BRICS Plus (M-1)

You might also like

Download as pdf or txt
Download as pdf or txt
You are on page 1of 49

BRICS Plus နှင့် ကမ ာ္ဘ ့အနာဂတ်ကို သုံးသပ်တင်ပြချက်

၁။ ။ မိတ်ဆက်
တရုတ်နှင့် အိန္ဒိယတို့၏ အရှိန်အဟုန်ကြီးမားသော ဖွံ့ဖြိုးမှု
တိးု တက်နှုနး် လူဦးရေပမာဏနှင့် တိက
ု ရ
် က
ုိ အ
် ချ ိုးကျသော အနာဂတ်
ဈေးကွကအ
် လားအလာနှင့် နည်းပညာပိုင်းဆိုင်ရာ ထွန်းကားတိုးတက်မှု
တို့သည် ကမ္ဘာ့အနာဂတ်ပုံစံကို သွန်းလောင်းမည့် အဓိကအင်အားစုတို့
အဖြစ် ရှုမြင်လာကြပါသည်။
ထိုနိုင်ငံကြီး နှစ်နိုင်ငံအပါအဝင် စစ်ရေးအင်အားကြီး ရုရှားပါ
ပါဝင်လာသည့် စုဖွဲ့မှုဖြစ်သည့် BRICS စုဖွဲ့မှုသည် ဖွံ့ဖြိုးဆဲနိုင်ငံများ
အင်အားစုကြီး တစ်ခုလုံးနှင့် ချဲ့ထွင်လက်တွဲလျက် ပိုမိုမျှတ တန်းတူ
နိုင်ငံကြီးငယ်ခွဲခြား အသာစီးမယူသည့် ကမ္ဘာ့အထိုင်သစ် New Global
Order တစ်ခုဆီသို့ ကြိုးပမ်းပြောင်းလဲသွားလိမ့်မည်ဟု ယူဆချက်များ
ထွက်ပေါ်လျက်ရှိပါသည်။
ထိုအရွေ့သည် ယခုလက်ရှိ အမေရိကန်ကို ဗဟိုပြုသည့် ဖွံ့ဖြိုးပြီး
အနောက်နိုင်ငံများ ဦးဆောင်ချရပ်ထားသည့် ကမ္ဘာ့အထိုင် Global Order
မှ မည်မျှ/မည်သို့ ကွဲပြားခြားနားသည့် အထိုင်သစ်တစ်ခုဆီ ရွေ့လျားနေ
သနည်း?
မည်မျှ လျင်မြန်စွာ ဖြစ်ပေါ်လာနိုင်သနည်း?
စသည့် ဖြစ်နိုင်ချေများကို ဆန်းစစ်သုံးသပ် ကောက်ချက်ယူခြင်းဖြင့်
မြန်မာ့ရေရှည် ရပ်တည်ချက်နှင့် အထိုင်ချရပ်မှုဆိုင်ရာ ရွေးချယ်မှုများ
အတွက် အထောက်ကူပြုနိုင်ပါလိမ့်မည်။
2 pma&;ol

ထိုသို့ ဆန်းစစ်ရာတွင် ပြောင်းလဲမှုကို တောင်းဆို လိုလားသူ


အင်အားစုနှင့် လက်ရှိဖြစ်တည်မှုကို တတ်နိုင်သမျှ ထိန်းသိမ်းရယူထား
လိုသူ အင်အားစုတို့အကြား အားပြိုင်မှုများ ဖြစ်ပေါ်မှုနှင့် ထိုအားပြိုင်မှု
များ၏ ရိုက်ခတ်မှုတို့က ယနေ့ ကမ္ဘာ့လှုပ်ရှားပြောင်းလဲမှု Dynamics
များကို သရုပ်ဖော်နေမှုတို့ကို ဗဟိုပြု လေ့လာသုံးသပ်ပါမည်။
ဤလေ့လာမှုတွင် အားပြိုင်ရိုက်ခတ်မှုများ၏ ဗဟိုပြုရာ ပင်မ
ဝန်ရိုးကြောင်း (၄)ရပ်ဖြစ်သည့်
(က) အမေရိကန် တစ်ကိုယ်တော် ဦးဆောင်ကမ္ဘာ Unipolar
World မှ အင်အားဖြန့်ခွဲ ယှဉ်တွဲအတူရပ်တည်ကြသည့်
Multi-polar World ဆီသို့ ပြောင်းလဲနေသည့် အရွေ့နှင့်
ရုန်းကန်မှုများ၊
(ခ) အမေရိကန်ဒေါ်လာ၏ အဓိကကျမှုနှင့် ထိုသို့ဖြစ်တည်မှု
အပေါ်မှ အခွင့်ထူးခံမှု ဖိအားပေးရေး လက်နက်အဖြစ်
အသုံးချနိုင်မှုတို့နှင့် ထိုဖြစ်တည်မှုကို ချေဖျက် အားပျော့စေ
ရေး ကြိုးပမ်းရုန်းကန်မှုများ၊
(ဂ) ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူ (၅)ချက် အခြေခံ
သည့် အခွင့်အရေးတန်းတူမှုနှင့် တရားမျှတမှုရှိသော ကမ္ဘာ့
အထိုင်သစ် ပုံဖော်ရေးနှင့် ထိုကြိုးပမ်းမှုအပေါ် စိန်ခေါ်ချက်
များနှင့်
(ဃ) တရုတ်ကို ထိန်းချုပ်ဝိုင်းပယ်ရေး အမေရိကန်၏ ကြိုးပမ်းမှု
များနှင့် ထိုလုပ်ရပ်များကြောင့် ဂလိုဘယ်လိုက်ဇေးရှင်း
အပေါ် ထိခိုက်ပုံပျက်စေမှုနှင့် ထိုထိခိုက်ပုံပျက်မှုများကို
တုံ့ပြန်ရင်ဆိုင်၍ ပုံစံသစ်ဖော်ဆောင်တည်ဆောက်မှုများ
တို့အပေါ် အခြေခံလေ့လာသုံးသပ်ခြင်းဖြင့် ယနေ့ကမ္ဘာ့
ရင်ဆိုင်အားပြိုင်မှုများ၏ ဖြစ်ပေါ်မှုနှင့် ထိုဖြစ်ပေါ်မှုတို့မှ
ရိုက်ခတ်မှုများကို ပိုမိုထင်ရှားစွာ ရှုမြင်လာနိုင်ပါလိမ့်မည်။
ယခု လေ့လာသုံးသပ်မှုတွင် တင်ပြပါ အားပြိုင်မှုများကို ရင်ဆိုင်
လျက် BRICS ၏ တိုးချဲ့ကြီးထွားနိုင်မှု အလားအလာနှင့် ၎င်းတို့၏ အနာ
pmtkyftrnf 3

ဂတ် ကမ္ဘာ့အထိုင်ကို ပြောင်းလဲပုံဖော်ရေး မျှော်လင့်ချက်တို့၏ ပေါက်


မြောက်နိုင်ချေများကို တတ်နိုင်သမျှ တွက်ဆသုံးသပ် တင်ပြသွားပါမည်။

၂။ ။ နိဒါန်း

ယနေ့ BRICS
BRIC ဟု နောင်တွင် အတိုကောက် ခေါ်တွင်လာမည့် Brazil,
Russia, India, China လေးနိုင်ငံ ပါဝင်သည့် အုပ်စုသည် အနာဂတ်
ကမ္ဘာ့စီးပွားရေးကို (၂၀၅၀ ခုနှစ်ခန့်တွင်) စိုးမိုးလိမ့်မည်ဟု ကမ္ဘာကျော်
စာရင်းအင်းနှင့်ဘဏ္ဍာရေး စီမံခန့်ခွဲမှု လုပ်ငန်းကြီး Goldman Sachs ၏
စီးပွားရေးပညာရှင် Jim O'Neil က ၂၀၀၁ ခုနှစ်ကတည်းက ကြိုတင်
ဟောကိန်းထုတ်ခဲ့ပါသည်။
နောက် ငါးနှစ်အကြာ ၂၀၀၆ ခုနှစ်တွင်တော့ သူ ပြောခဲ့သည့်
လေးနိုင်ငံက အမှန်တကယ် စုဖွဲ့မိပြီး BRIC ဆုံစည်းမှု FORUM တစ်ခု
ပေါ်ပေါက်လာသည်။ ၂၀၀၉ခုနှစ်တွင် တောင်အာဖရိကကို ထပ်မံလက်ခံ
ခဲ့သဖြင့် ငါးနိုင်ငံပါဝင်သော BRICS ဖြစ်လာသည်။
ယခုအခါတွင် အီရန်၊ အာဂျင်တီးနားအီဂျစ်၊ တူရကီနှင့် ဆော်ဒီ
အာရေဗျတို့က ၂၀၂၃ ခုနှစ်အတွင်း အဖွဲ့ဝင်သစ်များအဖြစ် ရောက်ရှိလာ
လိမ့်မည်ဟု ရုရှား သတင်းဌာနများက ဆိုကြသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက်နေ့မှာတော့ ရုရှားနိုင်ငံခြားရေး
ဝန်ကြီး ဆာဂျ ီလာရောဗ်က တစ်ဒါဇင်ထက် မနည်းသော နိုင်ငံများက
BRICS တွင် ပါဝင်လာလိုနေကြသည်ဟု ထပ်မံထုတ်ဖော် ပြောကြားခဲ့
သည်။ ထိုစုစည်း အားဖြည့်လာမှုတို့ကြောင့် BRICS ၏ အင်အားကြီးထွား
စိုးမိုးမှုသည် ၂၀၅၀ ထက်ဆောလျင်စွာ ဖြစ်ပေါ်လာလိမ့်မည်ဟု မှန်းဆ
နိုင်ကြပါပြီ။
BRICS သည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကြီးမားသော အရှိန်အဟုန်ဖြင့်
ဖွံ့ဖြိုးတိုးတက်နေသည့် စုစည်းအင်အားတစ်ခုအဖြစ် ရောက်ရှိလာနိုင်ရန်
တာစူနေပြီဟုလည်း ဆိုနိုင်ပါသည်။ အဓိက ရေနံရောင်းနိုင်ငံများကလည်း
4 pma&;ol

ပေါင်းစည်းပါဝင်လိုမှု ရှိလာခြင်းက အရေးပါလှသည်။


ကမ္ဘာ့ငွေကြေး၊ လောင်စာနှင့် စားနပ်ရိက္ခာ စသည့် မဟာဗျူဟာ
ကုန်စည်များကို ထိန်းချုပ်နိုင်စွမ်းရှိမည့် အင်အားစုတစ်ခုနေရာသို့
ဦးတည်နေသည်ဟုလည်း စုဖွဲ့လာမည့် အလားအလာအရ တွက်ဆနိုင်
နေပြန်ပါသည်။
BRICS ၏ လက်ရှိအဖွဲ့ဝင် ငါးနိုင်ငံအပါအဝင် ဝင်ရောက်လိုသည့်
နိုင်ငံများ၏ တူညီသော သဘောထားမှာ အမေရိကန်တစ်ကိုယ်တော်
ဦးဆောင်ထိန်းချုပ်သည့် ကမ္ဘာ Unipolar World မှသည် အင်အားစု
များအတွင်း ထိန်းညှိယှဉ်တွဲ နေထိုင်ရပ်တည်ကြသည့် ကမ္ဘာ Multi-
polar World အဖြစ်သို့ ကူးပြောင်းရောက်ရှိရေးပင် ဖြစ်ပါသည်။
ယခုနှစ် ပြုလုပ်ခဲ့သော နောက်ဆုံး BRICS ထိပ်သီးညီလာခံမှ
သဘောတူထုတ် ပြန်ချက်တို့အရ ထိုသဘောထားက ပိုထင်ရှားလာသည်။
[နောက်ဆက်တွဲ ( က)]
ယနေ့ ကမ္ဘာကို အုပ်စီးထားသည့် အမေရိကန်က စစ်ရေးအရ
စိုးမိုးမှု Military Hegemony စီးပွားရေးအရ စိုးမိုးမှု Economic
Hegemony နှင့် နည်းပညာအရ စိုးမိုးမှ Technological Hegemony
တို့ကို ဖိအားပေးရေး လက်နက်အဖြစ် အခြားနိုင်ငံများက သြဇာနာခံလာ
အောင် အသုံးချကိုင်တွယ်နေမှုအပေါ် တုံ့ပြန်ရင်ဆိုင်ရေး ကြိုးပမ်းမှုများ၏
ဦးဆောင်မှုကို ရယူထားသော အင်အားစုတစ်ခုအဖြစ်လည်း BRICS ကို
ရှုမြင်ထားကြပါသည်။
(ရည်ညွှန်းစာအချ ို့ကို ကိုးကားစာရင်းအဖြစ် ဖော်ပြပေးထားပါ
သည်)
ယနေ့ BRICS ငါးနိုင်ငံ၏ ပူးပေါင်းမှုသည် ကမ္ဘာ့လူဦးရေ၏
၄၁.၅% ကမ္ဘာ့မြေပြင်၏ ၂၆.၇% ကမ္ဘာ့ GDP ၏ PPP အခြေခံ တွက်
ချက်မှုအရ ၃၁.၂% ၊ ဒေါ်လာနှုန်းဖြင့် တွက်ချက်မှု Norrminal အရ ၂၆.၂%
ရှိနေသည့် စုစည်းမှုတစ်ရပ် ဖြစ်လာပါသည်။
အရှိန်အဟုန်ဖြင့် စီးပွားတိုးတက်နေဆဲ စီးပွားရေးအင်အား
Developing Economies, ကြီးထွားလာနေသည့်ဈေးကွက် Emerging
pmtkyftrnf 5

Markets ကြီး ငါးရပ်၏ စုစည်းမှုသည် ကမ္ဘာ့ထိပ်သီး စက်မှုနိုင်ငံကြီး (၇)


နိုင်ငံ G7 အတွက် အဓိက စိန်ခေါ်မှုတစ်ခု ဖြစ်လာနေသည်ဟု လေ့လာ
သုံးသပ်သူ အများအပြားက ဆိုကြပါသည်။ အထူးသဖြင့် G7 အဖွဲ့ဝင်နိုင်ငံ
များမှ လေ့လာသုံးသပ်သူတို့က G7 ၏ ကမ္ဘာကို ဦးဆောင်မှု၏ အနာဂတ်
အတွက်ပူပင် မျှော်တွေး သုံးသပ်ကြပါသည်။
BRICS အဖွဲ့ဝင်သစ်အဖြစ် လက်ခံရရှိရေးအတွက် Saudi Arabia,
UAE, Argentina, Egypt, Kazakhstan, Nigeria, Senegal, Indonesia
နှင့် Thailand တို့နှင့်ပါ နီးကပ်စွာ ဆွေးနွေးပူးပေါင်းလာနေကြသဖြင့်
BRICS ၏ တိုးချဲ့မှုသည် ကျယ်ပြောသော တိုးချဲ့ကြီးထွားမှု တစ်ခုဆီသို့
ဦးတည်နေပြီဟု ဆိုနိုင်နေပါသည်။

၃။ ။ ဘရစ် BRICS ၏ ဝိသေသများ


BRICS ၏ လက်ရှိငါးနိုင်ငံ အုပ်စုသည် အခြားသော အုပ်စုများနှင့်
မတူညီသော အောက်ပါ အခြေခံများ ရှိနေသည်။
အနောက်အုပ်စုဝင်မဟုတ်သော အင်အားအကြီးဆုံး သုံးနိုင်ငံဖြစ်
သည့် တရုတ်၊ အိန္ဒိယနှင့် ရုရှားတို့ ပေါင်းစည်းပါဝင်ထားခြင်း။
အဖွဲ့ဝင်ငါးနိုင်ငံလုံးသည် ဖွံ့ဖြိုးဆဲနိုင်ငံအဆင့်တွင်သာ ရှိနေသေး
သော်လည်း G20 အဆင့်ဝင် စီးပွားရေးအင်အားကြီးနိုင်ငံများ ဖြစ်နေကြ
ခြင်း။
အာရှ၊ အာဖရိက၊ ဥရောပနှင့် တောင်အမေရိက တိုက်ကြီး လေး
တိုက်တွင် ဖြန့်ခွဲတည်နေခြင်း၊ (ဒေသရပ်ဝန်းတစ်ခုကို အခြေမခံခြင်း)။
နိုင်ငံတစ်ခုချင်းစီက မိမိဝန်းကျင်နိုင်ငံများနှင့် ဒေသတွင်း ပေါင်း
စည်းစုဖွဲ့မှု Regiornal Integration ကို ဦးဆောင်စုဖွဲ့ထားရှိပြီး ဖြစ်ကြ
သည့် အုပ်စုများ၏ အုပ်စုကြီးIntegration of Integrations အသွင်ဆောင်
ယူခြင်း။
တစ်နိုင်ငံချင်းစီတွင် ကွဲပြားသည့် ကိုယ်ပိုင်နိုင်ငံရေးနှင့် စီးပွားရေး
စနစ် ယဉ်ကျေးမှုထုံးတမ်း စံနှုန်းများ ရှိနေကြခြင်း။
အမေရိကန်နှင့် အနောက်အုပ်စု၏ သီးခြားဦးဆောင် ကြိုးကိုင်
6 pma&;ol

သည့် Unilateralism မှ ဖယ်ခွာ၍ ပေါင်းစည်း လက်တွဲ ဖော်ဆောင်ကြသည့်


Multilateralism သဘာဝဖြစ်တည်ရေး ကြိုးပမ်းလိကု ြသူများ ဖြစ်ကြခြင်း။
နိုင်ငံအသီးသီး၏ ဖွံ့ဖြိုးတိုးတက်လာရာ လမ်းကြောင်းသည်
အမေရိကန်ဦးဆောင် ချမှတ်ပုံဖော်ပေးသော လူမှုစီးပွားရေး ပုံဖော်မှုနှင့်
ထောက်ကူမှုများအပေါ် မှီခိုကျင့်သုံးထွန်းကား တိုးတက်လာကြခြင်း
မဟုတ်ကြဘဲ မိမိကိုယ်ပိုင်မူဟန်နှင့် လွတ်လပ်စွာ ကျင့်သုံးလာကြသည့်
နိုင်ငံများဖြစ်ကြခြင်းနှင့် မိမိတို့၏ ဖွံ့ဖြိုးတက်ရေးစီးပွားရေးမြှင့်တင်မှုနှင့်
အမှီအခိုကင်းရှင်းမှုတို့ကို ထိန်းသိမ်းမြှင့်တင်နိုင်ရေး ရည်မှန်းချက်ကိုသာ
ရှေးရှုသည့်စုဖွဲ့မှု ဖြစ်ခြင်းတို့ကို တွေ့မြင်နိုင်ပါသည်။ ထို့ကြောင့် အခြား
သော အုပ်စုတို့နှင့် ယှဉ်ထိုးပါလျှင် EU, ASEAN, BIMSTEC, EAEU စသည့်
စုဖွဲ့မှုမျ ိုးများကဲ့သို့ ဒေသတစ်ခုခုကို အခြေခံစုစည်းခြင်းလည်း မဟုတ်
သလို G7, G20 တို့ကဲ့သို့ နေအင်အား စသည့် အဆင့်သတ်မှတ်ချက်တစ်ခု
အရ စုစည်းခြင်းလည်း မဟုတ်ပြန်ပါ။
AUKUS, QUAD တို့လို နိုင်ငံတစ်ခုကို ဦးတည်ရင်ဆိုင်ရန် ရည်ရွယ်
ခြင်းလည်း မရှိပါပေ။ NATO, WASAW တို့ကဲ့သို့ စစ်အုပ်စုမဟုတ်သလို
စနစ်တစ်ခု သဘောတရားတစ်ခုကို ဝိုင်းဝန်းမြှင့်တင်ကာကွယ်ရေး
သဘောထားလည်း မပါပါချေ။
+++BRICS သည် မိမိတို့၏ လွတ်လပ်စွာ ယုံကြည်ပိုင်ခွင့်၊ ရွေးချယ်
ပိုင်ခွင့်နှင့် တန်းတူရည်တူရှိမှု၊ မျှတမှုနှင့် ဖိအားပေးအကျပ်ကိုင်မှု၊ အနိုင့်
အထက်ပြုမှုတို့ကို စုပေါင်းရင်ဆိုင် ကာကွယ်နိုင်စွမ်းနှင့် လွတ်လပ်စွာ
ယှဉ်ပြိုင်ကြီးထွား တိုးတက်ပိုင်ခွင့်အဝဝကို ထိုးနှက်ဖိနှိပ်လာခြင်းတို့ကို
တန်ပြန်နိုင်စွမ်းအတွက် အင်အားကြီးငယ်မဟူ တန်းတူစုစည်း အပြန်
အလှန် အကျ ိုးစီးပွားမြှင့်တင်ရေးသည်သာ အဓိကထားရှိသည့် အင်အားစု
တစ်ခု၏ ထူးခြားအသွင်ဖြင့် ထင်ရှားတည်နေသည်ဟု ခြုံငုံသုံးသပ်နိုင်
ပါသည်။+++
pmtkyftrnf 7

၄။ ။ အဓိကအဖွ့ဲ ဝင် သုံးနိုင်ငံတို့၏ တစ်နိုင်ငံချင်းစီမှ BRICS အပေါ်


မျှော်လင့်ချက်များ

(က) တရုတ်နိုင်ငံ
တရုတ်သည် ပိုမိုတရားမျှတ၍ ခွဲခြားအခွင့်အလမ်း သာလွန်မှုရယူ
ခြင်းကင်းသည့် မိမိတို့ ကိုယ်ပိုင်ဟန်ပန် ယဉ်ကျေးမှုထုံးတမ်းများနှင့်
လွတ်လပ်စွာ ရပ်တည်နိုင်ကြသော ကမ္ဘာ့အထိုင်သစ်တစ်ခုကို ပုံဖော်ရန်
ကြိုးပမ်းနေသည့် အဓိကအင်အားကြီးနိုင်ငံ ဖြစ်ပါသည်။
ထိုပုံဖော်မှုကို (တရုတ်၊ မြန်မာနှင့် အိန္ဒိယ သုံးနိုင်ငံ စတင်ချမှတ်
ခဲ့သည့်) ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူ (၅) ရပ်ကို အခြေခံရေးဆွဲ
ပုံဖော်ရမည်ဟု မြဲမြံစွာ ယုံကြည်ဖော်ဆောင်လျက်ရှိပါသည်။
နှစ်နိုင်ငံ ဆက်ဆံရေး Bilateral Relations တို့တွင်လည်း အဆို
ပါ မူ(၅)ရပ်ကို အခြေခံလျက် အပြန်အလှန် လေးစားလက်ခံမှု Mutual
Respect နှင့် နှစ်ဦးနှစ်ဖက် အပြန်အလှန် အကျ ိုးပြုစေခြင်း Win-Win
Situation စသည့် မူဘောင်သုံးရပ်အပေါ် အခြေခံရမည်ဆိုသည့် ရပ်တည်
ချက် ထားရှိပါသည်။
အထက်ပါ မူဘောင် သုံးရပ်အပေါ် အခြေခံလျက် ၂၀၂၁ ခုနှစ်တွင်
(၇၆)ကြိမ်မြောက် United Nations General Assembly တွင် ကမ္ဘာလုံး
ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အခြေခံတည်ဆောက်ရေး အဆိုပြုချက်
"Global Development Initiatives GDI" ကို လည်းကောင်း၊ ၂၀၂၂ ခုနှစ်
Boao Forum for Asia Annual Conference တွင် ကမ္ဘာလုံးဆိုင်ရာ
လုံခြုံရေးအတွက် အခြေခံထူထောင်တည်ဆောက်ရေး အဆိုပြုချက်
"Global Security Initiatives G5I" ကိုလည်းကောင်း တင်သွင်းလာပါ
သည်။ [နောက်ဆက်တွဲ(ခ)]
တင်ပြပါ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူငါးရပ် အပါအဝင်
အခြေခံသဘောထားသုံးရပ်နှင့် အဆိုပြုချက်နှစ်ရပ် (GSI & GDI) တို့
သည် လက်ရှိတရုတ်တို့၏ ပုံစံသစ် ကမ္ဘာ့အထိုင် ပြန်လည်ဖော်ဆောင်ရေး
ပုံဖော်မှု၏ မူဘောင်ပိုင်းဆိုင်ရာ ကျောရိုးမဏ္ဍိုင် ဖြစ်လာပါသည်။
8 pma&;ol

