Download as pdf or txt
Download as pdf or txt
You are on page 1of 6

Taxila Institute www.taxila.edu.

mm/ethe ETHE Online

Educational Technology for Higher Education (Online Course)

Assignment 2 – Kahoot! & Mentimeter

Deadline to submit – November 1 (11:59 PM)

Assignment အတွက် မေးမြန်းလိုသည်များ ရှိပါက Tutorial အချိန်တွင်သာ မေးမြန်းပါရန်။

1. ခဟု အကောင့်မဖွင့်ရသေးပါက မိမိကြိုက်ရာအီးမေးလ်ဖြင့် www.kahoot.com သို့ သွားရောက်ပြီး

အကောင့်ဖွင့် (Sign-up) လုပ်ပါ။ ဖွင့်ပြီးသော ခဟု အကောင့်ရှိပါက ထပ်မံဖွင့်ရန် မလိုပါ။ ယခု

assignment ပြုလုပ်ရန် မိမိ၏ kahoot account သည် free account ဖြစ်နေပါကလည်း

အဆင်ပြေပါသည်။ premium account ရှိရန် မလိုအပ်ပါ။ (၅ မှတ်)

2. မိမိ၏ ခဟု အကောင့်ထဲ ၀င်ပြီပါက quiz တစ်ခုဖန်တီးရန် ညာဘက်အပေါ်ရှိ Create အား နှိပ်ပါ။

ရွေးချယ်ရန်များ ပေါ်လာပါက New Kahoot အား ရွေးပါ။ အခြား template များအား ရွေးရန်

မလိုအပ်ပါ။ (၅ မှတ်)

3. ဘယ်ဖက်အပေါ်ထောင့်ရှိ Enter Kahoot Title အား နှိပ်ပါ။ Title တွင် မိမိ ရေးလိုရာ ခေါင်းစဉ်

ရေးပါ။ Description တွင် ဘာမျှ ရေးရန်မလိုပါ။ ညာဘက်အောက်ခြေရှိ Lobby Music

ခလုတ်အားနှိပ်ပြီး မိမိနှစ်သက်ရာ တီးလုံးသံဇဉ်အား ရွေးချယ်ပါ။ အားလုံးပြီးလျှင် done ခလုတ်

နှိပ်ပါ။ (၅ မှတ်)

4. မေးခွန်းနံပါတ် (၁) အတွက် “Click to start typing your question” နေရာတွင်

မိမိကြိုက်နှစ်သက်ရာ မေးခွန်းအား ရေးပါ။ ရုပ်ပုံထည့်လိုပါက “Drag and drop impact from

your computer” နေရာတွင် ကြိုက်ရာခလုတ်နှိပ်ပြီး ရုပ်ပုံထည့်ပါ (မထည့်လိုပါက ထည့်ရန် မလို

အပ်ပါ)။ အောက်ရှိ အဖြေနေရာ လေးနေရာတွင် အဖြေမှန်တစ်ခုအား စတုရန်ပုံနှင့် အစိမ်းရောင်

ပါရှိသော အဖြေကွက်တွင်ထည့်ပါ။ ကျန်အဖြေများအား ကျန်အဖြေကွက်များတွင် ထည့်ပါ။ အဖြေ

များအားလုံးဖြည့်သွင်းပြီးပါက အဖြေမှန်ပါရှိနေသည့် စတုရန်ပုံ အစိမ်းရောင် အကွက်အား အဖြေမှန်

အဖြစ် ရွေးချယ်ရန် ထိုအစိမ်းရောင်အကွက်အတွင်းရှိ အပေါ်ခုန်၊ အောက်ခုန် လှုပ်ရှားနေသည့်

အဝိုင်းကွက်လေးအား အမှန်ခြစ်ပေါ်လာစေရန် နှိပ်ပါ။ ထိုမေးခွန်းအတွက် time limit အား 30

second အဖြစ် ပြောင်းရွေးချယ်ပါ။ Points အား 1000 မှ 2000 သို့ တိုးမြင့်ပါ။ (၅ မှတ်)

