Download as pdf or txt
Download as pdf or txt
You are on page 1of 3

Taxila Institute www.taxila.edu.

mm/ethe ETHE Online

Educational Technology for Higher Education (Online Course)

Assignment 3 – Summary Paper on a Research Article

Deadline to submit – October 31 (11:59 PM)

Assignment အတွက် မေးမြန်းလိုသည်များ ရှိပါက Tutorial အချိန်တွင်သာ မေးမြန်းပါရန်။

1. https://www.taxila.edu.mm/ethe-resources အား နှိပ်ပြီး ETHE10 ဟူသည့် password ဖြင့်

ဝင်ပါ။

2. Primary Reading စာရင်းတွင်ပါသော သုတေသနဂျာနယ် (၂၅) စောင် (special papers)

အပါအ၀င်မှ မိမိ ကြိုက်နှစ်သက်ရာ တစ်စောင်ကို summary paper ရေးရန် ရွေးချယ်ပါ။

3. မိမိရွေးချယ်ထားသော research article အား သေချာစွာ နှစ်ခေါက် (သို့) သုံးခေါက် ဖတ်ရှုပါ။

4. ထို article ၏ ကိန်းဂဏာန်းများ ပါဝင်သော result & analysis အပိုင်းအား ဖတ်ရန်မလိုပါ။

5. အောက်ပါအတိုင်း ခေါင်းစဉ်များပါဝင်သော summary paper အား စတင် ရေးသားနိုင်ပါသည်။

Summary Paper နှင့်ပတ်သတ်သော အချက်အလက်များ

• မြန်မာလိုဖြင့်သာ ရေးရပါမည်။ (ခေါင်းစဉ်များမှ အပ အခြားစာသားများအား အင်္ဂလိပ်လို လုံးဝ

မရေးရပါ)

• စာမျက်နှာ ထိပ်တွင် မိမိ၏ အမည်နှင့် ကျောင်းအမည် ရေးပါ။

• Summary paper ခေါင်းစဉ်အား မိမိရွေးချယ်ခဲ့သော research article ၏ ခေါင်းစဉ်အား ပေးပါ။

• လက်ရေးဖြင့် ရေးလျှင် အနည်းဆုံး ၆ မျက်နှာမှ အများဆုံး ၈ မျက်နှာအထိ

• ကွန်ပြူတာဖြင့် ရေးလျှင် အနည်းဆုံး ၅ မျက်နှာမှ အများဆုံး ၇ မျက်နှာအထိ

• မည်သည့် မြန်မာ font ဖြင့် မဆို ရေးသားရန်

• font size ၁၂ ဖြင့် ရေးသားရန်

• page margin 0.5 inch ထားရန်

• line spacing 1.5 ထားရန်

1
Taxila Institute www.taxila.edu.mm/ethe ETHE Online

Summary Paper တွင် ပါဝင်ရမည့် ခေါင်းစဉ်ခွဲများ

• Introduction

မိမိရွေးချယ်ဖတ်ရှုခဲ့သော research article အား မိတ်ဆက်အနေဖြင့် ခြုံငုံသုံးသပ်ပါ။ မိမိထည့်သွင်း

ရေးသားချင်သော အကြောင်းအရာများအား ရေးသားနိုင်ပါသည်။ (၅ မှတ်)

• Theoretical Background / Literature Review

မိမိရွေးချယ်ဖတ်ရှုခဲ့သော research article တွင် ပါဝင်သည့် သီအိုရီနှင့် ခေါင်းစဉ်အကြောင်းအရာ

များအား အသေးစိတ် ပြည့်ပြည့်စုံစုံ မိတ်ဆက်သုံးသပ်ပါ။ (၁၀ မှတ်)

• Methodology

မိမိရွေးချယ်ဖတ်ရှုခဲ့သော research article တွင် ပါဝင်သည့် တိုင်းတာ စစ်ဆေးသည့် နည်းလမ်း

များကို မိတ်ဆက်သုံးသပ်ပါ။ (၁၀ မှတ)်

• Discussion

မိမိရွေးချယ်ဖတ်ရှုခဲ့သော research article တွင် ပါဝင်သည့် ရလဒ်များအား ဆွေးနွေးသည့်

အပိုင်းအား သုံးသပ်ပါ။ (၁၀ မှတ်)

• Conclusion / Limitations / Future Research

မိမိရွေးချယ်ဖတ်ရှုခဲ့သော research article တွင် ပါဝင်သည့် နိဂုံးသုံးသပ်ချက်များ၊

ကန့်သတ်ချက်များ (ပါရှိခဲ့ပါက)နှင့် အနာဂတ်သုတေသနအတွက် ရည်ညွှန်းချက်များ (ပါရှိခဲ့ပါက)

ကို သုံးသပ်ပါ။ (၅ မှတ်)

• Own Reflection

မိမိရွေးချယ်ဖတ်ရှုခဲ့သော research article တွင် ပါဝင်မည်မဟုတ်သည့် မိမိအမြင်ဖြင့် ဖြည့်စွက်

သုံးသပ်ချက်များအား ထည့်သွင်းဖော်ပြပါ (၁၀ မှတ်)

• Change the file format to PDF

• မိမိသည် ကွန်ပြူတာဖြင့် ရေးသားလျှင် Microsoft ဖိုင်အား PDF ဖိုင်သို့ ပြောင်းပြီးမှသာ

PDF ဖိုင် အမျိုးအစားကိုသာ submit လုပ်ရန်။ Microsoft ဖိုင်ဖြင့် submit လုပ်လာပါက

အမှတ် ၁၀ လျှော့မည် ဖြစ်ပါသည်။ ဖွင့်မရသော / ဖတ်မရသော ဖိုင်များဖြင့် submit

လုပ်လာပါက ၀ မှတ် ရရှိမည် ဖြစ်ပါသည်။

2
Taxila Institute www.taxila.edu.mm/ethe ETHE Online

• မိမိသည် လက်ရေးဖြင့် ရေးသားလျှင် ဓာတ်ပုံရိုက်ပြီး ကြည်လင်သော ပုံကိုသာ submit

လုပ်ရန်။ ဝါးနေပြီး စာသားများအား ဖတ်မရပါသည့် ဓာတ်ပုံကို submit လုပ်လာပါက

အမှတ် ၁၀ လျှော့မည် ဖြစ်ပါသည်။

Assignment 3 အား ရေးသားပြီးပါက Google Classroom ထဲရှိ assignment topic အောက်ရှိ

assignment 3 တွင် သွားရောက်ပြီး add (or) create ခလုတ်အား နှိပ်ပါ။ ထို့နောက် မိမိဖိုင် (သို့)

ဓာတ်ပုံအား attached လုပ်ပါ။ Turn in ခလုတ်အားနှိပ်ပြီး submit လုပ်နိုင်ပါပြီ။ မိမိ၏ assignment

submitted ဖြစ်မဖြစ်အား မိမိဘာသာ သိရှိနိုင်သဖြင့် Taxila သို့ ဆက်သွယ်မေးမြန်းရန် မလိုအပ်ပါ။

Turned in ခလုတ်ပျောက်သွားပြီး unsubmit ခလုတ်ပေါ်လာလျှင် မိမိ၏ submission အောင်မြင်

ပါသည်။

You might also like