ရုပ်ပိုင်းဆိုင်ရာ ဖော်ဆောင်မှုအနေနှင့် (BRI) Belt and Road


Initiatives စီမံကိန်းကြီးဖြင့် ရထားလမ်း ကွန်ရက်များကို အာရှ၊ ဥရောပ
တိက
ု မ
် ကြီးနှစခ
် တ
ု စ်ဝန်း ချ ိတ်ဆက်ဖောက်လပ
ု ခြ
် င်းနှင့် ထိက
ု န
ု း် တွငး် ပတ်
လမ်းကွနရ
် က်ကုိ ရေကြောင်းပို့ဆောင်ရေးကွန်ရက်အတွက် ဆိပ်ကမ်းမြို့
တို့တွင် ဆိပ်ခံများ တည်ဆောက်ပေးနေသည်။
ကမ္ဘာ့သမိုင်းတွင် အကြီးမားဆုံး နိုင်ငံတကာ ကုန်စည်ဖြန့်ဖြူးရေး
ကွန်ရက်ကြီး ဖြစ်လာသည်။ ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံများ
မူဘောင်များကို တည်ဆောက် ထူထောင်မှုနှင့်အတူ အင်စတီကျူးရှင်း
ဆိုင်ရာ ပုံဖော်မှုများဖြစ်သည့် Policy. Coordination စီးပွားရေးမူဝါဒ
ဆိုင်ရာ ညှိနှိုင်း ပေါင်းစပ်ခြင်း၊ Facilitate Connectivity. ဆက်သွယရေ
် းနှင့်
ပို့ဆောင်ရေးဆိုင်ရာ ဖြည့်ဆည်းမှုများ ထူထောင်တည်ဆောက်ခြင်း၊
Financial Integration ငွေကြေးရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်
ရွက်ခြင်း၊ Unimpeded Trade ကုန်သွယ်မှုဆိုင်ရာ နှောင့်ယှက်ထိန်းချုပ်မှု
များ ဖယ်ရှားခြင်းနှင့် People to People Bonds ပြည်သူများချင်း
လက်တွဲပေါင်းစည်းမှု ပုံဖော်ခြင်းဆိုသည့် အလွှာစုံပေါင်းစပ် လက်တွဲမှုတို့
ကို တွဲစပ်ဖော်ဆောင်လျက် ရှိပါသည်။
တရုတ်ကြိုးပမ်း ပုံဖော်လျက်ရှိသည့် Globalizationသည်ကား
ကမ္ဘာလုံးဆိုင်ရာ ပေါင်းစည်းမှုပုံစံသည် အနောက်အုပ်စု ပုံဖော်ထားသော
ကမ္ဘာမှုပြုပုံစံနှင့် ခြားနားလှသည်။ မိမိတို့ ယဉ်ကျေးမှုနှင့် စံနှုန်းများ၊
သဘောတရားနှင့် မူဝါဒဆိုင်ရာ လွှမ်းမိုးချုပ်ကိုင်မှုအောက်သို့ အခြား
နိုင်ငံ အားလုံးကို ဇွတ်သက်ဝင် တစ်သားတည်းဖြစ်လိုမှု Universalism မှ
ဖယ်ခွာ၍ မိမိကိုယ်ပိုင်သဘောတရား၊ ဟန်ပန်၊ ယဉ်ကျေးမှုနှင့် ထုံးတမ်း
စံနှုန်းများကို ထိန်းသိမ်းမြှင့်တင်ခွင့်ကို လေးစားသော Pluralism ကို
တည်ဆောက်ရန် ဖြစ်သည်။ စွက်ဖက်သြဇာတည်ဆောက်မှုကင်းသော
တည်ဆောက်လက်တွဲမှုတစ်ခု ဖြစ်လာမည်ဟု ရှီကျင်းဖျင်က ၂၀၁၇
"ဒါဗို့စ်ဖိုရမ်တွင် ရှင်းလင်းစွာ ထုတ်ဖော်ပြောဆိုခဲ့ပါသည်။ (နောက်ဆက်
တွဲ (ဂ)]
ထိုစံပြုပုံစံ ပေါင်းစည်းမှု Pluralrism သည် တရုတ်၊ ရုရှား၊ အိန္ဒိယ
pmtkyftrnf 9

အပါအဝင် ဘက်မလိုက်ကြားနေ အမှီအခိုကင်းရှင်းစွာ ထူထောင် ဖွံ့ဖြိုး


လာကြသော ဖွံ့ဖြိုးဆဲနိုင်ငံများ၏ သဘောထား လိုလားချက်များနှင့်
တိုက်ဆိုင်ကိုက်ညီနေပါသည်။
ထို့ကြောင့် အနောက်တိုင်း၏ အမှီခိုကင်းစွာ ကြီးထွားဖွံ့ဖြိုးနေ
ကြသော အဓိကနိုင်ငံကြီး သုံးနိုင်ငံနှင့် ဘရာဇီး၊ တောင်အာဖရိကတို့
ပေါင်းစည်းမှုသို့ ဖွံ့ဖြိုးဆဲနိုင်ငံများစွာ ပေါင်းစည်းလာမည့် အလားအလာ
များ ကောင်းမွန်လာသည်။
ဤသို့ဖြင့် BRICS ၏ Pluralism သည် ကမ္ဘာမှုပြုရေး အစီအစဉ်
သစ် "New Globalization"နှင့် ကမ္ဘာ့အထိုင်သစ် "New Global Order"
ချမှတ်ပုံဖော်ရေး၏ အဓိကရေစီးကြောင်း ဖြစ်လာရပါသည်။
အမေရိကန်ချုပ်ကိုင်ထားသော ကမ္ဘာ့ဘဏ်နှင့် IMF တို့ကို တန်
ပြန်ထိန်းညှိရန်ထူထောင်ထားသော BRI စီမံကိန်းအခြေခံ AIIB ဘဏ်နှင့်
BRICS အခြေခံ New Development Bank NDB တို့မှာလည်း တစ်ကိုယ်
တော် ချုပ်ကိုင်စိုးမိုးမှု Unilateralism အဆုံးသတ်နိုင်ရေး ရည်မှန်းချက်
အတွက် ကနဦးခြေလှမ်းများ ဖြစ်နေပြန်ပါသည်။
လက်ရှိအမေရိကန် ကျင့်သုံးနေသည့် တရုတ်နှင့် လမ်းခွဲရေး အစီ
အစဉ်နှင့် ရုရှားအား ဖြတ်တောက်ပိတ်ဆို့ရေး အစီအစဉ်တို့ကို ဆန့်ကျင်
ရပ်တည်ရေးအတွက် BRICS စုစည်းမှုကို အသုံးချနေသည်ဟူသော အဆို
မျ ိုးများကလည်း စိတ်ပါဝင်စားစွာ လေ့လာသုံးသပ်ရန် ဖြစ်လာပါသည်။
တရုတ်အတွက် မိမိ၏ အိမ်နီးချင်းလည်းဖြစ်၊ အနာဂတ်၏ အင်အားကြီး
လည်း ဖြစ်လာမည့် အဆင်မပြေ တင်းမာမှုအမျ ိုးမျ ိုး ရှိနေဆဲဖြစ်သော
အိနယ
ိ္ဒ နှင့် ပုမ
ံ န
ှ ဆ
် က်ဆရေ
ံ း ပြန်လည်ထထေ
ူ ာင်နင
ုိ ရ
် န်အတွက် အကောင်း
ဆုံး ဘုံမြေ Common Ground အဖြစ်လည်း BRICS က အသုံးဝင်နေပြန်
သည်။
ယနေ့ အရှေ့နှင့်အနောက် အင်အားချ ိန်ခွင်လျှာ မျှချေအတိမ်း
အယိမ်းသည် အိန္ဒိယ၏ ရပ်တည်မှုအပေါ် များစွာ မှီတည်နေသည်ကို
ငြင်းဆိမ
ု ရနိင
ု ပ
် ါ။ အင်အားချ ိန်ခင
ွ လ
် ျှာအနောက်တင
ုိ း် မှ အရှေ့သိ့ု ပြန်လည်
ယိမ်းနဲ့လာစေရေးအတွက်ရော၊ အနောက်အုပ်စု ကြိုးကိုင် မှီခိုမှုကင်းသော
10 pma&;ol

ကမ္ဘာ့ရပ်ဝန်းကြီး အားကောင်းလာစေရေးအတွက်ပါ အိန္ဒိယနှင့်လက်တွဲ


ရေးသည် တရုတ်ရော ရုရှားအတွက်ပါ အဓိကကျလှပါသည်။ ထိုသို့လက်
တွဲရေးသည် BRICS ပေါင်းစည်းမှုအပေါ်မှာထားရှိသော အဓိကမျှော်လင့်
လိုလားချက် တစ်ခုဟုလည်း တွက်ဆနိုင်ပါသည်။
တရုတ်၏ ကမ္ဘာ့အထိုင်အပေါ် ရှုမြင်ချက်သည် သမ္မတဟူကျင်း
တောင်လက်ထက်နှင့် လက်ရှိ ရှီကျင်းဖျင်လက်ထက်တွင် သိသာထင်ရှား
သော ကွဲပြားမှုများရှိနေသည်ကို သတိပြုမိရန် လိုပါသည်။
ဟူကျင်းတောင်၏ ကမ္ဘာ့မြင်ကွင်းတွင် အခရာကျသောနိုင်ငံကြီး
များ၊ အဓိကကျသော ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် မှန်တမ်းဖွံ့ဖြိုးဆဲနိုင်ငံများဟု
အတန်း ၃ တန်း ခွဲခြား ရှုမြင်ပါသည်။ အခရာကျသော အင်အားကြီး
အနောက်နိုင်ငံများနှင့် ချောမောအဆင်ပြေသော ဆက်ဆံရေးသည်
ပဓာနအဓိကကျသော ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် လက်တွဲရေးက ဒုတိယဖြစ်ပြီး
ဖွံ့ဖြိုးဆဲနိုင်ငံငယ်များ၏ ကဏ္ဍကို နောက်ဆုံးမှ ထားရှိခဲ့ပါသည်။
သမ္မတရှီကျင်းဖျင် လက်ထက်တွင်မူ ဖြစ်ပေါ်တိုးတက်မှုတို့အရ
အခရာဟု သတ်မှတ်ခဲ့သော အင်အားကြီးနိုင်ငံများနှင့် တန်းတူရည်တူ
ဆက်ဆံရေးနှင့် ဖွံ့ဖြိုးဆဲအုပ်စုကို အင်အားကြီး ငယ်မရွေး တန်းတူတန်ဖိုး
ထား လက်တွဲပေါင်းစည်းလျက်ပုံစံသစ် ကမ္ဘာ့အထိုင်တစ်ရပ် ထူထောင်
ရန် ဖြစ်လာသည်။
မူလ ဟူကျင်းတောင် လက်ထက်အထိ ရှုမြင်ချက်နှင့် အလွန်
သိသာစွာ ကွပြ
ဲ ားခြားနားသော ရပ်တည်ဖော်ဆောင်မပ
ှု စ
ံု သ
ံ စ် ဖြစ်ပါသည်။
အပြည်ပြည်ဆိုင်ရာ အစုအဖွဲ့များတွင် ဒီမိုကရေစီကျင့်သုံးမှုကို အခြေခံ
ရမည်ဟုလည်း ရှီက ထုတ်ဖော်ပြောကြားပြီး ဖြစ်ပါသည်။
လက်ရှိ ကမ္ဘာ့စနစ်တွင် ကုလသမဂ္ဂ အထွေထွေညီလာခံလို
အလွန်အဓိကကျသော စင်မြင့်မျ ိုးတွင် နိုင်ငံကြီးငယ်မဟူ တစ်မဲစနစ်ကို
အခြေခံထားပါသည်။ ကုလသမဂ္ဂ အထွေထွေညီလာခံလို အဓိကအပြည်
ပြည်ဆိုင်ရာကွငး် ပြင်တင
ွ ် ရပ်တည်ချက်တသ
ူ ော အင်အားစုကြီးထွားလာ
ရေးသည် ရှီကျင်းဖျင် လက်ထက်တွင် ပိုအဓိကထားလာသော ဦးတည်
ချက် ဖြစ်လာပုံ ပေါ်ပါသည်။ ခြုံငုံသုံးသပ်ရသော်
pmtkyftrnf 11

+++တရုတ်သည် မိမိတို့ ယုံကြည်လက်ခံမှု၊ ဖွံ့ဖြိုးတိုးတက်မှု


ကိုယ်ပိုင်ဟန်ပန်ဖြင့် ပုံဖော်နိုင်စွမ်းရှိမှုတို့ကို ထိန်းချုပ်ဟန့်တား အကျပ်
ကိုင် ဖိနှိပ်ခြင်းတို့မှ တုံ့ကင်းလွတ်နိုင်ခွင့်ကို နိုင်ငံအားလုံး တန်းတူရရှိရေး
အတွက် နိုင်ငံကြီးငယ်မဟူ လက်တွဲတုံ့ပြန်မှုအတွက် စုစည်းမှုကြီးတစ်ခု
အတွက် BRICS သည် အမြုတေအဖြစ် ကနဦးအဆင့်ထား ထူထောင်လို
ဟန် ရှိနေပါသည်+++။

(ခ) အိန္ဒိယနိုင်ငံ
အိန္ဒိယနိုင်ငံသည် စံပြုဘက်မလိုက်(ကြားနေ)ရေးမူဝါဒကို အောင်
မြင်စာွ ကျင့သ
် းံု ရပ်တည်ပြနေနိင
ု သ
် ော နိင
ု င
် ကံ ြီးတစ်ခအ
ု ဖြစ်လည်းကောင်း၊
ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီးအဖြစ်လည်းကောင်း၊ ဖိအားပေး
သြဇာပေးမှု အရပ်ရပ်ကို မတုန်လှုပ် ကိုယ်ပိုင်ရပ်တည်ချက်အတိုင်း
လျှောက်လှမ်းနိုင်သည့် နိုင်ငံတစ်ခုအဖြစ်လည်းကောင်း အခိုင်အမာ
တည်ရှိနေပါသည်။
အနောက်အုပ်စုအတွက်လည်း အိန္ဒိယသည် ဒီမိုကရေစီစနစ်ဖြင့်
အရှိန်အဟုန်ပြင်းပြင်း ဖွံ့ဖြိုးတိုးတက်နိုင်စွမ်းရှိမှုကို သက်သေပြုနိုင်သည့်
ရှားရှားပါးပါး အထောက်အထားတစ်ခု ဖြစ်နေသည်။
တရုတ်၏ BRI ကို မိမိအတွက် ခြိမ်းခြောက်မှုတစ်ခုဟု ရှုမြင်သဖြင့်
ပယ်ချလက်မတွသ
ဲ ော်လည်း SCO Shanghai Cooperation Organization
နှင့် BRICS လို ဖွံ့ဖြိုးဆဲနိုင်ငံများ၏ပေါင်းစည်းမှု၊ အာရှရပ်ဝန်း ပေါင်းစည်း
မှုတို့တွင်မှာတော့ လက်တွဲပါဝင်နေခြင်းက အိန္ဒိယ၏ မူဝါဒရေးရာ လွတ်
လပ်မှုနှင့် တိပမှုကို ဖော်ပြနေပါသည်။
တစ်ဖက်တွင်လည်း တရုတ်၏ ကြီးထွားမှုကို ထိန်းချုပ်ရန် ရည်
ရွယ်သော QUAD တွင် ပါဝင်သော်လည်း Indo-pacific Economic
Frameworks တွင် ပါဝင်ရန် ငြင်းဆိုခဲ့ခြင်းက မိမိအကျ ိုးစီးပွားသည်သာ
ပဓာနဆိုသော ရပ်တည်ချက်ကို ဖော်ပြနေပါသည်။
Multilateralism ကို ယုံကြည်နှစ်လိုခြင်း Unilateral-World ဖြစ်
တည်မှုမှ ဖယ်ခွာလိုခြင်း၊ အင်အားစုများ ဖြန့်ခွဲဖြစ်တည်လာမည့် ကမ္ဘာ
12 pma&;ol

Multi-polar World တွင် အင်အားဝင်ရိုးတစ်နေရာရယူလိုခြင်း အိန္ဒိယ


တိုက်ငယ် India Sub-Continant အား ချုပ်ကိုင်မှု ရယူရေးနှင့် အိန္ဒိယ
သမုဒ္ဒရာကို စိုးမိုးထိန်းချုပ်နိုင်မှုကို ထိန်းသိမ်းထားရှိနိုင်ရေး လိုလားချက်
တို့မှာ အိန္ဒိယ၏မဟာဗျူဟာ ရပ်တည်ချက်တို့ဖြစ်သည်ဟု ဆိုပါသည်။
အိန္ဒိယသည် BRICS တွင် ပါဝင်ရပ်တည်မှုမှနေ၍ ပိုမိုမျှတ တန်း
တူညီမျှသည့် ကမ္ဘာ့ဆက်ဆံရေးအထိုင်သစ် ချမှတ်ရန် ကြိုးပမ်းမှုတွင်
ဦးဆောင်နိုင်ငံတစ်ခုအဖြစ်လည်း ပေါ်ထွက်လာနိုင်ပါလိမ့်မည်။
အနောက်အုပ်စု၏ ဖိအားပေးအကျပ်ကိုင်မှုတို့ကို စုစည်းရင်ဆိုင်
ရာ အခြေခံအင်အားစု တစ်ခုအနေဖြင့် BRICS က ရပ်တည်ရေးတွင်
အိန္ဒိယ၏ပါဝင်မှုက BRICS အတွက် အရေးပါလှသည့် အခြေအနေသည်
အိမ်နီးချင်း တရုတ်၏ ခြိမ်းခြောက်မှုကို တန်ပြန်ရာတွင် ယှဉ်ပြိုင်ခြင်း၏
အခြားတစ်ဖက်မှာ လက်တွဲပေါင်းစည်းရန် လိုအပ်မှုဖြင့်လည်း ဟန့်တား
ထိန်းချုပ်နိုင်သည့် အားသာချက်တစ်ခုကလည်း အိန္ဒိယအတွက် အပိုဆု
ဟု ယူဆနိုင်ပါသည်။
ခြုံငုံသုံးသပ်ရသော်
+++အိန္ဒိယသည် အကြီးမားဆုံး ဒီမိုကရေစီနိုင်ငံဖြစ်ခြင်း၊ ဘက်
မလိုက်ဝါဒကို အောင်မြင်စွာ ကျင့်သုံးနိုင်ခြင်း၊ မိမိကိုယ်ပိုင် ရွေးချယ်မှု
အတိုင်း အချုပ်အချယ် ကင်းရှင်းစွာဖြင့် ရပ်တည်နိုင်ခြင်း၊ မိမိကိုယ်ပိုင်
ဟန်ပန်၊ ကိုယ်ပိုင်ကြိုးပမ်းမှုဖြင့် ဖွံ့ဖြိုးတိုးတက်နေခြင်းနှင့် အနာဂတ်၏
စီးပွားရေးအင်အားကြီး နိုင်ငံအဖြစ်သို့ ရှေးရှုနေခြင်း စသော ထူးခြားသည့်
အခြေအနေကောင်းများကို ပိုင်ဆိုင်ရပ်တည်နေခြင်းက BRICS ၏ အရေး
ပါဆုံး တစ်နေရာကို ရယူစေပါသည်။
တစ်ဖန် အိန္ဒိယအတွက် ထိုအခြေအနေကောင်းများကို ထိန်းသိမ်း
ရန် သူတို့၏ Smart Balancing Strategy အတွက် BRICS သည် ရေခံ
မြေခံကောင်းတစ်ခု ဖြစ်လာရပါသည်+++။

(ဂ) ရုရှားနိုင်ငံ
ရုရှားသည် အနောက်အုပ်စုထံ ခိုဝင်လက်တွဲရေး အစီအစဉ်၏
pmtkyftrnf 13

ရွှေသမင်အလိုက်မှားမှုဒဏ်ကို အပြင်းထန်ဆုံး ခံစားနေရဆဲ ဖြစ်ပါသည်။


ဂိုဘာချော့ဗ်၏ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တို့ဖြင့် အနောက်အုပ်စုထံ
ခိုဝင်ရန် ကြိုးပမ်းမှုတို့မှ ထိုက်တန်သော လက်တွဲပေါင်းစည်းမှု မရလိုက်
ဘဲ ဆူပါပါဝါအဆင့်မှနေ၍ ကျဆင်းရွှေ့လျောခဲ့ရခြင်းသာ အဖတ်တင်ခဲ့ပါ
သည်။ ထိုအဖြစ်က ရုရှားကို အမေရိကန်နှင့် အနောက်အုပ်စုကို ဗြောင်
စိန်ခေါ်သူအဖြစ်သို့ တွန်းပို့လိုက်သည်။
ထိုဖြစ်ပေါ်မှု၏ နောက်ဆက်တွဲ ယူကရိန်းစစ်ပွဲ၏ ခါးသီးသော
ထိခိုက်ဆုံးရှုံးမှုများကို ကိုင်တွယ်ရင်း အနောက်အုပ်စုတစ်ခုလုံးကို တစ်
ကိုယ်တော် ရင်ဆိုင်နေရချ ိန်တွင် မိတ်ဆွေကောင်းတို့၏ ကျောထောက်
နောက်ခံမှာ အဓိကအကျဆုံး လိုအပ်ချက် ဖြစ်လာသည်။
ရုရှား၏ ကျူးကျော်စစ်ကို ထောက်ခံသူ နည်းပါးသလောက်
အနောက်အုပ်စု၏ ပိတ်ဆို့မှု sanction ဖိတ်ခေါ်မှုကို နိုင်ငံပေါင်း ၁၄၀
ခန့်က ငြင်းဆန်ခဲ့ခြင်းသည် ရုရှား၏အရေးပါသော သံတမန်အောင်ပွဲ ဖြစ်
လာသည်။ အနောက်အုပ်စု၏ sanction လက်နက်ဖြင့် ဆန့်ကျင်သူများ
အား ထိုးနှက်မှုပုံစံတွင် ပါဝင်လက်တွဲရန် ကမ္ဘာကြီးက ငြင်းဆန်လာခဲ့
ပါပြီ။
ထိုရပ်တည်ချက်တို့၏ ထိပ်ဆုံးမှ အမာခံရပ်တည်သူများသည်
BRICS အဖွဲ့ဝင် နိုင်ငံများ ဖြစ်ကြပါသည်။ အနောက်အုပ်စု၏ရပ်ရှားထံမှ
ရေနံမဝယ်ရန် ဖိအားပေးမှုကို BRICS လက်တွဲဖော် တရုတ်နှင့်အိန္ဒိယတို့
က လက်မခံသလို ရုရှားကို ပြစ်တင်ရှုတ်ချရန်ကိုလည်း ငြင်းဆန်ခဲ့သည်။
BRICS နိုင်ငံများ အင်အားကြီးထွားတိုးတက်ရေးသည် အနောက်
အုပ်စု လွှမ်းမိုးချုပ်ကိုင်မှုမှ ရုန်းထွက်ရေးနှင့် တိုက်ရိုက်အချ ိုးကျနေပါ
သဖြင့် BRICS သည် ရုရှား၏ ထိပ်ဆုံး လိုလားချက် TOP Agenda ဖြစ်လာ
ရသည်။
တစ်ဖက်မှာလည်း ရုရှားသည် ဒေါ်လာသုံးစွဲမှုကို အသုံးချ၍ မိမိ
ဆန့်ကျင်ဘက်ကို ထိုးနှက်နေသော အမေရိကန်ကို တန်ပြန်ရန် အခြား
ကမ္ဘာ့ငွေကြေးတစ်ရပ် အရေးတကြီး တောင်းဆိုလာနေချ ိန်တွင် BRICS
Money ငွေကြေးတစ်ခု ထူထောင်ရေးအတက်ကြွဆုံး လှုပ်ရှားလာသည်။
14 pma&;ol