1
Taxila Institute www.taxila.edu.mm/ethe ETHE Online

5. Add question ကိုနှိပ်ပါ။ ပေါ်လာသော မေးခွန်းပုံစံများထဲမှ True/False မေးခွန်းပုံစံအား ရွေးပါ။

“Click to start typing your question” နေရာတွင် မိမိကြိုက်နှစ်သက်ရာ မေးခွန်းအား ရေးပါ။

ရုပ်ပုံထည့်လိုပါက “Drag and drop impact from your computer” နေရာတွင်

ကြိုက်ရာခလုတ်နှိပ်ပြီး ရုပ်ပုံထည့်ပါ (မထည့်လိုပါက ထည့်ရန်မလိုအပ်ပါ)။ အောက်ရှိ အဖြေနေရာ

နှစ်နေရာတွင် False အား အဖြေမှန်အဖြစ် ရွေးနိုင်ရန် ထိုအနီရောင် အကွက်အတွင်းရှိ အပေါ်ခုန်၊

အောက်ခုန် လှုပ်ရှားနေသည့် အဝိုင်းကွက်လေးအား အမှန်ခြစ်ပေါ်လာစေရန် နှိပ်ပါ။

ထိုမေးခွန်းအတွက် time limit အား 240 second အဖြစ် ပြောင်းရွေးချယ်ပါ။ Points အား 1000

တွင်သာလျှင်ထားပါ။ (၅ မှတ်)

6. အထက်ပါ မေးခွန်းပုံစံ (၂) ခု ပြီးလျှင် ညာဘက်အပေါ်ရှိ done ခလုတ်ကိုနှိပ်ပါ။ (မိမိလုပ်ခဲ့သော

မေးခွန်းအချို့နှင့် အဖြေအချို့တို့တွင် မည်သည့်စာသားများ ရေးသားရန် ကျန်ခဲ့ပါက ခဟုမှ “!”

လေးပြကာ ပြန်လည်ပြင်ဆင်ရန် သတိပေးမည် ဖြစ်ပါသည်။ ထိုသို့သတိပေးမှုရရှိပါက “Fix”

ခလုတ်အားနှိပ်ကာ ပြင်ဆင်နိုင်ပါသည်) မည်သည့်သတိပေးချက်မျှ မရရှပ


ိါက မိမိအနေဖြင့်

ဂုဏ်ယူပါ။ မိမိလုပ်ခဲ့သည်မှာ အားလုံးဖြည့်စုံနေသောကြောင့် ဖြစ်ပါသည်။ အားလုံးအဆင်ပြေပါက

ခဟုမှ “Yay! The Kahoot is ready to be played” စာသားပေါ်လာမည် ဖြစ်ပါသည်။

ညာဘက်အောက်ရှိ “Done” ခလုပ်အား နှိပ်ပါ။ (၅ မှတ်)

7. ဘယ်ဘက်အပေါ်တွင် မိမိလုပ်ခဲ့ပြီးသော ခဟုအား မိမိပေးခဲ့သော အမည်ဖြင့် တွေ့ရပါလိမ့်မည်

(မတွေ့ရပါက ခရမ်းရောင် ဘားတန်းရှိ Kahoot ဟူသော ခလုတ်ကို နှိပ်ပါ)။ Play (သို့)

ရုပ်သံဖွင့်ရန်မြှားပုံ ခလုတ်အား နှိပ်ပါ။ “Choose a way to play this kahoot” ပေါ်လာပါက

“Assign” ခလုတ်အား နှိပ်ပါ။ Date အား ယနေ့ Date နှင့် အဝေးဆုံးဖြစ်သောနေ့ (ယေဘူယျ

အားဖြင့် မိမိ assignment လုပ်သည့်နေ့မှ ၂ ပတ်ခန့်အကွာ) အား ရွေးပါ။ Time အား 11 PM

အဖြစ်လည်းကောင်း ပြောင်းပါ။ Question Timer အား “On” ထားပါ။ Personalized learning,

randomize answer code နှင့် friendly nickname generator တို့ အား “Off” ထားပါ။ “Create”

