ်သက်ပြီး ထီးနန်း ကို သာယာဝတီမင်း၏ သားတော်ကြီး
ပုဂံမင်းက ဆက်ခံေ လသည်။ ပုဂံမင်းလက်ထက်နှင့် ပတ်သက်၍ ကုန်းဘောင်ရာဇ ၀င်တွင် ပုဂံမင်းကို ရှေး
အစဉ်အလာမင်းများကဲ့သို့ မင်းဖြစ်သည်ဟု ဖေါ်ပြထားသည်။

ပုဂံမင်းသည် စတု တွင် ဆည်မြောင်း၊ ကန်ချောင်းများ ကို ဖေါက်လုပ်သည်။ ထိုဒေသများတွင် စေတီပုထိုး တည်
ထားသည့် သာသနာဘောင် သို့ ဆွေ မျိုးများအား သွတ်သွင်းချီမြင့်၍ သာသနာဒါယကာ အဖြစ်ခံယူခဲ့ပါသည်။
ညောင်ရွှေစော်ဘွား၏ သမီးတော်နှင့် လက်ဆက်သည်။ သူပုန်ထခြင်း ကို ငြိမ်သက်ပိပြားအောင် ပြုလုပ်သည်။
တရုတ်နိုင်ငံမှ သံတမန်အဖွဲ့ကို တန်း တူနိုင်ငံမှ စေလွှတ်သော သံအဖွဲ့သို့ လက်ခံပြုစုသည်ဟု ပါရှိလေသည်ဟု
ပုဂံမင်း ကောင်းကြော င်း ရေး သားထားချက်များကို တွေ့ရှိနေပါတယ်။ နိုင်ငံခြား သားများက ပုဂံမင်း၏ အ
ကြောင်းကို ပြောဆိုကြသည်မှာ တစ်မျိုးတစ်ဖုံ ကွဲေ လသည်။ ၄င်းတို့အဆိုအရ ထင်ရှားသည့် အချက်ကား ပုဂံ
မင်းသည် တန်ခိုးအာဏာကို အလွဲသုံးစားပြုသည်ဟုလည်းကောင်း၊ တိုင်းကျိုးပြည်ကျိုးကို ဆောင်ရွက်ခြင်း မပြု

http://islaminmyanmar.blogspot.com Page 3
ဦးပိန်တံတား သမိုင်းစကား မမှားစေဖို့

ဟု လည်ကောင်း ဆိုကြသော အချက်ဖြစ်လေသည်။ တိုင်းေ ရးပြည်ရာကို မင်းက လစ်လျူရှူ ထားသည့်အတွက်


တန်ခိုးအာဏာကို အလွဲသုံးစား၍ ဟောရမ်းမှုများ ပေါ်ပေါက်ခဲ့သည်။

နောက်စွပ်စွဲမှု တစ်ခုလည်း ရှိပါသေးတယ် ။ အဲဒါကတော့ ဘို င်ဆပ်မြို့ဝန်ဖြစ်တာနဲ့ အမရပူရ က အမျိုးသား


ကောင်း အမျိုးသမီးကောင်းတွေမှာ အသက်သေတဲ့သူနဲ့ ဘ၀ပျက်တဲ့သူနဲ့ ဆွေတော်မျိုးတော်တွေမှာတောင် အ
ရှက်ကခ
ွဲ့ရတယ်ဆိုတဲ့ စွပ်စွဲချက်ပါပဲ။

ဒါနဲ့ပတ်သက်ပြီး အခုလို သမိုင်းအမှန်ကို ပြန်တင်ပြချင်ပါတယ်-

မြန်မာရာဇ၀င်တွင် အာဏာ အတွက် အဖေကိုသားသတ်၊ သားကိုအဖေသတ်၊ အစ်ကိုကို ညီသတ် ၊ ညီကို အစ်