ရွေကျောထောက်နောက်ခံ ငွေကြေးထူထောင်မှု ဒစ်ဂျစ်တယ် ငွေ


ကြေးစနစ် တည်ဆောက်မှု အစရှိသည့် ဒေါ်လာမှဖယ်ခွာရေး ပုံစံသစ်ဖော်
ဆောင်မှုများကို ၂၀၁၉ ခုနှစ်ကတည်းက စတင်ပြီး BRICS Money
ထူထောင်မှုကို မိတ်ဖက်များနှင့်အတူ ဆောင်ရွက်နေသည်။
ရုရှားကို ရေနံဈေးနှုန်း ထိန်းချုပ်ရေးအတွက် EU နှင့် အမေရိကန်
က ရုရှားရေနံကို ဈေးနှုန်း ဒေါ်လာ ၆၀ ထက် မပိုဘဲဝယ်ရန် Price Cap
ထိုးနှက်မှုကို ဖော်ဆောင်လာချ ိန်တွင် BRICS မိတ်ဖက်တရုတ်နှင့် အိန္ဒိယ
တို့၏ ဝယ်လိုအားနှင့် ရပ်တည်ချက်တို့က အရေးပါလာသည်။ အနောက်
အုပ်စုကို ရုရှား၏ တန်ပြန်ရေးအစီအစဉ်များ အောင်မြင်မှုအတွက် BRICS
မိတ်ဆွေများ၏ ပူးပေါင်းမှုက အခရာကျနေပါသည်။
+++ယူရေးရှား ဗဟိုအာရှဒေသ၏ ဦးဆောင်ထိန်းချုပ်မှု ရယူရေး
နှင့် အနောက်အုပ်စု၏ ထိုးနှက်မှုမျ ိုးစုံကို ဆန့်ကျင်ရင်ဆိုင်ရေးတို့တွင်
BRICS ၏ ပေါင်းစည်းမှုက ရုရှားတစ်ကိုယ်တော်ဖြစ်မည့်အရေးမှ ကြိုတင်
ကာကွယ်နိုင်ရန် BRICS က အခြေခံမြေတစ်ခုပင် ဖြစ်လာပါသည်+++။
BRICS ကို အခြားအဖွဲ့ဝင်အားလုံးထက် ရုရှားပိအ
ု လိအ
ု ပ်ဆုံးဟုပင်
ဆိုနိုင်ပါသည်။ ကမ္ဘာကြီး ပူနွေးလာမှုနှင့်အတူ အာတိတ်သမုဒ္ဒရာလမ်း
ကြောင်း ပွင့်လာမည့် မဝေးတော့သော ရွှေအနာဂတ်မရောက်မီ ရုရှားကို
နင်းချေထားလိုသော အနောက်အုပ်စု၏ ရန်ကို ထိန်းချုပ်ကာကွယ်ရန်
အရေးကြီးနေသော ရုရှားအတွက် အဓိကမိတ်ဖက်စုစည်းမှုအဖြစ် BRICS
က တည်နေပါသည်။

၅။ ။ BRICS မှ ပေါင်းစည်းစိန်ခေါ်လာမည့် အဓိကမဏ္ဍိုင်(၄)ရပ်

(က) အမေရိကန်တစ်ကိုယ်တော် ဦးဆောင်သည့် ကမ္ဘာ Unipolar World


မှသည် အင်အားစုများ ဖြန့်ခွဲယှဉ်တွဲ ရပ်တည်ကြသည့် ကမ္ဘာ
Multi-polar World အဖြစ်သ့ုိ ပြောင်းလဲနင
ုိ ရေ
် း ကြိုးပမ်းချက်များ။
ယနေ့ အမေရိကန် ဦးဆောင်ချမှတ်ထားရှိခဲ့သည့် ကမ္ဘာ့အထိုင်ကို
သုံးသပ်ကြည့်ပါက ကမ္ဘာ့ငွေကြေးနှင့် ဘဏ္ဍာရေးထောက်ကူမှုကို တစ်
pmtkyftrnf 15

ကိုယ်တော်ချုပ်ကိုင်ထားရှိပြီး ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးရာများကို ကိုင်


ရာမှတော့ UNSC တွင် အခြားအင်အားကြီးများကို တန်းတူနေရာပေး
ထားပြန်ရပါသည်။
ကုလသမဂ္ဂ အထွေထွေညီလာခံတွင်မူ နိုင်ငံအားလုံးတန်းတူ ဒီမို
ကရေစီ ကျင့်သုံးပေးထားဖြင့် မျှချေတစ်ခု ရယူထားသည်ကို တွေ့ရှိနိုင်ပါ
သည်။ ဒုတယ
ိ ကမ္ဘာစစ်အပြီး ကမ္ဘာအ
့ ထိင
ု သ
် စ်ထထေ
ူ ာင်ရာတွင် အကြွယ်ဝ
ဆုံး အမေရိကန်သည် ဒေါ်လာဗဟိုပြု ကမ္ဘာ့ငွေကြေးစနစ်ကို ထူထောင်
နိုင်ခြင်းဖြင့်လည်းကောင်း၊ ကမ္ဘာ့ဘဏ်နှင့် IMF ကို ရာနှုန်းပြည့် ထိန်းချုပ်
ပိုင်ခွင့် ယူလျက် ကမ္ဘာ့ဘဏ္ဍာရေး ထောက်ပံ့မှုကို ချုပ်ကိုင်ထားနိုင်ခြင်းဖြင့်
လည်းကောင်း၊ နိုင်ငံတကာစီးပွားရေး ထူထောင်မှုအဝဝကို ချုပ်ကိုင်နိုင်
ခဲ့ပါသည်။
တစ်ဖက်တွင်လည်း ကမ္ဘာ့ရေပြင် လေပြင် အာကာပြင် Global
Commons အားလုံးကို ထိန်းချုပ်နိုင်သည့် စစ်အင်အားဖြန့်ကြက်မှု
ယန္တရားကြီးကိုလည်း တစ်ဆင့်ချင်းထူထောင် တည်ဆောက်နေပါသည်။
ထိုစစ်ယန္တရားဖြင့် နိုင်ငံငယ်များကို အချ ိန်မရွေး ခြိမ်းခြောက်နိုင်စွမ်း
ရယူဖိအားပေး သြဇာညောင်းစေသည်။
ကမ္ဘာ့ငွေကြေးနှင့် ဘဏ္ဍာရေးကို စိုးမိုးထိန်းချုပ်ထားသော်လည်း
ကမ္ဘာ့လုံခြုံရေးကို ထိန်းချုပ်ကွပ်ကဲရာတွင်မူ နျူကလီယားလက်နက်
အင်အားအရာတွင် တန်းတူလာသော ဆိုဗီယက်ယူနီယံ အပါအဝင်
နျူလက်နက်ပိုင်ရှင် ငါးနိုင်စလုံး၏ သဘောတူညီချက်ရယူပြီးမှ ဆုံးဖြတ်
ချက်ချမှတ်ကိုင်တွယ်သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ဗဟိုပြုသည့်
စနစ်ကို ကျင့်သုံးခြင်းဖြင့် တစ်ကိုယ်တော် စိုးမိုးမှုမှ ရှောင်ရှားထားပါသည်။
ကုလသမဂ္ဂ အထွေထွေညီလာခံတွင် တစ်နိုင်ငံတစ်မဲစနစ်ဖြင့် မဲခွဲဆုံးဖြတ်
သည့် နိုင်ငံတကာ ဒီမိုကရေစီပုံစံကို ကျင့်သုံးထားခြင်းဖြင့် မျှတမှုကို
အထိုက်အလျောက် ပြန်လည်ထိန်းညှိပေးအပ်ပါသည်။
တစ်ဖက်မှာတော့ နိုင်ငံငယ်များအများစု ပါဝင်ထားသော အထွေ
ထွေညီလာခံတွင် စိုးမိုးမှုရယူလျက် ကမ္ဘာ့ဘဏ္ဍာရေးထောက်ပံ့မှု Global
Finance အင်စတီကျူးရှင်းကြီး နှစ်ခုစလုံးကို ချုပ်ကိုင်လျက် လိုလျှင်
16 pma&;ol

လိုသလိုမလိုလျှင် မလိုသလို နိုင်ငံငယ်များအတွက် ထောက်ပံ့မှုကို


ပေးအပ်/ဖြတ်တောက်နိုင်ခွင့်ဖြင့် သြဇာထူထောင်သလို ကမ္ဘာအနှံ့ဖြန့်
ကြက်ထားသော စစ်ယန္တရားကို အသုံးချခြိမ်းခြောက် ဖိအားပေးမှုမှသည်
လက်ထိလက်ရောက် ယမယ်ရှာ ဝင်ရောက်တိုက်ခိုက်သည်အထိ လုပ်
ဆောင်ကာ ချော့လိုက်ချော့လိုက် Carrot or Sticks ဗျူဟာ ကျင့်သုံး
လွှမ်းမိုးချုပ်ကိုင်ထားသည်။
ထိုသို့ဖြင့် ကုလသမဂ္ဂကို ဗဟိုပြုသည့် နိုင်ငံတကာ လူ့အဖွဲ့
အစည်းတွင် အမေရိကန်၏ သီးခြားအဆင့်တွင် ရပ်တည်ခွင့် American
Exceptionalism ကို ရယူထားသော ကမ္ဘာအဖြစ် တဖြည်းဖြည်း ဖြစ်
တည်လာခဲ့ပါသည်။
အခြားတစ်ဖက်တွင်လည်း ဖွံ့ဖြိုးပြီးနိုင်ငံများ၏ စုဖွဲ့မှု G7 တွင်
ကမ္ဘာ့ငွေကြေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာတို့ကို ပေါင်းစည်း
ချုပ်ကိုင်မှုရယူပြီး အထူးအခွင့်အလမ်းများ ဝေစုခွဲပေးခြင်းဖြင့် ဦးဆောင်မှု
ရယူပါသည်။ ကမ္ဘာလုံးဆိုင်ရာ စည်းမျည်းစည်းကမ်းမူဘောင်များ ရေးဆွဲ
ရာတွင် အဆိုပါဖွံ့ဖြိုးပြီး နိုင်ငံများ၏ အကျ ိုးစီးပွားကို ကာကွယ်ထိန်းသိမ်း
အထူးအခွင့်အရေး ရယူရေးဆွဲပြီး ဆန့်ကျင်အာခံသူ မှန်သမျှကို စုပေါင်း
ဖိနှိပ်ဖြတ်တောက် အနိုင့်အထက်ပြုခြင်းဖြင့် အားလုံးကို ကျ ိုးနွံစေပြန်ပါ
သည်။
ထိုသို့ဖြင့် G7 သည် ကမ္ဘာ့အခြေအနေအရပ်ရပ် ဖန်တီးမှုကို ပဲ့ကိုင်
လာသည်။
++ထိုအခြေအနေအရပ်ရပ်က BRICS အတွက် G7 ၏ လွှမ်းမိုးချုပ်
ကိုင်မှုကို တန်ပြန်ထိန်းချုပ်ရေးသည် တရားဝင်ထုတ်ဖော် ပြောမထား
သည့် အဓိကရည်ရွယ်ချက် Hidden Agendia ဖြစ်လာရသည်။++
စစ်အေးတိုက်ပွဲကာလ ကျော်လွန်၍ အရှေ့အုပ်စုပြိုလဲချ ိန် နောက်
ပိုင်းတွင်မှာတော့ အကျ ိုးစီးပွား ကာကွယ်မှုထက် ကျော်လွန်၍ အနောက်
တိုင်း ယဉ်ကျေးမှုတန်ဖိုးထား စံနှုန်းများနှင့် သဘောတရားများအောက်
တွင် တစ်ကမ္ဘာလုံး ကျ ိုးနွံပေါင်းစည်းရေးအထိ လိုလားရည်မှန်းချက်ကို
မြှင့်တင်လာခဲ့သည်။
pmtkyftrnf 17

ထိုပုံဖော်မှုတွင် စံပြထိုးနှက်ချေမှုန်းခံကြရသည့် နိုင်ငံငယ် အများ


အပြားပင် ရှိလာခဲ့ပါသည်။ ထိုမျှမက အမေရိကန်နှင့် အနောက်အုပ်စု၏
တရားလွန် တစ်ဖက်သတ်စိုးမိုးချုပ်ကိုင်မှု၊ အမေရိကန်တန်ဖိုးနှင့် သဘော
တရားများကို ဖိအားပေးတင်ပို့မှုတို့က မိမိအစဉ်အလာ မိမိကိုယ်ပိုင်ဟန်
ဖြင့် အစဉ်အဆက် ထူထောင်လာသော လူ့အဖွဲ့အစည်း Civilizations
ကြီးများအတွက်ပင် အန္တရာယ်များလာသည်။
မိမိကိုယ်ပိုင်ဟန် ကိုယ်ပိုင်အင်အား ကိုယ်ပိုင်ယဉ်ကျေးမှုတို့ဖြင့်
ရပ်တည်နေသော နိုင်ငံများအတွက်က အနောက်တိုင်းပုံစံ ဇွတ်တင်ပို့မှု
သည် ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်လာသည်။
ဤသို့ဖြင့် မိမိကြမ္မာကို မိမိကိုယ်ပိုင် ရွေးချယ်မှုဟန်ပန်တို့ဖြင့်
ဖန်တီးခွင့်အတွက် အနောက်အုပ်စုကို ရင်ဆိုင်ရုန်းကန်မှုအတွက် စုစည်း
ရေးသည် ဖွံ့ဖြိုးဆဲနိုင်ငံကြီးငယ် အားလုံး၏တူညီသော ရပ်တည်လိုလား
ချက် ဖြစ်လာသည်။
+++ထိုသို့ ရုန်းကန်မှုအတွက် ရင်ဆိုင်ရေး ကွင်းပြင်နှစ်ရပ် ပေါ်
ထွက်လာပါသည်။ ကုလသမဂ္ဂ အထွေထွေညီလာခံ UNGA. ဟူသော
ကွင်းပြင်ကျယ်နှင့် G7 ၏ စိုးမိုးမှုဟူသော အချက်အချာ မြေကွင်းပြင်တို့
ဖြစ်ပါသည်။
UNGA တွင် အမေရိကန်၏ နိုင်ငံငယ်များအပေါ် လွှမ်းမိုးထိန်း
ချုပ်ထားရှိမှုကို ချေဖျက်ရေးနှင့် G7 ကဲ့သို့ နည်းပညာနှင့် ဖွံ့ဖြိုးတိုးတက်မှု
တွင် ထိနး် ချုပ်မရ
ှု ယူထားသောအုပစ
် ၏
ု လွှမး် မိးု ချုပ်ကင
ုိ မ
် က
ှု ုိ BRICS Plus
အင်အားစု၏ ကြီးထွားမှုဖြင့် တန်ပြန်ထိန်းချုပ်ရေးတို့ပင် ဖြစ်ပါသည်။
ထိုကွင်းပြင်နှစ်ရပ်ရှိ အားပြိုင်မှုအတွက် တစ်ဖက်မှာ တရုတ်က
တောင် ကမ္ဘာခြမ်းဒေသများ အာရှအာဖရိကနှင့် တောင်အမေရိကဘက်
တို့တွင် ရင်းနှီးမြှုပ်နှံ ထောက်ကူမှုများ ပြုလုပ်မှုအစီအစဉ်များနှင့် BRI
ခေါ် ကမ္ဘာပတ် ကုန်းတွင်းရော ရေကြောင်းပါ ချ ိတ်ဆက်ထူထောင်တည်
ဆောက်မှု ကွန်ရက်ကြီး တည်ဆောက်နေမှုက အရေးပါလာသည်။
ထိုတည်ဆောက်မှုက အမေရိကန်၏ ပထဝီနိုင်ငံရေးအရ နိုင်ငံ
ငယ်များအပေါ် လွှမ်းမိုးချုပ်ကိုင်ရေးကို ပထဝီစီးပွားရေးပုံစံဖြင့် တန်ပြန်မှု
18 pma&;ol

ဖြစ်လာသည်။ တစ်ဖက်မှာလည်းBRICS နှင့် ၎င်း၏ တိုးချဲ့စုဖွဲ့မှုအရ


ငွေကြေးအင်အား၊ ဝယ်လိုအားနှင့် ထုတ်လုပ်အား၊ နည်းပညာ၊ မဟာ
ဗျူဟာ ကုန်စည်များကို ချုပ်ကိုင်နိုင်စွမ်းတို့ဖြင့် G7 စိုးမိုးချုပ်ကိုင်မှုကို
တန်ပြန်မည့် စုဖွဲ့မှု ဖြစ်လာခဲ့သည်။
အမေရိကန်ချုပ်ကင
ုိ ထ
် ားသော ကမ္ဘာဘ
့ ဏ်နင
ှ ့် IMF တိက
့ု ုိ တန်ပြန်
ထိန်းကျောင်းနိုင်ရန်နှင့် အမေရိကန်အထူးအခွင့်အရေးများကို ပယ်ဖျက်
အများတန်းတူ အခွင့်အရေးရှိသော အင်စတီကျူးရှင်းများအဖြစ် ပြောင်း
လဲနိုင်ရေး တွန်းအားပေးနိုင်ရန် AIIB (Asia Industrial Investment
Bank) ကိုလည်းကောင်း BRICS ၏ New Development Bank တို့ကို
စင်ပြိုင်ထူထောင်ခဲ့ပြီး ဖြစ်ပါသည်။
တရုတ်၏ မြော်မြင်မှုသည် ကုလသမဂ္ဂ ဗဟိုပြုအပြည်ပြည်ဆိုင်ရာ
စနစ်ကို နှစ်ခြိုက်သက်ဝင်ပြီး ထိုစနစ်၏ တည်ဆောက်ဖြစ်တည်မှု
မူဘောင်အတွင်းမှပင် ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့အထိုင်ကို ချမှတ်သည့်
အင်စတီကျူးရှင်းများ မူဘောင်များကို ပြင်ဆင်ရေးဆွဲသွားရန် ဖြစ်ပါ၏။
ထိုသို့ ပြင်ဆင်ပုံဖော်ရင်းနှင့်ပင် အင်အားထိန်းညှိမှုအတွက်
ထူထောင်တည်ဆောက်ခြင်းနှင့် တိုးချဲ့စုစည်းခြင်း ပုံစံနှစ်ရပ်လုံးဖြင့်
လုံလောက်သော တွန်းအား Leverage ကို ရယူရန် ကြိုးပမ်းဆောင်ရွက်
နေမှုများကို ထင်ရှားစွာ တွေ့မြင်နေရပါသည်။
ထိကု ြိုးပမ်းတည်ဆောက်မမ
ှု ျားနှင့် ပြောင်းလဲမတ
ှု စ်ရပ် ဖော်ဆောင်
ရေးကို တစ်ကိုယ်တော် လွှမ်းမိုးချုပ်ကိုင်ရေးဝါဒ Unilateralism ကို
တိုက်ဖျက်၍ အများပေါင်းစည်း လက်တွဲအဖြေရှာ တည်ဆောက်ကြသည့်
Multilateralism ထူထောင်မှုဟူသော ခေါင်းစည်းအောက်တွင် ပေါင်း
စည်းကြိုးပမ်းကြရန် လမ်းစဉ်ချမှတ်ထားပါသည်။
ထိုအမြင်ကို BRICS နိုင်ငံ အသီးသီးကလည်း တူညီစွာ ရှုမြင်
လက်ခံကြသည်ကို BRICS ထိပ်သီးညီလာခံ၏ ယခုနောက်ဆုံး သဘောတူ
ထုတပြ
် န်သည့် ကြေညာစာတမ်းနှင့် ယခင် စဉ်ဆက်ထတ
ု ပြ
် န်မမ
ှု ျားမှနေ၍
ကောက်ချယူနိုင်ကြောင်း ရှေ့တွင် တင်ပြခဲ့ပါသည်။
ကုလသမဂ္ဂကို ဗဟိုပြုမှု ပိုမိုခိုင်မာစေရန်နှင့် အလိုက်သင့် အလျား
pmtkyftrnf 19

သင့ရ
် နေစေ
ိှ ရန် တရုတသ
် ည် BRI အပါအဝင် အပြည်ပြည်ဆင
ုိ ရ
် ာ လက်တဲွ
တည်ဆောက်မမ
ှု ျားတွငလ
် ည်းကောင်း Global Development Initiatives
အစရှိသည့် ယူဆမြော်မြင်မှုဆိုင်ရာ ထုတ်ပြန်ချက်များတွင်လည်းကောင်း
UN 2030 Sustainable Development Goal, South-South Cooperation
စသည့် ကုလသမဂ္ဂ ရည်မှန်းချက် UN Agenda များနှင့် အံဝင်ခွင်ကျရှိသော
ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များနှင့် အဆိုပြုချက်များကို ဦးတည်ဖော်
ဆောင်နေသည်ကို တွေ့ရှိရပါသည်။

(ခ) အမေရိကန်ဒေါ်လာ၏စိုးမိုးမှုနှင့် ထိုသို့ ကမ္ဘာသုံးဖြစ်မှုအပေါ် အမေ


ရိကန်၏ အလွဲသုံးစား ပြုလာမှုများမှသည် ဒေါ်လာအရေးပါမှုကို
လျှော့ချချေဖျက်နိုင်ရေး ကြိုးပမ်းမှုများ။
ကမ္ဘာအ
့ ရေးအရာများတွင် ကုလသမဂ္ဂ၏ ဖြစ်တည်မန
ှု င
ှ ့် ကမကထ
ပြုမှုတို့ကို တရုတ်အပါအဝင် အနောက်အုပ်စု ပြင်ပနိုင်ငံတို့မှ ယုံကြည်
လက်ခလ
ံ က်တကဲွ ြပါသည်။ အထိက
ု အ
် လျောက် မျှတလျော်ကန်မှု ရှသ
ိ ည်
ဟုလည်း အားလုံက လက်ခံကြပါသည်။
သို့သော် ကဏ္ဍတစ်နေရာမှာတော့ အမေရိကန်က တစ်ကိုယ်တော်
ထိန်းချုပ်အသာစီးယူချုပ်ကိုင်စီးပိုးထားပါသည်။ ထိုကဏ္ဍမှာတော့ ကမ္ဘာ့
ဘဏ္ဍာရေး ထောက်ကူမှုစနစ်နှင့် ငွေရေးကြေးရေးစနစ် ဖြစ်ပါသည်။