ခလုတ်အား နှိပ်ပါ။ (၅ မှတ်)

8. Game Pin အား စာရွက်တစ်ခုခုပေါ်တွင် လက်ဖြင့် ချရေးထားပေးပါ။ (၀ မှတ်)

9. Mentimeter အကောင့်မဖွင့်ရသေးပါက မိမိကြိုက်ရာအီးမေးလ်ဖြင့် www.mentimeter.com သို့

သွားရောက်ပြီး အကောင့်ဖွင့် (Sign-up) လုပ်ပါ။ Please let us know … ဟူပြီး မေးခွန်းများ မေး

လာပါက ကြိုက်ရာ အဖြေ ကို ရွေးချယ်ပါ။ Pricing ဟူပြီး မေးလာပါက Free ကို ရွေးပါ။ မိမိတွင်

2
Taxila Institute www.taxila.edu.mm/ethe ETHE Online

ဖွင့်ပြီးသော Mentimeter အကောင့်ရှိပါက အထက်ပါ အဆင့်များကို လုပ်ဆောင်ရန် မလိုသကဲ့သို့

အကောင့်အသစ်လည်း ဖွင့်ရန် မလိုအပ်ပါ။ (၅ မှတ်)

10. မိမိ၏ mentimeter အကောင့်ထဲ ၀င်ပြီပါက presentation တစ်ခုဖန်တီးရန် ဘယ်ဘက်အပေါ်ရှိ

new presentation အား နှိပ်ပါ။ ဘယ်ဘက်အပေါ်ရှိ My First Presentation အမည်အား Taxila

Assignment – 2 ဟု ရိုက်ထည့်ပါ။ (၅ မှတ်)

11. Slide အသစ်တစ်ခု ဖန်တီးရန် ညာဖက်တွင် ပေါ်နေသော Type ထဲမှ Word Cloud အား ရွေးချယ်

ပါ။ ထို့နောက် ထပ်မံပေါ်လာသော Content အောက်ရှိ Your Question နေရာတွင် “With one

word, what do you want to say about Taxila’s ETHE training?” ဟူသည့် မေးခွန်းအား

ရိုက်ထည့်ပါ။ ထိုမေးခွန်းအောက်ရှိ Add longer description အပြာရောင် စာတန်း အား နှိပ်ကာ

“Please describe your feedback in one adjective word” ဟု ရိုက်ထည့်ပါ။ Entries per

participant တွင် (၃) အစား (၁) ဟု ပြောင်းပါ။ ထို့နောက် အပေါ်ဘက်ရှိ customize ခလုပ် အား

နှိပ်ပါ။ Show results on all slides ဟူသည့် အပြာရောင် စာတန်းအား နှိပ်ပါ။ (၅ မှတ်)

12. ဘယ်ဘက်အပေါ်ပိုင်းရှိ “+ add slide” ကို နှိပ်ပါ။ ညာဖက်တွင် ပေါ်နေသော Type ထဲမှ Scales

အား ရွေးချယ်ပါ။ ထို့နောက် ထပ်မံပေါ်လာသော Content အောက်ရှိ Your Question နေရာတွင်

“How do you want to rate your experience attending the ETHE course?” ဟူသည့်

မေးခွန်းအား ရိုက်ထည့်ပါ။ ထိုမေးခွန်းအောက်ရှိ Add longer description အပြာရောင် စာတန်း

အား နှိပ်ကာ “Please describe your rating by adjusting the bars” ဟု ရိုက်ထည့်ပါ။

Statement 1 တွင် “I am satisfied with doing presentation”, Statement 2 တွင် “I am

satisfied with doing assignments”, နှင့် Statement 3 တွင် “I am satisfied with answering

quizzes” ဟု ရိုက်ထည့်ပါ။ Result layout တွင် spider chart အား ရွေးချယ်ပါ။ ထို့နောက်

Dimensions အောက်ရှိ See popular examples ဟူသည့် အပြာရောင် စာတန်းအား နှိပ်ပါ ။

ပေါ်လာသည့် box ထဲမှ level of agreement (1-7) အား ရှာပြီး နှိပ်ပါ။ ထို့နောက် Low value နှင့်