ကိုသတ်စသော ရှုပ်ထွေးလှသော နန်းတွင်ရေးရာမှာ မင်းညီမင်းသား သို့မဟုတ် ဘုရင်တစ်ပါးပါးရဲ့ သစ္စာတော်
ခံအဖြစ် တာ ၀န်ထမ်းဆောင်ရတာ လွယ်ကူတာတော့ မဟုတ်ပါဘုး။ အဲဒီအခြေအနေ တွင် ဦးဘိုင်ဆပ်တို့ အမှု
တော် ထမ်းခဲ့ရတဲ့ဖြစ်စဉ်က ကြိုးတန်းပေါ်လမ်းလျှောက်ရသကဲ့သို့ အန္တရယ်များလှပါတယ်။ ဒီနေရာမှာ မြို့တော်
ဝန်ဘိုင်ဆပ်နှင့် မြို့စာရေး ဦးပိန်တို့အကြောင်း ကို ၁၉၉၅ ခုနှစ် ဖေဖေါ် ၀ါရီလထုတ် မိုးသောက်ကြယ် မဂ္ဂဇင်းပါ
သမိုင်းသုတေသီ ဆရာဦးမောင်မောင်ခင် BSc (Dip Ed) ရဲရာဇ၀င် အဆောင်ဆောင်မှ မွှေနှောက် စုစည်းထား
သော ရွှေမြို့တော် ၀န်ဘိုင်ဆပ်နှင့်ြ မို့စာရေးဦးပိန် စွပ်စွဲချေပချက်မှ ထုတ်နှတ်ပြီး အနည်းငယ် တင်ပြချင်ပါ
တယ်။

မြို့တော်ဦးဘိုင်ဆပ်၊ ဦးပိန်နှင့် ပုဂံမင်းတို့သည် ငယ်စဉ်က တောင်သမန်အင်း အနောက်ထိပ်ရှိ ဘုန်းတော်ကြီး


ကျောင်းတွင် စာအတု သင်အံခဲ့ ကြသည်။ ဘိုင်ဆပ်သည် ပုဂံမင်းသား ၏ ယုံကြည်ချက် သဒ္ဒါ ရင်း နှီးစွာ ဆက်
ဆံရသော လူပျိုတော် တစ်ဦးဖြစ်ပြီး မင်းသားအလိုကျ တာ ၀န်များဆောင်ရွက်ခံစား တေနရလေသည်။ သာယာ
ဝတီမင်းသည် မိမိ၏သားကြီး ပြည်မင်းသား အား ဒဂုံမြို့မှအပြန် အထင်မှားပြီး သာယာ ၀တီမင်း၏ မိဖုရား မမြ
ကလေး၊ ပြည်မင်းသား နှင့် မြေးတော် ကလေးများသည် မင်းမိန်ဖြင့် အကွပ် မျက်ခံရလေသည်။ ပြည်မင်းသား
အသတ်ခံရပြီးနောက် သာယာ ၀တီမင်း နတ်ရွာစံလေသည်။ ပုဂံမင်းက ခမည်းတော်အရိုက်အရာ ကို ဆက်ခံခဲ့
လေသည်။ ပုဂံမင်းသည် မိမိနန်းတက်ေ သာအခါ ဦးဘိုင်ဆပ်၏ အရည်အသွေကို ငယ်စဉ် ကတည်းက ပင်သိရှိ
ပြီးဖြစ်၍ မြို့တော် ၀န်ခန့်ပြီး ဦးပိန်ကို စာရေးခန့်ခဲ့ပေသည်။ ဦးဘိုင်ဆပ်သည် နန်းမြိုတော်အတွင်းနှင့် မြို့ပြင် နှ စ်
ရပ်စလုံးကို အုပ်ချုပ်ရသော ရွှေမြို့တော်ဝန်ပင်ဖြစ်သည်။

မြို့တော်ဝန် ဦးဘိုင်ဆပ် သည် အမရပူရမြို့တော်တွင် ဘုန်းတော်ကြီးေ ကျာင်းများအနက် ရှားရှားပါးပါး အုတ်


တိုက်ကျောင်းကြီးတစ်ကျောင်း ဆောက်လုပ်လှူဒါန်းခဲ့သည်။ မြို့တော်ဝန် ဦးဘိုင်ဆပ် သည် အခွန်အတုပ်
ကောက်ရာတွင် တိုင်းသူပြည်သား နှင့် မင်းမှုထမ်းများ အပေါ်ခြားနားခြင်းမပြုပဲ မင်းမိန့် အတိုင်း စည်းကြပ်
ကောက်ခံခဲ့သည်။ ထို့ကြောင့် အခွန်မဆောင်လိုသော မင်းမှုထမ်းများ၏ မျက်မုန်းကျိုးခြင်း ခံရလေသည်။ နေ
ပြည်တော်၌ြ ပည်မင်းသားသစ္စာခံ ဘက်တော်သား များက လည်းရှိနေပါသည်။ ပုဂံမင်း ၏ သစ္စာခံ ဘက်တော်
သားအပေါ် မလိုမုန်းထား မှုများလည်းရှိကြပေမည်။