ဘရက်တန်ဝုဒ်အင်စတီကျူးရှင်းများ
***ဘရစ်တန်ဝုဒ် အင်စတီကျူးရှင်းများဟု လူသိများသည့် ကမ္ဘာ့
ဘဏ်အုပ်စု World Bank Group နှင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့
International Monetary Fund IMF တို့သည် ကမ္ဘာ့ငွေကြေးစနစ်ကို
တစ်ကိုယ်တော်ချုပ်ကိုင်ရန် အမေရိကန်၏မဏ္ဍိုင်များ ဖြစ်လာသည်။
အမေရိကန်သည် ၁၉၄၄ ခုနှစ် ဘရက်တန်ဝုဒ်သဘောတူညီချက်
အရ ဒေါ်လာငွေကို ကမ္ဘာ့အရန်ငွေကြေးအဖြစ် သတ်မှတ်ခွင့်ရခဲ့ပါသည်။
စစ်ကြီးမပြီးခင် တစ်နှစ်အလို ၁၉၄၄ ခုနှစ်မှာ နျူးဟမ်းရှိုင်းယားပြည်နယ်၊
ဘရက်တန်ဝုဒ်ဒေသမှာ စစ်နိုင်တော့မည့် နိုင်ငံကြီးတွေ ဦးဆောင်သည့်
20 pma&;ol

၄၄ နိုင်ငံက ခေါင်းဆောင်များ တွေ့ဆုံအပြီး အနာဂတ်ကမ္ဘာ့အထိုင် ဖြစ်


လာမည့် ဒေါ်လာဗဟိုပြု ကမ္ဘာ့ငွေကြေးစနစ်ကို ထူထောင်ချမှတ်ခဲ့ပါ
သည်။
ထိုသဘောတူညီချက်အရ အမေရိကန်ဒေါ်လာကို ရွှေနှင့် ကျော
ထောက် နောက်ခံထား ထုတ်ဝေခဲ့ပြီး ကျန်နိုင်ငံတွေရဲ့ ကျောထောက်
နောက်ခံမဲ့ ငွေကြေးတန်ဖိုးများကို အမေရိကန် ဒေါ်လာဗဟိုပြု သတ်မှတ်
လျက် ကူးသန်းရောင်းဝယ်ကြရန် သဘောတူခဲ့ကြရသည်။
ဤနည်းဖြင့် နိုင်ငံတကာကူးသန်းရောင်းဝယ်မှုများတွင် အမေရိ
ကန်ဒေါ်လာ စံထားမှုသည် မရှိမဖြစ် လိုအပ်ချက် ဖြစ်လာပါသည်။
ထို့ကြောင့် နိုင်ငံတိုင်းမှာ ရောင်းဝယ်ဖောက်ကားဖို့ အမေရိကန်ဒေါ်လာကို
အရန်ငွေကြေးအဖြစ် စုဆောင်း ထိန်းသိမ်းလာကြရသည်။
အမေရိကန်ဒေါ်လာသည် ခေတ်အကောင်းဆုံးကာလက ကမ္ဘာ့
အရန်ငွေကြေး၏ ၇၁% အထိ ရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်မှာတော့ ၅၉% အထိ
ပြန်လည်ကျဆင်းလာပါသည်။ ထိုသို့ အမေရိကန်ဒေါ်လာ၏ အရန်ငွေ
အဖြစ် ထားရှိခံရမှု ကျဆင်းလာခြင်း သို့မဟုတ် စင်ပြိုင်ငွေကြေးများ
အားကောင်းလာခြင်းသည် သူတို့၏ တစ်ခုတည်းသော ကမ္ဘာ့ငွေကြေး
အဖြစ် တည်ရှိသည့်အတွက် နိဂုံးအတွက် အစပေလောဟု သုံးသပ်ကြည့်
စရာ ဖြစ်လာပါသည်။
အမေရိကန်သည် ငွေကြေး Monetary မှာသာ အုပ်စီးမှုရယူထား
သည်မဟုတ်ဘဲ ကမ္ဘာ့ငွေကြေး ထောက်ပံ့မှုယန္တရား Global Financial
System ကိုပါ ချုပ်ကိုင်ပါသည်။ ကမ္ဘာ့ဘဏ် World Bank Group နှင့်
အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ IMF တို့မှာ အမေရိကန်ကသာ
အဆုံးအဖြတ်ပေးနိုင်သည့် ရှယ်ယာပမာဏကို ဒီနေ့အထိ ရယူထားဆဲ
ဖြစ်သည်။
ဘရက်တန်ဝုဒ် ဆွေးနွေးပွဲ၏ ရလဒ်မှထွက်ပေါ်လာသည့် အင်စတီ
ကျူးရှင်းကြီး နှစ်ခုကို ဝါရှင်တန်ဒီစီမှာတွင် အတင်းအကျပ် ထားရှိစေပြီး
အမေရိကန်အစိုးရ၏ တိုက်ရိုက်အနီးကပ် ချုပ်ကိုင်မှုအောက်မှာ ရှိစေ
သည်က ဘရက်တန်ဝုဒ် အင်စတီကျူးရှင်းကြီးနှစ်ခု၏ ထူးခြားချက်ဖြစ်ပါ
pmtkyftrnf 21

သည်။ တကယ်တော့ အင်္ဂလန်အပါအဝင် အခြား မဟာမိတ်တွေက


စစ်ပန်းချ ိနဲ့ယိုင်လဲနေချ ိန်မှာ တစ်နိုင်ငံတည်းသော အင်အားကြီးဖြစ်ကျန်
နေခဲ့သည့် အမေရိကန်က အနိုင့်အထက်ယူပြီး စိတ်ကြိုက်အထိုင်ချခဲ့ခြင်း
ဖြစ်ပါသည်။ ကမ္ဘာ့ဘဏ်နှင့် IMF မှ ချေးငွေနှင့် အခြားထောက်ကူမှုမှန်သမျှ
သည် အမေရိကန်အစိုးရမူဝါဒ၏ ရောင်ပြန်သာ ဖြစ်နေရသည်မှာ ယနေ့
အထိ ဖြစ်တည်ဆဲ ဖြစ်ပါသည်။ ကမ္ဘာ့ငွေကြေး ဖြစ်တည်မှုနှင့် ကမ္ဘာ့
ငွေကြေးထောက်ပမ
့ံ က
ှု ုိ ထိနး် ချုပ်အပြီးတွင် နောက်ဆးံု အဆင့သ
် ည် Swift
ဟုခေါ်တွငသ
် ည့် ငွေကြေးဆိင
ု ရ
် ာ အချက်အလက်ပလ
့ုိ တ
ွှ မ
် စ
ှု နစ် ဝန်ဆောင်မှု
ပေးသည့် လုပ်ငန်းတွင်ပါ အဆုံးအဖြတ်ပေးနိုင်သည့် ရှယ်ယာပမာဏ
တစ်ခု ရယူလိုက်ခြင်းပင် ဖြစ်ပါသည်။
SWIFT ကို သုံးစွဲမှုသည် အပြည်ပြည်ဆိုင်ရာ ငွေကြေး ပေးပို့
လွှဲပြောင်းရာတွင် တွင်ကျယ်လာသည်နှင့်အမျှ အပြည်ပြည်ဆိုင်ရာ ငွေပို့
ငွေလွှဲစနစ်၏ အရေးပါသော အကန့်တစ်ကန့် ဖြစ်လာသည်။ ထိုသို့ ဖြစ်
တည်မှုကိုလည်း အလွဲသုံးစား ပြုပြန်ပါသည်။ အမေရိကန်ကို ဆန့်ကျင်
သည့် နိုင်ငံကို Swift စနစ်ထဲက ဖြုတ်ထုတ်လိုက်သည်နှင့် ဒေါ်လာနှင့်
ရောင်းဝယ်နေသော ကုန်သွယ်မှုတွေအားလုံး ရပ်သွားပါတော့သည်။
ဒေါ်လာငွေနှင့် ဖွင့်လှစ်ထားသော အပ်ငွေများကို မလိုလျှင်
မလိုသလို ထိန်းချုပ်ခြင်း အပါအဝင်နည်းမျ ိုးစုံဖြင့် အမေရိကန်ကို ဆန့်
ကျင်သူသည် ကုန်သွယ်ရောင်းဝယ်မှု အဖြတ်အတောက်ခံရမည့် အဆင့်
အထိ ချုပ်ကိုင်ထားလျက် ရှိပါသည်။

ပက်ထရိုဒေါ်လာ
အမေရိကန်၏ အသားတင် ထုတ်လုပ်မှုသည် ဒုတိယကမ္ဘာစစ်ပြီးစ
မှာ ကမ္ဘာ့အသားတင် ထုတ်လုပ်မှု၏ ၄၀ ရာနှုန်းနီးပါး အထိ ရှိခဲ့သော်လည်း
အခြားနိုင်ငံများ ပြန်လည်ထူထောင် တိုးတက်လာတာနှင့်အမျှ တဖြည်း
ဖြည်း ၂၄% အောက်အထိ ကျဆင်းလာပြီး ၁၉၇၃ ခုနှစ်မှာမူ ဗီယက်နမ်
စစ်စရိတ် ပန်းလာသည့် အမေရိကန်သည် ငွေရိုက်ထုတ်သမျှကို ကျော
ထောက် နောက်ခံပေးရန် လုံလောက်သည့် ရွှေမရှိတော့ပါ။
22 pma&;ol

သမ္မတနစ်ဆင်က အမေရိကန်ဒေါ်လာကို ရွှေကျောထောက်


နောက်ခံထားရှိမှုမှ ပယ်ဖျက်လိုက်ကြောင်းကို ကြေညာလိုက်ရပြီး ထိုနေ့
မှစ၍ ဒေါ်လာသည် ကျောထောက်နောက်ခံမဲ့ သာမန်စက္ကူ၊ ငွေကြေး
အဖြစ်သာ အခြားနိုင်ငံများနှင့် တန်းတူအဆင့်သို့ ရောက်ရှိသွားခဲ့သည်။
အခြေခံအားဖြင့် အမေရိကန်ဒေါ်လာကို စံထားဖလှယ်ကြရမည့်
ဘရက်တန်ဝုဒ်စနစ်၏ ပင်မမဏ္ဍိုင် ရွှေကျောထောက်နောက်ခံ ငွေကြေး
စနစ် ရပ်ဆိုင်းပြိုလဲခဲ့ပြီး ဖြစ်ပါသည်။ သို့သော် အမေရိကန်သည် ဒေါ်လာ
သာ ပဓာနငွေကြေးအဖြစ် တည်ရှိမှုကို တစ်ဖက်လှည့်နှင့် ကြံစည်ပါ
သည်။
ဒေါ်လာကို မရှမ
ိ ဖြစ်အနေအထား ဆက်လက်ရယူထားရန်အတွက်
ကမ္ဘာ့မရှိမဖြစ် သုံးကုန်ဖြစ်နေသော ရေနံကို ထိန်းချုပ်ထားသည့် ဆော်ဒီ
အာရေဗျ၊ ကူဝိတ်တို့နှင့် သဘောတူညီမှု တစ်ခုရယူလိုက်ရပြီး သူတို့
ရောင်းသည့် ရေနံမှန်သမျှကို အမေရိကန်ဒေါ်လာနှင့်သာ ရောင်းချဝယ်ယူ
ကြစေရန် သဘောတူလိုက်ကြသည်။ အပြန်အလှန်အနေနှင့် အမေရိကန်
က ရေနံနိုင်ငံတွေ၏ လုံခြုံရေးကို တာဝန်ယူပေးထားလိုက်ပါသည်။
ထိုနည်းဖြင့် ဒေါ်လာကိုသာ အရန်ငွေကြေးအဖြစ် စုဆောင်းကြ
ရမည့် လိုအပ်ချက်တစ်ခုကို ဆက်လက် ဖန်တီးထားနိုင်နေဆဲ ဖြစ်သည်။

ဒေါ်လာညစ်လုံးများ
အမေရိကန်သည် ဒေါ်လာ၏ စိုးမိုးမှုကို စီးပွားရေးနယ်ပယ်ထက်
ကျော်လွန်ပြီး ကမ္ဘာကြီးကို လွှမ်းမိုးချုပ်ကိုင်ရေး Hegemonic ရည်မှန်း
ချက်တွေအတွက်ပါ အသုံးချလာသည်။ မိမိသြဇာမနာခံသူ မှန်သမျှကို
ဒေါ်လာသုံးစွဲ ရောင်းဝယ်မှုကို ဖြတ်တောက်ပိတ်ပင်ပြီး ဒုက္ခပေးခြင်းမှ
သည် Swift စနစ်မှ ဖြတ်တောက်သည်အထိ ပြဿနာလုပ်ပါသည်။
တစ်ဖန် ယခုနောက်ဆုံး ကိုဗစ်ကပ်ရောဂါကာလမှာ ဒေါ်လာကို
ထရီလီယံနှင့် ချ ီပြီး ရိုက်ထုတ်သုံးစွဲခဲ့သည်။ နိုင်ငံ့ကြွေးမြီ National Debt
က အသားတင်ထုပ်လုပ်မှု GDP ၏ ၁၃၀% လောက်အထိ ဖြစ်သွားခဲ့သည်။
ထိုမျှအထိ ကြွေးနွံနစ်ခြင်းက အမေရိကန်၏ စီးပွားရေးယိုင်နဲ့လာခြင်းကို
pmtkyftrnf 23

ပြဆိုပါသည်။ ဒေါ်လာစက္ကူများ အကန့်အသတ်ဖြင့် ငွေရိုက်ထုတ်တော့


ဘွန်းတန်ဖိုးတွေ ကျကုန်ပါသည်။ သို့သော် ထိုတန်ဖိုးကျမှုဒဏ်ကို အမေရိ
ကန်က နည်းနည်း၊ တစ်ကမ္ဘာလုံးမှာ အရန်ငွေအဖြစ် ဒေါ်လာကိုင်ထား
သည့် နိုင်ငံအားလုံးက မျှခံနေရသည်။
တစ်ဖန် ယူကရိန်းစစ်ပွဲဖြစ်၍ လောင်စာဈေးတွေ တက်ကုန်ပြီး
ဥရောပနိုင်ငံတွေ အကျပ်အတည်း ကြုံနေချ ိန်တွင် အမေရိကန်ဗဟိုဘဏ်
က အတိုးနှုန်းတွေကို အဆပေါင်းများစွာ မြှင့်တင်လိုက်ကြသည်။ ဒေါ်လာ
တွေ အမေရိကန်ကို တစ်ခါ ပြန်စီးဝင်ကုန်သည်။ စတော့ဈေးကွက် ပြိုလဲ
ပြန်သည်။ စတော့တွေကို ပြန်ရောင်းပြီး ဘွန်းတွေ ပြန်ဝယ်ကုန်ကြတော့
စီးပွားရေး ကျဆင်းကုန်သည်။ အမေရိကန်ဒေါ်လာတန်ဖိုး ပိုမြင့်လာပြန်
သည်။ ဒေါ်လာနှင့် တန်ဖိုးဖြတ်သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ဝယ်ယူ
တင်သွင်းသူတွေမှာ ရေနံဈေးတက်၍ ပိုပေးရသည့်အပေါ် ဒေါ်လာက
ငွေလဲလှယ်နှုန်း မြင့်တက်မှုကပါ ထပ်ဆောင်းသောအခါ နှစ်ဆင့်ပွား
ပိုပေးနေကြရလေတော့သည်။ စတော့ဈေးကွက် ပြိုလဲသဖြင့် စီးပွား
ကျဆင်းရခြင်းနှင့်ပါ ထပ်ဆင့်လိုက်တော့ အထွေထွေ စီးပွားကပ်ဆိုက်
မည့်ဆီ ဦးတည်ကုန်တော့သည်။ အစိုးရများသာ ပြုတ်ကျကုန်ပြီး စီးပွား
ရေးထွက်ပေါက်အတွက် အဖြေကရှာမတွေ့ ဖြစ်နေကြရသည်။ အမေရိ
ကန်၏ ဘယ်သသ
ူ ေသေ ငတေမာဖို့ လုပက
် က
ွ မ
် ျားတွင် အနောက်ဥရောပမှ
မဟာမိတ်များ လှိမ့်ခံကြရသည်။
သူတို့ မအကြပါ။
ဒီအဖြစ်က ဒေါ်လာစိုးမိုးမှုကြောင့် ဆိုသည်ကို ကောင်းကောင်း
သိကြပါသည်။ ဒေါ်လာတွန်းလှန်ရေး De-dollarization မှာ ယူရိုက
အခွင့်ရသလို လက်သီးပုန်းထိုးမည်မှာ အသေအချာပင် ဖြစ်ပါသည်။
ယနေ့အထိ ဒေါ်လာတစ်ခုတည်း ကြီးစိုးမှုမှသည် De-dollarization ဆို
သည့် ဒေါ်လာကို မှီခိုမှုမှ ရုန်းထွက်ရေးကို လက်တွေ့ကျကျ ပုံဖော်နိုင်
သည်မှာ EU ၏ ယူရိုငွေကြေး တစ်ခုတည်း ရှိပါသည်။
ကမ္ဘာ့အရန်ငွေ စုဆောင်းမှု၏၂၀% အထိ ယူရိုက နေရာယူထား
လာနိုင်ပါသည်။ သူ့နောက်မှာတော့ ယွမ်ငွေက နောက်က လိုက်လာသည်။
24 pma&;ol

အမှန်တကယ် စိန်ခေါ်လာနိုင်သူကတော့ ၂၀၁၈ ခုနှစ်က စတင်လှုပ်ရှား


လာသည့် BRICS money ငွေကြေးဖြစ်လာမည်ဟု တွက်ဆနေကြသည်။
BRICS မှာ ဆော်ဒီ၊ ယူအေအီးနှင့် အင်ဒိုနီးရှားတို့ပါဝင်လာလျှင်
ရေနံထုတ်လုပ်သူ အုပ်စုကပါ ပူးပေါင်းလာသည့်လက္ခဏာ ဖြစ်ပါသည်။
အမေရိကန်က အိန္ဒိယကို ရုရှားဆီမှ ရေနံမဝယ်ဖို့ ဖိအားပေးသလို ဆော်ဒီ
ကိုလည်း ရေနံတိုးထုတ်ရန် ဈေးနှုန်းချဖို့အတွက် ဖိအား ပေးသည်။
နှစ်နိုင်ငံလုံးက မလိုက်နာသည့်အပြင် သူတို့က တရုတ်၊ ရုရှား
တို့နှင့် ပိုနီးကပ် သွားကြသည်။ ထိုအပြောင်းအလဲကို သာမန်ဟု မတွက်ဆ
သင့်ပါ။ ဆော်ဒီနှင့် အိန္ဒိယ၏ အထိုင်ပြောင်းလဲချက်သည် အမေရိကန်စိုးမိုး
မှု၏ ချ ိန်ခွင်လျှာကို ထိထိရောက်ရောက် ပြောင်းစေနိုင်ပါလိမ့်မည်။

MBS Mohamed Bin Salman သို့မဟုတ်


ပက်ထရိုယွမ်တခေတ်ပြောင်းမည့်ပုဂ္ဂိုလ်
အမေရိကန် စာနယ်ဇင်းလောကတွင် MBS ဆိုတဲ့ ဆော်ဒီအိမ်ရှေ့
မင်းသား ထင်ရှားနေပါသည်။ ဆော်ဒီက အမေရိကန်နှင့် တစ်စတစ်စ ခွာ
လာသည်မှာ နှစ်အတော်ရှိခဲ့ပါပြီ။ အာဖဂန်နှင့် ဆီးရီယားကနေ ဆုတ်ခွာ
ပြီး အရှေ့အလယ်ပိုင်းဒေသအပေါ် အာရုံထားမှုများ လျှော့ချလိုက်ချ ိန်မှာ
သိသိသာသာပင် အမေရိကန်ကို ဖယ်ခွာလာခဲ့ပါသည်။
ဘိုင်ဒင် ဆော်ဒီသို့ သွားတွေ့ပြီး တောင်းဆိုသည့် တောင်းဆိုချက်
များကို MBS က အလေးမမူခဲ့ပါ။ ရှီကျင်းဖျင်က ဆော်ဒီသို့ရောက်ရှိနေပြီ
ဖြစ်ပြီး အဓိကရည်မှန်းချက်မှာတော့ ဆော်ဒီရေနံကို ယွမ်နှင့်ဝယ်ယူနိုင်
ရေးဖြစ်ပါသည်။ ပက်ထရိုကို ယွမ်နှင့်ရောင်းပြီဆိုလျှင် နစ်ဆင်လက်ထက်
ကတည်းက အထိုင်ချလာခဲ့သည့် ပက်ထရိုဒေါ်လာစနစ် ပျက်ပါပြီ။
အမေရိကန်ဒေါ်လာရဲ့ မရှိမဖြစ် ဖြစ်တည်မှုအတွက် ရေနံနှင့် ချ ိတ်ထား
သည့်စနစ်လည်း ပျက်သုဉ်း MBS လည်း အမေရိကန်၏ ကမ္ဘာရန် ဖြစ်ရ
ပါတော့မည်။
အမှန်တကယ် ပက်ထရိုကို ယွမ်နှင့် ရောင်းပေးတော့မှာလားဆို
သည့်မေးခွန်းရဲ့ အဖြေက ရှေ့လာမည့် လပိုင်းအတွင်းမှာ သဲကွဲလာပါလိမ့်
pmtkyftrnf 25

မည်။ တကယ်သာ ဖြစ်လာလျှင်တော့ ကြီးမားသည့် အလှည့်အပြောင်းရဲ့


အစဖြစ်ပါပြီ။

ဒေါ်လာကြီးစိုးမှု လျှော့ချရေးအတွက် တည်ဆောက်မှုများ


တကယ်တော့ BRICS အုပ်စုမှာ ရေနံအရောင်းဆုံးရုရှားနှင့် ရေနံ
အဝယ်ဆုံး တရုတ်၊ အိန္ဒိယတို့ ပါဝင်နေပြီးသား ဖြစ်ပါသည်။ သူတို့တွေချင်း
ရောင်းဝယ်ဖောက်ကားမှုမှာ ဒေါ်လာကို မသုံးကြတော့ပါ။ ဆော်ဒီနှင့်
ယူအေအီးကိုသာ BRICS က လက်ခံလိုက်လျှင်တော့ ရေနံကုန်သွယ်မှု
အများစုက ဒေါ်လာစက်ဝန်းအပြင်ဘက် ရောက်သွားပါတော့မည်။