High value တို့အား မပြောင်းဘဲ ယခင်အတိုင်းထားပါ။ Extra တွင် “show the total average of

all statements” အား နှိပ်ပါ။ ထို့နောက် အပေါ်ဘက်ရှိ customize ခလုပ်အား နှိပ်ပါ။ Show

results on all slides ဟူသည့် အပြာရောင် စာတန်းအား နှိပ်ပါ။ (၅ မှတ်)

13. ဘယ်ဘက်အပေါ်ပိုင်းရှိ “+ add slide” ကို နှိပ်ပါ။ ညာဖက်တွင် ပေါ်နေသော Type ခေါင်းစဉ်

3
Taxila Institute www.taxila.edu.mm/ethe ETHE Online

အောက်ရှိ Quiz competition မှ Select answer ကို ရွေးပါ။ ထို့နောက် ထပ်မံပေါ်လာသော

Content အောက်ရှိ Your Question နေရာတွင် “Who is your favorite instructor?” ဟု ရေးပါ။

Option တွင် (၄) ခုမြောက် ပေါ်လာစေရန် “+ add” ကို နှိပ်ပါ။ Option 1 မှ 4 အထိ Sayar Ye

Pyae Thu, Sayarma Daw Pwint Nee Aung, Sayar U Aung Kyaw San, None of the above

ဟု အသီးအမည်တစ်ခုစီအား option တစ်ခုချင်းစီတွင် ရိုက်ထည့်ပါ။ Time to answer တွင် 15

seconds အစား 20 seconds ဟု ပြောင်းပါ။ အောက်ရှိ Faster correct answers get more

points အား tick မလုပ်ရသေးပါက လုပ်ပါ။ Music တွင် Birdies အား ရွေးချယ်ပါ။ မိမိအနေဖြင့်

တတိယမြောက် slide ဖန်တီးရာတွင် အလိုအလျောက် leaderboard တစ်ခု ပေါ်လာမည်

ဖြစ်ပါသည်။ ထို Leaderboard ၏ အမည်အား Scoreboard 1 ဟု ပြောင်းပါ။ (၅ မှတ်)

14. ဘယ်ဘက်အပေါ်ပိုင်းရှိ “+ add slide” ကို နှိပ်ပါ။ ညာဖက်တွင် ပေါ်နေသော Type ခေါင်းစဉ်

အောက်ရှိ Quiz competition မှ Type answer ကို ရွေးပါ။ ထို့နောက် ထပ်မံပေါ်လာသော

Content အောက်ရှိ Your Question နေရာတွင် “What is the result of ((1+1)/2) x 5?” ဟု

ရေးပါ။ Correct answer to display တွင် “5” ဟု ရိုက်ထည့်ပါ။ Add other correct answers မှ

Add အား နှိပ်ပါ။ Other correct answer 1 တွင် “Five” ဟု ရိုက်ထည့်ပါ။ Time to answer တွင်

30 seconds အစား 20 seconds ဟု ပြောင်းပါ။ အောက်ရှိ Faster correct answers get more

points အား tick မလုပ်ရသေးပါက လုပ်ပါ။ Music တွင် Joe E. Lee အား ရွေးချယ်ပါ။

မိမိအနေဖြင့် ၅ ခုမြောက် slide ဖန်တီးရာတွင် အလိုအလျောက် leaderboard တစ်ခု ပေါ်လာမည်

ဖြစ်ပါသည်။ ထို Leaderboard ၏ အမည်အား Scoreboard 2 ဟု ပြောင်းပါ။

(၅ မှတ်)

15. ဘယ်ဘက်အပေါ်ပိုင်းရှိ “+ add slide” ကို နှိပ်ပါ။ ညာဖက်တွင် ပေါ်နေသော Type ခေါင်းစဉ်

အောက်ရှိ Content slides မှ heading ကို ရွေးပါ။ ထို့နောက် ထပ်မံပေါ်လာသော Content

အောက်ရှိ Heading နေရာတွင် “How are you after attending the Taxila’s ETHE training?”