ဤသည်မှာ ဓမ္မတာပင်ဖြစ်သည်။ အပြစ်ဆို ဖွယ်ရာမရှိပေ။ ဦးဘိုင်ဆပ်သည် လည်း ကျမ်းတော်ရွက် သစ္စာတော်


ခံတစ်ဦး ဖြစ်သည်နှင့်အညီ စေသည့်ကျွန်၏ ၊ ထယ်သည့်နွားကွဲသို့ အမှုတော်ကို ကျေပွန်စွာ ထမ်းရွက်ရပေ

http://islaminmyanmar.blogspot.com Page 4
ဦးပိန်တံတား သမိုင်းစကား မမှားစေဖို့

သည်။ ပုဂံမင်း၏ အတိုက်ခံများအားလုံး မှာလည်း အမှုတော်ကို ကျေပွ န်စွာ ထမ်းရွက်ရပေသည်။ ပုဂံမင်း ၏ အ


တိုက်အခံ အားလူံးမှာလည်း ရွှေမြိုတော်ဝန် ဦးဘိုင်ဆပ်နှင့် မြို့စာရေး ဦးပိန်တို့ကို မလိုမုန်း တီး ကြပေမည်။ ၄င်း
တို့ကဲ့သို့ သစ္စာရှိ မင်းမှုထမ်း လူယုံများရှိနေ၍ ပုဂံမင်းကို လုပ်ကြံရန်မလွယ်ကူပေ။ ဘိုင်ဆပ်နှင့် တောင်သမန်
တံတား ဒါယကာ ဦးပိန်တို့ကို အပြစ် ရှာမှာသာလျှင် ပုဂံမင်း၏ ထီးနန်း ကို လွယ်လင့်တကူ ရရှိပေမည်။ က
နောင်းမင်းသား၏ နောက်လိုက်အဖွဲ့များသည်လည်း ပုဂံမင်းနှင့် နိုင်ငံရေးအရဆန့်ကျင်သူများ ဖြစ်ကြပေသည်။

ဤအခြေအနေတွင် ဦးဘိုင်ဆ ပ်တို့ကို ဒုက္ခပေးလိုသော နောက်ထပ် အုပ်စုတစ်ခုကလည်း ရှိနေသည်။ ယင်း


သည် အခြားမဟုတ်၊ ပုဂံမင်း မိဖုရား၏ မောင်တော် ဦးကျောက်လုံးတို့ အုပ်စု ဖြစ်သည်။ ၄င်းဦးကျောက်လုံးက
ဦးဘိုင်ဆပ်ကို မြို့ဝန်ရာထူးမှ ဖြုတ်ချ၍ မိမိမြို့ဝန်ဖြစ်လိုသည်.။

တစ်နေ့ ဦးဘိုင်ဆပ်သမီး ကို ဦးကျောက်လုံးက ခိုးယူပေါင်းသ င်းသည်။ ဦးဘိုင်ဆပ်က သမီးခိုးမှု ကို မင်းကြီးအား
တိုင်တန်းရန် နန်းတော်သို့ ၀င်ခဲ့သည်။ မိဖုရားကြီးက မိမိ၏ မောင်တော် ဦးကျောက်လုံး မယား လိုလားမှုကို ပုဂံ
မင်းအား ကြိုတင် လျှောက်ထား ခဲ့လေသည်။ ဦးဘိုင်ဆပ် ပုဂံမင်းရှေ့တော်သို့ ရောက်ရှိ လာသောအခါ ဘုရင်က
အရိပ်အကဲကြည်ပြီး …ယောက်ဖတော် မောင်ကျောက်လုံး ၏ ယောက္ခကြီး နောက်ကျလှချည်လား …ကျီဆည်
တော်မခ
ဲူ့လေသည်။ ဦး ဘိုင်ဆပ် နှင့် မောင်ကျောက်လုံး တို့လည်း သမီးကိစ္စနှင့် ပတ်သက်ပြီး တစ်ဦးနှင့် တစ်ဦး
ကျားနှင့် ဆင်ကဲ့သို့ ရန်စောင်နေခဲ့ကြသည်။

ထိုအတောအတွင်း မင်းမှုထမ်းနာခံတော် ဦရွှေရ၏သမီး မနစ်ကို ရွှေနားဋောင်း အမှုနှင့် ချုပ်ထားခဲ့ရမှ နာခံတော်