De-dollarization လွယ်မည်လော
ဒေါ်လာအပေါ် မှီခိုမှု လျှော့ချရေးဟာ ဘက်ပေါင်းစုံ ဖြည့်ဆည်း
ပြင်ဆင်မှုများ လိုအပ်ပါသည်။ ရေနံကိုဒေါ်လာ မဟုတ်သည့် ငွေကြေးဖြင့်
ဝယ်ယူခွင့်ဆိုသည်က ထိုအချက်များထဲက တစ်ခုသာ ဖြစ်ပါသည်။
အမေရိကန်ချုပ် ကိုင်ထားသည့် ကမ္ဘာဘဏ်နှင့် IMF ကို ယှဉ်တု
မည့် ငွေကြေးထောက်ကူမှုဆိုင်ရာ အင်စတီကျူးရှင်းများအဖြစ် NDB
New Development Bank ဆိုသည့်ဘဏ်ကို BRICS နိုင်ငံများ ဦးဆောင်
ဖွဲ့စည်းပြီး ဖြစ်သလို တရုတ်၏ AIIB Asia Infra - structure Investment
Bank ကလည်း ခိုင်ခိုင်မာမာ ဖွဲ့စည်းလည်ပတ်နေပါပြီ။
အမေရိကန်ထိန်းချုပ်ထားသည့် World Bank လို IMF လို တစ်
ကိုယ်တော်စိုးမိုးမှုမရှိသည့် အစားထိုး အင်စတီကျူးရှင်းတွေ ဖြစ်လာပါ
သည်။ IMF နှင့် World Bank ကို ဖြိုလှဲဖို့မဟုတ်ဘဲ ယှဉ်ပြိုင်ဖို့ ဖြစ်လာ
ပါလိမ့်မည်။
နောက်ထပ် တည်ဆောက်မှုတစ်ခုမှာတော့ အမေရိကန်ထိန်းချုပ်
ထားသည့် Swift သတင်းပို့စနစ်ကို မသုံးဘဲ သီးခြားစနစ် ထူထောင်မှု
ဖြစ်ပါသည်။
ရုရှားက SPFS ဆိုသည့် system for transfer of financial
messages စနစ် ထူထောင်ထားသလို တရုတ်က CIPS China's Cross
26 pma&;ol

border Interbank Payment System ငွေကြေးအချက်အလက်ပို့လွှတ်မှု


စနစ်တို့ ထူထောင်လည်ပတ်နေကြပါသည်။ အမေရိကန်ချုပ်ကိုင်မှုမှ
လွတ်ကင်းသော သတင်းပို့လွှတ်မှု စနစ်များက စင်ပြိုင်ငွေကြေးများ
တွင်ကျယ်စေရေးအတွက် အဆင်သင့် ရှိနေပါပြီ။
တရုတ်နှင့် ရုရှားသည် ဒေါ်လာကျောထောက်နောက်ခံ(အာမခံမဲ့
စက္ကူပရမ်းပတာ ထုတ်နေသည့်အပေါ် တန်ပြန်ရန် ရွှေကျောထောက်
နောက်ခံထားပြီး အာမခံချက်ပေးနိုင်သည့် ငွေကြေးထုတ်ဝေဖို့လည်း
ကြိုးပမ်းနေကြပါသည်။ အာမခံချက်မရှိသည့် ဒေါ်လာကို ယှဉ်တုပိုမို
ယုံကြည်နိုင်စွမ်း ရယူနိုင်သည့် ငွေကြေးထုတ်ဝေနိုင်ရန် ရွှေကို အရှိန်မြှင့်
တင် စုဆောင်းလာနေကြပါသည်။
အထက်က ပြင်ဆင်မှုအဝဝတွေ ဖြည့်ဆည်း တည်ဆောက်အပြီး
တွင်ကား ဒေါ်လာကို တည့်တည့်ထိပ်တိုက်ရင်ဆိုင်လာဖို့ကတော့ BRICS
ငွေထုတ်ဝေရေးအစီအစဉ် ပေါ်ထွက်လာသည်။
R5 or R5+ ဟု တရားဝင် ခေါ်တွင်ပါလိမ့်မည်။ BRICS အဖွဲ့ဝင်
ငါးနိုင်ငံစလုံး၏ ငွေကြေးတွေက R နဲ့ စကြတာကလည်း တိုက်တိုက်ဆိုင်
ဆိုင်ပင် ဖြစ်ပါသည်။
ပထမအဆင့်အနေနှင့် BRICS သည် အရန်ငွေကြေး Reserve
Currency တစ်မျ ိုးကို စတင်ထုတ်ဝေဖို့ ညှိနှိုင်းနေပါသည်။ ၎င်းသဘော
ထားကို ၂၀၁၈ ကတည်းက စတင်အဆိုပြုလာခဲ့ပြီး နောက်ဆုံး အစည်း
အဝေးမှာတော့ အတော်လေးပုံပေါ်လာသည့် အခြေအနေရှိပါသည်။
Reserve Currency ဆိုသည်မှာ နေ့စဉ်သုံး ငွေကြေးတစ်ခုမဟုတ်ဘဲ
နိုင်ငံတွေရဲ့ ဗဟိုဘဏ်တွေက ပိုင်ဆိုင်နိုင်တဲ့ monetary asset ငွေကြေး
ဆိုင်ရာ ပိုင်ဆိုင်မှုတစ်မျ ိုး ဖြစ်ပါသည်။
ထို Reserve Currency မှာ IMF ကထုပ်ဝေ SDR ဟုခေါ်သည့်
Special Drawing Rights ကမ္ဘာ့အရန်ငွေကြေးနှင့် သဘာဝတူညီပါသည်။
အဖွဲ့ဝင်နိုင်ငံများ၏ ငွေကြေးတို့ စုပေါင်းထည့်ဝင်ထားသည့် ဘုံငွေထုတ်
Basket of Money ဖြစ်ပြီး ဘယ်နိုင်ငံက ဘယ်လောက် ထည့်ဝင်နိုင်တယ်
ဆိုတာသည်ကို IMF (အမေရိကန်)က ဆုံးဖြတ်ပါသည်။ နိုင်ငံတော် (ဗဟို
pmtkyftrnf 27

ဘဏ်)ချင်း ပေးချေလဲထပ်နိုင်ပြီး၊ တန်ဖိုးတစ်ခု (ပေါက်ဈေး) သတ်မှတ်


ထားရှိသည်။ 1SDR ၏ ယနေ့ တန်ဖိုးက 1.312 USD ဈေးပေါက်သည်။
SDR က ဗဟိုဘဏ်ပိုင် ငွေကြေးရင်းမြစ်တစ်ခု ဖြစ်သည်နှင့်အညီ
ဒေါ်လာ၊ ပေါင်၊ ယူရို စသည့် အများသုံး ငွေကြေးများနှင့် ရောင်းဝယ်လဲထပ်
နိုင်ခွင့်ရှိသလို နိုင်ငံတော်ချင်း ပေးရန်ရှိ၊ ရရန်ရှိတာတွေကို ပေးချေရန်
ဘုံငွေကြေးအဖြစ်လည်း အသုံးချနိုင်ပါသည်။
ထို့ကြောင့် SDR ပိုင်ဆိုင်မှုသည် နိုင်ငံတစ်ခု၏ ငွေကြေးပေးချေ
နိုင်စွမ်း Liability နှင့် ယုံကြည်စိတ်ချနိုင်စွမ်း Credibility ကိုလည်း
ဖော်ပြပြန်သည်။ IMF က အကျပ်အတည်း ကြုံနေသည့် အဖွဲ့ဝင်နိုင်ငံများ
အား SDR ထုတ်ချေးပိုင်ခွင့်ကို လက်ဝယ်ထားရှိပါသည်။ ယခု ကိုဗစ်ကပ်
ဘေးတွင် IMF က SDR Billion 950 အထိ ထုတ်ချေးထားရှိပါသည်။
ထိုနည်းနှင့် IMF ကတစ်ဆင့် အမေရိကန်က ဗဟိုဘဏ်တွေ၏ အရှင်သခင်
နေရာရယူထားသည်။ အဓိကအကျဆုံးကတော့ Basket Currency သည်
အဖွဲ့ဝင်နိုင်ငံများ၏ ငွေကြေးတွေအကြားမှာ လဲလှယ်နှုန်း တန်ဖိုးသင့်မှု
Peg လုပ်နိုင်ကြရန် ကြားခံUniversal ငွေကြေးအဖြစ် အသုံးချနိုင်သည်။
ဒီအချက်က BRICS နိုင်ငံများ၏ ငွေကြေးသစ်အတွက် အလွန်
အရေးပါသည်။ IMF ၏ SDR ထည့်ဝင်မှုတွင် အမေရိကန်ဒေါ်လာ၊
စတာလင် ပေါင်၊ ယူရို၊ ယွမ်နှင့် ဂျပန်ယန်းငွေ ငါးမျ ိုးကသာ လက်ဝါးကြီး
အုပ်ထားပြီး ဒေါ်လာက ၅၀% နီးပါး နေရာယူထားသည်။ BRICS ၏
Reserve ငွေကြေးတွင်မူ ထိုသို့ လက်ဝါးကြီးအုပ်မှုမရှိဘဲ အဖွဲ့ဝင်နိုင်ငံများ
အားလုံး၏ ငွေကြေးများ ပါဝင်ခွင့်ရမည်ဖြစ်သည်။
ပေါ်ပေါ်ထင်ထင် အထူးအခွင့်အရေးယူမှုလည်း မထားဘဲ ပါဝင်မှု
အချ ိုးအစားကိုလည်း နိုင်ငံတို့၏ GDP အချ ိုးအစားအရဖြစ်စေ၊ ထည့်ဝင်
သည့် ရှယ်ယာအချ ိုးအစားအရဖြစ်စေ အကျ ိုးအကြောင်း Rationale
တစ်ခုခုအရ သတ်မှတ်မည် ဖြစ်ပါသည်။ ထိုအရန်ငွေ Basket ထားရှိမှု
သည် ဒေါ်လာကို ဗဟိုပြုမှုကို ဖယ်ရှားပြီးတိုက်ရိုက် ငွေကြေးချင်း Peg
လုပ်ပြီး ရောင်းဝယ်ကြရန် အထူးအသုံးဝင်လာလိမ့်မည်။ SDR ဆန်ဆန်ဘုံ
ဆိုသော်လည်း BRICS currencyက ပိုမိုခေတ်မီ ကျယ်ပြန့်တွင်ကျယ်စွာ
28 pma&;ol

အသုံးချနိုင်လိမ့်မည်ဟု ဆိုနိုင်သည်။
အကြောင်းမှာ အဖွဲ့ဝင်နိုင်ငံတွေ၏ ငွေကြေးအားလုံးကို အရန်ငွေ
ကြေး BRICS money ကို CBDC Central Banks Digital Currency
အနေနှင့် ထုတ်ဝေမည်ဆိုသည့်အတွက် တစ်ဦးချင်း ရောင်းဝယ်ပေးချေမှု
တွေကိပ
ု ါ ဗဟိဘ
ု ဏ်တွေများမှတစ်ဆင့် ချ ိတ်ဆက်ပေးနိင
ု မ
် ာှ ဖြစ်ပါသည်။
BRICS rmoney သည် ယနေ့နက်ဖြန် ဖြစ်လာမှာ မဟုတ်သေးသော်
လည်း တည်ဆောက်မှုမှာ အရှိန်အဟုန်ဖြင့် ပြေးနေသည်။ ငွေကြေးတစ်ခု
၏ အောင်မြင်မှုသည် Safety, Liquidity and Returnဆိုသည့် မည်မျှ
စိတ်ချစွာ သုံးစွဲနိုင်မည်၊ မည်မျှ လွယ်ကူစွာ ပေးချေရောင်းဝယ်နိုင်မည်၊
အပ်နှံမှုအတွက် မည်မျှ အတိုးအပွား ရလာနိုင်မည်တို့အပေါ် မူတည်သည်
ဟု အဆိုရှိပါသည်။
လာမည့် Digital Currency ဒစ်ဂျစ်တယ် ငွေကြေးခေတ်မှာတော့
Universality ကျယ်ပြန့်စွာ ဖလှယ်လဲထပ်နိုင်စွမ်းကပါ အရေးပါလာပါ
လိမ့်မည်။ BRICS Money မည်မျှ အောင်မြင်၍ မည်သို့ အသုံးတော်ခံမည်
ဆိုသည်မှာ စိတ်ဝင်စားစရာ ဖြစ်ပါသည်။ အနောက်တိုင်း ဝေဖန်သူ
အချ ို့ကတော့ ဘရစ်ငွေကြေးသည် နိင
ု င
် ပေ
ံ ါင်းများစွာ ပေါင်းစည်းထုတဝေ

တာမျ ိုးဖြစ်တော့ လက်ရှိ ယူရိုလိုဘဲ ဟိုမရောက်ဒီမရောက် ဖြစ်နေဦးမည်။
အမေရိကန်ဒေါ်လာကို စိန်ခေါ်နိုင်မည်မဟုတ်ဟု ဆိုပါသည်။ တစ်ခုရှိ
သည်မှာ တရုတ်တစ်နိုင်ငံတည်း၏ GDP ကိုက အီးယူအားလုံးပေါင်းထက်
များနေသည်။
BRICS Plus နိုင်ငံတွေ ဆယ်နိုင်ငံမက ပေါင်းစည်းလာလျှင် အမေ
ရိကန် GDP ထက် ပိုလိမ့်မည်။ လက်ရှိမှာ ပိုအခရာကျသည့် PPP
Purchasing Power Parity အရ တွက်သည့် GDP အရ တရုတ်ကအမေ
ရိကန်ကို ဖြတ်ချန်ထားခဲ့ပြီးသား ဖြစ်နေသည်။ Basket Currency ဘုံငွေ
ကြေးအဖြစ် BRICS Money ပေါ်လာချ ိန်မှာ Nominal GDP တွက်ချက်မှုမှာ
အမေရိကန်ဒေါ်လာကို အခြေခံလိမ့်မည် မဟုတ်တော့သည်ကိုလည်း
ထည့်တွက်ရပါလိမ့်မည်။
BRICS Plus သည် ကမ္ဘာ့လူဦးရေ တစ်ဝက်နီးပါးရှိလာမည့်
pmtkyftrnf 29

ဝယ်လိုအား တိုးပွားနှုန်းမြင့် ဈေးကွက်ကြီး ဖြစ်သည်နှင့်အညီ အဖွဲ့ဝင်


နိုင်ငံများအတွင်း ရောင်းဝယ်ဖောက်ကားမှုပမာဏ Internal trade
Volume (ယနေ့စာရင်းဇယားများအရ USD Billion 600) လည်း အလွန်
မြင့မ
် ားလာပါလိမမ
့် ည်။ သီးခြားရပ်တည်နင
ုိ စ
် မ
ွ း် မှတစ်ဆင့် အဓိကငွေကြေး
အဖြစ် မျှော်လင့်ချက်ရှိနေပါသည်။
+++အမေရိကန်တစ်ကိုယ်တော်ဝါဒ Unilateralism ၏ ကျောရိုး
မှာ ဒေါ်လာ၏ ကမ္ဘာ့အဓိက ကုန်သွယ်ငွေကြေးနှင့် အရန်ငွေကြေးဖြစ်နေမှု
ပင် ဖြစ်သည်။ ထိုဖြစ်တည်မှုအပေါ် အလွဲသုံးစားပြုမှု များစွာပြုနေသည့်
အပေါ် တုပြ
ံ့ န်ရန် စင်ပြိုင်ငွေကြေး တစ်ခု ဖော်ထတ
ု ရ
် န် အရေးကြီးနေသည်။
ထိုလိုအပ်ချက်အတွက်အဖြေသည် R5 ဖြစ်လာနိုင်သည်။ ဘက်စုံထောင့်စုံ
အားဖြည့မ
် ှု တည်ဆောက်မမ
ှု ျား ထူထောင်နေသော ကာလဖြစ်ပါသည်။+++
BRICS Money သည် အမေရိကန်ဒေါ်လာကို အစားထိုးရန် မျှော်
လင့်မထားပါ။ ဒေါ်လာစိုးမိုးမှုမှ အလွဲသုံးစားပြုနေသည့် အမေရိကန်ကို
ထိန်းချုပ်နိုင်ရန်အတွက်သာ ရည်ရွယ်ပါသည်။
မည်မျှအထိ လှမ်းနိုင်မလဲဆိုသည်ကို စောင့်ကြည့်ရန်သာ ဖြစ်ပါ
တော့သည်။

(ဂ) ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူ ၅ ရပ် အခြေခံသည့် တရား


မျှတမှုနှင့် အခွင့်အလမ်းတူမျှသော ကမ္ဘာ့အထိုင်သစ် ထူထောင်ရေး
ကြိုးပမ်းမှုနှင့် ထိုကြိုးပမ်းမှုအပေါ် စိန်ခေါ်ချက်များ။
လွန်ခဲ့သော ၆၈ နှစ်ခန့်က ၁၉၅၄ ခုနှစ် ဇွန်လ ၂၈ ရက်နေ့တွင်
တရုတ်နိုင်ငံ ဝန်ကြီးချုပ် ချူအင်လိုင်း၊ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နေရူးနှင့်
မြန်မာနိုင်ငံဝန်ကြီးချုပ် ဦးနုတို့ သုံးဦးတို့မှ ယနေ့ နိုင်ငံတကာဆက်ဆံရေး
၏ ပင်မလက်ခံကျင့်သုံးမှု စည်းမျဉ်းငါးရပ်ကို သဘောတူ လက်မှတ်ရေး
ထိုး ချရပ်ခဲ့ပါသည်။ ထိုစည်းမျဉ်း ငါးရပ်မှာ သိကြပြီးဖြစ်သည့်အတိုင်း -
(၁) နိုင်ငံများအချင်းချင်း အချုပ်အခြာအာဏာ ပိုင်စိုးမှုနှင့်
နယ်မြေတည်တံ့ခိုင်မာမှုကို လေးစားတန်ဖိုးထားခြင်း။
(၂) အပြန်အလှန် ရန်လိုသော သဘောထား မထားရှိခြင်း။
30 pma&;ol

(၃) နိုင်ငံတစ်နိုင်ငံ၏ အိမ်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှု


မပြုခြင်း။
(၄) တန်းတူရည်တဆ
ူ က်ဆရေ
ံ းမူကုိ လက်ကင
ုိ ထ
် ားလျက် နှစဦ
် း
နှစ်ဖက်အပြန်အလှန် အကျ ိုးပြုသည့် လက်တွဲမှုပြုခြင်းနှင့်
(၅) ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေနိုင်ကြခြင်း
ဟူ၍ ဖြစ်ပါသည်။
နောက်တစ်နှစ်ကြာ ၁၉၅၅ ခုနှစ်မှာတော့ အင်ဒိုနီးရှားနိုင်ငံ ဘန်
ဒေါင်းမြို့တွင် အာရှအာဖရိက၂၉ နိုင်ငံ တွေ့ဆုံဆွေးနွေးမှုမှ မူ(၁၀)ချက်
ပါဝင်သော နိုင်ငံတကာဆက်ဆံရေးစည်းမျဉ်းကို ချမှတ်နိုင်ခဲ့ကြပါသည်။
ကမ္ဘာ့လူဦးရေ၏ ၅၀% ကျော်သော စုဖွဲ့မှုကြီးမှ ချမှတ်ခဲ့သော
စည်းမျဉ်း(၁၀)ချက်မှာ နောင်အခါတွင် အရှိန်အဟုန်မြင့်မားစွာ လှုပ်ရှား
လာမည့် ဘက်မလိုက် လှုပ်ရှားမှုကြီး၏ အမြုတေ ဖြစ်လာခဲ့ပါသည်။
စစ်အေးတိုက်ပွဲ ပြီးဆုံးမှုနှင့်အတူ ဘက်မလိုက်လှုပ်ရှားမှုသည်လည်း
အသက်ဝင်မှု အားနည်းသွားခဲ့ပါသည်။
အမေရိကန်နှင့် အပေါင်းအပါတို့၏ ဦးဆောင်မှုအောက်တွင်
နိုင်ငံအားလုံး လိုက်နာလိုက်ပါလျက် တည်ငြိမ်အေးချမ်းဖွံ့ဖြိုးစေမည်ဆို
သည့် Pax Americana အယူအဆနှင့် EU ပုံစံဖြစ်သော နိုင်ငံများသည်
မိမအ
ိ ချုပ်အခြာအာဏာကို စွန့်လတ
ွှ ပြ
် းီ လစ်ဘရယ်ဒမ
ီ ကရေ
ုိ စီနင
ှ ့် အနောက်
တိုင်းယဉ်ကျေးမှု ဓလေ့ထုံးတမ်းစံနှုန်းများအောက်တွင် ပေါင်းစည်းကြ
မည့် နီယိုလစ်ဘရယ် အယူအဆတို့ အားကောင်းလာခဲ့သည်။ နိုင်ငံများ၏
အချုပ်အခြာအာဏာ ပိုင်စိုးမှုကို ဗဟိုပြုသော ငြိမ်းချမ်းစွာ အတူယှဉ်တွဲ
နေထိုင်ရေးမူများ ယာယီမှေးမှိန်ခဲ့ရသည်။
ထိုမျှမက အမေရိကန်နှင့်နေတိုး၏ တစ်ဖက်သတ် ဆုံးဖြတ်ကျူး
ကျော်မှုများက ကုလသမဂ္ဂ၏ အခြေခံမူဘောင်ဖြစ်သော အချုပ်အခြာ
အာဏာပိင
ု န
် င
ုိ င
် မ
ံ ျားကို အခြေခံထားပေါင်းစည်းမှုပစ
ံု (ံ Westphalian Model)
နှင့်တကွ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ကဏ္ဍပင်လျှင် ပစ်ပယ်ခံရမှုမျ ိုး
သဘာဝအထိ ရှိလာခဲ့ပါသည်။
သို့သော် ကမ္ဘာနှင့်အဝန်း လစ်ဘရယ်ဒီမိုကရေစီတင်ပို့မှုတို့ ၁၉၉၈
pmtkyftrnf 31

ခုနှစ်နှင့် ၂၀၁၈ ခုနှစ် စီးပွားပျက်ကပ်များ အလွန်မှာတော့ အရှိန်ကုန်သွား


သည်။ အာရှအင်အားစု ပြန်လည်နိုးကြား ကြီးထွားလာပြန်ပါသည်။
အထူးသဖြင့် ၁၉၉၈ စီးပွားရေးကပ်တွင် ငွေကြေးထောက်ကူ
လာနိုင်ပြီဖြစ်သော တရုတ်က ကယ်တင်ရှင် ဖြစ်လာခဲ့သည်။ တရုတ်၏
စဉ်ဆက်မပြတ် စီးပွားရေးတိုးတက်နှုန်း မြင့်မားမှုနှင့်အတူ အာရှပုံစံ
ဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင်မှုတို့က တွင်ကျယ် အင်အားကြီးထွားလာ
ပြန်သည်။ ပုံစံသစ် ကမ္ဘာ့အထိုင်တစ်ခုကို ပြန်လည်တောင်းဆိုလာပြီး
အာရှဘက်က စီးပွားရေးမိုဒယ်များက ပိုမိုဆွဲဆောင်မှု ရှိလာပြန်သည်။
ဤတွင် ပိုမိုအခရာကျလာသော နေရာရယူလာသည့် တရုတ်က
တစ်စခန်း ထလာသည်။ ၂၀၀၅ ခုနှစ် ကုလသမဂ္ဂညီလာခံ မိန့်ခွန်းပြော
ကြားရာတွင် တရုတ်သမ္မတ ဟူကျင်းတောင်က အချက်လေးချက်ပါ
Harmonious World ကမ္ဘာ့တည်ငြိမ်အေးချမ်းမှု တည်ဆောက်ရေး
အဆိုကို တင်သွင်းခဲ့ပါသည်။
(၁) အများပူးပေါင်းပါဝင်သော ဘုလ
ံ ခံု ြုံရေးစနစ်တစ်ခု ထူထောင်
ရေး။
(၂) နှစ်ဦးနှစ်ဖက် အပြန်အလှန် အကျ ိုးပြုနိုင်သော ဆက်သွယ်
ပေါင်းစည်းမှုများ ပြုကြရေး။
(၃) Civilization ကြီးများ အားလုံး အတူတကွ ယှဉ်တွဲနေထိုင်
ရပ်တည်နိုင်ကြရေး။
(၄) ကုလသမဂ္ဂ၏ လုပ်ငန်းတာဝန်များ ရည်မှန်းချက်အတိုင်း
ပေါက်မြောက်အောင်မြင် ဖြည့်ဆည်းနိုင်ရေးအတွက် အာဏာပိုင်စိုးမှု
ရှိနေစေမည့် ပြန်လည်ဖွဲ့စည်းမှုများတို့ကို ဖော်ဆောင်ရန် စသည့် ကမ္ဘာ့
အထိုင်သစ် ပုံဖော်မှုဆော်သြချက်ကို တင်သွင်းလာသည်
တင်ပြပါ ဟူကျင်းတောင် Model ကို ထောက်ခံရမှု အားမကောင်း
လှဘဲ အနောက်အုပ်စုကမူ စိတ်ကူးယဉ်သက်သက်ဟုသာ မှတ်ချက်ပြုကြ
သည်။ ၂၀၁၂ ခုနှစ် ရှီကျင်းဖျင် အာဏာရလာချ ိန်မှစ၍ Harmonious
World ဆိုသော အသုံးအနှုန်းကို သိပ်မများစွာ မကြားရတော့ဘဲ ဟူကျင်း
တောင်မိုဒယ် မှေးမှိန်လာသည်။ ၂၀၁၄ ခုနှစ် ငြိမ်းချမ်းစွာအတူ ယှဉ်တွဲ
32 pma&;ol