ဟု ရေးပါ။ Subheading တွင် “Please click an emoji reaction that best represent you” ဟု

ရိုက်ထည့်ပါ။ အောက်ရှိ Reactions တွင် အသည်းပုံတစ်ခုတည်းသာ click နှိပ်ထားရာမှ အခြားကျန်

reactions ၄ ခုအားလည်း click လိုက်နှိပ်ပါ။ Reactions အားလုံး အမည်းရောင်မှ အပြာရောင်

ဖြစ်နေရန် လိုအပ်ပါသည်။ (၅ မှတ်)

16. ဘယ်ဘက်အပေါ်ပိုင်းရှိ “+ add slide” ကို နှိပ်ပါ။ ညာဖက်တွင် ပေါ်နေသော Type ခေါင်းစဉ်

4
Taxila Institute www.taxila.edu.mm/ethe ETHE Online

အောက်ရှိ Content slides မှ bullet ကို ရွေးပါ။ ထို့နောက် ထပ်မံပေါ်လာသော Content

အောက်ရှိ Heading နေရာတွင် “What is your position” ဟု ရေးပါ။ Subheading တွင်

“Professor”, “Associate Professor”, “Lecturer”, “Assistant Lecturer” ဟု bullet တစ်ခုတွင်

ရွေးချယ်ရန် အဖြေတစ်ခု ရိုက်ထည့်ပါ။ Extra တွင် “Show all bullets at once” အား နှိပ်ပါ။

အောက်ရှိ Reactions တွင် အသည်းပုံတစ်ခုတည်းသာ click နှိပ်ထားရာမှ အခြားကျန် reactions ၎

ခုအားလည်း click လိုက်နှိပ်ပါ။ Reactions အားလုံး အမည်းရောင်မှ အပြာရောင် ဖြစ်နေရန်

လိုအပ်ပါသည်။ (၅ မှတ်)

17. ဘယ်ဘက်အပေါ်ပိုင်းရှိ “+ add slide” ကို နှိပ်ပါ။ ညာဖက်တွင် ပေါ်နေသော Type ခေါင်းစဉ်

အောက်ရှိ Content slides မှ image slide ကို ရွေးပါ။ ထို့နောက် ထပ်မံပေါ်လာသော Content

အောက်ရှိ Image caption နေရာတွင် “What is my current city?” ဟု ရေးပါ။ Media layout

တွင် “Centered” အား ရွေးချယ်ပါ။ Media တွင် “Drag and drop or click to select an image”

အား နှိပ်ပါ။ မိမိကြိုက်နှစ်သက်ရာ မြို့တစ်မြို့မြို့၏ ပုံအား ထည့်ပါ။ ပုံထည့်ပြီးနောက် ပေါ်လာသော

box တွင် “This is an image of the city” ဟု ရိုက်ထည့်ပါ။ ပြီးလျှင် save ကို နှိပ်ပါ။ အောက်ရှိ

Reactions တွင် အသည်းပုံတစ်ခုတည်းသာ click နှိပ်ထားရာမှ အခြားကျန် reactions ၎

ခုအားလည်း click လိုက်နှိပ်ပါ။ Reactions အားလုံး အမည်းရောင်မှ အပြာရောင် ဖြစ်နေရန်

လိုအပ်ပါသည်။ (၅ မှတ်)

18. Slides ပုံစံများအားလုံးပြီးလျှင် ညာဘက်အပေါ်ရှိ Theme ခလုတ်ကိုနှိပ်ပါ။ ရွေးချယ်စရာများ၏

အောက်ဆုံးအထိသွားကာ explore ဟူသည့် ခေါင်းစဉ်ဖြင့် တောင်ပုံရှုခင်းပါသော ပုံစံအား

ရွေးချယ်ပါ။ ထို့နောက် ညာဘက် အပေါ်ရှိ configure အား နှိပ်ပြီး presenter pace အစား

audience pace အား ရွေးချယ်ပါ။ ထို့မှသာ ဖြေဆိုမည့်သူသည် မိမိမရှိသည့်အချိန်တွင်လည်း