ဦးရွှေရ တောင်းပန်မှုကို ထောက်ထားပြီး မနစ်အား လက်မဖောက်တန်း အချုပ်ထောင်မှ လွှတ်ပေး ခဲ့လေသည်။
ဒုတိယအကြိမ် မနစ်ကို ဦးကျောက်လုံး ၏ အစ်မတော် မိဖုရားကြီးက သောက်တော် ရွှေဖလား တစ်လုံး ပျောက်
ဆုံးမှုဖြင့် ဖမ်းဆီးခဲ့သည်။ မနစ်က ကိုယ်လုပ်ေ တ်ာတစ်ပါး ခိုးယူထားကြောင်း ချေပခဲ့သည်။ မိဖုရားကြီးလည်း
ဦးဘိုင်ဆပ်အား ကိုယ်လုပ်တော်မိဖုရားငယ်တစ်ပါး ခိုး ၀ှက်ထားသည်ဟူ၍ပင် ထင်မြင်ချက်ပေးပြီး စုံစမ်းခိုင်း
လေသည်။

တစ်နေ့ ပုဂံမင်းတရားကြီး ရုပ်စုံသဘင် ကြည့်ရှုတော်မူနေရာ မှ ရုတ်တရက် ကိုယ်လုပ်တော် မိဖုရားငယ် ထံ ကြွ


မြန်းတော် မူခဲ့လေသည်။ ဦးဘိုင်ဆပ် သည် ရွှေဖလားပျောက်ဆုံးမှုကို စုံစမ်းရန် ကိုယ်လုပ်တော် မိဖုရား ငယ်ထံ
ဝင်ရောက်ခဲ့လေသည်။ စစ်ဆေးမေးမြန်ပြီးအပြန် ဦးဘိုင်ဆပ်သည် ပုဂံမင်းတရား ကြီးနှင့် ဆုံဆည်းခဲ့သည်။ ပုဂံ
မင်းတရားကြီး ရုပ်စုံသဘင် ကြည့်တော်မူနေရာ မှ ရုတ်တရက် မိဖုရား ထံ ကြွရောက်မူခြင်းသည် မလိုမုန်းထား
သူများ၏ ဆင်ကွက်ပင် မဟုတ်ပါလော။ မိဖုရားငယ်ကလည်း မိမိအပေါ် ယုံမှားသံသယ ရှိနေမှုကို ရှက်တော်မူ
ပြီး လွတ်အောင်တိုင်ကြားပေမည်။ နောက်ဆုံး ကုန်ဘောင်ဆက် မဟာရာဇ ၀င်ကြီး တတိယအတွဲ စာမျက်နှာ
၈၆- ၈၈ အရ ဦးဘိုင်ဆပ် ၊ ဦးပိန်နှင့်တကွ ငရွှေဘော်၊ ငမှုန် ၊ ငရှင်ကလေး၊ ငကျားကြီး၊ ငကြံ တို့ ကွပ်မျက်ခြင်း
ခံရပေသည်။ တစ်နေ့သောအခါ ပုဂံမင်း ကိုယ်တိုင် သူအချစ်ဆုံး ဦးဘိုင်ဆပ်ကို မသတ်ချင်ဘဲ သတ်ခဲ့ရကြောင်း
အင်းဝရောက် သံ တွင် ဖေါ်ပြထားပါသည်။

ဒါတွေကတော့ ဦးဘိုင်ဆပ်၊ ဦးပိန်တို့ ကို မလိုမုန်းတီစွာ မကြာခဏ အရေးယူခံရခြင်းရဲ့ အဓိက အချက် များသာ
ဖြစ်ပါတယ်။

http://islaminmyanmar.blogspot.com Page 5
ဦးပိန်တံတား သမိုင်းစကား မမှားစေဖို့

မင်းလိုလိုက် မင်းကြိုက်ေ ဆာင်ရာတွင် အခွင့်အရေး ယူကောင်း ယူခဲ့ နိုင်ပါသည်။ သို့သော် အာဏာသိမ်းရန်