နေထိုင်ရေးမူ (၅)ချက် ချမှတ်ခဲ့ခြင်း၏ နှစ်(၆ဝ)မြောက် အခမ်းအနားမှ


စတင်၍ အဆိုပါမူ (၅)ရပ်ကို ကမ္ဘာ့အထိုင်သစ် (New World Order)
ပုံဖော်ရေးဆွဲရေး၏ အခြေခံသဘောတရားအဖြစ် ပြန်လည်အထိုင်ယူ
ပွဲထုတ်ခဲ့ပါသည်။
တရုတ်၏ အများတန်းတူ လက်တွဲပေါင်းစည်း ဖော်ဆောင်မှု
(Multilateral Cooperation)အစီအစဉ်အရ အပြည်ပြည်ဆိုင်ရာ လက်တွဲ
ပူးပေါင်းမှုသည် ပိုမို၍ တရားမျှတပြီး တန်းတူရည်တူမှုကို အခြေခံ၍
တစ်ကိုယ်တော် တစ်အုပ်စု စိုးမိုးဗိုလ်ကျ အခွင့်ထူးခံခြင်းကို ဆန့်ကျင်ပြီး
မတူညသ
ီ ော ယဉ်ကျေးမှုဓလေ့တန်ဖးုိ ထားစံများကို အပြန်အလှနလေ
် းစား
အသိအမှတ်ပြုကြပြီး အတူတကွ ဖွံဖြိုးတိုးတက်နိုင်ကြရေးကိုသာ
ဦးတည်ထားသည်ဟု ဆိုပါသည်။ [နောက်ဆက်တွဲ (င)]
တရုတ်၏ Multilateral ပုံစံတွင် နှစ်ဦးနှစ်ဖက် အပြန်အလှန်
အထောက်အကူ အကျ ိုးစီးပွား ဖြစ်ထွန်းစေသည့် နှစ်နိုင်ငံချင်း ဆက်ဆံ
ရေးများကိုလည်း တိုးမြှင့်ဖော်ဆောင်နိုင်ကြရန်လည်း တိုက်တွန်းအားပေး
ပါသည်။
သို့သော် တရုတ်ပုံဖော်တင်ပြနေသော ငြိမ်းချမ်းစွာ အတူယှဉ်တွဲ
နေထိုင်ရေးမူ (၅) ချက် အခြေခံ ကမ္ဘာ့အထိုင် ပုံဖော်မှုသည် အနောက်အုပ်စု
အမြင်မှာတော့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးမြှင့်တင်မှုကို လျစ်လျူရှု
သော မိမိ၏သြဇာနှင့် အင်အားတိုးချဲ့ဖြန့်ကြက်ရေး ပုံဖော်မှုသာ ဖြစ်သည်
ဟု ကောက်ချက်ပြုကြပါသည်။
BRICS အုပ်စုသည် ကမ္ဘာ့နေရာ အနှံ့အပြားမှ မတူညီသော
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပုံစံ ကိုယ်ပိုင်ဟန်တို့ဖြင့် ထူထောင်နေကြ
သော ဖွံ့ဖြိုးဆဲနိုင်ငံတို့၏ အစုအဖွဲ့တစ်ခု ဖြစ်သဖြင့် BRICS ၏ ကြီးထွားမှု
သည် လက်ရှိအမေရိကန်နှင့် အနောက်အုပ်စု ချမှတ်အထိုင်ယူထားသော
ကမ္ဘာ့အထိုင်(Globel Order)နှင့် ကွဲပြားမှု ရှိနေသည်မှာတော့ သေချာပါ
သည်။
ထိုကဲ့သို့ ဖြစ်ပေါ်တိုးတက်မှုတွင် BRICS နိုင်ငံများ အားလုံးပေါင်း
စီးပွားရေး၏ (၇၀% ရှိနေသော တရုတ်၏ကဏ္ဍက အဓိကတွန်းအားဖြစ်
pmtkyftrnf 33

နေသည်ကို ကောင်းစွာ သဘောပေါက်ထားသော အမေရိကန်က တရုတ်


ကြီးထွားမှု ထိန်းချုပ်ရေး (China Containment) အစီအစဉ်ကို အထူး
အာရုံစိုက် ဖိအားပေး ထိုးနှက်လာတော့ပါသည်။
တရုတ်၏ အတောမသတ် ကြီးထွားနေသော စီးပွားရေးအင်ဂျင်
ကြီးနှင့် ပိုငွေအစဉ် ပြနေသော ကုန်သွယ်အမြတ်တို့သည် တရုတ်၏
ကမ္ဘာပတ် ပထဝီစီးပွားရေး ကွန်ရက်ဖြန့်ကြက်မှုများအတွက် အဓိက
အရင်းအမြစ်ဖြစ်နေသည်ကို အမေရိကန်တို့ ကောင်းစွာ သိရှိပါသည်။
ထိုအရင်းအမြစ်များ ချ ိနဲ့ရေးသည် အဂ္ဂမဟာဗျူဟာ ဖြစ်လာပြီး
တရုတ်ချ ိနဲ့စေရေးအတွက် ကမ္ဘာ့ထုတ်လုပ်မှုနှင့် ထောက်ပံ့မှုကွန်ရက်
Global Value Chains နှင့် Global Supply Chains တို့မှ ဖြတ်ထုတ်
ဝိုင်းပယ်ရေးအတွက် နည်းမျ ိုးစုံ ကြိုးပမ်းလာတော့သည်။ လတ္တလော
ဖြတ်ထုတ်ရန် ခက်ခဲနေချ ိန်တွင် ကုန်ထုတ်လုပ်ရေးကို တရုတ်အပြင်
အခြားတစ်နိုင်ငံတစ်နိုင်ငံတွင်ပါ ခွဲထုတ်လုပ်ဆောင်ရေး China Plus
One Policy ကိုလည်းကောင်း၊ အိုင်စီချစ်ပ်ထုတ်လုပ်မှုတွင် တရုတ်ကို
ဝိုင်းပယ်ဖြတ်ထုတ်ရေးအတွက် ထိုင်ဝမ်၊ တောင်ကိုရီးယားဂျပန်တို့နှင့်
မဟာမိတ်ဖွဲ့ထိုးနှက်မည့် Chip 4 alliance ကိုလည်းကောင်း ထူထောင်
ရန် ဆော်သြနေဆဲ ဖြစ်ပါသည်။
အမေရိကန်၏ သူနာကိုယ်နာ အစီအစဉ်များအတွက် မဟာမိတ်တို့
တွေဝေနေချ ိန်တွင် တရုတ်ကတော့ သူအကျ ိုးရှိ ကိုယ်အကျ ိုးရှိ လမ်း
ကြောင်းပေါ် အထိန်းအကွပ်မဲ့ ဖြတ်သန်းနေပါသည်။
တရုတ်သည်လည်း BRICS ရပ်ဝန်း၏ ပြင်ပ၊ BRI ကွန်ရက်၏
ပြင်ပရှိ ဒေသကြီးများ စုစည်းမှုတို့နှင့်လည်း တိုက်ရိုက်ချ ိတ်ဆက်လက်တွဲ
ပူးပေါင်းလျက်ရှိပါသည်။ ပင်လယ်ကွေ့ နိုင်ငံများအဖွဲ့ (GCC) နှင့် လက်ရှိ
သွားရောက်တွေ့ဆုံ ဆွေးနွေးနေပြီး အဓိကရေနံထုတ်နိုင်ငံများဖြစ်သော
ဆော်ဒီအာရေဗျ၊ ကူဝိတ်နှင့် ယူအေအီးတို့နှင့် လက်တွဲပြီး ကမ္ဘာ့ရေနံဈေး
နှုန်း တည်ငြိမ်ရေးနှင့် ပက်ထရိုယွမ်ဖော်ဆောင်မှု အစီအစဉ်များကို
ကြိုးပမ်းဆောင်ရွက်နေပါသည်။
အာရှပစိဖိတ်နိုင်ငံ အားလုံးလိုလို ပါဝင်သော CEP Regional
34 pma&;ol

Comprehensive Economic Partnership စုဖွဲ့မှုတွင် အာဆီယံနိုင်ငံများ


သာမက အမေရိကန်၏ အနီးကပ် မဟာမိတ် သြစတေးလျ၊ ဂျပန်နှင့်
တောင်ကိုရီးယားတို့ပါ ပါဝင်လာသည်က အမေရိကန်စိုးမိုးမှု မှေးမှိန်လာ
ခြင်း၏ ပြယုဂ်ဖြစ်လာသည်။
ထို့အတူ အာဖရိကနိုင်ငံများအသင်း Africa Union AU နှင့်လည်း
လက်တွဲပူးပေါင်းလျက် China-Africa Forum တွင် ဆုံတွေ့ဆွေးနွေးပြီး.
အာဖရိကတိုက် တစ်တိုက်လုံး၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက
ရင်းနှီးမြုပ်နှံသူအဖြစ် ရပ်တည်လျက် ရှိပါသည်။
တောင်အမေရိကနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရေးတွင်လည်း
China-LAC cooperation Fund (China Latin America Carrabian
area Cooperation Fund CLAC Fund) ကို ဒေါ်လာ ၅ ဘီလျံ မ,တည်
ရင်းနှီးထူထောင်ထားရှိပြီး ဖြစ်ပါသည်။ တရုတ်၏ ကမ္ဘာအနှံ့ စီးပွားရေး
ပူးပေါင်းမှု ကွန်ရက်သည် နေရာဒေသမရွေး နိုင်ငံရေး စီးပွားရေးလူမှုရေး
အယူအဆနှင့် ရပ်တည်ချက်ကွဲပြားမှုကို အလေးမမူ ရန်မလို သြဇာမပေး
ကန့်သတ်ချက် စည်းဘောင်မထား အပြန်အလှန် အကျ ိုးစီးပွား အပေါ်သာ
အခြေခံလက်တွဲခြင်းဖြစ်သဖြင့် လွယ်ကူတွင်ကျယ်စွာ ဖြန့်ကြက်ဝန်းပတ်
မိလိုက်ခဲ့ပါပြီ။
တရုတ်၏ ကမ္ဘာ့အထိုင်သစ် ဖော်ဆောင်ရေး ကြိုးပမ်းမှု အထိုင်ကို
တရုတ်နိုင်ငံ၏ တရားဝင် ထုတ်ပြန်ကြေညာထားသော အခြေခံရပ်တည်
ချက် သုံးရပ်ဖြစ်သည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူ ငါးချက်။
ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အခြေခံပုံဖော်မှု Global Develop-
ment Initiatives ၏ အခြေခံမူခြောက်ရပ်၊ ဦးစားပေးလုပ်ငန်းစဉ်ခုနစ်ရပ်
နှင့် လမ်းစဉ်ခြောက်ရပ်နှင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအခြေခံထူထောင်မှု
Global Security Initiatives အဆိုပြုချက် ခြောက်ရပ်တို့နှင့်တကွ အခါ
အားလျော်စာွ ပေးပိထ
့ု တ
ု ပြ
် န်သည့် ကြေညာစာတမ်းများပါအချက်အလက်
တို့ကို အခြေခံပြီး ခြုံငုံသုံးသပ်ရပါလျှင် လက်ရှိ ကုလသမဂ္ဂ အထိုင်ချရပ်မှု
ကို အခြေခံ၍
(၁) နိုင်ငံအများစုဖြစ်ကြသော ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ထောက်ခံ
pmtkyftrnf 35

လက်တွဲမှုရယူပြီး အထွေထွေ ညီလာခံနှင့် ကမ္ဘာ့အရေးအရာ


သဘောတူညီဆုံးဖြတ်မှုတို့တွင် အနောက်အုပ်စု၏ စိုးမိုးမှု
ကို တန်ပြန်ရေး။
(၂) ကမ္ဘာ့လုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကမ္ဘာလုံးဆိုင်ရာ
လုံခြုံရေး ပုံဖော်မှုတို့တွင် အားလုံးသဘောတူ ချမှတ်ထား
သည့် ရည်မှန်းချက်များ အကောင်အထည်ဖော်ရာတွင်
ဦးဆောင်မှုကဏ္ဍတစ်ခု ရယူရေး။
(၃) နိုင်ငံကြီးများနှင့် နိုင်ငံငယ်များအကြား ဖွံ့ဖြိုးတိုးတက်ပြီး
နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲ နိုင်ငံများအကြား အခွင့်အရေးနှင့်
အခွငအ
့် လမ်းတန်းတူ ရယူနင
ုိ ရေ
် းကြိုးပမ်းမှုတက
့ုိ ုိ ဦးဆောင်
မှုနေရာ ရယူရင်ဆိုင်ရေးနှင့်အတူ ကုလသမဂ္ဂဘောင်၏
ပြင်ပမှ ရင်ဆိုင်မှုများဖြစ်သော
(၄) အမေရိကန်နှင့် အပေါင်းအပါတို့၏ မိမိသြဇာ ဆန့်ကျင်သူ
မှန်သမျှကို စစ်ရေး၊ စီးပွားရေး သဘောတရားရေးနှင့် ဝါဒ
ဖြန့်ချ ိရေး ဘက်စုံထိုးနှက် ဖိအားပေးတိုက်ခိုက်မှု ပုံဖော်ချက်
မှန်သမျှကို ဦးဆောင် ရင်ဆိုင်နိုင်စွမ်း ထူထောင်ရေး၊
(၅) အနောက်အုပ်စု၏ မဟာမိတ်အုပ်စုဖွဲ့ အနိုင်ကျင့် ဖိနှိပ်ရေး
ဝါဒ၊ သြဇာအာဏာရပ်ဝန်း Sphere of Influence ထူထောင်
ဦးဆောင်မှုရယူဝါဒ၊ ရန်လိုရန်သူရှာ စစ်အင်အားသုံး ခြိမ်း
ခြောက် ဖိနှိပ်ထိုးနှက် တိုက်ခိုက်သိမ်းသွင်းရေးဝါဒ၊ သူ
တစ်ပါး၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု
တန်ဖိုးထား စံများကို တန်ဖိုးမဲ့ သေးသိမ်စေခြင်းဖြင့် ၎င်း
တို့၏ သြဇာလွှမ်းမိုးမှု ရယူမှု ပုံဖော်မှုရေး ဝါဒဖြန့်ချ ိရေး
ယန္တရားတို့ကို ရင်ဆိုင်ရေး။
စသည့် ရပ်တည်ချက်များအရ ရပ်တည်ခံစားချက်တူညီကြသော ဖွံ့ဖြိုးဆဲ
နိုင်ငံကြီးငယ် အင်အားထုကြီးထူထောင်ရန် ရင်ဆိုင်ရေးကို ဦးတည်ထား
ကြိုးပမ်းနေသည်ဟု ရှုမြင်နေရပါသည်။
ထိုသို့သော အားပြိုင်ရင်ဆိုင်မှုများကို လက်တွေ့ပုံဖော်ရာတွင်
36 pma&;ol

အင်အားကြီးနှစ်ရပ်၏ လက်ရှိရုန်းကန်မှုသည် အမေရိကန်၏ ကမ္ဘာနှင့်


တစ်လွှား စစ်အင်အားဖြန့်ကြက်စိုးမိုးမှု (Geo politics) နှင့် တရုတ်၏
ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးဓနကွန်ရက် (Geo economy) သြဇာ
စက်ဝန်းဖြန့်ကြက်မှု အားပြိုင်ပွဲ၏သရုပ်ကို ဆောင်လာသည်။
အမေရိကန်နှင့် အနောက်အုပ်စု၏ တရုတ်အပါအဝင် ဆိုရှယ်လစ်
နိုင်ငံများအပေါ် ဒီမိုကရေစီ ကျင့်သုံးမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ ဝေဖန်
ထိုးနှက်မှုများနှင့် တရုတ်နှင့်ရုရှား ဦးဆောင်သည့်အုပ်စုမှ အနောက်အုပ်စု
၏ နိုင်ငံငယ်များအပေါ် ခေတ်သစ်ကိုလိုနီ နယ်ချဲ့ပုံစံသစ် အမျ ိုးမျ ိုးဖြင့်
အခွင့်ထူးခံဖိနှိပ်အနိုင့်ထက်ပြုမှုများကို ပြန်လည်ဖော်ထုတ် တန်ပြန်မှု
ဝါဒရေးရာ အားပြိုင်ပွဲအဖြစ်လည်းကောင်း၊ လက်ရှိကမ္ဘာ့အထိုင်၏
အခြေခံများဖြစ်နေဆဲ အချုပ်အခြာအာဏာပိုင်စိုးမှုနှင့် နယ်မြေတည်တံ့မှု
ကို လေးစားရေး၊ သူတစ်ပါး ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေး
စသည့် အခြေခံများကို ပြင်ဆင်ဖျက်သိမ်းလျက် သဘောတရားရေး
တင်ပို့စွက်ဖက်မှုတို့ ပြုလာသော အနောက်အုပ်စုနှင့် လက်ရှိအထိုင်ကို
ထိန်းသိမ်းလိုကြသော ဖွံ့ဖြိုးဆဲအင်အားစုတို့၏ ပြိုင်ဆိုင်မှုပုံစံလည်း
ဆောင်လာသည်။
တရုတ်၏ အပြန်အလှန်အကျ ိုးစီးပွား အခြေခံပေါင်းစည်းဆက်ဆံ
ရေးမှုနှင့် သဘောတရားရေး မတူမျှမှုကို ထိုးနှက်တိုက်ခိုက် နင်းချေရေး
အနောက်အုပ်စု၏ သဘောထားတို့၏ ရင်ဆိုင်မှုလည်း ဖြစ်လာသည်။
ထိုရင်ဆိုင်မှုတို့က အားပြိုင်မှု စက်ကွင်းများ၏ အဓိက ဝင်ရိုး
ကြောင်းများအဖြစ် ကမ္ဘာနှင့်အဝန်းတွင် ရင်ဆိုင်နေကြသည်ကို မြင်တွေ့
နိုင်ပါသည်။
+++ယနေ့ခေတ် အားပြိုင်ပွဲသည် စစ်ရေး၊ စီးပွားရေးယှဉ်ပြိုင်မှု
ပထဝီစီးပွားရေး၊ ပထဝီနိုင်ငံရေး အားပြိုင်မှုနယ်ပယ်ကို ကျော်လွန်သွား
ခဲ့ပါပြီ။ ရေထု လေထု မြေထုအပြင် Space နှင့် Cyber Space နယ်ရင်း
Domain များအထိ သက်ရောက်နေသည်။ နိုင်ငံရေးဝါဒရေး၊ ယဉ်ကျေးမှု၊
တန်ဖိုးထားစံနှင့် သြဇာတည်ဆောက်မှု စက်ဝန်းထူထောင်မှုအထိ
နယ်ပယ်စုံလှသည်။ Multidimensional သဘာဝရော Multi domain
pmtkyftrnf 37

များအထိ ကျယ်ပြောမှု အသွင်ပါ ဆောင်နေသည်။


ကျယ်ပြောသော ပေါင်းစည်းမှု ထူထောင်နိုင်စွမ်းကို တောင်းဆို
လာနေပါသည်။ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူတို့သည် ပြင်ပစွက်
ဖက်လွှမ်းမိုးမှု ကင်းရှင်းရေးကို အခြေခံပါသည်။ ယနေ့ဖြစ်တည်မှုအရ
စွက်ဖက်ပုံဖော်မှုများက အသွင်သဏ္ဌာန် နယ်ပယ်အမျ ိုးမျ ိုးမှ တိုးဝင်
ထိုးနှက်နေသည့် သဘာဝကို ရှုမြင်ဟန့်တားနိုင်မှသာ ရည်မှန်းထားသည့်
စွက်ဖက်လွှမ်းမိုးမှုကင်းသော ငြိမ်းချမ်းသည့် ကမ္ဘာ့အထိုင်တစ်ခုသို့
ရောက်ရှိနိုင်ပါလိမ့်မည်+++။
ရေရှညအ
် ားပြိုင်ပတ
ဲွ စ်ခတ
ု င
ွ ် အင်အားချင်းမကွာလွနး် လျှင် စေတနာ
မှန်၍ အများပြည်သူ၏ လိုလားချက်ကို အမှန်တကယ် ဖြည့်ဆည်းပေးနိုင်
သူ အနိုင်ရမြဲဖြစ်ပါသဖြင့် အမှန်တရား၏ အနိုင်ယူပက
ွဲ ို စောင့်ကြည့်ရန်သာ
ဖြစ်ပါလိမ့်မည်။

(ဃ) တရုတ်နိုင်ငံကို ထိန်းချုပ်ဝိုင်းပယ်ရေးအတွက် အမေရိကန်၏


ကြိုးပမ်းဆောင်ရွက်မှုများ၊ ထိုကြိုးပမ်းဆောင်ရွက်မှုများကြောင့်
ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်စဉ်အပေါ် ထိခိုက်သက်ရောက်မှုများနှင့်
ထိုသို့သော ထိခိုက်သက်ရောက်မှုတို့ကို တုံ့ပြန်ပြင်ဆင်ရေးဆွဲရေး
ဆောင်ရွက်ချက်များ။
တရုတ်၊ ရုရှား၊ ဗီယက်နမ် စသည့် ဆိုရှယ်လစ်စနစ်ကို ဆက်လက်
ကျင့်သုံးရင်းနှင့် ဈေးကွက်စီးပွားရေးကို ပုံဖော်လာသော ပုံစံသစ်ဖြစ်သော
ဆိုရှယ်လစ်ဈေးကွက်စီးပွားရေး ပုံဖော်မှုတို့သည် အရှိန်မပျက် စဉ်ဆက်
မပြတ်ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကြဉ်းနိုင်ကြသဖြင့် ထိပ်တန်းစီးပွားရေး
နိုင်ငံကြီးများအဖြစ် ဆယ်စုနှစ် အနည်းငယ်အတွင်း ပြန်လည် ရောက်ရှိ
လာကြသည်။ အထူးသဖြင့် အနောက်နိုင်ငံများ စီးပွားပျက်ကပ် ဆိုက်ကြ
ချ ိန်တွင် အစိုးရဦးဆောင်သည့် ပုဂ္ဂလိကကဏ္ဍ မြှင့်တင်မှု စီးပွားရေးပုံစံ
က Recession စီးပွားပျက်ကာလသို့ ဆိုက်ရောက်ခြင်းကို ရှောင်လွှဲနိုင်
ခဲ့ကြသည်။
တရုတ်သည် IMF မှ တရားဝင် အသိအမှတ်ပြုထားသော PPP
38 pma&;ol