ဖြေဆိုထားနိုင်မည် ဖြစ်ပါသည်။ Audience pace အား နှိပ်သော်လည်း quiz question များ

ပါနေသောကြောင့် နှိပ်ရမည် မဟုတ်ပါ။ “Audience pace cannot be used with quiz questions

in the presenation” ဟူသည့် စာတန်းပေါ်နေပါမည်။ ထို့ကြောင့် quiz questions များဖြစ်သော

slide ၃ နှင့် ၅ အား delete လုပ်ပါ။ ထို့နောက် အပေါ်ညာဘက်ရှိ configure အား ပြန်သွားပါ။

Audience pace အား ရွေးချယ်ပါ။ ထို့နောက် အပေါ်ညာဘက်ရှိ share ခလုတ်အား နှိပ်ပါ။ Digit

code ဘေးရှိ expand ခလုပ်အား နှိပ်ပြီး သတ်မှတ်ရက်ကို 2 days အစား 7 days ဟု ပြောင်းပါ။

(၅ မှတ်)

5
Taxila Institute www.taxila.edu.mm/ethe ETHE Online

19. ထို digit code ခြောက်လုံး (သို့) ငါးလုံးကို ချရေးကာ မှတ်ထားပါ။ (၀ မှတ်)

20. ထို့နောက် အမှတ်စဉ် (၈) ရှိ Kahoot Game Pin နှင့် အမှတ်စဉ် (၁၉) ရှိ Mentimeter Digit Code

တို့ကို စာရွက်တစ်ခုခုပေါ်တွင် ချရေးကာ ဓာတ်ပုံရိုက်ပါ။ ဥပမာ 06927878 (Kahoot), 110546

(Mentimeter) ဟု မည်သည့်နံပါတ်သည် မည်သည့်အတွက်ဖြစ်ကြောင်း Kahoot နှင့် Mentimeter

စာသားအား ပါအောင် ရေးသားပါ။ (၁၀ မှတ်)

21. မိမိ၏ Google Classroom ရှိ Taxila ETHE Course သို့ ၀င်ရောက်ပါ။ “Coursework” ခလုတ်

အား နှိပ်ပါ။ အောက်တွင် Assignment ဟူသည့် ခေါင်းစဉ်အုပ်စုရှိ “Assignment – 2” ကို နှိပ်ပါ။

PDF များ ပေါ်လာလျှင် “View Assignment” ကိုနှိပ်ပါ။ အပေါ်ညာဖက်ထောင့်ရှိ “Add or create”

ခလုတ်အား နှိပ်ပါ။ ပေါ်လာသည့်အရာများထဲမှ “File” ကို နှိပ်ကာ မိမိ ဓာတ်ပုံရိုက် ထားသော

နံပါတ်များပါသည့် ပုံအား attached လုပ်ပါ။ ပြီးလျှင် Assignment – 2 အား submit လုပ်ရန်

“Turn in” ခလုတ်ကို နှိပ်ပါ။ “Turn in your work?” မေးခွန်းမေးလာလျှင် “turn in” ခလုပ်ကိုသာ

ထပ်နှိပ်ပါ။ (၅ မှတ်)

22. မိမိ၏ ယခင် “turn in” ခလုတ်မှာ “unsubmit” ဟူပြီး ပြောင်းသွားလျှင် မိမိ ၏ assignment

submission အောင်မြင်ပါပြီ။ Assignment လက်ခံရရှိကြောင်း Taxila မှ မည်သည့်အီးမေးလ်မှ

ပို့မည် မဟုတ်ပါ။ Turn in ခလုတ်အားနှိပ်ပြီး submit လုပ်နိုင်ပါပြီ။ မိမိ၏ assignment submitted

ဖြစ်မဖြစ်အား မိမိဘာသာ သိရှိနိုင်သဖြင့် Taxila သို့ ဆက်သွယ်မေးမြန်းရန် မလိုအပ်ပါ။ (၀ မှတ်)

You might also like