ကြံစည်သည်ဟူသော အရေးအသားမှာ သမိုင်းတွင် ရှာမတွေ့ခဲ့ရပါ။ ဦးဘိုင်ဆပ် ကွပ်မျက်ခံရပြီးနောက် ဘုရင့်
ယောက်ဖ ဦးကျောက်လုံး ရွှေမြို့တော် ၀န် ဖြစ်လာခြင်းဖြင့် ဦးဘိုင် ဆပ်အပေါ် အထင်အမြင် လွဲမှားစေသော အ
ရေးအသားများမှ မည်သူဘက်ကနေ လာခဲ့သည်ကို သိရှိလောက်ပြီဟု ယူဆပါသည်။ ပုဂံမင်းသစ္စာခံ ဘ က
တော်သား ဆူးငြောက်ခုတ်အားလုံးကို တောရှင်း ထားပြီဖြစ်သောကြောင့် ပုဂံမင်းအား လွယ်လင့်တကူ နန်းချ
နိုင်ခဲ့လေသည်

မှားယွင်းတဲ့ အကိုးကားတွေ ထ င်ရာစွပ်စွဲ လွဲမှားတဲ့ကောက်ချက်တွေကို တစ်ဖတ်သတ် ရေးကြတာေ တွဟာ


မကြာခဏ တွေ့ရပါတယ်။

၁၉၉၈ ခုနှစ၊် သြဂုတလ


် ထုတ် ရနံသစ်မဂ္ဂဇင်းမှာ မောင် ၀မ်းဆန်း (သံဖြူဇရပ်) က မြို့ ၀န်ဘိုင်ဆပ်၊ တောင်သ
မာန်အင်းဖြတ် ဦးပိန်တံတားအကြောင်း တစ်လွဲတွေေ ရးလို့ စာရေးသူက အိတ်ဖွင့်ပေးစာလေးတစ်ခု ရေးပေးဖုး
တယ်။ အခုတစ်ခါ ၁၆.၉.၂၀၀၉ ထုတ် News Watch Weekly စောင့်ကြည့်သတင်းဂျာနယ်မှာ ယဉ်ကျေးမှု
အမွေခံ တောင်သမာန် တံတာကြီး ဂုဏ်ဒြပ်ဆိုတဲ့ခေါင်းစဉ်နဲ့ တစ်လွဲရေးသား လာပြန်ပါတယ် ။ သမိုင်းတစ်ခေတ်
မှာ သူဘက်ကိုယ်ဘက် ပြသနာတွေ အကြားမှာ ကိုယ့်အုပ်စု မဟုတ်ရင် စွပ်စွဲ ပုတ်ခတ်ရေး တက်ကြတဲ့ အစဉ်
အလာအရ ရေးသားထားတဲ့ သို့မဟုတ် စွပ်စွဲပြောဆိုတ က်တဲ့ အတင်းစကားတွေကို အလေးထား ရေး သားလာ
ကြတော့ မလိုလားအပ်တဲ့ အထင်အမြင် လွဲမှားမှုတွေ ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် ဘယ်စာေ ရး ဆရာပဲဖြစ်ဖြစ် တိုင်းရင်းသား၊ နိုင်ငံသား မြန်မာမွတ်စလင်အကြောင်း ရေးတော့မယ်


ဆိုရင် ၁၉၅၉ ခုနှစ်ထုတ် ရာဇ၀င် ပါမောက္ခ ရွှေပြည်ဆရာဦးဘတင် တည်းဖြတ်ပြီး ရာဇ၀င်သုတေသီဆရာကြီး
ရွှေဘဥ
ီုးဘဦးရေးတဲ့ ရွှေ မန်း အနှစ်တစ်ရာပြည့် ဗမာမွတ်စလင်တို့ ၏ အထ္တု ပတ္တိ စာအုပ်အပါအ ၀င် ဆရာချယ်
တို့ ပသီဦးကိုကိုလေးတို့လိုသမိုင်းသုတေသီတွှေရဲ့ စာအုပ်တွေကိုလည်း လေ့လာပြီးမှ ရေးသားသင့်ကြပါတယ်။
ဒါမှလည်း ကျွန်တော်တို့ရဲ့ မြန်မာယဉ်ကျေးမှုအမွေကို အားလုံး ၀ိုင်းဝန်းထိန်းသိမ်းနိုင်ကြမှာ ဖြစ် ပါကြောင်း
တင်ပြရင်းလိုက်ရပါတယ်………..

စာရေးဆရာ မောင်သဲနီ တင်ပြသည်။ မွတ်စလင်သတင်းစဉ် မှကူးပါသည်။

Source: MMSY

http://islaminmyanmar.blogspot.com/2012/03/blog-post_967.html

http://islaminmyanmar.blogspot.com Page 6

You might also like