Purchasing Power Parity အရ တွက်ချက်သည့် အသားတင်ထုတ်


လုပ်နိုင်မှု GDP တွင် အမေရိကန်ကို ၂၀၁၃ ခုနှစ်မှာ ကျော်လွန်ကြီးမား
သွားခဲ့သည်။ ထိုနှစ်မှာပင် တရုတ်၏ သွင်းကုန်ထုတ်ကုန်ပမာဏ Trade
Volume ကလည်း အမေရိကန်ကို ကျော်လွန်သွားခဲ့ပြန်သည်။
တရုတ်၏ကုန်သွယ်အမြတ်သည် နိုင်ငံခြားအရန်ငွေ အမေရိကန်
ဒေါ်လာ ၃ ထရီလီယံကျော်နှင့် ဘွန်းတစ်ထရီလီယံကျော် ဝယ်ယူနိုင်သည်
အထိ ကြွယ်ဝလာသည်။ အဓိကအကျဆုံးဖြစ်သည့် Net Worth နိုင်ငံ့
အသားတင်ပိုင်ဆိုင်မှုအဝဝတွင်ပင် တရုတ်က အမေရိကန်ကို ၂၀၂၁ ခုနှစ်
တွင် ကျော်လွန်သွားပြန်သည်။
ပကတိတည်ရှိမှုများက တရုတ်၏ နေအင်အားသည် ကမ္ဘာ့ထိပ်ဆုံး
နေရာ ရောက်ရှိသွားပြီဖြစ်ပြီး အမေရိကန်သည် ဒေါ်လာတန်ဖိုး အခြေခံ
တွက်ချက်သည့် အသားတင် ထုတ်လုပ်မှုတန်ဖိုး Nominal GDP တစ်ခု
တည်း၌သာ ထိပ်ဆုံးနေရာ ရယူထားနိုင်တော့သည်။ ပိုလျှံနေသော နိုင်ငံ
ခြား အရန်ငွေများကို ကမ္ဘာအနှံ့ ရင်းနှီးမြှုပ်နှံမှုများ ထွက်လုပ်ကြရင်း
တရုတ်၏ သြဇာသက်ရောက်မှုက ကမ္ဘာကို လွှမ်းပတ်လာသည်။
BRI ခေါ် ကုန်းလမ်းရေလမ်း ချ ိတ်ဆက်ပတ်လမ်းကြီး တည်
ဆောက်မှုက တရုတ်၏ ကမ္ဘာ့အခရာ ဒေသများကို စီးပွားရေးအခြေခံ
စိုးမိုးရေး ရပ်ဝန်းဖြစ်တည်ရေး (Geoeconomic Domainancy) ရယူလိုက်
စေသည်။ အမှန်တကယ်တော့ အမေရိကန်နှင့် အနောက်အုပ်စု ဦးဆောင်
ပုံဖော်လိုက်ခဲ့သည့် တစ်ကမ္ဘာလုံး တစ်အိမ်တည်း ချ ိတ်ဆက်ယှက်နွယ်မှု
ကွန်ရက် Globalization ဖြစ်စဉ်အပေါ်မှ အမြတ်ဝေစုကို တရုတ်က
အများဆုံး သိမ်းပိုက်သွားနိုင်ခြင်းသာ ဖြစ်ပါသည်။
အမေရိကန်သည် ကမ္ဘာတစ်ဝန်း ပြိုင်ဘက်ကင်း စစ်စွမ်းအား
ဖြန့်ကြက်အုပ်စီးမှု ရယူလျက် ကမ္ဘာ့အရေးအရာများကို တစ်ကိုယ်တော်
ဦးဆောင်ဆုံးဖြတ် ကိုင်တွယ်နိုင်စွမ်း Geo-politics Domainancy ရယူ
ထားခဲ့ပါသည်။ ထိုရယူနိုင်စွမ်းအတွက်လည်း စစ်စရိတ် ထရီလီယံချ ီ
(2022 အတွက် စုစုပေါင်း 1.64. Trillion အထိ) ကျခံသုံးစွဲနေပါသည်။
သူတို့၏ သြဇာလွှမ်းပတ်မှုကို တရုတ်က အခြားတည်ဆောက် ထူထောင်မှု
pmtkyftrnf 39

ပုံစံတစ်မျ ိုးနှင့် ယှဉ်တုလာသောအခါ အငိုက်မိတုန်လှုပ်ခြင်း မခံမရပ်နိုင်


ခြင်းများဖြင့် ရသလို ကြုံသလို တုံ့ပြန်လာပါသည်။ တရုတ်၏ စီးပွားရေး
လက်တံအုပ်စီးမှု နောက်ပေါ်နည်းပညာသစ်တို့တွင် ဦးဆောင်မှုရယူလာ
နိုင်စွမ်းနှင့် ကမ္ဘာ့ကုန်ထုတ်လုပ်မှု၏ ဗဟိုချက်မအဖြစ် ဖြစ်တည်လာခြင်း
တို့သည် အမေရိကန်တို့၏ ရပ်တည်မှုကို ချေဖျက်နိုင်လောက်အောင်
ခြိမ်းခြောက်လာသော ပကတိဖြစ်တည်မှု Existential Threat တစ်ခု
အဖြစ်ပင် ရှုမြင်လာပါသည်။
တရုတ်သည် အမေရိကန်ကို တိုက်ရိုက်ခြိမ်းခြောက်သူ ဖြစ်လာ
သလို ဆိုရှယ်လစ်ဈေးကွက်စီးပွားရေးစနစ်၏ အောင်မြင်မှုများက
အနောက်အုပ်စုတစ်ခုလုံး၏ နီယိုလစ်အရယ် ကမ္ဘာအိပ်မက်ကို ဖျက်ဆီး
လိုက်သည်။ ဝါရှင်တန် ကွန်ဆင်းဆပ် စသည့် အနောက်တိုင်း စီးပွားရေး
ထူထောင်မှုဆိုင်ရာ မိုဒယ်များကိုပါ ပြင်မဆုံး၊ အဖြေမရောက်၊ ယုံကြည်
ကိုးစားခံရမှုတွေ ပျက်ယွင်းကုန်စေနေပါသည်။
တရုတ်၊ ရုရှား၊ ဗီယက်နမ်တို့ ဦးဆောင်ပုံဖေါ်လာသည့် ဆိုရှယ်လစ်
ဈေးကွက် စီးပွားရေးပုံစံ၏ ပြန်လည်နိုးထမှုက အဓိကဝါဒရေး အားပြိုင်မှု
ဖြစ်လာသည်။ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလတွင်လည်း ပြည်သူအများ
အတွက် ကာကွယ်ထိန်းချုပ်နိုင်စွမ်းတွင် အစိုးရ၏ကဏ္ဍကို အလေးထား
ဗဟိုပြုသော ဆိုရှယ်လစ်သဘောတရားဆန်သည့် နိုင်ငံတို့က ထိရောက်
စွာ တုံ့ပြန်နိုင်ချ ိန်တွင် အမေရိကန်ကိုယ်နှိုက်က ပြည်သူသန်းချ ီ အသေခံ
လိုက်ရသည့် သမိုင်းဝင်အဖြစ်ဆိုးတစ်ခု ဖြတ်သန်းလိုက်ရသလို အနောက်
နိုင်ငံအားလုံးလည်း ပြင်းပြင်းထန်ထန် ထိခိုက်ခံစားလိုက်ရသည်။
စနစ်နှစ်ခု အားပြိုင်မှုတွင် စီးပွားရေးဘက်တွင်သာမက အရေး
ပေါ် အခြေအနေများတွင် ပြည်သူကို ကာကွယ်စောင့်ရှောက်နိုင်စွမ်းမှာပါ
ကွာခြားမှုကို နဖူးတွေ့ဒူးတွေ့ မြင်လိုက်ကြရသည်။ အုပ်စုလိုက်ချင်း
အားပြိုင်မှုနှင့် ထိပ်သီးနှစ်နိုင်ငံချင်း အားပြိုင်မှုတို့ ပြိုင်တူစဉ်ဆက် ဖြစ်
ပေါ်နေခြင်း၏ ရိုက်ခတ်မှုများ ကမ္ဘာကို ပျံ့ကုန်သည်။
တရုတ်၏ ကြီးထွားတိုးတက်မှုကို ထိန်းချုပ်ထိုးနှက်ရေးအတွက်
(၁) တရုတ်၏ကုန်သွယ်အမြတ်ကြီးမားစွာ ရယူနေမှုကို လျှော့ချ
40 pma&;ol

ဖြတ်တောက်ရေး ကုန်သွယ်စစ်ပွဲ Trade war


(၂) တရုတ၏
် နည်းပညာဦးဆောင်မှု လျင်မြန်စာွ ကြီးထွားရယူနေ
မှုကုိ တိုက်ဖျက်ဟန့်တားသည့် Technological war နှင့်
(၃) တရုတ်ကို ဗဟိုပြုသည့် ကမ္ဘာ့ကုန်ထုတ်စံနစ်ကို ဖြတ်
တောက်ဖဲ့ထုတ်ရေး Decoupling of Manufacturing တို့က
အမေရိကန်၏ တရုတ်ကို ရင်ဆိုင်ရာ စစ်မျက်နှာစာသုံးရပ်
ဖြစ်လာသည်။
တစ်ပြိုင်တည်းမှာပင် တရုတ်၏ ကမ္ဘာပတ် ရင်းနှီးမြှုပ်နှံမှုများကို
တန်ပြန်ရန် ဘိုင်ဒင်၏ Build Back Better World အစီစဉ် Blue Dot
Network အစီအစဉ်တို့ဖြင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေး
ဖော်ဆောင်မှုတို့ကို စီမံလာသည်။ တရုတ်ကို ထိုးနှက်သော ကုန်သွယ်စစ်ပွဲ
သည် နှစ်ဖက်နာ ဖြစ်သော်လည်း အမေရိကန်လုပ်ငန်းရှင်များနှင့် အမေရိ
ကန် စီးပွားရေးကို ပိုမိုထိခိုက်စေသည့်အပြင် WTO သဘောတူညီချက်များ
အပါအဝင် Free Trade ကို မြှင့်တင်ရမည်ဆိုသည့် Liberal Global Order
အခြေခံစည်းမျည်းပါ ကျ ိုးပျက်သွားရသည်။
နည်းပညာစစ်ပွဲအရ အခြေခံအကျဆုံး မိုက်ခရိုချစ်ပ် ထုတ်လုပ်မှု
ကွန်ရက်မှ တရုတ်ကို ဖြတ်ထုတ်မည့် Chip 4 Alliance ထူထောင်ရန်
တိက
ု တ
် န
ွ း် ဖိအားပေးမှုများက အမေရိကန်နင
ှ တ
့် ရုတက
် သ
ုိ ာမက ဆက်စပ်
ထုတ်လုပ်ကြသည့် ထိုင်ဝမ်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် နယ်သာလန်တို့
အကျ ိုးစီးပွားများကိုပါ ထိခိုက်ကုန်စေသည်။ ထို့ကြောင့် ကိုလိုနီအဖြစ်မှ
မလွတ်တလွတ် လွန်ဆန်နိုင်စွမ်းမရှိသည့် ဂျပန်မှတစ်ပါး အခြားနိုင်ငံ
တွေက စိတ်မပါတပါ တုံ့ပြန်သည်။
အထူးသဖြင့် ထိုင်ဝမ်ပြည်နယ်အလိုက် ရွေးကောက်ပွဲတွင် ပြည်မ
နှင့် လိုက်လျောညီထွေ ဆက်ဆံလိုသော ကူမင်တန်ပါတီက တစ်ဖက်သတ်
အနိုင်ရသွားသည်။ လက်ရှိဝန်ကြီးချုပ်ပင်လျှင် ပါတီဥက္ကဋ္ဌနေရာမှ ဖယ်
ပေးလိုက်ရသည်။ ထိုဖြစ်ရပ်သည် လာမည့် ၂၀၂၄ ခုနှစ်တွင် ပြုလုပ်မည့်
အထွေထွေရွေးကောက်ပွဲအပေါ် သက်ရောက်မှု ကြီးမားလှသည်။
လက်ရှိအစိုးရ၏ တရုတ်ဆန့်ကျင်ရေးမူဝါဒ ကျင့်သုံးမှုအပေါ်
pmtkyftrnf 41

ပြည်ထောက်ခံမှု မရတော့သည့် သဘောထားမျ ိုး ထွက်ရှိလာသည်။


ဘိုင်ဒင်၏ Chip4 Alliance အစီအစဉ်တွင် ထိုင်ဝမ် ပါဝင်ရေး ခက်ခဲခဲ့ပါပြီ။
ထိုင်ဝမ်အစိုးရသစ်သည် တရုတ်ကို ပိတ်ဆို့ရေးတွင် ပါဝင် ပူးပေါင်းနိုင်ချေ
နည်းသွားခဲ့ပါပြီ။
အမေရိကန်သည် ရရာအစ ဆွဲထိုးနှက်နေရသည့် အခြေအနေတွင်
ဆိက
ု ရေ
် ာက်လာသည်။ တရုတန
် င
ုိ င
် ပ
ံ င
ုိ ် နည်းပညာကုမဏ
္ပ မ
ီ ျားတွင် အလုပ်
လုပ်နေသော အမေရိကန်နိုင်ငံသားပညာရှင်တို့ကို ပိတ်ပင်ပြန်သည်။
အပြန်အလှန်အားဖြင့် အမေရိကန်နိုင်ငံရှိ ကုမ္ပဏီများတွင် အလုပ်
လုပ်နေသော တရုတ်ပညာရှင်တို့ကလည်း မိခင်နိုင်ငံသို့ ပြန်ကုန်ကြသည်။
အမေရိကန်၏ သူနာကိုယ်နာ ထိုးနှက်မှုကို တရုတ်ကမူ အချ ိန်အဆဖြင့်
သာ သတိထား တုံ့ပြန်သည်။ တရုတ်၏ သဘောထားမှာ နှစ်ဖက်နာရေး
မဟုတ်ဘဲ နှစ်ဖက်အကျ ိုးများရေးသာ ဖြစ်သောကြောင့် ဖြစ်သည်။
အဓိကအကျဆုံး အမေရိကန်၏ လိုလားချက်မှာ တရုတ်ကို ကမ္ဘာ့
ထုတ်လုပ်ရေး စက်ရုံကြီးအဖြစ်မှ ရပ်တန့်ရေးပင် ဖြစ်သည်။ ကိုဗစ်-၁၉
ကပ်ရောဂါပြန့်ပွားမှုနှင့် ထိန်းချုပ်မှုတို့ကို အကြောင်းပြု၍ တရုတ်ပြည်မှ
ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို ပြန်လည်ဆွဲထုတ်ပြီး အခြားအာရှနိုင်ငံ
များသို့ ပြောင်းရွှေ့ထူထောင်ရန် ဆော်သြခဲ့ပါသည်။ ဗီယက်နမ်၊ အိန္ဒိယ
နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ ပြောင်းရွှေ့မှုရှိခဲ့ပါသည်။ ဘိုင်ဒင်၏ အဓိက
ပန်းတိုင်တစ်ခုမှာ အမေရိကန်နိုင်ငံကို ကုန်ထုတ်လုပ်ငန်းများ ပြန်လည်
ရွှေ့ပြောင်း ထူထောင်ရေးပင် ဖြစ်သည်။
ထိုသို့ ပြောင်းရွှေ့မှုများအတွက် အစိုးရမှ စိုက်ထုတ်ပံ့ပိုးမှုများ
ပြုလုပ်ပေးနေပါသည်။ အမေရိကန်၏ ကုန်ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှု
ကွန်ရက် Value Chains နှင့် Supply Chains များမှ တရုတ်ပြည်ကို
ဖြတ်ထုတ်ရေး ကြိုးပမ်းမှုမှာ လတ်တလော ထိရောက်မှု နည်းပါးသော်
လည်း လက်ရှိ ကမ္ဘာ့ကုန်ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှုကွန်ရက် Global
Supply Chain နှင့် Global Value Chain ဖြစ်တည်မှုအပေါ်တွင်တော့
ရိုက်ခတ်မှု ကြီးမားကုန်သည်။
ဘယ်သောင်ဘယ်ကမ်း ဆိုက်မည်မသိသော ရင်ဆိုင်ထိုးနှက်မှု
42 pma&;ol

များကြောင့် ရိက
ု ခ
် တ်နင
ုိ ခြေ
် များကိပ
ု ါ ထည့သ
် င
ွ း် စဉ်းစားလျက် မိမအ
ိ တွက်
လုံခြုံစိတ်ချနိုင်သော ရပ်ဝန်းများကိုသာ အခြေခံသည့် ထုတ်လုပ်ဖြန့်ဖြူး
ရေး ကွန်ရက်သစ်များကို ပြန်အထိုင်ချလာသည်။
တစ်နည်းအားဖြင့် ထူထောင်ထားရှိပြီးဖြစ်သော ကမ္ဘာလုံးဆိုင်ရာ
ထုတ်လုပ်ဖြန့်ဖြူးရေး ကွန်ရက်ကြီး အပိုင်းပိုင်း ပြတ်ကုန်မည့်ဘက်ကို
ရှေ့ရှုနေခဲ့ပါပြီ။ အမေရိကန်က စားပွဲဆွဲမှောက်သည့် လုပ်ရပ်များကို
တုံ့ပြန်ရင်ဆိုင်ရေးနှင့် ဖြစ်ပေါ်တိုးတက်မှုများအတွက် အထိုင်သစ် ချမှတ်
ရေးတို့မှာ နိုင်ငံအားလုံးအတွက် လိုအပ်ချက် ဖြစ်လာရသည်။
အထူးသဖြင့် တရုတ်က သတိကြီးစွာထား တုံ့ပြန် ရင်ဆိုင်လာရ
သည်။ ပြီးခဲ့သည့် နောက်ဆုံး ကွန်မြူနစ်ပါတီညီလာခံတွင် အဓိကကျသည့်
အထိုင်သစ်များ ချရပ်လာသည်။ ယခု နောက်ဆုံး ကျင်းပသည့် ဗဟို
ကော်မတီညီလာခံတွင် လမ်းစဉ်သစ်များ ချမှတ်လာသည်။ မိမိအပေါ် မိမိ
ရပ်တည်နိုင်စွမ်းရှိသည့် ပြင်ပမှီခိုမှုနည်းပါးသည့် ထုတ်လုပ်ဖြန့်ဖြူးရေး
ကွန်ရက်များ ပြန်လည်ပုံဖော်ရန်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ရာနှုန်း
မြင့်မားမှုထက် ရေရှည်ခံသော တိုးတက်မှုအဖြစ် ပြောင်းလဲရန်၊ မိမိတို့
စုဆောင်းရယူလာသော ဓနအင်အားစုကို လုံခြုံရေးနှင့် ကာကွယ်ရေး
အတွက် ပိုမိုသုံးစွဲရန်၊ မိမိပြည်တွင်းသုံးစွဲမှုကို မြှင့်တင်ခြင်းဖြင့် ပြည်တွင်း
စီးပွားရေးလည်ပတ်မက
ှု ို ပြည်ပစီးပွားရေး လည်ပတ်မှုနှင့် ပေါင်းစပ်ရန်နှင့်
ပြင်ပဖိအားပေးထိုးနှက်မှု မှန်သမျှကို ကာကွယ်ရင်ဆိုင်နိုင်စွမ်း ထူထောင်
ရန် စသည့် ခံစစ်ဆန်ဆန်ဗျူဟာများ ဖြစ်လာပါသည်။
ကုန်သွယ်စစ်ပွဲ နည်းပညာစစ်ပွဲနှင့် ထုတ်လုပ်ဖြန့်ဖြူးရေး ကွင်း
ဆက်များ ဖြတ်တောက်ခြင်း စသည့် ထိုးနှက်ချက်အားလုံးတို့သည် ကမ္ဘာ
ကြီး၏ ပေါင်းစည်းအပြန်အလှန် အကျ ိုးပြုကြလျက် အထိရောက် အလေ
အလွင့် အနည်းဆုံး ထုတ်လုပ်ရေး ကွန်ရက်၏ ဖြစ်တည်မှုကို အပိုင်းပိုင်း
ဖြတ်ချလိုက်သည်။ နိုင်ငံများအုပ်စုများလည်း မိမိအကျ ိုးစီးပွားကို မိမိ
နည်းမျ ိုးစုံနှင့် ကာကွယ်ရသော Protectionism အထိုင်သို့ နောက်ပြန်
ဆုတ်ကြရသည့်အသွင် ဆောင်လေတော့သည်။
တရုတ်ကသည် သူတို့ကုန်ထုတ်လုပ်ငန်းများ၏ Supply Chain
pmtkyftrnf 43

ကို Reshore or Near နိုင်ငံတွင်း သို့မဟုတ် နိုင်ငံနှင့် အနီးဆုံးသို့


ပြန်လည်ရွှေ့ပြောင်းရေးကို စီမံဆောင်ရွက်လျက် ရှိပါသည်။ Supply
Chain နှင့် Value Chain သစ်များ ပုံဖော်ထူထောင်ရာတွင် မိမိ အနှောင့်
အယှက်ကင်းကင်းနှင့် ရေရှည်လက်တွဲ ရောင်းဝယ်နိုင်မည့် နိုင်ငံများနှင့်
သာ ချ ိတ်တွဲနိုင်တော့မည်ဖြစ်သဖြင့် အနောက်အုပ်စုနှင့်တကွ သူတို့ကို
မလွန်ဆန်နိုင်သော နိုင်ငံများကို ချန်လှပ်ထားသည့် လွတ်လပ်၍ ဘက်
မလိုက်သော ဖွံ့ဖြိုးဆဲနိုင်ငံများအတွင်း တည်ဆောက်လာသော ထုတ်
လုပ်ဖြန့်ဖြူးရေး ကွန်ရက်တို့ကိုသာ ပိုမိုထူထောင်လာကြဖွယ် ရှိနေပါ
သည်။
ထိုမှတစ်ပါးလည်း ပြိုင်ဘက်နိုင်ငံများမှ မိမိအပေါ် အကျပ်ကိုင်မှု
မပြုနိုင်ရေး အတွက် မဖြစ်မနေ တင်သွင်းရမည့် ကုန်စည်တို့ ရရှိနိုင်စွမ်း၏
လုံခြုံသေချာမှု Strategic Commodity Supply Security တည်ဆောက်မှု
သည် ယနေ့အင်အားပြိုင် နိုင်ငံများ၏ အဓိကအကျဆုံး တည်ဆောက်မှု
ဖြစ်လာသည်။
စွမ်းအင်(ရေနံ/ဓါတ်ငွေ့)စားနပ်ရိက္ခာမှသည် မိုက်ခရိုချစ်မြေရှား
သတ္တု စသည့် အကန့်အသတ်ဖြင့်သာ ရနိုင်သော သဘာဝ/လူလုပ်ပစ္စည်း
မှန်သမျှကို ဖိအားပေးအနိုင်ယူရေး လက်နက်အဖြစ် အသုံးပြုလာနိုင်
သဖြင့် လုံခြုံစိတ်ချရလောက်အောင် ရောင်းချပေး နိုင်သော ကုန်သွယ်ဖက်
ရရှိထားရေးမှသည် ကုန်သွယ်လမ်းကြောင်းများ ဖွင့်လှစ်ထားနိုင်ရေးတို့
အထိ ပြင်ဆင်အားဖြည့်လာရကြရပြီ ဖြစ်ပါသည်။ နောက်ဆုံး ဒေါ်လာ
ငွေကြေးကိုပါ နိုင်ငံရေးလက်နက်အဖြစ် အသုံးချနေပြီဖြစ်သဖြင့် ဒေါ်လာ
စက်ဝန်းပြင်ပမှ ငွေကြေးစနစ်ထူထောင်နေရပြီဆိုသည်ကိုလည်း ရှေ့တွင်
တင်ပြထားခဲ့ပြီး ဖြစ်ပါသည်။
+++အမေရိကန်သည် ကုန်သွယ်စစ်ပွဲများ ဆင်နွှဲရာတွင် မိမိကျယ်
ပြောသော လက်တံ၊ အားကြီးသော တည်ဆောက်မှုများဖြင့် ပြိုင်ဘက်ကို
ဒူးထောက်အညံ့ခံစေရန် ရည်ရွယ်လေ့ ရှိပါသည်။
ဤနည်းဖြင့် ဂျပန်ကို ၁၉၈၇ ခုတွင်လည်းကောင်း၊ EU ကို
(Banana Wars) ၂၀၀၉ ခုနှစ်တွင်လည်းကောင်း ကျ ိုးနွံစေခဲ့ပါသည်။
44 pma&;ol

တရုတ်ကို ဒေါ်နယ်ထရမ့် ကုန်သွယ်စစ်ပွဲ စတင်ချ ိန်တွင် အလားတူ


ကျ ိုးနွံသွားလိမ့်မည်ဟု မျှော်လင့်ခဲ့သည်။ မျှော်လင့်သလို ဖြစ်မလာသော
အခါ တင်ပြသလို ဘက်စုံနယ်ပယ်စုံ ရင်ဆိုင်မှုများ အဆင့်သို့ ကူးပြောင်း
ကျယ်ပြန့်ခဲ့ပါ ပြီ။
တိပရှင်းလင်း ပြင်ဆင်မှုပြည့်ဝစွာ မရှိဘဲ တရုတ်ကို တိုက်ပွဲခေါ်
လိုက်သည့် အမေရိကန်သည် ရရာအစ ဆွဲကိုက်သည့်နှယ် ဖြစ်လာသည်။
ဘယ်မှာဘယ်လို အသတ်ဆုံးမလဲ မသိနိုင်သည့် ရင်ဆိုင်တိုက်ခိုက်မှုများ
က ကမ္ဘာကြီးကို စိုးရိမ်စရာမြေ ဖြစ်စေခဲ့ပါပြီ။

၆။ ။ ကမ ာ္ဘ ့အထိုင်သစ်နှင့် BRICS ၏ကဏ္ဍ


ယနေ့ ကမ္ဘာ့အထိုင်သစ် ရေးဆွဲရေး ကြိုးပမ်းမှုတွင် BRICS ၏
ကဏ္ဍကို သုံးသပ်ရာတွင် အဓိကအင်အားနှစ်ရပ် ဖြစ်ကြသော အမေရိကန်
နှင့် တရုတ်နှစ်နိုင်ငံအကြား ထိပ်တိုက်အားပြိုင်မှုနှင့် အမေရိကန်ဦးဆောင်
သော အနောက်အုပ်စု G7 နှင့် တရုတ်၊ ရုရှား ဦးဆောင်သည့် ဖွံ့ဖြိုးဆဲ
နိုင်ငံများ၏စုဖွဲ့မှု BRICS Plus တို့၏ ဖြစ်နိုင်ဖွယ်အားပြိုင်မှုတို့ကို ယှဉ်တွဲ
လေ့လာသုံးသပ်ရန် လိုအပ်ပါလိမ့်မည်။
အနောက်ဥရောပ EU သည် အရာများစွာတွင် အမေရိကန်နှင့်
အယူအဆနှင့် လိုလားချက်များတွင် ထပ်တူကျသော်လည်း American
First Policy အမေရိကန် ပထမမူဝါဒ၊ အမေရိကန်၏ သီးခြားအခွင့်ထူး
ရယူမှု American Exceptionalism WTO သဘောတူညီမှုများကို
ဆန့်ကျင်သည့် ကုန်သွယ်စစ်ပွဲ စသည့် လက်ရှိ Liberal Global Order
ကို ပျက်ယွင်းစေသည့် တစ်ကိုယ်တော်ဝါဒ Unilateralism ကိုတော့
သဘောတူညီကြခြင်း မရှိပါ။
(ဤနေရာတွင် အမေရိကန်ဘာလုပ်လုပ် မှန်သည် ရပ်တည်ပေး
လေ့ရှိသော အင်္ဂလိုဆက်ဆွန်အုပ်စု ကနေဒါ၊ ယူကေ၊ သြစတြေးလျ၊
နယူးဇီလန်တို့ကို သီးခြားထားသင့်ပါသည်။)
ပြီးခဲ့သည့် WTO အစည်းအဝေးတွင်ပင် EU နိုင်ငံများက အမေရိ
ကန်၏ ကုန်သွယ်ရေးမူဝါဒအပေါ် ဝေဖန်ထောက်ပြမှုများ ရှိခဲ့ပါသည်။
pmtkyftrnf 45

တရုတ်၏အင်အားချဲ့ထွင်မှုနှင့် ပတ်သက်၍မူ အနောက်တိုင်း လေ့လာသူ


အများစုကတရုတ်သည် BRICS Plus ကွန်ရက်ကို တိုးချဲ့ခြင်းမှာ သူတို့၏
BRI ကမ္ဘာပတ်လမ်း တည်ဆောက်မှုတွင် ပိုမိုပါဝင်လက်တွဲလာစေရန်
ချ ိတ်ဆက်ရေး ယန္တရားအဖြစ် အသုံးချရန် ဖြစ်သည်ဟု ကောက်ချက်ချ
သည်ကို တွေ့ရှိရပါသည်။
ထို့အပြင် တရုတ်တို့ ကြိုးပမ်းနေသော ကမ္ဘာ့အထိုင်သစ်
ဆိုသည်မှာ တရုတ်အတွက် ပိုမို အသာစီးရစေမည့် အပြည်ပြည်ဆိုင်ရာ
ဆက်ဆံရေးပုံစံတစ်ခုကို ပုံသွင်းနေခြင်းသာ ဖြစ်သည်ဟုလည်း ဆိုကြပြန်
ပါသည်။ ပိုမိုတင်းမာသူတွေကမူ တရုတ်တို့၏ အင်ပါယာ အရှင်သခင်
Central Kingdom အိပ်မက်ကို ပြန်လည်ဆန်းသစ်နေခြင်းသာ ဖြစ်သည်
ဟူ၍လည်း စွပ်စွဲပြန်သည်။ BRICS တွင် ဦးဆောင်ပါဝင်နေကြသော
တရုတ်၊ အိန္ဒိယနှင့် ရုရှား နိုင်ငံကြီး သုံးနိုင်ငံကမူ မိမိတို့ အစဉ်အလာ
ကြီးမားစွာ စဉ်ဆက်ထထေ
ူ ာင်ထန
ိ း် သိမး် ခဲသ
့ ော သမိင
ု း် စဉ် လူ့အဖွ့ဲ အစည်း
Civilization ကြီးများ အတူယှဉ်တွဲ ရှင်သန်ကြရေးနှင့် မိမိတို့၏ ပြန်လည်
တိုးတက်ကြီးထွားမှုကို နှောင့်ယှက်ဖျက်ဆီးခံရမှုမှ စုစည်းကာကွယ်
ရပ်တည်ကြရန်ဆိုသည့် တူညီသော လိုလားချက်များ ရှိနေကြသည်။
သို့သော် အနောက်တိုင်းပုံစံ ဒီမိုကရေစီနိုင်ငံရေး အထိုင်လည်းရှိ၊
တရုတ်နှင့် ဆက်ဆံရေး အကြိတ်အခဲလည်း ရှိနေသော အိန္ဒိယ၏ ပါဝင်မှု
က BRICS ၏ ရှေ့ခရီးအတွက် အကြီးဆုံးပဟေဠိ ဖြစ်လာသည်။ အိန္ဒိယ
သည် တရုတ်၏ အင်အားကြီးထွားမှုကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှုမြင်
ထားသည်မှာ ထင်ရှားသလို တရုတ်၏ BRI တည်ဆောက်မှုကိုလည်း
အိန္ဒိယကို ဝန်းပတ်ချုပ်ကိုင်ရေး ပုံဖော်မှုတစ်ခုလို ရှုမြင်သဖြင့် ဖယ်ခွာ
ထားပါသည်။
တစ်ဖက်က အမေရိကန်၏ မထင်လျှင်မထင်သလို ဆန်ရှင်လုပ်
ဖိအားပေး အနိုင့်အထက်ပြုမှုများကို ထိန်းချုပ်နိုင်ရန်၊ အထူးသဖြင့်
မိမိဘက်မလိုက်ဝါဒနှင့် လွတ်လပ်စွာ ဆုံးဖြတ်တုံ့ပြန်နိုင်ခွင့်အတွက် အင်
အားမျှတစ်ခု ရယူနိုင်ရန် မိတ်ဖက်ရုရှားကို အခြေခံသည့် အင်အားစုနှင့်
ပြန်လည်ထိန်းညှိသည့် Balancing Act တစ်ခုအဖြစ် BRICS နှင့် SCO ကို
46 pma&;ol

အသုံးချဟန် တူနေပါသည်။
အိန္ဒိယနိုင်ငံ ORF Foundation မှ ပညာရှင် Antara Goshal
Singh ၏ သုံးသပ်ချက်အရ တရုတ်၏ ရှုမြင်ချက်တွင် အိန္ဒိယကိုBRICS၏
ပျော့ကွက်တစ်နေရာအဖြစ်လည်းကောင်း၊ ရုရှားကို သူတို့၏လိုလားချက်
ဖော်ဆောင်ရေး အသုံးချခံတစ်ခုအဖြစ်လည်းကောင်း ကျန်နှစ်နိုင်ငံကို
အိမ်ဖြည့်အဖြစ်လည်ကောင်း သဘောထားနေပုံရသည်ဟု ဝေဖန်ထားပါ
သည်။
အိန္ဒိယ၏ တရုတ်ဆန့်ကျင်ရေးသဘောထားသည် အနည်းနှင့်
အများ BRICS ကြီးထွားမှုအတွက် အနောက်အုပ်စု၏ ထိန်းချုပ်ရေးလက်
တံမှသည် အဓိကအက်ကြောင်း တစ်ခုအဖြစ်အထိ မျှော်လင့်လာဖွယ်ရာ
ရှိနေပါသည်။ Fudan တက္ကသိုလ်မှ ပရိုဖက်ဆာ တစ်ဦးကတော့ တရုတ်
သည် BRICS ကို ကိုင်တွယ်၍ 2. Liver 2 Thrust Game In one Cell
ကွန်းသားနှစ်ရပ် မောင်းနှင်ဘီးနှစ်လက်ပုံစံဖြင့် ပြိုင်ကွင်းတစ်ခုတည်း
တွင် ပြိုင်တူ ကစားနေသည်ဟု သုံးပါသည်။
G20 အုပ်စုအတွင်းနှင့် ကမ္ဘာ့ကုလသမဂ္ဂ ကွင်းပြင်တွင် အနောက်
အုပ်စု GT ကို တန်ပြန်ရန် BRCS သည် မောင်းနှင်တံတစ်ခု ဖြစ်လာသည်။
ကုလသမဂ္ဂ ကွင်းပြင်၏ ပြင်ပ တွင်လည်း Tနှင့် ICS ၏ ထိပ်တိုက်အားပြိုင်မှု
အတွက်လည်းကောင်း 01 နှင့် တရုတ်အကြား ထိပ်တိုက်အားပြိုင်မှုတွင်
တရုတဘ
် က်မှ မဲတင်းပေးမည့် နောက်ခမေ
ံ ာင်းနှငတ
် ံ အဖြစ်လည်းကောင်း
အသုံးချနိုင်သည်ဟု ဆိုလိုဟန်ရှိပါသည်။
၎င်းတို့၏ ဝေဖန်ထောက်ပြမှုများက မည်မျှ ပကတိတည်ဆောက်
မှုများ၏ ရောင်ပြန်ဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ တိုးချဲ့လာမည့်
BRCS စုဖ့ဲွ မှု တစ်ခလ
ု းံု မှ လိလ
ု ားတောင့တ
် သော ကမ္ဘာအ
့ ထိင
ု သ
် စ် ဖော်
ဆောင်မန
ှု ှင့် အဓိကသုံးနိုင်ငံ၏ မျှော်လင့်ရည်မှန်းထားသော အထိုင်သစ်
ပုံဖော်မှုတို့အကြား မည်မျှ တစ်သားတည်း ကျသည် မကျသည်က တိုးချဲ့
ကြီးထွားနိုင်စွမ်းကို တိုင်းတာသတ်မှတ်ပေးပါလိမ့်မည်။
မည်သို့ပင်ဖြစ်စေ လက်ရှိအထွေထွေ ဖြစ်ပေါ်တိုးတက်မှုတို့အရ
BRES ၏ ဖွံ့ဖြိုးဆဲ နိုင်ငံအရပ်ရပ်နှင့် ပိုမိုကျယ်ပြောစွာတိုးချဲ့ လက်တွဲရေး
pmtkyftrnf 47

ပုံဖော်မှုတို့ ဖော်လာနိုင်ချေအား ကောင်းနေသည်ဟု အကြမ်းဖျင်း ဆိုနိုင်


ပါသည်။
BRC5 Plus သည် (အမေရိကန်ထိန်းချုပ်မှု အောက်မှ လွတ်လပ်
သော ကမ္ဘာအလိုက် အခြေခံစုဖွဲ့မှုတို့နှင့် လက်တွဲခြင်း)
BRICS + ASEAN
BRICS+ BIMSTEC
BRICS + Africa Union
BRICS + LAC (Latin America and Caribbean) Group.
BRICS + GCC Galf Cooperation Council တို့ ပေါ်ထွက်လာ
နိုင်သလို အပြည်ပြည်ဆိုင်ရာ စုဖွဲ့မှုတို့နှင့် လက်တွဲမှု BRICS Plus
International Organizations တွင် BRICS + SCO Shanghai
Cooperation Organization, BRICS + Arabs Countries Association.
BRICS + OPEC တို့ ပေါ်ထွက်လာနိုင်ချေ ရှိနေပြီဟု တွက်ဆကြပါသည်။
ထိုတွက်ဆချက်များ မှန်ကန်လာခဲ့ပါလျှင်မူ ကမ္ဘာ့နိုင်ငံအများစု
ဖြစ်သော ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အုပ်စုကြီးသည် ဖွံ့ဖြိုးဆဲနိုင်ငံများ အားလုံး
က သပ်သပ် GT နှင့် အနောက်အုပ်စုက သပ်သပ် ဖြစ်လာလိမ့်မည်ဟူသော
ဟောကိန်းများ ပိုမိုနီးစပ် မှန်ကန်လာပါလိမ့်မည်။
အမေရိကန်နှင့် အနောက်အုပ်စု၏ အိန္ဒိယမှတစ်ဆင့် BRICS
ကြီးထွားအရေးပါလာမှုကို ထိန်းချုပ်နိုင်ရေး မဖြစ်နိုင်ချေ။
BRICS ၏ ကြီးထွားမှုနှင့် အဖွဲ့ဝင်အင်အား တိုးပွားမှုတွင်ရော
ပူးပေါင်းမှု၏ အဆင့်မြှင့်တင်မှုတွင်ပါ အားကြီးမလာနိုင်စေရန် အနောက်
အုပ်စု ရတတ်သမျှ ကြိုးပမ်းလိမ့်မည်ဟု တွက်ဆထားနိုင်ပါသည်။ လက်ရှိ
BRICS ၏ တည်ဆောက်မှုမှာ G7 G20 တို့ကဲ့သို့ နှစ်စဉ် အဆင့်လိုက်
တွေ့ဆုံဆွေးနွေးသဘောတူညီချက်များ ထုတ်ပြန်သည့် FORUM အဆင့်
သာ ရှိနေပါသေးသည်။ နောက်တစ်ဆင့်အနေဖြင့် BRICS Head Quarter
ရုံးချုပ်နှင့် Permanent Secretariat အမြဲတမ်း အတွင်းရေးမှူးရုံး ဖွင့်လှစ်
နိုင်ရေး စီစဉ်ဆဲ ဖြစ်ပါသည်။ BRICS ၏ NDB ဘဏ်ရုံးချုပ်ကို တရုတ်နိုင်ငံ
ရှန်ဟိုင်းမြို့တွင် ဖွင့်လှစ်ပြီး ဖြစ်သဖြင့် BRICS Head Quarter ကိုမူ
48 pma&;ol

အိန္ဒိယက သူတို့နိုင်ငံ မွမ်ဘိုင်းမြို့တော်တွင် ဖွင့်လှစ်ခွင့်ရရန် ကြိုးပမ်းနေ


ပါသည်။
ရုရှားက တင်ပြလာသော ဦးဆောင်သူ အကြီးအကဲတစ်ဦး ထားရှိ
ရေး အဆိုပြုချက်ကိုတော့ ပြီးခဲ့သည့်ဇွန်လက တရုတ်နှင့် အိန္ဒိယတို့က
ပယ်ချခဲ့ပါသည်။ BRICKS ကြီးထွားမှုကိုရော ၎င်းတို့ အကျ ိုးစီးပွားနှင့်
ဆန့်ကျင်သည့် သဘောထားများ မဖော်ထုတ်ရေးအတွက်ပါ အိန္ဒိယ၏
ပါဝင်မှုမှနေ၍ အမေရိကန်က မျှော်လင့်ထားနိုင်ပါလိမ့်မည်။
အိန္ဒိယသည် သူ၏ Multilateralism ပုံစံ အပြည်ပြည်ဆိုင်ရာ
ဆက်ဆံရေးအပေါ် လိုလားမှုကို၂၀၂၁ ခုနှစ် BRICS Civil Society Forum
တွင် ထင်ရှားစွာ ထုတ်ဖော်ပြသခဲ့ပြီး ဖြစ်သည်။ အမေရိကန်ဖြစ်စေ၊
တရုတ်ဖြစ်စေ တစ်ကိုယ်တော် ချုပ်ကိုင်စိုးမိုးမှုမှန်သမျှ ဆန့်ကျင်မည်သာ
ဖြစ်ပါ သည်။ အိန္ဒိယ၏ BRICS အပေါ်ဦးတည်ချက်ထားရှိမှုမှာ ကုန်သွယ်မှု
မြှင့်ရေးပင်ဖြစ်သည်။ ယှဉ်ပြိုင်ရောင်းဝယ်ရေး Competitation ထက်
ကုန်သွယ်မှုကဏ္ဍ ချောမွေ့မြှင့်တင်ရေး Commerce Activities ကို
စုပေါင်းမြှင့်တင်ရန် ရည်ရွယ်သည်ဟု ဆိုပါသည်။ အိန္ဒိယသည် တရုတ်နှင့်
ရုရှား မပါဝင်သော ကျန်သုံးနိုင်ငံ၏ IBSA India, Brazil, South Africa
Forum နှင့် မြန်မာပါဝင်သော BIMSTEC စုဖွဲ့မှုတို့တွင် BRICS ဆိုင်ရာ
သဘောထားများကို တီးခေါက်ချ ိန်ဆ သုံးသပ်မှုများ ပြုလုပ်ပါသည်။
India သည် ပြီးခဲ့သည့် Virtual ERICS ထိပ်သီးညီလာခံတွင် တရုတ်နှင့်
ရုရှားမှ အမေရိ ကန်ဆန့်ကျင်ရေးအဆိမ
ု ျား တင်သင
ွ ်းလာနိင
ု သ
် ည်ဟသ
ူ ော
ခန့်မှန်းချက်တို့ကြောင့် ထိုအဆိုများ တင်သွင်းလာလျှင် ပိတ်ဆို့ရန် ပြင်
ဆင်နေသည်ဆိုသော သတင်းများ ထွက်ရှိခဲ့သော်လည်း တကယ်ကျင်းပ
သောအခါတွင် မည်သည့် အကျပ်အတည်းမျ ိုးမှ မထွက်ရှိခဲ့ပါ။
အမေရိကန် ဆန့်ကျင်ရေးအုပ်စု တစ်ခုအဖြစ် BRICS ကို ပူပန်
တွက်ဆမှုများသည် ထင်မြင်ချက် သက်သက်သာ ဖြစ်နိုင်ဖွယ်ရာ ရှိပါ
သည်။ ရုရှား၏ သီးခြားကိုယ်ပိုင် Agenda သာ ဖြစ်ကောင်းဖြစ်နိုင်ပြီး
BRICS နိုင်ငံများ၏ သဘောထားမဟုတ်နိုင်ဟုသာ တွက်ဆနိုင်ပါသည်။
နိုင်ငံတစ်ခုခု အုပ်စုတစ်ခုခုကိုရည်ရွယ်ထိုးနှက်မည့် အုပ်စုဖွဲ့မှုမျ ိုး
pmtkyftrnf 49

ကို တရုတ်အပါအဝင် အဖွဲ့ဝင်နိုင်ငံအားလုံးက ဆန့်ကျင်ကြောင်း သဘော


ထားကို တရားဝင်ထုတ်ပြန်ထားပြီး ဖြစ်ပါသည်။ အကယ်၍ တစ်နိုင်ငံငံက
ပုံဖော်ရန် ကြိုးစားလာပါကလည်း အိန္ဒိယအနေဖြင့် ရင်ဆိုင်ကန့်ကွက်
မည်သာ ဖြစ်သည်ကို တွက်ဆနိုင်ကြပြီး ဖြစ်ကြပါလိမ့်မည်
ခြုံငုသ
ံ းံု သပ်ရပါလျှင် BRICS ၏ ကြီးထွားမှုကုိ အိနယ
ိ္ဒ အား အသုးံ ချ
ထိန်းချုပ်ရေးသည် တွေးဆချက်များသာဖြစ်နိုင်ပြီး ရန်မလိုသော ဦးတည်
ပစ်မှတ်ထား ထိုးနှက်ရေးမပါသော အကျ ိုးစီးပွားဖလှယ် ကာကွယ်ရေး
စုဖ့ဲွ မှုတစ်ခအ
ု ဖြစ် ရှေ့ဆက်ရန်ရပ
ိှ ရ
ံု ပါသည်။ ထိခက
ုိ ပ
် ျက်ယင
ွ း် စေလောက်
သည့် ထိုးနှက်ထိုးခွဲနိုင်ချေ လတ်တလော မတွေ့မမြင်ရသေးပါ။
Croatia institute မှ ပါမောက္ခ Leonardo Dicnic ၏ ယူကရိန်း
ရပ်ရှားစစ်ပွဲအပေါ် တုံ့ပြန်မှုများကို လေ့လာဆန်းစစ်ချက်အရ ဖွံ့ဖြိုးဆဲ
နိုင်ငံ အများစုသည် အမေရိကန် - အနောက်အုပ်စု ပုံစံအပြည်ပြည်ဆိုင်ရာ
ဆက်ဆံရေးအထိုင်ထက် တရုတ်ရုရှားက ဦးဆောင်သည့် ပုံစံကို ပိုမို
နှစ်လိုကြသည်ဟု ဆန်းစစ်တင်ပြလာပါသည်။
အိန္ဒိယအနေနှင့်တော့ BRICS ကို ပိုမိုကြားနေကျ ပိုမိုဘက်မျှပြီး
အနောက်အုပ်စုနှင့် ယှဉ်တွဲရှင်သန်နိုင်ရေးကို ရှေးရှုသည့် အင်အားစုတစ်ခု
အဖြစ်သို့သာ ထိန်းသိမ်းဆောင်ယူသွားလိမ့်မည်ဟု တွက်ဆရပါသည်။
+++BRICSသည် မတူညီသော အခြေခံများရှိသည့် အင်အားစု
မျ ိုးစုံက တူညီသော အခြေခံရပ်တည်ချက်တစ်ခုအောက်တွင် လာရောက်
စုဆုံနေကြခြင်းသာ ဖြစ်ပါသည်။ မတူကွဲပြားမှု Biversity ကို အင်အား
ength အဖြစ် ပြောင်းလဲနိုင်ရေးတွင် အခြေခံ ဘုံရပ်တည်ချက် Common
Ground ကို မည်မှုခိုင်မာအောင် တည်ဆောက်နိုင်မည်ဆိုသည်က အဓိက
ကျနေပါသည်။
တစ်နည်းအားဖြင့် Institutional Stergth အကောင်းရန်
အရေးကြီးပါလိမ့်မည်။ titan Clinton အနောက်ယဉ်ကျေးမှု စိုးမိုးချုပ်ကိုင်
ရေးကို တန်ပြန်မည့် Multi cultural Community with Common
Values အထိုင်ချ ရပ်နိုင်ရေးသည်သာ BRICS ၏ ပင်မလိုအပ်ချက်ဖြစ်
ပါလိမ့်မည်။

You might also like